Monday, January 20, 2014

ကလေးမြို့ ၂၄ နာရီလျှပ်စစ်မီးရရှိရေးဆောင် ရွက်တော့မည်


၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်အတွင်း စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပေါ်တွင် ၂၄ နာရီအတွင်း လျှပ်စစ်မီး ရရှိရေး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

ယခုလ ၁၅ ရက်နေ့ ထုတ် မြန်မာ့အလင်း သတင်းစာတွင် ကလေးမြို့ သို့  မဟာဓာတ်အားလိုင်းမှ ၂၄ နာရီ လျှပ်စစ်မီးရရှိရေးကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်အတွင်း ကြိုးစားဆောင် ရွက်နေကြောင်း မြို့ နယ် အထောက် အကူပြုကော်မီတီ ထံမှ သိရကြောင်း ဖေါ်ပြ ထားသည်။

ဆက်လက်ပြီး ကလေးမြို့ သို့  မဟာဓါတ်အား လိုင်းရောက်ရှိရေးအတွက် ရှေ့ ပြေးတိုင်းတာမှုများ စတင်ဆောင်ရွက်နေရာ ထိုမာကျေးရွာအထိ ရောက်ရှိနေပြီဖြစ်ကြောင်း ခရိုင်လျှပ်စစ်မှူး ဦးယုမော် ၏ ပြောပြချက်ကို ကိုးကားပြီး အဆိုပါ သတင်းတွင် ဖေါ်ပြ ထားသည်။

ကလေးမြို့  ဇီးချောင်း ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံမှ ၆၃၀ ကီလိုဝပ်ဖြင့် အဓိက မီးပေး ထားပြီး မိုးတွင်းကာလတွင် ၈၅၀ ကီလိုဝပ်ထုတ်လုပ်နိုင်သော်လည်း နွေရာသီရေနည်းကာလတွင် ၃၀၀ ကီလို ၀ပ်သာ ဓါတ်အား ထုတ်လုပ်နိုင်သောကြောင့် လျှပ်စစ်ဓါတ်အားလိုအပ်ချက်ရှိနေ သည် ကို ပြည်ထောင်စု လွှတ်တော်နာယက ကလေးမြို့ သို့  ရောက်ရှိစဉ် မဟာဓါတ်အားလိုင်း အမြန် တည်ဆောက်နိုင်ရေးအတွက် မြို့ နယ် အထောက်အကူပြုကော်မီတီ ဦးအေးချိုက တင်ပြခဲ့ကြောင်း သိရသည်။

ကလေးမြို့ သည် လူဦးရေ ခန့် မှန်းချေ ၄ သိန်းခန့် ရှိသည့် အနက် ၅၀ ရာခိုင်နှုန်းကျော်သည် ချင်း လူမျိုးများဖြစ်ကြပြီး ယခုအချိန်တွင် တရုတ်နှင့် အိန္ဒိယနိုင်ငံမှ ထုတ်လုပ်သည့် Solar များအသုံးပြု ကာ ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးများကိုပင် အဓိက အသုံးပြုနေကြသည်။ အစိုးရမှပေးသော လျှပ်စစ်မီးမှာ တပတ်နှစ်ကြိမ် သို့ မဟုတ် သုံးကြိမ်လောက်သာ အများပြည်သူ အသုံးပြုခွင့်ပေးထား သည်။

” ကျနော့အိမ်မှာ Sunshow Solar Watt-300 နှစ်ချပ် Sukam india sinwave Watt-1500W Battrry 150impear နှစ်လုံး ’24V နဲ့သုံးနေတာ၊ သူတို့ပြောတဲ့၂၄ နာရီထက်တောင်ပိုသေး တယ်၊ ထမင်းချက၊် အဝတ်လျှော၊် ရေမော်တာတင်၊ ညမီးသုံး၊ တီဗွီကြည့်၊ တော်တော်များများ သုံးလို့ရတယ်။” ဟု ထက်မျိုးဦး ကပြောသည်။

ယခုစီမံကိန်းကို ကလေးမြို့ မီးရရှိရေးအတွက်သာ မကပဲ ဂန့် ဂေါမှ ကလေး၊ ကလေးဝ၊ မော်လိုက်၊ ဟုမ္မလင်း၊ ခန္တီးမြို့ များ အထိ ချင်းတွင်းမြစ်ဖျား ထင်ထင်လင်းအောင် ဘဏ္ဍာနှစ် အလိုက် ပြည်ထောင်စု ၀န်ကြီးဌာနနှင့် တိုင်းဒေသကြီး အစိုးရတို့  ပူးပေါင်းပြီး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း တိုင်းဒေသ ကြီး ၀န်ကြီး ဦးသာအေးက ပြောကြားသည်ကို ကိုးကားပြီး အဆိုပါ သတင်းက ဖေါ်ပြထားသည်။

၆၆ ကေဗီခန့် ရှိမည့် ဓါတ်အားလိုင်းကို ဂန့် ဂေါမှတဆင့် သွယ်တန်းမည်ဖြစ်ပြီး ကလေးမြို့  ကိုပတ်ကာ စက်မှုဇုန်ဘက်တွင် တည်ဆောက်မည့် ဓါတ်အားခွဲရုံအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ အပြင် ကလေးမြို့ နယ်အတွင်း လျှပ်စစ်မီး အလုံအလောက်ရရှိနိုင်ရေး အတွက် နိုင်ငံတော် အစိုးရထံ မှ ကျပ်ငွေ သိန်း ၈၀၀ ရရှိခဲ့ရာ ရာဇဂြိုလ်ဆည်နှင့် မဏိပူရဆည် တည်ဆောက်လျက် ရှိကြောင်း၊ ယင်းဆည်များပြီးစီးပါက မီးလုံလုံလောက်လောက်ရရှိကာ စက်မှုလုပ်ငန်းများ ပိုမို ဖွံ့ ဖြိုးအောင် ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်းလည်း ထပ်မံသိရှိရသည်။

ကလေးမြို့  ပြည်သူများသည် ယခုအခါ ဇီးချောင်း ရေအားလျှပ်စစ် စက်ရုံမှ လျှပ်စစ်မီးရရှိနေ ကြသော် လည်း အဆင်မပြေနိုင်သောကြောင့် ပုဂ္ဂလိကပိုင် ထရန်စဖော်မာ ၅၇ လုံးခန့် က ပြည်သူ လူထုထံ မီးပေး လျက်ရှိကြောင်း၊ အရပ်မီးကို ညတိုင်း ၆ နာရီမှ ၁၁ နာရီအထိ မီးပေးနိုင်ကာ နှစ်ပေ မီးချောင်း တစ်ချောင်းလျင် တစ်လ ကျပ်ငွေ- ၃၀၀၀၊ တီဗွီပါလျင် ၅၀၀၀ အထိ လစဉ်ပေးဆောင်နေ ကြကြောင်း သိရသည်။

No comments: