Saturday, November 12, 2016

ချင်းမိုင်မြို့ နာမည်ကြီးဆာမူရိုင်း သျှမ်းလူဆိုးဂိုဏ်းဟု ထိုင်းမီဒီယာများစွပ်စွဲ – ခေါင်းဆောင်ဖြစ်သူဟု စွပ်စွဲခံရသူ သျှမ်းလူငယ် ထိုင်းရဲတပ်ဖွဲ့ထံ မိမိကိုကိုယ်ကို သွားရောက်အပ်နှ

ဟွမ်ဟိန်း


ထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်ခရိုင် ချင်းမိုင်မြို့တွင်း ညပိုင်းသောင်းကျန်း နေသည်ဟု သတင်းထွက်နေသော ဆာမူရိုင်းလူဆိုးဂိုဏ်းအဖွဲ့မှ ခေါင်းဆောင်ဟု စွပ်စွဲခံရသူ စိုင်းတွန့်မှာ ထိုင်းမီဒီယာများတွင် သတင်းပျံ့နေ သည့်အတိုင်း မိမိတို့မလုပ်ရကြောင်း ဒေသအမှတ် ၅ (ချင်းမိုင်ခရိုင် ) ရဲတပ်ဖွဲ့ထံ သွားရောက် ထွက်ဆိုရှင်းလင်း မှုတရပ်ပြုလုပ်ခဲ့သည် ။

နိုဝင်ဘာလ ၈ ရက် မွန်းလွဲပိုင်းက ဆာမူရိုင်း သျှမ်းလူငယ်အဖွဲ့ခေါင်းဆောင်ဟု ထိုင်းသတင်းမီဒီယာများကြား နာမည်ကြီးနေသောစိုင်းတွန့် ဆဲန်ဒီးသည် ဒေသအမှတ် ၅ ချင်းမိုင်ခရိုင်ရဲတပ်ဖွဲ့ထံသွားကာမိမိသည် လက် လုပ်လက်စားနေ့စားအလုပ်သမားတယောက်ဖြစ်ကြောင်း၊ လမ်းသွားလမ်းလာများအား လုယက်သတ်ဖြတ် ခြင်းမပြုရကြောင်းသွားရောက်ဖွင့်ဟဝန်ခံ ရှင်းလင်းမှုပြုခဲ့သည်ဟုချင်းမိုင်နယူးစ် သတင်းမီဒီယာကဖော်ပြ ထားသည် ။

“အဲဒီမတိုင်ခင်က ဒေသခံလူငယ်အဖွဲ့ ၃-၄ ယောက် နဲ့ သျှမ်းလူငယ်အဖွဲ့ ၃-၄ ယောက် ရန်ဖြစ်ခဲ့ဖူးပါတယ်။ မယ်ဟေ့အုပ်စုရတ့်ချဖရုပန်းခြံနားကပါ။ ဒေသခံလူငယ်တွေက နည်းနည်းအထိနာသွားလို့ ကျနော်တို့ကို မကျေနပ် လို့ ကျနော်တို့ကိုမဟုတ်မမှန်သတင်းလွှင့်တာပါ။ ကျနော်တို့ကိုလူမိုက်လူဆိုးပုံထွက်အောင်၊ ကျနော်တို့ကိုလူတွေကြောက်လှန့်အောင်၊ ရဲကလိုက်ဖမ်းအောင်၊ သူတို့ ဆိုရှယ်မီဒီယာတွေ လိုင်းတွေမှာ သတင်းဖြန့်တာပါ။ ကျနော်ကလက်လုပ်လက်စားအလုပ်သမားပါ”- ဟုထိုင်းရဲထံရောက်ရှိစဉ် စိုင်းတွန့် က ပြောဆိုရှင်းလင်းခဲ့သည့် အကြောင်း ရဲတပ်ဖွဲ့ထံ လိုက်ပါသက်သေပြုရသည့် စိုင်းယွက် က ပြောသည် ။

ထိုင်းရဲထံလာရောက်ဖွင့်ဟဝန်ခံသော စိုင်းတွန့်အား ကိုယ်ရေးရာဇဝင်မှတ်တမ်းကောက်ယူ ကာ ညနေပိုင်းတွင်ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်းလည်းဆိုပါသည် ။

အောက်တိုဘာလနှောင်းပိုင်းမှစပြီးချင်းမိုင်မြို့ ဟန်ဒုန်းမြို့နယ်၊ ဆာရဖီမြို့နယ်တဝိုက်တွင် ဆာမူရိုင်း K Black အမည်ရ လမ်းသူရဲဂိုဏ်းက ရွှေ့ပြောင်းအလုပ်သမား သျှမ်းလူငယ်များစုပေါင်းဖွဲ့စည်းထားသည်ဟု ထိုင်းသတင်းမီဒီယာများနှင့် လူမှုကွန်ယက် ဖေ့စ်ဘု စွပ်စွဲရေးသားမှု ပျံ့နှံ့ခဲ့သည် ။

ထို့ကြောင့် နိုဝင်ဘာ ရ ရက်နေ့ညပိုင်းကဒေသအမှတ် ၅ ခရိုင်ရဲတပ်ဖွဲ့ကအင်အားဖြန့်ကျက်ကာ ၄င်းတို့အဖွဲ့အား လိုက်လှန်ရှာဖွေဖမ်းဆီးမှုပြုလုပ်ခဲ့သည် ။

အဆိုပါဖြစ်စဉ်အတွက် လိုက်လံဖြေရှင်းပေးရသည့် ချင်းမိုင်မြို့သျှမ်းအကြီးအကဲ စိုင်းဆိုင်မိန်းက “အစကရဲဘက်ကပြောတယ်။ အလုပ်သမားတန်းလျားတွေမှာဝင်ပြီးစစ်ဆေးမယ် ဆိုတဲ့အထိပေါ့။ လမ်းတွေမှာလည်းဂိတ်ချပြီးစောင့်ကြပ်စစ်ဆေးမယ်တဲ့။ တကယ်တော့ လွဲကထုန်းမီးမျောပွဲကာလ နိုင်ငံခြားသားဧည့်သည်တွေများမယ်ဆိုတော့ လုံခြုံရေးယူပေးဖို့လည်းပါပါတယ်။ ဘာဘဲဖြစ်ဖြစ်ကျနော်တို့ ကရွှေ့ပြောင်းအလုပ်သမားတွေဆိုတော့ သတိထားတာမပိုပါဘူး။ အထူးသတိထားရမယ် ညပိုင်းပေါ့။ ဖြစ်နိုင်ရင်အရေးမကြီးလွန်းရင် ညပိုင်းအပြင်မထွက်ကြပါနဲ့ ။ ထွက်မယ်ဆိုရင်လည်းတယောက် တည်းမသွားနဲ့ပေါ့။ လမ်းစည်းကမ်းယာဉ်စည်းကမ်းလိုက်နာပါ။ ဦးထုတ်ဆောင်းပါ။ အရေးကြီးဆုံးကတော့ အရေးကြီးစာရွက်စာတမ်းတွေ ယူဆောင်သွားကြပါ။ ”ဟု သျှမ်းသံတော်ဆင့်အားပြောပြသည် ။

အဆိုပါ ညလမ်းသူရဲဂိုဏ်းတွင် ထိုင်းနိုင်ငံသား ကသာဦးဆောင်ကြောင်း ဂိုဏ်းသူဂိုဏ်းသားများမှာ ထိုင်းတောင်ပေါ်သားများ၊ ထိုင်းလူငယ်များ အပြင် သျှမ်းလူငယ်များလည်း ပါဝင်ကြောင်း ကြားသိရသည် ။

ဆာမူရိုင်းအဖွဲ့ဟုခေါ်သောဆာမူရိုင်းဓါးကိုင်ဆောင် သည့်လူငယ်အဖွဲ့သည် လွန်ခဲ့သည့် ၂ နှစ်ကလည်း ဟန်ဒုန်းမြို့နယ် နှင့် ဆာရဖီးမြို့နယ်တို့တွင် လမ်းသွားလမ်းလာများအား လိုက်လံခုတ်သတ် သည်ဟု တကြိမ် တခါ နာမည်ကြီးခဲ့ဖူးသည်။ ထိုစဉ်ကလည်း သျှမ်းလူငယ်အဖွဲ့ဖြစ်သည်ဟုသတင်းကြီး ခဲ့ဖူးသဖြင့် ထိုင်းရဲများ ကချင်းမိုင်မြို့အတွင်းရှိရွှေ့ပြောင်းအလုပ်သမားတန်းလျား များတွင် ၀င်ရောက်စစ်ဆေးဖမ်းဆီး မှုများပြုခဲ့ရာ အလုပ်လုပ်ခွင့်ကတ်ပြားမရှိသူ၊ အလုပ်ရှင် နှင့် အလုပ်လုပ်သည့်နေရာမှားယွင်းနေသူ(မြန်မာပြည်မှ) သာမာန် ရွှေ့ပြောင်းအလုပ်သမားအများအပြားဖမ်းဆီးခံရကာနေရပ်သို့ပြန်လည်ပို့ဆောင်ခြင်းခံခဲ့ကြရသည် ။ံ

No comments: