Monday, June 14, 2010

၂ဝဝ၈ ဖွဲ့စည်းပုံနှင့် တိုင်းရင်းသား ပြဿနာ (သို့မဟုတ်) `ကောင်းမှု´ ၊`မကောင်းမှု´ ၏ အလယ်

မင်းဆွေသစ်

(၁)
နအဖရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သစ်မှာ နိုင်ငံတော်ကို ပြည်ထောင်စု စနစ်နဲ့ ဖွဲ့စည်း တည်ထောင် တယ်လို့ ဆိုတယ်။ ဒီတော့ … ̏ ̏ပြည်ထောင်စု စနစ် ̋ ဆိုတာ ဘာလဲ ဆိုတာနဲ့ ပတ်သက်လို့ သိရအောင် နိုင်ငံတကာက နိုင်ငံတွေရဲ့ အခြေခံ ဥပဒေ တွေကို လေ့လာကြည့် ရအောင်ပါ။

တိုင်းပြည်တည်ဆောက်ပုံနဲ့ ပတ်သက်ရင် ပုံစံ ၂ မျိုးပဲ ရှိတာကို တွေ့ရပါမယ်။ တခုက တပြည်ထောင်စနစ်ဖြစ်ပြီး နောက်တမျိုးက ဖယ်ဒရယ်ပြည်ထောင်စုစနစ်ပဲ ဖြစ်ပါတယ်။ တပြည်ထောင်စနစ်က အာဏာဟာ ဗဟိုတခုထဲမှာပဲ ရှိတယ်။ အဲဒီဗဟိုကပဲ အုပ်ချုပ်ရေးတခုလုံးကို ဆောင်ရွက်တယ်။ အုပ်ချုပ်ရေးအာဏာကို ဗဟိုက ချပေးတယ်။ လက်အောက်ခံ အုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့ လုပ်ကိုင်မှုတွေကို ဗဟိုက သဘောမကျရင် အာဏာတွေကို ဗဟိုက ချက်ချင်း ပြန်ရုပ်သိမ်းပစ်နိုင်တယ်။ အင်္ဂလန်၊ ပြင်သစ်၊ အီတလီ၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေဟာ တပြည်ထောင်စနစ် ကျင့်သုံးတဲ့ နိုင်ငံတွေ ဖြစ်ကြတယ်။

ဖယ်ဒရယ်ပြည်ထောင်စုစနစ် အုပ်ချုပ်ရေးဆိုတာကတော့ ဗဟိုနဲ့ ပြည်ထောင်စု ဖွဲ့စည်းရာမှာ ပါဝင်ကြတဲ့ ပြည်နယ်တွေအကြားမှာ နိုင်ငံတော်ရဲ့ အာဏာကို စေ့စေ့စပ်စပ် အသေးစိတ် ခွဲဝေထားကြတယ်။ ပါဝင်တဲ့ ပြည်နယ်တွေဟာ ကိုယ့်ဒေသအကျိုးအတွက် အာဏာကျင့်သုံးနိုင်ဖို့ အထူးသီးသန့် အခွင့်အာဏာတွေလည်း ရှိကြပြီး ဖယ်ဒရယ်အဆင့်မှာတော့ သီးသန့်အာဏာကို ဖယ်ဒရယ်ပြည်ထောင်စုအတွင်းမှာ ခွဲခြမ်းထားရှိပြန်တယ်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး စတဲ့ လုပ်ငန်းရပ်တွေ အားလုံးကို ကြီးကြပ်ထိန်းကွပ်ဖို့ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်ကိုလည်း ထူထောင်ထားရှိပြန်တယ်။ ဒီတော့ …မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ အခြေအနေ အရပ်ရပ်အရ အကောင်းဆုံးဖြစ်မယ့် နိုင်ငံတော် တည်ဆောက်ရေး ပုံစံတခုခုဟာ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်မှာ ပါရှိပါရဲ့လား ….။


(၂)
မြန်မာနိုင်ငံဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြတဲ့ နိုင်ငံဖြစ်တာနဲ့အညီ ဒီနိုင်ငံနဲ့ သင့်တော်မယ့် အခြေခံဥပဒေကို ရွေးချယ်ကြရာမှာ နိုင်ငံရဲ့ အတိတ်သမိုင်းမှာ ကြုံတွေ့ခဲ့ကြရတဲ့ အကြောင်းအရင်းအမှန် ပြဿနာတွေကို ဖော်ထုတ်ပြီး ထည့်တွက်စဉ်းစားဖို့ လိုပါမယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရဲ့ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်မှုကို ပြည်ထောင်စုစနစ်လို့ သတ်မှတ်ခေါ်ဆိုကြပေမယ့် အမှန်မှာတော့ ဖယ်ဒရယ်တပိုင်းသာဖြစ်တယ်လို့ ဆိုရမှာပါ။ အဲဒီအခြေခံဥပဒေသစ်ဟာ နိုင်ငံသားတဦးချင်းစီရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်မှု ပေးခဲ့တာ ရှိခဲ့ပေမယ့်လည်း တိုင်းရင်းသား လူမျိုးစုတွေအတွက်တော့ တန်းတူအခွင့်အရေးဆိုရာမှာ ထိထိရောက်ရောက် အာမခံတာမျိုး မရှိခဲ့ပါဘူး။

ဗိုလ်ချုပ်နေဝင်း ရေးဆွဲခဲ့တဲ့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကြည့်ရင် ဖွဲ့စည်းမှု ပုံသဏ္ဍာန်မှာ ပြည်နယ်၊ တိုင်း ၇ ခုစီနဲ့ ဖွဲ့စည်းထားတာကို တွေ့ရမှာပါ။ ပြီးတော့ --- တပါတီစနစ်ရဲ့ တင်းကျပ်တဲ့ ဗဟိုချုပ်ကိုင်မှုနဲ့ ဖိနှိပ်ထားပြီး တိုင်းရင်းသား လူမျိုးစုတွေဟာ တန်းတူအခွင့်အရေးဆိုတာ လုံးဝ မရှိခဲ့ကြပါဘူး။ နောက်ထပ် ဆိုးတာက လူတဦးချင်းစီရဲ့ အခွင့်အရေးတွေပါ ဆုံးရှုံးနေရတာပါပဲ။


(၃)
မြန်မာနိုင်ငံမှာတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတာဟာ… အငြင်းပွားစရာအဖြစ်ဆုံး ကိစ္စဖြစ်နေတယ်။ ဒါကလည်း ခွဲထွက်ခွင့် ရှိတယ်၊ မရှိဘူးဆိုတဲ့အပေါ် အဓိပ္ပယ်ဖွင့်ဆိုရလို့ပဲ ဖြစ်ပါတယ်။ နှစ်ပေါင်း ၅ဝ ကျော် လက်နက်ကိုင်တိုက်ပွဲ ဝင်နေကြတဲ့ တိုင်းရင်းသား လူမျိုးစုအသီးသီးကတော့ ဖယ်ဒရယ် ပြည်ထောင်စုအတွင်းကပဲ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိဖို့ လိုအပ်တယ်လို့ ဆိုကြပါတယ်။ ဒီတော့ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းနိုင်ခွင့် ကျင့်သုံးနိုင်ရေးနဲ့ ပတ်သက်လို့ အခြေခံမူထဲမှာ ဗဟိုနဲု့ ပြည်နယ် ဥပဒေပြုအဖွဲ့တွေအကြားမှာ ဘယ်လို အာဏာခွဲဝေမလဲဆိုတာတွေကို ရှင်းရှင်းလင်းလင်း ဖော်ပြဖို့ လိုပါတယ်။

ဒါပေမဲ့ နအဖရဲ့ ဖွဲ့စည်းပုံသစ်မှာ ပြည်ထောင်စုနဲ့ ပြည်နယ်တွေအကြား ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာတွေ ခွဲဝေရေးနဲ့ ပတ်သက်လို့ ဘာပြဋ္ဌာန်းချက်မှ မတွေ့ရပါဘူး။ ပြည်ထောင်စုကပဲဖြစ်ဖြစ်၊ ပြည်နယ်တွေကပဲဖြစ်ဖြစ် ကျင့်သုံးနိုင်တဲ့ အာဏာစာရင်းဆိုပြီး မရှိပါဘူး။ နောက်ပြီး ပြည်ထောင်စုကလာပြီး မထိပါးနိုင်တဲ့ပြည်နယ်တွေအတွက် အာဏာများဆိုတာကိုလည်း သတ်မှတ်ပေးထားတာ မတွေ့ရပြန်ပါဘူး။ ဘဏ္ဍာငွေကြေးနဲ့ သက်ဆိုင်ရင်လည်း ပြည်နယ်တွေရဲ့ စီမံခန့်ခွဲနိုင်တဲ့ ပိုင်ခွင့်တွေကိုလည်း မဖော်ပြထားပါဘူး။ အဲဒါတွေအပြင်ကို ဖွဲ့စည်းပုံသစ်မှာ ပြည်ထောင်စုနဲ့ ပြည်နယ်တွေအကြားမှာ အုပ်ချုပ်ရေး ဆက်စပ်မှုတွေကိုလည်း ဖော်ပြထားဖို့ လိုပါတယ်။

နောက် လူများစုရဲ့ ဗဟိုချုပ်ကိုင် အနိုင်ကျင့်မှုတွေကို တားဆီးတဲ့ ပြဋ္ဌာန်းချက်ဆိုတာတွေလည်း ပါရှိသင့်ပါတယ်။ ဒါပေမဲ့ အခုစစ်အုပ်စုရဲ့ ဖွဲ့စည်းပုံသစ်က အဲဒီကိစ္စတွေနဲ့ ပတ်သက်လို့ ဘာမှမဖော်ပြထားဘဲ ရှိနေပါတယ်။ ထားတော့။ ဒီတော့ မဖော်ပြထားတာကို မကြည့်တော့ဘဲ နအဖရဲ့ ဖွဲ့စည်းပုံသစ်ကိုပဲ ကြည့်မယ်ဆိုရင်တော့၊ ဘယ်လိုပြည်ထောင်စုမျိုးနဲ့ ဘယ်လိုအာဏာခွဲဝေထားသလဲ ဆိုတာကိုပါ တဖြည်းဖြည်း ရုပ်လုံးပေါ်လာမှာပါ။

နအဖရဲ့ ဖွဲ့စည်းပုံသစ်အရဆိုရင် နိုင်ငံတော်သမ္မတက ပြည်နယ်ရှိ လွှတ်တော်အမတ်တွေထဲကနေပြီး ပြည်နယ်ဝန်ကြီးချုပ်ကို ရွေးပေးရပါမယ်။ ပြည်နယ်လွှတ်တော်ရဲ့ အကြံပြုချက်ကို ယူရမယ်ဆိုတာ ပါပေမယ့် သမ္မတက ရွေးပေးမယ့် ပြည်နယ်ဝန်ကြီးချုပ်လောင်းဟာ အရည်အချင်း မပြည့်မီသူဖြစ်ကြောင်း ဖော်ပြနိုင်မှ ငြင်းပယ်လို့ ရပါတယ်။ အရည်အချင်းဆိုတာကလည်း အသက်အရွယ်တို့၊ ပညာအရည်အချင်းတို့ ဆိုတာလောက်ပါ။ ဒီတော့ ငြင်းပယ်ဖို့ဆိုတာ မလွယ်ဘူး။

သမ္မတက ခန့်တယ်ဆိုတဲ့သူကို ပြည်နယ်လွှတ်တော်က အတည်ပြုပေးရုံပါပဲ။ ပြီးရင် သမ္မတခန့်ထားတဲ့သူလို့ ပြောလို့ရတဲ့ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ဒေသရေးရာ ပြည်နယ်ဝန်ကြီးနှစ်နေရာကို စစ်တပ်က စစ်သားကို ခန့်ပေးထားရမယ်။ ပြီးတော့ ပြည်နယ်ဝန်ကြီးတွေ ခန့်တဲ့နေရာမှာလည်း ပြည်နယ်ဝန်ကြီးချုပ်က အမည်စာရင်းပေးတဲ့သူတွေကို ပြည်နယ်လွှတ်တော်က အတည်ပြုပေးရပါမယ်။ ငြင်းပယ်ခွင့် ရှိတယ်ဆိုပေမယ့်လည်း အရည်အချင်းမပြည့်မှီသူလို့ ခိုင်လုံကြောင်းတခုထဲနဲ့ပဲ ငြင်းလို့ရပါတယ်။

နောက်ဆုံးတော့ သမ္မတက ပြည်နယ်ဝန်ကြီးချုပ်ကို ခန့်ပြီးတော့ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဝန်ကြီးအဖွဲ့ကို ခန့်ဆိုတာပါပဲ။ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်ဝန်ကြီးတွေကလဲ သမ္မတကိုပဲ တာဝန်ခံကြရပါတယ်။ ပြည်နယ်ဥပဒေအရာရှိတွေကို ခန့်အပ်ရာမှာလည်း ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်လွှတ်တော်က အတည်ပြုပြီးရင်တောင် မရသေးပါဘူး။ နောက်ဆုံး သမ္မတက သဘောတူအတည်ပြုမှ ရပါတယ်။ ဒီတော့ ဗဟိုကဖြစ်တဲ့ သမ္မတမှာ အာဏာအပြည့် ဖြစ်နေတယ်ဆိုတာ ပေါ်လွင်လွန်းလှနေပါပြီ။


(၄)
တန်းတူရေုးဆိုတဲ့ ပြဿနာဟာ… မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့ပြီးတဲ့ အချိန်ကစပြီး စိန်ခေါ်နေခဲ့တဲ့ ကိစ္စပါပဲ။ ဒီကိစ္စကို အခုအခြေခံမူတွေက ဘယ်လိုအာမခံချက် ပြုထားပါသလဲ။ ဒါ အရေးအကြီးဆုံး မေးခွန်းပဲ။ တန်းတူညီမျှခွင့်ကို ဥပဒေပြုရေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့၊ တရားစီရင်ရေး စတဲ့ နိုင်ငံတော် အဆောက်အအုံအားလုံးရဲ့ ဖွဲ့စည်းမှုမှာ ကျင့်သုံးရမှာ ဖြစ်တယ်။

နအဖရဲ့ ဖွဲ့စည်းပုံသစ်မှာ ရွေးချယ်တင်မြောက်တဲ့စနစ်ကို ဖော်ပြထားတာ မတွေ့ရပါဘူး။ ဒါကြောင့် လက်ရှိ မဲပေးစနစ်ဖြစ်တဲ့ မဲအများစုရသူနိုင်တဲ့ စနစ်ကိုပဲ ကျင့်သုံးမှာပဲလို့ ထင်ရပါတယ်။ ဒီတော့ လူဦးရေများတဲ့ ဗမာလူမျိုးတွေက တခြားတိုင်းရင်းသား လူမျိုးစုတွေအပေါ် အသားစီးရပြီး လွှတ်တော် ၂ ရပ်ရဲ့ ၇၅ ရာခိုင်နှုန်းနေရာမှာ အများစုရဖို့ သေချာနေပါတယ်။ ဒီအတိုင်းဆိုရင် တန်းတူညီမျှရေးဆိုတဲ့ အရေးဟာ ပြေလည်နိုင်ပါ့ဦးမလား။ ဒီတော့ တန်းတူညီမျှရေးပြဿနာကို ဖြေရှင်းပြေလည်ဖို့ဆိုရင် မဲပေးမှုပုံစံစနစ်မှာ “အချိုးကျကိုယ်စားပြုစနစ်” တခုကို ကျင့်သုံးဖို့ ဖွဲ့စည်းပုံမှာ ပြဋ္ဌာန်းထားဖို့ လိုပါမယ်။


(၅)
နအဖရဲ့ ဖွဲ့စည်းပုံသစ်အရ နိုင်ငံတော်ကို တည်ဆောက်ဖွဲ့စည်းရာမှာ ပြည်ထောင်စုစနစ်နဲ့ ဖွဲ့စည်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဖွဲ့စည်းမှုပုံသဏ္ဍာန်ကိုတော့ ပြည်နယ် ၇ ခု၊ တိုင်း ၇ ခု ပုံသဏ္ဍာန်အတိုင်း ပြည်ထောင်စုကို ပုံပျက်ပန်းပျက်နဲ့ လုပ်လာနေပြန်ပါတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံမှာ မရှိခဲ့တဲ့ ပြည်ထောင်စုနယ်မြေဆိုပြီး ပြည်ထောင်စု ဖွဲ့စည်းရာမှာ ထည့်လာပါတယ်၊ နအဖရဲ့ ဖွဲ့စည်းပုံကိုကြည့်ရင် ပြည်နယ် ၇ ခု ၊ တိုင်း ၇ ခုတို့ဟာ တခုချင်းစီ အဆင့်အတန်း တူညီကြတယ်လို့ သတ်မှတ်ပါတယ်။ တိုင်းဒေသ ၇ ခုရဲ့ တည်ရှိရာ ဒေသတိုင်းမှာက ဗမာလူမျိုးအများစု နေထိုင်ကြတာ ဖြစ်ပါတယ်။

ဒီတော့ တိုင်းရင်းသား လူမျိုးတခုစီရဲ့ ပြည်နယ် တခုစီဟာ တိုင်းဒေသ ၇ ခုနဲ့မှ တန်းတူညီမျှသလို ဖြစ်နေရပါတော့တယ်။ တိုင်းရင်းသားလူမျိုးစု ၁ ခုနဲ့ ဗမာလူမျိုး ၇ ခုနဲ့ တန်းတူညီမျှမှုရယ်လို့ ဖြစ်နေပါတယ်။ နောက်ပြီး တိုင်းပြည်အတွင်းမှာရှိတဲ့ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေ၊ ပြည်ထောင်စုနယ်မြေတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေဟာ နိုင်ငံတော်ကနေပြီး ဘယ်တော့မှ ခွဲမထွက်စေရဘူးလို့ ဆိုထားပါတယ်။

ဒီအချက်ကိုကြည့်ရင် စစ်အုပ်စုရဲ့ ချဉ်းကပ်ပုံအမြင်ဟာ အပျက်သဘောဆောင်တဲ့ဘက်မှ ရှုမြင်နေတာ ဖြစ်တယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။ ဒီလိုပြဋ္ဌာန်းထားတာမျိုးဟာ နိုင်ငံတကာမှာရှိတဲ့ ဖွဲ့စည်းပုံတွေထဲမှာဆိုရင် အရင်ကရှိခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စု တနိုင်ငံထဲမှာပဲရှိခဲ့၊ ပြဋ္ဌာန်းခဲ့ဖူးပါတယ်။ တကယ်မှာတော့ ဖယ်ဒရယ်စနစ်နဲ့ ကိုက်ညီတဲ့ အခြေခံဥပဒေတခုကို အပြုသဘောဆောင်တဲ့ ထူထောင်မှုမျိုး ရှိခဲ့ရင် ပြည်ထောင်စုမှ ခွဲထွက်ရေးဆိုတာ ပေါ်ပေါက်လာစရာ မရှိပါဘူး။ နအဖ စစ်အုပ်စုအနေနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေကို နှိုင်းယှဉ်လေ့လာပြီး မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ တူညီတာ ကွဲပြားတာတွေကို ကြည့်ရှုသုံးသပ်ပြီး မိမိတို့နိုင်ငံရဲ့ ထူးခြားတဲ့ အခြေအနေတွေကို စူးစမ်းလေ့လာပြီး ဖယ်ဒရယ်ပြည်ထောင်စု နိုင်ငံတခုကို ထူထောင်လုပ်ဆောင်သွားဖို့ပဲ ရှိပါတယ်။ ဒါမှသာ တိုင်းပြည်ရဲ့ အနာဂတ်ဟာ ငြိမ်းချမ်းမှု၊ စုပေါင်းညီညွှတ်မှုတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဆီကို ဦးတည်စေနိုင်မယ်ဆိုတာ ကောက်ချက်ချလို့ ရပါလိမ့်မယ်။


(၆)
မြို့တော်ဖြစ်တဲ့ ကြပ်ပြေးနေပြည်တော်ကို ပြည်ထောင်စု နယ်မြေအဖြစ် ဖွဲ့စည်းပုံသစ်မှာ သတ်မှတ်ထားတယ်။ သမ္မတရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာ ရှိရမယ်။ သမ္မတက ကြပ်ပြေးနေပြည်တော်ကောင်စီကို တည်ထောင်ဖွဲ့စည်းရမှာ ဖြစ်တယ်။ ကောင်စီဥက္ကဋ္ဌ အပါအဝင် ကောင်စီဝင်ဦးရေကို သမ္မတက သတ်မှတ်ပေးရမယ်။ ကောင်စီထဲမှာ လုံခြုံရေးအတွက်ဆိုပြီး စစ်တပ်က စစ်ဗိုလ်ပါရမယ်။ ကောင်စီဥက္ကဋ္ဌနဲ့ ကောင်စီဝင်အားလုံးဟာ နိုင်ငံရေးပါတီဝင်တွေထဲကတော့ တယောက်မှ ပါဝင်ခွင့် မရှိပြန်ဘူး။ ကောင်စီဥက္ကဋ္ဌဟာ ပြည်ထောင်စု ဝန်ကြီးတဦးအဆင့်နဲ့ အတူတူပါပဲ။ အဆိုးဆုံးက --- လိုအပ်ရင် ကောင်စီဝင်အားလုံးကို စစ်တပ်က စစ်ဗိုလ်တွေနဲ့ပဲ ခန့်လို့ရတယ် ဆိုတာပါပဲ။ သမ္မတက ကောင်စီဝင်တွေထဲက ဖြုတ်မယ်ဆိုရင် ကာကွယ်ရေးဦးစီးချုပ်က သဘောတူအတည်ပြုမှ ရတယ်။ ဒီတော့ တိုင်းပြည်ရဲ့ အရေးအကြီးဆုံး ဗဟိုချက်မကို စစ်တပ်က ချုပ်ကိုင်ထားလိုက်တာပဲ ဖြစ်တယ်လို့ ပြောရမှာ ဖြစ်တယ်။

(၇)
နိဂုံးချုပ်ပါတော့မယ် ..... နိဂုံးချုပ်ကို ပြက်လုံးတခုနဲ့ ချုပ်ပါရစေ။ ပြက်လုံးတခုဖြစ်ပေမယ့် လေးနက်ပါတယ်။ တခါက .... ဦးလေးဖြစ်သူက သူ၏ တူဖြစ်သူကို ချီးမွမ်းခန်းဖွင့်ပါတယ် .....

``ကျုပ်တူက လူကောင်းဗျ၊ တခုပဲ ချို့ယွင်းတယ်၊ `ကောင်းမှု´ နဲ့ `မကောင်းမှု´ ကို ခွဲခြားမသိခြင်းဘဲ´´ လို့ ဆိုပါတယ်။

ဗုဒ္ဓရဲ့ အဆုံးအမထဲက… `သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ´ တရားတော်ဟာ `ကောင်းမှု´ နဲ့ `မကောင်းမှု´ တို့ကို ခွဲခြားသိဖို့ ညွှန်းဆိုဆုံးမတဲ့ တရားဖြစ်တယ်လို့ နားလည်မိပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအရ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ တိုင်းရင်းသားအရေးဆိုတာက ... ဗမာ ၇ ကျပ်၊ တိုင်းရင်းသားများ ၁ ကျပ်ဆိုတဲ့ တန်းတူရေးပါ။ အဲဒီတော့ … ရွေးကောက်ပွဲဝင်ကြမယ့် တိုင်းရင်းသား ခေါင်းဆောင် ဆိုသူတို့အနေနဲ့က … `သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ´ တရားရဲ့ အဆုံးအမမှာ တည်ပြီး `ကောင်းမှု´ `မကောင်းမှု´ ကို အနည်းဆုံးတော့ ခွဲပြီး သိဖို့ လိုပါမယ်။

`ကောင်းမှု´ နဲ့`မကောင်းမှု´ ရဲ့ အလယ်မှာ `ကြား´ ဆိုတာ မရှိပါဘူး။




ယနေ့ မြန်မာ့ရေးရာ သတင်းများ June,14th,2010

( 32 )Exiles stage defiant protest at London embassy to mark Aung San Suu Kyi's birthday

( 31 )မလေးရှားထိန်းသိမ်းရေးစခန်းတစ်ခုတွင် ဆန္ဒပြမှုဖြစ်ပွား

( 30 )Burma Relaxes Banking Regulations

( 29 )ဒုက္ခပေးပြန်ပြီ ကြက်ဆူပင်

( 28 )Survivors seek shelter from future storms

( 27 )မြန်မာ ရဟန်းသံဃာတော်များက သင်တန်းကျောင်းဖွင့်

( 26 )Relocated Myitsone villagers face health problems in new place

( 25 )ဆယ်ကျော်သက် ကျောင်းသားများ မူးယစ်ဆေးသုံး

( 24 )72-Year-Old Woman Arrested with Yaba

( 23 )နိုင်ငံရေးအသားပေး ဂျာနယ်တစောင် ထွက်မည်

( 22 )Police Station Forces Villagers to Pay for Telephone

( 21 )နိုင်ငံတကာဂီတ ပညာရှင်များနှင့် မြန်မာ ဂီတပညာရှင်များ ပူးပေါင်း တင်ဆက်

( 20 )Dacoity Increases in Arakan with Economic Crisis

( 19 )ရန်ကုန် - မန္တလေး လမ်းကြေး ပိုကောက်လျှင် တရားစွဲမည်

( 18 )Two Underage Youths Recruited for Burmese Army in Arakan

( 17 )ကမ္ဘာ့ဖလား ကျေးဇူးကြောင့် လျှပ်စစ်မီး ပုံမှန်လာနေ

( 16 )Burma Finds the Power for Football Fever

( 15 )ဘဏ်အသစ်များကို ရန်ကုန် ကြိုဆို

( 14 )ဘူးသီးတောင် - မောင်းတောလမ်း တောင်ပြို၊ သွားလာမှုရပ်ဆိုင်း

( 13 )AirAsia begins Kuala Lumpur-Yangon flight in July

( 12 )အိုးဖေါက်ကျေးရွာ ဓါးပြမူ ဒေသခံ စစ်တပ်များ အပေါ် သံသယဖြစ်

( 11 )Myanmar continues to take preventive measures against dengue fever

( 10 )နျူးကလီးယား ကိစ္စ နိုင်ငံတစ်ကာ၏ စုံစမ်းစစ်ဆေးမှုများ နအဖ ခံရဖွယ်ရှိ

( 9 )အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မြန်မာ့ ဒီမိုကရေစီ အင်အားစုများနှင့် တွေ့ဆုံ

( 8 )အထောက်အထားနှင့် နျူးကလီးယားများ အကြောင်း နအဖ ငြင်းဆို

( 7 )Myanmar beats RP in farm mechanization

( 6 )ပါတီအာဘော် စာစောင်များ ထုတ်ဝေခွင့် ရသော်လည်း အင်တာဗျူး ဆင်ဆာ ရှိနေဆဲ

( 5 )Myanmar, Vietnam seek further enhancement of economic co-op

( 4 )ဒေါ်စု မွေးနေ့တွင် သစ်ပင် ၂ သောင်းစိုက်မည်

( 3 )Matching initiatives boost trade

( 2 )နျူးကလီးယား ကိစ္စ နအဖ ငြင်းဆို

( 1 )Regional response needed for Burma's nuclear ambition

Sunday, June 13, 2010

ကလေးစစ်သားတဦး မိဘများထံ ပြန်လည်ရောက်ရှိ

ဖြိုးကြီး။ ။ ၁၃၊ ၆၊ ၂၀၁၀

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ကန်းကျွန်းကြီးကျေးရွာမှ အဖ ဦးသောင်းအေး အမိ ဒေါ်ခင်စန်းရွှေတို့၏သား အသက် (၁၇)နှစ်အရွယ် မောင်ဝေယံ ကလေးစစ်သားအဖြစ် တာဝန်ထမ်းဆောင်နေရာမှ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) အကူညီဖြင့် မိဘထံ ပြန်လည်ရောက်ရှိလာသည်။

ယခုလ (၁၀) ရက်နေ့က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး ခလရ (၃၂) တွင် တာဝန်ကျနေသည့် မောင်ဝေယံကျော် (ခ) သန့်ဇင်နောင်ကို မိဘများကိုယ်တိုင် သွားရောက်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူ ဒေါ်ခင်စန်းရွှေက ပြောသည်။

“ဦးအေးမြင့်တို့နဲ့ တိုင်ပင်ပြီးတော့ ILO အဖွဲ့အစည်းများကနေ ကျမသားလေး ပျောက်သွားလို့ ကူညီပေးပါဆိုပြီး ဝိုင်းဝန်းရှာပေးလို့ သူရှိတဲ့နေရာကို သိရတာပါ၊ ဒီလ (၈) ရက်နေ့က မင်္ဂလာဒုံ ခလရ (၈၂) နံ့သာကုန်း ထောက်ကြံ့ကနေ လာအကြောင်းကြားတာပါ၊ ကလေးကိုတွေ့ပြီ သူနေတဲ့ တပ်ကို မိဘတွေကိုယ်တိုင်သွားခေါ်ပါဆိုလို ကျမတို့ (၁၀) ရက်နေ့က သွားခေါ်တာပါ” ဟု ပြောသည်။

မိဘများသွားရောက်ခေါ်လာစဉ် တာဝန်ရှိသူများက ကလေးကိုကောင်းမွန်စွာပြန်လည် ထည့်ပေးလိုက်သော်လည်း နောက်နောင် အစိုးရ၏ ဝန်ထမ်းဖြစ်ခွင့်မရှိတော့ကြောင်း ပြောလိုက်သည်ဟု မိခင်ဖြစ်သူက ဆက်ပြောသည်။

မောင်ဝေယံကျော် စတင်ပျောက်ဆုံးသွားခြင်းနှင့် ပတ်သက်၍ မိခင်ဖြစ်သူက “ကျမသားကို ၂၀၀၉ ခုနှစ်၊ ၈ လပိုင်း၊ ၂၁ ရက်နေ့က ကျမက ဆူလိုက်တော့ သူက အပြင်ထွက်သွားရင်း လမ်းမှာ စစ်သားတယောက်က စစ်ထဲဝင်မလားလို့ မေးရင်းနဲ့ ပါသွားတာ” ဟု မိခင်ဖြစ်သူက ပြောသည်။

ထို့အပြင် မောင်ဝေယံကျော်သည် ပုသိမ်စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခံခဲ့ရပြီး သင်တန်းကာလအတွင် ညှဉ်းပန်းနှိပ်စက်မှုများ ရှိခဲ့ကြောင်း ပြန်လည်ပြောသည်။

၎င်းကြုံတွေ့ခဲ့ရသည်များနှင့် ပတ်သက်၍ “သင်တန်းမှာ ရိုက်တာနှက်တာတွေ ရှိတယ်၊ သင်တန်းချိန်ပြီးသွားရင် အုတ်တွေဘာတွေ ထမ်းရတယ်၊ ကောက်စိုက်၊ ကောက်ရိတ်၊ တပ်ရင်းမှူးအိမ်မှာ သန့်ရှင်းရေးတွေ လုပ်ရတယ်” ဟု ပြောသည်။

သင်တန်းကျောင်းတွင် ၎င်းနှင့်ရွယ်တူ ကလေးငယ် အယောက် (၃၀) ခန့်ရှိကြောင်းနှင့် သင်တန်းဆင်းပြီး ကိုယ်ပိုင်အမှတ် တ/ ၄၂၁၇၂၀ဖြစ် ကြာအင်းဆိပ်ကြီးသို့ တပ်သားတာဝန်ထမ်းဆောင်ရင်း ရှေ့တန်းစစ်မြေပြင်သို့ နှစ်ကြိမ်ထွက်ခဲ့ကြောင်း မောင်ဝေယံကျော်က ဆက်လက်ပြောသည်။

ယခုကဲ့သို့ မောင်ဝေယံကျော် မိဘများထံ ပြန်လည်ရောက်ရှိလာသည့်အတွက် ဝမ်းသာကြောင်းနှင့် ကလေးပြန်လည်ရောက်ရှိအောင် ကူညီပေးသူများ အားလုံးကို ကျေးဇူးတင်ကြောင်း မိခင်ဖြစ်သူက ပြောသည်။

ထို့အပြင် “နောက်နောင် ကလေးမိဘတွေအနေနဲ့လည်း အခုလို ကလေးငယ်တွေ ပျောက်ဆုံးပြီး စစ်တပ်ထဲရောက်နေရင် အကူညီပေးနေတဲ့သူတွေနဲ့ တိုင်ပင်ပြီး ကိုယ့်သားသမီးကို ပြန်ရဖို့အတွက် လုပ်ဆောင်ရန် လိုအပ်ပါတယ်” ဟု ဒေါ်ခင်သန်းရွှေ တိုက်တွန်းပြောဆိုသည်။

အသက်မပြည့်သေးဘဲ စစ်သားအဖြစ်စုဆောင်းခံရသည့် ကလေးများနှင့် ပျောက်နေသည့်ကလေးငယ်များအတွက် မိဘကိုယ်တိုင် ရပ်ကွက်၊ ကျောင်း စသည့် ထောက်ခံစာများအပါအ၀င် ကိုယ်ရေးအချက်အလက် အပြည့်အစုံဖြင့် ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်ရှိ အိုင်အယ်အိုရုံးသို့ တိုက်ရိုက် တိုင်ကြားနိုင်သည်။


အမေရိကန် အစိုးရ အရေးယူမည်ကို စိုးရိမ်၍ နအဖ စစ်အစိုးရမှ နျူကလီယား ထုတ်လုပ်ရန် မဟုတ်မှန်ကြောင်း ငြင်းဆို

Narinjara News

အမေရိကန် အစိုးရ အနေဖြင့် မြန်မာ့ စစ်အစိုးရ၏ နျူကလီးယား အစီအစဉ်ကို အနီးကပ် စောင့်ကြည့်နေကြောင်း ပြောကြားပြီးနောက် နအဖ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ နျူကလီးယား လက်နက် ပိုင်ဆိုင်ရန် ကြိုးပမ်းနေသော စွပ်စွဲချက်မှာ မဟုတ်မမှန်ကြောင်း ငြင်းဆို လိုက်သည်။

နအဖ စစ်အစိုးရ အနေဖြင့် နျူကလီးယား စီမံကိန်းနှင့် တခြားလက်နက် ပစ္စည်းများ ပိုင်ဆိုင်မူ အမှန် တကယ် ရှိမရှိကို အမေရိကန် အစိုးရမှ အဓိကထား စောင့်ကြည့်နေကြောင်း အမေရိကန် အာစီယံရေးရာ သံအမတ် မစ္စတာ စကော့မာရှယ်က ပြောကြားသည်။

နအဖ စစ်အစိုးရမှ ဇွန်လ ၁၁ ရက်နေ့ထုတ်ပြန်သော နိုင်ငံခြားရေး ၀န်ကြီးဌာန ကျေညာချက်ထဲတွင် နျူကလီးယား လက်နက် ထုတ်လုပ်ရန် မြန်မာ အစိုးရအား စွပ်စွဲချက်များသည် အခြေအမြစ်မရှိသော စွပ်စွဲချက်များ ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပကတိ အခြေအနေများနှင့် လုံးဝ ကွာခြားလွန်းသောကိစ္စဖြစ်၍ တုံ့ပြန် ရှင်းလင်းရန် လိုအပ်ခြင်းမရှိဟု ယူဆခဲ့ကြောင်း ဖေါ်ပြသည်။

ထိုသို့ ပြောကြားပြီး ယင်းနောက်ပိုင်းတွင် နျူကလီးယား လက်နက်ပိုင်ဆိုင်ရေး မြန်မာ့ စစ်အစိုးရမှ ကြိုးပမ်းနေကြောင်း စွပ်စွဲချက်ကို ပြန်လည် ချေပလာခဲ့သည်။

နအဖ နိုင်ငံခြားရေး ၀န်ကြီးဌာန ထုတ်ပြန်ချက်တွင် ချေပထားသည်မှာ အမေရိကန် အစိုးရမှ မြန်မာနှင့် ထိတွေ့ ဆက်ဆံမူများ ပြုလုပ်ရန် မူဝါဒ ချမှတ်ခဲ့ပြီးနောက် ယင်းမူဝါဒနှင့် အညီ အမေရိကန် အထက်လွတ်တော် အမတ် မစ္စတာ ဂျင်ဝက်ဘ်နှင့် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာဒ့်ကမ်းဘဲလ် တို့သည် မြန်မာနိုင်ငံသို့ လာရောက်ပြီး ထိတွေ့ ဆွေးနွေးမူ လုပ်ငန်းစဉ်များကို ပြုလုပ်ခဲ့သည်ဟု ဖေါ်ပြသည်။

ယင်းသို့ အမေရိကန်နှင့် မြန်မာ ဆက်ဆံရေး ပြန်လည် စတင်နေချိန်တွင် မြန်မာ အစိုးရအား ဆန့်ကျင်သူများက သတင်း မီဒီယာများနှင့် ပူးပေါင်းပြီး ရည်ရွယ်ချက် ရှိရှိ နျူကလီးယားနှင့် ပတ်သက်သည့် စွပ်စွဲချက်များကို အချိန်ကိုက် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ရေးသား ဖေါ်ပြသည်။

ယခုကဲသို့ ထိုးနှက်တိုက်ခိုက်မူကြောင့် ဇွန်လဆန်းပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ရှိသော အထက် လွှတ်တော်အမတ် မစ္စတာ ဂျင်ဝက်ဘ် ၏ ခရီးစဉ်ကိုလည်း ဖျက်သိမ်းခဲ့ရကြောင်း ဖေါ်ပြသည်။

မြန်မာ စစ်အစိုးရ အနေဖြင့် ပြည်ပ သတင်းမီဒီယာများမှ မြန်မာ့ စစ်အစိုးရမှ နျူကလီးယား လက်နက်ပိုင်ဆိုင်ရန် ကြိုးပမ်းနေကြောင်း ဖေါ်ပြချက်မှာ မြန်မာနှင့် အမေရိကန် အကြား ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာမည်ကို မလိုလားသူများက ထိုးနှက်ချက် ဖြစ်ကြောင်း ဖေါ်ပြထားသည်ကို တွေ့ရှိရသည်။

သို့အတွက် ယခု နအဖ စစ်အစိုးရ၏ နျူကလီးယားလက်နက် ပိုင်ဆိုင်ရေး နှင့် ပတ်သက်ပြီး မြန်မာ စစ်အစိုးရမှ ပြန်လည် ချေပ ရှင်းလင်းချက်မှာ အမေရိကန် အစိုးရနှင့် ဆက်ဆံရေး ပြန်လည် ပျက်ပြားမည်ကို စိုးရိမ်သည့် အပြင် အရေးယူမူများကို ရှောင်လွဲလို၍ ဖြစ်သည်ဟု သုံးသပ်သူများက ပြောဆိုသည်။

နျူကလီယား လက်နက် ပိုင်ဆိုင်ရန် မြန်မာ့ နအဖ စစ်အစိုးရမှ ကြိုးပမ်းနေကြောင်း အယ်လ်ဂျာဇီးရား ရုပ်သံလွှင့်ဌာနက ဒီမိုကရက်တစ် မြန်မာ အသံနှင့် ပူးတွဲပြီး ဇွန်လ ၄ ရက်နေ့က စတင် ထုတ်လွှင့်ခဲ့သည်။

နအဖစစ် အစိုးရသည် မြောက်ကိုးရီးယားနိုင်ငံ၏ အကူအညီကို ရယူပြီး နျူကလီးယား လက်နက်ပိုင်ဆိုင်ရန် ကြိုးပမ်းနေသည်ဟူသော ထုတ်လွှင့်ချက်သည် နိုင်ငံရေး အရ ထိုးနှက်တိုက်ခိုက်မူ သက်သက်သာ ဖြစ်ပြီး အခြေအမြစ် မရှိကြောင်း နအဖ စစ်အစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာနက ဇွန်လ ၁၁ ရက်နေ့စွဲ ဖြင့် ထုတ်ပြန်ထားပြီး အဆိုပါ ထုတ်ပြန်ချက်ကို ယနေ့ထုတ် စစ်အစိုးရပိုင် သတင်းစာများ ဖြစ်သော ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာများတွင် အကျယ်တ၀င့် ဖေါ်ပြသည်။


မြစ်ဆုံမှ အစိုးရရွာသစ်သို့ အပြောင်းခံရသူများ၏ကျန်းမာရေး စိုးရိမ်နေရ

KNG

မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကြောင့် လုံဂါဇွပ်တွင် အိမ်အသစ်ပြောင်းရွှေ့လိုက်ရသည့် ဒေသခံကလေးများ ကျန်းမာရေးအခြေအနေဆိုးနေသည်။

၎င်းနယ်မြေတွင် မိုးရွာ၍ ရေဝပ်နေသော်ကြောင့် ခြင်များပေါက်ပွားကာ ကလေးများသည် နှာစေး၊ ချောင်းဆိုး ငှက်ဖျား အပြင်း ဖျားနာ နေ ကြသည်။ “သနားစရာကြီး၊ အားလုံးဖျားနေကြတယ်၊ သိပ်မကြာရင်ကလေးတွေ အားလုံးအသက်အန္တရာယ်နဲ့ရင်ဆိုင်နိုင်တယ်” ဟု ယင်း ရွာ သစ်သို့သွားကြည့်ပေးသည့် ကျန်းမာရေး ဆရာမတစ်ယောက်ပြောနေကြောင်းကို ခရစ်ယာန်ဘာသာရေးဆရာ တစ်ဦးမှပြောပြသည်။

အေးရှားဝေါလ်ကုမ္ပဏီမှတာဝန်ယူတည်ဆောက်ပေးနေသည့် ၎င်းတန်ဖိုးနည်း ဆောက်လုပ်ရေးအိမ်တန်းတွင် ဆေးပေးခန်းမရှိ၊ ဆေးဆရာမရှိ ဖြစ်နေ၍ ရွာသားများ အခက်အခဲကြုံတွေ့နေရသည်။

ဤသို့စိုးရိမ်နေရသည့် ရွာအိမ်သစ်သို့ တန်ဖရဲရွာမှ ဆေးဆရာမများ တစ်ပတ်ကို တစ်ယောက်အလေ့ကျ သွားကြည့်ပေးနေသည်။

ဆေးဆရာမ သာမက ကလေးကျောင်းစာသင်ရန် အတွက်လည်း တန်ဖရဲရွာမှ ဆရာ/ဆရာမများ သွားရောက် သင်ကြားပေးနေရသည်။ “အစိုးရမှ ဆရာနှစ်ယောက်ထည့်ပေးမယ်ပြောတယ်၊ ဒါမဲ့ အခုထိ မရောက်လာသေးဘူး” ဟု ဒေသခံ အမျိုးသမီးတစ်ယောက် ပြောသည်။

ကျောက်ခဲပြည့်နက်နေသည့် အနီရောင်မြေကြီးပေါ်တည်ဆောက်ထားသော ၉ပေပတ်လည်ဧည့်ခန်းကျဉ်းမှာ နေထိုင်နေရသည့် သူတို့ဘဝသည် အကျဉ်းတန်လှကြောင်း ဒေသခံရွာသားများ ငြီးသွားနေကြသည်။

“ဘယ်လိုမှ မတတ်နိုင်တော့ ခံစားနေရတယ်” ဟုပြောင်းရွှေ့ခံရသည့် ဒေသခံရွာသားများပြောနေသည်။
စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်ခဲ့သည့် ၎င်းဒေသခံများသည် ယခုတွင် ဘာပင်မှ စိုက်ပျိုး၍ မရဖြစ်နေသည်။

လုံဂါဇွပ်တွင် ဆောက်လုပ်ရေးအိမ်တန်း တည်ဆောက်ပေးနေသည့် အေးရှားဝေါလ်ကုမ္ပဏီမှ အိမ်များကို တစ်ပုံစံတည်းတည်ဆောက်ထားသောကြောင့် “ အိမ်တွေလည်း ဆင်တူဆင်တူပြန်ဖြစ်နေ၊ ဘယ်သူ့အိမ်က ဘယ်လူ့အိမ်မှန်းမသိ၊ တစ်ချို့ဆို အိမ်မှားပြီးဝင်ကြတယ်” ဟု ခုတလော ယင်းအိမ်သစ်သွားရောက်ခဲ့သည် ဒေသခံလူကြီးတစ်ဦး ပြောသည်။

ဤကဲ့သို့ဖြစ် မြစ်ဆုံရေကာတာတည်ဆောက်ရေးကြောင့် ပြီးခဲ့သည့် မေ ၂၈ရက်နေ့ ပထမဦးဆုံးပြောင်းရွှေ့လိုက်ရသည့် မဇွပ်ဒေသခံရွာသားများသည် အခက်အခဲအမျိုးမျိုး ရင်ဆိုင် နေရ သည်။

ငွေကျေး ကောက်ခံ၍ ကြံ့ခိုင်ရေးအဖွဲ့ဝင်အဖြစ် အတင်းဝင်ခိုင်း

နှောင်းလှိုင်

ကရင်နီပြည် လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်မှ အသက် ၁၈ နှစ်ပြည့် လူငယ်များနှင့် အိမ်ထောင်ဦးစီးများအား ကြံ့ခိုင်ရေးအဖွဲ့က ၄င်းတို့ အဖွဲ့ဝင်အဖြစ် အတင်းဝင်ခိုင်းပြီး အသင်းဝင်ကဒ် ပြုလုပ်ရန် တဦးလျှင် ကျပ်ငွေ တစ်ထောင်စီ တောင်းခံကြောင်း ဒေသခံများက ပြောသည်။


“ပြီးခဲ့တာ လုပ်ပြီးပြီ။ ဒါမဲ့ ကဒ်တော့ မပေးသေးဘူး။ အဖွဲ့စည်းထဲ ၀င်ပြီး အဖွဲ့အစည်း တိုးတက်ဖြစ်မြောက်တဲ့ ကြံ့ခိုင်ရေး ဖြစ်အောင် ပါဝင်အားပေးကြဖို့ ကဒ်ပြားတခု လုပ်တယ်။ အဲဒါက ငါတို့ကို တထောင် တောင်းတယ်” ဟု ကြံ့ခိုင်ရေးအဖွဲ့ ၀င်ခဲ့ရသူ တဦးက ပြောသည်။

ဒေသခံကျေးရွာသားများသည် ကြံ့ခိုင်ရေးအဖွဲ့ဝင်အဖြစ်သို့ ၀င်ရောက်ခြင်းကို မနှစ်သက်ကြသော်လည်း အာဏာပိုင်များ၏ အမိန့်အရ လုပ်ဆောင်ကြရကြောင်း ဒီးမော့ဆိုမြို့မှ ဒေသခံတဦးက ပြောသည်။

သူက “မလုပ်ချင်တဲ့သူတွေ ရှိတယ်။ ဒါပေမယ့် အကုန်လုပ်ရမယ်။ ဘယ်သူမှ မကျန်ရဘူး ဆိုပြီးတော့ တစ်အိမ်ကို အိမ်ထောင်ဦးစီးတစ်ယောက် အကုန်လုပ်ခိုင်းတယ်။ အိမ်တစ်အိမ်မှာ ယောက်ျား မရှိရင် မိန်းကလေး လုပ်ရတယ်” ဟု ပြောသည်။

“သူတို့ အကြောင်းလည်း မသိဘူး။ လုပ်ခိုင်းတော့ လုပ်လိုက်ရတာပဲ။ နည်းလမ်း မသိဘူး။ ကြံ့ခိုင်ရေးတွေက လွိုင်ကော်တချို့ ဒီးမော့ဆို တချို့ ဖြစ်တယ်။ သေးဆူလဲတို့ဘက်လည်း ရွာတိုင်း ကဒ်ပြား လုပ်ခိုင်းတယ်” ဟု ၄င်းဒေသခံတဦးက ဆက်ပြောသည်။

ဒေသခံရွာသားများအနေဖြင့် ကြံ့ခိုင်ရေးအဖွဲ့သို့ ၀င်ရောက်နိုင်ရန် အာဏာပိုင်များက ကျေးရွာဥက္ကဌများအား စည်းရုံးပြီး ဖိအားပေးနေခြင်းဖြစ်သည်။

ဒေသခံရွာသားများသည် မိမိစားဝတ်နေရေးနှင့် ဘ၀နေထိုင်မှုလုံခြုံစေရန် လူကြီးများ၏ လုပ်ဆောင်ချက်ကို မလွန်ဆန်နိုင်ကြောင်း ဒေသခံများကပြောသည်။

“ပြည်ပက အားလုံးလည်း ဒီ ၂၀၁၀ကို စိတ်ဝင်စားကြသလို ပြည်တွင်းက လူထုတွေကတော့ စိတ်ဝင်စားဖို့ နေနေသာသာ မထူးခြားတဲ့ အစီအစဉ်ပဲမို့ စိတ်ဝင်စားနေလဲ အပိုပဲ ဆိုတဲ့ စိတ်တွေနဲ့ပဲ ဥပက္ခာ ပြုထားကြတာ များတယ်” ဟု လွိုင်ကော်မြို့ခံ လူငယ်တဦးက ပြောသည်။

ပြီးခဲ့သည့်လတွင် လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်မှ လူငယ်များသည် ကြံ့ခိုင်ရေး အဖွဲ့များနှင့် ပူးပေါင်းပြီး ကျေးရွာတိုင်းရှိ လူထုများအား သွားရောက်စည်းရုံးခဲ့သည်ဟု သိရသည်။

ရဲစခန်းတွင် တပ်ဆင်မည့် ၅ သိန်းတန် ဖုံးအတွက် ရွာသားများထံမှ ငွေကောက်

Narinjara News

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် သဲတက်ရဲစခန်းတွင် တပ်ဆင်မည့် ၅ သိန်းတန် ဖုံးအတွက် ရဲအရာရှိများမှ အိမ်ထောင်စု တခုထံမှ ကျပ်ငွေ ၂၀၀၀ စီကောက်ခံနေကြောင်း သတင်း ရရှိသည်။

အဆိုပါ ကောက်ခံမူကို ယခု လဆန်းပိုင်းက စတင်ခဲ့ပြီး ကျေးရွာသားများ အနေဖြင့် ကောက်ခံသော ငွေကို မပေးနိုင်သဖြင့် အခက်ကြုံနေရကြောင်း ဒေသခံ တဦးက ပြောသည်။

“ အိမ်တိုင်းကို ၂၀၀၀ နုန်းနဲ့ ကောက်ခံနေတာ ဖြစ်ပါတယ်။ ရဲစခန်းမှာ ဖုံးရှိရင် ဘယ်နေရာက မဆို တခုခု ပြဿနာဖြစ်ရင် အကြောင်းကြားလို့ ရတယ်။ ဒါကြောင့် ကျေးရွာသားတွေအနေနဲ့ တအိမ်ကို ကျပ် ၂၀၀၀ စီ မဖြစ်မနေရ ထည့်ဝင် ရမယ်ဆိုပီး ကောက်ခံနေတာ ဖြစ်ပါတယ်။ ရွာသားတွေ အများစု ဆင်းရဲတော့ မပေးနိုင်ကြပါဘူး။ အခက်အခဲ ပါဘဲ။”

အများစု ကျေးရွာသားများမှာ ဆင်းရဲသည့် အပြင် စိုက်ပျိုးရာသီ ရောက်လာသဖြင့် ရဲစခန်းမှ ကောက်ခံသော ငွေကို မပေးလိုသော်လည်း အတင်း လာကောက်နေ သဖြင့် အရစ်ကျ ပေးဆောင်နေရကြောင်း သိရသည်။

ယခု သဲတက် ရဲစခန်းမှ ဖုံးအတွက် ကောက်ခံနေသော ကျေးရွာများမှာ သဲတက်၊ ရောင်စုံ၊ လက်ဝဲမာန်၊ ကြိမ်ချောင်း၊ ကင်းစွန်းချောင်း၊ လက်မဆိတ်၊ လက်ဖေါက်၊ မြတ်လေး၊ မကျည်းချောင်းနှင့် ဒင်ဘာရီ ကုလားရွာ တို့ ဖြစ်ကြသည်။ အဆိုပါ ရဲစခန်း ပတ်ဝန်းကျင်တွင် ကျေးရွာများ အားလုံး စုစုပေါင်း အိမ်ခြေမှာ ထောင်ဂဏန်းခန့် ရှိကြောင်း သိရသည်။

စစ်တွေမြို့သို့ ဈေးဝယ်ရန်လာသူ သဲတက်က အမျိုးသမီး တဦးကလည်း “ ရဲစခန်းမှာ ၅ သိန်းတန် ဖုံးတပ်ဆင်မယ် ဆိုပီး ငွေကောက်နေတာ မှန်ပါတယ်။ သဲတက်က ဖုံးဆိုင်ဖွင့်ပီး စီးပွားရေး လုပ်နေတဲ့ သူတွေဆီက ဆိုရင် ၅၀၀၀ ထိကောက်ပါတယ်။ သာမန်လူတွေဆီကသာ ၂၀၀၀ ကောက်တာပါ” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် အုပ်ချုပ်သူ အရာရှိများသည် ယခုကဲ့သို့ဖုံးတပ်ဆင်ရန် အတွက် ငွေကို လူထုထံမှ ကောက်ယူသည့် အပြင် တခြား စာသင်ကျောင်းများ၊ ဆေးခန်းများနှင့် ကျေးရွာဆက် လမ်းများ ဖေါက်လုပ်ရာတွင်လည်း ငွေများ ကောက်ခံကြောင်း သိရသည်။

ဆင်းရဲ ကျပ်တည်းသည့် ကြားထဲ ဧည့်ခံစရိတ်၊ ကျောင်းစရိတ်၊ လမ်းစရိတ်နှင့် တခြား စရိတ်စခများ ကောက်ခံမူကြောင့် ရခိုင် ကျေးလက်ဒေသမှ ကျေးရွာသားများမှာ အထူး အခက်ကြုံတွေ့နေကြရကြောင်း သတင်းများ ရရှိသည်။

ရွှေအိုးရှိမှ ပညာရ

မိုးယံ

“ဒေါင် … ဒေါင် … ဒေါင် … ” ဆိုသည့် ကျောင်းတက် ခေါင်းလောင်း ထိုးသံနှင့် အတူ စာသင်ကျောင်း အတွင်းသို့ ပြေးလွှား ဝင်ရောက် သွားသော အဖြူအစိမ်း ဝတ်ဆင်ထားသည့် ကျောင်းသူ ကျောင်းသား လေးများကို မျက်စိ တဆုံး ငေးမောပြီး ဒေါ်ဇင်မာဦး တယောက် သက်ပြင်း ချလိုက်မိသည်။

“ကလေးတွေ ဖတ်စာအုပ် မပါသွားဘူး။ ဈေး အရမ်းကြီးလို့ အပြင်မှာလည်း မဝယ်နိုင်ဘူး။ ကျောင်းကိုသာ ပို့လိုက်တာ၊ ဘာမှ မပြည့်စုံလို့ စိတ်မချ ဖြစ်နေတာ” ဟု ဒေါ်ဇင်မာဦးက ကျောင်းခြံစည်းရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ဆိုသည်။

ဆင်ခြေဖုံး ကျောင်းတခုတွင် သူ၏သား ၃ ဦး ပညာသင်နိုင်ရေးသည် အသက် ၃၅ နှစ် အရွယ် ဒေါ်ဇင်မာဦး အတွက် မဟာ အခက်အခဲ ဖြစ်နေသည်။

ဤသောကမီးကို သူတယောက်တည်း ကြုံတွေ့နေရခြင်း မဟုတ်ပေ။

ကျောင်းသား မိခင်တဦးဖြစ်သူ ဒေါ်ဥမ္မာကလည်း “တောင်းလိုက်တာ၊ တောင်းလိုက်တာကို မပြောနဲ့။ ကျောင်း စ အပ်ကတည်းက အလှူငွေ မကောက်ဘူး ဆိုတဲ့ ဆိုင်းဘုတ် အောက်က နေပြီး ဘာကြေး ညာကြေးတွေ တောင်းတာ၊ တံမြက်စည်း ဝယ်ပေးပါ၊ သောက်ရေခွက် ဝယ်ပေးပါ ဆိုတာတွေနဲ့ တနှစ်လုံး နပန်းလုံးရပြီ” ဟု ပြောသည်။

ကျောင်းဖွင့်ချိန်တွင် မိဘများထံမှ ထွက်ပေါ်လာတတ်သည့် “အတန်းပိုင် ဆရာမက သူ့ဆီ ကျူရှင် မယူရင် ကလေးတွေကို မကြည်ဘူးတော်” ဟူသော အသံကို ဒေါ်ဥမ္မာ ထံမှလည်း ကြားရသည်။

ဤသို့ဖြင့် ငွေကြေး မြောက်မြားစွာ ရင်းနှီး မြှုပ်နှံရသော ပညာသင်နှစ် တခု အစပြုလေသည်။

ရန်ကုန်မြို့ရှိ ဆင်ခြေဖုံး ကျောင်းများတွင် ထိုသို့ ခက်ခဲနေသော်လည်း နာမည်ကြီးကျောင်းများတွင် ကျောင်းဝင်ခွင့် ရရန် ကျပ် ၃ သိန်း မှ ၁ဝ သိန်း ဝန်းကျင် သုံးရကြောင်း၊ ကျောင်းဝင်ခွင့် ရပြီး နောက်ဆက်တွဲ ကုန်ကျငွေ များစွာ ရှိကြောင်း သိရသည်။

“တဦးနဲ့ တဦးအပြိုင်ပေါ့၊ ကျောင်းမှာ လိုအပ်တာဆိုလည်း အပြိုင် လှူကြတယ်၊ ကျောင်းက အတန်းပိုင် ဆရာမဆီမှာ ကျူရှင် ထားတဲ့ အပြင်၊ အပြင်က နာမည်ကြီး စာကျက်ဝိုင်းတွေမှာလည်း ကျူရှင် ထားပေးကြရ တာ” ဟု နာမည်ကြီးကျောင်း ဒဂုံ အထက ၁ မှ ကျောင်းသားတဦး၏ မိခင် ဒေါ်တင်တင်ခိုင်က ရှင်းပြသည်။

ဒဂုံ အထက ၁ ကျောင်းသား မိဘတဦးက “သူ့အမေက အလှူငွေ ၃ သိန်း ထည့်သွားတယ်လေ၊ ကိုယ့်သားသမီး မျက်နှာ မငယ်အောင် ကိုယ်ကလည်း ၅ သိန်း လှူပစ်လိုက်တယ်” ဟု ပြောသည်။ ထိုကျောင်းတွင် သူကဲ့သို့ ယှဉ်ပြိုင် နေသော မိခင်များလည်း ရာနှင့်ချီ ရှိနေသည်။

ထိုသို့ ပြိုင်ဆိုင်နေစဉ် ရန်ကုန် ဆင်ခြေဖုံးမှ ဒေါ်ဇင်မာဦး တယောက် ဖတ်စာအုပ် တစုံအတွက် ကျပ် ၂၅ဝဝ အကုန် မခံနိုင်သောကြောင့် စိတ် မချမ်းမသာ ဖြစ်နေသည်။

“ကျောင်းမှာ ဖတ်စာအုပ် တစုံမှ ကျပ် ၉ဝဝ၊ ကျောင်းအပ်တဲ့နေ့က ဝယ်တော့ ဆရာမက အိမ်မှာထားခဲ့တယ်။ ကျောင်းဖွင့်မှ ဝယ်တော့ ဆိုလို့ ကျောင်းဖွင့်မှ ဝယ်တာ ကုန်သွားပြီတဲ့။ နောက်တသုတ်မှ ဝယ်တော့ တဲ့။ နောက်တသုတ်က နှစ်ဝက် ကျောင်းပိတ်ခါနီးမှ ရတာ၊ အပြင်မှာ ဈေးကြီးတယ်လေ” ဟု ဒေါ်ဇင်မာဦးက ဘေးတွင် ရောက်ရှိလာသော ကျောင်းသားမိဘ တယောက်ပြီး တယောက်ကို မမောတမ်း ပြောပြနေသည်။

အသက် ၅ဝ ဝန်းကျင်ရှိ အငြိမ်းစား ကျောင်းအုပ် ဆရာမကြီး တဦးကလည်း “ကျမတို့ ငယ်ငယ်က ပညာရေးလို မဟုတ်တော့ဘူး၊ အခုခေတ်က ငွေရှိမှ ပညာကောင်း သင်နိုင်တာ၊ ဒီခေတ် ဆရာတွေက ငွေတခုပဲ ကြည့်တာများတယ်” ဟု သုံးသပ်ပြသည်။

စာသင်ကြားခြင်းအပြင် ငွေတွင်းတူးရန် ရုန်းကန်နေရသော ဆရာ၊ ဆရာမများတွင်လည်း ထိုဝေဖန်ချက်များကို တုံ့ပြန်ရန် အကြောင်းပြချက် အသင့် ရှိနေသည်။

“ရတဲ့ လစာနဲ့ နေထိုင် စားသောက်လို့ အဆင် မပြေဘူးလေ၊ အချိန်ပို ကျူရှင်ပြမှ အဆင် ပြေကြတာ” ဟု ၎င်းတို့က ရှင်းပြသည်။

အပိုဝင်ငွေအတွက် ထိုသို့ ရှာဖွေသူများ ရှိသကဲ့သို့ ကျူရှင်ပေးခြင်းကို စီးပွားဖြစ် လုပ်ကိုင်သူ ဆရာ ဆရာမများလည်း ရှိနေသည်။

လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေး အကျပ်အတည်းက အခြေခံ လူတန်းစားများ အပေါ် ရိုက်ချက် ပိုမို ပြင်းထန်သည်။ ရန်ကုန်မှ ကျောင်းနေ အရွယ် အများအပြားမှာ မိသားစု စားဝတ်နေရေးအတွက် လုပ်ငန်းခွင်သို့ ရောက်သွားကြကြောင်း တွေ့ရသည်။

“မနက် ကျောင်းတက်ပြီး ညနေ ဘီယာဆိုင်တွေမှာ ဒါတွေ လိုက်ရောင်းတယ်၊ ကျောင်းလည်း တက်တယ်၊ အိမ်ကိုလည်း ပိုက်ဆံ ရှာပေးတယ်” ဟု လက်ဖက်ထုပ်၊ ငါးခြောက်ထုပ်လေးများ လိုက်လံရောင်းချနေသော အသက် ၁၁ နှစ် အရွယ် မောင်အောင်ဦးက ငါးခြောက်ထုပ်လေးများကို ပန်းကန်ပြားထဲ ဖောက်ထည့်ရင်း ရှင်းပြသည်။

“ဆရာဝန် ဖြစ်ရင် တော်ပြီ” ဆိုသော သူ့ရည်မှန်းချက်ကြောင့် မောင်အောင်ဦး တယောက် အမြဲ ရယ်လျက် ဈေးရောင်းနေနိုင်ခြင်း ဖြစ်သည်။

ကလေးငယ်များ စာသင်ခန်း အပြင်ဘက် ရောက်နေခြင်းကို ရန်ကုန် တမြို့တည်းတွင်သာ တွေ့ရခြင်း မဟုတ်ပေ။

နာဂစ် မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဧရာဝတီတိုင်းမှ ကျေးရွာများတွင်လည်း ယခုနှစ် ကျောင်းတက်နိုင်သူ ဦးရေ လျော့နည်းသွားကြောင်း ကုလသမဂ္ဂ အရာရှိတဦးက ပြောသည်။

“အခမဲ့ ကျောင်းတက်နိုင်ဖို့တွေ လုပ်ပေးထားတယ်၊ မိဘတွေရဲ့ စီးပွားရေး အဆင် မပြေတော့ ကလေးတွေက အဲဒီ ငွေရှာတဲ့ အလုပ်တွေမှာ ဝင်လုပ်ကုန်တယ်၊ ဒါကြောင့် ကျောင်း မတက်နိုင်တာ ပါတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် သူငယ်တန်းမှ စတုတ္ထတန်း အထိ ကျောင်းလခ အခမဲ့ သတ်မှတ်ထားသော်လည်း ရန်ကုန်မြို့ သူငယ်တန်း ကျောင်းသားတဦး ကျောင်းအပ်ခမှာ အနည်းဆုံး ကျပ် ၈ဝဝဝ ဖြစ်နေသည်။ ကျပ်တသိန်း အထက် ပေးရသော ကျောင်းများလည်း ရှိသည်ဟု ဆိုသည်။

“ကျောင်းဖွင့်ရာသီဆို ကိုယ့်ကလေး လူတန်းစေ့ ကျောင်း တက်နိုင်ဖို့ မိဘတွေ တော်တော် ရုန်းရတယ်” ဟု ဒေါ်ဥမ္မာက ညည်းတွားပြီး ရှင်းပြသည်။

ပညာရွှေအိုး လူမခိုး ဟူသော စကားကို မြန်မာနိုင်ငံတွင် ယခင်က ကဲ့သို့ မကြာခဏ မကြားရတော့ပေ။

ယခုခေတ်မှာ ရွှေအိုးရှိမှ ပညာရသောခေတ် ဖြစ်နေသည်ဟု ဒေါ်ဇင်မာဦးက ပြောသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ June,13th,2010

( 14 )Four new private banks to emerge in Myanmar

( 13 )မဖြူဖြူသင်း ဦးဆောင်သည့်အဖွဲ့က NLD လူကြီးများအား ဂါဝရပြု

( 12 )Gas pipeline opens to ease Yangon's chronic power shortage

( 11 )အရှင်ဂမ္ဘီရကို ရွေးကောက်ပွဲ သဘောထား မေးမြန်း

( 10 )Tsunami watches issued for India, Indonesia, Sri Lanka, Myanmar, Thailand and Malaysia

( 9 )Myanmar denies links to N. Korea

( 8 )မြန်မာ့အရေးကို အိုင်အယ်လ်အို ဆုံးဖြတ်ချက်ချ

( 7 )Myanmar says nuclear reports not true

( 6 )မျိုးဆက်သစ် လူငယ်များ ပြုစု ပျိုးထောင်ရန် လိုအပ်ဟု ဒေါ်စုပြော

( 5 )What If Burma Goes Nuclear?

( 4 )အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးက ဒုက္ခသည် စခန်းကို လေ့လာ

( 3 )‘Myanmar might have begun atomic weapons programme’

( 2 )မြန်မာ နျူကလီးယား ဖြေရှင်းချက် ခိုင်လုံမှုမရှိ

( 1 )Myanmar denies nuclear weapon claims

Saturday, June 12, 2010

ဒုက္ခသည်စခန်းသို့ ရောက်ရှိလာသော အိုင်ဒီပီလူသစ်များ တီဘီရောဂါ ဖြစ်များနေကြ

- နှောင်းလှိုင်

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည် အမှတ် ၂ စခန်းသို့ ထွက်ပြေးရောက်ရှိလာသော အမှတ် ၂ ခရိုင်မှ ရွာပုန်းရွာရှောင်အိုင်ဒီပီ လူသစ်များသည် များသောအားဖြင့် အဆုတ် (ခေါ်) တီဘီရောဂါ အဖြစ်များကြသည်ဟု စခန်းအုပ်ချုပ်ရေးက ပြောသည်။

“ကျနော်တို့ ခရိုင် ၂ မှာ နေရတဲ့ လူထုရဲ့ ရွာရှောင်တွေ တောထဲမှာ ပုန်းနေရတာလေ။ သူတို့ ခမျာ မိုးတွင်းမှာ အအေးဒဏ် ခံနေရတယ်။ အိပ်တော့လည်း မြေပေါ်မှာ။ အဲတော့ အဲဒီ ရာသီဥတုကြောင့် သူတို့ခမျာ အဆုတ်မှာ ပြသာနာ ဖြစ်တယ်။ နောက် တချို့ကလည်း ဒီမော်ချီးဒေသမှာဆို ခဲတွင်းမှာ အလုပ်လုပ်တဲ့ လူတွေ ရှိတယ်။ ခဲတွင်းအလုပ်လုပ်တယ်ဆိုတာ ယမ်းတွေ ဘာတွေ ခွဲရတယ်။ နောက်တခါ မိုးထဲရေထဲ၊ နောက် ဒီခဲတူးတဲ့ ချိန်မှာ လှိုင်ခေါင်းထဲမှာ နေရတယ်။ လေမသန့်ဘူး။ ဒီကျောက်အငွေ့တွေ ရှူရတဲ့ဟာက ကျနော် ထင်တယ်။ ဒီအဆုတ်ကို သွားထိခိုက်တယ်။ အဲဒီ အကြောင်းကြောင့် ကျနော်တို့ဆီမှာ တီဘီရောဂါသည်တွေ များတယ်” ဟု အမှတ် ၂ စခန်း အုပ်ချုပ်ရေးမှ ဥက္ကဌ ဒေါ်နယ်က ရှင်းပြသည်။အမှတ် ၂ စခန်းတွင် တီဘီရောဂါ ဖြစ်ပွားသော လူဦးရေသည် ၂၀၀၇-၀၈ ခုနှစ်အတွင်းတွင် ၈ ဦး ရှိပြီး ၂၀၀၉ ခုနှစ်တွင် ကူးစက်ခံရသူ ၇ ဦးထဲမှ ၆ ဦးမှာ လူသစ်များ ဖြစ်သည်။ အလားတူ ယခုနှစ်အတွင်းတွင် တီဘီရောဂါရှိသူ ၆ ဦးအနက် ၅ ဦးမှာ လူသစ်များ ဖြစ်သည်ဟု ဆေးမှူးတာဝန်ခံတဦးက ပြောသည်။

တလနှစ်လအတွင်းမှာ အခု ၃ ယောက်ရှိ လူသစ် ၃ ယောက်လုံးပဲ။ သူတို့ ရွာကတည်းက ဖြစ်တာ။ ဒီမှာ လာရင်းနဲ့ ဖောက်တာနဲ့ ချက်ချင်းပေါ်တယ်” ဟု အမှတ် ၂ စခန်းမှ ဆေးမှူးတာဝန်ခံ ဆာလယ်ထူးက ပြောသည်။

တီဘီရောဂါ ကူးစက်ခံရသူများသည် ညအိပ်ချိန်တွင် ချွေးထွက်ခြင်း၊ ချောင်းဆိုးခြင်း၊ သလိပ်တွင် သွေးများ ပါဝင်ခြင်းနှင့် ရင်ဘတ် နာကျင်ခြင်း စသည့်တို့ ခံစားရပြီး ဆေးကုသမှု မပြုလုပ်ပါက တပါးလူများကိုပါ ကူးစက်သွားနိုင်သည့်အပြင် အသက်လည်း ဆုံးနိုင်သည်ဟု ဆေးမှူးတာဝန်ခံက ဆက်ပြောသည်။

ထိုလူသစ်များသည် တီဘီရောဂါ ဖြစ်ပွားနေသည့်အပြင် ကင်ဆာရောဂါလည်း အဖြစ်များကြသည်ဟု သိရသည်။ ၂၀၀၈-၀၉ ခုနှစ်တွင် ကင်ဆာရောဂါ လက္ခဏာရှိသူ ၈ ဦးအနက် ၆ ဦးမှာ လူသစ်များ ဖြစ်ပြီး ယခုနှစ်တွင် ၄ ဦးအနက်၂ ဦးမှာ လူသစ်များ ဖြစ်သည်။

ကရင်နီပြည် အမှတ် ၂ ခရိုင်ရှိ ဖာဆောင်းမြို့နယ်မှ ရွာပုန်းရွာရှောင် အိုင်ဒီပီ ၅၀၀ ကျော်သည် ယခုနှစ်အတွင်းတွင် ဒုက္ခသည် အမှတ် ၂ စခန်းသို့ ထွက်ပြေးရောက်ရှိလာခဲ့ကြသည်။


နအဖ တပ် ကို KNU ခြုံခိုတိုက်၊ ၁၂ ဦး ကျဆုံး ၂၂ ဦး ဒဏ်ရာရ

ဘစောတင် Saturday, June 12, 2010

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်း နအဖ စစ်တပ်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့ ဝင်များ မကြာသေးခင်က တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် နအဖ စစ်သား စုစုပေါင်း ၁၂ ဦး ကျဆုံးပြီး ၂၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


မွန်ပြည်နယ် သံဖြူရပ်မြို့ နယ်အတွင်း၌ နအဖ စစ်တပ် ယဉ်တန်းတခုကို ဇွန်လ ၁၀ ရက်နေ့ က KNU တပ်ဖွဲ့ ဝင်များက ခြုံခို တိုက်ခိုက်လိုက် သောကြောင့် နအဖ တပ်ဖွဲ့ ဝင် ၁၁ ဦးသေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရရှိကြောင်း KNU ပြောသည်။

“နအဖတပ် ခမရ ၄၀၁ နဲ့ ခမရ ၄၀၉ က စစ်ကြောင်းနှစ်ခုက ဗျူဟာမှူး အပြောင်းအရွှေ့ မှာ လမ်းလုံခြုံရေးလာယူတာကို ကျနော် တို့ဘက်က အမြင့်ကနေ လက်ပစ်ဗုံးနဲ့ ခြုံခိုတိုက်ခိုက်လိုက်တာဖြစ်တယ်၊ စစ်ကားတစီးပေါ်ကို တည့်တည့်မတ်မတ် ကျသွားလို့ စစ်သား ၁၁ ယောက်သေပြီး ၂၀ ဒဏ်ရာရသွားတယ်လို့ သတင်းရတယ်”ဟု KNU/KNLA တပ်မဟာ (၆)မှ ပြောခွင့်ရပုဂ္ဂိုလ် ဖဒိုစောထဲနေက ဧရာဝတီသို့ ပြောပြသည်။

မွန်ပြည်နယ် သံဖြူဇရပ်မြို့ နယ်ရှိ ဂျပန်တောင် စခန်းရှေ့ သို့ ရောက်ရှိလာသော အဆိုပါ ယဉ်တန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း ၁၆ က တပ်စုမှူး ဖိုးထွန်းနှင့် တပ်သားတယောက်က လက်ပစ်ဗုံး၊ M-79 လက်နက်များဖြင့် တောင်ပေါ်မှနေ၍ ပစ်ချလိုက်သောကြောင့် ယဉ်တန်းကိုထိကာ ယဉ်ပေါ်တွင်ပါလာသော စစ်လက်နက်များ ထပ်မံပေါက်ကွဲသဖြင့် ယခုကဲ့သို့ အကျအဆုံးများသွားခြင်းဖြစ်သည်ဟု ဖဒိုစောထဲနေက ထပ်ဆင့်ပြောသည်။

ဒဏ်ရာရရှိသူများကို သံဖြူဇရပ်မြို့ နယ် ပြည်သူ့ ဆေးရုံနှင့် ခလရ (၆၂) တပ်ရင်းဆေးရုံတွင် ကုသလျက်ရှိသည်ဟု စစ်တပ် အသိုင်းဝိုင်းမှ သတင်းများအရသိရသည်။ အတည်မပြုနိုင်သေးသော သတင်းများအရ ဆေးရုံတွင် နောက်ထပ် စစ်သားသုံးဦး ထပ်မံသေဆုံးသွားသည်ဟုလည်း ကြားသိရသည်။

နအဖက မေလ ၁၇ ရက်နေ့ တွင် KNU ကို တိုက်ခိုက်ရန်အတွက် စီစဉ်နေသောကြောင့် နအဖစစ်ကြောင်းကို ဦးကျိုးသွားစေရန် ကြိုတင် ခြုံခိုတိုက်ခိုက်လိုက်ခြင်းဖြစ်သည်ဟု ဖဒိုစောထဲနေက ဆိုသည်။

အလားတူ ဇွန်လ ၁၀ ရက်နေ့ကပင် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူ ဒေသ မြိုင်သာယာရွာအနီးတွင် ရှေ့ တန်းပြန် နအဖ စစ်တပ် ခမရ ၂၈၄ တပ်ရင်း စစ်ကြောင်းကို KNLA တပ်ရင်း ၁၆ မှ ခွဲ ၂ တပ်စုမှူး နားပိုးဦးစီးသော တပ်စုမှ ရှေ့ ထွက်မိုင်းဖြင့် တိုက်ခိုက်ခဲ့ သောကြောင့် နအဖ စစ်သား တဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟုလည်း သိရသည်။

ထို့ကြောင့် ဇွန်လ ၁၀ ရက်နေ့ က KNLA မှ ခြုံခိုတိုက်ခိုက်မှုကြောင့် နအဖ စစ်သား စုစုပေါင်း ၁၂ ဦး ကျဆုံးပြီး ၂၂ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း တပ်မဟာ(၆)မှ သတင်းပေးချက်အရ သိရှိရသည်။

ယမန်နေ့ ညဦးပိုင်းကလည်း ကရင်ပြည်နယ် ကော့ကရိတ်မြို့ နယ် တောင်ဘက် ၃ မိုင်အကွာရှိ ရွာသစ်ကုန်းရွာအနီးတွင် KNU တပ်ဖွဲ့ ဝင်များနှင့် နအဖ စစ်တပ်များအကြား တိုက်ပွဲများဖြစ်ပွားခဲ့သေးကြောင်း ကရင် စစ်ရေးသတင်းရပ်ကွက်များက ပြောသည်။

ထို့အတူ ဇွန်လ ၁၀ရက်နေ့ကလည်း ကရင်ပြည်နယ် ကော့ကရိတ်မြို့ နယ် ကနဲလေးရွာနှင့် မော်ဖို့ ကလို့ ကျေးရွာ ကြားတွင် နအဖ စစ်တပ်က ရိက္ခာ၊ ကျည်ဆန်နှင့် လက်နက်များ သယ်ဆောင်ခိုင်းထားသော ပေါ်တာတန်းတခုကို KNU တပ်က စီးနင်းသိမ်းပိုက် နိုင်ခဲ့သည်ဟု သိရသည်။

“နအဖ တပ်တွေက စစ်ဆင်ရေးအတွက် အသုံးပြုလာတဲ့ ပေါ်တာတန်းခုကို ကျနော်တို့ ဝင်စီးလိုက်လို့ သိမ်းဆည်းရမိတာတွေ ကတော့ စကားပြောစက် ၃ ခု၊ ကျည်ဆန် ၃ သေတ္တာ၊ စစ်ယူနီဖောင်း ၃၅စုံ၊ ဆန် ၂နှစ်အိပ်နဲ့ ငါးခြောက်၂အိပ်ဖြစ်ပါတယ်”ဟု တပ်မဟာ (၆)နယ်မြေ အထူးတပ်ရင်း ၂၀၂ မှ တပ်ရင်းမှူး ဗိုလ်မှူးကြီး ဘူးဖောက ပြောသည်။

သွားရောက် သိမ်းဆည်းသူများမှာ တပ်ခွဲ (၂)မှ တပ်ခွဲမှူး ဗိုလ်ခူဝါး၏ တပ်ဖွဲ့ ဝင်များဖြစ်သည်ဟု ၎င်းက ဆိုသည်။

KNU သည် နှစ်ပေါင်း ၆၀ ကျော် စစ်အစိုးရကို ဆန့်ကျင်တိုက်ပွဲဝင် နေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး ယခု အချိန်အထိ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခြင်း မရှိသေးပေ။



ရိုမေးနီးယားရောက် ကချင်ဒုက္ခသည်များ ဒုက္ခနှင့် ရင်ဆိုင်နေရ

KNG

မလေးရှား ဒုက္ခသည်စခန်းမှ ဥရောပတိုက် ရိုမေးနီးယားနိုင်ငံတွင် ရောက်ရှိနေသော ကချင်ဒုက္ခသည်များ အခက်အခဲ နှင့် ကြုံတွေ့နေရကြောင်းသိရှိရသည်။

ရိုမေးနီးယားမှာရောက်ရှိနေသော မြန်မာပြည်မြောက်ပိုင်းမှ ကချင်ဒုက္ခသည် ၃၈ဦးသည် မလေးရှားနိုင်ငံမှ ပြီးခဲ့သည့်မေလ ၃၀ရက်နေ့က ထွက်ခွာသူများဖြစ်သည်ဟု မလေးရှားကချင်ဒုက္ခသည်ကော်မီတီ (KRC) မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

၎င်းဒုက္ခသည်များကို ရိုမေးနီးယား အစိုးရမှ ငွေကြေးဖြင့် တစ်နှစ်ထောက်ပံ့ပေးမည်ဖြစ်ပြီး ရိုမေးနီးယား နိုင်ငံသားအဖြစ် ယင်းနိုင်ငံတွင် သုံးနှစ်ကြာနေထိုင်ပြီးနောက် အသိအမှတ်ပြုသွားမည်ဖြစ်သည်။

သို့သော် “အခုသူတို့ နိုင်ငံရောက်မှ ထောက်ပံ့ကြေးကို နှစ်လဘဲထောက်ပံ့ပြီး နိုင်ငံသားကဒ်ကိုလည်း ၅ နှစ် နေထိုင်ပြီးမှ အသိမှတ်ပြုသွားမယ်လို့ပြောတယ်” ဟု ကချင်ဒုက္ခသည်စခန်းမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယင်းဒုက္ခသည်များက နေရာပတ်ဝန်းကျင်အသစ် နှင့် ယဉ်ကျေးမှုအသစ်ကိုရောက်ပြီး တစ်လလျှင် အိမ်လခ၊ အသက်အာမခံကြေးများပေးရတာကြောင့် အစားအသောက်အတွက် မိသားစုများက စိုးရိမ်နေကြပါတယ်လို့  သိရပါသည်။

ကချင်ဒုက္ခသည်တစ်ဦး က “ကျွန်တ်ာတို့ အတွက် အလုပ်ရှိရင်လည်း သူတို့နိုင်ငံသားတွေတောင် အရမ်းခက်နေကြတယ်” လို့ စိုးရိမ်စိတ်ဖြင့်ပြောသည်။

ယခု ရိုမေးနီးယားနိုင်ငံသို့သွားသော ကချင်ဒုက္ခသည်များသည် ပထမအဖွဲ့ဖြစ်ပြီး သူတို့ရဲ့ ဘ၀ရှေ့ရေးအတွက် စိုးရိမ်နေကြသည်။

နျူကလီးယား သတင်း မမှန်ဟု စစ်အစိုးရငြင်း

မင်းနိုင်သူ Saturday, June 12, 2010

ကာတာနိုင်ငံ ဒိုဟာမြို့ အခြေစိုက် အယ်လ်ဂျာဇီးရား ရုပ်မြင်သံကြားဌာနမှ ဇွန် ၄ ရက်တွင် စတင် ထုတ်လွှင့်ခဲ့သော မြန်မာ နျူကလီးယား သတင်းသည် လီဆယ် လုပ်ကြံမှု ဖြစ်သည်ဟု စစ်အစိုးရပိုင် မီဒီယာများက ဖော်ပြသည်။

ယမန်နေ့ည ကမ္ဘာ့ဖလား ဘောလုံး ကွင်းဖွင့်ပွဲ အပြီးတွင် အစိုးရ MRTV ရုပ်/သံ သတင်းဌာနက ထုတ်လွှင့်ပြသခဲ့ပြီး ယနေ့ထုတ် စစ်အစိုးရပိုင် သတင်းစာများ တွင်လည်း ယင်းသတင်းကို ဖော်ပြထားသည်။

ဒီမိုကရက်တစ် မြန်မာ့အသံ(DVB) နှင့် အယ်လ်ဂျာဇီးရားတို့ ပူးပေါင်း ထုတ်လွှင့်ခဲ့သော မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံနှင့် ပူးပေါင်း၍ နျူကလီးယားလက်နက် ထုတ်လုပ်ရန် ကြိုးပမ်းဆောင်ရွက်နေသည့်သတင်းမှာ နိုင်ငံရေးအရ ထိုးနှက်ချက်များသာ ဖြစ်ကြောင်း မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ အစိုးရပိုင် သတင်းဌာနများက ရေးသားသည်။
DVBသတင်းဌာန ချင်းမိုင်ဌာနခွဲ တာဝန်ခံ ကိုတိုးဇော်လတ်က“ကျနော်တို့ သတင်းဌာနက သတင်းဌာနတွေလိုက်နာသင့်တဲ့ စည်း မျဉ်း စည်းကမ်းနဲ့အညီ လုပ်တာပါ၊ ဘယ်သူ့ကိုမှ စွပ်စွဲတာမျိုး မရှိပါဘူး ၊ ကျနော်တို့ ဌာနရဲ့ အဓိက ရည်ရွယ်ချက်က သတင်း ၊ ပညာရေး ၊ ဖျော်ဖြေမှုဆိုတာတွေ ပေးဝေဖို့ပါ၊ ဘယ်အဖွဲ့အစည်း ၊ လူပုဂ္ဂိုလ်ကိုမှ နစ်နာပါစေဆိုတဲ့ ရည်ရွယ်ချက်မရှိပါဘူး ၊ ဒါပေ မယ့် တကယ်ဖြစ်ရင်တော့ ဖြစ်နေတာကို ဖြစ်တဲ့အတိုင်း ကျနော်တို့ သတင်းထုတ်မှာပါ"ဟု ပြောသည်။

နော်ဝေးနိုင်ငံ အခြေစိုက် DVB ရုပ်သံဌာနကို ၁၉၈၃ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ ဖွဲ့စည်းခဲ့သည့် The National Endowment for Democracy (NED) က အဓိက ပံ့ပိုးပေးနေပြီး NED အဖွဲ့အတွက် ရန်ပုံငွေကို အမေရိကန်ကွန်ဂရက်က နှစ်စဉ် ငွေကြေး ထောက်ပံ့ ပေးနေသည်ဟုလည်း နအဖ သတင်းစာများတွင် ရေးသားထားသည်။

မြန်မာနျူကလီးယားဆိုင်ရာ သတင်း ထုတ်လုပ်ပေးခဲ့သည့် DVB ကို The National Endowment for Democracy (NED) အဖွဲ့က ထောက်ပံ့မှုများရှိသော်လည်း အဓိကပံ့ပိုးနေသည့် အဖွဲ့အစည်းမဟုတ်ဟု ကိုတိုးဇော်လတ်က ငြင်းဆိုလိုက်ပြီး ယခု မြန်မာ နျူကလီးယားသတင်း ပျံ့နှံ့မှုတွင် အမေရိကန်က နောက်ကွယ်မှ ပါဝင်ပတ်သက်နေသည်ဟု နအဖ က စွပ်စွဲလိုခြင်းသာ ဖြစ် ကြောင်းလည်း တုံ့ပြန် ပြောဆိုသည်။

နအဖ သတင်းစာများတွင် DVB သည် လူသတ်သမား လေလှိုင်းသံ တခုဖြစ်သည်ဟုလည်း စွပ်စွဲ ရေးသားထားသည်။

“သူတို့ အစိုးရပိုင် သတင်းဌာနတွေက စာနယ်ဇင်းကျင့်ဝတ်နဲ့အညီ လုပ်နေတာမှ မဟုတ်တာ။ ကျနော်တို့မှာက စကားလုံး အသုံး အနှုန်းကအစ သတိထားရပါတယ် ၊ နအဖ သတင်းစာတွေကတော့ တပ်ပြေး ၊ ၀ရမ်းပြေး ၊ လူသတ်သမား လေလှိုင်းသံ ဆိုတာ မျိုးတွေ သုံးထားတယ် ၊ အဲဒီလို အသုံးအနှုန်းတွေ ကြည့်ခြင်းအားဖြင့် ဒီသတင်းဌာနရဲ့အဆင့်အတန်းကို လူတွေ သိနိုင်တာပေါ့ဗျာ၊ မြန်မာပြည်ကလူတွေ သိကြပါတယ်"ဟု ကိုတိုးဇော်လတ်က ဆက်လက် ပြောဆိုသည်။

ယင်း စစ်အစိုးရ၏ နျူကလီးယား စီမံကိန်းနှင့် ဥမင် လိုဏ်ခေါင်းဆိုင်ရာ ထိပ်တန်း လျှို့ဝှက် စာရွက်စာတမ်းများကို ဗိုလ်မှူး စိုင်းသိန်းဝင်း ဆိုသူက ယူဆောင်၍ ၂၀၁၀ ဖေဖော်ဝါရီလတွင် ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ယင်း လျှို့ဝှက် စီမံကိန်းများကို DVB နှင့် အယ်လ်ဂျာဇီးရား သတင်းဌာနများမှ တဆင့်ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။

ယင်း စာရွက်စာတမ်းနှင့် အထောက်အထားများကို သုံးသပ်ရေးသားထားသည့် စာမျက်နှာ ၂၀ ကျော်ရှိသော“မြန်မာနိုင်ငံ နျူကလီး ယား ဆိုင်ရာ လူပ်ရှားမှုများ”စာတမ်းတွင် အထောက်အထား အချက်အလက်နှင့် ဓာတ်ပုံ၊ မြေပုံများဖြင့် ဖော်ပြထားသည် ကိုတွေ့ရ သည်။

အဆိုပါ ဗိုလ်မှူး စိုင်းသိန်းဝင်းသည် စစ်သက် ၁၅ နှစ်ရှိ ပြီး ဒုံးပျံအင်ဂျင် အထူးပြု ဘာသာရပ်နှင့် ရုရှားမှ ဘွဲ့ရခဲ့သူ ဖြစ်သကဲ့သို့ မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ် အတွင်းရှိ လျှို့ဝှက် စစ်လက်နက်ပစ္စည်း ထုတ်လုပ် ရေးစက်ရုံမှ ဒုတိယ အကြီးအကဲ တဦး လည်း ဖြစ် ကြောင်း သိရသည်။
စစ်အစိုးရ သတင်းစာတွင် ဗိုလ်မှူးစိုင်းသိန်းဝင်းကို ဗိုလ်ကြီးအဆင့်သာရှိသည်ဟု ဖော်ပြမှုမှာလည်း မှန်ကန်မှုမရှိဟု ကိုတိုးဇော်လတ်က ဆက်လက်ပြောဆိုသည်။

“သူက ဗိုလ်မှူးပါ ၊ ဖြစ်တာတော့ မကြာသေးဘူး ၊ လပိုင်းပဲရှိသေးတယ် ၊ ဒါပေမယ့် နအဖက ရှုတ်ချချင်တော့ ဗိုလ်ကြီးအဆင့်ပဲ ရှိတယ်လို့ လုပ်တာပါ ၊ ကျနော်တို့ တော်တော်ကြာကြာကတည်းက သူနဲ့ ချိတ်ဆက်မိထားတာပါ"ဟု ၄င်းက ဆိုသည်။

မြန်မာနျူကလီးယားသတင်း အယ်လ်ဂျာဇီးရားမှထုတ်လွှင့်ပြသမှု မတိုင်ခင်တွင် မြန်မာစစ်အစိုးရနှင့် ပုလဲပနံသင့်သော အမေရိကန် အထက်လွှတ်တော် အမတ် ဂျင်မ် ဝက်ဘ်က မြန်မာပြည်ခရီးစဉ်ကို မြောက်ကိုရီးယားနှင့် နျူကလီးယား ဆက်ဆံရေးကြောင့် ဟုဆိုကာ ဇွန်လ ၃ ရက်နေ့တွင် ရုတ်တရက် ဖျက်သိမ်းခဲ့သည်။

စင်ကာပူ နိုင်ငံ၌ ဇွန်လ ၄ ရက်မှ ၆ ရက်နေ့ အထိ ကျင်းပသော ရှန်ဂရီလာ ဒိုင်ယာလော့ဂ် (Shangri-La Dialogue) ဆွေးနွေးပွဲ ခေါ် ၉ ကြိမ်မြောက် အာရှလုံခြုံရေး ထိပ်သီး ဆွေးနွေးပွဲတွင် မြန်မာ နျူကလီးယား အရေးနှင့် ပတ်သက်၍ တံခါးပိတ် ဆွေးနွေးပွဲ တခု ပြုလုပ်ခဲ့သေးသည်။

အဆိုပါအစည်းဝေးသို့ ဒုတိယ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ် အေးမြင့်တက်ရောက်ရန်ရှိသော်လည်း အယ်လ်ဂျာဇီးရား သတင်းဌာနက မြန်မာ့နျူကလီးယားသတင်း ထုတ်လွှင့်ခဲ့ရာ တက်ရောက်ခြင်းမရှိတော့ဘဲ သံအမတ်ကြီး ဦးဝင်းမြင့်သာ တက်ရောက်ခဲ့သည်။

ဗိုလ်မှူး စိုင်းသိန်းဝင်း ယူဆောင်လာသော အချက်အလက်များကို နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ ညွှန်ကြား ရေးမှူးဟောင်း ရောဘတ် ကယ်လီက လနှင့်ချီ၍ လေ့လာဆန်းစစ်ပြီးနောက် စာရွက်စာတမ်းနှင့် ဓာတ်ပုံ အထောက်အထားများ တွင်ပါရှိသော စက်ယန္တရား ပစ္စည်းများသည် နျူကလီးယား ဆိုင်ရာ လက်နက်များ ထုတ်လုပ်ရန် အသုံးဝင်သည်ဟု မှတ်ချက်ချ ထားကြောင်း သိရသည်။


ရေကာတာစီမံကိန်းအတွက် CIP တရုတ်အလုပ်သမားများ ပူတာအို တွင် ရောက်ရှိနေ

KNG

မြန်မာနိုင်ငံ၏ မြောက်ပိုင်းအစွန်ဆုံး ပူတာအိုမြို့နယ်တည်ဆောက်မည့် ရေကာတာစီမံကိန်းအတွက်CPIတရုတ်အလုပ်သမား ၅၀ကျော် ဒီလဇွန် လဆန်းပိုင်း ထိုဒေသသို့ရောက်ရှိနေပြီဖြစ်သည်။

ပူတာအိုခရိုင် မချမ်းဘော့မြို့ (Machyangbaw) ၏ အောက်ဘက် ၁၀မိုင်အကွာ ဒိန်ဖန် (Ding Hpang Rum) ရေတံခွန်- မလိခမြစ်တွင် ရေကာတာတည်ဆောက်ရန် တရုတ်အလုပ်သမားများ ရောက်ရှိလာခြင်း ဖြစ်သည်။

၎င်းရေအားလျှပ်စစ်စီမံကိန်းကို အေးရှားဝေါ်ကုမ္ပဏီမှ နာမည်ခံပေးမှုအောက် တရုတ်အစိုးရပိုင် CIP (China Power Investment Corporation)မှ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး ဧရာဝတီ မြစ်ဆုံရေကာတာစီမံကိန်းကိုလည်း ထိုကုမ္ပဏီ ကသာ တာဝန်ယူ ထားပါသည်။

ဤကဲ့သို့ ရေကာတာစီမံကိန်းအတွက် ပြီးခဲ့သည့် ဧပြီလမှစကာ ယင်းဒေသခံရွာသားများ ပြောင်းရွှေ့ပေးနေရသည်။ အခုလို ပြောင်းရွှေ့နေခြင်းသည် မုန်လိုင်ရှီးဒီး အခြေစိုက် မြန်မာစစ်တပ် ခြေလျှပ်တပ်ရင်း (ခလရ) အမှတ် ၁၃၈သည် ရွာသားများအား ခြိမ်းခြောက်မှုများ ပြုလုပ်နေသော ကြောင့်ဖြစ်သည်။

ဒိန်ဖန်ရေတံခွန်တွင် ကချင်ပြည်နယ် အခြားမြို့များ၌ မထွက်ရှိသည့် ပြည်ကြီးငါးတစ်မျိုးမှ အရသာကောင်းမွန်လှသည့် ကချင်လို “Nga-nen Naw Banau” မလိခမြစ် ရေချိုငါး ငပိ ထွက်ရှိပါသည်။ ယင်းငပိသည် ပူတာအိုမြို့နယ်တွေ နာမည်ကြီး ပါသည်။ ရေကာတာစီမံကိန်းကြောင့် ယင်း “ပူတာအို ငပိ” ထုတ်လုပ်ရေးကို တိုက်ရိုက်ထိခိုက်စေမည်ဖြစ်သည်။

ပြည်တွင်း ပြည်ပ ကချင်အမျိုးသားများက ဧရာဝတီ မြစ်ဆုံရေကာတာတည်ဆောက်ခြင်းကို ရပ်တန့်ပေးရန် တောင်းဆိုနေချိန် မြန်မာစစ်အစိုးရမှ စီမံကိန်းကို ပိုမိုအကောင်ထည်ဖော် တည်ဆောက်ပါသည်။

ဧပြီလ ၂၇ရက်နေ့ မြစ်ဆုံဗုံးပေါက်ကွဲမှုနောက်ပိုင်းထပ်မံတိုးချဲ့ လာခြင်းဖြစ်သည်။

၂၀၀၆ခုနှစ်တွင် ရေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော်ရန် မြန်မာပြည်မှ ဘိန်းဘုရှင် Lo Hsing Han ပိုင် အေးရှားဝေါလ်ကုမ္ပဏီ နှင့် တရုတ်အစိုးရပိုင် CPI မှ ကချင်ပြည်နယ် မေခ၊ မလိခ နှင့် ဧရာဝတီမြစ်ဆုံ များတွင် ရေကာတာ ၇ ခု တည်ဆောက်ရန် သဘောတူ လက်မှတ်ရေးထိုးထားပါသည်။

၎င်းတွင် ယခု CPI အလုပ်သမားများ ရောက်ရှိနေသည့် ပူတာအို ဒိန်ဖန်ရေတံခွန် ရေကာတာစီမံကိန်းလည်း တစ်ခုဖြစ်သည်။

အခုချိန်ထိ တရုတ် CPI မှ တည်ဆောက်နေသည့် ရေကာတာစီမံကိန်း ၃ ခုရှိပါသည်။ ၎င်းတို့သည် ဧရာဝတီ မြစ်ဆုံ၊ ချီဖွေ မေခမြစ် နှင့် ဒိန်ဖန်ရေတံခွန် မလိခမြစ် တို့တွင်ဖြစ်ပါသည်။

၂၀၁၀ ချိုကုပ် ဖလား

ရန်ကုန်သားတာတေ

ဟိုမှာလည်း ဘောလုံး၊ ဒီမှာလည်း ဘောလုံး ဆိုသော အသံများသာ လွှမ်းမိုး နေသောကြောင့် ချိုကုပ် ဒူးကြီးလည်း လုံးဖို့ ပြင်ရတော့သည်။ တတိုင်းပြည်လုံး မလုံးမနေရ ကြေညာ ဦးမည်ဟု ဆိုသည်။

ခေတ်မီသူတိုင်း လုံးကြရာဝယ် … ဦးရုက္ခစိုးလည်း ဝင်လုံးသည်၊ ဖိုးရှုပ်ကလည်း အရင်ကတည်းက သူက လုံးပြီးသား … အော်ရီဂျင်နယ် လုံး ... ဟု ခပ်ကြွားကြွား ဆိုသည်။ အိပ်ငိုက်နေသော ကြွက်စုတ်ပင် ယောင်ရမ်း ထလာပြီး “ဒီနေ့ ကြေးက ဘယ်လောက်ပေါက်လဲ” ဟု မေးသည်။

မြန်မာပြည်တွင် ဝမ်းတန်းခေါ် တပတ်ရစ် တီဗီဟောင်းများ ရောင်းကောင်းသည်။ နီဗန်၊ မက်ထရောနစ် စသော တီဗီ အင်တင်နာများ သောက်သောက်လဲ ရောင်းရသည်။ ဖိုးရှုပ်၊ ကြွက်စုတ်နှင့် ဦးရုက္ခစိုးတို့လည်း ရန်ကုန် ရောက်တုန်းရောက်ခိုက် တီဗီ ဝယ်ဖို့ ပြင်ကြရသည်။ ဒါမှပဲ ကမ္ဘာ့ဖလားပွဲ ကြည့်ဖို့ အဆင်ပြေမည်။ မဟုတ်လျင် ဘီယာဆိုင်များ၌ သွားကြည့်ရမည်။ ဖိုးရှုပ်နှင့် ကြွက်စုတ် သောက်နှုန်းနှင့်ဆို ဘီယာဖိုးနှင့် မွဲနိုင်သည်။ သူများ တွေလို ဟိုတယ်တက်ပြီးလည်း မကြည့်နိုင်။ ထို့ကြောင့် တပတ်ရစ်တီဗီများ ရနိုင်သည့် ၃၅ လမ်းဝန်းကျင်တွင် သူတို့ ရောက်နေကြသည်။

ဖိုးရှုပ်။ ။ တီဗီဝယ်တာတော့ ဟုတ်ပါပြီ။ တကယ်လို့ မီးပြတ်ရင် ဘယ်လိုလုပ်မလဲ။

ကြွက်စုတ်။ ။ ဒါဆို အင်ဗာတာပါ တခါတည်း ဝယ်ရင်ကောင်းမယ်။

ဖိုးရှုပ်။ ။ မီးက အင်ဗာတာထဲ ဝင်သလောက်တောင် မလာရင်ကော ဘယ်လိုလုပ်မလဲ။

ကြွက်စုတ်။ ။ ဒါဆိုလည်း မီးစက်ပါဝယ်ကွာ။

ရုက္ခစိုး။ ။ မင်းတို့ဟာကလည်းကွာ … တောင်အာဖရိက အထိပဲ သွားကြည့်လိုက်ကြ ပါတော့။

တီဗီတလုံးနှင့် အလုပ်ရှုပ်နေသော သူတို့ကို ကြည့်ရင်း လူတဦးက အားပါးတရ ပြုံးသည်။ တခြားသူတော့မဟုတ်။ ချိုကုပ်ဒူးကြီး ပင်ဖြစ်သည်။

ချိုကုပ်။ ။ တချက်ခုတ် နှစ်ချက်ပြတ် ဆိုတာ ဒါမျိုးကို ပြောတာဗျ ဟဲဟဲ။

ဖိုးရှုပ်။ ။ ချိုကုပ်ဒူးကြီးပါလား။ ရန်ကုန်ကို ဘာလာလုပ်တာလဲ။

ချိုကုပ်။ ။ ရန်ကုန်ကလူတွေ ဘာလုပ်နေကြလဲ သိချင်လို့လာကြည့်တာ။ ခုလို တီဗီကနေ ကမ္ဘာ့ဖလားကို တိုက်ရိုက် လွှင့်ခွင့် ပေးလိုက်တော့ ဘယ်သူမှ စလောင်းတွေ စလက်တွေကို စိတ်မဝင်စားကြ တော့ဘူး။ တွေ့တယ် မဟုတ်လား။ မာစတာ ဘရိန်းဗျ။

ရုက္ခစိုး။ ။ ဟုတ်ပါ့ဗျာ … လူတွေအားလုံးက ကမ္ဘာ့ဖလားကြည့်ဖို့က လွဲရင် ဘာမှကို စိတ်မဝင်စား ကြတော့ဘူး။

သူတို့နားက ဖြတ်လျှောက်သွားသမျှ လူအားလုံး၏ ပါးစပ်ဖျားတွင် အင်္ဂလန်၊ ဟော်လန်၊ ဖင်လန်၊ ပါရာဂွေး၊ ဥရုဂွေး၊ နိုင်ဂျီးရီးယား၊ အယ်လ်ဂျီးရီးယား …ဆလိုဗေးနီးယား စသောအသံများဖြင့် ပြည့်နေသည်။
ကြွက်စုတ် ပါးစပ်ကလည်း “ပြင်သစ်ကတော့ ပြင်မှ သစ်မယ့် သဘောရှိတယ်။ မပြင်ရင် ဟောင်းနေမှာ။ လန်တွေရယ်၊ ဂွေးတွေရယ်၊ ယားတွေရယ် … အင်း … တော်တော့်ကို ရင်ခုန်ဖို့ ကောင်းတာပဲ” ဟူ၍ တတွတ်တွတ် ရွတ်နေသည်။

ချိုကုပ်။ ။ ကျုပ်ရဲ့ ရွေးကောက်ပွဲကြီးမှာ … မှာ ...။

ဖိုးရှုပ်။ ။ နေစမ်းပါဦးဗျာ။ ပွဲစဉ်ဇယားကို အလွတ်ကျက်ထားတာ ပြန်ရွတ်ကြည့်နေတာ၊ ဘယ်ရောက်သွားပြီလဲ မသိတော့ဘူး။

ချိုကုပ်ဒူးကြီး စကားမဆုံးခင် ဖိုးရှုပ်က ဖြတ်ပြောလိုက်သောကြောင့် ဆန့်ငင်ဆန့်ငင် ဖြစ်သွားသည်။

ချိုကုပ်။ ။ ကြံ့ဖွံ့ပါတီကို အဘက်ဘက်က ပံ့ပိုးပေးဖို့ ထောင့်စေ့အောင် ….။

ချိုကုပ်ဒူးကြီး၏ စကားကို ဘယ်သူမှ စိတ်မဝင်စား။ ဦးရုက္ခစိုးက ကမ္ဘာ့ဖလား ဘောလုံးပွဲ သီချင်းဆိုသည့် ရှားခီးယားကဲ့သို့ တင်ကလေး လှုပ်ခါလှုပ်ခါဖြင့် “ဝါကာ … ဝါကာ … ဝါကား … ဝါကာ” ဟု ညည်းနေသည်။

ချိုကုပ်။ ။ (အသံကို အနည်းငယ်မြှင့်၍) ကျုပ်ရဲ့ နျူကလီးယား ပရောဂျက်ကြီးဟာ ဆိုလို့ ရှိလို့ ရှိရင် … ရှိရင် ...။

ကြွက်စုတ်။ ။ ဂျင်ကလိ ပရောဂျက်ပဲ အရင်လုပ်လိုက်ပါဦးဗျာ။ နားညည်းလိုက်တာ။ ဟေ့ကောင်ဖိုးရှုပ် … ဒီနှစ် ချန်ပီယံ ဘယ်သူဖြစ်မလဲ မင်းနဲ့ငါ ကြိုလောင်းမလား။ ဒါနဲ့ ချိုကုပ်ဒူးကြီး … နျူကလီးယားအတွက် ကုန်မယ့် ပိုက်ဆံတွေကို ဆီရော်နယ်ဒို ဝယ်ထားလိုက်ပါလား။ အကောင်းနဲ့ အကြံပေးတာနော်။ ပြန်ရောင်းရင် ဈေးကောင်းရနိုင်တယ်။

သူ့စကားကို ဘယ်သူမှ စိတ်ဝင်စားခြင်း မရှိသောကြောင့် ဘာလုပ်ရမှန်းမသိ ဖြစ်ကာ ချိုကုပ်ဒူးကြီး ခေါင်းကုတ်နေသည်။ ထိုစဉ် သူတို့ရှိရာသို့ ချိုကုပ်ဒူးကြီး၏ မြေးတော်လေး ဖိုးလောက်လန်း ရောက်လာသည်။

လောက်လန်း။ ။ ဘိုးတော်ဘုရား ဘာတွေ စိတ်ညစ်နေတာလဲ။ ခေါင်းတွေလည်း ပွရှုပ်နေတာပဲ။

ချိုကုပ်။ ။ ဘာဖြစ်ရမှာလဲ မြေးတော်လေးရယ်။ ခါတိုင်းဆို ဒီလူတွေ ဘိုးဘိုးပြောတဲ့ စကားကို စိတ်အရမ်းဝင်စား ကြတာ။ ဘိုးဘိုး ဘာပြောမလဲ ဆိုတာကို စောင့်နားထောင်ကြတာ။ အခုတော့ ကြည့်ပါဦး၊ တယောက်ကလည်း ဘောလုံး၊ တယောက် ကလည်း ကမ္ဘာ့ဖလား၊ တယောက်ကလည်း ဝါကာဝါကာနဲ့ ဘာတွေမှန်းလဲ မသိဘူး။

လောက်လန်း။ ။ ဒါမှန်တာပေါ့ ဘိုးဘိုးရယ်၊ ဒါဖြစ်သင့်တာပေါ့။

ချိုကုပ်။ ။ ဘာ … ဘာ … မြေးလေးကပါ ဘိုးဘိုးကို ခုလို ပြောနေပြီလား။ မြေးလေး ပြောလို့ ဇော်မင်းကွေးကို ပါမစ်ပေးပြီး တိုက်ရိုက်လွှင့်ဖို့ ဘိုးဘိုးခွင့်ပြုခဲ့တာ ခုတော့မှားပြီထင်တယ်။ ကမ္ဘာကျော် ချိုကုပ်ဒူးကြီးကို အခုတော့ ဘယ်သူမှ အဖက်မလုပ် တော့ဘူးဗျ … အဟီး … အီး … အဟီး။

ချိုကုပ်ဒူးကြီး ငိုချင်းချသည်ကို ဖိုးရှုပ်၊ ကြွက်စုတ်နှင့် ဦးရုက္ခစိုးတို့ လှည့်မကြည့်ကြပေ ….။

လောက်လန်း။ ။ ဟာ … ငိုမနေနဲ့လေ ဘိုးဘိုးရဲ့၊ ပြိတ္တာတို့မျက်ရည် မြေမကျကောင်းဘူးတဲ့။ ကဲ … ကဲ … မြေးလေး အကြံပေးမယ်။ ဘိုးဘိုးက အရင်လို အားလုံး ဝိုင်းအာရုံစိုက်တာ ခံချင်တာ မဟုတ်လား။

ချိုကုပ်။ ။ ဟုတ်တယ်။ အားလုံးက ချိုကုပ်ကို အာရုံစိုက်ရမယ်၊ ချိုကုပ်ဆိုတာ ကမ္ဘာကျော်။ နာမည် အကြီးဆုံး ချိုကုပ်ပဲ ဖြစ်ရမယ်။ ချိုကုပ်ကို ဘယ်သူမှ ကျော်မတက်ရဘူး။ ဒါပဲ။

လောက်လန်း။ ။ ရတာပေါ့ ဘိုးဘိုးရယ်၊ ချိုကုပ် ဖလား ဆိုပြီး ကျင်းပပေးလိုက်။

ချိုကုပ်။ ။ ဟေ … ချိုကုပ်ဖလား … ဟုတ်လား။

လောက်လန်း။ ။ ဟုတ်တယ်။

ချိုကုပ်ဖလား ဆိုသော အသံကြောင့် ဟို သုံးဦးသားလည်း မနေနိုင်ဘဲ လှည့်ကြည့်ကာ နားစွင့်ကြသည်။

ချိုကုပ်။ ။ ဖြစ် … ဖြစ်ပါ့မလား … ငါ့မြေးရယ်။ အခု ကမ္ဘာ့ဖလားကို ကျော်အောင် ဘိုးဘိုးက လုပ်ချင်တာနော်။ တကမ္ဘာလုံးမှာ ရှိရှိသမျှ လူအားလုံးက တောင်အာဖရိကကိုပဲ စိတ်ဝင်စားနေတာ။

လောက်လန်း။ ။ ဘာမှ မပူနဲ့ … ဘိုးဘိုး၊ သားလက်ကိုသာ အပ်လိုက်။ ဝင်ငွေလည်း သောက်သောက်လဲ ရစေရမယ်၊ နာမည်လည်း ကြီးသွားစေရမယ်။

ထိုသို့ ဖိုးလောက်လန်းက ပြောချင်ရာပြောသည်ကို မျက်စိမှိတ် ယုံလေ့ရှိသော ချိုကုပ်ဒူးကြီးက “ဒါဆိုလည်း ချကွာ … နာမည်ကြီးရင် တော်ပြီ” ဟု ပြောလိုက်လေသည်။ ဘိုးတော်ဘုရား၏ ခွင့်ပြုမိန့်ရသည်နှင့် တပြိုင်နက် ဖိုးလောက်လန်းလည်း နေရာမှ ခွာလေသည်။

ထိုနေ့မှ စ၍ ဖိုးရှုပ်၊ ကြွက်စုတ်နှင့် ဦးရုက္ခစိုးတို့ ကြည့်သမျှသော ကိုရီးယားကား၊ တရုတ်ကား၊ မြန်မာကားများကြားတွင် ကန့်လန့်ခံနေသော ကြော်ငြာတခုကို နေ့စဉ် တရက်မလပ် မကြည့်ချင် မြင်လျက်သား ဖြစ်ရလေတော့၏။

စူပါမော်ဒယ်လေး ဝက်ဝံရွှေရည်က တေးရေး နိုင်ငံကျော် အကော်ဒီယံ ဓနိကျော် ရေးစပ်ထားသည့် “ဖြူကာ ပြာကာ … မြန်မာ၊ မြန်မာ” ဆိုသည့်သီချင်းကို တင်၊ ရင် အကုန်လှုပ်ကာ သီဆိုရင်း ဝင်လာသည့် ကြော်ငြာဖြစ်သည်။

“ဖြူကာ ပြာကာ မြန်မာ မြန်မာ … ချိုကုပ်ဖလား …၊ ကမ္ဘာ့ဖလားနှင့်အပြိုင် ကျင်းပမယ့် ချိုကုပ်ဖလား။ လူမျိုးမရွေး ဘာသာမရွေး ကျားမ မရွေး အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း ပါဝင်နိုင်တဲ့ ချိုကုပ်ဖလား … စိတ်ဝင်စားသူတိုင်း နေပြည်တော် … ဂန်ဖလား အားစကားကွင်းတွင် လာရောက် ယှဉ်ပြိုင်နိုင်ပါပြီ”

ဖိုးလောက်လန်း ရေးပေးထားသည့် ကြော်ငြာစာသားဖြစ်သည်။ ရွေးကောက်ပွဲနှင့် မှားကာ အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း ဆိုတာကို ထည့်ရေးထားသည်။

“ပြိုင်ပွဲစည်းကမ်းချက် အနေနဲ့ … ချိုကုပ်ဒူးကြီး ခေါင်းပုံ ဘောလုံးကို ဂိုးထဲဝင်အောင် သွင်းရပါမယ်။ ဂိုးရှေ့မှာ စောင့်မယ့် သူတွေကတော့ နာမည်ကြီးမော်ဒယ်လေးများ ဖြစ်ကြတဲ့ ဆောင်းဟေကို၊ ဝက်ဝံရွှေရည်နဲ့ သင်ဇာဝင့်ဖော်တို့ ဖြစ်ကြပါတယ်။ မည်သူမဆို ဖိုးလောက်လန်းထံမှာ ကျပ် ၅၀ ပေးသွင်းပြီး ဝင်ရောက် ယှဉ်ပြိုင်နိုင်ပါပြီ ရှန်။ … ဖြူကာ ပြာကာ … မြန်မာ မြန်မာ”

ဖိုးရှုပ်။ ။ ဟာ … ကမ္ဘာ့ဖလား မကြည့်တော့ဘူး။ နေပြည်တော် သွားမယ်။

ကြွက်စုတ်။ ။ ဟုတ်တယ်။ ဟုတ်တယ် … ငါလည်း လိုက်မယ်ဟေ့။

ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ နေပြည်တော် သွားကြမည် ဆိုသောကြောင့် ဦးရုက္ခစိုးလည်း မနေနိုင်မထိုင်နိုင် လိုက်သွားရတော့သည်။ နေပြည်တော် ဂန်ဖလားကွင်းတွင် လူများကြိတ်ကြိတ်တိုး စည်ကားနေသည်။

ထိုရက်ပိုင်းအတွင်း အဲဇလုံလေကြောင်းလိုင်းမှာ ရှိရှိသမျှ လိုင်းများအပြင် ကြားလေယာဉ်များပါ ပြေးဆွဲလိုက်ရသည်။

တောင်အာဖရိက ကမ္ဘာ့ဖလား လက်မှတ်ဝယ်ထားသူများမှာ လက်မှတ်ဖိုး အဆုံးခံ၍ မြန်မာပြည်သို့ ရရာ လေယာဉ်ဖြင့် ပြေးလာ ကြသည်။ ဖိုးလောက်လန်းမှာ အတွင်းရေးမှူး အယောက် ၁၀၀ ခန့်ထားသော်လည်း လက်မလည်အောင် ပိုက်ဆံ သိမ်းနေရသည်။

သူ ထိုင်နေသည့် စားပွဲနောက်တွင်တော့ စာတန်းတတန်း ထင်ရှားစွာ … မြင်နေရသည်

“ချိုကုပ်ဖလား … ဆုရရှိသူများကို ရွှေရောင် ဂန်ဖလား ချီးမြှင့်မည်။ ချိုကုပ်ဒူးကြီး၏ မျက်ခွက်ကြီးကို အားရပါးရ ကန်ခြင်းဖြင့် သင့် ပျော်ရွှင်မှုကို ရယူပါ”

ရွေးကောက်ပွဲ စည်းရုံးရေးအတွက် ပြည်သူများကိုပါ စစ်အစိုးရတပ် အသုံးချ

ကို(၂)

ကရင်နီပြည် အမှတ် ၂ ခရိုင်အတွင်းရှိ ကျေးရွာများတွင် မြန်မာစစ်အစိုးရတပ်များက ၂၀၁၀ ရွေးကောက်ပွဲအတွက် စည်းရုံးရေးများ လိုက်လံလုပ်ဆောင်နေပြီး ဒေသခံပြည်သူများကိုပါ အသုံးချကူညီစေခိုင်းသည်ဟု ဒေသခံများက ပြောသည်။

ယခုနှစ်အတွင်းတွင် မြန်မာစစ်အစိုးရမှ ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်သောကြောင့် တိုင်းရင်းသား ပြည်သူများအား ပါဝင်ထောက်ခံစေချင်သည့် အနေဖြင့် စည်းရုံးရခြင်း ဖြစ်သည်ဟု ယူဆကြောင်း အမှတ် ၂ ခရိုင်မှ ပြည်တွင်းလုပ်သားတဦးက ပြောသည်။

သူက “တရွာကို ၅၀၀၀ ကျပ်စီ ပေးတယ်။ ရွာကြီးရွာငယ် မရွေးဘူး။ သူတို့ လုပ်တာ ၂၀၁၀ ရွေးကောက်ပွဲ စည်းရုံးရေးလို့ သူတို့ ဘာမှတော့ မပြောပါဘူး။ ဒါပေမယ့် ဒီလှုပ်ရှားမှုအပေါ် ကျနော်တို့ အမြင်ကတော့ ၂၀၁၀ စည်းရုံးရေး ကဏ္ဍတခုပဲ” ဟု ပြောသည်။

စစ်အစိုးရတပ်များသည် အချို့ဒေသများတွင် ၎င်းတို့ကိုယ်တိုင် စည်းရုံးရေး ဆောင်ရွက်နေသော်လည်း ပြည်သူများနှင့် တိုက်ရိုက်တွေ့ဆုံရန် ခက်ခဲသည့် နေရာများမှာ အလှူငွေ ထည့်ထားပြီး ညွန်ကြားချက်များဖြင့် ဒေသခံပြည်သူများမှတဆင့် သွားရောက်လှုပ်ရှားခိုင်းသည်ဟု လုပ်ဆောင်ပေးသော ဒေသခံတဦးက ပြောသည်။

စစ်အစိုးရတပ်များ၏ စည်းရုံးရေး လှုပ်ရှားခိုင်းမှုအရ မှတ်တမ်းဓါတ်ပုံများ ရိုက်ရပြီး ၎င်းတို့ထံ ပြန်လည်အပ်နှံရကြောင်း၊ အခကြေးငွေလည်း မရရှိဘဲ ၎င်းတို့ ညွန်ကြားထားသည့် အမိန့်အတိုင်းကြောင့်သာ ပြုလုပ်ပေးရကြောင်း ဆိုသည်။

“သူတို့ မရောက်နိုင်တဲ့ နေရာတွေမှာ ရွာသားတယောက်ကို သွားခိုင်းထားတယ်။ ကင်မရာ ပေးတယ်၊ ပိုက်ဆံ ပေးတယ်။ ပြီးတော့ လူထုတွေဆီ ရောက်တော့ ပိုက်ဆံ ငါးထောင်တန်ကို ရွာသားတွေ အများကြီး လာဝိုင်းခိုင်းလိုက်ပြီး ဓါတ်ပုံ ရိုက်မှတ်ထားတယ်လေ။ ဒါက ကျေးရွာသူ၊သားတွေကို ပိုက်ဆံ ပေးတယ်။ သူတို့ ရောက်ရှိတဲ့ နေရာတွေ ဆိုပြီး အဲဒီမှတ်တမ်းတွေ အားလုံးက သူတို့ အထက်အရာရှိတွေဆီကို ပြန်တင်ပြရမှာ ဖြစ်တယ်” ဟု ၎င်းဒေသခံက ပြောသည်။

ယခုနှစ်ဆန်းပိုင်းကတည်းမှ စတင်၍ အမှတ် ၂ ခရိုင်အတွင်းရှိ မော်ချီးဒေသတွင် ကျေးရွာပေါင်း ၄၀ ကျော် ရှိသည့်အနက် လာခိ၊ ကြွာပို၊ ဖိုးဘုခို၊ ကော်ပေါ်ထာ၊ ရွာဒဂါး၊ ကာပွေဒို၊ ကာပွေဖိုး၊ ခိဝေါ်၊ ပဟော့ခိုနှင့် နားကိ စသည့် ကျေးရွာများမှာ စစ်အစိုးရတပ်များမှ စည်းရုံးလှုပ်ရှားနေပြီး ဖာဆောင်းမြို့နယ်ရှိ အချို့ဒေသများလည်း ရှိနေသည်ဟု သိရသည်။

ဘူးသီးတောင်တွင် ဒုတိယ ကမ္ဘာစစ်အတွင်းက နစ်မြုပ်ခဲ့သော စစ်ရေယာဉ် တစီးကို ရေကြောင်းရှင်းလင်းရေး အဖွဲ့မှ ဖေါ်ယူနေ

Narinjara News

ရခိုင်ပြည်နယ် ဘူးသီးတောင် အထက် မေယု မြစ်ထဲတွင် ဒုတိယ ကမ္ဘာ့စစ်အတွင်းက နစ်မြုပ်ခဲ့သော ဗြိတိသျှ စစ်ရေယာဉ် တစီးကို ရေကြောင်း ရှင်းလင်းရေး အဖွဲ့က ဖေါ်ယူ နေကြောင်း သတင်း ရရှိသည်။

မျက်မြင် ကျေးရွာသား တဦးက “ အခု ဖေါ်ယူနေတာက ဗြိတိသျှ စစ်သင်္ဘောလို့ သိရပါတယ်။ မင်းကြီးတောင်နားမှာ ဖြစ်ပါတယ်။ သူတို့က ဒီရေကျတဲ့ အခါ ဆီပေပါ တိုင်ကီဗုံး အလွတ်ခွံ ၁၀၀ ခန့်ကို သင်္ဘော ကိုယ်ပေါ်မှာ ကြိုးနဲ့ ချည်နှောင်ထားပြီးတော့ ဖေါ်ယူတဲ့ နည်းနဲ့ တူးဖေါ်နေတာ ဖြစ်ပါတယ်။ ရေတက်လာတဲ့ အခါ တဖြည်းဖြည်းနဲ့ သင်္ဘောက ကြွတက်လာတယ်လို့ သိရပါတယ်။ ဒီလ ကုန်လောက်မှာ ပေါ်မယ်လို့ သိရပါတယ်” ဟု ပြောသည်။

မင်းကြီးတောင်မှာ ဘူးသီးတောင်မြို့ အထက်ပိုင်းတွင် တည်ရှိပြီး စက်လှေဖြင့်သွားရသည်ဟု သိရသည်။


၎င်းပြင် တခြား ဘူးသီးတောင်မြို့ခံ တဦးကလည်း “ ဘူးသီးတောင် မှာ နစ်မြုပ်ခဲ့တဲ့ သင်္ဘောနှစ်စီး ရှိပါတယ်။ အခု ဖေါ်ယူနေတဲ့ သင်္ဘောကတော့ ဗြိတိသျှ စစ်ရေယာဉ်ဆိုပီးတော့ လူတွေက ပြောပါတယ်။ ဂျပန်က ဗုံးကြဲတဲ့ အချိန်မှာ နစ်မြုပ်ခဲ့တာ ဖြစ်တယ် လို့ သိရပါတယ်။ အခုတော့ အစိုးရလက်အောက်ခံ ရေကြောင်း ရှင်းလင်းရေး အဖွဲ့က ဖေါ်ယူ နေပါတယ်။ နောက်တစီး ကတော့ အင်္ဂလိပ်အထွက် ဂျပန်အ၀င်မှာ ရခိုင်-ကုလား အဓိဂရုဏ်းမှာ နစ်မြုပ်ခဲ့တဲ့ သင်္ဘော ဖြစ်ပါတယ်။ သိမ်တောင်အနီး ရေအောက်မှာ ရောက်နေတယ်လို့ သိရပါတယ်။ များမကြာမှီ ဒီ သင်္ဘောကိုလည်း ဖေါ်မယ်လို့ ကြားရပါတယ်” ဟု ပြောသည်။

အဆိုပါ ရခိုင်-ကုလား အဓိဂရုဏ်းဖြစ်စဉ် ဘူးသီးတောင်မြို့သူ မြို့သား အများအပြား အဓိဂရုဏ်းကို ကြောက်၍ သင်္ဘောပေါ်သို့ ပြေးတက်စဉ် ရခိုင်အမျိုးသား အမျိုးသမီး ၃၀၀ ကျော်ခန့်ဖြင့် ဘူးသီးတောင် ဆိပ်ကမ်းတွင် နစ်မြုပ်သွားခဲ့သော သင်္ဘော ဖြစ်သည်။

နောက်မှီ ရှေ့မှီ လူကြီးများ အပြောအရ အဆိုပါ သင်္ဘော နစ်မြုပ်ရာတွင် ရွှေပိသာချိန် ရာချီ၍ ပါဝင်သွားသည်ဟု သိရသည်။


နို့ညှစ်မှားသူများ

ဝရဇိန်

ဒီကိစ္စတော့ မပြောတော့ဘူး။ အရေးတယူပြောလောက်တဲ့ ကိစ္စလည်းမဟုတ်ဘူးလို့ ယူဆပြီး မပြောဘဲနေလာခဲ့တယ်။ ဒါပေမယ့် တိတိကျကျ ခိုင်ခိုင်မာမာ ခြေခြေမြစ်မြစ် ထောက်ပြဝေဖန်တဲ့သူပဲ မရှိလို့လေလား၊ ဒါမှမဟုတ် ဘယ်သူပဲ ထောက်ပြဝေဖန်ပါစေ ငါတို့ကတော့ “ကျားကျား … မီးယပ်ပဲ” ဆိုသလို

ကြွေးကြော်အော်ဟစ်နေကြတာလေလားတော့မသိ။ နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်မယ်ဆိုတာချည်းပဲ ပြောနေကြတဲ့ ပုဂ္ဂိုလ်ကြီးများရဲ့ အဓိကအကြောင်းပြချက်တချို့ကို ထပ်တလဲလဲပြနေကြတဲ့ အသံတွေက နည်းနည်းပိုပြီး ဆူဆူညံညံ ကျယ်ကျယ်လောင်လောင် ဖြစ်လာနေတယ်ထင်လို့ “ဆိုရေးရှိက ဆိုအပ်လှ၏၊ ဆိုစများလျား၊ ထားပချေမိ၊ ငါ့ဝန်ရှိခဲ့” ဆိုတဲ့ထုံး နှလုံးမူပြီး အခုဆောင်းပါးကို ရေးလိုက်ရတာဖြစ်တယ်။

သူတို့ ထပ်တလဲလဲ ပြနေကြတဲ့ အကြောင်းပြချက်တွေထဲက ပထမဆုံးတခုက “ပြည်သူတွေမှာ ထည့်စရာ ဒီမိုကရေစီမဲပုံး မရှိမှာစိုးလို့ နအဖရဲ့ ၂၀၀၈ အခြေခံဥပဒေရော၊ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတွေဟာ မတရားမှန်း သိသိကြီးနဲ့ ရွေးကောက်ပွဲဝင်ဖို့ ကျုပ်တို့ ဆုံးဖြတ်လိုက်ရတာဖြစ်တယ်” ဆိုတဲ့ အကြောင်းပြချက်ဖြစ်တယ်။

သူတို့ဆိုလိုတာက မြန်မာပြည်သူတွေဟာ နအဖရဲ့ မတရားမှုမှန်သမျှကို သိကြတယ်။ ဒါကြောင့် ပြည်သူတွေဟာ နအဖကို ဖယ်ရှားချင်ကြတယ်။ ဖယ်ရှားနိုင်မယ့် တခုတည်းသော နည်းလမ်းကလည်း ရွေးကောက်ပွဲနည်းလမ်းဖြစ်တယ်။ အဲဒီနည်းလမ်း အသုံးပြုပြီး ဖယ်ရှားဖို့ဆိုရင် ရွေးကောက်ပွဲမှာ နအဖဘက်တော်သားတွေရဲ့ မဲပုံးတွေချည်း ရှိနေလို့မဖြစ်ဘူး။ နအဖကို ဆန့်ကျင်တဲ့ ဒီမိုကရေစီဘက်တော်သားတွေရဲ့ မဲပုံးတွေရှိဖို့ မဖြစ်မနေလိုအပ်တယ်။ ဒါကြောင့် အဲဒီလိုအပ်ချက်အရ သူတို့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ရတာဖြစ်တယ် ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်။

ဒုတိယအကြောင်းပြချက်က နအဖရဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ တခုတည်းသော နည်းလမ်းက လွှတ်တော်ထဲမှာ ပြင်ဆင်ဖို့ဖြစ်တယ်။ အဲဒီလိုလုပ်နိုင်ဖို့ လွှတ်တော်ထဲကို ရောက်ဖို့လိုတယ်။ ဒါကြောင့် လွှတ်တော်ထဲကို ရောက်နိုင်ဖို့ ရွေးကောက်ပွဲဝင်ရတာဖြစ်တယ်လို့ ဆိုတယ်။

တတိယအကြောင်းပြချက်က ရှိပြီးသားပါတီအနေနဲ့ တရားဝင် နိုင်ငံရေးစင်မြင့် ပျောက်မသွားစေဖို့ (တနည်း) တရားဝင် နိုင်ငံရေးပါတီတခုရဲ့ ပြောရေးဆိုခွင့် ပျောက်မသွားစေဖို့ ဒါမှမဟုတ် မရှိသေးတဲ့ ပါတီတရပ်အနေနဲ့ဆိုရင်လည်း နိုင်ငံရေးစင်မြင့်တခု political space တခုရရှိစေဖို့ ရွေးကောက်ပွဲဝင်ရတာ ဖြစ်တယ်လို့ ဆိုတယ်။

အခြားသောအကြောင်းပြချက်တွေလည်း ရှိသေးပေမယ့် အခုပြောခဲ့တဲ့အချက်တွေနဲ့ ကြောင်းတူသံကွဲတွေချည်းမို့ ပြောမနေတော့ဘူး။ အဲဒီအကြောင်းပြချက်တွေကို ဂျာနယ်တွေထဲမှာ၊ ရေဒီယိုအင်တာဗျူးတွေမှာ ထပ်တလဲလဲ ဖတ်ရကြားရဖန်များလာတော့ တခြားသူတွေတော့ ဘယ်လိုခံစားရမယ် မပြောတတ်ဘူး။ မိမိကတော့ “ခက်တော့ ခက်နေပြီ” လို့ပဲ ရေရွတ်မိတယ်။ တမျိုးလည်း စဉ်းစားမိတယ်၊ သူတို့ရဲ့အတွေးအခေါ်တွေက ကိုယ်လိုက်မမီနိုင်လောက်အောင်ပဲ မြင့်လွန်းနေတာများလားပေါ့။

နအဖက ဒီနှစ်ထဲမှာ မဖြစ်မနေ ကျင်းပပေးမယ်လို့ ကြုံးဝါးနေတဲ့ ရွေးကောက်ပွဲ (ဆယ်စုနှစ် နှစ်ခုကျော်ကာလအတွင်း ပထမဆုံးဖြစ်လာမယ့် အဲဒီရွေးကောက်ပွဲမှာ ကတ်သီးကတ်သတ်ရမယ့် လေးငါးလလောက်လေးအတွင်း ၀န်ကြီးချုပ် ဦးဆောင်တဲ့ အာဏာရပါတီကို ဖရိုဖရဲ အပြိုပြိုအလဲလဲ အတိုက်အခံပါတီတွေက ဘယ်လိုစည်းရုံး၊ ဘယ်လိုဖွဲ့စည်း၊ ဘယ်လိုမဲဆွယ်၊ ဘယ်လိုရန်ပုံငွေရှာပြီး ဘယ်လိုအနိုင်ရအောင် ပြိုင်ဆိုင်ကြမလဲဆိုတာတော့ စဉ်းစားရခက်တဲ့ ပဟေဠိတပုဒ်) မှာ ပါဝင်ယှဉ်ပြိုင်ကြမယ်လို့ ပြောထားတဲ့ ပါတီတွေကို အခြေခံအားဖြင့် (၃) မျိုးခွဲနိုင်တယ်။

ပထမတမျိုးက လူဝတ်လဲထားတဲ့ ဗိုလ်သိန်းစိန်တို့ရဲ့ ကြံ့/ဖွံ့ပါတီ။

ဒုတိယတမျိုးက ၂၀၀၈ အခြေခံဥပဒေ နိုင်ငံတကာမှာ လူရာဝင်စေရေးဆိုတဲ့ နအဖရဲ့ ရည်ရွယ်ချက်အတွက် နအဖက နည်းသဏ္ဌာန်ပေါင်းစုံနဲ့ ပေးကမ်းထောက်ပံ့ လူရာသွင်းပေးထားတဲ့ ပါတီတွေ …။

တတိယတမျိုးက ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးအတွက် ရွေးကောက်ပွဲသည်သာ တခုတည်းသော နည်းလမ်းဖြစ်တဲ့အတွက် ရွေးကောက်ပွဲနဲ့ ဆက်စပ်နေတဲ့ ၀န်းကျင်အနေအထားအားလုံး မည်သို့မျှလွတ်လပ်မှုမရှိ တရားမျှတမှုမရှိသည်ဖြစ်စေ ရွေးကောက်ပွဲ ၀င်ကိုဝင်ရမယ်လို့ ကြွေးကြော်ထားတဲ့ ပါတီတွေ …။

အဲဒီသုံးမျိုးမှာ ပထမနှစ်မျိုးအကြောင်းက ပြောစရာသိပ်မရှိဘူး။ ဗိုလ်သိန်းစိန်တို့ပါတီက စစ်အာဏာရှင်စနစ် ရာသက်ပန် တည်တံ့ခိုင်မြဲရေးအတွက် မိုးကျရွှေကိုယ် (၂၅) ရာခိုင်နှုန်းကို အားဖြည့်ဖို့ လွှတ်တော်ထဲကို မရောက်ရောက်အောင် (By hook or by crook) သွားမယ့် ပါတီ။ ရှင်းတယ်။

ဒုတိယအမျိုးအစားကလည်း ဘယ်လိုပဲ နာမည်လှလှတွေ တပ်ထားပြီး မီးရှုးမီးပန်းရောင်စုံတွေ ပစ်လွှတ်ပြနေပါစေ။ သူတို့ရည်ရွယ်ချက်က တခုတည်း။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်မှုအတွင်းမှာ သူတို့ရဲ့ ပုဂ္ဂလိကအကျိုးစီးပွားကို ရသလောက် တူးဆွရှာဖွေရယူရေးပဲ။ ဒီဆောင်းပါးအစမှာ ဖော်ပြခဲ့တဲ့ အကြောင်းပြချက်တွေကို ဒီပါတီတွေကလည်း အော်ကောင်းအော်ကြလိမ့်မယ်။ ဒါပေမယ့် စိတ်ထဲကမပါဘဲ လူကြားကောင်းအောင် အော်ကြတာဖြစ်တယ်ဆိုတာကို နည်းနည်းလေး အကင်းပါးသူတိုင်းက သိကြတယ်။ ဒါကြောင့် ဒီပါတီမျိုးတွေအကြောင်းလည်း အချိန်ကုန်ခံပြီး ဆွေးနွေးနေစရာမလိုဘူး။

တတိယအမျိုးအစားပါတီတွေကတော့ သူတို့ရဲ့ အဲဒီအကြောင်းပြချက်တွေကို တကယ်ပဲ ရိုးရိုးသားသား ခံယူကိုင်စွဲနေကြတာများ ဖြစ်မလားဆိုတဲ့ အတွေးကြောင့် ဒီဆောင်းပါးကို ရေးဖြစ်တာဖြစ်တယ်။

သူတို့ရဲ့ ပထမအကြောင်းပြချက်ကို ပြန်ကြည့်ကြရအောင်။ မလွဲမသွေ ကျင်းပတော့မှာဖြစ်တဲ့ ရွေးကောက်ပွဲမှာ ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေ ထည့်စရာ မဲပုံးမရှိမှာစိုးလို့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ရတာဖြစ်တယ်တဲ့။ ကဲ … တကယ့်လက်တွေ့မှာ ပြည်သူတွေဟာ ရွေးကောက်ပွဲမှာ ထည့်စရာ ဒီမိုကရေစီမဲပုံးမရှိမှာ အမှန်တကယ်ပဲ စိုးရိမ်တကြီး ဖြစ်နေကြသလားဆိုတာကို ဓမ္မဓိဋ္ဌာန်ကျကျ ၀ိုင်းစဉ်းစားကြည့်ကြစို့။

မိမိ စုံစမ်းလေ့လာသိရှိရသလောက် နအဖက ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မြန်မာပြည်သူလူထုအများစုကြီး (Most of the people) သိနေကြတဲ့ အသိတခု၊ ပြောနေကြတဲ့ စကားတခွန်းပဲရှိတယ်။ အဲဒါကတော့ “လိမ်ဦးမှာပဲ” ဆိုတာဖြစ်တယ်။ ၉၀ ရွေးကောက်ပွဲကစလို့ နှစ်ပေါင်း (၂၀) အတွင်း စစ်အုပ်စုရဲ့ အကြိမ်ကြိမ်အထပ်ထပ် လိမ်တာညာတာ အနိုင်ကျင့်တာ စော်ကားတာခံခဲ့ကြရပြီးဖြစ်တဲ့ မြန်မာပြည်သူတွေဟာ နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာကို လုံးဝစိတ်မ၀င်စားဘူး။ ဒီရွေးကောက်ပွဲက သူတို့ဘ၀အခြေအနေ တိုးတက်မြင့်မားရေးအတွက် ဘာမှလည်း ဖြစ်လာမှာမဟုတ်ဘူးဆိုတာကို ကောင်းကောင်းကြီး သိနေကြတယ်။ သူတို့အတွက် ဒီမိုကရေစီမဲပုံး ရှိတာ မရှိတာဟာ ဘာမှမထူးခြားဘူး။

ဘာကြောင့်လဲဆိုတော့ သူတို့ဘယ်မဲပုံးကိုပဲ ထည့်ထည့်၊ ဇာတ်လမ်းအဆုံးမှာ အနိုင်ရသွားမှာက ဗိုလ်သန်းရွှေနဲ့ သူ့ရဲ့စစ်အုပ်စုပဲဖြစ်တယ်ဆိုတာကို ပြည်သူတွေက မုန့်တီဟင်းလို အကွင်းအကွင်း မြင်ထားကြတာကြောင့်ပဲ ဖြစ်တယ်။ ဒါကြောင့် ဒီအကြောင်းပြချက်ကို ပြနေတဲ့လူတွေဟာ (လျှော့လျှော့ပေါ့ပေါ့ ပြောရရင်) အခြေခံအလွှာ (grass root level) က ပြည်သူတွေရဲ့ ခံစားချက်အစစ်အမှန်ကို နားမလည်သူတွေလို့ ပြောရမယ်။ မညှာမတာပြောရရင်တော့ ရှစ်ဆယ့်ရှစ်အရေးတော်ပုံကြီးအတွင်း ပြည်သူတွေက ပေးအပ်ထားတဲ့ သမိုင်းပေးတာဝန်ကို ဆက်လက်မထမ်းဆောင်နိုင်၊ မထမ်းဆောင်ရဲတော့ဘဲ ကိုယ့်ဘာသာကိုယ် အလံဖြူထောင်တဲ့လမ်း လိုက်တာကို ရိုးရိုးမလိုက်ဘဲ ပြည်သူတွေကို ခုတုံးလုပ်တဲ့သူတွေ ဖြစ်တယ်လို့ ပြောရလိမ့်မယ်။

ဒုတိယအကြောင်းပြချက်က နအဖရဲ့ ၂၀၀၈ အခြေခံဥပဒေကို လွှတ်တော်ထဲကနေ ပြင်ဆင်နိုင်ဖို့ ရွေးကောက်ပွဲဝင်မှာဖြစ်တယ်တဲ့။ ဒီအကြောင်းပြချက်ကတော့ ဘယ်လိုငြင်းခုံဆွေးနွေးရမှန်းကို မသိတော့ဘူးလို့ပဲ ပြောရတော့မယ်ထင်တယ်။ ဒီအကြောင်းပြချက်က ကျားလှောင်အိမ်ထဲဝင်ပြီး ကျားကို သက်သတ်လွတ်စားဖို့ ချော့မော့စည်းရုံးကြည့်မယ်ဆိုတဲ့ စကားနဲ့ နည်းနည်းများ ဆင်နေမလားမသိဘူး။

အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ်ဘဲလ်နဲ့ တွေ့ဆုံခိုက်မှာ နအဖရဲ့ ပြောခွင့်ရအဖွဲ့ခေါင်းဆောင်ဆိုသူ ဗိုလ်ကျော်ဆန်းက “အခြေခံဥပဒေကို ပြင်ဆင်ခွင့်မရှိဘူးလို့ ကျနော်တို့ ပြောမထားပါဘူး။ ပုဒ်မ (၁၂) ကို ကြည့်ရင် ပြင်လို့ရတယ်ဆိုတာကို တွေ့ရပါလိမ့်မယ်” လို့ အတည်ပေါက်နဲ့ ပြောခဲ့တဲ့ စကားကို ရယ်ရမှန်းမသိဘဲ အတည်ယုံသူများရှိတယ်ဆိုရင်တော့ ဒီမိုကရေစီဘက်တော်သားဆိုသူများ တည်ထောင်ထားတဲ့ ပါတီများရဲ့ အဲဒီအကြောင်းပြချက်ကို ယုံတဲ့သူတွေလည်း ရှိကြမှာပဲ။ ပြည်သူတွေကို စိန်ခေါ်ရာမှာ လက်ရှိစစ်အာဏာရှင်စနစ်နဲ့ ၂၀၀၈ အခြေခံဥပဒေလောက် ဗြောင်မကျတဲ့ ၁၉၇၄ အခြေခံဥပဒေအပါအ၀င် မဆလ တပါတီအာဏာရှင်စနစ်ကြီးကို ဘောင်အတွင်းက၀င်ပြီး ပြင်ဖို့ကြိုးစားတဲ့သူတွေ ဗိုလ်နေ၀င်းရဲ့ ကြိမ်စကြာနဲ့ သုတ်တဲ့ဒဏ်ကို ဘယ်လိုခံခဲ့ကြရပြီး ဘယ်လို ဒူးနဲ့မျက်ရည်သုတ်ခဲ့ကြရတယ်ဆိုတာ သမိုင်းက ပူပူနွေးနွေး ရှိနေသေးတာမို့ မမေ့လောက်ကြသေးဘူးထင်တယ်။

တတိယအကြောင်းပြချက်က တရားဝင် နိုင်ငံရေးစင်မြင့် ပျောက်မသွားစေဖို့ (တနည်း) တရားဝင် နိုင်ငံရေးပါတီတရပ်ရဲ့ ပြောရေးဆိုခွင့် ပျောက်မသွားစေဖို့ (တနည်း) တရားဝင် နိုင်ငံရေးစင်မြင့်အသစ်တခု ရရှိစေဖို့် ရွေးကောက်ပွဲဝင်မှာဖြစ်တယ်တဲ့။ ဒီနေရာမှာ တရားဝင်ဆိုတဲ့ အသုံးအနှုန်းရဲ့ ဖွင့်ဆိုချက်ဟာ အဓိက ဆွေးနွေးရမယ့်ကိစ္စဖြစ်တယ်။ ၉၀ ရွေးကောက်ပွဲပြီးနောက်မှာ ပေါ်ပေါက်လာတဲ့ လွှတ်တော်အမတ်တွေဟာ ပြည်သူလူထုရဲ့ တရားဝင် ကိုယ်စားလှယ်လား၊ ဒါမှမဟုတ် န၀တ၊ နအဖဟာ ပြည်သူလူထုရဲ့ တရားဝင် ကိုယ်စားလှယ်လား။ တရားဝင်မှုဆိုတာကို ဘယ်သူက သတ်မှတ်တာလဲ။ ပြည်သူကလား၊ သေနတ်ပြောင်းဝကလား။
နအဖက ပျောက်စေသတည်းလို့ ပြောလိုက်ရုံနဲ့ ၉၀ ရွေးကောက်ပွဲရလဒ်ရော NLD ရော ပျောက်ကွယ်သွားမှာလား။ ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ NLD ကတော့ အဲဒီမေးခွန်းတွေကို မတ်လ (၂၉) ရက်နေ့တုန်းက အဖြေပေးခဲ့ပြီးပြီ။ ရှင်းတယ်။ ပြည်သူတွေရဲ့ တရားဝင်ကိုယ်စားလှယ်ဖြစ်တဲ့ ပါတီတရပ်ရဲ့ ရပ်တည်ချက်သည်သာ တရားဝင် ရပ်တည်ချက်ဖြစ်တယ်။ အဲဒါကလွဲပြီး တခြားဘယ်ရပ်တည်ချက်မှ တရားဝင် ရပ်တည်ချက်မဟုတ်ဘူး။ ဒါကို မသိသားဆိုးရွာစွာနဲ့ ဘယ်လိုလူတွေက နအဖရဲ့ ရွေးကောက်ပွဲဆိုတာကနေ ပေါ်ထွက်လာမယ့် လွှတ်တော်ထဲသွားပြီး ဘယ်လိုတရားဝင်ပါတီရဲ့ ဘယ်လိုတရားဝင်ပြောရေးဆိုခွင့်မျိုးကို မျှော်လင့်နေကြတာလဲ။ “လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား ... ကျနော်တို့မြို့ဈေးထိပ်က အမှိုက်ပုံကြီးဟာ ယင်ကောင်တလောင်းလောင်းနဲ့ အများပြည်သူတွေရဲ့ကျန်းမာရေးကို လွန်စွာထိခိုက်စေလျက်ရှိပါတယ်။ ဒါကြောင့် ဒီအမှိုက်ပုံကြီးကို လွှတ်တော်ရဲ့ အာဏာစက်အသုံးပြုပြီး အမြန်ဆုံးဖယ်ရှားပေးဖို့ ကျနော့်ရဲ့ မဲဆန္ဒရှင်များကိုယ်စား ရဲဝံ့ပြတ်သားစွာ တောင်းဆိုလိုက်ပါတယ်” ဆိုတဲ့ ပြောရေးဆိုခွင့်မျိုးလား။ ဒါမျိုးကိုတော့ အဲဒီလွှတ်တော်က အသေအချာ တာဝန်ယူဖြေရှင်းပေးမှာ ဧကန်ပဲ။

တကယ်တော့ ပွဲက မတ်လ (၂၉) ရက်နေ့ကတည်းက ပြတ်သွားခဲ့ပြီးပြီ။ de facto အဖြစ်ကနေ de jure အဖြစ်ကို တက်လှမ်းဖို့ မဖြစ်မနေ လိုအပ်နေတဲ့ နအဖစစ်အုပ်စုဟာ ပြည်သူလူထုရဲ့ တရားဝင် ကိုယ်စားလှယ်အဖြစ် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရရှိထားတဲ့ NLD မပါတဲ့ ရွေးကောက်ပွဲကတဆင့် သူလိုချင်နေတဲ့ de jure အဆင့်ကို ဘယ်လိုတက်လှမ်းမလဲ။ စိတ်ဝင်စားစရာကောင်းလှတဲ့ ဇာတ်ကွက်ကို ကြည့်ကြရမယ်။ လက်တွေ့ကျကျ မထောက်မညှာတမ်းပြောရရင် NLD နဲ့ နအဖ နှစ်ယောက်တည်း စီးချင်းထိုးတဲ့ အခုပွဲမှာ ရောင်တော်ပြန်နဲ့ ရောလွှတ်နိုင်ဖို့ ကြိုးစားနေသူတွေဟာ သမိုင်းရဲ့အမှိုက်ပုံထဲ ရောက်သွားမှာပဲဖြစ်တယ်။ ခွေးလှေးခုန်လို့ ဖုန်ထမှာလည်း မဟုတ်ဘူး။

အဲသလိုပဲ နအဖရဲ့ ရွေးကောက်ပွဲနဲ့ လွှတ်တော်ဆိုတာကတဆင့် ၂၀၀၈ နာဂစ်အခြေခံဥပဒေကို အခြေခံကစ ပြန်ပြင်ပြီး ဒီမိုကရေစီနိုင်ငံ တည်ဆောက်မယ်လို့ ကြုံးဝါးနေသူတွေအတွက်လည်း သမိုင်းက နွားနို့ညှစ်ဖို့ နွားချိုတခုပေးထားလေရဲ့။ နွားချိုက နွားနို့ထွက်အောင် ညှစ်ကြပေတော့။ ။


ယနေ့ မြန်မာ့ရေးရာ သတင်းများ June,12th,2010

( 22 )မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် နိုင်ငံသား စီစစ်ရေးဌာန ဖွင့်လှစ်

( 21 )Recital marks democracy leader's day

( 20 )နျူကလီးယားလက်နက် မကြိုးပမ်းဟု စစ်အစိုးရတုံ့ပြန်

( 19 )‘Myanmar might have begun atomic weapons programme’

( 18 )ပါတီစုစည်းမှုမပျက်သည့်အပေါ် ဒေါ်စု ဂုဏ်ယူ

( 17 )Burma denies nuclear weapons programme

( 16 )ဧရာဝတီ လင်းပိုင် ၅ ကောင် တလအတွင်း သေဆုံး

( 15 )Myanmar denies allowing in restricted weapons from DPRK

( 14 )ထိုင်း ရှပ်နီ ဆန္ဒပြပွဲ၌ အဖမ်းခံရသူစာရင်း မြန်မာ ၁၃ ဦး ပါဝင်

( 13 )Myanmar rebuffs N-bomb charges

( 12 )နျူကလီးယား လက်နက် စွပ်စွဲချက် မြန်မာအစိုးရ ငြင်းဆို

( 11 )Welcome to Burma market, if you have the appetite

( 9 )ပုဂ္ဂလိက ဓါတ်ဆီဆိုင်များ ဖွင့်ပြီ

( 8 )ကုလအတွင်းရေးမှူး အကြံပေး အရာရှိ စင်ကာပူတွင် မြန်မာ့အရေး ဆွေးနွေး

( 7 )Myanmar denies nuclear cooperation with North Korea

( 6 )မဲမပေးဘဲနေဖို့ လူထုမှာ အခွင့်အရေးရှိ

( 5 )A Test of Tolerance

( 4 )သမ္မတ ကတော်ဟောင်း လော်ရာဘုရှ် မြန်မာလူထုနဲ့ ဒေါ်စုအတွက် စိုးရိမ်

( 3 )World Cup mania Burma Army soldiers steal buffaloes for TV

( 2 )ထိုင်းနိုင်ငံက မြန်မာဒုက္ခသည်တွေကို စောင့်ရှောက်ရေး အမေရိကန် တိုက်တွန်း

( 1 )White Gold Rush

Friday, June 11, 2010

နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး မွန်ပြည်သစ်နှင့် စစ်အစိုးရတို့ ထပ်မံတွေ့ဆုံမည်

ဇော်ကြီး။ ဇွန်လ ၁၁ ရက်၊ ၂၀၁၀ ခုနှစ်။

မပြေလည်သေးသော နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့်ပတ်သက်၍ မွန်ပြည်သစ်ပါတီ (NMSP) နှင့် စစ်အစိုးရတို့ ယခုလ (၁၅) ရက်နေ့တွင် ထပ်မံဆွေးနွေးရန်ရှိသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာအခြေစိုက် စစ်ဗျူဟာ(၃) ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းဌေးဦးဆောင်၍ မွန်ပြည်သစ်အဖွဲ့ခေါင်းဆောင်ပိုင်းကို ခေါ်ယူတွေ့ဆုံရန် အရှေ့တောင်တိုင်းစစ်ဌာန ချုပ် (ရတခ) က အမိန့်ပေးထားသည်ဟု ကြားသိရကြောင်း မွန်ပြည်သစ်နှင့် နီးစပ်သူ တစ်ဦးက ယခုလို ပြော သည်။

“အရှေ့တောင်တိုင်းကနေပြီးတော့ ဒီကဗျူဟာမှူးကို အမိန့်ပေးလာတယ်။ ဘုရားသုံးဆူကိုလာဖို့။ လာ ပြီးတော့ ဒီမှာရှိတဲ့ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေကို နယ်ခြားစောင့်တပ်အဖြစ် လက်ခံဖို့ နောက်ဆုံး စကားပေါ့ဗျာ။ လက်မခံဘူးဆိုရင်တော့ သူတို့စစ်ရေးနဲ့ အရေးယူမယ် ဆိုတဲ့အကြောင်းကို ပြတ်ပြတ် သားသား လာပြောခိုင်းတယ်။”

မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်ချေးမွန်ကတော့ မည်သည့်ကိစ္စ ဆွေးနွေးမည်ကို တရားဝင် အကြောင်း ကြား လာခြင်းမရှိသေးကြောင်း ယခုလိုပြောသည်။

“ကျနော်တို့လည်းရထားတယ် အဲဒီကိစ္စလေ။ ကျနော်တို့ တခြားနေရာတစ်ခုက ရထား တယ်။ အစအ နတော့ရှိတယ်။ ဒါပေမယ့် သူတို့ဖက်ကတော့ ဘာမှမပြောလာသေးဘူး ခင်ဗျ။ သူတို့ SPDC ဖက်က ဘာမှအကြောင်းမကြားလာသေးဘူး။”

မွန်ပြည်သစ်ပါတီ အနေဖြင့် ယခင် သဘောထားအတိုင်း ဆက်လက်ရပ်တည်သွားမည်ဟု ၎င်းက ဆက်ပြော သည်။

“မွန်ပြည်သစ်သဘောထားကတော့ အပြောင်းအလဲ မရှိတော့ဘူးခင်ဗျ။ ကျနော်တို့ပြောထားတဲ့အတိုင်း ပဲ ရပ်တည်ကြမှာပါ။ ဒါပေမယ့် သူတို့ကလာပြီးတော့ လုပ်ပြီဆိုတော့လည်း ကျနော်တို့က ကာကွယ်ရ မှာပေါ့။”

မွန်ပြည်သစ်ပါတီအနေနှင့် နယ်ခြားစောင့်တပ်နှင့် ဌာနေပြည်သူ့စစ်တပ်ဖွဲ့ ဖွဲ့စည်းရေးကိုလက်မခံနိုင်ကြောင်း စစ် အစိုးရအား လွန်ခဲ့သည့် ဧပြီလကတည်းက ငြင်းဆိုခဲ့ပြီးဖြစ်သည်။

မွန်ပြည်သစ်ပါတီအနေနှင့် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့် ပါတ်သက်၍ လူထု သဘောထားအတိုင်း ဆက် လက်ရပ်တည်သွားမည်ဟု မွန်ပြည်သစ်နှင့် နီးစပ်သူက သုံးသပ်ပြောဆိုသည်။

“သူတို့က ခနခနငြင်းထားတာပဲ။ နောက်ပြီးတော့ လူထုဆန္ဒခံယူထားတော့လည်း လက်မခံဖို့ပြောထား တယ်လေ။ အခုချိန်မှ အသွင်ပြောင်းရင်တော့ လူထုနဲ့ သူတို့နဲ့ ကွဲမှာပေါ့။”

မွန်ပြည်သစ်ပါတီ (NMSP) တပ်ဖွဲ့အား ၁၉၅၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲခဲ့သည်။


ကရင်နီကျောင်းသားလူငယ်တဦး မိုးကြိုးပစ်ဒါဏ်ကြောင့် သေဆုံး

ဒီမင်း

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင်အတွင်းရှိ ကရင်နီ ဒုက္ခသည် အမှတ် ၂ စခန်းမှ ဆယ်ကျော်သက် ကျောင်းသား လူငယ်တဦး ဖုန်းဆက် နေချိန် မိုးကြိုး လျှပ်စစ်စီးသော ဒါဏ်ကြောင့် သေဆုံး သွားခဲ့ရသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် အသက် ၁၇ နှစ်အရွယ်ရှိ ၆ တန်း ကျောင်းသားဖြစ်သူ စောထူးဝါးအယ်သည် ဒုက္ခသည်စခန်း တောင်ဘက်ရှိ ဖုန်းလှိုင်း ရသည့် တောင်ကုန်းတနေရာမှ ဖုန်းပြောနေစဉ် မိုးကြိုးလျှပ်စစ်စီးသံ ကျရောက်သောကြောင့် သေဆုံးသွားရခြင်း ဖြစ်သည်ဟု အမှတ် ၂ စခန်းကော်မတီ ဥက္ကဌ ဒေါ်နယ်က ပြောသည်။

၎င်းက “သူ့ နောက်ကျောခါးကနေ လျှပ်စစ်စီးကြောင်း ဝင်သွားတာနဲ့ တူတယ်။ ဖုန်းပြောဖို့  စောင့်နေတဲ့ သူ့ အဖော် နှစ်ယောက်က အဲဒီမိုးကြိုးပစ်သံက အရမ်းကျယ်တာပဲ။ သူထိုင်နေတဲ့ သစ်ပင်မှာ ထိသွားလား ဆိုပြီး သူ့ကို ပြေးတက်ကြည့်တော့ သူက သစ်ပင်အောက်မှာ လှဲနေတာ တွေ့တယ်” ဟု ပြောသည်။

ဆုံးသွားသော စောထူးဝါးအယ် အုပ်ထိန်းသူ စောလားဘလယ်ကလည်း “သူက အဲဒီ မိုးကြိုးရဲ့ အသံကြောင့်ပေါ့နော်။ ကျနော် ထင်တာကတော့ အဲဒီနှလုံးတွေ ဘာတွေ အထဲမှာ ကျေကုန်ပြီ။ သူသေတာ ၁၁ နာရီ ၅ မိနစ်လောက်မှာ ဖြစ်မယ်။ ဒါမဲ့ အဲဒီညမှာပဲ ၈ နာရီ ၉ နာရီမှာ သူ နံကုန်ပြီလေ။ နောက် ပါးစပ်ထဲမှာရော နှာခေါင်း၊ နားထဲမှာရော သွေးတွေ စီးကျလာတယ်လေ။ ဆံပင်မွေးလည်း မီးလောင်တယ်။ နောက် သူ့ရင်ဘတ်က အင်္ကျီလည်း မီးလောင်တယ်။ နောက် ဘောင်းဘီပေါ့” ဟု ပြောသည်။

သေဆုံးသွားသော ၎င်းကျောင်းသားကို ရပ်ကွက်လူကြီးများမှ လာရောက်စစ်ဆေးချိန်တွင် ကျောင်းသား၏ လက်ထဲတွင် ကွဲနေသော NOKIA ဖုန်းတလုံးနှင့် သီချင်းသံ မြည်နေသည့် နောက်ထပ် IMOBIE ဖုန်းတလုံးကိုပါ ကိုင်ထားသည်ကို တွေ့ရှိရကြောင်း ဆိုသည်။

ဒုက္ခသည်စခန်းရှိ ထိုဖုန်းလှိုင်း ရသည့် တောင်ကုန်းအား ယခင်နှစ်များကလည်း မိုးကြိုး တော်တော်များများ ပစ်မှန်ထားသည့် နေရာ ဖြစ်သည်ဟု သိရသည်။

ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးသူကို အရေးမယူသဖြင့် မြို့ခံများ မကျေနပ်

ရိုးမ ၃။ ၁၁၊ ၆၊ ၂၀၁၀

သစ်တောဝန်ကြီး အရှိန်အဝါဖြင့် ပြည်သူပိုင်ပစ္စည်းများ ဖျက်ဆီးခဲ့သူကို သက်ဆိုင်ရာ ဒေသအာဏာပိုင်များက ယနေ့အထိ အရေးယူခြင်း မရှိသည့်အတွက် မြို့ခံများက မကျေမနပ် ဖြစ်နေကြသည်။

ပြီးခဲ့လ (၂၅) ရက်နေ့က ဧရာဝတီတိုင်း၊ အင်္ဂပူမြို့ပေါ်တွင် သစ်တောဝန်ကြီး ဦးသိန်းအောင်၏ နေအိမ်ကို ဆောက်လုပ်ပေးနေသူ ဖိုးလပြည့်သည် သံဃာတပါးနှင့် အဆင်မပြေဖြစ်ရာမှ လမ်းဘေးပလက်ဖောင်းများ၊ လမ်းမီးတိုင်များ၊ ဖုန်းကြိုးများနှင့် စည်ပင်သာယာဆိုင်းဘုတ်များကို မြေတူးစက်ဖြင့် ထိုးကာ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

“အဲဒီနေ့က မြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဌ ဦးရေဝတက သူ့ကျောင်းဝန်းထဲက ရေကန်ကို တူးပေးဖို့ပြောတော့ ချက်ချင်းမတူးပေးနိုင်ဘူးလို့ ဖိုးလပြည့်က ပြန်ပြောတယ်၊ အဲဒါနဲ့ ဘုန်းကြီးက သူ့ကိုပါးရိုက်လိုက်တော့ စိတ်ဆိုးပြီး ဘုန်းကြီးကျောင်းသွားတဲ့ လမ်းတလျှောက်မှာရှိတဲ့ ပစ္စည်းတွေကို (ဘူဒိုဇာ) မြေတူးစက်ကို မောင်းပြီး လိုက်တိုက်တာ” ဟု ပြောသည်။

ယင်းကဲသို့ ဖျက်ဆီးခဲ့သည့်အတွက် ဖုန်းတိုင် (၅)တိုင်၊ လမ်းမီးတိုင် (၁) တိုင်၊ လမ်းဘေးပလက်ဖောင်းအရှည် ပေ (၃၂၀) နီးပါး၊ စည်ပင်သာယာ လမ်းညွှန်ဆိုင်းဘုတ် (၂) ခု၊ လမ်းမီးချိတ်ဆက်ထားသည့် နေအိမ် (၁၂)အိမ်မှ မီးကြိုးများ ပျက်စီးခဲ့ပြီး လျှပ်စစ်မီတာဘောက်များလည်း ပြုတ်ကြခဲ့သည်။

ယင်းကဲ့သို့ ဖိုးလပြည့်က ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးနေသည်ကို မြို့နယ်ရဲစခန်းမှ ဒုရဲအုပ် ဌေးမောင်က ဆိုင်ကယ်ဖြင့် လိုက်လံဟန့်တားသည်ကို ၎င်းက မြေတူးစက်မောင်းတံဖြင့် ရိုက်လိုက်သည့်အတွက် ဆိုင်ကယ်ပျက်စီးသွားပြီး ဖိုးလပြည့်က တိုင်ချင်ရာတိုင်လို့ ပြောဆိုခဲ့ခြင်းကြောင့် ဒေသခံများ မကျေမနပ် ဖြစ်နေကြသည်ဟု သိရသည်။

သစ်တောဝန်ကြီး နေအိမ်ဆောက်လုပ်ပေးနေသူ ဖိုးလပြည့်ဆိုသူ ဘူဒိုဇာဖြင့် ဖျက်ဆီးခဲ့သည့်အတွက် ယနေ့အချိန်ထိ အင်္ဂပူမြို့ပေါ်ရှိ ရပ်ကွက်အချို့ လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများ ပြတ်တောက်နေဆဲဖြစ်ကြောင်း အဆိုပါဒေသခံက “အဲဒီဖိုးလပြည့်က အခု မြို့နယ် ကြံဖွံ့ရုံးမှာ နေနေတယ်၊ အဲလိုဖျက်ဆီးလိုက်တော့ အမှတ်(၁) ဇေယျသုခရပ်ကွက်၊ သရက်ချောင်းရပ်ကွက်၊ ကန်ဦးရပ်ကွက်နဲ့ အမှတ်(၂) ရပ်ကွက်က ဥယျာဉ်ရပ်တို့က ဒီနေ့အထိ မီးမလာ၊ ဖုန်းလိုင်းတွေလဲ ပျက်နေတယ်” ဟု ပြောသည်။

သစ်တောဝန်ကြီး ဦးသိန်းအောင်သည် အင်္ဂပူမြို့ ကံသာယာလမ်းတွင် ၎င်းယာယီနေထိုင်ရန်အတွက် အိမ်တလုံး ဆောက်လုပ်နေလျှက်ရှိပြီး ခန့်မှန်ချေ သိန်း (၂,၀၀၀) ခန့်ကုန်ကျမည်ဖြစ်ပြီး ရွေးကောက်ပွဲတွင်လည်း အဆိုပါ မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့်ဟု သတင်းများ ထွက်ပေါ်နေလျှက်ရှိကာ စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်နေလျှက်ရှိသည်။

ကုလအထူးကိုယ်စားလှယ် တရုတ်အာဏာပိုင်များနှင့် တွေ့မည်

NEJ / ၁၁ ဇွန် ၂၀၁၀

မြန်မာ့အရေးဆွေးနွေးရန် အာရှနိုင်ငံများသို့ ခရီးထွက်နေသည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ပေးအပ်ထားခြင်းခံရသူ မစ္စတာ ဗီဂျေး နမ်ဘီယာသည် ယနေ့ တရုတ်နိုင်ငံသို့ သွားရောက်၍ တရုတ်အာဏာပိုင်များနှင့် ဆွေးနွေးရန်ရှိသည်ဟု ကုလသမဂ္ဂက သတင်းထုတ်ပြန်သည်။

မြန်မာ့အရေးကိစ္စ အထူးတာဝန်ပေးအပ်ခြင်း ခံထားရသည့် မစ္စတာ နမ်ဘီယာသည် အာရှနိုင်ငံများသို့ ခရီးထွက်ခဲ့ရာတွင် အိန္ဒိယနိုင်ငံနှင့် စင်ကာပူနိုင်ငံသို့ သွားရောက်ခဲ့ပြီးသည့်နောက် တရုတ်နိုင်ငံသို့ ဆက်လက်သွားရောက်ခြင်းဖြစ်သည်။


ကုလသမဂ္ဂလက်ထောက် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် အိန္ဒိယနိုင်ငံဖွား ဗီဂျေး နမ်ဘီယာသည် အိန္ဒိယနိုင်ငံတွင် နိုင်ငံခြားရေးအတွင်းဝန် နေရူး ပါမာရားနှင့် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ရှစ်ဖ် ရှန်ကာမင်နွန် တို့နှင့်တွေ့ဆုံခဲ့ပြီး ဇွန် (၉) ရက်၊ စင်ကာပူနိုင်ငံသို့ ရောက်ရှိခဲ့စဉ်တွင် နိုင်ငံခြားရေးဝန်ကြီး ဂျော့ခ်ျယိုးနှင့်လည်း တွေ့ဆုံခဲ့သည်ဟု သိရသည်။

ယခုနှစ် မတ်လအတွင်း မြန်မာ့မိတ်ဆွေများ အဖွဲ့ဝင်နိုင်ငံတို့နှင့် ဆွေးနွေးခဲ့စဉ်တွင် မစ္စတာဘန်ကီမွန်းက မြန်မာနိုင်ငံတွင် တရားမျှတ လွတ်လပ်ပြီး အားလုံးပါဝင်နိုင်သည့် ရွေးကောက်ပွဲအဖြစ် ကျင်းပပေးသင့်ကြောင်း အလေးထားတင်ပြခဲ့သည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးပြီး လွတ်လပ် တရားမျှတသည့် ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ပေးရန်အတွက်လည်း တောင်းဆိုခဲ့သည်။

စစ်အစိုးရထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲဥပဒေသစ်သည် ကုလသမဂ္ဂက မျှော်လင့်ထားသည့်အတိုင်း မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သည့် ရွေးကောက်ပွဲဖြစ်မြောက်ရေး မဟုတ်သည့်အတွက် စိုးရိမ်ပူပန်မိသည်ဟုလည်း မစ္စတာဘန်ကီမွန်းက ပြောကြားခဲ့သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ်ဖြစ်ခဲ့သည့် နိုင်ဂျီးရီးယား နိုင်ငံသား မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီကို ယခုနှစ်ဆန်းပိုင်းတွင် ဆူဒန်နိုင်ငံ ဒါဖောဒေသဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ပြီးနောက်ပိုင်း အတွင်းရေးမှူးချုပ်က မစ္စတာ ဗီဂျေး နမ်ဘီယာကို မြန်မာနိုင်ငံအရေး ကြားဝင်ဆောင်ရွက်ပေးရန် အထူးတာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။


တရားမ၀င် ဘင်္ဂလားဒေခ်ျ့ လက်ကိုင်ဖုံး ဌားရမ်းသူ နစက ဗိုလ်ကြီးအား ဘူးသီးတောင် ဗျူဟာမှ ခေါ်ယူစစ်ဆေး

ခိုင်ခိုင်စံ

ရခိုင်ပြည်နယ် မောင်တောမြို့ နယ်ရှိ သုံးမိုင် နစက ဂိတ်တွင် တာဝန်ကျနေသော နစက ဗိုလ်ကြီး တဦးအား တရားမ၀င် ဘင်္ဂလားဒေခ်ျ့ လက်ကိုင်ဖုန်း တလုံးအား စီးပွားရေး သမား တဦးသို့ ဌားရမ်း မှုဖြင့် ဇွန်လ ၈ ရက်နေ့ က ဘူးသီးတောင် ဗျူဟာမှ ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။

ဖုံးဌားရမ်းသူ ဟာဆင်းသည် အဆိုပါ စစ်ဗိုလ်ထံမှ ဌားရမ်းသော လက်ကိုင် မိုဘိုင်း တယ်လီဖုံးကို ကိုင်ဆောင်ပြီး မောင်တောမှ ဘူးသီးတောင်သို့  သွားစဉ် ကားလမ်းပေါ်တွင် တည်ရှိသော ဗျူဟာစစ်ဆေးရေး ဂိတ်တွင် ဖမ်းဆီးခံခဲ့ရသည်။

ရဲအရာရှိ တဦးက “ ဟာဆင်းကို ဖမ်းဆီးရမိတာ အင်္ဂါနေ့ နေ့ လည် ၁၂နာရီ ခွဲခန့် မှာ ဖြစ်ပါတယ်။ သူ့ကိုယ်ပေါ်ကို ရှာဖွေစစ်ဆေးတဲ့ အခါ ဖုံးကို တွေ့ ရှိတာ ဖြစ်ပါတယ်။ အဲဒီဖုံးကို ဘယ်က ရသလဲ မေးတော့ သူက သုံးမိုင် နစကဂိတ်က ဗိုလ်ကြီးဝင်းဦးဆီက တလ တသိန်းနဲ့ ဌားထားတဲ့ ဖုံးဆိုပီး ပြောတယ်။ ဒါကြောင့် ဘူးသီးတောင် ဗျူဟာက ဗိုလ်ကြီး ၀င်းဦးကို ခေါ်ပီး စစ်ဆေးတယ်။ ညနေပိုင်း မှာတော့ သူ့ကို ပြန်လွှတ်လိုက်တယ်။ ဘာဆက်ဖြစ်မယ်ဆိုတာတော့ မပြောတတ်ဘူး” ဟု ပြောသည်။

သို့သော်လည်း ဖုံးနှင့် အတူ ဖမ်းမိသူ ဟာဆန်းကို ဆက်လက် ဖမ်းဆီးထားကြောင်း သိရသည်။

ဘင်္ဂလာဒေခ်ျ့ မြန်မာ နယ်စပ်တွင် ဘင်္ဂလာဒေခ်ျ့မှ တင်သွင်းလာသော လက်ကိုင်ဖုံးများကို အရပ်သားများ အသုံးပြုခွင့် မရှိဘဲ တွေ့ရှိပါက ဖမ်းဆီး အရေးယူလေ့ရှိသည်။ သို့သော်လည်း လက်ကိုင်ဖုံးများ ဈေးချိုပြီး SIN ဆိင့်ကဒ်မှာလည်း တာကာငွေ ၁၅၀ သာရှိသဖြင့် ပြည်သူများ အနေဖြင့် ဒေသအတွင်း လျို့ဝှက်စွာ အသုံးပြုနေကြသည်။

သို့သော် မောင်တောမြို့ နယ်ရှိ နစက အပါအ၀င် အစိုးရ အရာရှိများမှာ ဘင်္ဂလားဒေခ်ျ့  လက်ကိုင်ဖုံးများကို တရားဝင် ပုံစံဖြင့် ကိုင်တွယ် အသုံးပြုနေပြီး တချို့ နစက အရာရှိများမှာ ဖုံးတလုံးကို တလအတွက် ကျပ်ငွေ တသိန်းစီဖြင့် စီးပွားရေး သမားများကို ဌားရမ်းနေကြောင်း သိရသည်။

မောင်တောမြို့ခံ တဦးကို ဘင်္ဂလာက လာသော လက်ကိုင် မိုဘိုင်းဖုံး အခြေအနေကို မေးကြည့်ရာ သူက “ အရပ်သားတွေ ကိုင်ခွင့်မရှိပါ။ ကိုင်ရင်ဖမ်းပါတယ်။ ဒဏ်တပ် ပါတယ်။ ထောင်ချပါတယ်။ ဒါပေမယ့်လည်း နစက နယ်မြေမှုးတွေဆီက ဌားရမ်းပီး ကိုင်တဲ့သူ ဆိုရင်တော့ ဖမ်းတာ ဆီးတာတွေ မရှိသလို လူမြင်ကွင်းမှာ ပေါ်ပေါ် ထင်ထင် ကိုင်လို့ ရပါတယ်။သူ့ တို့ က နစက နယ်မြေမှူးတွေကို ငွေပေးပြီး ဌားရမ်း ကိုင်ဆောင်တဲ့ အတွက် သူ့ တို့ ကို ဘယ်သူမှ ဖမ်းလို့ မရပါဘူး။ သာမန် အရပ်သားတွေ ကိုင်ရင်တော့ ဖုံးကို ချက်ချင်း သိမ်းပြီး ဒဏ်တပ် ပါတယ်။ ဒဏ်ငွေ မဆောင်နိုင်ရင် ထောင်ချပါတယ်” ဟု ပြောသည်။

အဆိုပါ ဖုံးတလုံး ဌားခမှာ တလ တသိန်းထိ ဈေးရှိပြီး တချို့ စီးပွားရေးသမားများက အဆိုပါ ဘင်္ဂလာဒေခ်ျ့ဖုံးများဖြင့် ဖုံးဆိုင်များဖွင့်ကာ စီးပွားရေး လုပ်စားနေကြသည်ဟု သူက ပြောသည်။

ယခုကဲ့သို့ ဗိုလ်ကြီးဝင်းဦး ဌားရမ်းသော မိုဘိုင်းဖုံးမှာလည်း ပြည်သူများထံမှ သိမ်းဆည်းထားသော မိုဘိုင်းဖုံး ဖြစ်ပြီး ရဲလက်သို့  ဖုံးကို မအပ်ဘဲ အရပ်သား စီးပွားရေး သမားများကို ဌားရမ်းပြီး ကိုယ်ကျိုး အတွက် အသုံးပြုနေခြင်း ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့  ဘင်္ဂလားဒေခ်ျ့ မိုဘိုင်းဖုံးကို ဒေသအတွင်းက စီးပွားရေးသမားများကို ဌားရမ်းပြီး ကိုယ်ကျိုးစီးပွားရှာနေသူများမှာ ဗိုလ်ကြီးဝင်းဦး တဦးတည်းမဟုတ်ဘဲ မောင်တောမြို့ နယ်ရှိ နစက နယ်မြေတိုင်းတွင် ဖြစ်ကြောင်း သတင်းရရှိသည်။

ဗိုလ်ကြီး ၀င်းဦးမှာ ဗျူဟာမှ ခေါ်စစ်ပြီးနောက် အလုပ်ပြုတ်မည်ကို အထူး စိုးရိမ်နေကြောင်း သိရသည်။

စစ်အစိုးရ နျူကလီးယား စီမံကိန်း အမေရိကန် စုံစမ်း

စိုင်းဇွမ်ဆိုင်း Friday, June 11, 2010

အမေရိကန် နိုင်ငံ၏ အာဆီယံရေးရာ သံအမတ် မစ္စတာ စကော့ မာရှယ်က နျူကလီးယား အရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အပေါ် အမေရိကန် အစိုးရက ဆက်လက်၍ လေ့လာ စုံစမ်းနေကြောင်း ပြောကြားလိုက်သည်။

“အဓိကထားပြီး စောင့်ကြည့်ရမယ့် အချက်နှစ်ချက် ရှိပါတယ်၊ ပထမ တချက်က အများ ပြောနေတဲ့ အတိုင်း ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက် နိုင်တဲ့ နျူကလီးယား စီမံကိန်း တကယ် ရှိ၊ မရှိ ဆိုတာနဲ့ တခြား စစ်လက်နက် ပစ္စည်းတွေ ပိုင်ဆိုင်နေမှု ရှိ၊ မရှိ ဆိုတာပါပဲ”ဟု မစ္စတာ စကော့ မာရှယ်က ယမန်နေ့တွင် အေအက်ဖ်ပီ သတင်းဌာနသို့ ပြောသည်။

ထိုသို့ သံသယ ဖြစ်နိုင်သည် ဆိုသည့် အချက်နှစ်ချက်ကို အမေရိကန် အစိုးရက အနီးကပ် စောင့်ကြည့်မည် ဖြစ်ကြောင်း လည်း ၎င်းက ဆိုသည်။

ဒုံးပျံ အင်ဂျင် အထူးပြုဘာသာရပ်နှင့် ရုရှားမှ ဘွဲ့ရခဲ့သူ ဗိုလ်မှူး စိုင်းသိန်းဝင်း က စစ်အစိုးရ၏ လျှို့ဝှက် နျူကလီးယား၊ ဒုံးကျည် နှင့် ဥမင်လိုဏ်ခေါင်း စီမံကိန်းများကို ဖော်ထုတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံအပေါ်ကို နိုင်ငံတကာမှ ယခုကဲ့သို့ စောင့်ကြည့် လေ့လာမှုများ ဖြစ်ပေါ်လာသည်။

စစ်အစိုးရက လျှို့ဝှက် နျူကလီးယား စီမံကိန်း၊ ဒုံးကျည်နှင့် ဥမင်လိုဏ်ခေါင်း စီမံကိန်းများကို မြောက်ကိုရီးယား နိုင်ငံမှ အကူအညီများဖြင့် အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း အများက ပြောဆိုနေကြသည်။