Monday, February 18, 2013

အကြွေး ၆ သိန်း ပြန်မဆပ်နိုင်လို့  သားမယားပြုကျင့်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှုးကို (အရေးယူပေးရန်)

ko nay myo zin

ပန်းတနော်မြို့နယ် ခရေကုန်း ကျေးရွာအုပ်စု အတွင့် ဖွင့်လှစ်ပေးနေသည့် နယ်လှည့် အခမဲ့ ကွန်ပျူတာသင်တန်း အမှတ်စဉ် ၁၂ အား စီစဉ် ထားသော ဘုန်းတော်ကြီး ကျောင်း အတွင်း ဖွင့်လှစ်ခွင့် မရအောင် နှောက်ယှက် ဖိအားပေးသော ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် စာရေး တို့အား တိုက်ရိုက်တွေ့ဆုံ မေးမြန်းပြီး မကူညီချင်နေပါ မနှောက်ယှက် ရန် ပြောကြားနေစဉ် ။ ထို ကျေးရွာ အုပ်ချုပ်ရေးမှူးမှာ မယားကြိးရှိပါ လျှက် နှင့် သူပိုင်ဆန်စက်မှ အလုပ်သမားဖြစ်သူ ဧ။် သမီးဖြစ်သူ ၁၇ နှစ်သမီးအား အကြွေးခြောက်သိန်း မဆပ်နိုင်သော မိဘဖြစ်သူကို အကြပ် ကိုင်ပြီး သမီးကို သိမ်း ယူကာ အတင်းအကျပ် မယားပြုပြီး ကိုယ်ဝန်ရလာသော အခါ စွန့်ပစ်လိုက်သော လူမဆန် သူတဦးဖြစ်သည်။

ထိုလို လူများသည် ဒေသ ဖွံ့ဖြိုးရေး အတွက် နည်းပညာလာရောက် အခမဲ့သင်ပေးသော မိမိတို့ အဖွဲ့ကို ရိုင်းစိုင်းစွာဆက်ဆံတုန့်ပြန်သဖြင့် ကျနော်နှင့် ပါလာသော အလှူရှင်များ နှင့် အတော်ပင် အခြေအ တင် ဖြစ်ပွားခဲ့ရသည်။ သူတို့ ဒေသ ဖွံ့ဖြိုးစေဖို့ လာရောက် ကူညီ ပေးသော မိမိတို့ကိုပင် ရန်သူသဖွယ် ဆက်ဆံသည်။ ထို အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့အား တရွာလုံးက ရွံ့မုန်းသော်လည်း အာဏာပိုင် နေ သူမို့ဘယ် သူကမှ မပြောရဲကြပေ။

ကျေးရွာ အုပ်ချုပ်ရေးမှူး မှ ကျူးလွန်မယားပြုပြီး ကိုယ်ဝန်ရခါမှ စွန့်ပစ်လိုက်သောကြောင့် တဲစုတ်လေး တခုပေါ်တွင် သားကင်းငယ်လေးနှင့် အတူ မကျန်းမမာ ဝေဒနာ ခံစားနေရသော မိန်းကလေးငယ်။ သူ့ အသက် ၁၇ နှစ်တွင် မိဘဖြစ်သူက တင်ရှိနေသော အကြွေးခြောက်သိန်း ကြောင့် သူ့ အဖိုး အရွယ်ရှိသော ကျေးရွာအုပ်ချုပ်ရေးမှူး အလိုကို ဖြည့်ပေးခဲ့ရသော မိန်းကလေးငယ်။ ယခု ကလေး ငယ်ဖြင့် ဒီလိုနေ နေ ရ ပါသည်။


11 comments:

  1. ဟေ့ လူ တွေ ခင် ဗျား တို့  သီ တင်း တင် တာ အား ပေး ပါ တယ် ၊ ဒါ ပေ မဲ့ ကာ ယ ကံ ရှင် မျက် နှာ လေး တော့ ဖျက် ထား ပါ ၊ ခင် များ တို့  လုပ် မှ တစ် ရှက် က နှစ် ရှက် ဖြစ် ရ ပြီ ၊ ကျင့် ဝတ် ထိန်း ပါ ။

    ReplyDelete
    Replies
    1. သတင်းထူးဆိုတာကလက်ခံပါတယ်သို့သော်တစ်ယောက်သောသူအတွက်အရှက်ရစေပါတယ်ကူညိရာမရောက်ပဲအရှက်ရစေပါတယ်

      Delete
    2. သတင်းထူးဆိုတာကလက်ခံပါတယ်သို့သော်တစ်ယောက်သောသူအတွက်အရှက်ရစေပါတယ်ကူညိရာမရောက်ပဲအရှက်ရစေပါတယ်

      Delete
  2. မှန်ပါသည်။ သတင်း.. သတင်းနှင့် အတင်းပြောသလို ဖြစ်နေလေပြီ။ မျက်နှာလေးတော့ ဖျက်ထားသင့်ပါသည်။

    ReplyDelete
  3. ကိုသတင်းထူးတင်ပြသူ သူရဲကောင်းဖြစ်တာထက် သူကလေးမ အရှက်နဲ့ မို့  သတိထားသင့်ပါတယ်။

    ReplyDelete
  4. မျက်နှာလေးတော့ ဖျက်ထားသင့်ပါသည်။

    ReplyDelete
  5. သတင်း တင်ပြ ခြင်တာထက် ကွန်ပျူတာ သင် တန်း မဖွင့် ရလို့  ပြသသနာ မရ ရ အောင် ရှာ ပြီး လူ ကြီး ကို ဖြုတ် ချ ဖို့  ကြိုး စား နေ တဲ့ ပုံ ကြီး ပါ။ ဗီ ဒီ ယို ကို ကြည့် ရင် သိသာ ပါတယ်။ ကာ ယကံ ရှင် မိန်း ကလေး က တော် တော် ရယ်ပါ။ မေး နေတဲ့ သူ က သူပြော ခြင်တာကို လမ်း ကြောင်း ပေး ပြီး မိန်း ကလေး က မဖြေတာတောင် ကိုယ့် ဖာသာ ကိုယ် အတင်း လူ ကြီး မကောင်း ကြောင်းဘဲ ပြော နေတာ တွေ့  ရတယ်။ဒီ သတင်း ကြည့် ရတာ လူ ကြ်း မကောင်းတာထက် သတင်း တင်သူ စိတ် ဓါတ် ကို ပို ပေါလွင် စေ တယ်။

    ReplyDelete
  6. အားပေးတယ် ဆက်လက်လုပ်ဆောင် သွားပါလို့...

    ReplyDelete
  7. ငွေနဲ လူ့တယောက် ရဲ့ဘ၀ ကို ကိုယ့်သားမသမီးမဟုတ်တိုင်း တန်ဖိုးဖြတ်ချင် တဲ့ သတ္တ၀ါ တွေ....

    ReplyDelete
  8. ဝီဝီ where are you? တလင်တမယား ဆိုပြီးဟစ် နေတဲ့သူတေ မကျြစိကမျးနေ နားပငျးနေကွပွီလား

    ReplyDelete
  9. ဒီလိုခတ်ရှီတုန်ပဲကောပြာင်လဲသင့်ပြီ

    ReplyDelete