Monday, January 20, 2014

သြစီစစ်သင်္ဘော မြန်မာကို ပထမဆုံးအကြိမ် ရောက်ရှိ

ABC


သြစတြေးလျနိုင်ငံက ​စစ်သင်္ဘောဟာ ​ဒုတတိယကမ္ဘာစစ်နောက်ပိုင်း ​မြန်မာနိုင်ငံကို ​ပထမဆုံး ​သွားရောက်မှာ ​ဖြစ်ပါတယ်။

မြန်မာနဲ့ ​သြစတြေးလျနှစ်နိုင်ငံအကြား ​ဆက်ဆံရေးကို ​တိုးမြင့်တဲ့အနေနဲ့ ​သြစတြေးလျနိုင်ငံက ​HMAS ​Childers ​ကင်းလှည့်စစ်သင်္ဘောဟာ ​ရန်ကုန်ဆိပ်ကမ်းကို ​ဒီကနေ့ကစပြီး ​လေးရက်ကြာ ​ကျောက်ချမှာဖြစ်ပါတယ်။

အဲဒီစစ်သင်္ဘောပေါ်မှာ ​သဘောင်္သား ​၂၁ ​ယောက် ​လိုက်ပါလာပြီး ​မြန်မာနိုင်ငံပြီးရင် ​ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုသွားပြီး ​အိန္ဒိယနိုင်ငံမှာ ​ပြုလုပ်မယ့် ​ရေတပ်စစ်ရေးလေ့ကျင့်မှုမှာ ​ပါဝင်မှာ ​ဖြစ်ပါတယ်။

မြန်မာနိုင်ငံခရီးစဉ်အတွင်း ​နှစ်နိုင်ငံ ​ယဉ်ကျေးမှုဆိုင်ရာတွေ ​ဖလှယ်ကြမှာ ​ဖြစ်ကြောင်းလည်း ​သိရပါတယ်။

သြစတြေးလျရေတပ်သင်္ဘောကို ​စေလွတ်လိုက်တာဟာ ​နှစ်နိုင်ငံကြား ​ကာကွယ်ရေးတပ်တွေ ​ဆက်ဆံရေးတွေ ​ပြေပြစ်ကြောင်းကို ​ပြသတာ ​ဖြစ်တယ်လို့ ​ကာကွယ်ရေးဝန်ကြီးအဖြစ် ​ခေတ္တတာဝန်ထမ်းဆောင်နေတဲ့ ​George ​Brandis ​က ​ပြောပါတယ်။

သြစတြေးလျအစိုးရက ​မြန်မာနိုင်ငံနဲ့ ​ဆက်ဆံရေး ​ပိုမို ​ပြေလည်စေဖို့အပါအဝင် ​အိန္ဒိယသမုဒ္ဒရာအတွင်း ​ပိုမိုချေဆန့်ဖို့ ​ကြိုးစားတဲ့အနေနဲ့ ​သွားရောက်တာဖြစ်ပါတယ်။

No comments: