ရိုးမ ၃
ယမန်နေ့က ပဲခူးတိုင်း၊ ပြည်မြို့တွင် တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေး သည် အစိုးရရုံး ၂ ရုံးနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးများ ရှေ့တွင် တစ်ကိုယ်တော် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ရှေ့နေ ဦးမြင့်အေးသည် “ရုံးခွန်တော်တံဆိပ် ခေါင်းများ တန်ဖိုးမြှင့်တာကို မကျေနပ်ပါ။ High Court နှင့် ရန်ကုန်တိုင်းဒေသကြီး စုပေါင်းရုံးကို အလွဲ သုံးစားလုပ်တာ မကျေနပ်ပါ” စသည့် စာသားများပါဝင်သော ဗီနိုင်းပို စ တာကိုကိုင်ဆောင်၍ ပြည်ခရိုင်တရားရုံးရှေ့၊အခွန်ရုံးရှေ့နှင့်ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးရုံးရှေ့တို့တွင် ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။
“ရုံး ၃ ရုံးရှေ့မှာ တယောက်တည်း ဆန္ဒပြတာပါ။HRDPတံဆိပ်ပါတဲ့အင်္ကျီ ကိုဝတ်ပြီး နေ့လည် (၀၂း၄၄) က စပြတာ ညနေ (၀၄း၀၀) ခန့်မှာ ပြီး သွားတယ်” ဟု ဆန္ဒပြပွဲကို ကိုယ်တိုင်မြင်တွေ့သူ မြို့ခံတဦးက ပြော သည်။
ဆန္ဒပြပွဲကို အာဏာပိုင်များအနေဖြင့် လာရောက်စောင့်ကြည့်မှုသာရှိပြီး တ စုံတရာ မနှောင့်ယှက်ခဲ့ကြောင်း သူက ဆက်ပြောသည်။
“ဒီနေ့ထိတော့ အာဏာပိုင်တွေဘက်က တစုံတရာ ခေါ်ယူပြောဆိုတာမျိုးတော့ မရှိသေးဘူး” ဟု စောင့်ကြည့်နေသူတဦးက ယနေ့ ပြော ဆို သည်။
ပြီးခဲ့သည့် ၁၇၊ ၁၀၊ ၁၂ ရက်နေ့ကလည်း ရန်ကုန်ရှိ ရှေ့နေများကွန်ယက်အဖွဲ့ဝင် ၂၀၀ ခန့်က လမ်းလျှောက်ဆန္ဒပြကြသေးသည်။
No comments:
Post a Comment