Friday, January 17, 2014

ဗိုလ်ချုပ် စောလားဖွယ် နှင့် ကိုအောင်ဆန်းမြင့်တို့ ကျန်းမာရေး အခြေအနေ သက်သာ

ရွှေဟင်္သာ

လည်ချောင်းနာ ရောဂါဖြင့် စင်ကာပူ ဆေးရုံ တခုတွင် တက်ရောက် ကုသနေသော ဒီမို ကရေစီ အကျိုးပြု ကရင့် အမျိုးသား တပ်မတော် (DKBA) ဦးစီးချုပ် ဗိုလ်ချုပ် စောလားဖွယ် ကျန်းမာရေး အခြေ အနေ ကောင်းမွန် လာပြီ ဖြစ်ကြောင်း ဒုတိယ ဦးစီးချုပ် ဗိုလ်မှူး ချုပ် စောမိုရှေးက ဆိုပါသည်။

“အနာ ကတော့ သက်သာ နေပါပြီ။ ကင်ဆာလို့ ပြောလို့ ရအောင်လည်း အမြစ် မတွယ် သေးပါဘူး။ ပြတ်အောင် ကုလိုက် မယ်လေ။ ခဏခဏ လာလို့လည်း မဖြစ်ပါဘူး။ ဆေးကုဖို့ လနဲ့ချီ ကြာဦးမယ်။ ဒီတော့ အပြီးပြတ် ကုပြီး တော့မှဘဲ ပြန်တော့မယ်” ဟု စောမိုရှေးက ဆိုပါသည်။

အလားတူ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) အတွင်း ရေးမှူး ဖြစ်သူ ဦးအောင် ဆန်းမြင့် ကလည်း သွေးတိုး နှင့် ကျောက်ကပ် ရောဂါကြောင့် ရန်ကုန်မြို့ အာရှ တော်ဝင် ဆေးရုံတွင် တက်ရောက် ကုသခဲ့ရာ အခြေ အနေ ကောင်းမွန်ကြောင်း ဒုဥက္ကဌ ဖြစ်သူ ခူဦးရယ် ကဆိုပါသည်။

၎င်းသည် ရက်ဆက် သွေးတိုး တက်ရာက မကြာခဏ ကြွက်တက် ခဲ့မှုကြောင့် ဆေးရုံ တင်ထား ရခြင်း ဖြစ်ပါ သည်။ လက်ရှိ တွင် သွေးတိုး ရောဂါ ကျ သွားခဲ့ ပြီး ဆီးချို ရောဂါလည်း မရှိ သဖြင့် လောလော ဆယ်တွင် ကျောက်ကပ်ကို သန့်စင် နေကြောင်း ဆရာဝန် များက ဆိုပါသည်။

ဝန်ကြီး ဦးအောင်မင်းသည် ဆေးရုံ တက်ရောက် ကုသနေ သော ဦးအောင် ဆန်းမြင့်အား ယမန်နေ့ ၌ သွားရောက် အားပေးခဲ့ သလို ဗိုလ်ချုပ် စောလားဖွယ် ဆေးရုံတက် စဉ်ကလည်း တက်ရောက် အားပေး ခဲ့ပါသည်။

ဗိုလ်ချုပ် စောလား ဖွယ်က မူပြီးခဲ့သည့် ဒီဇင်ဘာ (၂၃) ရက်နေ့ တွင် ရန်ကုန် မြို့ ဒဂုံမြို့သစ်ရှိ ပင်လုံ ဆေးရုံ တွင် ကင်ဆာ အကျိတ် ရောဂါ ဖြင့် အရေးပေါ် တင် ထား ရခြင်း ဖြစ်ပါသည်။ ထိုမှတဆင့် စင်ကာပူ ဆေးရုံသို့ တက်ရောက် ကုသ ခဲ့ခြင်း ဖြစ်ပါသည်။

ဦးစီး ချုပ်၏ ဆေးရုံ ခရီးစဉ် အား ဒုတိယ ဦးစီးချုပ် ဗိုလ်မှူးချုပ် မိုရှေး ကိုယ်တိုင် လိုက်ပါ ဆောင်ရွက် ခဲ့ပြီး မကြာခင် ရက်ပိုင်း ကမှ ပြန်ရောက် လာခြင်း ဖြစ်ပါ သည်။ ဦးစီး ချုပ် ၏ ကျန်းမာရေး အခြေ အနေ ကောင်းမွန် လာစေရေး အ တွက် (DKBA) တပ်ဖွဲ့ စခန်း အားလုံးသည် ပြီးခဲ့သည့် ဒီဇင်ဘာ လ (၃၁) ရက်နေ့ နှင့် ကရင် နှစ်သစ်ကူး နေ့တွင် ဘာ သာပေါင်းစုံ ဆုတောင်းပွဲ ကျင်းပ ခဲ့ပါသည်။

No comments: