Friday, November 11, 2016

ဘင်္ဂလီလူမျိုး ၃ဦးကို ဘင်္ဂလာဒေ့ရှ် လက်ကိုင်ဖုန်း၊ ဆင်းကတ်နှင့်အတူ ဖမ်းမိ

နိရဉ္စရာ၊


တရားမ၀င် ဘင်္ဂလာဒေ့ရှ် လက်ကိုင်တယ်လီဖုန်းတစ်လုံး၊ ၎င်းနိုင်ငံမှ ဆင်းကတ် တစ်ခုနှင့် အတူ မသင်္ကာဖွယ်ရာ ဘင်္ဂလီ လူမျိုးသုံးဦးကို တပ်မတော်သားများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့များ ပါဝင်သော ပူးပေါင်း တပ်ဖွဲ့မှ မောင်တောမြို့နယ်တွင် ယနေ့ နံနက်က ဖမ်းဆီးလိုက်သည်ဟု ကကပြည်မှ ပေးပို့သော သတင်းအရ သိရသည်။

ဖမ်းဆီးခံရသူများမှာ ကျီးကန်းပြင်ကျေးရွာ (အနောက်ရွာ)မှ ဇူဘိုင် (ဘ) နှုရ်မာလာကိန်း၊ ရှောင်ရှုအာလောင် (ဘ)အဒူမော်ဇော်ဒန်နှင့် အေကရာအူလာ(ဘ)ရှော်ရှီးအာလောင်တို့ ဖြစ်ကြသည်။

၎င်းတို့ သုံးဦးသည် နိုဝင်ဘာ ၁၀ ရက် နံနက် အစောကြီး ၃ နာရီခွဲခန့်တွင် မောင်တောမြို့နယ် ကျီးကန်းပြင်ကျေးရွာ (အနောက်ရွာ)မှ သက္ကယ်ပြင်ကျေးရွာ (အရှေ့ရွာ)သို့ ပုဇွန်ကန်တာဘောင်ရိုးအတိုင်း လမ်းလျှောက်လာသည်ကို မသင်္ကာဖွယ်ရာမှ တွေ့ရှိရာမှ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သူတို့ထံမှ ဘင်္ဂလာဒေ့ရှ်နိုင်ငံလုပ် ဆန်ဖိုနီ ဒီ-၁၅၀ အမျိုးအစားတယ်လီဖုန်း ဟန်းဆက်တစ်လုံး၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံသုံး တရားမ၀င် Robi ဆင်းကတ်တစ်ခု၊ MPT ဆင်းကတ်တစ်ခုတို့နှင့် အတူ ဖမ်ဆီးမိသည်ဟု သတင်းက ဆိုသည်။

အလားတူ ရသေ့တောင်မြို့နယ် တွင်လည်း ယနေ့နံနက် အစောကြီး ညဥ့် ၁ နာရီခွဲခန့်တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော်ကျေးရွာအုပ်စု ဖာတီကျေးရွာဘက်မှ ထွက်လာသည့် မသင်္ကာဖွယ် ဘင်္ဂလီလူမျိုး ဆာလာမောက်ဒူလာ(ဘ)ဒူလာမျှားကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ဖမ်းဆီးမိသူများအား တရားဥပဒေနှင့် အညီ အရေးယူဆောင်ရွက်နိုင်ရန် အလယ်သံကျော်နယ်မြေစခန်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနချုပ် (ကျီးကန်းပြင်)သို့ လွဲပြောင်းထားကြောင်း သတင်းရရှိသည်။

No comments: