Sunday, April 22, 2012

နိုင်ငံရေးအခြေအနေနှင့် မိမိကဏ္ဍကိစ္စ ကချင် တက္ကသိုလ်ကျောင်းသားများ တွေ့ဆုံ

KNG

လက်ရှိ ကချင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေမှာ မည့်သည့် အခန်းကဏ္ဍမှပါဝင်ရေးကိစ္စ ကချင် တက္ကသိုလ် ကျောင်း သားနှင့် လူငယ်များက ဧပြီ ၁၈၊ ဗုဒ္ဓဟူးနေ့က တွေ့ဆုံ ဆွေးနွေး ခြင်း ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲကို မနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီခွဲထိ စီတာပူ ရပ်ကွက် St. Patrick ရိုမန်ကက်သလစ် (RC) ဘုရားကျောင်းတွင် ပြုလုပ် ခဲ့ရာ မြစ်ကြီးနားတက္ကသိုလ်ကျောင်းသူ/သားများ၊ ဆရာ/မများနှင့် ဒေသခံ လူငယ်များ ပါဝင်ဆွေးနွေးခဲ့ကြသည်။

လက်ရှိ ကချင်ပြည်နယ်တွင် ဖြစ်ပျက်နေသော နိုင်ငံရေးအခြေအနေတွင် “ကချင်လူငယ်နှင့် ကျောင်းသားများ မည်သည့် အခန်းကဏ္ဍမှပါဝင်သင့်သည်” ဆိုသည့်ကိစ္စရပ်ပေါ် အဓိက ဆွေးနွေးသွားခဲ့သည်ဟု ဆွေးနွေးပွဲ တက်ရောက်သူများပြောသည်။

“ဥပမာ ကချင်အမျိုးသားခေါင်းဆောင် ဒေါ်ဘောက်ဂျာ လိုမျိုး အများပြည်သူအကျိုးအတွက် သူမ ကိုယ်စားပြုပြောဆိုတင်ပြနိုင်သလို ကျောင်းသားလူငယ်တွေမှာလဲ အဲသလို ရှိလာအောင်၊ ပါလာအောင် ပြောဆိုဆွေးနွေးဒါဖြစ်တယ်။” ဟု ဆွေးနွေးပွဲ တက်ရောက်သူ ကျောင်းသားတဦးပြောသည်။

အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီ၏ ကချင်ပြည်နယ် ခေါင်းဆောင် ဒေါ်ဘောက်ဂျာသည် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလက အမေရိ ကန် နိုင်ငံတွင် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်နှင့် တွေ့ဆုံပြီး လက်ရှိ ကချင်ပြည်နယ် အခြေအနေအရပ်ရပ်ကို ရှင်းပြခဲ့ ခြင်းကြောင့် အမေရိကန် ကချင်အဖွဲ့အစည်းတခု၏ "Myusha Gintawng" လူမှုရေးထူးချွန်ဆု ချီးမြှင့်ခြင်းခံခဲ့သည်။

ထို့အပြင် သူမသည် ဟူးကောင်းချိုင့်ဝှမ်းရှိ ယုဇနကုမ္ပဏီမှ ဒေသခံပြည်သူများ၏ လယ်ယာမြေများ မတရား သိမ်းပိုက်ခံရမှုကိစ္စတွင် လယ် သမားများဘက်မှရပ်တည်ကာ တရားရုံးသို့ ဦးတိုက် လျှောက်ထား ရာတွင် ဦးဆောင်ကူညီပေးခဲ့ခြင်းကြောင့် ပြည်ပမှ ကချင် အမျိုး သား များ ချီးမြှင့်သည့် “The Kachin Civilian Defender” ဆု ကိုလည်း ရရှိခဲ့သည်။

1 comment:

  1. ဗမာရဲဘော်များဆီသို့
    စစ်အစိုးရ - အို.. ရဲဘော်
    အဆိုးဘက်က နာမည်ကျော်
    ကချင်တိုင်းပြည် ဘာလို့လာ
    မခေါ်ဘဲနဲ့ ပေါ်ပေါ်လာ။

    ကချင်ပြည်အကြောင်း မသိဘဲနဲ့
    ခိုးဆိုးဖှိုက်ဖို့ ရောက်လာခဲ့
    မင်းတို့အဘ မဟုတ်တာပြော
    မြန်မာ့သမိုင်း အမှားဟော။

    ရှေးခေတ် မြန်မာ့သမိုင်းမှာ
    ဘယ်မင်းကြီးမှ သြဇာမလာ
    ဘယ်သူ့ကျွန်မှ ငါတို့မဟုတ်
    ငါတို့သီးခြား တိုင်းပြည်လုပ်။

    ဒူဝါ စော်ဘွားကြီးများနဲ့
    ကိုယ့်နည်း ကိုယ့်ဟန်အုပ်ချုပ်ခဲ့
    အောက်ပြည်အောက်ရွာ ကုန်သွယ်ကာ
    စီးပွားရေးတွေ လုပ်ကြတာ။

    ဘုရားပေးတဲ့ မနောမြေ
    သဘာဝကိုက ကြွယ်ဝပေ
    လောဘဒေါသ မောဟတွေ
    ဒို့လူမျိုးမှာ အမှုမပွေ။

    ရိုးသားဖြူစင် တောင်ပေါ်သား
    ဘုရားရဲ့သီးသန့် ကောင်းကြီးများ
    အင်္ဂလိပ်ခေတ် သမိုင်းလမ်းကြောင်း
    တိုင်းပြည်တစ်ခု ပြည်နယ်ပြောင်း။

    အနှစ်(၆၀) ကျော်ခဲ့ပြီ
    မြန်မာ့သမိုင်း ရှုပ်ခဲ့သည်
    စိုးရရဲဘော် ဒါတွေမသိ
    စာသင်ကျောင်းမှာလည်း မရှိ။

    လောဘကြီးတဲ့ စစ်ဥပဒေ
    ကချင်မြေကို ရောင်းစားနေ
    ငါတို့ဂိတ်ဆုံး သည်းခံခဲ့
    ငြိမ်းချမ်းရေး အတုအပနဲ့။

    ခုတော့စစ် ဖြစ်နေပြီလေ
    ဒို့ကိုစတိုက်တာ သူဖြစ်နေ
    ဒို့ကခုခံရုံ သက်သက်
    စိုးရရဲဘော် မသိတော့ခက်။

    ဒို့ငြိမ်းချမ်းရေး မလိုတော့ပြီ
    ဒို့ကိုယ်ပိုင် အုပ်ချုပ်တော့မည်
    သင်တို့တိုက်လည်း နိုင်မည်မဟုတ်
    မင်းတို့ အိမ်ပြန်ဖို့နောက်ဆုတ်။

    မနောမြေမှ ဆုတ်ခွာသော်
    အသက် ချမ်းသာဦးမယ်နော်
    ဆက်ပြီးသာ တက်လို့ကတော့
    ဒို့ကိုအဆိုး မဆိုနဲ့ပေါ့။

    ဒို့ဆီ မြေသြဇာပေါပြီးသား
    မြေသြဇာ ထပ်မဖို့နဲ့တော့လား
    စစ်သမ္မတ အစိုးရရဲဘော်
    ဌာနေပြန်ဖို့ ကြိုးစားနော်။ ။

    မနောမြေ - စိန်
    ၂၁၊၄၊၂၀၁၂

    ReplyDelete