Tuesday, June 18, 2013

ရခိုင် တေးသံရှင် ဒိုးရီ ၏ ဇနီး ဓါးထိုး အသတ်ခံရ

နိရဉ္စရာ

ရခိုင်တေးသံရှင် ဒိုးရီ ၏ ဇနီးဖြစ်သူ မဥမ္မာထွန်း (၃၂-နှစ်) မှာ ယနေ့ ဇွန်လ ၁၇ ရက်နေ့ ညနေ (၆) နာရီခန့်တွင် အိမ်နီးချင်းတစ်ဦး၏ ဓါးဖြင့် ထိုးသတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း Coral Arakan Facebook ၏ သတင်း စာမျက်နာတွင် ဖေါ်ပြထားသည်။

အိမ်နီးပါးချင်း နေထိုင်သူ ဦးမောင်တုတ်ဆိုသူက ဓါးဖြင့် ထိုးသတ်သွားကြောင်း သတင်းတွင် ဖေါ်ပြသည်။

လူသတ်တရားခံ ဖြစ်သူ ဦးမောင်တုတ် နှင့် အခင်း မဖြစ်ပွားမီ တနေ့က တစ်ကြိမ် နှင့် ယနေ့နေ့လယ်ပိုင်းက တစ်ကြိမ် ကိုဒိုးရီတို့ လင်မယား နှင့် စကားများခဲ့ကြပြီးနောက် ညနေပိုင်းတွင် မဥမ္မာထွန်းကို ဦးမောင်တုတ်၏ ဓါးဖြင့် ထိုးသတ်သွားခဲ့သည်ဟု ဆိုသည်။

တရားခံဖြစ်သူအား ယခု အချိန်အထိ ဖမ်းဆီးမိခြင်းမရှိသေးဘဲ ထွက်ပြေးလွတ်မြောက်နေသည်ဟု ဆိုသည်။

ကွယ်လွန်သူ မဥမ္မာထွန်းတွင် ကလေးသုံးယောက် ကျန်ရစ်ခဲ့ပြီး၊ အငယ်ဆုံးကလေးမှာ အသက်သုံးနှစ် အရွယ်မျှသာ ရှိသေးသည်ဟု သိရသည်။

ကွယ်လွန်သူ မဥမ္မာထွန်းအား ဇွန်လ ၁၉ ရက်နေ့တွင် သင်္ဂြိုံလ်မည်ဖြစ်ကြောင်း သိရသည်။

1 comment:

  1. ကိုဒိုးရီအတွက်အလွန်ဝမ်းနည်းမိပါသည်

    ReplyDelete