Tuesday, February 12, 2013

မြန်မာကောင်စစ်ဝန်ဟောင်းရဲ့သား ကားတိုက်ခံရ၊ ထွက်ပြေးသူကို ရဲလိုက်ရှာ

ABC

သြစတြေးလျနိုင်ငံရဲ့ ​မြို့တော် ​ကင်ဘာရာမြို့ရှိ ​မြန်မာနိုင်ငံသံရုံးက ​ကောင်စစ်ဝင်ဟောင်း ​တဦးရဲ့ ​ဆယ်ကျော်သက်အရွယ်သားနဲ့ ​အတူ ​သူ ငယ်ချင်းတဦးကို ​ကားတစီးက ​တိုက်ပြီး ​ထွက်ပြေးသွား ​ခဲ့ရာက ​ကောင်စစ်ဝင်ဟောင်းရဲ့ ​သားအခြေ ​အနေက ​အသဲအသန် ​ဖြစ်ကျန်ခဲ့တယ် လို့ ​သိရပါတယ်။

တနင်္ဂနွေနေ့ ​မနက်ပိုင်း ​၅နာရီခွဲ ​လောက်မှာ ​သူငယ်ချင်း ​၂ယောက် ​အိမ်အပြန်မှာ ​အခင်းဖြစ်ပွါးခဲ့တာဖြစ်ပြီး၊ ​ရဲတွေ ​ရဲ့ထွက်ဆိုချက်အရ ​ကား အဖြူတစီးက ​ပထမတခေါက် ​ဒီလူငယ်တွေ ​လမ်းလျှောက်တဲ့ ​လမ်းကို ​တခါ ​ဖြတ်မောင်းခဲ့ပြီး၊ ​လူငယ်၂ယောက်ကို ​တော့ ​ကင်မရာမှာ ​မမြင် ရတဲ့အကြောင်း၊ ​ဒါပေမဲ့ ​ဒုတိယ ​တခေါက်ပြန်လှည့်လာပြီး၊ ​လူငယ်၂ယောက်ကို ​မြင်ရ ​ချိန်မှာ ​ကားက ​အရှိန်မြှင့်ပြီး ​တမင်တကာ ​ဝင်တိုက် တဲ့ ​သဘောမျိုးကို ​မြင်ခဲ့ ​ရ ​တယ်လို့ ​ဆိုပါတယ်။

ကားမောင်းသူ ​နဲ့ ​ကားကို ​ရဲတွေက ​အသဲအသန်လိုက်ရှာ ​နေတယ်လို့လဲ ​သိရပါတယ်။ ​လူငယ် ​၂ဦးထဲက ​ကျန်တဲ့ ​တဦးကတော့ ​ဒါဏ်ရာ ​အ နည်းငယ်သာ ​ရရှိ ​ပြီး၊ ​ကောင်စစ်ဝင်ဟောင်းရဲ့သား ​ကတော့ ​ခေါင်းမှာ ​ပြင်းထန်တဲ့ ​ဒါဏ်ရာတွေ ​ကြောင့် ​ကင်ဘရာမြို့ဆေးရုံကနေ ​ဆစ်ဒနီ ​မြို့ ​က ​ဆေးရုံ ​ကို ​ရွေ့ပြောင်း ​ကုသနေတယ်လို့ ​သိရပါတယ်။

ရဲတွေကတော့ ​တမင်တကာ ​ဝင်တိုက်တယ်ဆို ​တာကို ​သင်္ကာ ​မကင်းဖြစ်နေတယ်လို့လဲ ​ကင်ဘာရာ ​တိုင်း ​သတင်းစာထဲမှာဖေါ်ပြထားပါတယ်။

အဲဒါအပြင်ကားမောင်းသူ ​နဲ့ ​ကားတိုက်ခံ ​ရ ​တဲ့ ​လူငယ်တွေ ​ကြား ​အဆက်အစပ် ​ရှိမရှိ ​ကိုလဲ ​စုံစမ်းနေတယ်လို့ ​သိရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ​သတင်းပေးလိုသူများကို ​လဲ ​ဆက်သွယ်ဖို့ ​ရဲတွေက ​နံပါတ်ကြေညာထားပါတယ်။

ကောင်စစ်ဝင်ဟောင်း ​ဟာ ​ဦးဝဏ္ဍဟန်ဖြစ်ပြီး၊ ​လက်ရှိ ​မြန်မာ ​နိုင်ငံ ​နိုင်ငံခြားရေးဝန်ကြီးဌါနမှာ ​ဒါရိုက်တာ ​အဖြစ်တာဝန်ထမ်းဆောင်နေပြီး၊ ​မြန်မာ ​နိုင်ငံကို ​သြစတြေးလျ ​နိုင်ငံက ​ပထမဦးဆုံး ​အကြိမ် ​နိုင်ငံခြား ရေးဝန်ကြီး ​ဟောင်း ​Kevin ​Rudd ​သွားရောက်စဉ်က ​သြစတြေးလျ ​နိုင် ငံက ​မြန်မာ ​သံရုံးမှာ ​ကောင်စစ်ဝင်အဖြစ်တာ ​ဝန်ထမ်းဆောင် ​ခဲ့သူ ​ဖြစ်ပါတယ်။

No comments: