Monday, February 28, 2011

လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စ လွှတ်တော်က အကြောင်းမပြန်သေး

ခင်ဦးသာ Monday, 28 February 2011

နိုင်ငံရေး အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးနှင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးရေး အဆိုပြုလွှာကို နိုင်ငံရေးပါတီ တချို့က လွှတ်တော်၌ တင်သွင်းထား သော်လည်း ယနေ့အထိ အကြောင်းပြန်မှု တစုံတရာ မရှိသေးကြောင်း သိရသည်။

ယင်း အဆိုပြုလွှာကို ယခုလဆန်းပိုင်းက ကျင်းပသော လွှတ်တော် အစည်းအဝေးများသို့ တင်သွင်း ထားသည်ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ၏ ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောသည်။

“နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေးရေးနဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ဆိုပြီး သီးသန့်စီ တင်တာပါ။ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ထဲမှာတော့ ပြည်ပရောက် အတိုက်အခံတွေ အားလုံးပါတာပေါ့” ဟု ဦးခင်မောင်ဆွေက ဆိုသည်။


နေပြည်တော်၌ လွှတ်တော် အစည်းအဝေး တက်ရောက် နေကြသော ကိုယ်စားလှယ်များကမူ ၎င်းအဆိုပြုလွှာအား ပယ်ချလိုက်ပြီး ဖြစ်သည်ဟု ပြောဆိုနေကြသည်။

“ဒီအဆိုပြုလွှာက ၂၀၀၈ ဖွဲ့စည်းပုံပါအတိုင်း တင်တာမို့လို့ ပယ်ချ၊ မချဆိုတာ တရားဝင် ပြောလို့ မရသေးပါဘူး” ဟု ဦးခင်မောင်ဆွေက ဆိုသည်။

NDF ကဲ့သို့ပင် ပြည်ပ နိုင်ငံအသီးသီးသို့ ရောက်ရှိနေသော အတိုက်အခံ နိုင်ငံရေးသမားများ အပါအဝင် မြန်မာနိုင်ငံသားများ နိုင်ငံတွင်းသို့ လွတ်လပ်စွာ ပြန်လာနိုင်ရေးအတွက် နိုင်ငံရေးပါတီ ၁၁ ခုက ကြေညာချက်ထုတ်၍ ယမန်နေ့က ထပ်မံ တောင်းဆို လိုက်သည်။

“ပြည်ပ နိုင်ငံသား ခံယူထားသူပဲ ဖြစ်ဖြစ်၊ မြန်မာနိုင်ငံသား လက်မှတ် ကိုင်ထားသူပဲ ဖြစ်ဖြစ်ပေါ့၊ ကိုယ့်နိုင်ငံကို ပြန်လာရင် လွတ်လပ်စွာ နေထိုင်နိုင်ခွင့်၊ သွားလာလှုပ်ရှားခွင့်တွေ ရအောင် တောင်းဆိုရတာပါ” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေ က ဧရာဝတီကို ပြောသည်။

ထို့အတူ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ပေးရေး ကိစ္စများ ကိုပါ ကြေညာချက်၌ တောင်းဆိုထားသည်။

အစိုးရသစ်သည် မတ်လအတွင်း တရားဝင် အာဏာလွှဲပြောင်း ယူတော့မည်ဖြစ်သောကြောင့် အစိုးရသစ်၏ လုပ်ထုံး လုပ်နည်းအတိုင်း လွတ်ငြိမ်းချမ်းသာခွင့် ပေးလေ့ရှိရာ ထိုလွတ်ငြိမ်းချမ်းသာခွင့် များထဲတွင် နိုင်ငံရေး အကျဉ်းသားများနှင့် ပြည်ပရောက် မြန်မာ နိုင်ငံသားများ ပါဝင်နိုင်စေရန် တောင်းဆိုခြင်းဖြစ်ကြောင်း ဦးသုဝေက ပြောသည်။

“အစိုးရသစ် အနေနဲ့ ဒီလိုမျိုး လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုရင် သူ့တို့အတွက် အများကြီး ဂုဏ်တက်စေမှာ ဖြစ်သလို၊ နိုင်ငံတကာ မျက်နှာစာမှာလည်းပဲ အမြင်ကောင်းစေတဲ့ အစိုးရသစ်ဖြစ်မယ် ဆိုတာတွေကို ကြေညာချက်ထဲမှာ ဖော်ပြ ထားပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ဦးနေ၀င်း အစိုးရသည် ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းခဲ့ပြီး ၁၉၆၃ နှစ်တွင် ပြည်ပရောက် အတိုက်အခံ နိုင်ငံရေးပါတီများ၊ လူပုဂ္ဂိုလ်များနှင့် ဆွေးနွေး၍ လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့သည်။

၁၉၈၀ ပြည့်နှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေထုတ်ပြန်၍ ပြည်ပရောက် နိုင်ငံရေးအတိုက်အခံများ၊ သေဒဏ်ချမှတ် ခံထားရသော နိုင်ငံရေး အတိုက်အခံ အင်အားစုများ၊ နိုင်ငံရေး အကျဉ်းသားများကိုလွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့သည်ဟု ဦးသုဝေက ရှင်းပြသည်။

“၁၉၈၀ တုန်းကဆိုရင် ၀န်ကြီးချုပ်ဟောင်း ဦးနုတို့လို ပုဂ္ဂိုလ်မျိုးတွေ၊ တသက်တကျွန်းကျခံ နေရသူတွေ၊ သေဒဏ် ပေးခံထားရသူတွေ ထဲက ဆိုရင်လည်း သခင်စိုးနဲ့ တခြား သူတွေကိုပါ လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့တာမျိုးတွေ ရှိခဲ့တယ်။ အခုလည်း အဲဒီလို ဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

၎င်းကိုယ်တိုင် အတိုက်အခံ ဖြစ်ခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သောကြောင့် ပြည်တော်ပြန်ခဲ့ရကြောင်းလည်း ဦးသုဝေက ဆိုသည်။

ပြည်ပနိုင်ငံသား အဖြစ် ခံယူထားသူများကိုလည်း မိမိနိုင်ငံသား အဖြစ်ပြန်လည် ခံယူလိုပါက လွတ်လပ်စွာ လုပ်ဆောင် ပေးနိုင်ရန်အတွက် ကြေညာချက်၌ ရေးသားထားကြောင်း၊ ၎င်း၏ ဇနီးသည်လည်း ထိုင်းနိုင်ငံတွင် နေထိုင်နေသည့် နိုင်ငံမဲ့သူ အဖြစ်မှ မြန်မာနိုင်ငံသား အဖြစ် ပြန်လည် ခံယူထားသူ ဖြစ်ကြောင်း ဦးသုဝေက ဆိုသည်။

ကြေညာချက် ထုတ်ခဲ့သည့် အတိုက်အခံ နိုင်ငံရေး ပါတီ ၁၁ ခုတွင် ဒီမိုကရက်တစ်ပါတီ ( မြန်မာ)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေပါတီ(ဒီငြိမ်း)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ခေါ် ကျားဖြူပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)၊ ချင်းအမျိုးသားပါတီ၊ ချင်းတိုးတက်ရေး ပါတီ၊ ကရင် တိုင်းရင်းသားများပါတီ စသည်ဖြင့် ရွေးကောက်ပွဲ ၀င်ခဲ့ကြသော နိုင်ငံရေးပါတီများ ပါဝင်သည်။

ပြည်ပရောက် အတိုက်အခံ နိုင်ငံရေးအင်အားစု များကမူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်ပေါက်လာသော အစိုးရသည် စစ်တပ် လွှမ်းမိုးထားသော ယခင်အစိုးရသာ ဖြစ်၍ ထူးခြားသော အပြောင်းအလဲများ ဖြစ်မလာနိုင်သေးကြောင်း၊ ၎င်းတို့၏ လုပ်ရပ်များကို စောင့်ကြည့်ပြီးမှသာ မိမိနိုင်ငံသို့ ပြန်ကြမည်ဖြစ်ကြောင်း ပြောဆိုသည်။

ပြည်ပနိုင်ငံအသီးသီး၌ နိုင်ငံရေး အတိုက်အခံအင်အားစုများ၊ တရားဝင်နေထိုင်သူများ၊ တရားမ၀င်နေထိုင်သူများ စုစုပေါင်း ၄ သန်းကျော်ရှိ၍ မြန်မာနိုင်ငံ၏ လက်ရှိ လူဦးရေနှင့် အချိုးချပါက ၁၅ ဦးလျှင် တဦးသည် ပြည်ပ၌ ရောက်ရှိနေသောကြောင့် မြန်မာနိုင်ငံ၏ လူသားအရင်းအမြစ် ဆုံးရှုံးမှု ကြီးမားသည်ဟု ဦးသုဝေ ကထောက်ပြသည်။

ပြည်ပရှိ အဖွဲ့အစည်း တခုသည်လည်း ပြည်တွင်းသို့ ၀င်ရောက်၍ လွတ်လပ်စွာ နေထိုင်လိုကြောင်း အဆိုပြုလွှာ တစောင်ကို အစိုးရထံ တင်ပြထားသည်ဆိုသည့် သတင်းများထွက်ပေါ်နေသည်။

ကြံ့ဖွံ့အင်အားစုဆောင်းမှု ဥပဒေနှင့် ဆန့်ကျင်နေ

ဧရာဝတီ Monday, 28 February 2011

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က အောက်ခြေ ရပ်ကွက်အဆင့် အင်အားတိုးချဲ့ ဖွဲ့စည်းမှုများကို ဖေဖော်ဝါရီ နှောင်းပိုင်းမှ စတင်နေပြီး အင်အားတိုးချဲ့ရာတွင် ဥပဒေနှင့် အညီ လုပ်ဆောင်ခြင်း မရှိကြောင်း သိရသည်။

ကြံ့ဖွံ့ပါတီက အောက်ခြေအဆင့် အင်အားတိုးချဲ့ရာတွင် အစိုးရ ၀န်ထမ်းများကိုလည်း ထည့်သွင်း ဖွဲ့စည်းလျက် ရှိသည်။

“အစိုးရ ၀န်ထမ်းတွေကိုပါ ကြံ့ခိုင်ရေးပါတီက ရပ်ကွက် အလုပ် အမှုဆောင် ရာထူးတွေ ခန့်တယ်။ ကျနော်တို့ ရပ်ကွက်မှာ ဆိုရင် အစိုးရ၀န်ထမ်း တဦးကို အရန် အလုပ်အမှုဆောင် အဖြစ် ခန့်တယ်။ အခန့်ခံရတဲ့ သူကလည်း အစိုးရ ၀န်ထမ်းမို့လို့ မလုပ်ချင်ဘူးလို့ မငြင်းဘူး။ ၀င်လုပ်တယ်” ဟု မရမ်းကုန်းမြို့နယ် ကြံ့ဖွံ့ ပါတီဝင်တဦးက ပြောသည်။

စစ်အစိုးရ ပြဋ္ဌာန်းထားသော ဥပဒေအရ နိုင်ငံရေး ပါတီဝင်များသည် နိုင်ငံ့ဝန်ထမ်း မဖြစ်ရန် လိုအပ်ရန် လိုအပ်ပြီး ပြဋ္ဌာန်း ချက်နှင့် မကိုက်ညီလျှင် အဆိုပါ နိုင်ငံရေးပါတီကို ဖျက်သိမ်း နိုင်ကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၀ (ဃ)၊ ပုဒ်မ ၁၂၊ ပုဒ်မ ၁၃ တို့တွင် တရားဝင် ပြဋ္ဌာန်းထားသည်။

ကြံ့ဖွံ့ပါတီသည် အစိုးရ ဝန်ထမ်းများ၊ တက္ကသိုလ် ကျောင်းသားများ၊ ရယက အဖွဲ့ဝင် များသာမက လောင်းကစားဒိုင်များ၊ မှောင်ခိုနှင့် တရားမ၀င် စီးပွားရေး လုပ်သူများကိုပါ ၎င်းပါတီ၏ အမာခံ အင်အားစုအဖြစ် စုဆောင်းလျက်ရှိသည်။

ရပ်ကွက်တခုလျှင် ကြံ့ဖွံ့ပါတီ အမြဲတမ်း အလုပ်အမှုဆောင် ၅ ဦး၊ အရန် အလုပ်အမှုဆောင် ၁၀ ဦး၊ စုစုပေါင်း အလုပ် အမှုဆောင် ၁၅ ဦးဖြင့် တိုးချဲ့ဖွဲ့စည်းလိုက်ပြီး ရပ်ကွက်လမ်း တလမ်းတွင် အနည်းဆုံး ကြံ့ဖွံ့ပါတီကို ထောက်ခံ အားပေးသည့် အမာခံ ဦးဆောင်လှုပ်ရှားသူ တဦး ထားရှိကြောင်း မြို့နယ် ကြံ့ဖွံ့ပါတီ ဥက္ကဋ္ဌတဦးက ပြောသည်။

“အထက်က ညွှန်ကြားချက်နဲ့အညီ အခြေခံအကျဆုံး ရပ်ကွက်အဆင့် ပါတီဖွဲ့စည်းပုံတွေ ပြင်နေပြီ။ အရင်က ရွေးကောက်ပွဲ ရှိတော့ ပါတီမှာ စနစ်တကျ ဖွဲ့စည်းတာမျိုးမရှိဘဲ နားလည်မှုနဲ့ လုပ်ခဲ့ကြတာ။ အခုက သေသေချာချာ စနစ်ကျအောင် ပြန်လုပ်တာပါ။ ရပ်ကွက်ပါတီ အမာခံတွေက ရယက ဥက္ကဋ္ဌ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး ရာထူးတွေကိုပါ ပူးတွဲတာဝန် ထမ်းဆောင် ရမှာပါ” ဟု ၎င်းက ဆိုသည်။

ဘောလုံးပွဲဒိုင်ကိုင်သူများ၊ နှစ်လုံးထီရောင်းချသူများ၊ အနှိပ်ခန်းနှင့် KTV ဖွင့်လှစ်ထားသူများ၊ တည်းခိုခန်းနှင့် အရက်ဆိုင် ဖွင့်လှစ်ထားသူများလည်း ကြံ့ဖွံ့ပါတီ၏ ရပ်ကွက်၊ မြို့နယ် အလုပ် အမှုဆောင်များ စာရင်းတွင် ပါဝင်နေသည်။

“လက်ရှိမှာ ကြံ့ခိုင်ရေးကို ရဲက ကြောက်နေရတယ်။ ဥပဒေနဲ့ မလွတ်ကင်းတဲ့သူတွေ၊ မှောင်ခို စီးပွားရေး လုပ်စားတဲ့သူတွေပါ ကြံ့ခိုင်ရေးထဲ ၀င်တယ်။ ပါတီကလည်း သိပ်ပြီး စိစစ်တာမျိုးမရှိဘူး။ အင်အားရ ပြီးရောဆိုပြီး အကုန်လုံးကို ပါတီဝင်၊ ပါတီအမာခံ လုပ်နေတယ်” ဟု တောင်ဥက္ကလာပ ဒေသခံတဦးက ရှင်းပြသည်။

အောက်ခြေအဆင့် ပါတီဝင်များ တိုးချဲ့ စုဆောင်းရာတွင် ရာထူးနေရာ အသစ်များကိုပါ တီထွင် သုံးစွဲ မက်လုံးပေးပြီး တက္ကသိုလ် ကျောင်းသားများကို ဦးစားပေးစနစ်နှင့် ပါတီဝင်အဖြစ် သိမ်းသွင်းမှုများလည်း ရှိကြောင်း သိရသည်။

“ဆယ်စုမှူး၊ ရာစုမှူး၊ ထောင်စုမှူး၊ သောင်းစုမှူးဆိုတဲ့ စည်းရုံးရေးပေါ် မူတည်ပြီးပေးတဲ့ ရာထူး အခေါ်အဝေါ်တွေ ရှိလာတယ်။ ရပ်ကွက် အဆင့်ကနေ မြို့နယ် အလုပ်အမှုဆောင်၊ ဥက္ကဋ္ဌ၊ ခရိုင်၊ တိုင်း၊ ဗဟို အဆင့်ဆင့် တက်လှမ်းနိုင်တဲ့ အခွင့်အလမ်း ရှိတယ်။ လွှတ်တော်အမတ်လောင်းအဖြစ် ၀င်ပြိုင်နိုင်တဲ့ အခွင့်အရေးလည်း ရှိတယ်” ဟု ရပ်ကွက် ကြံ့ဖွံ့ စည်းရုံးရေးမှူး တဦးက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီအတွက် ရပ်ကွက်အဆင့် စည်းရုံးလှုပ်ရှား ခဲ့သူများကို မြို့နယ် အလုပ်အမှုဆောင် များအဖြစ် ရာထူးတိုးပေးခဲ့ပြီး လုပ်ပိုင်ခွင့်နှင့် အာဏာမှာလည်း မယက အဖွဲ့ဝင်များထက်ပင် အရှိန်အ၀ါ ပိုကြီးနေကြောင်း သိရသည်။

ကြံ့ဖွံ့ပါတီ၏ အာဏာ ကြီးထွားလာမှုသည် ဥပဒေစိုးမိုးရေး၊ အစိုးရ အုပ်ချုပ်ရေးယန္တရားကို အနှောင့်အယှက်ကြီး တခု ဖြစ်လာမည်ဆိုသည့် ပြောဆိုမှုများလည်း ရှိသည်။

“ဒီပါတီကို အကာအကွယ်ယူပြီး အနိုင်ကျင့် ဗိုလ်ကျတာတွေ ရှိလာမယ်။ အစိုးရအုပ်ချုပ်ရေး အာဏာပိုင်တွေက ဒီပါတီထဲက ထွက်လာတဲ့သူတွေ ဖြစ်နေတော့ အစိုးရ၀န်ထမ်းတွေက မှန်မှန်ကန်ကန် ကိုင်တွယ်ဖို့ မ၀ံ့မရဲဖြစ်မယ်။ နောင်ဆိုရင် စစ်တပ်နဲ့ ကြံ့ခိုင်ရေး ထိပ်တိုက် တွေ့တာမျိုးတွေ ဖြစ်လာနိုင်တယ်” ဟု သတင်းစာဆရာ တဦးက ဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အပါအ၀င် အစိုးရအကြီးအကဲ ရာထူးထမ်းဆောင် ကြမည့်သူ အများစုသည် ကြံ့ဖွံ့ပါတီကို ကိုယ်စားပြု ရွေးကောက်ပွဲဝင်ခဲ့ကြသော စစ်ဗိုလ်ချုပ်ဟောင်းများ ဖြစ်ကြသည်။

ကရင် ၈၄,၀၀၀ ထိုးစစ်ရပ်ရေးတောင်းဆို

ကိုဝိုင်း | တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၂၈ ရက် ၂၀၁၁

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး မစ္စတာဘန်ကီမွန်းမှ ကရင်ပြည်နယ်အတွင်း စစ်အစိုးရ၏ထိုးစစ်များနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်စဲရေး ထိရောက်သည့် အရေးယူဆောင်ရွက်မှု ပြုလုပ်ပေးရန် ကရင်လူထု ၈၄,ဝဝဝ ဦးက လက်မှတ်ရေးထိုး တောင်းဆိုလိုက်သည်။


ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှ ဦးဆောင်ပြီး ဥရောပ၊ အာရှနှင့် အမေရိကတိုက်တို့မှ နိုင်ငံပေါင်း ၁၆ နိုင်ငံရှိ ကရင်လူမှုအဖွဲ့အစည်း ၃၁ ခု ပူးပေါင်းဆောင်ရွက်ထားသည့် တောင်းဆိုမှုကို မစ္စတာဘန်ကီမွန်းနှင့် ဗြိတိန်ဝန်ကြီးချုပ် မစ္စတာဒေးဗစ်ကင်မရွမ်း၊ သြစတြေးလျဝန်ကြီးချုပ် မစ္စဂျူလီယာ ဂေးလဒ်တို့ အပါအဝင် နိုင်ငံ ၈ နိုင်ငံမှ ခေါင်းဆောင်များထံ ယနေ့ ပေးပို့မည်ဟု ကေအန်ယူက ထုတ်ပြန်သည်။

ယခု ထုတ်ပြန်မှုသည် စစ်အစိုးရ၏ ထိုးစစ်ဒဏ်သင့်သူ ကရင်လူထုမှ ကုလအဖွဲ့အစည်းသို့ ပထမဆုံးအကြိမ်အဖြစ် လက်မှတ်ထိုးတောင်းဆိုမှုဖြစ်ပြီး လက်မှတ်ရေးထိုးသူများမှာ အသက် ၁၆ နှစ် မှ ၁ဝ၃ နှစ်အရွယ်ထိ ဖြစ်ကြသည်ဟုလည်း ဆိုသည်။

ကေအန်ယူ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က “ဘန်ကီမွန်းအနေနဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်ကို သုံးပြီး စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်သွားဖို့ ဖိအားပေးစေချင်ပါတယ်။ နိုင်ငံ အနှံ့အပစ်ရပ်စေဖို့၊ တိုင်းရင်းသားတန်းတူရေးနဲ့ လူ့အခွင့်အရေးကို အာမခံနိုင်တဲ့ ဖက်ဒရယ် နိုင်ငံ ပေါ်လာစေဖို့ အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးရေးတွေ ပေါ်လာဖို့ အရေးယူဆောင်ရွက်စေချင်ပါတယ်” ဟု ပြောသည်။

လွန်ခဲ့သည့် ၁၅ နှစ်အတွင်း ကရင်ပြည်နယ်တွင် ကျေးရွာပေါင်း ၃,၆ဝဝ ကျော် ဖျက်ဆီးခံခဲ့ရပြီး၊ ၂ဝ၁ဝ နိုဝင်ဘာ ရွေးကောက်ပွဲ နီးကပ်နေသည့် ကာလ၌ပင် စစ်အစိုးရတပ်များမှ ကရင်အရပ်သား ၁၈ ဦးကို သတ်ခဲ့ပြီး ၃၈ ဦးကို ရိုက်နှက်ခဲ့သည်ဟု ကေအန်ယူက ဆိုသည်။

ထို့ပြင် ၅၂ ဦးကို အကြောင်းမဲ့ဖမ်းဆီးခြင်း၊ လူပေါင်း ၂,၃ဝဝ ကျော်ကို အဓမ္မခိုင်းစေခြင်း၊ လူနေအိမ် စာသင်ကျောင်းနှင့် ဘုရားရှိခိုးကျောင်းအပါအဝင် အဆောက်အဦး ၁၉၈ လုံးကို ဖျက်ဆီးခြင်းတို့ကို စစ်အစိုးရတပ်များက ကျူးလွန်ခဲ့ပြီး တိုက်ပွဲများကြောင့် ကျေးရွာသား ၃,ဝဝဝ ကျော် တော တောင်များထဲတွင် ပုန်းအောင်းနေကြရသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

၂ဝ၁ဝ ခုနှစ်အတွင်း ကေအန်ယူ၏ လက်နက်ကိုင်တပ်ဖွဲ့ ကေအန်အယ်အေနှင့် နအဖ စစ်တပ်များ အကြား သထုံခရိုင်၊ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ မြိတ်-ထားဝယ်ခရိုင်၊ ဖါပွန်ခရိုင်၊ ကော့ကရိတ်နှင့် ဘားအံခရိုင်တို့တွင် တိုက်ပွဲပေါင်း ၁,ဝဝဝ ကျော်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၁၉၄၇ ခု ဖေဖော်ဝါရီ ၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည့် ကရင်အမျိုးသား အစည်းအရုံး-ကေအန်ယူ သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ဖြင့် တော်လှန်နေသည်မှာ ၆၂ နှစ်ကျော်ပြီ ဖြစ်သည်။

နိုင်ငံခြားသား စေတနာ့ဝန်ထမ်း ၂ ဦးကို ဖမ်းဆီးထား

လင်းသန့် Monday, 28 February 2011

စေတနာ့ ဝန်ထမ်းအဖြစ် ကူညီနေသော နိုင်ငံခြားသား ၂ ဦးကို ပြီးခဲ့သည့် သီတင်းပတ် အတွင်းက စစ်အစိုးရမှ ရန်ကုန်မြို့တွင် ဖမ်းဆီးခဲ့ပြီး ပြန်လွှတ်ပေးသေးခြင်း မရှိကြောင်း သိရသည်။

အဆိုပါ နိုင်ငံခြားသား ၂ ဦးသည် ဒေါက်တာ စိုင်းဆမ်ထွန်း၏ အလွတ်ပညာသင် ကျောင်းတွင် စေတနာ့ဝန်ထမ်း အဖြစ် ကူညီနေသူများ ဖြစ်ကြောင်း၊ ဖမ်းဆီးခံရသည်မှာ မှန်ကန်ကြောင်းနှင့် မည်သည့် နိုင်ငံသားလက်မှတ် ကိုင်ဆောင် ထားသည်ကို စုံစမ်းနေဆဲ ဖြစ်ကြောင်း ပြည်တွင်းမှ စာနယ်ဇင်းသမားတဦးက ပြောသည်။

အဆိုပါ စာနယ်ဇင်းသမားက “အရင်က နိုင်ငံခြားသားကို ဖမ်းပြီးရင် လေဆိပ်ကနေ ပြန်တင်ပို့ပေးလိုက်တာချည်းပဲ။ အခုဟာက နည်းနည်းကြာနေပြီး ဘာမှ အသေးစိတ်ကို သိခွင့်မရအောင် သတင်းလိုက်လို့ကိုမရတာ” ဟု ပြောသည်။

နိုင်ငံခြားသားများကို CIA (အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ) နှင့် ပတ်သက်သည်ဟု သံသယရှိသဖြင့် ယခင် ရက်သတ္တပတ်ကတည်းက ရန်ကုန်မြို့တွင် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။

ဒေါက်တာ စိုင်းဆမ်ထွန်းသည် Alpine ရေသန့်လုပ်ငန်း ပိုင်ရှင်ဖြစ်ပြီး ရတနာပုံ ဘောလုံးအသင်း ပိုင်ရှင်တဦးလည်းဖြစ်ကြောင်း၊ ပညာရေးဝန်ဆောင်မှု ပေးနိုင်ရန်အတွက် ကျောင်းတည်ထောင်ကာ နိုင်ငံတကာမှ စေတနာဝန်ထမ်းများကည်း ထိုကျောင်းတွင် အင်္ဂလိပ်စာအပါအ၀င်၊ နိုင်ငံတကာ ဗဟုသုတများကို ပို့ချသင်ကြားပေးကြောင်း သိရသည်။

မြန်မာစစ်အစိုးရသည် မသင်္ကာသူ နိုင်ငံခြားသားများကို ဖမ်းဆီးမှုများ မကြာခဏ ပြုလုပ်လေ့ရှိပြီး စစ်ဆေးမေးမြန်းပြီးပါက ပြည်နှင်ဒဏ်ပေးလေ့ရှိကြောင်း လေ့လာသူများက ပြောသည်။

၂၀၀၉ ခုနှစ် မေလက ရန်ကုန်အမေရိကန် စင်တာ အစီအစဉ်ဖြင့် မန္တလေးတွင် သင်တန်းပေးလျက်ရှိသော ဓာတ်ပုံ သတင်းထောက် ဂျယ်ရီ ရက်ဖန်း (Jerry Redfern) နှင့် ဇနီး ဖြစ်သူ စာရေးဆရာမ ကာရင်ကုတ်စ် (Karen Coates) တို့ ၂ ဦးကို ပြည်နှင်ဒဏ်ပေးခဲ့ပြီး အဆိုပါနှစ် ဒီဇင်ဘာလတွင် ရန်ကုန်မြို့ အမေရိကန် စင်တာ၌ အင်္ဂလိပ်စာ သင်ကြားပေးနေသော မစ္စ ခရစ္စတီးနား (Christina) ကိုလည်း ပြည်နှင်ဒဏ် ပေးခဲ့ဖူးသည်။

အင်းစိန်ဗုံး ၈ ဦး ဒဏ်ရာရ

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၂၈ ရက် ၂၀၁၁

ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်၌ ဗုံးပေါက်ကွဲမှုတခု တနင်္ဂနွေနေ့ ညတွင် ဖြစ်ပွားခဲ့ရာ ကလေး ၂ ဦး အပါအဝင် ၈ ဦး ဒဏ်ရာရရှိကြောင်း ရဲအရာရှိတဦးက ပြောသည်။

ကမ်းနားအလယ်ရပ်ကွက် အောင်ဇေယျ အိမ်ယာဝင်းရှိ ကွမ်းယာဆိုင်တဆိုင်ရှေ့တွင် ည ၇ နာရီကျော်၌ ပေါက်ကွဲခြင်းဖြစ်ပြီး၊ ဒဏ်ရာရသူများတွင် ၃ နှစ်အရွယ် မငြိမ်းငြိမ်းထွန်းနှင့် ၁၃ နှစ်အရွယ် မောင်ဇော်မင်းထိုက် ပါဝင်သည်။

ကျန်ဒဏ်ရာရသူများမှာ ကိုဇော်မင်းထွန်း၊ မကေသီမျိုးကျော်၊ မဝင်းပပကျော်၊ မောင်တင့်လွင်ဦး၊ မောင်ထွန်းထွန်း၊ မသင်းသင်းတို့ဖြစ်ပြီး အင်းစိန်မြို့နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည်။

ဗုံးသယ်ဆောင်လာသူဟု ရဲက စွပ်စွဲထားသူမှာ အသက် ၂၆ နှစ်အရွယ် ကိုဇော်မင်းထွန်းဖြစ်ပြီး ကွမ်းယာဝယ်နေစဉ် ပေါက်ကွဲခဲ့ကြောင်းနှင့် မပေါက်ကွဲသေးသော ဗုံးတလုံးကိုလည်း ထပ်မံ တွေ့ရှိရကြောင်း ရဲက ပြောသည်။

ကိုဇော်မင်းထွန်းမှာ ပြင်းထန်စွာ ဒဏ်ရာရသဖြင့် စိုးရိမ်ဖွယ်အနေအထားဖြစ်ကြောင်း အင်းစိန်မြို့နယ်ဆေးရုံမှ ဆရာဝန်တဦးက ပြောသည်။


နတ်မြစ်အတွင်း မြန်မာဘက်မှ ကုန်သည်တဦး ရေနစ်သေဆုံး

မောင်အေး(နိရဉ္စရာ)

မြန်မာဘက်မှ ဘင်္ဂလာဒေ့ခ်ျနိုင်ငံသို့ ဆန်တင်ပို့ရန်ရောက်ရှိနေသည့် ကုန်သည်တဦး နတ်မြစ်အတွင်း ရေနစ်သေဆုံးသွားကြောင်း သိရှိရသည်။

အဆိုပါ ရေနစ်သေဆုံးသူမှာ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဖဒူကျေးရွာမှ ဦးထွန်းလှအောင်သား မောင်သိန်းရွှေ (၃၀)နှစ်ဖြစ်ပြီး လွန်ခဲ့သည့် စနေနေ့ နေ့လည် ၁၂ နာရီခန့်တွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။ “သူက ခေါင်းမူးရောဂါရှိတယ်။ အယင်လည်းမကြာခဏဖြစ်တယ်လို့သိရတယ်။ အခုတော့ ဖြစ်တာ နဲ့ ရေထဲကျသွားတော့ ဆုံးသွားပါတယ်။ တက်နက်မှာဘဲ အနေ့က သင်္ဂြိုလ်ပါတယ်။”ဟု သူနှင့် ဆက်စပ် လုပ်ကိုင်နေသူ တက်ကနက်မြို့ခံ တဦးကပြောသည်။

မောင်သိန်းရွှေမှာ စက်လှေတွင်ပါသည့် ဆန်အိပ်များကိုချပြီး ထိုင်နေစဉ်ရုတ်တရက် ရေထဲသို့ လိမ့်ကျ သေဆုံးသွားခြင်း ဖြစ်သည်။

မောင်သိန်းရွှေအလောင်း ရေထဲမျောနေသည်ကို ၀ါးတင်ပို့ရန်လာသည့် စက်လှေတစီးမှတွေ့၍ ရဲကို အကြောင်းပြီး ဆယ်ယူကာ တက်ကနက်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ယခုကဲ့သို့ မောင်သိန်းရွှေသေဆုံးရခြင်းမှာ ငွေကြေးကိစ္စနှင့်လည်း ပတ်သတ်နိုင်ကြောင်း ဒေသ အတွင်း သတင်းများ ထွက်ပေါ်နေသည်။

အင်းစိန်ဗုံးကွဲမှု ၅ ဦးထက်မနည်း ဒဏ်ရာရ

ဧရာဝတီ Monday, 28 February 2011

အင်းစိန်မြို့နယ်၊ ကမ်းနားလမ်း၊ အောင်ဇေယျ အိမ်ရာရှေ့ရှိ ကွမ်းယာဆိုင် တဆိုင်တွင် ယမန်နေ့ည ၇ နာရီကျော်က ဖြစ်ပွားသော ဗုံးပေါက်ကွဲမှုကြောင့် လူ ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

ဗုံးခွဲသူသည် ကွမ်းယာဆိုင်တွင် ကွမ်းဝယ်ယူရင်း ဗုံးပေါက်ကွဲခဲ့ ခြင်းဖြစ်ကြောင်း၊ ထိုပေါက်ကွဲမှုကြောင့် ဗုံးခွဲသူသည် ခြေထောက်ပြတ်ပြီး ဒဏ်ရာအပြင်းအထန် ရရှိသွားပြီး ဗုံးခွဲသူနှင့်အတူရှိနေသည့် ဆယ်ကျော်သက်အရွယ် ကလေးငယ် တဦးမှာလည်း ဒဏ်ရာပြင်းထန်ကြောင်း၊ သေဆုံးသူမရှိသော်လည်း ဒဏ်ရာ ပြင်းထန်သူများမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အနေအထားတွင်ရှိကြောင်း သိရှိရသည်။

အင်းစိန်ဒေသခံများ၏ အဆိုအရ ယမန်နေ့ညက ပေါက်ကွဲမှုဖြစ်သွားသော နေရာသည် လူစည်ကားသော နေရာ မဟုတ်ခြင်းကြောင့် ဒဏ်ရာရသူ နည်းပါးခြင်းဖြစ်ကြောင်း၊ ပေါက်ကွဲမှု အသံ အလွန်ကျယ်လောင်ကြောင်း သိရသည်။

“ဗုံးပေါက်တဲ့ အသံက ပြင်းတယ်၊ ကျယ်တယ်။ အဲဒီနေရာက လူသိပ်မစည်လို့ လူစည်တဲ့နေရာ ဆိုရင် လူတွေအများကြီး ထိခိုက်နိုင်တယ်” ဟု ဒေသခံတဦးက ရှင်းပြသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပြီးနောက် ညဦးပိုင်း အချိန်များတွင် ရန်ကုန်မြို့၏ ကားလမ်းမကြီးများကို ပိတ်ပင်ပြီး စစ်တပ်၊ ရဲ၊ မီးသတ်၊ ကြံ့ခိုင်ရေးများ ပါဝင်သော ပူးပေါင်းအဖွဲ့များက လုံခြုံရေးအရ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး တချို့မြို့နယ်များတွင် ရှောင်တခင် ဧည့်စာရင်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်။

ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ကွင်းဆက်များကို ဖော်ထုတ်နိုင်ပြီဖြစ်ပြီး ချိတ်ဆက်နေသော ဖောက်ခွဲရေးသမားများကို အပူတပြင်းလိုက်လံ ရှာဖွေ ဖမ်းဆီးလျက်ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

“စစ်ဆေးမှုတွေလုပ်နေပါပြီ။ လတ်တလော စစ်ဆေးမှုတွေအရတော့ ဒီဖောက်ခွဲမှုနဲ့ ဆက်စပ်တဲ့ ကွင်းဆက် တရားခံတွေကို အပူတပြင်း လိုက်လံရှာဖွေနေပါတယ်။ ဖောက်ခွဲရေးသမားတွေကို ပြည်ပ ပြည်ပြေးအဖွဲ့တွေက စေလွှတ်တာပါ” ဟု အမည် မဖော်လိုသော ရဲအရာရှိ တဦးက ပြောသည်။

ယမန်နှစ် သင်္ကြန်အကြတ်နေ့က ကန်တော်ကြီးပတ်လမ်းရှိ X2O မဏ္ဍပ်တွင် ဗုံး ၃ လုံး ပေါက်ကွဲခဲ့ရာ အခင်းဖြစ်ပွားရာနှင့် ဖြစ်ပွားပြီးနောက် စုစုပေါင်း ၁၀ ဦး သေဆုံးပြီး ၁၇၀ ဒဏ်ရာ ရကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

ရန်ကုန် သင်္ကြန် ဗုံးပေါက်ကွဲပြီး တရက်ခြားတွင် ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ်ရှိ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းတွင် ဗုံး ၁၀ လုံးကျော် ပေါက်ကွဲခဲ့သည်။

၂၀၁၀ အတွင်း နိုင်ငံအနှံ့ ရှစ်နေရာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပြီး သေဆုံးသူ ၁ ဒါဇင်ကျော်နှင့် ဒဏ်ရာရသူ ၁၉၀ နီးပါး ရှိကြောင်း သိရသည်။

စစ်အစိုးရသည် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပါက ပြည်ပအခြေစိုက် အစိုးရဆန့်ကျင်သော အဖွဲ့အစည်းများက ဆောင်ရွက်သည်ဟု ပြောဆိုစွပ်စွဲ လေ့ရှိသည်။

အမှန်တရားအတွက် ဆိတ်ဆိတ် မနေနိုင်

အောင်ဇော်

ကိုယ့်တိုင်းပြည် တဖြည်းဖြည်း ဇီဝိန်ချုပ်နေတာကို ကြည့်နေရတာ ကြေကွဲစရာ ကောင်းပါတယ်။ မြန်မာပြည်မှာ ဒီကနေ့ ဖြစ်နေတာတွေကို ကြည့်ရတာ မြန်မာနိုင်ငံသား သန်းပေါင်း များစွာသော တခြားလူတွေအတိုင်း ကျနော့်မှာ စိတ်ပျက်အားလျော့လိုက်၊ အော့နှလုံး နာလိုက်၊ ဒေါသထွက်လိုက်ပေါ့။ အခြေအနေတွေကတော့ ၁၉၈၈ စစ်တပ် အာဏာသိမ်းတုန်း ကတည်းက ကျခဲ့တဲ့သွေးတွေ မတိတ်သေးဘူးလို့ပဲ ဆိုရမယ်။

မြန်မာပြည်မှာ အနှစ်၂၀ ကျော်အတွင်း ပထမဆုံးအကြိမ်ကျင်းပတဲ့ မနှစ်ကရွေးကောက်ပွဲဆိုတာကလည်း ဒီ သွေးထွက်သံယိုမှု တွေကို လိမ်လည်မှုဆိုတဲ့ ပိတ်စိမ်းပါးနဲ့ပတ်ပြီး ရပ်တန့်အောင်ကြိုးပမ်းတဲ့ အားထုတ်မှုတခုပဲ ဖြစ်ပါတယ်။“ရွှေဝါရောင်တော်လှန်ရေး” လို့ အမည်တွင်တဲ့ သံဃာတော်တွေ ဦးဆောင်တဲ့ လူထုဆန္ဒပြပွဲတွေကို ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွဲခဲ့ပြီး မကြာခင်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ အာဏာရ ဗိုလ်ချုပ်ကြီးတွေက ကြေညာခဲ့တာဟာ တိုက်ဆိုင်မှု လုံးဝ မဟုတ်ပါဘူး။ သွေးချင်းနီနေတဲ့ ခန္ဓာကိုယ်တွေရဲ့ မှတ်တမ်း ပုံရိပ်တွေကို ချေဖျက်ပစ်ဖို့ သူတို့ တခုခု လုပ်မှကို ရမှာလေ။

နိုင်ငံရပ်ခြားက လက်တဆုပ်စာ “မြန်မာ့အရေး ကျွမ်းကျင်သူတွေ” စစ်အစိုးရကို မျက်နှာလို မျက်နှာရ လုပ်နေသူတွေနဲ့ အခြေ အနေကို ဂဃနဏ မသိတဲ့ တလွဲ ဆံပင်ကောင်း လူသားချင်းဆိုင်ရာ အကူအညီပေးသူတွေက တမျိုးပြောနေပေမယ့် မြန်မာပြည် ဟာ အခုထိ အနှစ် ၂၀ ကျော် ဒဏ်ရာဒဏ်ချက်တွေက ပြန် နာလန် မထနိုင်သေးဘူး။ ဘက်လိုက်မှုမရှိတဲ့ ဘယ် မြန်မာပြည်သား မဆို နိုင်ငံဟာ လူမှုရေး၊ စီးပွားရေး ဆုတ်ယုတ်မှုတွေကြားမှာ ခက်ခက်ခဲခဲ ရုန်းကန်နေရဆဲပဲလို့ ပြောမှာပါ။ စစ်အစိုးရရဲ့“စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ခေတ်သစ်မှာ နောက်ထပ် နိုင်ငံရေး အကျပ်အတည်း ဒါမှမဟုတ်လည်း တိုင်းရင်းသား ပဋိပက္ခ အခြေခံ ပြည်တွင်းစစ် ကိုပဲ မျှော်လင့်လို့ ရမှာကိုး။

နာကျင်စရာတွေ ပြည့်နှက်နေတဲ့၊ သွေးထွက်လွန်နေတဲ့ မြန်မာပြည်ကို မျက်နှာလွှဲခဲပစ် ဥပေက္ခာပြုလိုက်ဖို့ ကျနော်တို့ နှလုံးသားနဲ့ ဦးနှောက်က ခွင့်မပြုခဲ့ဘူး။ ဖိစီးနှိပ်စက်မှု ဒါမှမဟုတ်လည်း ဆင်းရဲမွဲတေမှုတွေကနေ လွတ်မြောက်အောင် အိမ်နီးချင်း ထိုင်းနိုင်ငံဆီ တိမ်းရှောင်လာခဲ့ကြတဲ့ မြန်မာနိုင်ငံသား၂ သန်းလောက်ရဲ့မျက်ဝန်းတွေကလည်း ကျနော်တို့ကိုတုန်လှုပ်အောင် လှုပ်နှိုးနေခဲ့တယ်။

ကံကောင်းတာကတော့ ပြည်တွင်းနဲ့ ကမ္ဘာတဝန်းက မြန်မာပြည်သူ သန်းပေါင်းများစွာဟာ အခြေအနေဆိုးက ရုန်းထွက်နိုင်အောင် တွန်းလှန်နေကြတာပါပဲ။ မြန်မာပြည်ရဲ့ အသက်သွေးကြောဖြစ်တဲ့ မြစ်မကြီးနာမည်ကို ယူထားတဲ့ ဧရာဝတီ သတင်းဌာနရဲ့ အယ်ဒီတာ အနေနဲ့ ကျနော်လည်း ကျနော့်နည်း ကျနော့်ဟန် တွန်းလှန်နေခဲ့ပါတယ်။ ပြည်ပရောက် အခြား စာနယ်ဇင်းသမားတွေ နဲ့ ပူးပေါင်းပြီး စစ်အစိုးရရဲ့ မုသာဝါဒ လှိုင်းတွေကို တားဆီး တွန်းလှန်ရင်း အမှန်တရား သတင်းမြစ်ကြီးကို စီးဆင်းစေခဲ့တယ်။

စာနယ်ဇင်းသမားတွေအနေနဲ့ အမှန်တရားကို ပြောရမယ်ဆိုတာကို ယုံကြည်တဲ့အတွက်နဲ့ သတင်းရင်းမြစ် အသီးသီးက ရလာတဲ့ အချက်အလက် ပုံစံအမျိုးမျိုးကို တင်ပြရတဲ့အတွက် ဘယ်လိုမှ နောင်တမရခဲ့ဘူး။ နိုင်ငံရေးအရလည်း ဘယ်သူ့ဘက်ကိုမှ ကျနော် တို့ ဘက်လိုက်ပြီး မရပ်တည်ခဲ့ဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အားနည်းချက်တွေကို ကျနော်တို့ ရှာဖွေ ထောက်ပြခဲ့သလို စစ်အစိုးရနဲ့ အခြား အရေးပါတဲ့ အဖွဲ့အစည်းအသီးသီးနဲ့ လူပုဂ္ဂိုလ်တွေရဲ့ အမှားအယွင်းတွေကိုလည်း ကျနော်တို့ ရှာဖွေဖော်ပြခဲ့တယ်။ ဒါပေမယ့် အမှန်တရားကို ရိုးရိုးသားသား ပြောဆိုရဲသူ သတ္တိရှင် သူရဲကောင်းတွေဘက်က ကျနော်တို့ အမြဲတမ်း ရပ်တည်ပြီး တင်ပြခဲ့တာဖြစ်ပါတယ်။

ဒါဟာ အမြဲတမ်း လွယ်ကူတဲ့ အရာတော့ မဟုတ်ပါဘူး။ ၁၉၉၃ ခုနှစ် ဧရာဝတီ စတင် တည်ထောင်စဉ်ကတည်းက ပုံမှန်ထွက်ရှိခဲ့တဲ့ ပုံနှိပ်မဂ္ဂဇင်းကို အဆုံးသတ်ဖို့ မကြာသေးခင်ကပဲ ကျနော်တို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချခဲ့ရတယ်။ အကန့်အသတ်ရှိတဲ့ လူအင်အားနဲ့ ငွေကြေး အရင်းအမြစ်တွေကို အကောင်းဆုံး အသုံးပြုပြီး ပိုမိုကျယ်ပြန့်တဲ့ ပရိသတ်ဆီ ရောက်အောင် ကြိုးစားမယ် ဆိုတဲ့စိတ်ကတော့ မြင့်မြင့်မားမား ရှိနေဆဲပါ။ လောလောဆယ်မှာလည်း မြန်မာ၊ အင်္ဂလိပ် ဝက်ဘ်ဆိုဒ်တွေနဲ့ ဘလော့အပြင် နော်ဝေးနိုင်ငံ အော်စလို အခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံအတွက် ရုပ်မြင်သံကြားအစီအစဉ်တွေနဲ့ ဝါရှင်တန် အခြေစိုက် လွတ်လပ် သော အာရှ အသံအတွက် ရေဒီယို အစီအစဉ်တခုကိုလည်း ကျနော်တို့ စီစဉ်ထုတ်လုပ်နေပါတယ်။

အဲဒီ ကြိုးပမ်းအားထုတ်မှုတွေအားလုံးအတွက် နိုင်ငံတကာအလှူရှင်တွေရဲ့ အထောက်အပံ့ကို အမှီသဟဲ ပြုရပါတယ်။ ဒါ့ကြောင့် လည်း ဘဏ္ဍာရေးအခြေအနေဟာ အမြဲတမ်း အနိမ့်အမြင့်နဲ့ ကြုံတွေ့နေခဲ့ရတယ်။ ဒါပေမယ့် အခက်အခဲတွေကြားကပဲ ကျနော်တို့ ရှင်သန် ကြီးထွားနိုင်ခဲ့တယ်။ ဧရာဝတီဟာ ၁၉၉၃ စတင်တည် ထောင်ချိန်မှာ သတင်းထောက် ၂ ယောက်၊ ၃ ယောက်နဲ့ ငွေကြေး အထောက်အပံ့ အမေရိကန်ဒေါ်လာ ၂၀၀၀ လောက်ပဲ ရှိခဲ့ရာကနေ မနှစ်ကဆိုရင် ပြည်တွင်းပြည်ပ သတင်းထောက်တွေအပါအဝင် ဝန်ထမ်း ၆၀ နီးပါးနဲ့ လုပ်ငန်းလည်ပတ်ခဲ့တဲ့အပြင် ဘတ်ဂျက်ကလည်း ဒေါ်လာ တသန်း နီးပါး ရှိခဲ့ပါတယ်။ ဘဏ္ဍာရေးအရ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ အဝေးကြီးလိုနေသေးတယ်ဆိုတာကို ကျနော်တို့ သဘောပေါက်ပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ မူဝါဒရေးရာ ဆုံးဖြတ်ချက်တွေမှာ ဘယ်သူမှ ဝင်မစွက်နိုင်အောင် အမြဲတမ်း ထိန်းသိမ်းကာကွယ်ခဲ့ပါတယ်။ ဒီအပေါ်မှာလည်း အလှူရှင်အများစုက လေးစား အသိအမှတ်ပြုကြတယ်။

မကြာသေးခင်ကတော့ အလှူရှင်အသိုင်းအဝိုင်းမှာ ကျနော်တို့အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာတွေ မြင်တွေ့ခဲ့ရတယ်။ စစ်အစိုးရက ဝေဖန် အတိုက်အခံပြုသူတွေကို ချိနဲ့သွားအောင် စစ်ဆင်ရေးလုပ်နေချိန်မှာ အလှူရှင်တချို့က ကျနော်တို့ကို စွန့်ခွာဖို့ လုပ်လာခဲ့ကြတယ်။ အလှူရှင်အဖွဲ့တခုက ကျနော်တို့မသိဘဲ အခြားအလှူရှင်တွေဆီကို မနှစ်တုန်းက အီးမေးလ် တစောင် ပို့ခဲ့ပါတယ်။ ကျနော်တို့ဟာ သူတို့ရဲ့ အထောက်အပံ့နဲ့ ဆက်ပြီး မထိုက်တန်တော့ဘူးလို့ သူတို့အနေနဲ့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း စာထဲမှာ ဆိုခဲ့ပါတယ်။ ကျနော်တို့ကို “အလှူရှင် နောက်မြီးဆွဲ” တွေလို့လည်း အီးမေးလ်ထဲမှာ စွပ်စွဲထားသေးတယ်။ ဒီအသုံးအနှုန်း ဟာ စစ်အစိုးရကို သံယောင်လိုက်တဲ့ အသုံးအနှုန်းပါ။ ဒီ “သတင်း” ကို စစ်အစိုးရရဲ့သတင်းဌာနတွေက အလျှင်အမြန် ထုတ်လွှင့်ကြ တဲ့ အပြင် ဧရာဝတီ ဇတ်သိမ်းခန်း ရောက်တော့မယ်လို့တောင် ဆိုကြတယ်။

ငွေတွေကို မြန်မာပြည်ထဲမှာ သုံးတာက ပိုကောင်းတယ်လို့ ဆုံးဖြတ်ခဲ့ကြတဲ့ အလှူရှင်တချို့ရဲ့အေးစက်သွားတဲ့ ဆက်ဆံရေးဟာ ကျနော်တို့ချည်း သက်သက်အတွက်တော့ မဟုတ်ပါဘူး။ ရေရှည်ထောက်ပံ့ခဲ့ကြတဲ့ အလှူရှင်အများစုရဲ့ အကူအညီကို ကျနော်တို့ ဆက်လက် ရယူသွားနိုင်သေးပေမယ့် အန္တရာယ်ရှိနေတဲ့ အနေအထားတခုကတော့ အလှူရှင်တချို့အနေနဲ့ စစ်အစိုးရရဲ့လမ်းကြောင်း ဖြစ်တဲ့ ပြည်ပက လူမှုအခြေပြု အဖွဲ့တွေနဲ့ ဒုက္ခသည် အကူအညီ ပေးရေးအဖွဲ့တွေကို ကူညီနေတာဟာ မြန်မာပြည် ပဋိပက္ခကို ကြာရှည်စေယုံ သက်သက်ပဲဖြစ်တယ်ဆိုတဲ့ လမ်းကြောင်းကို ခင်းနေကြတာပဲ ဖြစ်တယ်။ ရွေးကောက်ပွဲဟာ မြန်မာပြည် ကို အကျပ်အတည်းကြားက လွတ်မြောက်သွားစေမယ့်လမ်းလို့ သူတို့က ဆိုကြတယ်။

သူတို့ တကယ်ပဲ အဲ့ဒီလို ယုံနေကြသလား။

မြန်မာ့ နိုင်ငံရေးကို ချိန်ချိန်ဆဆနဲ့ လေ့လာစောင့်ကြည့်နေသူ ဘယ်သူမဆို ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ အပေါစား ဟာသပြဇာတ် သက်သက် ဆိုတာကလွဲလို့ အခြား ဘယ်လိုပုံစံနဲ့မှ အသိအမှတ်ပြု မရ ဖြစ်နေရတယ်။ ဒါပေမယ့် မယုံနိုင်စရာကောင်းတာက စစ်အစိုးရလက်ဝေခံ အဖွဲ့အစည်းတချို့ဟာ သူတို့ကိုယ်သူတို့ နိုင်ငံတကာအလှူရှင်တွေအတွက် အလားအလာရှိတဲ့ “ပါတနာ” တွေလိုမျိုး ပြုမူဆောင်ရွက်နေတာတွေနဲ့ပတ်သက်ပြီး လှစ်ဟပြဖို့ ကျနော်တို့ရဲ့ အားထုတ်မှုနဲ့ ရွေးကောက်ပွဲ သတင်းပေးပို့ချက်တွေအပေါ် အနုတ် သဘော ဆောင်တယ်လို့ ကျနော်တို့ကို အနောက်နိုင်ငံသား အလှူရှင် တချို့က ဝေဖန် ကြတာပဲ ဖြစ်ပါတယ်။ ဒါဟာ မြန်မာ့ စာနယ်ဇင်း လောကအတွက် အဆုံးစွန် အံချော်မှုလို့ပဲ ဆိုရပါတော့မယ်။ စာပေစိစစ်ရေး ရဲ့ ပြုသမျှ ခံနေရတဲ့ ပြည်တွင်းက ကျနော့် လုပ်ဖော်ကိုင်ဖက်တွေက စာနာ နားလည်ပေးကြတယ်။ ဧရာဝတီ ကလည်း “လွတ်လပ်”တဲ့ ကမ္ဘာကြီးမှာ နေတဲ့သူ တချို့ မကြားချင်တဲ့ သတင်းဆိုးတွေကိုမှ ဖော်ထုတ် တင်ပြနေတာကိုး။

ပြည်တွင်း စာနယ်ဇင်းသမားတွေက သိပါတယ်။ မကြာသေးခင်က ပြည်တွင်းမှာ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တဲ့ “ပုဂ္ဂလိကပိုင်ပြုရေး” ဆိုတာတွေဟာ တိုင်းပြည်ရဲ့ ဓနဥစ္စာကို စစ်အစိုးရရဲ့ အပေါင်းအပါ ဒါမှမဟုတ် ဆွေမျိုးတွေဆီ တရားဝင် လွှဲပြောင်းတာသာဖြစ်ပြီး ဒါဟာ စီးပွားရေးပြုပြင်ပြောင်းလဲမှု လက္ခဏာ မဟုတ်ဘူးဆိုတာ သူတို့ သတင်းရေးမရဘူး။ ငါ့မြင်း ငါဆိုင်း စီးပွားရေးလုပ်ငန်း ရှင်တွေ ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမားလုပ်တဲ့အခါတိုင်း ရာဂဏန်း ဒါမှမဟုတ် ထောင်ချီတဲ့ ပြည်သူတွေ သူတို့အိမ်ကနေ ကတိုက်ကရိုက် မောင်းထုတ်ခံရတာမျိုး သူတို့ သတင်းရေးမရဘူး။ အလားတူပဲ ဗိုလ်ချုပ်ကြီးတွေရဲ့ သားသမီးတွေက ရန်ကုန်မှာရှိတဲ့ နိုင်ငံ ပိုင် အချက်အချာ နေရာတွေနဲ့ အဓိက အဆောက်အအုံတွေကို သိမ်းယူတာ ဒါမှမဟုတ် စစ်အစိုးရ အပေါင်းအပါတွေက သန်းချီတဲ့ ဒေါ်လာတွေကို လုံခြုံအောင် စင်ကာပူဘဏ်တွေမှာ အပ်နှံထားတာတွေနဲ့ ဈေးကြီးတဲ့ ကွန်ဒိုတွေ နိုင်ငံခြားမှာ ဝယ်တဲ့ကိစ္စမျိုးတွေကိုလည်း ပြည်တွင်းမီဒီယာတွေက ရေးသား တင်ပြလို့ မရပါဘူး။ ဒီတော့ ဒီလိုကိစ္စမျိုးတွေကို ထုတ်ဖော်တင်ပြဖို့တာဝန်ဟာ ကျနော်တို့ ပုခုံးပေါ် ကျရောက်လာပါတယ်။

ချုပ်ရရင် ကျနော်တို့ ရေရှည်ရပ်တည်နိုင်မှာမဟုတ်ဘူး၊ မကြာခင် ဆုံးခန်းတိုင်သွားတော့မှာလို့ ဗိုလ်ချုပ်ကြီးတွေနဲ့ အပေါင်းအပါတွေ က ထင်ချင် ထင်နိုင်ပါတယ်။ ဒါပေမယ့် သူတို့အထင် မှားပါလိမ့်မယ်။ ကျနော်တို့အလုပ်ကို ကျနော်တို့ တခုတ်တရ ထိန်းထားနိုင်တာဟာ အနောက်နိုင်ငံတွေကရတဲ့ ငွေကြေးအထောက်အပံ့ကြောင့် မဟုတ်ပါဘူး။ တိုင်းပြည်နဲ့ပတ်သက်တဲ့ ဖြစ်ရပ်မှန်တွေကို ကြား သိချင်နေကြတဲ့ မြန်မာပြည်သူတွေရဲ့ ပြင်းပြတဲ့ ဆန္ဒကြောင့်သာ ဖြစ်ပါတယ်။ စစ်အစိုးရက သူတို့ရဲ့သိခွင့်ကို ငြင်းပယ်နေ သမျှ ကျနော်တို့ရဲ့ တိုက်ပွဲဟာလည်း ဆက်လက် တည်ရှိနေမှာပါ။

ဇန်နဝါရီ ၂၅ ရက်နေ့ Wall Street Journal မှာ ပါတဲ့ Speak Truth to Burma by Aung Zaw ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါတယ်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Feb,28th,2010

( 23 )ပြည်ပ ဆန်တင်ပို့မှု ယာယီပိတ်

( 22 )84,000 Karens Petition Ban Ki-moon

( 21 )Sex Torture Behind Castle

( 20 )တောင်သူလယ်သမားအဖွဲ့ တစည ဖွဲ့စည်းလို

( 19 )Fighting intensifies between the regime and Shan

( 18 )Blast injures six people in Burma's former capital

( 17 )အမေရိကန်တွင် ဘိန်းဖြူဖမ်းဆီးရမှု၊ ဝ' တပ်မတော်နှင့် ပတ်သက်

( 16 )Burma court refuses bail for Australian editor

( 15 )Burma's Suu Kyi draws Middle East parallels

( 14 )New Burma banknote rumour sends rice prices up

( 13 )ချင်းပြည်နယ်တွင် ကြက် ရာချီသေဆုံး

( 12 )မတ်ပဲစိုက် တောင်သူများ တွက်ခြေမကိုက်

( 11 )India to build roads along Myanmar

( 10 )နိုင်ငံရေး အကျဉ်းသား တစ်ဦးကို နောက်အမှုအတွက် အတင်းအကျပ် ၀န်ခံခိုင်း

( 9 )Explosive device 'wounds eight' in Myanmar

( 8 )အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ နိုင်ငံရေးပါတီတွေတောင်းဆို

( 7 )Myanmar refugees under resettlement program to work as farmers

( 6 )ရခိုင်ဘက်က ကြက်ဥ ကြက်သား တင်သွင်းမှု မီဇိုရမ်ပြည်နယ်မှာ ပိတ်ပင်

( 5 )Rangoon bomb wounds 8

( 4 )အင်းစိန် ဗုံးကွဲမှု ထိခိုက် ဒဏ်ရာရ

( 3 )Stop the Looting Of Burma

( 2 )လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ဖို့ လွှတ်တော်တက် ပါတီများ တိုက်တွန်း

( 1 )Why Did Burma's Leader Appear on TV in Women's Clothes?

Sunday, February 27, 2011

ရွာသူကြီး အပါအ၀င် ရွာသား ၆ဦးကို နအဖ ဖမ်းဆီးထား

စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ဝေါ်လေဒေသ မောတုစခန်းတွင် အခြေစိုက်လှုပ်ရှားနေသည့် နအဖ စစ်ကွပ်ကဲရေးဌာနချုပ် (၁၉) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ(၂၉၉)သည် ဒေသခံ ရွာသူကြီးအပါအ၀င် ရွာသား (၆)ဦးကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ဖမ်းဆီးထားရာ ယခုအချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရှိရသည်။

ဖမ်းဆီးခံရသူများမှာ မြ၀တီမြို့နယ်ရှိ ကွီးတာအူရွာမှ သူကြီးနှင့် ရွာသား ၂ဦး၊ တနော်ထာ့ရွာမှ သူကြီးနှင့် ကော့ကရိတ်မြို့နယ် ကျိုက်ဒုံရွာမှ ရွာသားနှစ်ဦးတို့ဖြစ်ပြီး ၎င်းတို့ကို ဝေါ်လေဒေသမှ ချူကလီးရွာသူကြီးက လာရောက်ထောက်ခံပါက ပြန်လွှတ်ပေး မည်ဟု မောတုစခန်း တပ်ရင်းမှူးကိုယ်တိုင်က အကြောင်းကြားထားကြောင်း ဒေသခံများက ပြောသည်။

ဝေါ်လေဒေသအတွင်း လှုပ်ရှားနေသည့် DKBA တပ်မှူးတဦးက “ဒီဝေါ်လေမှာ နအဖက သူတို့လူတွေ ဒီလ ၂၀ရက်နေ့မှာ ၃ယောက်မိုင်းထိတော့ ဒီရွာသားတွေကို ဖမ်းတယ်။ ၂၅ရက်နေ့မှာ သူတို့လူ ၃ယောက် မိုင်းထပ်နင်းမိတော့ ဒေသခံရွာသား တွေကို ပိုမိုအကြပ်ကိုင်လာတဲ့အနေနဲ့ ဒီလိုလုပ်တော့တာပဲ။ အစက သူတို့ဖမ်းတာ ရွာသားတွေပဲ။ နောက်မှ တနော့်ထာ့ရွာ သားနှစ်ယောက်ကို ရွာသူကြီးတွေကို ပြန်ခေါ်ခိုင်းပြီး ရောက်လာတဲ့ သူကြီး ၂ယောက်ကိုပါ သူတို့ထပ်ပြီး ဖမ်းချုပ်လိုက်တာပဲ။ ကွီးတာအူ၊ တနော်ထာ့နဲ့ ကျိုက်ဒုံက စုစုပေါင်း ၆ယောက်ပေါ့နော်။”ဟု ပြောသည်။

ယခုလို ဖမ်းဆီးခံထားရသူများနှင့် ၎င်းတို့ လာရောက်ရွေးခိုင်းသည့်သူ၏ ဆက်စပ်မှုအကြောင်းရင်းကို ရွာသားများ နားမလည် ကြသော်လည်း အဖမ်းခံထားရသူများကို အချိန်မီ လာရောက်ထောက်ခံခြင်း မပြုပါက ပစ်သတ်မည်ဟု အဆိုပါနအဖတပ်က ပြောဆိုထားကြောင်း ဒေသခံရွာသားတဦးကလည်း ယခုလို ပြောသည်။

“ဖမ်းထားတဲ့သူတွေကို ချူကလီးသူကြီး အချိန်မီလာပြီး မထောက်ခံရင် အကုန်ပစ်သတ်မယ်။ ထောက်ခံရင် လွှတ်ပေးမယ်လို့ သူတို့(နအဖ)က ပြောထားတယ်။ ဒါပေမဲ့ အဖမ်းခံရသူတွေအတွက် ချူကလီးသူကြီးကိုမှ ဘာဖြစ်လို့ သွားထောက်ခံခိုင်းလဲဆို တာ ဘယ်သူမှ နားမလည်ကြဘူး။ ချူကလီးရွာသူကြီးလည်း ကြောက်လို့ အခုထိ မသွားသေးဘူး။”ဟု သူက ပြောသည်။

သို့သော် ဖမ်းဆီးထားသူများအား သွားရောက်ထောက်ခံရမည့် နောက်ဆုံးရက်ကို သတ်မှတ်ထားခြင်း မရှိသေးသော်လည်း ရွာ သားများက ထိုကိစ္စအပေါ် စိုးရိမ်လျှက်ရှိသည်။

ထိုနေ့တစ်ရက်တည်းမှာပင် ၎င်း နအဖ ခမရ(၂၉၉)တပ်ဖွဲ့သည် ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်ခြမ်းသို့သွားမည့် တနော်ထာ့ နှင့် ကွီးတာအူရွာသားများ၏ ထော်လာဂျီကား ၃စီးကို ဖမ်းထားပြီး ကားနှင့် အတူပါလာသည့် ရွာသားများ၏ ထိုင်းဘတ်ငွေ ၄ ထောင်ကို အဓမ္မသိမ်းယူခဲ့သည်ဟု သိရသည်။

၂၀၁၁ခုနှစ်အတွင်း ဝေါ်လေဒေသ၌ လှုပ်ရှားနေသည့် နအဖတပ်များသည် သူကြီးနှင့် ရွာသားများကို ဖမ်းဆီးကာ အခြားရွာသူ ကြီးကို သွားရောက်ထောက်ခံခိုင်းခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

ရေမြောင်းပြုပြင်ဖို့စရိတ် ကျောင်းသားများထံ ကျပ်ငွေ ၁၀၀၀ စီကောက်

KHONUMTHUNG NEWS GROUP

ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ် အ.လ.က (၁) ကျောင်းအုပ်ဆရာမကြီးမှရေမြောင်းပြုပြင်ရန် ဆိုပြီး ကျောင်းသား၊ ကျောင်းသူများထံ တစ်ဦးလျှင်ကျပ်ငွေ ၁၀၀၀ စီ ကောက်ယူကြောင်း သိရသည်။
၎င်း ရေမြောင်းကို ကျောင်းသားများထံကောက်ခံသည့်ငွေကြေးဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှ ၂၀ ရက်နေ့ အထိပြုပြင်ခဲ့ကြ ခြင်းဖြစ်သည်။

“ကျောင်းအုပ်ဆရာမကြီး နေမည့်အိမ်ဆောက်မှာမို့လို့ အနားမှာရှိတဲ့မြောင်းကလေးကို ပြုပြင်ဖို့အတွက်ဆိုပြီး အခုလို ကျောင်းသားတွေ ကို ကျပ်ငွေ၁၀၀၀ စီ ကောက်တာဖြစ်တယ်” ဟု ကျောင်းသားမိဘ တဦးက ပြောသည်။

ကျောင်းသားကျောင်းသူများထံ ကောက်ခံရသည့် ငွေကြေးဖြင့် ဘိလပ်မြေ၊ သဲ၊ အုတ်ခဲ များဝယ်ယူပြီး အလုပ်သမား များအား နေ့စားဖြင့် ပြန်ခိုင်းပြီး ရေမြောင်းကိုပြုပြင်ကြောင်း အဆိုပါက ထပ်မံပြောဆိုသည်။

” အမှန်ဆိုရင် အစိုးရက ကုန်ကျရမှာဖြစ်တယ်၊ အခုဟာကမရှိတဲ့ကျောင်းသားမိဘများထံ တောင်းပြီးရေ မြောင်းပြုပြင် တယ်ဆိုတော့ရင် နာစရာ ကောင်းတယ်” ဟု ကျောင်းသားမိဘတဦးက ပြောသည်။

ကျောင်းဆရာမ ကြီးသည် ကျောင်းသား (၅၀၀) ခန့်ရှိတဲ့ အဆိုပါ အ.လ.က (၁)ကျောင်းတွင် ၂ နှစ်ခန့် တာဝန်ထမ်းဆောင်ပြီးဖြစ်သူ ဖြစ်သည်။

ကယားတေးသီချင်းတပုဒ်နဲ့ ကျေးလက်မှာ ခွန်အားတွေဖြည့်နေမယ်…

ကယားထဲ

မော်ကယားက ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ လာပြီး ဖရူဆိုမြို့မှတဆင့် တောင်တန်းတွေကြားက တောင်တက်လမ်းမှာ ကျောပိုးအိတ်လွယ်ပြီး နေကာဦးထုပ်ဆောင်းလျက် ခြေလှမ်းတွေ တစ်လှမ်းချင်းလှမ်းရင်း ခရီးဆက်နေတယ်။

အသက်နှစ်ဆယ်အရွယ်ရှိတဲ့ ဖွံ့ဖြိုးရေးလုပ်သားမော်ကယားဟာ နေ့တစ်ဝက်လောက်တောင်တက် လမ်းကို လျှောက်ပြီးတဲ့နောက်မှာတော့ အိမ်ခြေနှစ်ဆယ်လောက်ပဲရှိပြီး လူဦးရေတစ်ရာလောက် နေထိုင်ကြတဲ့ ရွာလေးကိုရောက်သွားပါတယ်။ လမ်းတစ်လျှောက်မှာတော့ ရေဒီယိုလှိုင်းမှ ထုတ်လွှင့်တဲ့ ကယားသီးချင်းသံလေးကို နားထောင်ရင်းနဲ့ လာခဲ့ပါတယ်။

သူမတာဝန်ကျတဲ့ ရွာက စစ်အစိုးရအာဏာပိုင်အုပ်ချူပ်မှုနဲ့ ကရင်နီအစိုးရအုပ်ချူပ်မှု နှစ်ခုအောက်မှာ ရှိနေတဲ့ အမဲရောင်နယ်မြေလို့ သတ်မှတ်ထားတဲ့ ကျေးရွာဖြစ်ပါတယ်။ မြို့နှင့်ဝေးလံခေါင်းပါးပြီး နယ်မြေဒေသအေးချမ်းမှုမရှိတဲ့ ကျေးလက်ဒေသ ဖြစ်ပါတယ်။

ရေရှားပါးတဲ့အတွက်ကြောင့်လည်း တစ်မိုင်ခွဲဝေးတဲ့ တောင်တက်တောင်ဆင်းကြားထဲက စိမ့်စမ်းရေကို သွားခပ်ရပါတယ်။ အမှန်တကယ် ဖွံ့ဖြိုးမှုလိုအပ်တယ်ဆိုပေမဲ့ နယ်မြေဒေသကြမ်း တမ်းလို့ အစိုးရအဖွဲ့အစည်းမဟုတ်တဲ့ လူမှုအဖွဲ့အစည်းတွေ၊ တခြားအဖွဲ့အစည်းတွေက မသွားနိုင်တဲ့ နေရာဖြစ်ပါတယ်။


စစ်အစိုးရအာဏာပိုင်ကလည်း လုံခြုံမှုမရှိတဲ့ နယ်မြေဆိုပြီးတော့ ဘယ်လူမှုအဖွဲ့အစည်းမှ သွားခွင့်မပြုပဲ အမျိုးမျိုးခြိမ်းခြောက်ထားပါတယ်။ ဒါပေမဲ့ အဲဒီနယ်မြေမှာ ဘာသာရေးလူမှုအဖွဲ့အစည်းမှ ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ဖို့ သူမကိုယ်တိုင် ရွေးခြယ်ခဲ့တာပါ။

ကယားပြည်နယ် ကျေးလက်ဒေသတွေမှာ လူထုတွေရဲ့ အခက်အခဲတွေ၊ အခွင့်အရေး ဆုံးရှုံးမှုတွေ၊ ဖွံ့ဖြိုးမှုအရမ်းနောက်ကျနေသေးတယ်လို့ အဖွဲ့ခေါင်းဆောင်က ပြောလို့ သူမကြားသိခဲ့ရခြင်း ဖြစ်ပါတယ်။

အဲဒါတွေ သိလာပြီးနောက် ကူညီပေးချင်တဲ့ စိတ်တွေပေါ်လာပြီး အဲဒီဒေသမှာ ဖွံ့ ဖြိုးရေးလုပ်ငန်းမှာ ကိုယ်တိုင်ပါဝင်ဖို့  ဆုံးဖြတ်လိုက်ခြင်းပဲဖြစ်ပါတယ်။

ပြီးနောက် အဲဒီရွာကို တကယ်ရောက်ပြီး ကျေးလက်ဒေသက အခြေအနေတွေကို လက်တွေ့မြင်ရပြီးနောက် သူမအရမ်းစိတ်မကောင်းဖြစ်မိသွားတယ်။

“ကျမ သူတို့ ကို ကြည့်ပြီး အရမ်းစိတ်မကောင်းဖြစ်မိတယ်။ သူတို့ တွေက အရမ်းဆင်းရဲကြတယ်။ အသိအမြင် အတွေးအခေါ်တွေကလည်း နောက်ကျနေတယ်” လို့  မော်ကယားက ပြောပါတယ်။

တခါတလေမှာ နိုင်ငံရေးအခြေအနေနဲ့ လူထုတွေအကြား သူမဘယ်လိုနည်းနဲ့ အလုပ်လုပ်ရမလဲဆိုတာတွေကို တွေးရင်းစိတ်ဓါတ်တွေကျမိပါတယ်။

ဒါပေမဲ့ သူမဖွံ့ဖြိုးရေးလုပ်သားတစ်ဦးအနေနဲ့ အဲဒီဘ၀အတားအဆီး များကြားက စိတ်ဓါတ်မကျအောင် ခွန်အားဖြစ်စေခဲ့တဲ့ အရာလေးကတော့ မိမိတို့လူမျိုးတို့ရဲ့ အမျိုးသားဂီတ တေးသီးချင်းလေးပဲ ဖြစ်ပါတယ်။

သူမရဲ့လုပ်ငန်း ရှေ့ဆက်သွားဖို့က သူမရင်ကို အားပေးနှစ်သိမ့်စေခဲ့တဲ့ သီးချင်းကတော့ အဆိုတော်မော်ဘူးမြာ ကယားဘာသာလို သီဆိုထားပြီး တေးရေး ဆရာ ဦးဌေးရယ်ကနေပြီး ၁၉၈၆ ခုနှစ်က ရေးဖွဲ့ခဲ့တဲ့ ကယားဘာသာလို “အျကျုအျရေ” ကိုယ့်စွမ်းအားနဲ့ ကိုယ်ကြိုးစားရမယ် ဆိုတဲ့တစ်ပုဒ် ပါပဲ။

“သွေးချင်းညီအစ်ကိုမောင်နှမ၊ မိဘဆွေမျိုးများ စည်းလုံးညီညွတ်စွာနေထိုင်ကြရင် တို့မြို့တို့ရွာ သာယာတိုးတက်ရေးအတွက် တို့လူငယ်တွေစွမ်းဆောင်ကြမယ်လေး အားလုံးကိုယ့်စွမ်းအားနဲ့ကို ကိုယ်ထူကိုယ်ထ ကြိုးစားမှသာလျှင်တို့ရွာ ဖွံ့ဖြိုးတိုးတက်မယ်လို့ ဆိုထားတဲ့တစ်ပုဒ်ဟာ သူမရဲ့ ရင်ကိုထိမှန်စေခဲ့တယ်” လို့ပြောပါတယ်။

“တာဝန်ကျတဲ့ ရွာရောက်တဲ့အခါလည်း အဲဒီသီးချင်းကို နားထောင်ဖြစ်ပါတယ်” လို့ သူမကပြောပါတယ်။

သူမဟာကျေးရွာရှိ လူတွေနဲ့အတူ တခါတလေ အဲဒီသီးချင်းလေးအမြဲဆိုဖြစ်ကြပါတယ်။

ဂီတသီချင်းဟာ လူငယ်တွေရဲ့စိတ်ကို မိမိဒေသဖွံ့ဖြိုးရေးလုပ်ငန်းနဲ့ ပြည်သူလူထုအရေးတွေမှာ နိုင်ငံ့သားကောင်းတစ်ဦးရဲ့ တာဝန်နဲ့ဝတ္တရားတွေကို သိရှိလာပြီး အမျိုးသားရေးအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်လာစေ အောင်ပြုလုပ်ပေးတဲ့ လက်နက်တမျိုးပါပဲလို့ သူမကပြော ပါတယ်။

တေးသီချင်းများဖြင့် ရေးစပ်သီဆိုနေကြသော တေးရေးဆရာတွေ၊ အဆိုတော်တွေမှာလည်း မိမိတို့ရှိနေတဲ့နေရာမှာ တတ်စွမ်းသမျှ မိမိလူမျိုးအတွက်၊ လူထုအတွက်ဆိုပြီး ရည်ရွယ်ချက်အမျိုးမျိုးနဲ့ အမျိုးသားရေးသီးချင်းများဖြင့် စွမ်းဆောင်နေကြခြင်းပဲဖြစ်ပါတယ်လို့ သူမက ယုံကြည်ပါတယ်။

“ကယားပြည်နယ်ရဲ့ အကြောင်းကို ပေါ်လွင်စေချင်လို့ရယ်၊ တိုင်းရင်းသားအားလုံး ကိုယ့်ပြည်ကိုယ့်လူမျိုးကိုယ့်ဒေသ အခြေအနေမှန်ကို သိစေချင်လို့ရယ်။ တိုင်းရင်းသားအားလုံး မခွဲခြားပဲ သွေးချင်းတွေစည်းလုံး ညီညွတ်ပြီး မိမိဒေသအတွက် အကျိုးပြုစေမဲ့လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်လာအောင် ရည်ရွယ်ရေးပြီး သီးချင်းတွေကို ရေးခဲ့ခြင်းဖြစ်တယ်” လို့ တေးရေးဆရာခူးရယ်က သူရေးစပ်ခဲ့တဲ့ သီချင်းရဲ့ ရည်ရွယ်ချက်ကို ပြောပြပါတယ်။

မော်ကယားဟာ မြို့ပေါ်နေခဲ့တဲ့သူဖြစ်ပြီး အရင်တုန်းက လူမှုရေးလုပ်ငန်းတွေကိုလည်း စိတ်ပါဝင်စားမှုနည်းခဲ့ပါတယ်။ ဒါပေမဲ့လည်း အခုချိန်မှာ ကျေးရွာလူထုရဲ့ ဆိုးရွားတဲ့အခြေအနေ သူမနားလည်လာခဲ့ပြီး သူတို့နဲ့အတူ အပြန်အလှန်လေးစားမှုတွေ ရရှိခဲ့ပါတယ်။

“အပြန်အလှန်နားလည်မှု လိုအပ်တယ်၊ အတတ်နိုင်ဆုံးလူထုတွေနဲ့ ပူးပေါင်းပြီး နှစ်ဘက်လုံးအဆင်ပြေအောင် နေတယ်။ လွယ်တော့ မလွယ်ဘူးနော်၊ တစ်ချက်မှားရင် ဒုက္ခရောက်သွားနိုင်တယ်၊ လက်ရှိနိုင်ငံရေးပြဿနာက လွယ်မှမလွယ်တာ၊ ကိုယ့်အသက်နဲ့တောင် ရင်းပြီးလုပ်ရတယ်။ အကောင်းဆုံး သူတို့နဲ့ လိုက်လျောညီထွေမှုရှိအောင် နေတတ်ဖို့က အရေးကြီးဆုံးပဲ” လို့ မော်ကယားက ပြောပါတယ်။

“ကယားသီးချင်းတွေ နားထောင်ရင်းနဲ့ ဒီတောဒီတောင်ထဲမှာပဲ ပျော်လာတယ်။ ကိုယ့်ရွာကိုယ့်ဆွေးမျိုးတွေနဲ့ အခက်အခဲတွေကြားထဲက ဖွံ့ဖြိုးတိုးတက်အောင် အတူတူကြိုးစားလာချင်တယ်” လို့ သူမက ပြောပါတယ်။

သူမဟာအခုချိန်မှာ လူထုတွေရဲ့ မေတ္တာရောင်ပြန်ဟပ်မှုကြောင့် ဖွံ့ဖြိုးရေးလုပ်သားတစ်ဦးကနေ ခံစားနားလည်တတ်သွားပါပြီ။ လျှပ်စစ်မီးမရှိ ရုပ်ရှင်ဗွီဒီယိုလည်းမရှိ၊ အင်တာနက်လည်း မရနိုင်တဲ့တောတောင်ထဲ ရောက်တော့ ဝေးကွာနေတဲ့ ပြင်ပသတင်းအချက်အလက်ကို ရေဒီယိုတစ်ခုတည်းပဲ ရပါတယ်။

လူထုတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု အသိအမြင်တွေ ပိုခိုင်မာလာစေအောင် ဆက်လက်လုပ်ဆောင်ရွက်နိုင်ဖို့အတွက် ခွန်အားဖြည့်စေအောင် သူမဟာအခုချိန်ထိ နေပြည်တော်ကယားဘာသာအစီအစဉ်က ထုတ်လွှင့်တဲ့ ကယားသီချင်းကို နားထောင်နေဆဲပဲဖြစ်ပါတယ်။

ပြည်တွင်းစစ် ရပ်ဆိုင်းရန် KNU တောင်းဆို

သဲသဲ

ပြည်တွင်းစစ်ပွဲများ ရပ်ဆိုင်းပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာစေရန် စစ်အစိုးရကို နိုင်ငံတကာက ဖိအားပေးရန် ကရင်အမျိုးသားအစည်းအရုံး KNU က တောင်းဆိုလိုက်သည်။

တိုင်းရင်းသားဒေသများတွင် စစ်အစိုးရတပ်များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ဒေသခံလူထု ထိခိုက်နေရပြီး၊ တွေ့ဆုံဆွေးနွေးရေးဖြင့်သာ နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်သောကြောင့် ယခုတပတ် ကြာသပတေးနေ့တွင် ကြေညာချက်ထုတ်ကာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“စစ်တပ်က လူထုတွေကိုသုံးပြီး အမျိုးမျိုး အနိုင်ကျင့်တယ်။ ဒါကိုဆက်လုပ်မယ်ဆိုရင် တိုင်းရင်းသားတွေက ဒီ့ထက် ပိုပြီး ခံစားနေရမှာ။ အဲဒါကြောင့် နိုင်ငံတကာက နအဖကို အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာဖို့၊ ဖိအားပေးဖို့ ကျမတို့က တောင်းဆိုတာ” ဟု KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က မဇ္ဈိမကို ပြောသည်။

သုံးပွင့်ဆိုင်ဆွေးနွေးရေးအတွက် KNU နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက အဆင့်သင့်ရှိနေကြောင်း ကြေညာချက်က ဆိုသည်။ ထို့ပြင် KNU ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးနေကြောင်း စစ်အစိုးရအာဘော် သတင်းစာများတွင် ဖော်ပြလေ့ရှိပြီး၊ ၎င်းဖော်ပြချက်မှာ အခြေအမြစ် မရှိသည့် စွပ်စွဲချက်များဟုလည်း ကြေညာချက်ထဲတွင် ငြင်းဆိုထားသည်။

စစ်အစိုးတပ်များကသာ အရပ်သားများကို လူသားမိုင်းရှင်းကိရိယာအဖြစ် အသုံးပြုခြင်း၊ ရှေ့တန်းစစ်ဆင်ရေးများတွင် ဒေသခံပြည်သူများကို ရိက္ခာသယ်ရန် ပေါ်တာဆွဲခြင်းများကို ပြုလုပ်လျက်ရှိသည်ဟု နော်စီဖိုးရာစိန်က မဇ္ဈိမကို ပြောသည်။

နအဖ တပ်များကသာ အရပ်သားများကို ပစ်ခတ်မှုကိုခွင့်ပြုထားပြီး စစ်ဆင်ရေးများတွင် ဒေသခံများကို ရိက္ခာသယ်ရန် ပေါ်တာစွဲခြင်း၊ လူသားမိုင်းရှင်းကိရိယာအဖြစ် အသုံးပြုခြင်းများ ရှိကြောင်းနှင့် KNU အနေဖြင့် တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုနေသော်လည်း စစ်အစိုးရက စစ်ရေးဖြင့် ဖိအားပေးလာလျှင် တိုင်းရင်းသား လက်နက်ကိုင်များပူးပေါင်းကာ ပြန်လည်ကာကွယ်သွားမည်ဟု ဆိုသည်။

KNU သည် နှစ်ပေါင်း ၆၀ ကျော်ကြာအောင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တောင်းဆိုခဲ့ပြီိး ထိုင်း-မြန်မာနယ်စပ်တွင် ခြေကုပ်ယူလှုပ်ရှားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

ပြည်သူများကို ငဲ့ကွက်ခြင်းမရှိသည့် စစ်အစိုးရ၏ သဘောထားတင်းမာမှုကြောင့်သာ တွေ့ဆုံဆွေးနွေးရေးမှာ ခက်ခဲနေဆဲဖြစ်သည်ဟု တရုတ်အခြေစိုက် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။

“လူ့အခွင့်အရေး တစက်မှ နားမလည်တဲ့၊ လူမျိုးရေးစိတ်နဲ့ ဖြေရှင်းနေတဲ့ စစ်တပ်နဲ့ ငြိမ်းချမ်းရေးရဖို့ဆိုတာ နိုင်ငံတကာ ဖိအားမပါဘဲ မရနိုင်ဘူး။ ပြည်တွင်းစစ်အကြောင်းပြပြီး စစ်တပ်ကြီးကြီး ထောင်ထားမယ်၊ စစ်တပ်ကြီးကြီးနဲ့ တိုင်းပြည်ကို လုပ်ချင်သလို လုပ်မယ်။ ဒါ့ကြောင့် သူတို့က ပြည်တွင်းစစ်ကို မရပ်စဲချင်ဘူး။ သူတို့သဘောနဲ့ သူတို့တော့ စားပွဲဝိုင်းကို လာမှာမဟုတ်ဘူး” ဟု မဇ္ဈိမကို သုံးသပ်သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အတိုက်အခံပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် စစ်အစိုးရကို ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ တောင်းဆိုနေကြသော်လည်း ယနေ့အထိ အကောင်အထည်ဖော်ခြင်း မရှိပေ။

နှစ်ပေါင်း ၂၀ ကျော်အပြီး ထွက်ပေါ်လာသည့် လွှတ်တော်က တင်မြှောက်သည့် သမ္မတထွက်ပေါ်လာချိန်ကလည်း ကုလအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် ယခုလ ၄ ရက်နေ့တွင် စစ်အစိုးရကို ထပ်မံတောင်းဆိုခဲ့သေးသည်။

စစ်အစိုးရက ပြီးခဲ့သည့်နှစ် မေလမှစ၍ ငြိမ်းချမ်းရေးယူထားသည့် အပစ်ရပ်အဖွဲ့များကို စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရန်အတွက် ဖိအားပေးခဲ့သည့်နောက်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား သဘောထားတင်းမာမှု ဖြစ်ပေါ်ခဲ့သည်။

“၀”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ မွန်ပြည်သစ်ပါတီ NMSP၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း SSA-S၊ မိုင်းလား ခေါ် အမျိုးသားဒီမိုကရေစီ မဟမိတ်အဖွဲ့ NDAA တို့က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် ငြင်းဆန်ထားကြသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် စစ်အစိုးရတပ်များနှင့် ကရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တွေ့ဆုံဆွေးနွေးရေးအတွက် တဖက်တွင် တောင်းဆိုနေသော်လည်း စစ်အစိုးရက စစ်ရေးဖြင့် ဖိအားပေးလာပါက ကာကွယ်ရန်အတွက် တိုင်းရင်းသားအဖွဲ့ ၁၂ ဖွဲ့ ပါဝင်သည့် “ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ” (United Nationalities Federal Council-Union of Burma) ကို ယခုလ ၁၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့သေးသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ဖွဲ့စည်းသည့် အဆိုပါကောင်စီတွင် အပစ်မရပ်နှင့် အပစ်ရပ် အဖွဲ့များသာမက ပြည်ပအခြေစိုက် တိုင်းရင်းသား အဖွဲ့အစည်းအချို့လည်း ပါရှိသည်။

ဦးအောင်သိန်းလင်း ဘယ်လဲ ဘာလဲ ...

ခင်ဦးသာ

“မြို့တော်ဝန် ရာထူးလား သူများကို လွှဲပေးရမှာပါ၊ ၀န်ကြီးလုပ်မယ် ဆိုတာလည်း မဟုတ်ပါဘူး၊ အပေါ်က လုပ်ခိုင်းတာကိုပဲ လုပ်ရမှာပါ”လို့ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းက ဆိုပါတယ်။

နေပြည်တော်ရှိ လွှတ်တော် အစည်းအဝေး တွေကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် တက်ရောက်နေတဲ့ ဦးအောင်သိန်းလင်းက သူ့ရဲ့ မသေချာသေးတဲ့ အနာဂတ်ကို ပြောပြတာပါ။

ရန်ကုန် မြို့တော်ဝန်လို နအဖ အစိုးရအဖွဲ့ထဲက ၀န်ကြီးတွေ အများစုဟာလဲပဲ ဘယ်နေရာ၊ ဘယ်ရာထူးတွေကို ဆက်ခံကြရမယ်ဆိုတာ မသိသေးတဲ့ သူတွေများနေတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ဆိုပါတယ်။

ဦးအောင်သိန်းလင်းဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲလိမ်၊ မဲခိုးမှုတွေနဲ့ တောင်ဥက္ကလာပ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ရတာ ဖြစ်တယ်လို့ လူအများက ပြောဆိုကြပြီး အခုအချိန်မှာ နေပြည်တော် လွှတ်တော် အစည်းအဝေး တွေကို တက်ရောက် နေဆဲဖြစ်ပါတယ်။

နေပြည်တော်ရှိ လွှတ်တော် အစည်းအဝေး တွေကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် တက်ရောက်နေတဲ့ ဦးအောင်သိန်းလင်းက သူ့ရဲ့ မသေချာသေးတဲ့ အနာဂတ်ကို ပြောပြတာပါ။

ရန်ကုန် မြို့တော်ဝန်လို နအဖ အစိုးရအဖွဲ့ထဲက ၀န်ကြီးတွေ အများစုဟာလဲပဲ ဘယ်နေရာ၊ ဘယ်ရာထူးတွေကို ဆက်ခံကြရမယ်ဆိုတာ မသိသေးတဲ့ သူတွေများနေတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ဆိုပါတယ်။

ဦးအောင်သိန်းလင်းဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲလိမ်၊ မဲခိုးမှုတွေနဲ့ တောင်ဥက္ကလာပ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ရတာ ဖြစ်တယ်လို့ လူအများက ပြောဆိုကြပြီး အခုအချိန်မှာ နေပြည်တော် လွှတ်တော် အစည်းအဝေး တွေကို တက်ရောက် နေဆဲဖြစ်ပါတယ်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Feb,27th,2010

( 15 )ဂီရိကြောင့်ပျက်စီးသွားသည့် တာတမံများကို အန်ဂျီအို အလှူငွေဖြင့် တည်ဆောက်မည်

( 14 )ဘုရားသုံးဆူနှင့် ဇီးဖြူတောင် အကြား ပေါက်ကွဲမှု ဖြစ်

( 13 )ပခုက္ကူမြို့က စာသင်တိုက်များကို အကာအကွယ်ယူပြီး ချဲထီရောင်းချနေ

( 12 )ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ပြီးဆုံး

( 11 )Students from war zone stranded in towns

( 10 )ဂျပန်ရောက် မြန်မာ ဒုက္ခသည်များ လုပ်ငန်းခွင် ၀င်တော့မည်

( 9 ) BGF calls for more Burmese troops to protect opium fields

( 8 )နအဖ စစ်အစိုးရ စွပ်စွဲချက် အခြေအမြစ် ကင်းမဲ့ဟု ကေအန်ယူ တုန့်ပြန်

( 7 )Bangladesh Launches Poppy Operation on Burmese Border

( 6 )ပြည်ပ ဆန်တင်ပို့ခွင့် ပိတ်ပင်

( 5 )Engage Myanmar now

( 4 )အရှေ့အလယ်ပိုင်း လူထုဆန္ဒပြပွဲများ မြန်မာပြည်သူတွေ အနီးကပ်စောင့်ကြည့်နေ

( 3 )Burma Shave ads, bring back the past, they talk about, not driving fast

( 2 )ILO ကိုယ်စားလှယ်အဖွဲ့ FTUB ခေါင်းဆောင်တွေနဲ့ ဆွေးနွေး

( 1 )Suu Kyi supports expansion of ILO in Burma

Saturday, February 26, 2011

တောင်ကုတ် NLD လူငယ် ၅ ဦး ပြန်လွတ်

ကျော်ခ | စနေနေ့၊ ဖေဖေါ်ဝါရီလ ၂၆ ရက် ၂၀၁၁

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် နှစ် ၂၀ မြောက်နေ့ ၈၈ လူထုအရေးတော်ပုံနေ့တွင် အသက်ဆုံးရှုံးခဲ့သည့် ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူများကို ရည်စူး၍ ၂၀၀၈ သြဂုတ် ၈ ရက်နေ့တွင် လူစုလူဝေးဖြင့် စုတောင်းမေတ္တာပို့ရန် ပြုလုပ်သဖြင့် အာဏာပိုင်များ၏ ဖမ်းဆီးထောင်ချ ခြင်း ခံခဲ့ရသည့် တောင်ကုတ် NLD လူငယ် ၅ ဦး ယခုလ ၇ ရက်နေ့တွင် လွတ်မြောက်လာခဲ့သည်။

ဆုတောင်းမေတ္တာပို့ရန် တောင်ကုတ်မြို့ ဘုရားပေါ်သို့ လူ ၈၀ ကျော်ဖြင့် ချီတက်စဉ် ဦးဥတ္တမ လမ်းမကြီးပေါ်၌ မြို့ခံအာဏာပိုင်များ၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီး၊ ကျန်လူအားလုံး လက်မှတ်ထိုး လွတ်မြောက်သွားသော်လည်း မနီနီမေမြင့်၊ ကိုမောင်မောင်သက်၊ ကိုချစ်မောင်မောင်၊ ကိုမိုးနိုင်စိုးနှင့် ကိုသန်းလွင်တို့ ၅ ဦးမှာ လူစုလူဝေးဖြင့် ဆန္ဒပြမှု ပုဒ်မ ၁၄၃ နှင့် နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) တို့ဖြင့် ထောင်ဒဏ် ၂ နှစ်ခွဲစီ ချမှတ်ခဲ့ကြရာမှ လွတ်ရက်စေ့သဖြင့် ပြန်လွတ်လာခဲ့ခြင်း ဖြစ်သည်။

သံတွဲထောင်နှင့် ဘူးသီးတောင်ထောင်တို့တွင် အကျဉ်းကျခံရာမှ လွတ်မြောက်လာပြီးနောက် ဆက်လက်လှုပ်ရှားမည့် အကြောင်းအရာများ၊ ထောင်တွင်း ကျန်းမာရေး၊ စားဝတ်နေရေး၊ ဘူးသီးတောင် ထောင်အခြေအနေနှင့် မြန်မာနိုင်ငံတွင် လက်ရှိပြုလုပ်နေသည့် လွှတ်တော် အခြေအနေအပေါ် သဘောထားများကို လွတ်မြောက်လာသူ ၅ ဦးထဲမှ ကိုမိုးနိုင်စိုးကို မဇ္ဈိမသတင်းထောက် ကျော်ခက မေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။


ကိုမိုးနိုင်စိုးတို့ ဒီလ ၇ ရက်နေ့မှာ ဘူးသီးတောင်ထောင်ကနေ လွတ်လာတယ်လို့ သိရတယ်။ ဘယ်လိုလွတ်လာတာလဲ။

’’ဟုတ်ပါတယ်။ အခု ဖေဖော်ဝါရီ ၇ ရက်နေ့က ဘူးသီးတောင် ထောင်ကနေ ကျနော်နဲ့ အမှုတွဲ တခုထဲဖြစ်ခဲ့တဲ့ ကိုသန်းလွင်၊ မနီနီမေမြင့်၊ ကိုမောင်မောင်သက်၊ ကိုချစ်မောင်မောင်တို့ အကုန်လုံး ၅ ယောက် နှစ်စေ့နဲ့ လွတ်လာကြတာပါ။ ဘာအာမခံချက် လက်မှတ်မှ မထိုးရပါဘူး’’

ကိုမိုးနိုင်စိုးတို့ ၅ ဦး အဖမ်းခံရတာနဲ့ ပတ်သက်ပြီး သိပါရစေခင်ဗျ။

’’ကျနော်တို့က ၈၈ အရေးအခင်းကာလမှာ ကျဆုံးသွားတဲ့ ရဟန်းရှင်လူ၊ ကျောင်းသား ပြည်သူတွေကို ရည်စူးပြီးတော့ ဗုဒ္ဓဘာသာရဲ့ ဓလေ့ထုံးတမ်း အစဉ်အလာအရပေါ့၊ ဘုရားမှာ ကောင်းမှုကုသိုလ် လုပ်မယ်ဆိုပြီးတော့ တောင်ကုတ်မြို့ပေါ်က ဘုရားကို ဦးဥတ္တမ လမ်းကြီးအတိုင်း ကျနော်တို့ အဖွဲ့ဝင် ၈၀ ကျော်လောက် ရှိတယ်ခင်ဗျ။ တန်းစီသွားနေတုန်း ၈ ရက် ၈ လ ၂၀၀၈ မနက်ပိုင်းမှာ အဖမ်းခံရတယ်’’

’’အဲဒီတုန်းက ဖမ်းတဲ့အချိန်မှာ ၄၈ ယောက် အဖမ်းခံရတယ်။ ၄၃ ယောက်ကို လက်မှတ်ထိုးခိုင်းပြီးတော့ ပြန်လွှတ်ပေးလိုက်တယ်။ ကျနော်တို့ ၅ ယောက်ကိုကျတော့ သူတို့ ယူထားလိုက်တယ်ပေါ့ဗျာ။ ဖမ်းထားပြီးနောက်တော့ သံတွဲခရိုင် တရားရုံးမှာ ပုဒ်မ ၅၀၅ (ခ) ရယ်၊ ၁၄၃ ရယ် ၂ နှစ်နဲ့ ၆ လ ချလိုက်တယ်ခင်ဗျ’’

အာဏာပိုင်တွေဘက်က ဖမ်းဆီးပြီး ဒီပုဒ်မတွေနဲ့ ချမှတ်ထောင်ချလိုက်တဲ့ အပေါ်မှာရော ကိုမိုးနိုင်စိုးအနေနဲ့ ဘယ်လိုမြင်လဲ။

’’ကျနော်တို့ တိုင်းပြည်အတွက် လူထုလှုပ်ရှားမှု ပြုလုပ်ရင်း အသက်ဆုံးရှုံးသွားတဲ့ လူတွေအတွက် ဘုရားမှာ ကောင်းမှုကုသိုလ် ပြုလုပ်ဖို့ သွားတာ။ ကျနော်တို့အနေနဲ့ ဆူပူလိုတဲ့ စိတ်ဆန္ဒနဲ့ သွားတာလည်း မဟုတ်ဘူး။ ကျနော်တို့လက်ထဲမှာလည်း ဒုတ်၊ ဓား၊ လက်နက် တစုံတရာ ကိုင်ထားတာလည်း မရှိဘူး။ ဆူဆူပူပူ ကြွေးကြော်ဖို့အရာလည်း မရှိဘူး။ ဘုရားကို ငြိမ်းငြိမ်းချမ်းချမ်း သွားနေတာကို ဆူပူလှုပ်ရှားမှု၊ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှုနဲ့ဆိုပြီး ချလိုက်တာခင်ဗျ’’

’’အဲဒီတုန်းက တရားရုံးမှာ ကိုယ်တိုင်ချေပတယ်။ တရားသူကြီး ဒေါ်ဆောင်းတင်က ကျနော်တို့ကို မေးတယ်ခင်ဗျ။ အပြစ်ရှိလားတဲ့။ ကျနော်ကပြောတယ် မရှိဘူးလို့။ ဘာဖြစ်လို့ မရှိလဲတဲ့။ လူအခွင့်အရေး အာစီယံ ပဋိညာဉ် စာချုပ်မှာ မြန်မာနိုင်ငံက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို ဖော်ဆောင်ပါ့မယ်ဆိုပြီးတော့ လွတ်လွတ်လပ်လပ် လက်မှတ်ထိုးထားတယ်။ အဲဒီတော့ ကျနော်တို့က ဒီဘောင်အတွင်းက ကျော်ပြီးတော့ လုပ်တာမဟုတ်ဘူး။ အဲဒီအထဲမှာ လူတိုင်းက လွတ်လပ်စွာ စီတန်းလမ်းလျှောက်ခွင့်တို့၊ ဆန္ဒထုတ်ဖော်ခွင့်တို့ ဒါတွေပါတာပဲ။ ကျနော်တို့က ဒီဘောင်တွေကို ကျော်ပြီးတော့ လုပ်တာမဟုတ်ဘူးဆိုပြီး ပြောသေးတယ်ခင်ဗျ။ မရပါဘူး။ ချလိုက်တာပဲ’’

အစတုန်းက ကိုမိုးနိုင်စိုးတို့ ၅ ဦးလုံး သံတွဲထောင်မှာကျတယ်လို့ သိရတယ်။ နောက် ဘယ်လိုဖြစ်ပြီး ဗူးသီးတောင် ထောင်ကို ပြောင်းလိုက်တာလဲခင်ဗျ။

’’ကျနော်တို့က သံတွဲထောင်မှ ၁ လလောက် ကြာတယ်ခင်ဗျ။ နောက် စက်တင်ဘာ ၉ ရက် ဆရာတော် ဦးဥတ္တမနေ့မှာ အစာငတ်ခံ ဆန္ဒပြလို့ ဆိုပြီး နောက်တနေ့မှာ ဗူးသီးတောင်ထောင်ကို ကျနော်တို့ ၅ ယောက်လုံးကို တခါထဲ ပြောင်းလိုက်တယ်ခင်ဗျ’’

ပြောင်းသွားတော့ သံတွဲထောင်နဲ့ ဘူးသီးတောင်ထောင်က ဘာတွေကွာလဲဗျ။ အကောင်းအဆိုးတွေပေါ့လေ။

’’သံတွဲထောင်က လူနည်းတော့ မိသားစုဆန်တယ်။ ပြောရဆိုရတာ အဆင်ပြေတယ်။ အဲဒီနေရာကနေ ဗူးသီးတောင် ထောင်ကို ပို့လိုက်တော့ တော်တော်ကြီးကို ဆိုးရွားတဲ့နေရာကို ပြောင်းလိုက်တဲ့ အနေအထားပေါ့ဗျာ။ ကျနော်တို့က ထောင်လည်း မကျဖူးဘူး။ မြင်လည်း မမြင်ဘူးတော့ အဲလောက်ထိ ဆိုးရွားတဲ့ နေရာကို လူ့ပြည်မှာ ရှိတောင်ရှိလိမ့်မယ်လို့ မထင်ဘူး။ တကယ့်ကို ဆိုးရွားတဲ့နေရာ လူတယောက် ဝင်သွားရင် အသက်နဲ့ ပြန်ထွက်လာဖို့တောင် အင်မတန် ခဲယဉ်းတဲ့ နေရာ၊ ငရဲတွင်းလို့ကို ပြောလို့ရတယ်’’

ဗူးသီးတောင် ထောင်ရဲ့ ထောင်တွင်း ကျန်းမာရေး၊ အစားအသောက်နဲ့ နေရေးထိုင်းရေး အခြေအနေကရော ဘယ်လိုရှိလဲခင်ဗျ။

’’နေရေးထိုင်ရေးဆိုရင် ရေစိုနေတဲ့ မြေပြင်မှာ ဝါးကဒ်တွေကို ခင်းပြီး အိပ်ရတယ်။ အခန်းကလည်း ၈ တောင်၊ ၁၀ တောင် လောက်ပဲ ရှိတယ်။ မိလ္လာကန်ကလည်း အဲဒီမှာတွဲရက်ပဲ။ အဲဒီအခန်းထဲမှာ ၄ ယောက်လောက်က ပြွတ်သိပ်ပြီးတော့ အိပ်ရတယ်။ လေဝင် လေထွက်ကလည်း ဝင်ပေါက်ထွက်ပေါက် တပေါက်ပဲ ရှိတယ်’’

’’ကျန်းမာရေး စောင့်ရှောက်မှုက လုံးဝမကောင်းဘူးခင်ဗျ။ ပြည့်စုံမှုလည်း မရှိဘူး။ ကျန်းမာရေး တာဝန်ယူထားတဲ့ ဆေးထောင်မှူးတွေကလည်း ဆေးထောင်မှူးတွေနဲ့ မတူဘူး။ နှိပ်စက်မယ့် ငရဲသားတွေနဲ့ တူနေတယ်’’

’’နေမကောင်းလို့ လူနာတယောက်က သွားပြီးတော့ ဆေးတောင်းမယ်ဆိုလို့ရှိရင် ဒါ မင်းတို့ အမေအိမ် မဟုတ်ဘူး၊ ထောင်ကျနေတာ ဘာညာနဲ့ ဆဲဆိုပြီး ရိုတ်တာနှက်တာ အထိတောင် ရှိတယ်။ တချို့ ထုံနာကျင်နာဖြစ်လို့ ဆေးသွားတောင်းတဲ့ လူတွေကို ပတ်ပြီး အပြေးခိုင်းတာကို ကျနော်တို့ မျက်စိရှေ့မှာ မြင်နေရတယ်’’

’’နောက် သောက်ရေ၊ သုံးရေတွေကလည်း မသန့်ရှင်းဘူး။ အမှုန်အမွှားတွေ၊ ပိုးလောက်လန်းတွေနဲ့ နေ့တိုင်း ဖြစ်နေကြပဲ။ ရေချိုးတဲ့အခါလည်း ထောက်လှမ်းရေးအဖြစ်ကနေ ကျနေတဲ့ ထောင်သားတွေလောက်ပဲ ရေဝအောင် ချိုးရတယ်။ ကျနော်တို့လို လူတွေကတော့ ဝအောင် မချိုးရဘူး။ နောက်ပြီး ရေကန်တွေကလည်း မလုံလောက်ဘူးလေ’’

’’ထမင်းဆိုလည်း နီကျင်ကျင်နဲ့ စပါးလုံးနိုင်းချင်းပဲ။ ငပိတွေထဲမှာလည်း အုတ်မှုန့်၊ သဲမှုန့်တွေနဲ့။ နောက်ပြီးတော့ ကျနော်တို့ ထောင်ထဲမှာ စားနေကျ တာလဘောပေါ့။ အဲဒါကလည်း ကန်ဇွန်းရွက်တွေနဲ့ ချက်ထားတာ။ ကန်ဇွန်းရွက်ဆိုလည်း အဖျားပိုင်းမပါဘူး။ လက်မလုံးလောက် အရင်းပိုင်းတွေကို ဖြတ်ပြီးတော့ ချက်ကျွေးတယ်။ ရေငြှိတွေရော၊ အမြစ်တွေရော ညစ်ပတ်နေတာပဲ။ တော်တော် ဆိုးဆိုးရွားရွားပါပဲ’’

ထောင်ကျတဲ့ အခါမှာရော ထောင်အာဏာပိုင်တွေက နှိပ်စက်တာတို့၊ ညှဉ်းပန်းတာတို့ လုပ်တာမျိုးကြုံရလားခင်ဗျ။

’’ရှိတယ်။ အဲဒီထောင်မှာက ထောင်ဗူးဝ ဝင်တာနဲ့ ထောင်မှူးတွေက လက်စွမ်းပြတာကို တန်းခံရတာပဲ။ ကျန်းမာရေး၊ အစားအသောက် စောင့်ရှောက်မှု အားနည်းတာတွေကို ထောင်မှူးတွေကို ကျနော်တို့က တင်ပြတာရှိတယ်။ အေးအေးဆေးဆေး တင်ပြလို့ မရတဲ့အခါမှာ အစာငတ်ခံ ဆန္ဒပြတောင်းဆိုတာတွေ ရှိလာတယ်’’

’’ဥပမာ သူတို့ချက်တဲ့ ဟင်းတွေက လူတယောက်ကို ကျွေးတဲ့ အစားအစာနဲ့ မတူဘူး။ ဝက်တို့၊ ကြက်တို့ ကျွေးတဲ့ အဆင့်ပဲ ရှိတယ်။ အဲဒါကို ကျနော်တို့က လူသားတွေ ဖြစ်တဲ့အတွက်ကြောင့် လူသားတယောက် စားရမယ့် အစားအစာ မဟုတ်ဘူး။ အဲဒါကြောင့် ကျနော်တို့က အစာငတ်ခံ ဆန္ဒပြတယ်’’

’’အဲဒါကို သတင်းပေါက်ကြားသွားပြီးတော့ ရိုက်နှက်တာတွေ ရှိတယ်။ အဲဒီမှာ ထောင်ပိုင်ကြီး ဦးစိန်ထွန်း ရှိတယ်။ နောက် ဦးသိန်းရွှေ ရှိတယ်။ သူတို့ကိုယ်တိုင် နံပါတ်တုတ်တွေနဲ့ ဝိုင်းပြီး ရိုက်ကြတယ်။ ကျနော်ဆိုရင် သတိတောင် မေ့သွားတယ်ဗျ။ နောက် မောင်မောင်သက် ဆိုလို့ရှိရင် သူက လေဖြတ်နေတာ။ ကိုယ်တခြမ်းက သိပ်မလှုပ်နိုင်ဘူး။ သူ့ကိုပါ အရိုက်ခံရတယ်။ ကျနော်တို့ ၄ ယောက်စလုံး အရိုက်ခံရတယ်ခင်ဗျ’’

အကိုတို့နဲ့ တတွဲထဲကျတဲ့အထဲမှာ မနီနီမေမြင့်လည်း ပါတယ်ဆိုတော့ သူကရော ကိုမိုးနိုင်စိုးတို့ ၄ ဦး ကြုံတွေ့ရတဲ့ အခက်အခဲမျိုးတွေ ကြုံတွေ့ရလားဗျ။

’’သူက အမျိုးသမီးဆိုတော့ အမျိုးသမီးဆောင်ကို ရောက်သွားတဲ့အခါကျတော့ အဲလောက်ထိတော့ ဘာမှမသိရဘူးခင်ဗျ။ ဒါပေမဲ့ မိန်းကလေးတယောက်အနေနဲ့ ထောင်ထဲမှာနေရတာ အခက်အခဲအများကြီးတော့ ရှိမှာပေါ့။ ဒါပေမဲ့ ကျနော်တို့လောက်တော့ ဆိုးမယ် မထင်ပါဘူး။ ရိုက်နှက်တာတွေ မရှိပေမယ့် ထောင်ဝါဒါတွေရဲ့ မိန်းမတွေက မိန်းကလေးအချင်းချင်း ပါဝါပြတာတွေ ဘာတွေတော့ ရှိတာပေါ့’’

ထောင်ထဲမှာတော့ စားဝတ်နေရေး၊ ကျန်းမာရေး ဒါတွေ မကောင်းမွန်တဲ့အတွက် ဆိုးကျိုးတွေ တွေ့တယ်ဆိုတော့ ကောင်းကျိုးတွေရော ဘာမှ မရှိဘူးလား။

’’ရှိပါတယ်။ အဲဒီမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဋ္ဌေးကြွယ်တို့လို ပုဂ္ဂိုလ်တွေနဲ့ တွေ့ခွင့်ရတယ်ဗျ။ သူတို့လို လူမျိုးတွေနဲ့ ခဏပဲ တွေ့ခဲ့တွေ့ခဲ့၊ တစက္ကန့်ပဲ တွေ့ခဲ့တွေ့ခဲ့ ကျနော်တို့အတွက် အတုယူစရာတွေ အများကြီး တွေ့ခဲ့ရတယ်ပေါ့ဗျာ’’

’’နောက်ပိုင်းမှာ အသစ်ရောက်လာတဲ့ ထောင်မှူး၊ ထောင်ပိုင်တွေက စာကြည့်တိုက်တွေ ထောင်တော့ ရှိတဲ့အချိန်တွေမှာ စာအုပ်တွေ ဖတ်ဖြစ်တယ်’’

အဲဒီထောင်မှာရော နိုင်ငံရေးအကျဉ်းသား ဘယ်နှယောက်လောက် ကျန်ခဲ့လည်း ဘယ်သူတွေလဲဗျ။ ကိုဋ္ဌေးကြွယ်လည်း ရှိတယ်ဆိုတော့ သူ့ကျန်းမာရေး အခြေအနေက ဘယ်လိုရှိလဲ။

’’ကိုဋ္ဌေးကြွယ် ကျန်းမာရေးကတော့ ကျနော်တို့ရှိတုန်းကတော့ ကောင်းပါတယ်ခင်ဗျ။ အဲဒီမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေကတော့ ကိုဋ္ဌေးကြွယ် အပါအဝင် ရှမ်းပြည်က ဦးခွန်ထွန်းဦးအဖွဲ့က ဦးထွန်းညိုလည်း ရှိတယ်။ ရခိုင်ပြည်နယ် အတွင်းရေးမှူး ဦးခင်လှ၊ အမေရိကန် စင်တာမှာ အဖမ်းခံရတဲ့ ကိုဝဏ္ဏ၊ ၈ လေးလုံး နှစ်ပတ်လည်မှာ အဖမ်းခံရတဲ့ ကိုသန်းထွန်းဇော် ရှိတယ်။ နောက် ကိုသန့်ဇင်မျိုး၊ ကိုစည်သူမောင်၊ ကိုမြတ်သူတို့၊ ကိုအောင်ဇော်ဦးတို့နဲ့ စုစုပေါင်း ၁၀ ယောက်ကျော် ရှိတယ်’’

အပြင်မှာ သတင်းတွေ ခဏခဏ ထွက်နေတယ်။ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို ရာဇဝတ်မှုတွေနဲ့ ထောင်ကျတဲ့ လူတွေနဲ့ ရောထားတယ်လို့ ကြားနေရတယ်။ ကိုမိုးနိုင်စိုးတို့ရော ဒါမျိုးတွေ ကြုံခဲ့လား။

’’ဟုတ်တယ်ခင်ဗျ။ အဲဒါတွေ ရှိတယ်ခင်ဗျ။ ကျနော်တို့ကိုယ်တိုင် အဲဒီလို လူသတ်မှုတွေ၊ မုဒိမ်းမှုတွေ၊ ခိုးမှုတွေနဲ့ ကျတဲ့ လူတွေ။ နောက် ကုလားတွေ၊ တရုတ်တွေ၊ ဂျပန်တွေနဲ့ အတူတူနေရတာမျိုး ကြုံတွေ့ခဲ့ရတယ်။ အခု ကျနော်တို့ လွတ်လာတဲ့ အခါမှာတောင် စစ်တွေက စက်တင်ဘာ အရေးအခင်းမှာ အဖမ်းခံရတဲ့ ဦးကုဿရိယပေါ့။ သူဆိုလို့ရှိရင် ရာဇဝတ် အကျဉ်းသားတွေနဲ့ အတူတူနေခဲ့ရတယ်’’

သူတို့နဲ့ အတူတူ နေခဲ့ရတယ်ဆိုတော့ ဆိုးကျိုး၊ ကောင်းကျိုးအဖြစ် ဘာတွေ တွေ့ခဲ့ရလဲခင်ဗျ။

’’ကျနော်တို့ကို နိုင်ငံရေးအကျဉ်းသားတွေနဲ့ အတူတူထားလို့ရှိရင် ကျနော်တို့အတွက် လေ့လာစရာတွေ၊ သင်ယူစရာတွေ အများကြီး ရနိုင်တယ်လေ။ အဲဒါကို ရာဇဝတ်သားတွေနဲ့ ရောထားတဲ့အတွက် အဲဒီအခွင့်အရေးတွေ မရနိုင်ဘူး’’

’’ကောင်းကျိုးအနေနဲ့ကတော့ သူတို့ကို ကျနော်တို့ရဲ့ အတွေ့အကြုံတွေ၊ ယုံကြည်ချက်တွေ၊ ခံယူချက်တွေကို မျှပေးခဲ့တယ်။ နောက် သူတို့ အထဲမှာ တခုခု အခက်အခဲဖြစ်ရင် ကျနော်တို့က သူတို့ ရှေ့ကနေပြီး ရပ်တည်ဖြေရှင်းပေးနိုင်ခဲ့တာတွေ ရှိခဲ့တယ်ခင်ဗျ။ ဒါတွေကတော့ ကောင်းကျိုးတွေပေါ့ဗျာ’’

ပြန်လွတ်လာတဲ့နေ့ နောက်တနေ့မှာ ရန်ကုန်ရွှေဂုံတိုင်က NLD ရုံးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားတွေ့ခဲ့တယ်လို့ သိရတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တော့ သူနဲ့ ဘာတွေ ဆွေးနွေးဖြစ်ကြလဲခင်ဗျ။

’’ကျနော်တို့က ဒေါ်စုနဲ့ တွေ့ခဲ့တယ်ဆိုပေမယ့် အဲလောက်ထိ အကြာကြီး စားပွဲပေါ်မှာထိုင်ပြီး ဆွေးနွေးတာမျိုး မဟုတ်ဘူးခင်ဗျ။ မက်တပ် အနေအထားပဲ တွေ့တယ်ဆိုရုံလောက်ပဲ ပြောဖြစ်တာပါ။ သူကတော့ လွတ်လာတဲ့အခါ ကျန်းမာရေးအခြေအနေနဲ့ ကူညီစရာ လိုအပ်ရင်ပြောဖို့ ကျနော်တို့ကို ပြောပါတယ်။ အဲလောက်ပါပဲ’’

အပြင်မှာတော့ သတင်းတွေထွက်နေတာ ထောင်ထဲမှာလည်း လာဘ်ပေးလဘ်ယူတွေ ရှိတယ်လို့ ကြားတယ်။ အဲဒီထောင်ထဲမှာရော ရှိလားခင်ဗျ။

’’ဒါတွေကတော့ ရှိတယ်ခင်ဗျ။ ဒါပေမဲ့ အခု အသစ်ရောက်လာတဲ့ ထောင်ပိုင်ကြီး ဦးတင့်ဆွေကတော့ သူက ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ ကြိုးစားကြတယ်ခင်ဗျ။ ကျနော်တို့ရဲ့ တင်ပြချက်တွေကိုလည်း နားထောင်တယ်။ ဒါပေမဲ့ သူတို့က အကျဉ်းသားတွေနဲ့ အမြဲတမ်း တိုက်ရိုက် ထိတွေ့နေတဲ့ လူတွေ မဟုတ်ဘူးဆိုတော့ အဲဒီမှာ သူတို့ခန့်ထားတဲ့ အကျဉ်းသား အရာရှိတွေပေါ့။ အခန်းလူကြီးတွေ၊ တန်းစီးတွေ၊ တန်းစီးချုပ်တွေ ဒီလိုလူတွေက လာဘ်ပေးလာဘ်ယူတွေ လုပ်ပြီးတော့ နေရာပေးမှုတွေ၊ အခွင့်အရေး ပေးတာတွေ ရှိတယ်ခင်ဗျ’’

ထောင်ကျခဲ့တဲ့ လူတယောက်အနေနဲ့ပေါ့လေ ထောင်ကို ဘယ်လိုမြင်လဲဗျ။

’’ထောင်ကို ဘယ်လိုမြင်လဲဆိုတော့ ထောင်က ရာဇဝတ်အကျဉ်းသားတွေ အတွက်တော့ ထောင်က မရှိလို့ မဖြစ်ဘူး။ ဒါပေမဲ့ အပြစ်မရှိတဲ့ လူသားတွေကိုတော့ အပြစ်ပေးပြီး ဒီနေရာမျိုးကို ပို့ဖို့တော့ မသင့်ဘူး’’

ထောင်ကနေ ထွက်လာတော့ရော စိတ်ထဲမှာ ဘယ်လိုဖြစ်မိလဲဗျ။

’’ထောင်ကနေ ထွက်လာပေမယ့်လည်း ကျနော့်စိတ်ထဲမှာ ဘာမှမဖြစ်ဘူး။ ဘာကြောင့်လဲဆိုတော့ ထောင်ထဲမှာ နေရတုန်းကတော့ ထောင်ကျဉ်းကျဉ်းလေးပေါ့။ အခုအပြင်ထွက်လာတော့လည်း ကျနော်တို့အတွက် လွတ်လပ်မှုက ထူးထူးခြားခြား ရလာတာမျိုးလည်း မရှိဘူးဆိုတော့ ထောင်ကျဉ်းကျဉ်းလေးထဲက ထောင်အကြီးကြီး ရောက်လာသလိုပေါ့ဗျာ။ ဘာမှမထူးပါဘူး’’

လွတ်မြောက်လာပြီဆိုတော့ ဘာတွေ ဆက်လုပ်ဖို့ အစီအစဉ်တွေ ရှိလဲဗျ။

’’ကျနော်တို့ ထောင်ကျတုန်းက တဖွဲ့လုံးက NLD အဖွဲ့ဝင်အနေနဲ့ ကျသွားတာကိုး။ အခု ပြန်လွတ်လာတော့လည်း NLD ကတော့ ရုံးကလည်း ဆက်ရှိနေသေးတယ်။ ကိုယ့်လူတွေရဲ့ လှုပ်ရှားမှုကလည်း ဆက်ရှိနေသေးတယ်ဆိုတော့ ကျနော်တို့က ကိုယ့်ကို ပေးအပ်တဲ့ တာဝန်နဲ့ ကိုယ့်ရဲ့ အသိတရားနဲ့ ဆက်လက်လုပ်ဆောင်သွားဖို့ ရှိတယ်ခင်ဗျ’’

’’ကျနော်တို့နိုင်ငံက တခြားနိုင်ငံတွေနဲ့ မတူဘူး။ ကျနော်တို့နိုင်ငံက တိုင်းရင်းသားတွေနဲ့ စုပေါင်းပြီးတော့ ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်တဲ့ အတွက်ကြောင့် စစ်မှန်တဲ့ ပြည်ထောင်စုတခုတော့ ပေါ်ပေါက်လာဖို့တော့ လိုတယ်။ ဒီအပေါ်မှာ တိုင်းရင်းသား ခေါင်းဆောင်တွေကလည်း ဝိုင်းပြီးတော့ တခြား လူမျိုးကြီးတွေကလည်း သဘောထားကြီးကြီးနဲ့ အကောင်အထည်ဖော်ဖို့ လိုတယ်လို့ မြင်တယ်ခင်ဗျ’’

’’မဟုတ်လို့ရှိရင် ဘယ်စနစ်၊ ဘယ်ခေါင်းစဉ်ပဲ တပ်တပ်၊ ဒီမိုကရေစီ ခေါင်းစဉ်ပဲ တပ်တပ်၊ ဆိုရှယ်လစ် ခေါင်းစဉ်ပဲ တပ်တပ်၊ ဒီတိုက်ပွဲတွေ တော်လှန်ရေးတွေဟာ အဆက်ဆက် ဖြစ်နေဦးမယ်လို့ ထင်ပါတယ်ခင်ဗျ’’

လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား တဦးအနေနဲ့ အခုမြန်မာနိုင်ငံမှာ လုပ်ဆောင်နေတဲ့ ရွေးကောက်ပွဲရဲ့ နောက်ဆက်တွဲ လွှတ်တော်တွေအပေါ်မှာရော ဘယ်လိုမြင်လဲခင်ဗျ။

’’အခု လက်ရှိကျင်းပနေတဲ့ ရွေးကောက်ပွဲရဲ့ နောက်ဆက်တွဲဖြစ်တဲ့ လွှတ်တော်ဆိုတာတွေဟာလည်း နားလှည့်ပါးရိုက်ပြီးတော့ လုပ်ချင်သလို လုပ်နေတာကိုပဲ တွေ့ရတယ်။ အဲဒါကို ကျနော်တို့ လက်လည်း မခံပါဘူး။ သပိတ်လည်း ဆက်မှောက်နေရမှာပဲဗျ။ ဒီရွေးကောက်ပွဲတင် မဟုတ်ဘူး၊ ဆန္ဒခံယူပွဲကတည်းက ကျနော်တို့က သပိတ်မှောက်ထားတဲ့ လူတွေဗျ။ အခုလည်း ဆက်လုပ်သွားမှာပဲ’’

စားသောက်ကုန် ဈေးနှုန်းများ တရိပ်ရိပ်တက်

ရန်ပိုင် Saturday, 26 February 2011

စစ်အစိုးရက ၀န်ထမ်းများ လစာတိုးမည်၊ ၁ သောင်းတန် ငွေစက္ကူ ထုတ်မည်ဆိုသည့် အတည်မပြုနိုင်သော သတင်းများ ထွက်ပေါ်လာသည့် အကျိုးဆက်အဖြစ် စားသောက်ကုန်ဈေးနှုန်းများ ပိုမိုမြင့်တက်လာသည်။

အဆိုပါ သတင်းများကြောင့် ယခုရက်ပိုင်းအတွင်း ဒုတိယတန်းစား ဖျာပုံပေါ်ဆန်းမွှေး တတင်းခွဲတအိတ်လျှင် ကျပ် ၂၉၅၀၀ ဈေးဖြင့် လက်ကားဖြန့်ချိ နေရာမှ ယနေ့ ၃၃၀၀၀ ကျပ်အထိ မြင့်တက်သွားကြောင်း၊ ရွှေဘိုပေါ်ဆန်းမွှေး တတင်းခွဲတအိတ်သည် ၃၀၀၀၀ ကျပ်မှ ၃၅၀၀၀ ကျပ်အထိ မြင့်တက်သွားကြောင်း ရန်ကုန်မြို့ ဘုရင်နောင် ပွဲရုံတန်းမှ ဆန်ကုန်သည်တဦးက ဧရာဝတီသို့ ပြောသည်။

“အဲဒီသတင်းတွေ ထွက်လာပြီး ၂ ပတ်အတွင်း ဈေးတွေက တရိပ်ရိပ်တက်လာတာ။ ဒါ့အပြင် သယ်ယူပို့ဆောင်ရေး စရိတ်တွေက ၃ ဆလောက်တက်တော့ ပိုဆိုးတယ်။ စပါးစိုက်မယ့် မိုးရာသီရောက်ရင်တော့ ပိုတက်မယ်လို့ ခန့်မှန်းနေကြတယ်” ဟု ၎င်းကုန်သည်က ဆိုသည်။

ဝယ်လိုအားများသည့် မနောသုခ၊ ဇီယာစသည့် ဆန်များသည် တတင်းခွဲ တအိတ်လျှင် ၁၄၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်အထိ မြင့်တက်သွားပြီး လက်လီဈေးနှုန်းသည် တအိတ်လျှင် ၂၀၀၀၀ ကျပ်အထိ ဈေးပေါက်သည်။ ယင်းဆန်များကို တပြည်ချင်း ရောင်းလျှင် ယခင်က ၆၀၀ ကျပ်ဖြင့် ရောင်းနိုင်သော်လည်း ယခုအခါ ၈၀၀ ကျပ်အထိ ဈေးတင် ရောင်းချရကြောင်း ယင်းဆန်ကုန်သည်က ဆက်လက် ရှင်းပြသည်။

စစ်အစိုးရက ကုန်တင်ကားများကို အာဆီယံ စံချိန်စံညွန်းနှင့်အညီ သတ်မှတ်တန်ချိန်အတိုင်းတင်ရန် ကန့်သတ်လိုက်သည့်အတွက် သယ်ယူပို့ဆောင်ခ ဈေးနှုန်းများလည်း မြင့်တက်ခဲ့ရသည်။ ရန်ကုန်မြို့မှ မော်လမြိုင်မြို့သို့ ဆန်တင်ပို့လျှင် တတင်းခွဲ ဆန်တအိတ်ကို ယခင်က ၇၀၀ ကျပ်သာ ပေးရသော်လည်း ယခုအခါ ၂၀၀၀ ကျပ် တန်ဆာခ ပေးဆောင်ရသည်။

ယင်းဆန်ကုန်သည်၏ ခန့်မှန်းချက်အရ လာမည့် မိုးရာသီတွင် ဆန်ဈေးမှာ ယခုထက် မြင့်တက်နိုင်ပြီး ပေါ်ဆန်းမွှေးဆန်ဈေးသည် တအိတ်လျှင် ကျပ် ၅၀၀၀၀ အထိ မြင့် တက်သွားနိုင်ပြီး လူတန်းစားမရွေး စားသုံးနိုင်သည့် ဆန်အမာနှင့် ဆန်အပျော့ ဈေးနှုန်းလည်း ကျပ် ၃၀၀၀၀ မှ ကျပ် ၃၀၀၀၀ ကျော် အထိ မြင့်တက်လာနိုင်သည်ဟု ဆိုသည်။

မြောင်းမြမြို့နယ်မှ စပါးကုန်သည် တဦးကလည်း ဖျာပုံပေါ်ဆန်းမွှေး စပါးဈေးမှာ တင်း ၁၀၀ လျှင် ကျပ် ၈ သိန်းဈေးရှိပြီး ရွှေဘိုပေါ်ဆန်းမွှေး စပါး၏ လက်ရှိဈေးနှုန်းမှာ ၉ သိန်းခန့်ရှိကြောင်း၊ သို့သော် ဈေးနှုန်းသာရှိပြီး ရောင်းချမည့်သူ မရှိကြောင်း၊ စပါး လက်ဝယ်ရှိသည့် တောင်သူနှင့် ကုန်သည်များသည် ယခုအခါ ဈေးထပ်မံတက်မည့် အရိပ်လက္ခဏာများ ရှိနေသည့်အတွက် ရောင်းချခြင်းမရှိဘဲ ဆက်လက် စောင့်ကြည့်နေကြောင်း ရှင်းပြသည်။

ပြီးခဲ့သည့်နှစ် စပါးရိတ်သိမ်းရမည့် ရာသီတွင် ဂီရိမုန်တိုင်း ၀င်ရောက်ခဲ့ခြင်း၊ အချိန်အခါမဟုတ် မိုးရွာခြင်းများကြောင့် စပါးခင်းများ ပျက်စီးခဲ့သည်။ ယခုအခါ ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံး ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင်လည်း ရာသီဥတုဖောက်ပြန်ကာ မိုးအဆက် မပြတ်ရွာသွန်းပြီး ရေကြီးမှုများ ဖြစ်ခဲ့သည့်အတွက် ဆန်ထုတ်လုပ်မှု လျော့ကျနိုင်သည်ဟု သိရသည်။

စားဆီဈေးနှုန်းမှာလည်း မြင့်တက်သွားကြောင်း၊ ပဲဆီ တပိဿာလျှင် ၄၂၀၀ ကျပ်မှ ၄၅၀၀ ကျပ်၊ နှမ်းဆီမှာ ၃၀၀၀ ကျပ်မှ ၃၂၀၀ ကျပ်အထိ ယခုရက်အတွင်း မြင့်တက်သွားကြောင်း သိရသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း စားဆီပြတ်လတ်နေပြီး အစိုးရမှ ခွဲတမ်းနှင့် ရောင်းချနေရသည်။

ဘုရားသုံးဆူနယ်စပ်မှအပြန်ဗျူဟာမှူးနှုတ်ဆက်သည့် ဇာတ်ပွဲဘန်းပြလောင်းကစားဝိုင်းစည်ကား

မင်းချမ်း၊ ကောင်းဝါသတင်းဌာန

ထိုင်းနယ်စပ်၊ ဘုရားသုံးဆူနယ်စပ်မြို့မှ မကြာမီရက်ပိုင်းအတွင်း ရှေ့တန်းမှပြန်တော့မည့် ဗျူဟာမှူးနှုတ်ဆက်သည့်ဇာတ်သဘင်ပွဲဘန်းပြသော လောင်းကစားဝိုင်းများ အထူးစည်ကားနေကြောင်း ကောင်းဝါမှသတင်းရယူခဲ့သည်။

“ပွဲနာမည်က ဟိန်းချစ်တဲ့၊ ပွဲကြည့်သူကနဲနဲ၊ ကစားဝိုင်းထဲမှာကလူပိုစည်ကားတယ်” ဟု ပွဲကြည့်ပရိသတ်တစ်ဦးက ပြောသည်။

အဆိုပါ ဇာတ်ပွဲသွင်းလောင်းကစားဝိုင်းများကို ဘုရားသုံးဆူမြို့၊ ရဲစခန်းရှေ့၊ ဂေါက်ကွင်း၌ လာမည့် မတ်လ ၁ ရက်နေ့အထိ တစ်ပတ်ခန့်ဖွင့်လှစ်သွားမည်ဟု အနီထောင်လောင်းကစားဒိုင်တစ်ဦးက ပြောသည်။

“နောက်ထပ်ငါးညကျန်သေးတယ်၊ ကျုပ်တို့ဒိုင်တွေအတွက်အလုပ်ဖြစ်တာပေါ့၊ တစ်ညလုံးစည်စည်ကားကား ကစားနိုင်တာပေါ့ဗျာ” ဟု အမည်ဖေါ်ခွင့်မရသောအနီထောင်ဒိုင်က ပြောသည်။

ဘုရားသုံးဆူမြို့သို့ လွန်ခဲ့သော ၃ လခန့်ကရောက်ရှိလာသော စကခ(၈) နည်းဗျူဟာ(၁)မှ ဗိုလ်မှူးကြီးသိန်းဇော် တာဝန်ချိန်ကုန်ဆုံးသဖြင့် မကြာမီရက်ပိုင်းအတွင်း ရှေ့တန်းမှပြန်မည်ဖြစ်သည်ဟုပြောဆိုသည့်အတွက် လက်ဆောင်ပဏ္ဍာဆက်သရန် လောင်းကစားဝိုင်းကျင်းပပြုလုပ်ရကြောင်း ဒေသခံကုန်သည်တစ်ဦးက ပြောသည်။

အမည်မဖေါ်လိုသော ကျောင်းသားမိဘတစ်ဦးက “စာမေးပွဲလည်းနီးနေပြီ၊ အခုတွေ့နေရတဲ့အတိုင်းပဲ ကျောင်းသားခလေးတွေ ဖဲဝိုင်း၊ အန်ဂလုံဝိုင်း၊ ကစားဝိုင်းထဲရောက်နေကုန်ပြီ၊ ကျောင်းစာကိုစိတ်ဝင်တစား ဘယ်လို ဖတ်ကြမှာတုန်း”ဟု ပြောသည်။

“ကရင်တွေလမ်းပိတ်ထားတယ်၊ သစ်တွေသယ်ခွင့်မရဘူး၊ သုံးဆူမြို့အာဏာပိုင်တွေ အခက်အခဲဖြစ်နေပုံရတယ်၊ ဒါကြောင့် ဗျူဟာမှူးအပြန်ခရီးရံပုံငွေဆိုပြီး အကြံအဖန်လုပ်ရတာပေါ့ဗျာ” ဟု ထိုင်းနယ်စပ်စစ်ရေးစောင့်ကြည့်သူတစ်ဦးက ဝေဖန်ပြောဆိုသည်။

တစ်ညလျှင် လောင်းကစားဝိုင်းအကောက်ကြေး ဘတ်ငွေလေးသောင်းခန့်ရရှိပြီ မြန်မာကျပ်ငွေ ၁၂ သိန်းခန့်ရရှိသည်ဟု ကစားဝိုင်းကောက်ခံသူမှ စုံစမ်းသိရှိရသည်။

ဘိန်းခင်းကာကွယ်ရန် BGF က မြန်မာစစ်သားပိုချဖို့တောင်းဆို

KNG

မြန်မာစစ်တပ်လက်အောက်ခံ ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ယခုနယ်ခြားစောင့်တပ် BGF (Border Guard Force) က ဘိန်းခင်းများကာကွယ်နိုင်ရန် ၎င်းတို့ဒေသသို့ မြန်မာစစ်အစိုးရ စစ်တပ်ပိုမိုချထားဖို့ တောင်းဆိုနေကြောင်း BGF နှင့် နီးစပ်သူများက ဆိုသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ထံ မြန်မာစစ်တပ်သားတိုးချထားဖို့ တောင်းဆိုသည့်စာ မကြာခင်က ပေးပို့ခဲ့ကြောင်း BGF အရာရှိများပြောသည်။

BGF ထိန်းချုပ်ဧရိယာအတွင်းမှ ဘိန်းခင်းများကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) မူးယစ်တိုက်ဖျက်ရေးအဖွဲ့၏ ဖျက်ဆီးခြင်းမှ အကာအကွယ်ရလို၍ ယခုကဲ့သို့တောင်းဆိုခြင်းဖြစ်ကြောင်း KIO ဗဟိုမူးယစ်တိုက်ဖျက်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ နော်ဘူ ပြောသည်။


၂၀၀၄ ခုနှစ်ကတည်းက ယခု BGF တပ် ထိန်းချုပ်သည့် ၀ိုင်းမော်မြို့နယ် ဆဒုံးဒေသသည် ကချင်ပြည်နယ်တွင် ဘိန်းအများဆုံးစိုက်ပျိုးသည့်ဒေသ ဖြစ်လာသည်။

မြန်မာစစ်တပ် ဒေသကွပ်ကဲရေးနှင့်စစ်ဆင်ရေး-တနိုင်း (ဒကစ-တနိုင်း) ထိန်းချုပ်မှုအောက်မှ တနိုင်းနယ်မြေခံတပ်ရင်း ခလရ ၂၃၈ နှင့် ရှထူးဇွပ်နယ်မြေခံတပ်ရင်း ခလရ ၂၉၇ တို့သည် ယခု BGF ထိန်းချုပ်ဧရိယာထဲ ရောက်ရှိနေသည်ဟု ဒေသခံများပြောသည်။

BGF ထိန်းချုပ်ဧရိယာထဲဝင်ရောက်ပြီး ဘိန်းခင်းဖျက်ဆီးနေမှုကို ရပ်တန့်ရန် BGF တပ်က ယခု ဆဒုံးတွင် ဘိန်းခင်းဖျက်ဆီးနေသော KIO စစ်ကြောင်းသို့ စာဖြင့်အကြောင်းကြားခြင်းရှိခဲ့သည်ဟု KIO အရာရှိများပြောသည်။

BGF ၏ တောင်းဆိုချက်ကို လျစ်လျူရှုကာ KIO က အထူးသဖြင့် ၎င်းတို့နယ်နိမိတ်နှင့်နီးစပ်သည့် BGF ထိန်းချုပ်ဧရိယာအတွင်းမှ ဘိန်းခင်းများကို ဆက်လက်ဖျက်ဆီးနေသည်ဟု ဆက်ပြောသည်။

NDA-K နယ်ခြားစောင့်တပ်မပြောင်းခင် ၂၀၀၉ ခုနှစ်မတိုင်ခင်က KIO သည် NDA-K ထိန်းချုပ်ဧရိယာထဲဝင်ရောက်ပြီး ဘိန်းခင်းဖျက်ဆီးခြင်းမရှိခဲ့ပါ။ သို့သော် ယခုအခါ NDA-K သည် မြန်မာစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အသွင်ပြောင်းသွားသည့်အတွက် ၎င်းတို့ထိန်းချုပ်နယ်မြေထဲမှ ဘိန်းခင်းများကို ၀င်ရောက်ဖျက်ဆီးရခြင်းဖြစ်ကြောင်း KIO အရာရှိများပြောသည်။

ယခု ဆဒုံးတွင် ရောက်ရှိနေသော မြန်မာစစ်တပ်များနှင့် အစိုးရမူးယစ်တိုက်ဖျက်ရေးအဖွဲ့သည် ဒေသခံများကို KIO ၏ ဘိန်ခင်းဖျက်ဆီးခြင်း အန္တရာယ်ကနေ ကာကွယ်ပေးမည်ဟု ဆိုပြီး ငွေတောင်းနေသည်ဟု နော်ဘူပြောသည်။

၂၀၁၀ အောက်တိုဘာ မှစပြီး KIO က ၎င်းတို့ထိန်းချုပ်သည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများ လက်တွေ့ပြုလုပ်လာသည်။

စစ်အစိုးရထိန်းချုပ်သော ကချင်ပြည်နယ်အခြားဒေသများဖြစ်သည့် မိုးညှင်းခရိုင်၊ ဟူးကောင်းချိုင့်ဝှမ်းဒေသ၊ ပူတာအိုခရိုင် နှင့် ဆွာပရာဘွမ်မြို့နယ် များတွင်လည်း နှစ်စဉ် ဘိန်းခင်းများပိုမိုတိုးလာသည်ဟု ဒေသခံများပြောသည်။

ဗျူဟာမှူး အပြန် ထောက်ပံ့ရန် လောင်းကစားဝိုင်း ဖွင့်ပြီး ငွေရှာ

လွတ်လပ်သောမွန်သတင်း အေဂျင်စီ

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် တာဝန်ယူခဲ့သည့် ဗျူဟာမှူး ဗိုလ်မှူးကြီး သိန်းဇော် နောက်တန်းအပြန်စရိတ် ထောက်ပံ့ရန်အတွက် သုံးဆူအခြေချ စပ်တပ်များမှ ဇာတ်ပွဲသွင်း၊ လောင်းကစားဝိုင်း ဖွင့်ပြီး ငွေရှာလျက် ရှိသည်။

လောင်းကစားဝိုင်းများကို ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့မှ မတ်လ ၁ ရက်နေ့ထိ နေ့ရောညပါ ကျင်းပခွင့် ပေးထားပြီး သုံးဆူရဲစခန်း အရှေ့ဘက် ဂေါက်ကွင်းတွင် ကျင်းပဆဲဖြစ်သည်။ ယခုကဲ့သို့ ငွေရှာခြင်းသည် သုံးဆူမြို့တွင် ပထမဆုံးအကြိမ် ဖြစ်သည်။

ပွဲကန်ထရိုက်နှင့် ဗျူဟာမှူးတို့ နားလည်မှုယူကာ ဖွင့်ထားခြင်း ဖြစ်ပြီး၊ လောင်းကစားဝိုင်းမှ ကောက်ခံရရှိငွေများကို ဗျူဟာမှူး အပြန်တွင် ထောက်ပံ့မည်ဟု အာဏာပိုင်အဖွဲ့အစည်းနှင့် နီးစပ်သူတဦးက ပြောသည်။

အနီထောင်ဝိုင်း ၁၀ ဝိုင်းခန့်၊ အန်ဂဠုန်ဝိုင်း ၇၀ ခန့်နှင့် ဖဲဝိုင်း ၄ ဝိုင်းရှိပြီး ထိုင်းဘတ်ငွေ ၃၁၀၀၀ ကို ကောက်ခံရရှိထားပြီ ဖြစ်ကြောင်း သူက ပြောသည်။

အကောက်ကြေး တနေ့တာအတွက် အနီထောင်ဝိုင်း တဝိုင်းလျှင် ဘတ်ငွေ ၁၀၀၀၊ အန်ဂဠုန် ခုံကြီးတဝိုင်းလျှင် ဘတ် ၃၀၀၊ ခုံငယ်တဝိုင်း ဘတ် ၁၅၀ ပေးရပြီး ဖဲဝိုင်းများကိုလည်း ဘတ် ၁၀၀ အောက် ကောက်ခံလျှက် ရှိကြောင်း အနီထောင်ဝိုင်းဖွင့်သူတဦးက ပြောသည်။

ဗိုလ်မှူးကြီး သိန်းဇော်သည် ၂၀၁၀ ခု စက်တင်ဘာလမှစ၍ ယနေ့အထိ တာဝန်ယူလျက် ရှိပြီး ဘုရားသုံးဆူတွင် တာဝန်ယူရသည့် သက်တမ်း အကြာရှည်ဆုံး ဗျူဟာမှူး ဖြစ်သည်။

၁၅ မိနစ်လွှတ်တော် အမတ်မင်းများ ဒင်နာ

ရန်ကုန်သားတာတေ

နေပြည်တော်က လ ၅ စင်းအဆင့် ဟိုတယ်ကြီးပေါ်တွင် ဦးရုက္ခစိုး ရောက်နေသည်။ ထိုဟိုတယ်ကြီး၏ ပိုင်ရှင်လည်းဖြစ်၊ ကြံ့ဖွံ့လွှတ်တော် အမတ်ကြီးလည်း ဖြစ်သော ဇေစကြဝဠာ ဦးခင်လေက ကမကထ ပြုကာ ဒင်နာတပွဲ ခြိမ့်ခြိမ့်သဲသဲ ကျင်းပခြင်း ဖြစ်သည်။ ဖိတ်ကြားခံရသော အမတ်မင်းများမှာ ဟိုတယ်ဟင်းများ၊ ဝိုင်များ၊ နိုင်ငံခြားဖြစ် ဝီစကီများကို ဖောဖောသီသီ တွယ်နေကြသည်။

ဦးခင်လေ။ ။ စားကြနော်။ အားမနာကြနဲ့ ...။ ဒီဟင်းတွေက ဝင်ရိုးစွန်းက ခေါ်ထားတဲ့ စားဖိုမှူးကိုယ်တိုင် ချက်တာ။ လွှတ်တော်က ကျွေးတဲ့ ဆိတ်သားတို့၊ ဝက်သားတို့ထက် စားကောင်းတယ်၊ စားသာစား။ ဟဲဟဲ ဟဲဟဲ။

ဘာသားမှန်းမသိသည့် ဟင်းတမျိုးကို ခရင်းနှင့်ဖဲ့နေသည့် တိုင်းရင်းသားအမတ်ကြီး ဦးဆန်ဆီဆားက “ပြီးရင် … ကာရာအိုကေကော ဆိုရ မှာလားဟင်” ဟု မေးလိုက်ရာ ဦးခင်လေက “ဒါပေါ့ … ဒါပေါ့ … ကာရာအိုကေလည်း ဆိုရမယ်၊ နင်းလည်း နင်းပေးမယ်” ဟု ပြန်ဖြေလိုက်သည်။ ဦးရုက္ခစိုးက “ဦးခင်လေက တော်တော် သဘောကောင်းတာပဲနော်” ဟု ပင့်ပေးလိုက်သည်။

ဆန်ဆီဆား။ ။ ဟုတ်တယ်၊ ဟုတ်တယ်။ အရမ်းအရမ်းကို သဘောကောင်းတာပဲ။ ထမင်းလည်း ကျွေးတယ်၊ နင်းလည်း နင်းပေးဦးမယ်တဲ့။

ခင်လေ။ ။ ဒီလောက်လည်း မဟုတ်ပါဘူး ဦးရုက္ခစိုးရယ် ဟဲဟဲ။ အဓိကကတော့ ကျုပ်ရဲ့ပိုင်ဆိုင်မှုတွေကို ကြွားချင် … အဲ … ယောင်လို့ … ကျုပ်က အလှူအတန်း အရမ်း ရက်ရောတယ်လေ။

ရုက္ခစိုး။ ။ ဒါနဲ့ … စကားမစပ် … အစိုးရသစ်ရဲ့ အရေးကြီးတဲ့ နေရာတွေကလည်း အကုန်လုံး ချိုကုပ်တွေ၊ ချိုပြုတ်တွေနဲ့ ကြံ့ဖွံ့ တွေချည်းပဲနော် ဦးခင်လေ။

ခင်လေ။ ။ ဒါကတော့ နေရာတွေ လုနေကြတာနဲ့ ရှုပ်နေသေးလို့ပါ။ လာမှာပါ … ကျန်တဲ့ ကြံ့ဖွံ့တွေအလှည့်လဲ ရောက်လာမှာပါ ဟဲဟဲ။ ခက်တယ် ဦးရုက္ခစိုးရေ အပေါ်ကလူတွေ နေရာလုနေကြတော့ ကျန်တဲ့အမတ်တွေ ပျင်းနေမှာ စိုးတာနဲ့ ဒီပွဲကို ကျင်းပပေးတာလည်း ပါတယ်ဗျ။ ဒါတောင် လူတိုင်းမလာဘူးလေ။ အဲဒါကြောင့်လူကုန် ပါနိုင်အောင် နောက်ထပ် စားပွဲ ထပ် ကျင်းပပေးဦးမှာ။

ထိုစဉ် DEF ကိုယ်စားလှယ်ကြီး ဦးစိတ်တိုတယောက် သွားကြားထိုးရင်း အနားရောက်လာသည်။

စိတ်တို။ ။ နောက်ထပ် စားပွဲလည်း ကျင်းပမနေနဲ့တော့ဗျာ။ ပါးစပ်တောင် လှုပ်မရတဲ့ ဒီ လွှတ်တော်ကြီးမှာ ခဏတောင် မနေချင်တော့ဘူး။ ပြန်ချင်ပြီ။

ခင်လေ။ ။ နေပါဦးဗျာ။ ခင်ဗျားကလည်း … စိတ်ချည်းပဲ။ လှုပ်မရဘူး ဆိုပေမယ့် လွှတ်တော်က ဘာကြာတာမှတ်လို့ ...။ ခင်ဗျားတို့ တရားထိုင်ရင်တောင် အနည်းဆုံး နာရီဝက်၊ ၁ နာရီတော့ ထိုင်ကြတာ မဟုတ်လား။ အခုဆို လွှတ်တော် အစည်းအဝေး တခါကျင်းပရင် ၁၅ မိနစ်ပဲ ကျင်းပတာလေ။ ၁၅ မိနစ်လေး ငြိမ်ရတာများဗျာ။ ငြိမ်ရင်း တရားမှတ်နေ … ကုသိုလ်တောင် ရသေးတယ်။

စိတ်တို။ ။ တော်စမ်းပါဗျာ။ ကျုပ်ကတော့ တမိနစ်တောင် မနေချင်တော့ဘူး။ ဒီ ၁၅ မိနစ် လွှတ်တော်ကြီးက ကျုပ်တို့ တင်ပြထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကိစ္စလည်း စဉ်းစားပေးမယ့်ပုံ မမြင်ပါဘူး။

ခင်လေ။ ။ ဟေ့လူ … ခင်ဗျား စကားမှားမယ်နော်။ နိုင်ငံရေး အကျဉ်းသားဆိုတာ မြန်မာပြည်မှာ ရှိမှ မရှိဘဲ။ မရှိတာကြီး သွားတင်တော့ ပယ်မှာပေါ့။ ကျုပ်လို ဘာသာသာသနာ ကိစ္စလေးဘာလေး လုပ်ပါဗျ။

ရုက္ခစိုး။ ။ ဦးခင်လေကတော့ ပြောလိုက်ရင် အမြဲ ဘုရားတရား ကိစ္စချည်းပဲနော်။ ဒီ လွှတ်တော်ပြီးရင် တောထွက် မလို့လား။

ခင်လေ။ ။ သြော် … ဦးရုက္ခစိုးရယ်။ တောထွက်ချင်ပေမယ့် ကျုပ်မှမလုပ်ရင် ဘာသာ သာသနာကိစ္စကို လုပ်မယ့်သူက ရှိတာ မဟုတ်ဘူးဗျ။ လောလောဆယ်တော့ တောထွက်လို့မဖြစ်သေးဘူး ...။ တိုင်းပြည် စည်ပင်ဝပြောဖို့နဲ့ ဘုရားတရား အလုပ်တွေ လုပ်ရဦးမယ်။ ဟဲဟဲ ဟဲဟဲ။

ထိုစဉ် ဦးဆန်ဆီဆားက “ဦးခင်လေ … ကာရာအိုကေ ဆိုတော့မယ်လေ … ။ ဟိုဘက်ဝိုင်းကလည်း အရက်ကုန်နေပြီလို့ ပြောတယ်ဗျ” ဟု လှမ်းပြောလိုက်သည်။

ခင်လေ။ ။ အရက်ကုန်နေရင် မန်နေဂျာဆီမှာ ကြိုက်သလောက်သာ တောင်းဗျာ။ ကာရာအိုကေဆိုဖို့က စီစဉ်နေတယ်။ ကောင်မလေးတွေလည်း ခေါ်ထားတယ်ဗျ။ (ဦးရုက္ခစိုးဘက် ပြန်လှည့်၍) အဲဒါသာ ကြည့်တော့ ဦးရုက္ခစိုးရေ။ ကျုပ်ရဲ့ တာဝန်တွေ ဘယ်လောက်ကြီးလဲ ဆိုတာ။

စိတ်တို။ ။ ကျုပ်ကတော့ ကာရာအိုကေလည်း မဆိုဘူး၊ အခန်းပြန်ပို့တော့။

ခင်လေ။ ။ ဟာ ဦးစိတ်တိုရယ်။ အားလုံး အတူတူ ပြန်ကြမှာပဲဟာ။ ခဏစောင့်လိုက်ပါ …။ ကျုပ် အဲဘတ်စ်ကြီး ၃ စင်းကြီးများတောင် စီစဉ်ထားပါတယ်။ ဒါပဲနော် … ကျနော် ဒီလောက် လုပ်ပေးနေတဲ့ကြားက ကြံ့ဖွံ့ကို ကွယ်ရာမှာ အတင်းပြောမယ်တော့ မကြံနဲ့ … ဟဲဟဲ … ဟဲဟဲ။ ကျနော်တို့ ကြံ့ဖွံ့တွေ ကောင်းပါတယ်ဗျ။

စိတ်တို။ ။ ဘာလဲ … ခင်ဗျားက ထမင်းခေါ်ကျွေးတာ ကြံ့ဖွံ့ကောင်းကြောင်း တရားဟောတဲ့ သဘောလား။

ခင်လေ။ ။ အာ … ခင်ဗျားကလည်း … အဲဒီလောက်ကြီးလည်း မဟုတ်ပါဘူး။ လုံး …. ဝ … စည်းရုံးရေး မဆင်းဘူး စိတ်ချ။ ကြုံရင် ကြုံသလိုပဲ ကောင်းကြောင်းလေးတွေ ထည့်ထည့်ပြောမှာ။

ရုက္ခစိုး။ ။ ကဲပါ … ခင်ဗျားရဲ့ ဘာသာ သာသနာ ကိစ္စတွေ ဆက်စမ်းပါဦး။

ခင်လေ။ ။ အဟမ်း … ဆက်ရမှာပေါ့၊ ဆက်ရမှာပေါ့။ အခုဆို ကျနော်ဥက္ကဋ္ဌ လုပ်ပြီး ဖွဲ့စည်းထားတဲ့ သာသနာ့နုဂ္ဂဟ အသင်းကြီးဆိုရင် အသင်းဝင်တွေ အများကြီးနဲ့ တော်တော်လေး အောင်မြင်နေတာ တွေ့မှာပေါ့။

စိတ်တို။ ။ တွေ့ပါ့ဗျာ။ အသင်းဝင်တွေ များမှာပေါ့ … ဝန်ထမ်းတွေကို မဝင်မနေရ လုပ်ခိုင်းတာကိုးဗျ။ ဝင်ကြေးလည်း ကောက်သေး။

ခင်လေ။ ။ ဟာ … ဒါ နိုင်ငံတော် အဆင့် အသင်းကြီးလေ။ ဒီတော့ နိုင်ငံ့ဝန်ထမ်းတွေနဲ့ ဆိုင်တယ်။ ဝင်ရမယ်လေ။ ဝင်ကြေးကောက်တာကတော့ အလကားဆိုရင် ပေါသွားမှာစိုးလို့။

ရုက္ခစိုး။ ။ အဲဒီအသင်း ရုံးခန်းတွေဖွင့်ဖို့ ရပ်ကွက်ဓမ္မာရုံတွေကို သိမ်းတယ်ဆိုတာလည်း ကြားပါတယ်။

ခင်လေ။ ။ ကျနော်က သိမ်းတာ ဝါသနာပါလို့ပါ။ ဟဲဟဲ ဟဲဟဲ။ ငယ်ငယ်တုန်းကဆို အမှိုက်တွေ့ရင် မနေနိုင်ဘူး။ အတင်းကို သိမ်းတော့တာ။ နောက် စီးပွားရေးလောကထဲ ရောက်တော့လည်း ကြုံရင်ကြုံသလို သိမ်းတာပါပဲ။

ရုက္ခစိုး။ ။ ငယ်ငယ်က အမှိုက်သိမ်း၊ နောက် လယ်တွေသိမ်းယာတွေသိမ်း၊ အခုတော့ ဓမ္မာရုံတွေပါ လိုက်သိမ်းတယ် ဆိုတဲ့သဘောပေါ့ ဟုတ်လား။

ခင်လေ။ ။ ဟဲဟဲ ဟဲဟဲ ... ဟုတ်တယ်၊ ဟုတ်တယ်။ လူတွေကလည်းဗျာ တော်တော်ခက်တယ်။ သိမ်းပါတယ်ဆိုမှ လစာပေးမလား လုပ်နေသေးတယ်။ ကောင်းတာလုပ်ရင် အခက်အခဲဆိုတာ ကြုံကြရစမြဲပါပဲလေ ... အင်း … အနိစ္စ … ဒုက္ခ … အနတ္တသဘောကို နားမလည်ကြတာ။

ဆန်ဆီဆား။ ။ ဦးခင်လေ … ကောင်မလေးတွေက အမိုက်စားလေးတွေချည်းပဲဗျ။ ကျေးဇူးတင်တယ်ဗျာ။

ခင်လေ။ ။ မိုက်ဆို ရှယ်လေးတွေချည်းပဲ ရန်ကုန်က ခေါ်ထားတာလေ။ ဒါနဲ့ ဦးဆန်ဆီဆားရေ … ကျနော် အခု မအားသေးဘူး … ကျနော့်အတွက် မှာထားတဲ့ အလှဆုံးလေးကို ဘယ်သူ့ကိုမှ မပေးနဲ့လို့ ပြောပေးပါဦး။ အင်း … အနိတ်စား … အနိတ် … ဟုတ်ပါဘူး … အနိစ္စ … ဒုက္ခ … ဟိုတယောက်လည်း တော်တော် လှတာပါလား။

ဦးဆန်ဆီဆား သူတို့နားက ပြန်ထွက်သွားပြီး ကာရာအိုကေ ဆိုသည့်နားတွင် ကောင်မလေး တယောက်နှင့် တွဲကနေသည်။

ရုက္ခစိုး။ ။ ဦးခင်လေ ပြောတော့ ဘုရား တရားဆို။ အခု … ကောင်မလေး ခေါ်ထားတယ်ဆိုတော့ ...။

ခင်လေ။ ။ ဒါကတော့ ဦးရုက္ခစိုးရယ်။ တရားသဘောနဲ့ ကြည့်ရင် လူဆိုတာ သေမျိုးချည်းပဲ မဟုတ်လား။ အပုပ်ကောင် ရုပ်ဆောင်နေတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သတိပေးချင်လို့ပါ။

ရုက္ခစိုး။ ။ သြော် … ဒီလိုလား။ ခင်ဗျားရဲ့ ဘာသာသာသနာကြီး ဆက်ပါဦးဗျာ။

ခင်လေ။ ။ ဒီလိုရှိတယ်ဗျ … ကျနော် ကြံ့ဖွံ့ လွှတ်တော်အမတ် ဖြစ်နေတဲ့အချိန်မှာ ထူးထူးခြားခြားလေးတွေ လုပ်ဖို့ စဉ်းစားထားတယ်။

ရုက္ခစိုး။ ။ ဘာတွေများ လုပ်မှာပါလိမ့်။

ခင်လေ။ ။ သတ္တမ သံဃာယနာ တင်မယ်ဗျာ။

ရုက္ခစိုး။ ။ ခင်ဗျာ … အဲဒါကြီးက မလွယ်ဘူး ထင်တယ်နော်။ မြန်မာ တနိုင်ငံတည်းနဲ့လည်း မပြီးဘူး။

ခင်လေ။ ။ သိပါတယ်ဗျ ...။ အဲဒီလို မလွယ်တာကိုမှ ဖြစ်အောင် လုပ်ချင်တာ။ ဘာပဲလိုလို ရန်ကုန်လမ်းညွှန် ရှိတာပဲဟာ … ဖုန်းဆက်လိုက်မှာပေါ့။

ရုက္ခစိုး။ ။ ဗျာ … ဘယ်ကို ဖုန်းဆက်မှာလဲ။

ခင်လေ။ ။ ဆောရီး ဆောရီး ဟို ကြော်ငြာနဲ့ မှားသွားလို့ပါ။ ဒီလိုလေဗျာ ... သာသနာထဲမှာ အငြင်းပွားမှု တစုံတရာ ဖြစ်သွားအောင် တခုခုကို အင်တာနက်ပေါ်ကနေ အစထောင်ပေးလိုက်မယ်။ အဲဒီလို ထောင်ပေးပြီးလို့ အငြင်း ပွားကြရရင် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့က ဆရာတော်ကြီးတွေကို ချိုကုပ်ဒူးကြီးအမိန့်နဲ့ သံဃာယနာ တင်ဖို့ လျှောက်မယ်ဗျာ … ။ ငှက်ပျောသီး အခွံခွာစားရတာထက်တောင် လွယ်သေး။

ရုက္ခစိုး။ ။ ခင်ဗျားဟာ ခင်ဗျားတော့ ဟုတ်နေတာပဲနော်။

ခင်လေ။ ။ သြော် … ဟုတ်ရမှာပေါ့။ ကျနော်က ရေလျှံတယ်လေ၊ အေးဆေးပါ။ (ဘေးဘယ်ညာကို ကြည့်ရင်း) ဦးရုက္ခစိုးကို လူရင်းမို့ ပြောရဦးမယ်ဗျ။ ကျနော့်ကို သမ္မတကြီးဦးသိန်းဂိန်က ပြန်ကြားရေးဝန်ကြီး ခန့်ချင်နေတာနော်။ ဦးဆော်ကြမ်းနဲ့က ဆရာတပည့်လို ဖြစ်နေလို့သာ … မဟုတ်ရင် ခုလောက်ဆို ကျနော် ပြန်ဝန်ဖြစ်နေပြီ။

ရုက္ခစိုး။ ။ ဟုတ်လား။ ဘာဖြစ်လို့လဲဗျ။

ခင်လေ။ ။ ဘာဖြစ်ရမှာလဲ ...။ ကျနော်က သတင်းထုတ်ပြန်တာ အရမ်းတော်တယ်လေ။ အင်တာဗျူး လာသမျှကို ရဲရဲဝံ့ဝံ့နဲ့ ကိုယ့်အထုပ်ကိုယ် ဖြည်ပြရဲတာ ကျနော်တယောက်တည်း ရှိတယ်မဟုတ်လား။ ကျနော့်ကို သမ္မတကြီးက ကြိတ်ပြီး သဘော ကျနေတာဗျ။ နောက်ပြီး ကျနော်က ရွေးကောက်ပွဲမှာ မဲတွေ အများကြီးနဲ့ နိုင်တာ၊ အခုဆောက်မယ့် ဘိလပ်မြေ စက်ရုံကြီး ဆိုရင်လည်း မြန်မာတနိုင်ငံလုံးမှာ အကြီးဆုံးပဲ ...။ ဟဲဟဲ ဟဲဟဲ။

ဦးရုက္ခစိုးက စိတ်ထဲမှနေ၍ “ဘာမှလည်း မဆိုင်ဘူး” ဟု စဉ်းစားနေစဉ် ဟိုတယ်ခန်းမထဲသို့ စိတ်ဆိုးမာန်ဆိုး ပုံစံဖြင့် လူတယောက်ဝင်လာသည်။ သေချာကြည့်လိုက်တော့ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းပျင်းဖြစ်နေ၏။

အောင်သိန်းပျင်း။ ။ ဒီမှာ ဦးခင်လေ … ခင်ဗျား ပါးစပ် ပိတ်မလား မပိတ်ဘူးလား။ ကျုပ် တင်းနေတယ်နော်။ ဘယ်သူ့ကို ပြဿနာရှာရင်ကောင်းမလဲ စဉ်းစားနေတာ ဟင်းဟင်း။

ခင်လေ။ ။ ဘာဖြစ်လို့လဲ မြို့တော်ဝန်ကြီးရဲ့။ အရက်သောက်ချင်လို့လား။ ရှိပါတယ်ဗျာ။ ကျနော်တို့က ရွှေညီအစ်ကို ကြံ့ဖွံ့ တွေပဲဟာ။ စိတ်ကိုလျှော့လိုက်၊ ဒေါသကိုထိန်းဗျ။ ဟိုဆရာတော်ကြီး ဟောထားတာ မြို့တော်ဝန်ကြီးလည်း သိမှာပါ။ ဒေါသထွက်နေရင် ရုပ်က ပိုဆိုးသွားလိမ့်မယ်။

အောင်သိန်းပျင်း။ ။ ဘာဗျ … ခင်ဗျား တရားခံ ဖြစ်သွားချင်သလား။ အထက်ကလုလို့မပြီးသေး … ကျုပ်ကို ချောင်ထိုး ထားလို့ ဒေါသထွက်နေရတဲ့ ကြားထဲ။ ခင်ဗျားက တမှောင့် ...။ ပြည်ပ မီဒီယာတွေကို အာချောင်ပြီး ပေါက်ကရတွေ လျှောက်လျှောက် ပြောနေတယ်။

ဦးခင်လေ။ ။ သြော် အထင်မလွဲပါနဲ့ဗျာ။ ကျနော်က ကြံ့ဖွံ့ကောင်းကြောင်းပဲ ပြောတာပါ။ ခင်ဗျား လာဘ် အရမ်း စားတဲ့အကြောင်း၊ ချိုကုပ်ဒူးကြီးကို ဖားတဲ့ အကြောင်း၊ ကြိုတင်မဲတွေ အများကြီးနဲ့ နိုင်တဲ့အကြောင်း၊ ချေးထုပ်နဲ့ အပေါက်ခံရတဲ့အကြောင်း၊ သတင်းထောက်တွေကို ပုဆိုးလှန်ပြတဲ့အကြောင်းတွေ လုံး …..... ဝ မပြောပါဘူး စိတ်ချ။

ဦးရုက္ခစိုးက “မပြောပေလို့ပဲ” ဟု တွေးလိုက်သည်။ မြို့တော်ဝန်ကြီး၏ မျက်လုံးနှစ်လုံးကတော့ ဒေါသကြောင့် ပြူးထွက်လာသည်။

အောင်သိန်းပျင်း။ ။ အေး … အဲဒီလို မပြောဘူးမပြောဘူးနဲ့ လျှောက်လျှောက်ပြောနေလို့ ခင်ဗျားကို ကျုပ် အခု လက်ဆောင် လာပေးတာ။

ဦးခင်လေ။ ။ ဟာ … ဒုက္ခရှာလို့ဗျာ။ အားနာစရာကြီး။

ဦးအောင်သိန်းပျင်းက ရုတ်တရက် ဦးခင်လေကို ဝင်လုံးကာ လက်ထဲတွင် အသင့်ပါလာသော တိပ်ဖြင့် လက်နှင့် ခြေထောက်ကို ရစ်ပတ်၍ ချုပ်လိုက်သည်။ ဦးခင်လေ ရှောင်ချိန်မရလိုက်။ ထို့နောက် ပါးစပ်ကိုပါ တိပ်ဖြင့် အထပ်ထပ် ပတ်ပြီး ပိတ်၍ ဆောင့်ကြီးအောင့်ကြီး ပြန်လည် ထွက်ခွာသွားလေတော့သည်။

၁၅ မိနစ် လွှတ်တော် အမတ်မင်းများကား ဝိုင်းစုခိုင်သိန်း၏ “အပြစ်မမြင်ပါဘူး … ချစ်ချင်တာပဲ သိတယ်နော်” ဆိုသည့် သီချင်းကို အသံသေး အသံကြောင်ဖြင့် ဆိုကာ ဆူညံကခုန်နေကြသည်။ ဦးခင်လေ အဖြစ်ကိုလည်း မသိလိုက်၊ ဦးရုက္ခစိုး ပြန်လည် ထွက်ခွာသွားသည်ကိုပင် မသိလိုက်ကြပေ။ ။

ကချင်နယ်အတွင်း စစ်တပ်များ ပိုမိုဝင်ရောက်

ဖနိဒါ

ကချင်ပြည်နယ်သို့ စစ်အစိုးရတပ်မှ အနည်းဆုံး စစ်သည် ၂ဝဝ ရှိ တပ်အသစ်များ ယခုတပတ်အတွင်း ပိုမိုဝင်ရောက်လာကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် လေ့လာသူများက ပြောသည်။

စစ်သည်တင် တင့်ကား တဒါဇင်ခန့်ကို ဧရာဝတီမြစ်အရှေ့ဘက် ဗန်းမော်မြို့အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ ၅၈ သို့ ပို့ဆောင်မှုများကို အင်္ဂါနေ့ကတည်းက ပြုလုပ်နေခဲ့သည်ဟု ဆိုသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင် တော်လှန်ခဲ့သော KIO သည် ၁၉၉၄ ခုနှစ်တွင် အပစ်အခတ် ရပ်စဲခဲ့သည်။ သို့သော် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးအစီအစဉ်ကို KIO ဘက်က လက်မခံသဖြင့် စစ်အစိုးရက ပြီးခဲ့သည့်နှစ် စက်တင်ဘာကတည်းက KIO ၏ ခရီးသွားလာခွင့်ကို ထိန်းချုပ်ခဲ့ပြီးနောက် နှစ်ဖက်ကြား ဆက်ဆံရေး တင်းမာနေခဲ့သည်။

ကျောက်ဖြူ စီမံကိန်းနှင့် ရခိုင်တို့၏ အရင်းအနှီး

ခင်ဦးသာ

ကျောက်ဖြူမြို့၏ အရှေ့တောင်ဘက် ၈ မိုင်ခန့်အကွာ၌ တည်ရှိသော (မြဒေးကျွန်း) ခေါ် မဒေးကျွန်းသည် သဘာဝ အလှအပများဖြင့် ဖွဲ့စည်းတည်ရှိပြီး လူသိမများသော ကျွန်းငယ် တခုသာ ဖြစ်သည်။

ကျော်ကြားမှု မရှိခဲ့သည့် ထိုကျွန်းငယ်သည် ပြီးခဲ့သည့် နှစ်အနည်းငယ်မှ စတင်၍ အာရှနိုင်ငံကြီး တချို့၏ စီးပွားရေး လုပ်ငန်းကြီးများ၊ စီမံကိန်းများ၊ ကျောက်ဖြူ ရေနက် ဆိပ်ကမ်း (Deep Sea Port) စီမံကိန်းကြီး စသည့် လုပ်ငန်းများ ပေါ်ပေါက် လာရာမှ ထင်ရှားစ ပြုလာသည်။

မဒေးကျွန်းသည် တောင်တန်းငယ်များ ၀န်းရံထားသော ကျွန်းတခု ဖြစ်ပြီး ကျေးရွာ ၆ ရွာတွင် လူဦးရေ ၂၄၀၀ ကျော် နေထိုင်လျက် ရှိသည်။

ကျောက်ဖြူမြို့သည် ရမ်းဗြဲကျွန်း၏ မြောက်ဖျားပိုင်းနှင့် ဘင်္ဂလား ပင်လယ်ပြင် ကမ်းခြေအနီး၌ တည်ရှိ၍ ပင်လယ် ထွက်ပေါက် ကျယ်ဝန်းသော အချက်အချာကျ သာယာလှပသည့် ဆိပ်ကမ်းမြို့တခု ဖြစ်သည့်အပြင် ရခိုင်ပြည်သူများ အကြား “ဒုတိယ စင်ကာပူ” ဟု တင်စားခေါ်ဝေါ်သော မြို့ဖြစ်သည်။

သာယာလှပပြီး သဘာဝ သယံဇာတ ပြည့်စုံခြင်းကပင် စစ်အစိုးရနှင့် ပြည်ပနိုင်ငံများမှ စီးပွားရေးလုပ်ငန်းများ၏ မျက်စိကျခြင်း ခံရကာ သဘာဝအလှများလည်း ပျက်စီးရတော့မည် ဖြစ်သည်။

ကျောက်ဖြူမြို့နှင့် မဒေးကျွန်းတို့၌ ကျောက်ဖြူရေနက် ဆိပ်ကမ်းအပြင် ရေနံသိုလှောင်ကန် တည်ဆောက်ရေး စီမံကိန်း၊ သဘာဝဓာတ်ငွေ့ သိုလှောင်မည့်နေရာ၊ ဓာတ်ငွေ့သန့်စင် စက်ရုံစီမံကိန်း စသည့် စီမံကိန်းများအား ကိုးရီးယားပိုင် ဒေ၀ူး ကုမ္ပဏီနှင့် တရုတ် ကုမ္ပဏီများက စတင်တည်ဆောက်နေပြီ ဖြစ်သည်။

ရေနက်ဆိပ်ကမ်းနှင့် ရေနံသိုလှောင်မည့်ကန်တို့ကို ၂၀၁၀ ခုနှစ် အောက်တိုဘာလမှစ၍ မဒေးကျွန်းပေါ်၌ ဆောက်လုပ်နေပြီး မလာကျွန်းပေါ်တွင် ဂက်စ် သိုလှောင်ရုံအတွက် မြေ ၁၃၂ ဧက ပေါ်၌ ဆောက်လုပ်နေပြီဖြစ်ကာ ထိုစီမံကိန်းများကို ၂၀၁၃ ခုနှစ်တွင် အပြီးသတ် ဆောက်လုပ်မည်ဟု Arakan Oil Watch အဖွဲ့ထံမှ သိရသည်။

“ကျွန်းပေါ်မှာရှိတဲ့ တောင် ၅ လုံးကို ဖြိုပြီးသွားပြီ။ ဥယျာဉ်ခင်းတွေ တော်တော်များများကိုလည်း သိမ်းယူဖျက်ဆီးလိုက်ပြီ။ လယ်တွေကိုတော့ လိုအပ်ရင် လိုအပ်သလို အဓ္ဓမ သိမ်းယူနေဆဲပါ” ဟု မဒေးကျွန်းပေါ်ရှိ ရွာမ ရွာသားတဦးက ပြောသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းပေါ်ရှိ ရေနက်ဆိပ်ကမ်း စီမံကိန်းကြီးအား စတင် ဆောက်လုပ်နေသည့် အခြေအနေများနှင့် ပတ်သက်၍ ဒေသခံက ပြောဆိုခြင်းဖြစ်သည်။

အဆိုပါ စီမံကိန်းကြီးများအား တရုတ်နိုင်ငံ၏ အကြီးဆုံးကုမ္ပဏီ တခုဖြစ်သော တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (China National Petroleum Corporation-CNPC) ကုမ္ပဏီက ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလမှ စ၍ အကောင်တည်ဖော် တည်ဆောက်လျက်ရှိသည်။

CNPC ၏ လက်အောက်တွင် လုပ်ငန်းအမျိုးအစားပေါ် မူတည်၍ ကုမ္ပဏီ အရေအတွက် ဆယ်ဂဏန်းဝန်းကျင် ရှိပြီး လုပ်ငန်းအမျိုးအစား တခုလျှင် ကုမ္ပဏီတခုစီက တာဝန်ယူ တည်ဆောက်နေကြောင်း သိရသည်။

အများစုသည် တရုတ်ကုမ္ပဏီများ ဖြစ်ပြီး ဂက်စ်ပိုက်လိုင်းအတွက် ပိုက်များသယ်ယူခွင့်ကို စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်း၏သား ဦးနေအောင်ပိုင်ဆိုင်သည့် IGE ကုမ္ပဏီက ကန်ထရိုက် ရရှိထား၍ ဆိပ်ကမ်းတည်ဆောက်ရေး၏ အစိတ်အပိုင်းတချို့အား ဦးတေဇပိုင် ထူးကုမ္ပဏီ၊ အေးရှားဝေါလ် ကုမ္ပဏီတို့က ရရှိထား ကြောင်းသိရသည်။

ကျောက်ဖြူမြို့ ကံ့ကော်တော ဘုရားအနီးတွင်လည်း ဂက်စ်သန့်စင် စက်ရုံ တည်ဆောက်ရေး စီမံကိန်းအတွက် လယ်မြေဧက ၅၀၀ ခန့်ကို သိမ်းယူ၍ ဒေ၀ူးကုမ္ပဏီက တည်ဆောက်ရေးလုပ်ငန်းများကို စတင်လုပ်ဆောင်နေပြီဟု သိရသည်။

ဂက်စ်ပိုက်လိုင်းသည် မဒေးကျွန်းပေါ်မှ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ထိုမှတဆင့် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့ကို ဖြတ်၍ တရုတ်နိုင်ငံ နန်နင်းမြို့၌ အဆုံးသတ်မည်ဖြစ်ကြောင်း၊ ကီလိုမီတာ ၂၈၀၀ ၀န်းကျင် ရှည်လျားမည် ဖြစ်ကြောင်း Arakan Oil Watch အဖွဲ့ထံမှ သိရသည်။

ထိုပိုက်လိုင်းနှင့်အပြိုင် ရေနံပိုက်လိုင်းကိုပါ သွယ်တန်းမည်ဖြစ်ပြီး ၎င်းသည် တရုတ်နိုင်ငံ ကူမင်းမြို့၌ အဆုံးသတ်မည်ဖြစ်၍ ကီလိုမီတာ ၁၁၀၀ ၀န်းကျင် ရှည်မည်ဟု ထိုအဖွဲ့က ဆိုသည်။ ထိုပိုက်လိုင်းများနှင့်အတူ မီးရထားလမ်း တခုပါဝင်မည် ဖြစ်သည်။

ထိုစီမံကိန်းကြီးသည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားအတွက် အဓိက တည်ဆောက်ခြင်းဖြစ်ပြီး၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများမှ တရုတ်နိုင်ငံသို့ တင်သွင်းမည့် ရေနံစိမ်းများကို ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကို ကြားခံ ထား၍ ထိုဆိပ်ကမ်းမှတဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်မည် ဖြစ်သည်။

၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် တရုတ် ဒု သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်သို့ လာရောက်လည်ပတ်ခဲ့သော ခရီးစဉ်တွင် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။ စီမံကိန်းတွင် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းအပြင် ရခိုင်ကမ်းလွန်ဒေသမှ ထွက်ရှိမည့် သဘာဝဓာတ်ငွေ့ အများအပြားကို ၀ယ်ယူရန် ကိစ္စလည်းပါဝင်သည်။

၂၀၁၀ ခုနှစ်၊ ဇွန်လတွင် လာရောက်ခဲ့သော တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်သည်လည်း ၂ နှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ်အတွက်ဟုဆိုကာ ကျောက်ဖြူမှ တရုတ်နိုင်ငံ ကူမင်းမြို့ကို ဆက်သွယ်မည့် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းလုပ်ငန်းကို ဖွင့်လှစ်ပေးခဲ့သေးသည်။

တရုတ်နိုင်ငံသည် အာဖရိကဒေသနှင့် အရှေ့အလယ်ပိုင်းဒေသများမှ ရေနံစိမ်းများကို တင်သွင်းရာတွင် မလက္ကာ ရေလက်ကြားကို အားကိုး အားထားပြု၍ တင်သွင်းနေရပြီး လောင်စာ လိုအပ်ချက်၏ ၈၀ ရာခိုင်နှုန်းကို ထိုရေလက်ကြားမှ တင်သွင်းနေရသည်။ ထိုအတွက် ကုန်ကျမှုစရိတ်ကြီးမြင့်ခြင်း၊ အချိန်ကြာခြင်း၊ မလက္ကာရေ လက်ကြားရှိ ပင်လယ်ဓားပြများ၏ ရန်ကို ကြောက်ရခြင်း စသည့် အခက်အခဲများက တရုတ်နိုင်ငံအတွက် ခေါင်းကိုက်စရာကိစ္စများ ဖြစ်နေသည်။

ယခုဆောက်နေသော ကျောက်ဖြူရေနက်ဆိပ်ကမ်း ပြီးစီးသွားပါက မလက္ကာရေ လက်ကြားကို ဖြတ်စရာ မလိုတော့သည့် အပြင် အချိန်ကုန်၊ ငွေကုန်ကျမှု များစွာ လျော့ကျသွားမည် ဖြစ်သည်။

ကျောက်ဖြူဆိပ်ကမ်းကို အခြေပြု၍ တရုတ်နိုင်ငံသို့ တနှစ်လျှင် သဘာဝဓာတ်ငွေ့တန်ချိန် ကုဗမီတာ ၁၂ ဘီလီယံနှင့် ရေနံစိမ်းစည် ၄၀၀၀၀၀ တင်ပို့နိုင်မည် ဖြစ်သည်။

ရခိုင်ကမ်းလွန်ဒေသ၌ ရေနံလုပ်ကွက် A-1 နှင့် A-3 လုပ်ကွက်များကို ၂၀၀၃ ခုနှစ်မှ ထုတ်ယူပြီး တရုတ်နိုင်ငံအား ရောင်းချရန် သဘောတူထားပြီး ဖြစ်သည်။ ထိုဓာတ်ငွေ့များကို နှစ်ပေါင်း ၃၀ အထိ ၀ယ်ယူရန် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် စစ်အစိုးရနှင့် တရုတ်အစိုးရတို့ စာချုပ် ချုပ်ဆိုထားကြောင်း Shwe Gas Movement အဖွဲ့၏ ထုတ်ပြန်ချက်များတွင် ရေးသားထားသည်။

ထို သဘာဝ ဓာတ်ငွေ့စီမံကိန်းမှ စစ်အစိုးရသည် တနှစ်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကို နှစ်စဉ် ရရှိမည်ဟု ထုတ်ပြန်ချက်က ဆိုထားသည်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့်အတူ ကျောက်ဖြူမြို့ပေါ်၌ နိုင်ငံတကာ လေယာဉ်ကြီးများ ၀င်ထွက်နိုင်မည့် လေဆိပ် စီမံကိန်းများ၊ ဟိုတယ်များ၊ ဂေါက်ကွင်းများ၊ ဆေးရုံများ တည်ဆောက်ရေး စီမံကိန်းများလည်းပါဝင်ပြီး ထိုလုပ်ငန်းများအတွက် လယ်မြေတချို့ သိမ်းနေကြောင်း မြို့ခံများက ဆိုသည်။

“ကျနော်တို့တွေက လယ်မြေတွေ အသိမ်းခံရတဲ့အပြင် အဲဒီစီမံကိန်းလုပ်ငန်းတွေမှာလည်း အလုပ် လုပ်ပိုင်ခွင့်မရှိဘူး၊ ဒေသ
တ၀ိုက်မှာလည်း ငါးဖမ်းပိုင်ခွင့်တို့ လွတ်လပ်စွာ သွားလာခွင့်တို့ မရှိတော့ဘူး” ဟု မဒေးကျွန်း ဒေသခံက ပြောသည်။

လယ်မြေတဧကလျှင် အနည်းဆုံး ကျပ် ၂ သိန်းမှ ၇ သိန်းဝန်းကျင်ရရှိသည်ဟု သိရပြီး အမှန်တကယ်တွင် ထိုလယ်မြေများ၏ အနည်းဆုံးတန်ဖိုးသည် ကျပ်သိန်း ဆယ်ဂဏန်း အထက်တွင်ရှိသည်ဟု ဒေသခံများက ဆိုသည်။

“နိုင်ငံခြားကုမ္ပဏီက လျော်ကြေး တချို့ပေးတာကို အာဏာပိုင်တွေ ဖြတ်ယူပြီး သုံးပုံတပုံ လောက်ကိုပဲ လယ်ပိုင်ရှင်တွေ၊ ခြံပိုင်ရှင်တွေက ရပါတယ်” ဟု ကျွန်းပေါ်ရှိ ကျောက်တန်း ရွာသားတဦးက ဆိုသည်။

မိဘများ၏ စီးပွားရေးလုပ်ငန်းများ မရှိတော့၍ သားသမီးငယ်များ၏ ပညာရေးကို များစွာ ထိခိုက်သွားမည်ကို စိုးရိမ်နေကြသည်ဟုလည်း ပြောဆိုကြသည်။

ရေနက်ဆိပ်ကမ်း စီမံကိန်းအား လုပ်ဆောင်နေကြသော မဒေးကျွန်းပေါ်ရှိ တရုတ်ကုမ္ပဏီ CNPC နှင့်လက်အောက်ခံ ကုမ္ပဏီများသည် ၎င်းတို့၏ စီမံကိန်း လုပ်ငန်းခွင်များတွင် ဒေသခံများအား အလုပ်လုပ်ခွင့်မပေးဘဲ တရုတ်နိုင်ငံမှ ခေါ်ယူလာသော တရုတ်လူမျိုးများကိုသာ အောက်ခြေ ၀န်ထမ်းအဆင့်မှ အပေါ်ဆုံးအထိ ခန့်ထား၍ လုပ်ဆောင်နေသည်ဟု သိရသည်။

ထိုဒေသ၌ တရုတ်နိုင်ငံသား ၂ ထောင်ဝန်းကျင် ရောက်ရှိနေသည်ဟု ဒေသခံများက ခန့်မှန်းပြောဆိုကြသည်။

ဆိပ်ကမ်းတည်ဆောက်ရေး စီမံကိန်းတွင် ဒေသခံများကို အလုပ်ခန့်ခြင်း မရှိသော်လည်း ဂက်စ်သန့်စင် စက်ရုံစီမံကိန်း လုပ်ငန်းခွင်၌ အလုပ်ကြမ်းသမား နေရာများကိုမူ လုပ်ကိုင်ခွင့် ပေးသည်ဟု ကျောက်ဖြူမြို့ခံများက ပြောသည်။

“မနေ့ ၆ နာရီကနေ ညနေ ၆ နာရီလောက်အထိ လုပ်တာ တရက်ကို ၁၅၀၀ ကျပ်ပေးပါတယ်” ဟု အလုပ်သမား တဦးကဆိုသည်။

၁၅၀၀ ကျပ်သည် ကုန်ဈေးနှုန်းနှင့်ယှဉ်ပါက အလွန်တရာ နည်းပါးသော်လည်း လုပ်စရာ အလုပ်များ မရှိတော့၍ ပေးသည့်ဈေးနှင့် လုပ်ကိုင်ကြရပြီး အမျိုးသမီး အလုပ်သမားဆိုပါက တရက်လျှင် ၁၀၀၀ ကျပ်သာ ရရှိသည်ဟု သိရသည်။

ထိုစီမံကိန်းများတွင် လုပ်ကိုင်ကြမည့် တရုတ်အပါအ၀င် အရပ်ဒေသအစုံမှ အလုပ်သမားများ ထပ်မံရောက်ရှိလာမည်ဖြစ်၍
ကျောက်ဖြူဒေသ၌ ဖျော်ဖြေရေး လုပ်ငန်းများ၊ ပြည့်တန်ဆာများ၊ စားသောက်ဆိုင်၊ အရက်ဆိုင်များ ပေါ်လာမည် ဖြစ်သည်။

ကျောက်ဖြူဒေသတွင် ယခုအခါ ဖျော်ဖြေရေးလုပ်ငန်းတချို့ကို မြို့ပေါ်၌ ပေါ်ပေါ်တင်တင် မြင်တွေ့နေရပြီ ဖြစ်ကြောင်း မြို့ခံများက ပြောဆိုကြပြီး မိမိတို့၏ သားသမီးများအတွက် စိုးရိမ်းမကင်း ဖြစ်နေကြရသည်ဟု ဆိုကြသည်။

“ဆိုင်ကယ်တွေ၊ ကားတွေနဲ့ ပြည့်တန်ဆာ မိန်းမတွေကို ခေါ်ဆောင်နေတာတွေ မြင်နေရပြီ၊ အာဏာပိုင်တွေက ခွင့်ပြုထားတော့ မြို့ခံတွေက ဘာမှ တားဆီးပိုင်ခွင့်မရှိဘူး” ဟု ဒေသခံတဦးက ဆိုသည်။

စီမံကိန်းများ လုပ်ဆောင်နေသော တရုတ် ကုမ္ပဏီများသည် စည်းကမ်းလိုက်နာမှု၊ ဘာသာရေးလေးစားမှု မရှိသည့်အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း ကျူးလွန်နေကြောင်း၊ ၀န်ထမ်းတချို့သည် ဒေသခံ ဘုန်းကြီးကျောင်းဝင်းထဲ၌ အရက်သေစာ သောက်စားခြင်းတို့ကိုပါ လုပ်ဆောင်သည်ဟု သိရသည်။

မဒေးကျွန်းပေါ်၌ လုံခြုံရေးကို ထူထပ်စွာ ချထားပေးရာတွင် အောက်ခြေအဆင့်ရှိ စစ်သားများ၊ ရဲဝန်ထမ်းရာထူမှ အလုပ်ပြုတ်လာသူများ စသည့် လူများကို ခန့်ထား၍ ဒေသခံများမှာ ထိုသူများ၏ နိုင်ထက်စီးနင်း ပြုမူခြင်းကို ခံနေရသည့်အပြင် မိမိတို့ ကျွန်းပေါ်တွင် သွားလာရာ၌လည်း မှတ်ပုံတင်ပြ၍ သွားလာနေရသည်ဟု ပြောကြသည်။

ဓာတ်ငွေ့ထုတ်ယူရေး လုပ်ငန်းများကို ပထမဆုံးလုပ်ဆောင်ခဲ့သော Totol နှင့် Unocal တို့သည်လည်း လူ့အခွင့်အရေးများ ချိုးဖောက်ခဲ့၍ တရားစွဲဆိုခြင်း ခံခဲ့ရသေးသည်။ သို့သော် Total ကုမ္ပဏီသည် နောက်ပိုင်းတွင် လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့သည်။ စီးပွားရေးကိုသာ ရှေ့တန်းတင် လုပ်ဆောင်တတ်သော တရုတ်အစိုးရကမှု ထိုသို့လုပ်ဆောင်ပေးမည် မဟုတ်ပေ။

ထိုလုပ်ငန်းများကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု ကြီးမားလာနိုင်ကြောင်း၊ တောတောင်များ ဆုံးရှုံးခြင်း၊ ပင်လယ်ကမ်းစပ် တလျှောက်ရှိ ဒီရေတောများ ဆုံးရှုံးခြင်း၊ ကျောက်ဆောင် ကျောက်တန်းများ ပျက်စီးခြင်းတို့ တွေ့ကြုံရမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းက ဆိုသည်။

“ပတ်ဝန်းကျင် ထိန်းသိမ်းတာနဲ့ ပတ်သက်ပြီး စာအုပ်ထဲမှာ ရေးထားတာတွေကတော့ အရမ်းကောင်းတယ်ဗျ။ ဒါပေမယ့် လက်တွေ့ မလုပ်တာက ခက်တယ်။ ကျောက်ဖြူ စီမံကိန်းတွေနဲ့ ပတ်သက်တဲ့ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းမယ့် ကိစ္စတွေ ကျနော်တို့နဲ့ပြောဆိုတာ ဘာမှမရှိဘူး”ဟု ဦးအုန်းက ပြောသည်။

ဓာတ်ငွေ့ထုတ်လုပ်မှုများနှင့် ပတ်သက်သော စွန့်ပစ်ပစ္စည်းများ၊ ထိုလုပ်ငန်းများမှ ထွက်သော အဆိပ်ဖြစ်စေသော ဓာတုပစ္စည်း အရည်များကြောင့် သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုအပြင် ရေနေသတ္တ၀ါများအတွက် အန္တရာယ်ကြီးမားသည်ဟု ဦးအုန်းက ဆိုသည်။ ရေထုညစ်ညမ်းမှု ပမာဏ ကြီးမားမည်ဟု ၎င်းက ဆက်ပြောသည်။

စစ်အစိုးရသည်လည်း သဘာဝပတ် ၀န်းကျင်ထိမ်းသိမ်းရေးနှင့် ပတ်သက်သော ဥပဒေကို စနစ်တကျရေးဆွဲထားခြင်း မရှိဟု သိရပြီး ထိုစီမံကိန်းကြောင့် ဒေသဖွံ့ဖြိုးတိုးတက်လာမည်ဟု တွင်တွင်ပြောဆိုလျက်ရှိသည်။

“ဒေသဖွံ့ဖြိုးလာမယ်ဆိုတာ လက်ခံပေမယ့် ကောင်းကျိုးထက် ဆိုးကျိုးတွေက တအားများတယ်။ နှစ်ပေါင်း ၃၀ လောက် တရုတ်က သဘာဝ အရင်းအမြစ်တွေကို ထုတ်ယူမယ်။ သူတို့စီမံကိန်းပြီးသွားရင် ဘာမှ မကျန်တော့ဘဲ အဆောက်အအုံ အခွံတွေပဲ ကျန်ခဲ့မယ်” ဟု ကျောက်ဖြူဒေသခံ ဥပဒေ ကျွမ်းကျင်သူ ရှေ့နေတဦးက ပြောသည်။

စစ်အစိုးရသည် ဒေသဖွံ့ဖြိုးမှု အမှန်တကယ် လုပ်လိုပါက ဒေသခံလူငယ်များအတွက် စီမံကိန်းများ၌ လုပ်ကိုင်နိုင်ရန် အတတ်ပညာများ သင်ကြားမည့်နေရာများ တည်ဆောက်ပေး၍ ထိုလုပ်ငန်းများ၌ မိမိနိုင်ငံသားများ ပါဝင်လုပ်ကိုင်နိုင်ရေးတို့ကို လုပ်ဆောင်ပေးသင့် သည်ဟု အဆိုပါရှေ့နေက ဆိုသည်။

ဒေသခံများအား နိုင်ထက်စီးနင်း ပြုမူခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်းတို့အား ကာကွယ်တားဆီးနိုင်ရေးကို ဒေသခံ ဥပဒေ
ကျွမ်းကျင်သူများ၊ ဒေသခံ နိုင်ငံရေးသမားများနှင့် နိုင်ငံရေးပါတီများက လုပ်ဆောင်သွားကြမည်ဟု ဆိုကြသည်။

“ကျနော်တို့က ဒီကိစ္စတွေကို လွှတ်တော်ထဲမှာ ဆွေးနွေးခွင့်ရှိရင် ဆွေးနွေးမယ်၊ မရရင် ပြည်နယ်လွှတ်တော်အဆင့်မှာ ဆွေးနွေးမယ်၊ လွှတ်တော်တွေက လက်မခံရင် ပါတီအနေနဲ့ ပြောဆိုကန့်ကွက်သွားမယ်” ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကျောက်ဖြူ ဒေသခံ ဦးဘရှင်က ပြောသည်။

“ဒီစီမံကိန်းတွေ ပြီးသွားရင်လည်း ဒေသခံတွေအတွက် ထူးခြားတဲ့ အကျိုးစီးပွားတွေ ဖြစ်လာနိုင်မယ် မထင်ဘူး။ ဒါကြောင့်
ဒေသခံတွေ အကျိုးရှိမယ့် ကိစ္စတွေကို ပြောဆိုဆွေးနွေးသွားမှာပါ” ဟု ဦးဘရှင်က ဆက်ပြောသည်။

ဒေသခံများအား ထိခိုက်စေမည့် လုပ်ငန်းများကို ပြောဆိုကန့်ကွက်သွားမည်ဟု ၎င်းကဆိုသည်။ သို့သော် လက်ရှိတွင် ဒေသခံ အများစုမှာ စစ်အစိုးရနှင့် တရုတ်အစိုးရတို့၏ လူ့အခွင့်ချိုးဖောက်မှုများနှင့် ကြုံတွေ့နေရသည်။

RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ၎င်းတို့ပါတီသည် သဘာဝဓာတ်ငွေ့ကိစ္စ၊ ပင်လယ်ပြင် ကိစ္စများကို အဓိကထား၍ လွှတ်တော်၌ ဆွေးနွေးမည်ဟု ဆိုသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အရေးပါသော အကြီးစားစီမံကိန်းလုပ်ငန်းများ အားလုံးကို ဗဟိုကသာ လုပ်ပိုင်ခွင့်ရှိသည်ဟု ဆိုသည်။

ရခိုင်ကမ်းလွန်၊ ကုန်းတွင်းဒေသများအတွင်း သဘာဝဓာတ်ငွေ့များ၊ ရေနံများ ပေါကြွယ်ဝနေသော်လည်း ဒေသခံများမှာ လျှပ်စစ်ဓာတ်အား သုံးစွဲပိုင်ခွင့်မရှိဘဲ သစ်တောများအား ခုတ်လှဲ၍ ထင်း၊ မီးသွေးများကိုသာ အသုံးပြုနေကြရသည်။

“မီတာခ တယူနစ်ကို ၆၀၀ ကျပ်ပေးရပါတယ်။ တအိမ်ရဲ့တလ မီတာခက ၂ သောင်းကျော်ရှိပြီး လုပ်ငန်းရှိတဲ့သူဆိုရင် သိန်းကျော်ထိ ပေးရပါတယ်” ဟု ကျောက်ဖြူမြို့ခံ တဦးက ပြောသည်။

ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေ၌ စစ်အစိုးရပေးသော လျှပ်စစ်ဓာတ်အားမှာ တရက်လျှင် ၃ နာရီခန့်သာ ရရှိသည်ဟု စစ်တွေဒေသခံများက ပြောကြသည်။

ရခိုင်ပြည်နယ်အတွင်း၌ ယခုအခါ ရေအားလျှပ်စစ်စီမံကိန်းကြီး ၄ ခုကို အကောင်အထည်ဖော် လုပ်ဆောင်နေပြီး ထိုမှရရှိသော လျှပ်စစ်များကို တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ စသည့်နိုင်ငံများကို ရောင်းချရန် စစ်အစိုးရနှင့် သဘောတူ စာချုပ်များ အသီးသီး ချုပ်ဆိုထားကြပြီး ဖြစ်သည်။

မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့များ ရရှိရေးကို အာရှ၏ အကြီးဆုံးနှစ်နိုင်ငံဖြစ်သော တရုတ်နှင့် အိန္ဒိယတို့သည် စစ်အစိုးရအား နည်းလမ်းစုံဖြင့် ချဉ်းကပ်နေကြသည်။

ကျောက်ဖြူရေနက် ဆိပ်ကမ်းကဲ့သို့ ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်း တည်ဆောက်ရေး စီမံကိန်း လုပ်ငန်းများအတွက်လည်း ဒေသခံများ၏ လယ်မြေဧက ထောင်ပေါင်းများစွာကို အသိမ်းခံခဲ့ရသည်။ တနင်္သာရီတိုင်းမှ ဘုတ်ပြင်း ရေနက်ဆိပ်ကမ်းနှင့် မွန်ပြည်နယ်မှ ကုလားဂုတ် ရေနက်ဆိပ်ကမ်းတို့ကိုလည်း မကြာမီ တည်ဆောက်သွားမည်ဟု သိရသည်။

“လယ်မြေ၊ ဥယျာဉ်ဆိုတာက တောသူ တောင်သားတွေရဲ့ အဓိက စီးပွားရေးလုပ်ငန်းပါ။ ဒီလုပ်ငန်းတွေမရှိတော့ရင် ဘာမှ လုပ်စားစရာ မရှိတော့ဘူး” ဟု ကျောက်တန်း ရွာသားတဦးက ဆိုသည်။

ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်း၊ မလာကျွန်းပေါ်မှ ဒေသခံများသည် ၎င်းတို့၏ ဘိုးဘွားပိုင် လယ်မြေများ၊ ဥယျာဉ်ခြံမြေများကို အသိမ်းခံထားရ၍ အနာဂတ်ကာလ စီးပွားရေးအတွက် သောကရောက်နေရသည့်အပြင် ထိုဒေသ၌ ဆက်လက်နေထိုင်ပါက
မုန်းတိုင်း သဘာဝဘေးအန္တရယ် ထပ်မံကြုံရမည်ကို စိုးရိမ်ထိတ်လန့် နေကြသည်ဟု ဒေသခံများက ဆိုသည်။

၎င်းတို့သည် အောက်တိုဘာလ ၂၂ ရက်နေ့တွင် တိုက်ခတ်ခဲ့သော ဂီရိဆိုင်ကလုန်းမုန်တိုင်း ဒဏ်ကို ခံထားရသူများ ဖြစ်ပြီး ထိုစဉ်က တောင်ကုန်းတောင်တန်းများ အကာအကွယ် ရှိခဲ့၍ သက်သာရာ ရရှိခဲ့သည်ဟု ဆိုကြသည်။

ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ယခုအခါ ထိုတောင်များအား တလုံးပြီး တလုံးဖြိုဖျက်နေ၍ ဒေသခံများသည် မုန်းတိုင်းအရေးပါ တွေးတောပူပန်နေကြရသော ဘ၀သို့ ရောက်နေကြရသည်။ တောင်များ၏ အရွယ်အစားသည် အလယ်တန်းစားရှိကြောင်း ဒေသခံများက ပြောသည်။

“ဒီတောင်တွေက လေပြင်း မုန်တိုင်းအန္တရာယ်၊ ရေလွှမ်းမိုးနိုင်တဲ့ သဘာဝ ဘေးအန္တရယ်တွေကို ကာကွယ်ပေးထားတာပါ၊ အခုတောင်တွေ မရှိတော့ရင် သဘာဝ ဘေးအန္တရယ်က အချိန်မရွေး ဒုက္ခပေးနိုင်မှာပါ” ဟု ရွာမ ရွာသားက ဆိုသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Feb,26th,2010

( 21 )ဒန်ကလေကို တရားစွဲသူ အမျိုးသမီး အမှုရုပ်သိမ်းလို

( 20 )Global Fund Back With New Hope

( 19 )လူသေမှုဖြင့် မွန်ကော်မတီဝင် ၄ ဦး အဖမ်းခံရ

( 18 )Aung San Suu Kyi: Sympathy for jailed Australian

( 17 )၁၀ နှစ် နေထိုင်ခွင့်လက်မှတ် ပြုလုပ်နိုင်၊ ပွဲစားများကို သတိပြုသင့်

( 16 )Becoming a Member of Burma's 'Triumphant Elite'

( 15 )ယခုနှစ်ကွမ်းသီးထွက်ရာသီတွင်ကွမ်းသီးဈေးနှုန်းမြင့်တက်လာ

( 14 )Refugee families' dads land jobs in farming

( 13 )မြန်မာစစ်အစိုးရနှင့် အိုင်အယ်အို စာချွန်လွှာ သက်တမ်းတိုး

( 13 )Looking to build hope in a troubled Burma

( 12 )လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်’ အပတ်စဉ်အမေးအဖြေ

( 11 )Rice Prices Rising on Rumor of New Banknote

( 10 )အခြေအနေများ ပိုကောင်းလာမည်ဟု NDF အမတ် ယုံကြည်

( 9 )Burma to keep Australian in jail

( 8 )စောင့်ရှောက်သူမဲ့ ဝေဒနာသည်ကူညီရေး လူငယ်ကွန်ရက်ဖွဲ့စည်း

( 7 )Bail Request Rejected for Australian Journalist Detained in Burma

( 6 )ကချင်မှာ မြန်မာစစ်တပ်လှုပ်ရှားမှု များပြား

( 5 )Burmese Junta Reinforces Armed Forces In Ethnic Regions

( 4 )အရှေ့အလယ်ပိုင်းဒေသ အုံကြွမှုနဲ့ မြန်မာနိုင်ငံ အခြေအနေ ဒေါ်စု နှိုင်းယှဉ်သုံးသပ်

( 3 )9,000 War Refugees Still Stranded in Thailand

( 2 )မြန်မာ့ လူအခွင့်အရေး ချိုးဖောက်မှု ဒေသတွင်း ၀န်ထုပ်ဝန်ပိုး ဖြစ်နေ

( 1 )Burma’s Human Right Violations Impinge Whole Region

Friday, February 25, 2011

၆ သိန်းစီပေးပြီး ပြည်ထောင်စုလွှတ်တော် ရပ်နား

ဧရာဝတီ Friday, 25 February 2011

စစ် အစိုးရက လွှတ်တော် အမတ်များ အားလုံးကို ချီးမြှင့်ငွေ ကျပ် ၆ သိန်း ထုတ်ပေးပြီး ပထမဆုံးအကြိမ် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို ခေတ္တရပ်နား လိုက်ကြောင်း သတင်းရရှိသည်။

ချီးမြှင့်ငွေလို့ နာမည်တပ်ပြီး ကျပ် ၃ သိန်းပေးတယ်။ နောက်ပြီး မတ်လအတွက် နေပြည်တော်မှာ လွှတ်တော် ကာလအတွင်း နေထိုင်သွားလာ စားသောက်စရိတ် ကျပ် ၃ သိန်းထပ်ပေးတယ်” ဟု အမျိုးသား ဒီမိုကရေအင်အားစု (NDF) မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တဦးက ပြောသည်။

နိုင်ငံတော်သမ္မတ အပါအ၀င် ပြည်ထောင်စုအဆင့် အာဏာပိုင် အရာရှိကြီးများနှင့် အဖွဲ့အစည်းများကို ဖွဲ့စည်းပြီး ဖြစ်သည့်အတွက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများကို အဆုံးသတ်ခြင်း ဖြစ်ကြောင်း လွှတ်တော်အမတ်များကို ၃ ရက် အနားပေးလိုက်ကာ မတ်လ ၁ ရက်နေ့မှ စ၍ အမတ်များသည် သက်ဆိုင်ရာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် အစည်းအဝေးများကိုသာ တက်ရောက်ရမည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက သိရသည်။

မတ်လ ၁ ရက်နေ့တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် အစည်းအဝေးများတွင် ဘဏ္ဍာရေး၊ ဥပဒေမူကြမ်း ပြုစုရေး အပါအ၀င် လွှတ်တော်ရေးရာ ကော်မတီများ ဖွဲ့စည်းမည်ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်များ တင်သွင်းထားသော အဆိုနှင့် မေးခွန်းများကို လွှတ်တော်က လက်ခံဖြေကြားခြင်း၊ ငြင်းပယ်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း
လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

“ဥပဒေပြုမယ့်ကိစ္စတွေ၊ အဆိုတွေ၊ မေးခွန်းတွေ စမေးကြမယ်။ မတ်လအတွင်းမှာ အစိုးရသစ်က အာဏာကို တရားဝင် လွှဲပြောင်းယူမှာ ဖြစ်တဲ့အတွက် ၀န်ကြီးဌာနတွေကလည်း ကိုယ်စားလှယ်တွေ မေးထားတဲ့မေးခွန်း တွေဖြေမယ်” ဟု တိုင်းရင်းသားပါတီမှ လွှတ်တော်ကိုယ်စားလှယ် တဦးက ရှင်းပြသည်။

တပ်မတော်သား ကိုယ်စားလှယ်များနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ လွှတ်တော်ကိုယ်စားလှယ် များကသာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် ကြီးစိုးနေသောကြောင့် ပြည်သူ့အကျိုးပြု ဥပဒေများ ထွက်ရှိလာရန် မလွယ်ကူကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြသည်။

“အများကြီးတော့ မျှော်လင့်လို့မရပါဘူး။ ပြည်ထောင်စု လွှတ်တော်မှာတောင် ဘာမှ ပြောမရ၊ လုပ်မရတာ။ ကြံ့ခိုင်ရေးနဲ့တပ် ကိုယ်စားလှယ်ကလည်း အခုအချိန်အထိ တသံတည်းပဲ။ တပ်နဲ့ ကြံ့ခိုင်ရေး မကွဲသရွေ့ ကျနော်တို့ အတိုက်အခံတွေ ဘာမှ မလုပ်နိုင်ပါဘူး” ဟု လွှတ်တော်ကိုယ်စားလှယ် တဦးက ရှင်းပြသည်။

တနေ့လျှင် ၁၀ မိနစ်၊ ၁၅ မိနစ်သာ တက်ရောက်ရပြီး ဆွေးနွေးပြောဆိုမှု ပြုလုပ်ခွင့်မရှိသော လွှတ်တော် အစည်းအဝေးများကို ကိုယ်စားလှယ်အများစု ငြီးငွေ့နေကြကြောင်း၊ နေထိုင် စားသောက်ရသည့် ကိစ္စရပ်များကိုလည်း စိတ်ပျက်နေပြီး နေရပ်သို့ ပြန်ရမည့် ရက်ကိုသာ မျှော်နေကြကြောင်း ကိုယ်စားလှယ်များက ဆိုသည်။