Tuesday, November 15, 2016

မြ၀တီ-မဲဆောက်သို့ ပြည်တွင်းခရီးသည်များ လာရောက်လည်ပတ်မှုများပြား

-နေမျိုးထွဋ်


မြန်မာထိုင်းနယ်စပ် မြဝတီ-မဲဆောက်ခရီးစဉ်ကို အခုနှစ် စက်တင်ဘာလ ဝါကျွတ်ကာလမှ စတင်ကာ ပြည်တွင်းခရီးသွားတွေ လာရောက်လည်ပတ်မှု အရင်ကထက် ပိုမိုများပြားလာနေတယ်လို့ ခရီးသွားလုပ်ငန်းတွေက သိရပါတယ်။

မြဝတီကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့ကိုလာတဲ့ ပြည်တွင်းခရီးသွားအများစုဟာ ရန်ကုန်နဲ့ မန္တလေးကဖြစ်ကြပြီး ဧရာဝတီ၊ မွန်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဘက်က ခရီးသွားတွေလည်း လာရောက်ကြတာ တွေ့ရပါတယ်။

မြန်မာခရီးသွားအများစုက အဓိက ဦးအောင်ဇေယျနတ်နန်း၊ ရွှေကျောင်း၊ နဂါးဂူ၊ မဲ့ကဇာ ရေပူစမ်း၊ ရေအေး ရေတံခွန်၊ မြွေကျောင်း၊ ရော်ဘင်ဆင်ကုန်တိုက်၊ ဟုံလုံကုန်တိုက် စတာတွေကို အသွားများတယ်လို့ ခရီးသွားပို့ဆောင်ရေး ၀န်ဆောင်မှုပေးနေသူ ဦးဇေယျာသော်က ပြောပါတယ်။

အဆိုပါ မြဝတီ-မဲဆောက်ခရီးစဉ်တွေကို မိသားစုအလိုက်၊ အသင်းအဖွဲ့အလိုက်၊ ကိုယ်ပိုင်ကားတွေနဲ့ သွားရောက်လည်ပတ်သူတွေရှိသလို ကျန်းမာရေးအတွက် ဆေးခန်းပြသသူတွေလည်း ရှိပါတယ်။

မြဝတီ-မဲဆောက်ခရီးစဉ် အထင်ကရနေရာ ၁၁ နေရာကို တရက်တာခရီးစဉ်အတွက် ကားခ ကျပ်ငွေ ၁၂၀၀၀၀ နှုန်း ကုန်ကျတယ်လို့ သိရပါတယ်။

No comments: