Thursday, November 15, 2012

အာဏာပိုင်တွေ တိုင်ကြားတာကို အရေးမယူတာ ဘာကြောင့်လဲ?ပဋိပက္ခတွေထပ် ဖြစ်အောင် ဖန်တီးနေတာလား?

မောင်အေး

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် ရခိုင်အမျိုးသားပိုင် ဟင်းခင်းများအား မသမာသူများမှ ကျူးကျော် ၀င်ရောက်ပြီး ဖျက်ဆီးမူများ ပြု လုပ် နေသည်ကို သက်ဆိုင်ရာ ရဲဌာနသို့ အကြိမ်ကြိမ် တိုင်ကြားသော်လည်း တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း သိရ သည်။

“ ကျွန်မကတော့ အာဏာပိုင်တွေကို မေးချင်ပါတယ်။ တိုင်ကြားတာကို အရေးမယူတာက ဘာကြောင့် လဲ? ပဋိပက္ခတွေ ထပ်ဖြစ်အောင် ဖန် တီးနေတာလား? လို့ဘဲ မေးချင်ပါတယ်” ဟု မြောက်ဦးမြို့နယ် လောင်ကြတ် တောင် မော်ကျေးရွာက အမျိုးသမီး တစ်ဦးက ပြောသည်။

ပဋိပက္ခ ထပ်ဖြစ် ရန် လိုလားနေသူများသည် ရန်စသည့် အနေဖြင့် ဒေသခံ ရခိုင်များပိုင်ဆိုင်သည့် စပါးခင်းများ၊ ဟင်းခင်းများကို ညအ ချိန်ဝင်ရောက် ဖျက်ဆီးမှုများရှိနေပြီး ကျွဲ၊ နွားများကိုလည်း ခိုးယူမှုများ ရှိနေသဖြင့် အကြိမ်ကြိမ် ကျေးရွာ အုပ်ချုပ်မှူးမှ တဆင့် ရဲစခန်းသို့တိုင် ကြားသော်လည်း တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ခြင်း မရှိဟု သူမက ဆိုသည်။

“ ဒီမှာကရခိုင်တွေရဲ့ စပါးခင်းတွေ၊ ဟင်းခင်းတွေဖျက်ဆီးခံနေရပါတယ်။ ကျမတို့ လောင်းကြတ် တောင် မော်မှာ ခရမ်းပင်တွေ၊ မုံလာပင် တွေအကုန် လုံးကို နှုတ်ပစ်ခဲ့တယ်။ ညကျတော့လည်း ကြောက် လို့ စောင့်မအိပ်ရဲဘူး။ ပေါင်းတုတ် ချောင်းကမ်းပါးမှာရှိတဲ့ ဟင်းခင်း တွေ အကုန်လုံး ဖျက်ဆီးခံရနေရ ပါတယ်။ အစ်မ၀င်းသာခိုင်တို့အခင်းမှာဆို လုံးဝအပင်မရှိတော့ဘူး။ လုပ်နေတာက မွတ်ဆလင်တွေ ဖြစ် ပါ တယ်” ဟု အမျိုးသမီးက ဆက်ပြောသည်။

ယခုကဲ့သို့ ဟင်းခင်းများ ဖျက်ဆီးခံနေရသည့် ကျေးရွာများမှာ သူဌေးကုန်း၊ ဇေယျဝတီ၊ လောင်း ကြတ် တောင်မော်နှင့် ပန်းပင် ကျေးရွာ မှ ဖြစ်ကြသည်။

ယခုကဲ့သို့ ဟင်းခင်းများ ဖျက်ဆီးခံနေရသဖြင့် ယနေ့တွင် ရခိုင် ကျေးရွာသားများ အစည်းအဝေး ပြုလုပ်ရန် စီစဉ်နေကြောင်းလည်း အ ဆိုပါ အမျိုးသမီးကပြောသည်။

“ အခုက ရွာသားတွေ အစည်းအဝေးလုပ်ကြမယ်။ အစည်းအဝေးကနေ လက်တုန့်ပြန်မယ်လို့ ဆုံးဖြတ် ကြရင် နောက်ထပ်ပြဿနာဖြစ်လာ နိုင်ပါတယ်။ ကျွန်မတို့ကတော့ အရမ်းကို စိုးရိမ်နေကြပါတယ်” ဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သတ်ပြီး မြောက်ဦးရဲစခန်းကို ဆက်သွယ်မေးမြန်းရာ တာဝန်ကျရဲတဦးက ယခုလို ပြောသည်။

“ စခန်းမှူးအပြင်ကို သွားပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်လို့ ကျွန်တော်တို့မကြားသေးပါဘူး။ တွေ့ကရာ လျှောက်ပြောနေကြတာပါ” ဟု ဆို သည်။

နိုဝင်ဘာလ ၈ ရက်နေ့ကလည်း စစ်တွေမြို့နယ် ဒေါင်းပြောက်ကျေးရွာမှ ရွာသား တစ်ဦးပိုင်ဆိုင်သည့် နွားသုံးကောင်ကို သက်ကေပြင် နွား သတ်ရုံတွင်တွေ့ရှိရပြီး နွားပိုင်ရှင်မှ ကျပ်ငွေ ၇ သောင်းပေးပြီးမှ မွတ်ဆလင် နွားခိုးသူများက နွားများကို ပြန်ပေးခဲ့ကြောင်းသိရသည်။

ယခုကဲ့သို့ ဥပဒေမဲ့ ပြုလုပ် ကျူးလွန်နေသူများကို အချိန်မှီ မတားဆီးပါက ရခိုင်ပြည်နယ်တွင် တတိယ အကြိမ် ပဋိပက္ခဖြစ်လာ နိုင် ကြောင်း ရတပ ပါတီ ပြည်နယ်လွတ်တော်အမတ် ဦးအောင်မြကျော်ကပြော သည်။

“ အစိုးရအနေနဲ့ ဒီလိုကိစ္စတွေကို ပြတ်ပြတ်သားသား ဥပဒေအရ အရေးမယူရင် တတိယအကြိမ် မြောက် ဆူပူ အကြမ်းဖက် တိုက်ခိုက်မူ တွေ သေချာပေါက် ဖြစ်လာနိုင်တယ်လို့ ကျွန်တော်တို့ ယူဆတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံမှ ခေါင်းဆောင်များ နိုင်ငံတကာသို့ သွားရောက်ချိန်(သို့မဟုတ်) နိုင်ငံခြား မှ ခေါင်းဆောင်များမြန်မာနိုင်ငံသို့ လာရောက်ချိန် များ တွင် အချိန်နှင့်ကိုက်ပြီး တစ်ဘက်မှ ယခုကဲ့သို့ လှုံဆော်မှုများပြုလုပ်လေ့ရှိကြောင်း ဦးအောင်မြကျော်က ဆက်ပြောသည်။

“ပထမ တစ်ကြိမ်တုန်းကလည်း ဒီလိုလှုံဆော်တယ်။ ဒုတိယတစ်ကြိမ်တုန်းကလည်း မြန်မာနိုင်ငံကို လူ ကြီးတွေလာတဲ့ အချိန်တွေမှာ အချိန် ကိုက် လှုပ်ရှားမှုတွေ၊ မုဒိန်းကျင့်မှုတွေ၊ သတ်ဖြတ်မှုတွေ လုပ်ပြီး လှုံဆော်ခဲ့တယ်။ အခုလည်း သမ္မ တအိုဘားမားလာမယ့်အချိန်မှာလှုံဆော် မှုတွေ တိုးဖြစ် လာတယ်။ ဒီဒေသက ဒေသခံတွေ သည်းမခံနိုင်လို့ ပေါက်ကွဲသွားပြီး တစ်ခုခု ဖြစ်သွားရင် ဒေသခံတွေကို အပုတ်ချချင်တဲ့သ ဘောနဲ့ သမ္မတ အိုဘားမားရောက်တဲ့အချိန်နဲ့ တိုက်တိုက် ဆိုင်ဆိုင် လုပ်ဖို့အတွက် ဒီလို လှုံဆော်မှုတွေဖြစ်နေတယ်လို့ ကျွန်တော်တို့မြင် တယ်” ဟု ဆိုသည်။

မကြာသေးမီရက်ပိုင်းကလည်း မင်းပြားမြို့နယ် အိုးပျံတောင်မှ လယ်သမားတဦးတွင် ရိတ်သိမ်းထား သည့် ကောက်လှိုင်းစည်း ၂၀၀ နီး ပါး မီးလျှို့ခံရပြီး မြောက်ဦးမြို့နယ် ရှောက်ပုံကျွန်းရွာ၊ ပန်းမော်ရွာ နှင့် သရီကုန်ပေါင်းကျေးရွာမှ လယ်သမားများပိုင်ဆိုင်သည့် စပါးခင်း များမှာ လည်း ညဥ့်အချိန်တွင် ဖျက်ဆီး ခံခဲ့ရသည်။

ဒုတိယ အကြိမ် တကျော့ပြန် ဆူပူ တိုက်ခိုက်မူများ မဖြစ်ပေါ်မီ ယခုကဲ့သို့ ရန်စမူများ၊ လုံ့ဆော်မူ များ ပေါ်ပေါက်ခဲ့သော်လည်း သက် ဆိုင် ရာ အာဏာပိုင်များမှ တစ်စုံတစ်ရာ အရေးယူမဆောင်ရွက်ခဲ့သဖြင့် နောက်ပိုင်းတွင် ထိန်းမနိုင် သိမ်းမရ အခြေအနေသို့ ရောက်ရှိခဲ့ ပြီး လူ ပေါင်း ၁၀၀ နီးပါးခန့် သေဆုံးကာ အိမ်ပေါင်း ၅၀၀၀ ကျော် မီးရှို့ခံခဲ့ရသည်။

No comments: