Monday, March 17, 2014

သန်းခေါင်စာရင်းမှာရိုဟင်ဂျာ အမည် မထည့်ဖို့ ရခိုင်တွေ တောင်းဆို

ABC

မြန်မာနိုင်ငံမှာ ​မေလ ​၃၀ရက်နေ့ကကနေစတင်ပြီး ​ဧပြီလ ​၁၀ရက်နေ့အထိ ​ကောက်ယူမယ့် ​ပြည်လုံးကျွတ်သန်းခေါင်စာရင်းမှာ ​ရိုဟင်ဂျာဆိုတဲ့အမည်နဲ့ ​ထည့်သွင်း ​ကောက်ခံတာတွေ ​မလုပ်ဖို့ ​ရခိုင်တိုင်းရင်းသားတွေက ​ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်က ​မြို့နယ် ​၁၁မြို့မှာ ​တရားဝင်ခွင့်ပြုချက်ရယူပြီး ​မနေ့တုန်းက ​လူပေါင်း ​သောင်းနဲ့ချီက ​ကန့်ကွက် ​ဆန္ဒပြမှုတွေ ​ပြုလုပ်ခဲ့တာ ​ဖြစ်ပါတယ်။

သန်းခေါင် ​စာရင်းထဲမှာ ​ရိုဟင်ဂျာဆိုတဲ့ ​နာမည်ကို ​မသုံးပဲ ​တိုင်းရင်းသား ​မဟုတ်တဲ့ ​လူတွေအတွက် ​သတ်မှတ် ​ပေးထားတဲ့ ​ကုတ်နံပတ် ​၉၁၉ ​ကိုသာ ​ထည့်သွင်းဖို့ ​မြန်မာ ​အစိုး ​ရ ​ကို ​တောင်း ​ဆို ​နေကြတာ ​ဖြစ်ပါတယ်။

ဆန္ဒပြ ​တောင်းဆိုမှုတွေနဲ့ ​ပတ်သက်ပြီး ​အစိုးရကနေ ​မတ်လ ​၂၁ ​ရက် ​နေ့လည် ​၁၂ ​နာရီအထိ ​တုန့်ပြန်မှု ​မလုပ်ဘူးဆိုရင် ​ဆက်လက် ​ဆန္ဒပြဖို့ ​စီစဉ်နေကြ ​တယ်လို့လည်း ​ရခိုင် ​တိုင်းရင်းသား ​တွေကပြောပါတယ်။

မနေ့တုန်းက ​ပြုလုပ်ခဲ့တဲ့ ​ဆန္ဒပြမှုနဲ့ ​ပတ်သက်ပြီး ​ဆန္ဒပြရာမှာ ​ပါဝင်တဲ့ ​ရခိုင်တိုင်းရင်းသား ​ဦးသန်းထွန်းကို ​ရေဒီယိုသြစတြေးလျသတင်းထောက်မြတ်မိုးက ​ဆက်သွယ်မေးမြန်းထားတာကိုလည်း ​တင်ဆက်ပေးထားပါတယ်။


ဆက်သွယ်မေးမြန်းချက်

ဆန္ဒပြပွဲနဲ့ ​ပတ်သက်ပြီး ​ဆန္ဒပြရာမှာပါဝင်တဲ့ ​စစ်တွေမြို့ကမြို့မိမြို့ဖ ​တဦးဖြစ်သူ ​ဦးသန်းထွန်းကို ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​ဆက်သွယ် ​မေးမြန်း ​ထားရာမှာ ​ဦးသန်းထွန်းက ​ဆန္ဒပြရတဲ့ ​အကြောင်းရင်းနဲ့ ​ပတ်သက်ပြီး ​အခုလို ​ပြောပြခဲ့ပါတယ်။

-ဘင်ဂလီတွေရဲ့အမည်လိမ် ​ရိုဟင်ဂျာအလိုမရှိ၊ ​သန်းခေါင်စာရင်းမှာ ​ဘင်ဂလီတွေကို ​ရိုဟင်ဂျာဟု ​ထည့်သွင်းမယ်ဆိုရင် ​သန်းခေါင်းစာရင်းကို ​ရခိုင်တွေသပိတ်မှောက်မယ်၊ ​နောက်တခါ ​အနောက်ဘက် ​လုံခြုံ ​ရေး၊ ​ပြည်ထောင်စုလုံခြုံရေး၊ ​ရခိုင်ဒေသလုံခြုံရေး ​၊ရခိုင်တွေရဲ့လူ့အခွင့်အရေး၊ ​ရိုဟင်ဂျာဟုစာရင်သွင်းသူ ​ရခိုင် ​တွေရဲ့ ​ရန်သူ၊ ​၁၉၈၂ ​နိုင်ငံသားဥပဒေ ​အမြန်ဆုံးကောင်အထည်ဖော်ဆောင်ရွက်ပေး ​အဲဒါပဲ၊ ​လူကအနည်းဆုံး ​၅သောင်းကနေ ​၈သောင်းထိရှိပါတယ်။

- ​ဆန္ဒပြတာ ​စစ်တွေမြို့တမြို့မှာပဲလား ​ဘယ်နေရာတွေများဆန္ဒပြသေးလဲရှင့်။

-ဒီနေ့ ​တပြိုင်တည်းဆန္ဒပြတဲ့မြို့ ​၁၁မြို့ရှိပါတယ်၊ ​စစ်တွေ ​၊ ​မောင်တော၊ ​ဘူးသီးတောင် ​၊ ​ရသေ့တောင်၊ ​ပုံဏားကျွန်း၊ ​ကျောက်တော်၊ ​မြောက်ဦး၊ ​မင်းပြား၊ ​ပေါက်တော၊ ​မြေပုံ၊ ​ကျောက်ဖြူ ​ရခိုင်ပြည်နယ်မှာရှိတဲ့ ​ကျန်တဲ့မြို့နယ်တွေက ​၁၀တန်းစာမေးပွဲပြီးရင် ​၂၂၊ ​၂၃မှာ ​ဆန္ဒပြကြမှာပါ။

-ရခိုင်ပြည်နယ်အတွင်းမှာ ​သန်းခေါင်စာရင်းဘယ်ရက်လောက်များကောက်ယူဖို့ရှိတာလဲရှင့်။

-သန်းခေါင်းစာရင်းက ​အခု ​မတ်လ ​၃၀ရက်နေ့ကနေစပြီး ​ဧပြီလ ​၁၀ရက်နေ့ထိကောက်မှာပါ။

-ဒီလ ​၁၄ရက်နေ့က ​၀န်ကြီးဦးခင်ရီအနေနဲ့ ​သန်းခေါင်စာရင်းကောက်ခံတာနဲ့ ​ပတ်သက်ပြီး ​ဘာတွေ ​ပြောဆိုသွားတာရှိလဲရှင့်။

-အခုဆန္ဒပြတဲ့ကိစ္စမှာ ​အဲဒီကိစ္စပါပဲ၊ ​၀န်ကြီးဦးခင်ရီရောက်လာပါတယ်၊ ​တွေ့ပါတယ် ​မြို့မိမြို့ဖတွေ၊ ​လူမှု့ကွန် ​ယက်တွေ၊ရဟတ်းသံဃာတော်ကြီးတွေနဲ့ ​တွေ့ပါတယ်၊ ​ ဒါပေမဲ့သူက ​သန်းခေါင်စာရင်းကောက်တဲ့အထဲမှာ ​ဘင်ဂလီတွေကို ​ရိုဟင်ဂျာအဖြစ်ရေးမယ်မရေးဘူးဆိုတာ ​ပြတ်ပြတ်သာသားမပြောသွားပါဘူးခင်ဗျ၊ ​အဲလိုမပြတ် ​မသားပြောတဲ့အတွက်ကြောင့် ​အခုလိုဆန္ဒပြခြင်းဖြစ်ပါတယ်။

-သန်းခေါင်းစာရင်းပတ်သက်ပြီးတော့ ​၀န်ကြီးဦးခင်ရီကို ​တင်ပြခွင့်မရခဲ့ဘူးလား။

-တင်ပြပါတယ်၊ ​စစ်တွေ ​မြို့မိမြို့ဖတွေ၊ ​လူမှုကွန်ယက်တွေ ​ရဟန်းသံဃာတွေအားလုံးက ​တင်ပြပါတယ်၊ ​ကုတ်နံပါတ် ​၉၁၄ပေါ့ ​မြန်မာနိုင်ငံမှာ ​တိုင်းရင်းသားမဟုတ်တဲ့သူတွေအတွက်ထည့်မဲ့ ​၉၁၄ ​နေရာမှာ ​ဘင်ဂလီတွေကို ​ဘင်ဂလီလို့ပဲရေးပါ၊ ​ဘင်ဂလီလို့ ​မရေးရင်လည်း ​၉၁၄ပဲရေးပါ ​ကုတ်နံပါတ်မှာ ​ကျနော်တို့က ​အဲလိုတင်ပြပါတယ်၊ ​ရိုဟင်ဂျာလို့ရေးမယ်ဆိုရင်တော့ ​ရခိုင်တိုင်းရင်းသားတွေက ​ဆန့်ကျင်ကန့်ကွက်ရပါမယ် ​လို့ ​ကျနော်တို့က ​တင်ပြပါတယ်၊ ​ဒါပေမဲ့သူက ​စာရင်းကောက်မဲ့သူ၊ ​အကောက်ခံမဲ့သူ ​ပြောတဲ့အတိုင်းပြန်ရေးရ ​မယ် ​နိုင်ငံတကာစံနှုန်းအတိုင်းအဲလိုပဲပြောပါတယ်၊ ​ရိုဟင်ဂျာအဖြစ်ရေးမယ်၊ ​မရေးဘူးဆိုတာကို ​ကျနော်တို့ကို ​ပြတ်ပြတ်သားသား ​အဖြေပေးမသွားဘူးဗျ။

-အခုဆန္ဒပြတာနဲ့ ​ပတ်သက်ပြီး ​အစိုးရဘက်က ​တစုံတရာတုန့်ပြန်တာမျိုး ​မရှိဘူးဆိုရင် ​ဘာတွေ ​ဆက်လုပ်ဖို့ရှိ ​လဲရှင့်။

-အစိုးရဘက်ကရခိုင်တိုင်းရင်းသားတွေအတွက် ​ဘင်ဂလီတွေကို ​ရိုဟင်ဂျာအဖြစ်စာရင်းမသွင်းပါဘူးလို့ ​ခိုင်မာ ​တဲ့အဖြေတခုမပေးရင် ​ရခိုင်တိုင်းရင်းသားတွေက ​အခုကောက်ခံမဲ့ ​သန်းခေါင်စာရင်းကို ​အကောက်မခံပဲ ​သပိတ်မှောက်မယ်လို့ ​ဆုံးဖြတ်ထားတာရှိပါတယ်။

-အခုဆန္ဒပြတောင်းဆိုတဲ့နေရာမှာ ​အစိုးရကိုဘယ်နေ့နောက်ဆုံး ​တောင်းဆိုတာရှိလဲရှင့်။

-အခုလိုကန့်ကွန့်ကွက်ဆန္ဒပြနေတဲ့ ​ရိုဟင်ဂျာကို ​စာရင်းကောက်ခံခြင်းမပြုပါဘူးလို့ ​ဒိလ ​၂၁ရက် ​နေ့လည် ​၁၂နာရီထိ ​အကြောင်းပြန်ကြားခြင်း ​မရှိဘူးဆိုရင် ​ရခိုင်တိုင်းရင်းသားတွေက ​သန်ခေါင်းစာရင်းအကောက်မခံပဲ ​သပိတ်မှောက်မယ်ဆိုတဲ့အချက်ကို ​တက်ေ၇ာက်လာတဲ့ ​ပရိတ်သတ်တွေက ​သဘောတူတဲ့အတွက် ​၂၁ရက်နေ့ ​နေ့လည် ​၁၂နာရီအထိ ​အစိုးရဆီက ​သတင်းကို ​စောင့်ကြည့်ပါမယ်။

- ​ဒါရခိုင်တပြည်နယ်လုံးရဲ့ ​သဘောထားလားရှင့်။

-ကျနော်တို့က ​ဒီန့ကောက်လိုက်တဲ့သဘောထားက ​စစ်တွေမြို့ရဲ့သဘောထားပါ၊ ​ဒါပေမဲ့ ​အခြားမြို့နယ်မှာ ​လည်း ​ဒီအတိုင်းပါပဲ၊ ​ရခိုင်ပြည်နယ်မှာရှိတဲ့ ​မြို့နယ် ​၁၇မြို့နယ်ရဲ့ ​သဘောထားလည်း ​ဒီတိုင်းပဲရှိမှာပါပဲ။

-အခုဆန္ဒပြပွဲနဲ့ ​ပတ်သက်ပြီး ​ဘာတွေပြောချင်သေးလဲ။

-ပြည်ထောင်စုအစိုးရကိုပဲ ​ပြောချင်ပါတယ်၊ ​ပြည်ထောင်စုအစိုးရအနေနဲ့ ​ဘင်ဂလီတွေကို ​ရိုဟင်ဂျာလို့ ​ထည့်သွင်းလိုက်ခြင်းအားဖြင့် ​နောင် ​၁၀နှစ် ​အနှစ် ​၂၀ ​ကြာတဲ့အခါမှာ ​မြန်မာနိုင်ငံအတွက် ​ဖြေရှင်းလို့မရတဲ့ ​ပြဿနာကြီး ​ဖြစ်လာနိုင်ပါတယ်။

No comments: