လင်းမြတ်
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော် မူဆလင် ဒုက္ခသည် စခန်းတွင် ယနေ့နံနက်က မီးလောင်းမူ ဖြစ်ပွားရာ အနည်းဆုံး အဆောင် ၃၀ ကျော်မီးထဲပါသွားသည်ဟု သတင်း ရရှိသည်။
မီးလောင်မူ ဖြစ်ပွားခဲ့ခြင်းကို ၎င်းမီးလောင်ရာသို့ စစ်ဆေးရန် ရောက်နေသူ ရဲအရာရှိ တစ်ဦးက ယခုလို အတည်ပြု ပြောကြားသည်။
“ မီးစလောင်တာက နံနက် တစ်နာရီခန့်မှာ အဆောင်အမှတ် ၈၇ က စလောင်တယ်။ အဲဒီအဆောင်က ဘင်္ဂလီလူမျိုး ဟန်နီဘာ အသက် ၅၀ နှစ် နေတဲ့ အဆောင်ဖြစ်တယ်။ မီးက ၁ နာရီ မိနစ် ၅၀ မှာမီးက ငြိမ်းသွားတယ်” ဟု ၎င်းရဲအရာရှိက ပြောသည်။
မီးလောင်မူကြောင့် ရှစ်ခန်းတွဲ အဆောင် ၃၁ လုံး၊ မီးဖိုဆောင် ၆ ခု၊ စာသင်ကျောင်းဆောင် ၂ ခု အပါအ၀င် စုစုပေါင်း အဆောက်အဦး ၃၉ လုံး မီးလောင်ပျက်စီးသွားခဲ့သည်ဟု သူက ဆိုသည်။
မီးလောင်ဖြစ်ပွားရခြင်း၏ အဓိက အကြောင်းအရင်းကို စတင်စစ်ဆေးနေကြောင်း သိရသည်။
ယခုအခါ မီးလောင်မူ ဖြစ်ပွားရာ ဆင်တက်မော် ဒုက္ခသည်စခန်းသို့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင်ဝန်ကြီးနှစ်ဦး အပါအ၀င် မီးသတ်တပ်ဖွဲ့ဝင်များ၊ စစ်တပ်နှင့် ရဲတာဝန်ရှိသူ အများအပြား ရောက်ရှိနေကြောင်း ဆင်တက်မော် ဒေသခံများက ပြောသည်။
ပေါက်တောမြို့နယ် အတွင်းရှိ မွတ်ဆလင် ဒုက္ခသည် စခန်းမီးလောင်မူမှာ ယခုတစ်ကြိမ်သည် ပထမဆုံး မဟုတ်ဘဲ လွန်ခဲ့သောနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ကလည်း ငှက်ချောင်း မွတ်ဆလင် စခန်းမီးလောင်မူကြောင့် အဆောင် (၃၄) ဆောင်မီးထဲပါသွားခဲ့သည်။
No comments:
Post a Comment