Tuesday, March 11, 2014

ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး အစိုးရကို ဖိအားပေးကြဖို့ တောင်းဆို

ABC

မြန်မာနိုင်ငံအစိုးရက ​လက်ရှိကျင့်သုံးနေတဲ့ ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေကို ​ပြင်ဆင်နိုင်ဖို့အတွက် ​နိုင်ငံတကာအနေနဲ့ ​မြန်မာအစိုးရ ​အပေါ် ​ဖိအားပေးမှုတွေ ​ပိုမိုလုပ်ဆောင်ဖို့လိုအပ်ကြောင်း ​သြစတြေးလျနိုင်ငံမှာရောက်ရှိနေနဲ့ ​အမျိုးသား ​ဒီမိုကရေစီ ​အဖွဲ့ချုပ်က ​တာဝန်ရှိသူနဲ့ ​မြန်မာနိုင်ငံရှေ့နေများကွန်ယက်အဖွဲ့က ​တာဝန်ရှိသူတွေက ​တောင်းဆိုလိုက်ပါတယ်။

၂၀၀၈ ​ဖွဲ့စည်းပုံ ​အခြေခံဥပဒေအရ ​အမျိုးသား ​ဒီမိုကရေစီအဖွဲ့ချုပ် ​အန်အယ်လ်ဒီပါတီ ​ဥက္ကဌ ​ဒေါ်အောင်ဆန်းစုကြည်ကို ​သမ္မတ ​ဖြစ်ခွင့်မရအောင် ​ထည့်သွင်းရေးဆွဲထားတဲ့အချက်တွေ ​ပါရှိပါတယ်။

အဆိုပါအဖွဲ့ဟာ ​သြတြေးလျနိုင်ငံ ​ပါလီမန် ​နိုင်ငံခြားရေးရာဌာန၊ ​ကာကွယ်ရေးနဲ့ ​ကုန်သွယ်ရေး ​ကော်မတီက ​တာဝန် ​ရှိသူတွေနဲ့ ​တွေ့ဆုံ ​စကားပြော ​ခဲ့ကြတယ်လို့ ​သိရပါတယ်။

တွေ့ဆုံပွဲအတွင်း ​လက်ရှိ ​ဖွဲ့စည်းပုံကို ​မပြင် ​နိုင်ဘူး ​ဆို ​ရင် ​မြန် ​မာ ​နိုင်ငံ ​မှာ ​နိုင်ငံရေး ​ပြုပြင် ​ပြောင်း ​လဲမှုတွေ ​လုပ်ဆောင် ​နိုင်မှာ ​မဟုတ်တဲ့ ​အကြောင်း၊ ​အဲဒါကြောင့် ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေကို ​ပြင်နိုင်ဖို့ ​အတွက် ​သြစတြေးလျ ​အစိုးရ ​အနေနဲ့ ​ထောက်ခံ ​ကူညီမှုတွေ ​ပေးသွားဖို့ ​လိုအပ်ကြောင်း ​အန်အယ်လ်ဒီ ​ပါတီက ​ဥပဒေ ​ရေးရာဆိုင်ရာ ​အကြံပေးပုဂ္ဂိုလ် ​ဦးဌေးဦးက ​ပြောပါတယ်။

သြစတြေးလျ ​အစိုးရ ​ဖက်ကတော့ ​မြန်မာနိုင်ငံမှာ ​ဖြစ်နေတဲ့ ​ပြောင်းလဲမှုတွေကို ​စောင့်ကြည့် ​နေပေမယ့် ​ဒီဖွဲ့စည်းပုံ ​အခြေခံဥပဒေ ​ပြင်ဆင်ရေး ​ဆွဲရေးမှာတော့ ​ဘယ်ဖက်ကမှ ​ဘက်လိုက်ပြီး ​နေမှာ ​မဟုတ်တဲ့ ​အကြောင်း ​ဒါပေမယ့် ​လာမယ့် ​၂၀၁၅ ​ခုနှစ် ​ကျရင် ​ကျင်းပပြုလုပ်မယ့် ​ရွေးကောက်ပွဲကို ​လွတ်လပ်ပြီး ​တရားမျှတတဲ့ ​ရွေးကောက်ပွဲဖြစ်ဖို့ ​ထောက်ခံသွားမှာ ​ဖြစ်တယ်လို့ ​သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ​ဂျူလီ ​ဘိရှော့ပ်က ​ပြန်လည်ပြောဆိုသွားပါတယ်။

No comments: