Thursday, January 16, 2014

မြန်မာစစ်တပ်အတွင်း အမျိုးသမီး အဓ္ဓမကျင့်မှု ရှိဆဲလို့ဆို

ABC

မြန်မာစစ်တပ်ဟာ ​တိုင်းရင်းဒေသတွေမှာ ​အဓ္ဓမကျင့်မှုတွေကို ​လက်နက်သဖွယ် ​အသုံးပြုမှုတွေ ​ရှိနေသေးတယ်လို့ ​ထိုင်းအခြေစိုက် ​အမျိုးသမီးအခွင့်အရေးအဖွဲ့ ​အမျိုးသမီးများအဖွဲ့ချုပ် ​(မြန်မာနိုင်ငံ) ​က ​ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

၂၀၁၀ ​ရွေးကောက်ပွဲအပြီး ​အရက်သားအစိုးရ ​တက်လာပြီးနောက်ပိုင်း ​ကာလတွေမှာတောင် ​အဓ္ဓမကျင့်ကြံမှုပေါင်း ​၁၀၀ ​ကျော်ရှိတယ်လို့ ​ဆိုပါတယ်။


အဲဒီအထဲက ​၄၇ ​မှုဟာ ​အဖွဲ့လိုက် ​အဓ္ဓမကျင့်တဲ့ ​အမှုတွေဖြစ်ပြီး ​အမျိုးသမီး ​၂၈ ​ဦးဟာ ​သေဆုံးတဲ့ ​ပြုကျင့်ခံရတာအပြင် ​တချို့က ​အဓ္ဓမကျင့်ခံရတဲ့ ​ဒါဏ်ရာတွေကြောင့် ​သေဆုံးသွားခဲ့ကြတယ်လို့ ​အဲဒီ ​အမျိုးသမီးအဖွဲ့က ​ရိုက်တာ ​သတင်းဌာနကို ​ပြောကြားခဲ့ပြီး ​အဲဒီအထဲက ​တချို့ဆိုရင် ​အသက် ​၈ ​နှစ်အရွယ်သာ ​ရှိသေးတယ်လို့ ​ဆိုပါတယ်။

ဒီလို ​ဖြစ်ရပ်တွေကြောင့် ​မြန်မာနိုင်ငံမှာ ​ဥပဒေရေးရာ ​ပြုပြင်ပြောင်းလဲမှုတွေ ​လိုအပ်နေတယ်လို့လည်း ​အမျိုးသမီးများအဖွဲ့ချုပ် ​က ​တိုက်တွန်းထားပါတယ်။

မြန်မာအစိုးရကတော့ ​အခုလို ​စွဲချက်တွေကို ​ငြင်းပယ်လိုက်ပြီး ​အဓ္ဓမကျင့်မှုကို ​လက်နက်သဖွယ်အသုံးပြုဖို့ ​တပ်မတော်ကနေ ​မူဝါဒအနေနဲ့ ​ချမှတ်ထားတာ ​မရှိဘူးလို့ ​မြန်မာသမ္မတ ​ပြောခွင့်ရ ​ဦးရဲထုဋ်က ​တုန့်ပြန်လိုက်ပါတယ်။

အကယ်၍ ​အဓ္ဓကျင့်မှုရှိခဲ့တယ် ​ဆိုရင်လည်း ​ကျူးလွန်သူကို ​ထိထိရောက်ရောက် ​အရေးယူဖို့ ​ကြိုးစားတဲ့အကြောင်းနဲ့ ​အမှုနဲ့ဆိုင်တဲ့ ​သတင်းအချက်အလက်တွေကို ​ပေးပို့မယ်ဆိုရင်လည်း ​ထိရောက်စွာအရေးယူဖို့ ​အကူအညီဖြစ်ကြောင်းလည်း ​ဦးရဲထုဋ် ​ပန်ကြားလိုက်ပါတယ်။

မြန်မာအစိုးရအနေနဲ့ ​အခုလို ​ကိစ္စရပ်တွေကို ​သေသေချာချာ ​စိစစ်ကိုင်တွယ်မှုမလုပ်မချင်း ​အမေရိကန်ပြည်ထောင်စုအနေနဲ့ ​မြန်မာ့ ​တပ်မတော်ကို ​သင်ကြားပေးနေတဲ့ ​လူအခွင့်အရေးဆိုင်ရာ ​ပညာပေးမှုတွေနဲ့ ​အရေးပေါ်အခြေအနေ ​ကယ်ဆယ်ရေး ​ပညာပေးမှုတွေကလွဲပြီး ​တခြား ​စစ်ရေး ​ပူးပေါင်း ​ဆောင်ရွက်မှုတွေကို ​မလုပ်ဆောင်သင့်ဘူးဆိုတဲ့ ​ဥပဒေကြမ်းတရပ်ကို ​တင်သွင်းဖို့အတွက် ​အမေရိကန်ပြည်ထောင်စုရဲ့ ​အရေးပါအရာရောက်တဲ့ ​ဆီးနိတ် ​လွှတ်တော် ​အမတ်တွေက ​ကြိုးပမ်းမှုလုပ်ဆောင်ပြီး ​တလ ​အကြာမှာပဲ ​အခုလို ​အဓ္ဓမမှုဆိုင်ရာ ​အစီရင်ခံစာ ​ထွက်ပေါ်လာခဲ့တာလည်း ​ဖြစ်ပါတယ်။

အခုလို ​အဓ္ဓမမှုတွေဟာ ​ကချင်နဲ့ ​ရှမ်း ​တိုင်းရင်းသားဒေသတွေမှာ ​အများဆုံး ​ဖြစ်ပွားခဲ့တယ်လို့ ​သိရပါတယ်။

ပြီးခဲ့တဲ့ ​၃ ​နှစ်တာ ​ကာလအတွင်း ​မြန်မာစစ်သားတွေရဲ့ ​အဓ္ဓမကျင့်မှုပေါင်း ​၅၉ ​မှုရှိကြောင်း ​ကချင် ​အမျိုးသမီးရေးရာ ​က ​ထုတ်ပြန်ခဲ့သလို ​အမျိုးသမီးပေါင်း ​၃၅ ​ဦးပါတဲ့ ​တခြား ​အဓ္ဓမမှုပေါင်း ​၃၀ ​ရှိကြောင်း ​ရှမ်း ​အမျိုးသမီး ​အက်ရှင်ကွန်ယက် ​က ​ထုတ်ပြန်ထားပါတယ်။

No comments: