Tuesday, November 30, 2010

နအဖနှင့် ဒီကေဘီအေတပ် တိုက်ပွဲထပ်မံဖြစ်ပွား

ဂျူရီချိုင်း

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နယ် ကြိမ်ချောင်းကျေးရွာနှင့် ချောင်းဆုံကျေးရွာအကြားရှိ သဲသုံးလုံးမှာ ယမန်နေ့က နအဖနှင့် ဒီကေဘီအေတပ်ဖွဲ့တို့ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့သည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် စစ်အစိုးရတပ် ခမရ (၄၀၆) စစ်ကြောင်း (၁, ၂) နှင့် ဗိုလ်ကြီး စောအေဝမ်း ဦးစီးသည့် ဒီကေဘီအေတပ် (၉၀၁) တပ်ဖွဲ့တို့ တိုက်ပွားဖြစ်ပွားကြောင်း ကေအန်ယူ တပ်ရင်း (၁၆) မှ ဗိုလ်ကြီး ဗဒိုစောထဲနေက ပြောသည်။

“နှစ်ဘက်စလုံး ကျဆုံးတာ၊ ဒဏ်ရာရတာမရှိဘူး၊ ဒီလို တိုက်ပွဲဖြစ်ရင် အများအားဖြင့် ကျဆုံးမှုမရှိဘူး” ဟု ၎င်းက ပြောသည်။ တိုက်ပွဲသည် ၁၀ မိနစ်ခန့် ကြာသည်။

ခမရ (၄၀၆) စစ်ကြောင်း (၁,၂) သည် ဇမိချောင်း အရှေ့ဘက်တွင် စခန်းချထားပြီး ခမရ (၄၀၅) စစ်ကြောင်း (၁,၂) သည် ဇမိချောင်း အနောက်ဘက်နေရာတွင် နေရာယူထားကြောင်း သိရသည်။

နောက်ထပ်လည်း တိုက်ပွဲဖြစ်ပွားလာနိုင်သည့် အလားလာရှိနိုင်သည်ဟု ၎င်းက ဆက်ပြောသည်။

တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်အစိုးရ စစ်ကြောင်းတစ်ကြောင်း ချောင်းဆုံဘက်သို့ ချီတက်သွားကြောင်း သို့သော် ဘယ်စစ်ကြောင်း ဖြစ်သည်ကို အသေအချာမသိသေးကြောင်း မွန်ပြည်သစ်ပါတီအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိုအတူ ယမန်နေ့က ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ ကျေးရွာတစ်ရွာတွင် စစ်အစိုးရတပ်နှင့် နယ်ခြားစောင့်တပ် လက်မခံသည့် ဒီကေဘီအေ ဒုဗိုလ်မှူးကြီး စောကျော်သက် ဦးဆောင်သည့် တပ်ရင်း (၉၀၂) တို့ ညနေ ၆ နာရီခန့်မှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မြဝတီမြို့ခံ တစ်ဦးက ပြောသည်။

“ပစ်ခတ်ကြတာ အချိန်တော့ သိပ်မကြာဘူး၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်သံတွေ ကြားရတယ်” ဟု ၎င်းက ပြောသည်။

သေနတ်သံကြောင့် မြဝတီမြို့သူ/သားတို့က ထိန့်လန့်နေကြကာ နောက်ထပ် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် တစ်ဘက်ကမ်း ထိုင်းနိုင်ငံထဲသို့ တိမ်းရှောင်သွားသူများလည်းရှိကြောင်း ၎င်းက ဆက်ပြောသည်။

နအဖနှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့တို့အကြား မကြာခဏ တိုက်ပွဲဖြစ်ပွားသောကြောင့် မြဝတီမြို့တဝိုက်ရှိ ကျေးရွာတွေမှာ အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သည့်အတွက် စာသင်ကျောင်းတွေပါ ပိတ်ထားကြောင်းလည်း ဒေသခံတွေက ပြောသည်။

ခမရ (၄၀၆) ဦးစီးသော စစ်ကြောင်းသည် အင်အား (၁၀၀) ခန့်ရှိပြီး ဗိုလ်ကြီး စောအေဝမ်း ဦးစီးသည့် ဒီကေဘီအေ စစ်ကြောင်းသည် အင်အား (၃၀) ခန့်သာရှိကြောင်း ကေအန်ယူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဘုရားသုံးဆူမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းနှင့် အနီးအနားတဝိုက်ရှိ ကျေးရွာတွေမှာ တိုက်ပွဲမကြာခဏဖြစ်ပွားနေခြင်းကြောင့် ပြီးခဲ့သည့် နိုဝင်ဘာလ (၂၄) ရက်နေ့က သုံးဆူမြို့နယ် မယကဥက္ကဌကနေတဆင့် ရပ်ကွက်ဥက္ကဌများထံ ည ၈ နာရီနောက်ပိုင်း အပြင်ထွက် သွားလာခွင့် ပိတ်ပင်ထားသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

Burma's Aung San Suu Kyi Meets with Political Prisoners' Families

ဘုရားသုံးဆူဒေသတွင် တိုက်ပွဲထပ်မံဖြစ်ပွါးပြန်ပြီ

နော်အဲဏီ၊ ကောင်းဝါ

။ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နှင့်(၁၃)မိုင်အကွာ ကြိမ်ချောင်းမရောက်ခင် ဇီးပင်အရှေ့ တဲသုံးလုံးတွင် မြန်မာစစ်အစိုးရ ခလရ(၄၀၆)တပ်ရင်းနှင့် ဗိုလ်မှူးစောအေ၀မ်းဦးစီး ဒီကေဘီအေတို့ နိုဝင်ဘာလ (၂၈) ရက်နေ့ ညနေ( ၃) နာရီ(၁၀)မိနစ်အချိန်မှာ မိနစ်(၂၀)ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများမှပြောပါသည်။

စစ်အစိုးရတပ် ခလရ(၄၀၆)တပ်ရင်း အင်အား(၁၀၇)ယောက်နှင့် ခြုံခိုတိုက်ပွဲဖြစ်ပွားခဲ့ရာ မြန်မာစစ်တပ် ဘက်က တစ်ယောက်ကျဆုံးပြီး နှစ်ယောက်ဒါဏ်ရာရသည်ဟု ဗိုလ်မှူးစောအေ၀မ်းမှပြောပါသည်။

“နအဖတပ်နဲ့ကျွန်တော်တို့အဖွဲ့တွေ တဲ(၃)လုံးမှာပစ်ကြတယ်နော်။ (၁၅)မိနစ် မိနစ်(၂၀) လောက်ရှိတာပေါ့ တိုက်ပွဲ ဖြစ်တာ။ သူတို့ဘက်က တစ်ယောက်ကျဆုံးပြီး နှစ်ယောက်ဒဏ်ရာရတယ်။ အဲဒီ(၄၀၆)အဖွဲ့တွေပေါ့။ သူတို့ဟာ ရင်ဘောင်တန်း တက်ပြီး လာတယ်လေ။ ရွာမ၀င်ခင်မှာ ကျွန်တော်တို့ အဲဒီမှာပစ်ခဲ့တယ်။”

ဘုရားသုံးဆူမှ ခလရ(၄၀၅)နှင့်(၄၀၆)တပ်ရင်းနှစ်ရင်းသည် ကြိမ်ချောင်းသို့စစ်ချီတက်ရာတွင် တဲသုံးလုံး တွင်ရောက်နေသော ဗိုလ်မှူးစောအေ၀မ်းတို့က ကြိုတင်သတင်းရ၍ ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ခလရ(၄၀၆)သည် ကြိမ်ချောင်းသို့ ခရီးဆက်ရန်အတွက် လူနာထမ်းရန် တဲသုံးလုံးတွင် ပေါ်တာများလိုက်လံ ဖမ်းဆီးနေသည်ဟု မော်တော်ဆိုင်ကယ် အငှါး မောင်းသူ တစ်ဦးမှပြောပါသည်။

ယခုအနေအထား၌ ဘုရားသုံးဆူမြို့နဲ့ဝန်းကျင်ဒေသတွင် မြန်မာစစ်အစိုးတပ်မှ တပ်အင်အား(၅)တပ်ရင်း အားဖြည့်ထားပြီး ခွဲထွက် သွားသည့်ဒီကေဘီအေတပ်နှင့်ကေအန်ယူခေါ် ကရင်အမျိုးသား အစည်းအရုံးတပ်ဖွဲ့များကိုလိုက်လံထိုးစစ်ဆင်နေသည့်အခြေအနေ ကြောင့်တိုက်ပွဲတွေထပ်မံပြင်းထန်လာဦးမည်ဟု ထိုင်းနယ်စပ် စစ်ရေးအကဲခတ်သူများမှပြောပါသည်။

တောတွင်းလက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်းတောတွင်းပျောက်ကြားစစ်ဆင်ရေးသာမက မြို့တွင်းပျောက်ကြားစံနစ်ပါ လုပ်ဆောင်လာ နိုင်မည့်အနေအထားမှာရှိသည့်အတွက်မြို့ခံပြည်သူများ၏လုံခြုံရေးအခြေအနေသည် အာမခံချက်မရှိနိုင်သေးသလို အကယ်၍တိုက်ပွဲပြင်းထန်လာလျှင်စစ်ပြေးဒုက္ခသည်များပိုပြီးတိုးလာမည့်အနေအထားမှာရှိ နေသည်ဟုပြောဆိုမှုများရှိနေပါသည်။

ကရင်တပ်ဖွဲ့နှင့် ဖြစ်ပွားသည့် တိုက်ပွဲတွင် နအဖ ၃၀ဦးကျဆုံး

စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ဘက်ပိုင်းတွင် ကရင်တပ်ဖွဲ့မှ နအဖနှင့် နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းတပ်တို့ကို ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖဘက်မှ (၃၀)ဦး ကျဆုံးခဲ့ပြီး လက်နက် (၃၀)လက် ကရင်တပ်ဖွဲ့မှ သိမ်းဆည်းရမိသည်ဟု သိရ သည်။

ယမန်နေ့ နေ့လည်ပိုင်းတွင် ကော့ကရိတ်အခြေစိုက် နအဖ စကခ(၁၂) လက်အောက်ခံ ခလရ(၂၃၁)တပ်ရင်းနှင့် BGF (၁၀၁၆)တပ်ရင်းတို့ ပူးပေါင်းတပ်ဖွဲ့အား တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ) ကလိုထူး ဘောဗျူဟာ(၁)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ) တပ်ရင်း(၁၈)တို့ပူးပေါင်း၍ ခုဒုံနှင့် အောင်လိုင်ကျေးရွာ ကြားတနေရာတွင် ချုံခိုတိုက်ခိုက်ခဲ့သည်ဟု ဒီကေဘီအေ ကလိုထူးဘောဗျူဟာ(၁) စစ်ဆင်ရေးမှူး G2 ဗိုလ်မှူးစောဆန်းအောင်က ယခုလို ပြောသည်။

၎င်းက “မနေ့က နေ့လည် ၁၂း၀၀နာရီအချိန်မှာ ခုဒုံနဲ့ အောင်လိုင်ကြားက တောင်ကြားတနေရာမှာ တက်လာတဲ့ နအဖနဲ့ BGF စစ်ကြောင်းကို ကျနော်တို့တပ်ဖွဲ့က အပိုင်နေရာယူထားပြီးတော့ စောင့်ပစ်တယ်။ အဲဒီမှာ နအဖနဲ့ BGF တွေရဲ့ အလောင်း ၃၀ နဲ့ လက်နက်အလက် (၃၀)ကို ကျနော်တို့ဘက်က ကောက်ရခဲ့တယ်။”ဟု ကေအိုင်စီကို အတည်ပြုပြောကြားသည်။

ဒီရပ်ကွက်မှာ နေထိုင်ကြတဲ့သူတွေဟာ တည်ငြိမ်အေးချမ်းမှု၊ စည်းကမ်းပြည့်ဝမှုတွေနှင့် တည်ဆောက်ထားတဲ့ပတ်ဝန်းကျင်တခုပါ။ လူနှင့် ပတ်ဝန်းကျင်အတွက် သစ်ပင်ပန်းမာန်တွေကို မိမိခြံဝင်းမှာ လှပနေအောင်စိုက်ပျိုးထားကြတယ်။ အမှိုက်သရိုက်ကိုလည်း အမှိုက်ပုံးထဲမှာ ပြန့်ကြဲမနေအောင် စနစ်တကျစွန့်ပစ်တတ်မှု စတာတွေဟာ ရပ်ကွက်မှာ နေထိုင်သူတွေရဲ့ တန်ဖိုးတွေပါ။ စည်းကမ်းသည် လူ့ရဲ့တန်ဖိုးလို့ ဆိုထားတယ်မဟုတ်လာ။

အချိန်မတော်ဘဲ ဒီကလေးတွေ သည်ရပ်ကွက်လမ်းမကြီးပေါ်မှာ ဘာကြောင့်ရောက်ရှိနေတာ ပါလိမ့်၊ ဒီလိုအချိန်မျိုးမှာ ဘာလာလုပ်ပါလိမ့်။

အိမ်ရှေ့ဆူညံသံကြောင့် စာရေးသူထပြီးသွားကြည့်တယ်။ လူမမယ်အရွယ် ရှစ်နှစ်၊ ကိုးနှစ်အရွယ် သနားကမာ မျက်နှာထားနဲ့ ကလေးသုံးယောက်ကို လင်းထိန်တဲ့မာကြူရီမီးတိုင်အောက်မှာတွေ့ရတယ်။ စိုးရိမ်ကြောက်ရွံ့နေတဲ့ သူတို့ရဲ့မျက်နှာကိုလည်း ရှင်းလင်းစွာတွေ့ရတယ်၊ အမှိုက်ပုံထဲက စွန့်ပစ်ပစ္စည်းတွေကို ရလိုဇောနဲ့ လုနေကြတယ်ဆိုတာ မေးစရာမလိုဘဲနဲ့ကို သိနိုင်ပါတယ်။

“သားတို့ဘယ်ကလာကြလဲ၊ ဒီလိုဝေလီဝေလင်းမိုးမလင်းသေးဘဲနဲ့ အော်ကြီးဟစ်ကျယ် ဘာလို့ဆူညံနေကြရလဲ’’ ဟု မေးလိုက်တော့ ကလေးသုံးယောက်လုံးက-

“သားတို့ လောရှမ်းကုန်းဘက်ကလာတာပါ၊ အမှိုက်ပုံးထဲက သံဘူးခွံ၊ ပုလင်းခွံ၊ ပလပ်စတစ်ဘူးခွံတွေကို လာကောက်တာပါ။ ဒါကိုရောင်းလိုက်ရင် ပိုက်ဆံရတယ်၊ ဒီရတဲ့ပိုက်ဆံကို အမေ့ကိုပေးရတယ် ဆန်ဝယ်စားဖို့ပါ” ဟု စာရေးသူကို ပြောပါတယ်။

လောရှမ်းကုန်းဆိုတာ စံခလပူရီမြို့ရဲ့ အရှေ့မြောက်ဘက်မှာ ရှိနေသည့် ရပ်ကွက်တခုပါ၊ ဒေသခံ လောရှမ်း၊ ကရင်နဲ့ အသစ်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ နေကြပါတယ်။ တောင်ယာစိုက်နဲ့ စံခလပူရီမြစ်ထဲမှာ ငါးဖမ်းတဲ့ အလုပ်ကို အဓိကလုပ်ကိုင်ကြပါတယ်။

ဒါပေမယ့် အသစ်ရောက်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက အလုပ်ကြမ်းနဲ့ နေ့စားအလုပ် ရဖို့ မလွယ်တဲ့ စံခလပူရီလိုမြို့ငယ်မှာ ရရအလုပ်ကို လိုက်လုပ်ကြတယ်။ “ဒီနှစ်လိုနှစ်မျိုး မိုးကခေါင် ရေလည်းရှား၊ အပူချိန်မြင့်တဲ့အတွက် ဟင်းသီးဟင်းရွက် အသီးအနှံတွေ ဖြစ်ထွန်းမှုနည်းတယ်။ တောင်ယာစပါးလည်း ကောင်းကောင်းစိုက်လို့မရ၊ မိုးရွာတာ နောက်ကျတော့ စံခလပူရီချောင်းမှာ ရေနည်းပြီး တံငါနဲ့ အသက်မွေးသူတွေကိုလည်း ငါးမဖမ်းရဘူးဆိုပြီ ဒေသခံအာဏာပိုင်တွေက ငါးဖမ်းခွင့် ခဏပိတ်လိုက်သေးတယ်” ဟု လောရှမ်းကုန်းမှ ငါးဖမ်းခြင်းနှင့်အသက်မွေးဝမ်ကြောင်းပြုသူတစ်ဦးက ပြောသည်။

“ရေပေါ်အိမ် (ဖောင်အိမ်) သွားလာမရတာကြောင့် ဟိုတယ်နဲ့ခရီးသွားလုပ်ငန်း ထိခိုက်ရတယ်၊ ဖောင်အိမ်လည်း ဧည့်သည်သိပ်မရှိဘဲ သုံးလကျော် နားထားရလို့ စီးပွားရေးလုပ်ငန်းရှင်တွေက ငြီးနေကြတယ်” ဟု ဖောင်အိမ်ပိုင်ရှင် မွန်အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒေသခံတွေကလည်း ယခုနှစ်မှာလုပ်ငန်းအသစ်တွေ မတိုးချဲ့နိုင်တော့ မရှိဆင်းရဲသား နေ့စားဝင်လုပ်လိုသူတွေ အလုပ်လုပ်ဖို့ အခွင့်အလမ်းမရှိဖြစ်ရတယ်၊ ဒေသခံတွေရဲ့အလုပ်အကိုင်အပေါ်မှာ မှီခိုလုပ်ကိုင်ပြီးမှရပ်တည်နေရသူ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ စားရေးသောက်ရေးကြပ်တည်းရတယ်။

“သားတို့အဖေက ငါးဖမ်းလှေမှာ နေ့စားလိုက်တယ်၊ စံခလပူရီချောင်း ရေခန်းသွားတော့ အလုပ်မရှိတော့ဘူး၊ သုံးလလောက်ရှိသွားပြီး၊ အမေလည်း ငှက်ဖျားဖြစ်နေတယ်၊ ညီလေးက အခုမှ တနှစ်သားပဲရှိသေးတယ်၊ ညတုန်းကဆန်မရှိတော့ ထမင်းကိုနည်းနည်းဆီပဲ ဝေစားရတယ်’’ ဟု စွန့်ပစ်ပစ္စည်းကောက်ပြီး မိဘနှင့်အတူ ဝမ်းစာအတွက် ကူပေးနေသည့်ကလေးတစ်ဦးက ပြောတယ်။

ယခုလို စွန့်ပစ်ပစ္စည်းတွေကို အမှိုက်ပုံးမှာ လိုက်ကောက်ပြီး ဝယ်ယူနေတဲ့ကုလားဆီသွားရောင်းပြီးမှ ရတဲ့ငွေအနည်းငယ်ကို ဆန် ၁ ကီလို၊ ၂ ကီလိုဝယ်ပြီး မိသားစုဝမ်းရေးပြဿနာကို ဦးထမ်းပဲ့ထမ်း ဝိုင်းဖြည့်ဆီးပေးနေရတဲ့ ရွှေ့ပြောင်းအလုပ်သမား မိသားစုတွေရဲ့ဘဝပါ။

တကယ်တော့ မရှိဆင်းရဲသားပြည်သူတွေဟာ ဝမ်းရေးပြဿနာတခုတည်းကို အချိန်တိုင်းမှာ ဖြေရှင်းနေရတော့ သူတို့အဖို့ ရှေ့ကိုမျှော်လင့်စရာ အနာဂတ်ဆိုတာ သူတို့အတွက် မဟုတ်သလို၊ ယခုလက်ရှိ ပစ္စုပ္ပန်မှာလည်း သူတို့လက်မဲ့ဖြစ်နေလို့ပါ။ မနက်ဖြန်ဆိုတာကို သူတို့က မစဉ်းစားရဲကြဘူး။ ဝမ်းရေးအတွက်ကို ရုန်းကန်နေရတော့ တခြားစီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ တိုင်းရေး ပြည်ရေးတွေကို ဘယ်လိုလုပ်ပြီး သူတို့ လက်လှမ်းမီနိုင်တော့မှာလဲ၊ ပြည်ရေးထက် ဝမ်းရေးခက်နေသူတွေပါ။

သမုဒ္ဒရာပြင်ကျယ်မှာ ရေဘယ်တော့မှမပြည့်နိုင်သလို လူသားတွေရဲ့ဝမ်းဗိုက်ကလည်း တထွာသာဆိုပေမယ့် ပြည့်လေ့မရှိ။ ဒါကြောင့်မို့ သမုဒ္ဒရာနှင့် နှိုင်းရတာဖြစ်မယ်။ လူသားတွေ ရုန်းကန်နေကြတာ အဓိကက စားဖို့၊ ဝတ်ဖို့နဲ့ နေဖို့ပါပဲ။ အစားအစာဟာ လူသားတွင်သာမကဘဲ သက်ရှိသတ္တဝါတိုင်းက နည်းလမ်းပေါင်းစုံနဲ့ ရှာစားနေကြရတာပါပဲ။ ယခုအမှိုက်ပုံးထဲက ရှာနေတာဟာလည်း ဝမ်းစာရှာနည်းတနည်းပဲမဟုတ်လား။ ငါ့ဝမ်းပူဆာ မနေသာလို့ အစာ ရှာရတယ်ဆိုသလို ဝမ်းစာရှာနေရတယ်။

အမှိုက်ထဲက ဝမ်းစာအတွက်လောက် ရှာဖွေနေသူတွေရှိသလို အမှိုက်ကစွန့်ပစ်ပစ္စည်းတွေကို ကောက်ပြီးရောင်းဝယ်နေသူ၊ ကုန်ကြမ်းမှ ကုန်ချောအဖြစ် ထုတ်လုပ်နေသူတွေအဖို့ အမှိုက်ကို အရင်းခံပြီး ကြီးပွားချမ်းသာနေသူတွေလည်း မနည်းပါဘူး။ အမှိုက်ထဲက ရွှေဖြစ်နေသူလို့ ဆိုရမှာပါ။

အမှိုက်ထဲကစွန့်ပစ်ပစ္စည်းတွေကိုကောက်ပြီး စားဝတ်နေရေး ပြေလည်ပြီး စီးပွားရေးဖြစ်နေသည့် စံခလပူရီ မွန်ဘက်ကမ်းနေသူ ဒေါ်အိချောက “စွန့်ပစ်ပစ္စည်းတွေကို ကျမနေ့တိုင်းလာကောက်တယ်။ ကျမယောက်ျားက လွန်ခဲ့တဲ့ ၄ နှစ်မှာ ဆုံးသွားတော့ သားသမီး လူမမယ်လေးအရွယ် လေးယောက်ကျန်ခဲ့တယ်။ တခြားဆီမှာ အငှားသွားလို့လည်း အခြေအနေမပေးတော့ အမှိုက်ပုံးက စွန့်ပစ်ပစ္စည်းတွေ လိုက်ကောက်ဖြစ်သွားတယ်။ အနည်းဆုံး တလဝင်ငွေ ဘတ်လေးထောင်လောက် ပုံမှန်ရတယ်’’။

“မနက်ပိုင်း တချိန်လောက်ပဲ လိုက်ကောက်တယ်၊ ဧည့်သည်များတဲ့ ပွင့်လင်းရာသီမှာ တလကို ဘတ် ၇ဝဝဝ လောက်ရတယ်။ အခုကောက်တဲ့လူ များတယ်၊ ကျမလုပ်နေတာ ၄ နှစ်လောက်ရှိပြီးဆိုတော့ အခုလည်း ဆက်လုပ်နေတာပဲ။ အခုအိမ်မှာ ရုံဆောက်ပြီး လာရောင်းတဲ့ ပစ္စည်းတွေကို ဝယ်ပြီးစုထားတယ်၊ တဆင့်ပြန်အရောင်းအဝယ်လုပ်တယ်။ အခု ဘတ် ၁၅ သိန်းတန် တိုက်ပုအိမ်တလုံးလည်း ဆောက်လို့ပြီးသွားပြီ” ဟု ဒေါ်အိချောက ပြောပါတယ်။

စွန့်ပစ်ပစ္စည်းတွေကို ဘယ်လိုကောက်ရတယ်၊ ဘယ်လိုပြန်ရောင်းရတယ်နဲ့ပတ်သက်ပြီး “သတ္တု၊ ခဲ၊ သံပြော့တွေနဲ့လုပ်တဲ့ ထုတ်ပိုးပစ္စည်တွေကျတော့တမျိုး၊ ပလပ်စတစ်ဘူးခွံတွေက ဈေးတမျိုး၊ နောက်ပြီး ထုတ်ပိုးတဲ့စက္ကူဖာကလည်း ဈေးတမျိုးပေါ့၊ အားလုံးရောင်းရတယ်။ ရေသန့်၊ ပက်စီဘူးခွံတွေက တစ်ကီလိုကို (၁၇) ဘတ်ရတယ်၊ ရှပ်အချိုရေဘူးခွံ ကျွဲရိုင်ဘူးခွံ တစ်ကီလိုကို (၁၈) ဘတ်လောက်ရတယ်၊ ဘီယာဘူးခွံ၊ ခလေးသောက်နို့ဘူးဝိုင်းတွေလိုတော့ နှစ်လုံးမှ (၁) ဘတ်ပဲရတယ်၊ ဘာပဲဖြစ်ဖြစ် အရင်းထုတ်စရာမလိုဘဲ လိုက်ကောက်ရုံပဲဟာ အမြတ်ချည်းပဲ” လို့ ဒေါ်အိချောက ပြောတယ်။

ဟုတ်ပါတယ် ရှေးတုံးကလူကြီးသူမများပြောလေ့ရှိတဲ့စကားတခွန်းက အရင်းမစိုက် လှေထိုးလိုက်ဆိုပဲ၊ အခုတော့ အရင်းမစိုက် အမှိုက်ကောက်လိုက်လို့တောင် ဆိုရမလိုဖြစ်နေပြီ။ နောက်ပြီး ဒေါ်အိချောစိတ်ရှည်လက်ရှည် ရှင်းပြတာက “ကောက်ထားတဲ့ပစ္စည်းတွေကို ပြန်ရောင်းရင် ဝယ်လက်ရဲ့ သုံးဆလောက်အမြတ်ရတယ်၊ ဝယ်ထားတဲ့ပစ္စည်းတွေပန်ရောင်းတဲ့အခါ အရွယ်အစားထုထယ်သေးသွားအောင် ထုလိုက်ရတယ်၊ အမျိုးအစားခွဲပေးရတယ်၊ ရောင်းလိုတဲ့အခါ ကန်ချနပူရီကို ဖုန်းဆက်လိုက်ရုံပဲ ကုန်တင်ကားရောက်လာရင် သူ့ဟာသူတင်သွားရုံပဲ”။

မြန်မာနိုင်ငံမှာလည်း အမှိုက်သရိုက်ဆွေး၊ သဘာဝမြေဆွေး ဗေဒါ၊ မှော်ပင်၊ ဒိုက်ပင်အဆုံး ပြုပြင်ပြီး သဘာဝမြေသြဇာအဖြစ် ရောင်းချတယ်။ စီးပွားဖြစ်နေကြတာ များစွာရှိနေကြပါပြီ၊ ဒါတွေဟာ အမှိုက်ထဲက ရွှေတွေပါ။ ဒါ့အပြင် မြို့ပြကျေးရွာအမှိုက်ကနေ လယ်ယာမြေရတနာသိုက်အဖြစ်နဲ့ မြေဆီမြေလွှာတွေ ကောင်းစေပြီး သီးနှံထုတ်လုပ်မှုမှာ အထွက်နှုန်း တိုးတက်လာစေတဲ့အတွက် စိုက်ပျိုးသူတွေကို တိုက်ရိုက်အကျိုးပြုနေပြန်ပါတယ်ဟု မြေအသုံးချရေးပညာရှင်အထွေထွေမန်နေဂျာတစ်ဦးက ပြောပါတယ်။

ယခင်အခါက အမှိုက်မှ စွန့်ပစ်ပစ္စည်းတွေကို ရောင်းဝယ်ဖေါက်ကားသူတွေက အိန္ဒိယကလာသည့် ကုလားလူမျိုးတွေက အများဆုံးလုပ်ကြပါတယ်၊ သူတို့စီးပွားရေး လာဘ်မြင်ပုံက ကြည့်ပါလား၊ သတ္တုဟောင်း သတ္တုစုတ်၊ သတ္တုစတွေကို ဝယ်စရာမလိုဘဲ “သတ္တုကုလားပဲ” လို့ အော်လိုက်ရုံနဲ့ ကုလားပဲလေးတဆုပ်နှစ်ဆုပ်လောက်နဲ့ ကိုယ့်မှာ တန်ဖိုးကြီးမားတဲ့သတ္တုတွေနဲ့လဲသွားတယ်။ သူတို့တွေ လုပ်စားသွားတာ ပါးပါးလေးရယ်၊ သူတို့ရရှိသွားတဲ့အမြတ်က နည်းမှမနည်းတာ၊ မြို့မှာ ကုလားလူမျိုးကုမ္ပဏီတွေ၊ တိုက်အိမ်တွေ၊ မော်တော်ကားတွေချည်း ဖြစ်ကုန်တယ်။
တကယ်တော့ သတ္တုဟာ ရွှေတို့ ပလက်တီနံပြီးရင် တန်ဖိုးကြီးတဲ့ပစ္စည်းပါ၊ သံဈေးထက် အများကြီးမြင့်တယ်။ ကုလားက ဘာမှတန်ဖိုးမရှိတဲ့ ဆင်ခေါင်းပဲလို့ခေါ်တဲ့ ကုလားပဲလေးနှင့် လဲသွားတယ်။ ငွေပေးလဲသွားတာမဟုတ်ဘူး။

စာရေးသူတွေ့ဖူးခဲ့သည့်အဖြစ်တခုက စာရေးသူအိမ်ဘေးက ၇ နှစ်သားအရွယ် မောင်အောင်သိန်းက သတ္တုကုလားပဲလို့ ဒယ်အိုး ဒန်အိုးဟောင်းလိုက်ဝယ်တဲ့သူကအော်လာရင် သူမနေနိုင်ဘူး၊ တခြားကလေးတွေက လည်းမနေနိုင်ဘူး၊ မိဘတွေမရှိခိုက် အိမ်မှာရှိတဲ့သတ္တုအိုးကြီးအကောင်းတလုံးကို ယူချလာပြီး ဝယ်သူရှေ့မှာ ထုလိုက်ပြီးတော့ သတ္တုအိုးကို ကုလားပဲနဲ့လဲစားလိုက်တော့တာပဲ။ ဝယ်သူက ဝမ်းကိုသာလို့၊ ကုလားပဲအနည်းငယ်နဲ့ လဲယူလိုက်တာပါပဲ။

ဒါက ဟိုခေတ်က ကုလားလူမျိုးတမျိုးတည်းကသာ အမှိုက်ထဲက ရွှေဖြစ်အောင် လုပ်စား တတ်တဲ့အကြောင်းကို တင်ပြခြင်းဖြစ်သည်။ အခုခေတ်မှာ လူမျိုးမရွေး လိုက်လုပ်လာကြပါပြီ၊ သို့သော် အမှိုက်ကိုပဲ အရင်းပြုပြီး လုပ်စားတာချင်းတူတူ ဝမ်းစာလောက်ပဲ လုပ်စားတတ်သူနဲ့ စီးပွားဖြစ် ကြီးပွားချမ်းသာအောင် လုပ်တတ်သူဆိုပြီး နှစ်မျိုးနှစ်စားပဲရှိပါတယ်။ အဲဒါက ဝမ်းစာနှင့် စီးပွားပါဗျာ။

နယ်စပ် KPF လက်နက်အပ်သတင်း စစ်အစိုးရ လျှို့ဝှက်ထား

လွတ်လပ်သောမွန်သတင်းအေဂျင်စီ

တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး စောလေးဝါး ဦးစီးသည့် ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ရှိ ကရင်ငြိမ်းချမ်းရေးတပ် ခေါ် ဟောင်သရောအဖွဲ့ (ကေပီအက်ဖ်) အမှတ် (၃) တပ်ရင်း၏ လက်နက်အပ်နှံသည့် သတင်းကို စစ်အစိုးရက လျှို့ဝှက်ထားကြောင်း သိရသည်။

လက်နက်အပ်နှံခြင်းကို သုံးဆူအခြေစိုက် ခလရ (၂၈၃) မှ ဗိုလ်မှူးကြီး သိန်းဇော်က ဦးဆောင်ပြီး အခမ်းအနား မပါပဲ ပြုလုပ်ပေးခဲ့ကြောင်း၊ စောလေးဝါး၏ လုံခြုံရေးအတွက် ယခုကဲ့သို့ လက်နက်အပ်သည့်သတင်းကို ဖုံးကွယ်ထားခြင်း ဖြစ်ကြောင်း စစ်တပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ကေပီအက်ဖ် လက်နက်အပ်တာကို ကေအဲန်ယူ (ကရင်အမျိုးသားအစည်းအရုံး) သိမှာစိုးလို့ တပ်ရင်းမှာ တိတ်တိတ်လေး လက်နက်အပ်လိုက်တယ်” ဟု သူက ပြောသည်။

စောလေးဝါးသည် ၂၀၀၉ ခုနှစ် ဇူလိုင်လတွင် ကေအဲန်ယူ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် ရက်ပိုင်းအတွင်းတွင် ကေအဲန်ယူက ပြန်လွှတ်ပေးခဲ့သည်။ ပြန်လည်လွတ်မြောက်ရန်အတွက် ကေအဲန်ယူ နှင့် စောလေးဝါးတို့ နားလည်မှု ရယူထားကြသည်ဟုလည်း နီးစပ်သူတို့က ပြောသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ကေပီအက်ဖ်မှ အင်အား ၆၀ ကျော်ခန့် လက်နက်ကြီး၊ လက်နက်ငယ် ၄၀ ကျော်နှင့် လက်နက်အပ်ခဲ့ပြီး ၄င်းလက်နက်များကို စစ်အစိုးရတပ်မှ သိမ်းဆည်းလိုက်သည်ဟု အထက်ပါ နီးစပ်သူက ပြောသည်။

သုံးဆူမြို့ အခြေအနေ ငြိမ်းချမ်းသွားပါက နယ်ခြားစောင့်တပ်ဖွဲ့ ဖွင့်ပွဲကို အခမ်းအနားဖြင့် ပြုလုပ်ပေးမည်ဟု နီးစပ်သူတို့က သုံးသပ်ထားကြသည်။ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ အမျိုးသားတပ်မတော် (ဒီကေဘီအေ) က သုံးဆူမြို့ကို ယခုလဆန်းပိုင်းတွင်
ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် လက်ရှိတွင် မြို့တွင်း၌ စစ်အစိုးရတပ်များကို ဖြန့်ကျက်ချထားပြီး ညမထွက်ရအမိန့်ကိုလည်း ထုတ်ပြန်ထားသည်။

သြဂုတ်လတွင် နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးကို မြန်မာစစ်အစိုးရနှင့် ကေပီအက်ဖ်တို့ သဘောတူခဲ့ကြသည်။ ၄င်းလတွင် ကေပီအက်ဖ်မှ အရာရှိအချို့ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ရှိ အမှတ် (၄) တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်းတွင် သင်တန်းတက်ရောက်ခဲ့ပြီး ဖြစ်ကြောင်း ကေပီအက်ဖ်အရာရှိနှင့် နီးစပ်သူတို့က ပြောသည်။

စစ်အစိုးရတပ်မှ ကေပီအက်ဖ်အား လက်နက်အပ်နှံရန် ယခုလဆန်းပိုင်းတွင် တောင်းဆိုထားပြီး နိုဝင်ဘာလ ၂၃-၂၄ နေ့တွင် ကေပီအက်ဖ်ထံမှ လက်နက်သိမ်းမည် ဟူသော သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက်တွင် ကေပီအက်ဖ် က ယခုကဲ့သို့ လက်နက်အပ်လိုက်ခြင်း ဖြစ်သည်။

ကေပီအက်ဖ် အမှတ် (၁) နယ်ခြားစောင့်တပ်ရင်း တည်နေရာကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးဒေသ၊ အမှတ် (၂) တပ်ရင်းအတွက် ကျိုက်ဒုံဒေသနှင့် အမှတ် (၃) တပ်ရင်းအတွက် ဘုရားသုံးဆူနယ်စပ်မြို့နှင့် ချောင်းဆုံရွာ သွားသည့် လမ်းမကြီးအကြား ၁၃ ကီလိုမီတာအကွာတွင် စစ်အစိုးရတို့က စီစဉ်ပေးထားသည်ဟု ကေပီအက်ဖ်အဖွဲ့မှ တပ်ခွဲမှူးတစ်ဦး ပြောပြချက်ကို ကိုးကား၍ ခေတ်ပြိုင်တွင် ဖော်ပြထားသည်။

မွန်ပြည်သစ်ပါတီမှ ခွဲထွက်အဖွဲ့တခု ဖြစ်ပြီး နိုင်ရှောင်း ဦးစီးသည့် မွန်ငြိမ်းချမ်း ကာကွယ်ရေးတပ်ဖွဲ့က လွန်ခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၌ အခမ်းအနားဖြင့် လက်နက်အပ်နှံခဲ့သော်လည်း ယနေ့တိုင် နယ်ခြားစောင့်တပ် (သို့) ပြည်သူ့စစ် ဖွဲ့စည်းပေးခြင်း မရှိသေးကြောင်း သိရသည်။

ကေပီအက်ဖ်သည် ကေအဲန်ယူမှ ခွဲထွက်ပြီး ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် စစ်အစိုးရထံ လက်နက်ချခဲ့သည်။

ဝမ်းစာနှင့် စီးပွား

မင်းသာရ -

အိမ်ရှေ့မှာ လူမမယ်အရွယ်ကလေးတွေရဲ့ ဆူညံနေတဲ့အသံက တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကို လှန့်လိုက်သလိုပဲဖြစ်တယ်။ ကလေးတွေ တစုံတရာကိုလုနေကြတဲ့အသံကြောင့် အိမ်ကခွေး ကျားဗိုလ်ရဲ့ဟောင်သံလည်းပေါ်ထွက်လာတယ်။ ပတ်ဝန်းကျင်ကိုဆူညံသွားစေတဲ့အတွက် တိတ်ဆိတ်ငြိမ်သက်တဲ့ ဝေလီဝေလင်း နံနက်ခင်းမှာ အိပ်စက်သူတွေလည်း ကလေးတွေရဲ့ ဆူညံသံနှင့်အတူ လန့်နိုးလှုပ်ရှားလာတယ်။

ဒီရပ်ကွက်မှာ နေထိုင်ကြတဲ့သူတွေဟာ တည်ငြိမ်အေးချမ်းမှု၊ စည်းကမ်းပြည့်ဝမှုတွေနှင့် တည်ဆောက်ထားတဲ့ပတ်ဝန်းကျင်တခုပါ။ လူနှင့် ပတ်ဝန်းကျင်အတွက် သစ်ပင်ပန်းမာန်တွေကို မိမိခြံဝင်းမှာ လှပနေအောင်စိုက်ပျိုးထားကြတယ်။ အမှိုက်သရိုက်ကိုလည်း အမှိုက်ပုံးထဲမှာ ပြန့်ကြဲမနေအောင် စနစ်တကျစွန့်ပစ်တတ်မှု စတာတွေဟာ ရပ်ကွက်မှာ နေထိုင်သူတွေရဲ့ တန်ဖိုးတွေပါ။ စည်းကမ်းသည် လူ့ရဲ့တန်ဖိုးလို့ ဆိုထားတယ်မဟုတ်လာ။

အချိန်မတော်ဘဲ ဒီကလေးတွေ သည်ရပ်ကွက်လမ်းမကြီးပေါ်မှာ ဘာကြောင့်ရောက်ရှိနေတာ ပါလိမ့်၊ ဒီလိုအချိန်မျိုးမှာ ဘာလာလုပ်ပါလိမ့်။

အိမ်ရှေ့ဆူညံသံကြောင့် စာရေးသူထပြီးသွားကြည့်တယ်။ လူမမယ်အရွယ် ရှစ်နှစ်၊ ကိုးနှစ်အရွယ် သနားကမာ မျက်နှာထားနဲ့ ကလေးသုံးယောက်ကို လင်းထိန်တဲ့မာကြူရီမီးတိုင်အောက်မှာတွေ့ရတယ်။ စိုးရိမ်ကြောက်ရွံ့နေတဲ့ သူတို့ရဲ့မျက်နှာကိုလည်း ရှင်းလင်းစွာတွေ့ရတယ်၊ အမှိုက်ပုံထဲက စွန့်ပစ်ပစ္စည်းတွေကို ရလိုဇောနဲ့ လုနေကြတယ်ဆိုတာ မေးစရာမလိုဘဲနဲ့ကို သိနိုင်ပါတယ်။

“သားတို့ဘယ်ကလာကြလဲ၊ ဒီလိုဝေလီဝေလင်းမိုးမလင်းသေးဘဲနဲ့ အော်ကြီးဟစ်ကျယ် ဘာလို့ဆူညံနေကြရလဲ’’ ဟု မေးလိုက်တော့ ကလေးသုံးယောက်လုံးက-

“သားတို့ လောရှမ်းကုန်းဘက်ကလာတာပါ၊ အမှိုက်ပုံးထဲက သံဘူးခွံ၊ ပုလင်းခွံ၊ ပလပ်စတစ်ဘူးခွံတွေကို လာကောက်တာပါ။ ဒါကိုရောင်းလိုက်ရင် ပိုက်ဆံရတယ်၊ ဒီရတဲ့ပိုက်ဆံကို အမေ့ကိုပေးရတယ် ဆန်ဝယ်စားဖို့ပါ” ဟု စာရေးသူကို ပြောပါတယ်။

လောရှမ်းကုန်းဆိုတာ စံခလပူရီမြို့ရဲ့ အရှေ့မြောက်ဘက်မှာ ရှိနေသည့် ရပ်ကွက်တခုပါ၊ ဒေသခံ လောရှမ်း၊ ကရင်နဲ့ အသစ်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ နေကြပါတယ်။ တောင်ယာစိုက်နဲ့ စံခလပူရီမြစ်ထဲမှာ ငါးဖမ်းတဲ့ အလုပ်ကို အဓိကလုပ်ကိုင်ကြပါတယ်။

ဒါပေမယ့် အသစ်ရောက်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက အလုပ်ကြမ်းနဲ့ နေ့စားအလုပ် ရဖို့ မလွယ်တဲ့ စံခလပူရီလိုမြို့ငယ်မှာ ရရအလုပ်ကို လိုက်လုပ်ကြတယ်။ “ဒီနှစ်လိုနှစ်မျိုး မိုးကခေါင် ရေလည်းရှား၊ အပူချိန်မြင့်တဲ့အတွက် ဟင်းသီးဟင်းရွက် အသီးအနှံတွေ ဖြစ်ထွန်းမှုနည်းတယ်။ တောင်ယာစပါးလည်း ကောင်းကောင်းစိုက်လို့မရ၊ မိုးရွာတာ နောက်ကျတော့ စံခလပူရီချောင်းမှာ ရေနည်းပြီး တံငါနဲ့ အသက်မွေးသူတွေကိုလည်း ငါးမဖမ်းရဘူးဆိုပြီ ဒေသခံအာဏာပိုင်တွေက ငါးဖမ်းခွင့် ခဏပိတ်လိုက်သေးတယ်” ဟု လောရှမ်းကုန်းမှ ငါးဖမ်းခြင်းနှင့်အသက်မွေးဝမ်ကြောင်းပြုသူတစ်ဦးက ပြောသည်။

“ရေပေါ်အိမ် (ဖောင်အိမ်) သွားလာမရတာကြောင့် ဟိုတယ်နဲ့ခရီးသွားလုပ်ငန်း ထိခိုက်ရတယ်၊ ဖောင်အိမ်လည်း ဧည့်သည်သိပ်မရှိဘဲ သုံးလကျော် နားထားရလို့ စီးပွားရေးလုပ်ငန်းရှင်တွေက ငြီးနေကြတယ်” ဟု ဖောင်အိမ်ပိုင်ရှင် မွန်အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒေသခံတွေကလည်း ယခုနှစ်မှာလုပ်ငန်းအသစ်တွေ မတိုးချဲ့နိုင်တော့ မရှိဆင်းရဲသား နေ့စားဝင်လုပ်လိုသူတွေ အလုပ်လုပ်ဖို့ အခွင့်အလမ်းမရှိဖြစ်ရတယ်၊ ဒေသခံတွေရဲ့အလုပ်အကိုင်အပေါ်မှာ မှီခိုလုပ်ကိုင်ပြီးမှရပ်တည်နေရသူ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ စားရေးသောက်ရေးကြပ်တည်းရတယ်။

“သားတို့အဖေက ငါးဖမ်းလှေမှာ နေ့စားလိုက်တယ်၊ စံခလပူရီချောင်း ရေခန်းသွားတော့ အလုပ်မရှိတော့ဘူး၊ သုံးလလောက်ရှိသွားပြီး၊ အမေလည်း ငှက်ဖျားဖြစ်နေတယ်၊ ညီလေးက အခုမှ တနှစ်သားပဲရှိသေးတယ်၊ ညတုန်းကဆန်မရှိတော့ ထမင်းကိုနည်းနည်းဆီပဲ ဝေစားရတယ်’’ ဟု စွန့်ပစ်ပစ္စည်းကောက်ပြီး မိဘနှင့်အတူ ဝမ်းစာအတွက် ကူပေးနေသည့်ကလေးတစ်ဦးက ပြောတယ်။

ယခုလို စွန့်ပစ်ပစ္စည်းတွေကို အမှိုက်ပုံးမှာ လိုက်ကောက်ပြီး ဝယ်ယူနေတဲ့ကုလားဆီသွားရောင်းပြီးမှ ရတဲ့ငွေအနည်းငယ်ကို ဆန် ၁ ကီလို၊ ၂ ကီလိုဝယ်ပြီး မိသားစုဝမ်းရေးပြဿနာကို ဦးထမ်းပဲ့ထမ်း ဝိုင်းဖြည့်ဆီးပေးနေရတဲ့ ရွှေ့ပြောင်းအလုပ်သမား မိသားစုတွေရဲ့ဘဝပါ။

တကယ်တော့ မရှိဆင်းရဲသားပြည်သူတွေဟာ ဝမ်းရေးပြဿနာတခုတည်းကို အချိန်တိုင်းမှာ ဖြေရှင်းနေရတော့ သူတို့အဖို့ ရှေ့ကိုမျှော်လင့်စရာ အနာဂတ်ဆိုတာ သူတို့အတွက် မဟုတ်သလို၊ ယခုလက်ရှိ ပစ္စုပ္ပန်မှာလည်း သူတို့လက်မဲ့ဖြစ်နေလို့ပါ။ မနက်ဖြန်ဆိုတာကို သူတို့က မစဉ်းစားရဲကြဘူး။ ဝမ်းရေးအတွက်ကို ရုန်းကန်နေရတော့ တခြားစီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ တိုင်းရေး ပြည်ရေးတွေကို ဘယ်လိုလုပ်ပြီး သူတို့ လက်လှမ်းမီနိုင်တော့မှာလဲ၊ ပြည်ရေးထက် ဝမ်းရေးခက်နေသူတွေပါ။

သမုဒ္ဒရာပြင်ကျယ်မှာ ရေဘယ်တော့မှမပြည့်နိုင်သလို လူသားတွေရဲ့ဝမ်းဗိုက်ကလည်း တထွာသာဆိုပေမယ့် ပြည့်လေ့မရှိ။ ဒါကြောင့်မို့ သမုဒ္ဒရာနှင့် နှိုင်းရတာဖြစ်မယ်။ လူသားတွေ ရုန်းကန်နေကြတာ အဓိကက စားဖို့၊ ဝတ်ဖို့နဲ့ နေဖို့ပါပဲ။ အစားအစာဟာ လူသားတွင်သာမကဘဲ သက်ရှိသတ္တဝါတိုင်းက နည်းလမ်းပေါင်းစုံနဲ့ ရှာစားနေကြရတာပါပဲ။ ယခုအမှိုက်ပုံးထဲက ရှာနေတာဟာလည်း ဝမ်းစာရှာနည်းတနည်းပဲမဟုတ်လား။ ငါ့ဝမ်းပူဆာ မနေသာလို့ အစာ ရှာရတယ်ဆိုသလို ဝမ်းစာရှာနေရတယ်။

အမှိုက်ထဲက ဝမ်းစာအတွက်လောက် ရှာဖွေနေသူတွေရှိသလို အမှိုက်ကစွန့်ပစ်ပစ္စည်းတွေကို ကောက်ပြီးရောင်းဝယ်နေသူ၊ ကုန်ကြမ်းမှ ကုန်ချောအဖြစ် ထုတ်လုပ်နေသူတွေအဖို့ အမှိုက်ကို အရင်းခံပြီး ကြီးပွားချမ်းသာနေသူတွေလည်း မနည်းပါဘူး။ အမှိုက်ထဲက ရွှေဖြစ်နေသူလို့ ဆိုရမှာပါ။

အမှိုက်ထဲကစွန့်ပစ်ပစ္စည်းတွေကိုကောက်ပြီး စားဝတ်နေရေး ပြေလည်ပြီး စီးပွားရေးဖြစ်နေသည့် စံခလပူရီ မွန်ဘက်ကမ်းနေသူ ဒေါ်အိချောက “စွန့်ပစ်ပစ္စည်းတွေကို ကျမနေ့တိုင်းလာကောက်တယ်။ ကျမယောက်ျားက လွန်ခဲ့တဲ့ ၄ နှစ်မှာ ဆုံးသွားတော့ သားသမီး လူမမယ်လေးအရွယ် လေးယောက်ကျန်ခဲ့တယ်။ တခြားဆီမှာ အငှားသွားလို့လည်း အခြေအနေမပေးတော့ အမှိုက်ပုံးက စွန့်ပစ်ပစ္စည်းတွေ လိုက်ကောက်ဖြစ်သွားတယ်။ အနည်းဆုံး တလဝင်ငွေ ဘတ်လေးထောင်လောက် ပုံမှန်ရတယ်’’။

“မနက်ပိုင်း တချိန်လောက်ပဲ လိုက်ကောက်တယ်၊ ဧည့်သည်များတဲ့ ပွင့်လင်းရာသီမှာ တလကို ဘတ် ၇ဝဝဝ လောက်ရတယ်။ အခုကောက်တဲ့လူ များတယ်၊ ကျမလုပ်နေတာ ၄ နှစ်လောက်ရှိပြီးဆိုတော့ အခုလည်း ဆက်လုပ်နေတာပဲ။ အခုအိမ်မှာ ရုံဆောက်ပြီး လာရောင်းတဲ့ ပစ္စည်းတွေကို ဝယ်ပြီးစုထားတယ်၊ တဆင့်ပြန်အရောင်းအဝယ်လုပ်တယ်။ အခု ဘတ် ၁၅ သိန်းတန် တိုက်ပုအိမ်တလုံးလည်း ဆောက်လို့ပြီးသွားပြီ” ဟု ဒေါ်အိချောက ပြောပါတယ်။

စွန့်ပစ်ပစ္စည်းတွေကို ဘယ်လိုကောက်ရတယ်၊ ဘယ်လိုပြန်ရောင်းရတယ်နဲ့ပတ်သက်ပြီး “သတ္တု၊ ခဲ၊ သံပြော့တွေနဲ့လုပ်တဲ့ ထုတ်ပိုးပစ္စည်တွေကျတော့တမျိုး၊ ပလပ်စတစ်ဘူးခွံတွေက ဈေးတမျိုး၊ နောက်ပြီး ထုတ်ပိုးတဲ့စက္ကူဖာကလည်း ဈေးတမျိုးပေါ့၊ အားလုံးရောင်းရတယ်။ ရေသန့်၊ ပက်စီဘူးခွံတွေက တစ်ကီလိုကို (၁၇) ဘတ်ရတယ်၊ ရှပ်အချိုရေဘူးခွံ ကျွဲရိုင်ဘူးခွံ တစ်ကီလိုကို (၁၈) ဘတ်လောက်ရတယ်၊ ဘီယာဘူးခွံ၊ ခလေးသောက်နို့ဘူးဝိုင်းတွေလိုတော့ နှစ်လုံးမှ (၁) ဘတ်ပဲရတယ်၊ ဘာပဲဖြစ်ဖြစ် အရင်းထုတ်စရာမလိုဘဲ လိုက်ကောက်ရုံပဲဟာ အမြတ်ချည်းပဲ” လို့ ဒေါ်အိချောက ပြောတယ်။

ဟုတ်ပါတယ် ရှေးတုံးကလူကြီးသူမများပြောလေ့ရှိတဲ့စကားတခွန်းက အရင်းမစိုက် လှေထိုးလိုက်ဆိုပဲ၊ အခုတော့ အရင်းမစိုက် အမှိုက်ကောက်လိုက်လို့တောင် ဆိုရမလိုဖြစ်နေပြီ။ နောက်ပြီး ဒေါ်အိချောစိတ်ရှည်လက်ရှည် ရှင်းပြတာက “ကောက်ထားတဲ့ပစ္စည်းတွေကို ပြန်ရောင်းရင် ဝယ်လက်ရဲ့ သုံးဆလောက်အမြတ်ရတယ်၊ ဝယ်ထားတဲ့ပစ္စည်းတွေပန်ရောင်းတဲ့အခါ အရွယ်အစားထုထယ်သေးသွားအောင် ထုလိုက်ရတယ်၊ အမျိုးအစားခွဲပေးရတယ်၊ ရောင်းလိုတဲ့အခါ ကန်ချနပူရီကို ဖုန်းဆက်လိုက်ရုံပဲ ကုန်တင်ကားရောက်လာရင် သူ့ဟာသူတင်သွားရုံပဲ”။

မြန်မာနိုင်ငံမှာလည်း အမှိုက်သရိုက်ဆွေး၊ သဘာဝမြေဆွေး ဗေဒါ၊ မှော်ပင်၊ ဒိုက်ပင်အဆုံး ပြုပြင်ပြီး သဘာဝမြေသြဇာအဖြစ် ရောင်းချတယ်။ စီးပွားဖြစ်နေကြတာ များစွာရှိနေကြပါပြီ၊ ဒါတွေဟာ အမှိုက်ထဲက ရွှေတွေပါ။ ဒါ့အပြင် မြို့ပြကျေးရွာအမှိုက်ကနေ လယ်ယာမြေရတနာသိုက်အဖြစ်နဲ့ မြေဆီမြေလွှာတွေ ကောင်းစေပြီး သီးနှံထုတ်လုပ်မှုမှာ အထွက်နှုန်း တိုးတက်လာစေတဲ့အတွက် စိုက်ပျိုးသူတွေကို တိုက်ရိုက်အကျိုးပြုနေပြန်ပါတယ်ဟု မြေအသုံးချရေးပညာရှင်အထွေထွေမန်နေဂျာတစ်ဦးက ပြောပါတယ်။

ယခင်အခါက အမှိုက်မှ စွန့်ပစ်ပစ္စည်းတွေကို ရောင်းဝယ်ဖေါက်ကားသူတွေက အိန္ဒိယကလာသည့် ကုလားလူမျိုးတွေက အများဆုံးလုပ်ကြပါတယ်၊ သူတို့စီးပွားရေး လာဘ်မြင်ပုံက ကြည့်ပါလား၊ သတ္တုဟောင်း သတ္တုစုတ်၊ သတ္တုစတွေကို ဝယ်စရာမလိုဘဲ “သတ္တုကုလားပဲ” လို့ အော်လိုက်ရုံနဲ့ ကုလားပဲလေးတဆုပ်နှစ်ဆုပ်လောက်နဲ့ ကိုယ့်မှာ တန်ဖိုးကြီးမားတဲ့သတ္တုတွေနဲ့လဲသွားတယ်။ သူတို့တွေ လုပ်စားသွားတာ ပါးပါးလေးရယ်၊ သူတို့ရရှိသွားတဲ့အမြတ်က နည်းမှမနည်းတာ၊ မြို့မှာ ကုလားလူမျိုးကုမ္ပဏီတွေ၊ တိုက်အိမ်တွေ၊ မော်တော်ကားတွေချည်း ဖြစ်ကုန်တယ်။
တကယ်တော့ သတ္တုဟာ ရွှေတို့ ပလက်တီနံပြီးရင် တန်ဖိုးကြီးတဲ့ပစ္စည်းပါ၊ သံဈေးထက် အများကြီးမြင့်တယ်။ ကုလားက ဘာမှတန်ဖိုးမရှိတဲ့ ဆင်ခေါင်းပဲလို့ခေါ်တဲ့ ကုလားပဲလေးနှင့် လဲသွားတယ်။ ငွေပေးလဲသွားတာမဟုတ်ဘူး။

စာရေးသူတွေ့ဖူးခဲ့သည့်အဖြစ်တခုက စာရေးသူအိမ်ဘေးက ၇ နှစ်သားအရွယ် မောင်အောင်သိန်းက သတ္တုကုလားပဲလို့ ဒယ်အိုး ဒန်အိုးဟောင်းလိုက်ဝယ်တဲ့သူကအော်လာရင် သူမနေနိုင်ဘူး၊ တခြားကလေးတွေက လည်းမနေနိုင်ဘူး၊ မိဘတွေမရှိခိုက် အိမ်မှာရှိတဲ့သတ္တုအိုးကြီးအကောင်းတလုံးကို ယူချလာပြီး ဝယ်သူရှေ့မှာ ထုလိုက်ပြီးတော့ သတ္တုအိုးကို ကုလားပဲနဲ့လဲစားလိုက်တော့တာပဲ။ ဝယ်သူက ဝမ်းကိုသာလို့၊ ကုလားပဲအနည်းငယ်နဲ့ လဲယူလိုက်တာပါပဲ။

ဒါက ဟိုခေတ်က ကုလားလူမျိုးတမျိုးတည်းကသာ အမှိုက်ထဲက ရွှေဖြစ်အောင် လုပ်စား တတ်တဲ့အကြောင်းကို တင်ပြခြင်းဖြစ်သည်။ အခုခေတ်မှာ လူမျိုးမရွေး လိုက်လုပ်လာကြပါပြီ၊ သို့သော် အမှိုက်ကိုပဲ အရင်းပြုပြီး လုပ်စားတာချင်းတူတူ ဝမ်းစာလောက်ပဲ လုပ်စားတတ်သူနဲ့ စီးပွားဖြစ် ကြီးပွားချမ်းသာအောင် လုပ်တတ်သူဆိုပြီး နှစ်မျိုးနှစ်စားပဲရှိပါတယ်။ အဲဒါက ဝမ်းစာနှင့် စီးပွားပါဗျာ။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Nov,30th,2010

( 19 )Burma's Aung San Suu Kyi Meets with Political Prisoners' Families

( 18 )Name food seasonings Burma has banned

( 17 )နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ထပ်ဆင့်ထောက်ခံ

( 16 )Karen villagers escape fresh clashes

( 15 )နိုင်ငံရေး အကျဉ်းသား မိသားစုဝင် ၇၀ ကျော်ကို ဒေါ်စု တွေ့ဆုံ အားပေး

( 14 )'We Won't Accept Force to Move Our Patients Out'

( 13 )လေဆိပ် သတင်းစာရှင်းလင်းပွဲ စာပေစိစစ်ရေးကြောင့် ပြည်တွင်း သတင်းသမားတွေ တက်ရောက်ခွင့်မရ

( 12 )Local Journalists Barred from UN Envoy's Press Conference

( 11 )ကိုဌေးကြွယ်အမေ နှစ်လည်ဆွမ်းကပ် ဒေါ်အောင်ဆန်းစုကြည်တက်

( 10 )ရဲက လာဘ်ငွေယူပြီး မူးယစ်ဆေးရောင်းခွင့်ပြု

( 9 )Top junta officers tour front line bases

( 8 )သျှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပခွင့် မကျသေး

( 7 )Junta disrupts Kachin Thanksgiving celebration

( 6 )နအဖနှင့် ဒီကေဘီအေ တိုက်ပွဲကြောင့် ထိုင်းဖက် ထွက်ပြေးလာသည့် ဒုက္ခသည် အများစု နေရပ့်ပြန်

( 5 )North’s history of provocations

( 4 )ဘုရားသုံးဆူနယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်

( 3 )Aung San Suu Kyi Asks Burma For Full Participation

( 2 )မြောက်ဦး ရှေးဟောင်း သမိုင်းဝင်နေရာ ဖြတ်မယ့် ရထားလမ်းကြောင်း ပြောင်း

( 1 )Refugees Again Pour Into Thailand after Fighting Resumes

Monday, November 29, 2010

ဘုရားသုံးဆူတွင် ဒီကေဘီအေနှင့် တိုက်ပွဲဖြစ်

မြင့်မောင် | တနင်္လာနေ့၊ နိုဝင်ဘာလ ၂၉ ရက်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်နှင့် မြဝတီမြို့နယ်တို့တွင် စစ်အစိုးရတပ်များနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်တို့ တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေသည်ဟု ကရင်လက်နက်ကိုင်အဖွဲ့များက ပြောသည်။

မြန်မာ-ထိုင်းနယ်စပ်မြို့တခုဖြစ်သော ဘုရားသုံးဆူ ၁၈ မိုင်ခန့်ဝေးသည့် ကျိန်ချောင်းနှင့် ချောင်းဆုံရွာကြား တဲသုံးလုံးရွာအနီးတွင် DKBA တပ်ရင်း ၉ဝ၁ ဗိုလ်အေးဝမ်းဦးဆောင်သော တပ်နှင့် ခမရ ၄ဝ၆ စစ်ကြောင်းတို့ ယမန်နေ့က တိုက်ခိုက်ကြခြင်းဖြစ်သည်။

“တိုက်ပွဲအနေအထားကတော့ စောင့်ကြိုတိုက်ပွဲအနေအထားမဟုတ်ဘူး။ ရုတ်တရက်ရင်ဆိုင်တိုက်ပွဲဖြစ်တယ်။ မနက်က ဗိုလ်အေဝမ်းကို ဖုန်းနဲ့ဆက်မေးတော့ သူတို့ဘက်ကတော့ တယောက်မှအနာတရမရှိဘူးပြောတယ်။ နအဖ ဘက်မှာလဲ အထိအခိုက်အပြင်းအထန်မကြားရဘူး” ဟု ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၆ မှ ဗိုလ်ကြီး ထဲနေက မဇ္ဈိမကိုပြောသည်။

နောက်ပိုင်းရက်များတွင် တိုက်ပွဲဆက်လာနိုင်သည်ဟု သူက ခန့်မှန်းထားသည်။ KNLA အနေဖြင့် အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ပြီး တိုက်ပွဲပြင်းထန်လာက ဝင်ကူပေးသွားမည်ဟု သူက ပြောသည်။
ဘုရားသုံးဆူမြို့နှင့် ၃၃၃ မိုင် အကွာ မြဝတီမြို့နယ်အတွင်းတွင်လည်း ယခုလ ၂၇ နှင့် ၂၈ ရက်များတွင် တပ်အင်အားတိုးရန်ရောက်ရှိလာသည့် ခလရ ၆၁၊ ၅၄၇ နှင့် ၂၃ဝ တို့ကို DKBA ဗိုလ်မှုးကြီးကျော်သက် ဦးဆောင်သည့် ၉ဝ၂ တပ်ရင်းက ပြောက်ကျားစနစ်ဖြင့် ခြုံခိုတိုက်ခိုက်ခဲ့သည်။

မြဝတီ တောင်ဘက် ၁၂ မိုင်ခန့်အကွာတွင်ရှိသည့် ဖလူးကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ခဲ့ပြီး စစ်အစိုးရတပ်မှ ၁ ဦးကျဆုံးကာ ၈ ဦးဒဏ်ရာရခဲ့ကြောင်း DKBA ဗဟိုလက်အောက်ခံ တပ်ရင်းအရာရှိတဦးက ပြောသည်။

“အစကတော့ လက်နက်ငယ်တွေနဲ့ပဲ သူပစ် ကိုယ်ပစ် ပစ်ကြတာ၊ နောက်ပြီးဖလူးအနောက်ဖက် ဒေါန တောင်ကြောကနေ ၈၁ မော်တာတွေနဲ့ ကျနော်တို့ဘက်ကိုပစ်တာ။ ကျနော်တို့က နေရာရွှေ့ထားလိုက်တော့ ဗလာပဲဖြစ်တာပေါ့” ဟု သူကမဇ္ဈိမကိုပြောသည်။

စစ်ပြေးဒုက္ခသည်များကို မဲဆောက်မြို့ရှိ ဒေါက်တာ စင်သီယာမောင် ၏ ကျောင်းသား ဆေးခန်း မှ ဦးဆောင်ကာ လူမှုအဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့များ၊ လူငယ်အဖွဲ့များက အစားအစာ၊ သောက်ရေနှင့် ဆေးဝါးများသွားလူဒါန်းခဲ့ကြောင်း ကျောင်းသားဆေးခန်းမှ ကျန်းမာရေးမှူး ဦးသာဝင်းက ပြောသည်။

“သူတို့က စနေနေ့ညနေပိုင်းလောက်ကထဲက လှေတွေနဲ့ကူးပြီး ထိုင်းဘက်ကမ်းကို လာနေကြတာ မနေ့က ပိုများတယ်။ ဟိုဘက်ကမ်းမှာ လက်နက်ကြီးကျတာ ဒီဘက်ကနေမြင်နေရတယ်။ အများဆုံးလာတာကတော့ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ အသက်ကြီးရွယ်အိုတွေများတယ်” ဟု ဦးသာဝင်းက မဇ္ဈိမကိုပြောသည်။

ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံဘက်တွင် တိုက်ပွဲများ ပစ်ခတ်မှုများ ငြိမ်သက်သွားလျှင် ဒုက္ခသည်များ ပြန်ပို့ပေးနိုင်ရန် စောင့်ကြည့် စီစဉ်နေကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအကျဉ်းသား မိသားစုများကို အားပေး

ရန်ပိုင် Monday, 29 November 2010

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင် ၇၀ ခန့် အား ယနေ့နံနက် ၁၀နာရီခွဲ ခန့်က တွေ့ဆုံ၍ အားပေး စကားပြောဆိုကြောင်း သိရသည်။

ဗဟန်းမြို့နယ် ပဏ္ဍိတာ ရာမ ဘုန်းကြီးကျောင်း၌ ပြုလုပ်သည့် ဘူးသီးတောင်ထောင်တွင် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၏ မိခင် ကွယ်လွန်သည့် သုံးနှစ်ပြည့် နှစ်လည်ဆွမ်းကျွေး တရားနာပွဲသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်စဉ် နိုင်ငံရေးအကျဉ်းသား မိသားစုများနှင့် တွေ့ဆုံခြင်းဖြစ်သည်ဟု ကိုဌေးကြွယ်၏ ယောက်ဖ တော်စပ်သူ ကိုဖြိုးမင်းသိန်းက ပြောသည်။

“အကျဉ်းသားတွေ ကျန်းမာရေးနဲ့ စားဝတ်နေရေး အခြေအနေကို မေးတယ်၊ ICRC ကို အခုထက် ပိုပြီးအကူအညီပေးနိုင်အောင် ပြောမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်”ဟု ၎င်းက ဆိုသည်။

စစ်အစိုးရက နိုင်ငံရေး အကျဉ်းသားများကို ဝေးလံသည့် အကျဉ်းထောင်များသို့ ပြောင်းရွှေ့ထားသည့်အတွက် မိသားစု အနေဖြင့် သွားရောက်တွေ့ဆုံရန် ခက်ခဲကြောင်း၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့(ICRC)မှ ကူညီမှသာလျှင် သွားရောက်တွေ့ဆုံနိုင်ကြောင်း၊
ICRC အနေဖြင့်လည်း ယခုလက်ရှိအခြေအနေတွင် အခက်အခဲအမျိုးမျိုးကြောင့် ကူညီမှု လျော့ပါးနေကြောင်း ဒေါ်အောင်ဆန်း စု ကြည်က ပြောသည်ဟု ကိုဖြိုးမင်းသိန်းက ပြောပြသည်။

မြန်မာနိုင်ငံအတွင်းရှိ ဝေးလံသည့် ထောင်များတွင် နှစ်ရှည်ထောင်ဒဏ်များ အသီးသီးကျခံနေရသည့် ၈၈မျိုးဆက်ကျောင်းသားများ ၏ အခြေအနေကို သိရှိပါကြောင်း၊ မိသားစုအနေဖြင့်လည်း ဆက်လက်၍ ကြံ့ကြံ့ခံသွားစေလိုကြောင်း၊ ဒီမိုကရေစီအရေးကို ဆက် လက် အားပေးစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

ထို့အပြင် ကိုဌေးကြွယ် နှင့် ပတ်သက်၍လည်း ထောင်တွင်းအခြေအနေများကို လွတ်လပ်စွာ ပြောဆိုခွင့်ရစေရန် နှင့် ပြင်ပတွင် ဖြစ် ပျက်နေသည့် နိုင်ငံရေး၊ စီးပွားရေး အခြေအနေများကို သိရှိစေရန် ပြောပြပေးစေလိုကြောင်းလည်း မှာကြားသည်ဟု သိရသည်။

“အထဲကလူတွေကို နိုင်ငံရေး သတင်းမကြားရတော့ နိုင်ငံရေး သားကြောပြတ်သလိုဖြစ်မှာကို စိုးရိမ်တယ်ဆိုတဲ့ သဘောကို ပြော တယ်”ဟု ကိုဖြိုးမင်းသိန်းက ပြောသည်။

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သည့် ကိုမင်းကိုနိုင်၏ အစ်မဖြစ်သူ ဒေါ်သီသီညွန့်လည်း တက်ရောက်ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင်၏ မိသားစုဝင်များ တွေ့ဆုံမှုသည် ယခုတကြိမ်ဆိုလျှင် နှစ်ကြိမ်ရှိပြီဖြစ်ကြောင်း၊ မကြာ သေးမီက ပြုလုပ်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း အစ်ကို ဦးအောင်သန်း၏ နှစ်ပတ်လည် အခမ်းအနားတွင် ပထမအကြိမ် တွေ့ဆုံ ခဲ့ပြီးဖြစ်သည်။

ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုဂျင်မီတို့ အပါအ၀င် ကျောင်းသားခေါင်းဆောင် ၁၄ ဦးကို ၂၀၀၇ ခုနှစ် သြဂုတ်လအတွင်း လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး လမ်းလျှောက်ဆန္ဒပြ ခဲ့သည့်အတွက် ထောင်ဒဏ် ၆၅ နှစ်စီ အသီးသီးချမှတ်ခဲ့သည်။

ကိုဌေးကြွယ် အကျဉ်းကျခံနေရသည့် ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်သို့ မိသားစုဝင်များ အနေဖြင့် သွားရောက် တွေ့ဆုံရာတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲအပြင်၊ ရာသီဥတုလည်း ကြမ်းတမ်းကြောင်း၊ မိသားစုဝင်များ အနေဖြင့် တည်းခိုရန်ပင် ခက်ခဲကြောင်း ကိုဖြိုးမင်းသိန်းက ပြောသည်။

ကိုဌေးကြွယ်၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်သည်ဟု ဆိုနိုင်သော်လည်း ရာသီဥတုအခက်အခဲနှင့် စားသောက်ရေး အခက်အခဲကြောင့် အစာအိမ်ရောဂါရှိသည့် ကိုဌေးကြွယ်အတွက် အခက်အခဲရှိကြောင်း သိရသည်။

ထိုဆွမ်းကျွေး တရားနာပွဲသို့ အကျဉ်းကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားမိသားစုများ အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် (NLD)ပါတီမှ ဒု ဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တချို့အပြင် ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ မျိုးဆက်သစ် လူငယ်နိုင်ငံရေးသမားများ အပါအ၀င် လူ ၁၀၀၀ နီးပါး တက်ရောက်ခဲ့သည်ဟု NLD ခေါင်းဆောင် တဦးဖြစ်သည့် ဦအုန်းကြိုင်က ဆိုသည်။

ထို့အပြင် နှစ်ရှည် ထောင်ဒဏ် ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားတဦးဖြစ်သည့် ကိုပဏ္ဍိတ်ထွန်း၏ မိခင် ဒေါ်ညွန်ညွန်ဦး ကလည်း ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ အားပေးသည့်အတွက် ၀မ်းသာကြောင်း ပြောဆိုသည်ဟု သိရသည်။

လွှတ်တော်ထဲတွင် လွတ်လပ်စွာ ပြောဆိုခွင့် ဗိုလ်ချုပ်မှူးကြီး ပိတ်ပင်

ခင်ဦးသာ Monday, 29 November 2010

ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာမည့် လွှတ်တော်ထဲတွင် လွတ်လပ်စွာ ပြောဆို ဆွေးနွေးခွင့်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်ဖြင့် ပိတ်ပင်လိုက်ကြောင်း AP သတင်းတွင် ရေးသားထားသည်။

လာမည့် လွှတ်တော်ထဲ၌ နိုင်ငံတော်လုံခြုံရေးနှင့် တို့တာဝန်အရေးသုံးပါးအား ထိခိုက်နိုင်မည့် ပြောဆိုမှုများ၊ ၂၀၀၈ဖွဲ့စည်းပုံအား ဝေဖန်ပြောဆိုမှုများ ရှိလာပါက ထောင်ဒဏ် ၂ နှစ်ချမှတ်မည်ဟု စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က နိုဝင်ဘာလ ၂၆ ရက်နေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

သို့ရာတွင် လွှတ်တော်အတွင်း၌ ပြောဆိုစရာ ရှိသည်ကို ပြောဆိုသွားမည်ဖြစ်ကြောင်း တိုင်းရင်းသား ပါတီ ခေါင်းဆောင် တချို့က ဆိုသည်။

“ကျနော်တို့ သွားနေတဲ့ လမ်းစဉ်ကိုက တို့ တာဝန် အရေးသုံးပါးကို ဦးတည်သွားနေ ကြတာပဲ။ မလိုက်နာတာက သူတို့ပဲလေ။ ထောင်ချမယ် ဆိုရင်လည်း သူတို့ကိုပဲ ချရမှာပေါ့” ဟု မွန်ဒေသ လုံးဆိုင်ရာဒီမိုကရေစီပါတီ (AMDP) ၏ ဥက္ကဋ္ဌ နိုင်ငွေသိန်း က ဧရာဝတီကို ပြောသည်။

တိုင်းရင်းသားအားလုံးသည် တိုင်းရင်းသားစည်းလုံးညွတ်ရေး၊ ပြည်ထောင်စု မပြိုကွဲရေး၊ ဒီမိုကရေစီ ရရှိရေး စသည့် မူအရ လုပ်ဆောင်နေကြကြောင်း၊ ထို့ကြောင့် ပေါ်ပေါက်လာမည့် လွှတ်တော် ထဲတွင်လည်း ထိုလမ်းစဉ်များ အတိုင်းသာ ပြောဆို
ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဆက်ပြောသည်။

“ပြောစရာရှိတာကို ပြောဆိုရမှာပဲ ကြောက်နေရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး” ဟုလည်း ဦးနိုင်ငွေသိန်းက ဆိုသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က “ထောင်ချမယ်လို့ ပြောပေမယ့် ကျနော်တို့က ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ ပါတဲ့ အတိုင်းပဲ ပြောစရာရှိတာ ပြောရမှာပါ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပြောတာလည်းပဲ ဒါကို အခြေခံပြီးတော့ ပြောတာလို့ ထင်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင် ပါဝင်သည့် အချက်များကို သဘောတူကြောင်း လက်မှတ် ထိုးထားသည့်အတွက် ပါတီ ထောင်ခွင့် ရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင် ပါရှိသည့် ပြောဆိုနိုင်သော ဘောင်အတွင်းမှ ပြောဆို သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေဖြင့် ထိုသို့ပြောဆိုလိုက်ခြင်းသည် ပြည်သူလူထုက ရွေးကောက် တင်မြှောက်လိုက်သော ပြည်သူ့ကိုယ်စားလှယ်များက လွှတ်တော်ထဲ၌ စစ်တပ်အား ဝေဖန်ထောက်ပြမည်ကို စိုးရိမ်၍ ကြိုတင် တားမြစ်သည့်သဘော ဖြစ်နိုင်
ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် လာမည့်အစိုးရသစ်တွင် ပါဝင်မည်မဟုတ်ဘဲ စစ်ကော်မရှင် တရပ်ဖွဲ့ကာ အစိုးရ အဖွဲ့၏ အပေါ်မှနေ၍ အာဏာကို ဆက်လက်ချုပ်ကိုင် သွားနိုင်ကြောင်း နိုင်ငံရေး လေ့လာသူ တချို့က ဆိုသည်။

မြန်မာနိုင်ငံ ရှေ့နေများကောင်စီ ဥက္ကဋ္ဌ ဦးသိန်းဦးက “ဒီလို ထုတ်ပြန်လိုက်တာဟာ တက်လာမယ့် လွှတ်တော် အမတ်တွေကို ထောင်ချောက် ဆင်တာ ဖြစ်သလို၊ ခြိမ်းခြောက်လိုက်တဲ့ သဘောပါ။ ဘာမှမပြောရဲတော့အောင် ကြိုတင် တားလိုက်တာပါ။ လွှတ်တော်အမတ်တွေ အနေနဲ့လည်း ဘာမှ ပြောခွင့်ရမှာ မဟုတ်ပါဘူး” ဟု ပြောသည်။

ဗိုချုပ်မှူးကြီးသန်းရွှေ၏ ထုတ်ပြန်ချက်သည် လွှတ်တော်ထဲ၌ ဖက်ဒရယ် ပြည်ထောင်စုနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြလာ မည်ကို ကြိုတင်တားမြစ်လိုသည့် အနေဖြင့် လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ဦးသိန်းဦးက ဆိုသည်။

ရွေးကောက်ပွဲ၌ အနိုင်ရထားသော ဒီမိုကရက်တစ်အင်အားစုထဲမှ တချို့ကမူ ၎င်းတို့အနေနှင့် ပြည်သူ ပေးထားသည့် တာဝန်ကို ယူထားရသော ကိုယ်စားလှယ်များ ဖြစ်သောကြောင့် ပြည်သူတို့၏ လိုအပ်ချက်များကို ပြောဆိုရန် အတွက်သာ လွှတ်တော် သွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထု လိုအပ်ချက်ကို မပြောဆိုနိုင်ပါက ပြည်သူအပေါ် သစ္စာဖောက်ရာ ရောက်မည် ဖြစ်ကြောင်း ပြောကြသည်။

“တချို့ကိစ္စတွေက ခေတ်နဲ့မညီတော့ဘူး။ ဒါကြောင့် ပြောင်းလဲသင့်တာ ပြောင်းရမယ်။ ဒါမှ မဟုတ်ရင်တော့ တယောက်တည်း ကျန်ခဲ့မှာ သေချာတယ်။ ကန့်သတ်တယ် ဆိုတာက နေရာတကာမှာ မလုပ်သင့်ဘူး။ ဖက်ဒရယ် စနစ်ကြောင့်လည်း တိုင်းပြည် ဘယ်တော့မှ ပြိုကွဲမှာ မဟုတ်ဘူး” ဟု နိုင်ငွေသိန်းက ဆိုသည်။

ဆက်လက်၍ ၎င်းက လက်ရှိ သွားမည့် နိုင်ငံရေးလမ်းကြောင်းသည် ဒီမိုကရေစီ လမ်းကြောင်းဟု ဆိုထားသဖြင့် တိုင်းရင်းသားများနှင့် ဒီမိုကရက်တစ် အင်အားစုများက စည်းလုံးညီညွတ်စွာ ဥပဒေ ဘောင်အတွင်းမှ ပြောဆိုသွားပါက အတိုင်းအတာ တခုထိ အောင်မြင်မှု ရလာမည်ဟု ယုံကြည်ကြောင်း ပြောသည်။

ဒေါက်တာ အေးမောင်ကလည်း “ပြည်ထောင်စုကြီးကို ဘယ်သူကမှ မပြိုကွဲစေချင်သလို၊ ပြည်တွင်းမှာ စစ်ဖြစ်နေကြတာ ကိုလည်း မလိုလားကြပါဘူး။ အချုပ်အခြာ အာဏာ မကျဆုံးစေချင်ဘူး။ တပ်မတော်ဆိုတာလည်း ပြည်ပရန်သူကို ကာကွယ်ဖို့ အရေးကြီးဆုံးပါ” ဟု ဆိုသည်။

မြန်မာနိုင်ငံကို လက်ရှိတာဝန်ယူ အုပ်ချုပ်နေသူများ၊ နိုင်ငံရေး ခေါင်းဆောင်များ အားလုံး၏ ရင်ထဲ၌ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် တန်းတူအခွင့်အရေးကို အလေးထားကြမည် ဆိုပါက ပင်လုံညီလာခံ ကဲ့သို့သော ဆွေးနွေးပွဲကြီးပင် လိုအပ်မည် မထင်ကြောင်း၊ ဖက်ဒရယ် ပြည်ထောင်စု စစ်စစ်သည် တိုင်းရင်းသား များ၏ အရေးအကြီးဆုံး ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ချင်းအမျိုးသားပါတီ (CNP) ၏ ဥက္ကဋ္ဌ ဦးဇိုဇမ်က “လွှတ်တော်ထဲမှာ နပန်းလုံးတာမျိုးတွေ ဖြစ်လာမှာစိုးလို့ ထုတ်တာလည်း ဖြစ်နိုင်ပါတယ်။ တယောက်နဲ့တယောက် ဟိုဟာ ဒီဟာနဲ့ ပစ်ပေါက် ကြတာမျိုးတွေ ဖြစ်မလာအောင် တားတဲ့ သဘောလို့ ထင်ပါတယ်” ဟု ပြောသည်။

အင်း အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ဝင်းကမူ ၎င်းတို့ပါတီသည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူမျိုး မြှင့်တင်ရေး၊ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးတို့ကိုသာ ပြောဆိုမည်ဖြစ်ပြီး နိုင်ငံရေးနှင့်ပတ်သက်၍ မပြောဟု ဆိုသည်။

တိုင်းသားပါတီများအနက် အကြီးဆုံးပါတီတခု ဖြစ်သောရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ခေါ် ကျားဖြူ ပါတီ၏ တာဝန်ရှိသူကမူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ပြောဆိုရန် စောသေးသည်ဟု ဧရာဝတီကို ပြောသည်။

သျှမ်းပြည်တလွှား နအဖစစ်အရာရှိကြီးများ စစ်ရဟတ်ယဉ်ဖြင့်လှည့်ပတ်

မွေခေါဝ်

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ငြင်းဆန်ထားသော ဝ နှင့် မိုင်းလားနယ်အနီးတ၀ိုက် နအဖအရာရှိကြီးများ စစ်ရဟတ်ယာဉ်ဖြင့် လှည့်ပတ်ပြီး ဒေသတွင်း စကခ၊ ဒကစ နှင့် ဗျူဟာမှူးများနှင့်လိုက်လံခေါ်တွေ့ကြောင်း စုံစမ်းသိရှိ ရပါသည်။

“ကြည်းရေလေညှိုနှိုင်းကွပ်ကဲရေးမှူး ဒုဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့အတူ ကာကွယ်ရေးဝန်ကြီးဌါန အမှတ် ၂ စစ်ဆင် ရေးအထူးအဖွဲ့မှူး ဗိုလ်ချုပ်အောင်သန်းထွဋ်၊ စရဖအရာရှိချုပ် ဗိုလ်ချုပ်ကျော်ဆွေတို့အတူ လိုက်ပါလာကြတယ်” ဟု ကျိုင်းတုံဒေသခံတစ်ဦးက ပြောပါသည်။

ဒုဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ ၂၄ ရက် သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းအနောက်တောင်ဘက်ရှိ မိုင်းလိုက် ကျေးရွာအုပ်စု၊ ၂၅ ရက် ကျိုင်းတုံ-မော်ဖှ-တန့်ယန်း၊ ၂၆ ရက် သိန္နီ-ကွန်လုံသို့ သွားရောက်လှည်ပတ်ခဲ့ပြီး လားရှိုးသို့ ရောက်ရှိလာခဲ့သည်ဟု သိရှိရသည်။

“၂၆ ရက်မှာဘဲ လောက်ကိုင် ဒကစမှူး၊ သိန္နီ စကခ ၁၆ မှူးနဲ့ တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်စောတို့ကိုခေါ်ပြီး အစည်းအဝေးလုပ်တယ်။ အကြောင်းရင်းမသိရပေမဲ့ အပစ်ရပ်အဖွဲ့တွေနဲ့ပတ်သက်ပြီး ဆွေးနွေးမယ်ထင်တယ်” ဟု တရုတ်နယ်စပ်သတင်းရပ်ကွက်က ပြောပါသည်။

ရဲချုပ်ဗိုလ်ချုပ်ခင်ရီ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွှန့်နှင့် တွေ့ဆုံသည့် သတင်းထွက်ပေါ်ချိန် ယခုကဲ့သို့ နအဖတပ် တပ်မှူး ကြီးများ လှည့်ပတ်နေကြခြင်းမှာ အပစ်ရပ်များအပေါ် မည်ကဲ့သို့ ဆက်လက်ကိုင်တွယ်ရမည်ကို ဗိုလ်ခင်ညွှန့်ထံမှရ သောအကြံဥာဏ်နှင့် ဆက်စပ်နိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကလည်း ထင်မြင်ချက်ပေးသည်။

“တန့်ယန်းရောက်တုန်း ဗျူဟာမှူး၊ တပ်ရင်းမှူးတွေ ၁၀ ယောက်လောက်နဲ့ အစည်းအဝေးလုပ်တယ်။ ကွန်လံ-လောင်ကိုင်း ဖက်သွားတုန်းက ၀ တပ်ဖွဲ့အခြေအနေကို မေးမြန်းခဲ့တယ်ထင်တယ်။ ဝ တပ်ဖွဲ့ကိုဘဲ နောက်ထပ်ခေါ်တွေ့ဖို့ရှိမယ်လို့ကြား တယ်” ဟု တန့်ယန်းဒေသခံတစ်ဦးက ပြောပါသည်။

“နအဖက အပစ်ရပ်တွေအပေါ် နံပါတ် ၁ က အနုနည်းနဲ့စည်းရုံးဆွဲဆောင်မယ်။ ၂-လူထုအတွင်း အပစ်ရပ်အမာခံ တွေကို ရှင်းလင်းသိမ်းသွင်းမယ်။ သျှမ်းတပ်နဲ့ဆက်စပ်နှီးနွယ်သူတွေကို ခြိမ်းခြောက်နှိပ်ကွပ်တာမျိုးတို့လုပ်မယ်။ ၃ အပစ်ရပ်အပေါ် အနိုင်ပိုင်းလွယ်မဲ့နည်း အပိုင်စား၊ အမှည့်ချွေတဲ့နည်းတွေနဲ့ အပစ်ရပ်တပ်ဖွဲ့တပ်သားတွေ အငိုက်မိတုံး လက်မလွတ်တမ်း လျှပ်တပြက်ဝင်ပစ်မယ်။ ၄-နယ်မြေကျွမ်းကျင်ရေး၊ စိမ့်ဝင်စည်းရုံးရေး၊ အမာခံမွေးထုတ်ရေးတွေ လုပ်ထားပြီး စစ်ဆင်ရေး ကြီးဆင်နွဲဖို့ ပြင်ဆင်ထားမယ်။ ဒီနည်း ၄ နည်းကိုကျင့်သုံးနေတာ” ဟု သျှမ်းပြည်တပ်မတော် မြောက်ပိုင်းမှ အရာရှိတစ်ဦးက ပြောပါသည်။

တဖက်၌လည်း နိုဝင်ဘာ ၂၇ ရက် လားရှိုးမှ စားနပ်ရိက္ခာနှင့်ခဲယမ်းမီကျောက်များတင် ၆ ဘီးစစ်ကားအစီး ၅၀ ကျော် လားရှိုး-ကွန်လုံဖက် တက်သွားကြောင်း သိရှိရပါသည်။

ဒုက္ခသည် ၁၀၀၀ ခန့် ထိုင်းဘက် ထပ်မံရောက်ရှိ

သန်းထိုက်ဦး Monday, 29 November 2010

ကရင်ပြည်နယ် မြ၀တီမြို့နယ်အတွင်း စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံရွာသား ၁၀၀၀ ခန့် ထိုင်းနိုင်ငံ တာ့ခ် ခရိုင်၊ မဲဆောက်မြို့နယ် အတွင်းရှိမယ့် ဘုန်းကြီးကျောင်း တကျောင်းသို့ တိမ်းရှောင် ရောက်ရှိလာကြောင်း သိရှိရသည်။

ပြီးခဲ့သော တပတ် သောကြာနေ့မှ စတင်၍ DKBAတပ်ဖွဲ့နှင့် စစ်အစိုးရ တပ်ရင်းများ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ သောကြောင့် ဒေသခံများက ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်လာခြင်း ဖြစ်သည်။

နှစ်ဘက် တိုက်ပွဲများနှင့် ပတ်သက်၍ တပ်ရင်းအမည်များကို ရှင်းရှင်း လင်းလင်း မသိရှိရသေးပေ။ သို့သော် ၎င်း ဒေသတွင် DKBA တပ်မဟာ ၅ မှ တပ်မဟာမှူး ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး(စောလားပွယ်) ဦးဆောင်သော တပ်ဖွဲ့နှင့် စစ်အစိုးရ၏ စစ်ဆင် ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ) ၈ လက်အောက်ခံ တပ်ရင်းများ လှုပ်ရှားနေကြောင်း သိရသည်။

ယခုအခါ စစ်အစိုးရက မြ၀တီမြို့နယ် ဖလူး ဒေသအတွင်း နယ်မြေ စိုးမိုးရေး အတွက် စစ်ဆင်ရေး ပြုလုပ်နေကြောင်း ဒေသခံ များနှင့် နီးစပ်သူ တဦးကဆိုသည်။

ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်လာသူများသည် ဖလူးကြီးနှင့် ဖလူးငယ် ကျေးရွာဒေသခံအများစု ဖြစ်ကြောင်း ရွာသားများ ကို ယနေ့ နံနက် သွားရောက်တွေ့ဆုံခဲ့သူ နော်အိုင်းရစ်က ဧရာဝတီသို့ ပြောသည်။

နော်အိုင်းရစ်သည် ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်း ကရင်ဒုက္ခသည်များ ကူညီကယ်ဆယ်ရေးအဖွဲ့ တဖွဲ့ဖြစ်သည့် Committee for Internally Displaced Karen People (CIDKP)မှ မဲဆောက် တာဝန်ခံဖြစ်သည်။

ထို့အပြင် ထွက်ပြေးလာသော ကရင်ရွာသားများကို မဲဆောက်မြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ထိုင်း-မြန်မာ နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့(TBBC) အပါအ၀င် ကျန်းမာရေးနှင့် ဆိုင်သော အဖွဲ့ အစည်း တချို့ယနေ့ နံနက်က သွားရောက် တွေ့ဆုံခဲ့ကြောင်း ၎င်းက ဆိုသည်။

ထိုင်း အစိုးရအနေဖြင့် မြန်မာနိုင်ငံ ဘက်ခြမ်းတွင် တိုက်ပွဲများကြောင့် ထွက်ပြေးလာသော စစ်ပြေး ကရင်ဒုက္ခသည်များကို နယ်စပ် ဖြတ်ကျော်ခွင့် ပေးထားသော်လည်း တိုက်ပွဲများ ရပ်ဆိုင်းသွားသည့် အချိန်တွင် ဒုက္ခသည်များကို မြန်မာနိုင်ငံ ဘက်သို့ ပြန်ခိုင်း လေ့ရှိသည်။

“နေရပ်ပြန်ဖို့ ကိစ္စကတော့ ကျမ မကြားသေးဘူး၊ သူတို့ မသိမ်းရသေးတဲ့ စပါးတွေကတော့ အများကြီး၊ နောက် ပြောင်းတွေ လည်း မပြီးသေးဘူး၊ ပဲတွေရော သူတို့ စားဝတ်နေရေးအတွက် လုပ်ထားတဲ့ဟာတွေတော့ ဒီအတိုင်းပဲ ထားထားရတယ်”ဟု နော်အိုင်းရစ်က ဆက်လက် ပြောဆိုသည်။

နိုဝင်ဘာလဆန်းပိုင်းတွင်လည်း ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဝေါ်လေဒေသတွင် စစ်အစိုးရတပ်နှင့် DKBA တပ်ဖွဲ့ဝင် များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ရွာသား ၄၀၀ ခန့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ် တဖက်ကမ်းသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ရသည်။

နောက်ဆုံး သတင်းများ အရ ဝေါ်လေဒေသသို့ ယခုရက်ပိုင်းအတွင်း ပစ်ခတ်မှုများ မရှိသော်လည်း စစ်အစိုးရက လက်နက် ကြီး တပ်များကို အင်အား တိုးချဲ့ပို့ဆောင် ထားကြောင်း ဖလူးဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပနေစဉ် မြ၀တီမြို့နယ် ရဲစခန်းနှင့် နယ်စပ်ဂိတ်တချို့ကို DKBAတပ်ဖွဲ့ဝင်များ က ၀ိုင်းထားခဲ့ပြီး နောက်ပိုင်း ကရင်ပြည်နယ် အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ ခြင်း ဖြစ်သည်။

မိုင်းနောင်ဒေသခံအား ပစ်သတ်သည့်ကိစ္စ အမှုမဖွင့်ရန် စကခမှူး တားမြစ်ခြိမ်းခြောက်

သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်အခြေစိုက် စစ်ဆင်မှုကွပ်ကဲရေးဌာနချုပ် (စကခ) ၂ စစ်သားများက ဒေသခံ အရပ်သားကို သျှမ်းစစ်သား ဟုဆိုကာ ပစ်သတ်ခဲ့သည့်ကိစ္စ စကခ(၂) မှူး ဗိုလ်ချုပ်တင့်လွင်နှင့်ဂျီဝမ်း ဒု-ဗိုလ်မှူးကြီးဝေလင်းအောင်တို့က ရွာ လူကြီးများ အား အမှုမဖွင့်ရန် အမိန့်ထုတ်ပြီး မလိုက်နာပါက မြို့တွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မည်ဟု ခြိမ်းခြောက်ထား ကြောင်း စုံစမ်း သိရှိရသည်။

ပြီးခဲ့တဲ့ တနင်္လာနေ့ ည ၉ နာရီခွဲ လောက် မိုင်းနောင် ရပ်ကွက် ၄ က လုံးဆွေ (အသက် ၄၀ ) သူ့မိန်းမ နေမကောင်းလို့ ဆေး သွားဝယ်ပေးတာ အောင်မင်္ဂလာဘုန်းကြီးကျောင်းအနောက်ဘက်ရောက်တော့ ကင်းလှည့်နေတဲ့ စကခ (၂) စစ်သားတွေက ကောင်းကောင်းလဲမကြည့်၊ ဘာမှလဲမမေးဘဲ သူ့ကို သျှမ်းသူပုန်ဆိုပြီး ၄-၅ ချက် ပစ်ထဲ့လိုက်တာ အဲဒီမှာတင် ပွဲချင်းပြီး သေတာ ဘဲ”- ဟု မိုင်းနောင်ဒေသခံတဦးကပြောသည်။

သေနတ်သံကြားရပြီးနောက် လုံးဆွေ ငြီးငြူသံ လဲကျသံများ ကြားခဲ့ရကြောင်း အနီးတ၀ိုက်နေ ဒေသခံတချို့က ပြော သည်။ သို့သော် ထွက်မကြည့်ရဲကြသဖြင့် မနက်မိုးလင်းထကြည့်သောအခါ လူကိုမတွေ့ရတော့ဘဲ သွေးအိုင်ကြီးသာ တွေ့ရကြောင်း ၄င်း က ဆက်ပြောပြ သည်။

“သွေးစက်အတိုင်း လိုက်ကြည့်တော့ လုံးဆွေအလောင်းကို မြို့အရှေ့မြောက်ဖက်ကိုက် ၁၀၀ လောက်ဝေးတဲ့ တဲ ထဲမှာ သစ်ရွက် တွေနဲ့ဖုံးထားတာတွေ့ရတယ်။ လုံးဆွေရဲ့ခါးမှာ သေနတ်ဒဏ်ရာ ၅ ချက်၊ ညာဘက်ရင်အုံမှာ ၂ ချက်နဲ့ ညာချိုင်းမှာ ၁ ချက် တွေ့ရ တယ် ” ဟု ဆိုသည်။

လုံးဆွေအား ပစ်ခတ်ခဲ့သော စစ်သားမှာ မိုင်းနောင် ခလရ ၂၈၆ မှ ကင်းလှည့် တပ်သားမောင်စိန်ဝင်းနှင့် တပ်ကြပ်ကြီးငွေမောင် တို့ဖြစ်ပြီး ‘လုံးဆွေကို အနောက်ဘက်ကနေကြည့်တာ သူပုန်ထင်လို့ပစ်လိုက်တယ်’ ဟု ၎င်းတို့နှစ်ယောက်ကပြန်လည် ပြော ပြကြောင်း ရွာ သူကြီးနှင့် အမျိုးတော်စပ်သူတဦးကပြောပြသည်။

ပစ်သတ်ခံရသူ လုံးဆွေတွင် ဇနီးနန်းဆွဲ့နှင့် သမီး ၃ ယောက်၊ သား ၃ ယောက်ကျန်ခဲ့ကြောင်း သိရသည်။ လုံးဆွေအား ထိုနေ့၌ပင်သဂြိင်္ုလ်ခဲ့ရာ စကခ(၂)မှူး ဗိုလ်ချုပ်တင့်လွင်၊ ဂျီဝမ်း ဒု-ဗိုလ်မှူးကြီးဝေလင်းအောင်တို့က မိုင်းနောင် ရဲစခန်း မှူး မြင့်ဟန်နှင့် ရပ်ကွက် (၄) ဥက္ကဌ ဦးကျော်လွင်တို့နှစ်ယောက်အား ဆင့်ခေါ်ပြီး အမှုမဖွင့်ရန် အမိန့်ထုတ်တားမြစ်ထားကြောင်း။ မလိုက်နာပါက လက်နက်ကြီးဖြင့် မြို့တွင်းပစ်ခတ်မည်ဟု လည်းခြိမ်းခြောက် ပြောဆိုကြောင်း ရဲစခန်းမှူး နှင့် နီးစပ်သူတဦးက ပြောပြသည်။

ပြည်သူ့စစ်လုပ်ဟန်လက်မခံသည့် သျှမ်းပြည်တပ်မတော် တပ်မဟာ (၁) နှင့်နအဖစစ်အစိုးရတို့ ပြီးခဲ့တဲ့လက ပစ်ခတ်မှုဖြစ်ပွား ခဲ့ပြီး နောက်ပိုင်း နအဖစစ်သားများ ညအချိန် ကင်းလှည့်လှုပ်ရှားမှု ပိုမိုများပြားလာကြောင်း ဒေသခံများက ပြောသည်။

ငြိမ်းအဖွဲ့များ ဖရိုဖရဲဖြစ်ပြီး မှောင်ခိုသမားများ နိုင်ငံရေး သမားများ ဖြစ်လာသောကြောင့်

တာကလူး

မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးတွင် အဓိက အရေးပါသည့် သစ်မှောင်ခို တင်ပို့မူမှာ ယခုလပိုင်း အတွင်း သိသိသာသာ ကျဆင်းနေသည်ဟု နှစ်နိုင်ငံ နယ်စပ် ကုန်သည်များက ပြောသည်။

မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်သို့ ယခင်က တစ်လလျှင် ပျမ်းမျှ သစ်တန်ချိန် ၁၃၀၀၀ ခန့် ပုံမှန် တင်သွင်းနေခဲ့ရာမှ ယခုနှစ် စက်တင်ဘာ လဆန်းပိုင်းမှစ၍ တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီး၊ ယခုလအတွင်း သစ်တန်ချိန် (၃၀၀၀) ခန့်သာ တင်သွင်းခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သစ်ပွဲစား မိုဟာမက် ဟာချမ်က တက္ကနာဖ်ဆိပ်ကမ်းရှိ အကောက်ခွန်စာရင်း ဇယားများကို ကိုးကားပြီး နိရဉ္စရာကို ပြောသည်။

“ဒီဆိပ်ကမ်း အကောက်ခွန်စာရင်းတွေ အရတော့ အရင်က မြန်မာဘက်က သစ်တွေက တစ်လမှာ ပျမ်းမျှ တန်ချိန် ၁၃၀၀၀ လောက်ကို ပုံမှန်ဝင်ခဲ့တာကို တွေ့ရပါတယ်။ ဒီစက်တင်ဘာ လဆန်းပိုင်း ကနေ တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီးတော့ ဒီလ နိုဝင်ဘာ အတွင်းမှာတော့ စုစုပေါင်း တန်ချိန် ၃၀၀၀ ခန့်သာ ၀င်လာခဲ့တာကို တွေ့ရပါတယ်” ဟု ဟာချမ်က ပြောသည်။

ယခုကဲ့သို့ မြန်မာဘက်မှ ဘင်္ဂလာဒေ့ရှ်သို့ သစ်မှောင်ခိုတင်ပို့မှု ထိုးဆင်းသွားခြင်းမှာ ရွေးကောက်ပွဲ ကာလအတွင်း သစ်မှောင်ခို အဓိက လုပ်နေကြသည့် အပစ်ရပ်အဖွဲ့ တချို့ ဖရိုဖရဲ ဖြစ်သွားခဲ့ပြီး၊ သစ်မှောင်ခို သမားကြီးများလည်း ကြံ့ဖွံ့ ပါတီ၏ နိုင်ငံရေးသမားကြီးများ ဖြစ်လာသည့် အတွက်ကြောင့် ဖြစ်သည်ဟု မြန်မာနယ်စပ်ကုန်သည်တစ်ဦးက ယခုကဲ့သို့ပြောသည်။

“တနင်္သာရီ၊ ဧရာဝတီ ဘက်က သစ်တွေကိုဆို အပစ်ရပ်အဖွဲ့ဖြစ်တဲ့ ဒီကေဘီအေက ဘင်္ဂလာကို တင်ပို့ခဲ့သလို ၊ ရခိုင်က သစ်တွေကိုဆိုရင် တောင်ကုတ်က ဦးကျောက်တောင်၊ သံတွဲက ဦးအောင်နိုင်ဦး စတဲ့ စီးပွါးရေးသမားကြီးတွေက ဘင်္ဂလားဒေ့ရှ်ကို အလုံးအရင်းနဲ့ မှောင်ခို တင်ပို့ နေခဲ့ကြတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကာလအတွင်းမှာ ဒီကေဘီအေလည်း စစ်အစိုးရနဲ့ တိုက်ပွဲတွေဖြစ် ပြဿနာ တက်ပြီးတော့ ဦးကျောက်တောင်၊ ဦးအောင်နိုင်ဦးတို့လို ရခိုင်က သစ်မှောင်ခို သမားကြီး တွေလည်း ကြံ့ဖွံ့ပါတီမှာ မြို့နယ် နာယကကြီးတွေ ဖြစ်သွားပြီး ရွေးကောက်ပွဲမှာ အနိုင်ရရေး အတွက် နိုင်ငံရေးကိစ္စတွေနဲ့ အလုပ်များနေတဲ့ အတွက် ခုလို သစ်မှောင်ခိုတင်ပို့မှုတွေ ကျဆင်း သွားတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ အဓိက အ၀ယ်လိုက်နေသည့် မြန်မာ သစ်များမှာ ကျွန်း၊ စံကား နှင့် ကညင် သစ်များ ဖြစ်ကြသည်။ လက်ရှိ ဘင်္ဂလားဒေ့ရှ် နယ်စပ် သစ်ဈေးကွက်၌ ကျွန်းသစ် တစ်တန်လျှင် တာကာ ၂၀၀၀၀၀ ( ကျပ် ၂၅ သိန်း) ၊ စံကား တစ်တန်လျှင် တာကာ ၁၂၅၀၀၀ နှင့် ကညင်တစ်တန်လျှင် တာကာ ၆၅၀၀၀ အသီးသီး ဈေးပေါက်နေကြောင်း သိရှိရသည်။

လက်ရှိ ဘင်္ဂဘားဒေ့ရှ်-မြန်မာ ငွေလှဲလှယ်နှုန်းမှာ ၁ တာကာ လျှင် ၁၂.၃၀ ကျပ်ဖြစ်သည်။

နယ်စပ်ကုန်သည်များ၏ အဆိုအရ ဘင်္ဂလာဒေ့ရှ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးတွင် မှောင်ခို လုပ်ငန်းများက အများစု နေရာယူထားပြီး၊ မြန်မာဘက်မှ သစ်နှင့် ကျွဲနွား မှောင်ခိုတင်ပို့မှုမှာ အမြတ်အစွန်း အကောင်းဆုံး ဖြစ်ကြောင်းသိရှိရသည်။

စစ်ရေးပဋိပက္ခကြောင့် နယ်စပ်ဒေသရှိ စာသင်ကျောင်းတချို့ ပိတ်ထားရ

စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် မြ၀တီခရိုင် ဝေါ်လေဒေသတွင် နအဖနှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့တို့ကြား စစ်ရေးပဋိပက္ခ အခြေအနေ ပိုမို ဆိုးရွားလာသောကြောင့် ယခုရက်ပိုင်းအတွင်း ထိုဒေသရှိ စာသင်ကျောင်းတချို့ကို ပိတ်ပစ်လိုက်ရသည်ဟု သိရသည်။

နအဖစစ်တပ်များသည် ယခုအပတ်အတွင်း ဝေါ်လေဒေသဘက်သို့ တဖြည်းဖြည်းချင်း အင်အားတိုးချဲ့လာသည့်အပြင် နယ် မြေခံ ကရင်တပ်ဖွဲ့များနှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားသောကြောင့် ယခုလို စာသင်ကျောင်းများ ပိတ်ပစ်ရခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ ကျောင်းဆရာတစ်ဦးက ပြောသည်။

သူက “ဗမာစစ်တပ်က ပြောတယ်။ ပွါကညော(ကရင်တပ်ဖွဲ့)ဘက်ကလည်း ပြောတယ်။ ရွာထဲမှာ တိုက်ပွဲအချိန်မရွေး ဖြစ်ပွား နိုင်တယ်လို့ ပြောတယ်။ အဲဒါကြောင့် အချိန်မီ ကျောင်းပိတ်လိုက်ရတယ်။ တိုက်ပွဲ တကယ်ဖြစ်မယ်ဆိုရင် ကလေးတွေအတွက် လည်း စိုးရိမ်ရတယ်။ ကျနော်တို့လည်း ဘာမှ တတ်နိုင်မှာမဟုတ်ဘူး။”ဟု ပြောသည်။

ယခုလို စာသင်ကျောင်းများ အကန့်အသတ်မရှိ ပိတ်ထားရသောကြောင့် ကျောင်းသူကျောင်းသားများသည် ကျောင်းမပြန်ဖွင့် မှာကို အလွန်စိုးရိမ်ကြသလို ကျောင်းပြန်ဖွင့်သည့်အချိန်တွင် ကျောင်းသူကျောင်းသားများ စာသင်ကြားလိုစိတ် နည်းပါးလာ မည်ကို စိုးရိမ်မိကြောင်း အဆိုပါ ကျောင်းဆရာက ဆက်ပြောသည်။

ထိုသို့ ပိတ်ပစ်လိုက်ရသော စာသင်ကျောင်းများမှာ ဖလူး၊ မောကဲ၊ မယ်ဝါးခီး၊ ရသေ့ဂူ၊ လယ်ဟော် စသည့်ကျေးရွာများမှ ဖြစ် ကြပြီး ဝေါ်လေ၊ မော်ကဲထာ့၊ သေ့ဘောဘိုး၊ မောခီး၊ မော်ဖိုးကလိုး၊ ကလော်ဝေါ် စသည့်ကျေးရွာများမှ စာသင်ကျောင်းများမှာ လက်ရှိအချိန်တွင် စစ်ရေးအခြေအနေကိုကြည့်ကာ စာသင်ကြားနေရသည်ဟု သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းက ဝေါ်လေဒေသတွင် နအဖနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA)တို့အကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်ကာလတွင် စာသင်ကျောင်းများအားလုံး ခေတ္တပိတ်ထားခဲ့ရာမှ တစ် ပတ်အကြာတွင် တချို့စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။

ဝေါ်လေဒေသတွင် ပုံမှန်လှုပ်ရှားနေသော ကေအဲန်အယ်လ်အေ တပ်ရင်း(၂၀၁)မှ ဒုရင်းမှူး ဗိုလ်မှူးစောကြည်အောင်က “အခု ရှုတ်ရှုတ်ယှက်ယှက်အချိန်မှာ လုံခြုံရေးမကောင်းတဲ့အတွက် ကျောင်းတွေကတော့ ပိတ်ထားလိုက်ရတာပေါ့။ အဝေးကလာတဲ့ ကျောင်းဆရာ/ဆရာမတချို့လည်း သူတို့ရပ်ရွာကို ပြန်ကြတာလည်းရှိတယ်”ဟု ပြောသည်။

သေ့ဘောဘိုးရွာ ကျောင်းသားမိဘတစ်ဦးက “အဒေါ်တို့ကတော့ ကြောက်လည်းကြောက်တယ်။ ကလေးတွေအတွက်လည်း စိုးရိမ်ရတယ်။ ကျောင်းပြန်ဖွင့်ရင်လည်း ကလေးတွေကို နေ့တိုင်း ကျောင်းပေးမသွားရဲဘူး။ တခုခုဖြစ်ရင် ဘာမှလုပ်ပေးလို့ရ မှာ မဟုတ်ဘူး။”ဟု ပြောသည်။

ဝေါ်လေဒေသရှိ စာသင်ကျောင်း ၂၀တွင် ကျောင်းသူကျောင်းသားဦးရေ ၃၀၀၀ကျော်ရှိပြီး အဆိုပါကျောင်းများမှာ အစိုးရမ ဟုတ်သည့် အဖွဲ့အစည်းများ အကူအညီဖြင့် ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ဗီဂျေး နမ်ဘီယား တွေ့ဆုံ


ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေး နမ်ဘီယားကို ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းရှိ နေအိမ်တွင် စနေနေ့ နိုဝင်ဘာ ၂၇ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်က တွေ့သည်။ စစ်အစိုးရ ခေါင်းဆောင်များကော အတိုက်အခံ ခေါင်းဆောင်နှင့်ပါ တွေ့ရန် ကုလ အထူးအကြံပေး ပုဂ္ဂိုလ်ဟာ နှစ်ရက်ကြာ ခရီးစဉ်ကို ယနေ့ စတင်ခြင်း ဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားများ လွှတ်မြောက်ရေး အတွက် ကျောက်ဖြူတွင် တကိုယ်တော်

ထွန်းထွန်း

နိုင်ငံရေး အကျဉ်းသားများ လွှတ်မြောက်ရေး အတွက် မော်တော် ဆိုင်ကယ် စီးပြီး တကိုယ်တော် ဆန္ဒပြသူ ကျောက်ဖြူမြို့မှ ကိုထွန်းနုအား ရဲအရာရှိများက ပြင်းပြင်းထန်ထန်ရိုက်နှက် စစ်ဆေးမေးမြန်းခဲ့ကြောင်း သတင်းရရှိသည်။

သူ၏ ဆွေမျိုး တစ်ဦးက “ ကိုထွန်းနုကို နေ့လည် ၁ နာရီမှာ ကျောက်ဖြူရဲစခန်းက ဒုရဲအုပ် ဦးလှအောင်က ဖမ်းဆီးပြီး ရဲစခန်းမှာ ၀ါးရင်းတုတ်နဲ့ ပြင်းပြင်းထန်ထန် ရိုက်နှက် စစ်ဆေးမေးမြန်းခဲ့ပါတယ်။ သူ့ကို ဘယ်သူက လုပ်ခိုင်းသလဲဆိုပီး စစ်ဆေးမေးမြန်းခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ကိုထွန်းနုသည် နိုဝင်္ဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ဆိုင်ကယ်တစီးပေါ်တွင် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးပါဟု စာများကပ်ပြီး မြို့ကို ပတ်ကာ ဆန္ဒပြခဲ့သည်။


“ အဲဒီနေ့က ၀န်ကြီးချုပ် သိန်းစိန်လည်း ကျောက်ဖြူကို လာတဲ့နေ့ ဖြစ်ပါတယ်။ အချိန်ကိုက်ပြီးတော့ ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

ကိုထွန်းနုအား ဖမ်းဆီးထာကြောင်းကို သူ၏မိဘများထံ ကျောက်ဖြူရဲစခန်းမှ အဆိုပါနေ့  ညနေ ၆နာရီခန့်တွင် လာရောက် အကြောင်းကြားခဲ့သည်ဟု မိသားစု အဖွဲ့ဝင် တစ်ဦးကလည်း ပြောကြားသည်။

“ သူတို့က ကိုထွန်းနုကို ဖမ်းပြီးတဲ့ နောက်ပိုင်းမှာ သူမိဘတွေကို ရဲက ခေါ်ယူစစ်ဆေးပါတယ်။ သူ့ရဲ့ ဖခင် ဦးကျန်လူမောင်ကို အဓိက စစ်ဆေး မေးမြန်းပါတယ်။ အိမ်ကိုလည်း ၀င်ရောက် စစ်ဆေးမူတွေ ပြုလုပ်ပါတယ်။ ပီးရင် တရားရုံးမှာ အမူဖွင့်ထားတယ်ဆိုပီးလည်း ပြောပါတယ်။”

ဦးထွန်းနူ၏ မိဘများမှ တရားရုံးသို့ သွားရောက်ကာ ဦးထွန်းနူမှာ စိတ်ဝေဒနာကို ခံစားနေသောသူ ဖြစ်ကြောင်း လက်မှတ် ရေးထိုးပြီးမှ တရားရုံးမှ ခံဝန်ချက် လက်မှတ်နှင့် လက်ဗွေရိုက်ယူကာ နိုဝင်္ဘာလ ၂၆ ရက်နေ့ ညနေ ၈ နာရီ ၃၀ မိနစ်တွင် ပြန်လည်လွတ်ပေးလိုက်သည်။

ဦးထွန်းနု မိသားစုအား စိတ်ဝေဒနာ ခံစားနေသူ တစ်ဦးဖြစ်ကြောင်း ခံဝန်ချက် လက်မှတ်ရေးထိုးမှ လွတ်ပေးမည်ဟု တရားသူကြီးမှ အကျပ်ကိုင်ခဲ့သဖြင့် မိသားစုက ယခုကဲ့သို့ ခံဝန်ချက် လက်မှတ်ရေးထိုးခဲ့ရခြင်း ဖြစ်ကြောင်း သူက ပြောသည်။

ဦးထွန်းနုမှာ အသက် ၃၂ နှစ် ရှိပြီး ကျောက်ဖြူမြို့ စေတီယျ ကျေးရွာမှ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကြိုဆိုပွဲ ဒုက္ခသည်စခန်းတွင် ကျင်းပ

ရိုးမ ၃

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် လွတ်မြောက်လာမှုကို ကြိုဆိုသည့် အထိမ်းအမှတ်အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် အုန်းပြန့်ဒုက္ခသည်စခန်းတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားကို ကရင်အမျိုးသမီးအစည်းအရုံး(KWO)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) (NLD-LA) နှင့် အုန်းပြန့်ဒုက္ခသည်စခန်းကော်မတို့က ဦးစီးပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့ ဒုက္ခသည်စခန်းက လူတွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ တသားတည်းရှိတယ်၊ အဲဒီလို လွတ်မြောက်လာတဲ့အတွက် ဝမ်းသာတယ်၊ ပြီးတော့ ကျနော်တို့စခန်းက လူတွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပင်လုံအပေါ် စိတ်ဝင်စားကြတယ်ဆိုတာကို ပြသတဲ့အနေနဲ့ လုပ်တာပါ” ဟု အုန်းပြန့်ဒုက္ခသည်စခန်းမှ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြောသည်။


အခမ်းအနားသို့ တက်ရောက်လာကြသည့် ခေါင်းဆောင်များက အကြောင်းကြောင်းကြောင့် မြန်မာပြည်မှ ထွက်ခွာခဲ့ရကြသော်လည်း အခွင့်ရပါက အမိမြန်မာပြည်သို့ ပြည်သွားကြမည်ဖြစ်ကြောင်းကို အဓိကထား ပြောကြားခဲ့သည်။

ဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းက “ကျမ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့စဉ်က သူပြောခဲ့တာ ရှိတယ်၊ အဲဒါက မြန်မာပြည်အရေးကို လုပ်ချင်တယ်ဆိုရင် မြန်မာပြည်ထဲမှာနေမှ ရာနှုန်းပြည့် လုပ်နိုင်မှာဖြစ်တယ်လို့ ပြောခဲ့ဖူးတယ်” ဟု ပြောသည်။

အခမ်းအနားသို့ တက်ရောက်လာသူတဦးကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခြင်းနှင့် ပင်လုံရပ်တည်ချက်အပေါ် ဝမ်းသာဂုဏ်ယူမိကြောင်း ပြောသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည့် အထိမ်းအမှတ်အဖြစ် ထိုင်း-မြန်မာနယ်စပ် မယ်တော်ဆေးခန်းတွင်လည်း ယနေ့နံနက်ပိုင်းက စုပေါင်းသွေးလှူဒါန်းခြင်း ပြုလုပ်ခဲ့သည်။

အမှန်တရားကို ဖိနှိပ်ရန်ကြံသည့် ဆိုက်ဘာ မှုခင်း

ဧရာဝတီ

ဧရာဝတီ ဝက်ဘ်ဆိုက် အပါအဝင် တခြား လွတ်လပ်ပြီး အရေးပါသော မီဒီယာများ ဖြစ်သည့် ဒီမိုကရက်တစ် မြန်မာ့ အသံ (DVB) နှင့် မဇ္ဈိမ သတင်းဌာန ဝက်ဘ်ဆိုက်တို့ ပြင်းထန်သော Distributed Denial of Service (DDoS) ဖြင့် တိုက်ခိုက်ခံရ မှုကြောင့် စက်တင်ဘာ လကုန်ပိုင်းတွင် ပိတ်သွားခဲ့ပါသည်။

ဘက်မလိုက်သည့် သတင်းအချက်များ ဝေမျှနေပြီး သတင်းလွတ်လပ်ခွင့် တိုးတက်ရေး လုပ်ဆောင်နေသော အွန်လိုင်း အဖွဲ့ အစည်းများကို ပစ်မှတ်ထား၍ DDoS ဖြင့် တိုက်ခိုက်ခြင်းသည် နည်းပညာအရ ခေတ်မီလှသော်လည်း အမှန်တရားနှင့် လွတ်လပ်သော အသံများကို နှုတ်ဆိတ်သွားစေရန် ရည်ရွယ်သော အလွန် သေးသိမ်သည့် နိုင်ငံရေး တိုက်ခိုက်မှုသာ ဖြစ်ပါသည်။

ဆိုက်ဘာ တိုက်ခိုက်မှုသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ၃ နှစ်မြောက် နှစ်ပတ်လည်နေ့နှင့်လည်း တိုက်ဆိုင်နေပါသည်။ ၂၀၀၈ စက်တင်ဘာလ ပထမ နှစ်ပတ်လည်တွင်လည်း အလားတူ တိုက်ခိုက်မှုမျိုး ပေါ်ပေါက်ဖူးသည်။ သတင်း ဝက်ဘ်ဆိုက် များ ရက်အတန်ကြာ အလုပ်မလုပ်နိုင်ဘဲ ရှိခဲ့သည်။

ယခုတကြိမ် DDoS ဖြင့် တိုက်ခိုက်ခံရမှုသည် 4 Gb အထိရှိပြီး ၂၀၀၈ တွင် တိုက်ခိုက်ခံရသည်ထက် ၃ ဆ များနေကြောင်း ဧရာဝတီဝက်ဘ်ဆိုက်၏ Host တည်ရာ အမေရိကန်ရှိ ကုမ္ပဏီမှ အကြောင်းကြားပါသည်။

ဧရာဝတီနှင့် မဇ္ဈိမ ဝက်ဘ်ဆိုက်များကို ပိတ်ကျသွားစေသော ဆိုက်ဘာတိုက်ခိုက်မှု လိပ်စာအများစုသည် တရုတ်နိုင်ငံ အင်တာနက် ဆာဗာများမှ တဆင့်လာကြောင်း တွေ့ရသည်။ တစက္ကန့်လျှင် ၁၂၀ မီဂါဘိုက်နှုန်းဖြင့် DVB ကို တိုက်ခိုက်သည့် အင်တာနက် လိပ်စာများကမူ ရုရှ၊ ဂျော်ဂျီယာ၊ အစ္စရေး၊ ကာဇက်စတန်၊ ယူကရိန်းနှင့် ဗီယက်နမ်တို့မှ ဖြစ်သည်။

“အင်အားလျော့ကျသွားစေတဲ့ ဒီတိုက်ခိုက်မှုတွေဟာ ဘယ်က လာသလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမယ့် မြန်မာစစ်အစိုးရရဲ့ အင်တာနက်ကို ဆင်ဆာကန့်သတ်ဖို့နဲ့ အရေးကြီးတဲ့ နိုင်ငံတကာသတင်းတွေကို ပိတ်ပစ်ဖို့ ကြိုးစားခဲ့တာတွေနဲ့ ဆက်စပ်နေပါတယ်” ဟု နယူးယောက်မြို့ အခြေစိုက် စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) မှ အကြီးတန်း အရှေ့တောင်အာရှ ကိုယ်စားလှယ် ရှောင် ခရစ္စပင် က ပြောသည်။

ရှောင် ခရစ္စပင် က“မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေကို သတင်းရေးသား တင်ပြနေတာတွေ အသံတိတ်သွားအောင် တိုက်ခိုက်တာကို ကျွန်ုပ်တို့ ပြစ်တင် ရှုတ်ချပါတယ်” ဟု ဆက်လက်ပြောသည်။

ဆိုက်ဘာတိုက်ခိုက်သူများသည် နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်မီ ပြည်ပအခြေစိုက် မြန်မာ မီဒီယာများ၏ နည်းပညာ အစွမ်းအစကို အားစမ်းကြည့်ခြင်းဟု ဧရာဝတီက ယုံကြည်သည်။ ထို့အပြင် ရွေးကောက်ပွဲကာလတွင် အချိန်ကိုက်၍ နောက်ထပ် ဆိုက်ဘာ တိုက်ခိုက်မှုများကို စနစ်တကျ လုပ်ဆောင်လိမ့်ဦးမည်ဟုလည်း သံသယ ရှိပါသည်။

နိုင်ငံတကာမှ လွပ်လပ်သည့် လေ့လာစောင့်ကြည့်သူများ မပါဘဲ ကျင်းပမည့် စစ်အစိုးရ၏ ရွေးကောက်ပွဲကို မြန်မာ အင်တာနက် အသိုင်းအဝိုင်းက စောင့်ကြည့်ရန် အစီအစဉ်များ ရှိကြသည်။ ရွေးကောက်ပွဲမတိုင်ခင်နှင့် ကျင်းပဆဲ ကာလတွင် မြန်မာပြည်သို့ အလည်အပတ် သွားရောက်လိုသော နိုင်ငံခြားသား ခရီးသွားများကိုလည်း ဗီဇာမရနိုင်ရန် စစ်အစိုးရက ကန့်သတ်ထားပြီး ဖြစ်သည်။

သို့သော်လည်း ဆဲလ်ဖုန်း၊ ဒစ်ဂျစ်တယ် ကင်မရာနှင့် အင်တာနက်ကို အသုံးပြုနေသော ဇွဲကောင်းသည့် မြန်မာလူငယ်များ သည် အမှန်တရားကို ဖော်ထုတ်ရေးအတွက် အချင်းချင်းသော်လည်းကောင်း၊ ပြင်ပကမ္ဘာနှင့် သော်လည်းကောင်း ဆက်သွယ်ရန် စိတ်အားထက်သန်နေသည်သာ ဖြစ်သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ တော်လှန်ရေးတွင် ရက်စက်သော နှိပ်ကွပ်မှုများကို ကမ္ဘာက သိသွားပြီးနောက် အင်တာနက်ကို စစ်အစိုးရက ဖြတ်တောက်ပစ်ခဲ့ပြီး နောက်တကြိမ် ဤသို့ ထပ်မဖြစ်စေရန် စစ်အစိုးရက လုပ်ဆောင်မည့် သဘောရှိသည်။

DDoS တိုက်ခိုက်မှုသည် အမှန်တရားကို ဖိနှိပ်ရေးအတွက် လက်နက်သစ်သဖွယ် ဖြစ်လာသည်။ ထို့အပြင် မြန်မာပြည်တွင် ဖြစ်နေသော အမှန်တရားများကို ဖော်ထုတ်တင်ပြရန် ကြိုးပမ်းသည့် မီဒီယာများကို ရန်သူသဖွယ် သဘောထားလာသည့် စစ်အစိုးရ၏ သွေးဆာသော နောက်ထပ် ပြယုဂ်တခုလည်း ဖြစ်ပေသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Nov,29th,2010

( 36 )Border flare-up sparks refugee turmoil

( 35 )မကြာသေးမီက ရခိုင်ပြည်နယ် ဂီရိဒုက္ခသင့် ဒေသများသို့ ကိုယ်တိုင်သွားရောက်ပြီး အကူညီပေးခဲ့သူ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးအေးသာအောင်နှင့် မေးမြန်းချက်

( 34 )UN envoy Nambiar asks Myanmar junta to address global concerns

( 33 )မြန်မာ နိုင်ငံသား ၃ ဦး ယာဘဆေးပြားများနှင့် ဘင်္ဂလာတွင် ဖမ်းဆီးခံရ

( 32 )Myanmar forges new trade highway

( 31 )မန္တလေးတွင် ညအိပ်တန်းစီပြီး ဓါတ်ဆီ ထည့်နေရ

( 30 )Suu Kyi hopes for UN dialogue

( 29 )တွံတေး အဖွဲ့ချုပ်ဝင် မစန္ဒာ ပူတာအို ထောင်ရောက်

( 28 )Security tightened in Kachin capital

( 27 )ဝန်ကြီးချုပ်ရောက်နေခိုက် ကျောက်ဖြူတကိုယ်တော် ဆန္ဒပြသမားကို ပြန်လွှတ်ပေး

( 26 )UN urges Myanmar authorities to build on recent developments

( 25 )လူထုဒေါ်အမာ ၉၅ နှစ်ပြည့် ဆွမ်းကျွေး

( 24 )Border guard plan could fuel ethnic conflict

( 23 )HIV/AIDS ဝေဒနာရှင်များကို စာပေ အနုပညာရှင်များ တွေ့ဆုံ လှူဒါန်း

( 22 )Burma: Leaked Ex-PM Footage Sparks Rumour

( 21 )ကုလ ကိုယ်စားလှယ်၏ သတင်းစာရှင်းလင်းပွဲ ပြည်တွင်းမီဒီယာများ တက်ခွင့်မရ

( 20 )Lily Cole highlights plight of Burmese refugees

( 19 )စာသင်ကျောင်းအတွင်း ဝင်ရောက်လိုသူများ မှတ်ပုံတင် ပြသနိုင်မှ ဝင်ခွင့်ရ

( 18 )Two Burmese Drug Traffickers Arrested with 20,000 Yaba in Bangladesh

( 17 )ဖလူးတွင် နအဖနှင့် ဒီကေဘီအေ ၂ ရက်ဆက်တိုက် တိုက်ပွဲ ဖြစ်နေဆဲ

( 16 )Suu Kyi seeks to review sanctions

( 15 )ဖာပွန်ခရိုင်တွင် ရွှေတူးလုပ်ငန်း တိုးချဲ့လုပ်ဆောင်ရန် KNU လက်မခံ

( 14 )UN urges Yangon to address poll doubts

( 13 )မြေပုံ ၀ဘော်ကြီးနှင့် နမောင်းကျ ကျေးရွာများတွင် သောက်သုံးရေများ အထူး လိုအပ်နေ

( 12 )UN chief of staff calls on Myanmar to free all political prisoners

( 11 )ရခိုင် လယ်မြေများကို ဘင်္ဂလီ အခြေချသူများက အတင်း အဓမ္မ သိမ်းဆည်းထား

( 10 )Myanmar restricts speech of new parliament members

( 9 )ရန်ကုန် အနုပညာရှင်များ ၃၇၆ မိသားစုဂေဟာ လာရောက် အားပေး

( 8 )More than 1,000 Burmese villagers escape into Thailand

( 7 )Ancient town found in Myanmar

( 6 )ရွေးကောက်ပွဲလွန်ကာလ တွေ့ဆုံဆွေးနွေးရေး ကုလ အကြံပေး တိုက်တွန်း

( 5 )UN envoy meets suu kyi, junta meeting unlikely

( 4 )လွှတ်တော်တွင်း ပြောဆိုခွင့် ကန့်သတ်အမိန့် ၂၀၀၈ ဖွဲ့စည်းပုံ မလေးစားဟု ဥပဒေပညာရှင် ဝေဖန်

( 3 )Myanmar restrict China to 199

( 2 )ဒေါ်စုနဲ့ ကုလအတွင်းရေးမှူးချုပ် ကိုယ်စားလှယ် တွေ့ဆုံ

( 1 )UN on Burma 'sham' vote

Sunday, November 28, 2010

လောဘသားတို့၏ မပြီးပြတ်နိုင်သော ပြဿနာများ

သူရိန်

“နေ့သွင်းက တစ်နေ့ ဘတ်သုံးဆယ် နေ့ပြန်တိုးက တနေ့ သုံးဆယ် နေ့တိုင်း ပေးနေရတယ်။ ချေးထားတဲ့ငွေ အရင်းအနှီးက နှစ်ထောင်လောက်နဲ့ လုပ်စားရတာ မလွယ်ဘူး။ ဈေးရောင်းကောင်းတဲ့နေ့ဆိုရင် နေ့သွင်းနဲ့ နေ့ပြန်တိုးအတွက် မခက်ပေမယ့် ဈေးရောင်းမကောင်းတဲ့နေ့တွေဆိုရင် နေ့သွင်းနဲ့ နေ့ပြန်တိုးကို ငွေရင်းထဲက စိုက်ထုတ်ပေးလိုက်ရတယ်။ အရင်းအနှီးနည်းလာတော့ ထပ်ဆွဲလိုက် ပြန်ဆပ်လိုက်နဲ့ လုပ်လို့ရ သမျှ ငွေအတိုးထဲမှာပဲ လည်နေတော့တယ်” ဟု ဘုရားသုံးဆူမြို့မဈေးထဲမှ ကုန်စိမ်းရောင်းသူ အသက် (၄၀) ကျော် အမျိုးသမီးတစ်ဦး၏ ညဉ်းငြူသံပင် ဖြစ်သည်။

မှန်ပါပေသည်။ ဘုရားသုံးဆူမြို့တွင် လက်လုပ်လက်စားများ ခေါင်းရွက်ဗျတ်ထိုး အရင်းအနှီးမဲ့သူများ စက်ရုံအလုပ်ရုံများတွင် လုပ်ကိုင်နေကြသည့် နေ့စားလရှင်းအလုပ်သမားများက ငွေရှင်များထံမှ ငွေများကို လတိုးဖြင့်သော်၎င်း၊ နေ့သွင်းဖြင့်သော်၎င်း၊ နေ့ပြန်တိုးဖြင့်သော်၎င်း ချေးငှားနေကြရသည်။ ပြန်ပေးသွင်းရသည့် ငွေအရင်းအနှီးနှင့် ငွေတိုးပမာဏ မမျှတမှန်းသိသော်လည်း နောင်ခါလာနောင်ဈေးဟု သဘောထားကာ လတ်တလောအခြေအနေတွင် စားဝတ်နေရေး ပြေလည်ရန်အတွက် မျက်စိကို စုံမှိတ်၍ လက်ခံနေရသည်များသာ ဖြစ်သည်။

ငွေကြေးပြည့်စုံသူများကလည်း ထိုကဲ့သို့ မတန်တစ်ဆရနေသည့်ငွေတိုးများကြောင့် လက်လုပ်လက်စားသမားများ ဈေးရောင်းသူများ စက်ရုံအလုပ်ရုံလုပ်သူများနှင့် လောင်းကစားသများအထိ အရင်းအနှီးငွေများကို ထုတ်ပေးကာ အတိုးများ ရယူလေ့ရှိကြသည်။ ယခင်ကာလများက ဘုရားသုံးဆူမြို့တွင် တရားဝင်အမိန့်ရအပေါင်ဆိုင်ဟူ၍ နိုင်ဘဇံတစ်ဦးတည်းရှိခဲ့သော်လည်း ယခုနောက်ပိုင်း နိုင်ဘဇံက အပေါင်ဆိုင်ကို အနားယူရုတ်သိမ်းလိုက်သည့်အချိန်မှစ၍ မြို့တွင်းရပ်ကွက်တွင်းရှိ ငွေရှိသူများက ၄င်းတို့နှင့်နီးစပ်သူများကို လိုအပ်သည့် ငွေအရင်းအနှီးများထုတ်ပေးကာ ငွေကိုမတရားစားသည့်စနစ်ကို ကျင့်သုံးလာခဲ့ကြပေသည်။

တစ်ယောက်စ တစ်ရာဆိုသလို ယခုနောက်ပိုင်းတွင် ဘုရားသုံးဆူတစ်မြို့လုံး ငွေတိုးချစားသူမများဖြင့် ပြည့်နှက်၍နေလေပြီ။ ထိုကဲ့သို့တွင် ကျယ်လာသည်နှင့်အမျှ ငွေပေးသူနှင့် ငွေယူသူတို့၏ ငွေကြေးကိစ္စပြဿနာများမှာလည်း မကြာခဏဆိုသလို ဖြစ်ပေါ်နေတတ်ပေသည်သည်။ နိုင်ဘဇံ၏ အပေါင်ဆိုင်ရှိစဉ်က အပေါင်ပစ္စည်း ရွှေ၊ ဆိုင်ကယ်၊ ကား၊ အိမ်ခြံမြေများကို တန်ဖိုးအလိုက် အပေါင်ခံခဲ့ပြီး ငွေတိုးကိုလည်း တစ်ရာလျှင် သုံးဘတ်နှုန်းဖြင့်သာ သတ်မှတ်ထားခဲ့သည့်အပြင် တရားဝင်လုပ်ငန်းဖြစ်ခြင်းကြောင်းလည်း တစ်စုံတစ်ရာပြဿနာများ ပေါ်ပေါက်ခဲ့ခြင်းလည်း မရှိခဲ့ပေ။

ငွေတိုးချေးစားသည့် အပေါင်ဆိုင်လုပ်ငန်းကို နိုင်ဘဇံ အနားယူခဲ့ပြီးသည့်အချိန်မှစ၍ သူ့နည်း သူ့ဟန်ဖြင့် ငွေပေးငွေယူ ငွေတိုးချေးစားသည့်အလုပ်ကို တရားမဝင် လုပ်ကိုင်လာခဲ့ကြရာ တစ်ချို့သောသူများမှာ ယူထားသည့်ငွေအရင်းသာမက ငွေတိုးပါပေးစွမ်းနိုင်ခြင်းမရှိသောကြောင့် ရုံးရောက် ဂါတ်ရောက်ပြဿနာဖြစ်ခြင်း မပေးဆပ်နိုင်သည့်အဆုံး ထွက်ပြေးတိမ်းရှောင်ခြင်း စသည့်အဖြစ်မျိုးကို ဘုရားသုံးဆူမြို့တွင် မြင်နေရ ကြားနေရသည်မှာလည်း သမာရိုးကျတစ်ခုလို ဖြစ်၍နေပေပြီ။

လောဘကြီးသူ လူလိမ်ခံရတတ်သည်ဆိုသောစကား မှန်ကန်သည်ဟု ဆိုရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သည့်နှစ်က ဘုရားသုံးဆူမြို့တွင်နေထိုင်သူ အမည်မဖော်လိုသော ငွေရှင်တစ်ဦးက ထိုကဲ့သို့ နေ့သွင်းနေပြန်တိုး လတိုးစနစ်ဖြင့် ငွေချေးပေးသည့်ကိစ္စကြောင့် ဘတ်ငွေ (၁၀) သိန်း တစ်ဆယ်နီးပါးခန့် အလိမ်ခံခဲ့ရသည်ကိုလည်း တွေ့မြင်ကြားသိခဲ့ရပေသည်။ ငွေတိုးငှားသည့်ကိစ္စများတွင် အပေါင်ခံပစ္စည်းများ သက်သေခံလက်မှတ်များ ပြုလုပ်ထားခြင်းမရှိသည့်အစဉ်အလာကြောင့်လည်း ထိုကဲ့သို့ အလိမ်ခံရသည့်အချိန်တွင် မည်သူထံ မည်သည့်နည်းနှင့် မည်ကဲ့သို့ တိုင်ကြားရမည်ကိုလည်း မဆုံးဖြတ်နိုင်ဘဲ ဆုံးရှုံးခံခဲ့ရကြောင်းကိုလည်း ၄င်းငွေရှင်က ပြောပြခဲ့ဘူးပေသည်။

အလိမ်ခံရသည့်ငွေရှင်က “လူကိုယုံလို့ အပေါင်ခံပစ္စည်းတောင်မပါဘဲ ချေးပေးလိုက်တာပါ။ ငွေတိုးကလည်း နှစ်ဆယ်တောင်ဆိုတော့ လောဘတက်တာလည်း ပါတာပေါ့။ အစတခါ နှစ်ခါလောက်တုန်းကတော့ အပေးအယူမှန်နေတာပဲ၊ နောက်ပြီး အဲဒီလူကလည်း မျက်နှာကြီး အသိုင်းအဝိုင်းကဆိုတော့ မလိမ်လောက်ဘူးလို့ ထင်ထားတယ်လေ။ ချေးပေးတဲ့ ငွေအရင်းအနှီးကလည်း များလာရော တခါထဲ အစရှာမတွေ့တော့ဘူး၊ ကျန်ခဲ့တဲ့ သူ့မိသားစုအသိုင်းအဝိုင်းကို တရားစွဲဘို့ဆိုတာလည်း ခိုင်လုံတဲ့သက်သေ အထောက်အထားမရှိတော့ ဘာမှ လုပ်လို့မရတော့ဘူး နောက်တရတာပဲရှိတယ်” ဟု ပြောပြပါသည်။

လိမ်သည့်သူများကလည်း လိမ်နေကြသည်၊ ပြေးသည့်သူများကလည်း ပြေးနေကြသည်၊ ပြဿနာဖြစ်သူများကလည်း ဖြစ်နေကြသည့်ကာလမှာပင် ဘုရားသုံးဆူမြို့၌ ငွေတိုးချေးစားသည့်လုပ်ငန်းမှာလည်း အရှိန်အဟုန်မြင့်မားလာနေဆဲ တိုးပွားနေဆဲပင်ဖြစ်သည်။ ဘယ်အတွက်ကြောင့် ထိုကဲ့သို့ ဖြစ်နေရပါသနည်း လောဘအတွက်ကြောင့်ပင် ဖြစ်သည်။ ရသည့်ငွေအတိုးကလည်း မက်မောလောက်စရာပင် ငွေပေးငွေသွင်းစနစ်ကလည်း ငွေအရင်းတစ်ထောင်လျှင် တစ်နေ့ဘတ် (၆၀) နှုန်းဖြင့် ရက်ပေါင်းနှစ်ဆယ်ပေးသွင်းရသည်။ လတိုးက ဘတ် တစ်ထောင်လျှင် တစ်လအတိုး ဘတ် ၂၀၀ ပေးသွင်းရသည်။ နေ့ပြန်တိုးက ပို၍ဆိုးသည်။ ငွေအရင်းဘတ် တစ်ထောင်လျှင် ငွေတိုးတစ်နေ့ ဘတ်သုံးဆယ်ကို အရင်းငွေပြန်ဆပ်နိုင်သည့်ကာလထိ နေ့စဉ်ပေးသွင်းရသည်။ ငွေရှင်များမှာလည်း မတန်တစ်ဆရသည့်ငွေတိုးကြောင့် အလိမ်ခံနေရသည့်ကြားမှာပင် အလုအယက်ပေးနေကြခြင်းသည့် ဘုရားသုံးဆူမြို့တွင် ငွေပေး ငွေယူ ငွေတိုး ချေးစားသည့်လုပ်ငန်းကို ပိုမို၍ ကျယ်ပြန့်လာရခြင်း၏အကြောင်းရင်းပင် ဖြစ်သည်။

ငွေအရင်းအနှီးကို မြုပ်နှံ၍ ကုန်သည်ပွဲစားလုပ်ရသည်ထက် ငွေတိုးချေးစားသည့်အလုပ်က ပို၍တွက်ခြေကိုက်ကြောင်း နေပူမိုးရွာထဲတွင် သွားလာပင်ပမ်းစရာမလိုဘဲ သက်သက်သာသာနှင့် ပုံမှန်ဝင်ငွေရနေသည့်အတွက်ကြောင့်လည်း ငွေတိုးချေးစားသည့်အလုပ်ကို စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်နေရကြောင်း အသက် ၅၀ ကျော် ငွေရှင်အမျိုးသမီးကြီးတစ်ဦးက ပြောသည်။

ငွေတိုးချေးစားသည့် တစ်ခြားငွေရှင်အမျိုးသမီးတစ်ဦးကလည်း “ငွေတိုးချတဲ့အလုပ်က အဆင်ပြေတယ်။ ပုံမှန်ငွေတိုးရနေမယ်ဆိုရင် တစ်ခြားဘာလုပ်ငန်းနဲ့မှ နှိုင်းယှစ်လို့မရဘူး ကျမစလုပ်တန်းက ငွေအရင်း ၅၀၀၀ ဘတ်လောက်ပဲ စိုက်ထုတ်ရတယ်။ တစ်နှစ်အတောအတွင်းမှာ ကျမငွေအရင်းအနှီး ဘတ် ခုနှစ်ထောင် ၇၀၀၀ လောက်ဖြစ်လာတယ်။ ပြောရဆိုရတာတော့ နည်းနည်းပါးပါးရှိတာပေါ့။ ဒါတောင် ကျမငွေပြန်မရတာ နှစ်ဦး သုံးဦးလောက်ရှိတယ်။ ပြန်မရလည်း ဘာမှမဖြစ်ဘူး၊ သူတို့ပေးထားတဲ့ ငွေအတိုးက ငွေအရင်းထက်တောင်များနေပြီး၊ ဒါကြောင့် ဒီအလုပ်ထက်ကောင်းတဲ့အလုပ် မရှိဘူးလို့ ကျမထင်တယ်” ဟု ပြောသည်။

ဘုရားသုံးဆူမြို့သင် မြို့ငယ်လေးတစ်မြို့သာဖြစ်သော်လည်း ရပ်ဝေးမှ လာရောက်လုပ်ကိုင်စားသောက်ကြသူ များလာသည့်နှင့်အညီ လူနေမှုလည်း ထူထပ်သိပ်သည်းလာခဲ့သည်။ မြို့နေလူဦးရေ များပြားလာသည့်နှင့်အမျှ ဒေသတွင်းလုပ်ငန်းများ နည်းပါးလာခြင်း အလုပ်အကိုင်ရှားပါးခက်ခဲမှုတို့ကြောင့် လူထုစားဝတ်နေရေး ခက်ခဲလာခြင်း ငွေကြေးရှာဖွေရ ခက်ခဲခြင်းတို့ကြောင့် လတ်တလော မိသားစု စားဝတ်နေရေးကို ဖြေရှင်းနိုင်ရန်အတွက် ငွေတိုးချေးစားသည့်ငွေရှင်များထံမှ ငွေများကို အတိုးများများပေး၍ ချေးငှားသုံးစွဲနေကြရခြင်း ဖြစ်သည်ကိုလည်း စက်ရုံအလုပ်သမတစ်ဦးက ပြောသည်။

၎င်းက “ကျမတို့မိသားစု ဘုရားသုံးဆူကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ပြောင်းလာတယ်။ အိမ်ပိုင်မရှိတော့ တန်းလျှားမှာ ငှားနေရတယ်။ အိမ်လခ၊ မီး ရေခနဲ့ဆို တစ်လကို ဘတ်နှစ်ထောင်နီးပါးလောက်ကုန်တယ်။ အိမ်မှာ အလုပ်လုပ်တဲ့သူက ကျမနဲ့ ညီမလေးပဲ ရှိတယ်။ အဖေအမေက အလုပ်မရှိဘူး။ ကျမတို့ညီအမနှစ်ယောက် လုပ်အားခ တစ်လကို ဘတ် ငါးထောင် (၅၀၀၀) လောက်ရတယ်။ အိမ်သုံးလို့ မလောက်ဘူး အလျှဉ်မမှီဘူး။ မလောက်တော့ ငွေတိုးပေးပြီး ချေးငှားရတယ်။ ယူလိုက် ပြန်ဆပ်လိုက်နဲ့ ကျမတို့ရဲ့လုပ်အားတွေကို ငွေတိုးက စားသွားတာပဲ” ဟု အလုပ်နဲ့လက် မပြတ်အောင် လုပ်နေရသည့်ကြားက ငွေတိုးများများပေး၍ ငွေချေးငှားစားသောက်နေရသော သူမ၏မိသားစုဘဝကို ပြောပြသည်။

ဝင်ငွေနှင့် ထွက်ငွေမမျှသည့် မိသားစုများသာ ငွေရှင်များထံမှ ငွေကို ငွေတိုးများများနှင့် ချေးငှားနေကြရသည်မဟုတ်ပါ။ လောင်းကစားမှုမျိုးစုံ ပေါများလှသည့် ဘုရားသုံးဆူမြို့တွင် လောဘကို မထိန်းသိမ်းနိုင်ကြသည့် လောဘသားလောင်းကစားသမားများမှာလည်း ငွေများကို အတိုးများများပေး၍ ချေးငှားနေကြရပေသည်။ လှေမျေား လှေနှင့်လိုက်၊ ငွေမျော ငွေနှင့်လိုက် ဆိုသည့်အတိုင်း ငွေချေးလိုက် လောင်းကစားလိုက် နိုင်လျှင်ပြန်ဆပ်လိုက် ရှုံးလျှင်ပြန်ချေးလိုက်နှင့် လောဘခြင်းတူသည့် ငွေတိုးချေးစားသူနှင့် ငွေအတိုးပေး၍ ငွေချေးငှားရသည်း လောင်ကစားသမားများ၏ လောဘခြင်း ပြိုင်နေကြသည်မှာလည်း သံဝေဂ ရစရာကောင်းလှပေသည်။

အားလုံးကိုခြုံ၍ သုံးသပ်ကြည့်မည်ဆိုပါက ငွေပေးသူနှင့် ငွေယူသူတို့၏ နေ့စဉ်တွေ့မြင်နေရသော ပြဿနာ၏အကြောင်းရင်းမှာ ဆင်းရဲမွဲတေမှုနှင့် လောဘဇောမသတ်နိုင်မှုပင် ဖြစ်သည်။ ဆင်းရဲမွဲတေမှုကြောင့် စားဝတ်နေရေး ခက်ခဲမှုများရှိလာလျှင် ဖြစ်ချင်ရာဖြစ် ဆုံးဖြတ်တက်သော လူ့သဘာဝကြောင့်လည်း ငွေချေးငှားသုံးစွဲရသူများ ပေါ်လာသလို ၄င်းအခွင့်အရေးပေါ်တွင် အကြောင်းပြ၍ အကျိုးရှာတတ်သော လောဘသမားတို့ကြောင့်လည်း ငွေပေးသူနှင့် ငွေယူသူတို့၏အကြားတွင် ဆုံးဖြတ်၍ မပြီးပြတ်နိုင်သော ပြဿနာများ ပေါ်ပေါက်နေရကြောင်း ရှာဖွေစုစည်းတင်ပြလိုက်ရပေသည်။

ဦးခင်ညွှန့် ဗီဒီယိုဖိုင်အပေါ် အမျိုးမျိုး ဝေဖန်သုံးသပ်

ဧရာဝတီ

နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီးဟောင်းနှင့် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်ကို ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက လာရောက်တွေ့ဆုံပြီး ခေါ်ထုတ်သွားသည့် ဗီဒီယိုကလစ်သည် အင်တာနက်တွင် ပျံ့နှံ့နေပြီး မြန်မာ့အရေး စောင့်ကြည့်လေ့လာသူများ အနေဖြင့် အမျိုးမျိုး သုံးသပ်လျက်ရှိကြောင်း သိရှိရသည်။

ရဲချုပ် ခင်ရီ ဦးဆောင်သည့် ရဲအရာရှိများနှင့် ဦးခင်ညွန့်တို့ တွေ့ဆုံဆွေးနွေးသည့် ဗီဒီယိုဖိုင်သည် ၁၆ မိနစ်ကျော် ရှည်လျားသော်လည်း အသံဖိုင် ပါဝင်ခြင်း မရှိပေ။ အဆိုပါ ဗီဒီယိုဖိုင်သည် လူမှုကွန်ယက် ဝက်ဘ်ဆိုက် တခုဖြစ်သည့် Facebook တွင် ယမန်နေ့ ညနေမှစ၍ ပျံ့နှံ့နေခြင်းဖြစ်သည်။

ဦးခင်ညွန့်သည် ယခုအချိန်တွင် အသက် ၇၀ ကျော်ရှိပြီး စစ်အစိုးရလက်ထက်တွင် ပထမဆုံးသော နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်ခဲ့သည်။ ထိပ်သီးပိုင်း ရာထူးများအတွင်း အာဏာပြိုင်ဆိုင်မှုများကြောင့် ၂၀၀၄ ခုနှစ်တွင် ရာထူးမှ ဖယ်ရှားခံရပြီး နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရသည်။

စစ်ထောက်လှမ်းရေးဟောင်း ဦးခင်ညွန့်ကို နေပြည်တော်သို့ ခေါ်ယူပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးစေမည်ဟု ယခုနှစ်အတွင်း ကောလာဟလသတင်းများ ထွက်ပေါ်ဖူးသည်။

ရဲချုပ်ခင်ရီက ဦးခင်ညွန့်ကို အလေးပြုနေဆဲဖြစ်ကြောင်း ဗီဒီယိုဖိုင်တွင် တွေ့ရသည်။ ဦးခင်ညွန့်က ၎င်း၏ အိမ်ရှေ့တံခါးကို ကိုယ်တိုင်ဖွင့်ပေးခဲ့ပြီး ရဲချုပ်နှင့် မိနစ်အနည်းငယ်ခန့် ဆွေးနွေးကြသည်။ ရဲချုပ် ခင်ရီက ဦးခင်ညွန့်နှင့် ဇနီးဖြစ်သူ ဒေါက်တာ ဒေါ်ခင်ဝင်းရွှေတို့ကို တစုံတခု ရှင်းပြပြောဆိုပြီးနောက် ၎င်းတို့ ဇနီးမောင်နှံက မြေးဖြစ်သူများကို နှုတ်ဆက်ကြောင်း တွေ့ရသည်။

ဦးခင်ညွန့်နှင့် ဇနီးဖြစ်သူကို နေရာမှန်းဆ၍ မရသော နေရာတနေရာသို့ ခေါ်ဆောင်သွားပြီး ဦးခင်ညွန့်က ရဲချုပ်ခင်ရီနှင့် အဖွဲ့ကို တစုံတရာ ပြောဆိုနေကြောင်း တွေ့ရသည်။ နောက်ခံအနေအထားအရ ဦးခင်ညွန့်၏ နဂိုမူလ နေထိုင်သည့်အိမ် မဟုတ်ကြောင်း ခန့်မှန်းရသည်။

စစ်တပ်အသိုင်းအဝိုင်းမှ အမည်မဖော်လိုသူတဦးက “ဒါက ထူးဆန်းနေပါတယ်။ ဘာလို့လဲဆိုတော့ ရာထူးက ဖယ်ရှားခံထားရတဲ့ သူတယောက်ကို လက်ရှိတာဝန်ထမ်းဆောင်နေဆဲ အရာရှိက ဘယ်တော့မှ အလေးပြုလေ့မရှိဘူး” ဟု ဆိုသည်။

အမေရိကန်နိုင်ငံတွင် စစ်သံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က “အရာရှိကြီးတွေနဲ့ လျှို့ဝှက်ဆွေးနွေးဖို့ ဦးခင်ညွန့်ကို သိပ်မကြာသေးခင်ကပဲ တပ်မတော် ဧည့်ဂေဟာကို ခေါ်သွားဟန်တူပါတယ်” ဟု ၎င်း၏ အမြင်ကို ပြောသည်။

ယခုကဲ့သို့ ဗီဒီယိုဖိုင် ပျံ့နှံ့နေရခြင်း အကြောင်းအရင်းကို မည်သူကမှ အတိအကျ မသိရှိဘဲ မကြာသေးမီက နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်မှုရှိနိုင်ကြောင်း ပြောဆိုမှုများလည်း ပေါ်ထွက်လာသည်။

စစ်တပ် အသိုင်းအဝိုင်းကမူ နိုဝင်ဘာလ ၇ ရက်ရွေးကောက်ပွဲ နေ့ကတည်းကပင် ဦးခင်ညွန့်ကို လွှတ်ပေးခဲ့သည် ဟုလည်း ပြောဆိုကြသော်လည်း အတည်ပြုနိုင်ခြင်း မရှိပေ။

ဦးခင်ညွန့်ကို စတင်ထိန်းသိမ်းခဲ့ချိန်မှ စ၍ အပြင်သို့ ၄ ကြိမ်ထွက်ခဲ့ကြောင်း၊ နောက်ဆုံးအကြိမ် အပြင်ထွက်မှုမှာ ဝန်ကြီးဟောင်းတဦးဖြစ်သူ ဗိုလ်မှူးချုပ် တင့်ဆွေ ဇနီး၏ ဈာပနသို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရသည်။

စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်သည် တချိန်က အာဏာအရှိဆုံး ပုဂ္ဂိုလ်တဦး ဖြစ်ခဲ့ပြီး ၁၉၉၀ နှစ်များ၌ “ဝ” သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့နှင့် အပစ်အခတ်ရပ်စဲရေး ကိစ္စများတွင် အဓိက ကျသူတဦး ဖြစ်ခဲ့သည်။

ဦးခင်ညွန့်နှင့် ၎င်း၏ စစ်ထောက်လှမ်းရေးအဖွဲ့များ ဖယ်ရှားခံရပြီးနောက် ယခုလက်ရှိအခြေအနေတွင် စစ်အစိုးရနှင့် တိုင်းရင်းသား အပစ်ရပ် အဖွဲ့များအကြား ဆက်ဆံရေး အကြီးအကျယ်တင်းမာနေကြောင်း တွေ့ရှိရသည်။

ဦးခင်ညွန့်သည် နိုင်ငံတကာနှင့် ဆက်ဆံရေး၌ ထိုးဖောက်နိုင်သည့် ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရခဲ့ပြီး စင်္ကာပူဝန်ကြီးချုပ် ဟောင်း လီကွမ်ယုကလည်း ဦးခင်ညွန့်ကို မြန်မာ စစ်အစိုးရ အရာရှိများအနက် အထက်မြက်ဆုံးဟု ချီးမွမ်းခဲ့ဖူးသည်။

ဦးခင်ညွန့်၏ ဇနီး ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ၏ အကိုတော်စပ်သူ ဒေါက်တာသန်းငြိမ်းက ယခုပျံ့နှံ့နေသည့် ဗီဒီယိုဖိုင် နှင့်ပတ်သက်၍ မည်သို့မျှ နားမလည်ကြောင်း၊ ဦးခင်ညွန့်၏ မိသားစုနှင့်လည်း အဆက်အသွယ်မရှိသဖြင့် ယခု ဖြစ်ပျက်နေသည့် ကိစ္စများကို မသိရှိကြောင်း ဧရာဝတီသို့ ပြောသည်။

ဦးခင်ညွန့် အာဏာရှိနေစဉ်မှ ၂၀၀၈ အကုန်ပိုင်းအထိ ဒေါက်တာသန်းငြိမ်းသည် နိုင်ငံရေးအကျဉ်းသားအဖြစ် အကျဉ်းကျ ခံနေခဲ့ရပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ၏ လက်ရှိ ဥက္ကဋ္ဌ ဖြစ်သည်။

နိုင်ငံရေးအကဲခတ်များက ယခုတကြိမ် ဦးခင်ညွန့်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တိုင်းရင်းသားလက်နက်ကိုင်များနှင့် ညှိနှိုင်းရေးတွင်သာ အသုံးချရုံမကဘဲ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးရာတွင်ပါ အသုံးချမည်ဟု ခန့်မှန်း ပြောဆိုကြသည်။

ဦးခင်ညွန့်သည် ၂၀၀၃ ခုနှစ်တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်လာပြီးနောက် ပါတီစုံဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ ဟုဆိုကာ လမ်းပြမြေပုံ ၇ ချက်ကို ချမှတ်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က “ဦးခင်ညွန့် ထောင်ချခဲ့တဲ့သူတွေ မနည်းပါဘူး။ တချို့ဆိုရင် ၁၉၈၉ လောက်ကတည်းက အခုချိန်ထိ ထောင်ထဲမှာ ရှိနေကြတုန်းပဲ။ ဒါပေမယ့် အခုလိုမျိုး ဝမ်းနည်းစရာကိစ္စကိုတော့ ကျနော်တို့လည်း မမြင်ချင်ပါဘူး၊ သူ့ကိုမှ မဟုတ်ဘူး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုလည်း အခုလိုမျိုး အခြေအနေမျိုးမှာ မတွေ့မြင်ချင်ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ဦးခင်ညွန့်ကို အဂတိလိုက်စားမှုများဖြင့် ၂၀၀၄ ခုနှစ်တွင် အင်းစိန်ထောင်တွင်း အထူးတရားရုံး၌ စစ်အစိုးရက ထောင်ဒဏ် ၄၄ နှစ် ချမှတ်ခဲ့သော်လည်း နေအိမ်အကျယ်ချုပ်အဖြစ်သာ ချုပ်နှောင်ထားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ရခိုင်လူငယ်များနှင့် တွေ့ဆုံမည်

နိရဉ္စရာ

ရခိုင်ပြည်နယ်ထဲမှ ဒီမိုကရေစီအရေး တက်ကြွစွာ လူပ်ရှားဆောင်ရွက်နေသည့် ရခိုင်လူငယ် ၆ ဦးနှင့် တွေ့ဆုံလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်မှ ပြောဆိုသည်ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခဲ့သူ ရခိုင်အမျိုးသမီး မပံသုစံက ပြောသည်။

သူမက “ကျွန်မ ဒီလ ၂၄ ရက်နေ့ ညနေပိုင်းမှာ တခြား ခေါင်းဆောင်တွေနဲ့ အတူ ဒေါ်စုကို တွေ့ခွင့် ရခဲ့ပါတယ်။ အဲဒီမှာ ရခိုင်အမျိုးသားတွေဆီက ဒေါ်အောင်ဆန်းစုကြည်ကို ပေးပို့တဲ့ အိတ်ဖွင့်ပေးစာကို သွားပေးစဉ်မှာ ခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

၎င်းပြင်သူမက “ကျွန်မတို့ ရခိုင် လူငယ်တွေက အခု New Generation အဖွဲ့အနေနဲ့ ဒီမိုကရေစီ အရေးအတွက် လူပ်ရှားနေတာတွေ ရှိပါတယ်။ အဲဒီအဖွဲ့ အကြောင်းကို ပြောပြတဲ့ အခါ သူမက လူငယ် ၆ ဦးနဲ့ တွေ့ချင်တယ်လို့ ကျွန်မကို ပြောလိုက်ပါတယ်။ ဘယ်နေ့ တွေ့ဖြစ်မယ်ဆိုတာတော့ မသိရသေးပါဘူး” ဟု ပြောသည်။

ရခိုင်အမျိုးသားများက ဒေါ်စုထံသို့ ပေးပို့သော အိတ်ဖွင့်ပေးစာ ကိစ္စမေးမြန်းရာ သူမက ယခုကဲ့သို့ ပြောသည်။

“ ရခိုင်အမျိုးသားတွေက ဒေါ်စု လွတ်လာပြီးတဲ့နောက်ပိုင်းမှာ အိတ်ဖွင့်ပေးစာတွေကို ရေးသား ပေးပို့ ကြပါ တယ်။ အင်တာနက် အီးမေးလ်က တဆင့် ရေးတဲ့ စာတွေလည်း ပါတာ ပေါ့လေ။ အဲဒီစာတွေကို စုပေါင်းပြီး ကျွန်မက ယူသွားပြီး ဒေါ်စုကို ပေးခဲ့တာ ဖြစ်ပါတယ်။ စာထဲမှာ အများစု ရေးသားထားကတော့ ဂီရိကြောင့် ဒုက္ခရောက်နေကြတဲ့ လေဘေးသင့် ရခိုင်ပြည်သူတွေကို ဒေါ်စု အနေနဲ့ မေ့မထားဖို့နဲ့ ကယ်တင်ဖို့ ဆိုတာရယ်။ နောက်အကြောင်းအရာတွေက လက်ရှိ မီးရထားလမ်းဖေါက်လုပ်နေတဲ့ နေရာမှာ မြောက်ဦးမြို့က ရခိုင် ရှေးဟောင်း အမွေအနှစ်ပျက်စီးဆုံးရှုံးနေတာကို ၀င်ရောက်ဟန့်တားဖို့နဲ့ ကန့်ကွက်ရှုတ်ချပေးဖို့ တောင်းဆိုထားတဲ့ စာတွေ ဖြစ်ပါတယ်။ ဒေါ်စုဟာ တိုင်းရင်းသားတွေရဲ့ ခံစားနေရတဲ့ ခံစားမူတွေကို နားအလည်ဆုံး ဗမာ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ အတွက် ရခိုင်လူမျိုးတွေရဲ့ ယုံကြည်မူတွေကို ပိုရအောင် ဒါတွေကို လုပ်ဆောင်ပေးဖို့ တိုက်တွန်းရေးသားထားတဲ့ စာတွေ ဖြစ်ပါတယ်။”

အဆိုပါ အိတ်ဖွင့်ပေးစာတွင် ရေးသားထားသော စာများကိစ္စကို ဒေါ်အောင်ဆန်းစုကြည်မှ ယခုကဲ့သို့ ပြန်ပြောခဲ့သည်ဟု သူမက ပြောသည်။

“ ဒေါ်စုက လက်ရှိ ဂီရိ မုန်တိုင်းကြောင့် ရခိုင်ပြည်သူတွေ အတိဒုက္ခခံစားနေရတာတွေကို ကြားသိ နေရ တယ်လို့ ပြောပါတယ်။ ဒါတွေအတွက် သူမ အနေနဲ့ အထူး စိတ်မကောင်းဖြစ်ကြောင်း ပြောဆိုပါတယ်။ ရခိုင်လေဘေးအတွက် သိန်း ၅၀ သူမအနေနဲ့ ကူညီပေးထားတယ်ဆိုတဲ့ အကြောင်း ပြောပါတယ်။ မြောက်ဦးမှာ ရခိုင်ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်တွေကို ဖျက်ဆီးနေတဲ့ ကိစ္စ ဒေါ်စု အနေနဲ့ လေ့လာဖို့ လိုနေသေးတယ်လို့ ပြောပါတယ်။ သူမအနေနဲ့ ကန့်သတ်ချက်တွေ များစွာရှိနေသေးတဲ့ အတွက် လူသိရှင်ကြား ထုတ်ဖေါ် ပြောဆိုနိုင်ခြင်း မရှိသေးတာကို နားလည် ခွင့်လွှတ်ဖို့ ပြောပါတယ်။”

၎င်းပြင် ဒေါ်အောင်ဆန်းစုကြည်မှ ရခိုင်အမျိုးသားများကို သူမ အနေနဲ့ အလေးထားပီး သူမထံသို့ စာရေးသား ပေးပို့ကြသည့် အတွက် ကျေးဇူးတင်ကြောင်း ပြောဆိုသည်ဟု မပံသုစံက ပြောသည်။

“ ဒေါ်စု ပြောတာကတော့ တိုင်းရင်းသားတွေက ဗမာတွေကို မကျေနပ်မူတွေ ရှိနေတုန်းဘဲလို့ ပြောပါတယ်။ ခုလို ဖြစ်ရတာကလည်း မဆလ ခေတ်နဲ့ လက်ရှိ စစ်အာဏာရှင်တွေ ခေတ်တလျောက်မှာ တိုင်းရင်းသားတွေ အပေါ် ဖိနှိပ်မူတွေ ရှိခဲ့လို့ ဖြစ်တယ်။ ခုလို အခြေအနေတွေကြောင့် တချို့ တိုင်းရင်းသားခေါင်းဆောင်တွေ ဆိုရင် အခုအချိန်ထိ သူမနဲ့ လက်တွဲ လုပ်ဆောင်ဖို့ မ၀ံ့မရဲ ဖြစ်နေတုန်းဘဲလို့ ပြောပါတယ်။ ဒါပေမယ့် ရခိုင် ခေါင်းဆောင် အများစုကတော့ သမိုင်းအရ မကျေနပ်မူတွေ ရှိနေပေမယ့် သူမနဲ့ လက်တွဲပြီးတော့ မြန်မာ ဒီမိုကရေစီအရေး အတွက် ပူးပေါင်းဆောင်ရွက် လုပ်ကိုင်နေတာတွေ ရှိတယ်။ အဲဒီအတွက် သူမအနေနဲ့ ကျေးဇူးတင်ကြောင်းနဲ့ ၀မ်းသာတယ်လို့ ပြောဆိုပါတယ်။”

မပံသုစံမှာ ရခိုင်အမျိုးသမီး ခေါင်းဆောင် တစ်ဦး ဖြစ်ပြီး လူမူရေး လုပ်ငန်းများကို တက်ကြွစွာဆောင် ရွက်နေသူ အမျိုးသမီး တစ်ဦး ဖြစ်သည်။

ကုလသမဂ္ဂ ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့

ဧရာဝတီ

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး မစ္စတာ ဗီဂျေ နမ်ဘီယာသည် ၃ ရက်ကြာ ခရီးစဉ်အဖြစ် ယနေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက် တွေ့ဆုံသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “အခုလို တွေ့ဆုံတာဟာ မြန်မာ့နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ပါတယ်။ ကုလသမဂ္ဂဟာ သူ့ရဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော်ရာမှာ အကန့်အသတ်ရှိနေပေမယ့် သူရဲ့ အခန်းကဏ္ဍကိုတော့ ကျနော်တို့ လေးစားပါတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် သံတမန်များ၊ ကုလသမဂ္ဂကိုယ်စားလှယ်များ၊ နိုင်ငံရေးသမားများနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို လက်ခံတွေ့ဆုံခဲ့သည်။

သံတမန်အသိုင်းအဝိုင်း၏ အဆိုအရ မစ္စတာ နမ်ဘီယာသည် မြန်မာ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အထွေထွေ အတွင်းရေးမှူးတို့နှင့်လည်း တွေ့ဆုံဆွေးနွေးမည်ဟု သိရသည်။

မစ္စတာ ဗီဂျေ နမ်ဘီယာသည် ၀ါရင့် သံတမန်တဦးဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး အဖြစ် ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်၍ တာဝန်ထမ်း ဆောင်သည်။ မြန်မာ့အရေးနှင့် ပတ်သက်၍ ရာဇာလီ အစ္စမေးလ်နှင့် ဂန်ဘာရီတို့နောက် တတိယမြောက် အထူးကိုယ်စားလှယ်ဖြစ်သည်။

မစ္စတာ ဂန်ဘာရီထံမှာ တာဝန်ကို လွှဲယူပြီးနောက် ယခု မြန်မာပြည်ခရီးစဉ်သည် မစ္စတာ နမ်ဘီယာ၏ ပထမဆုံးခရီးစဉ်ဖြစ်သည်။ မစ္စတာ ဂန်ဘာရီသည် မြန်မာပြည်သို့ ၂၀၀၉ ခုနှစ် ဇွန်လတွင် နောက်ဆုံးအကြိမ်အဖြစ် လာရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် အားထားမည့် လူငယ်ထုအားနှင့် နည်းပညာ

ထက်အောင်

ဆက်သွယ်ရေးကွန်ရက် တိုးတက်လာခြင်းနဲ့ ထောက်ခံအားပေးသူတွေထဲမှာ လူငယ်အများအပြား ပါဝင်နေခြင်းက နေအိမ် အကျယ်ချုပ် ဘဝမှ လွတ်မြောက်လာတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အံ့အားသင့်စရာ၊ စိတ်အားတက်ကြွစရာ ဖြစ်ခဲ့ ပါတယ်။

သူလွတ်မြောက်လာတာကို မျှော်လင့်နေကြတဲ့ လူထုကြီးကို ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာက “လူထု ကွန်ရက်” တခု ဖွဲ့မယ်၊ ဒီလိုကွန်ရက်ဖွဲ့တဲ့နေရာမှာ ဆက်သွယ်ရေးနည်းပညာကို အကျိုးရှိရှိ အသုံးချဖို့နဲ့ မြန်မာလူငယ်ထု တရပ်လုံးပါဝင်လာဖို့ သူက တိုက်တွန်းခဲ့ပါတယ်။

ဒီနေ့တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ်များအပါအ၀င် လူငယ်ထုနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူ့ရဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ကြိုးပမ်းချက်မှာ လူငယ်ထုရဲ့အားကို ပြန်လည်စုစည်းတဲ့ ပထမ ခြေလှမ်းတရပ်လည်း ဖြစ်ပါလိမ့်မယ်။

တကယ်တော့ မြန်မာ့ဒီမိုကရေစီရေးကို ဦးစီးဦးဆောင်ပြုခဲ့တာ ကျောင်းသားလူငယ်တွေဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုနဲ့ ပေါင်းစပ်ကာ အခုအချိန်ထိ နှစ်ပေါင်း ၂၀ ကျော်ကြာ ရုန်းကန်လှုပ်ရှားခဲ့ကြပါတယ်။

မျိုးဆက်တခု ဖြတ်သန်းခဲ့ပြီးနောက် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးအခင်းကာလအတွင်း ကလေးအရွယ် သို့မဟုတ် ထိုအရေး အခင်းနောက်ပိုင်း မွေးဖွားခဲ့ကြသော လူငယ်အများအပြားဟာ အခုအခါမှာ ဒေါ်အောင်ဆန်းစုကြည် ဘာပြောမလဲဆိုတာကို စိတ်အားထက်သန်းစွာနဲ့ နားထောင်နေကြပါပြီ။ အဲဒီလူငယ်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မတွေ့ဖူးသူတွေ အများအပြား ပါဝင်မှာဖြစ်သလို သူရဲ့နိုင်ငံရေးခရီးအစ ရုန်းကန်လှုပ်ရှားမှုများကို မျက်ဝါးထင်ထင် မြင်တွေ့ခွင့် မရကြသူများလည်း ဖြစ်ပါတယ်။

လူငယ်မျိုးဆက်သစ်တွေရဲ့ အားနဲ့ “လူထုကွန်ရက်” ဖွဲ့ ဆောင်ရွက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ကို လူငယ် ခေါင်းဆောင်ဟောင်းများဖြစ်ကြပြီး ဒေါ်အောင်ဆန်းစုကြည့်ရဲ့ နိုင်ငံရေးလုပ်ငန်းများကို အနီးကပ်ကူညီ ဆောင်ရွက်ခဲ့ကြတဲ့ ကိုမိုးဇော်ဦးနဲ့ ကိုခင်ထွန်းတို့က ကြိုဆိုခဲ့ပါတယ်။ ထို့အတူ သတိထားသင့်တဲ့ အချက်တချို့ကိုလည်း ပြောခဲ့ပါတယ်။

“လူငယ်နဲ့ပတ်သက်ပြီး သတိထားသင့်တဲ့ အချက်တခုက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လူငယ်ဖွဲ့စည်းမှုမှာ ၁၉၈၈ ကတည်းက ဒေါ်စုရဲ့လုံခြုံရေးတာဝန်နဲ့ နိုင်ငံရေးတာဝန် အဲဒီနှစ်ခုက ရောထွေးမှုတွေ ရှိခဲ့တယ်” လို့ ၁၉၈၈-၈၉ ကာလအတွင်း NLD လူငယ် ခေါင်းဆောင်တဦးအဖြစ် တာဝန်ယူခဲ့တဲ့ ကိုမိုးဇော်ဦးက သူ့ရဲ့အတွေ့အကြုံအရ အရေးကြီးတဲ့ ရှုပ်ထွေးမှုတခုကို ထောက်ပြခဲ့ပါတယ်။

“လူငယ်တချို့ဟာ ဒေါ်စုနဲ့ အနီးကပ်နေရတဲ့အပေါ်မှာ တစုံတရာ အာဏာရှိလာတယ်။ တပြိုင်တည်းမှာပဲ အရေးကြီးတဲ့နိုင်ငံရေး တာဝန်တွေကို ရယူကြတော့ Conflicts of Roles (တာဝန်ရှုပ်ထွေးမှု) သွားဖြစ်တယ်။ အဲဒါကြောင့် နောက်ပိုင်းမှာ ပြဿနာတွေ ဖြစ်လာခဲ့တယ်” လို့ သူကပြောပါတယ်။

ကိုမိုဇော်ဦးဟာ အကျဉ်းထောင်ထဲမှာ ၈ နှစ်ကျော် နိုင်ငံရေးအကျဉ်းသားဘ၀နဲ့ ဖြတ်သန်းခဲ့ရသလို လက်ရှိမှာ ထိုင်းနိုင်ငံအခြေစိုက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ရဲ့ တွဲဖက် အထွေထွေ အတွင်းရေးမှူး တာဝန် ယူထားသူဖြစ်ပါတယ်။

နိုင်ငံရေးဂုဏ်သိက္ခာရဲ့အရေးကြီးပုံ၊ ပြည်သူအပေါ် အမြဲရိုးသားမှု ရှိရမယ့်အကြောင်းနဲ့ ၁၅ နှစ်ကျော် နေအိမ်အကျယ်ချုပ်နဲ့ နေခဲ့ရတာကို အနစ်နာခံတယ်လို့မမြင်ဘဲ သူ့ရဲ့ရွေးချယ်မှုတခုသာ ဖြစ်ကြောင်းစတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး သင်ခန်းစာတွေကို သင်ယူရမယ့်အစား ကျော်ကြားမှုနောက် လွဲမှားစွာ လိုက်ခဲ့ကြတဲ့ လူငယ်တွေရှိခဲ့ပါတယ်။

တချိန်တည်းမှာပဲ စစ်အစိုးရကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်ထုအကြား တသားတည်းဖြစ်သွားပြီး အင်အားကြီးထွားလာမှာကို စိုးရိမ်ပြီး နှောင့်ယှက်ဟန့်တားမှုတွေ အမြဲလုပ်ခဲ့ပါတယ်။

“NLD ပါတီရဲ့ အဓိကမောင်းနှင်အားက လူငယ်ဆိုတာကို စစ်အစိုးရကသိတော့ ဒေါ်စုရဲ့ဦးဆောင်မှုအောက်မှာ လူငယ်တွေ စုဖွဲ့အား ကောင်းလာမှာကို သူတို့စိုးရိမ်တယ်။ ဒီလိုအားကောင်းလာရင် သူတို့ကိုဖယ်ရှားဖို့ တခုခုလုပ်တော့မှာပဲဆိုပြီး ဖိနှိပ်မှုတွေကို တိုးလုပ်လာတယ်။ လူငယ်ဖွဲ့စည်းမှုနဲ့ အာဏာပိုင်တွေရဲ့ နှောက်ယှက်မှုတွေက အမြဲတွဲစပ်နေပြီး ပြဿနာတွေ အမြဲဖြစ်ခဲ့တယ်” လို့ ကိုမိုးဇော်ဦးက ပြောပါတယ်။

Twitter လို လူမှုကွန်ရက် (Social Network) ကိုသုံးပြီး လူငယ်တွေနဲ့ ကွန်ရက်ဖွဲ့ဖို့ ဆန္ဒရှိတာကို မလွတ်ခင်က သူ့ရဲ့ ရှေ့နေကတဆင့် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်။ လွတ်မြောက်လာတော့လည်း အင်တာနက်သုံးခွင့်ရဖို့ သူကြိုးစားနေတယ် ဆိုတာကို ဘီဘီစီ အသံလွှင့်ဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။

“တကယ်တော့ လူငယ်တွေကြားထဲမှာ ကွန်ရက်က ရှိပြီးထားပါ။ ပြည်တွင်းက လူငယ်တွေမှာ Facebook ကွန်ရက်တွေ ရှိနေပါပြီ။ အဲဒီ ရှိထားပြီးသား ကွန်ရက်ထဲကို ဒေါ်စုအနေနဲ့ ၀င်လိုက်ရုံပါပဲ” လို့ ဦးမိုဇော်ဦးက ပြောပါတယ်။

ဒါပေမယ့် ဒီတကြိမ် ဒေါ်အောင်ဆန်းစုကြည်က လူငယ်နဲ့ ဆက်သွယ်ရေး နည်းပညာအကူအညီယူပြီး ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေကို အရှိန်မြှင့်တင်မယ်ဆိုရင် ဘယ်လိုစိန်ခေါ်မှုတွေ ရှိလာနိုင်ပါသလဲ။

“လူငယ်တွေကို နိုင်ငံရေးမှာ မပါရင်ပြီးရော၊ ကျန်တာအကုန်လုပ်ဆိုတဲ့ အခြေအနေမျိုး စစ်အစိုးရက ဖန်တီးထားတယ်။ လူငယ်နိုင်ငံရေး မျိုးဆက်ကို သားကြောဖြတ်တဲ့ သဘောပေါ့” လို့ ၂၀၀၀ ခုနှစ် ၀န်းကျင်ကစလို့ ဒေါ်အောင်ဆန်းစုကြည် အနီးမှာ လူငယ်တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့တဲ့ ကိုခင်ထွန်းက ရှင်းပြပါတယ်။

“ဒါပေမယ့် အန်တီ့ကို ကြိုဆိုတဲ့အထဲမှာ လူငယ်မျိုးဆက်သစ် အများအပြားပါလာတာ နှစ်ချက်ရှိတယ်။ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ အကြပ်အတည်းတွေက လူငယ်ထုထဲ ရိုက်ခက်လာတဲ့အချက်ရယ်၊ ဆက်သွယ်ရေး နည်းပညာတွေကြောင့် ပြင်ပကမ္ဘာမှာ ပြောင်းလဲတိုးတက်မှုတွေကို လှမ်းကြည့်ခွင့် ရလာတာရယ်ကြောင့် ဖြစ်တယ်” လို့ ကိုခင်ထွန်းက သုံးသပ်ပါတယ်။

ဒါပေမယ့် မြန်မာ့နိုင်ငံရေးမှာ ထပ်ပြန်တလဲလဲဖြစ်နေတဲ့ အိုင်တီနည်းပညာအကူအညီနဲ့ ဖြေရှင်းလို့မရနိုင်တဲ့ ပြဿနာတခုက လူငယ်နဲ့ လူကြီးအကြား သဘောထားကွဲလွဲမှု ဖြစ်ပါတယ်။ ဒီပြဿနာကို ကိုခင်ထွန်းကိုယ်တိုင် ရင်ဆိုင်ခဲ့ရပြီး ဖြေရှင်းမရတဲ့ အဆုံး လူငယ် ၁၀၉ ဦးကို ဦးဆောင်ကာ NLD မှ နုတ်ထွက်သွားခဲ့ပါတယ်။

ဘာကြောင့် ဒီလိုဖြစ်ရပါသလဲ။ ဒေါ်အောင်ဆန်းစုကြည်ကရော ဒီလိုပြဿနာမျိုးကို အနာဂတ်မှာ ဘယ်လိုကုစားနိုင်မလဲ။ ကိုမိုးဇော်ဦးက လူငယ်နဲ့ လူကြီးအကြားရှိနေတဲ့ အခြေခံပြဿနာ ၃ ရပ် ကို အခုလိုရှင်းပြပါတယ်။

“အဓိကအခြေခံက မျိုးဆက်ကွာဟမှုကြောင့် ဖြစ်တယ်။ NLD ကို ခေါင်းဆောင်မှုပေးနေတဲ့ လူကြီးတွေနဲ့ လူငယ်တွေဟာ မြန်မာနိုင်ငံရေးမှာ အဆက်အစပ် မရှိခဲ့ကြဘူး။ NLD ရောက်မှ တွေ့ကြသိကြပြီး လုပ်ကိုင်ကြရတယ်။ လူကြီးတွေရဲ့ သူတို့ခေတ် ဖြတ်သန်းမှုကို လူငယ်တွေက မသိကြဘူး။ လူငယ်တွေရဲ့ လက်တွေဘ၀က လူကြီးတွေရဲ့ ဖြတ်သန်းမှုနဲ့ အတော်ကို ကွာခြားတယ်” လို့ ကိုမိုးဇော်ဦးက သုံးသပ်ပါတယ်။

နောက်တချက်က နိုင်ငံရေးအရ အစုအဖွဲ့နဲ့ လုပ်ကိုင်ရတဲ့ အလေ့အထနဲ့ အတွေ့အကြုံ နည်းတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ၁၉၈၈ မျိုးဆက်လူငယ်တွေက အခုအခါမှာ လူကြီးဖြစ်လာကြပြီ။ သူတို့က နိုင်ငံရေးမှာ လူကြီးတာဝန်တွေ ယူလာနိုင်ရင်တော့ လက်ရှိလူငယ်တွေနဲ့ သူတို့ကြားမှာ ဒီပြဿနာနည်းသွားနိုင်တယ်လို့ ထင်တယ်လို့ သူက ပြောပါတယ်။

ပြဿနာဖြေရှင်းနည်း အားနည်းလို့ ဖြစ်ရတဲ့ဟာက တတိယ အကြောင်းရင်းပါ။ ပြဿနာတခုကို ချည်းကပ် ကိုင်တွယ်တဲ့နေရာမှာ လူကြီးနဲ့လူငယ် စဉ်းစားပုံခြင်း၊ ဖြေရှင်းပုံခြင်း ကွဲပြားတာကြောင့် ပြဿနာ ဖြစ်ကြတာတွေရှိတယ်လို့ သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည့်က “ကွန်ရက်” ဆိုတဲ့ ဝေါဟာရကို သုံးလိုက်တဲ့အတွက် ဒေါင်လိုက်ဆက်ဆံရေး (Vertical Relation) သဘောထက် ဘေးတိုက်ဆက်ဆံရေးသဘော (Horizontal Relation) ပိုဆန်လာမယ်ဆိုရင် အရင်က ဖြစ်ခဲ့တဲ့ ဆက်ဆံရေး ပြဿနာတွေကို လျှော့ချနိုင်လိမ့်မယ်ထင်ကြောင်း ကိုမိုးဇော်ဦးက ပြောပါတယ်။

ကိုခင်ထွန်းကတော့ “လူငယ်တွေကို ပြန်လည်စုဖွဲ့တဲ့နေရာမှာ ဒေါင်လိုက်ဖွဲ့စည်းမှုရော အလျားလိုက်ဖွဲ့စည်းမှုရော လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူငယ်တွေကြားမှာ ဒီမိုကရေစီ အလေ့အကျင့်တွေ မရင့်ကျက်သေးတော့ ဒေါင်လိုက်ပုံသဏ္ဍာန်က စနစ်တကျဖြစ်ဖို့အတွက် လိုသေးတယ်” လို့ သူ့အမြင်ကို ပြောပါတယ်။

၂၀၀၈ ခုနှစ် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံရပြီးနောက်ပိုင်း လူငယ်တွေရဲ့ စိတ်ဝင်စားမှု ပြောင်းလဲလာတယ်။ အရင်တုန်းက လူငယ်တွေလို ဒီမိုကရေစီ ရရှိရေးဆိုတဲ့ နိုင်ငံရေးသက်သက်ကိုပဲ အာရုံစိုက်တာထက် လူမှုရေးလုပ်ငန်းတွေ၊ လူသားချင်းစာနာ ထောက်ထားတဲ့ အကူအညီတွေ ပေးတဲ့နေရာမှာ လူငယ်တွေ တက်တက်ကြွကြွ ပါဝင်လာတာ တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးကို အဓိပ္ပါယ်ဖွင့်ဆိုတဲ့နေရာမှာ လူမှုဖူလှုံရေးအတွက် ဆောင်ရွက်တာလည်း နိုင်ငံရေးဖြစ်တယ်လို့ ဆိုပါတယ်။ တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်း ဘာပဲလုပ်လုပ် အရာအားလုံးဟာ နိုင်ငံရေးနဲ့ ကင်းကွာလို့ မရဘူး၊ ဆက်စပ်နေတယ်လို့ သူရဲ့ မိန့်ခွန်းမှာ ထည့်ပြောခဲ့တယ်။

“ကျွန်မတို့ ပြည်သူတွေဟာ နိုင်ငံရေးကို နားလည်အောင်လုပ်ပါ။ ကျွန်မတို့ကိုလည်း သင်ပေးပါ။ တယောက်နဲ့ တယောက် သင်ယူရမှာပါ။ ပြည်သူကနေ ကျွန်မတို့ ဒီမိုကရေစီအတွက် လှုပ်ရှားနေတဲ့သူတွေကို သင်ပေးမှ ကျွန်မတို့လည်း မမှားမှာ” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

မည်သို့ပင်ဖြစ်စေ ဒီတကြိမ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ လူငယ်တွေနဲ့ ထိတွေ့ဆက်ဆံတဲ့အခါ နိုင်ငံရေးလှုပ်ရှားမှု သက်သက်အတွက် ဦးတည်တာမျိုး မဟုတ်ဘဲ တိုင်းပြည်မှာ လိုအပ်နေတဲ့ နိုင်ငံရေးမျိုးဆက်တခု မွေးထုတ်ဖို့အတွက်ပါ လုပ်ဆောင်ရပါလိမ့်မယ်။ အကြောင်းကတော့ သူကိုယ်တိုင် အရွယ်အားဖြင့် ၆၅ နှစ် ရှိပြီဖြစ်သလို လက်ရှိ NLD ကို ဦးဆောင်နေသူတွေဟာလည်း အသက်အရွယ်ကြီးရင့်သူများ ဖြစ်နေတာကြောင့်ဖြစ်ပါတယ်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Nov,28th,2010

( 20 )ရွေးကောက်ပွဲကိစ္စ နိုင်ငံရေးပါတီတွေနဲ့ ကုလကိုယ်စားလှယ် ဆွေးနွေး

( 19 )My visit to a Burmese refugee camp

( 18 )အာရှအားကစားပွဲ မြန်မာ ရွှေတံဆိပ်နှစ်ဆု ဆွတ်ခူး

( 17 )Suu Kyi holds talks

( 16 )တွေ့ဆုံဆွေးနွေးမှုကို ခန္တီးထောင်မှ ကိုထင်ကျော် တောင်းဆို

( 15 )Myanmar wins first gold as Asian Games ends

( 14 )ဒီကေဘီအေ ဖလူးစခန်းကို နအဖ တပ်ရင်း ၃ ခုက ၀င်တိုက်နေ

( 13 )Senior UN official meets with Suu Kyi

( 12 )ကျောက်ဖြူမြို့မှာ တစ်ကိုယ်တော် ဆန္ဒပြ

( 11 )Lift sanctions burden from Burma

( 10 )အဖွဲ့ချုပ်ဝင် ကိုရွှေမောင် ဆေးကုသခွင့်ရ

( 9 )Myanmar restricts speech of new parliament members

( 8 )ဒေါ်စုနဲ့ ကုလအတွင်းရေးမှူးချုပ် ကိုယ်စားလှယ် တွေ့ဆုံ

( 7 )Forgotten neighbour Burma rises

( 6 )ရွေးကောက်ပွဲကိစ္စ နိုင်ငံရေးပါတီတွေနဲ့ ကုလကိုယ်စားလှယ် ဆွေးနွေး

( 5 )UN Envoy Meets Aung San Suu Kyi in Burma

( 4 )ကုလသမဂ္ဂ အကြီးတန်းအရာရှိ နှစ်ရက်ကြာ မြန်မာပြည် လာရောက်မည်

( 3 )UN warning on Asia amphetamine use

( 2 )ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို နေရာပြောင်း

( 1 )Video of Ex-Spy Chief Baffles Burma Watchers

Saturday, November 27, 2010

လေဘေး အကူအညီများ ကိုယ်ကျိုးအတွက် အသုံးပြုမူ များနေ

ထွန်းထွန်း

လေဘေးသင့် ဒေသ အများအပြားတွင် သက်ဆိုင်ရာ ဒေသ အာဏာပိုင်များ အပါအ၀င် ရပ်ရွာ လူကြီးများမှ လေဘေး အကူအညီများကို ကိုယ်ကျိုး အတွက် အသုံးပြုနေကြသဖြင့် အမှန်တကယ် ထိခိုက်ခံစားနေရသော ပြည်သူများ အနေဖြင့် လေဘေး အကူအညီများ မရရှိဘဲ ဖြစ်နေကြောင်း သတင်းများ ရရှိသည်။

ကျောက်ဖြူမှ လူမူရေး အကျိုးဆောင်ရွက်နေသူ လူငယ် တစ်ဦးက “ ခုလို ဖြစ်နေတာက ဒေသ အတော်များများမှာ ဖြစ်ပွားနေတာပါ။ အဲသလို ဖြစ်နေတာကို ဘယ်သူကမှလည်း ဟန့်တား ဆောင်ရွက်တာ မရှိတဲ့ အတွက် ကျေးလက်နေ လေဘေးသင့် ပြည်သူတွေက အထူး အခက်ကြုံ နေကြရပါတယ်” ဟု ပြောသည်။

သူကိုယ်တိုင် ကျောက်ဖြူမြို့နယ်နှင့် မိုင် ၂၀ ခန့်တွင်တည်ရှိသော ကျေးရွာ တရွာသို့ ဆန်အိတ်များ သွားရောက်လှူဒါန်းစဉ် ထိုသို့ ပြုလုပ်ခဲ့သည်ကို မြင်ခဲ့ရသည်ဟု ပြောသည်။


“ မနေ့က ကယ်ဆယ်ရေးအဖွဲ့က ဆန်အိတ် ၆၂ အိတ် နဲ့ ကျောက်ဖြူ လူငယ်အဖွဲ့မှ လှူဒါန်းတဲ့ ဆန်အိတ် ၅ အိတ်၊ စုစုပေါင်း ဆန် ၆၇ အိတ်ကို ကျောက်ဖြူမြို့ အရှေ့မြောက်ဘက်က လေဘေး ဒုက္ခသည်တွေ သွားကူတာမှာ အဲဒီ အထဲက ဆန်အိတ် ၁၀ အိတ်ကို ရပ်ရွာအတွင်းက လူကြီး တဦးက သူဆောင်ရွက်ပေးတာဆိုပီး ကိုယ်ကျိုးအတွက် ယူထား လိုက်ပါတယ်။”

တချို့ ကျေးရွာများတွင် ဒေသ အာဏာပိုင်များနှင့် စီးပွားရေး သမားများသည် လေဘေး ဒုက္ခသည်များအား ကယ်ဆည်ရေး ဆန်များကို ထုတ်ပေးပြီး သူတို့ပိုင်သော ပုဇွန်ကန်များကို ဆည်ဖို့ ခိုင်းနေသည်ဟု သိရသည်။

ကျောက်ဖြူမြို့ အရှေ့ပိုင်းရပ်ကွက် ဖြတ်လမ်း (၅) တွင်နေထိုင်သော ပုန်ဇွန် ကန်ပိုင်ရှင်တဦးသည် ကယ်ဆယ်ရေး ဆန်များကို မသမာသောနည်းဖြင့် ရယူထားရှိပြီး အဆိုပါ ဆန်များဖြင့် ဆင်းရဲသူ လေဘေး ဒုက္ခသည်များကို ပုဇွန်ကန်များကို ဆည်ဖို့ ခိုင်းနေသည်ဟု သိရသည်။

ကျောက်ဖြူမြို့နယ် အရှေ့မြောက်ဘက်တွင် တည်ရှိ သော ရွှေညိုမကျေးရွာ၊ မကျေးရွာ၊ လဟာကြီး၊ ချောင်းကြီးဖျားကျေးရွာနှင့် ရွာသစ်ကေကျေးရွာတို့တွင်လည်း ကယ်ဆယ်ရေး ဆန်များကို ရပ်ကွက်လူကြီး၊ ကြံ့ဖွတ်၊ ဒေသအာဏာပိုင်နှင့် ပုဂ္ဂလိသဌေးများ ကိုယ်ရ သူရ ဖြတ်စား နေပြီး ထိုဆန်များဖြင့် လေဘေးဒုက္ခသည်များကို လုပ်အားပေးခိုင်း နေသည်ဟု သိရသည်။