Monday, January 20, 2014

မြန်မာအစိုးရ ကလေးစစ်သား ၁၀၀ နီးပါးလွတ်ပေး

ABC

မြန်မာအစိုးရအနေနဲ့ ​ကလေးစစ်သားပေါင်း ​၁၀၀ ​နီးပါးကို ​လွတ်ပေးလိုက်ဒါဟာ ​ကလေးစစ်သားအသုံးပြုမှုကို ​အဆုံးသတ်နိုင်ဖို့အတွက် ​ဦးတည်သွားနေတဲ့ ​သမိုင်းဝင်တဲ့ ​ခြေလှမ်းသစ်တရပ်ဖြစ်တယ်လို့ ​ကုလသမဂ္ဂက ​ပြောလိုက်ပါတယ်။

အခုလိုမျိုး ​ကလေးစစ်သားတွေကို ​လွတ်ပေးလိုက်တဲ့အတွက် ​မြန်မာအစိုးရအနေနဲ့ ​တပ်မတော်အတွင်းက ​ကလေးငယ်တွေရဲ့ ​အသက်နဲ့ ​မျှော်လင့်ချက် ​အိမ်မက်တွေအပေါ် ​နှုတ်ယူအသုံးပြုခဲ့မှုကို ​အဆုံးသတ်စေမယ့် ​လေးနက်တဲ့ ​လုပ်ဆောင်ချက်ဖြစ်တယ်လို့ ​ကုလသမဂ္ဂ ​ကလေးသူငယ်များရန်ပုံငွေအဖွဲ့ ​UNICEF ​က ​ကိုယ်စားလှယ် ​Bertrand ​Bainvel ​က ​ဆိုပါတယ်။

ပြီးခဲ့တဲ့ ​စနေနေ့က ​လွတ်ပေးလိုက်တဲ့ ​ကလေးစစ်သားဦးရေဟာ ​၉၆ ​ယောက်ဖြစ်ပြီးတော့ ​ဒီတကြိမ် ​လွတ်ပေးလိုက်တဲ့ဦးရေဟာ ​အများဆုံးပဲဖြစ်ပါတယ်။ ​မြန်မာအစိုးရအနေနဲ့ ​ပြီးခဲ့တဲ့နှစ်တုန်းက ​ကလေးစစ်သား ​လေးကြိမ် ​လွတ်ပေးခဲ့ပြီးတော့ ​စုစုပေါင်း ​ဦးရေ ​၁၇၀ ​ကျော်ပါဝင် ​ခဲ့ပါတယ်။ ​ဒါပေမယ့် ​မြန်မာစစ်တပ်အတွင်းမှာ ​ကလေးစစ်သားဦးရေပေါင်း ​ဘယ်လောက်ရှိသလဲဆိုတာကိုတော့ ​ဖော်ပြထား ​ခြင်းမရှိဘူးလို့ ​သိရပါတယ်။

မြန်မာစစ်တပ်အတွင်းမှာ ​ကလေးစစ်သားဦးရေ ​တိုးချဲ့အသုံးပြုမှုကို ​မရပ်တန့်နိုင်ဘူးဆိုရင်တော့ ​မြန်မာနိုင်ငံကို ​အသစ် ​ပြန်လည်တည်ဆောက်ဖို့ဆိုတာ ​ဖြစ်နိုင်မှာမဟုတ်ဘူးလို့လည်း ​ကုလသမဂ္ဂ ​ကပြောပါတယ်။

No comments: