Monday, March 17, 2014

တောင်ကြီး ရေးအေးကွင်းရပ်ကွက်တွင် အသေးစားမီးလောင်မှုဖြစ်ပွား

ဂျွန်ချစ်ငြိမ်း

ရှမ်းပြည်နယ်တော်ပိုင်း၊ တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ မဟာဗန္ဓုလလမ်းရှိ နေအိမ်တစ်လုံး မတ် ၁၃ ရက် နေ့လည် ၁၁နာရီ ၁၅ မိနစ်ခန့်က မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့သည်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားပုံမှာ နေအိမ် အတွင်းရှိ ဘုရားစင်ပေါ်တွင် ဖယောင်းတိုင်မီး ပူဇော်ရာမှ တဆင့် ဘုရားစင် မျက်နာကျက်ကိုကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်ဟု အခင်းဖြစ်ရာနေရာတွင် ရောက်ရှိနေသည့် တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက ပြောသည်။

မီးလောင်ကျွမ်းရာ နေရာသို့ ပုဂ္ဂလိက ရေကားတစ်စီး၊ မြို့နယ်မီးသတ်မှ မီးသတ်ရေယာဉ် (၅) စီး ၊ရေသယ်ယာဉ် (၃) စီးတို့က မြို့နယ်ထွေအုပ်၊မြို့နယ်မီးတပ်တပ်ဖွဲ့ဝင်များ၊ အရံမီးသတ်၊ ရဲတပ်ဖွဲ့များ၊ စည်ပင်သာယာနှင့် အခြား ပူးပေါင်းအဖွဲ့ဝင်များနှင့် အတူ ငြှိမ်းသတ်ခဲ့ရာ ၁၁နာရီ ၂၅မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးအနေဖြင့် ၁၀,၀၀၀ကျပ် ခန့် ရှိသည်ဟု မြို့နယ် မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။

ယင်းဖြစ်စဉ် နှင့် ပတ်သတ်၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် အိမ်ရှင်ကို တောင်ကြီးမြို့ ၊ အမှတ်(၂) နယ်မြေရဲစခန်းက (ပ) ၄၃/ ၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

No comments: