Tuesday, March 11, 2014

ရန်ကုန်တွင် ပြုလုပ်သော ဒေါက်တာအေးချမ်း၏ဟောပြောပွဲသို့ လူပေါင်း ၅၀၀ ကျော်တက်ရောက်

တင့်ဆွေမောင်

“ ရခိုင်သမိုင်းမှ ပီးသော သင်ခန်းစာ” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သော ဒေါက်တာအေးချမ်း၏ သမိုင်းဆိုင်ရာ ရှင်းလင်းပွဲသို့ လူပေါင်း ၅၀၀ ကျော်တက် ရောက်နားထောင်ခဲ့သည်။

ယင်းဟောပြောပွဲကို ၂၀၁၄ မတ်လ ၉ ရက်နေ့က ရွှေတိဂုံ အရှေ့မုဒ်ရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင်ကျင်းပခဲ့သည်။

ပါမောက္ခ ဒေါက်တာ အေးချမ်းမှ ရခိုင်သမိုင်းနှင့် လက်ရှိကြုံတွေ့နေရသော ရခိုင်ပြည်၏ အနေအထားကို သူရရှိ စုဆောင်းထားသော အချက်အလက် အခိုင်အမာ အတိအကျဖြင့် ဟောပြောခဲ့သည်။

ဒေါက်တာ အေးချမ်းမှ ဟောပြောရာတွင် ရခိုင်ပြည်နယ်တွင်း တရားမ၀င် ၀င်ရောက်နေထိုင်သော ဘင်္ဂလီများအကြောင်းအရင်းနှင့် အစုလိုက် အပြုံလိုက် ရခိုင်ပြည်နယ်တွင်းသို့ ၀င်ရောက်လာပုံများကို သမိုင်း ဖြစ်ရပ်များနှင့် ကွက်ကွက်ကွင်းကွင်း ရှင်းလင်း ဟောပြောသည်။

ယင်းနောက်ပိုင်း ယခုကဲ့သို့ ၀င်ရောက်ရသည့် နေရာတွင် မည်သူသည် သမိုင်းတရားခံလဲ။ ဘယ်သူက အားပေးအားမြှောက် ပြုခဲ့သလဲဆိုသည့် အကြောင်းအရာများကို သမိုင်း အထောက်အထားများဖြင့် ရှင်းလင်း ထောက်ပြ ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးမရခင် ရခိုင်ပြည်နယ်အတွင်းသို့ ဘင်္ဂလာနယ်ဘက်မှ ဘင်္ဂလီ လယ်ကူလီများ အထောက်အထားမဲ့ အလုံးအရင်းနှင့် ၀င်ရောက်လာမှုကို ကာကွယ်နိုင်ရန် ၁၉၃၅ တွင် မြန်မာအက်ဥပဒေဖြင့် တားဆီးရန် ကြိုးစားခဲ့ကြောင်းကိုလည်း ပြောဆိုခဲ့သည်။

“ ဆရာရှင်းလင်းပြောဆိုသွားတာက တကယ်ကို ကောင်းပါတယ်။ ကျနော်တို့ မသိသေးတဲ့ အချက်တွေပါတဲ့ အတွက် အများကြီး ဗဟုသုတ ရရှိစေပါတယ်” ဟု ဟောပြောပွဲကို တက်ရောက် နားထောင်ခဲ့သူ ကိုကျော်မိုးက ပြောသည်။

အခမ်းအနားသို့ ဧည့်သည်တော်အဖြစ် တက်ရောက်လာသော ဆရာမကြီးဒေါ်စောခင်တင့်ကလဲ ရခိုင်နိုင်ငံတော် ကျဆုံးခဲ့ရခြင်းနှင့် ပတ်သက်ပြီး ဟောပြော ဆွေးနွေးခဲ့ကာ သမိုင်းထဲမှ သင်ခန်းစာ ယူကြရန် ဝေဖန်ထောက်ပြ ပြောဆိုခဲ့သည်။

၎င်းအခမ်းအနားတွင် ရခိုင်တိုင်းရင်းရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ဦးသာဘန်း၊ ဦးမြသိန်းနှင့် ဒေါ်စောခင်တင့် တို့က နာယကများ အဖြစ်ဆောင်ရွက်ကြသည်။

အခမ်းအနားအား နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီထိ ကျင်းပပြုလုပ်ခဲ့သည်။

No comments: