Thursday, November 17, 2016

မောင်တောနယ်တွင်ရှိသည့် ရခိုင်များကို ဘင်္ဂလီများက မောင်းထုတ်နေသည်ဆိုခြင်းမှာ ဟုတ်မှန်သလားဟု ရခိုင်အကြံပေးကော်မရှင်မှ မေးမြန်း

နိရဉ္စရာ၊


မောင်တောနယ်တွင် နေထိုင်သော ရခိုင်လူမျိုးများကို ဘင်္ဂလီလူမျိုးများက မောင်းထုတ်နေသည့် သတင်းမှာ ဟုတ်မှန်ပါသလားဟု စစ်တွေတွင် ရောက်ရှိနေသော ရခိုင်ပြည်နယ် အကြံပေးကော်မရှင်က ရခိုင်ပြည်နယ် အစိုးရ တာဝန်ရှိသူများကို မေးမြန်းခဲ့သည်ဟု သိရသည်။

ယမန်နေ့ နေ့လယ် ၂ နာရီခန့်က ရခိုင်ပြည်နယ် အစိုးရ ရုံးတွင် အကြံပေး ကော်မရှင်နှင့် ပြည်နယ် အစိုးရ အဖွဲ့ တာဝန်ရှိသူများနှင့် တစ်နာရီခန့် တွေ့ဆုံ ဆွေးနွေးစဉ် ထိုသို့ မေးမြန်းခဲ့သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဦးအောင်ကျော်ဇံက နိရဉ္စရာသို့ ပြောကြားသည်။

“ ကျွန်တော်တို့ ဒီဥစ္စာတွေကို .. ဒီ လူမျိုးစု နှစ်ခု အဲဒီအရပ်ဒေသမှာ နေထိုင် လာခဲ့တယ်။ တဖြည်းဖြည်းရခိုင် လူဦးရေတွေ နည်းသွားတယ်။ ဘင်္ဂလီတွေများ လာတယ်။ အဲဒါလေးတွေက လက်ရှိ အနေအထားမှာတော့ မောင်းထုတ် နေတယ်လို့ တိုက်ရိုက် တွေ့ကြုံမမြင်ရပေမယ့် လဲ သမိုင်းကို ဆက်ပြီး လေ့လာမှ သိရမယ်ဆိုတဲ့ အကြောင်းလေးတွကို ပြောပြတာပါ။ သမိုင်းဆက်ပြီး လေ့လာခဲ့တဲ့ အခါကျတော့မှ ရခိုင် လူဦးရေ ဘာကြောင့် နည်းသွားရလဲ ဆိုတဲ့ အကြောင်းအရာ တွေဟာ ပီပီပြင်ပြင် ဖြစ်လာမယ်။ သိမြင်ရလာလိမ့်မယ်လို့ ဆွေးနွေး တင်ပြ ခဲ့ပါတယ်” ဟု ၀န်ကြီးက ပြောသည်။

၎င်းပြင် ၀န်ကြီးက “ လက်ရှိ အနေအထားမှာတော့ သူက မောင်းထုတ်တယ်လို့ ယေဘူယျ မသတ်မှတ် ပေမယ့်လဲ ပဲ သမိုင်းနဲ့ ချီပြီး လေ့လာတဲ့အခါ ရခိုင်တွေ တစ်ဖြည်းဖြည်းချင်း ချင်း နည်းနည်းလာတဲ့ အခါ အဲဒီနယ် မြေကို ဘင်္ဂလီတွေ စိုးမိုးဖို့ လုပ်နေတယ်ဆိုတာကို သမိုင်းကို လေ့လာမှ သိမယ်လို့ပြောဆိုခဲ့ပါတယ်” ဟု ဆိုပြောသည်။

ရခိုင်ပြည်နယ် အကြံပေးကော်မရှင်မှ နိုင်ငံတကာ အန်ဂျီအိုများနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ မောင်တောမြို့နယ် ရိက္ခာဖြန့်ဝေသော ကိစ္စရပ်များနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ကြောင်း၊ မောင်တောမြို့နယ်တွင် ရိက္ခာအခက်အခဲကျရောက်နေသည့် လူမှုအသိုင်းအ၀ိုင်းများ အားလုံးသော ကူညီနေကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။

ယနေ့ မောင်တောသို့ အကြံပေး ကော်မရှင် သွားရောက်ရန် ရှိသော်လည်း လုံခြုံရေး အခြေအနေကြောင်း ဖျက်သိမ်းခဲ့ရကြောင်း၊ သို့သော် စစ်တွေမြို့ရှိ IDP စခန်း များသို့ ယနေ့တွင် သွားရောက်မည် ဖြစ်ကြောင်း ပြောကြားသည်။

No comments: