Saturday, November 12, 2016

မောင်တောမြို့နယ်အတွင်း ဘင်္ဂလီ ၅ ဦး ထပ်မံ ဖမ်းဆီး

နိရဉ္စရာ၊


ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် တပ်မတော်(ရေ)နှင့် တပ်မတော်- နယ်ခြားစောင့်ရဲတပ်ဖွဲ့ ပူးပေါင်း စစ်ကြောင်းမှ မသင်္ကာဖွယ်ရာ ဘင်္ဂလီ လူမျိုး ၅ ဦးဖမ်းမိကြောင်း သက်ဆိုင်ရာမှ သတင်းထုတ်ပြန်သည်။

ယနေ့နံနက် ၄ နာရီ ၁၅ မိနစ်ခန့်က တစ်ဖက်နိုင်ငံ ဘင်္ဂလာဒေ့ရှ်သို့ ဖြတ်ကူးနေသော လက်ခတ်လှေတစ်စီးအား မကျီးချောင်းဝ ကျေးရွာနှင့် မောင်နီကျေးရွာအကြား နတ်မြစ် တွေ့ရှိ၍ တပ်မတော်(ရေ)မှ ရပ်တန့်ခိုင်းသော်လည်း မရပ်တန့်သဖြင့် လိုက်လံ ဖမ်းဆီးရာ လှေပေါ်တွင် ပါလာသူ ၄ ဦးတွင် ၃ ဦးမှာ ရေထဲခုန်ချလွတ်မြောက်သွားပြီး လှေပေါ်တွင် ကျန်ရှိသူ မာမွတ်ရှော်ရှိလ်(ဘ) ဟာမိအမ်ဆမ်ကို ဖမ်းမိခဲ့သည်ဟု သိရသည်။

အလားတူ မောင်တောမြို့နယ် လှဖိုးခေါင်ကျေးရွာ တစ်ဝိုက် တပ်မတော်သားများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းတပ်ဖွဲ့မှ နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ် နိုဝင်ဘာလ ၁၁ ရက် နံနက် ၄ နာရီ ၁၅ မိနစ်ခန့်တွင် ၎င်းရွာမှ ထွက်ခွာလာသော မသင်္ကာဖွယ် မော်စတာရ်(ဘ) အဒူရော်ရိတ်ကို ဖမ်းဆီးရမိခဲ့သည်။

နိုဝင်ဘာ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲခန့် မောင်တောမြို့နယ် ခမောင်းဆိပ် ကျေးရွာသို့ သွားရောက်ရှင်းလင်းရာ ၎င်းကျေးရွာမှ မသင်္ကာဖွယ်ရာ ဘင်္ဂလီလူမျိုးများ ဖြစ်ကြသော ဒီမိုဟာမတ် (ဘ) မူဆာဟာလီ၊ မော်လ၀ီဆော်ဘီအာလောင် (ဘ) မူလာဟူစိန်နှင့် မာမတ်အာလောင် (ဘ) မော်ဟီအာမတ် တို့ ၃ ဦးအား ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးရမိသူ ၅ ဦးကို မောင်တောမြို့ရဲစခန်းနှင့် ကျီးကန်းပြင် နယ်ခြားစောင့် ဌာနချုပ်သို့ တရားဥပဒေအရ ဆောင်ရွက်ရန် လွဲပြောင်း ပေးလိုက်သည်ဟု ကကပြည်မှ ပေးပို့သော သတင်းတွင် ဖော်ပြသည်။

No comments: