Monday, November 14, 2016

မြိတ်မြို့ ကမ်းနားလမ်း Sea View ကွန်ဒိုကို ၂၀၁၆ ဒီဇင်ဘာအကုန်၌ စတင်ဆောက်လုပ်မည်

ဇော်နီ

မြိတ်မြို့ ကမ်းနားလမ်းရှိ Sea View ကွန်ဒိုကို လာမည့် ၂၀၁၆ ဒီဇင်ဘာအကုန်၌ စတင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း South Asia International Inverstment Group PTE ကုမ္ပဏီမှ တာဝန်ရှိသူ တရုတ်နိုင်ငံသား တစ်ဦးက ပြောသည်။

“စပြီးဆောက်လုပ်မှာကတော့ ဒီဇင်ဘာအကုန်လောက်ပေါ့ ။ ဒါပေမယ့် ဆောက်လုပ်မယ့် ပစ္စည်းတွေ သယ်ယူတာမှာ အခက်အခဲကြန့်ကြာတာမျိုးကြောင့် ဇန်န၀ါရီအစောပိုင်းလောက်လို့လည်း အကြမ်း ဖျင်းခန့်မှန်းထားတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ကွန်ဒိုတွင် အဆောက်အအုံ ၁၂ လုံးပါဝင်မည်ဖြစ်ပြီး အထပ် ၃၂ ထပ် အနေဖြင့် ၈ လုံး၊ ၂၂ ထပ် ၂ လုံးနဲ့ ၂၈ ထပ် ၂ လုံးတို့ပါဝင်သည်ဟု သိရသည်။

၎င်းစီမံကိန်းအကျယ် ဧရိယာသည် ၁၁ ဒသ၁မ ၈၇ ဧကဖြစ်ပြီး အဆောက်အအုံအပြီး ဆောက်လုပ်မှုမှာ ၅ နှစ်အတွင်း အပြီးဆောင်ရွက်ရမည်ဖြစ်သော်လည်း မြိတ်မြို့၏ ရာသီဥတု အပေါ်မူတည်ပြီး ကြန့်ကြာမှု အချို့လည်း ရှိနိုင်ကြောင်းလည်း သိရသည်။

လက်ရှိတွင် အဆောက်အုံဆောက်လုပ်မှုနှင့် ပတ်သက်၍ အစိုးရ ခွင့်ပြု ချက်အပြင် မြိတ်မြို့ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြု ချက်များလည်း ရရှိထားပြီဟုလည်း အဆိုပါ တရုတ်နိုင်ငံသားက ဆိုသည်။

အဆောက်အအုံ၏ အခန်းရောင်းချမှုနှင့် ပတ်သက်၍ ၁ ပေပတ်လည်အတွက် ဈေးနှုန်းကို အကြမ်းဖျင်း အမေရိကန် ဒေါ်လာ (၁၁၀) ခန့်မှန်းတွက်ချက်ထားပြီး လက်ရှိတွင် အဆောက်အအုံ (၄)လုံးကို ပထမဦးဆုံး စတင်ဆောက်လုပ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

sea view ကွန်ဒို အဆောက်အအုံနမူနာကို ယခု နိုဝင်ဘာ ၄ ရက်က ပြသလျက်ရှိပြီး sea view ကွန်ဒို၏ ပရဟိတအစီ အစဉ်အဖြစ် “ကလေးများကို ကြင်နာပါ၊ မိသားစုကို ဂရုစိုက်ပါ ” MAGIC 3D TRIP အစီအစဉ်တစ်ရပ်ပြသလျက်ရှိပြီး လက်မှတ်ရောင်း ချငွေများကို တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေး ပရဟိတ(ကျား)ဂေဟာနှင့် ဗုဓ္ဒဘာသာမိဘမဲ့ မိန်းကလေး ဂေဟာသို့ လှူဒါန်းသွားမည်ဖြစ်သည်။

No comments: