Monday, November 14, 2016

တာမိုးညဲမြို့နယ်တွင် ပေါက်ကွဲမှုဖြစ်ပွား၍ ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရ

dvb

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တာမိုးညဲမြို့နယ်ခွဲမှာ ပေါက်ကွဲမှုဖြစ်ပွားပြီး အရပ်သား ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရသွားတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

တာမိုးညဲမြို့နယ်ခွဲ ရပ်ကွက် ၅ မှာ နိုဝင်ဘာ ၁၂ ရက် ညနေ ၅ နာရီ မိနစ် ၄၀ ခန့်က သံတိုသံစ အရောင်းအ၀ယ်လုပ်ကိုင်သူ ဦးရင်ဟိုပင်နဲ့ လူ ၃ ဦးဟာ ဆာလာအိတ်နဲ့ ထုပ်ထားတဲ့ သံတိုသံစတွေ ကားပေါ်ကို တင်ဆောင်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

အဆိုပါပေါက်ကွဲမှုကြောင့် ဦးရင်ဟိုပင်နဲ့ သားဖြစ်သူ မောင်ရင်ကွယ်ထိုက် (ခ) မင်းထက်အောင်တို့ဟာ နေရာမှာပဲ သေဆုံးခဲ့ပြီး အခြားသူ ၂ ဦးကတော့ ထိခိုက်ဒဏ်ရာရသွားလို့ တာမိုးညဲပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

No comments: