Monday, November 19, 2012

ဘင်္ဂလားပင်လယ်အော် အတွင်း မုန်တိုင်းငယ် တစ်ခု ဖြစ်ပေါ်နေ


ကျောက်ဖြူမြို့မှ အနောက်တောင်ဘက် မိုင် ၃၈၀ ခန့်အကွာ၊ ဧရာဝတီတိုင်း ပုသိမ်မြို့ရဲ့ အနောက် ဘက်မိုင် ၃၉၀ အကွာ ဘင်္ဂလား ပင် လယ်အော် အတွင်းမှာ မုန်တိုင်းငယ် တစ်ခု ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

မြန်မာ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားရေးမှူး ရဲ့ ထုတ်ပြန်ချက်အရ အခု ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ အ၀ါရောင်အဆင့်သာရှိ တယ်လို့ ဆိုပါတယ်။

မုန်တိုင်းငယ်ဟာ အဲဒီ ဗဟိုပြုတဲ့ နေရာကနေ မြောက်-အနောက်မြောက်ဘက်သို့ ဖြည်းညင်းစွာ ရွေ့လျားမယ်လို့ ဆိုပါတယ်။

မုန်တိုင်းငယ်ဟာ မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့ လျားမယ့် အခြေအနေမရှိလို့ ဆိုပါတယ်။

ကျောက်ဖြူမြို့ကို ဆက်သွယ် မေးကြည့်တဲ့ အခါမှာတော့ ဒီကနေ့ ကျောက်ဖြူမှာ နေသာနေပြီး မုန်တိုင်း တိုက်မယ့် အရိပ်အရောင်ကို မမြင် ရဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ မုန်တိုင်းရှိတယ်လို့ သိရပါတယ်။ မြန်မာရုပ်မြင်သံကြားက ကျေညာပါတယ်။ ဒါပေမယ့် အိန္ဒိယနဲ့ နီးပီး အဲဒီဘက်ကို ရွှေ့လျားနေ တယ် လို့ မျှားအနီးလေးပြပြီး ကျေညာသွားပါတယ်” လို့ ပြောပါတယ်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာတော့ နံပတ် ၃ အဆင့်ရှိတဲ့ အလံတွေကို ပင်လယ် ကမ်းခြေ တလျှောက်မှာ ထောင်ပြီး မုန်တိုင်း သတိပေးမူတွေ ပြု လုပ် နေပါတယ်။

No comments: