Friday, January 17, 2014

တအာင်း အမျိုးသား တော်လှန်ရေး နေ့ နှင့်အတူ တိုက်ပွဲဆက်လက် ဖြစ်ပွားနေ

ရွှေဟင်္သာ

တော်လှန်ရေး နေ့အခမ်း အနားပြီးလုံခြုံရေး တာဝန် ယူ ထားသော တအာင်း လွတ်မြောက် ရေး တပ်မတော် (TNLA) တပ်ရင်း (၂၅၆) တပ်ဖွဲ့နှင့် အစိုးရ တပ်တို့ ယမာန်နေ့ ဇန္နာဝါရီ (၁၅) ရက်နေ့ နေ့လည် တနာရီ တွင် ရှမ်းပြည် မြောက်ပိုင်း နမ့်ဆန် မြို့နယ် ဟိုနမ့် ကျေးရွာ တွင် တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း (PSLF/TNLA) ဥက္ကဌ တာအိုက် ဖုန်းက ဆိုပါသည်။

“ရွှေရတု တော်လှန်ရေး နေ့ အခမ်းအနား ကို တာဝန် ယူတဲ့ တပ်တွေပေါ့။ အဲဒါ လုံခြုံရေး တာဝန်ကနေ မိမိတို့ ရဲ့ လှုပ်ရှား ရာဒေသကို အပြန်မှာ အစိုးရ တပ်တွေ နဲ့ ရင် ဆိုင် တိုးတော့ (၄၅)မိနစ် လောက် တိုက်ပွဲဖြစ် ခဲ့တယ်။ အထိ အခိုက် ကတော့ အစိုးရ ဖက်က (၄)ဦးကျ တယ်လို့ မျက်မြင် ရွာသားတွေ ကပြောပြ တယ်။” ဟုဆို ပါသည်။

တိုက်ပွဲသည် အင်အား (၄၀) ခန့်ရှိသည့် (TNLA) တပ်ရင်း (၂၅၆)မှ တပ်ခွဲ ဒုတိယ အရာခံ ဗိုလ်အိုက်ညွန်း တပ်ဖွဲ့နှင့် နောင်ချို အခြေစိုက် အစိုးရ ခမရ (၅၀၂) နှင့် ခမရ (၅၀၆) တို့ ပူးပေါင်း ထားသော အင်အား (၁၀၀)ခန့် ရှိသည့် စစ်ကြောင်း တို့နှင့် ဖြစ်ပွား ခဲ့ခြင်းဖြစ် ပါသည်။ ဆက်လက် တိုက်ပွဲဖြစ် ပွားရန် လည်း ရှိပြီး အစိုးရ တပ်များ အင်အား ထပ် တိုးနေကြောင်း ဆိုပါသည်။

တအာင်း အမျိုးသား လွတ် မြောက်ရေး တပ်မတော် (TNLA) ၏ ၅၁ နှစ်မြောက် အမျိုး သား တော်လှန်ရေး နေ့ အခမ်း အနားကို ရှမ်းပြည် နယ်မြောက် ပိုင်း နမ့်ဆန်မြို့ နယ်၊ဟိုမိန်း ကျေးရွာ တွင် ပြီးခဲ့ သည့် ဇန်န္နာ ဝါ ရီလ ၁၂ ရက်နေ့ ၌ ကျင်း ပခဲ့ ပါသည်။ တိုက်ပွဲနေရာ သည်လည်း အခမ်း အနား ကျင်းပ သည့် နေ ရာနှင့် မဝေး လှဟု ဆိုပါသည်။

ဤ အခမ်း အနား အတွက် (TNLA) တပ်များ ထောင်နှင့် ချီပြီး လုံခြုံရေး ယူထား ခဲ့ခြင်း ဖြစ်ပါ သည်။ အခမ်း အနား ကျင်း ပသည့် နေရာ နှင့် ကျင်းပ သည့် နေ့ ရက်တွင် တိုက်ပွဲ မဖြစ်ဘဲ အခမ်း အနား အပြီး အပြန် ခရီးတွင် အစိုးရတပ် များက ဖြတ်တိုက် ဖွယ် ရှိနိုင် ကြောင်း (TNLA) ဖက်မှ တွက်ဆ ထားပါ သည်။

(TNLA) ၏ ရွှေရတု တော်လှန်ရေး နေ့ အခမ်းအနား တွင် လူထုထောင် ချီတက် ရောက်ကြပြီး ဖမ်းဆီး ထားသည့် မူးရစ် ဆေးဝါးများ မီးရှို့ပွဲပါ ကျင်းပခဲ့ ကြ ကြောင်း၊ အခမ်း အနားကို စစ်ရေးပြ ချီတက်ပွဲဖြင့် ကျင်းပပြီး ထိုထဲတွင် အမျိုးသမီး စစ်သမီး တပ်ဖွဲ့များ လည်း ပါဝင်ခဲ့ပါ သည်။

(TNLA) သည် အစိုးရနှင့် အပစ် မရပ် ရသေးသော အဖွဲ့ထဲမှ တဖွဲ့ဖြစ်ပြီး၊ လက်နက် ကိုင် တိုင်းရင်းသား များစုဖွဲ့ ထားသည့် တစ်နိုင်ငံလုံး ဆိုင်ရာ အပစ် အခတ် ရပ်စဲရေး ညှိနှိုင်းရေး (NCCT) အဖွဲ့၏ မူဘောင် အတိုင်း ဆက်လက် ရပ် တည် သွားမည်ဟု ဆိုပါသည်။

ခန့်မှန်း အင်အား (၂၀၀၀) ခန့်ရှိသည့် (TNLA) သည် တပ်ရင်း (၅)ရင်း ဖြင့် စုဖွဲ့ထားပြီး ကျောက်မဲ၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင် နှင့် နမ့်ခမ်း ဒေသ တလျှောက် လှုပ်ရှား နေပါသည်။

တအာင်း ခေါ်ပလောင် လူမျိုးတို့ သည် မြန်မာ နိုင်ငံ ရှမ်းပြည် နယ် မြောက်ပိုင်း ဒေသ၊မန္တလေး တိုင်း နယ်စပ် နှင့် ကချင် ပြည်နယ် အစပ်တို့ တွင် နေထိုင်ကြ ပါသည်။ အထူးသဖြင့် ရှမ်းပြည် မြောက်ပိုင်း မှ နမ့်ဆန်မြို့ နယ်၊ မန်တုန်မြို့ နယ်၊ နမ့်ခမ်းမြို့ နယ်၊ကွတ်ခိုင် အနောက်ခြမ်း ဒေသ၊ ကျောက်မဲ မြို့ နယ် မြောက်ခြမ်း ဒေသ၊ မိုးမိတ် မြို့နယ်၊ မိုးကုတ် မြို့ နယ်နှင့် နမ္မတီး မြို့နယ် များ၌ အခြေချ နေထိုင်ကြ ပါသည်။ လူဦးရေ အားဖြင့် တစ်သန်းခန့် ရှိနိုင်ကြောင်း တအာင်း အမျိုးသား တပ်မတော် (TNLA)က ခန့်မှန်း ထားပြီး အစိုးရ ကမူ လူဦးရေ (၆) သိန်းကျော် ရှိသည်ဟု စာရင်း ကောက်ခံ ထား ကြောင်း ရွေးကောက်ပွဲ စာရင်းအရ ဆိုပါသည်။

တအာင်း တို့သည် (၁၉၆၂) ခုနှစ် စစ်အာဏာ ရှင် စနစ် ထွန်းကား ချိန်မှ စပြီး၊ တအာင်း လူမျိုးတို့ အပေါ် နိုင်ငံရေး အရ ဖိနှိပ်မှု များ ဖြစ်လာ ခဲ့ပါသည်။ ဤသို့ကြောင့် တအာင်း လူမျိုးများ သည် အမျိုးသား လွတ်မြောက်ရေး အတွက် (၁၉၆၃) ခုနှစ် ဇန္နာရီ တရက်နေ့ တွင် စတင် တော်လှန်ခဲ့ ရာ ပလောင်ပြည် လွတ်မြောက်ရေး ပါတီ (PSLP) ကို ဖွဲ့စည်း ခဲ့ပြီး ပလောင်ပြည် လွတ်မြောက်ရေး တပ်မတော် (PSLA) ကိုမူ (၁၉၇၆) ခုနှစ်တွင် ဖွဲ့စည်း နိုင်ခဲ့ပါသည်။

ပလောင် (တအာင်း) ပြည်လွတ်မြောက် ရေး တပ်မတော် (PSLA) သည် (၁၉၉၁) ခုနှစ်တွင် စစ်အစိုးရ နှင့် အပစ် အ ခတ် ရပ်စဲ ခဲ့ပြီး အထူးဒေသ (၇) အဖြစ် အသိ အမှတ် ပြုခဲ့ပါ သည်။ အထူး ဒေသ (၇) ၏ ဧရိယာ သည် ရှမ်းပြည် မြောက် ပိုင်း မှ နမ့်ဆန် မြို့နယ်၊ မန်တုန် မြို့နယ်၊ နမ့် ခမ်းမြို့ နယ်၊ ကွတ်ခိုင် အနောက်ခြမ်း ဒေသ၊ ကျောက်မဲမြို့ နယ် မြောက်ခြမ်း ဒေသ၊ မိုးမိတ် မြို့နယ်၊ မိုးကုတ် မြို့နယ်နှင့် နမ္မတီး မြို့နယ် များဖြစ် ကြောင်း အသိ အမှတ် ပြုထား ပါ သည်။

ဦးအိုက်မွန်း ခေါင်းဆောင်သော PSLA အဖွဲ့ သည် အစိုးရ၏ အကြပ်ကိုင် မှုဖြင့် (၂၀၀၅) ခုနှစ် တွင် အစိုးရထံ လက် နက် အပ်ခဲ့ရ ပါသည်။ ဤကဲ့သို့ လက်နက် အပ်ခဲ့ရ သဖြင့် အစိုးရက သတ်မှတ် ပေးထား သော အမှတ် (၇) ပလောင် ဒေသ၏ လုံခြုံမှု ကို ထိခိုက် လာစေခဲ့ ပါသည်။ ဤသို့ကြောင့် လက်နက် အပ်ပြီး မကြာ ခင် အချိန် အတွင်းမှာ ပင် တအာင်း (ပလော င်) ဒေသ၌ ဥပဒေ စိုးမိုးမှု ကျဆင်း လာပြီး မူးယစ် ဆေးဝါး ရောင်းဝယ် ဖြန့်ဖြူမှု များ အပါ အ၀င် ဒေသတွင်း လုယက်မူ နှင့် အနိုင်ကျင့် မှုများ တိုးတက် များပြား လာစေခဲ့ ကြောင်း တအာင်း ဒေသခံများ က ဆိုပါ သည်။

PSLA သည် (၁၉၉၁)ခုနှစ် တွင် စစ်အစိုးရနှင့် အပစ် အခတ်ရပ်စဲ လိုက်သဖြင့်၊ အပစ်အခတ်ရပ်စဲရေး ကို လက်မခံ သော PSLA အဖွဲ့ဝင်တချို့သည် (၁၉၉၂) ခုနှစ် တွင် ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်ဦး ( PSLF) ကို ဖွဲ့ စည်း လိုက်ပြီး မကြာခင် တွင် ယနေ့မြင် တွေ့နေရ သော တအာင်း အမျိုးသား လွတ်မြောက် ရေး တပ်မတော် (TNLA) ဖြစ် ပေါ်လာခဲ့ပါသည်။

ဤသို့ကြောင့် တအာင်း လူမျိုးများ သည် ၄င်းတို့ စတင် တော်လှန်ခဲ့ သော (၁၉၆၃) ခုနှစ် ဇန္နာဝါရီလ (၁၂) ရက်နေ့ ကို အစွဲပြုပြီး တော်လှန်ရေး နေ့အဖြစ် အသိ အမှတ်ပြုကာ ယခုဆို လျှင် ရွှေရ တု တိုင်ခဲ့ပြီး ဖြစ်ပါ သည်။

No comments: