Tuesday, January 21, 2014

ဗိုလ်ချုပ်အောင်ဆန်းရောက်ရှိခဲ့သည့် ကရင်ရွာတွင် ဒေါ်အောင်ဆန်းစုကြည် လူထုနှင့်တွေ့

စုမြတ်ဝေ

ဒေါ်အောင်ဆန်းစုကြည်သည် ကရင်ပြည်နယ်ခရီးစဉ်အတွင်း လွတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ်က ကရင် ခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးစကားပြောရန် ဖိတ်ကြားမှုအရ သူ၏ဖခင် ဗိုလ်ချုပ်အောင်ဆန်း ရောက် ရှိခဲ့သောရွာဖြစ်သည့် ကပ္ပလီရွာသို့ ဇန်န၀ါရီ ၁၉ ရက်တွင် ပထမဦးဆုံးအကြိမ် သွားရောက်ခဲ့သည်။

“ရွာကလေးပါဆိုပေမယ့်လည်း သမိုင်းအရ ကျွန်မတို့အတွက် အရေးကြီးတဲ့နေရာမို့လို့ ဒီကို လာခဲ့တာပါ။ သမိုင်းအရဆိုတာ အများသိတဲ့အတိုင်းပဲ လွတ်လပ်ရေးမရမီကာလ ဖေဖေက ကပ္ပလီရွာကို လာပြီးတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ကရင်ခေါင်းဆောင်များနဲ့ တွေ့ဆုံခဲ့တဲ့နေရာဖြစ်ပါတယ်။ အဲ ဒါကိုအကြောင်းပြုပြီးတော့ ကျွန်မ ဘားအံလာရင်းနဲ့ ဒီဘက်ကို ဒီတစ်ခါတော့ ဖြစ်အောင်လို့ ကပ္ပလီရွာ ကို သွားမယ်လို့ ကျွန်မ ဆုံးဖြတ်ခဲ့ပါတယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။

အဆိုပါရွာတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်သွားရောက်စဉ်က ရွာသူကြီး၏သမီးအဖြစ် ရှိနေခဲ့ ပြီး ယခုအချိန်ထိ သက်ရှိထင်ရှားရှိနေဆဲဖြစ်သော အသက် ၉၄ နှစ်အရွယ် ဒေါ်နော်ဒါးနှင့် တွေ့ဆုံခဲ့ သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ကရင်ပြည်နယ် ဘားအံမြို့သို့ ၁၉၉၀ ခုနှစ်မတိုင်ခင်နှင့် ၂၀၀၃ ခုနှစ်က နှစ်ကြိမ်ရောက်ရှိခဲ့သော်လည်း ကပ္ပလီရွာသို့ မရောက်ရှိခဲ့သည့်အတွက် ယခုတစ်ခေါက်တွင် ရောက်အောင် သွားခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်မဒီကိုလာမယ်ဆိုတော့ သမိုင်းသံယောဇဉ်အရ လာတယ်လို့ပြောလို့ရပါတယ်”ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ကပ္ပလီရွာသို့ ရောက်ရှိစဉ် လူထုနှင့် တွေ့ဆုံကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲပြုလုပ်ခဲ့သည်။ ထိုသို့ ပြုလုပ်ရာတွင် ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ရန်အတွက် သူ့အနေဖြင့် လက်နက်အင်အား၊ အကြမ်းဖက်မှုအင်အား၊ ပြည်ပအင်အားများကို သုံးမည်မဟုတ်ဘဲ ပြည်သူ့အင်အားကိုသာ သုံးမည်ဟု ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့်ဖွဲ့စည်းပုံအခြေ ခံဥပဒေပြုပြင်ပြောင်းလဲရေး စသည့် အချက်သုံးချက်ကို အဓိကထား၍ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ခဲ့ရာ ဒုတိယအချက်ဖြစ်သည့် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍လည်း ပြည်တွင်းငြိမ်းချမ်းရေး မရှိခြင်း၏ ဒုက္ခအနိဋ္ဌာရုံများကို ဆယ်စုနှစ်ကြာခံခဲ့ရသော ကရင်ပြည်နယ်အနေဖြင့် လိုချင်သည့် ငြိမ်းချမ်းရေးအ တွက်၊ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာရန်အတွက် ပြည်သူလူထုက သတ်္တိရှိရှိ လှုပ်ရှားကြ ရန်နှင့် သူတို့နှင့်အတူ ၀ိုင်းကြိုးစားပေးကြရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။

“တကယ်တော့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အဓိကက ပြည်သူလူထုပဲလို့ ပြောချင်ပါတယ်။ ပြည်သူ လူထုက ကိုယ့်ရဲ့အင်အားကို ကိုယ်သိပါ။ ကိုယ်ဟာ အဓိကအင်အားရှိတဲ့ အုပ်စုဆိုတာ သိတဲ့တစ်ချိန် တည်းမှာပဲ ကြောက်နေရင်တော့ အဖမ်းစားခံရမယ်ဆိုတာလဲ မမေ့ဖို့လိုပါတယ်”ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။

ထို့ပြင် ပြည်တွင်းငြိမ်းချမ်းရေးမရှိရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုမှာ တိုင်းရင်းသားပြည်သူများ၏ စိတ်ထဲတွင် တရားမျှတမှုမရှိခြင်း၊ တန်းတူညီမျှမှုမရှိခြင်း စသည့် အမြင်များကြောင့် ဖြစ်သည်ဟု ဆို သည်။

ထို့ကြောင့် ပြည်တွင်းငြိမ်ချမ်းရေးရရန်အတွက် တရားဥပဒေစိုးမိုးရေး ရှိရမည်ဖြစ်ပြီး တရားဥပဒေစိုးမိုးရန် ဆိုသည်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေသည် မှန်ကန်သော ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ရမည်ဖြစ်၍ ပြည် တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဆက်စပ်မှုရှိနေသည်ဟု ဆိုသည်။ “တရားဥပဒေက လည်း အားမကိုးရဘူး။ အုပ်ချုပ်တဲ့သူတွေကလဲ အားမကိုးရဘူး။ ပြည်သူလူထုပေါ်မှာ တရားမျှမျှတတ မဆက်ဆံဘူးဆိုရင် ဘယ်လိုမှ ကျွန်မတို့ ပြည်တွင်းငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်မှာ မဟုတ်ဘူး”ဟု ဒေါ် အောင်ဆန်းစုကြည်က ပြောသည်။

ပြည်တွင်းငြိမ်းချမ်းရေးမရှိခြင်း၏ အကျိုးဆက်အရ နာကျည်းမှုများ၊ ဒဏ်ရာဒဏ်ချက်များ ဘယ်လောက် များလဲဆိုသည်ကို ကရင်ပြည်နယ်လူထုက ပိုသိသည့်အတွက် အတိတ်၏ချည်နှောင်မှုကို ဆက်ပြီးခံနေ ၍မဖြစ်ဘဲ အနာဂတ်ကို ချီတက်ရန် ဒေါ်အောင်ဆန်းစုကြည်က ဘားအံမြို့ လူထုတွေ့ဆုံပွဲတွင် ပြောဆို ခဲ့သေးသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ရှင်းလင်းပွဲအနေဖြင့် တိုင်းရင်းသားဒေသ ပြည်နယ်များသို့ သွားရောက်သည်တွင် ဇန်န၀ါရီ ၁၈ နှင့် ၁၉ နှစ်ရက်ကြာ သွားရောက်သော ကရင်ပြည် နယ်ခရီးစဉ်မှာ ဒုတိယမြောက် ခရီးစဉ်ဖြစ်သည်။ ကရင်ပြည်နယ်ခရီးစဉ်အတွင်း ဘားအံမြို့နှင့် လှိုင်းဘွဲ့ မြို့ ကပ္ပလီကျေးရွာများသို့ သွားရောက်ကာ လူထုတွေ့ဆုံပွဲများ ပြုလုပ်ခဲ့ပြီး ဇန်န၀ါရီ ၁၉၊ မွန်းလွဲ ၂ နာရီ တွင် ဘာအံမြို့မှ နေပြည်တော်သို့ ပြန်လည် ထွက်ခွာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီလ ၆ ရက်မှ ၁၀ ရက်အထိ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲ တိုင်းရင်းသားဒေသ ပထမဆုံးခရီး စဉ်အဖြစ် ချင်းပြည်နယ်သို့ သွားရောက်ခဲ့သေးသည်။

No comments: