Wednesday, November 16, 2016

မုံရွာမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူ ၅ ဦးဖမ်းမိ၊ ထွက်ပြေးသူများ လိုက်လံဖမ်းဆီး

အောင်ကိုကိုလတ်

စစ်ကိုင်းတိုင်း မုံရွာမြို့၊ သလ္လာအမှတ် ၁ ရပ်ကွက်ရှိ နေအိမ်တအိမ်ကို မုံရွာအမှတ် ၂ ရဲစခန်းမှ ဒုရဲအုပ်ဇော်မျိုးထွန်းနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းခေါင်းဆောင်တဲ့ အဖွဲ့ဝင်တွေက ဒီနေ့ ဝင်ရောက်ပြီး မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ဖမ်းဆီးနေကြပါတယ်။

လတ်တလော မူးယစ်သုံးစွဲသူ ၅ ဦးဖမ်းမိထားပြီး မူးယစ်ဆေးရှူရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ၊ တယ်လီဖုန်း ၆ လုံးနဲ့ငွေတွေဖမ်းဆီးရမိထားပါတယ်။ ဒါ့အပြင် ထွက်ပြေးလွတ်မြောက်သွားသူတွေကိုလည်း ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးနေပါတယ်။

No comments: