Tuesday, October 4, 2011

ဧရာမမြွေကြီးတစ်ကောင် သတ်ဖြတ်ပြီးနောက် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်း

KNG

ကချင်ပြည် နယ် မလိ - အင်မိုင်ဇွပ်(မြစ်ဆုံ) စီမံ ကိန်းတွင် ဧရာမ မြွေကြီး တစ်ကောင်အား တရုတ် အလုပ် သမားများ သတ်ဖြတ် ခဲ့ပြီးနောက် မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန်၏ မြစ်ဆုံ ရေကာတာ စီမံကိန်း ရပ်ဆိုင်းရန် သတင်း ထွက်ပေါ် လာသည်။

၄၈ ပေခွဲ ရှည်ပြီး ၅ ပေ လုံးပတ် ရှိသည့် မြွေကြီးအား စီမံကိန်း ဧရိယာထဲ ဂျွမ်ဘွမ်တောင် (Jum Bum)တွင် လမ်းဖောက် လုပ်နေသော တရုတ် အလုပ် သမားများ မြေအောက် တွင်းတစ်ခုမှာတွေ့ ရှိပြီး စက်တင်ဘာ ၂၂ ရက်နေ့က သတ်ဖြတ် ခဲ့သည်ဟု မျက်မြင်များ ပြောသည်။

တရုတ် အစိုးရပိုင် China Power Investment Corporation (CPI) ကုမ္ပဏီ အလုပ် သမား များက ၎င်း မြွေကြီး ၏ ဦးခေါင်းကို မြေတူးစက် (backhoe) ကော်ဖြင့် ထိုးသတ် လိုက်ခြင်ြး ဖစ်သည်ဟု မျက်မြင်များ ပြောပါသည်။

CPI အလုပ် သမား များက ၎င်းမြွေကြီး အသေ ကောင်ကိုလည်း တရုတ် နိုင်ငံသို့ ယူဆောင် သွားကြောင်း ဒေသခံ များပြောသည်။

ဧရာဝတီမြစ် မလိ- အင်မိုင်ဇွပ် (မြစ်ဆုံ) စီမံကိန်းမှာ ယခုကဲ့သို့ ဧရာမ မြွေကြီး သတ်ဖြတ်ခြင်း ဖြစ်ရပ်သည် “ရေကာတာ စီမံ ကိန်း၏ မကောင်းသော နိမိတ် လက္ခဏာ တစ်ခု အဖြစ်” ဒေသခံ ကချင်များ ရှုမြင်ကြ သည်ဟု သိရသည်။

မြွေကြီး သတ်ဖြတ် ခံရပြီး (၈) ရက် အကြာ စက်တင်ဘာ (၃၀)တွင် “ပြည်သူ အများစု အပြင်း အထန် ကန့်ကွက် နေသည့် ဧရာဝတီ မြစ်ဆုံ ရေအား လျှပ်စစ် စီမံ ကိန်းအား ၎င်းတို့ အစိုးရ လက်ထက်တွင် ရပ်ဆိုင်း ထားရန်” လွှတ်တော်သို့ သမ္မတ ဦးသိန်းစိန်ပြောဆို လာသည်။

3 comments:

  1. so fake
    that pic is in china and about 2 or 3 years ago.

    it was not the pic from 2 weeks ago

    ReplyDelete
  2. Well! That was what they wrote as a news. You maybe right but i ve to check it out. Anyway, thx.

    ReplyDelete
  3. Wow! Dead python Appointed Pake excavator

    See That Link......

    http://nuuril.blogspot.com/2010/05/wow-dead-python-appointed-pake.html

    ReplyDelete