Monday, November 19, 2012

အစိုးရ လုပ်ငန်း Project ဖော်ဆောင်မှုများတွင် အဖိုးတန်သစ်များ ပြုန်းတီး

admin

ချင်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် အစိုးရမှ အကောင်အထည် ဖော်နေသည့် လုပ်ငန်း Project နေရာများတွင် အဖိုးတန် သစ် များ ပြုန်း တီးမှုအင်မတန်များပြားကြောင်း သိရသည်။ ဖလမ်းမြို့နယ်အတွင်း Nginzawl နှင့် Cehkan ရွာအကြား မော်တော်ကား လမ်း ဖောက်လုပ်နေ သည့် ဆောက်လုပ်ရေး ၀န်ထမ်းတွေက ဒေသအတွင်း အဖိုးတန် ကျွန်း သစ်တွေ ကို ခုတ်ပြီး ရောင်းစားနေကြောင်းပြော ကြသည်။

“ ယမန်နှစ် နိုဝင်ဘာလ ကတည်းက ကားလမ်းကို ဖောက်ကြတယ်၊ ခုထိ ပေါ့နော်၊ ဒါပေမဲ့ သုံးမိုင် လောက်ပဲဖောက်နိုင်သေးတယ်၊အဲဒီအနီးတ၀ိုက် မှာ ရှိတဲ့ ကျွန်းသစ်တွေကို ခုတ်လှဲပြီး ပုဂ္ဂလိက သစ် လုပ်ငန်း ရှင်တွေမှာ ရောင်းစား နေကြ တယ်” ဟု Nginzawl ဒေသခံ တဦးက ပြောသည်။ဆောက်လုပ်ရေး ၀န်ထမ်းများ သည် ဒေသခံ ရဲတွေထံမှာ ကျွန်း သစ်တွေ ကို ကားတစီးစာ ကျပ်ငွေ ၅၀၀၀၀- ၁၀၀၀၀၀ အ ကြား အခွန်ဆောင်ပြီး သယ် ယူနေကြခြင်းဖြစ်သည်။

“ ဒေသခံတွေအနေနဲ့ ကိုယ့်ဒေသက ထွက်တဲ့ ကျွန်းသစ်တွေကို ခုတ်လှဲ ခွင့်မရှိဘူး၊ အာဏာပိုင် တွေကတော့ ကြိုက်သလို လုပ်စားနေကြ တယ် ” ဟု ဆက်ပြောသည်။စစ်ကိုင်းတိုင်း – ချင်းပြည်နယ်နယ်စပ်ရှိ ကျွန်းသစ် တွေ ကို သစ်မှောင်ခိုတွေက အာဏာပိုင်တွေနဲ့ ပူးပေါင်း ပြီး ခိုးထုတ် ရောင်းစားမှုများလည်းရှိနေသည်။ထို့အပြင် ဖလမ်းမြို့နယ်အတွင်း အ ကောင်အထည်ဖော်နေသည့် မဏိပူရ် ရေလှောင်တ မံစီမံကိန်းတွင် လည်း ရေလှောင် တမံ အထက်ဖက် ၁၀ မိုင် ၀န်းကျင်ရှိ ကျွန်းသစ် တွေကို သက်ဆိုင်ရာက ခုတ်လှဲပြီး အလွဲသုံးစားလုပ်ကြ သည်ဟု သိရ သည်။“ ကျွန်းပင်တွေ သက်သက်စင်ပြောင်သွားပြီ၊ ၂၀၀၅ ခုနှစ် ကနေ ဆောက်ခဲ့တဲ့ ရေလှောင်တမံလည်း ခုထိ အပြီးမ လုပ် နိုင် သေးဘူး၊” ဟု ဖလမ်းဒေသခံ တဦး က ပြောသည်။

No comments: