Thursday, June 30, 2016

လုပ်ပွဲကစားမှု သတင်းထွက်နေတဲ့အပေါ် စုံစမ်းစစ်ဆေး


မြန်မာသံရုံးတွင် ကယ်တင်ထားသည့် ငါးဖမ်းလှေလုပ်သား ၃ ဦး ထွက်ပြေး

နန်းမြနဒီ


ထိုင်းငါးဖမ်းလှေပေါ်မှာ နှိပ်စက်ခံရလို့ အမ်အေတီ (ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအ ဖွဲ့ချုပ်) က သွားရောက်ကယ်ထုတ်ပြီး ဘန်ကောက်ရှိ မြန်မာသံရုံးထံ အပ်နှံထားတဲ့ မြန်မာလှေ လုပ်သား ၃ ဦးဟာ ဇွန်လ ၂၉ ရက် နေ့ခင်းပိုင်းက ထွက်ပြေးသွားပါတယ်။ လှေလုပ်သား ကိုရဲမြတ်ဇော်၊ ကိုမြင့်သူနဲ့ ကိုအောင်ပိုင်တို့ ၃ ဦးဟာ ဇွန်လ ၂၅ ရက်နေ့က ချွန်းပူး ရီးခရိုင် ချောင်းစမေးစံလှေဆိပ်ကနေ လွတ်မြောက်လာပြီး ၂၇ ရက်နေ့မှာ သံရုံး ကို ရောက်ရှိကာ ဇွန် ၂၉ ရက်နေ့မှာ ထွက်ပြေးသွားတာ ဖြစ်ပါတယ်။

ထွက်ပြေးသူ သုံးဦးအနက် ကိုမြင့်သူက “ကျနော်တို့ကို မြန်မာပြည်ကို ပြန်ပို့မယ်ဆိုလို့ ထွက်ပြေးကြတာပါ။ ကျနော်တို့ဒီမှာပဲ အလုပ်လုပ်ချင်သေးတယ်၊ ပိုက်ဆံရှာချင်သေးတယ်။ ကျေန်ာတို့ ကော်ဆန်း(ပန်းရံအလုပ်)မှာ လုပ်ဖို့ ထွက်ခဲ့ကြတာပါ။ သံရုံးက ဘယ်သူနဲ့မှ ပြဿနာ တက်တာ မရှိပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကိုမြင့်သူက ဆက်လက်ပြောကြားရာမှာ သူတို့သုံးဦးကို ကယ်တင်တယ်ဆိုတဲ့သတင်းကြောင့် မြန်မာပြည်က မိဘဆွေမျိုးတွေ သိရှိသွားပြီး ပြန်ခေါ်တဲ့အတွက် မြန်မာပြည်ကို ပြန်တော့မယ့် အကြောင်းနဲ့ ကျန်နှစ်ဦးကတော့ ထိုင်းနိုင်ငံမှာပဲ ဆက်လက်အလုပ်လုပ်သွားကြဖို့ ဆုံးဖြတ်ထာ ကြောင်း ဖြည့်စွက်ပြောဆိုပါတယ်။

အဆိုပါ သုံးဦးကို ကယ်တင်ခဲ့တဲ့ အမ်အေတီ (ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ချုပ်) အဖွဲ့မှ အလုပ်အမှုဆောင် ဦးအာင်ဆန်းဦးက သူတို့ကို သံရုံးက အကြောင်းကြားမေးမြန်းတယ်လို့ ပြောပါတယ်။

သူတို့ထွက်ပြေးတာဟာ မြန်မာပြည်ကို မပြန်ချင်လို့ထွက်ပြေးတာဖြစ်နိုင်ကြောင်းသူက ပြောပါ တယ်။

“သံအရာရှိက သူတို့ ထွက်ပြေးသွားပြီလို့ပြောတယ်။ အဲဒီမတိုင်ခင်က အလုပ်သမားတွေက ကျနော့်ဆီ ဖုန်းဆက်သေးတယ်။ သံရုံးက မြန်မာပြည်ပြန်ပို့မယ်ပြောတယ်။ သူတို့ကတော့ သူတို့ဘ၀ကို ဖျက်ဆီးခံရတာကို သူတို့ကောင်းကောင်းမွန်မွန် ထူထောင်ပြီးလို့ရှိရင် သူတို့ တ၀မ်းတခါးအတွက်ကို ပြန်ပြီးတော့ လုပ်ချင်နေတယ်။ မြန်မာပြည်ပြန်ပို့မယ်ဆိုခါကျတော့ မြန်မာပြည်ကနေ ဒီကိုပြန်ရဖို့ မလွယ်ဘူး။ သူတို့မှာဘာမှ မပါဘဲနဲ့ပြန်ရမှာကို မနှစ်သက်ဘူး လေ၊ အဲဒီအတွက် ထွက်ပြေးတာ ဖြစ်နိုင်တယ်ဗျ။”

မြန်မာသံရုံးက အလုပ်သမားသံအရာရှိကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

Walking A Fine Line မန္တလေးမြို့ မှာအထူးပြသပွဲ အပိုင်း-၂


အမှုကြေအေးပေးဖို့ သတင်းစာထဲ ပန်ကြားလွှာ ထည့်ခိုင်းတဲ့အပေါ် မီဒီယာအမြင်


မူးယစ်ဆေးဝါးရောင်းချသည်ဟု စွပ်စွဲချက်ဖြင့် ကျောက်ဖြူတွင် လူငယ်နှစ်ဦး ထပ်ဖမ်းဆီးခံရ

ကျော်ဝင်း(ကျောက်ဖြူ)


ကျောက်ဖြူတွင် မူးယစ် ဆေးဝါး ရောင်းချသည်ဟု စွပ်စွဲခံရသူ လူငယ်နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူမှာ ကျောက်ဖြူမြှို့ ကျောက်ဖြူ သန်ပန်ချောင်းရပ်ကွက်မှ မောင်ကျောက်တောင် (ခ)ထက်မြတ်ကျော်နှင့် အရာရှိရပ်ကွက်၊ ပညာရေးကောလိပ်ခြံဝန်းထဲနေထိုင်သူ ညီစေ့ကေ(ခ) စိုးမင်းထွန်း အသက်(၁၉)နှစ် ဖြစ်သည်။

“ အဖမ်းခံထားရတဲံ မောင်ကျောက်တောင်(ခ)ထက်မြတ်ကျော်ကို စစ်ဆေးချက်အရ WY စိတ်ကြွ ဆေးတစ်ပြားကို ၃၅၀၀ ကျပ်နဲ့ ညီစေ့ကေ(ခ) စိုးမင်းထွန်းထံမှ ၀ယ်ယူပြီးတော့ အောင်မျိုးထွန်း (ခ) အောင်ချေကို တစ်ဆင့်ပြန်လည် ရောင်းချတာဖြစ်ဆိုပြီး ထွက်ဆိုထားတဲ့ အတွက် ဇွန်လ ၂၃ ရက်နေ့မှာ ဖမ်းဆီးတာဖြစ်တယ်“ဟု နယ်ထိန်း ခေါင်းဆောင် ရဲအုပ်ရဲထွန်း ကပြောသည်။

WY စာတန်းပါ စိတ်ကြွဆေးပြား အချို့နှင့် အတူ ကျောက်ဖြူ သန်ပန်ချောင်းရပ်ကွက်မှ မောင်ကျောက်တောင် (ခ)ထက်မြတ်ကျော်ကို ကျောက်ဖြူမြို့မရဲစခန်းတွင် ဖမ်းဆီးထားပြီး စစ်ဆေးစဉ် ၎င်းရောင်းချသော ဆေးပြားများမှာ ညီစေ့ကေ(ခ)စိုးမင်းထွန်းထံမှ ဖြစ်ကြောင်း ထွက်ဆိုသည်ဟု ဆိုသည်။

မောင်ကျောက်တောင်(ခ)ထက်မြတ်ကျော်ကို မယ(ပ)၂/၁၆ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)ဖြင့် အမှုဖွင့်လှစ် ထားပြီး ညီစေ့ကေ(ခ)စိုးမင်းထွန်းကိုမူ ဆက်လက် စစ်ဆေးနေသည်ဟု သိရသည်။

ကျောက်ဖြူမြို့၊အလယ်ပိုင်းရပ်ကွက်ရှိ ရတနာထွန်းတည်းခိုခန်းတွင် တည်းခိုနေသူ အမ်းမြို့နယ်၊ ဆတ်ကျပြင်ကျေးရွာမှ အောင်မျိုးထွန်း(ခ)အောင်ချေ အသက်(၃၄)နှစ်ထံအား ဇွန်လ ၇ ရက်နေ့က WY မူးယစ် ဆေးအချို့နှင့် ဖမ်းဆီးမိပြီးနောက် မောင်ကျောက်တောင်(ခ)ထက်မြတ်ကျော်ကို ဆက်လက် ဖမ်းဆီးကာ နောက်ပိုင်းတွင် ညီစေ့ကေ(ခ)စိုးမင်းထွန်းကို ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးစဉ် အတွင်း ညီစေ့ကေ(ခ)စိုးမင်းထွန်း နေအိမ်အား ရဲတပ်ဖွဲ့က ၀င်ရောက် ရှာဖွေရာ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာ ရှာဖွေ၍ မတွေ့ရှိခဲ့ကြောင်း ရဲအုပ် ရဲထွန်း ကပြောသည်။

Walking A Fine Line မန္တလေးမြို့ မှာအထူးပြသပွဲ အပိုင်း-၁


Multi Level Marketing စနစ်တွေကို တားဆီးသင့်တယ်လို့ ပြော


ထိုင်းအရာရှိများ ထုတ်ပယ်ခံရမှု ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ကြောင့်မဟုတ်ဟု ထိုင်းက တောင်းပန်

DVB


ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းနိုင်ငံဝန်ကြီးချုပ်ရဲ့ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ သွားရောက်ခဲ့တဲ့ နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်ရဲ့ ခရီးစဉ်အတွင်းမှာ ထိုင်းရဲအရာရှိကြီးတွေ ထုတ်ပယ်ခံရတာဟာ ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်ကြာင့် မဟုတ်ဘူးလို့ ထိုင်းဘက်က တောင်းပန်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူ့ခရီးစဉ်ကြောင့် ထိုင်းအရာရှိတွေကို အလုပ်က ဖြုတ်တာမျိုး မလိုလားကြောင်း ထိုင်းနိုင်ငံ၊ ဒုတိယ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်မှာ မနေ့က တွေ့ဆုံစဉ် ပြောကြားခဲ့တာကြောင့် ထိုင်းဘက်က အခုလို တောင်းပန်တာလို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မီဒီယာတွေကို ပြောပါတယ်။

“ထိုင်းဘက်က ဒေါ်အောင်ဆန်းစုကြည်ကို မေတ္တာရပ်ခံတာ၊ တောင်းပန်တာ။ ဘာလည်းဆိုတော့ ထိုင်းနိုင်ငံကို သွား ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ ထိုင်းဘက်ကအရာရှိတွေကို ရာထူးက ဖြုတ်လိုက်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ခရီးစဉ်ကြောင့် ဒီအရာရှိတွေ အလုပ်ဖြုတ်ခံရတယ် ဆိုတဲ့ဟာမျိုး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မလိုလားပါဘူး။ သူ့ကြောင့် သူတို့တွေ ဒုက္ခရောက်တယ်ဆိုတာမျိုး မဖြစ်စေချင်ဘူး။ အဲဒါနဲ့ သူစိတ်မကောင်းဖြစ်ရတဲ့အကြောင်း ပြောတဲ့အခါမှာ ထိုင်းနိုင်ငံဘက်က ပြန်ရှင်းပြခဲ့တာပါ။သူတို့ဟာ လူကုန်ကူးမှုနဲ့ပတ်သက်ပြီးတော့ ပါဝင်ပတ်သက်နေတဲ့ အရာရှိကြီးတွေဖြစ်ပါတယ်။ အဲဒါကို ထိုင် နိုင်ငံရဲ့ဥပဒေအရ စုံစမ်းစစ်ဆေးနေတာရှိပါတယ်။ စုံစမ်းစစ်ဆေးတဲ့အခါ ပေါ်လွင်လာတဲ့အခါမှာ တည်ဆဲဥပ ဒေအရ ထုတ်ပယ်လိုက်တာဖြစ်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်ကြောင့် မဟုတ်ဘူးဆိုတာ ပြန်ရှင်းပြပါတယ်။”

ပြီးခဲ့တဲ့ ဇွန် ၂၃ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံ မဟာချိုင်ထလေထိုင်းခန်းမမှာ မြန်မာအလုပ်သမားတွေ တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအလုပ်သမားတွေ တွေ့ဆုံဖို့ ပထမ စီစဉ်ထားတဲ့ ထလေထိုင်းခန်းမထဲ ဦးရာလူစနစ် ၀င်ရောက်မယ့်အစီစဉ်ကို ဖျက်သိမ်းခဲ့ပြီး ဒေသ အာဏာပိုင်တွေရဲ့ စီမံချက်အရ စက်ရုံတွေက အလုပ်သမားတွေကို ကားတွေနဲ့ ခေါ်ဆောင်ပြီး ပေးဝင်ခဲ့တာကြောင့် လူမှုကွန်ရက်တွေမှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

ဒီနောက် ထိုင်းအမျိုးသားတည်ငြိမ်အေးချမ်းရေးကောင်စီ (စစ်ကောင်အစီအစိုးရ)က ဇွန် ၂၄ ရက်နေ့ ရက်စွဲနဲ့ နယ်မြေခံထဲမှာ ပြစ်မှုဖြစ်ပေါ်အောင် လွှတ်ထားတာ၊ တာဝန်ဝတ္တရားပေါ့လျော့တာ စတဲ့ တိုင်ကြားချက်တွေကြောင့် စမွတ်စခွန် ခရိုင်ဝန်၊ ခရိုင်ဥပဒေချုပ်၊ ခရိုင်ရဲချုပ်၊ အမှတ် ၉ စစ်ဒေသတိုင်းမှူး၊ ခရိုင်အလုပ်သမားရုံး ညွှန်ချုပ်နဲ့ အရာရှိအရာခံ စုစုပေါင်း ၂၃ ဦးကို မူလရာထူးကေ ယာယီချထားပြီး အခြားဌာနတွေကို ရွှေ့ပြောင်းတာဝန်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို တာဝန်ရှိသူ ၂၃ ဦးကို တာဝန်ကနေ ခေတ္တဖယ်ရှားလိုက်တာဟာ ထလေခန်းမ ဖြစ်စဉ်နဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ မဟာချိုင်အခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားအဖွဲ့တွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေး ၀န်ကြီးရာထူး ရယူပြီး ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံကို ၃ ရက်ကြာခရီး ရောက်ရှိနေပါတယ်။

ဈေးကွက်ထဲမှာ အရည်အသွေးမစစ်မှန်တဲ့ စားသုံးဆီ ထက်ဝက်လောက်ထိ ရှိနေ


ပိုင်ဆိုင်မှု အငြင်းပွားပြီး ပြသနာတက်နေတဲ့ ဘကကျောင်းကိစ္စ စစ်ဆေးသွားမည်


ဥရောပ သမဂ္ဂမှ ရိုဟင်ဂျာ အသုံးနှုန်းကို မသုံးတော့ဟုဆို

နိရဉ္စရာ


ဥရောပ သမဂ္ဂ အီးယူက ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းကို သုံးမှာမဟုတ်ဘူးလို့ ပြောကြား လိုက်ကြောင်း ABC Radio Australia တွင် သတင်း ဖော်ပြသည်။

ရခိုင်ပြည်နယ်က မွတ်ဆလင်များ အရေး ဖြေရှင်းရာတွင် အချိန်ယူရမည် ဖြစ်သည့် အတွက် ရိုဟင်ဂျာဆိုသည့် ထိလွယ်ရှလွယ် အသုံးအနှုန်းကို ရှောင်ရှားသွားမည် ဖြစ်ကြောင်း အီးယူ သံအမတ်က ပြောကြောင်း ရိုက်တာ သတင်းတွင် ဖော်ပြထားသည်ဟု ၎င်းသတင်းဌာက ဆိုသည်။

အီးယူက ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်း ကို ရှောင်ရှား မည် ဖြစ်ကြောင်း ပြောဆိုသော်လည်း အမေရိကန် အစိုးရကမူ “ လူတွေ အနေဖြင့် မိမိဘယ်သူဆိုတာ ခေါ်ပိုင်ခွင့်ရှိတယ်ဆိုတာကို အသိ အမှတ်ပြုတဲ့အနေနဲ့ ရိုဟင်ဂျာလို့ ခေါ်စေချင်သူကို ရိုဟင်ဂျာလို့သာ ခေါ်မယ်လို့ ပြောဆို ခဲ့ဖူးကြောင်း” သတင်းတွင်ရေးသားသည်။

လူဦးရေ ၁ သန်းကျော်ရှိသည့် ရခိုင်ပြည်နယ်က မွတ်ဆလင်များက သူတို့ကို သူတို့ ရိုဟင်ဂျာဟု ဖော်ပြကြသော်လည်း မြန်မာအများစုကမူ ဘင်္ဂါလီဟုသာ သတ်မှတ်ကြတာကြောင်း သတင်းတွင် ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ကုလသမဂ္ဂ ကိုယ်စားလှယ်နှင့် တွေ့ဆုံစဉ် မြန်မာအစိုးရ အနေနှင့် ရိုဟင်ဂျာ ဆိုသည့် အသုံးအနှုန်းကို သုံးမှာ မဟုတ်ကြောင်း ပြောဆိုထားသည်ဟု ဆိုသည်။

မြန်မာဆိုင်ရာ အီးယူသံအမတ် Roland Kobia က ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းသည် မြန်မာနိုင်ငံတွင် စိတ်ခံစားမှုများကို စုပေါင်းထားသည့် အသုံးအနှုန်းဖြစ်သောကြောင့် မြန်မာအစိုးရက ယခုကိစ္စကို ဖြေရှင်းဖို့ ကြိုးစားနေချိန်၌ အီးယူက ယင်းအသုံးအနှုန်းကို ရှောင်မှာဖြစ်ပြီး တဖြေးဖြေးနှင့် ပြဿနာ ဖြေရှင်းနိုင်မည်ဟု ယူဆကြောင်း ပြောသွားခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။

ရိုဟင်ဂျာကို ရခိုင်ပြည်နယ်က မွတ်ဆလင်တွေအဖြစ် ခေါ်ဆိုရန် အစိုးရက ပြောဆိုထားသော်လည်း ရခိုင်အမျိုးသားပါတီ ANP က ၎င်းအသုံးနှုန်းအရ မွတ်ဆလင်များသည် ရခိုင်ပြည်နယ်တွင် မူလနေထိုင်သူတွေအဖြစ် သတ်မှတ်ရာ ရောက်သဖြင့် ၎င်းအသုံးအနှုန်းကို ကန့်ကွက်ကြောင်း သတင်းက ဆိုသည်။

လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ဆွေးနွေး


နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် မွေးနေ့ပွဲ တားမြစ်ခဲ့ ဒုဦးစီးကို အရေးယူ နယ်ရွှေ့


လက်မှတ်မထိုးရသေးသည့် အဖွဲ့များကို လမ်းဖွင့်ထားဟု ကာချုပ် ပြော

အေးနိုင်


တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေ ပါဝင်လက်မှတ်ရေးထိုးနိုင်အောင် လမ်းဖွင့်ထားတယ်လို့ တပ်မတော် ခေါင်းဆောင်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဒီကနေ့ တွေ့ဆုံရာမှာ ထပ်လောင်းပြောဆိုပါတယ်။

တနိုင်ငံလုံးအပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့က ခေါင်းဆောင်တွေနဲ့ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံရာမှာ ပြောကြားခဲ့တာဖြစ်ပြီး မကြာခင်ကျင်းပမယ့် နိုင်ငံရေးဆွေးနွေးပွဲ မှာ ပါဝင်ဆောင်ရွက်ကြရေးကိစ္စကို ဆွေးနွေးကြပါတယ်။

ရဲဘော်သံခဲက “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဘက်က ပြောတာက သူတို့တွေအနေနဲ့ အန်စီအေ အပေါ်မှာအခြေခံပြီးမှပဲ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ တည်ဆောက်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို သူတို့အနေနဲ့ ကြိုဆိုတယ်။ ပြီးတော့ ဒီအပေါ်မှာ အန်စီအေ လက်မှတ်ရေထိုး မထားတဲ့အဖွဲ့အစည်းတွေအနေနဲ့လည်း အန်စီအေမှာ ပါဝင်ရေးထိုးဖို့ သူတို့အနေနဲ့ လမ်းဖွင့်ထားတယ် ဆိုတာကိုတော့ သူက ပြောပါတယ်” လို့ပြောပါတယ်။

တော်လှန်ရေးအဖွဲ့တွေဘက်ကတော့ အန်စီအေမှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အစည်းတွေရဲ့ ပါဝင်မှုဟာ လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ရာစုပင်လုံ)မှာ အဓိက ထည့်သွင်း စဉ်းစားရမယ့် အခြေအနေဖြစ်တယ်ဆိုတာကို တင်ပြခဲ့တယ်လို့ သူက ပြောပါတယ်။

သူက “ဒီအဖွဲ့တွေ ပါဝင်မှုကို ကျနော်တို့က သေသေချာချာ ပါဝင်နိုင်မယ့် နည်းလမ်းတွေ၊ ပါဝင်နိုင်မယ့်အခြေအနေတွေကို ဖန်တီးဖို့ လိုပါတယ်။ အဲဒီတော့ ဒီကိစ္စတွေကိုတော့ ကျနော်တို့ ဘက်က သေသေချာချာရှင်းပြခဲ့ကြတယ်” လို့ပြောပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေရဲ့ ဇွန် လ ၂၈ ရက်နေ့ ပြောကြားချက်အရ အန်စီအေလက်မှတ် မရေးထိုး ရကြသေးတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီဘက်က ကိုယ်စားလှယ် တချို့ လာမယ့်ရက်ပိုင်းအတွင်းမှာ တွေ့ဆုံကြဖို့ရှိတယ်လိုဆိုပါတယ်။ နာဂအဖွဲ့နဲ့လည်း လာမယ့် ရက်ပိုင်းမှာ တွေ့ဆုံဖို့ရှိပါတယ်။ ဦးလှမောင်ရွှေရဲ့ ပြောဆိုချက်အရ တအာင်းတပ်မတော်၊ ရခိုင်တပ်မတော်နဲ့ ကိုးကန့်တပ်မတော်တို့ ကျန်ရှိမယ့်သဘောဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့အဖွဲ့တွေ မနေ့ကတွေ့ဆုံစဉ်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို လာမယ့်သြဂုတ်လ နောက်ဆုံးသီတင်းပတ်ထက် နောက်မ ကျစေဘဲ ကျင်းပကြဖို့ မူအရ သဘောတူခဲ့ကြပါတယ်။

တဖက်မှာလည်း ကချင်လွတ်လပ်ရေးအဖွဲ့ထိန်းချုပ်ထားတဲ့ မိုင်ဂျာယန်မြို့မှာ အန်စီအေ စာချုပ် လက်မှတ်ထိုးတဲ့အဖွဲ့ရော၊ မရေးထိုးတဲ့အဖွဲ့ရော စုံညီအောင်တက်ရောက်နိုင်မယ့် တိုင်းရင်းသား ပေါင်းစုံညီလာခံတရပ်ကို ကျင်းပနိုင်ဖို့ ပြင်ဆင်နေပါတယ်။

ဒီညီလာခံမှာ တပ်မတော်ဘက်က အန်စီအေလက်မှတ်ရေးထိုးတာကို ပိတ်ပင်ထားတဲ့ အဖွဲ့ ၃ ဖွဲ့ကိစ္စအပါအ၀င်၊ ညီလာခံမှာ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စု ပေါ်ထွန်းလာဖို့ အတွက် တိုင်းရင်းသားအဖွဲ့အသီးသီးက သဘောထားတွေကို တင်ပြဆွေးနွေးကြဖို့ဖြစ်ပါတယ်။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (EAO PPST) နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ခေါင်းဆောင်တဲ့အဖွဲ့တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးကြ ပါတယ်။

လာမယ့်ရက်ပိုင်းတွေအတွင်းမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်စီအေ အပစ်ရပ်လက်မှတ်မထိုးကြသေးတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ် ကောင်စီ တိုင်းရင်းသားမဟာမိတ်အဖွဲ့ကခေါင်းဆောင်တွေ တွေ့ဆုံကြဖို့ စီစဉ်နေကြပါတယ်။

ဆလိုင်းတင်မောင်ဦး ကြိုးပေးခံရမှု နှစ် ၄၀ ပြည့်အပေါ်သူတို့ပြောစကား


စာရေးဆရာမောင်သာချို စာပေဟောပြောဆွေးနွေးခြင်းအပိုင်း(၁)


အစိုးရတပ်မတော် ပိတ်ခိုင်းသည့် ထီးခီးဂိတ်ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းမည်ဟု KNU ဘိတ်-ထားဝယ်ခရိုင်ဥက္ကဋ္ဌ ပြော

စဖန်းရှောင်း


ကရင်အမျိုးသားအစည်းအရုံး-KNU ဘိတ်-ထားဝယ်ခရိုင်အတွင်းရှိ KNU ဂိတ်တစ်ခုဖြစ်သည့် ထီးခီးဂိတ်ကို ဖယ်ရှားပေးရန် ဒေသအခြေစိုက် အစိုးရတပ်မတော်ဘက်မှ ပြောဆိုလာမှုအပေါ် ငြိမ်းချမ်းသည့်နည်းဖြင့်သာ ညှိနှိုင်းဖြေရှင်းသွားမည်ဖြစ် ကြောင်း အဆိုပါ KNU ခရိုင်၏ ဥက္ကဌ ပဒိုစောဆာပိတုက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ကာလအတွင်း ကျနော်တို့လူကြီးတွေ နားလည်မှု ယူထား တယ်။ ဒါကလည်း ကျနော်တို့ တပ်ဖွဲ့ဝင်တွေ စားဝတ်နေရေးဖြေရှင်းဖို့အတွက် ဖြစ်ပါတယ်။ ခေါင်းဆောင်လူကြီးတွေရဲ့ လမ်း ညွှန်မှုနဲ့ ကျနော်တို့အနေနဲ့က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ တစ်ဆင့်ချင်း ညှိနှိုင်းဆွေးနွေး အဖြေရှာသွားမှာ ဖြစ်ပါတယ်”ဟု ယနေ့ ပြော သည်။

လက်ရှိ ဖြစ်ပေါ်နေသည့်ပြဿနာကို ယခုနှစ် ဖေဖော်ဝါရီ ၂၅ရက်နေ့က မြိတ်မြို့၌ ဖွဲ့စည်းခဲ့သည့် အစိုးရဘက်မှ ကရခ (ကမ်းရိုး တန်းတိုင်းစစ်ဌာနချုပ်)တိုင်းမှူး အပါအ၀င် KNU ခေါင်းဆောင်အချို့နှင့် အရပ်သား ကိုယ်စားလှယ်များပါဝင်သော အဖွဲ့ဝင် ၁၄ဦး ပါ ပြည်နယ် (သို့) တိုင်းဒေသကြီးအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S မှ ဆွေး နွေးအဖြေရှာရမည်ဖြစ်ကြောင်း ပဒိုစောဆာပိတုက ဆက်ပြောသည်။

ထီးထဗျူဟာမှူး၏ ညွှန်ကြားမှုဖြင့် ဇွန်လ ၂၀ရက်နေ့၊ ညနေ ၃နာရီအချိန်တွင် ခလရ(၁၇) ယာယီ တပ်ရင်းမှူး ဗိုလ်မှူးတစ်ဦး အပါအ၀င် ဒုညွန်မှူးတစ်ဦး၊ စရဖ တာဝန်ခံတစ်ဦးသည် ထိုဂိတ်သို့ ရောက်ရှိလာပြီး သုံးရက်အ တွင်း ဂိတ်ကို ဖယ်ရှားပေးရန် ပြောဆိုလာသည့်အတွက် ယခုလိုနှစ်ဘက် မကျေလည်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

၎င်းအပြင် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးဇော်လွင်က ဇွန်လ ၂၂ရက်နေ့တွင် ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌ ပဒိုစောဆာပိတုနှင့် တွေ့ ဆုံခဲ့ပြီး အဆိုပါဂိတ်အား ဖယ်ရှားပေးရန် ထပ်မံ ပြောဆိုလာသည့်အတွက် ဇွန်လ ၂၃ရက်နေ့တွင် KNU ဘိတ်-ထားဝယ်ခရိုင် တာဝန်ရှိသူများအတွင်း အရေးပေါ်အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ရသည်။

ထို့နောက် KNU ဘိတ်ထားဝယ်ခရိုင် တာဝန်ရှိသူအချို့သည် ဇွန်လ ၂၄ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်နှင့် သွားရောက်တွေ့ဆုံခဲ့ရာ ၀န်ကြီးချုပ်မှ ယင်းကိစ္စကို ဆက်လက် ဆွေးနွေးညှိနှိုင်းကြရန် သဘော ထားမှတ်ချက်ပေးခဲ့သလို သူမအနေဖြင့်လည်း ဇွန်လကုန်တွင် ၎င်းနေရာသို့ သွားရောက်လေ့လာရန်ရှိကြောင်း ပြောဆိုခဲ့သည် ဟု သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ထီးခီးဂိတ်ကို ပြီးခဲ့သည့် ၂၀၁၃ခုနှစ်က ဖွင့်လှစ်ခဲ့ခြင်းဖြစ် သည်။ ပြဿနာဖြစ်ပွားခါစတွင် စိုးရိမ်မှုများရှိသော်လည်း လက်ရှိ အခြေအနေအရ အဆိုပါဂိတ်မှာ ပုံမှန် အခြေအနေအတိုင်း အေးချမ်းစွာ ရှိနေကြောင်း ဒေသခံများက ပြောသည်။

တကိုယ်တော် တေးစီးရီး ထွက်ရှိတော့မယ့် ရွှေ့ပြောင်းမြန်မာ လူငယ်တယောက် ကောက်ကြောင်း


အားလုံး အာရုံစိုက်ခံရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းခရီးစဉ်

အီဗာ ကူဆူမာ ဆုန်ဒရီ


၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော စစ်အစိုးရက နေအိမ်အကျယ်ချုပ်ဖြင့် ၁၅ နှစ်ကျော်ကြာ ထိန်းသိမ်းထား ခဲ့သည့် နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်ဘက်မှ ပုဂ္ဂိုလ်များ ဆက်ဆံရေးနှင့် ပတ်သက်၍ အတွေ့အကြုံ ရှိပြီးသားဖြစ်သည်။ ဆယ်စုနှစ်နှင့် ချီ၍ မြန်မာစစ်ဗိုလ်ချုပ်များနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။ သူတို့၏ အုပ်ချုပ်မှု နှင့် တရားဝင်ဖြစ်မှုကို စိန်ခေါ်ခဲ့သည်။ မြန်မာနိုင်ငံမှ လွတ်လပ်ခွင့်တွင် ပူးပေါင်းပါဝင်ရန် ကမ္ဘာတလွှားမှ သြဇာ ကြီးမားသည့် ထောက်ခံသူများ ရရှိခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး ၀န်ကြီးအသစ် အနေဖြင့် ဇွန်လ ၂၃ ရက်နေ့တွင် ဘန်ကောက်မြို့သို့ ရောက်ရှိလာသည့် အခါ ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိအချိန်တွင် ထိုင်းနိုင်ငံကို အုပ်ချုပ်နေသည့် ဗိုလ်ချုပ်ကြီးများ နှင့် တွေ့ဆုံလက်ဆွဲ နှုတ်ဆက်ကာ အလာပ သလ္လာပ စကားများပြောကြမည်၊ အမှတ်တရ ဓာတ်ပုံများ ရိုက်ကြမည် ဖြစ်သည်။ အဆိုပါ မြင်ကွင်းများကို လေ့လာ စောင့်ကြည့်သူများကတော့ သဘောကျကြမည် ဖြစ်သည်။

တချိန်က မြန်မာ၏ တည်ငြိမ်သော ဒီမိုကရက်တစ် အိမ်နီးချင်းနိုင်ငံတခု ဖြစ်သည့် ထိုင်းနိုင်ငံသည် ပြီးခဲ့သည့် ၂ နှစ် အတွင်းတွင် ရုတ်တရက် နောက်ကြောင်း ပြန်သွားခဲ့ပြီး ၎င်း၏ စစ်အစိုးရသစ်က ယခင် မြန်မာအစိုးရ၏ ဆိုးရွားသော ပုံစံတချို့ကို လက်ခံ ကျင့်သုံးလာခဲ့သည်။ ထိုင်း စစ်အစိုးရက နိုင်ငံရေး အတိုက်အခံများအတွက် နေရာပိတ်ပင်မှုများ၊ ဝေဖန်သူများကို တရားလက်လွတ် ဖမ်းဆီးမှုများ၊ မီဒီယာ လွတ်လပ်ခွင့်ကို တားမြစ်မှုများ ပြုလုပ်ခဲ့သလို ဒီမိုကရေစီ အုပ်ချုပ်မှုသို့ ပြန်သွားရေး အတွက်လည်း အကြိမ်ကြိမ် အချိန်ဆွဲနေခဲ့သည်။

နောက် ၂ လပင် မကြာတော့သည့် အချိန်တွင် ထိုင်းပြည်သူများက ထိုင်းစစ်ဗိုလ်ချုပ်များ ရေးဆွဲထားသည့် အခြေခံ ဥပဒေအတွက် မဲဆန္ဒပေးကြရတော့မည် ဖြစ်သည်။ အခြေခံဥပဒေသစ် အပေါ် ဝေဖန်မှုများ နှင့် ဆန့်ကျင်သည့် လှုပ်ရှားမှုများကို တားမြစ် ပိတ်ပင်ထားသည်။ တားမြစ်မိန့်ကို ချိုးဖောက်သူများကို ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်မည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်။

လွန်ခဲ့သော ၈ နှစ်က မြန်မာပြည်သူများသည်လည်း သူတို့၏ အခြေခံဥပဒေအတွက် ပြုလုပ်သည့် ဆန္ဒခံယူပွဲတွင် အလားတူ မလွတ်မလပ် အခြေအနေများ အောက်တွင် မဲပေးခဲ့ကြသည်။ ထိုအချိန်ကို ယခုထိ မှတ်မိနေကြဆဲ ဖြစ်သလို သက်ရောက်မှုကိုလည်း ခံစားနေကြရဆဲဖြစ်သည်။ ထို့ကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီက ဒီမိုကရေစီ နည်းမကျသည့် အခြေခံဥပဒေ ပြင်ဆင်ရေးကို ဦးစားပေးတခုအဖြစ် ထားရှိခဲ့ခြင်း ဖြစ်သည်။ အားလုံးထဲတွင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးတွင် စစ်တပ်က ကြီးမားသော အခန်းကဏ္ဍဖြင့် အမြဲတမ်း ပါဝင်နေခြင်း အပေါ် ဝေဖန်ခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ အိမ်ရှင် ထိုင်းဗိုလ်ချုပ်ကြီးများကိုလည်း သူက အကြံဥာဏ်အချို့ ပေးကောင်းပေးနိုင်ပါလိမ့်မည်။

ကမ္ဘောဒီးယားနှင့် မလေးရှားကဲ့သို့ အိမ်နီးချင်းနိုင်ငံများတွင် အစိုးရမျာက ၎င်းတို့၏ အာဏာ ခိုင်မြဲရေးနှင့် အတိုက်အခံများကို ဖြိုခွဲရေးများ ပြုလုပ်နေခဲ့ကြသည့် ၂၀၁၄ ခုနှစ် မေလတွင် ထိုင်းစစ်တပ်က ရွေးကောက်ခံ အရပ်သား အစိုးရကို ဖြုတ်ချလိုက်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်၌ မြန်မာနိုင်ငံကမူ ပြောင်းပြန်ဖြစ်နေပြီး တိုးတက်ခြင်းဘက်သို့ ရောက်နေသည်။ နောက်ဆုံးတွင် NLD အာဏာရလာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေသည်။ ထိုအဖြစ်က မြန်မာနိုင်ငံ၏ ခေါင်းဆောင်ပိုင်းကို အရှေ့တောင်အာရှ ဒေသအတွင်းမှ ဖိနှိပ်ခံပြည်သူများအတွက် ဒေသတွင်းတွင် စိတ်ကူးကြည့်စရာ အဆင့်သစ်တခုသို့ ရောက်ရှိစေခဲ့သည်။

သူက တက်ကြွလှုပ်ရှားသူ တယောက် မဟုတ်ကြောင်း၊ တိုင်းပြည်အတွက် ကောင်းမွန်မည့် ခက်ခဲသော ရွေးချယ်မှုများကို ပြုလုပ်ရမည့် နိုင်ငံရေးသမား တယောက်သာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။ ထိုနေရာတွင် ရှိနေသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အချေအတင် ပြောဆိုရမှုများ ရှိလာနိုင်သည်။ လက်တွေ့နိုင်ငံရေး ကစားပွဲတွင် ကစားရတော့မည် ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ ပွင့်ပွင့်လင်းလင်း ဝေဖန်မှုများကို ရှောင်ရှားရတော့မည် ဖြစ်သည်။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အာဆီယံ အသိုင်းအ၀ိုင်းအတွင်း သူ၏ ပြိုင်ဘက်မရှိ အနေအထားကိုလည်း အသိအမှတ် ပြုရတော့မည် ဖြစ်သည်။ အာဆီယံဒေသ အတွင်းမှ သန်းပေါင်းများစွာသော ပြည်သူများက သူ့ကို ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တရားမျှတမှု၏ စံပြတယောက်အဖြစ် ရှုမြင်နေကြဆဲ ဖြစ်သည်။ သူ့ကို မဲဆန္ဒပေးခဲ့ကြသည့် မြန်မာပြည်သူများအပြင် ဒေသတွင်း ခေါင်းဆောင် တယောက် အနေဖြင့် သူ့တွင် တခြားဒေသတွင်း ပြည်သူများ အတွက်လည်း တာဝန် ရှိလာသည်။

အင်ဒိုနီးရှား လွှတ်တော်အတွင်းမှ ကျမ၏ လုပ်ဖော်ကိုင်ဖက်များ နှင့် အာဆီယံအတွင်းမှ တခြား လွှတ်တော်များနှင့် အတူ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကို အထောက်အကူပေးရန် ကျမ နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ပြီး မြန်မာစစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ရေးနှင့် အာဏာစွန့်လွှတ်ရေး အတွက် ဖိအားပေးရန် ဒေသတွင်း အစိုးရများကို တောင်းဆိုခဲ့ကြပါသည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဆိုသည်မှာ ကျမတို့ နိုင်ငံ၏ နယ်နိမိတ်တွင်သာ အဆုံး သတ်သွားခြင်းမဟုတ်ဟု ယူဆသည့်အတွက် ထိုသို့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်က သူ၏ ပြိုင်ဘက်ကင်းနေရာကို အသုံးပြု၍ ဆက်လက် တိုက်ပွဲဝင်လိမ့်မည်။ သူ၏ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို အသုံးပြု၍ တခြားသူများ (မြန်မာနိုင်ငံ နယ်နိမိတ် အပြင်တွင်ရှိနေသူများ အပါအ၀င်) ၏ လွတ်မြောက်ရေး အတွက် ဆက်လက် ထောက်ခံသွားမည်ဟု ကျမ မျှော်လင့်မိပါသည်။

အာဆီယံက ဒေသတွင်း ပေါင်းစည်းရေးသို့ ဦးတည်နေသည့် အချိန်တွင် ဒေသ၏ ဂုဏ်ပုဒ် အမှတ်အသားတခုကို ပုံဖော်ရန် အရေးပါမူက ထင်ရှားလာပါသည်။ အဆိုပါ ဂုဏ်ပုဒ် အမှတ်အသားတွင် ဒီမိုကရေစီ၊ အခြေခံ အခွင့်အရေးများ နှင့် လူသား ဂုဏ်သိက္ခာကို အလေးထားမှုက အစိတ်အပိုင်း တရပ်အနေဖြင့် ပါဝင်သည့်ပါသည်။ ထို့အပြင် အလယ်အလတ်ကျမှုကို ထောက်ခံရေးနှင့် အစွန်းရောက်မှုပုံစံ အမျိုးမျိုးကို ဆန့်ကျင်ရေးများလည်း ပါဝင်သင့်ပါသည်။

ဖိနှိပ်ခံ အသိုင်းအ၀ိုင်းများအတွက် ထောက်ခံပြောဆိုပေးခြင်း နှင့် ပြည်တွင်းနှင့် ပြည်ပမှ နမူနာများအရ ဦးဆောင်ခြင်းများဖြင့် ဒေါ်အောင်ဆန်းစုကြည်တွင် ဒေသတွင်း ခေါင်းဆောင်တယောက် ဖြစ်လာနိုင်သည့် အခွင့်အရေးတခု ရှိနေပါသည်။

ဒေါ်အောင်ဆန်းစုကြည်က အာဆီယံ အစိုးရများနှင့် အဆုံးဖြတ်ပေးသည့် နေရာများတွင် အမျိုးသမီးများ ကိုယ်စားပြုခွင့် နည်းနေသေးသည်ကို သတိပြုမိပြီး အမျိုးသမီးတို့၏ အခွင့်အရေးအတွက် ဆောင်ရွက်ပေးနိုင်မည့် ဒေသတွင်း ခေါင်းဆောင် တယောက် ဖြစ်လာရန် အလားအလာလည်း ရှိနေပါသည်။ အမျိုးသားများ ကြီးစိုးထားသည့် အာဆီယံနိုင်ငံရေး လောကတွင် ဦးဆောင်ရာ၌ သူကတိပြုခဲ့သည့် လမ်းစဉ်တခု ဖြစ်သော အကြမ်းမဖက်ဘဲ တိုက်ပွဲဝင်ခြင်းကို ဒေါ်အောင်ဆန်းစုကြည် မစွန့်လွှတ်သင့်ပါ။

နိုင်ငံရေးသမား၏ အခန်းကဏ္ဍနှင့် စံပြပုံရိပ်တခု၏ အခန်းကဏ္ဍက လမ်းကြောင်း လုံးဝကွဲလွဲနေခြင်း မရှိပါ။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သူ့ကို ရွေးကောက် တင်မြှောက်လိုက်သည့် မြန်မာပြည်သူတို့၏ အကျိုးစီးပွားကို ကိုယ်စားပြု ဆောင်ရွက်ရင်း အရှေ့တောင်အာရှမှ တခြားသူများ၏ အခွင့်အရေးအတွက်လည်း ရပ်တည် ဆောင်ရွက်ပေးနိုင်ပါသည်။ အဆိုပါ နေရာမှာ မြန်မာနိုင်ငံ၏ ဒေသတွင်း ခေါင်းဆောင်မှုကို ပိုမိုခိုင်မာစေမည့် အခွင့်အလမ်းတခု ဖြစ်ပါသည်။ ထို့ပြင် အတိတ်က အာဏာရှင် နေ့ရက်များဆီသို့ ပြန်ရောက်သွားမည့် ချောက်ကမ်းပါးတွင် ရောက်လုလု ဖြစ်နေသည့် အသွင်ရှိနေသော အာဆီယံဒေသတွင်းမှ အမှန်တရားများကို ရင်ဆိုင်ရန်လည်း ပြင်းပြင်းထန်ထန် လိုအပ်နေပါသည်။

မြန်မာပြည်မှာ ရုပ်ရှင်ရိုက်ဖို့ ရောက်လာတဲ့ ဗီယက်နမ်အလှမယ် နဲ့ စကားစမြည်


ကျောက်တော်မြို့နယ် ကြာညိုပြင်ရွာတွင် ကျောင်းသူတစ်ဦးအား လည်ပင်းညှစ်သတ်ရန် ကြိုးပမ်းမှု ဖြစ်ပွား

မာန်ယုကျော် (ရွှေဝမြေ)


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကြာညိုပြင်ကျေးရွာမှ ၄ တန်းအရွယ် ကျောင်းသူတစ်ဦးအား လည်ပင်းညှစ်သစ်ရန် ကြိုးပမ်း တစ်ခု ဇွန်လ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း အပေါက်ဝရဲစခန်းက အတည်ပြုသည်။

ဖြစ်စဉ်မှာ ကြာညိုပြင်ကျေးရွာနေ ဦးလှဖြူ၏သမီး မ ———- (၁၂)နှစ်သည် ဇွန်လ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခန့်က အဆိုပါကျေးရွာရှိ အလယ်တန်းကျောင်း၏ အနောက်ဘက်ရှိ အိမ်သာတွင် အပေါ့စွန့်၍ ပြန်လာစဉ် သူမ၏နောက်ဘက်မှ ဘင်္ဂါလီ တစ်ဦးက သူ့မအား ပါးစပ်ပိတ်ကာ လည်ပင်း ညှစ်သတ်ရန် ကြိုးပမ်းခဲ့ကြောင်း ကာယကံရှင်ကျောင်းသူနှင့် သူမ၏ မိသားစုဝင်များက ပြောသည်။

“သမီးလေးက ငိုပြီး ရုန်းလိုက်တော့ အဲဒီ ဘင်္ဂါလီက ဝါးထရံကိုကျော်ပြီးတော့ ကျောင်းနောက်က ကောက်ရိုးပုံဘက်ကိုထွက်ပြေးသွားတယ်။ ဒါက ရည်စူးမှုပါနေတော့ အဲဒီဘင်္ဂါလီကို ဖော်ထုတ် အရေးယူပေးစေချင်ပါတယ်”ဟု ကျောင်းသူ၏ မိခင်ဖြစ်သူက နိရဉ္စရာသို့ပြောသည်။

ယခုဖြစ်စဉ်ကြောင့် ကျောင်းသူလေးတွင် တစ်စုံတရာ ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း၊ သို့သော် သေကြောင်း ကြံစည်မှု ဖြစ်သဖြင့် မသင်္ကာသည့် အသက် ၃ဝ ကျော်အရွယ် ဘင်္ဂါလီတစ်ဦးအား အပေါက်ဝရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေကြောင်း စခန်းက နိရဉ္စရာကို အတည်ပြုသည်။

“ ဖြစ်စဉ်က မှန်ပါတယ်။ စစ်ဆေးတုန်းဖြစ်လို့ နာမည်နဲ့ တခြားအသေးစိတ်ကို မသိရသေးပါဘူး”ဟု အပေါက်ဝရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အလားတူဖြစ်ရပ်မျိုးတစ်ခု ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့ကလည်း ကြာညိုပြင်ကျေးရွာ အနီးရှိ အပေါက်ဝကျေးရွာ ရန်တားရပ်ကွက်သစ်တွင်ဖြစ်ပွားခဲ့ပြီး ယင်းအမှုကို ကျူးလွန်သည့် ဇော်ကီ ယာ (၂၅) နှစ်အား ကျောက်တော်မြို့မရဲစခန်းတွင် ဖမ်းဆီးအရေးယူထားကြောင်းလည်း သိရသည်။

ယခုလို ဖြစ်စဉ်မျိုး အပေါက်ဝ ရဲစခန်းနယ်မြေတွင် တစ်ပတ် အတွင်း နှစ်ကြိမ် ဖြစ်ပွားခဲ့သဖြင့် အမှု တစ်ခုနှင့် တစ်ခု ဆက်စပ်မှု ရှိ/ မရှိ၊ မတည်ငြိမ်မှုများ ပေါ်ပေါက်ရန် မသမာသူများက ချိန်ကိုက်လှုပ်ရှားမှု ဟုတ် / မဟုတ်ကို သက်ဆိုင်ရာမှ စစ်ဆေးလျက် ရှိကြောင်း သိရသည်။

ဧရာဝတီမြစ်ဝှမ်း ဖွံဖြိုးရေး ကမ္ဘာ့ဘဏ် ချေးငွေ သန်း ၁၀၀ နဲ့ ၅နှစ်အတွင်း ဆောင်ရွက်မည်


လွတ်လပ်စွာထုတ်ဖော်ခွင့် နှင့် ငြိမ်းချမ်းစွာစုဝေးခွင့်ဆိုင်ရာဥပဒေများ ပြင်ဆင်ရန် အမေရိကန် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တိုက်တွန်း

မျိုးသူအောင်

လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ သင်းပင်းဖွဲ့စည်းခွင့်နှင့် ငြိမ်းချမ်းစွာစုဝေးခွင့်ဆိုင်ရာ နိုင်ငံလူ့အခွင့်အရေး စံချိန် စံ ညွှန်းများနှင့် ကိုက်ညီအောင် မြန်မာနိုင်ငံ၏ ရာဇဝတ် ပြစ်မှုဆိုင်ရာ ဥပဒေများကို ပြင်ဆင်သင့်ကြောင်း အမေရိကန်အခြေစိုက် လူ့အခွင့်ရေး စောင့်ကြည့်ရေးအဖွဲ့က မြန်မာအစိုးရကို တိုက်တွန်းလိုက်သည်။

ဇွန် ၂၉ရက်က ရန်ကုန်မြို့ အလံပြဘုရားလမ်းရှိ Park Royal Hotel တွင် ပြုလုပ်သည့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်းကို ရာဇဝတ်မှုတပ်ခြင်း အစီရင်ခံစာ မိတ်ဆက်သည့် အခမ်းအနားတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"မြန်မာနိုင်ငံ အစိုးရသစ်အနေနဲ့ မည်သူ့ကိုမဆို ရဲက တံခါးလာခေါက်တာ၊ ရုံးတင်ပြီးတေ့ ရာဇဝတ်ပုဒ်မတွေနဲ့ စွဲချက်တင်ခံရတာမျိုးတွေမရှိဘဲ သူတို့အမြင်ကို ငြိမ်းချမ်းစွာ ဖော်ထုတ်တင်ပြနိုင်မယ့် ဥပဒေတွေပေါ် ထွက်လာ အောင် အပြောင်းအလဲ လုပ်ခွင့်ရထားပါတယ်။ ဒါပေမယ့်လည်း ရတဲ့ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်ခင် ကြား ကာလက ကြာချင်သလောက်ကြာလို့တော့ မရပါဘူး" ဟု လူ့အခွင့်ရေး စောင့်ကြည့်ရေးအဖွဲ့၏ အာရှတိုက်ဆိုင်ရာ ဒါရိုက်တာ ဘရက်အဒမ်က ပြောသည်။

အဆိုပါ အစီရင်ခံစာမှာ မြန်မာနိုင်ငံ၏ ရာဇသတ်ကြီးပုဒ်မများ၊ ငြိမ်းချမ်းစွာစုဝေစးခွင့် နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေများ၊ သတင်းမီဒီယာ ဥပဒေများ၊ ဆက်သွယ်ရေး ဥပဒေအစရှိသည့် ဥပဒေများ ကို လေ့လာသုံးသပ်မှုအပေါ် အခြေခံထားခြင်း ဖြစ်ကြောင်းလည်း ယင်းအဖွဲ့က ဆိုသည်။

အစီရင်ခံစာတွင် အများပြည်သူ အကျိုးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များအပေါ် လွတ်လပ်စွာ သဘောထား ကွဲ လွဲခွင့်၊ ငြင်းခုံခွင့် အပါအဝင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုကို အစိုးရက ရာဇဝတ် ပုဒ်မများတပ်ပြီး ပြစ်ဒဏ်ပေးခြင်းများကို ရုတ်သိမ်းရန် သို့မဟုတ် ပြင်ဆင်ရန် ခိုင်မာတိကျသည့် အကြံပြုချက်များကို တင်ပြထားကြောင်းလည်း သိရသည်။

အစီရင်ခံစာမိတ်ဆက်ပွဲသို့ ပြည်တွင်းရှိ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြပြီး ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေနှင့် ပတ်သက်၍ အဓိကထား ဆွေးနွေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါက်တာ ညိုညို သင်း က ဖွဲ့စည်းပုံအခြေခံဥပဒေက အကာအကွယ်ပေးထားသည့် လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်၊ ငြိမ်း ချမ်းစွာ စုဝေးခွင့်ကို အာဏာပိုင်အဖွဲ့အစည်းများက ခွင့်ပြုချက်မပေးပါက ၎င်းတို့အား တရားစွဲဆိုင့်ပြုရန် ဥပဒေ၌ ထည့်သွင်းရေးစွဲသင့်ကြောင်း အကြံပြုဆွေးနွေးခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကိုဇော်မိုးကလည်း ဆန္ဒပြသူများအား ဖြိုခွင်းရာတွင် အင်အားအလွန်အကျွံသုံးစွဲရန် စေခိုင်းသည့် အာဏာပိုင်းများအား အရေးယူရန် ဆိုသည့် အချက်နှင့် ပတ်သက်၍ နိုင်ငံတကာတွင် မည်သို့ ပြဌာန်းထားကြောင်း မေးမြန်းဆွေးနွေးခဲ့သည်။

လူ့အခွင့်ရေး စောင့်ကြည့်ရေးအဖွဲ့အနေဖြင့် လွှတ်တော်များ ပြန်လည် စတင်သည့် အချိန်တွင် လက်ရှိ အမျိုး သား လွှတ်တော်က အတည်ပြုထားသည့် ငြိမ်းချမ်းစွာ စုဝေးခွင့် ဥပဒေနှင့်ပတ်သက်၍ ဆက်လက် ဆွေးနွေးမှုများကို အနီးကပ် စောင့်ကြည့်သွားမည် ဟုလည်း သိရသည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုစုဝေးခွင့် ထိပါးနေတဲ့ ဥပဒေတွေ ပြင်ဆင်ရုပ်သိမ်းဖို့ တောင်းဆို


အစိုးရက သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်ရန် ဥပဒေပြု

အေးနိုင်


နိုင်ငံတော်သမ္မတဦးထင်ကျော်က သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကြမ်းတရပ်ကို နိုင်ငံပိုင် မီဒီ ယာတွေကနေ လွန်ခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ပြီး ဝေဖန်အကြံပြုကြဖို့ ပြည်သူတွေကို ဖိတ်ခေါ် ပါတယ်။

စာမျက်နှာ ၂၂ မျက်နှာပါရှိတဲ့ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကြမ်းမှာ အသက် ၆၀ ကျော် သက်ကြီးရွယ်အိုတွေ၊ အိုမင်းမစွမ်းတွေအတွက် လိုအပ်တဲ့စားဝတ်နေရေး၊ ကျန်းမာရေး၊စောင့် ရှောက်မှု၊ လူမှုရေးစောင့်ရှောက်မှုပေးမယ့်အစီအစဉ်ဖြစ်ပါတယ်။

အခန်း (၁၇) ခန်းပါ ဒီဥပဒေကြမ်းရဲ့ ရည်ရွယ်ချက်ထဲမှာ သက်ကြီးရွယ်အိုတွေကို အထောက်အပံ့ ပေးအပ်ခြင်း၊ ၀င်ငွေရလုပ်ငန်းတွေအားပေးခြင်းဖြင့် ၀င်ငွေလုံခြုံမှုရှိစေဖို့၊ သက်ကြီးရွယ်အိုတွေ မိမိကိုယ်မိမိ စောင့်ရှောက်မှု၊ မိသားစုစောင့်ရှောက်မှုနဲ့ အိမ်အခြေပြု၊ ရပ်ရွာအခြေပြု စောင့်ရှောက်မှုတွေ လုံလောက်အောင် ရရှိစေဖို့၊ စောင့်ရှောက်သူမဲ့ ခိုကိုးရာမဲ့ သက်ကြီးရွယ်အို တွေနဲ့ အိုမင်းမစွမ်းသူတွေအတွက် ဘိုးဘွားရိပ်သာတွေမှာ နားခိုစောင့်ရှောက်နိုင်ဖို့၊ အမျိုးသား ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေမှာ သက်ကြီးရွယ်အိုတွေ အလွယ်တကူရနိုင်တဲ့ ကျန်းမာရေး ၀န်ဆောင်မှုလုပ်ငန်းတွေ ထည့်သွင်းဆောင်ရွက်ပေးနိုင်ဖို့ စတာတွေ ပါဝင်ပါတယ်။

မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအပါအ၀င် ကော်မတီဝင် ၁၇ ဦးနဲ့ ဖွဲ့စည်းလုပ်ဆောင်ဖို့ သမ္မတက အဆိုပြုထားပါတယ်။

သက်ကြီးရွယ်အို သက်သေခံကတ်ပြားထုတ်ပေးခြင်းနဲ့ ကိုင်ဆောင်အသုံးပြုခြင်းအစီအစဉ်၊ သက်ကြီးရွယ်အိုတွေ အဆင်ပြေလွယ်ကူစွာ လှုပ်ရှားသွားလာနေထိုင်နိုင်တဲ့ ပတ်ဝန်းကျင်ဖြစ် ရေးအစီအစဉ်၊ ဘိုးဘွားရိပ်သာတည်ထောင်ခြင်းနဲ့ သက်ကြီးရွယ်အို ကြည့်ရှုစောင့်ရှောက်ရေး လုပ်ငန်းလုပ်ကိုင်မှုများလျောက်လာပါက စိစစ်ခွင့်ပြုခြင်း၊ လူမှုရေးအသင်းအဖွဲ့တွေကို အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်းတွေလည်း ပါဝင်ပါတယ်။

ရန်ပုံငွေကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ထည့်ဝင်ငွေ၊ နိုင်ငံတကာအဖွဲ့များနဲ့ ပြည်ပနိုင်ငံများမှ ထောက်ပံ့ငွေ၊ ပြည်တွင်းပြည်ပစေတနာရှင်တွေနဲ့ အန်ဂျီအိုများရဲ့ ထောက်ပံ့လှူဒါန်းငွေ၊ စီးပွားရေးအလို့ငှာ သက်ကြီးရွယ်အို ကြည့်ရှုစောင့်ရှောက်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်အတွက် ပေးသွင်းသည့်ငွေများ၊ ရန်ပုံငွေမှရတဲ့ တရားဝင်တိုးပွားငွေတွေနဲ့ ရန်ပုံငွေထူထောင်ထိန်းသိမ်း သုံးစွဲမယ်လို့ဆိုပါတယ်။

သက်ကြီးရွယ်အိုသက်သေခံကတ်ပြားကိုပြသပြီး ခံစားခွင့်တောင်းဆိုခြင်းကို ငြင်းပယ်တဲ့ပုဂ္ဂိုလ် သို့ အဖွဲ့အစည်းကို ပြစ်မှုထင်ရှားရင် နှစ်နှစ်ထက်မပိုတဲ့ထောင်ဒဏ်နဲ့ ငွေဒဏ်၊ သက်ကြီး ရွယ် အိုကို ခွဲခြားဆက်ဆံခြင်း (သို့) နှိပ်စက်ညှဉ်းပန်းခြင်းပြုကြောင်း ထင်ရှားရင် နှစ်နှစ်ထက် မပိုတဲ့ ထောင်ဒဏ်နဲ့ ငွေဒဏ်၊ ခွင့်ပြုချက်မရဘဲ စီးပွားရေးအလို့ငှာ ဘိုးဘွားရိပ်သာ (သို့) သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းလုပ်ရင် ငွေဒဏ်တွေ ကျခံစေဖို့ သတ်မှတ်ပြဌာန်း ထားပါတယ်။

ဒီဥပဒေအရထုတ်ပြန်တဲ့ နည်းဥပဒေတွေနဲ့ အမိန့်ပါ တားမြစ်ချက်ကို ချိုးဖောက်ကြောင်းထင်ရှား ရင် ထောင်ဒဏ် ၆ လထက်မပိုတဲ့ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ကျခံစေရမှာဖြစ်ပါတယ်။

ဒီဥပဒေပါ ပြစ်မှုတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က အရေးယူပိုင်ခွင့်ရှိတဲ့ ပြစ်မှုတွေအဖြစ် သတ်မှတ် တယ်လို့ နိုင်ငံတော်သမ္မတက အဆိုပြုတဲ့ ဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်။

လက်ရှိကာလဟာ လွှတ်တော်ရပ်နားနေချိန်ဖြစ်ပြီး ဒီဥပဒေကြမ်းကို လာမယ့်လွှတ်တော်အစည်း အဝေးတွေ ပြန်လည်စတင်တဲ့အခါကျမှ တင်ပြပြီး လွှတ်တော်ရဲ့ အဆုံးအဖြတ်ခံယူမှာဖြစ်ပါ တယ်။

အသက်ကြီးသူတွေ မတရား ငွေကြေးတောင်းခိုင်းတာ တွေ့ရင် တိုင်ကြားနိုင်


ဧရာဝတီတိုင်းအတွင်း ကျောက်စုပ်လိုင်စင်သစ်များကို စိစစ်ချထားပေးရန် မြန်အောင် တိုင်းလွှတ်တော်အမတ် အဆိုတင်

စည်သူမောင်မောင်

မြန်​​အောင်​မြို့နယ်​ တိုင်း​ဒေသကြီးကိုယ်​စားလှယ်​ ဦးလှမိုး​အောင်​က "​ကျောက်​စုပ်​လိုင်​စင်​သစ်များ ထုတ်ပေးသောအခါ ဌာနဆိုင်​ရာပညာရှင်​များ ကွင်းဆင်းစစ်​​ဆေးပြီးဥပ​ဒေ၊ စည်းကမ်းများနဲ့ချ​ပေး​စေလို​ကြောင်း” အဆိုကို ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအား တိုင်းလွှတ်​​တော်​ ၁၈ ရက်နေ့မြောက်တွင်​ တင်သွင်း​တောင်းဆိုခဲ့သည်​။

ဧရာဝတီတိုင်း​ဒေသကြီး ကြံခင်း၊ မြန်​​အောင်​၊ အင်္ဂပူ၊ ဟင်္သာတနှင့်​ ဇလွန်​မြို့နယ်​များတွင်​ ဧရာဝတီမြစ်​အတွင်း​ကျောက်​များကို လိုင်​စင်​စည်းကမ်း​ဘောင်​ကို ​ကျော်​လွန်​ ​ကျောက်​များစုပ်​ယူ​နေခြင်း၊ ​ကျောက်​မစုပ်​ရ သတ်​မှတ်​ထားသည့် နယ်​​မြေများတွင်​ စုပ်​ယူ​နေခြင်း၊ ဥပ​ဒေမဲ့​ကျောက်​စုပ်​ယူခြင်းကို တိုင်​ကြား​သော်​လည်း အ​ရေးမယူခြင်း၊ ထိ​ရောက်​စွာအ​ရေးမယူခြင်းတို့​ကြောင့်​ မြစ်​ကမ်းပါးများသည်​ သဘာဝလွန်​ကာ အမြန်​ကမ်းပြိုကျပြီး၊​ ဒေသခံပြည်​သူများ ​ရေ​ဘေးအန္တရာယ်​၊​ နေထိုင်​​ရေး၊ ပညာ​ရေး၊ ကျန်းမာ​ရေးကိစ္စများ အချိန်​နဲ့အမျှ ထိခိုက်​နစ်​နာ​နေရ​ကြောင်း အဆိုရှင်​ မြန်​​အောင်​မြို့နယ်​တိုင်း​ဒေသကြီးကိုယ်​စားလှယ်​ ဦးလှမိုး​အောင်​က လွှတ်​​တော်​တွင်​​ဆွေး​နွေးသည်​။

“ကျောက်​စုပ်​စက်​​လှေများ ၁၀စီး၊ အစီး၂၀အပြိုင်​​နေ့​ရောညပါ စုပ် ​ယူခြင်း၊ အဲဒီအခါ သဲ​တွေ ​ရေထဲ​မျောချင်​တဲ့​နေရာ​မျော ​အောက်​​ခြေက​ကျောက်​ထုထည်​က ကုန်း​ပေါ်​ရောက်​ပြီး မြစ်​ရဲ့ကြမ်းပြင်​ဟာ သဘာဝအ​နေအထားပျက်​ယွင်းပြီး ​ရေစီး ​ရေစွယ်​များ ဦးတည်​ရာမဲ့ထိုး​တော့တယ်​။ ထိုးလာတဲ့ ​ရေစွယ်​​တွေဟာ ​ဒေသခံပြည်​သူ​တွေရဲ့ အိုးအိမ်​ ကိုင်းကျွန်းရွာ​တွေဖျက်​​တော့တယ်​။ မီး ခိုးရင်​ ဘာမှမကျန်​ဘူးဆို​ပေမယ့် နေထိုင်​စရာ​မြေကျန်​ပါပါ​သေးတယ်။ လူလုပ်​ သဘာဝအန္တရာယ်​က ​နေထိုင်​ဖို့မကျန်​နိုင်​သလို စီးပွားရှာစားရတဲ့ ကိုင်းကျွန်း​မြေများ ဆုံးရှုံးရ​ကြောင်း” ဦးလှမိုးအောင်က ဆက်​လက်​​ဆွေး​နွေးတင်​ပြသည်​။

ဦးလှမိုးအောင်၏ အဆိုအား ကြံခင်းမြို့နယ်​တိုင်း​ဒေသကြီးကိုယ်​စားလှယ်​က ​လွှတ်​​တော်​တွင်​ဆက်​လက်​​ဆွေး​နွေးရန်​​ထောက်​ခံခဲ့ပါသည်။ ယင်းအဆိုနှင့်ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့ဝင်​ လမ်းပန်းလျှပ်​စစ်​စွမ်းအင်​ဝန်​ကြီးဦးဝင်း​ဌေးက"ကျွန်​​တော်​တို့ တိုင်းအတွင်း​ပေါများလှတဲ့ မြစ်​​ချောင်း​တွေမှာ​နေထိုင်​ကြသူ​တွေအတွက်​ အလွန်​အ​ရေးပါတယ်။ ရေ​ဘေးအန္တရာယ်​​တွေက ကာကွယ်​​ရေးတို့အတွက်​ တိုင်း​ဒေသကြီးအစိုးရက ထိ​ရောက်​စွာလုပ်​​ဆောင်​နိုင်​ဖို့အတွက်​ လွှတ်​​တော်​မှာ​ဆွေး​နွေးရန်​သင့်​​တော်​​ကြောင်း ​ထောက်​ခံအပ်​ပါတယ်​"ဟု ​ထပ်မံထောက်​ခံ​ဆွေး​နွေးခဲ့သည်​။

တပ်မတော် အနေနဲ့ အရပ်ဖက် တိုင်းရင်းသားတွေနဲ့ ဆွေးနွေးမှု အားရကျေနပ်


မြန်မာ့ ပန်းတမော့တွေ ခေတ်ဆန်းချိန်

သန်းနိုင်ဦး


အီတလီနိုင်ငံသား ပန်းပုပညာရှင် မိုက်ကယ် အိန်ဂျယ်လိုရဲ့ နာမည်ကျော် အဆိုအမိန့်တခုက “ကျောက်တုံးထဲမှာ အရုပ်က ရှိပြီးသား။ ကျနော်က မလိုတာတွေ ခွာချပေးလိုက်ရုံပဲ” တဲ့။ အီတလီနိုင်ငံ၊ ရောမမြို့က ထင်ရှားတဲ့ ကျောက်တုံး ပန်းပုပေါင်းများစွာကို မိုက်ကယ် အိန်ဂျလိုက အနုပညာလက်ရာမြောက်စွာ ထုဆစ်ခဲ့တာပါ။

မန္တလေး ကျောက်ဆစ်တန်းမှာလည်း ခေတ်သစ် မိုက်ကယ် အိန်ဂျလိုတွေ ရှိနေတယ်။ မန္တလေးမြို့ ၊ မဟာမြတ်မုနိ ဘုရားကြီး တောင်ဘက် စစ်ကိုင်း-မန္တလေး လမ်းတလျှောက်မှာ ကျောက်ဆစ်လုပ်ငန်း လုပ်ကိုင်ကြသူတွေရဲ့ ကျောက်ဆစ်တန်း ရပ်ကွက် တည်ရှိတယ်။ အဲဒီမှာ ကျောက်တုံး အရွယ်အစားစုံကို ဖြတ်တောက်၊ ထုဆစ်၊ ပုံဖော်နေတာကို တွေ့နိုင်တယ်။

ဆောက်ဖြတ်သံ၊ တူထုသံ၊ ကော်ပတ်စားသံ၊ ကျောက်စက်တိုက်သံတွေ တဒီဒီကြားနေရတဲ့ နေရာလည်းဖြစ်တယ်။ ဘုရား ဆင်းတုတော် အရွယ်အစားအမျိုးမျိုး၊ မုဒြာ အမျိုးမျိုး၊ ကွမ်ရင်မယ်တော် စတဲ့ ကိုးကွယ်ယုံကြည်မှုနဲ့ ဆိုင်တာတွေလည်း ထုဆစ်ကြတယ်။

ကျောက်စာအရွယ်စုံ၊ မြင်းစီးကျောက်ရုပ်၊ ခြင်္သေ့ရုပ်နဲ့ ခြူးရုပ် စတဲ့ ကျောက်ပန်းပုမျိုးစုံကို ကျောက်ဆစ် လုပ်သားတွေက ကျွမ်းကျင်ရာအလိုက် ထုဆစ်နေတာဖြစ်တယ်။ ကျောက်ဆစ်လုပ်ငန်း လုပ်ကိုင်ကြသူတွေထဲ အမျိုးသမီး၊ အမျိုးသား အသက်အရွယ် စုံလင်တယ်။

ကျောက်ဆစ် လုပ်ငန်းမှာသုံးတဲ့ ကျောက်တုံးတွေက မန္တလေးမြို့ရဲ့ မြောက်ဘက် မိုင် ၃၀ ကျော်အကွာမှာရှိတဲ့ မတ္တရာမြို့နယ်၊ စကျင်တောင်က ထွက်ရှိတဲ့ စကျင်ကျောက်တွေကို ထုဆစ်နေကြတာ ဖြစ်ပါတယ်။ စကျင်ကျောက်နဲ့ ထုဆစ်ထားတဲ့ ပန်းပုရုပ် အမျိုးမျိုးက ပြည်တွင်းနေရာ အနှံ့သာမက ပြည်ပနိုင်ငံတချို့အထိ ရောက်ရှိနေပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံနဲ့ ထိုင်ဝမ်အထိ ရောက်ရှိပါတယ်။

ကျောက်ဆစ်လုပ်ငန်းက မြန်မာ့ရိုးရာ ပန်း ၁၀ မျိုးမှာ ပန်းတမော့ လုပ်ငန်းအဖြစ် ထင်ရှားတယ်။ ရှေးနှစ်ပေါင်း များစွာကတည်းက ပန်းတမော့ လုပ်ငန်းဆိုတာ မြန်မာနိုင်ငံမှာ ထွန်းကားခဲ့တယ်။ ပုဂံခေတ်က ရာဇကုမာရ ကျောက်စာနဲ့ ပုဂံစေတီတွေမှာ ထည့်သွင်းခဲ့ကြတဲ့ ကျောက်ထွင်းပန်းပု (ပန်းတမော့) တွေက ထင်ရှားတဲ့ သာဓက ဖြစ်ပါတယ်။ (ပုဂံခေတ် ကျောက်ထွင်းပန်းပုတွေက သဲကျောက်တွေကို ထုဆစ်ထားတာ ဖြစ်ပါတယ်။)

ကျောက်ဆစ်တန်းမှာ ရှိတဲ့ မုဒိတာ ပန်းတမော့ လုပ်ငန်းမှာ ပုဂံခေတ် နံရံဆေးပန်းချီထဲက ပုံစံအတိုင်း မြတ်စွာဘုရားရဲ့ ဖွား၊ ပွင့်၊ ဟော၊ စံ တွေကို ထုဆစ်နေကြပါတယ်။

“ဒီပုံတွေ ထုဆစ်နိုင်ဖို့ ပုံထုတ်တာ ၃ လကြာတယ်။ တမ္ပဝတီဆရာ ဦးဝင်းမောင် ထုတ်ပေးထားတာ။ ပုံတွေ မထုဆစ်ခင် မိုလ် အရင်လောင်းပြီး စိတ်တိုင်းကျမှ ထုဆစ်ကြရတာ” လို့ ကိုမင်းသူက ပြောတယ်။ ဒီကျောက်ဆစ် ပန်းပုတွေကို စစ်ကိုင်းတောင်ရိုးအနီးက သီတဂူဆရာတော်ကြီးရဲ့ ဝိပဿနာ အကယ်ဒမီမှာ ထားရှိ အပူဇော်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကိုမင်းသူက မန္တလေး ပန်းချီပန်းပု ကျောင်းဆင်းတယောက်ဖြစ်ပြီး ကျောင်းပြီးတဲ့နောက် မိဘလက်ငုတ်လက်ရင်း ကျောက်ဆစ် လုပ်ငန်းထဲ ဝင်ရောက် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ကိုမင်းသူ အနေနဲ့ ကျောက်ဆစ်လုပ်ငန်း လုပ်ကိုင်လာတာ ဆယ်စုနှစ်တိုင်ခဲ့ပါပြီ။

ကျောက်ဆစ်လုပ်ငန်းမှာ ယခင်က လက်နဲ့သာ ထုဆစ်မှုများခဲ့ပေမယ့် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာ တရုတ်နိုင်ငံက လာတဲ့ စက်ကိရိယာတွေနဲ့ တွင်တွင်ကျယ်ကျယ် ထုဆစ်လာကြပါတယ်။

အမရပူရ တောင်လေးလုံး ကျောင်းတိုက်အတွင်းက သူဌေးဘုရားရင်ပြင်မှာ ဟံသာဝတီ ဦးဝင်းတင်၊ ဆရာ မြသန်းတင့်၊ ဆရာ တင်မိုး၊ ဆရာ ကြည်အောင် စတဲ့ ထင်ရှားတဲ့ စာရေးဆရာ၊ ကဗျာဆရာတွေရဲ့ အမှတ်တရ ကျောက်တိုင်တွေ စိုက်ထူထားပါတယ်။

ဟံသာဝတီ ဦးဝင်းတင်ရဲ့ ကျောက်ထွင်းပန်းပုရုပ်ကို ဆရာဝတ်နေကျ ရှပ်အင်္ကျီအပြာရောင်နဲ့ မျက်မှန်တပ်ထားတဲ့ ကိုယ် တပိုင်းပုံ ထုဆစ်ထားပါတယ်။ စကျင်ကျောက်သား အဖြူရောင်ပေါ်မှာ အပြာရောင် ပါလာအောင် ဘယ်လို ထုဆစ်ထားသလဲလို့ ကိုယ်တိုင်ထုဆစ်ခဲ့တဲ့ ကိုမင်းသူကို မေးခွန်းထုတ်မိတယ်။

“ကျောက်ထွင်းပန်းပုမှာ ပြာချင်လို့ ဆေးအပြာသုတ်လို့ မရဘူး။ ဆေးအပြာသုတ်ခဲ့ရင် တနှစ်လောက်ပဲ ခံမယ်။ တာရာဇိုအပြာရောင် သေချာထည့်ပြီး လုပ်ခဲ့တာကြောင့် မပဲ့မချင်း ခံသွားပြီ” လို့ သူက ပြောပါတယ်။

ကျောက်ဆစ်လုပ်ငန်းမှာ ပန်းပုထုဆစ်တဲ့အခါ မပဲ့မရွဲ့အောင် သတိကြီးကြီးထားပြီး လုပ်ကိုင်ကြရကြောင်း၊ ဆင်းတုတော်တွေ အများစုကို စကျင်တောင်မှာ ပုံကြမ်းအဆင့် ထုဆစ်ခဲ့ပြီး ကျောက်ဆစ်တန်း ရောက်မှသာ အချောကိုင်ကြကြောင်း သိရပါတယ်။

လမ်းခရီး ကွာဝေးတာကြောင့် မတော်တဆ ပဲ့မှာစိုးတဲ့အတွက် အချောသပ်လုပ်ငန်းကို ကျောက်ဆစ်တန်းရောက်မှ လုပ်ကြတာဖြစ်ပါတယ်။ ပဲ့ရင် ကော်နဲ့ကပ်ဖို့ မလွယ်ကူပါဘူး။ အခုနောက်ပိုင်း အဆင့်မြင့်တဲ့ ကော်တွေ တရုတ်နိုင်ငံက ဝင်လာတာရှိပေမယ့် ၄၊ ၅ နှစ်သာခံပြီး ပြန်ပြီး ကွာကျတာတွေ ရှိပါတယ်။

ပြည်မကြီးက တရုတ်ကုန်သည်တချို့ စိတ်ကြိုက် အရုပ်ပြပြီး အော်ဒါမှာတာ ရှိပေမယ့် ပညာရှင်ကြေး ထိုက်ထိုက်တန်တန် မရတာလည်း ရှိကြောင်း သိရတယ်။ ၂ ပေလောက်အမြင့်ရှိတဲ့ ရုပ်တုတခုအတွက် ပြည်တွင်းက ပန်းတမော့ ပညာရှင်က (သယ်ယူစရိတ် + ပစ္စည်းဖိုး+ လက်ခ) ကျပ် ၂ သိန်းလောက်သာ ရရှိကြတယ်။

အချောသပ် လက်ရာကိုတော့ ပြည်မကြီးရောက်မှ အဲဒီမှာရှိတဲ့ ကျွမ်းကျင်ပညာရှင်နဲ့ အချောကိုင်ကြတာ ဖြစ်ပါတယ်။ အချောကိုင်ပြီးရင်၂ သိန်းတန် ပန်းပုက ကျပ်သိန်း ၂၀ လောက်အထိ ဈေးမြင့်သွားကြောင်း သိရပါတယ်။

ကျောက်ဆစ် ပညာရှင်တဦးက “အခုတော့ ပြည်မကြီးက ကုန်သည်တွေက ရုပ်လုံးပေါ်ရုံလောက်ပဲ အကြမ်းထည် အပ်ကြတော့တယ်။ ဟိုရောက်မှ သူတို့ ပညာရှင်နဲ့ အချောကိုင်ကြတယ်။ ဒီမှာက ဈေးမပေးတော့ လက်ရာ မကောင်း၊ လက်ရာ မသေသပ်တော့ ဈေးမရ ဖြစ်ပြီး သံသရာ လည်နေကြတာ။ သူတို့ဆီမှာတော့ စက်ကိရိယာပိုင်းရော လက်ရာ အသေးစိတ်တာရော၊ ဈေးရော ပြည်တွင်းမှာထက် အများကြီးသာတယ်” လို့ လက်ရှိ ကျောက်ဆစ်လုပ်ငန်း အခြေအနေကို တွက်ဆပြပါတယ်။

ကျောက်ဆစ် လုပ်ငန်းအတွက် လုပ်ငန်းစဉ်တိုင်းမှာ သူ့နေရာနဲ့သူ အရေးပါတယ်။ စကျင်တောင်က ကျောက်ထုတ်ပါပြီ ဆိုကတည်းက ကျောက်ထုတ်ပညာရှင်က တောင်ပေါ်တက်ကြည့်ရတယ်။ ဘယ်အရွယ်အစား ထုတ်မယ်။ ဘယ်နေရာက ဖဲ့ချမယ်ဆိုတာ တွက်ရတယ်။ တောင်ပေါ်က ဖဲ့လာတဲ့ ကျောက်ကို ကျောက်ထုတ် ပညာရှင်တွေက ‘လေးဘက်ကျ’ ထုဆစ်ရပြန်တယ်။ (လေးဘက်ကျ ဆိုတာ ဈေးကွက်လိုအပ်ချက်ရှိတဲ့ လေးထောင့် ကုဗတုံးအရွယ်ဖြစ်အောင် ထုဆစ်တာကို ခေါ်တာပါ)

စကျင်တောင်ခြေမှာ အကြမ်းထည် ထုဆစ်တဲ့အခါရှိသလို ကျောက်ဆစ်တန်းရောက်မှ ထုဆစ်ကြတာလည်း ရှိပါတယ်။ တရုတ်ကုန်သည်တချို့ စကျင်တောင်အထိ သွားပြီး စကျင်ကျောက်တုံးတွေ အရိုင်းတုံးအတိုင်း ဝယ်ယူနေကြတာလည်း ရှိပါတယ်။ ၂၀၁၂ ခုနှစ်ဝန်းကျင်မှာ ဘာမျှ မထုဆစ်ရသေးတဲ့ စကျင်ကျောက်တုံး အရိုင်းတွေ ကားကြီးကားငယ်နဲ့ အဝယ်များခဲ့ပြီး အခုနောက်ပိုင်းမှာ အဝယ် အနည်းငယ် အေးသွားကြောင်း သိရပါတယ်။

စကျင်တောင်က ထွက်တဲ့ စကျင်ကျောက်နဲ့ ထုလုပ်ပူဇော်ထားတဲ့ ကျောက်ဆင်းတုတွေ မြန်မာနိုင်ငံ အနှံ့အပြားမှာ ရှိပါတယ်။ ပြင်ဦးလွင်က ပြည်ချစ်ဘုရား (တရုတ်ပြည် တင်ပို့ဖို့ သွားစဉ် ပွဲကောက် ရေတံခွန်အနီးမှာ ကားပေါ်က ပြုတ်ကျလို့ ကရိန်းနဲ့ ပင့်ပြီး အပူဇော်ခံထားတဲ့ဘုရား)၊ မန္တလေး ဧရာဝတီမြစ်ကမ်းအနီး ချော်ဆိပ် ရပ်ကွက်မှာ မြစ်အတွင်းက ဆယ်ယူရရှိခဲ့တဲ့ ပေါ်တော်မူဘုရား ငါးဆူ၊ မန္တလေး တောင်ခြေမှာရှိတဲ့ မန္တလေးမြို့တည် နန်းတည် မဟာလောက မာရဇိန် ကျောက်တော်ကြီးဘုရား၊ ရန်ကုန်မြို့ မင်းဓမ္မကုန်းတော်မှာရှိတဲ့ ကျောက်တော်ကြီးဘုရား (နဝတခေတ်မှာ စကျင်တောင်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဒေသစာရီကြွ ချီခဲ့တဲ့ဘုရား) စတဲ့ ဆင်းတုတော်ကြီးတွေက စကျင်ကျောက်နဲ့ ထုဆစ်ထားတာဖြစ်ပါတယ်။

စကျင်ကျောက် ဆင်းတုတော်တွေကို ဥာဏ်တော် တထွာ တမိုက်အမြင့်ကနေ ၁၈ ပေနီးပါး ဥာဏ်တော်အမြင့် အထိရှိတဲ့ ရုပ်ပွားတော်တွေကို မုဒြာအမျိုးမျိုးနဲ့ ကျောက်ဆစ် ပညာရှင်တွေ ထုဆစ်နေကြတာ ဖြစ်တယ်။

ပန်းတမော့ လုပ်ငန်းတွေဆိုတာ အရင်က မန္တလေးမြို့မှာသာ အများဆုံး လုပ်ကိုင်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာ မြို့ကြီးတချို့မှာ လုပ်ကိုင်လာကြတာတွေ ရှိပါတယ်။ ကျောက်ဆစ် ပညာရှင်တွေရဲ့ ပန်းတမော့ လုပ်ငန်းတွေက ဆက်လက် ဦးမော့နေဦးမှာ ဖြစ်ပါတယ်။

၂၁ ရာစု ပင်လုံညီလာခံ အတွက် ညီနောင်တိုင်းရင်းသားပါတီတွေ ဆွေးနွေးမည်


ကျောက်ထုတ်လုပ်ခွင့် လိုင်စင်မရှိသော ကုမ္ပဏီ (၃)ခု ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ရပ်နားခိုင်းထား

မာန်ဇာမြေမွန်

ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် တရော်ကျင်းကျေးရွာအနီးရှိ ကျောက်ထုတ်လုပ်နေသော ကုမ္ပဏီ (၃)ခုသည် ထုတ်လုပ်ခွင့်လိုင်စင် မရှိသည့်အတွက် လက်တလောထုတ်လုပ်ခြင်းအား ရပ်နားထားရန်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့က ရပ်နားခိုင်းထားကြောင်း သတင်းရရှိသည်။

ယင်းမာပင်မြို့နယ် တောင်ပုလုကျေးရွာ အုပ်စု တရော်ကျင်းကျေးရွာအနီးတွင် ရှိသည့်တောင်(၂)လုံးမှ လိုင်စင်မရှိပဲ ကျောက်ထုတ်လုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

"ကျောက်ထုတ်လုပ်ခွင့်လိုင်စင်ပြပါ ဆိုတော့ မပြနိုင်ဘူး၊ ဒါ့ကြောင့် ကျောက်ထုတာ ရပ်နားထားဖို့ပြောခဲ့တာပါ၊ နောက်ပြီး ကျောက်ထုတ်လုပ်နေတာဟာ ရွာနဲ့အလွန် နီးကပ်နေပါတယ်၊ ကျောက်မိုင်းခွဲသံတွေနဲ့ မိုင်းခွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ တုန်ခါမှုတွေ ဟာ ရွာကိုထိခိုက်စေပါတယ်၊" ဟု တရော်ကျင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးပြေငြိမ်း ကပြောသည်။

ယင်းကြောင့် ယင်းမာပင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းအား ဆက်သွယ်မေးမြန်းရာ "ထုတ်လုပ်ခွင့်လိုင်စင်က မရှိဘူး မဟုတ်ပါဘူး၊ ရှိပါတယ်၊ ဓါတ်သတ္ထုခွန် လို့ ခေါ်တဲ့အခွန်ကို ဒီနှစ်အတွက် မသွင်းသေးလို့ ရပ်နားခိုင်းတာပါ၊ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့က စစ်ဆေးပြီးတော့မှ ပြန်လည်ထုတ်လုပ်ခွင့်ကို သတ်မှတ်ပေးမှာဖြစ်ပါတယ်၊" ဟု ပြန်လည်ဖြေကြား ခဲ့သည်။

ကျောက်ထုတ်လုပ်ခြင်းများမှာ မြတောက်တောင် နှင့် တောင်ဆုံတောင် နှစ်လုံးတွင် ကျောက်ထုတ်လုပ်နေခြင်း ဖြစ်ပြီး တောင်ဆုံတောင်ခြေတွင် ကျေးရွာတည်ရှိသောကြောင့် မိုင်းခွဲမှုများပြုလုပ်ပါက ကျေးရွာရှိရေတွင်းရေကန်များ အက်ကွဲမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရပ်နားခိုင်းခဲ့သော ကုမ္ပဏီ (၃) ခုမှာ ချင်းတွင်းနဂါးကုမ္ပဏီ၊ စိုးကြည်အောင်ကုမ္ပဏီ၊ မုံရွာဆောက်လုပ်ရေးကုမ္ပဏီ တို့ဖြစ်ပြီး ၂၀၁၃-၂၀၁၄ မှစတင်၍ ကျောက်ထုတ်လုပ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာအပါဝင် ရွှေတြိဂံတွင် ဆယ်နှစ်အတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ၃ ဆမြင့်တက်

အောင်ကိုကိုလတ်


မူးယစ်ဆေးဝါး ပြဿနာဟာ ပဋိပက္ခ ဖြစ်ပွားမှုတွေနဲ့ ဆက်စပ်နေပြီး မြန်မာနိုင်ငံ အပါအ၀င် ရွှေတြိဂံဒေသမှာ ဆယ်စုနှစ်အတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ၃ ဆ တိုးမြင့်လာတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံ အပါအ၀င် ရွှေတြိဂံဒေသတွေမှာ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ဘိန်းစိုက်ပျိုးမှု ၃ ဆ မြင့်တက်ခဲ့တာဖြစ်ပြီး ကမ္ဘာတ၀န်းလုံးရဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ၂၀ ရာခိုင်နှုန်းဟာ ရွှေတြိဂံနယ်မြေဒေသက ထွက်ရှိနေတာဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ကမ္ဘာ့မူးယစ်ဆေးဝါး အစီရင်ခံစာက ဆိုပါတယ်။

ကျန် ၈၀ ရာခိုင်နှုန်းကတော့ အာဖဂန်နစ္စတန်နိုင်ငံက ထွက်ရှိနေတာ ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။

ကမ္ဘာ့လူဦးရေ ၅ ဒသမ ၂ ရာခိုင်နှုန်းက မူးယစ်ဆေးဝါး သုံးစွဲနေကြပြီး အဲဒီအထဲက ၂၉ သန်းကတော့ မူးယစ်ဆေးဝါးသုံးစွဲမှု ပြဿနာရှိသူတွေနဲ့ ကြုံတွေ့နေရတာဖြစ်တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး (ယူအန်အိုဒီစီ) ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ယူအန်အိုဒီစီ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကိုယ်စားလှယ် မစ္စတာ ဂျယ်ရမီ ဒေါက်ဂလတ်စ် (Mr.Jeremy Douglas) က “ရှမ်းမြောက်မှာ နှစ်စဉ်တိုးပြီး ထုတ်လုပ်နေတာ တွေ့ရမှာပါ။ ပြည်ထဲရေးဝန်ကြီးဌာနက ပြောသလို မူးယစ်ဆေးဝါးပြဿနာနဲ့ ပဋိပက္ခတွေဟာ ဆက်စပ်မှုရှိနေတာကို တွေ့ရမှာပါ။ မူးယစ်ဆေးဝါး ထုတ်လုပ်တာ များပြားတဲ့ ဒေသတွေမှာ ပဋိပက္ခဖြစ်ပွားမှု များပြားနေတာ တွေ့ရှိရပါတယ်။ မဲခေါင်ဒေသမှာ နှစ်စဉ် မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု တိုးတက်လျက်ရှိနေတာ တွေ့ရပါတယ်” လို့ ပြောပါတယ်။

မူးယစ်ဆေးဝါးပြဿနာဟာ နိုင်ငံတခုတည်းနဲ့ မသက်ဆိုင်ဘဲ ဒေသတွင်း ပြဿနာအဖြစ်ကို ပြောင်းလဲလာတာ တွေ့ရတယ်လို့လည်း သူက ထောက်ပြပါတယ်။

သူက ဆက်လက်ပြီး “စိတ်ကိုပြောင်းလဲစေတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရရှိမှုဟာ တကမ္ဘာလုံးမှာ နှစ်စဉ် တိုးတက်လာတာကို တွေ့ရမှာပါ။ အရှေ့တောင်အာရှမှာဆိုရင် ဖမ်းဆီးရရှိမှုဟာ ၁၉၉၈ ခုနှစ်ကနေ ဒီနေ့အချိန်အထိ ၇ ဆခန့် ပိုမိုမြင့်တက်လာတာ တွေ့ရမှာပါ” လို့ ပြောပါတယ်။

ကမ္ဘာတ၀န်းမှာ ဘိန်းသုံးစွဲမှု ကျဆင်းလာခဲ့ပေမယ့် စိတ်ကြွရူးသွပ်ဆေးဝါး သုံးစွဲမှု ပိုမိုမြင့်တက်လာတာ တွေ့ရတယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ ကုန်ကြမ်းတွေက ဆေးဝါးထုတ်လုပ်မှုများတဲ့ အိမ်နီးချင်းနိုင်ငံတွေက ၀င်ရောက်လာတဲ့အတွက် ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းနိုင်မယ်လို့ အကြံပြု ပြောဆိုခဲ့ပါတယ်။

၂၀၁၆ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါး အစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားကို ဇွန်လ ၂၇ ရက်နေ့က နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက “မူးယစ်ဆေးဝါး ရောင်းလိုအားနဲ့ ဈေးကွက်များ ခေါင်းစဉ်အောက်မှာ ကမ္ဘာ့မူးယစ်ဆေးဝါး ပြဿနာ နဲ့ ရေရှည်တည့်တံ့သော ဖွံ့ဖြိုးတိုးတက်မှုများ၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အမျိုးသမီးနဲ့ ကလေးသူငယ်များကဏ္ဍ၊ သဘာဝပတ်ဝန်းကျင် ရေရှည်တည့်တံ့မှု၊ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းများပါဝင်မှု၊ အကြမ်းဖက်မှု၊ တရားဥပဒေစိုးမိုးရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ တရားမ၀င်ငွေကြေး စီးဆင်းမှု စတဲ့ ခေါင်းစဉ်ခွဲတွေနဲ့ အကျယ်တ၀င့် အစီရင်ခံထားတာကို တွေ့ရပါတယ်” လို့ ပြောပါတယ်။

မူးယစ်ဆေးစွဲနေသူတွေ ကုသမှုဟာဆိုရင် ၂၀၀၈ ခုနှစ်က လူဦးရေ ၃ သိန်း ဆေးကုသခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ၉ သိန်းအထိ ဆေးကုသမှု ခံယူလာတယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ထိန်းသိမ်းရမှုတွေကလည်း တိုးတက်လာခဲ့ရာမှာ ၂၀၀၈ ခုနှစ်က လူ ၃ သိန်းကျော် ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ၄ သိန်းခွဲလောက်အထိ ဖမ်းဆီးရမိတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ယူအန်အိုဒီစီရဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ထုတ်ပြန်ချက်မှာ ရွှေတြိဂံဒေသအတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ မြန်မာနိုင်ငံက ဟက်တာ ငါးသောင်းငါးထောင်၊ လာအိုနိုင်ငံက ငါးထောင့်ခုနှစ်ရာ စိုက်ကြတယ်လို့ ပါရှိပြီး နှစ်နိုင်ငံပေါင်း ဘိန်းထွက်ပမာဏဟာ မက်ထရစ်တန်ချိန် ၇၃၁ နဲ့ ၈၂၃ အကြား ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

မစ္စတာ ဂျယ်ရမီ ဒေါက်ဂလတ်စ်က “ရွှေတြိဂံဒေသရဲ့ ဘိန်းထုတ်လုပ်မှု၊ ဓာတုဆေးရည် တင်သွင်းမှုနဲ့ ဘိန်းဖြူထုတ်လုပ်မှုဟာ တရာဥပဒေစိုးမိုးမှုနဲ့ ထုတ်လုပ်တဲ့ဒေသတွေရဲ့ အေးချမ်းတည်ငြိမ်မှုကို ခြိမ်းခြောက်နေဆဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဘိန်းဖြူလိုအပ်ချက် မြင့်မားမှုဟာ လက်မခံနိုင်လောက်စရာဖြစ်ပြီး ရာဇ၀တ်အုပ်စုတွေအနေနဲ့ ဒီအပေါ်ကနေ အကျိုးအမြတ် အကြီးအကျယ် ရနေကြတယ်လို့လည်း ဆိုပါတယ်။

ပဋိပက္ခဧရိယာလည်းဖြစ်၊ အပစ်အခတ်ရပ်စဲထားတဲ့အဖွဲ့တွေ အခြေချတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဟာ မြန်မာနိုင်ငံရဲ့ ဘိန်းနဲ့ ဘိန်းဖြူကုန်သွယ်ရေးရဲ့ အချက်အချာအဖြစ် ကျန်နေဆဲဖြစ်ပြီး ရွှေတြိဂံဒေသက ဘိန်းထွက်ရှိမှုရဲ့ ၉၁ ရာခိုင်နှုန်း ထွက်တယ်လို့ ဆိုပါတယ်။ လာအိုမှာတော့ မြောက်ပိုင်းခရိုင်ခုနှစ်ခုမှာ စိုက်ပျိုးကြတယ်လို့ ဆိုပါတယ်။

ဆင်းရဲမွဲတေမှု၊ ခက်ခဲတဲ့ ဘ၀အခြေအနေမှာ နေထိုင်ရမှု၊ မိသားစုတွေ အကြွေးတင်မှုနဲ့ တခြားဝင်ငွေရလမ်း မသေချာ မရေရာမှုတွေဟာ ဘိန်းစိုက်ပျိုးမှုနဲ့ ထဲထဲဝင်ဝင် ချိတ်ဆက်နေတယ်လို့လည်း ထောက်ပြထားပါတယ်။

ယနေ့ မြန်မာ့ရေးရာသတင်းများ June, 30th,2016

( 20 )ရခိုင်ပြည်နယ်က မွတ်စလင်အသိုက်အ၀န်းဟု သုံးနှုန်းသည့်အပေါ် ဂျပန်ရောက် ရခိုင်တိုင်းရင်းသားများ ဆန္ဒပြ

( 19 )ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံနယ်စပ် အခြေစိုက် ကရင်ရွာ ၂ ရွာမှ စုပေါင်းသစ်ပင်စိုက်ပွဲ ကျင်းပ

( 18 )ဒေါ်အောင်ဆန်းစုကြည် ပန်းခြံဖွင့်လှစ်နိုင်မှု နော်ဝေဘုရင်မကြီး ဂုဏ်ယူ

( 17 )ကျောက်လုပ်ငန်းကုမ္ပဏီ ၃ ခု လုပ်ငန်းလိုင်စင်မရှိ၍ လုပ်ငန်းရပ်ဆိုင်းရန် တားမြစ်ခံရ

( 16 )မြန်မာရွှေ့ပြောင်း AIDS ဝေဒနာရှင်များအတွက် ရပ်ကွက်ကျန်းမာရေးအခြေပြုစင်တာ ဖွင့်လှစ်

( 15 )ကာချုပ်နှင့် ထိုင်းကာကွယ်ရေးဝန်ကြီးတို့ တွေ့ဆုံ

( 14 )သြစတြေးလျားကရင်များ ဒုက္ခသည်များနေ့ ကျင်းပပြုလုပ်ခဲ့

( 13 )အမေရိကန် လူကုန်ကူး အစီရင်ခံစာတွင် မြန်မာ အဆင့်ကျ

( 12 )ကျပ်သိန်း ၄,၀၀၀ကျော်တန်ဖိုးရှိ ဖမ်းမိမူးယစ်ဆေးများ ကေအဲန်ယူ မီးရှို့ဖျက်ဆီး

( 11 )ကျောင်းသူကျောင်းသားများအတွက် ပညာပေး အပလီကေးရှင်း ဖန်တီး

( 10 )တိုင်းရင်းသားမီဒီယာ ဖွံ့ဖြိုးရပ်တည်နိုင်ရေး ဘီအဲန်အိုင်နှင့် ပြန်ကြားရေးဝန်ကြီးဋ္ဌာန ဆွေးနွေး

( 9 )မန္တလေးလမ်းမပေါ်တွင် ပိတ်ဆို့ရောင်းချနေသည့် ဈေးသည်များကို စည်ပင် အရေးယူမည်

( 8 )မိုးညှင်းမြို့တွင် မိုင်းအန္တရာယ် ရှောင်နိုင်ရေး အသိပညာပေး ဆွေးနွေး

( 7 )တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့-၈ ဖွဲ့နဲ့ ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံ

( 6 )အန်အယ်လ်ဒီကိုယ်စားလှယ် ၂၁ ဦး တရုတ်နိုင်ငံသို့ လေ့လာရေးခရီး ထွက်ခွာ

( 5 )လူကုန်ကူးမှု တားဆီးရေး မြန်မာအနိမ့်ဆုံး အဆင့်ရောက်

( 4 )၂၁ ရာစုပင်လုံညီလာခံ တိုင်းရင်းသားတချို့ တုံ့ပြန်

( 3 )နစ်နာသူများ အမှု မဖွင့်လို့ အရေးယူစရာ အစီအစဉ်မရှိ

( 2 )မြန်မာနိုင်ငံ လူကုန်ကူးမှုအခြေအနေ စိုးရိမ်ရဆဲ

( 1 )7 Day သတင်းစာကိစ္စ ညှိနှိုင်းနေဆဲ

Wednesday, June 29, 2016

7 Day သတင်းစာ တပ်မတော်ကို တောင်းပန်

ကျော်ခ


ပြည်တွင်း ပုဂ္ဂလိက သတင်းစာတစောင်ဖြစ်သည့် 7 Day သတင်းစာ က ၎င်းတို့ရေးသားထုတ်ပြန်ခဲ့သော တပ်မတော်နှင့် ပတ်သက်သည့် သတင်းတပုဒ်နှင့်ပတ်သက်၍ တပ်မတော်အား အစိုးရသတင်းစာနှင့် 7 Day သတင်းစာတို့မှတဆင့် တရားဝင် တောင်းပန်လွှာတခုကို ယနေ့ ထုတ် ပြန်ခဲ့သည်။

အဆိုပါ တောင်းပန်လွှာတွင် “နောင်တွင် တပ်မတော်နှင့်ပတ်သက်၍ သတင်းဖော်ပြချက်များကို စနစ်တကျ တည်းဖြတ် ဆောင်ရွက် သွား မည်ဖြစ်ကြောင်းနှင့် ယခုကဲ့သို့နားလည်မှု လွဲမှားစေခဲ့သည့် ရေးသားဖော်ပြမှုအတွက်လည်း လေးစားစွာ တောင်းပန်အပ်ပါသည်” ဟု ပါရှိသည်။

ယခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် သူရ ဦးရွှေမန်းက စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၁) ၏ (၄၇)နှစ်မြောက် ကျောင်းဆင်း ပွဲ နေ့ အထိန်းအမှတ်အတွက် ၎င်း၏ လူမှုဆက်သွယ်ရေးကွန်ရက် Facebook စာမျက်နှာတွင် ဆန္ဒပြုချက်တခု ရေးသားခဲ့သည်။

ထိုရေးသားချက်အပေါ် ကိုးကားပြီး “စစ်တက္ကသိုလ်ဆင်းညီနောင်များအား လက်ရှိအစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန် သူရ ဦးရွှေမန်း တိုက် တွန်း” ဆိုသည့် ခေါင်းစဉ်ဖြင့် ဧပြီလ ၂၄ ရက်နေ့ထုတ် 7 Day သတင်းစာ တွင် သတင်းရေးသား ထုတ်ပြန်ခဲ့ပြီး ထိုသတင်းနှင့် ပတ်သက်၍ တပ်မတော်က 7 Day သတင်းစာ ကို ပုဒ်မ (၁၃၁) ဖြင့် 7 Day သတင်းစာ၏ အယ်ဒီတာချုပ် ဦးသောင်းစုငြိမ်းနှင့် သတင်း ထောက် ကိုမင်းဟိန်းကျော် တို့ကို တပ်မတော်ဘက်က ဇွန်လ ၂၅ ရက်နေ့တွင် အမှုဖွင့်ခဲ့ပြီး ၄ ရက်အကြာတွင် ဇွန်လ ၂၉ ရက်နေ့တွင် ယခုကဲ့သို့ တောင်းပန်လွှာ ဖော်ပြလိုက်ခြင်းဖြစ်သည်။

ပုဒ်မ ၁၃၁ သည် ကြည်းတပ်၊ ရေတပ်၊ လေတပ်နှင့် ဆိုင်သော ပြစ်မှု ဖြစ်ပြီး တပ်မတော်သားများ စစ်ပုန်ကန်မှု ကျူးလွန်ခြင်းကို အား ပေးခြင်း၊ နိုင်ငံတော် သစ္စာဖောက်ဖျက်စေရန် လည်းကောင်း၊ တာဝန်ဝတ္တတရား မဆောင် ရွက် စေရန် အားထုတ်လျှင် ထိုသူကို တသက် တကျွန်း ဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ် တမျိုးမျိုး ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

သိမ်းဆည်လယ်ယာမြေ တွေအတွက်တောင်သူတွေကို နစ်နာကြေးပေး


စပါးရောင်းချတဲ့အခါ သတ်မှတ်စံနှုန်း ပေါင်ချိန်ထက် ပိုမိုချိန်တွယ်


မယ်လဒုက္ခသည်စခန်းတွင် မိမိကိုယ်ကို သေကြောင်းကြံစည်မှုမြှင့်တက်

စဖန်းရှောင်


ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတစ်ခုဖြစ်သည့် မယ်လဒုက္ခသည်စခန်းတွင် ယခုဇွန်လအတွင်း မိမိ ကိုယ်ကိုသေကြောင်းကြံစည်မှု ၃ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စခန်းအတွင်း မိမိကိုယ်ကိုသေကြောင်း ကြံစည်မှု အရေအတွက်မြှင့်တက်လာကြောင်း ကရင်ဒုက္ခသည်ကော်မတီ KRC တာဝန်ရှိသူများက ယနေ့ ပြောဆိုသည်။

KRC မှ ပြောခွင့်ရသူ နော်ဘလူးမင်းနိုက်ဇန်က “အခုက မယ်လစခန်းထက်စာရင် အခြားစခန်းတွေမှာ မဖြစ်သလောက်ပဲ။ ဘာကြောင့် ဖြစ်ရတယ်ဆိုတာလည်း အခြေခံအကြောင်းရင်းကို ရှာမရဘူး။ ခြုံပြောရရင် မယ်လစခန်းမှာ မိမိကိုယ်ကိုသေကြောင်းကြံစည်မှုနှုန်းက တော်တော်လေး မြှင့်တက်လာတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက် ဒုက္ခသည်စခန်း ၉ ခုရှိသည့် အနက် အကြီးဆုံးနှင့် လူဦးရေးအများဆုံး ဖြစ်သည့် မယ်လဒုက္ခသည်စခန်းတွင် အလားတူဖြစ်စဉ်မှာ မကြာခဏဖြစ်ပွားလေ့ရှိပြီး ၂၀၁၆ခုနှစ် ဇန်နဝါရီမှ ယခုဇွန်လ ၂၃ရက်နေ့အထိ မိမိကိုယ်ကိုသေကြောင်းကြံစည်မှု ၁၉မှုဖြစ်ပွားခဲ့ရာတွင် ၆ဦးသေဆုံးသွားကြောင်း KRC ၏ စာရင်းအရ သိရသည်။

မယ်လဒုက္ခသည်စခန်း လူမှုရေး တာဝန်ခံစောဖထောက “စခန်းမှာ အများဆုံး တွေ့ရတာက အရက်ကြောင့် ဖြစ်သွားကြတာများတယ်။ နောက်ပြီး အိမ်ထောင်ရေးကိစ္စတွေလည်း ပါတယ်။ ကျနော်တို့ဆီ ရောက်လာတဲ့ စာရင်းက ကိုယ့်ကိုကိုယ်သတ်သေလို့ သေသွားတဲ့သူတွေ စာရင်းပဲ ရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ဒုက္ခသည်စခန်းများတွင် စားနပ်ရိက္ခာနှင့် အခြားသောအကူအညီများလျော့ကျလာမှုများရှိသလို ဒုက္ခသည်များသွားလာလုပ်ကိုင်ခွင့်များတွင် ကန့်သတ်မှုများကြောင့် ဖြစ်ပေါ်လာသော စားဝတ်နေရေး မပြေလည်မှုများမှ စခန်းတွင်း နေထိုင်သူများအနေဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိလာကြောင်းလည်း စခန်းနေသူများက ပြောဆိုသည်။

ယခုကိစ္စကို ဖြေရှင်းနိုင်ရန် KRC မှ ဇွန်လ ၂၃ ရက်နေ့တွင် အရေးပေါ်အစည်းအဝေးတစ်ခုခေါ်ယူကာ ဆွေးနွေးမှုပြုလုပ်ပြီးနောက် မယ်လစခန်းတွင်း တာဝန်ရှိသူများနှင့် တိုင်ပင်ကာ စခန်းတွင်းရှိ ကရင်ကျောင်း သားကွန်ရက်(KSNG)မှ ထုတ်လွှင့်သော ရေဒီယို FM တွင် ပညာပေး အစီအစဉ်များကို နေ့စဉ်ထည့်သွင်း ထုတ်လွှင့်သွားရန်ဆုံးဖြတ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်း ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်း ၇ခုတွင် မိမိကိုယ်ကို သေကြောင်းကြံစည်မှု ၂၇ ခု ဖြစ်ပွားခဲ့ရာတွင် ၁၃ ဦးသေဆုံးခဲ့ပြီး သေကြောင်းကြံစည်မှုနှင့် သေဆုံးသူအများစုမှာ မယ်လဒုက္ခသည်စခန်းမှ ဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသား မီဒီယာ ကဏ္ဍ ဖွံဖြိုးတိုးတက်ဖို့ ဖောင်ဒေးရှင်း ထူထောင်စေချင်


လူ့အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာစာချုပ် ၆ ခုကို အမြန်ဆုံး လက်မှတ်ထိုးသင့်


ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုခဲ့သည့် မြန်မာ အလုပ်သမားတချို့ အလုပ်ဖြုတ်ခံရ

ကျော်ခ


ထိုင်းနိုင်ငံသို့ သွားရောက်သည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်ရှင်များက ခွင့်ပြုချက် မပေးသည့်ကြားက အလုပ်နား၍ သွားရောက် ကြိုဆိုခဲ့ကြသည့် ရွှေ့ပြောင်း မြန်မာအလုပ်သမား ၅၀ ကျော် အလုပ်ဖြုတ်ခံရကြောင်း သိရသည်။

အလုပ်ဖြုတ်ခံထားရသည့် အလုပ်သမားများသည် ယခုလ ၂၃ ရက်က ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် ကြိုဆိုခဲ့ကြပြီး နောက်တနေ့ အလုပ် ပြန်ဆင်းချိန်တွင် အလုပ်ရှင်က ခွင့်ပျက်ကွက်မှုဖြင့် အလုပ်ဖြုတ်လိုက်ခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီ (AAC) မဟာမိတ်အဖွဲ့ဝင် ဦးရဲမင်းက ပြောသည်။

“အလုပ်ဖြုတ်ခံလိုက်ရတဲ့သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့ ဒီခရီးစဉ် မတိုင်ခင် တပတ်လောက် ကတည်းက သူတို့သူဌေးတွေဆီမှာ ခွင့်တောင်းကြတယ်။ ဒါပေမယ့် သူဌေးက ခွင့်မပြုဘူး။ ခွင့်မပြုတဲ့ကြားက သူတို့က အလုပ်နားပြီး သွားကြိုတော့ အလုပ်ပျက်ကွက်မှုနဲ့ သူတို့ကို ဖြုတ်လိုက်တာ” ဟု ဦးရဲမင်းက ဧရာဝတီကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ထိုင်းခရီးစဉ်အတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် တွေ့ဆုံရန် စီစဉ်ထားသော်လည်း ထိုင်းအစိုးရ တာဝန်ရှိသူများက သီးခြားရွေးခြယ်ထားသည့် အလုပ်သမားများနှင့်သာ ခန်းမတွင် သီးသန့် တွေ့ဆုံခွင့်ရခဲ့သည်။

ထိုင်းနိုင်ငံရှိ ခရိုင်အသီးသီးမှ ရောက်ရှိလာပြီး အခက်အခဲများ တင်ပြရန် အားခဲထားကြသည့် အလုပ်သမားများနှင့် တွေ့ဆုံစကားပြောခွင့် မရရှိခဲ့ပေ။ ဒေါ်အောင်ဆန်းဆုကြည်နှင့် တွေ့ဆုံခွင့် မရလိုက်သည့်သူများတွင် ယခု အလုပ်ဖြုတ်ခံလိုက်ရသည့် ရွှေ့ပြောင်းအလုပ်သမား ၅၀ ကျော်လည်း အပါအဝင် ဖြစ်သည်။

ထိုနေ့က ခန်းမအပြင်၌ ရပ်စောင့်နေကြသည့် မြန်မာအလုပ်သမားများကို ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောရန် စီစဉ်ခဲ့သော်လည်း မိုးရွာသွန်းမှုကြောင့် အစီအစဉ်အား ဖျက်သိမ်းခဲ့ရသည်။ အလုပ်သမားများသည် စက်ရုံအတွင်း အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံနေရသည့် အခြေအနေများကို ဒေါ်အောင်ဆန်းစုကြည်အား တင်ပြနိုင်ကြရန်အတွက် တွေ့ဆုံရန်ကြိုးစားခဲ့ကြခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ၊ မဟာချိုင်ရှိ ချည်ထည်စက်ရုံ အလုပ်သမား ကိုနိုင်က “ကျနော်တို့က အမေစုနဲ့ တွေ့ချင်တာရယ်။ ကျနော်တို့ ကြုံတွေ့ခံစားနေရတဲ့ အခက်အခဲတွေ တင်ပြနိုင်ဖို့ ကြိုးစားခဲ့ကြတာပါ။ အဲဒီနေ့က မိုးရွာတော့ ကျနော်တို့နဲ့ တွေ့ခွင့် မရလိုက်ဘူး။ ပြောချင်တာတွေလည်း မပြောလိုက်ရဘူး။ နောက်နေ့ အလုပ်ဆင်းတော့ အလုပ်ရှင်က အဲဒီကိုသွားတဲ့ အယောက် ၃၀ ကျော်ကို အလုပ်ထုတ်လိုက်တယ်” ဟု ဧရာဝတီကို ပြောသည်။

စက်ရုံတရုံကမူ ကျွမ်းကျင် အလုပ်သမားတချို့နှင့် ထိုင်းစကား မတတ်သေးသော မြန်မာ အလုပ်သမားတချို့ကို ရွေး၍ အလုပ်ရှင်က အလုပ်ပြန်လည် ခန့်အပ်ခဲ့သော်လည်း အယောက် ၂၀ ကျော်ကို ပြန်လည်ခန့်အပ်ခြင်း မရှိကြောင်း ၎င်းက ဆက်ပြောသည်။

အလုပ်ဖြုတ်ခံရသူများသည် တခြားလုပ်ငန်း အသစ်တွင် ပြောင်းရွှေ့လုပ်ကိုင်ခွင့် ရသော်လည်း အလုပ်ရှင်က Work Permit လွှဲပြောင်းပေးခြင်း မရှိသဖြင့် အခက်ကြုံနေရကြောင်း သိရသည်။ အလုပ်သမားများနှင့် အလုပ်ရှင်အကြား ပြေလည်မှုရရေးနှင့် အလုပ်သမားများ အလုပ်ခွင် ပြန်လည် ၀င်ရောက်နိုင်ရေးအတွက် AAC အဖွဲ့က ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးနေသည်ဟု ဦးရဲမင်းက ပြောသည်။

ဇွန် ၂၃ ရက်မှ ၂၅ ရက်အထိ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းဝန်ကြီးချုပ်နှင့် ထိုင်းအစိုးရ တာဝန်ရှိသူများ အပါအဝင် ရွှေ့ပြောင်း အလုပ်သမားများ၊ မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သည်။

ထိုခရီးစဉ်တွင် နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ရေးဆိုင်ရာ သဘောတူညီချက်အပြင် အလုပ်သမား အလုပ်ခန့်ထားရေးဆိုင်ရာ သဘောတူညီချက်နှင့် အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာတို့ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အော

စီမံကိန်း အဆောက်အဦးတွေကို အရည်အသွေးပြည့်မှီဖို့ တိုက်တွန်းးတဲ့ အဆိုတင်သွင်း


မြန်မာနဲ့ ကုန်သွယ်နေတဲ့ အီးယူဈေးကွက် အပေါ် သက်ရောက်မှုရှိလာနိုင်


ကချင် ကျောင်းသား တဦး ပစ်သတ်ခံရမှု ပေါ် အစိုးရနှင့် တပ်မတော် ကို ဆန္ဒပြ

Kachinnews


ကချင် ကျောင်းသား ဂွမ်ဆိုင်းအောင် အား အစိုးရ စစ်သား တစ်ဦး တနင်္လာနေ့ ည က သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းပေါ် ကျောင်းသားနှင့် လူထု ဆန့်ကျင် ဆန္ဒပြပွဲကို ယနေ့ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် ပြုလုပ်ခဲ့သည်။

မြစ်ကြီးနား ကွန်ပြူတာ တက္ကသိုလ် ပထမနှစ် ကျောင်းသား မောင်ဂွမ်ဆိုင်းအောင် (Shd. Gum Seng Awng)၊ အသက် ၁၉ နှစ် သည် ဇွန် ၂၀ ယမန်နေ့ ည ၉နာရီ ခွဲခန့်မှာ သီတာရပ်ကွက် တွင် ပစ်သတ်ခံရခြင်း ဖြစ်ပြီး ၎င်း၏ ကိုယ်ခန္ဓာတွင် ကျည်ဆံ ဒဏ်ရာ သုံးခု တွေ့ရှိရသည်။

ဂွမ်ဆိုင်းအောင် (Shd. Gum Seng Awng) ၏ အလောင်းကို ရာဂဏန်း ရှိသည့် ကျောင်းသားထု နှင့် ပြည်သူများက မြစ်ကြီးနား ရင်ခွဲရုံမှ သူ၏နေအိမ် ကျွန်းပင်သာ ရပ်ကွက် အထိ ချီတက် ဆန္ဒပြခဲ့သည်။

ဆန္ဒပြကျောင်းသား နှင့် ပြည်သူများက “ကျောင်းသားကိုသတ်တဲ့ တပ်မတော် အလို မရှိ၊ ပြည်သူကို အကာအကွယ် မပေးသော အစိုးရနှင့် တပ်မတော် အလို မရှိ၊ စည်းကမ်းမဲ့ တပ်မတော် အလို မရှိ” စသည်ဖြင့် ကြွေးကြော် ခဲ့ကြပါသည်။

ယမန်နေ့ည လူသတ်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့၏ပြောဆိုမှုတွင် ‘လူငယ်ဘက် ၈ ယောက် က လုံခြုံရေး တပ်မတော်သား (၂) ဦးကို ဝိုင်း ထိုးကြိတ်ပြီး အသတ်ခံရသူက သေနတ် လုခဲ့တဲ့အတွက် ကျည်လွတ်သွား ကြောင်း’ ပြောခဲ့သည်။

သို့သော်လည်း သေဆုံးသူ၏ အတန်းဖော် ယမန်နေ့ည ဖြစ်စဉ်တွင် မပါဝင်သူ မောင် ဘရန်ဆန်အောင် (Shd. Brang San Awng) ဆိုသူ ပြောသည်မှာ ‘အခင်းဖြစ်ပွားချိန် အသတ်ခံရသူနှင့် အခြား သူငယ်ချင်း သူတို့ နှစ်ဦးသာ ရှိခဲ့ကြောင်း’ ဆိုပါသည်။

ထို့အပြင် သီတာရပ်ကွက်မှာ နေထိုင်သူ ‘Ba Gyi’ facebook အကောင့်ပိုင်ရှင်က “ကျွန်တော်က သီတာရပ်ကွက် က ပါ အခင်းဖြစ်ပြီး မကြာခင်ကျွန်တော် သွားခဲ့ပါတယ်။ ကချင်ကောင်လေး ကတော့ သေနတ်ဒဏ်ရာနဲ့ သေနေပါပြီ လူတချို့ကပြောလာကြတယ် စစ်သားနှစ်ယောက် သူတို့သတ်တယ်ဆိုပြီး ရပ်ကွက်ရုံးမှာ ဝန်ခံလာပါတယ် အဲတာနဲ့ စစ်သားနှစ်ယောက်ကို ကျွန်တော်ကြည့်ကြည့်တော့ ရန်ဖြစ်ထားတဲ့ပုံ လုံးဝ ပေါက်မနေပါဘူး အင်းကျီမှာ ရွံ့တွေ ပေတာ မရှိဘူး ပုံမှန်အတိုင်းဘဲ သေနေတဲ့ ကချင်လူငယ်ရဲ့ အလောင်းမှလဲ သေနတ်ဒဏ်ရာ နဲ့ကိုယ်ပေါ်မျက်နှာတွေမှာ အိုင်နေတဲ့ သွေးကလွဲပြီး ဘာဒဏ်ရာမှ မတွေ့ပါဘူး ကချင်လူငယ် စီးလာတဲ့ ဆိုင်ကယ်လဲ သေသေချာချာကို ဒေါက်ထောက်ထားတာ ကိုလည်း တွေ့ရပါတယ်” စသဖြင့် ပြောထားပါတယ်။

ယခုချိန် အမှုကျူးလွန်သူ တပ်မတော်သား နှစ်ဦး ကို မြစ်ကြီးနား အမှတ် (၁) ရဲစခန်းတွင် ထိန်းချုပ်ထားကြောင်း သိရပါသည်။

အရိုးအိုး ရှိတယ်ဆိုပြီး ၂၀၁၃ ကတည်းက တူးဖော်ခဲ့ပေမယ့် ပညာရှင်တွေကြား အငြင်းပွား


လယ် ၅.၄၈ ဧကကို မူလပိုင်ရှင် လက်ထဲကို ပြန်လည်ပေးအပ်


၂၁ ရာစုပင်လုံ ညီလာခံ သြဂုတ်လတွင် ကျင်းပရန် သဘောတူ

ထက်နိုင်ဇော်


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရက ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး ရည်ရွယ်၍ ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံညီလာခံ) ကို ၂၀၁၆ ခုနှစ် သြဂုတ်လ နောက်ဆုံးပတ်တွင် ကျင်းပနိုင်ရန် အစိုးရနှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ တို့အကြား သဘောတူညီခဲ့ကြကြောင်း သတင်းရရှိသည်။

ယနေ့ နေပြည်တော်ရှိ Horizontal Lake View ဟိုတယ်တွင် ကျင်းပသည့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အပစ်ရပ် တိုင်းရင်းသား ၈ ဖွဲ့တို့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်ရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တို့ တွေ့ဆုံစဉ် အထက်ပါအတိုင်း သဘောတူညီနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ သမ္မတရုံး ၀န်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မီဒီယာများသို့ ပြောသည်။

“၂၁ ရာစု ပင်လုံညီလာခံကို သြဂုတ်လ နောက်ဆုံးပတ်ထက် နောက်မကျစေဘဲ ကျင်းပဖို့ ဒီနေ့ အစည်းအဝေးက ဆုံးဖြတ်လိုက်တယ်။ တနိုင်ငံလုံး အပစ်ရပ်စာချုပ်အရ သွားနေတာတွေနဲ့ အခု အသစ်ပေါ်လာတဲ့ ၂၁ ရာစု ပင်လုံညီလာခံနဲ့ လုပ်ငန်း သဘော သဘာဝတွေက တူညီနေတာရှိတယ်” ဟု ဦးဇော်ဌေးက မီဒီယာများသို့ ပြောသည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် တိုင်းရင်းသားများ တောင်းဆိုသည့် အဓိက အချက်မှာ ၂၁ ရာစု ပင်လုံညီလာခံတွင် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အားလုံး ပါဝင်ခွင့် ရရှိရေး မူဖြစ်ပြီး ယင်းတင်ပြချက်ကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သဘောတူညီခဲ့သည်ဟု ညီလာခံ ပြင်ဆင်ရေး ကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ ဒီညီလာခံမှာ အားလုံး ပါဝင်နိုင်ဖို့နဲ့ ဖက်ဒရယ်နိုင်ငံကို တည်ဆောက်တဲ့ အခါမှာ ဖက်ဒရယ်စိတ်ဓာတ်နဲ့ ပါဝင်ဖို့က အဓိက ဖြစ်တယ်ပေါ့လေ။ နောက်တခုက ဆွေးနွေးပွဲမှာ ပွင့်ပွင့်လင်းလင်းနဲ့ အပြန်အလှန် ဆွေးနွေးနိုင်တာကို ၀မ်းသာတယ်၊ အားရကျေနပ်တယ်”ဟု ဦးလှမောင်ရွှေက ပြောသည်။

အစိုးရအနေဖြင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို အာမခံချက်ရှိရှိဖြင့် သန္နိဋ္ဌာန်ချမှတ် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ခွဲထွက်မည့် ကိစ္စကို ထည့်ပြောစရာပင် မလိုကြောင်း၊ ကြီးနိုင်ငယ်ညှဉ်း အလုပ်ခံရခြင်းနှင့် ခွဲခြား ဆက်ဆံခံရပါက မည်သူမဆို ခွဲထွက်ချင်မှာ ဖြစ်ကြောင်း PPST ၏ ညှိနှိုင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ “အဓိကကတော့ ယုံကြည်မှု တည်ဆောက်ပြီးတော့ ၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်ရေး ပူးပေါင်း ဆောင်ရွက်သွားဖို့ နည်းလမ်းတွေ ကျနော်တို့က တင်ပြတယ်။ ပြန်လည် နေရာချထားရေးတို့ ဖွံ့ဖြိုးရေးတို့လို လုပ်ငန်းတွေ အရင် အစိုးရနဲ့ လက်မှတ်ထိုး ထားတဲ့ ပြည်ထောင်စု အဆင့်၊ ပြည်နယ်အဆင့် အပစ်ရပ်စာချုပ် အကောင်အထည်ဖော်ဖို့ လုပ်ငန်းတွေ ဆွေးနွေးပါတယ်” ဟု ပြောသည်။

ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရအနေဖြင့် လျှို့ဝှက် ရည်မှန်းချက် မရှိဘဲ ပြည်ထောင်စု နိုင်ငံသူနိုင်ငံသားများ အားလုံး ချမ်းချမ်းသာသာ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်သည့် ဖက်ဒရယ် ပြည်ထောင်စုကို ထူထောင်ရန် ဆိုသည့် ရည်ရွယ်ချက်သာ ရှိသဖြင့် ယခုကိစ္စသည် အားလုံးပါဝင်မှသာ အောင်မြင်မည် ဖြစ်သဖြင့် အားလုံးကို ဖိတ်ခေါ်ကြောင်း ပြောသည်။

“ဒီကိုလာတဲ့ အခါမှာ ပေးဖို့ လာတယ်ဆိုတဲ့ စိတ်၊ ဒီပြည်ထောင်စုကြီး ဖြစ်ပေါ်ဖို့ အတွက် ကျနော်တို့ ကျမတို့ ဘာပေးနိုင်လဲဆိုတဲ့ စေတနာ အပြည့်နဲ့ ဒီအစည်းအဝေးကို အောင်အောင်မြင်မြင် ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က UNFC ကို နေပြည်တော်တွင် တွေ့ဆုံရန် ဖိတ်ကြားထားပြီး လာမည် ၃ ရက်အတွင်း UNFC ဘက်မှ ကြိုတင်ညှိနှိုင်းသည့် ကိုယ်စားလှယ် အဖွဲ့တဖွဲ့ နေပြည်တော်သို့ လာရောက်မည် ဖြစ်ကြောင်း၊ ထို့နောက် ဇူလိုင်လ ပထမအပတ်တွင် UNFC ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

၂၁ ရာစု ပင်လုံ ညီလာခံ ပြင်ဆင်ရေး အကြိုအစည်းအဝေး လာမည့် ဇူလိုင်လ ၃ ရက်နေ့၌ နေပြည်တော်တွင် ကျင်းပမည် ဖြစ်ကြောင်း၊ ဇူလိုင်လ ၄ ရက်နေ့တွင် အပစ်ရပ် ၈ ဖွဲ့နှင့် ညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီတို့ ဆွေးနွေးကြမည်ဖြစ်ကြောင်း ဦးလှမောင်ရွေက ပြောသည်။

“အဲဒါပြီးရင် ဆပ်ကော်မတီ ၁၊ ၂ နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြန်လည် တွေ့ဆုံပြီးတော့ အကြိုပြင်ဆင်ရေး ကိစ္စတွေ ဆွေးနွေးသွားဖို့ ရှိပါတယ်။ နောက်ဆုံး ကော်မတီဘက်က တင်ပြလိုတာကတော့ နာဂအဖွဲ့ကိုလည်း ဖိတ်ထားပါတယ်။ သူတို့လည်း မကြာမီ ရက်ပိုင်းအတွင်း နေပြည်တော်မှာ ဆွေးနွေးနိုင်ဖို့ ကျနော်တို့ ဖိတ်ထားတယ်” ဟု ဦးလှမောင်ရွှေက ပြောသည်။

ယနေ့ ဆွေးနွေးပွဲမှာ ၂ နာရီနှင့် မိနစ် ၅၀ ခန့် ကြာမြင့်ခဲ့ပြီး ဆွေးနွေးပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ခေါင်းဆောင်များ နေ့လယ်စာအတူ စားသုံးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ တပ်မတော်ဘက်မှ နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦးတို့ တက်ရောက်ကြပြီး နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ၀န်ကြီး ကျော်တင့်ဆွေ၊ ဒေါက်တာ တင်မျိုးဝင်း၊ အလုပ်သမားနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီး ဦးသိန်းဆွေ၊ ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ တိုင်ရင်းသားရေးရာဝန်ကြီး နိုင်သက်လွင်တို့ တက်ရောက်ခဲ့ကြသည်။

တိုင်းရင်းသားများဘက်မှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အဖွဲ့ ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ညှိနှိုင်းရေးမှူး ၁ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ညှိနှိုင်းရေးမှူး ၂ ပူးဇင်ကျုံး၊ အဖွဲ့ဝင်များဖြစ်သည့် ခိုင်စိုးနိုင်အောင်၊ ဒေါက်တာ နော်ကပေါ်ထူး၊ စာမိုရှေးနှင့် ရဲဘော်သံခဲတို့အပါအ၀င် စုစုပေါင်း ၂၁ ဦးတက်ရောက်ခဲ့ကြသည်။

ခွဲထွက်ခွင့်မပါတဲ့ ပင်လုံ စိတ်ဓါတ် အခြေခံပြီး ညီလာခံ ပြုလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား


သိုင်းသမားဘဝ


ကုလအထူးကိုယ်စားလှယ် မင်းဂံရပ်ကွက်နှင့် အောင်မင်္ဂလာရပ်ကွက်သို့ သွားရောက်ခဲ့

စံမောင်သန်း၊ စစ်တွေ


ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီးလီသည် ဇွန်လ ၂၃ ရက်နေ့ နံနက်က စစ်တွေမြို့ မင်းဂံရပ်ကွက်ရှိ ရခိုင်ဒုက္ခသည် စခန်းသို့လည်းကောင်း၊ စစ်တွေ အောင်မင်္ဂလာရပ်ကွက်သို့ လည်းကောင်း သွားရောက်ခဲ့သည်ဟု သိရသည်။

နံနက် ၈ နာရီကျော်တွင် စစ်တွေမြို့ မင်းဂံရပ်ကွက်ရှိ ရခိုင်ဒုက္ခသည် စခန်းသို့ ရောက်ရှိလာပြီး ဒုက္ခသည်များနှင့် မိနစ် ၃၀ ခန့် တွေ့ဆုံပြီး ဒုက္ခသည်များ၏ လက်ရှိအခြေအနေကို မေးမြန်းခဲ့သည်။

ထို့သို့တွေ့ဆုံရာတွင် ဒုက္ခသည်စခန်းမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အခက်အခဲများကို တင်ပြခဲ့ကြသည်။

“ ကျွန်မတို့ တင်ပြတာက လက်ရှိ အခုဒုက္ခသည်စခန်းမှာ ဆေးပေးခန်းမရှိသေးပါဘူး။ ဖျားနာတယ်၊ နေမကောင်းဖြစ်တယ် ဆိုရင် အနီးအနား ရပ်ကွက်ရှိ ဆေးခန်းမှာ သွားပြရပါတယ်။ ပညာရေး ကဏ္ဍမှာဆိုရင်လည်း စာသင်ကျောင်းမရှိသေးအတွက် မူလတန်းကလေးတွေဟာ အိမ်မှာပဲ ဆရာငှားပြီးတော့ ဖြစ်သလို သင်နေကြရပါတယ်။ အလယ်တန်းနဲ့ အထက်တန်း ကျောင်းသားကျောင်းသူတွေကျတော့ အခြားကျောင်းတွေမှာ သွားတက်ကြရတယ်လို့ တင်ပြလိုက်ပါတယ်”ဟု မအေးမြတ်စိုးက ပြောသည်။

သူမက ရခိုင်ဒုက္ခသည်များကို ကူညီသည့် နိုင်ငံတကာ အန်ဂျီအို အဖွဲ့အစည်းများမှာ မရှိသလောက်ပင် နည်းပါးကြောင်း တင်ပြခဲ့သည်ဟု ဆိုသည်။

“ကျွန်မတို့ဆီကို အဖွဲ့အစည်းတော်တော်များများက လာရောက်ပြီး တွေ့ဆုံမေးမြန်းမှုတွေ လုပ်ပြီး ပျောက်သွားကြပါတယ်။ လာရောက်ကူညီတာဆိုလို့ မရှိသလောက်ပဲ။ အခု လာမေးတဲ့ အဖွဲ့အနေနဲ့လည်း ဒီလို လာမေးပြီးတော့ ဘာမှ မကူညီဘဲ ပျောက်သွားမှာကို စိုးရိမ်ပါတယ်။ ဘာမှ မကူညီဘဲ ပျောက်သွားမယ်ဆိုရင် ကျမတို့အနေနဲ့ ပိုပြီးစိတ်အားငယ်ရတဲ့အတွက် လာရောက်ပြီး ကူညီပေးစေချင်ပါတယ်။ ဒီလိုမျိုးလာလည်တဲ့အတွက်နဲ့ တင်ပြခွင့်ရတဲ့အတွက် ကျမအနေနဲ့ ကျေးဇူးတင်ရှိပါတယ်လို့ မစ္စယန်ဟီးလီကို တင်ပြခဲ့ပါတယ် ”ဟု သူမက ဆက်ပြောသည်။

မစ္စယန်ဟီးလီက သူမအနေဖြင့် လူ့အခွင့်အရေးအခြေအနေကို လာရောက်လေ့လာခြင်းဖြစ်ပြီး ကုလသမဂ္ဂသို့ အစီရင်ခံရမည်ဖြစ်ကြောင်း၊ ယခု တင်ပြသည့် အကြောင်းအရာများကို အစိုးရ အာဏာပိုင်များသို့ တင်ပြသွားမည်ဖြစ်ကြောင်း၊ သူမအနေဖြင့် အကူအညီပေးနိုင်အောင် ကြိုးစားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းသို့တွေ့ဆုံပြီး ဒုက္ခသည်စခန်းအခြေအနေကို လှည့်လည်ကြည့်ရှုခဲ့သည်။

ထို့နောက် ဒုက္ခသည်စခန်းမှ အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၅ ဦးတို့နှင့် မိနစ် ၃၀ ကျော်ကြာ သီးသန့်တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင်လည်း ဒုက္ခသည်များ၏ အခက်အခဲများကို မေးမြန်းခဲ့သည်ဟု သိရသည်။

ယခုမင်းဂံ ဒုက္ခသည်စခန်းတွင် နေထိုင်သူများသည် နာဇီရွာ (စက်ရုံစုရပ်ကွက်) ဒုက္ခသည်နေရာမှ ၂၀၁၆ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် ပြောင်းရွှေ့လာသူများဖြစ်ပြီး နေအိမ် ၁၅၁ ဆောင် လူဦးရေ ၆၄၂ ယောက်ရှိပြီး ကျပန်းလုပ်စားကြသည်ဟု သိရသည်။

ထို့နောက် မစ္စယန်ဟီးလီသည် အောင်မင်္ဂလာရပ်ကွက်ရှိ ဘင်္ဂလီများနှင့် RB ကျောင်းတွင် တံခါးပိတ်တွေ့ဆုံခဲ့သည်။ မည်သည့်အကြောင်းအရာကို ဆွေးနွေးခဲ့သည်ကို မသိရှိရပါ။

ယင်းသို့တွေ့ဆုံပြီးနောက် အောင်မင်္ဂာရပ်ကွက်ရှိ အစိုးရစာသင်ကျောင်းသို့လည်း သွားရောက် ကြည့်ရှုခဲ့သည်။

ယင်းအပြင် မစ္စယန်ဟီးလီသည် ဇွန်လ ၂၂ ရက်နေ့ ညနေပိုင်းက ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ပြန်ကြားရေးဌာန လက်ထောက် တာဝန်ခံ ခိုင်မျိုးထွန်းနှင့်လည်းကောင်း၊ ဇွန်လ ၂၃ ရက်နေ့တွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဟောင်း လက်ရှိ အမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းနှင့်လည်းကောင်း သီးခြားစီ တွေ့ဆုံခဲ့သည်ဟု သိရသည်။

မစ္စယန်ဟီးလီ၏ ရခိုင်ပြည်နယ် စစ်တွေမြို့ သို့ ဇွန်လ ၂၂ ရက်နေ့က ရောက်ရှိခဲ့ပြီး သူမ၏ တစ်ညအိပ် ခရီးစဉ်အတွင်း ပုဏ္ဍားကျွန်းနှင့် ကျောက်တော်မြို့နယ်များသို့ လည်း သွားရောက်ခဲ့သည်။ ဇွန်လ ၂၃ ရက်နေ့ ညနေပိုင်းက ရန်ကုန်သို့ ပြန်လည် ထွက်ခွာသွားခဲ့သည်။

အပြည်ပြည်ဆိုရာ အနှိပ်စက်ခံများနေ့ ကျောက်ကြီးဒေသခံတွေ ရင်ဖွင့်ချက်


ကာချုပ်နှင့် အန်စီအေအပစ်ရပ် ၈ ဖွဲ့ခေါင်းဆောင်များ တွေ့မည်

အေးနိုင်


တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (EAO PPST) နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ခေါင်းဆောင်တဲ့အဖွဲ့တို့ နေပြည်တော်မှာ ဒီကနေ့ နေ့ခင်းတွေ့ဆုံကြမှာ ဖြစ်ပါတယ်။

(EAO PPST) အဖွဲ့ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ မနေ့က တွေ့ဆုံခဲ့ကြပြီးနောက် စစ်ဘက်ခေါင်းဆောင်တွေနဲ့ ဆက်တိုက် တွေ့ဆုံမှုဖြစ်ပါတယ်။

(EAO PPST) အဖွဲ့ဝင် ခွန်ဥက္ကာက “ကျနော်တို့ ဒီကနေ့နေ့လည် ၂ နာရီမှာ ကာချုပ်နဲ့တွေ့မယ်။ အရင်အစိုးရတုန်းကလည်း ဦးသိန်းစိန်နဲ့တွေ့ပြီးတော့ ကာချုပ်နဲ့တွေ့တယ်။ ဒါကလည်း ကျနော်တို့ ကြိုတင်ပြီးတော့ ခွင့်တောင်းထားလို့ပါ။ ကျနော်တို့ရှစ်ဦးပေါ့။ ဗိုလ်ချုပ်ယွက်စစ် (ရှမ်းပြည် တပ်မတော်တောင်ပိုင်း) နေရာမှာတော့ ဗိုလ်မှူးချုပ် ဘောင်ခေးနဲ့ အစားထိုးတာပဲ ရှိပါတယ်။ ကျန်သူတွေကတော့ ကျနော်တို့အဖွဲ့ဝင်တွေပါပဲ။

တပ်မတော်ဘက်က စီစဉ်တဲ့နေရာမှာပဲ တွေ့ကြမှာဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးမယ့် အကြောင်းအရာနဲ့ပတ်သက်လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာက “ပြောလိုမရသေးဘူးဗျ၊ တွေ့ပြီးမှာပဲ ကျနော်တို့။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ လက်မှတ်ထိုးပြီးနောက်၊ ငြိမ်းချမ်းရေးညီလာခံ လုပ်ပြီးတဲ့နောက်မှာ ကျနော်တို့ ၈ ဖွဲ့ကို တရားဝင်ပေါ့့ဗျာ တွေ့ဆုံတာတွေ၊ အသိအမှတ်ပြုတာ တွေ ဘာတွေ မရှိသေးတော့ အဲဒီဟာပါပဲ၊ အဓိကကတော့ ပြန်ပြီးတော့တွေ့ဆုံ၊ ပြန်ပြီးတော့ အသိအမှတ်ပြုတဲ့လက္ခဏာ၊ အဲဒါလေးပါ” လို့ ပြောပါတယ်။

မနေ့က EAO PPSTအဖွဲ့နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့တွေ့ဆုံပွဲမှာ ပြည်ထောင်စုညီလာခံ- (၂၁ ရာစုပင်လုံ) ကို လာမယ့် သြဂုတ်လနောက်ဆုံးသီတင်းပတ်ထက် နောက်မကျစေဘဲ စတင်ကျင်းပဖို့ မူအားဖြင့် သဘောတူညီခဲ့ကြပါတယ်။

လာမယ့်ရက်ပိုင်းတွေအတွင်းမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်စီအေ အပစ်ရပ်လက်မှတ်မထိုးကြသေးတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ် ကောင်စီ တိုင်းရင်းသားမဟာမိတ်အဖွဲ့ကခေါင်းဆောင်တွေ တွေ့ဆုံကြဖို့ စီစဉ်နေကြပါတယ်။

မောင်မြတ်မွန်(ဆူးလေ) ရန်ကုန်မြို့ပြအမွေနှစ်သုတေသီ နှင့် တွေ့ဆုံမေးမြန်းခန်း


ဥရောပသမဂ္ဂမှ နုတ်ထွက်သော်လည်း မြန်မာနိုင်ငံနှင့် ဆက်ဆံရေး မပြောင်းလဲဟု ဗြိတိန်သံရုံး သတင်း ထုတ်ပြန်

မဇ္ဈိမ

မဲခွဲဆုံးဖြတ်မှုအပြီး ဥရောပသမဂ္ဂမှ နုတ်ထွက်မည်ဖြစ်သော်လည်း နှစ်နိုင်ငံဆက်ဆံရေး ပြောင်းလဲသွားမည်မဟုတ်ကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ဇွန် ၂၈ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ နုတ်ထွက်မှုအား အစိုးရသစ်က ဆောင်ရွက်မည်ဖြစ်ပြီး မိမိတို့နိုင်ငံအနေဖြင့် ဂျီ-၂၀၊ ဂျီ-၇၊ ကုလသမဂ္ဂ အမြဲတမ်းအဖွဲ့နိုင်ငံနှင့် နေတိုးအဖွဲ့ဝင် နိုင်ငံအဖြစ် ဆက်လက် ရပ်တည်သွားမည်ဟု သံရုံး၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဗြိတိန်နိုင်ငံသည် ကမ္ဘာ့ ထိပ်တန်း ၁၀ နိုင်ငံ၊ အခြားနိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှု၊ ဆန်းသစ်တီထွင်မှုနှင့် မူဝါဒအပေါ် အခြေခံသည့် နိုင်ငံတကာစနစ်ကို ကျင့်သုံးသည့် နိုင်ငံအဖြစ် ဆက်လက်ရပ်တည်သွားမည်ဟုလည်း ထုတ်ပြန်ကြေညာခဲ့သည်။

"အထူးပြောလိုတာကတော့ မိမိတို့အနေနဲ့ ဒီမိုကရေစီထွန်းကားအောင် ဆောင်ရွက်နေသော၊ အရပ်ဖက်အစိုးရနှင့် တံခါးဖွင့် ၀ါဒကို ကျင့်သုံးနေသော မြန်မာနိုင်ငံနှင့် နီးစပ်သော မိတ်ဆွေနိုင်ငံအဖြစ် ဆက်လက်ရပ်တည်သွားပါမယ်။

မိမိတို့ဟာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးအစီအစဉ်တွေမှာ အဓိကပါဝင် ကူညီမယ့် နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဗြိတိန်လူမျိုးတွေရဲ့နှလုံးသား သီးသန့်နေရာမှာ ဆက်လက်ရှိနေမှာပါ" သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၁ ရာစုပင်လုံ ညီလာခံ သြဂုတ်လမှာ စတင်ဖို့ သဘောတူ


ရခိုင့် သယံဇာတ ခွဲဝေရရှိရေး လှုပ်ရှားမှု ဇူလိုင်လကုန်အထိ ပြုလုပ်သွားမည်

ဇူးဇူး


ရခိုင်ပြည်နယ်ရှိ သဘာဝ အရင်းအမြစ် သယံဇာတများကို ဒေသခံများကိုယ်တိုင် စီမံဆုံးဖြတ်ခွင့်ရရှိရေးလှုပ်ရှားမှုတရပ် အဖြစ် လူထု လက်မှတ်ကောက်ခံမှုကို ၂၀၁၆ ဇူလိုင်လကုန်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ရခိုင့်သယံဇာတခွဲဝေရရှိရေးလှုပ်ရှားမှု” ဟု အမည်ပေးထားသည့် ယင်းလှုပ်ရှားမှုကို ရခိုင်ပြည်နယ်အခြေစိုက် အရပ်ဘက် လူမှုအဖွဲ့အစည်း ၃၀ ကျော်ပူးပေါင်းဖွဲ့စည်းထားသည့် ပြည်သူ့သယံဇာတကွန်ရက်မှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး လက်မှတ် ကောက်ခံမှုများကို ၂၀၁၆ ဇွန်လဆန်းကတည်းက စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ သယံဇာတကွန်ရက်၏ ပြောရေး ဆိုခွင့်ရှိသူ ဦးထွန်းကြည်က ဧရာဝတီသို့ ပြောသည်။

အဆိုပါ လှုပ်ရှားမှုစတင်ရန် ၂၀၁၆ မေလတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ အလုပ်ရုံဆွေးနွေးပွဲတခု ပြုလုပ်ခဲ့ကြောင်း၊ လက်မှတ် ကောက်ခံမှုများကို ရခိုင်ပြည်နယ်တခုလုံးတွင် ကောက်ခံသွားမည်ဖြစ်ပြီး လက်မှတ် ၃ သိန်း ပြည့်သည် အထိကောက်ခံသွားရန် ဆုံးဖြတ်ထားကြောင်း ၎င်းက ရှင်းပြသည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၇ အရ မြေထု၊ လေထု၊ ရေထု သယံဇာတအားလုံးကို နိုင်ငံတော် ကသာပိုင်ဆိုင် တယ် ဆိုတဲ့ဟာကို နိုင်ငံတော်ကသာပိုင်တာမဟုတ်ဘဲ ပြည်သူလူထုပိုင်ပါတယ်ဆိုတာကို အစိုးရဘက်၊ လွှတ်တော် ဘက်က ပြန်လည်ပြီးပြင်ပေးဖို့အတွက် တောင်းဆိုတာပါ။ ဒါက ရခိုင်တမျိုးသားလုံးရဲ့ ဆန္ဒကိုတင်ပြခြင်းဖြစ်ပါ တယ်” ဟု ဦးထွန်းကြည်က ဆိုသည်။

ကောက်ခံပြီးသည့် လက်မှတ်များကို ဇူလိုင်လကုန်တွင် အပြီးသတ်စုစည်းပြီးနောက် နိုင်ငံတော်သမ္မတ၊ ပြည်နယ်လွှတ် တော်အပါအ၀င် လွှတ်တော်အသီးသီးနှင့် သက်ဆိုင်ရာဌာနများသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ယင်းလှုပ်ရှားမှုကို ထောက်ခံပြီး ယင်းတောင်းဆိုချက်များ သည် ပြည်သူများ၏လိုလားချက်ဖြစ်သောကြောင့် လွှတ်တော်ထဲသို့ရောက်ရှိလာလျှင် လွှတ်တော်အပိုင်းမှ တစုံတခုလုပ် ပေးနိုင်မည်ဟုမျှော်မှန်းကြောင်း ပြောဆိုသည်။

ရခိုင်ပြည်နယ်၏ သယံဇာတခွဲဝေသုံးစွဲရေးနှင့်ပတ်သက်ပြီး လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ သက်ဆိုင်ရာပြည်နယ် နှင့်တိုင်းဒေသကြီးများ၏ လုပ်ပိုင်ခွင့်များသည် ကန့်သတ်ခံထားရသည့်အတွက် ဖွဲ့စည်းပုံကိုပြင်ဆင်ရမည်ဖြစ်ကြောင်း လွှတ်တော်အမတ် ဦးဖေသန်းက ဆက် ပြောသည်။

“ဒါဟာ Resource Sharing ကိုလုပ်နိုင်တဲ့ တနည်းအားဖြင့် ဖက်ဒရယ် စနစ်ကို ပီပြင်အောင်ဖော်ဆောင်နိုင်မယ့် တွန်းအား တွေ ဖြစ်လာမယ်လို့ ယူဆပါတယ်။ လောလောဆယ်မလုပ်နိုင်ပေမယ့် ဒီလိုဖြစ်ပေါ်ဖို့အတွက် ပြည်သူတွေမှာ ဆန္ဒရှိတယ် ဆိုတာကို ဖော်ထုတ်ရာရောက်တဲ့အပြင် ဖက်ဒရယ်ပြည်ထောင်စုပေါ် ပေါက်ဖို့အတွက် စိုက်လိုက်မတ်တတ်ကြိုးစားနေတဲ့ နိုင်ငံတော်အစိုးရကို ပိုပြီးတော့တွန်းအားတခုဖြစ်စေလိမ့်မယ်။ အထောက်အကူတခုဖြစ်စေလိမ့်မယ်” ဟု ဦးဖေသန်းက ရှင်းပြသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၇(က)တွင် “နိုင်ငံတော်သည် နိုင်ငံတော်ရှိမြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေ ပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်” ဟု ပြဋ္ဌာန်းထားသည်။

ပြည်သူ့သယံဇာတကွန်ရက်သည် ဗဟိုချုပ်ကိုင်မှုလျော့ချရေးနှင့်သယံဇာတခွဲဝေရရှိရေးဟူသည့် ရည်ရွယ်ချက်များဖြင့် ၂၀၁၄ ခုနှစ်တွင် ရခိုင်ပြည်နယ်အခြေစိုက်အရပ်ဘက်အဖွဲ့အစည်း ၃၀ ကျော်ဖြင့်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး “သယံဇာတ ကျိန်စာ ကိုတိုက် ဖျက်ခြင်းနှင့် ဗဟိုချုပ်ကိုင်မှုလျော့ချခြင်း” ဆိုသည့် အစီရင်ခံစာတစောင်ကိုလည်း ၂၀၁၅-၁၆ တွင် ထုတ်ဝေခဲ့ ကြောင်း သိရ သည်။

လည်ပင်းရှည် ကြေးကွင်းပတ် ကယန်းအမျိုးသမီး တချို့ မွေးရပ်မြေ ပြန်


ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေ စံချိန်စံညွှန်းမီရဲ့လား

ယဉ်ယဉ်ခန့်


ပုဂ္ဂလိက ကိုယ်ပိုင်အထက်အတန်းကျောင်းတွေ တနှစ်နဲ့ တနှစ်တိုးပြီး ဖွင့်လှစ်ခွင့်ပေးလိုက်တာ အခုဆို မန္တလေးတိုင်းမှာ ၁၀၀ကျော် ရှိနေပါပြီ။ ကိုယ်ပိုင်ကျောင်းတွေ အများအပြား ဖွင့်လှစ်လာပေမယ့် ကျောင်းအချို့က သတ် မှတ်ထားတဲ့ စံချိန်စံညွန်းနဲ့ မညီသေးတာတွေ ရှိနေပါတယ်။

ကိုယ်ပိုင်ကျောင်းဖွင့်လှစ်နိုင်ဖို့ သတ်မှတ် အရည်အချင်းတွေ ထုတ်ပြန်ထားပေမယ့် ကိုယ်ပိုင်ကျောင်း အချို့က ထုတ်ပြန် ချက်တွေနဲ့ မကိုက်ညီဘူး။ ပညာရေးဝန်ကြီးဋ္ဌာနက ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းတွေနဲ့ ပတ်သက်ပြီး အ ဆောက်အအုံ၊ စာသင်ခန်း၊ ကျန်းမာရေး စတာတွေကို စံနှုန်းသတ်မှတ်ထားပြီးသားပါ။

အဆောက်အအုံနဲ့ ပတ်သက်ပြီး သတ်မှတ်ထားတဲ့ ကျောင်းအကျယ်အ၀န်းရှိရမယ်။ အရေးပေါ်ထွက်ပေါက် ရှိရမယ်။ လေ ၀င်လေထွက်ကောင်းရမယ်။ မီးသတ်ဆေးဘူး ထားရမယ်။ သင်ကြားရေးနဲ့ ပတ်သက်ပြီး စတုရန်းပေ ၄၀ ပတ်လည် စာ သင်ခန်းတခန်းမှာ ကျောင်းသားဦးရေ ၄၀ ပဲရှိရမယ်။

ဇီဝ၊ ဓာတု၊ ရူပစတဲ့ လက်တွေ့သိပ္ပံစမ်းသပ်ခန်းတွေပါရမယ်။ အားကစားကွင်း ပါရမယ်။ စုဝေးခန်းမ (Assembly) ပါရမယ်။ စာကြည့်တိုက်ပါရမယ်။ ပန်းချီ ဂီတခန်း၊ ကွန်ပျူတာခန်း ပါရမယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကျောင်းအိမ်သာ၊ စားဖို ဆောင်၊ သောက်သုံးရေ သန့်ရှင်းရမယ်။ တကယ်လို့ ကျောင်းဖွင့်ခွင့် လျှောက်တဲ့အခါမှာ အဲဒီအခန်းတွေ ပါကြောင်း ဓာတ် ပုံနဲ့တကွ တင်ပြပြီး လျှောက်ရတာပါ။

ကိုယ်ပိုင်ကျောင်းအချို့က ကျောင်းဖွင့်ဖို့ မြေနေရာ အခက်အခဲကြောင့် ကစားကွင်းနဲ့ စာသင်ခန်း မလုံလောက်ဘူး။ တခန်း ကို ကျောင်းသားအယောက် ၄၀သာ သင်ရမယ်ဆိုပေမယ့် ၄၀ ထက်ကျော်ပြီး သင်နေရတဲ့ ကိုယ်ပိုင်ကျောင်းတွေရှိတယ်။ တချို့က ပေ၄၀ x ပေ ၆၀ မြေနေရာမှာ သုံးလေးထပ်အထပ်မြင့်ဆောက်ပြီး ကိုယ်ပိုင်ကျောင်းဖွင့်ထားတာလည်း ရှိတယ်။

အခု နောက်ပိုင်း ဖွင့်လှစ်ခွင့်ရတဲ့ကိုယ်ပိုင်ကျောင်းတချို့က ကျောင်းဖွင့်နိုင်ဖို့ ဖွင့်ခွင့်ရထားပြီးသား နာမည်ကြီးကျောင်းတွေ မှာရှိတဲ့ စာကြည့်တိုက်၊ သိပ္ပံခန်း၊ ကွန်ပျူတာခန်းတွေကို ဓာတ်ပုံရိုက်ယူပြီး ကျောင်းဖွင့်ခွင့်ရဖို့ လျှောက်ကြတယ်။ အစိုးရ အနေနဲ့ ကိုယ်ပိုင်ကျောင်းတွေကို ဘယ်လိုမူဝါဒနဲ့ ချပေးနေလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။

ကိုယ်ပိုင်ကျောင်းတွေကို သတ်မှတ်တဲ့အရည်အသွေးနဲ့ မပြည့်စုံဘဲ ဖွင့်ခွင့်ပြုခဲ့ခြင်းကြောင့် နောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်ပါတယ်။ တကယ်လို့ ကိုယ်ပိုင်ကျောင်းဆက်ဖွင့်ဖို့ အမြတ်အစွန်း နည်းတာပဲဖြစ်ဖြစ်၊ ကျောင်းသားဦးရေလျော့ ကျလာတာကြောင့်ဖြစ်ဖြစ် ရုတ်တရက် ကျောင်းပိတ်ရရင် လက်ခံထားတဲ့ ကျောင်းသားတွေကို ဘယ်သူ တာဝန်ယူမလဲ၊ဖွင့်ခွင့်ပေးတဲ့အစိုးရ၊ ဒါမှမဟုတ် တိုင်းဒေသကြီး အစိုးရအဖွဲ့က တာဝန်ယူမှာလား။ ပညာရေး ၀န်ကြီးဋ္ဌာနက တာဝန်ယူ မှာလား၊ အဲဒီ ကျောင်းသားရဲ့အာမခံချက်ကို ဘယ်လိုပေးထားလဲ။

စာမလိုက်နိုင်တဲ့ ကျောင်းသားကို နည်းမျိုးစုံသုံးပြီး ကျောင်းကနေ ထုတ်ခဲ့ရင် အဲဒါကို ဘာနဲ့ ကာကွယ်မလဲ။ ကျောင်းသား မိဘတွေကြိုတင်စဉ်းစားရမယ့်ဖြစ်လာနိုင်တဲ့ ပြဿနာတွေပါ။ ကိုယ်ပိုင်ကျောင်းတကျောင်းမှာ ကျောင်းတက်နေတဲ့ ကျောင်းသားတဦးရဲ့ မိဘတဦးက အခုလို ရင်ဖွင့်ပြီး ပြောပြတယ်။

“တကယ်တော့ ကျောင်းသားမိဘတွေခမျာ ကိုယ်လုပ်တဲ့အပြုအမူ ကိုယ်ပြန်ခံနေရတာပါ။ အစိုးရကျောင်းမှာတုန်းက ပိုက် ဆံ ပိုတောင်းရင် တိုင်လိုက်တာပဲ၊ စာသင်တာမကောင်းရင် တိုင်လိုက်တာပဲ။ သင်ရိုးမကုန်ရင်လည်း တိုင်ပြန်ပြီ၊ ကိုယ်ပိုင် ကျောင်းတွေမှာ ကျောင်းလခ အဆမတန် တောင်းတာ ဘာသံမှ မထွက်ရဲဘူး။ နေရထိုင်ရ အဆင်မပြေလည်း မပြောရဲကြ ဘူး။ မနက်ကျောင်းချိန် တက်ရတဲ့ ကျောင်းသားတွေက နေ့လယ် နှစ်နာရီမှာ ရေချိုးရတယ်။ နွေခေါင်ခေါင် နေ့လယ်ဘက် ကြီး ရေချိုးခိုင်းတာကို မိဘတွေမှာ မနှစ်သက်ဘူး။ ကိုယ်ပိုင်ကျောင်းက ဘာလုပ်လုပ် မိဘတွေမှာ နှုတ်ဆိတ် နေတာများ တယ်။”

အစိုးရကျောင်းထက်အဆပေါင်းများစွာ အကုန်အကျခံပြီး ကိုယ်ပိုင်ကျောင်းမှာ ပြောင်းထားကြပေမယ့် စီမံခန့်ခွဲမှု ညံ့တဲ့ကိုယ်ပိုင်ကျောင်းအချို့ကြောင့် မိဘတွေ စိတ်မချမ်းသာ ဖြစ်ကြရတယ်။ ကျောင်းသားတွေမှာလည်း စိတ်မပျော်ရွှင်နိုင်ကြ ဘူး။

ကိုယ်ပိုင်ကျောင်းမှာ အဆောင်နေ ဆယ်တန်းကျောင်းသားတယောက်ရဲ့ ကျောင်းစရိတ်က ပညာသင်နှစ် တနှစ်စာ အတွက် ကျပ် ( ၂၅-၃၀)သိန်းလောက်ရှိတယ်။ ကျောင်းတက်ဖို့ ကျောင်းအဆောင်ကို သွားပို့တဲ့နေ့မှာပဲ မိဘတွေခမျာဝမ်းနည်းမျက်ရည်နဲ့ ဖြစ်ခဲ့ရတယ်။

ကိုယ့်သားသမီးနေမယ့်အဆောင်က ထင်ထားသလို မဟုတ်ဘဲ နေရာကျပ်တယ်။ ပန်ကာမလုံလောက်လို့ ညဘက် ကောင်းကောင်း မအိပ်နိုင် စာမလုပ်နိုင်ဖြစ်ရတယ်။ ကျောင်းသားဦးရေက တနှစ်ထက် တနှစ် တိုးလာပေမယ့် နေဖို့ထိုင်ဖို့ အခန်းနဲ့ စာသင်ခန်းတွေက နေရာအခက်အခဲကြောင့် မတိုးချဲ့နိုင်သေးဘူး။

စာသင်ခန်းထဲမှာ သတ်မှတ်ထားတဲ့ လူဦးရေထက် နှစ်ဆလောက် ပိုများနေတယ်။ နေတဲ့အဆောင်မှာလည်း စာကြည့် စားပွဲကို သီးသန့်နေရာမထားနိုင်ဘဲ ခေါက်စားပွဲကို ကိုယ့်အိပ်မယ့် ကုတင်ပေါ်တင်ပြီး စာလုပ်ရတယ်။ ဆယ်တန်းတက် မယ့်သမီးကို ကိုယ်ပိုင်ကျောင်းမှာ အဆောင်နေသွားထားတဲ့ မိဘတယောက်က သူ့အဖြစ်ကို ဒီလိုပြောပြတယ်။

“ပိုက်ဆံချမ်းသာပြီး ကိုယ့်ကလေးတွေကို အဲဒီမှာ သွားပြီး ဒုက္ခခံခိုင်းသလို ဖြစ်နေပြီ။ တရက်မှ စိတ်မချမ်းသာရဘူး။ ဒီကြား ထဲ ကိုယ့်ကလေးက အတန်းထဲမှာ အဆင့်မကောင်းမှာလည်း ပူရသေးတယ်။ အဆင့်မကောင်းရင်လည်း နောက်ဆုံး အတန်းပို့ခံနေရဦးမယ်၊ ကိုယ်ပိုင်ကျောင်းထားလည်း ဘာမှတော့ ပိုမထူးလာပါဘူး။ ကလေးရော မိဘတွေပါ ပိုပင်ပန်း တယ်”

ကိုယ်ပိုင်ကျောင်းမှာ စာညံ့တဲ့ကလေးတွေကို သီးခြားခွဲထားတယ်။ ဂုဏ်ထူးထွက်မယ့် ကလေးကိုပဲ ဂရုစိုက်ကြတော့တယ်။အတန်းတင် စာမေးပွဲဖြေဖို့ လျှောက်လွှာတင်ရမယ့်အချိန်ရောက်ရင် ဘယ်သူက ဂုဏ်ထူးထွက်နိုင်တယ်၊ ဘယ်သူက အောင်နိုင်တယ်။ ဘယ်သူက ကျနိုင်တယ်ဆိုတာ သေသေချာချာသိရပြီ။

စာညံ့တဲ့ကလေးတွေကို အခန်းသပ်သပ် စုထားပြီး ဂရုတစိုက် စာမသင်ပေးကြတော့ဘူး။ ဂုဏ်ထူးထွက်နိုင်လောက်တဲ့ ကျောင်းသားတွေကို သီးသန့်စပယ်ရှယ်တန်းဆိုပြီး ဆရာသီးသန့်နဲ့ သေချာကြပ်မတ် သင်ကြားပေးတယ်။ ကိုယ်ပိုင် ကျောင်းတွေရဲ့အဓိက ရည်ရွယ်ချက်က အောင်ချက်မြင့်မားရေးနဲ့ ဂုဏ်ထူးများများ ထွက်ဖို့ပဲဖြစ်တယ်။

ကိုယ်ပိုင်ကျောင်းတွေမှာ တနှစ်နဲ့တနှစ် ကျောင်းသားဦးရေ တိုးလာပေမယ့် အစိုးရကျောင်းတွေမှာ ကျောင်းသားဦးရေ လျော့လျော့လာတယ်။ အထူးသဖြင့် ဆယ်တန်း ကျောင်းသားဦးရေ လျော့လာတယ်။ ဒါဟာ အစိုးရကျောင်းတွေအတွက် ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။

အစိုးရကျောင်းတွေကို မိဘနဲ့ ကျောင်းသားတွေ အယုံအကြည်နည်းလာတာဟာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ (အစိုး ရကျောင်းတွေမှာ ရှိတဲ့ ဆရာ/ဆရာမတွေက သင်ကြားရေးအပြင် သင်ကြားရေးနဲ့ မသက်ဆိုင်တဲ့ အခြား ဗာဟီရကိစ္စတွေ မှာ အချိန်ပေးနေရတာတွေလည်း ပြန်လည်စဉ်းစားသုံးသပ်ရမယ့် အချိန်ရောက်နေပါပြီ။)

အခုအချိန်မှာ အစိုးရကျောင်းတွေကို ပြန်ပြီး အဆင့်မြှင့်တင်ဖို့ လိုနေပါပြီ။ အစိုးရကျောင်းတွေမှာ ကစားကွင်း၊ စာကြည့် တိုက်၊ သိပ္ပံခန်းတွေ၊ စုဝေးခန်းမတွေ၊ အနုပညာအချိန်၊ ကာယချိန်၊ အသင်းအပင်း စတဲ့ အားသာချက်တွေ ရှိနေပြီးသား ဖြစ်တယ်။ အဲဒီအားသာချက်တွေကို အကျိုးရှိရှိ အသုံးချကြရမှာ ဖြစ်ပါတယ်။

ကိုယ်ပိုင်ကျောင်းအချို့ရဲ့သင်ကြားရေးပုံစံက ဈေးများများယူထားတဲ့ ကျူရှင်အကြီးစားသာဖြစ်နေသေးပြီး စာကိုလည်း သင်၊ စိတ်ကိုလည်းသင်တဲ့ ကိုယ်ပိုင်ကျောင်းတွေ များလာမှသာ လူ့အဖွဲ့အစည်း တိုးတက်လာမှာဖြစ်ပါတယ်။

ပရီးမီးယား ကော်ဖီထုတ်လုပ်တဲ့ ကုမ္ပဏီကို တရားစွဲ


ကုလ အထူးကိုယ်စားလှယ် ယန်ဟီးလီနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေး

စံမောင်သန်း၊ စစ်တွေ


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီသည် ရခိုင်ပြည်နယ် စစ်တွေ လေဆိပ်သို့ မြန်မာ့လေကြောင်းဖြင့် နံနက် ၉ နာရီ ခွဲကျော်တွင် ရောက်ရှိလာပြီး လေဆိပ်တွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က “ဒီလိုရောက်ရှိလာတဲ့အတွက် ၀မ်းသာကြိုဆိုပါတယ်။ ရခိုင်ပြည်နယ်ရဲ့ ပြောင်းလဲနေတဲ့ အခြေအနေကို လေ့လာပြီး ကုလသမဂ္ဂ အနေနဲ့ ပြောင်းလဲ လုပ်ဆောင်ရမယ့် အခြေအနေတွေကို သိရှိခွင့်ရလိမ့်မယ်လို့ မျှော်လင့် ပါတယ်။ မစ္စယင်ဟီလီအနေနဲ့ အရင်တုန်း ကလည်း အကြိမ်ကြိမ် ရောက်ရှိ ခဲ့ပါပြီ။ ပြောင်းလဲနေတဲ့ အခြေအနေကို လေ့လာပြီး ပူးပေါင်း ဆောင်ရွက်နိုင်ရင် အခြေအနေကောင်းတွေ ပေါ်ပေါက် လာလိမ့်မယ် လို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိနေသည့် နှစ်ဘက်လူမှု အဖွဲ့အစည်း ၏ ပြောင်းလဲ လာသည့် အခြေအနေအပေါ်မူတည်၍ အေးအေးချမ်းချမ်းနှင့် ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်နယ် ၀န်ကြီးချုပ်က ပြောကြား ခဲ့သည်။

သူက ဆက်လက်၍ “ယခု အစိုးရသစ်လက်ထက်မှာ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက်ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး လုပ်ဆောင်နေပါတယ်။ ဒီလိုလုပ်နေတာနဲ့အညီ တိုးတက်ပြောင်း လာတဲ့ အခွင့်အလမ်း အခွင့်အရေးတွေကို အသုံးချပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်။ ဒေါ်စု အပေါ်မှာ တကမ္ဘာလုံးက လက်ခံ ယုံကြည်နေတဲ့အတွက် သူမရဲ့လုပ်ဆောင်ချက် အပေါ်မှာ ဘာသံသယမှ ရှိစရာမလိုပါဘူး။ ဒေါ်စုရဲ့ ဦးဆောင်မှု အောက်မှာ ရခိုင်ပြည်နယ်အစိုးရက လုပ်ဆောင်နေတဲ့အတွက် ကျနော်တို့ရဲ့ ဆောင်ရွက်မှုအပေါ်မှာလည်း ဘာသံသယမှ ရှိစရာမလိုဘူး။ ပြောင်းလဲလာတဲ့ အခြေအနေ အပေါ်မူတည်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျနော့်အနေနဲ့ ယုံကြည်ပါတယ်”ဟု ပြောကြားခဲ့သည်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက ရခိုင်ပြည်နယ်တွင် မကြာသေးမီ က ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့မှု အပေါ် စိုးရိမ်ပူပင်ကြောင်း ပြောကြားခဲ့သည်။

သူမက “အခုခရီးစဉ်ကို ၀န်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရအဖွဲ့က လက်ခံကြိုဆိုတဲ့အတွက် ၀မ်းသာပျော်ရွှင်မိပါတယ်။ ပထမကိစ္စက ရခိုင်ပြည်သူပြည်သားတွေ ရဲ့ ပြဿနာပြေလည်ရေး အတွက် ဖြေရှင်းရေး အတွက်ဆောင်ရွက်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်သွားပါ့မယ်။ ရခိုင်ပြည်နယ်မှာ မကြာသေးမီက ရေကြီး ရေလျှံမှု ဖြစ်ပေါ်ခဲ့မှုအပေါ် ကျမအနေနဲ့ စိုးရိမ် ပူပင်ခဲ့ရပါတယ်”ဟု ပြောကြားသည်။

ရခိုင်ပြည်နယ် အရေးကိစ္စများကို ဦးစားပေးပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ဦးရွက် လုပ်ကိုင်ဆောင်ရွက်နေမှုအပေါ် ၀မ်းသာအားရကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောကြားခဲ့သည်။

မစ္စယန်ဟီးလီက “ရခိုင်ပြည်နယ်ရဲ့ အရေးကိစ္စတွေကို ဦးစားပေးပြီး ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် ဦးဆောင်ဦးရွက်လုပ်နေတဲ့အတွက် အထူးဝမ်းသာအားရဖြစ်မိပါတယ်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် လုပ်ဆောင်တဲ့နေရာမှာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အောက်ကနေပြီးတော့ ကူညီလုပ်ဆောင်သွားပါမယ်။ ဒီလို ရခိုင်ပြည်နယ်ရဲ့ ရှုပ်ထွေးနေတဲ့ အခြေအနေတွေကို ဖြေရှင်းဖို့ ကြိုးစားနေတဲ့ အတွက် အထူးကျေးဇူး တင်ရှိပါတယ်”ဟု ထပ်လောင်း ပြောကြားခဲ့သည်။

ထိုကဲ့သို့ ဆွေးနွေးရာတွင် ရခိုင်ပြည်နယ်ဆိုသည့် အသုံးအနှုန်းကိုသာ သုံးနှုန်းပြောဆို သွားခဲ့ပြီး၊ ရိုဟင်ဂျာ ဆိုသည့် အသုံးအနှုန်းကိုလည်းကောင်း၊ ရခိုင်ပြည်နယ်မှ မူဆလင်အသိုင်းအ၀ိုင်း ဆိုသည့် အသုံးအနှုန်းကိုလည်းကောင်း ပြောဆိုသုံးနှုန်းသွားခြင်း မရှိဟု သိရသည်။

ဝန်ကြီးချုပ်နှင့် ၁၅ မိနစ်ခန့် တွေ့ဆုံဆွေးနွေးပြီး လေဆိပ်မှ ၁၀ နာရီခန့် ထွက်ခွာသွားခဲ့သည်။

ယနေ့တွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး၊ အခြားဝန်ကြီးတစ်ချို့၊ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲတစ်ချို့လည်း တက်ရောက်ခဲ့ကြသည်။

ယနေ့တွင် ယန်ဟီးလီသည် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကာဒီ(ဘင်္ဂလီ) ကျေးရွာနှင့် စစ်ဘေးရှောင်များ ခိုလှုံလျက်ရှိသည့် ပုဏ္ဍားကျွန်း မြို့နယ် ပညာဝ ကျေးရွာသို့ ခရီးဆက်မည်ဟု သိရသည်။

ယခုခရီးစဉ်သည် မစ္စယန်ဟီးလီ၏ ရခိုင်ပြည်နယ်သို့ တတိယ ခရီးစဉ်ဖြစ်သည်ဟု သိရသည်။

ရွှေတြိဂံဒေသ တွေမှာ ဆယ်စုနှစ်အတွင်း ဘိန်းစိုက်ပျိုးထုတ်မှု ၃ ဆမြင့်တက်


ရလဒ်ဆိုးများကြောင့် ရခိုင်ယူနိုက်တက်အသင်း နည်းပြ အပြောင်းအလဲပြုလုပ်

ရဲရင့်ဋ္ဌေး

မြန်မာနေရှင်နယ်လိဂ်ကလပ် ရခိုင်ယူနိုက်တက်အသင်းသည် အသင်းရလဒ်ဆိုးများကြောင့် နည်းပြချုပ် ဦးအောင်ဇော်မျိုးကို လက်ထောက်နည်းပြရာထူးသို့ လျှော့ချခဲ့ပြီး လက်ထောက်နည်းပြနှစ်ဦးဖြစ်သော ဦးညွန့်ဝင်းနှင့် ဦးကြည်သိန်းတို့ကို ရာထူးမှထုတ်ပယ်ခဲ့သည်။

ရခိုင်ယူနိုက်တက်အသင်းမှာ မြန်မာနေရှင်နယ်လိဂ် မြန်မာနေရှင်နယ်လိဂ်နောက်ဆုံးလေးပွဲဆက် ရှုံးနိမ့်ခဲ့ပြီး အမှတ်ပေးဇယားအဆင့် ၁၀သို့ရောက်ရှိနေကာ တန်းဆင်းဇုန် အတွင်းမှ ဆောက်သမ်းအသင်းနှင့် တစ်မှတ်သာကွာဟတော့သည်။

ရခိုင်အသင်းထုတ်ပြန်ချက်တွင် ယခုနှစ်ဘောလုံးရာသီ၌ အသင်းကို ငွေကြေးအကုန်အကျခံပြင်ဆင်ထားခြင်းမှာ တန်းဆင်းဇုန်အတွင်းရုန်းကန်ရန်မဟုတ်ပဲ အလယ်အလတ်အဆင့်တွင် ရပ်တည်နိုင်ရန်ရည်ရွယ်ထားသည့်အတွက် နည်းပြအဖွဲ့အပြောင်းအလဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ယူနိုက်တက်အသင်းအနေဖြင့် နည်းပြချုပ် ဦးအောင်ဇော်မျိုးနေရာတွင် အစားထိုးရန် နည်းပြချုပ်တစ်ဦးကို တစ်ပတ်အတွင်း ခန့်အပ်မည်ဖြစ်သည်။

ပန်းပျိုးသူများစာသင်ဝိုင်း ၂ နှစ်ပြည့် အထိမ်းအမှတ် ပြုလုပ်


၂၁ ရာစုပင်လုံညီလာခံ စက်တင်ဘာမတိုင်ခင်စရန် မူအရသဘောတူ

အေးနိုင်


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ)ကို လာမယ့်သြဂုတ်လနောက်ဆုံး သီတင်းပတ်ထက် နောက်မကျစေဘဲ စတင်ကြဖို့ အစိုးရနဲ့ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ မူအားဖြင့် သဘောတူညီခဲ့ကြပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အစိုးရကိုယ်စား လှယ်အဖွဲ့နဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့က ခေါင်းဆောင်တွေဟာ ဒီနေ့ မနက်ပိုင်းမှာ Horizon Lake View Resort ဟိုတယ်မှာ ၂ နာရီနဲ့ မိနစ် ၅၀ ကြာ ဆွေးနွေးခဲ့ကြတာပါ။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁ ရာစုပင်လုံ) အကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက “အဓိကတော့ မကြာခင်မှာပြုလုပ်မယ့် ငြိမ်းချမ်းရေးညီလာခံနဲ့ ပတ်သက်တဲ့အဓိကအချက်တွေကို ဆွေးနွေးပါတယ်။ ဒီနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဘက်ကရော သြဂုတ်လ နောက်ဆုံးပတ်ထက် နောက်မကျဘဲ ငြိမ်းချမ်းရေးညီလာခံ စတင်သင့်တယ်လို့ နှစ်ဘက်က မူအားဖြင့် ဆွေးနွေးချက်တွေရှိပါတယ်။ နောက်တခုကတော့ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါလာရေး ကိုလည်း ကျနော်တို့ အဓိကထား ဆွေးနွေးကြတယ်။ နောက်ပြီးတော့ မူဘောင်၊ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ ပါဝင်မယ့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်” လို့ ပြောပါတယ်။

အန်စီအေစာချုပ်ရေးဆွဲအတည်ပြုရာမှာ ပါဝင်သော်လည်း လက်မှတ်ရေးထိုးရာမှာ မပါဝင်ကြတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်တွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ လာမယ့်ရက်ပိုင်းအတွင်း တွေ့ဆုံကြမယ်လို့ သူက ဖြည့်စွက်ပြော ပါတယ်။

ဒီနေ့မှာ ကျနော်တို့ မီဒီယာများကို ထပ်ပြီးတော့ တင်ပြလိုတာကတော့ ယူအန်အက်ဖ်စီဘက်က ခေါင်းဆောင်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ ဖိတ်ကြားထားတာရှိပါတယ်။ အဲဒီတော့ မကြာမီ ၃ ရက်အတွင်းမှာ ယူအန်အက်ဖ်စီဘက်က ကြိုတင်လာရောက်မယ့်၊ ညှိနှိုင်းမယ့် ကိုယ်စားလှယ်အဖွဲ့တဖွဲ့ လာဖို့ရှိပါတယ်။ အဲဒါပြီးရင်တော့ ဇူလိုင်လ ပထမပတ်လောက်မှာတော့ ယူအန်အက်ဖ်စီဥက္ကဌအပါအ၀င် အဖွဲ့ဝင်တွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ လာရောက်တွေ့ဆုံဖို့ လည်း ဖိတ်ကြားထားပါတယ်။ ဒါကိုလည် ထပ်ပြီးတော့ အတည်လည်းပြုတယ်။ ဒီနေ့ဆွေးနွေးပွဲ မှာလည်း ကျနော်တို့ ရှင်းပြခဲ့ပါတယ်” လို့ ပြောပါတယ်။

ကော်မတီအနေနဲ့ နာဂအဖွဲ့ကိုလည်း ဖိတ်ကြားထားပြီး လာမယ့်ရက်ပိုင်းအတွင်း ရန်ကုန်မှာ တွေ့ဆုံနိုင်ဖွယ်ရှိတယ်လို့ သူကပြောပါတယ်။ ကျန်နေသေးတဲ့ သုံးဖွဲ့ကတော့ တအာင်းပလောင် တပ်ဖွဲ့၊ ရခိုင်တပ်မတော်နဲ့ ကိုးကန့်တပ်မတော်တို့ ဖြစ်ပါတယ်။

ဒီကနေ့ဆွေးနွေးပွဲအစမှာ ဒေါ်အောင်ဆန်းစုကြည်က “အခက်အခဲတွေကတော့ ရှိမှာပေါ့။ တန်ဖိုးရှိတဲ့အရာဆိုတာ လွယ်လွယ်နဲ့တော့ ဘယ်တော့မှမရပါဘူး။ ကျမတို့ တန်ဖိုးထားတတ်ဖို့ပဲ အရေးကြီးပါတယ်။ တန်ဖိုးထားလို့ ဒီကိစ္စကို ရရှိဖို့ဟာ ဘယ်လောက်ပဲ ခက်ခဲခက်ခဲ ကျမတို့ဟာ ကြိုးစားမယ်၊ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ချထားလို့ ရှိရင်တော့ ရမှာပါ။”

“အင်မတန်မှ တန်ဖိုးရှိလှတဲ့၊ စစ်မှန်တဲ့၊ တိုင်းရင်းသားများအားလုံး လုံခြုံမှုနဲ့ လွတ်လပ်မှု အာမခံနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတခု ထူထောင်ဖို့အတွက် ၀ိုင်းဝန်းပြီးတော့ ကူညီကြပါလို့ ကျမတို့ မေတ္တာရပ်ခံပါတယ်။ ဒီကိစ္စကို တဖက်တည်းလုပ်လို့မရဘူး၊ တကြိမ်တည်းနဲ့လည်း ပြီးမှာမဟုတ်ဘူး။ ဒါပေမယ့်လို့ အမြန်ဆုံးတော့ ပြီးစေချင်တယ်။”

“လွတ်လပ်ရေးရတာ နှစ် ၇၀ နီးပါးရှိပြီ၊ ရာစုနှစ်ရဲ့ လေးပုံသုံးပုံဖြစ်သွားပြီ။ အဲဒီတော့ ဒီအတောအတွင်း ဒီအချိန်အတွင်းမှာမှ ကျမတို့ဟာ ပြည်ထောင်စုတခုကို ခိုင်ခိုင်မာမာ မထူထောင်နိုင်လို့ရှိရင် ဘယ်လောက်ကြာဦးမှာလဲဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။ “ငြိမ်းချမ်းမှ တိုးတက်မယ်၊ ညီညွတ်မှ ငြိမ်းချမ်းမယ်။ အဲဒီတော့ ညီညွတ်ရေးကို ရှာဖွေရမယ်၊ ငြိမ်းချမ်းရေးကို ဆောက်တည်ရမယ်” လို့ ပြောပါတယ်။

အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၈ ဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (EAO Peace Process Steering Team (EAO PPST) ကို ဖွဲ့စည်းခဲ့ပါတယ်။

ဒီအဖွဲ့ဟာ လာမယ့် ၂၁ ရာစုပင်လုံညီလာခံအတွက် မူဝါဒလမ်းညွှန်ချက်ပေးဖို့ စုဖွဲ့ထား တာဖြစ်ပြီး အဖွဲ့ ၈ ဖွဲ့ရဲ့ ခေါင်းဆောင် တဦးစီအားလုံး ၈ ဦးပါဝင်ဖွဲ့စည်းထားပြီး ဒီကနေ့ တွေ့ဆုံမှု ဟာ PPST အနေနဲ့တွေ့ဆုံဆွေးနွေးတာဖြစ်ပါတယ်။