Monday, October 31, 2016

မြေပုံမြို့နယ်တွင် ရှေးဟောင်းဘုရားအား ပြန်လည်မွမ်းမံရန် မြေတူးရာမှ ဗုံး ၄ လုံးတွေ့

မာန်ယုကျော် (ရွှေဝမြေ)


ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ရှေးဟောင်းဘုရားအားပြန်လည်မွမ်းမံရန် မြေတူးရာမှ အောက်တိုဘာ ၃ဝ ရက်နေ့နံနက်ပိုင်းတွင် ဗုံး ၄ လုံးနှင့် ကျည်ဆံ ၁ တောင့်တွေ့ရှိခဲ့ကြောင်း မြေပုံမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက နိရဉ္စရာသို့ အတည်ပြုသည်။

“ဗုံးအမျိုးအစားကိုတော့ ကျွန်တော်တို့ မသိသေးဘူး။ စစ်လက်ကျန်ဗုံးလို့တော့ သိရပါတယ် ”ဟု အဆိုပါတာဝန်ရှိသူက ဆိုသည်။

ယခုတွေ့ရှိခဲ့သည့်ဗုံးမှာ အရှည် ၈ လက်မနှင့် လုံးပတ် ၆ လက်မခန့်ရှိသည်ဟု ကိုယ်တိုင်သွားရောက်လေ့လာခဲ့သူ မြေပုံမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြသန်းက နိရဉ္စရာကိုပြောသည်။

“မြေပုံမြို့ရဲ့ မြောက်ဘက် ၃ မိုင်လောက်မှာရှိတဲ့ ဓာတ်တောင်ပေါ်မှာ တည်ထားတဲ့ နှစ် ၁ဝဝ ကျော်ရှိပြီဖြစ်တဲ့ ရှေးဟောင်းစေတီကို ပြန်မွမ်းမံဖို့ မြေတွေတူး၊ အုတ်ခဲတွေတူးရာကနေ အခုလိုတွေ့ရှိခဲ့တာပါ။ ပထမတော့ ၃ လုံးတွေ့တယ်။ နောက် ၁ လုံး ထပ်တွေ့တယ်။ ကျည်လည်း ၁ တောင့်ပါတယ်။ ဗုံးတွေကတော့ မပေါက်သေးတဲ့အနေအထားပါ”ဟု ဦးမြသန်းက ဆိုသည်။

ဒေသခံများ၏အပြောအရ အဆိုပါဗုံးများနှင့် ကျည်ဆံများကိုတွေ့ရှိခဲ့သည့်နေရာမှာ ယခင်က ဂျပန်စစ်တပ်များ တပ်စခန်းချခဲ့သည့်နေရာတစ်ခုဖြစ်သည်ဟုလည်း သိရသည်။

လက်ရှိတွင် အဆိုပါဗုံးများနှင့်ပတ်သက်ပြီး GE တပ်ကို အကြောင်းကြားထားပြီး တပ်ကို လွှဲပြောင်းပေးအပ်သွားမည်ဟုလည်း မြေပုံမြို့မရဲစခန်းက ဆိုသည်။

အများပိုင်ယာဉ်လိုင်းတွေ စတင်ပြေးဆွဲဖို့အတွက် ပူးပေါင်းဖို့အခက်ခဲရှိလို့ကြန့်ကြာ


မောင်တောမြို့နယ် ငခူရကျေးရွာတွင် ဈေးဆိုင်ခန်းအချို့ မီးလောင်မှုဖြစ်ပွား

RiA

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့များ စီးနင်းတိုက်ခိုက်ခံမှုဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် နယ်မြေ တစ်ခုဖြစ်သော ငခူရကျေးရွာတွင် အောက်တိုဘာလ ၃၀ ရက်နေ့ ည ၈ နာရီ ၃၀ အချိန်ခန့်က ဈေးဆိုင်ခန်း အချို့မီးလောင် ကျမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကို ညနေ ၉ နာရီ ဝန်းကျင်တွင် ငြိမ်းသတ်နိုင်ခဲ့သော်လည်း ဆိုင်ခန်း (၃) ခန်း ဆုံးရှုံးခဲ့သည်။

ငခူရကျေးရွာသည် မောင်တော စီးနင်းတိုက်ခိုက်ခံရမှုတွင် ပါဝင်ပတ်သက်နေသူများ အဓိက ခိုလှုံလျက်ရှိသည့် နေရာဟု အာဏာပိုင်များမှ ယူဆကာ လုံခြုံရေး အထူးတင်းကျပ်ထားသည့် ဒေသဖြစ်ပြီး အောက်တိုဘာ ၉ ရက်နေ့တွင် ငခူရနယ် မြေစခန်း စီးနင်းတိုက်ခိုက်ခံခဲ့ရပြီး ရဲတပ်ဖွဲ့ဝင် (၂) ဦးကျဆုံးခဲ့ကာ (၃) ဦး ဒဏ်ရာရရှိခဲ့သည်။

စာသင်ကျောင်း (၂)ကျောင်း ကျောင်းပြိုင်ဆိုင်မှုကိုအကြောင်းပြု ပြီးဋိပက္ခတွေဖြစ်


ရခိုင်ပြည်နယ်အတွင်းအဖြစ်အပျက်များ စုံစမ်းစစ်ဆေးရန် HRW တောင်းဆို

ဧရာဝတီ


ကောင်းကင်ဂြိုလ်တုမှ ရိုက်ကူးထားတဲ့ ရခိုင်ပြည်နယ် မောင်တောခရိုင်က ဘင်္ဂလီကျေးရွာ ၃ရွာ မီးလောင်နေတဲ့ ဓာတ်ပုံများထွက်ပေါ်လာပြီးနောက် မြန်မာအစိုးရအနေနဲ့ ပြဿနာဖြစ်ပွားနေတဲ့ ဒေသကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂကို ခွင်ပြုသင့်ကြောင်း လူ့အခွင့် အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW)က ယနေ့တိုက်တွန်းလိုက်ပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(အာရှ)မှ လက်ထောက်ဒါရိုက်တာ ဖီးလ်ရော ဘတ်ဆန် က ထွက်ပေါ်လာတဲ့ ကောင်းကင်ဂြိုလ်တုဓာတ်ပုံတွေကြောင့် မြန်မာအစိုးရအနေနဲ့ လွတ်လပ်ပြီး ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုတခုပြုလုပ်ဖို့ လိုတယ်လို့ ဆိုလိုက်ပြီး အကူအညီပေးရေးအေဂျင်စီ တွေကိုလည်း ဝင်ခွင့်ပြုသင့်တယ်လို့ လို့ပြောပါတယ်။

အဆိုပါဓာတ်ပုံများဟာ အောက်တိုဘာ ၂၂ရက်နေ့က ကောင်းကင်ဂြိုလ်တုကနေ ရိုက်ကူးထားခြင်း ဖြစ်ပြီး မောင်တော ခရိုင်အတွင်းက ကြက်ရိုးပြင်၊ ငါးစားကြူးနဲ့ ကျီးကန်းပြင်ကျေးရွာတွေ ဖြစ်တယ်လို့ လည်း ဆိုပါတယ်။

ဒါပေမယ်လည်း အတည်မပြုနိုင်သေးတဲ့ ဒေသတွင်း သတင်းတွေအရ အစိုးရစစ်တပ်က သူတို့ရွာတွေ ကို မီးရှို့တယ်လို့ ဘင်္ဂလီများဘက်က စွပ်စွဲသလို၊ အစိုးရတပ်များကလည်း ဘင်္ဂလီများက ကိုယ့်အိမ်ကိုယ်မီးရှို့တယ်ဆိုတဲ့ နှစ်ဘက် အပြန်အလှန်ပြောဆိုမှုတွေရှိနေပါတယ်။

မြန်မာအစိုးရ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပဋိပက္ခ ဖြစ်ပွားလျက်ရှိသည့် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်သို့ ကုလသမဂ္ဂ (UN)နှင့် နိုင်ငံတကာ သံတမန်များကို ဝင်ရောက်လေ့လာရန် အစိုးရက တရားဝင် ဖိတ်ခေါ်ထားပြီး ဖြစ်ကြောင်း အောက်တိုဘာလ ၂၈ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ သတင်းထောက်များကို ပြောထားပြီးဖြစ်ပါတယ်။

ယခုလ ၉ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်းက နယ်ခြားစောင့် ကင်းစခန်းတွေကို အကာလ် မူလ် မူဂျာဟီဒင်(Aqa Mul Mujahidin) အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့ အကြမ်းဖက်အဖွဲ့အစည်းက တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၉ဦးကျဆုံးခဲ့ပါတယ်။

အမျိုးသမီးလိဂ် ဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာလဆန်းမှာ ကျင်းပဖို့စီစဉ်


မြစ်ဆုံ စီမံကိန်း လုံးဝ ရပ်တန့်ရန် မြန်မာအစိမ်းရောင်ကွန်ယက်နှင့် ဒေသခံများ တွေ့ဆုံဆွေးနွေး

ဖနိဒါ

ဧရာဝတီမြစ်ဆုံ စီမံကိန်း လုံးဝ ရပ်တန့်ရေးရန် မြန်မာအစိမ်းရောင်ကွန်ယက်နှင့် မြစ်ဆုံဒေသခံများနှင့် တွေ့ဆုံ ဆွေးနွေးပွဲတွင် အောက်တိုဘာလ ၂၉ ရက်က မြစ်ဆုံကျေးရွာတွင် ပြုလုပ်၍ တောင်းဆိုခဲ့သည်။

ဒေသခံများနှင့်တွေ့ဆုံ ဆွေးနွေးမှုတွင် မြန်မာအစိမ်းရောင်ကွန်ယက်မှ ပညာရှင်များက စာတမ်းများ ဖတ်ကြားခြင်း၊ ဒေသခံများ၏ စီမံကိန်း ရပ်တန့်ရန်နှင့် ၎င်းတို့၏ အခက်အခဲ အတွေ့အကြုံများကို စီမံကိန်း ဒုက္ခသည်များအဖြစ် ရင်ဖွင့် ပြောဆိုခဲ့သည်ဟု ကချင်ပြည်နယ် ခရီးစဉ်တွင် လိုက်ပါနေသူ မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။

“အခမ်းအနားမှာက ဒေသခံတွေက သူတို့အတွေ့အကြုံကို ရင်ဖွင့်ပြောဆိုတယ်။ သူတို့က လုံးဝ သဘောမတူပါဘူး။ ရွှေ့ပြောင်းတဲ့ ကျေးရွာတွေပေါ့။ သူတို့ပြောတဲ့ စကားကတော့ စံပြမဟုတ်တဲ့ စံပြရွာမှာ နေနေရတယ်တဲ့။ သူတို့ကို စီမံကိန်း ဒုက္ခသည်များတဲ့ ဒီနာမည်တွေ သုံးသွားပါတယ်။ အားလုံးကတော့ သူတို့ ဘယ်လောက် ဒုက္ခရောက်နေတယ်ဆိုတာကို ဖွင့်ပြောတယ်။ သူတို့နေရာသူတို့ ပြန်ချင်တယ်လို့ ပြောကြပါတယ်”ဒေါက်တာထွန်းလွင်က မဇ္စျိမကို ပြောသည်။

ကချင်ဒေသအထက်ပိုင်းသာမက ပြည်သူလူထု အားလုံး ကန့်ကွက်၍ မြစ်ဆုံစီမံကိန်း ရပ်တန့်ရေးအတွက် မြန်မာ အစိမ်းရောင် ကွန်ယက်၏ ၅ ကြိမ်မြောက်အဖြစ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ သွားရောက်၍ မြစ်ဆုံ ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးနေခြင်း ဖြစ်သည်ဟု သူက ပြောသည်။

ကချင်ပြည်နယ် ခရီးစဉ်တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့၊ မြစ်ကြီးနားမြို့ ဒေသခံများ၊ မြစ်ဆုံဒေသခံများနှင့် သုံးရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆွေးနွေးမှုများနှင့် ပတ်သက်၍ အောက်တိုဘာလ ၃၀ ရက်တွင် ကြေငြာချက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဦးထွန်းလွင်က ပြောသည်။

မြစ်ဆုံဆွေးနွေးပွဲတွင် မြစ်ဆုံဒေသခံများက ဧရာဝတီကို ကာကွယ်ကြရန်အတွက် ကဗျာရွတ်ခြင်းများလည်း၊ သီချင်းများဖြင့် ရင်ဖွင့်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ တစ်ဦးက ပြောသည်။

အောက်တိုဘာလ ၂၈ ရက်က ကချင်ပြည်နယ် အစိုးရအဖွဲ့မှ သံယံဇာတနှင့် သဘောဝပတ်ဝန်းကျင် ဝန်ကြီး၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးမှုတွင် မြန်မာအစိမ်းရောင်ကွန်ယက်မှ အလုပ်အမှုဆောင် ဒေါ်ဒေဝီသန့်စင်နှင့် ဒေါက်တာ ဦးထွန်းလွင်တို့က ကချင်ဒေသ အထက်ပိုင်း သာမက ပြည်သူလူထုအားလုံး ကန့်ကွက်ရန်အတွက် ရေကာတာ ပြုလုပ်ရန် သင့်၊ မသင့်၊ သန့်စင်သော လျှပ်စစ်စွမမ်းအင်၊ မြန်မာနိုင်ငံ အနာဂတ်လျှပ်စစ်ကဏ္ဍ စသည့် ခေါင်းဆောင်များဖြင့် တွေ့ဆုံဆွေးခဲ့သည်ဟု သိရသည်။

မြန်မာအစိမ်းရောင်ကွန်ယက်က ဧရာဝတီ မြစ်ဆုံ၊ မြစ်ညာ၊ မြစ်ဝှမ်းလေ့လာစစ်ရေးကော်မရှင်က သမ္မတထံ အစီရင်ခံစာ မတင်သွင်းမီ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ကချင်ပြည်ဒေသခံများ၏ သဘောထားကို သိရှိနိုင်ရန်အတွက် ကချင်ပြည်နယ်သို့ ၅ ကြိမ်မြောက် သွားရောက် တွေ့ဆုံဆွေးနွေးနေခြင်း ဖြစ်သည်။

ဧရာဝတီ မြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်၊ သုံးသပ်ရေးကော်မရှင်ကလည်း ပြီးခဲ့သည့် စက်တင်ဘာလက သုံးရက်ကြာ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ယင်းကော်မရှင်သည် လာမည့် နိုဝင်ဘာလတွင် ၁၁ ရက်နေ့တွင် နိုင်ငံတော် သမ္မတထံ အစီရင်ခံစာ တင်ပြမည် ဖြစ်သည်။

ရွှေတိဂုံ စေတီတော်ကြီးရဲ့ လုံခြုံရေးအခြေအနေ၊ နေ့စဉ်အလှူဝင်ငွေဘဏ္ဍာရေး


ရည်းစားဖြစ်သူကို ဓားဖြင့်ထိုးပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေ

ဝဏ္ဏခွာညို


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကရင်တောရပ်ကွက်မှာ ဒီနေ့မနက်ပိုင်း ၈ နာရီက သမီးရည်းဓားထိုးမှု ဖြစ်လို့ ၂ ဦးစလုံး သေဆုံးသွားပါတယ်။

အမျိုးသမီးဖြစ်သူက ဒီနေ့ မနက်ပိုင်း ၈ နာရီအချိန်က ဆိုင်ကယ်နဲ့ ရုံးကို လာနေစဉ် အမျိုးသားဖြစ်သူက လမ်းက အသင့်စောင့်ဆိုင်းပြီး အသင့်ပါလာတဲ့ ဓားနဲ့ အချက်ပေါင်းစွာ ထိုးသတ်လိုက်ပြီးနောက် အမျိုးသားဖြစ်သူကလည်း အဲဒီနေရာမှာ ကိုယ့်ကိုယ်ကိုယ် ဓားနဲ့ ရင်ဘတ်ထိုးသွင်းလိုက်တယ်လို့ ကျောက်ဖြူရဲစခန်းမှ ရဲအုပ်ဝင်းလွင်က ဒီဗွီဘီကို ပြောပါတယ်။

“ဒီနေ့မနက် ကောင်မလေးက ရုံးတက်မယ်ဆိုပြီးတော့ ဆိုင်ကယ်စီးပြီး ရုံးကိုလာတယ်။ အဲဒီမှာ ကောင်လေးက လမ်းကစောင့်ပြီးတော့ အသင့်ပါလာတဲ့ ဓားနဲ့လှမ်းထိုးတယ်။ ဆိုင်ကယ်ပေါ်က ကောင်မလေးက ပြုတ်ကျပြီး လဲသွားတာပေါ့။ အဲဒီမှာတခါ အမျိုးသားက ဖိပြီးတော့ ဓားနဲ့ထပ်ထိုးတယ်။ ထိုးထားတဲ့ ဒဏ်ရာဒဏ်ချက်တွေ ၉ ချက်တောင်မှ ထိုးလိုက်တာပါ။ ကောင်မလေးကိုထိုးလို့ ပြီးတာနဲ့ သူ့ကိုယ်သူ ဓားနဲ့ပြန်ထိုးတယ်။ ကောင်လေး ကတော့ ရင်ဘတ်နဲ့ဗိုက်မှာ ဒဏ်ရာသုံးချက်ရသွားတာပေါ့။ သူတို့နှစ်ယောက်ကတော့ သမီးရည်းစားလို့တော့ ပြောတယ်ဗျ။ ဘယ်လို အကြောင်းကြောင်းနဲ့ ထိုးတယ်ဆိုတာကတော့ မသိဘူး။”

ဓားထိုးခံရတဲ့ မေဆုထွန်းမှာ ရင်ဘတ်၊ နောက်ကျော၊ လက်မောင်းတွေမှာဖြစ်ပြီး ဓားထိုးဒဏ်ရာ ၉ ချက်နဲ့ ဆေးရုံရောက်ပြီး မိနစ် ၂၀ အကြာမှာ ဆုံးသွားပါတယ်။ ထွန်းမြတ်ဇံ ကတော့ ရင်ဘတ်နဲ့ ဗိုက်မှာ ဓားထိုးဒဏ်ရာ ၃ ချက်နဲ့ ဆေးရုံရောက်လို့ ၄၅ မိနစ်လောက် အကြာမှာ ဆုံးသွားတယ်လို့ ကျောက်ဖြူ ရဲစခန်းက ပြောပါတယ်။

အဲဒီဆုံးသွားတဲ့သူ ၂ ဦးကတော့ သမီးရည်းစားတွေ ဖြစ်ကြပြီး ဘယ်လိုအကြောင်း အမျိုးမျိုးကြောင့် သတ်ဖြတ်မှုတွေ ဖြစ်တယ်ဆိုတာ စုံစမ်းမှုတွေ ပြုလုပ်နေတယ်လို့ ရဲအုပ်ဝင်းလွင်က ပြောပါတယ်။

သေဆုံးသွားသူ ၂ ဦးကတော့ မေဆုထွန်း၊ ၂၈ နှစ်ကရင်တောရပ်ကွက်နဲ့ ထွန်းမြတ်ဇံ အသက် ၂၇ နှစ် ရခိုင် ပိုတ်ဆိပ်တို့ဖြစ်ကြတယ်လို့ သိရပါတယ်။ အခု အမှုကိစ္စနဲ့ ပတ်သက်လို့ ကျောက်ဖြူရဲစခန်းက အမှုဖွင့်နိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ဘီပိုး ကာကွယ်ဆေးထိုးတာတွေ ရောဂါပိုး ရှိမရှိ စစ်ဆေးသင့်


ကလေးများအပါအဝင် အကြမ်းဖမ်းစီးနင်းတိုက်ခိုက်မှုနှင့် မပတ်သက်သူများကို ပြန်လွှတ်ပေး

dvb

ရခိုင်ပြည်နယ် မောင်တောဒေသ နတ်မြစ်အတွင်းမှ ဖမ်းဆီးရမိတဲ့ ကလေးငယ်တွေ အပါအဝင် မသင်္ကာဖွယ်ရာ ဘင်္ဂါလီလူမျိုး ၃ ဦးနဲ့ အကြမ်းဖက် စီးနင်းတိုက်ခိုက်မှုမှာ ပတ်သက်မှု မရှိသူတွေကို ပြန်လွှတ်ပေးနေတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

တပ်မတော်(ရေ) အထူးတပ်ဖွဲ့တွေ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေက နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် အောက်တိုဘာ ၂၇ ရက်က ဖမ်းဆီးရမိခဲ့တဲ့ လှေ ၂ စီးက ဘင်္ဂါလီလူမျိုး ၅ ဦးအနက် ရူဂျီးနား၊ ဝါဟဲမူတိုဖာနဲ့ မူဟာမက်ဟူပိုက်တို့ဟာ အသက်ငယ်ရွယ်ပြီး မိသားစုဝင်များသာဖြစ်တာကြောင့် မောင်တောမြို့မရဲစခန်း တာဝန်ရှိသူတွေက မြို့ဦးကျေးရွာအုပ်စု လသာကျေးရွာ ရာအိမ်မှူးထံ ဖမ်းမိတဲ့နေ့ ညနေပိုင်းမှာပဲ ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူ ၅ ဦးအနက် အဒူဇူဝိုင်းနဲ့ ဇနီး နူကနိတို့ကိုတော့ မောင်တောမြို့မရဲစခန်းက တရားဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့လည်း ဆိုပါတယ်။

အလားတူ အောက်တိုဘာ ၁၄ ရက်က ဇင်ပိုင်ညာကျေးရွာမှ ဖမ်းဆီးရမိခဲ့တဲ့ မာမွတ်အီဆုကို စစ်ဆေးရာ မောင်တောဒေသ အကြမ်းဖက်မှုဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း စိစစ်တွေ့ရှိရလို့ ပြင်ဖြူနယ်မြေရဲစခန်းက အောက်တိုဘာ ၁၅ ရက်မှာ ပြန်လည်စေလွှတ်ပေးတယ်လို့လည်း မြ၀တီသတင်းမှာ ဖော်ပြပါတယ်။

ချင်းပြည်နယ် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ


မြောက်ဦး လင်းမြွေတောင်ဘုရားအနီး ကားလမ်းမဘေးတွင် လူသေအလောင်းတွေ့ရှိ

ရွှေရအောင်(တောင်ကုတ်)


ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လင်းမြွေတောင်ဘုရားအနီး အဝေးပြေးလမ်းမဘေး မိုင်တိုင်အမှတ် ၁၂၄ ( ၃ ဖာလုံ/ ၄ ဖာလုံ) ကြား ရေမြောင်းထဲတွင် ယနေ့ နံနက် ၉ နာရီခန့်က လူသေအလောင်းတစ်လောင်းတွေရှိခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးနေသည့်အလောင်းကို ယနေ့ နံနက် ၉ နာရီခန့်တွင်တွေ့ရှိခြင်း ဖြစ်ပြီး ကားတိုက်ခံရသည်ဟု ယူဆရကြောင်း မြောက်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူးဦးဌေးအောင်မှ နိရဉ္စရာသို့ပြောသည်။

“ကျွန်တော်တို့ စုံစမ်း စစ်ဆေးနေဆဲပါ။ သေးဆုံးသူက ဘယ်သူဆိုတာလည်းမသိရသေးဘူး။ ပေါင်ရိုးနှစ်ချောင်း ကျိုးနေတယ်။ လက်ကောက်ဝတ်တွေရောပဲ။ ကားတိုက်သွားတယ်လို့ ယူဆရတယ်။ ခုတော့ မြောက်ဦးမြို့ ဆေးရုံကို ပို့ဆောင်ပြီး သက်ဆိုင်ရာ ဆရာဝန်တွေက စစ်ဆေးဆဲပါ” ဟုဆက်ပြောသည်။

လက်ရှိတွင် မြောက်ဦးမြို့နယ်ရဲတပ်ဖွဲ့ရုံးမှ ယာဉ်တိုက်မှုဖြင့် အမှုဖွင့်ဆောင်ရွက်ရန်စီစဉ်နေကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဌေးအောင်မှ နိရဉ္စရာသို့ အတည်ပြုပြောကြားသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ကျေးရွာတွေကို စားရိပ်က္ခာပေးပို ခက်ခဲနေဆဲ


ငခူရရွာတွင် မီးလောင်မှုဖြစ်ပွား

ကိုအောင်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း ငခူရ မူဆလင်ကျေးရွာမှာ မနေ့ည ၉ နာရီလောက်က မီးလောင်မှုဖြစ်ပွားခဲ့လို့ တပ်မတော်က မီးငြှိမ်းသတ်ခဲ့ရပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး မောင်တောမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက “မီးလောင်နေတာဟုတ်ပါတယ်၊ ဟိန္ဒူရွာအရှေ့ လမ်းဆုံနားက လောင်နေတာပါ၊ သိထားသလောက် စစ်တပ်ကလာတာနဲ့ ကိုယ့်အိမ်ကိုယ် မီးရှို့ပြီး ထွက်ပြေးတာလို့ သိရတယ်။ တပ်က မီးဝင်ငြှိမ်းနေပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။

“အကြမ်းဖက်မှုနဲ့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ အဒူမူနာရဲ့ အိမ်နားကစပြီးလောင်တာ၊ ဆိုင်ခန်းသုံးခန်းလောက် လောင်တယ်၊ ဘယ်လိုစလောင်လဲ အသေအချာ မသိရသေးဘူး” လို့ ငခူရရွာ ဒေသခံ ကိုမောင်စောက ပြောပါတယ်။

မီးလောင်နေတာကို ရွက်ညိုတောင်၊ ခြံပြင် စတဲ့ရွာတွေကပါ လှမ်းမြင်နေရတယ်လို့ ဒေသခံတွေကလည်း ပြောပါတယ်။

အောက်တိုဘာ ၉ ရက် သန်းခေါင်ကျော်မှာ ငခူရနယ်မြေစခန်းကို အကြမ်းဖက်သမားတွေ ဝင်ရောက်စီးနင်းခဲ့တဲ့ ဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

အကြမ်းဖက်သမား ၈ ဦးကို အသေဖမ်းဆီးမိခဲ့ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ စစ်တပ်က အကြမ်းဖက်သမားတွေကို စစ်ဆင်ရေးလုပ်ပြီး ရှာဖွေနေဆဲဖြစ်သလို ဖမ်းဆီး စစ်ဆေးတာတွေလည်း ရှိပါတယ်။

စစ်ဆင်ရေးလုပ်စဉ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်လို့ စွပ်စွဲမှုတွေရှိပေမယ့် အစိုးရကတော့ ဥပဒေအတိုင်း လုပ်ဆောင်နေတယ်လို့ ငြင်းဆိုထားပါတယ်။

ကျောက်စိမ်း ကျပ်သိန်းပေါင်း ငါးထောင်ကျော် လိမ်လည်မှု


နိုင်ငံရေးဆွေးနွေးပွဲများ စတင်ရေး လုပ်ငန်းလမ်းညွှန်များ UPDJC ၌ သဘောတူညီမှုရ

ထက်နိုင်ဇော်


ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ( ၂၁ရာစု) ပင်လုံ၌ဆုံးဖြတ်ခဲ့သည့် တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ စတင်ကျင်းပနိုင်ရန် လုပ်ငန်း လမ်းညွှန်ချက်များရေးဆွဲခြင်း၊ ကြီးကြပ်ရေး ကော်မတီများ ဖွဲ့စည်းခြင်းတို့ကို မနေ့က နေပြည်တော် တွင် ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အစည်းအဝေးတွင် သဘောတူညီမှု ရရှိခဲ့သည်။

ယင်းအစည်းအဝေးတွင် ဆုံးဖြတ်ချက် ၉ ချက်၊ မှတ်တမ်းတင်မှု ၈ ချက် ပြုလုပ်ခဲ့ပြီး အရေးကြီးဆုံး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရန် လုပ်ငန်းလမ်းညွှန်ရေးဆွဲခြင်း၊ ယင်း နိုင်ငံရေးဆွေးနွေးပွဲများ ဦးဆောင်ကျင်းပမည့် ကြီးကြပ်ရေး ကော်မတီများ ဖွဲ့စည်းရန် သဘော တူညီခဲ့ခြင်းဖြစ်ကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ဒေါက်တာ ဆလိုင်းလျန်မှုန်ဆာခေါင်းက မီဒီယာများသို့ ပြောသည်။

“NCA လက်မှတ် ရေးထိုးထားတဲ့နယ်မြေတွေမှာ အဆင်သင့်ဖြစ်တဲ့နေရာတွေမှာ စပြီးတော့ ကျင်းပနိုင်ဖို့ဆိုတာကို ဆုံးဖြတ် နိုင်ခဲ့တယ်။ နောက်ပြီးတော့ UPDJC စုပေါင်းရုံး ဖွဲ့စည်းဖို့ကိုလည်း မူအားဖြင့် သဘောတူထားတယ်”ဟု သူက ပြောသည်။

လူမျိုး၊ ဒေသနှင့် အကြောင်းအရာအလိုက် ပြုလုပ်နိုင်သော အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများကို အပစ်ခတ်ရပ်စဲ ရေး စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား နယ်မြေ များတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲများက ဦးဆောင် ကျင်းပနိုင်ပြီး ယင်းဆွေးနွေးပွဲများကို ကြီးကြပ်မည့် ကြီးကြပ်ရေး ကော်မတီကိုလည်း ၃ ပွင့်ဆိုင် ဖွဲ့စည်းရန် သဘောတူထားကြောင်း သိရသည်။

“ကြီးကြပ်ရေး ကော်မတီကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတိုင်းမှာ အဖွဲ့ဝင် ၉ ဦးနဲ့ တဖွဲ့က ၃ ဦးစီ ပါဝင်ပြီးတော့ ဖွဲ့စည်းရမှာ ဖြစ်တယ်။ အစိုးရ၊ တပ်မတော်နှင့် လွှတ်တော်က တအုပ်စု ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက အုပ်စုတခုနဲ့ နိုင်ငံ ရေး ပါတီများက အုပ်စုတခု ဖြစ်ပြီး အားလုံး ပေါင်းပြီးလုပ်မှာ ဖြစ်ပါတယ်”ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်ဆာခေါင်းက ပြောသည်။

ကရင်အမျိုးသား အစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေနှင့် ကရင်ပြည်နယ်တွင် နိုင်ငံရေး ဆွေးနွေးပွဲ များ စတင်နိုင်ရန် အဆင့်သင့်ရှိနေပြီး နိုဝင်ဘာလထဲတွင် စတင်နိုင်ရန် အသေးစိတ် ဆွေးနွေးမှုများ ထပ်မံပြုလုပ်သွားမည်ဟု KNU မှ ဖဒိုစောကွယ်ထူးဝင်းက မီဒီယာများသို့ ပြောသည်။

အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများမှ ရရှိလားသည့် ရလဒ်များကို UPDJC လုပ်ငန်း ကော်မတီ သို့ တင်ပြခြင်း၊ လုပ်ငန်း ကော်မတီမှ တဆင့် UPDJC သို့ တင်ပြခြင်း၊ UPDJC မှ ၂၁ ရာစု ပင်လုံ ညီလာခံကို တင်ပြ၍ နိုင်ငံရေး ဆွေးနွေးမည့် ပုံစံကို အားလုံးက သဘောတူခဲ့ကြောင်း သမ္မတရုံး ဒုညွှန်ချုပ် ဦးဇော်ဌေးကလည်း ပြောသည်။

သို့သော် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို NCA လက်မှတ် ရေးထိုးထားခြင်း မရှိသေး သည့် နယ်မြေများတွင် စတင်နိုင်သေးမည် မဟုတ်ဘဲ ယင်းဒေသများတွင် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခြင်းသည့် လက်တွေ့အခြေအနေနှင့် ကိုက်ညီမှု မရှိနိုင်သဖြင့် ယင်းဒေသရှိ လက်နက်ကိုင် အဖွဲ့များ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လာစေရန် ကြိုးစား သွားမည်ဟု UPDJC အစည်းအဝေးသို့ တက်ရောက်လာသူများက ပြောသည်။

သမ္မတရုံး ဒုညွှန်ချုပ် ဦးဇော်ဌေးက “NCA လက်မှတ် မထိုးရသေးတဲ့ ဒေသတွေမှာ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ကျင်းပဖို့ဆိုတာက နည်းနည်းစဉ်းစားစရာ ဖြစ်နေတယ်”ဟု ပြောသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်စဉ်မှာ NCA လက်မှတ်မထိုးရသေးသော အဖွဲ့များလည်း ပါဝင်ရန် လိုအပ်ပြီး ၎င်းတို့ မပါဘဲ တချို့တဝက်တည်းနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်၍ ငြိမ်းချမ်းရေး တည်ဆောက်မည် ဆိုပါက တနိုင်ငံလုံးတွင် ငြိမ်းချမ်းရေး ရမည် မဟုတ် ကြောင်း ဒေါက်တာ ဆလိုင်းလျန်မှုန်ဆာခေါင်းက ပြောသည်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို စမ်းသပ်သည့် အနေဖြင့် နိုဝင်ဘာလထဲတွင် စတင်ကျင်းပလိုကြောင်း၊ ထိုသို့ စတင်နိုင်မှသာ မည်သို့သော အခက်အခဲများ တွေ့ကြုံနိုင်သည်ကို ရှာဖွေ နိုင်လိမ့်မည် ဖြစ်ကြောင်း UPDJC အဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသည်။

“ဒီလိုစမ်းသပ်ပွဲလေးတွေ လုပ်ပြီးတော့မှ အဲဒီကနေတဆင့် ထပ်ပြီးတော့ သွားဖို့ကို စဉ်းစားချင် ပါတယ်။ ကျမစောစောက ပြောတဲ့ အတိုင်းပဲ ကျမတို့ကြားထဲမှာ ပိုပြီးတော့ ဆက်ဆံမှုနီးကပ်ဖို့ လိုတယ်။ အမြဲမပြတ် အမြဲတစေ ဆွေးနွေးနေဖို့လိုပါ တယ်”ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

ယခုကဲ့သို့ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်ရာတွင် တခြားနိုင်ငံများ၏ အတွေ့အကြုံ များကို လေ့လာ၍ Camp သွင်းသည့် ပုံစံမျိုးနှင့် တွေ့သင့်တွေ့ထိုက်သူများ တနေရာထဲတွင် တပတ်၊ ၂ ပတ်ခန့် အချိန်ပြည်နေ၍ တွေ့ဆုံ ဆွေးနွေးသည့် ပုံစံမျိုးဖြင့်လည်း ပြုလုပ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

သူက “ဒီလိုတွေ့ပြီး ဆွေးနွေးတဲ့အခါမှာ တဦးနဲ့တဦး တတ်နိုင်သလောက် ပုဂ္ဂိုလ်ရေး ခင်မင်မှုလည်း ရလာတယ်။ စားပွဲ ဝိုင်းမှာ ထိုင်ပြီးတော့ ပြောလို့မရတဲ့အခါ လုပ်လို့ မရတဲ့ ကိစ္စတွေကို ထမင်းစား

ရင်းနဲ့ ခြံထဲမှာ လမ်းလျှောက်ရင်းနဲ့ တယောက်နဲ့တယောက် နားလည်မှု ယူနိုင်တဲ့နည်းနဲ့လည်း လုပ်လို့ရပါတယ်”ဟု ဆိုသည်။

ထို့ပြင် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်နှင့် နိုင်ငံရေး ပါတီတို့ဖြင့် ၃ ပွင့်ဆိုင် ဖွဲ့စည်းထားသည့် ပြည်ထောင်စု ငြိမ်းချမ်း ရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ကိုလည်း ရုံးတခု အဖြစ် နေပြည်တော်တွင် ဖွဲ့စည်းရန်ပြင်ဆင်လျက်ရှိပြီး၊ ယင်း အဖွဲ့သည် နိုင်ငံရေးဆွေးနွေးမှုများတွင် ပါဝင်ဆောင်ရွက်မည် မဟုတ်ဘဲ အုပ်ချုပ်ထောက်ပံ့ဆိုင်ရာ ရုံးလုပ်ငန်းများ ဆောင် ရွက်မည့် ရုံးအဖွဲ့တခု ဖြစ်လာမည် ဖြစ်ကြောင်း သမ္မတရုံး ဒုညွှန်ချုပ် ဦးဇော်ဌေးက ပြောသည်။

“UPDJC ရုံးကို နေပြည်တော်မှာ အခြေစိုက်မယ်။ အားကစားရွာမှာ NRPC အဆောက်အဦတွေ ရှိတယ်။ အဲဒီမှာ ထားမယ်။ ရုံးအဖွဲ့ဘယ်လိုဖွဲ့စည်းမလဲ၊ ဝန်ထမ်းတွေ ဘယ်လိုခန့်မလဲဆိုတဲ့ Structure ကို ကျနော်တို့ အောက်မှာ ပြန်ဆွေးနွေးပြီး တော့ UPDJC တင်ပြပြီးတော့ ဝန်ထမ်းတွေ ခန့်သွားမယ်”ဟု သမ္မတရုံး ဒုညွှန်ချုပ် ဦးဇော်ဌေးက ပြောသည်။

ခေတ်နဲ့လျော်ညီတဲ့ဝင်ငွေခွန် ဥပဒေပေါ်လာဖို့ ပြင်ဆင်ရေးဆွဲ


မြောက်ဦး အဝေးပြေးကားလမ်းအနီးတွင် လူသေအလောင်း တွေ့ရှိ

ဝဏ္ဏခွာညို

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ အဝေးပြေးကာလမ်းအနီး ရေမြောင်းထဲမှာ လူသေအလောင်းတလောင်း တွေ့ရှိခဲ့တယ်လို့ မြောက်ဦးမြို့နယ် တိမ်ညိုရဲစခန်းက ပြောပါတယ်။

ဒီနေ့မနက် ၉ နာရီအချိန်က အလောင်းကို ရေမြောင်းထဲမှာ တွေ့ခဲ့တာလို့ ကျေးရွာ အုပ်ချုပ် ရေးမှူးတဦးက အကြောင်းကြားခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့တယ်လို့ တိမ်းညို ရဲစခန်းမှ စခန်းမှူး ဦးထွန်းသာက ဒီဗွီဘီကိုပြောပါတယ်။

“အခုအချိန်အထိ နာမည်နဲ့နေရပ်လိပ်စာကိုလည်း စုံစမ်းလို့မရသေးဘူး။ စုံစမ်းနေတုန်းဖြစ်ပါတယ်။ ကျနော်တို့ကို ကျေးရွာအုပ်ချုပ်ရေးမှူး အကြောင်းကြားလို့ သွားတဲ့အခါ ဒီနေ့ မနက် ၉ နာရီအချိန်ဖြစ်ပါတယ်။ ကားတိုက်တာဖြစ်နိုင်ပါတယ်။ ကျနော်ကတော့ အဲ့ဒီအမှုနဲ့ ပတ်သက်လို့ ရဲလုပ်ထုံလုပ်နည်းနဲ့ အမှုဖွင့်ဆောင်ရွက်နေပါတယ်ခင်ဗျ။”

အဲ့ဒီသေဆုံးမှုနဲ့ပတ်သက်လို့ မြောက်ဦးမြို့နယ် တိမ်ညိုရဲစခန်းမှ ယာဉ်တိုက်မှုနဲ့ အမှုဖွင့်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

မုခင်းနဲ့ ဒုစရိုက်လုပ်ငန်းတွေ ပပျောက်ဖို့အတွက် ပြည်သူနှင့်ရဲပူးပေါင်းဖို့လို


ကြွက်ဖျက်ဆီးမှုကြောင့် မြို့နယ် ၃ခုမှ တောင်ယာစပါးခင်း သုံးပုံတစ်ပုံ ပျက်စီးဆုံးရှုံး

စဖန်းရှောင်း


ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်ဒေသ၊ ဖာပွန်ခရိုင်အတွင်းရှိ လူသော၊ ဒွယ်လိုး၊ ဘူးသိုမြို့နယ်များတွင် တောင် ယာစပါးများကို စတင်စိုက်ပျိုးသည့် ပြီးခဲ့သည့်ဇွန်လမှစတင်ကာ တောင်ယာစပါးခင်းများတွင် ကြွက်များ၏ ဖျက်ဆီးမှုဒဏ်ခံလာ ခဲ့ရပြီး အချို့သော တောင်ယာနှင့် စပါးခင်းများမှာ သုံးပုံတစ်ပုံခန့် ပျက်စီးဆုံးရှုံးနေကြောင်း KNU ဖာပွန်ခရိုင် အတွင်းရေးမှူး ပဒို စောထဲဒယ်က ပြောသည်။

“ဟိုး တောင်ယာစပြီး စူးထိုးတဲ့အချိန်ကတည်းက စပါးစေ့တွေကို ကြွက်ဖျက်ဆီးတာ ခံရတာပေါ့။ အခု စပါးရိတ်ခါနီးလည်း ထပ် အဖျက်ခံရတယ်။ ကြားရသလောက်ကတော့ တချို့ဆို တစ်ခင်းလုံးပျက်စီးသွားတယ်။ ပျက်စီးမှုက အနည်းအများပဲ ကွာတယ်။ အကုန်လုံးခြုံပြောရရင်တော့ မြို့နယ် ၃ခုမှာ ပျက်စီးမှုနှုန်းက သုံးပုံတစ်ပုံလောက်ရှိတယ်”ဟု ပဒိုစောထဲဒယ်က ပြောသည်။

ယင်းတောင်ယာစပါးပျက်စီးမှု အခြေအနေများကြောင့် ပိုးသတ်ဆေး၊ ဆေးဖြန်းကိရိယာများ စသည့်အကူအညီတချို့ ရရှိခဲ့သော် လည်း လုံလောက်မှု မရှိခဲ့သလို ကာကွယ်နှိမ်နင်းနိုင်ရေး နည်းလမ်းများနှင့် ဒေသခံများ၏ ဆုံးရှုံးခဲ့ရမှုများအတွက် ကေအဲန်ယူ အနေဖြင့် ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

တောင်ယာစပါးပျက်စီးမှု အခြေအနေများနှင့်ပတ်သက်ပြီး KNU ဖာပွန်ခရိုင် တာဝန်ရှိသူများ၏ လက်ရှိ ကောက်ယူထားသည့် စာရင်းများအရ ဒွယ်လိုးမြို့နယ်အတွင်းရှိ တောင်ယာစပါးခင်း ၁၀၉၂ခင်းအနက် ၃၆၄ခင်းနှင့် လယ်ဧက ၁၅ဧက၊ ဘူးသိုမြို့နယ် ရှိ တောင်ယာစပါး ၇၆၈ခင်းအနက် ၃၁၅ခင်းတို့မှာ လုံးဝ ပျက်စီးသွားကြောင်း သိရသည်။

ကျန်ရှိနေသည့် လူသောမြို့နယ်အတွင်းမှ စပါးခင်း ပျက်စီးမှုအခြေအနေများကိုမူ စာရင်း လိုက်လံကောက်ယူနေဆဲဖြစ်ပြီး ပြီးခဲ့ သည့် ဇူလိုင်လက အဆိုပါမြို့နယ်အတွင်းရှိ ပေးကေးကျေးရွာအုပ်စု၊ သေ့ခယ်မုဒဲကျေးရွာအနီးမှ စိုက်ပျိုးပြီးခါစ လယ်ယာမြေ များတွင် စပါးဖျက်ပိုးတစ်မျိုးကြောင့် စပါးပျိုးပင်များ နွမ်းခြောက်ပျက်စီးမှုများ ဖြစ်ခဲ့သည်။

တောင်ယာစပါးခင်းများအတွင်း ကြွက်များ၏ ဖျက်ဆီးမှုဒဏ်ကိုခံနေရခြင်းမှာ ယခုနှစ်တွင် ၎င်းတို့ဒေသ၌ ၀ါးများ အဆမတန် သီးပွင့်သည့်အတွက် ၀ါးသီးစားသုံးသည့် ကြွက်များထွက်ပေါ်လာခြင်းဖြစ်ကြောင်း ဒေသခံများ ပြောဆိုနေကြသလို ယင်းပျက်စီး ဆုံးရှုံးမှုများကြောင့် လာမည့်နှစ် စားနပ်ရိက္ခာ အခက်အခဲအတွက် စိုးရိမ်မှုများလည်း ရှိနေကြသည်။

ဘူးသိုမြို့နယ်ရှိ ဒေသခံတစ်ဦးဖြစ်သူ စောဘိုအဲက “ဒီဟာတွေက ဖြစ်လေ့ဖြစ်ထရှိပေမယ့် အခုနှစ်က မနှစ်ကထက် ဆိုးတယ်။ ရာသီဥတု ဖောက်ပြန်တာကြောင့်လည်း ဖြစ်မယ်ထင်တယ်။ တောင်ယာစပါးကို ကြွက်က ဖျက်တယ်။ တချို့ဆို တစ်ခင်းလုံး လက်လွှတ်လိုက်ရတယ်။ လယ်ထဲကစပါးကိုကျတော့ ပိုးဖျက်တယ်။ ဆေးလေးဘာလေးဖျန်းရင် သက်သာတယ်။ ဒီနှစ်က ကျိန်း သေ အထွက်နှုန်းကျမယ်ဆိုတော့ နောက်နှစ်က စားနပ်ရိက္ခာအတွက်တော့ စိုးရိမ်ရတဲ့အခြေအနေပဲ”ဟု ဆိုသည်။

ဖာပွန်ခရိုင်အတွင်း နေထိုင်ကြသည့် ဒေသခံကရင်လူမျိုးများသည် တောင်ယာစပါးစိုက်ပျိုးခြင်းဖြင့် အဓိက အသက်မွေးဝမ်း ကျောင်းပြုကြသူများဖြစ်ပြီး ပြီးခဲ့သည့်နှစ်မှစတင်ကာ ၎င်းတို့စိုက်ပျိုးထားသည့် တောင်ယာစပါးခင်းများ တစ်နှစ်ထက်တစ်နှစ် ပျက်စီးဆုံးရှုံးမှု ပိုများလာကြောင်း သိရသည်။

နယ်မြို့လေးတမြို့က ခေတ်သစ်ကျွန်ပြုခံရသူတွေ အကြောင်းရုပ်သံ


အဆင်သင့်ဖြစ်သည့် ပြည်နယ်တိုင်းတို့တွင် နိုင်ငံရေးဆွေးနွေးပွဲများ စမည်

dvb

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို အဆင်သင့်ဖြစ်တဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ်တွေမှာ စတင်ကျင်းပသွားမယ်လို့ အောက်တိုဘာ ၂၉ ရက်ကပြုလုပ်ခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး က ဆုံးဖြတ်ခဲ့ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ‘‘အားလုံးဆွေး နွေးတဲ့ရလဒ်က ဒီနေ့မှာဆိုရင် ဆုံးဖြတ်ချက် ကိုးချက်နဲ့ မှတ်တမ်းခုနစ်ချက်ကို အောင်မြင်စွာရရှိလာခဲ့ပါပြီ။ အထူးသဖြင့် ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို မဖြစ်မနေသွားရမယ့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအတွက်ကို အခုတော်တော်များများ ဆုံးဖြတ်ချက်ချနိုင်တဲ့အတွက် ရှေ့ခြေလှမ်းကို တိုးနိုင်ခဲ့ပြီဖြစ်ပါတယ်’’လို့ ပြောပါတယ်။

UPDJC အစည်းအဝေးကို အောက်တိုဘာ ၂၈ ရက်မှ ၂၉ ရက်အထိ ၂ ရက်ကြာပြုလုပ်ခဲ့ပြီး နိုင်ငံရေး ဆွေးနွေးမှု အဆင့်ဆင့် ပုံစံ(Structure)၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်များ၊ လူမျိုး အလိုက် ကျင်းပသော အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်၊ ဒေသအလိုက် ကျင်းပသော အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်၊ အကြောင်းအရာ အလိုက်ဆွေးနွေး သော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီ လုပ်ငန်းလမ်းညွှန်၊ UPDJC လုပ်ငန်းလမ်းညွှန်၊ UPDJC အတွင်းရေးမှူး အဖွဲ့ လုပ်ငန်းလမ်းညွှန်၊ လုပ်ငန်းကော်မတီများ လုပ်ငန်း လမ်းညွှန်၊ UPDJC ရုံးအဖွဲ့ ဖွဲ့စည်းပုံ၊ ပထမ အကြိမ် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ များမှာ ဆွေးနွေးမယ့် ခေါင်းစဉ်ခွဲများကို ဆွေးနွေးခဲ့ကြပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဥက္ကဋ္ဌ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွေကို နိုဝင် ဘာလမှာ ဆောင်ရွက်ဖို့ ရည်ရွယ်ထားတယ်လို့ စည်းဝေးပွဲ ပထမနေ့က ပြောကြားထားပါတယ်။

ဒီအတောအတွင်း အန်စီအေ တနိုင်ငံလုံးအပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့ တွေ့ဆုံဆွေးနွေးကြဖို့ ရှိပါတယ်။

အပစ်မရပ်တပ်ဖွဲ့တွေအနေနဲ့ အန်စီအေမှာ ပါဝင်လက်မှတ်ထိုးမှ နိုင်ငံရေးဆွေးနွေးပွဲကို တက်ရောက်ကြရမှာဖြစ်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်ထိုးဖို့ အချိန်မဆွဲကြပါနဲ့လို့ ထုတ်ပြောထားပါတယ်။

ကနီမြို့ဝင်လမ်းမကြီး ပြုပြင်ပေးလိုသူများ ပြောစကား


လူသတ်မှုဖြင့် မြန်မာတဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

ဧရာဝတီ


ထိုင်းနိုင်ငံ ပရာကျွတ်ကရီခန်းပြည်နယ် ဘန့်စဖန်ခရိုင်တွင် မြန်မာနိုင်ငံသားတဦးကို ကာရာအိုကေဆိုင် မှ အမျိုးသမီးတဦးအား မတရားပြုကျင့်ကာ သတ်ဖြတ်မှုဖြင့် သံသယရှိတဲ့ အတွက် မနေ့က ဖမ်းဆီး လိုက်ကြောင်း ထိုင်းရဲတပ်ဖွဲ့ ပြောဆိုချက်ကို ကိုး ကား၍ Bangkok Post သတင်းက ဆိုပါတယ်။

စွပ်စွဲခံရသူ မြန်မာနိုင်ငံသားမှာ အသက် ၄၀ အရွယ်ရှိ Wae Khuewae အမည်ရှိသူဖြစ်ပြီး၊ ရာဘာခြံ တွင် အလုပ်လုပ်ကိုင်သူဖြစ်ပြီး၊ သေဆုံးသူ အမျိုးသမီးမှာ ၂၂နှစ်အရွယ်ရှိပြီး Tawan Daeng ကာရာအိုကေဆိုင်တွင် အလုပ်လုပ်နေ သူဖြစ်ကြောင်း၊ သူမ၏ အလောင်းကို အောက်တိုဘာ ၂၇က် နေ့ မှာ ဟိုတယ်တလုံး အခန်း၌ရှာဖွေ တွေ့ ရှိခဲ့ခြင်းဖြစ်ပြီး၊ အသတ်ခံရသူ အမျိုးသမီးမှာ ၎င်းနှင့်ညလုံး ပေါက် ပျော်ပါးရန် ငြင်းဆန်သည့်အတွက် သတ်ဖြတ်ခြင်းဖြစ်ကြောင်း အဆိုပါ မြန်မာနိုင်ငံသားက ထိုင်းရဲတပ်ဖွဲ့ထံ ဝန်ခံတယ်လို့ ရေးသားထားပါတယ်။

အဆိုပါ မြန်မာနိုင်ငံသား၏ ပြောဆိုချက်အရ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ညက အကာရာအိုကေဘားမှာ ဘီယာသောက်ပြီးနောက် ယင်းအမျိုးသမီးကို ပျော်ပါးရန်အတွက် ပြောဆိုခဲ့ရာ တညလုံး ဘတ် ၁၈၀၀ဖြင့် သဘောတူခဲ့ကြောင်း၊ ထိုနောက် သူ့ထံမှ စိတ်ကြွဆေး ဝယ်ယူရန် ဘတ် ၅၀၀ ထပ်မံ တောင်း ခံခဲ့ပြီးနောက် ဆေးပြား ၃လုံးပေးကြောင်း၊ သူ့ကိုလည်း တလုံးပေးကြောင်း သို့သော်လည်း နောက်ပိုင်းမှာ သူမ၏ ရည်းစားထံမှ ဖုန်းလာသည်ဟု ဆိုကာ ညလုံးပေါက်မနေနိုင်တော့ကြောင်း ပြောသည့်အတွက် စကားများ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး မုဒိန်းကျင့်ကာ လည်ပင်းညစ်သတ် လိုက်ကြောင်း ထိုင်းရဲကဆိုပါတယ်။

သတ်ဖြတ်ပြီးနောက် သူတုန်လှုပ်သွားကာ သူနေထိုင်ရာဆီသို့ ပြန်ပြေးခဲ့ကြောင်း၊ သူဟာ မြန်မာစစ်တပ်မှ စစ်သားဟောင်းတဦးဖြစ်ပြီး လူများစွာ သတ်ခဲ့ဖူးသော်လည်း အမျိုးသမီးတဦးကို ယခုကဲ့သို့ မသတ်ဖြတ်ခဲ့ဖူးကြောင်း၊ ထို့အတွက်သူ၏ လုပ်ရပ်ကို မှားယွင်းသည်ဟု သိသည့်အတွက် ထွက်မပြေးခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

လေဖြတ်ရောဂါဖြစ်တဲ့သူတွေဟာ ဖြစ်ပြီး ၃ နာရီအတွင်း


အကြမ်းဖက်မှုဖြစ်ပွားခဲ့သည့် မောင်တောတွင် ဒေသန္တရရဲအဖွဲ့ ဖွဲ့မည်

ကိုအောင်

ရခိုင်ပြည်နယ်အစိုးရက အမှတ် ၁ နယ်ခြားစောင့်ရဲ ကွပ်ကဲမှုနယ်မြေထဲမှာ ဒေသန္တရရဲအဖွဲ့ကို ဖွဲ့စည်းပြီး တာဝန်ပေးသွားမယ်လို့ ရဲမှူးချုပ် သူရစန်းလွင်က ပြောပါတယ်။

မောင်တောမြို့နယ်ထဲက ကျီးကန်းပြင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနချုပ် အပါအ၀င် ရဲစခန်းသုံးခု အောက်တိုဘာ ၉ ရက်နေ့မှာ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရပြီးတဲ့နောက် ဒေသခံတွေ

စိုးရိမ်မှုတွေဖြစ်နေကြပြီး ပြည်သူ့စစ် ဖွဲ့စည်းပြီး လက်နက်တပ်ဆင်ပေးဖို့ တောင်းဆိုမှုတွေရှိခဲ့တာပါ။

ဒီတောင်းဆိုမှုတွေကို ရခိုင်ပြည်နယ်အစိုးရက အလေးထားစဉ်းစားတဲ့အနေနဲ့ ဒေသန္တရဲတပ်ဖွဲ့ကို ဖွဲ့စည်းပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ရဲ့ ကွပ်ကဲမှုအောက်မှာ ထားရှိမှာဖြစ်ပါတယ်။

“ကိုယ့်ပြည်နယ် ကိုယ့်ဒေသ ကိုယ့်ကျေးရွာကို ကာကွယ်စောင့်ရှောက်ချင်တဲ့ ဒေသခံ လူငယ်လူရွယ်တွေကို မွေးထုတ်ဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း ဆောင်ရွက်နေသလို ပြည်နယ်ဝန်ကြီးချုပ်ကလည်း ကျနော်တို့ကို လမ်းညွှန်မှာကြားထားပါတယ်။ အသက် ၁၈ နှစ်ပြည့်မယ် ၃၅ နှစ်အောက်၊ လိုအပ်ရင် ကျန်းမာရေးကောင်းရင် အသက်ကို လျှော့ပေါ့ပြီးတော့ တင်ပြခွင့်ပြုချက်ရယူမယ် ပြီးရင် ပညာအခြေခံ မူလတန်းအဆင့်ဆိုရင် လက်ခံပါပြီ။” လို့ ရဲမှူးချုပ် သူရစန်းလွင်က ပြောပါတယ်။

စစ်တွေမြို့မှာ ဒေသန္တရဲသင်တန်း ဖွင့်လှစ်မှာဖြစ်သလို ကျီးကန်းပြင်ဌာနချုပ်မှာပါ ဖွင့်လှစ်နိုင်ဖို့ ကြိုးစားနေတယ်လို့ လည်း ရဲမှူးချုပ်ကပြောပါတယ်။

ဒါ့အပြင် သင်တန်းဆင်းပြီးတာနဲ့ လက်နက်တပ်ဆင်ပြီး ကိုယ့်ဒေသမှာပဲ တာဝန်ချထားပေးမှာပါ။ ဒါ့အပြင် မောင်တောဒေသက တခြားကို တာဝန်ကျနေတဲ့ ဒေသခံ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း သူတို့ဆန္ဒအတိုင်း တင်ပြလာရင် ပြောင်းရွှေ့ပေးဖို့ အစီစဉ်ရှိတယ်လို့လည်း သိရပါတယ်။

ဒေသခံလူငယ်တွေကတော့ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိပေမယ့် ဒေသခံတွေရဲ့ စကားကို အလေးအနက်ထား ဖို့လိုတယ်လို့ ထောက်ပြကြပါတယ်။

တွေ့ဆုံပွဲတက်ရောက်သူ၊ မောင်တောမြို့ခံ မောင်ဝင်းသန်းက “ကွပ်ကဲရေးမှူးပြောသွားတာတွေက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြောသွားတယ်။ ပူးပေါင်းတယ် ဆိုတဲ့နေရာမှာ ဒေသခံစကားကို အလေးအနက်ထားဖို့ လိုအပ်ပါတယ်။ အလေးအနက်ထားပြီးတော့မှ အဲဒီ သတင်းကိုအခြေခံပြီးတော့ တိတိကျကျ တရားဥပဒေစိုးမိုးရေး၊ အချုပ်အခြာအာဏာ တည်တန့်ခိုင်မြဲရေးကို တိတိကျကျ အချိန်နဲ့တစ်ပြေးညီဆောင်ရွက်ရမှာဖြစ်ပါတယ်။ အဲဒါမှ ကျေးရွာလုံခြုံရေး၊ လမ်းတလျှောက် လုံခြုံရေး၊ မောင်တောနယ်မြေကို တရားဥပဒေစိုးမိုးရေးကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။” လို့ ပြောပါတယ်။

အောက်တိုဘာ ၉ ရက် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ရပြီး လက်နက်မျိုးစုံ ၆၀ ကျော်လည်း လုယက်ခံခဲ့ရပါတယ်။

အောက်တိုဘာ ၂၉ ရက်ထိ ဖမ်းဆီးစစ်ဆေးနေသူ ဦးရေငါးဆယ်ခန့်ရှိပြီး သေနတ်မျိုးစုံ ၁၈ လက်နဲ့ ကျည်ဆန် သုံးထောင်ကျော်ကို ပြန်လည်ရရှိထားတယ်လို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က သိရပါတယ်။

အမှတ် ၁ နယ်ခြားစောင့်ရဲ ကွပ်ကဲမှုနယ်မြေထဲမှာ ဒေသန္တရရဲအဖွဲ့ကို ဖွဲ့စည်း


ဘင်္ဂလာဒေ့ရှ်သို့ ရေကူးသွားသူ ဘင်္ဂလီ သုံးဦးနောက်ထပ် ဖမ်းမိ၊ အကြမ်းဖက်မှုနှင့် ဆက်စပ်သူ ၅၀ ကျော် ဖမ်းဆီး

နိရဉ္စရာ၊


ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်သို့ ရေကူးပြီး သွားနေသည့် မသင်္ကာဖွယ်ရာ ဘင်္ဂလီလူမျိုး အမျိုးသား သုံးဦးအား အောက်တိုဘာလ ၂၇ ရက်နေ့က တပ်မတော်(ရေ)က ဖမ်းဆီးမိပြီး မောင်တောမြို့မရဲစခန်းသို့ လွဲပြောင်းလိုက်ရာ အခုအခါ မောင်တောမြို့မရဲစခန်းတွင် အကြမ်းဖက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ ဘင်္ဂလီလူမျိုး ၅၀ ကျော်သွားပြီဟု သိရသည်။

တပ်မတော်(ရေ)မှ နတ်မြစ်အတွင်း ကင်းလှည့်နေ့စဉ် အောက်တိုဘာလ ၂၇ ရက် ညနေ ၅ နာရီ မိနစ် ၂၀ ခန့်တွင် တံချောင်းနှင့် ထန်းချောင်းအကြား ရေလယ်ကျွန်းအနီး၌ တစ်ဖက်နိုင်ငံ ဘင်္ဂလာဒေ့ရှ်သို့ ရေကူးသွားနေသည့် မသင်္ကာဖွယ်ရာ ဘင်္ဂလီ အမျိုးသား သုံးဦးအားတွေ့ရှိရသဖြင့် ခေါ်ယူရာ ထွက်ပြေးသဖြင့် လိုက်လံ ဖမ်းဆီး ခဲ့ရသည်ဟု သိရသည်။

ဖမ်းဆီးခံရသူ သုံးဦးမှာ မောင်တောမြို့နယ် လိပ်ရကျေးရွာ (အလယ်) နေ ဘာဘူးရှားမား(ဘ) အဒူလာလီ၊ အာလီဇော်ဟက် (ဘ) အီစမိုင်းနှင့် ရှာခွန်သာလီ (ဘ) အာဆီဇော်ဟပ်တို့ ဖြစ်ကြောင်း မြ၀တီ သတင်းတွင် ဖော်ပြသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ကလည်း အကြမ်းဖက်စီးနင်းတိုက်ခိုက်ရာတွင် ပါဝင်သူ စာကိုင်းကျေးရွာနေ ဟာမီတူဆောင်း(ဘ) အနှုဟလာမ်နှင့် နိုတူလာမိန်(ဘ) ဆူတာနာမတ် တို့အားလည်းကောင်း၊ ရသေ့တောင်မြို့နယ် ကိုးတန်ကောက် ကျေးရွာအား ပူးပေါင်းတပ်ဖွဲ့မှ အောက်တိုဘာ ၂၈ ရက်နေ့က ၀င်ရောက်ရှင်းလင်းရာ အကြမ်းဖက် စီးနင်း တိုက်ခိုက်ရာတွင် ပါဝင်သူ အာယုဒ်(ဘ) ကာလီဟူဆောင်းကို လည်းကောင်း ဖမ်းဆီးမိခဲ့သည်ဟု သိရသည်။

“ အခု တပ်မတော်ကနေ အကြမ်းဖက်မှုနဲ့ ဆက်စပ် ဖမ်းဆီးရမိသူတွေကို မောင်တော မြို့မရဲစခန်းကို လွဲပြောင်းပေးနေပါတယ်။ အခုဆိုရင် အယောက် ၅၀ ကျော်သွားပါပြီ ခင်ဗျား။ ကျွန်တော်တို့ဘက်ကလည်း ဥပဒေနဲ့ အညီ ဆောင်ရွက်နိုင်ရေး အတွက် စီစဉ်ဆောင်ရွက်နေပါတယ်။ တရားရုံးကို တင်နိုင်ရေး အတွက် စစ်ဆေး မေးမြန်းမှုတွေလည်း ပြုလုပ်နေပါတယ်။ စစ်ဆေးမေးမြန်းနေတုန်း ဖြစ်တဲ့ အတွက် အသေးစိတ်တော့ ပြောလို့ မရနိုင်သေးဘူးဗျာ။ ဆက်လက်ပြီးလည်း ဖမ်းဆီးရမိသူတွေကို ကျွန်တော်တို့ဆီကို လွဲပြောင်းပေးနေတာတွေရှိနေတုန်းပါဘဲ” ဟု မောင်တောခရိုင် ရဲတပ်ဖွဲ့မှူးက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

အလားတူ အောက်တိုဘာ ၂၇ ရက်နေ့က တပ်မတော်စစ်ကြောင်းတစ်ခုမှ မောင်တောမြို့နယ် မြောက်ပိုင်း ငစကြူး မူဆလင် ကျေးရွာကို ၀င်ရောက် ရှင်းလင်းရာ အကြမ်းဖက်မှုနှင့် ဆက်သွယ်ပတ်သက်သူ ဘင်္ဂလီ လူမျိုး အမျိုးသား ၈ ဦးဖမ်းမိပြီး နောက်ထပ် ကျောင်းတောင် ကျေးရွာက တစ်ဦးနှင့် ကြက်မောက်တောင် အနောက်ရွာကနေ တစ်ဦး စုစုပေါင်း ၁၀ ဦးကို ဖမ်းမိခဲ့ကြောင်း သိရသည်။ သူတို့ ၁၀ ဦးမှာ မောင်တောမြို့နယ် မြောက်ပိုင်း ပြောင်ပိုက်ရွာအနီး တပ်မတော်နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲထဲတွင် ပါဝင်ခဲ့သူ အကြမ်းဖက်သမားများ ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

အောက်တိုဘာ ၂၈ ရက် ညဥ့် နံနက် အစောကြီး ၁ နာရီခန့်တွင်လည်း ဦးရွှေကျကျေးရွာအနီး နယ်စပ် နတ်မြစ်အတွင်း လှေတစ်စီးနှင့် ထွက်ပြေးရန် ကြိုးစားသူ မိန်းမနှစ်ဦး၊ ယောင်္ကျားတစ်ဦးနှင့် ကလေးနှစ်ဦးပါ မိသားစု တစ်ခုကို ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။

အမေရိကန်စီးပွားရေးပိတ်ဆို့အရေးယူတာတွေ ရုတ်သိမ်းလိုက်ပေမယ့် ပြည်ပဘဏ်တွေဘက်က အလုပ်မဖြစ်သေးဘူး


ဘုရားစေတီရှင်းလင်းရာမှ ဗုံးသီးလေးလုံးတွေ့ရှိ

ဝဏ္ဏခွာညို

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှ ၃မိုင်ခန့် ကွာဝေးတဲ့ ကံသာကျေးရွာမှာ ဂျပန်ခေတ်ကလို့ယူဆရတဲ့ ဗုံးသီး လေးလုံးကို ဘုရားဟောင်းစေတီပုထိုးမှာ ချုံတွေနဲ့ မြေသားတွေကို ရွာသားတွေရှင်းလင်းရာကနေ တွေ့ရှိခဲ့ပါတယ်။

အောက်တိုဘာ၃၀-ရက်နေ့ မနက် ၁၁နာရီအချိန်က ကံသာကျေးရွာတောင်ဖက်မှာရှိတဲ့ အံထူးကံသာ စေတီတော်(ဓာတ်တောင်) ပေါ်ရှိတဲ့ ဘုရားအားပြန်လည်တူးဖော်စဉ်မှာ ရွာသားတွေကတွေ့ရှိခဲ့တာလို့မြေပုံ အုပ်ချုပ်ရေးမှူး ဦးတင်ရွှေကဒီဗွီဘီကိုပြောပါတယ်။

“ဒီနေ့မနက်ပိုင်း၁၁နာရီလောက်တွေ့ရှိတာပါ။ ရွာသားတွေ ဘုရားစေတီနားမှာ မြေသားတွေကိုတူးဖော်ရှင်းလင်း ရာကတွေ့ခဲ့တာပါ။ မဖောက်ကွဲသေးတဲ့ ဗုံးသီးလေးလုံးပါ။ ဗုံးသီးလေးလုံးလုံးအဟောင်တွေပါ။ ဂျပန်ခေတ်က လက်ကျန်ဗုံးသီးတွေလို့ယူဆရပါတယ်။ အန္တရာယ်မဖြစ်ရအောင်သေချာလေးကိုထိမ်းသိမ်းထားပါတယ်။ အဲ့ဒီတွေ့ရှိတဲ့ဗုံးတွေကိုတပ်ကို အကြောင်းကြားတယ်”

အဲဒီဗုံလေးလုံးကတော့ အလျား၈လက်မ၊ လုံးပတ် ၈လက်မခွဲ၊ အချင်း ၃ လက်မ အရွယ်အစားရှိပြီးလက်တလော မှာမြေပုံမြို့ မရဲစခန်းမှာထိမ်းသိမ်းထားတယ်လို့ ပြောပါတယ်။ မြေပုံမြို့နယ်မှာ ဂျပန်ခေတ်က လက်ကျန်ဗုံးတွေ မကြာခဏ ဆိုသလိုတွေ့ရှိပါတယ်။

အရင်အစိုးရရဲ့ ကိန်းဂဏန်းတွေ ပေါ်မှာမူတည်ပြီး လုပ်နေရတာကြောင့် စီးပွားရေးဖွံ့ဖြိုးမှုနှေးကွေး


ငြိမ်းချမ်းရေး ညီလာခံတွင် အားလုံး ပါဝင်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ထက်နိုင်ဇော်


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် လာမည့်နှစ် ဖေဖော်ဝါရီလတွင် ပြန်လည် ကျင်းပရန် ပြင်ဆင်နေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု) ပင်လုံသို့ တက်ရောက်ပြီး အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ရန် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။

ယမန်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး အဖွင့် မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခြင်း ဖြစ်သည်။

“ကျမတို့ နိုင်ငံဟာ အချိန်ဆွဲလို့ မရပါဘူး။ ၁၀ စုနှစ်နဲ့ ချီပြီး ငြိမ်းချမ်းရေးကို ငတ်မွတ်နေခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ အဲဒါကြောင့် ဝင်လာပြီး တော့ ငြိမ်းချမ်းရေး ညီလာခံထဲမှာ ဆွေးနွေးကြဖို့ တိုက်တွန်းချင်ပါတယ်။ ငြိမ်းချမ်းရေး ညီလာခံ ပြင်ပကနေပြီးတော့ အချိန်မဆွဲပါနဲ့။ အားလုံး ပါဝင်ကြပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

NCA လက်မှတ် မထိုးရသေးသည့် အစုအဖွဲ့များကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လာရန် စိတ်အားထက်သန်မှု လိုကြောင်း၊ ပဋိပက္ခ ရပ်စဲနိုင်ရေးအတွက် ငြိမ်းချမ်းရေး တလမ်းသာရှိပြီး အခြားနည်းလမ်း မရှိကြောင်း၊ ငြိမ်းချမ်းရေး ညီလာခံ ပြင်ပမှ အချိန်မဆွဲရန် လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ဒီလိုပြောခြင်းအားဖြင့် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေရဲ့ အနေအထားကို နားလည်မှု မပေးတာ မဟုတ်ပါဘူး။ နားလည်မှု ပေးပါတယ်။ ဒါပေမယ့်လည်း တစ်ဖက်ကလည်း ပြန်ပြီး နားလည်မှု ပေးစေချင်ပါတယ်။ အချိန်ဆိုတာ အကန့်အသတ်နဲ့ ရှိပါတယ်။ ကြားဖူး ကြပါလိမ့်မယ်။ အချိန်နဲ့ ဒီရေဟာ လူကို မစောင့်ဘူးဆိုတာ။ အချိန်ဆိုတာ ကုန်နေတာပဲ။ ဒီအချိန်တွေကို မှန်မှန်ကန်ကန် သုံးစွဲဖို့ လိုပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အပစ်မရပ်ရသေးသည့် UNFC ကလည်း NCA လက်မှတ် ရေးထိုးနိုင်ရန် အစိုးရသို့ အချက် ၈ ခု တောင်းဆိုထားရာ တဝက် သဘောတူညီမှု ရရှိနေပြီ ဖြစ်သော်လည်း ဆက်လက် ညှိနှိုင်းဆွေးနွေးရန် အချိန်ယူရဦးမည့် အနေအထားတွင် ရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ ၄င်းတို့အဖွဲ့အနေဖြင့် NCA ကို လက်မှတ်ရေးထိုး၍ ငြိမ်းချမ်းရေး ညီလာခံသို့ ပါဝင်လာရန် မျှော်လင့်နေပြီး ယင်းမျှော်လင့်ချက်ကို အားလုံးက ဝိုင်းဝန်း အကောင်အထည်ဖော်၍ အစိုးရကလည်း ကြိုးစားမည်ဟု ပြောသည်။

“ဒါကြောင့် အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ် မထိုးရသေးတဲ့ အစုအဖွဲ့များ ပါဝင်လာနိုင်အောင်လို့ ဘယ်လို လုပ်ရမလဲဆိုတဲ့ နည်းတွေကိုလည်း ကျမတို့ ရှာရပါလိမ့်မယ်။ ဒီစားပွဲမှာရှိနေတဲ့ ပုဂ္ဂိုလ်အားလုံးဟာ ကြိုးပမ်းပေးကြပါလို့ မေတ္တာရပ်ခံပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

UPDJC တွင် အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပါဝင်သည်။

စစ်ပွဲတွေရပ်တံ့ပေးဖို့ ထိုးစစ်တွေရပ်တံ့ဖို့အတွက် ဆန္ဒပြတောင်းဆို


ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးသည် လက်တွေ့မှာ "ကိုယ့်ယို့ကားယားတွေချည်းပဲ" ဟု ပြည်ခိုင်ဖြိုး ဥက္ကဌ ဝေဖန်

မဇ္ဈိမ

လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် ပွင့်လင်းမြင်သာမှုဟူသည့် အသုံးအနှုန်းများသည် လက်တွေ့မကျဘဲ လူ့အခွင့်အရေးကို အကြောင်းပြပြီး အမျိုးဘာသာ၊ သာသနာကို ထိခိုက်နိုင်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဌဖြစ်သူ ဦးသန်းဌေးက ဝေဖန်လိုက်သည်။

"ဒီနေ့ လူကြိုက်များတဲ့ အသုံးအနှုန်းတွေဖြစ်တဲ့ လူ့အခွင့်အရေးတို့၊ ဒီမိုကရေစီအရေးတို့၊ ပွင့်လင်းမြင်သာမှုတို့ ကြားလို့ သိပ်ကောင်းတယ်။ လက်တွေ့မှာ အားလုံး ကိုယ့်ယို့ကားယားတွေ ချည်းပဲ" ဟု အောက်တိုဘာ ၂၉ရက်၊ မွန်းလွဲပိုင်းက ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်ပါတီရုံးတွင် ခရိုင်၊ မြို့နယ်အလိုက် ဥက္ကဌများ၊ ကော်မတီဝင်များနှင့်တွေ့ဆုံစဉ် ဦးသန်းဌေးက ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

လက်တွေ့မှာ ကိုယ့်ယို့ကားယားတွေချည်းပဲဟု ဦးသန်းဌေးက ဝေဖန်လိုက်သည့် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတို့ကို ယုံကြည်သူ အများစုသည် စစ်အစိုးရလက်ထက်အတွင်း ဖမ်းဆီး၊ ထောင်ချ၊ နှိပ်စက်မှုများကို အလူးအလဲ ခံခဲ့ကြရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစဉ်သည် အမျိုးဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်ရေးဖြစ်သည်ဟုလည်း ဦးသန်းဌေးက တွေ့ဆုံပွဲတွင် ဆက်လက် ပြောကြားသည်။

"လူမျိုးပျောက်သွားမယ့် ကိစ္စမျိုးဆိုရင် ကျွန်တော်တို့ ရှေ့က ရပ်တည်ရမယ်။ အဲ့ဒါကြောင့် အမျိုးဘာသာ၊ သာသနာ၊ ကျွန်တော်တို့ အမျိုး၊ ဘာသာ၊ သာသနာ မပျောက်ရဘူး။ ဒါ ဒီပါတီက ခံယူထားတာ၊ အဲ့ဒီကိစ္စရှိလာရင် ကျွန်တော်တို့ ရှေ့ဆုံးကနေ ကာကွယ်မယ်။ နောက် တိုင်းပြည်ရဲ့ လုံခြုံရေး ထိပါးလာပြီလား၊ ကျွန်တော်တို့ ရှေ့ဆုံးက ကာကွယ်မယ်။ နောက် မိမိဒေသတွင်းမှာ သဘာဝဘေးအန္တရာယ် တွေ့ကြုံလာပြီလား။ ကျွန်တော်တို့အမိန့် မစောင့်နဲ့၊ လုပ်ကြရမယ်။ အဲ့ဒီ သုံးချက်နဲ့ပတ်သက်ရင် ခင်ဗျားတို့ လုပ်ချင်ရာလုပ်၊ အကုန်မှန်တယ်။ အကုန် တရားတယ်။ ဘာအမိန့်မှ မလိုဘူး" ဟု ၎င်းက ဆိုသည်။

ထို့ပြင် ပြည်သူလူထု၏ စားဝတ်နေရေးနှင့် လုံခြုံရေးသည် ဒုတိယဦးစားပေး ဆောင်ရွက်ရမည့်ကိစ္စ ဖြစ်သည်ဟုလည်း ဦးသန်းဌေးက အောက်ပါအတိုင်းပြောသည်။

"လူ့အခွင့်အရေးထက် ပြည်သူလူထုရဲ့ စားဝတ်နေရေးနဲ့ လုံခြုံရေးကို ဦးစားပေးဆောင်ရွက်ရမှာ ဖြစ်တယ်။ အဲ့ဒါ ကျွန်တော်တို့ပါတီရဲ့ ဒုတိယဦးစားပေး လုပ်သွားမယ့်ကိစ္စ" ဟု ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းက နေပြည်တော်ရှိ ပါတီဌာနချုပ်တွင်ပြုလုပ်သော ဒုတိယအကြိမ် ပါတီညီလာခံတွင် ဦးသန်းဌေးက ပါတီဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခံရခြင်း ဖြစ်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အရေးမလှခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် လာမည့် ၂၀၁၇ခုနှစ်၊ ဧပြီလ ၁ရက်တွင် ကျင်းပရန်ရှိနေသည့် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း မဲဆန္ဒနယ်အားလုံးတွင် ယှဉ်ပြိုင်သွားမည်ဟု ပြောဆိုထားသည်။

ကရင်ပြည်နယ် မြိုင်ကြီးငူဒေသက စစ်ဘေးရှောင်အတွက် အလှူခံ


အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ အတွက် သျှမ်းလက်နက်ကိုင်၊ ပါတီ ၊ လူမှုအဖွဲ့တို့ ရန်ကုန်တွင် ဆွေးနွေး

စိုင်းအောင်ဆိုင်း


သျှမ်းတိုင်းရင်းသားအင်အားစုများအကြား စုစည်းညီညွတ်မှု တည်ဆောက်နိုင်ရေးနှင့် နိုင်ငံရေးဆွေး နွေးမှုများတွင် တသံတည်းထွက်နိုင်ရေးအတွက် ရည်ရွယ်ပြီး သျှမ်းခေါင်းဆောင်များအပါဝင် သျှမ်း အင်အားစု ပေါင်းစုံပါဝင်သည့် သျှမ်းပြည်ညီညွတ်ရေးကော်မတီ အစည်းအဝေးကို ရန်ကုန်မြို့ရှိ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့တွင် စတင်ကျင်းပသည်။

အစည်းအဝေးသို့ SNLD ဥက္ကဌ ခွန်ထွန်းဦး ၊ SSPP/SSA သျှမ်းပြည်တိုးတက်ရေးပါတီ နာယကကြီး ဗိုလ်ချုပ်ကြီးဆေထင် ၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စဝ်ပေါင်ခေး ၊ ပြည်သူ့စစ်အသွင်ပြောင်းအဖွဲ့မှ စဝ်ကိုင်ဖ စသည့် ကိုယ်စားလှယ်များအပြင် ကျားဖြူ ပါတီကပါ တက်ရောက်ခဲ့ပြီး သျှမ်းအရပ်ဘက်အဖွဲ့အစည်းများလည်း တက်ရောက်သည်။

နိုဝင်ဘာလအတွင်း ၂၁ ပင်လုံ၏ အဆက်အနေဖြင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ စတင် တော့မည် ဖြစ်ရာ ယင်းအတွက် ပြင်ဆင်မှုအပါဝင် သျှမ်းအင်အားစုများအကြား ညီညွတ်ရေးအတွက်ပါ ရည်ရွယ်ကြောင်း ကျားခေါင်းပါတီ အထွေထွေအတွင်းရေးမှူး စိုင်းညွှန့်လွင်က ပြောသည်။

“တကယ်လို့ အမျိုးသားအဆင့်ကတော့ ဝေးသေးတယ်ထင်တာပဲ။ CSSU ကတော့ တတ်နိုင်သမျှပြင် ဆင်ထားတယ်ပေါ့လေ။ တကယ်တမ်းကျတော့ စီအက်စ်အက်စ်ယူ ပေါင်းစည်းထားတာက အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေရှိမှန်းလည်း မသိဘူး သူ့ဘာသာသူ အလိုအလျောက် လာတိုက် ဆိုင် တာ။ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် စည်းလုံးညီညွတ်ရေးလုပ်ရတာပေါ့နော်။ ကျားဖြူလည်း လာတက် ပါတယ်။ သျှမ်းအဖွဲ့ ပါတီနှစ်ပါတီ တပ် ၂ တပ် ၊ ပြည်သူ့စစ် အဖွဲ့ရယ် တီဝိုင်အို ၊ တီဝိုင်အန်စတာတွေ လည်းပါတာပေါ့လေ။” ဟု စိုင်းညွှန့်လွင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ပုံစံ ၃ မျိုးဖြင့် ကျင်းပ သွား မည်ဟု ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်နေ့က ဆိုထားပြီး ဒေသအလိုက် ၊ လူမျိုးစု အလိုက်နှင့် အမျိုးသား အဆင့်အလိုက် ကျင်းပမည်ဟုဆိုသည်။ ယင်းအပြင် အန်စီအေ လက်မှတ် မထိုးရသေး သည့်အဖွဲ့များအနေဖြင့် ညီလာခံပြင်ပတွင် အချိန်မဆွဲကြရန်လည်း နေပြည်တော် တွင်ကျင်းပသည့် UPDJC ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူက ပြောဆိုထားသည်။

“အမျိုးသားအဆင့်က တကယ်တမ်းကျတော့ စိတ်ကူးပဲရှိသေးတယ်။ ချတ်ထဲမှာပဲတွေ့ရတယ်။ လူမျိုးအလိုက် ဒေသအလိုက်၊ အကြောင်းအရာလိုက်ကို လိုက်လုပ်နေလို့ မရဘူး။ နိုင်ငံရေးဆွေးနွေးမှု မူဘောင်သူကလည်း အတည်မပြုသေးဘူးလေ။ ဖရိန်ဝေါ့အတည်မပြုပဲနဲ့သွားလုပ်တာက ပင်ပန်းတာပဲရှိမယ်။ နိုဝင်ဘာလောက်အထိ စောင့်ကြည့်ရမယ်။ “ဟု စိုင်းညွှန့်လွင်က မှတ်ချက်ပြုပြောဆိုသည်။

ဧရာဝတီမြစ်ဆုံ လုံးဝရပ်ဆိုင်းသင့်တယ် မြစ်ဆုံဒေသခံပြော


ရေယာဉ်ဖြင့်ခရီးသွားလာမှု ဘေးအန္တရာယ်ကင်းဝေးရေး

မင်းကောင်းချစ်


စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့မှ မုံရွာမြို့သို့ ချင်းတွင်းမြစ်အတိုင်း ထွက်ခွာလာတဲ့ အောင်စိုးမိုးကျော် အမြန်ရေယာဉ်ဟာ အောက်တိုဘာလ ၁၅ ရက် နံနက် ၅ နာရီခန့်တွင် ကနီမြို့နယ်နဲ့ မင်းကင်းမြို့နယ်ကြား မိချောင်းတွင်းကျေးရွာအနီးမှာ တိမ်းမှောက်မှု ဖြစ်ပွားခဲ့တဲ့ သတင်းဆိုးကို အင်တာနက်သတင်းတွေမှာ ဖတ်ခဲ့ရပါတယ်။

အဲဒီအမြန်ရေယာဉ် တိမ်းမှောက်မှုမှာ ကျန်းမာရေးဌာနက ဝန်ထမ်းတွေ၊ မွမ်းမံသင်တန်း တက်ရောက်မယ့် ပညာရေးဌာနက ဆရာ၊ ဆရာမတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ မုံရွာတက္ကသိုလ်နဲ့ မုံရွာစီးပွားရေးတက္ကသိုလ်က အဝေးသင်ကျောင်းသား ကျောင်းသူတွေ အများဆုံး ပါဝင်ခဲ့တယ်လို့လည်း ဝမ်းနည်းဖွယ် ကြားသိရပါတယ်။

ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တဦးဖြစ်တဲ့ ဦးအောင်ကျော်ဦးရဲ့ ပြောကြားချက်ကတော့ “အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းမှာ ဟုမ္မလင်းမြို့ကနေ ထွက်ခွာလာတာပါ။ အေးငြိမ်းချမ်းသာ အမြန်ရေယာဉ်လိုင်းက အောင်စိုးမိုးကျော်ဆိုတဲ့ အမြန်ရေယာဉ်ပါ။ ကျောင်းပိတ်ရက်လည်း ဖြစ်တယ်။ သီတင်းကျွတ်ကာလလည်း ဖြစ်တော့ လူတွေကို အဆမတန် တင်လာတယ်။ ကျနော်ကိုယ်တိုင်က ပြောတယ်။ ခင်ဗျားတို့ လူတွေကလည်း အရမ်းများနေပြီ။ လျှော့တင်ပါ။ လုံးဝပြောမရဘူး။ ဟုမ္မလင်းကနေ စုန်လာပြီး ဖောင်းပြင်မြို့ကို ရောက်တဲ့အခါ လူတွေ အဆမတန်တက်လာတယ်။ ရေယာဉ်က တာဝန်ရှိတဲ့သူတွေ ရေယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဆီကို သွားပြောတယ်။ ဒါတွေကို ပြောပေးပါဦ။ သူတို့လည်း မတတ်နိုင်ဘူး၊ သူတို့ဘာသာ တင်တာလို့ ပြောတယ်။ ပြည်သူတွေ အသက်သေကုန်တော့မယ်လို့လည်း ပြောခဲ့တယ်။ ဒါနဲ့ ကျနော်လည်း ဖုန်းနဲ့ဓာတ်ပုံရိုက်ပြီးတော့ ကျနော်အသုံးပြုနေတဲ့ Aung Lay ဆိုတဲ့ ဖေ့ဘွတ်အကောင့်နဲ့ တင်ခဲ့တယ်။ ည ၈ နာရီလောက်မှာ မိတ်ဆွေတွေက ဖုန်းဆက်မေးတယ်။ အခြေအနေက ဘုရားတပြီး လိုက်နေရတယ်လို့ ပြောခဲ့သေးတယ်။ မနက် ၄ နာရီခွဲကျော်ကျော် ၅ နာရီလောက်မှာ အခုလိုမှောက်ပြီး နစ်မြုပ်သွားတော့တာပါပဲ”လို့ ပြောကြားခဲ့တာလည်း ဖတ်လိုက်ရပါတယ်။

ဟုမ္မလင်းမြို့က ထွက်ခွာလာတဲ့ အေးငြိမ်းချမ်းသာ အမြန်ရေယာဉ်အသင်းက အောင်စိုးမိုးကျာ် ခရီးသည်တင် အမြန်ရေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်ဦးရေအနေနဲ့ ခန့်မှန်းခြေ ၃၀၀ အထက်တွင်ရှိနိုင်ပြီး ဆိုင်ကယ် ၁၈ စီးလည်းပါတယ်လို့ ကြားသိရပါတယ်။ ပါလာတဲ့ ခရီးသည်တွေအနက်က ၁၅၈ ဦးသာ ကယ်ဆယ်ရေးစခန်းနဲ့ ကင်းကျေးရွာတိုက်နယ်ကို ရောက်ရှိခဲ့ပြီး အောက်တိုဘာ ၁၆ ရက်နေ့ ညနေပိုင်းထိ သေဆုံးနေတဲ့ ရုပ်အလောင်း ၈ လောင်းထိ တွေ့ရှိထားတာမို့ ပျောက်ဆုံးနေတဲ့ ကျန်ခရီးသည်တွေကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပါတယ်။

အောင်စိုးမိုးကျော် (၂) အမြန်ရေယာဉ် တိမ်းမှောက်ပြီး လူပေါင်းများစွာ အသက် သေဆုံးရခြင်းဟာ သတ်မှတ်ထားသည့် ဝန်ထက် ပိုမိုတင်ဆောင်ခြင်း၊ ကုန်များ တင်ဆောင်ခြင်း၊ ညမထွက်ရ အမိန့်ထုတ်ထားသော်လည်း ညဘက် မောင်းနှင်ခြင်း၊ လူဦးရေ ကန့်သတ်ချက်ထက် ပိုတင်ခြင်း စတဲ့ ရေယာဉ်ပိုင်ရှင်နဲ့ ရေယာဉ်မောင်းတွေရဲ့ စည်းကမ်းမလိုက်နာမှု၊ လောဘကြီးမှုကြောင့် ဖြစ်တယ်ဆိုတာကို တွေ့ရှိရတဲ့အပြင် ရေယာဉ်များကို စည်းကမ်းထိန်းသိမ်းရမယ့် ပုဂ္ဂလိကရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီအနေနဲ့လည်း စည်းကမ်းကိုင်တွယ်မှု ညံ့ဖျင်းခြင်းကြောင့် ရေယာဉ်တိမ်းမှောက်ပြီး လူပေါင်းများစွာ အသက်ဆုံးရှုံးရခြင်း ဖြစ်တယ်လို့ ပြောဆိုဝေဖန်နေကြပါတယ်။ တကယ်တော့ အထက်ပါ သုံးသပ်ချက်တွေဟာ မှန်ကန်ပေမယ့်လည်း မပြည့်စုံပါဘူး။

မုံရွာမြို့နှင့် အထက်ချင်းတွင်းမြစ်အတွင်းသွား ခရီးသည်တင်ရေယာဉ်အသင်း စုစုပေါင်း ၉ သင်းမှာ ရေယာဉ်အစီးရေ ၁၂၉ စီးရှိပြီး ကုန်တင်ရေယာဉ်အသင်း စုစုပေါင်း ၁၈ သင်းမှာ ရေယာဉ်အစီးရေ ၄၇၀ စီးရှိကြောင်း ပုဂ္ဂလိကရေယာဉ်များ စနစ်တကျ ပြေးဆွဲရေးကော်မတီ မှတ်တမ်းတွေအရ သိရတယ်လို့ ဆိုပါတယ်။

တကယ်တော့ ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေတဲ့ ရေယာဉ်အသင်းတွေမှ မဟုတ်ပါဘူး၊ မြန်မာနိုင်ငံတဝန်းလုံးမှာ ရှိရှိသမျှ ရေလမ်း၊ ကုန်းလမ်း၊ လေလမ်း ယာဉ်ရထားအားလုံးနဲ့ အသင်းအဖွဲ့ ကုမ္ပဏီ၊ ပိုင်ရှင်၊ ယာဉ်မောင်းအများစုဟာ စနစ်ဟောင်းက ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ခေါက်ရိုးကျိုးနေတဲ့ အကျင့်ဟောင်းတွေ၊ ဥပဒေကို မလေးစား မလိုက်နာမှုတွေ၊ အသိအမြင် နိမ့်ကျမှုတွေနဲ့ လုပ်ကိုင်ဆောင်ရွက်နေတာပါ။

ပြဿနာတခု ပေါ်လာပြီ၊ လူတွေ သေကျေထိခိုက် ဒဏ်ရာရပြီဆိုမှ မျက်ကလူးဆန်ပျာနဲ့ အပြစ်ဖို့နိုင်ဖို့ လတ်တလော အကြောင်းတရားတွေကို လက်ညှိုးထိုးပြီး ကံဆိုးသူ မောင်ရှင် တယောက်စ၊ နှစ်ယောက်စကို အရေးယူအပြစ်ပေးပြီး အခြေခံအကြောင်းတရားတွေကို မပြင်ဆင်ဘဲ စနစ်ဟောင်း၊ အကျင့်ဟောင်းနဲ့ ဆက်လုပ်ကိုင်ခဲ့ကြတာပါ။ ဒီလိုနဲ့ နောက်ထပ်ထိခိုက်မှုတွေ ထပ်တလဲလဲ ကြုံ၊ အဖိုးတန်တဲ့ လူ့အသက်တွေ ထပ်မံဆုံးရှုံးပြီး ချာလည်လည်နေကြတာမို့ အများပြည်တွေဟာ အတိတ်ကံကို ယိုးမယ်ဖွဲ့ရင်း အသက်မလုံခြုံတဲ့ ဘ၀တွေနဲ့ ရင်ဆိုင်ရင်း အသက်ရှင်နေကြရတာပါ။

ဒီနေရာမှာ ရေယာဉ်နဲ့ ခရီးသွားလာမှု ဘေးကင်းရေးအကြောင်း မရေးခင်မှာ စွန်စားမှု (Risk) အကြောင်း နည်းနည်းရေးချင်ပါတယ်။ ကျွန်တော်တို့ လူသားတွေဟာ မွေးဖွားစဉ်ကနေ သေဆုံးချိန်ထိတိုင်အောင် ဘဝတလျှောက်လုံးမှာ ယူချင်သည် ဖြစ်စေ၊ မယူချင်သည် ဖြစ်စေ စွန်စားမှု (Risk) ကို အချိန်တိုင်းမှာ မိုးလင်းက မိုးချုပ် အိပ်ရာဝင်ချိန်ထိ မလွှဲမရှောင်သာပဲ ယူကြရတာပါ။

ဖွံ့ဖြိုးတိုတက်ပြီး အုပ်ချုပ်ပုံစနစ် မှန်ကန်နေတဲ့ နိုင်ငံတွေမှာတော့ ပြည်သူပြည်သားတွေဟာ ကိုယ်ယူရမယ့် စွန်စားမှု (Risk) ဟာ လက်သင့်ခံသင့်တဲ့ စွန့်စားမှု (Acceptable Risk) စနစ်တကျ စီမံကွပ်ကဲထားတဲ့ စွန်စားမှု (Manageable Risk) စွန့်စားလုပ်ကိုင်ခွင့် ရကြပါတယ်။ ပြည်သူတွေကိုယ်တိုင်ကလည်း ကိုယ့်အသက်အန္တရာယ် လုံခြုံရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို မစူးစမ်း မဆင်မခြင် အလွယ်တကူ ယူလေ့မရှိကြပါဘူး။ အန္တရာယ်မကင်းဘူးထင်ရင် ရဲရဲရင့်ရင့် ထိထိရောက်ရောက် စွက်ဖက်ပြောဆို တားမြစ်လေ့ရှိပါတယ်။

အဲဒီလို တိုင်းပြည်က ပြည်သူတွေဟာ နေ့စဉ်ခရီးသွားလာဖို့ မလွှဲမရှောင်သာ ဘတ်စ်ကား၊ ရေယာဉ်တွေ စီးရပေမယ့် စိတ်ချလက်ချ စီးနင်းလိုက်ပါနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယာဉ်မောင်းသူတွေဟာ ကျွမ်းကျင်စွာ မောင်းနှင်နိုင်ကြောင်း လိုင်စင်ရှိတဲ့သူသာ ခန့်အပ်ထားတာ သေချာဖို့၊ အဲ့ဒီယာဉ်မောင်းဟာ အန္တရာယ်ကင်းအောင် စစ်ဆေးမောင်းနှင်ရမယ့် သူ့ရဲ့ တာဝန်ရှိမှု တာဝန်ခံရမှုကို ကောင်းစွာနားလည်အောင် လေ့ကျင့်ပေးထားတယ်ဆိုတာ သေချာဖို့၊ အသုံးပြုတဲ့ ယာဉ်တွေရဲ့ အရည်အသွေးဟာ သတ်မှတ်စံရည်စံညွှန်းနဲ့ ကိုက်ညီစေဖို့၊ ခရီးသည်တွေ ဘေးကင်းအောင် လိုက်နာရမယ့် ဥပဒေစည်းကမ်းတွေ လိုက်နာမှုရှိအောင် အမြဲတစေ ထိန်းကျောင်းတည့်မတ်ပေးတဲ့ စနစ်တွေ အသက်ဝင်နေစေဖို့ သေချာအောင် စီမံထားတာကြောင့် ဖြစ်ပါတယ်။

ဆင်းရဲနိမ့်ကျပြီး အုပ်ချုပ်ပုံစနစ် မှန်ကန်လာအောင် ကြိုးစားနေဆဲ စာရေးသူတို့ တိုင်းပြည်မှာတော့ နိုင်ငံသူ နိုင်ငံသားတွေဟာ ခေါက်ရိုးကျိုးနေတဲ့ စနစ်ဟောင်းအောက်မှာ မလုံခြုံတဲ့ဘဝတွေကို မလွှဲမရှောင်သာတာမို့ ကံတရားအတိုင်းလို့ သတ်မှတ်ပြီး အသက်ကို ဖက်နဲ့ မထုပ်နိုင်ဘဲ ဘုရားတ စွန့်စားသွားလာ ရှင်သန်နေကြရတာပါ။ တကယ်တော့ မတော်တဆ ထိခိုက်မှုဆိုတာဟာ ခေါင်းရှောင်တဲ့စကား ဖြစ်ပါတယ်။ ပေါ့ဆမှု၊ အသိမရှိမှု၊ သတိမပြုမှု၊ မဆိုင်သလို မျက်ကွယ်ပြုမှု၊ တာဝန်မဲ့မှုတွေကြောင့် တားဆီးနိုင်ပါရဲ့ မတားဆီးနိုင်ဘဲ ထိခိုက်ဒဏ်ရာရ သေဆုံးနေကြရတာပါ။

ရေယာဉ်ဖြင့် ခရီးသွားလာမှု ဘေးအန္တရာယ်ကင်းဝေးရေးအကြောင်း ရေးရရင်… ကမ္ဘာတဝန်းက ရေယာဉ်ဘေးအန္တရာယ်ကင်းဝေးရေးအဖွဲ့ (Worldwide Ferry Safety Association) က ထုတ်ပြန်ထားတဲ့ ရေယာဉ်တိမ်းမှောက်စေနိုင်တဲ့ အဓိကအကြောင်းတရား ၄ မျိုး ရှိပါတယ်။

၁။ ရေယာဉ်အရည်အသွေး နိမ့်ကျမှု (Poor Quality Vessels)
၂။ သတ်မှတ်လူဦးရေထက် ပိုမိုတင်ဆောင်ခြင်း (Overcrowding)
၃။ ရုတ်တရက် ရာသီဥတုပြောင်းလဲ ပြင်းထန်မှု၊ လှိုင်းလေရေစီးသန်မှု (Sudden Hazardous Weather)
၎။ လူ့လုပ်အမှား (Human Error)
နောက်ထပ်အရေးကြီးတဲ့ အချက်ကတော့ ရေယာဉ်ရဲ့ ဟန်ချက်ညီမှု (Balance) ပါပဲ။ အထူးသဖြင့် လှိုင်းလှေရေစီးထန်လာတဲ့အချိန်၊ ရေဝဲကတော့တွေနဲ့ ကြုံလာတဲ့အချိန်မှာ ရေယာဉ် မတိမ်းမှောက်အောင် ဟန်ချက်ညီနေဖို့ အလွန်အရေးကြီးပါတယ်။ ရေယာဉ်ရဲ့ ဟန်ချက်ညီမှုကို ပျက်ပြားစေနိုင်တဲ့ အကြောင်းတရားတွေကတော့ သတ်မှတ်ချက်ထက် ပိုတင်ဆောင်တဲ့ ဝန်အလေးချိန်၊ ကြီးမားတဲ့ဝန်တွေကို မလှုပ်ရှားနိုင်အောင် ချည်နှောင်ထားမှုမရှိခြင်း၊ အရည် အစရှိတဲ့ လှုပ်ရှားနိုင်တဲ့ ဝန်အမျိုးအစားများပါတဲ့ တိုင်ကီများ သယ်ဆောင်ခြင်း၊ ရေစူးတိမ်တာကြောင့် ရေယာဉ်ဝမ်းဗိုက်နဲ့ မြစ်ကြမ်းပြင် ထိတိုက်မိခြင်းတို့ ဖြစ်ပါတယ်။

အထက်မှာ ရေးခဲ့တဲ့ သတင်းတွေအရဆိုရင် အောင်စိုးမိုးကျော် ရေယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်ရဲ့ လတ်တလော အကြောင်းတရားတွေ (Immediate Causes) ကတော့ (၁) လူပို၊ ဝန်ပိုတင်ဆောင်ခြင်းကြောင့် ဟန်ချက်ပျက်နေခြင်း၊ (၂) ရေဝဲကတော့ ကြီးမားခြင်း ရေစီးသန်လှိုင်းထန်ခြင်း၊ (၃) ညဥ့်ခရီးစဉ် မောင်းနှင်မှုကြောင့် မြင်ကွင်း မရှင်းလင်းခြင်းတွေပဲ ဖြစ်ပါတယ်။ ရေယာဉ်မှူးနဲ့ ရေယာဉ်ဝန်ထမ်းတွေရဲ့ မကျွမ်းကျင်မှု မှားယွင်းလုပ်ဆောင်မှု (Human Error) ပါ၊ မပါ ဆိုတာကတော့ စုံစမ်းစစ်ဆေးတော့မှ သိရမှာပါ။

ပြီးတော့ အောင်စိုးမိုးကျော် အမြန်ရေယာဉ်တိမ်းမှောက်ခြင်းရဲ့ အခြေခံအကြောင်းတရား (Root Causes) ကို သုံးသပ်ရရင် (၁) ညဥ့်ဘက် ရေယာဉ်မမောင်းနှင်ရန် သတ်မှတ်ချက်စည်းကမ်းကို ချိုးဖောက်ခြင်း၊ (၂) တရားမဝင် ခရီးစဉ် ရေယာဉ်မောင်းနှင်ခွင့်များ တားဆီးရန် ပုံမှန်စစ်ဆေးစည်းကြပ် ထိန်းကျောင်းသည့် စနစ်မရှိခြင်း၊ (၃) ရေယာဉ်မှူးနှင့် ရေယာဉ်ဝန်ထမ်းများ ရေယာဉ်ဘေးကင်းရန် ဆောင်ရွက်ရမယ့် တာဝန်ဝတ္တရား ပျက်ကွက်ခြင်း၊ (၄) တာဝန်သိ ခရီးသည်တိုင်ကြားမှုကို အရေးယူ ဆောင်ရွက်ပေးနိုင်မည့်စနစ် မရှိခြင်းတို့ပဲ မဟုတ်လား။

ဒါ့ကြောင့် နောင်ကို အလားတူကြေကွဲဖွယ်ရာ ဆုံးရှုံးမှုတွေ ထပ်မကြုံကြိုက်ရလေအောင် တာဝန်ရှိသူများအနေနဲ့ ထိခိုက်မှုဖြစ်စဉ်ကို သေသေချာချာ စုံစမ်းစစ်ဆေးလို့ အရေးယူပြင်ဆင်ရာမှာ လတ်တလော အကြောင်းတရားတွေ၊ အခြေခံအကြောင်းတရားတွေ သာမက ရေကြောင်းသွားလာမှု စနစ်ဟောင်းတခုလုံးကို ပြန်သုံးသပ်ပြီး လက်ရှိတည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေကိုပါ ပြင်ဆင်ပြဋ္ဌာန်းပြီး ဖြေရှင်းဖို့ လိုပါတယ်။

ကမ္ဘာတ၀ှမ်းက ရေယာဉ်ဘေးအန္တရာယ်ကင်းဝေးရေးအဖွဲ့ (Worldwide Ferry Safety Association) ကတော့ ရေယာဉ်ဖြင့် ခရီးသွားမှုအန္တရာယ်တွေကို လျှော့ချနိုင်ဖို့ ရေကြောင်းခရီးသွားလာမှု စနစ်တခုလုံးကို အမြဲသုံးသပ်နေဖို့ တိုက်တွန်းထားသလို အောက်ပါအချက်တွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ အကြံပြု ထားပါတယ်။

(က) ရေယာဉ်ဒီဇိုင်းသတ်မှတ်ချက် (Vessel design)
(ခ) ရေယာဉ်မောင်းနှင် ရေယာဉ်အမှုထမ်းတို့အတွက် လိုအပ်သော လေ့ကျင့်ခန်း သင်ခန်းစာ (Training)
(ဂ) ရာသီဥတုနှင့် ဆက်စပ်နေတဲ့ လှိုင်းလေရေစီးကြောင်းအခြေအနေ (Weather)
(ဃ) ခရီးသည်များ ထိရောက်စွာ ဝင်ရောက်စွက်ဖက်ပိုင်ခွင့် Empowering passengers

နောက်ထပ်အရေးကြီးတဲ့ အချက်ကတော့ အရေးပေါ်အခြေအနေမှာ ဘယ်လို ရင်ဆိုင်တုံ့ပြန်ရမယ် ဆိုတာ သိနိုင်ဖို့ လေ့ကျင့်ဖို့ (Emergency Response Drill) လိုသလို အသက်ကယ်ဝတ်စုံတွေ၊ လိုအပ်တဲ့ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေ ထည့်သွင်းတပ်ဆင်ဖို့ လိုပါတယ်။ ဒီနေရာမှာ တခု သတိပေးချင်တာက အရေးပေါ် အသက်ကယ်ဝတ်စုံရှိပေမယ့်လည်း သင့်တော်တဲ့အရွယ်အစားကို အသုံးပြုတတ်ဖို့၊ မှန်ကန်စွာ ဝတ်ဆင်တတ်ဖို့ ခရီးသည်တွေကို ပညာပေးဖို့ လိုပါတယ်။ တခါတရံမှာ မှန်မှန်ကန်ကန် မဝတ်ဆင်တတ်ရင် အသက်ကယ်ဝတ်စုံက ဝတ်ဆင်တဲ့လူကို လည်ပင်းညှစ်သလိုဖြစ်ပြီး ပြန်သတ်ဖြတ်တတ်တာ သတိပြု စေလိုပါတယ်။

အချုပ်အားဖြင့်ဆိုရရင် လူနှင့် လူ့ဝန်းကျင်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းဝေးအောင် လူတိုင်း လူတိုင်း ကံယုံပြီး ဆူးပုံချနင်းသလိုမျိုး မပြုမူသင့်ပါဘူး၊ ကံကောင်းခြင်းအပေါ်မှာလည်း အားမထားသင့်ဘူး။ စနစ်မှန်အောင် ပြင်ဆင်ဖို့ လိုသလို အစိုးရ အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ စစ်ဆေးကြီးကြပ်ရေးအဖွဲ့များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ရေယာဉ်မှူး၊ ရေယာဉ်ဝန်ထမ်းများ၊ ခရီးသွားပြည်သူအားလုံးရဲ့ ကိုယ်စီကိုယ်င တာဝန်သိမှုနဲ့ တာဝန်ကျေပွန်မှုအပေါ်မှာသာ မူတည်သင့်ပါတယ်။

မြန်မာနိုင်ငံသားတိုင်း အန္တရာယ်ကင်းစွာ အိမ်ပြန်ရောက်နိုင်ကြပါစေ။

ပျောက်ဆုံးသား ရှာပေးဖို့ ၀န်ကြီးချုပ်ကို ငိုကြွေးရှိခိုးတောင်းဆိုခဲ့သည့် မိခင်


သျှမ်းပြည်တွင်း မြေယာသိမ်းဆည်းမှုများ ရပ်တန့်ပေးရန် လူမှုအဖွဲ့အစည်းများ ၊ တောင်သူလယ်သမားအဖွဲ့ တို့က တောင်းဆို

နန်းဆိုင်ဖူး


လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ ၊ တောင်သူလယ်သမား အဖွဲ့အစည်းများမှ သျှမ်းပြည်တွင်းရှိ သိမ်းဆည်းခံ လယ်ယာမြေပြသနာများကို လက်ရှိ NLD အစိုးရမှ ကူညီဖြေရှင်းပေးရန် သျှမ်းပြည်တောင် ပိုင်း တောင်ကြီးမြို့ရှိ မြို့တော်ခန်းမ၌ စာတမ်းမိတ်ဆက်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လယ်ယာမြေသိမ်းဆည်းပြသနာ စာတမ်းမိတ်ဆက်ပွဲပြုလုပ်ရန်အတွက် ဧပြီလ၌ EPRP Ethnic Peace Resource Project တိုင်းရင်းသား ငြိမ်းချမ်းရေး အရင်းအမြစ်စီမံချက် ၊ We are Tai အဖွဲ့ နှင့် TYO Tai Youth Organization သျှမ်းလူငယ်အဖွဲ့တို့သည် ကွင်းဆင်းလေ့လာအချက်အလက် များ ကောက်ယူပြီး တောင်သူလယ်သမားများ၏ လယ်ယာမြေ တစ်သောင်းကျော်သည် စစ်တပ်၊ ကုမ္ပဏီများ၊ စီမံကိန်းများကြောင့် သိမ်းဆည်းခံရခြင်း၊ မသမာမှု များ နှင့် အခြားသော နည်းများဖြင့် သိမ်းဆည်းခဲ့ရခြင်းများရှိခဲ့ကြောင်းများ တွေ့ရသည်ဟု EPRP ၏ သျှမ်းပြည်တွင်းတာဝန်ခံ ညှိနှိုင်း ရေးမှူး နန်းကေစီ ကပြောသည်။

“ ၁၆ မြို့နယ် ၁၈ မြို့မှာရှိတဲ့ ကျေးရွာပေါင်း ၂၉ ရွာမှာပေါ့နော် သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေ တစ်သောင်းတစ်ထောင်ကျော်ရှိတယ်။ အဲ့ဒီ တစ်သောင်းတစ်ထောင်ကျော်က သျှမ်းမြောက်မှာဆိုရင် သီပေါ၊ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊သိန္နီ၊ ကျောက်မဲ၊ နမ္မတူပေါ့။ သျှမ်းတောင်ဆိုရင် တောင်ကြီး ၊ဟိုပုံး၊လွိုင်လင် ပင်လုံ မိုင်းပွန် နဲ့ သျှမ်းအရှေ့ဆိုရင် တာချီလိတ်ပေါ့ ”ဟု ၄င်းကပြောသည်။

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့မှ လယ်ယာမြေ သိမ်းဆည်း ခံ တောင် သူလယ်သမား ရ၅ ဦး၏ ကိုယ်စား လှယ်အအဖြစ် စိုင်းခမ်းလွန်းက ၁၉၉၀ နှင့် ၁၉၉၁ ခုနှစ်တွင် လက်ဖက်နှင့် တောင်ယာ စိုက်ခင်းများ လုပ်ကိုင် စားသောက် သည့် အရှေ့ရပ်ကွက်၊ ကန်သာဦးရပ်ကွက်နှင့် မင်္ဂလာရပ်ကွက်(၁) တို့မှ တောင်သူလယ်သမားများ ပိုင်သည့် လယ်ယာမြေ ဧက ၁၆၀ ခန့် အမှတ် ၂၄၉ ခြေလျင် တပ်ရင်း မှ သိမ်းယူထားကြောင်း ပြော သည်။

“သိမ်းဆည်းခံမြေတွေကို ပြည်သူလူထုရဲ့ စာဝတ်နေရေး ပြေ လည်အောင် နောက်ပြီးတော့ အရေး တယူ လုပ်ပေးစေချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမြေတွေ သိမ်းဆည်းသွားတော့ တောင် သူလယ် သမားတွေက စီးပွားရေး ၊ ပညာရေး ၊ ကျန်းမာရေး စစရာရာ ချွတ်ယွင်းပြီး ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်စားသောက်နေရ တယ်ဆိုတာ ဘဝတူ တောင်သူ လယ်သမား အချင်းချင်းမှ သိမှာပါ မြေရှိတဲ့ လက်ရှိဘဝနဲ့ လက်မဲ့ဘဝ ရောက် သွား ခဲ့ရတယ်ဆိုရင် စိတ်ဓာတ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာ ကော ဘယ်လိုဖြစ်သွားမယ်ဆိုတာ စဉ်းစားသင့်တာပေါ့နော်” ဟု ၄င်းကပြောသည်။

အစိုးရသစ်မှ မြေယာပြသနာနှင့် ပတ်သက်ပြီး ဖြေရှင်းသည့်အခါ တွင်ပြည် သူလူထုများ အမှန်တကယ် ခံစားနေရ သည့် ခံစားချက်များ သိစေရန် အစိုးရဘက်၊ လွှတ်တော်ဘက်၊ လူမှုအဖွဲ့အစည်းများ စသည့် လူထု အရေးကို ဆောင်ရွက်နေသည့် အဖွဲ့အစည်းများအားလုံးကို မည်သို့ ပူးပေါင်းဆောင်ရွက်သင့်ပြီး သျှမ်းပြည်တွင်းရှိ လယ် ယာမြေပြသနာ များကို ဖြေရှင်းနိုင်ရန်အတွက် အဖွဲ့အားလုံးပူးပေါင်း ပွင့်လင်း မြင်သာမှု ရှိရှိနှင့် ဖြေရှင်း သွားနိုင် ရန် ရည်ရွယ်ကြောင်း (EPRP) ၏ သျှမ်းပြည်တွင်း တာဝန်ခံ ညှိနှိုင်း ရေးမှူး နန်းကေစီ ကပြောသည်။

ပဲခူးတိုင်း၊ရွှေတောင်မြို့က နွားခြံတွေမှာ၊ခွာနာ ရှာနာ၊ ရောဂါတွေဖြစ်ပွား


ရန်ကုန်တိုင်းလူငယ်ရေးရာမူဝါဒ အနှစ်ချုပ်အစီရင်ခံစာသည် တိုင်းအတွင်းရှိ လူငယ်များကို ရာခိုင်နှုန်းပြည့် ကိုယ်စားမပြု

ဇေယျာမော်

ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာမူဝါဒ အနှစ်ချုပ်အစီရင်ခံစာသည် တိုင်းအတွင်းရှိ လူငယ်များအားလုံးကို ရာခိုင်နှုန်းပြည့် ကိုယ်စားမပြုနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာမူဝါဒဖြစ်မြောက်ရေးတာဝန်ခံ ရှင်းသန့်က ပြောဆိုခဲ့သည်။

အောက်တိုဘာ ၃၀ ရက်က ရန်ကုန်မြို့ရှိ Orchid Hotel တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လူငယ်မူဝါဒ အလုပ်ရုံဆွေးနွေးပွဲများ အနှစ်ချုပ်အစီရင်ခံကိုထုတ်ပြန်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

"ရိုးသားစွာ ၀န်ခံရမယ်ဆိုရင် ရန်ကုန်တိုင်းတစ်ခုလုံးကို လွှမ်းခြုံနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒီ report သည် ရန်ကုန်တိုင်း တစ်ခုလုံးက လူငယ်တွေကို ကိုယ်စားပြုတယ်လို့လည်း ပြောလို့မရပါဘူး" ဟု တာဝန်ခံ ရှင်းသန့်က ပြောသည်။

သို့ပေမယ့် ကတိပြုတာဝန်ခံထားသည့် လုပ်ငန်းစဉ်များကို ရာနှုန်းပြည့် ကျော်လွန်ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး လူငယ်မူဝါဒဖြစ်မြောက်ရေးအဖွဲ့သည် တိုင်းဒေသကြီး အတွင်းရှိ လူငယ်များ၏ အခက်အခဲများ လိုအပ်ချက်များ ထွက်ပေါ်လာစေရန် အလုပ်ရုံဆွေးနွေးပွဲများကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနနှင့် ပူးပေါင်းကာ ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်လေးခုတွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

၎င်းအလုပ်ရုံဆွေးနွေးပွဲများမှ ရရှိလာသော အနှစ်ချုပ်အစီရင်ခံကို အစိုးရမှ လူငယ်မူဝါဒများရေးဆွဲရာတွင် အထောက်အကူဖြစ်စေရန်အတွက် အကြံပြုတင်ပြသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံရဲ့အပြည်ပြည်ဆိုင်ရာပင်လယ်ရေကြောင်း ကုန်စည်စီးဆင်းမှု


PSI ဂြိုဟ်တု ရုပ်သံလွှင့်ကုမ္မဏီက မြန်မာနိုင်ငံမှာ တရား ၀င်လာရောက်လုပ်ကိုင်ဖို့ရှိ


ချင်းတွင်းမြစ်ဆိပ်ကမ်းမြို့နယ်များတွင် ရေယာဉ်စစ်ဆေးမည့်အဖွဲ့များ ဖွဲ့စည်းရန် ညွှန်ကြား

မာန်ဇာမြေမွန်

ချင်းတွင်းမြစ်ဆိပ်ကမ်းမြို့နယ်များတွင် ရေယာဉ်များ ဆိုက်ရောက်မှု၊ ထွက်ခွာမှုများအား စစ်ဆေးမည့်အဖွဲ့များ ဖွဲ့စည်းထားရန် တိုင်းဒေသကြီးအစိုးရမှ ညွှန်ကြားခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရရုံးမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခြောက်လပတ်အစည်းအဝေးကို အောက်တိုဘာ ၂၉ ရက်က ကျင်းပခဲ့ပြီးနောက် ယင်းသို့ညွှန်ကြားချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွှန့်ဝင်းက ပြောသည်။

"ရေယာဉ်ဆိပ်ကမ်းရှိတဲ့မြို့နယ်တွေဖြစ်တဲ့ ကနီ၊ မင်းကင်း၊ ကလေးဝ စသည့်မြို့နယ်တွေ၊ အထက်ချင်းတွင်း ဒေသက မြို့နယ်တွေ မှာ ရေယာဉ်ထွက်ခွာမှု၊ ဆိုက်ရောက်မှုကို စစ်ဆေးမယ့်အဖွဲ့တွေ ဖွဲ့စည်းထားဖို့ ညွှန်ကြားခဲ့ပါတယ်။ မနေ့က ကျင်းပခဲ့တဲ့ ခြောက်လပတ်အစည်းအဝေးအပြီးမှာ ညွှန်ကြားခဲ့တာဖြစ်ပါတယ်။" ဟု မဇ္ဈိမကို ပြောသည်။

အဆိုပါအဖွဲ့များတွင် ထွေအုပ်၊ ရညန၊ရဲ၊ ပရဟိတအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စသည့်တို့ ပါဝင်မည်ဖြစ်ပြီး ရေယာဉ်ထွက်ခွာမှု၊ ဆိုက်ရောက်မှုကို အတိအကျ စစ်ဆေးရန် ခရိုင်အုပ်ချုပ်ရေးမှူးရုံးများသို့ ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၂၆ ရက်က ထုတ်ပြန်ခဲ့သော အမြန်ရေယာဉ်များလိုက်နာရမည့် စည်းကမ်းချက်များအား လိုက်နာမှုရှိ/မရှိအား စစ်ဆေးမည်ဖြစ်ပြီး ဖောက်ဖျက်ခဲ့ပါက ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အပြစ်ပေးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

ကျောက်စိမ်းအရိုင်းတုံးများ တရားမဝင် ပြည်ပကို တင်ပို့နေမှုအား အမြန်ဆုံးပိတ်ပင်ပေးရန်


အစိုးရကိုင်တွယ်နေတဲ့ မောင်တောအရေး

ရွှေအောင်


ဒီတကြိမ် ရခိုင်ပြည်နယ်၊ မောင်တောဘက် ပြဿနာတက်တော့ အစိုးရက အလျင်အမြန် ကိုင်တွယ်ဖြေရှင်းတာ တွေ့ရသလို သတင်းထုတ်ပြန်တာလည်း မြန်တယ်။ အကျိုးဆက်က အကြမ်းဖက်တိုက်ခိုက်မှု ဆိုတာ ထင်ထင်ရှားရှား ပေါ်လွင်ခဲ့ပြီး ခုချိန်ထိ တခြား အရေးဘက် ကူးစက်မသွားဘူး။

အောက်တိုဘာ ၁၇ ရက်က နေပြည်တော်မှာ လုပ်ခဲ့တဲ့ မောင်တောအရေး သတင်းစာရှင်းလင်းပွဲကလည်း အစိုးရ ကိုင်တွယ်လုပ်ဆောင်နေပုံတွေ ပိုပြီး သိလာရတယ်။

နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေး၊သံတမန်ရေး ဘက်ပေါင်းစုံ နည်းလမ်းပေါင်းစုံကနေ ဥပဒေနဲ့အညီ လုပ်ဆောင်နေပုံတွေ ပေါ်လွင်တယ်။

အစိုးရက မောင်တော အကြမ်းဖက်မှု ဖြစ်ပွားခဲ့တဲ့အပေါ် အချက် ၁၀ ချက်နဲ့ ကောက်ချက်ဆွဲ သုံးသပ်ခဲ့တယ်။

၁။ ယခုပြဿနာသည် အချိန်ကြာမြင့်စွာ ဖြစ်ပေါ်ခဲ့သည့် အကြောင်းတရားများကို အခြေပြု၍ ယခုဖြစ်စဉ် ပေါ်ပေါက်သည်ဟု သုံးသပ်ရပါကြောင်း၊။

၂။ လတ်တလော အရေးယူဆောင်ရွက်မှုနှင့်ပတ်သက်၍ ဆုံးရှုံးသွားသည့် လက်နက်ခဲယမ်းများ အမြန်ဆုံးပြန်လည်ရရှိရေးနှင့် အကြမ်းဖက်သောင်းကျန်းသူများ အမြစ်ပြတ် ချေမှုန်းရေး၊ ၎င်းတို့နှင့် အဆက်အသွယ်ရှိသူများကို အမြန်ဆုံးဖော်ထုတ်ရေး စသည်များ လိုအပ်သည်ဟု မိမိတို့ သုံးသပ်ပါကြောင်း။

၃။ လုံခြုံမှုအပြည့်အဝရှိပြီး အေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်နိုင်ရန် အစီအမံများ ချမှတ်ဆောင်ရွက်သင့်။ ထိုကဲ့သို့ ဆောင်ရွက်မှုများကို မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများ၊ နိုင်ငံတကာ ဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်းဖြင့်သာ ရေတို ရေရှည် အကျိုးဖြစ်ထွန်းနိုင်မည်ဟု သုံးသပ်ပါကြောင်း၊

၎။ ယခုဖြစ်စဉ်အပေါ် ဆောင်ရွက်သည့်နေရာတွင် ပြဿနာဖြစ်သည့် ကျေးရွာများ၌ တရားဥပဒေစိုးမိုးရေး ပြည့်ဝစွာရှိရန်နှင့် အုပ်ချုပ်ရေးယန္တရားများ ပုံမှန်လည်ပတ်နိုင်ရေးတို့အတွက် တပါတည်း ဆောင်ရွက်သင့်သည်ဟု မိမိတို့ သုံးသပ်ရရှိပါကြောင်း၊

၅။ ရေတို ရေရှည်တွင် ဒေသခံပြည်သူလူထု လုံခြုံမှုအပြည့်အဝရှိပြီး အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရန် အစီအမံများ ချမှတ်ဆောင်ရွက်သင့်သည်ဟု သုံးသပ်ပါကြောင်း။

၆။ နတ်မြစ်ဝတွင်ရှိသည့် ဒုက္ခသည်စခန်းများ၌ လူဝင် လူထွက်ကို စစ်ဆေး ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်သည်ဟု သုံးသပ်ပါကြောင်း၊

၇။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြား၌ရှိသည့် ခြံစည်းရိုးကို ခိုင်ခံ့ပြီး လုံခြုံမှုရှိစေရန်အတွက် ဘဏ္ဍာ ငွေ သုံးစွဲဆောင်ရွက်ရန် လိုအပ်သည်ဟု သုံးသပ်ပါကြောင်း၊

၈။ တိုင်းရင်းသား ကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လုံခြုံမှုကောင်းမွန်စေရေးအတွက် စီမံဆောင်ရွက်ပေးရန် လိုအပ်သည်ဟု သုံးသပ်ပါကြောင်း။

၉။ ရခိုင်ပြည်နယ်ရှိ အချို့သော နိုင်ငံရေးပါတီများသည် လက်ရှိအစိုးရနှင့် ပူးပေါင်း ဆောင်ရွက်မှု နည်းပါးခဲ့သော်လည်း အောက်တိုဘာ ၉ ရက် ဖြစ်စဉ်အပေါ်တွင် ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီအားလုံးက အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ကြမည်ဟု ပြောကြားကြသည်ကို တွေ့ရသည့်အတွက် ယခုဖြစ်စဉ်အပေါ် အပြုသဘောဆောင်သည့် သဘောထားရှိလာသည်ဟု မိမိတို့ သုံးသပ်မိပါကြောင်း၊

၁၀။ ရခိုင်ပြည်နယ်အတွင်းရှိ လူမှုကွန်ရက်အဖွဲ့အစည်းများ၏ ကိုယ်စားပြုကော်မတီသည် လည်း ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် အပြုသဘောဆောင် သည့် သဘောထားများ တင်ပြလာသည့်အတွက် ၎င်းတို့၏ အကြံဉာဏ်များကိုလည်း မိမိတို့ စဉ်းစား သုံးသပ်ပါကြောင်း၊။

မောင်တောမှာ နေနေကြတဲ့ လူတွေအကြောင်းလည်း သတင်းစာရှင်းလင်းပွဲကနေ အခုလို သိရတယ်။

၁။ လက်ရှိနောက်ဆုံးစာရင်းအရ ဘူးသီးတောင်၊ မောင်တောဒေသ၌ ရပ်ကွက်ပေါင်း ၁၈ ရပ်ကွက် ကျေးရွာအုပ်စု ၂ဝ၄ စု၊ ကျေးရွာပေါင်း ၉ဝ၅ ရွာ ရှိပါကြောင်း၊

၂။ ရခိုင်တိုင်းရင်းသားကျေးရွာမှာ ၃၄၉ ရွာ ရှိပြီး ဘင်္ဂါလီကျေးရွာ ၅၃၆ ရွာ ရှိပါကြောင်း၊ တိုင်းရင်းသားနှင့် ဘင်္ဂါလီပူးတွဲနေသည့် ကျေးရွာ ၂ဝ ရှိပါကြောင်း၊

၃။ တိုင်းရင်းသားလူဦးရေမှာ တသိန်းနှစ်သောင်းနှစ်ထောင့်လေးဆယ့်တဦး ရှိပါကြောင်း၊

တိုင်းရင်းသား ငါးထောင်သုံးဆယ့်တဦး ရှိပြီး၊ ဘင်္ဂါလီ ခုနစ်သိန်း ခြောက်သောင်း ငါးထောင့်ရှစ်ရာ ခြောက်ဆယ့်နှစ်ဦး ရှိပါကြောင်း၊

၎။ စုစုပေါင်း ကောက်ယူသည့်စာရင်းအရ ရှစ်သိန်းကိုးသောင်းနှစ်ထောင့်ကိုးရာ သုံးဆယ့်လေးဦး ရှိကြောင်း။

တခါ နိုင်ငံတကာ ပါဝင်ပတ်သက်နိုင်မှုအပေါ် တုံ့ပြန်ဆောင်ရွက်ချက်တွေလည်း အခုလို သိရတယ်။

၁။ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အဆိုမူကြမ်းကို OIC ဟုခေါ်သည့် အစ္စလာမ္မစ် နိုင်ငံများ အဖွဲ့အစည်းမှနေ၍ တင်ပြရန် ကြိုးစားနေမှုလည်း ရှိပါကြောင်း၊

ထိုသို့ ကြိုးစားသည့်နေရာတွင် မိမိတို့ဘက်ကလည်း အဖြစ်မှန်အားလုံးကို တင်ပြနေပါကြောင်း၊

ဤအရေးကိစ္စတွင် တရားဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊

အင်အားသုံးသည့်အခါမှာပင် လိုအပ်သည့် အင်အားထက် ပိုပြီးမသုံးဘူး ဆိုသည့် ကိစ္စကိုလည်း ရှင်းပြနေပါကြောင်း၊

၂။ အာဆီယံနိုင်ငံများထဲ၌ အစ္စလာမ်ဘာသာ ကိုးကွယ်သည့်နိုင်ငံ သုံးနိုင်ငံ ရှိပါကြောင်း၊

အင်ဒိုနီးရှား၊ မလေးရှားနှင့် ဘရူနိုင်းနိုင်ငံတို့ ဖြစ်ပါကြောင်း၊

အဆိုပါနိုင်ငံများမှ သံအမတ်ကြီးများအား ယနေ့ ခေါ်တွေ့ပြီး အခြေအနေမှန်ကို ပိုမိုသိရှိအောင် ရှင်းပြပါကြောင်း။

တရားဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သုံးနိုင်ငံစလုံးက လက်ခံ၍ ထိုသို့ ရှင်းပြသည့်အခါတွင် ၄င်းတို့၏ရပ်တည်ချက်ကိုလည်း ပြောပြပါကြောင်း၊

အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီးက အင်ဒိုနီးရှားအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး လွတ်လပ်ခွင့်နှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လေးစားပါကြောင်း၊

ထို့အတူ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် မလိုလားပါကြောင်း ပြောကြားခဲ့ရာ ယင်းမှာ အင်မတန်မှ အရေးကြီးပါကြောင်း၊

နောက် မိမိတို့၏ လုပ်ဆောင်မှုနှင့်ပတ်သက်ပြီး ၎င်း၏ရပ်တည်ချက်ကို ပြောကြားရာ တွင်လည်း မြန်မာနိုင်ငံ အစိုးရ၏ ဆောင်ရွက်ချက်သည် အချုပ်အခြာအာဏာပိုင် နိုင်ငံတနိုင်ငံတွင်ရှိသည့် လုပ်ပိုင်ခွင့်သာဖြစ်ပြီး တရားဥပဒေနှင့်အညီ ဆောင်ရွက်လျက် ရှိကြောင်းကိုလည်း အင်ဒိုနီးရှားအစိုးရအနေဖြင့် လက်ခံပါကြောင်း၊

နောက်တချက်အနေဖြင့် မြန်မာနိုင်ငံအစိုးရသည် လူ့အခွင့်အရေးကာကွယ်ရေးကို လက် ကိုင်ထား ဆောင်ရွက်နေသည်ကို အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်ကို တွေ့ရပါကြောင်း၊

အင်ဒိုနီးရှားနိုင်ငံသည် အစ္စလာမ်ဘာသာဝင် သန်းပေါင်းများစွာ နေထိုင်သည့် နိုင်ငံ ဖြစ်ပါကြောင်း၊

အဆိုပါသံအမတ်ကြီး၏ ရပ်တည်ချက်ကို ဘရူနိုင်း သံအမတ်ကြီးနှင့် မလေးရှားနိုင်ငံ သံအမတ်ကြီးကလည်း ထောက်ခံပြီး ထိုအတိုင်း ရပ်တည်ကြပါကြောင်း။

၃။ ဥရောပသမဂ္ဂ သံအမတ်ကြီးကိုလည်း ရှင်းပြ။

နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါ နိုင်ငံများသာမက နိုင်ငံအားလုံးကိုလည်း ရှင်းပြထားပါကြောင်း၊

မိမိအနေဖြင့်လည်း ဥရောပသမဂ္ဂသံအမတ်ကြီးကို ဆက်သွယ်ပြီး ဤကိစ္စနှင့်ပတ်သက်၍ ပြောပြပါကြောင်း၊

ဥရောပသမဂ္ဂ သံအမတ်ကြီးကလည်း ၎င်းအနေဖြင့် အဖွဲ့ဝင်နိုင်ငံများအား မိမိတို့၏ လုပ်ဆောင်ချက်များကို ရှင်းပြပေးမည်ဖြစ်မည်ဟု ပြောပါကြောင်း၊

ဤနည်းဖြင့် သံတမန် နည်းလမ်းမှနေ၍ အခြားသက်ဆိုင်ရာ သံအမတ်ကြီးများကိုလည်း ရှင်းပြရန် ရှိပါကြောင်း။

အစိုးရဘက်က မောင်တောအရေးနဲ့ စပ်လျဉ်းလို့ တရားဝင်ထုတ်ဖော်ပြောဆိုခဲ့တာတွေ ဖြစ်ပါတယ်။

အထွေထွေပြောဆိုချက်တွေအရ ဖမ်းမိထားတဲ့ အကြမ်းဖက်သမား ၂၉ ဦးကို စစ်ဆေး မေးမြန်းနေတယ်။ အိုင်စီအာစီလို နိုင်ငံကြက်ခြေနီအဖွဲ့တွေ ဝင်စစ်တာခံနိုင်တဲ့အထိ ဥပဒေနဲ့အညီ စစ်ဆေးမေးမြန်းတယ်။

တာဝန်ပေါ့လျော့ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွကို လိုအပ်သလို အရေးယူထားသလို တာဝန် ထမ်းဆောင်ရည်ကောင်းတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရာထူးတိုးပေးထားတယ်။

ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် နယ်မြေကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ပြီး လုပ်ဆောင်ခဲ့တာ အခုအခါ နယ်မြေလုံခြုံရေးနှင့်ပတ်သက်ပြီး ထိန်းချုပ်ထားနိုင်ပြီ။

အောက်တိုဘာ ၉ ရက် မနက်အစောပိုင်း စတင်ခဲ့တဲ့ မောင်တော အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ တပတ် ဆယ်ရက်အတွင်း ထွက်ပေါ်ခဲ့တဲ့ သတင်းအစုံအလင် ဖြစ်ပါတယ်။

အစိုးရသုံးသပ်ချက် ၁ အရ မောင်တောအရေးဟာ အနာဆွေး ဖြစ်လို့ တတ်သိကျွမ်းကျင်တဲ့ ပါရဂူတွေနဲ့ နက်နက်နဲနဲ အချိန်ယူ ကုသရမှာ ဖြစ်ကြောင်း။

မြန်မာဇာတ်ကားတွေမှာ နှိမ့်ချရိုက်ကူးလေ့ရှိတဲ့ မိန်မရှာဇာတ်ရုပ်


မဟာချိုင်ရှိ ကြက်သားစက်ရုံ ဂက်စ်ပိုက်ပေါက်၊ မြန်မာ ၅၀ ကျော် ဆေးရုံတင်ကုသခဲ့ရ

dvb

ထိုင်းနိုင်ငံ၊ မဟာချိုင်က မြန်မာ ၃၀၀ ကျော် အလုပ်လုပ်နေကြတဲ့ ကြက်သားစက်ရုံတခုမှာ ဂက်စ်ပိုက်ပေါက်ခဲ့လို့ စက်ရုံအလုပ်သမား ၅၀ ကျော် ဆေးရုံတင်လိုက်ရပါတယ်။

ထိုင်းနိုင်ငံအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီင်္ (အေအေစီ) က ကိုရဲမင်းက ဂက်စ်ပိုက်ပေါက်ပြီး ဓာတ်ငွေ့ရှူမိတဲ့ အလုပ်သမားတွေ မူးမေ့ပြီး လဲကျကုန်လို့ ဆေးရုံတင်လိုက်ရတာလို့ ပြောပါတယ်။

“မနေ့က မနက်ပိုင်း ၁၁ နာရီလောက်မှာဖြစ်တာ၊ ကြက်သားရုံက ဂက်စ်ပိုက်လိုင်းပေါက်ပြီး ဂက်စ်အနံ့ ရှူမိတဲ့ မိန်းကလေးတွေ မူးမေ့ပြီး လဲကျကုန်တာ။ ကြက်သားပါကင်ပိတ်တဲ့အခန်းမှာဖြစ်တာ။ အဲ့ဒီမှာ မြန်မာအလုပ်သမား ၇၀ ကျော်ရှိတယ်၊ ထိုင်းက လေးငါးခြောက်ဦးလောက်ရှိတယ်၊ ဆေးရုံပို့လိုက်ရတာ ၅၀ ကျော်တယ်။ ထိုင်း ၄-၅ ဦးလည်း ပါတယ်။”

ဒီနေ့မှာတော့ အသက်ရှူကျပ်နေကြတဲ့ ၅ ဦးလောက်ပဲ ဆေးရုံပေါ်ကျန်ရှိပြီး ကျန်တဲ့သူတွေ ဆေးရုံက ဆင်းသွားကြပြီလို့လည်း ပြောပါတယ်။

ဆေးရုံတက်ကုသလိုက်ရတဲ့ မြန်မာအလုပ်သမားတွေဟာ တနင်္သာရီတိုင်း၊ မွန်နဲ့ ကရင်ပြည်နယ်တို့က သူတွေ အများစုဖြစ်ပြီး မဟာချိုင်က စမွတ်စာခွန်ဆေးရုံကြီးနဲ့ ဝီချိုင်းဝေ့ဆေးရုံ ၂ ခုမှာ ကုသမှုခံယူခဲ့ကြတာ ဖြစ်ပါတယ်။

မဟာချိုင်နယ်မြေ ဝက်ကံအနီးက KL ရပ်ကွက်ရှိ intersia ကြက်သားထုတ်လုပ်တဲ့စက်ရုံမှာ ဂက်စ်ပိုက်လိုင်းပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်တွင် ရခိုင်ကပြန်လာသူအပါဝင် အကြမ်းဖက်သမား ၄ ဦးကို ဖမ်းမိ

DVB


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဂျွိုင်ဒက်ဗ်ပူဒေသ နန်ဒုန်းမြို့ရဲ့ လူမနေတဲ့ အဆောက်အဦးတခုထဲမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပြန်လာတဲ့ စစ်သွေးကြွတဦးအပါဝင် ဟာရ်ကာတုလ် ဂျီဟတ် အယ် အစ္စလာမီ ဘင်္ဂလားဒေ့ရှ် ဟူဂျစ်အဖွဲ့ဝင် သံသယရှိသူ ၄ ဦးကို ရဲက ဖမ်းမိခဲ့ပါတယ်။

သူတို့တွေကို လက်လုပ်ဗုံးတွေ၊ အီလက်ထရောနစ်ပစ္စည်းတွေ၊ ဓားတွေနဲ့ နိုင်ငံရေးလူမှုရေး ဝါဒဖြန့်ချိတဲ့ စာအုပ်တွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဂါဇီပူရဲ့ ရဲအရာရှိတစ်ဦးဖြစ်သူ မိုဟာမက်ဟာရန် (ခေါ်) ရာရှစ်ဒ်က သတင်းထောက်တွေကို အောက်တိုဘာလ ၂၈ ရက်နေ့က ပြောလိုက်ပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့က ည ၈ နာရီလောက်မှာ ဒီလူတွေလျှို့ဝှက်အစည်းအဝေး လုပ်နေတာကို သတင်းရရှိတဲ့အတွက် ဝင်ရောက်ဖမ်းဆီးခဲ့လို့ ဒီ ၄ ယောက်ကို ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူ ၄ ဦးကတော့ ဂါဇီပူမြို့မှာ နေထိုင်တဲ့ ခိုင်ရူလ်အစ်စလမ် အသက် ၂၆ နှစ်၊ ဘစ်ရှ်ဝက်စ်ဘက်ကာအက်ပူကာရွာမှာ နေထိုင်တဲ့ အမီနယ်လ်ဟူ ၄၉ နှစ်၊ ကမ်မာပါရာ ရွာသား ရှာဟစ်ဒ်အူလာ ၄၃ နှစ်၊ ဆွိုဒ်ပါရာရွာသား ဂိုလမ်ကီဘရိုင်ရာခန် အသက် ၂၅ နှစ်တို့ ဖြစ်ပါတယ်။

ခိုင်ရူလ်နဲ့ ကီဘရိုင်ရာတို့ ၂ ဦးစလုံးဟာ ဂါဇီပူမြို့က အစ္စလာမ္မစ် နည်းပညာတက္ကသိုလ်ကနေ ကျောင်းပြီးခဲ့တဲ့ အင်ဂျင်နီယာ ၂ ဦး ဖြစ်ပြီး ရှာဟစ်အူလာကတော့ မကြာခင်အချိန်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပြန်လာခဲ့တဲ့ စစ်သွေးကြွ တယောက်ဖြစ်တယ်လို့ ရဲအရာရှိ မိုဟာမက်ကပြောပါတယ်။

သူတို့ ၄ ဦးထဲက အမီနယ်က အုပ်စုအတွက် လူစုဆောင်းချိန်မှာ အင်ဂျင်နီယာ ၂ ဦးက ဖောက်ခွဲရေးပစ္စည်းတွေ လုပ်ဆောင်တယ်လို့ ရဲအရာရှိမိုဟာမက်က ထပ်ဖြည့်ပြောပါတယ်။

၁၉၉၂ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ National Press Club က ကျင်းပပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဟူဂျစ်အဖွဲ့က သူတို့အဖွဲ့ကိုဖွဲ့စည်းကြောင်း တရားဝင်ကြေညာခဲ့ပေမယ့် ဒီအဖွဲ့ဟာ နိုင်ငံနဲ့အဝှမ်း အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့လို့ အစိုးရက ၂၀၀၅ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့မှာ ဟူဂျစ်အဖွဲ့ကို တားမြစ်ဖျက်သိမ်းခဲ့တာပါ။

ထောက်လှမ်းရေးသတင်းအရ ဟူဂျစ်ရဲ့အဖွဲ့ခွဲ ၃ ဖွဲ့ကို မူဖတီဟန်န်၊ မူဖတီရုဖ်နဲ့ အက်ဘ်ဒူဆလမ်းတို့ ၃ ဦးက ဦးဆောင်တယ်လို့ သိရပါတယ်။

သူတို့ထဲက ဆလမ်းကတော့ လွတ်မြောက်နေပြီး အဖွဲ့ခွဲတွေကို နိုင်ငံခြားကနေ ညွှန်ကြားနေတယ်လို့ အာဏာပိုင်တွေက ယူဆပါတယ်။

ယနေ့ မြန်မာ့ရေရာသတင်းများ October, 31st,2016

( 20 )သံတောင်ကြီးဒေသ လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးဆွေးနွေးပွဲ ပြုလုပ်

( 19 )အဆင်သင့်ဖြစ်သည့် ပြည်နယ်တိုင်းတို့တွင် နိုင်ငံရေးဆွေးနွေးပွဲများ စမည်

( 18 )ဒေါ်စု ဂျပန်ခရီး အင်္ဂါနေ့ စမည်

( 17 )ဘုရားစေတီရှင်းလင်းရာမှ ဗုံးသီးလေးလုံးတွေ့ရှိ

( 16 )တပ်မတော် ထိုးစစ်တွေကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်

( 15 )ဧရာဝတီတိုင်း​ဒေသကြီး လွှတ်​​တော်​အ​ဆောက်​အအုံသစ် ဒီဇိုင်းပုံစံ အတည်ပြု

( 14 )အင်းကြီးရွာလယ်ချောင်းတောင်ကျရေကြောင့် ကျောင်းသားများအခက်အခဲဖြစ်

( 13 )ပျောက်ဆုံးသား ရှာပေးရန် ၀န်ကြီးချုပ်ကို ငိုကြွေးရှိခိုးတောင်းဆိုခဲ့သည့် မိခင်

( 12 )သံတောင်ကြီးဒေသ လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးဆွေးနွေးပွဲ ပြုလုပ်

( 11 )မိုးသည်းထန်ပြီး ဓာတ်တိုင်လဲသဖြင့် မြို့သုံးမြို့တွင် ဓာတ်အားပြတ်တောက်နေ

( 10 )ကေအဲန်ယူ၊ ဖာပွန်ခရိုင်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် Salween Peace Park မူဝါဒ ရေးဆွဲ

( 9 )ဒေသလုံခြုံရေး ရေရှည် အာမခံချက် ရှိဖို့လို

( 8 )ရခိုင်ပြည်နယ်မှာ ဒေသန္တရ ရဲတပ်ဖွဲ့ ဖွဲ့ပေးမည်

( 7 )မြန်မာဘက်က မူးယစ်စက်ရုံဖျက်သိမ်းဖို့ ဘင်္ဂလားဒေ့ရှ်တောင်းဆို

( 6 )ငွေကျပ်သိန်းပေါင်း ၇ သောင်းနီးပါး တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေ ဖမ်းဆီးရမိ

( 5 )ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁ ရက် ဂျပန်သွားမည်

( 4 )မန္တလေးတိုင်းက စီမံကိန်း ၃ ခုကို ယာယီရပ်ဆိုင်းဖို့ ညွှန်ကြားထား

( 3 )မင်းတပ်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေပြို

( 2 )မိုင်းလားကို ခရီးသွားဧည့်သည် ဝင်ရောက်မှု နည်းပါး

( 1 )စစ်တွေဒုက္ခသည်စခန်းရှိ လူ ၁၇၀ ခန့် နေရပ်ရင်းပြန်ပို့

Sunday, October 30, 2016

ထိုင်းနိုင်ငံ၌ ကာရာအိုကေ ဧည့်ကြိုမိန်းကလေးအား သတ်ဖြတ်မှုဖြင့် မြန်မာအမျိုးသားတစ်ဦးကို ဖမ်းဆီးထား

ဘန်ကောက်ပို့စ်

ထိုင်းနိုင်ငံတွင် လူသတ်မှုဖြင့် စွပ်စွဲခံထားရသည့် မြန်မာအမျိုးသားတစ်ဦးက ကာရာအိုကေဧည့်ကြိုမိန်းကလေးအား ညဖက် ၎င်းနှင့်အတူနေရန် ခေါ်သည်ကို ငြင်းဆန်၍ ဒေါသဖြစ်ကာ သားမယားအဖြစ် ပြုကျင့်ပြီး လည်ပင်းညှစ်သတ်ဖြတ်ခဲ့မိသည်ဟု ဝန်ခံခဲ့ကြောင်း ရဲက အောက်တိုဘာ ၂၉ ရက်၌ ပြောသည်။

ကာရာအိုကေဧည့်ကြိုမိန်းကလေးဖြစ်သူ Prakarak Promkhot သေဆုံးခဲ့ပြီး နှစ်ရက်မြောက်နေ့ အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက ဘန်ဆာဖန်ခရိုင်ရှိ ရော်ဘာစိုက်ခင်းတွင် အလုပ်လုပ်သော အသက် ၄၀ အရွယ် မြန်မာအမျိုးသားဖြစ်သည့် Wae Khuewae အား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၂၇ ရက်က အသက် ၂၂ နှစ်အရွယ် ကာရာအိုကေဧည့်ကြိုမိန်းကလေးအား ဟိုတယ်တစ်ခုရှိ အခန်းတစ်ခန်းတွင် သေဆုံးလျက် တွေ့ရှိခြင်းဖြစ်သည်။ ဟိုတယ်ဝန်ထမ်းက ဒဏ်ရာအညိုအမဲဖြင့် ကိုယ်လုံးတီး သေဆုံးနေသော Prakarak Promkhot အား စတင်တွေ့ရှိခြင်းဖြစ်သည်။

စကားပြန်ကတစ်ဆင့် Wae အား မေးမြန်းရာတွင် အောက်တိုဘာ ၂၇ ရက်ညက ကာရာအိုကေဘားတွင် ဘီယာသောက်ခဲ့ကြောင်း၊ လိင်ပျော်ပါးရန်အတွက် Prakarak ထံ ချည်းကပ်ရာ တစ်ညနေရန် သဘောတူသဖြင့် ဘတ် ၁၈၀၀ ဖြင့် ဟိုတယ်အခန်း ငှားရမ်းခဲ့ကြောင်း ထွက်ဆိုသည်။

လိင်ဆက်ဆံပြီးနောက် Parkarak က စိတ်ကြွဆေးပြား ဝယ်မည်ဆို၍ ဘတ် ၅၀၀ ထုတ်ပေးခဲ့ရာ ဆေးပြားသုံးပြား ဝယ်ပြီး ပြန်လာခဲ့ကြောင်း ဖမ်းဆီးထားသူက ဖြောင့်ချက်ပေးသည်ဟု ရဲက ပြောသည်။

Parkarak က ဆေးပြားတစ်ပြား သူ့အား တိုက်သော်လည်း ငြင်းခဲ့ပြီး နောက်ထပ်ပျော်ပါးရန်သာ တောင်းဆိုခဲ့ကြောင်း၊ ယင်းအချိန်တွင် ဖုန်းလာရာ Parkarak ၏ ရည်းစားဖြစ်သူထံမှ ဖုန်းဖြစ်သည်ထင်ကြောင်းလည်း ၎င်းကဆိုသည်။

ယင်းနောက်တွင် Parkarak က ဆက်မနေလိုကြောင်း ပြောရာမှ ဒေါသထွက်ကာ စကားများ ရန်ဖြစ်ခဲ့ကြသည်။ နောက်တွင် Parkarak အား အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ၎င်းက အော်ဟစ်အကူအညီတောင်းသဖြင့် လည်ပင်းကို ညှစ်ထားမိကြောင်း Wae က ထွက်ဆိုသည်။

Parkarak မလှုပ်ရှားတော့သည်ကို မြင်တွေ့မိမှ ကြောက်လန့်ကာ ထွက်ပြေးခဲ့ကြောင်း၊ ၎င်းအနေဖြင့် အမျိုးသမီးတစ်ဦးကို ယခင်က သတ်ဖြတ်ခဲ့ဖူးခြင်းလည်း မရှိကြောင်း ပြောကာ လုပ်ခဲ့မိသည့် သူ့၏ လုပ်ရပ်အတွက် နောင်တရ၍ လွတ်မြောက်ရန်လည်း မကြိုးစားတော့ပါကြောင်း Wae က ပြောခဲ့သည်ဟု ရဲဌာနက ဆိုသည်။

အောက်တိုဘာ ၂၉ ရက်တွင် ရဲဌာနက Wae အား ကာရာအိုကေဆိုင်နှင့် ဟိုတယ်သို့ ခေါ်ဆောင်ကာ အမှုကျုးလွန်သည်ကို ပြန်လည်သရုပ်ပြခိုင်းခဲ့သည်။ စိတ်ဆိုးဒေါသထွက်နေကြသော သေဆုံးသူ၏ ဆွေမျိုးအသိုင်းအဝန်းနှင့် ဒေသခံများက Wae အား ကိုယ်ထိလက်ရောက် ကျုးလွန်ကြခြင်းမရှိကြရန် ရဲအစောင့်အကြပ် အင်အား ၅၀ ဖြင့် ကာကွယ်ပေးခဲ့ရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက ဘဏ်နဲ့ချိတ်ဆက်ရောင်းချမယ့် တန်ဖိုးနည်းအိမ်ရာ


ရခိုင်ပြည်နယ်လွှတ်တော်တွင် ဖက်ဒရယ်ရေးရာ ဖိုရမ်ပြုလုပ်

စံမောင်သန်း၊ စစ်တွေ


ရခိုင်ပြည်နယ်လွှတ်တော် ဥပဒေအကြံပေးရုံးခန်းမ၌ ဖက်ဒရယ်ရေးရာနှင့်ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးမှု ဖိုရမ်တစ်ရပ်ကို အောက်တိုဘာလ ၂၈ ရက်နေ့ နံနက်မှ ညနေပိုင်းထိ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ယင်းဖိုရမ်သို့ ရခိုင်ပြည်နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအပြင် လွှတ်တော် ဥပဒေအကြံပေးများ၊ ပါတီမှ လူငယ်များ၊ စိတ်ပါဝင်စားသည့် ၀န်ထမ်းများနှင့် ပြင်ပမှ လူငယ်များ အပါအ၀င် ၆၀ ခန့် တက်ရောက်ခဲ့သည်ဟု မြေပုံမြို့နယ်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“ကျွန်တော်တို့ လွှတ်တော်မှာ ဖက်ဒရယ်နဲ့ ပတ်သက်ပြီးတော့ ပြုလုပ်နေတာက ၃ ရက်တာ ဖိုရမ် ဖြစ်ပါတယ်။ ဒီနေ့ ပထမနေ့မှာတော့ ဖက်ဒရယ်နဲ့ ပတ်သက်ပြီး မိတ်ဆက်တဲ့ အဆင့်ပါ။ အဓိက ဒီကနေ့ ဆွေးနွေးသွားတာကတော့ ကျွန်တော်တို့ နိုင်ငံမှာ လက်ရှိအနေအထားက နေပြီးတော့ နောက်ထပ် ၅ နှစ်လောက်အတွင်းမှာ ဖက်ဒရယ်စနစ်ကို ပြောင်းလဲမယ်ဆိုရင် ဘာတွေက အခြေခံလိုအပ်ချက်တွေလဲ ဆိုတာနဲ့ပတ်သက်ပြီး အချက်သုံးချက်စီကို အုပ်စုဖွဲ့ ဆွေးနွေးခဲ့ကြပါတယ်။ ဖက်ဒရယ်နဲ့ ဗဟိုချုပ်ကိုင်မှု အာဏာလျှော့ချရေးအပိုင်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီနေ့ကတော့ အကြမ်းဖျင်း သဘောလောက်ပါပဲ”ဟု ဦးအောင်ဝင်းကပြောသည်။

အဆိုပါဖိုရမ်၌ သင်တန်းဆရာအဖြစ် အိန္ဒိယနိုင်ငံမှတစ်ဦး၊ ကနေဒါနိုင်ငံမှ တစ်ဦးနှင့် မလေးရှားနိုင်ငံမှ တစ်ဦးတို့ပါဝင်ပြီး ဘာသာပြန်အဖြစ် ရခိုင်အမျိုးသားပါတီမှ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးခိုင်ကျော်မိုးက တာဝန်ယူ ပြုလုပ်နေသည်ဟု သိရသည်။

ဖက်ဒရယ်နှင့်ပတ်သက်သော ဖိုရမ်ကို အောက်တိုဘာလ ၂၉ ရက်နှင့် ၃၀ ရက်နေ့များတွင်လည်း နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲထိ ပြုလုပ်သွားမည်ဖြစ်သည်။

တရားမဝင် မြန်မာနိုင်ငံသားစိစစ်ရေးကပ်ပြား ကိုင်ဆောင်တဲ့ တရုတ်နိုင်ငံသား


ပြည်တွင်းစစ်ပွဲများ ရပ်တန့်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှု ရန်ကုန်တွင် စတင်ပြုလုပ်

စိုးသူအောင်

ပြည်တွင်းစစ်များရပ်တန့်ရေးအတွက် လက်မှတ်ကောက်ခံမှုကို ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ငြိမ်းချမ်းရေး တတ်ကြွလှုပ်ရှားသူများက ပြုလုပ်ခဲ့ပြီး နိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း ဆက်လက်လုပ်ဆောင် သွားမည် ဟု Generation Wave အဖွဲ့ ဥက္ကဋ္ဌ ကိုမိုးသွေးက ပြောသည်။

“ အားလုံးပါဝင်တဲ့ လူတွေလက်မှတ်ရေးထိုးတဲ့ တစ်ခုနဲ့ လက်မှတ်တွေစုဆောင်းပြီးတော့ပေါ့နော် သက်ဆိုင်ရာ အစုအဖွဲ့ တွေပေါ့ နိုင်ငံတော်အစိုးရရော ငြိမ်းချမ်းရေးနဲ့ ပက်သက်တဲ့ အဖွဲ့အစည်းတွေရော လွှတ်တော်တို့ အဲဒီဟာတွေ အကုန်လုံးကို တင်ပြပြီးတော့မှ တောင်းဆိုမယ် " ဟု ၄င်းက ပြောသည်။

လက်မှတ်ရေးထိုးလှုပ်ရှားမှုမှ ပြည်သူများ ငြိမ်းချမ်းရေးကို လိုလားနေသည်ကို သိရှိနိုင်ပြီး ငြိမ်းငြမ်းရေးနှင့် ပက်သက်သည့် ဆွေးနွေးပွဲများတွင်လည်း စစ်ပွဲများရပ်တန့်ရေးအတွက် ပါဝင်ဆွေးနွေးတင်ပြ သွားနိုင်ရန်လည်းကြိုး စားနေကြောင်း ကိုမိုးသွေးက ပြောသည်။

လက်မှတ်ရေးထိုးလှုပ်ရှားမှုကို လတ်တလောတွင် လူမှုရေးအဖွဲ့အစည်း ၆ ဖွဲ့ဖြင့် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျန်နေ သေးသည့် ပါဝင်လိုသည့် အဖွဲ့အစည်းအားလုံးကိုလည်း ဖိတ်ခေါ်ထားကြောင်း သိရသည်။

" စစ်ပွဲတွေကြားထဲမှာ ဓားစာခံရှိနေတဲ့ အမျိုးသမီးနဲ့ ကလေးတွေရှိနေသမျှ ကာလပတ်လုံး စစ်မှန်သည့်ငြိမ်းချမ်းရေးဟု မပြောနိုင်သေးပါဘူး" ဟု ငြိမ်းချမ်းရေး ညီညွတ်ခြင်းမြန်မာမှ ဦးအောင်မျိုးမင်းက ပြောသည်။

ငြိမ်းချမ်းရေးး နှင့် စစ်ပွဲများရပ်တန့်ရန် တောင်းဆိုမှုများကို သမ္မတ ဦးသိန်းစိန် လက်ထက် ၂၀၁၂ ခုမှစတင်ကာ မြန်မာ တစ်နိုင်ငံလုံးတွင် တောင်းဆိုခဲ့သော်လည်း ပြည်တွင်းစစ်များ ရပ်တန့်ခြင်း မရှိသေးပေ။

အဆိုပါ လပ်မှတ်ရေးထိုး လှုပ်ရှားမှုတွင် အဆိုတော် တူးတူး၊ မွန်းအောင်၊ အက်စ်ကဲနက်၊ မီမီဝင်းဖေ စသည့် တေးသံရှင်တို့ပါဝင် သီဆိုဖျော်ဖြေခဲ့ကြသည်။

ဘတ်စ်ကားအဟောင်းတွေအပ်ပြီး အိမ်စီးကားတင်သွင်းခွင့်


ရန်ကုန် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ပေးရေးနှင့် နောက်ကွယ်မှ ကုမ္ပဏီများ

ကျော်ဖြိုးသာ


ယခင်က အမေရိကန် အစိုးရ၏ နာမည်ပျက်စာရင်းဝင်ခဲ့သည့် မြန်မာကုမ္ပဏီတခု နှင့် ဆက်သွယ်မှု ရှိသော ကုမ္ပဏီအုပ်စု တခုနှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း မက်ဒလင်း အောလ်ဘရိုက် (Madeleine Albright) နှင့် ဆက်နွှယ်နေသည့် နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီတခုတို့ ပူးပေါင်း၍ ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အား မလုံလောက်မှုကို ဖြေရှင်းရန် ဆောင်ရွက်ကြတော့မည် ဖြစ်သည်။

National Infrastructure Holdings Company Limited က ဦးဆောင်သည့် ကုမ္ပဏီအုပ်စုက ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အား မကြာခန ပြတ်တောက်နေခြင်းကို ကာကွယ်ရေး အတွက် ၅ နှစ်တာ ကာလအတွင်းတွင် လျှပ်စစ်ဓာတ်အား ၃၀ဝ မီဂါဝပ်ပိုမို ထုတ်လုပ်ပေးရန် တင်ဒါအောင်မြင်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန လက်အောက်ရှိ လျှပ်စစ် စွမ်းအား ထုတ်လုပ်ရေး လုပ်ငန်း (EPGE) က အောက်တိုဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

ကုမ္ပဏီ အုပ်စုတွင် ကုမ္ပဏီ ၄ ခု ပါဝင်ပြီး National Infrastructure Holdings Co. Ltd., ၊ MCM Pacific Pte. Ltd ၊ APR Energy Plc. နှင့် ACE Resources Group Pte. Ltd တို့ ဖြစ်ကြသည်။

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်က မှတ်ပုံတင်ခဲ့သော National Infrastructure Holdings Co. Ltd., သည် ဦးထွန်းမြင့်နိုင် ခေါ် စတီဖင်လော ပိုင်ဆိုင်သည့် Asia World Co. Ltd., ၏ လုပ်ငန်းခွဲတခု ဖြစ်သည်။ စတီဖင်လော နှင့် Asia World ကုမ္ပဏီ တို့သည် ၂၀ဝ၈ ခုနှစ်မှ စ၍ ယခုလအစောပိုင်းအထိ အမေရိကန် အစိုးရ၏ နာမည်ပျက်စာရင်းတွင် ပါဝင်ခဲ့ကြသည်။

စတီဖင်လော၏ ကွယ်လွန်သူ ဖခင် လော်စစ်ဟန်မှာ မြန်မာ စစ်အစိုးရနှင့် နီးစပ်မှုရှိသည့် သူတယောက် ဖြစ်ခဲ့ပြီး အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ကမ္ဘာ့ဘိန်းဖြူ ကုန်သွယ်ရေးတွင် အဓိက လူတဦးဖြစ် သတ်မှတ်ဖော်ပြခြင်း ခံခဲ့ရသူလည်း ဖြစ်သည်။

National Infrastructure Holdings Co. Ltd., ၏ လက်ရှိ ဒါရိုက်တာ ဦးမောင်ကျေးသည် စတီဖင်လောနှင့် နီးစပ်သူ တယောက်ဖြစ်သည်။ ၁၉၉၇ ခုနှစ်က ထုတ်ဝေခဲ့သော အစိုးရပိုင် သတင်းစာများ၏ ဖော်ပြချက်အရ ဦးမောင်ကျေးသည် Asia World ၏ ထိပ်တန်း အဖွဲ့ဝင်များထဲမှ တဦး ဖြစ်ခဲ့သည်။

၂၀ဝ ခုနှစ် အောက်တိုဘာလက New Light of Myanmar သတင်းစာမှ သတင်းတပုဒ်တွင် သူတို့ကုမ္ပဏီမှ တည်ဆောက် နေသော ရန်ကုန် စိတ်ကျန်းမာရေး ဆေးရုံ တည်ဆောက်ရေး လုပ်ငန်းခွင်ကို ထိုစဉ်က ကျန်းမာရေး ဝန်ကြီး ဗိုလ်ချုပ် ကက်စိန်နှင့် အတူ လှည့်လည်ကြည့်ရှု့နေသည့် Asia World ၏ ဒါရိုက်တာ တဦးအဖြစ် ဖော်ပြခဲ့သည်။

Asia World ၏ ရှုပ်ထွေးသော နောက်ကြောင်းများကြောင့် အနောက်တိုင်း ကုမ္ပဏီများနှင့် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဒါရိုက်တာက အခြား အမည်သစ်ဖြင့် ကုမ္ပဏီများ တည်ထောင်ခဲ့ခြင်း ဖြစ်သည်ဟု ယူဆရပါသည်။

၂၀၁၅ ခုနှစ်တွင် National Infrastructure Holdings ပေါ်ပေါက်လာခဲ့ပြီးနောက် နောက် တနှစ်တွင် ဟော်လန် စွမ်းအင် ကုမ္ပဏီကြီး ဖြစ်သည့် Shell နှင့် ပူးပေါင်း၍ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးတွင် စီမံကိန်းတခုကို စတင် လုပ်ဆောင်ခဲ့သည်။

အမေရိကန်နိုင်ငံ Florida ပြည်နယ်၊ Jacksonville တွင် အခြေစိုက်သည့် APR Energy သည် မူလက ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ရေတိုအတွင်း အလျှင်အမြန် ဖြည့်ဆည်းပေးနိုင်မည့် ဓာတ်အားပေးစက် များဖြင့် အစိုးရများကို ထောက်ပံ့ပေးနေသည့် ကုမ္ပဏီဖြစ်သည်။

APR Energy က မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်ကတည်းက ရောက်ရှိနေခဲ့ပြီး မန္တလေးတိုင်း ကျောက်ဆည် မြို့နယ်တွင် ဓာတ်ငွေ့လောင်စာသုံး ဓာတ်အားပေးစက်ရုံတခု လုပ်ကိုင်နေခဲ့သည်။

Albright Capital Management (ACM) ၏ ဥက္ကဋ္ဌဖြစ်သော Madeleine Albright သည် ၂၀ဝ၉ ခုနှစ် သြဂုတ်လ ကထဲက APR Energy ၏ အစုရှယ်ယာဝင် တယောက် ဖြစ်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် သူ၏ ရင်းနှီးမြှုပ်နှံမှုက သတိထားမိလောက်အောင် တိုးမြင့်လာခဲ့သည်။ ACM သည် APR Energy ကို သိမ်းပိုက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှု အဖွဲ့တခုမှ အဖွဲ့ဝင် တဦးဖြစ်ပြီး ယခုနှစ် အစောပိုင်းတွင် ကုမ္ပဏီကို ပုဂ္ဂလိကပိုင် အဖြစ်ပြောင်းလဲခဲ့သည်။

အမေရိကန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေး ဝန်ကြီးဖြစ်သည့် Madeleine Albright သည် မြန်မာနိုင်ငံတွင် စစ် အစိုးရ ခေါင်းဆောင်များက ပိုမိုကျယ်ပြန့်သည့် နိုင်ငံရေးလွတ်လပ်မှုနှင့် ဒီမိုကရေစီသို့ ဦးတည်ခြင်းမပြုလျှင် တိုင်းပြည် အနေဖြင့် အထီးကျန် အခြေအနေကို ဆက်လက် ရင်ဆိုင်ရမည်ဟု သတိပေးခဲ့သော ၁၉၉၅ ခုနှစ်က အမေရိကန်နိုင်ငံ၏ သံတမန်ရေးရာ ဆောင်ရွက်မှုတွင် ပါဝင်ပတ်သက်ခဲ့သူလည်း ဖြစ်သည်။

အခြေခံအဆောက်အဦ မဖွံ့ဖြိုးမှု၊ ဓာတ်အားပေးစက်များ အိုမင်းဟောင်း နွမ်းနေမှုနှင့် ရင်းနှီးမြှုပ်နှံမှု နည်းပါးခြင်း တို့ကြောင့် ၁၉၉၀ နှောင်းပိုင်း နှစ်များမှ စ၍ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား မလုံလောက်မှုနှင့် ဆက်လက်ကြုံတွေ့ နေရသည်။ အထူးသဖြင့် မတ်လ နှင့် မေလအတွင်း နွေရာသီတွင် ဖြစ်သည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား အဓိက အရင်းအမြစ်များထဲမှ တခုဖြစ်သည့် ရေအားလျှပ်စစ် စက်ရုံများမှာလည်း ပူပြင်းသည့် နွေရာသီတွင် ရေလှောင်တမံများ ခန်းခြောက် ကုန်သည့်အတွက် အသုံးမချနိုင်ခဲ့ပါ။
မြန်မာနိုင်ငံ လူဦးရေ၏ တဝက်ကျော်က ယခုအချိန်အထိ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ခြင်း မရှိသေးသော်လည်း ပြည်သူ များက လျှပ်စစ်ဓာတ်အား ကွန်ရက်တွင် ချိတ်ဆက်လာမှု ပိုမိုများပြားလာသည့်အတွက် လျှပ်စစ် ဓာတ်အားလိုအပ်ချက် က နှစ်စဉ် ၄၀ဝ မီဂါဝပ် တိုးလာနေသည်ဟု EPGE က ခန့်မှန်းထားသည်။

ယခုနှစ် ဇူလိုင်လအတွင်းတွင် ရန်ကုန်မြို့ကို လျှပ်စစ်ဓာတ်အားပေးရေး အတွက် EPGE က တင်ဒါဖိတ်ခေါ်ခဲ့သည်။ ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်ပြီး တိုင်းပြည်၏ လျှပ်စစ်ဓာတ်အား အများဆုံးကို သုံးစွဲနေသည့် နေရာဖြစ်သည်။

ယခုလအတွင်းတွင် နောက်ဆုံး ဆန်ကာတင် ကုမ္ပဏီ ၂ခု အနက်မှ National Infrastructure Holding က ဦးဆောင်သည့် ကုမ္ပဏီအုပ်စုကို ဈေးအချိုဆုံး နှုန်းထားဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးရန်အတွက် ရွေးချယ်လိုက်ခြင်း ဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

“အနိုင်ရရှိသွားသော အဖွဲ့သို့ လက်ခံကြောင်း စာပေးပို့ထားပြီး လာမည့် နွေရာသီ မတိုင်မီ လျှပ်စစ်ဓာတ်အား ထုတ်လုပ် နိုင်ရန် ဓာတ်အားဝယ်ယူရေး သဘောတူညီချက် အတွက် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း” တင်ဒါအောင်မြင်သူကို ထုတ်ပြန်ကြေညာသည့် အချိန်တွင် EPGE က ပြောသည်။

စာရေးဆရာမောင်ဝံသရဲ့ ရှေ့နေကြီးပယ်ရီမေဆင်နှင့် ခွေးအူသံအမှု စာအုပ်မိတ်ဆက်ပွဲ


တရားဥပဒေ စိုးမိုးရေးကို နှောက်ယှက်သူ BM ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ဖမ်းဆီးရမိ

ဇေယျာမော်

သင်္ကန်းကျွန်းမြို့နယ် ၊ လေးထောင့်ကန်လမ်း ဘ၀မြင့်မှတ်တိုင်အနီးတွင် အမျိုးသားနှစ်ဦးကို သံတုတ်၊ သစ်သား တုတ်များဖြင့် ၀ိုင်းဝန်းရိုက်နှက်ခဲ့သည့် ဘီအမ် ခရီးသည်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် သုံးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးရမိသူများမှာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူများဖြစ်သည့် ယာဉ်မောင်း ရန်ကျော်နိုင်(၂၃)နှစ်နှင့် ခေါလေး(ခ)မိုးမင်းဦး (၂၀)နှစ်၊ ယာဉ်နောက်လိုက် အောင်မျိုးထွေး(၂၀)နှစ်နှင့် ကောင်းမြတ်နိုင် (၁၉)နှစ်တို့ ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါလေးဦးသည် အောက်တိုဘာ ၂၇ ရက်နေ့ မနက် ၉ နာရီခန့်က အငှားယာဉ်ပေါ်တွင် လိုက်ပါ လာ သည့် အမျိုးသားနှစ်ဦးကို လူမြင်ကွင်း၌ မင်းမဲ့စရိုက်ဆန်ဆန် သံတုတ်များ သစ်သားတုတ်များဖြင့် ၀ိုင်းဝန်းရိုက် နှက်ခဲ့သည့်အတွက် အမျိုးသားနှစ်ဦးတွင် ပေါက်ပြဲ၊ ဖူးရောင်၊ နာကျင် ဒဏ်ရာများ ရရှိခဲ့၍ သင်္ကန်းကျွန်းမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သဖြင့် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

BM ခရီးသည်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များမှာ ယင်းသို့ကျူးလွန်ပြီး ပဲခူးတိုင်းဒေသကြီး က၀မြို့နယ်သို့ တိမ်းရှောင်သွားကြောင်း သိရသဖြင့် က၀မြို့နယ်ရဲတပ်ဖွဲ့နှင့် ဆက်သွယ်၍ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့ (၄)ဦးသည် အများသူငှာသွားလာနေသော လမ်းပေါ်တွင် ဘေးအန္တရာယ်ဖြစ်စေသော လက်နက်များ ကိုင်ဆောင်၍ တရားဥပဒေ စိုးမိုးရေးအား ထိပါးနှောင့်ယှက်သဖြင့် သင်္ဃန်းကျွန်း မြို့မရဲစခန်း (ပ)၁၁၀၁/ ၂၀၁၆၊ ရန်ကုန် ရဲအက်ဥပဒေ ပုဒ်မ ၃၀(က)ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လူငယ်စွန့်ဦးတီထွင်သူလုပ်ငန်းရှင်တွေအတွက် ရင်းနှီးမြှုပ်ဖို့ရန်ပုံငွေ


ကာရာအိုကေက ထိုင်းအမျိုးသမီးငယ်ကို သတ်မှုဖြင့် မြန်မာတဦး ဖမ်းဆီးခံရ

DVB


ကာရာအိုကေဘားက ထိုင်းအမျိုးသမီးငယ်တဦးကို သတ်မှုသံသယနဲ့ မြန်မာနိုင်ငံသားတဦးကို ထိုင်းရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

ပရာကရက်ပရွမ်ခေါ့တ်ဆိုတဲ့ အမျိုးသမီး သေဆုံးပြီး ၂ ရက်ကြာ အောက်တိုဘာ ၂၉ ရက်နေ့က ဘန်စဖန်ခရိုင်မှာ ရာဘာစိုက်ပျိုးရေးအလုပ်လုပ်တဲ့ အသက် ၄၀ အရွယ် မြန်မာနိုင်ငံသား ဝေးခူးဝေး ဆိုသူကို နေအိမ်တန်းလျားကနေ ဖမ်းဆီးခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့က တဝန်ဒဲန်ကာရာအိုကေဘားမှာ အလုပ်လုပ်တဲ့ အသက် ၂၂ နှစ်အရွယ် ပရာကရက်ပရွမ်ခေါ့တ်ဆိုတဲ့ အမျိုးသမီး ဟိုတယ်အခန်းတခုထဲမှာ အဝတ်မပါပဲ လည်ပင်းမှာ အညိုအမည်း စွဲဒဏ်ရာတွေနဲ့ ယောင်ယမ်းပြီး သေဆုံးနေတာကို ဟိုတယ်ဝန်ထမ်းက ပရာကရက်က တွေ့ရှိအကြောင်းကြားခဲ့ပြီးနောက် ရဲတွေက စုံစမ်းစစ်ဆေးပြီး အခုလို သွားရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမေးမြန်းချက်အရ မစ္စတာဝေးဟာ အောက်တိုဘာ ၂၆ ရက်နေ့ညက ကာရာအိုကေဘားမှာ ဘီယာသောက်ခဲ့ပြီး အဲဒီအမျိုးသမီးကို ဟိုတယ်မှာ သူနဲ့တညလုံးပျော်ပါးဖို့ ဘတ် ၁၈၀၀ နဲ့ ငှားရမ်းခဲ့ကြောင်း ထွက်ဆိုခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ဟိုတယ်မှာ သူတို့ ၂ ဦး ပျော်ပါးခဲ့ကြပြီး မစ္စတာဝေးက နောက်တကြိမ်ပျော်ပါးဖို့ တောင်းဆိုတဲ့အချိန်မှာ သေဆုံးသူအမျိုးသမီးထံ ဖုန်းလာခဲ့ကြောင်း၊ ဖုန်းဟာ သေဆုံးသူအမျိုးသမီးရဲ့ ရည်းစားဖြစ်ဟန်တူကြောင်း၊ အဲဒီနောက် အမျိုးသမီးက တညလုံး မနေချင်တော့ကြောင်း ငြင်းဆန်ခဲ့လို့ မစ္စတာဝေးဟာ ဒေါသထွက်လာပြီး သေဆုံးသူအမျိုးသမီးနဲ့ ရန်ဖြစ်ခဲ့တယ်၊ အဲဒီနောက် အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့တယ်၊ အမျိုးသမီးလည်း အော်ဟစ်အကူအညီတောင်းပေမယ့် သူက အမျိုးသမီး မလှုပ်နိုင်တော့တဲ့အထိ လည်ပင်းညှစ်ခဲ့တယ်လို့ ထွက်ဆိုခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

မစ္စတာဝေးဟာ ဖြစ်ခဲ့တာတွေကို အထိတ်တလန့် အံ့အားသင့်ခဲ့ပြီး သူနေတဲ့တန်းလျားကို ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

သူ့အနေနဲ့ ထွက်ပြေးဖို့ ကြိုးစားမှာမဟုတ်သလို အခုသူလုပ်ခဲ့တာတွေအတွက်လည်း တော်တော်စိတ်မကောင်းဖြစ်တယ်လို့ ဆိုပါတယ်။

ကျူးလွန်ခဲ့တာတွေကို ရာဇဝတ်မှုကြောင်းအရ ပြန်လည် သရုပ်ပြဖို့အတွက် ရဲတွေက မစ္စတာဝေးကို ကာရာအိုကေဘားနဲ့ ဟိုတယ်ကို ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။

ဒေါသထွက်နေတဲ့ သေဆုံးသူရဲ့ အမျိုးတွေနဲ့ ရပ်ကွက်နေလူထု ၁၀၀ ကျော်လောက်ရဲ့ ထိုးကြိတ်ရိုက်နှက်မှုကို ကာကွယ်ပေးနိုင်ဖို့ ရဲအယောက် ၅၀ လောက်က သူနဲ့အတူလိုက်ပါခဲ့ရကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။