Sunday, January 19, 2014

ညှင်းပမ်းမှုကို ဆန့်ကျင်တဲ့ ပဋိညာဉ်မှာ မြန်မာလက်မှတ်ထိုးဖို့ရှိ

ABC

ညှင်းပမ်းနှိပ်စက်ခြင်းကို ​ဆန့်ကျင်တဲ့ ​ကမ္ဘာ့ကုလသမဂ္ဂ ​အပြည်ပြည်ဆိုင်ရာ ​ပဋိညာဉ်စာတမ်းကို ​မြန်မာနိုင်ငံက ​လက်မှတ်ရေးထိုးတော့မယ်လို့ ​သိရပါတယ်။

အဆိုပါ ​စာတမ်းကို ​(၆၉) ​ကြိမ်မြောက် ​ကုလသမဂ္ဂအထွေထွေညီလာခံက ​နိုင်ငံတကာ ​စာချုပ်စာတမ်းများ ​ရေးထိုးပွဲ ​(Treaty ​Event) ​မှာ ​မြန်မာနိုင်ငံအနေနဲ့ ​ပါဝင်လက်မှတ်ရေးထိုး ​နိုင်ရေးအတွက် ​စီစဉ်နေတာဖြစ်လို့ ​ဇန်န၀ါရီလ ​၁၆ရက်နေ့က ​ကျင်းပပြုလုပ်တဲ့ ​ပြည်သူ့လွှတ်တော် ​အစည်းအဝေးမှာ ​ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

(၆၉) ​ကြိမ်မြောက် ​ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ​နိုင်ငံတကာစာချုပ်စာတမ်းများရေးထိုးပွဲကို ​လာမယ့် ​စက်တင်ဘာလကျရင် ​နယူးယောက်မြို့ ​ကုလသမဂ္ဂ ​ဌာနချုပ်မှာ ​ကျင်းပပြုလုပ်မှာ ​ဖြစ်ပါတယ်။

စာချုပ်ဆိုင်ရာနဲ့ ​ပတ်သက်ပြီး ​ကနဦးညှိနှိုင်းမှုတွေကို ​ပြုလုပ်နေတဲ့အကြောင်း၊ ​အသေးစိတ် ​အချက်အလက် ​လေ့လာတာတွေ၊ ​စာချုပ်ဆိုင်ရာ ​လိုက်နာဖွယ်အချက်တွေကို ​အကောင်အထည်ဖော်ရာမှာ ​ပါဝင်ကြတဲ့ ​အဖွဲ့ ​အစည်းတွေ၊ ​ဝန်ကြီးဌာနတွေနဲ့ ​အသေးစိတ်လေ့လာမှုတွေ ​ကိုလုပ်ဆောင်နေတဲ့ ​အကြောင်း ​နိုင်ငံခြားရေး ​ဒု-ဝန်ကြီး ​ဦးသန့်ကျော်က ​ပြည်သူ့လွှတ်တော်အစည်းအဝေးအတွင်း ​ပြောကြားခဲ့ပါတယ်။

အဆိုပါ ​ညှင်းပမ်းနှိပ်စက်ခြင်းကို ​ဆန့်ကျင်တဲ့ ​ကမ္ဘာ့ကုလသမဂ္ဂ ​အပြည်ပြည်ဆိုင်ရာ ​ပဋိညာဉ်စာတမ်းကို ​မြန်မာနိုင်ငံ ​အပါအ၀င် ​အရှေ့တောင်အာရှနိုင်ငံများအသင်း ​အာဆီယံအဖွဲ့ ​၀င် ​၄ ​နိုင်ငံက ​လက်မှတ်မရေးထိုးရသေးဘူးလို့လည်း ​နိုင်ငံခြားရေးဝန်ကြီးရုံးကပြောတဲ့အကြောင်း ​မြစ်မခ ​သတင်းအရသိရပါတယ်။

No comments: