Wednesday, March 16, 2011

ကင်တာနာ အစီရင်ခံစာ NLD ထောက်ခံ

လင်းသန့်

ဆွစ် ဇာ လန်နိုင်ငံ ဂျနီဗာမြို့၌ ယမန်နေ့က ကျင်းပသည့် ၁၆ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ညီလာခံတွင် တင်သွင်းသော မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ၏ အစီရင်ခံစာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) က ကြိုဆို ထောက်ခံလိုက်သည်။

NLD ဒု ဥက္ကဌ ဦးတင်ဦးက “မစ္စတာ ကင်တာနာ တင်ပြတာ အင်မတန် သင့်မြတ်တယ်။ ကုလသမဂ္ဂက ဦးစီးပြီး စုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ ငြိစွန်းနေတာ ဟုတ် မဟုတ် သေသေချာချာ ၀င်ရောက် စစ်ဆေးမှုမျိုး လုပ်ဖို့တောင်းဆိုတာဟာ အင်မတန် တရားမျှတတာကြောင့် ကျနော်တို့က ထောက်ခံကြိုဆိုတယ်၊ ဒါပေမယ့် ကြေညာချက် ထုတ်တာမျိုးတော့ လောလောဆယ် မရှိသေးဘူး”ဟု ပြောကြားသည်။

မစ္စတာ ကင်တာနာ၏ အစီရင်ခံစာသည် နိုင်ငံတကာစုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့ရေး အပါအ၀င် မြန်မာနိုင်ငံတွင်း စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ ချိုးဖောက် ခံနေရခြင်းများကိုပါ တင်ပြထားသည်။

ထို့အပြင် လာမည့် မြန်မာအစိုးရသစ် အနေနှင့် ယခင်နှင့်မတူ အပြောင်းအလဲများ ရှိခြင်းကို ပြသလိုလျှင် လွတ်လပ်မျှတ သော စုံစမ်းစစ်ဆေးမှုများကို ဦးစွာ လုပ်ဆောင်သင့်ကြောင်း မစ္စတာကင်တာနာက တိုက်တွန်းခဲ့သည်။

မြန်မာအစိုးရသစ်အနေနှင့် စုံစမ်းစစ်ဆေးမှုများကို ပျက်ကွက်မည် သို့တည်းမဟုတ် မလုပ်ဆောင်နိုင်ပါက နိုင်ငံတကာ အနေနှင့် အဆိုပါတာဝန်ကို ယူရလိမ့်မည်ဟုလည်း ကင်တာနာက သတိပေးပြောကြားသည်။

လူ့အခွင့်အရေးချိုးဖောက်နေသည့် အာဏာပိုင်များ၊ တာဝန်ရှိသူများကို အပြစ်ပေးအရေးယူခြင်းမရှိဘဲ ကင်းလွတ်ခွင့်ပေး ထားသည်များကို အမြန်ဆုံး အဆုံးသတ်စေရေးအတွက် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် လိုအပ်ကြောင်း လည်း ၎င်းက တင်ပြသည်။

စစ်အစိုးရ ကိုယ်စားလှယ် ဦးသန့်ကျော်က မစ္စတာ ကင်တာနာ၏ တင်ပြချက်များသည် မြန်မာနိုင်ငံ၏ လက်ရှိအခြေ အနေ ကို မထင်ဟတ်ကြောင်း ပြောဆို၍ ပယ်ချခဲ့ပြီး မြန်မာအစိုးရအနေနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအား ယခင် ကတည်းက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်ဟုလည်း ဆိုသည်။ ထို့အပြင်
လူ့အခွင့်အရေးချိုးဖောက်မှုများကိုကျူးလွန်ခဲ့သူ စစ်ဘက်၊ အရပ်ဘက် ကပုဂ္ဂိုလ်များကိုလည်း အရေးယူခဲ့သည်ဟု ချေပပြောဆိုသွားသည်။

ဦးတင်ဦးက လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး စစ်အစိုးရအနေနှင့် အသေအချာ လေ့လာခွင့်ပေး၍ ရှင်း လင်း သင့်ကြောင်း၊ အစိုးရကိုယ်စားလှယ် ဦးသန့်ကျော် က တဖက်သတ် ငြင်းဆို တုံ့ပြန်သွားခြင်းသာ ဖြစ်ကြောင်း ပြော သည်။

“မစ္စတာကင်တာနာ အနေနဲ့ တရားမျှတမှု ပေးတဲ့ သဘောပဲဗျ၊ အစိုးရက တာဝန်ရှိတဲ့အနေနဲ့ ဘယ်လိုအခြေအနေ ရှိနေ တယ်ဆိုတာနဲ့ပတ်သက်ပြီး သေချာလေ့လာခွင့်ပေးပြီး ရှင်းကြ၊ လင်းကြတာဟာ အကောင်းဆုံးဖြစ်မယ်လို့ ကျနော်တို့မြင် ပါတယ်”ဟု ဦးတင်ဦးက ဆိုသည်။

စစ်အစိုးရက လူ့အခွင့်အရေးချိုးဖောက်မှုမရှိကြောင်း အစဉ်တစိုက်ငြင်းဆိုခဲ့သော်လည်း ဦးသန့်ကျော် ၏ ဖြေကြားချက်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုကျူးလွန်ခဲ့သူများကို အရေးယူအပြစ်ပေးမှုများလုပ်ဆောင်ခဲ့သည်ဟု ၀န်ခံပြောကြား ခဲ့သော် လည်း မည်သူမည်ဝါဖြစ်ကြောင်း၊ မည်ကဲ့သို့အရေးယူခဲ့ကြောင်းများကိုမူ ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။

မြန်မာနိုင်ငံ၌ လူ့အခွင့်အရေး အခြေအနေများ ဆိုးဝါးနေဆဲရှိသော်လည်း ယခုအချိန်သည် ပြုပြင် ပြောင်းလဲရေးလုပ်၍ တိုင်းပြည် တိုးတက်နိုင်သည့် အခွင့်အလမ်းများရှိနေသည့် ကာလတခုဖြစ်ကြောင်း မစ္စတာ ကင် တာနာ က ယခု ညီလာ ခံ တွင် မတ်လ ၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော ၎င်း၏ အစီအရင်ခံစာအပေါ်အခြေပြု၍ အပြန်အလှန် တင်ပြဆွေးနွေးခဲ့ခြင်းဖြစ်သည်။

မစ္စတာ ကင်တာနာ၏ နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်ဖွဲ့ရန် အကြံပြုချက်ကို ထောက်ခံသည့် နိုင်ငံပေါင်း အနည်းဆုံး ၁၅ နိုင်ငံရှိသွားပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ နိုင်ငံတကာစုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ဖွဲ့စည်းပြီး မြန်မာ စစ်အစိုးရ၏ စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုများကို လွတ်လပ်၍ တရားမျှတစွာ ဖော်ထုတ်နိုင်ရန်အတွက် အမေရိကန်၊ ဗြိတိန် အစရှိသည့် နိုင်ငံကြီးများက လက်တွဲဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သက်ဆိုင်ရာနိုင်ငံများက ပြောကြား ထားသည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးက သက်သေ အထောက် အထားများနှင့်တကွ အစီရင်ခံစာများထုတ်ပြန်ကာ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံး(ICC)က စစ်အစိုးရ၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများကို အရေးယူနိုင်ရေးအတွက် ကြိုးပမ်း ဆောင် ရွက် နေကြခြင်းဖြစ်သည်။

လူ့အခွင့်အရေး အခြေအနေလေ့လာစောင့်ကြည့်နေကြသော အဖွဲ့အစည်းများ၏ အစီရင်ခံစာများ၌ အထူးသဖြင့် တိုင်း ရင်းသားဒေသများတွင် အမျိုးသမီးများ မုဒိန်းကျင့်ခံရမှု၊ အိုးအိမ်နှင့် ရိက္ခာများ ဖျက်ဆီးခံရမှု၊ ဥပဒေမဲ့ သတ်ဖြတ်မှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှု၊ ကလေးစစ်သား စုဆောင်းမှုများ ကို စစ်အစိုးရက ကျူးလွန်နေကြောင်း ဖော်ပြထားသည်။

ထို့အပြင် လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်၊ စုဝေးခွင့်၊ ပြောဆိုခွင့်များ ဆိတ်သုဉ်းနေခြင်း၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ များကို ဆက်လက်ဖမ်းဆီး ညှင်းပန်း နှိပ်စက်မှုများ ပြုလုပ်နေသည့်အပြင် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသားများကို လွှတ်မပေးခြင်း စသည့် နိုင်ငံရေး လွတ်လပ်ခွင့်၊ ဘာသာရေး လွတ်လပ်ခွင့်၊ စီးပွားရေး လွတ်လပ်ခွင့် အခြေအနေ အရပ်ရပ်တွင် အဖက်ဖက်မှ တိုးတက်သည့် လက္ခဏာများမရှိကြောင်းလည်း သိရသည်။

ဦးတင်ဦးကNLD အနေဖြင့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးတို့ အတွက် အခြေအနေများတိုးတက်ရန် ငြိမ်းချမ်းစွာ အဖြေရှာလုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ လိုအပ်ချက်များကို အကောင်အထည်ဖော်သွားမည်ဖြစ် သည်ဟု ပြောကြားသည်။

အပစ်ရပ် ရှမ်းအဖွဲ့နှင့် နအဖတပ်များ ၃ ရက် တိုက်ပွဲဖြစ်

သန်းထိုက်ဦး

နအဖ စစ်တပ်နှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တဖွဲ့ဖြစ်သော ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) တပ်များ ပြီးခဲ့သော တပတ် တနင်္ဂနွေနေ့မှ စတင်၍ ယနေ့အထိ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများသည် ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှုးမြို့နယ်နှင့် တန့်ယန်း မြို့နယ်တွင် ၃ ရက်ဆက်တိုက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် စစ်အစိုးရ တပ်များက SSA မြောက်ပိုင်း တပ်များရှိမည်ဟု ယူဆရသည့် နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ဧရာဝတီသို့ ပြောသည်။

“တိုက်ပွဲ ထပ်ဖြစ်ဖို့တော့ အလားအလားတွေ ရှိနေတယ်၊ တိုက်ပွဲငယ်တွေပေါ့၊ ရွာအနီးအနားတို့မှာ နေလေ့ရှိတယ်လေ၊ SSA မြောက်ပိုင်း တပ်တွေက အခု ဒီတရက် နှစ်ရက် တောတွေ တောင်တွေမှာ တက်နေကုန်ကြပြီ၊ နအဖ ဘက်က လက်နက်ကြီး တွေနဲ့ သူတို့ရှိမယ်လို့ ယူဆရတဲ့ တောင်ခြေ၊ တောင်ကုန်း ပေါ်တွေမှာ လက်နက်ကြီးတွေနဲ့ ပစ်ပြီးတော့ စစ်သားတွေပါ လွှတ်ထားတယ်”ဟု ၎င်းက ဆိုသည်။


အစိုးရဘက်က တပ်ရင်း အမည်များကိုမူ ရှင်းရှင်း လင်းလင်း မသိရှိရသေး သော်လည်း ယင်းဒေသများတွင် ရှမ်းပြည်နယ် ကျောက်မဲမြို့ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁ နှင့် လွိုင်လင် အခြေစိုက် စကခ ၂ လက်အောက်ခံ တပ်ရင်းများ လှုပ်ရှားလျက် ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းကလည်း ယင်းဒေသများတွင် စစ်အစိုးရက သံချပ်ကာကား တချို့ကို တိုးချဲ့ချထားကြောင်း သိရသည်။

စစ်အစိုးရတပ်များက SSA-N ထိန်းချုပ်ထားသော ဒေသအတွင်းသို့ ၀င်ရောက်လာသောကြောင့် ၎င်းတပ်များနှင့် အပြန်အလှန် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဦးစိန်ကြည်က ရှင်းပြသည်။

ထိုတိုက်ပွဲများတွင် SSA-N တပ်သားတချို့ဒဏ်ရရရှိသည်ဟု ကြားသိရသော်လည်း နအဖဘက်က တပ်သားတဦးကျဆုံးကာ တဦး ဒဏ်ရာရရှိခဲ့ပြီး SSA ဘက်က သေနက်တလက် သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းက ဆိုသည်။

ယခုရက်ပိုင်းတွင် SSA-N တပ်မဟာ ၁ ၏ ထိန်းချုပ်နယ်မြေ ၀မ်ဟိုင်းဒေသ တ၀ိုက်တွင်လည်း ၀ိုင်းထားသော ပုံစံမျိုးဖြင့် နအဖ တပ် အင်အားများ ဖြည့်ဆည်းထားခြင်းသည် ဖြတ်လေးဖြတ်အတွက် စတင်ကျင့်သုံးနေခြင်း ဖြစ်ကြောင်း၊ SSA-N ၀မ်ဟိုင်းဌာနချုပ်တွင် တပ်အင်အား ခန့်မှန်းခြေ ၃၀၀၀ ရှိကြောင်း သိရသည်။

အတည်မပြုနိုင်သေးသော သတင်းများအရ ယင်း ၀မ်ဟိုင်းဒေသကို နအဖ စစ်အစိုးရက ယခုတပတ်အတွင်း တိုက်ခိုက်နိုင်ကြောင်း စစ်ရေးလေ့လာသူများက ပြောဆိုနေကြသည်။

စစ်အစိုးရက ၀မ်ဟိုင်းဌာနချုပ်ကို တိုက်မည် ဟုသတင်းများ ကြားသိရသော်လည်း ချက်ချင်း တိုက်ခိုက်ရန် မလွယ်ကူကြောင်း ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA -S) မှ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလောင်ဆိုင်းက ပြောသည်။

“စစ်ရေးအရ သုံးသပ်ကြည့်မယ်ဆိုရင်တော့ ချက်ချင်းကြီး တိုက်ဖို့ အလာအလား သိပ်မရှိသေးဘူး၊ တဖြည်းဖြည်းနဲ့ တော့ စစ်အင်အားတွေ တိုးချဲ့ပြီးတော့ မြွေမသေ တုတ်မကျိုးတဲ့ နည်းနဲ့ပဲ အသုံးချသွားမှာပါ”ဟု ၎င်းက ဆိုသည်။

မြန်မာ စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ကူးပြောင်းရေး အတွက် ကြိုးပမ်းလျက်ရှိရာ SSA-Nက လက်မခံသဖြင့် စစ်ရေးအရ နှစ်ဘက် တင်းမာနေခြင်း ဖြစ်သည်။

စိုင်းလောင်ဆိုင်းက“SSA မြောက်ပိုင်းကတော့ ပြောက်ကျားနည်းနဲ့ပဲ ပြန်ပြီးတော့ ခုခံသွားမယ်လို့ ပြောတာပဲ၊ ဒါပေမယ့် သူတို့ က ဘယ်လောက် အဆင့်အထိ အသင့်ပြင်ထားသလဲ ဆိုတာကတော့ မသိရဘူး”ဟု ပြောသည်။

ယခုအခါ ဒေသခံများသည် တိုက်ပွဲများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေသူများ ရှိနေသကဲ့သို့ ထွက်ပြေး တိမ်းရှောင်မှုများလည်း ရှိကြောင်း ဦးစိန်ကြည်က ပြောသည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ဂစ်တာတီးတဲ့ ကျောင်းအုပ်ကြီး

ခင်ဦးသာ

ဂစ်တာတီးလိုက်၊ ဟာမိုနီကာ မှုတ်လိုက်၊ လေချွန်လိုက်၊ သီချင်းဆိုလိုက် တခုပြီးတခု အစီအစဉ်တကျ လုပ်ရင်း ကမ္ဘာကျော် EAGLES အဖွဲ့ကြီးရဲ့ LOVE WILL KEEP US ALIVE သီချင်းကို ခံစားမှုအပြည့်နဲ့ သီဆို နေပုံက နားထောင်သူတိုင်းရဲ့အာရုံကို ဆွဲဆောင်နိုင်စွမ်း ရှိလှပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်မြို့က သော်မိုက် (ထိုင်းအမည်) ဆိုတဲ့ ထိုင်းစားသောက်ဆိုင် တဆိုင်မှာ စားသောက်သူ တွေကို မြန်မာနိုင်ငံသား ကိုဝင်းချိုက သီဆို ဖျော်ဖြေနေတာပါ။ သူက ပရိသတ်တွေကို ကြည့်ခဲပါတယ်။ ပုခုံးကျော်ကျော် ရှည်တဲ့ ဆံပင်ရှည်တွေကို ဘေးတဘက်တချက် ဖရိုဖရဲချရင်း အင်္ဂလိပ် သီချင်းတွေကိုပဲ တပုဒ်ပြီး တပုဒ် အာရုံစူးစိုက်လို့ မနားတမ်း ဖျော်ဖြေ ပေးနေပါတယ်။

အဲဒီစားသောက်ဆိုင်မှာ အင်္ဂလိပ်သီချင်း၊ ထိုင်းသီချင်းနဲ့ ဂျပန် သီချင်းတွေကို သီဆို ဖျော်ဖြေလေ့ရှိပေမယ့် အင်္ဂလိပ် သီချင်းကိုတော့ အများဆုံး ဆိုကြပါတယ်။ ကိုဝင်းချို သီဆိုချိန် ဆိုရင် များသောအားဖြင့် လူအပြည့် ရှိတတ်တယ်လို့ သိရပါတယ်။ ထိုင်းစားသောက်ဆိုင် ဆိုပေမယ့် ၀န်ထမ်းအများစုက မြန်မာနိုင်ငံသားတွေပါ။

ဖျော်ဖြေကြတဲ့ သူတွေထဲမှာ ဂစ်တာတီးသူ၊ ဒရမ်တီးသူ စတဲ့ ၂ ယောက်၊ ၃ ယောက်ပါဝင်တဲ့ အဖွဲ့တွေ သီဆိုတတ်ကြပေမယ့် ကိုဝင်းချို ကတော့ တကိုယ်တော် ဖျော်ဖြေပေးတာ တွေ့ရပါတယ်။ အဲဒီဆိုင်မှာ သီဆိုဖျော်ဖြေသူတွေ အားလုံးဟာ ဂီတ ပညာကို ကျွမ်းကျင်ကြသူတွေလို့ သိရတယ်။

သီချင်းတပုဒ်ဆိုပြီးတိုင်း ဘေးက စားပွဲပေါ်မှာ တင်ထားတဲ့ ရေပုလင်းထဲက ရေကို သောက်လိုက်၊ ပြီးရင် သီချင်းပြန်ဆိုလိုက်နဲ့ ကိုဝင်းချိုရဲ့ လှုပ်ရှားမှုကို တွေ့ရပါတယ်။

ကိုဝင်းချိုဟာ သူရဲ့သီဆိုဖျော်ဖြေမှု တွေအတွက် ဆိုင်တဆိုင်ကနေ တလကို ထိုင်းဘတ် ၄၀၀၀ (ကျပ် ၁၂၀၀၀၀ ကျော်) စီ ရပြီး အဲဒီငွေတွေကို သူ့ကိုယ်ကျိုးအတွက် အသုံးမချဘဲ မဲဆောက်ရောက်နေကြတဲ့ မြန်မာအလုပ်သမားတွေရဲ့ ကလေးတွေကို စာသင် ပေးနိုင်ရေးအတွက် သုံးတယ်လို့ သိရပါတယ်။ သူကိုယ်တိုင်လည်း ကလေးတွေကို စာသင်ပေးနေသူ ဖြစ်ပါတယ်။

စားသောက်ဆိုင် တဆိုင်မှာ တညကို ၁ နာရီ သီချင်း ၁၅ ပုဒ်လောက် ဆိုပြီး ဆိုင် ၂ ဆိုင်မှာ အချိန်ပိုင်း ဆိုပေးတယ်လို့ ကိုဝင်းချိုက ပြောပြပါတယ်။

ညပိုင်းမှာ သီချင်းဆိုပြီး နေ့ခင်းဘက်မှာ ကလေးတွေကို စာသင်တာပါ။ ညအိပ်ချိန်ကလွဲလို့ ကျန်တဲ့ သူ့ရဲ့အချိန်တွေ အားလုံးကို ဂီတနဲ့ ကလေးတွေအတွက် နားရက်မရှိ မြှုပ်နှံထားပါတယ်။

“သီချင်းဆိုလို့ ရတဲ့ဝင်ငွေတွေကို ကလေးတွေ စာသင်တဲ့အခါ လိုအပ်တဲ့ စာရွက်စာတမ်းတွေ၊ တခြား ပစ္စည်းတွေအတွက် အသုံးပြုပါတယ်” လို့ သူက ဆိုပါတယ်။

မဲဆောက်မြို့စွန်က ၂ ဂိတ် အနီးမှာ တည်ရှိတဲ့ ပေ ၂၀ ၀န်းကျင်အကျယ် သွပ်မိုး၊ ၀ါးထရံတ၀က် ကာထားတဲ့ စာသင်ကျောင်း ကလေးမှာတော့ ၁ ဂိတ်နဲ့ ၂ ဂိတ်က ကလေးတွေ လာတက်ကြပါတယ်။ အဲဒီကျောင်းကလေးရဲ့ နာမည်က မြန်မာလို “ဆူးပုပ်ခြံ” လို့ ခေါ်တဲ့အကြောင်း ကိုဝင်းချိုက ရှင်းပြပါတယ်။ ထိုင်း နာမည်ကို ဘာသာ ပြန်ထားတာပါ။

ဆူးပုပ်ခြံ ကျောင်းကလေးမှာ ကလေး ၄၀ နီးပါးရှိပြီး အားလုံးဟာ လက်လုပ်လက်စား အလုပ်သမား သားသမီးတွေမို့ ဆင်းရဲချို့တဲ့ ကြပါတယ်။ အသက်အငယ်ဆုံး ကလေးက ၃ နှစ်ကျော်၊ အကြီးဆုံးကတော့ ၁၃ နှစ်လောက် ရှိပါတယ်။
ဒီကျောင်းကလေးကို ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က တည်ထောင်ခဲ့ပြီး စတင် တည်ထောင်တဲ့သူဟာ သူ့ရဲ့သူငယ်ချင်း ကနေဒါ နိုင်ငံသား ပေါလ်လို့ ခေါ်တဲ့ သတင်းသမားတယောက် ဖြစ်တယ်လို့ ဆိုပါတယ်။

တကယ်တော့ ကိုဝင်းချိုက ကျောင်းဖွင့်ပွဲကို ဧည့်သည်အဖြစ် တက်ရောက်ခဲ့တာပါ။ ဒါပေမယ့် ကျောင်းကိစ္စတွေကို လုပ်ဆောင်မယ့် မြန်မာနိုင်ငံသား တယောက် ဖွင့်ပွဲကို ရောက်မလာဘဲ ကျောင်းဘဏ္ဍာငွေတွေကို ယူပြီး ပျောက်သွားတဲ့ အတွက် အဲဒီနေ့မှာပဲ သူက တာဝန်ယူပြီး စာသင်ပေးဖို့ ဆုံးဖြတ်ချက် ချလိုက်တာလို့ ပြောပြပါတယ်။

“ထွက်ပြေးသွားတဲ့လူက ကျောင်းကို တာဝန်ခံ ဆောင်ရွက်မယ့်သူပါ၊ သူ ရောက်မလာတော့ ပေါလ်က ဘယ်လို လုပ်ကြမလဲ ပြောလို့ ရှိတာနဲ့ပဲ စလိုက်ကြတော့တယ်။ ဒါရှိမှ ဒါလုပ်ရမယ် ဆိုတာမျိုး ကျနော့်မှာ မရှိဘူး။ စတဲ့နေ့မှာ ကလေး ၆ ယောက်ပဲ ရှိတယ်” လို့ သူက ရှင်းပြတယ်။

အခုအချိန်မှာ အသက် ၄၃ နှစ် ရှိပြီဖြစ်တဲ့ ကိုဝင်းချိုဟာ ရန်ကုန် တောင်ဥက္ကလာပမှာ မွေးဖွားခဲ့ပြီး မိဘတွေ တာဝန်ကျရာ မွန်ပြည်နယ် မုဒုံမြို့မှာ ကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။

ကိုဝင်းချိုဟာ ၁၉၈၈ ခုနှစ်က အသက် ၂၀ ခန့်သာရှိသေးပြီး မော်လမြိုင် တက္ကသိုလ်မှာ တတိယနှစ် သင်္ချာမေဂျာ သင်ယူနေရင်း ၈ လေးလုံး အရေးတော်ပုံမှာ ပါဝင်ခဲ့ရာကနေ အဲဒီနှစ်မှာပဲ ထိုင်းနိုင်ငံကို ရောက်လာခဲ့တယ်လို့ သိရပါတယ်။

အရေးတော်ပုံနောက်ပိုင်း ထွက်ပြေးလာကြတဲ့ ကျောင်းသားတွေ စုပေါင်းပြီး ထူထောင်ခဲ့တဲ့ ကျောင်းသား တပ်မတော် (ABSDF) မှာ ဗဟို အလုပ်မှုဆောင် ရာထူးအထိ တာဝန်အမျိုးမျိုးကို ၂၀၀၀ ပြည့်နှစ်အထိ ကိုဝင်းချိုက ထမ်းဆောင်ခဲ့တာပါ။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာတော့ ဂီတ ကိုသာ စိုက်လိုက်မတ်တပ် လုပ်ခဲ့တယ်လို့ ကိုဝင်းချိုက သူ့ဘဝအကြောင်းကို ပြောပြပါတယ်။

အဲဒီနောက်ပိုင်း ဘယ်နိုင်ငံရေး အဖွဲ့အစည်းမှာမှ မပါဝင် မလုပ်ဆောင်တော့ဘဲ ဂီတနဲ့ စာသင်တဲ့ အလုပ်ကိုသာ လုပ်ဆောင် ပါတော့တယ်။

ဆူးပုပ်ခြံ ကျောင်းကလေးမှာ သူ စာမသင်ခင် ကာလကတော့ မဲဆောက်က တခြား မြန်မာကျောင်းတွေက ကလေးတွေကို သင်ပေး နေခဲ့ပါသေးတယ်။ ဆူးပုပ်ခြံ စာသင်ကျောင်းဟာ သူကိုယ်တိုင် တည်ထောင်ခဲ့တာ မဟုတ်ပေမယ့် လက်ရှိမှာတော့ သူကသာ အရာ အားလုံးကို တာဝန်ယူထား ရတာ ဖြစ်ပါတယ်။ သူ့ရဲ့ ကိုယ်ပိုင် စာသင်ကျောင်း ဆိုရင်လည်း မမှားလောက် ဘူးလို့ ဆိုရမှာပါ။

ကျောင်း တက်နေကြတဲ့ ကလေးအားလုံး နီးပါးဟာ သွက်လက်၊ ထက်မြက်နေတာ တွေ့ရပါတယ်။ စာသင်ချိန်ကို မနက် ၈ နာရီကနေ ညနေ ၃ နာရီအထိ မြန်မာပြည်တွင်းက စာသင်ကျောင်းတွေအတိုင်း တနှစ်ပတ်လုံး သင်ပေးပါတယ်။

မတ်လကနေ မေလထိ နွေကျောင်းပိတ်ရက် သတ်မှတ်ထားပြီး ကျန်လ တွေမှာတော့ တပတ် ၅ ရက် အချိန်ပြည့် သင်ပေးထားပါတယ်။

မြန်မာစာ၊ ဂီတ၊ ထိုင်းစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ လူမှုဆက်ဆံရေး၊ သိပ္ပံ၊ ပန်းချီ စတဲ့ ဘာသာရပ် ၈ မျိုး သင်ပေးတယ်လို့ ကိုဝင်းချိုက ပြောပါတယ်။

မဲဆောက်မှာ မြန်မာ ကလေးတွေကို စာသင်ပေးနေတဲ့ ကျောင်းပေါင်း ၅၀ ကျော်ရှိနေပြီး အများစုက NGO အဖွဲ့တွေနဲ့ ချိတ်ဆက် လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

ကိုဝင်းချိုရဲ့ စာသင်ကျောင်းကတော့ ဘယ်အဖွဲ့အစည်း၊ ဘယ် NGO နဲ့မှ အချိတ်အဆက် မလုပ်ထားသလို နောင်လည်း လုပ်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့ သူက ဆိုပါတယ်။

“အဖွဲ့အစည်းတွေနဲ့ ပတ်သက်ရင် သူတို့ရဲ့ လွှမ်းမိုးလာတာ ခံရတတ်တယ်” လို့ ကိုဝင်းချိုက ဆိုပါတယ်။

သူ့သူငယ်ချင်းက မထောက်ပံ့တော့ ရင်တောင် ကိုယ်တိုင် လုပ်နိုင်လိမ့်မယ်လို့ သူ့ကိုယ့်သူ ယုံကြည်ထားတဲ့အကြောင်းလည်း သူက ပြောပါတယ်။

ကိုဝင်းချိုရဲ့ သူငယ်ချင်း ဖြစ်သူ ကနေဒါနိုင်ငံသား သတင်းထောက်ဟာ မြန်မာနိုင်ငံသား စစ်ပြေး ဒုက္ခသည်တွေ အကြောင်းကို ကနေဒါ နိုင်ငံမှာရှိတဲ့ သူ့ရဲ့ဇာတိမြို့လေးက သတင်းစာ တစောင်မှာ ရေးသား ဖော်ပြခဲ့ပြီးတဲ့နောက် ကျေးရွာတရွာမှာ ရှိတဲ့ ပြည်သူတွေက တယောက် တဒေါ်လာစီ လစဉ်စုပေးတဲ့အတွက် ထောက်ပံ့ပေးနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။

ကလေးတွေကို စာသင်ပေးတဲ့အတွက် သူငယ်ချင်းဖြစ်သူက ကိုဝင်းချိုကို လစာသဘော ငွေကြေးအနည်းငယ် လစဉ် ထောက်ပံ့ ပေးပေမယ့် သူ့ဝင်ငွေအားလုံးကို ကျောင်းအတွက်ပဲ အသုံးပြုတယ်လို့ ပြောပါတယ်။

ကလေး ၄၀ နီးပါးကို အခမဲ့ စာသင် ပေးထားပြီး နေ့လယ်စာ ထမင်းတနပ် အပါအ၀င် တလကို ထိုင်းဘတ် ၂ သောင်း (ကျပ် ၆ သိန်းကျော်) ကုန်ကျတယ်လို့ ကိုဝင်းချိုက ရှင်းပြပါတယ်။

ကလေးတွေကို တနေကုန်နီးပါး စာသင်ရတာဟာ သာမန် လူတွေအတွက် မလွယ်လောက်ပေမယ့် ကိုဝင်းချို စာသင်ပုံ ကတော့ သက်တောင့်သက်သာ ရှိတာ တွေ့ရပါတယ်။ သူနဲ့ အတူ စာကူသင်ပေးဖို့ မဝေေ၀ ဆိုတဲ့ ဆရာမလေး တယောက်လည်း ရှိပါတယ်။

သူ့ကျောင်းရဲ့ ထူးခြားချက်ကတော့ ကလေးတွေနဲ့ ဆရာရဲ့ကြားက ဆက်ဆံရေးပါပဲ။ ဆရာတပည့် ပုံစံနဲ့ စာသင်နေတာ မဟုတ်ဘဲ အပြန်အလှန် မေးခွန်းထုတ်လိုက်၊ ဆွေးနွေးလိုက်နဲ့ ကလေးတွေအားလုံ တက်ကြွ ပျော်ရွှင်နေတာ တွေ့ရတယ်။

“အမေနဲ့အဖေမှာ ဘယ်သူက အင်အားပိုကြီးလဲ။ ယောက်ျားနဲ့ မိန်းမ ဘယ်သူက အင်အားကြီးလဲ” လို့ ဆရာက မေးတော့ ၅ နှစ် အရွယ် ယောက်ျားလေး တယောက်က “အမေက ထမင်းလည်း ချက်ရတယ်၊ ရေလည်း ထမ်းရတယ်၊ အ၀တ်လည်း လျှော်ရတယ်။ အမေက ပို အင်အားကြီးတယ်” လို့ ဖြေဆိုတာ ကြားရတယ်။ ကျန်သူတွေလည်း သူတို့ သိတာကို လွတ်လွတ်လပ်လပ် ဖြေဆိုကြပါတယ်။

မနက် ၈ နာရီကနေ ညနေ ၃ နာရီအထိ ဆက်တိုက်သင်တာ ဖြစ်ပေမယ့် ကလေးတွေရဲ့ ပုံစံက ပျင်းရိနေတဲ့ ပုံမတွေ့ရ ပါဘူး။ စာသင်တာ၊ သီချင်းဆိုတာ၊ အားကစား၊ ဘောလုံးကန်တာ စတာတွေကို တခုပြီးတခု သင်ပေးထားတော့ ပျင်းရမယ့် အချိန် ရှိပုံ မပေါ်ကြပါဘူး။

စာသင်ကျောင်း ခြံဝန်းထဲမှာ အပေါ်အောက် လျှောစီးနိုင်တဲ့ စင်လေးတခုနဲ့ ခေါင်မိုး တခုပေါ်မှာတော့ ပုခက်စီးနိုင်တဲ့ ကြိုး ၅ ခုလောက်ကို တွဲလောင်းချထား ပါတယ်။ တချို့က စာသင်နေတဲ့ အချိန်မှာ၊ တချို့က ခေါင်မိုးအထိ ခြေထောက်မီအောင် ပုခက်ကို အားကုန် လွှဲနေကြတာ တွေ့ရတယ်။

စာသင်တယ် ဆိုတာထက် သူသိထားတဲ့ ဗဟုသုတတွေ၊ ကမ္ဘာကြီးမှာ နေ့စဉ် ဖြစ်ပျက်နေတာတွေကို ကမ္ဘာ့ မြေပုံနဲ့တကွ ရှင်းပြ ပေးတယ်လို့ နံရံမှာ ကပ်ထားတဲ့ ကမ္ဘာ့ မြေပုံကို ညွှန်ပြပြီး ကိုဝင်းချိုက ပြောပါတယ်။

ကမ္ဘာကြီးမှာ နေ့စဉ် ဖြစ်ပျက်နေတဲ့ ဘေးဒုက္ခတွေ၊ လူထုအုံကြွမှုတွေ၊ မြေငလျင် လှုပ်ခတ်မှုတွေကို ကလေးတွေက သိနေတဲ့ အပြင် ပြဿနာ ပေါင်းစုံ ဖြစ်နေတဲ့ အရှေ့အလယ်ပိုင်း ဒေသက ဘုရင်တွေ၊ သမ္မတ တွေရဲ့ နာမည်တွေကိုပါ ကလေး
တွေက သိနေကြပါတယ်။

ကလေးတွေဟာ နေ့စားအလုပ်သမားတွေရဲ့ ကလေးတွေ ဖြစ်ပြီး ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ကြတဲ့အတွက် ယဉ်ကျေးမှု နည်းပါးမယ်လို့ ထင်ရပေမယ့် လက်တွေ့မှာတော့ အတော်ကြီး ယဉ်ကျေးသိမ်မွေ့တာ တွေ့ရပါတယ်။

ကလေးတွေရဲ့သဘာဝအရ သူစိမ်း ဧည့်သည် မြင်ရင် ခပ်စိမ်းစိမ်း အကဲခတ် နေတတ်တဲ့ အကျင့် ရှိတတ်ပေမယ့် ကိုဝင်းချိုရဲ့ ကျောင်းသားတွေ ကတော့ ကျောင်းထဲကို ၀င်လာတဲ့ ဧည့်သည်တွေကို ဖော်ဖော်ရွေရွေ ကြိုဆိုပြီး ရင်းရင်းနှီးနှီးပဲ စကားတွေ ပြောကြပါတယ်။

“သားက ဒီမှာ ကျောင်းတက်ရတာ ပျော်တယ်။ ဆော့လည်း ဆော့ရတယ်၊ အရုပ်တွေလည်း ဆွဲရတယ်” လို့ ၆ နှစ်အရွယ် မောင်မျိုးဇော်က ပြောပါတယ်။

ကင်မရာ ထုတ်ပြီး နီးစပ်ရာ ကလေးတချို့ကို ဓာတ်ပုံရိုက်တော့ စုပြုံ ရောက်လာကြပြီး အရှက်အကြောက်မရှိဘဲ ပုံစံမျိုးစုံနဲ့ ဓာတ်ပုံ အရိုက်ခံကြပါတယ်။ ရိုက်ပြီးတဲ့ သူတို့ရဲ့ ဓာတ်ပုံတွေကိုလည်း အလုအယက် ပြန်ကြည့်ပြီး တယောက် မျက်နှာ တယောက်ကြည့်ရင်း ရယ်မောမဆုံး ဖြစ်နေကြပါတယ်။

သူတို့ဟာ မြန်မာနိုင်ငံက ILBC လို နိုင်ငံတကာ ကျောင်းမျိုးက ကလေးတွေနဲ့ ဂုဏ်ပကာသနချင်း ပြိုင်ရင်တော့ မိုးနဲ့ မြေလို ကွာခြားပေမယ့် လွတ်လပ်တဲ့ စိတ်၊ ပျော်ရွှင်မှုတွေ ကတော့ ILBC ကျောင်းက ကလေးတွေထက် အဆပေါင်း များစွာ သာလွန်ပါတယ်။ သူတို့မှာ ဘာ ပြိုင်ဆိုင်မှုမှလည်း မတွေ့ရပါဘူး။

ILBC မှာ တက်နေတဲ့ ကလေးတွေရဲ့တလအတွက် ကျောင်းလခဟာ အနည်းဆုံး ကျပ် ၁ သိန်းခွဲ ရှိပေမယ့် ဆူးပုပ်ခြံ က ကလေးတွေ ကတော့ တလကို ဘတ် ၃၀ (ကျပ် ၉၀၀) လောက်တောင် မတတ်နိုင်လို့ အစအဆုံး အခမဲ့ သင်ပေး ထားရတာပါ။

အဓိက ကွာခြားနေတာ တခုကတော့ ILBC က ကလေးတွေရဲ့ အနာဂတ် ပညာရေးဟာ ရာနှုန်းပြည့်နီးပါး သေချာနေပေမယ့် “ဆူးပုပ်ခြံ” က ကလေးတွေရဲ့ အနာဂတ် ပညာရေးကတော့ လုံးဝ သေချာမှု မရှိတာပါဘဲ။

ဘာကြောင့်လဲ ဆိုတော့ နေ့စား လက်လုပ်လက်စား မိဘတွေ ပြောင်းရွှေ့ရာကို လိုက်ပါသွားကြရမှာ ဖြစ်ပြီး ကိုယ့်နိုင်ငံ မဟုတ်တဲ့အတွက် ပညာရေးက သူ့တို့အတွက် မသေချာလို့ပါပဲ။ သူတို့ ဘယ်အတန်း ရောက်နေပြီ ဆိုတာလည်း မရှိပါဘူး။

မြန်မာနိုင်ငံကနေ အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေဟာ သန်းနဲ့ချီ ရှိနေပါတယ်။ ရောက်နေတဲ့သူ အများစုဟာလည်း ပညာအရည်အချင်း နည်းပါးသူတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ ရရာ အလုပ်ကို လုပ်ကိုင်ရင်း ဘ၀ကို ရပ်တည်နေကြရတာပါ။ အထူးသဖြင့် မဲဆောက်မြို့မှာရှိတဲ့ မြန်မာနိုင်ငံသား အများစုဟာ စက်ရုံ အလုပ်ရုံတွေမှာ လုပ်ကိုင်ကြရပြီး တချို့ကတော့ ကြုံရာကျပန်း လုပ်ကြပါတယ်။

တနေ့ဝင်ငွေ ထိုင်းဘတ် ရာဂဏန်းတောင် မရှိလှတဲ့ မိဘတွေရဲ့ ၀င်ငွေ၊ နေရာအတည်တကျ မရှိမှုတွေကြောင့် ကလေးတွေရဲ့ ပညာရေး မချောမွေ့တာဟာ အထူးအဆန်း မဟုတ်တော့ပါဘူး။

“သမီးက နောက်နှစ် ဒီကျောင်းမှာ မတက်တော့ဘူး။ ကျောင်းပြောင်းမယ်လို့ အမေကြီးက ပြောတယ်” လို့ မပီတပီ စကားသံလေးနဲ့ ၅ နှစ်အရွယ် မိန်းကလေး မဖူးပွင့်က ဆိုပေမယ့် ဘာကြောင့် ကျောင်းပြောင်းရမယ် ဆိုတာတော့ သူသိပုံမရပါဘူး။

သူ့မိဘတွေက အလုပ်အခြေအနေအရ အိမ်ပြောင်းကြရမှာဖြစ်တဲ့အတွက် သူ့မိဘသွားရာ လိုက်ရမှာပါ။

မိဘတွေဟာ သူတို့ စာမတတ်ပေမယ့် မွေးထားတဲ့ ကလေးတွေကိုတော့ စာတတ်စေချင်တဲ့စိတ် အပြည့်ရှိတယ်လို့ ကိုဝင်းချိုက ပြောပါတယ်။ ဒါကြောင့်လည်း ကျောင်းရှိတဲ့ နေရာတွေကို ရှာဖွေပြီး ကျောင်း လာအပ်ကြတယ်လို့ ဆိုပါတယ်။

“အရမ်းထက်တဲ့ ကလေးတွေရှိပေမယ့် အဲဒီလို မသေချာတဲ့ သူတို့ဘ၀တွေ ကြောင့်ပဲ သူတို့အပေါ်မှာ ကျနော် ဘာမျှော်လင့်ချက်မှ မထားရဲဘူး။ သူတို့ရှိနေတဲ့ အချိန်မှာပဲ အကောင်းဆုံး သင်ပေးလိုက်ဖို့ စိတ်ကူးထားတယ်” လို့ ကိုဝင်းချိုက စိတ်မသက်သာတဲ့ လေသံနဲ့ ဆိုပါတယ်။

ကိုဝင်းချို ပြောသလိုပဲ သူ့ကျောင်းက ကလေးတွေဟာ အရာအားလုံးနီးပါးမှာ သွက်လက် ထက်မြက်နေကြတာ တွေ့ရပါတယ်။ ကလေးတွေရဲ့ အနေအထားအရ စာသာ တော်ကြာတာမဟုတ်ပဲ လူမှုဆက်ဆံရေး၊ ပန်းချီဆွဲ၊ သီချင်းဆိုတာ တွေကအစ တတ်မြောက် နေကြပါတယ်။

“လူ့ဘ၀မှာ ပညာရေးက အတော်ကို အရေးပါတယ်။ ဒါကြောင့်လည်း ကလေးတွေကို ပညာသင်ပေးဖို့ ဆုံးဖြတ်လိုက်တာပါ။ ဒါပေမယ့် ဒီကလေးတွေရဲ့ ပညာရေးကတော့ သူတို့မိဘတွေ အပေါ်မှာပဲ အဓိက မူတည်နေပါတယ်။ မနက်ဖြန် ဘယ်ပြောင်းရမယ် ဆိုတာ မသိဘူး” လို့ ကိုဝင်းချိုက ပြောပါတယ်။

ကလေးသဘာဝ အရ ရန်ဖြစ်တာတွေ၊ ပြောဆို မရတာတွေ တခါတလေ ရှိတတ်ပေမယ့် မရိုက်မိအောင် စိတ်ရှည်ရှည် ထားပေးရတယ်၊ စိတ်ရှည်မှ စာသင်လို့ ရမယ်လို့ ခံယူထားပြီး စာသင်ပေးနေတာပါလို့ ကိုဝင်းချိုနဲ့အတူ စာကူသင်ပေးနေတဲ့ ဆရာမ ဝေေ၀က ဆိုပါတယ်။ ကလေးတွေကို မရိုက်ဖို့ ကိုဝင်းချိုက ပြောထားတယ်လို့လည်း သူက ဆက်ပြောတယ်။

“ကျနော့် ကျောင်းရဲ့ဆောင်ပုဒ်က နံပတ်တစ် ပျော်ရွင်မှု ဖြစ်ရမယ်လို့ သတ်မှတ်ထားတယ်” လို့ ကိုဝင်းချိုက ပြောပါတယ်။ နောက်တခု အလေးထား သင်ပေးတာက စိတ်ဓာတ်ကောင်းဖို့ ဖြစ်တယ်ဆိုတဲ့အကြောင်းလည်း သူက ရှင်းပြတယ်။

“စနစ်တခု ပြောင်းဖို့၊ လွတ်လပ်ခွင့်ရဖို့ တော်လှန်ရေးဆိုတာ လိုကိုလိုအပ်တယ်ဗျ။ တော်လှန်ရေး ဆိုတာလည်း လက်နက်ကိုင်မှ မဟုတ်ဘူး။ ပညာရေးနဲ့တော်လှန်ဖို့ ဒီကလေးတွေကို ကျနော် သိတာတွေ၊ ကမ္ဘာ့ အဖြစ်အပျက်တွေကို သင်ပေးနေတာပါ” လို့ ကိုဝင်းချိုက အားမာန်အပြည့်နဲ့ ပြောဆိုပါတယ်။

“ဒီမိုကရေစီရဖို့ တိုက်ပွဲဝင်တယ်ဆိုရင် ကျဉ်းတယ်လို့ ကျနော်ထင်တယ်။ လွတ်လပ်ခွင့်ဆိုတာက ပိုအရေးကြီးတယ်” လို့လည်း ကိုဝင်းချိုက ဆက်ပြောပါတယ်။

ကလေးတွေကို စာသင်ပေးနေတဲ့ သူ့ရဲ့အပြုအမူ တချို့က ကလေးတွေအပေါ်မှာရော သူ့ရဲ့ အလုပ်အပေါ်မှာပါ အလေးအနက် ထားမှန်း သိသာပါတယ်။ စာသင်ချိန်၊ ဂီတ၊ သီချင်းဆိုတာတွေကို သတ်မှတ်ထားတဲ့ အချိန်အတိုင်း အတိမ်းအစောင်းမခံဘဲ ကွက်တိ လုပ်ဆောင် သွားတာ တွေ့ရတယ်။

ညနေ ကျောင်းဆင်းခါနီးမှာတော့ အင်္ဂလိပ်သီချင်းကို အရင်ဆိုပြီး ဆရာကြီး မင်းသုဝဏ် ရေးစပ်ခဲ့တဲ့ “ရွှေဥသြ” ကဗျာကို သီဆိုပါတယ်။ ဒီကဗျာက နွေရာသီ ကျောင်းပိတ်ချိန်ကို ရည်ညွှန်းထားတဲ့ ကဗျာလေး ဖြစ်ပါတယ်။ ဒီကဗျာကို သံပြိုင် သီဆိုပြီးတဲ့ နောက်မှာတော့ ကလေးတွေဟာ ပျော်ပျော်ပါးပါး ကျောင်းဆင်းကြပါ တော့တယ်။

အဲဒီလို ပျော်ရွှင်မှုမျိုးကို သူတို့တွေ ဘယ်ကာလအထိ ရကြမလဲ ဆိုတာကတော့ ဘယ်သူမှ အတိအကျ ပြောနိုင်သေးမယ် မထင်ပါဘူး။ ။

ယနေ့ မြန်မာ့ရေးရာ သတင်းများ March,16th,2010

( 36 )Clamp tightened on MPs questions

( 35 )ချင်းပါတီလွှတ်တော်အမတ်များတင်သွင်းသည့် အဆိုတချို့ပြန်ရုပ်သိမ်းခံရ

( 34 )Experts Help to Rebrand Burma’s Failed Dictatorship

( 33 )၁၀ တန်းကျောင်းသားအချင်းချင်းရိုက်နှက်မှုဖြစ်ပွား ၊ တဦး သေဆုံး

( 32 )Ten face execution for deadly robbery

( 31 )မြစ်ကြီးနားတွင် ဓါတ်ဆီဈေးတက်

( 30 )No change with aid project in Myanmar despite earthquake in Japan

( 29 )ပုဂ္ဂလိကပိုင်ပြုမှု ငွေခ၀ါချရေး အတွက် ဖြစ်နေ

( 28 )Beyond Aung San Suu Kyi: Rohingyas

( 27 )မြန်မာနိုင်ငံအနှံ့ မိုးသက်လေပြင်းကျမည်

( 26 )Shooting the revolution

( 25 )မသက်သက်အောင် ကျန်းမာရေး စိုးရိမ်ရ

( 24 )Myanmar: Council Urges to Address Grave Rights Abuses

( 23 )ထောင်မှလွတ်သည့် သီလရှင်များ သာသနာ့ဘောင် ပြန်ဝင်ခွင့်မရ

( 22 )မြန်မာအစိုးရသစ်ကို အစ္စရေးလ်ရောက်များ လက်မခံ

( 21 )EU diplomats talk sanctions with Suu Kyi

( 20 )နေပြည်တော် ကျောက်ပွဲ တည်းခိုရေး ခက်ခဲ

( 19 )၂ဝ ဦး ရွေးကောက်ပွဲဝင်ခွင့် တားမြစ်ခံရ

( 18 )Plan to lift Myanmar sanctions discussed

( 17 )မတ်လကုန်အထိ လေပြင်းတိုက်နိုင်

( 16 )ပတမဆုံးအကြိမ် ကရင်နီပြည်တွင် အခမဲ့ မျက်လုံးရောဂါ ဆေးရုံဆောက်

( 15 )Call for Permanent UN Burma Envoy

( 14 )ငလျင်ဒဏ်သင့် အနုမြူဓာတ်ပေါင်းဖိုမှာ ဓာတ်ငွေ့ပေါက်ကွဲမှု ဖြစ်ပွား

( 13 )Blatter Begins Visit to Second State of Tyranny 2011

( 12 )ဒေါ်အောင်ဆန်းစုကြည်နှင့် ပြင်သစ်ဘာသာ ကျောင်းသားများ တွေ့ဆုံ

( 11 )Activists in Israel rally to mark Burma’s human rights day

( 10 )တိုကျို မြန်မာသံရုံး အကူအညီပေးမှု အားနည်း

( 9 )Gales, thunderstorms likely to hit Burma during March

( 8 )စီးပွားရေးဒဏ်ခတ်မှု နှစ်ဘက်အယူအဆ EU နားထောင်

( 7 )Burmese Junta Clashes with Shan Rebels

( 6 )အင်တာနက်ပေါ်က ဖုန်းဆက်သွယ်မှု ပိတ်ထား

( 5 )India quizzed on Burma arms sales

( 4 )လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖော်ထုတ်ဖို့ မြန်မာအစိုးရသစ် တာဝန်ရှိ

( 3 )Aung San Suu Kyi: Message to migrant and refugee women from Burma on International Womens Day

( 2 )တိုကျိုရှိ မြန်မာတွေ စိုးရိမ်

( 1 )Burma's Highway of Death

Tuesday, March 15, 2011

တိုက်ပွဲနည်းလာသော်လည်း နအဖတပ်ဖွဲ့ဝင်များ ဆက်လက် မိုင်းထိမှန်နေ

စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ KNU ထိန်းချုပ်နယ်မြေ တပ်မဟာ(၇)နယ်မြေတွင် တိုက်ပွဲဖြစ်ပွားမှု နည်းပါးလာသော် လည်း ယခုရက်ပိုင်းအတွင်း မြေမြှုပ်မိုင်းကြောင့် နအဖ တပ်ဖွဲ့ဝင်များ ထိခိုက်မှုများ ဆက်လက် ရှိနေဆဲဖြစ်သည်ဟု သိရ သည်။

ကရင်ပြည်နယ်အတွင်း နအဖ လှုပ်ရှားတပ်ဖြစ်သည့် စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၁၂)လက်အောက်ခံ ခမရ(၅၄၆)တပ် ရင်းသည် မတ်လ ၁၁ရက်နှင့် ၁၂ရက်နေ့၌ လှိုင်းဘွဲမြို့နယ်၊ ကလို့ယိုချောင်း အနောက်ဘက်ခြမ်း ကလို့ယိုထာ့တွင် ကရင် အမျိုးသားအစည်းအရုံး(KNU)၏ မြေမြှုပ်မိုင်းထိမှန်၍ ၄ဦး ဒဏ်ရာရရှိခဲ့သည်ဟု KNU တပ်မဟာ(၇)ရုံးထိုင်မှူး ဗိုလ်မှူးစော အဲ့ဆဲဆဲက ကေအိုင်စီကို ယခုလို ပြောသည်။

“နအဖတပ်တွေ မတ်လ ၁၁ရက်နေ့က ကျနော်တို့ ဗုံးနဲ့ ၂ယောက်ထိတယ်။ တပ်ကြပ်တယောက်ပါတယ်။ တပ်ကြပ်က တော့ ခြေနှစ်ဖက်စလုံး ပြတ်သွားတယ်။ ၁၂ရက်နေ့မှာ ၂ယောက် ထပ်ထိတယ်။ ဗိုလ်တယောက် ပါတယ်။ ရဲဘော် ၁ ယောက် ပါတယ်။”ဟု ပြောသည်။

ထိုဒေသရှိ နအဖ လှုပ်ရှားတပ်များသည် ၎င်းတို့နောက်လိုက်နေသည့် BGF တပ်များ၏ရှေ့မှ လမ်းပြအဖြစ် သွားခဲ့သည့်အ တွက် ယခုလို မိုင်းထိမှန်ကာ ဒဏ်ရာရရှိခြင်းဖြစ်ကြောင်း နယ်ခြားစောင့်တပ်-BGF နှင့် နီးစပ်သူတဦးက ပြောသည်။

“အဲဒီနယ်မှာ လက်ရှိ လှုပ်ရှားနေတဲ့ စစ်တပ်က နယ်ခြားစောင့်တွေကို ရှေ့ပြေးလမ်းပြခိုင်းတယ်။ ဒါပေမဲ့ သွားမဲ့သူမရှိလို့ သူတို့ပဲသွားတော့ မိုင်းထိတာပေါ့။”ဟု ဆိုသည်။

ကရင်ပြည်နယ်အတွင်း KNU တပ်မဟာ(၆)၌လည်း မတ်လ ၁၀ရက်နေ့က ဝေါ်လေဒေသရှိ ကနဲလေးစခန်းအနီးတွင် နအဖ တပ်ဖွဲ့ဝင်များနှင့် ကရင်တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ တပ်ဘက်မှ ဒုဗိုလ်တဦး အပါအဝင် ၅ဦးသေ ဆုံးခဲ့ပြီး ၃ဦး ဒဏ်ရာရရှိခဲ့သည်။

နအဖ စစ်တပ်မှ မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် တွင် ဖြတ်လေးဖြတ် စစ်ဆင်ရေး ပြုလုပ်နေ

မောင်ရမ္မာ

မြန်မာနိုင်ငံ အနောက်ဖက် နယ်စပ်တလျှောက်တွင် နအဖ စစ်အစိုးရ စစ်သားများမှ တပ်ရင်း ၄ ရင်းဖြင့် ဖြတ်လေးဖြတ် စစ်ဆင်ရေး ပြုလုပ်နေသည်။

အဓိက အားဖြင့် ရခိုင်ပြည် လွှတ်မြှောက်ရေး တပ်မတော် ALA အပေါ်တွင် ဖြတ်လေးဖြတ် စီမံကိန်းဖြင့် စစ်ဆင်ရေး ပြုလုပ် နေခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ စီမံကိန်းကို ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က စတင်ခဲ့ကြောင်း သိရသည်။

“ သူတို့က အခုလက်ရှိ ဖြတ်လေးဖြတ် စစ်ဆင်ရေးကို ပြုလုပ်နေတာက အိန္ဒိယ-မြန်မာ နယ်စပ် တလျှောက်မှာ ပြုလုပ်နေတာ ဖြစ်ပါတယ်။ တပ်ရင်း ၄ ရင်း ပါဝင်ပြီးတော့ အဲဒီ တပ်ရင်းတွေကတော့ ခလရ ၃၄၊ ခလရ ၂၃၂၊ ခလရ ၂၈၉ နှင့် ခမရ ၅၈၀ တို့ ဖြစ်ကြပါတယ်” ဟု ရခိုင်ပြည် လွတ်မြောက်ရေး ပါတီမှ တွဲဘက် အထွေအထွ အတွင်းရေးမှူး၂ ခိုင်သုခမှ ပြောသည်။

ယခုကဲ့သို့ နအဖ စစ်တပ်မှ အိန္ဒိယမြန်မာ နယ်စပ်တလျှောက်တွင် ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် အပေါ် ဖြတ်လေးဖြတ်လုပ်နေသော်လည်း တစုံတရာ ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော် အပေါ် ထိခိုက်ခြင်း မရှိဟု သူက ပြောသည်။

“ အခုလို ဖြတ်လေးဖြတ်လုပ်တာက ကျွန်တော်တို့ကို ပြည်သူတွေနဲ့ အဆက်အသွယ် ဖြတ်တဲ့ သဘောပါဘဲ။ ဒါပေမယ့် ကျွန်တော်တို့ဖက်ကတော့ မပြတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ တပ်တွေက ပြည်သူတွေကို ဆေးဝါးအကူအညီ ပေးတာတွေ၊ ရိက္ခာပြတ်လတ်နေတဲ့ ပြည်သူတွေကို နိုင်သလောက် ရိက္ခာထောက်ပံ့ပေးတာတွေရှိတဲ့ အတွက် ရွာသားတွေနဲ့ တနည်းမဟုတ် တနည်း အဆက်အသွယ်တော့ ရှိနေပါတယ်။ ဒါကြောင့် အဲဒီနေရာမှာ စစ်ဆင်ရေးလုပ်နေတာကို ကျွန်တော် တို့ ALA အနေနဲ့ ကြုံရင်ကြုံသလို စစ်ဆင်ရေးကာလမှာဘဲဖြစ်၊ စစ်ဆင်ရေးနောက်ပိုင်းမှာဘဲ ဖြစ်ဖြစ် ဆက်ပြီးတော့ တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်။”

ဖြတ်လေးဖြတ် စစ်ဆင်ရေး အတွင်း ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် ALA ၏ ပြန်လည် တုန့်ပြန်တိုက်ခိုက်မှုကြောင့် နအဖ စစ်သား ၃ယောက် ကျဆုံးသွားပြီး ၂ယောက် ဒဏ်ရာရရှိသွားခဲ့ ကြောင်း တွဲဘက် အထွေအထွ အတွင်းရေးမှူး၂ ခိုင်သုခက ယခုကဲ့သို့ ဆက်ပြောသည်။

“ ဖြတ်လေးဖြတ် အတွင်း ကျွန်တော်တို့ တပ်တွေနဲ့ သူတို့ တပ်တွေ ထိပ်တိုက်တိုးတာတွေ ရှိပါတယ်။ ဒီလ ၈ ရက်နေ့ကဆိုရင် ငွေလက်ဝ ထိပ်တိုက်တိုးတယ်။ ရန်သူတွေက ရွာတွေမှာ တပ်သား ၇၀ လောက်စီ နေရာယူထားကြပါတယ်။ မတ်လ ၈ ရက်နေ့ နံနက် ၈ နာရီခွဲမှာ စပြီးတော့ ကျွန်တော်တို့နဲ့ ပစ်ခတ်မှုတွေ စဖြစ် တယ်။ အဲဒီတနေ့တည်းမှာဘဲ တိုက်ပွဲက ၃ ကြိမ်ဖြစ်ပါတယ်။ အဲဒီသုံးကြိမ်မှာ ရန်သူဖက်က ၃ ယောက် ကျဆုံးပြီးတော့ ၂ ယောက် ဒဏ်ရာရသွားပါတယ်။”

ယခုအခါ နအဖ စစ်ဆင်ရေးကြောင့် နယ်စပ်တလျှောက်တွင် ရှိသော ငွေလက်ဝ၊ အုန်းသီးဝ၊ ထန်း လိုင်ဝ၊ ဖွယ်လက်ဝအပါအ၀င် ကျေးရွာပေါင်း၂၀ နီးပါးမှ ကျေးရွာသားများမှာ တောင်ယာခုတ်ရန် သွား သောနေရာတွင်လည်း ထမင်းထုတ်များ၊ စားစရာများကို ယူဆောင်သွားခြင်း မပြုသည့်အပြင် စစ်ကြောင်းတွင် ပေါ်တာအဖြစ် လိုက်ပါဆောင်ရွက်နေကြရသဖြင့် အခက်အခဲများစွာနှင့် ကြုံတွေ့နေ ကြရသည်ဟု သိရှိရသည်။

၁၉၇၀ နှစ် မဆလ အစိုးရလက်ထက်တွင် ရခိုင်ရိုးမအတွင်း လှုပ်ရှားခဲ့သော ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ)၊ ရခိုင် လက်နက်ကိုင် တော်လှန်ရေး ပါတီမျာ နှင့် တခြားမြန်မာနိုင်ငံမှ KNU အပါအ၀င် လက်နက်ကိုင် တပ်ဖွဲ့များကို ဖြတ်လေးဖြတ် စစ်ဆင်ရေး ပြုလုပ်ခဲ့သည်။ အဆိုပါ စီမံကိန်းကြောင့် ရွာများတွင် စူးတပ် ကာရံရခြင်း၊ ကင်းစောင့်ရခြင်း၊ ရိက္ခာများကို လယ်တဲများသို့ မယူဆောင်ရခြင်း၊ စစ်တပ်ပေါ်တာအဖြစ် အသုံးပြုခံရခြင်း တို့ကြောင့် ပြည်သူများ အတွင်း အထူးအခက်အခဲများ ဖြစ်ပေါ်ခဲ့သည်။

ဖြတ်လေးဖြတ် စီမံကိန်းမှာ လက်နက်ကိုင် ပါတီများကို ရိက္ခာဆေးဝါး ဖြတ်ခြင်း၊ အဆက်အသွယ် ဖြတ်ခြင်း၊ ငွေကြေး ဘဏ္ဍာနှင့် လူစုဆောင်းခြင်းများကို ဖြတ်တောက်သည့် စစ်ဆင်ရေး ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ရေကာတာစီမံကိန်း များ ရပ်တန့်ပေးရန် BRN က တောင်းဆို

နန်းထူးစံ(ကေအိုင်စီ)

မြန်မာနိုင်ငံတွင် လက်ရှိ တည်ဆောက်ဆဲနှင့် တည်ဆောက်ရန်ရှိသည့် ရေကာတာစီမံကိန်းများကို ရပ်တန့်ပေးရန် မြန်မာနိုင်ငံ မြစ် ချောင်းများဆိုင်ရာကွန်ယက်(BRN)က မြန်မာစစ်အစိုးရနှင့် နိုင်ငံတကာ ရင်းနှီးမြှပ်နှံသူများအား ယနေ့ ကျရောက်လာသည့် နိုင်ငံ တကာ ရေကာတာဆန့်ကျင်ရေးနေ့တွင် ကြေညာချက်တစောင် ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။
ရေကာတာစီမံကိန်းများကြောင့် ဖြစ်ပေါ်လာသည့် နေရာပြောင်းရွှေ့မှု၊ လုပ်အားခိုင်းစေမှုများကို ဒေသခံလူထုက ရင်ဆိုင်ခံစားနေ ရပြီး ရေကာတာတည်ဆောက်မည့်ဒေသများတွင် စစ်မက်ဖြစ်ပွားမှုများ ရှိနေသည့်အတွက်ကြောင့် ရင်းနီးမြှပ်နှံသူများအနေဖြင့် ၎င်းတို့၏ စီမံကိန်းများကို ရပ်တန့်ပေးရန် တောင်းဆိုရခြင်းဖြစ်သည်ဟု BRN အဖွဲ့မှ အားနန်က ပြောသည်။

“အဓိက ပြောချင်တာက ၂၀၁၀ ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်းမှာ စစ်အစိုးရဘက်က ရေကာတာ တည်ဆောက်တာ တွေ့ရ တယ်။ ရေကာတာကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးဖြစ်တဲ့ အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းတာတို့ကို ပြည်သူလူထုတွေ ခံစားနေရပါ တယ်။ ရွေးကောက်ပွဲပြီးတဲ့နောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်အစိုးရကြားမှာလည်း တင်းမာလာမှုတွေ တွေ့မြင်ရ တယ်။ အဲဒီအတွက်ကြောင့် သံလွင်မြစ်ချောင်းက ကရင်ဒေသတွေဆို တိုက်ပွဲဖြစ်ပွားတဲ့အတွက်ကြောင့် ဒေသခံလူထုတွေ အများ အပြား ထိုင်းဘက်ကို ထွက်ပြေးခဲ့ရပါတယ်။ အဲဒီအတွက်ကြောင့် ရင်းနှီးမြှုပ်နှံသူတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်း ကုမ္ပဏီတွေ ကို အဲဒီစီမံကိန်းတွေ ရပ်တန့်ဖို့ တောင်းဆိုရတာဖြစ်တယ်။”ဟု သူမက ကေအိုင်စီကို ပြောသည်။

မြန်မာနိုင်ငံတွင် တည်ဆောက်ဆဲနှင့် တည်ဆောက်ရန်ရှိသည့် ရေကာတာစီမံကိန်းပေါင်း (၂၅)ခုရှိပြီး အဆိုပါစီမံကိန်း အများစု သည် တိုင်းရင်းသားဒေသများတွင် တည်ရှိသည်။

၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း ကရင်ပြည်နယ်ရှိ နယ်စပ်ဒေသများတွင် စစ်အစိုးရနှင့် ကရင်လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ပိုမိုဖြစ်ပွားသည့်အတွက် သံလွင်မြစ် ဟတ်ကြီးရေကာတာ တည်ဆောက်မည့်နေရာတ၀ိုက်ရှိ သောင်းနှင့်ချီသော ဒုက္ခ သည်များ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

၎င်းအပြင် အခြား သျှမ်း၊ ကချင်နှင့် ကရင်နီဒေသများတွင် ရေကာတာစီမံကိန်းများ တည်ဆောက်လျှက်ရှိနေပြီး အဆိုပါဒေသများ တွင် စစ်အစိုးရက ထိုးစစ်များ အသစ်ဆင်နွဲရန် ပြင်ဆင်မှုများ ရှိနေသည်ဟု ယနေ့ ထုတ်ပြန်သည့် BRN ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ကရင်ပြည်နယ်မြောက်ပိုင်း သံလွင်မြစ်တလျှောက်ရှိ ဟတ်ကြီးရေကာတာတည်ဆောက်မည့် ဒေသတ၀ိုက်ရှိ ဒေသခံ လူထုများ စုစည်းကာ ရေကာတာစီမံကိန်း ရပ်တန့်ရေးအတွက် ၎င်းတို့ကိုးကွယ်ယုံကြည်ရာ ဘာသာများဖြင့် ဆုတောင်းပွဲများ ယနေ့ ပြုလုပ်ခဲ့ကြသည်။

အကျည်းတန် မှန်ကြောက်

ဟန်လေး

ဘလတ္တာ နေပြည်တော် သွားမည်

ရန်ပိုင်

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ မစ္စတာ ဆတ် ဘလတ္တာ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် တရားဝင် ခရီးအဖြစ် မနက်ဖြန် နေ့လယ်တွင် မန္တလေးမြို့ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အထူးလေယာဉ်ဖြင့် လာရောက်မည်ဖြစ်သည်။

ခရီးစဉ် ရည်ရွယ်ချက်မှာ မန္တလေးမြို့၌ FIFA၏အကူအညီဖြင့် တည်ဆောက်ထားသည့် ဘောလုံးအကယ်ဒမီ သင်တန်းကျောင်းဖွင့် လှစ်ပေးရန် ဖြစ်သော်လည်း နေပြည်တော်သို့ သွားရောက်ကာ နောင်အစိုးရသစ်တွင် သမ္မတဖြစ်လာမည့် လက်ရှိ ၀န်ကြီးချုပ် ဦးသိန်းစိန်နှင့် တွေ့ဆုံမည်ဟု သိရသည်။

ထိုသို့ အစိုးရအသစ်တွင် သမ္မတဖြစ်လာမည့် လက်ရှိ ၀န်ကြီးချုပ် ဦးသိန်းစိန်က FIFA ဥက္ကဋ္ဌအား တွေ့ဆုံခြင်းသည် အရပ်သား အစိုးရသစ်ကို ပွဲထုတ်ရန် ကြိုးစားခြင်းဖြစ်သည်ဟု ရန်ကုန်သံတမန်အသိုင်းအ၀န်းတွင် ပြောဆိုနေကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင်လည်း ရေးသားထားသည်။

ထို့အပြင် မစ္စတာ ဘလတ္တာအား ၀န်ကြီးချုပ် ဦးသိန်းစိန်သာမက စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း လက်ခံ တွေ့ဆုံနိုင်သည်ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကမူ မစ္စတာ ဘလတ္တာ ၏ ခရီးစဉ်သည် မန္တလေးမြို့တွင် တည်ဆောက်ထားသည့် ဘောလုံး အကယ် ဒမီ ကျောင်း ဖွင့်ပွဲ တက်ရောက်ရန်၊ လက်ရှိ မြန်မာ ဘောလုံးလောကနှင့် ပတ်သက်၍ ဘောလုံးအဖွဲ့ချုပ်၏ ဆောင်ရွက်နေမှုများကို စစ်ဆေးရန် ဖြစ်သည်ဟု ပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုးက ပြောသည်။

ယင်း ဘောလုံးအကယ်ဒမီကျောင်းကို လွန်ခဲ့သည် ၈ လ ခန့်ကတည်းက ဖွင့်လှစ်ခြင်းဖြစ်ပြီး အသက် ၁၁ နှစ်အောက်၊ ၁၃ နှစ် အောက်၊ ၁၅နှစ် အောက် ဟူ၍ အတန်းသုံးတန်းခွဲထားကြောင်း၊ တတန်းလျှင် ကျောင်းသား ၃၀ဖြင့် စုစုပေါင်း ကျောင်းသား ၉၀ အား ဘောလုံးပညာ သင်ပေး နေကြောင်း သိရသည်။

“ကျောင်းသားတွေကို ကျောင်းအိပ်ကျောင်းစား ထားတယ်၊ အ၀တ်အစားဆင်ပေးတယ်၊ အစိုးရကျောင်းမှာ စာသင်ပေးပြီး ပညာ သင် ထောက်ပံကြေး ပေးတယ်”ဟု ဦးစိုးမိုးက ဆိုသည်။

ယခု ဖွင့်လှစ်သည့် ဘောလုံးအကယ်ဒမီသည် FIFA ထောက်ပံ့ငွေဖြင့် ဆောက်လုပ်သည်ဟု ဆိုသော်လည်း ကုန်ကျစရိတ် များပြား သည့်အတွက် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် နှင့် တခြားသော စီးပွားရေး ကုမ္ပဏီကြီးများ၏ ထောက်ပံ့ငွေလည်းပါဝင်ကြောင်း ဦးစိုးမိုးက ပြောသည်။

အားကစားသတင်းများကို ဖော်ပြနေသည့် Soccermyanmar အင်တာနက်စာမျက်နှာတွင် ယခုဘောလုံးအကယ်ဒမီဆောက်လုပ် ရန် FIFAမှ ထောက်ပံ့သည့်ငွေမှာ အမေရိကန်ဒေါ်လာ ၄သိန်းသာရှိပြီး ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၂.၅သန်းနီးပါး ကုန်ကျကြောင်း ဦးဇော်ဇော်က ပြောသည်ဟု ရေးသားထားသည်။

နောင်လာမည့် ဘောလုံးအားကစား စီမံကိန်းများအတွက် ထောက်ပံ့ငွေများကိုလည်း FIFAထံမှ ထပ်မံတောင်းခံသွား မည်ဖြစ်ကြောင်း လည်း ဖော်ပြထားသည်။

ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် စစ်အစိုးရနှင့် နီးစပ်သည်ဟု နာမည်ကျော်ကြားပြီး အထူးသဖြင့် အသစ်ဖြစ်ပေါ်လာမည့် အစိုးရ အဖွဲ့တွင် ဒု သမ္မတဖြစ်လာမည့် လက်ရှိ အတွင်းရေးမှူး ၁ သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် အလွန်ရင်းနှီးသူ စီးပွာရေး လုပ်ငန်းရှင်ကြီး တဦးဖြစ်သည်။

ထို့အပြင် ဦးဇော်ဇော်သည် လာမည့် ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတွင် ပြုလုပ်မည်ဆိုသော SEA GAME အတွက် ရည်ရွယ်ပြီး နေပြည် တော်၌ တည်ဆောက်နေသည့် ဘောလုံးကွင်း ၂ကွင်း နှင့် အားကစားရွာတည်ဆောက်ခွင့်ကိုပါ ရထားသူဖြစ်ပြီး အာရှတွင် အကြီး ဆုံး စီးပွားရေး ဇုန်ဖြစ်လာမည်ဟု ပြောဆိုနေသည့် ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ခွင့် အပါအ၀င် အစိုးရနှင့် ပတ်သက် သည့် စီးပွားရေး လုပ်ငန်းတချို့ကို လုပ်ကိုင်ခွင့်ရထားသူဖြစ်သည်။

မစ္စတာ ဘလတ္တာသည် ဘောလုံးအကယ်ဒမီဖွင့်လှစ်ပေးပြီးနောက် ရန်ကုန်မြို့သို့ ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်မြို့ သုဝဏ္ဏ အား ကစားကွင်းရှိ တိုးချဲ့ထိုင်ခုံများ လွှဲပြောင်းပေးအပ်ပွဲကို တက်ရောက်မည်ဖြစ်သည်။ ထို့အတွက်လည်း ယမန်နေ့က အတွင်းရေးမှူး ၁ သီဟ သူရ ဦးတင်အောင်မြင့်ဦး သွားရောက်ကြည့်ရှုကြောင်း ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

လက်ရှိ မြန်မာဘောလုံးအဆင့်မှာ အရှေ့တောင်အာရှ ဒေသအတွင်းရှိ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီယားတို့၏ နောက်တွင်ရှိပြီး FIFA သတ်မှတ်ချက်အရ ၁၆၁ အဆင့်တွင်သာ ရှိသည်။

နေပြည်တော်ဒီဇိုင်း (၂)

အောင်သူငြိမ်း

(မသန်မစွမ်းသူများကဏ္ဍ)

နေပြည်တော်မှာရှိတဲ့ လွှတ်တော် အဆောက်အအုံကြီးဟာ အင်မတန်ခန့်ညားပြီး စနစ်ကျနတဲ့အကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက လွှတ်တော်အမတ် ဦးခင်ရွှေ ရေဒီယိုတခုမှာ ပြောသွားတာ ကြားရတယ်။ အမြင်အရလည်း အတော်လည်း ကြီးကျယ်ခန်းနားပါတယ်။ အိမ်နီးချင်းနိုင်ငံတွေကတောင် မနာလို ဖြစ်ရလောက်အောင် ကြီးကျယ်အောင် ဆောက်ထားတဲ့ လွှတ်တော်လို့ ဆိုနိုင်တယ်။ ဒါတင် မကပါဘူး။ နေပြည်တော် မြို့တော်သစ်မှာ တခုလုံး၊ ဝန်ကြီးဌာနရုံးတွေ၊ ပန်းခြံဥယျာဉ်တွေ၊ ရေကန်ရေပန်းတွေ၊ ဂေါက်ကွင်းဆိုလည်း ၂ ခု စသဖြင့် ငွေကုန်ကြေးကျ အမြောက်အမြား အကုန်ခံပြီး ဆောက်ထားတာ မြန်မာ့ရုပ်မြင်သံကြားမှာ နေ့တိုင်းလိုလို တွေ့နေရတယ်။

ဒါပေမဲ့ ဧရာဝတီမဂ္ဂဇင်းမှာ ကိုထက်အောင်က ရေးခဲ့ဖူးတယ်။ နေပြည်တော်ဆိုတာ "အတုအယောင်မြို့၊ အသက်ဝိဉာဉ် ကင်းမဲ့နေတဲ့မြို့၊ လူမှုရေးအရ တုံ့ပြန်ဆက်သွယ်မှု ကင်းပနေတဲ့မြို့" (Synthetic, soulless and (town) desperately devoid of social interaction) ဆိုပြီး ရေးခဲ့ဖူးတယ်။ အခု ဇန်နဝါရီလ ၃၁ ရက်နေ့က လွှတ်တော်စတော့ ကျနော် စပ်စပ်စုစု သိချင်နေတဲ့ ကိစ္စတခုရှိတယ်။ ဒီလိုနဲ့ လွှတ်တော်ထဲ ရောက်နိုင်သူတွေကိုလည်း ကျနော် လူကြုံနဲ့ မေးရတာ အမောပါ။ ကျနော်သိချင်နေတာက ဒီလွှတ်တော် အဆောက်အအုံကြီးမှာ မသန်မစွမ်းသူတွေ အသုံးပြုနိုင်ဖို့ ကိရိယာ၊ တန်ဆာပလာတွေ ပါသလားပေါ့။ ရန်ကုန်ဆိုတာက မြို့ဟောင်းကြီးဆိုတော့ ထားပါတော့။ ပြင်ရဆင်ရ ခက်ခဲတယ်။

နေပြည်တော်ဆိုတာက မြို့တော်သစ်ဆိုတော့ မြို့အသစ်၊ အဆောက်အအုံအသစ်တွေမှာ ဒီလိုကိစ္စမျိုးတွေက ထည့်သွင်းတည်ဆောက်ရ မခက်ပါဘူးလို့ ထင်မိတယ်။ မြို့တော်သစ်ကြီး တည်ဆောက်တဲ့အခါ ခေါင်းဆောင်တွေက ဦးနှောက်ပြေးရင် ပြေးသလို ပိုလို့ အရည်အသွေးကောင်းအောင်၊ မြင့်အောင် တည်ဆောက်နိုင်ပါတယ်။ သဘာဝ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေတဲ့မြို့၊ အဆောက်အအုံတွေဆိုလည်း စွမ်းအင်လောင်စာ သိပ်မသုံးရတဲ့ ဒီဇိုင်း (energy efficient design) စသဖြင့် တည်နိုင်သေးတယ်။ (ဆိုလိုတာက သဘာဝအလင်းရောင် သုံးတာ၊ မလိုအပ်ရင် အဲယားကွန်ဒီးရှင်းတွေ သိပ်မသုံးရတာ၊ စွန့်ပစ်ပစ္စည်းတွေ နည်းအောင် စသဖြင့် ကြံဆတည်ဆောက်တဲ့ ဒီဇိုင်းမျိုးပါ။)

ဒီနေရာမှာ ကျနော်ပြောတဲ့ မသန်မစွမ်းသူတွေအတွက် တန်ဆာပလာ disabled facilities တွေ ဆိုတာကတော့ မျက်မမြင်တွေ သွားလာနိုင်ဖို့ ပလက်ဖောင်းပေါ်မှာ အမှတ်အသား အဖုကလေးတွေ၊ ဘီးတပ်ကုလားထိုင်နဲ့ သွားလာနိုင်ဖို့ ဆင်ခြေလျှောတွေ၊ သူတို့သုံးဖို့ ရေအိမ်ဆိုလည်း ပိုမိုကျယ်ဝန်းတဲ့ ရေအိမ်၊ အဆောက်အအုံ ၂ ထပ် ဖြစ်လာရင်လည်း အပေါ်တက်ဖို့ ဓာတ်လှေကားတွေ စသဖြင့်ပါ။

ဘယ်လိုဖြစ်လို့ ဒီကိစ္စတွေ ကျနော် စိတ်ဝင်စားလာသလဲဆိုတော့ အမေရိကန်၊ ဝါရှင်တန်မြို့မှာ ရှိနေစဉ်က ဂီတဖျော်ဖြေပွဲ တခုကို ရောက်ရာက အတွေးဖြစ်လာမိတာပါ။ ဂီတပွဲမှာ ပျော်နေသူတွေ ပျော်နိုင်သလို၊ မသန်မစွမ်းသူတွေလည်း ပျော်နိုင်အောင် လက်သင်္ကေတနဲ့ အခုဆိုနေတာ ဘာသီချင်းပါ ဆိုတာမျိုး တယောက်က သင်္ကေတပြနေတာ တွေ့တော့ ကျနော် ကြည်နူးလိုက်ရတာ၊ လူသားဘဝရဲ့ အရည်အသွေး quality of life ဆိုတာ ဒါပါလား... ဆိုတာလည်း သဘောပေါက်လာမိတယ်။ တိုးတက်ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာက မသန်မစွမ်းတဲ့ သူတို့တွေအတွက် ကားတွေမှာလည်း ဘီးတပ် ကုလားထိုင် တက်နိုင်အောင် လုပ်ထားပေးရတယ်။ ကားရပ်ဖို့ နေရာမှာတောင် သူတို့အတွက် နေရာသီးသန့်၊ အဲဒါအပြင် ကိစ္စအများမှာ သူတို့ကို မသန်မစွမ်းသူဖြစ်လို့ ခွဲခြားဆက်ဆံတယ်၊ နှိမ်တယ်ဆိုရင်တောင် အစိုးရအထိ တရားစွဲဆိုနိုင်တဲ့ အခွင့်အရေးတွေ ရှိကြတယ်။

ဂျပန်လိုနိုင်ငံမှာလည်း ဒီလိုမသန်မစွမ်းတွေအတွက် တန်ဆာပလာတွေ ထားပေးတာ တွေ့ရတယ်။ တရုတ်နိုင်ငံမှာ တွေ့ရတော့ ကျနော် အံ့သြနေတယ်။ ဒါပေမဲ့ တရုတ်မိတ်ဆွေက ပြောတယ်။ ဒါဟာ Housing code (အိမ်ဆောက်ရင် လိုက်နာရမယ့် စည်းမျဉ်း) တွေ လေတဲ့။ အဆောက်အအုံတွေ၊ လမ်းတွေ၊ ရုံးတွေ ဆောက်တိုင်း မဖြစ်မနေ လိုက်နာရမယ့် ဥပဒေပြဋ္ဌာန်းထားလို့ လိုက်နာဆောင်ရွက်တာလို့ ပြောတယ်။ သူတို့တွေက ဒီလိုတန်ဆာတွေ ရှိနေလို့ ရှိနေမှန်းတောင် သတိမထားမိကြဘူး။ တခါက ဒီအကြောင်း စကားစပ်မိလို့ ပြောတဲ့ ဗီအိုအေက ဦးဝင်းအောင်ကြီးကလည်း သူရုရှားမှာ နေခဲ့တဲ့ အတွေ့အကြုံအရ ရုရှားမှာလည်း အခုလို မသန်မစွမ်းတွေအတွက် တန်ဆာပလာတွေ ရှိကြောင်း ဖလှယ်ဝေငှလာတယ်။ သူက "ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ စစ်နိုင်ပေမယ့် ဆိုဗီယက်ယူနီယံမှာ ဒုက္ခိတစစ်သားတွေ၊ မသန်မစွမ်းသူတွေ အများကြီး ကျန်ခဲ့တယ်။ သူတို့အတွက် မဖြစ်မနေ လုပ်ပေးရတာ" လို့ ရှင်းပြတယ်။

တကယ်တော့ လူဆိုတာ အိုနာတတ်ကြတော့ တချိန်အိုရင်၊ နာရင် ဒီလိုအခွင့်အရေးတွေ မခံစားရ မရှိလေအောင် လုပ်ထားတာလို့လည်း သဘောပေါက်မိတယ်။

အကြင်နာကင်းကင်း မြို့ကြီး နေပြည်တော်

ဒီလိုနဲ့ နေပြည်တော်အကြောင်း မိတ်ဆွေတွေကို မေးကြည့်တယ်။ ဝန်ကြီးဌာနရုံးတွေမှာ အဲသလို မသန်မစွမ်းသူတွေအတွက် တန်ဆာပလာတွေ ထည့်သွင်းထားတာ မရှိဘူးဆိုတာ ရောက်ဖူးသူတွေက ရှင်းပြကြတယ်။ မြန်မာနိုင်ငံထဲမှာ မသန်မစွမ်းသူတွေအရေး လှုပ်ရှားနေသူတဦးနဲ့ တွေ့တော့ သူက ပြောပြတယ်။

"လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဝန်ကြီးရုံးမှာတော့ ကျနော်တို့ တိုက်တွန်းတောင်းဆိုလို့ ထားပေးပါတယ်။ ကျန်တဲ့ ဝန်ကြီးဌာနတွေမှာ မရှိပါဘူး" တဲ့။ ရှိတဲ့ လူမှုဝန်ထမ်းဝန်ကြီးဌာနမှာတောင်မှ အခုလို ဘီးတပ်ကုလားထိုင် တက်နိုင်တဲ့ ဆင်ခြေလျှောတွေက ယာယီသဘော အရှင်ထားတာ၊ ပွဲလမ်းရှိမှသာ တပ်ဆင်တယ်။ မရှိတဲ့ အချိန်ဖြုတ်ထားတယ်တဲ့။

ဒီလိုနဲ့ အခု လွှတ်တော်အဆောက်အအုံ အသစ်ကြီးအကြောင်း မေးကြည့်မိတယ်။ " ခင်ဗျားဗျာ... စိတ်ကူးယဉ်လိုက်တာ" လို့ မေးခံရသူ မိတ်ဆွေက ကျနော့်ကို ဝေဖန်တယ်။ "အခု လွှတ်တော်အမတ်တွေ လှေခါးလျှောက်တက်နေရတာ တီဗီမှာ မြင်တယ်မဟုတ်လား" လို့ ပြန်ပြောပြတယ်။ လွှတ်တော်အမတ်တွေက အဆောင်ကနေလာရင် ကားစီးလာ၊ ကားက ငလိုက်ချောင်းကို ဖြတ်ထိုးထားတဲ့ တံတားတဖက်မှာ ရပ်ကြရတယ်။ ပြီးတော့ တံတားကိုဖြတ်၊ တဖာလုံနီးပါးလောက် လမ်းလျှောက်ကြရတယ်။ လုံခြုံရေး စစ်ဆေးခံ၊ အတွင်းရောက်မှ တခါ ဘတ်စ်ကား ထပ်စီးရတယ်။ လွှတ်တော် အဆောက်အအုံကြီးကိုတော့ မသန်မစွမ်းသူတွေအတွက် ဆင်ခြေလျှော မပြောနဲ့၊ အခု သူတို့သမ္မတတွေ၊ သက်ကြားအို စစ်ခေါင်းဆောင်တွေတောင် လမ်းလျှောက်တက်နေရတယ်ဆိုပြီး ရှင်းပြလေတယ်။

လွှတ်တော်ဒီဇိုင်းကပါ ပြဿနာ ရှိလာလေပြီလားလို့ ထင်မိတယ်။ အခု လွှတ်တော် အဆောက်အအုံဆောက်ဖို့ လုပ်ကြတော့ အတွင်းရေးမှူး (၁) သီဟသူရ ဦးတင်အောင်မြင့်ဦးက ကြီးကြပ်ရတယ်။ အခု ဆောက်လုပ်ရေးဝန်ကြီးအဖြစ် နာမည်တင်သွင်း အတည်ပြုခံရတဲ့ ဦးတင့်ဆန်း အပိုင် ACE ကုမ္ပဏီက ကန်ထရိုက်ရတယ်။

ကျနော်စဉ်းစားမိတာကတော့ လွှတ်တော်ဆိုတာက နိုင်ငံခြားခေါင်းဆောင် ဧည့်သည်တွေလည်း လာနိုင်တယ်။ ဒီအခါ ပေါ်တီကို (ဆင်ဝင်) အောက်အထိ ကားတက်လို့ ရနိုင်တဲ့ အနေအထား ဖြစ်သင့်တယ်။ ကားတံခါးဖွင့်ဆင်း၊ တခါထဲ အဆောက်အအုံထဲဝင် ဆိုတာမျိုး ဖြစ်သင့်တယ်။ လုံခြုံရေးအရလည်းကောင်း၊ ပိုလည်း သင့်မြတ်တယ် ထင်မိတယ်။ အခုတော့ နိုင်ငံရပ်ခြားက ခေါင်းဆောင်တွေလာရင်တောင် တဖာလုံလောက် လမ်းဆင်းလျှောက်ရတော့မယ်။ တခါ လွှတ်တော်ကိုရောက်ဖို့ လှေခါးထစ်တွေ ထပ်ပြီး ဟောဟဲလိုက် တက်နေရတော့မယ်။ (ချွင်းချက်။ အမျိုးသားလွှတ်တော် အဆောက်အအုံတခုမှာတော့ ဆင်ဝင်ထဲ ကားတက်နိုင်တဲ့ ဒီဇိုင်းပုံစံရှိတာ တွေ့ရတယ်။ ကျန်တဲ့ လွှတ်တော် ပင်မ အဆောက်အအုံကြီးမှာတော့ မရှိဘူး)။ (အဲဒါအပြင် ဖွဲ့စည်းပုံအရလည်း ပြဿနာရှိနေတယ် ထင်မိတယ်။ နိုင်ငံအများမှာ သမ္မတအိမ်တော်တွေကို သီးသန့် တခမ်းတနား ထားကြတယ်။ အမေရိကန် သမ္မတအိမ်ဖြူတော်လို ဟာမျိုးပေါ့။ အခုတော့ သမ္မတ အိမ်တော်၊ ဒု-သမ္မတအိမ်တော်တွေကို လွှတ်တော်ဝင်းထဲ စုထားတာ တွေ့ရတယ်။ သမ္မတရုံး သီးသန့်လိုမျိုး နေရာခွဲခြား မထားဘူး။ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတွေ ထိုင်တဲ့ ရုံးကျတော့ လွှတ်တော်ဝင်းအပြင်ပမှာ သီးခြားကြီး ရောက်နေပြန်တယ်။ စကားချပ်)

တကယ်တော့ အခုလွှတ်တော်တည်ထားပုံက မသန်မစွမ်းသူတွေအရေး လုံးဝထည့်စဉ်းစားထားပုံ မရှိဘူးလို့ ကျနော် မြင်မိတယ်။ တကယ်တော့ နေပြည်တော်တခုလုံးကလည်း ထည့်သွင်းစဉ်းစားတဲ့ပုံ မရှိပါဘူး။ သူတို့အတွက် အကြင်နာ ခပ်ကင်းကင်းလို့ ပြောရင်တောင်ရတယ်။ မကြာသေးမီ ရက်ပိုင်းက လွှတ်တော်မှာ ဆွံ့အ နားမကြားသူတွေအတွက် ရုပ်မြင်သံကြားမှာ ဟန်ပန်သင်္ကေတသုံး ထုတ်လွှင့်ပေးဖို့ အောက်လွှတ်တော်အမတ် ဦးကြည်မြင့် (လသာ) မေးခွန်းထုတ်တာ ကြားရတော့ သူ့ကို ချီးကျူးမိသေးတယ်။ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကတော့ ဒီဟန်ပန်သင်္ကေတကိုလည်း မြန်မာနိုင်ငံမှာ ဖတ်တတ်သူ နည်းပါတယ်တဲ့၊ အဆင်သင့်ရင် လုပ်ပေးပါ့မယ်တဲ့။ (တကယ်တော့လည်း မြန်မာနိုင်ငံမှာ ဆွံ့အနားမကြားကျောင်း -၂ (အစိုးရ - ၁၊ စေတနာ့ဝန်ထမ်း - ၁) သင်တန်းသား (၁၆၄+ ၁၃ဝ) ပဲ ရှိတာ မဟုတ်လား)။

မသန်မစွမ်းသူများအရေး

သူတို့အရေးကိစ္စ ဘာဖြစ်လို့ ရေးကြီးခွင်ကျယ် လုပ်ပြောနေရသလဲလို့ မေးခွန်းထုတ်စရာ ရှိတယ်။ အခုနောက်ပိုင်း နိုင်ငံတကာမှာ သူတို့ကို မသန်မစွမ်းသူ disabled လို့တောင် မခေါ်ကြတော့ပါဘူး။ သူတို့ရဲ့ လူ့ဂုဏ်သိက္ခာအတွက် တနည်းတဖုံအားဖြင့် သန်စွမ်းသူများ differently abled လို့ ပြောင်းခေါ်လာကြတယ်။ အခြေအနေတခုခုကြောင့် ကိုယ်ကာယ မသန်စွမ်းမှုရှိမယ်။ အခြားတနေရာရာ၊ တကဏ္ဍမှာတော့ သူ့ထက်ကဲ တနည်းနည်း စွမ်းဆောင်နိုင်သူများလို့ ဆိုချင်ပုံ ရပါတယ်။ တကယ်တော့ သူတို့အားလုံးဟာ လူသားတွေဖြစ်တဲ့အလျောက် လူသားပီပီ၊ အခြားသူများ ခံစားရနိုင်သလို သူတို့လည်း ရပိုင်ခွင့်အရေး ရှိပါတယ်။ လူတိုင်းက မဲပေးနိုင်၊ ရွေးချယ်တင်မြှောက်ခံနိုင်ရင် သူတို့လည်း မဲပေးပိုင်ခွင့်၊ ရွေးချယ် တင်မြှောက်ခံပိုင်ခွင့်၊ အမတ်ဖြစ်ပိုင်ခွင့်၊ နိုင်ငံခေါင်းဆောင်ဖြစ်ပိုင်ခွင့် ရှိပါတယ်။ အနည်းဆုံး အစိုးရနဲ့ ပတ်သက်တဲ့၊ ပြည်သူအများနဲ့ ပတ်သက်တဲ့ ရုံးပြင်ကန္နားအားလုံးမှာ သူတို့သွားရောက် ထိတွေ့နိုင်ခွင့် မရှိရ မဖြစ်စေရလေအောင် အခုလို မသန်မစွမ်းသူများ အသုံးပြုနိုင်တဲ့ တန်ဆာပလာတွေကို ထည့်သွင်းထားပေးဖို့ တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။ လူအများက သတင်းသိရှိပိုင်ခွင့် ရှိသလို၊ သူတို့လည်း သိရှိပိုင်ခွင့်ရှိတဲ့ အတွက်ကြောင့် ရုပ်မြင်သံကြားတွေမှာ သင်္ကေတ ဟန်ပန်သုံး ဖော်ပြပေးကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မသန်မစွမ်းသူအရေအတွက်က မနည်းပါဘူး။ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP က လူဦးရေရဲ့ ၂.၉ % ရှိတယ်လို့ ခန့်မှန်းထားတယ်။ (အစိုးရစာရင်းတွေအရ လူဦးရေ ၃. ၃၂ % ရှိပါတယ်)။ အဲသည်တော့ ခန့်မှန်း လူဦးရေ ၃ သန်းလောက်က ရုပ်ပိုင်းဆိုင်ရာအရ ကိုယ်ကာယ တနည်းတဖုံ ချို့ယွင်းကြတယ်လို့ ဆိုနိုင်တယ်။ မြန်မာနိုင်ငံ လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဖူလုံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင် အဆိုအရတော့ ၂.၃ သန်း ရှိတယ်လို့ မြန်မာတိုင်းမ်စ် သတင်းစာမှာ ဖတ်ရပါတယ်။ ဒီအထဲကမှ အများစု ၅၅ % ဟာ အသက် ၁၆ နဲ့ ၆၅ ကြားတွေ ဖြစ်ကြပါတယ်။



သူတို့အများစုဟာ ဘဝအခြေအနေ တိုးတက်အောင် ဆောင်ရွက်နိုင်ဖို့ အခွင့်အလမ်း အတော်နည်းပါးပါတယ်။ အစိုးရ ဝန်ကြီးဌာန ကိုယ်၌ကလည်း ဘတ်ဂျက်မှာ ဦးစားပေးတာ မခံရပါဘူး။ ရန်ပုံငွေ မဖြစ်စလောက်နဲ့ လည်ပတ်နေရတာပါ။ မြန်မာနိုင်ငံ မသန်မစွမ်းသူများအသင်း (Myanmar Physically Handicapped Association--MPHA) က တာဝန်ခံတဦးက "မြန်မာနိုင်ငံမှာ ရှိနေတဲ့ မသန်မစွမ်းသူတွေရဲ့ တဝက်ကျော်က အသက် ၁၆ နဲ့ ၆၅ ကြားတွေပါ။ ဒီအသက်အုပ်စုဟာ လူမှုအဖွဲ့အစည်းအတွက် သိပ်အရေးပါပါတယ်။ သူတို့သာ သန်စွမ်းနိုင်ကြရင် နိုင်ငံအတွက် တာဝန်ထမ်းဆောင်နိုင်ကြမှာပါ။ အခုတော့ မသန်မစွမ်းသူတွေကို အသိအမှတ်မပြုကြသလို၊ အလုပ်ရဖို့လည်း ခက်ပါတယ်။ အစိုးရက သူတို့တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ စီစဉ်ပေးသင့်ပါတယ်။ လုပ်ငန်းခွင် သင်တန်းတွေလည်း ပေးသင့်ပါတယ်" လို့ အကြံပြုပြောခဲ့တာ အလဲဗင်း ဝိကလီမှာ ဖတ်ခဲ့ရဖူးတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ မသန်မစွမ်းသူ ၈၅ % မှာ အလုပ်အကိုင် မရှိကြပါဘူး။ သူတို့ဘာသာ ရှာကြံရပ်တည်နေကြရပါတယ်။ အခုလို မသန်မစွမ်းသူတွေထဲမှာ စစ်တပ်အတွင်းက မိုင်းကြောင့်၊ ဒဏ်ရာကြောင့် မသန်မစွမ်း ဖြစ်လာသူ ရဲဘော်ဟောင်း တပ်ဖွဲ့ကြီးကလည်း အင်အားထပ်ဖြည့်နေပါတယ်။

မြန်မာနိုင်ငံမှာ အမြင်အာရုံ ချို့ယွင်းနေသူတွေအတွက် ကျောင်း ၃ ခု (အစိုးရ - ၂၊ ကျောင်းသား ၁၄၄ ဦး)၊ အကြားအာရုံ ချို့ယွင်းနေသူတွေအတွက် ကျောင်း ၂ ခု (အစိုးရ - ၁ ကျောင်းသား ၁၆၄+ စေတနာ့ဝန်ထမ်း ၁)၊ ဉာဏ်ရည်ချို့တဲ့သူတွေ အတွက် ၁ ကျောင်း၊ အထွေထွေ ချို့တဲ့သူတွေအတွက် တကျောင်းပဲ မသန်မစွမ်းသူတွေအတွက် ပညာရေး စီစဉ်ထားတာ ရှိပါတယ်။ သူတို့အတွက် အထူးပြုကျောင်းတွေဆိုတာလည်း မရှိသလောက်ပါ။ ဒီကိန်းဂဏန်းတွေက တပ်မတော်အစိုးရ လက်ထက် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်း (၂ဝဝ၉ အထိ) ဆိုတဲ့ စာအုပ်က ရယူထားတာပါ။ တကယ်ရှိနေတဲ့ မသန်မစွမ်းသူတွေရဲ့ တကယ့်အနည်းအကျဉ်းမျှကိုသာ ဝန်ထမ်းပေးနိုင်တာကို တွေ့ကြရပါလိမ့်မယ်။

ဥပဒေအရ ကာကွယ်ပေးမှု

မြန်မာနိုင်ငံမှာ မသန်မစွမ်းသူများအရေး ဆောင်ရွက်နေကြတဲ့သူတွေက မြန်မာအစိုးရအနေနဲ့ မသန်မစွမ်းသူများအခွင့်အရေး နိုင်ငံတကာ သဘောတူညီချက် Convention on the Rights of Person Disabilities (CRPD) ကို လက်မှတ်ရေးထိုးဖို့ တိုက်တွန်းနေကြတာ ကြာပါပြီ။ အခုအချိန်အထိ မြန်မာအစိုးရဘက်က မကြားနိုင်သေးပါဘူး။ အလေးထား စဉ်းစားတာ မရှိသေးပါဘူး။ ဝမ်းနည်းစရာပါ။ အဲဒါအပြင် မသန်မစွမ်းသူတွေ အခွင့်အရေးအတွက် အထူးပြဋ္ဌာန်းပေးထားတဲ့ ဥပဒေတွေလည်း မရှိပါဘူး။ အကယ်၍ ကုလသမဂ္ဂရဲ့ CPRD သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ရင် ၂ဝ၁၂ ခုနှစ် (လာမယ့်နှစ်) မှာ မသန်မစွမ်းသူတွေရဲ့ ၆၅ % ကို အလုပ်အကိုင် ဖန်တီးပေးရဖို့ အကြောင်းရှိနေပြီး၊ သူတို့အခွင့်အရေးတွေကိုလည်း လေးစားလိုက်နာရမှာမို့လို့ပါ။ အစိုးရတရပ်ရဲ့ တာဝန်ကို ရှောင်ချင်တာလည်း ပါပါလိမ့်မယ်။

MPHA ဥက္ကဋ္ဌ ဦးမြတ်ဦးကတော့ "မသန်မစွမ်းသူတွေရဲ့ အခွင့်အရေးတွေကို အာမခံပေးမယ့် ဥပဒေတွေ မရှိပါဘူး။ ကျနော်တို့ကတော့ မသန်မစွမ်းသူတွေ အကျိုးဖြစ်ထွန်းစေမယ့် ဥပဒေပြဋ္ဌာန်းချက်တွေ ရှိလာစေဖို့ မျှော်လင့်နေပါတယ်" လို့ မျှော်လင့်အိပ်မက်နေတာ မြန်မာတိုင်းမ်စ် ဂျာနယ်မှာ ဖတ်ခဲ့ရတယ်။

အခြားနိုင်ငံတကာ အဖွဲ့အစည်းတွေမှာဆိုရင် ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာတောင် မသန်မစွမ်းသူတွေရဲ့အရေး ဘက်စုံ ထည့်သွင်းစဉ်းစားပြီး၊ ဘဏ္ဍာငွေသုံးစွဲပုံကအစ ခွဲဝေထားဖို့ စဉ်းစားနေကြပါတယ်။ "ဘရာတစ်စ်လာဗာ (Bratislava) ထုတ်ပြန်ကြေညာချက်နှင့် မကြာသေးမီက အခြားထုတ်ပြန်ကြေညာချက်များအရ မသန်မစွမ်းသူများ အပြည့်အဝ ပါဝင်ဆောင်ရွက်ခွင့် မရှိလျှင်၊ ထောင်စုနှစ်ဆိုင်ရာ ဖွံ့ဖြိုးရေးရည်မှန်းချက်များ ပြည့်မီရန် အကြောင်းမရှိပါ" ဆိုပြီး ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေမှာ မသန်မစွမ်းသူတွေလည်း အခြားလူများနည်းတူ ပါဝင်ဆောင်ရွက်ခွင့် ရစေဖို့ တောင်းဆိုနေကြတယ်။ စီမံကိန်းတွေရဲ့ ဘတ်ဂျက် ၅ % ကို မသန်မစွမ်းသူတွေအတွက် လျာထားဖို့ တောင်းဆိုနေကြတယ်။

ဒီလိုနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ မသန်မစွမ်းဆိုတာလေးများ ပါမလားလို့ လိုက်ရှာကြည့်မိတယ်။ ၂-ပိုဒ်တော့ တွေ့ ပါတယ်။

အခန်း ၁။ နိုင်ငံတော် အခြေခံမူများ၊ အပိုဒ် ၃၂ (က)။ နိုင်ငံတော်သည် မိခင်နှင့် ကလေးသူငယ်များ၊ မိဘမဲ့ကလေးများ၊ ကျဆုံးသော တပ်မတော်သားများ၏ ကလေးများ၊ အိုမင်းမစွမ်းသူများ၊ မသန်မစွမ်းသူများအား ကြည့်ရှုစောင့်ရှောက်ရ မည်။

(ခ) မသန်မစွမ်းဖြစ်လာသော တပ်မတော်သားများအား သင့်တင့်လျောက်ပတ်စွာ နေထိုင်စားသောက်နိုင်ရန် နှင့် အသက် မွေးဝမ်းကျောင်းပညာကို အခလွတ်သင်ယူနိုင်စေရန် စီမံဆောင်ရွက်ရမည်။

အခန်း ၇၊ တပ်မတော်၊ အပိုဒ် ၃၄၄။ "မသန်မစွမ်းဖြစ်သွားသော တပ်မတော်သားများနှင့် သေဆုံး သို့မဟုတ် ကျဆုံးသော တပ်မတော်သားများ၏ မိသားစုများအား ထောက်ပံ့စောင့်ရှောက်ရေးအတွက် ဥပဒေပြဌာန်းပေးရမည်။" ဆိုတာတွေ့ရ တယ်။ ကျန်တဲ့အခန်းတွေမှာတော့ လုံးဝ မတွေ့ရဘူး။ "နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ" ဆိုတဲ့ အခန်း-၈ မှာလည်း မသန်မစွမ်းဆိုတာ တပါဒမျှတောင် မတွေ့ရပြန်ဘူး။

တခါ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၅) "အထွေထွေပြဌာန်းချက်များ"? အပိုဒ် (၄၅၁) မှာ နိုင်ငံတော်သည် ဥပဒေပြုတွင် လည်းကောင်း၊ အုပ်ချုပ်ရာတွင်လည်းကောင်း၊ နိုင်ငံတော် အခြေခံမူများနှင့်အညီ အလေးဂရုပြု ဆောင်ရွက်ရမည်။ သို့ရာ တွင် ထိုသို့ဆောင်ရွက်စေရန် မည်သည့်တရားရုံးတွင်မျှ တရားစွဲဆိုခွင့် မရှိစေရ" ဆိုပြီး တံခါးပိတ်ထားပြန်တယ်။ မသန် မစွမ်း လူ ၃ သန်းအရေးအတွက် သွားပါလေရော...။ သူတို့အရေး ဆောင်ရွက်ပေးဖို့ ပျက်ကွက်ပြန်ရင်လည်း အစိုးရကို တရားစွဲဆိုဖို့ အကြောင်းမရှိတော့ဘူးလေ။ မသန်မစွမ်းသူတွေဟာ နိုင်ငံသားတွေမှ ဟုတ်ပါလေစ။ ကောင်းကြပါလေ ရော... ။

ယနေ့ မြန်မာ့ရေးရာ သတင်းများ March,15th,2010

( 25 )မြန်မာဒုက္ခသည်များ မိမိကိုယ်ကို ရပ်တည်နိုင်ရန် ပိုမိုကူညီမည်ဟု EU ပြော

( 24 )ရခိုင်ဆေးကျောင်းသားများနှင့် ဂီရိ ထောက်ပံ့ရေး ရံပုံငွေ ဂီတ ဖြေဖျော်ပွဲ ဂျပန်တွင် ပြုလုပ်

( 23 )ကချင် မြောက်ဖျား စစ်တပ်တိုးချ

( 22 )မေးခွန်းပါ အကြောင်းအရာကို အမတ်များ မပိုင်နိုင်

( 21 )Cyber war breaks new ground

( 20 )ထိုင်းမူဝါဒ ဒုက္ခသည်များ ရပ်တည်ရေးခက်ခဲ

( 19 )European Union plans to shift aid priorities in Thai refugee camps

( 18 )ပါတီထက် တိုင်းပြည်အနာဂတ်က ပိုအရေးပါကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောဆို

( 17 )China Burman India veterans honored

( 16 )လွှတ်တော်အမတ်များ၏ အဆိုပြုချက် မဲမခွဲရပဲ ပြန်ရုပ်သိမ်းရ

( 15 )Uncovering the Best of Burma: An Insider's Guide

( 14 )ရှေ့တန်းသို့ စစ်ပစ္စည်း ပို့ရာမှာ ပေါ်တာများ ပြန်သုံးနေ

( 13 )UN Expert Calls For Investigation of Rights Abuse in Burma

( 12 )ကပ်ဘေးသင့် ဂျပန်ရောက် မြန်မာများအတွက် သံရုံးအကူအညီ မရရှိ

( 11 )South-east Asia: Thousands strike in Burma and Vietnam

( 10 )မြန်မာဒုက္ခသည်များ ရေရှည်အကူအညီ လိုနေကြောင်း အီးယူ ပြောဆို

( 9 )Call to help Burmese people

( 8 )ဒီနှစ်ကုန် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည်

( 7 )Calls for UN Commission to Investigate Crimes against Humanity

( 6 )ငလျင်ဒဏ်သင့် ဂျပန်မှာ အနုမြူအန္တရာယ် အထူးစိုးရိမ်

( 5 )Burmese in Japan Prepare for Further Disasters

( 4 )စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေး နိုင်ငံရေးပါတီတချို့ တိုက်တွန်း

( 3 )EU Wants Burmese Refugees to Stand on Own Feet

( 2 )ဖုန်းမော်နေ့အအထိမ်းအမှတ် အမေရိကန်မှာ လှုပ်ရှား

( 1 )Junta, Shan army exchange fire again

Monday, March 14, 2011

blast at Fukushima nuke plant

Emergency at Onagawa nuclear plant, radiation 700 times over normal

ဧရာဝတီ အင်္ဂလိပ်ပိုင်းဝက်ဘ်ဆိုက် ဖောက်ထွင်းခံရ

နရီလင်းလက် Monday, 14 March 2011

စနေနေ့ မနက်ပိုင်းက ဧရာဝတီ သတင်းဌာန၏ အင်္ဂလိပ်ပိုင်း ၀က်ဘ်ဆိုက်သို့ ဖောက်ထွင်း ၀င်ရောက်ကာ တင်သွားသည့် သတင်းအတု ၂ ပုဒ်သည် နားလည်မှု လွဲမှားစေရန် အသေးစိတ်ရည်ရွယ် တိုက်ခိုက်မှုဖြစ်သည်ဟု ဧရာဝတီ သတင်းဌာနမှ တာဝန်ရှိသူများက ပြောဆိုလိုက်သည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီနှင့် ပြည်ပအခြေစိုက် မီဒီယာများ ပြဿနာ ပေါ်နေကြောင်း သတင်းနှင့် နာမည်ကြီး အဆိုတော်မေဆွိ သေဆုံးပြီဟူ၍ ဖန်တီးထားသည့် သတင်း ၂ ပုဒ်ကို ဧရာဝတီ အင်တာနက် စာမျက်နှာ အင်္ဂလိပ်ပိုင်း၏ လုံခြုံရေးကို ချိုးဖောက်ဝင်ရောက်ကာ တင်ခဲ့ခြင်းဖြစ်သည်။

ပထမ သတင်းတွင် မြန်မာ့ဒီမိုကရေစီ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကြောင့် ပြီးခဲ့သည့် နှစ်အတွင်းက ဧရာဝတီ သတင်းဌာနနှင့် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းဌာနတို့ကို အလှူရှင်များ ထောက်ပံ့နေသည့် ငွေကြေး ၃ ပုံ ၁ ပုံ ခန့် ဆုံးရှုံးရသည်ဟု ရေးသား ဖော်ပြထားသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်ပြီး ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်က ယခု တိုက်ခိုက်ခံရမှုသည် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ယူဆပြီး ပထမ သတင်းပါ အချက်အလက်များကို ကြည့်ပါက အဖွဲ့အစည်းနှင့် သတင်းပါ ပုဂ္ဂိုလ်များ အကြား ရှုပ်ထွေးသွားစေရန်၊ နားလည်မှုလွဲစေရန်၊ ထိခိုက်ပျက်ဆီးစေရန် ရည်ရွယ်ချက် ပါရှိသည်ဟု ပြောသည်။

“ဧရာဝတီကနေ လွန်ခဲ့တဲ့ ၂ လ၊ ၃ လက ဗိုလ်ချုပ်မှူးကြီးနဲ့ တခြား စစ်ဗိုလ်ချုပ်တွေရဲ့ မိသားစုဝင်တွေ အဂတိလိုက်စားတဲ့ အတွင်းရေး သတင်းတွေကို မင်းတြားကြီး သန်းရွှေနှင့် နေပြည်တော် ခိုးသားများ ဆိုပြီး နေပြည်တော် ထိပ်တန်း ခေါင်းဆောင်တွေ အကြောင်းရယ်၊ ရွေးကောက်ပွဲကာလတုန်းက တောက်လျောက် သတင်းတွေ တင်ခဲ့တာတွေရယ် ရှိတယ်။ ပါလီမန် အကြောင်း၊ ရွေးကောက်ပွဲ အကြောင်းတွေကို သေသေချာချာ ထောက်ပြဝေဖန်ပြီး ရေးသားခဲ့တယ်။ ဒီဟာတွေကို တုန့်ပြန်တဲ့ အနေနဲ့ စစ်အစိုးရနဲ့ သူတို့ကို လိုလားတဲ့ သူတွေက စိတ်ဓာတ် စစ်ဆင်ရေးသဘော၊ ဒါမှမဟုတ် Cyber warfare ပုံစံနဲ့ တုန့်ပြန်တယ်လို့ ယူဆရပါတယ်။ ဒီလို တိုက်ခိုက်ဖို့ကို အသေအချာ တာဝန်ပေးပြီး သူတို့ဘက်က တိုက်ခိုက်တယ်လို့ ယူဆရပါတယ်” ဟု ကိုအောင်ဇော်က ဆိုသည်။

ဧရာဝတီ သတင်းဌာန၏ မန်နေဂျာ ကိုဝင်းသူက “ကျနော်တို့ ၀က်ဘ်ဆိုက်ရဲ့ System မှာ အားနည်းချက်တွေ ရှိသလို အခု ခေတ်မှာက ဧရာဝတီမှ မဟုတ်ပါဘူး၊ CIA လို အဖွဲ့အစည်းတွေမှာတောင် အတိုက်ခံရတာမျိုးတွေ ရှိတယ်ဆိုတော့ သိပ် အဆန်းကြီးတော့ မဟုတ်ဘူးထင်တယ်။ ကျနော်တို့အနေနဲ့ အဓိက လုပ်သင့်တာ ဘယ်လိုထပ်ပြီး ကာကွယ်ရမယ် ဆိုတာနဲ့ ဘယ်သူတွေ လုပ်တာလဲ ဆိုတာကိုဖော်ထုတ်ဖို့ကိုပဲ အဓိက ထားသင့်တယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

အဆိုပါ တိုက်ခိုက်သူသည် အင်္ဂလိပ်ပိုင်း ၀က်ဘ်ဆိုက်၏ Content Management Syetem (CMS) ထဲသို့ ၀င်ရောက်ကာ သတင်း ၂ ပုဒ် တင်သွားသောကြောင့် ယခင်ကဲ့သို့ DDoS (Distributed Denial of Service) ဖြင့်တိုက်ခိုက်ခြင်း မဟုတ်ဟု ကိုဝင်းသူက ပြောသည်။

ဧရာဝတီ သတင်းဌာန၏ အင်္ဂလိပ်ပိုင်းနှင့် မြန်မာပိုင်း ၀က်ဘ်ဆိုက် ၂ ခု စလုံးကို ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၂၆ ရက်နေ့က DdoS နည်းစနစ်ဖြင့် 4Gb ပမာဏအထိ ပြင်းပြင်းထန်ထန် တိုက်ခိုက် ခံခဲ့ရသည်။

“သူ ၀င်တင်သွားတဲ့ သတင်းအရေးအသားကို ကြည့်ရင် ဧရာဝတီအကြောင်းကို သိတဲ့သူ ဖြစ်သလို၊ ပုံမှန် ၀င်ဖတ်နေတဲ့ သူတယောက်လည်း ဖြစ်မယ်။ ဒီအတွက်လည်း ကျနော်တို့ ဘက်က သိရအောင် ဖော်ထုတ်ဖို့ ကြိုးစားနေတယ်” ဟု ကိုဝင်းသူက ပြောသည်။

“ရိုးရိုးလေးပဲ အရင်အကြိမ်တွေတုန်းက ဆိုက်ရဲ့ တည်ဆောက်ထားတဲ့ အခြေခံပိုင်းကို တိုက်ခိုက်တာ။ DDoS နည်းပညာနဲ့ပါ။ အခု တကြိမ်ကတော့ ဆိုက်ကို Host လုပ်ထားတဲ့ ဆာဗာမှာ ဗိုင်းရပ်စ် ကူးအောင် ပစ်မှတ်ထား လုပ်ဆောင်တာထက် ပိုပြီး ဧရာဝတီရဲ့ နာမည်နဲ့ ဂုဏ်သိက္ခာကို ကျစေချင်တာ ဖြစ်နိုင်တယ်” ဟု ပြည်ပအခြေစိုက် အိုင်တီ ကျွမ်းကျင်သူ တဦးက ဆိုသည်။

ဖန်တီးထားသည့် ဒုတိယမြောက် သတင်းမှာ ဧရာဝတီ သတင်းထောက်ဟောင်း Viloet Choအမည်တပ်ရေး သားထားသော အဆိုတော် မေဆွိ သေဆုံးသွားသည့် သတင်းဖြစ်သည်။ ယင်း သတင်းထောက်မှာ ၂၀၀၉ ခုနှစ် ကတည်းက ဧရာဝတီမှ ထွက်ခွာခဲ့ပြီး ဖြစ်၍ သြစတြေးလျတွင် ပညာသင်ကြားနေပြီ ဖြစ်သည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ ဒေါသဖြစ်ရခြင်း၊ စိတ် အနှောင့်အယှက်ဖြစ်ခြင်း၊ မကျေနပ်ခြင်း စသည်ဖြင့် သူ၏ အခွင့်အရေးကို ကျူးလွန်သည်ဟု ခံစားရကြောင်း မေဆွိက ၎င်း၏ facebook အကောင့်တွင် ရေးသားခဲ့သည်။

“ဘာကြောင့် ဒီဝက်ဘ်ဆိုက်ပေါ်မှာ တက်ကြည့်ပြီး အချိန်ကုန်ခံမလဲ။ သူတို့တွေက သေချာသုံးသပ် စိစစ်ပြီး တောင်းပန်ဖို့ သတ္တိမရှိဘူး။ ဒါကြောင့်မို့လို့ ဒီဝက်ဘ်ဆိုက်ရဲ့ ကျင့်ဝတ်နဲ့မညီတဲ့ ခေါင်းဆောင်တွေက ကြော်ငြာတွေနဲ့ လူကြည့်များပြီး ပိုက်ဆံ များများရအောင် ကျမတို့ရဲ့ အချိန်ကို ဖျက်ဆီးတာ” ဟု မေဆွိက ရေးသားထားသည်။

သို့ရာတွင် ပရိသတ် တချို့က အမေရိကန် နိုင်ငံကဲ့သို့ နည်းပညာဖွံ့ဖြိုးသော နိုင်ငံတွင် နေထိုင်နေသော အဆိုတော် မေဆွိက နာမည်ကြီး အင်တာနက် တိုက်ခိုက်ခံရမှုများနှင့် ပတ်သက်ပြီး မသိရှိခြင်းက ပြဿနာ ကြီးထွားလာစေခြင်းဖြစ်သလောဟု မေးခွန်း ထုတ်ထားသည်ကို အဆိုတော် မေဆွိ၏ facebook စာမျက်မှာတွင် ရေးတင်ထားသည်။

ဧရာဝတီ သတင်းဌာန၏ မန်နေဂျာ ကိုဝင်းသူက “ဒီသတင်းတွေဟာ ကျနော်တို့ တင်တာမဟုတ်ဘဲ ကျနော်တို့ Hack လုပ်ခံရ တာ ဖြစ်ပါတယ်။ မေဆွိ သတင်းအတွက်ရော၊ တခြားသတင်းမှာပါတဲ့ လူတွေအားလုံးအတွက် စိတ်မကောင်းပါဘူး” ဟု ပြော သည်။

ဧရာဝတီ၏ စာဖတ်ပရိသတ် နားလည်မှုလွဲကာ ဧရာဝတီ၏ နာမည်ကို ထိခိုက်စေသည့် တိုက်ခိုက်သူတို့၏ ရည်ရွယ်ချက် ပြည့်ကောင်း ပြည့်သွားနိုင်လိမ့်မည်ဟု ကိုအောင်ဇော်က ပြောသည်။

“ကျနော်တို့က သူတို့ရဲ့ ကစားကွက်ထဲကိုလိုက်ပြီး မကစားစေချင်ပါဘူး။ သူတို့က ဒီလို နားလည်မှု လွဲအောင်၊ အထင်အမြင် လွဲအောင် လုပ်တာဖြစ်တဲ့အတွက် သူတို့ ဖြစ်စေချင်တာကို လိုက်လုပ်လို့ မဖြစ်ပါဘူး။ အဓိက လုပ်ရမှာက နောက်ထပ် တိုက်ခိုက်လာတာတွေကို ကာကွယ်သွားမှာဖြစ်သလို၊ တိုက်ခိုက်မှုတွေကို စုံစမ်းပြီး Hacker ဘယ်သူလဲဆိုတာကို ဖော်ထုတ်သွားဖို့ပဲ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

ပါဆယ်ပို့သူများ ဓာတ်ပုံရိုက်ခံရမည်

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ မတ်လ ၁၄ ရက် ၂၀၁၁

ဗုံးထောင်မည့် စိုးရိမ်ချက်များကြောင့် အဝေးပြေးယာဉ် ရပ်နားစခန်းများတွင် ပါဆယ်ပို့လိုသူသည် ပစ္စည်းနှင့်တကွ ဓာတ်ပုံရိုက်၍ မှတ်တမ်းတင်ထားရန် ရန်ကုန်တိုင်း မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီက ညွှန်ကြားထားသည်။

ယာဉ်ပေါ်တင်မည့် ခရီးသည်များ၏ ပစ္စည်းများနှင့် ပါဆယ်အထုပ်များအား ဖွင့်ဖောက်ရှာဖွေရန်၊ ပစ္စည်းများအား ဓာတ်ပုံရိုက်ရန်နှင့် ခရီးသည်များကို ဗုံးရှာကိရိယာဖြင့် စစ်ဆေးကာ ပါဆယ်ပို့သူနှင့် ပါဆယ်ထုပ်အား တွဲဖက်၍ ဓာတ်ပုံရိုက်ကာ မှတ်တမ်းတင်ရန် စသည့် စည်းမျဉ်းများ ပါဝင်သည်။

မိုင်းရှာစက်များကို မတ်လ ၁၁ ရက် နောက်ဆုံးထား၍ FISCA Co.ltd မှ မဖြစ်မနေ ဝယ်ယူရမည်ဖြစ်ကြောင်းနှင့် မတ်လ ၁၄ ရက်နေ့မှစ၍ စစ်ဆေးမှု ပြုလုပ်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း မထသ ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်မှူးကြီး ဦးညွန့်ဝေ၏ လက်မှတ်ဖြင့် ညွှန်ကြားထားခြင်း ဖြစ်သည်။ ရန်ကုန်တိုင်း စစ်ဋ္ဌာနချုပ်၏ အမိန့်အရ ထပ်ဆင့် ညွှန်ကြားချက်ဟု တိုင်း မထသ အရာရှိတဦးက ပြောသည်။

စက်မှုဇုန် လောင်းကစားဝိုင်းများ စည်ကား

သင်းအောင် Monday, 14 March 2011

ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန် ပရဝဏ်၌ လောင်းကစား ၀ိုင်းမျိုးစုံတို့ နေ့၊ ညမပြတ် စည်ကားသိုက်မြိုက်စွာ ပြုလုပ်လျက် ရှိသည်ကို မြင်တွေ့ရသည်။

အထူးသဖြင့် လှိုင်သာယာစက်မှုဇုန် ဘုရားလမ်းမကြီးနံဘေး၊ ဇုန် ၃ အောင်ချမ်းသာလမ်းနှင့် ဇုန် ၄ အောင်မင်္ဂလာ လမ်းဆုံ ထိပ်များ၌ မြေပြင် လောင်းကစားဝိုင်းများ စည်ကားနေသည်။

“ရန်ကုန်တိုင်းထဲမှာ ဘယ်မြို့နယ်မှာမှ လောင်းကစားဝိုင်းတွေ အခုလို ပေါ်ပေါ်တင်တင် လုပ်လေ့မရှိဘူး။ လှိုင်သာယာ စက်မှုဇုန် မှာတော့ လမ်းဘေးမှာကို ပြောင်လုပ်နေကြတယ်။ အမှတ် ၅ ရဲကင်းက ရဲ ၂ ယောက် ၃ ယောက်လောက် ၀ိုင်းမှာ အမြဲရှိနေတယ်။ သူတို့တောင် တခါတလေ အလျော်အစား ၀င်လုပ်ပေးတတ်တယ်” ဟု လှိုင်သာယာ ရေဥက္ကံ ဈေးမှ ဈေးသည် တဦးက ဆိုသည်။

စီမံချက် အနေဖြင့် တိုင်း/ ခရိုင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တခါတရံ ၀င်ရောက် ဖမ်းဆီးလေ့ ရှိသော်လည်း ၎င်းတို့ပြန်သွားသည်နှင့် အဆိုပါ ကစားဝိုင်းများ ပြန်လည် အသက်ဝင်လာကြသည်ဟု ဒေသခံတို့က ပြောသည်။

“မတ်လ ၁၂ ရက် မနက်က ခရိုင်အဆင့်က ဆင်းဖမ်းတယ်။ ဇုန် ၃ ဗိုလ်ချုပ်လမ်းမပေါ်မှာ ကားနှစ်စီးနဲ့ ပိတ်ပြီး ဖမ်းတာ။ထိုးသားရော၊ ဒိုင်ရော ၄ ယောက် ဖမ်းမိသွားတယ်။ ဒါပေမယ့် ရဲတွေ ပြန်သွားပြီး နာရီပိုင်းမှာပဲ နောက်တ၀ိုင်း ထပ်ဖြစ်လာတယ်” မျက်မြင်တဦးက ဆိုသည်။

လှိုင်သာယာ စက်မှုဇုန်၏ လူစည်ကားရာ အဆိုပါနေရာများ၌ “ရောင်ပြန်” အမည်ရှိ လောင်းကစား နည်းများကို ရဲတင်းစွာ ပြုလုပ် နေကြကြောင်း၊ ယခင်က ခေတ်စားခဲ့သော ဂျုံးဂျုံးကျခေါ် အန်စာ ကစားနည်းကိုမူ မတွေ့မြင် ရတော့ကြောင်း၊ လှိုင်သာယာ စက်မှုဇုန် လောင်းကစား ၀ိုင်းများအနက် အောင်ချမ်းသာလမ်းထိပ်နှင့် အောင်မင်္ဂလာလမ်းထိပ် လောင်းကစား ၀ိုင်းများမှာ အကြီးကျယ်ဆုံး ဖြစ်ကြောင်း ဒေသခံတို့ အဆိုအရ သိရသည်။

“လှိုင်သာယာ စက်မှုဇုန်မှာက ဒေသတွင်း အလုပ်အကိုင် ရှားလို့ နေရပ်နဲ့ တောင်သူအလုပ်ကို စွန့်ခွာလာကြတဲ့ သူတွေများတယ်။ လောင်းကစား ဒိုင်တွေက ဗဟုသုတ နည်းပါးတဲ့သူတွေကို အခွင့်ကောင်းယူပြီး မသမာတဲ့နည်းနဲ့ ပိုက်ဆံ လိမ်ညာယူနေတာပါ” ဟု ဒေသခံတဦးက ပြောသည်။

အဆိုပါ လောင်းကစားဝိုင်းများကို စက်မှုဇုန်များ၏ နေရာအသီးသီး၌ တွေ့ရလေ့ရှိပြီး အလုပ်သမား မိသားစု အများဆုံးနေထိုင်ရာ ဇုန် ၃ နှင့် ဇုန် ၄ တွင် နံနက်ခင်းနှင့် ညပိုင်းရက်ဆက် ကျယ်ပြန့်စည်ကားစွာ ပြုလုပ်နေသည်ဟု သိရသည်။

ဒေသခံ တဦးက “လှိုင်သာယာ စက်မှုဇုန်မှာ လောင်းကစား မျိုးစုံရှိတယ်။ ချဲထီ၊ ဘောလုံး လောင်းကစားတွေက သိုသိုသိပ်သိပ်နဲ့ လူ သိပ် မမြင်ဘူး။ အခုလို အန်စာတို့၊ ရောင်ပြန် ကစားနည်းတို့က ထိုးသားတရုန်းရုန်း၊ အလျော်အစား အော်ကြီး ဟစ်ကျယ်နဲ့ မြင်မကောင်းဘူး” ဟု ပြောသည်။

လှိုင်သာယာ စက်မှုဇုန်အတွင်း စက်ရုံလုပ်သား၊ ကျပန်း အလုပ်သမားများသာ နေထိုင်ကြသည်ကို လောင်းကစားဒိုင်များက သိရှိထားကြောင်း၊ ထို့အတွက် ဒေသခံ ရဲ၊ လုံခြုံရေးများနှင့် နားလည်မှု ရယူကာ ကစားဝိုင်းများ ပြောင်ပြောင်တင်းတင်း ပြုလုပ်နေကြခြင်း ဖြစ်ကြောင်း၊ မြို့လယ်၊ မြို့ပြဒေသ မဟုတ်သည့် ကျေးလက်စရိုက် သဘာဝပုံစံ ဖြစ်နေသော လှိုင်သာယာ စက်မှုဇုန်သည် တရားဥပဒေစိုးမိုးမှု လက်လှမ်းမမီ ဖြစ်နေသည်ဟု ထင်ရကြောင်း ဒေသခံ တချို့က ပြောဆိုကြသည်။

ရေဥက္ကံမှ ဈေးဆိုင်ရှင် တဦးကလည်း “အောင်ချမ်းသာ လမ်းထဲက ရဲသတင်းပေး တယောက်ဆိုရင် စက်မှုဇုန်ထဲမှာ ချဲထီဒိုင်တွေ၊ အခုလို ရောင်ပြန် ကစားဝိုင်းတွေ၊ ဘိလိယက်ခုံ၊ ဇယ်တောက်ခုံပါမကျန် လိုင်းကြေး နေ့တိုင်း ကောက်တယ်။ အမှတ် ၅ ရဲကင်း၊ လှိုင်သာယာ မြို့နယ်ရဲစခန်းတွေကို လိုင်းကြေး အပ်အပြီးမှာ သူ့အတွက် ကျပ် ၂ သောင်းခွဲ၊ ၃ သောင်း နေ့တိုင်း ၀င်ငွေရှိတယ်” ဟု ရှင်းပြသည်။

ရန်ကုန်မြို့လယ်ရှိ လုပ်ငန်းရှင် တဦးကလည်း အခြေပျက်လာသည့် တောင်သူများသည် လောင်းကစားမှုကို ထွက်ပေါက် တခုအဖြစ် မြင်လာကြကြောင်း၊ စက်ရုံ၊ အလုပ်ရုံ ပိုင်ရှင်များ၏ အလုပ်ချိန်နှင့် လုပ်ခလစာ ခေါင်းပုံဖြတ်မှုများထဲမှ ရုန်းထွက် လိုခြင်းလည်း ဖြစ်နိုင်ကြောင်း ပြောသည်။

“ဒီလို လောင်းကစားမှုတွေကို ဒေသအာဏာပိုင်တွေက အသိပညာ မပေးတဲ့ အပြင်၊ အတိုင်းအတာ တခုအထိ အကာအကွယ် ပေးနေတော့ ဒိုင်တွေ၊ ထိုးသားတွေ ဆိုတာ မင်းမဲ့ စရိုက်ဆန်ဆန် ရဲတင်းလာကြတယ်။ နောက်ဆက်တွဲ ကတော့ ရာဇ၀တ်မှု ထူပြောလာတာပဲ” ဟု ၎င်းက ဆိုသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ ဂီရိ ကူညီရေး ဆက်လုပ်မည်

မင်းနိုင်သူ Monday, 14 March 2011

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) က ဦးစီး၍ ရခိုင်ပြည်နယ် ဂီရိမုန်တိုင်း ဒဏ်သင့် လူထုအတွက် ကူညီထောက်ပံ့ရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ALD ဥက္ကဌ ဦးသာဘန်းက“လောလောဆယ် ဂီရိဒဏ် အဆိုးရွားဆုံး ခံခဲ့ရတဲ့ မြေပုံမြို့နယ်အတွင်းက ကျေးရွာတွေမှာ ရေတွင်းတွေ တူးပေးမယ်။ လယ်သမားတွေကိုလည်း မျိုးစပါးတွေ ဝေငှသွားမယ်။ နောက်ပြီး မြေပုံမြို့မှာ အခမဲ့ဆေးခန်းတခန်း ဖြစ်မြောက်ဖို့လည်း ကြိုးစားနေတယ်။ ရန်ပုံငွေ ရရင် ရသလို အကူအညီပေးရေး လုပ်ငန်းတွေ ထပ်တိုးချဲ့သွားမှာပါ”ဟု ပြောသည်။

ဂီရိ ဆိုင်ကလုန်း မုန်တိုင်းသည် ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၂ ရက်နေ့က တနာရီလျှင် မိုင် ၁၂၀ ၀န်းကျင်ဖြင့် ရခိုင်ကမ်းရိုးတန်း ဒေသ တလျှောက် တိုက်ခတ်ခဲ့ရာ ကျောက်ဖြူ၊ မြေပုံ၊ မင်းပြား၊ မာန်အောင်၊ ပေါက်တော၊ ပုဏ္ဏကျွန်း၊ စစ်တွေ စသည့်မြို့နယ်များ၌ ပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့ပြီး လူ ၂ သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရာ လူ ရာဂဏန်းအထိ သေဆုံးမှုရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။

ဂီရိမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ လူဦးရေ တသိန်းခုနှစ်သောင်းကျော် အိုးအိမ်မဲ့ ခဲ့ရကြောင်း ၊ ကျောက်ဖြူ၊ ပေါက်တော၊ မြေပုံနှင့် မင်းပြားမြို့နယ်တို့မှာ ၉၀ ရာခိုင်နှုန်း နီးပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ထိုစဉ်က ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ပြည်တွင်း NGO အဖွဲ့များ၏ ထုတ်ပြန်ချက်များတွင် တွေ့ရသည်။

“ကျေးရွာတချို့မှာ ရေတွင်းတွေက ပင်လယ်ဆားငန်ရေ ၀င်သွားတဲ့အတွက် သောက်လို့မရသေးဘူး။ ဘယ်ကျေးရွာတွေက အလိုအပ်ဆုံးဖြစ်နေလဲဆိုတာ ကွင်းဆင်းကြည့်ပြီး လောလောဆယ် ရေတွင်း ၁၀ ခုလောက် တူးပေးသွားမယ်။ ဒေသနဲ့ လိုက်ဖက်မယ့် မျိုးစပါးတွေလည်း လှူဒါန်းသွားမယ်”ဟု ALD အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

အဆိုပါ ဂီရိဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးရန်အတွက် ALD နှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူမှုအထောက်အကူပြုအဖွဲ့ဝင်များလည်း လိုက်ပါသွားမည်ဖြစ်ကြောင်း သိရသည်။

“NLD က ဒေါက်တာမေ၀င်းမြင့်တို့လည်း ပါမယ်။ မြေပုံမြို့နယ် ၊ ကျီးခေါင်းတောင်ရွာမှာရှိတဲ့ ကျီးခေါင်းတောင်စေတီဟာ ဂီရိဒဏ်ကြောင့် ထီးတော် မြေခထားတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က တပေါင်းလပြည့်နေ့မှာ ထီးတော်ကို အသစ်ပြန်တင်လှူမယ်။ ဘေးပတ်ဝန်းကျင်ရွာတွေက သံဃာတွေကိုလည်း လှူဖွယ်ပစ္စည်းတွေ လှူဒါန်းကြမယ်”ဟု ဦးအေးသာအောင်က ပြောသည်။

ALD ပါတီ ဂီရိဒေသပြန်လည်ထူထောင်ရေးအတွက် ဂီရိဒဏ်သင့်ဒေသများသို့ ၃ ကြိမ် သွားရောက်လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရ သည်။

ALD ပါတီသည် NLD နှင့် မဟာမိတ်ဖွဲ့ထားသော တိုင်းရင်းသားပါတီ (၁၀) ပါတီအနက်မှ တခုဖြစ်ပြီး စစ်အစိုးရက ၁၉၉၂ ခုနှစ်
တွင် တရားဝင်အဖြစ်မှ ရပ်စဲကြောင်း ကြေညာခဲ့သည်။

ရခိုင်ပြည်နယ် ဂီရိမုန်တိုင်းဝင်ရောက်ပြီး ၁၆ ရက်အကြာတွင် ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို နိုဝင်ဘာ ၇ ရက်တွင် မကျင်းပ ဘဲ ရွှေ့ဆိုင်းရန် ALDက တောင်းဆိုခဲ့သော်လည်း နအဖ စစ်အစိုးရက ရွှေ့ဆိုင်းမပေးခဲ့ပေ။

ကိုရီးယားရောက် ရခိုင်လူငယ်များ ဂီရိဒဏ်သင့် ဘုန်းတော်ကြီးကျောင်း အတွက် ငွေလှူ

နိရဉ္စရာ

ကိုရီးယားနိုင်ငံတွင် ရောက်ရှိနေသော ရခိုင်လူငယ်များနှင့် ကိုရီးယားပြန် ရခိုင်လူငယ်များ စုပေါင်းပြီး လေဘေးဒဏ်ကို ခံခဲ့ရသော ကျောက်ဖြူမှ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း အတွက် အမိုးသွပ်ပြား ပေးပို့ လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

ကျောက်ဖြူမှ လူငယ် တစ်ဦးက “ ကျောက်ဖြူမြို့ အရာရှိ ရပ်ကွက်မှာ ရှိတဲ့ ဇေယျာသီရိကျောင်းကို လှူဒါန်းတာ ဖြစ်ပါတယ်။ ဆရာတော် အရှင်ဝံရသာမိက လက်ခံယူခဲ့ပါတယ်” ဟု ပြောသည်။

စုပေါင်း အမိုးသွပ်ပြား အတွက် လှူဒါန်းငွေမှာ ကျပ် ၇ သိန်း ရှိပြီး မတ်လ ၅ ရက်နေ့က လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဂီရိသင့် ရခိုင်ပြည်သူများ အတွက် နိုင်ငံတကာမှ အကူအညီများ ကောက်ခံ ပေးပို့ လှူဒါန်း လျက်ရှိရာ တောင်ကိုးရီးယားရောက် ရခိုင်လူငယ်များကလည်း တတတ်တအား အနေဖြင့် ယခုကဲ့သို့ အကူအညီများ ကောက်ခံ ပေးပို့ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ဂီရိမုန်းတိုင်း အတွင်း ကျောက်ဖြူ အရာရှိ ရပ်ကွက်တွင် တည်ရှိသော ဇေယျာသီရိကျောင်းလည်း ခေါင်းမိုးများကွာကျကာ ကျောင်းတော်၏ တချို့ အစိတ်အပိုင်းများ ပြိုပျက်သွားခဲ့ကြောင်း သိရသည်။

ကရင်နီဒုက္ခသည် စခန်း၌ မီးလောင်မှု ဖြစ်ပွား - စာသင်ကျောင်းတစ်လုံး ပါဝင်

ကူးဒူ

ယမန် နေ့က ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်း မတော်တဆ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အ.မ.က(၃) စာသင်ကျောင်း တစ်လုံးနှင့် အိမ်ခြေ ၄၀ ကျော် ပျက်ဆီးဆုံးရှုံးခဲ့ရသည်။

အ.မ.က ( ၃ ) ကျောင်းတစ်လုံး အပါအ၀င် “လောင်ကျွမ်းတဲ့ အိမ်ရော ကြိုတင်ဖျက်လိုက်ရတဲ့ အိမ်ရော အာလုံးပေါင်း ၄၆ လုံး ရှိတယ်။ ဒါပေမဲ့ ကြက်တွေ၊ ၀က်တွေကျတော့ ဘယ်လောက်ဆုံးရှုံးလဲဆိုတာ မသိရသေးဘူး။ လူတွေတော့ ထိခိုက်သေဆုံးတာတော့ မရှိဘူး” ဟရပ်ကွက် ၁၃ ရပ်ကွက်မှူး ဆားရယ်က ပြောသည်။

ုအချိန်တွင် အိမ်ရှင်မှ အလုပ် မသွားခင် ထမင်းချက်ပြီး ချန်လှပ်ထားခဲ့သော မီးစငယ်သည် ရပ်ကွက်ထဲရှိ အ.မ.က (၃) စာသင်ကျောင်း တစ်လုံးနှင့် အိမ်ခြေ ၁၉ လုံးကို နာရီပိုင်းအတွင်း လောင်ကျွမ်းစေခဲ့ပြီး ကျန်အိမ်ခြေ ၂၇ လုံးကို ရပ်ကွက် မီးသတ်များမှ လောက်ကျွမ်းနေသော မီးအား ကာကွယ်တားဆီးရန် ဖျက်ဆီးခဲ့ရသည်။

“ကျနော်တို့က မီးသတ်သင်တန်းကို တက်ဖူးတော့ ဘယ်လို ကာကွယ်ရမယ်ဆိုတာ သိထားတော့ နည်းနည်း သက်သာတယ်လို့ ပြောရမှာပေါ့။ အခုက မီးမလောင်သေးတဲ့ အိမ်ခေါင်မိုးနဲ့ ထရံတွေကို လိုက်ဖြုတ်ထားလိုက်တယ်။ ဒါကြောင့် မီးက သိပ့်မကူးနိုင်ခဲ့ဘူး။ မဟုတ်ရင်တော့ ကျနော်တို့ ဒီထက်မက များစွာ ဆုံးရှူံးသွားနိင်တယ်။ အခု ဖျက်ခံလိုက်ရတဲ့ အိမ်က (၂၇) လုံးလောက်တော့ အဖျက်ခံလိုက်ရတယ်” ဟု ရပ်ကွက် မီးသတ်အဖွဲ့မှ အဖွဲ့ဝင် တစ်ဦးက ပြောပါသည်။

ယခင်နှစ် မတ်လတွင်လည်း ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းမှ ရပ်ကွက် ၄ တွင် မီးလောင်ခဲ့၍ အိမ်ခြေ ၆၀ နီးပါး ပြာကျသွားခဲ့သည်။ ၂၀၀၆ ခုနှစ်မှ စ၍ ၂၀၁၀ ခုနှစ်အထိ တတိယနိုင်ငံများသို့ ကရင်နီဒုက္ခသည်များ ၁၀၀၀၀ ကျော် သွားရောက်အခြေချနေထိုင်ပြီး ဖြစ်ပြီး ယခုလက်ရှိ အမှတ် ၁ စခန်းတွင် လူဦးရေ ၁၅၀၀၀ ကျော် ကျန်ရှိနေသေးသည်။

ပျံသာ ပျံပါ ရွှေဟင်္သာ

ကွန်းချမ်း

‘တောင်အို’ သည် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတွင် ရှိသည်။ မည်သူမှ တောင်ယာ မခုတ်ရ။ သဘာဝ ပတ်ဝန်းကျင်နှင့် ရာသီဥတုကို ထိန်းသိမ်းရန်အတွက်ဟု ဆိုသည်။ ကြိုးဝိုင်းတော မဟုတ်။ မွန်ပြည်နယ် ရေးမြို့မှ ထိုင်းနယ်စပ် ဘုရားသုံးဆူသို့ သွားလျှင် ‘တောင်အို’ ကို ဖြတ်ရသည်။ မွန်ပြည်သစ်နှင့် စစ်အစိုးရ အပစ်မရပ်မီ ၁၉၉၅ ခုနှစ်ထိ ခြေလျင်လမ်းသာ ရှိခဲ့သည်။ အပစ်ရပ်ပြီးနောက် ကားလမ်းပေါက်ခဲ့ရာ နွေရာသီတွင် ပြေးဆွဲနိုင်သည်။ ခရီးကြမ်းကာ ချောက်ကမ်းပါး ပေါသည်။ မက်စောက်သော တောင်များဖြင့် ဆက်စပ်နေပြီး ခရီးရှည်လျားသောကြောင့် ‘တောင်အို’ ဟု သမုတ်ကြသည်။

လွန်ခဲ့သည့် ဆယ်စုနှစ် ၄ ခု ကျော်တွင် ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်သူများ၊ ကုန်ကူးသူ၊ ကျွဲနွား တင်ပို့သူများ ‘တောင်အို’ ကို အားကိုးရသည်။ ‘တောင်အို’ မှာ တနေ့တာခရီး ဖြစ်သည်။ ‘တောင်အို’ ကို ဖြတ်လျှောက်ဖူးသူတိုင်း ငှက်ဖျားမိတတ်ကြသည်။ တောင်အိုငှက်ကြောင့် သေဆုံးသူတို့ကား မရေမတွက်နိုင်။ ကြားသူတိုင်း ကြောက်ကြသည်။


(ခ)
ဖိုးဝှီးကားက အရှေ့ဘက်တောင်ခြေမှ စတက်ပြီ။ တခါတရံ ချောင်းကို ဖြတ်ရသည်။ စက်သံက မမှန်။ ခရီးသည်အားလုံးက ၂ဝ၁၁ ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ကျရောက်မည့် မွန်အမျိုးသားနေ့ကို ဦးတည်နေကြသည်။ ရေးမြို့နယ် ချောင်းဖျားရှိ မွန်ပြည်သစ် ဗဟိုအနီး ပနန်းဘုံရွာ၌ ကျင်းပမည့် ၆၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားဆီ သွားကြမည်။ အားလုံးက ထိုင်းနယ်စပ်မှ လာကြသည်။ မွန်၊ ကရင်၊ ထားဝယ်၊ ပအိုဝ်း၊ ရှမ်း တိုင်းရင်းသားစုံ ပါသည်။ စပ်မိစပ်ရာ ပြောရင်း ဓမ္မစေတီခေါင်းလောင်းအကြောင်း ရောက်သည်။ သွန်းလောင်းရာ၌ မိကျောင်းနက္ခတ်မိ၍ အသံမမည်ဟု တဦးက ပြောသည်။ အခြားသူက ကားစက်သံကို နားထောင်ရင်း “လိပ်နက္ခတ်မိပြီ” ဟု ဆိုသည်။ “ရိုးရိုးလိပ် မဟုတ်ဘူး၊ ခါးကျိုးတဲ့ လိပ်” ဟု နောက်တဦးက ဆိုပြန်သည်။ မကြာလိုက် ဖိုးဝီးကားက အနောက်ဘီးဝင်ရိုး ကျိုးလေပြီ။

ခရီးသည်အားလုံး ကားပေါ်မှ ဆင်းကြသည်။ မိုးလည်း ချုပ်ပြီ။ တပို့တွဲလဆန်း ၁၄ ရက်မို့ ဝါးရုံပင်ကြားမှ လရောင်ကို ပြိုးပြိုးပြောက်ပြောက် မြင်ရသည်။ တောင်အိုတောင်ထိပ်တွင် ထိုင်းဖုန်းလိုင်းများ ဆက်သွယ်နိုင်သည်။ လက်ကိုင်ဖုန်း ပါသူများက ဖုန်းဆက်သည်။ ကားသမားနှင့် ခရီးသည်အချို့ကမူ ကားကို ပြင်သည်။ အချို့က တောင်ထိပ် လမ်းဘေးတွင် မီးဖိုပြီး ဗလဲ့ဒွန်းဖိုက်ရွာမှ ဝယ်လာသည့် တောကြက်ကို ကင်ကာ ပါလာသည့် ထိုင်းအရက်နှင့် မြည်းသည်။ သောက်ရေ ကုန်ပြီဖြစ်သဖြင့် ပြည်တွင်းမှ ဘုရားသုံးဆူသို့ တက်မည့် ခရီးသည်တင်ကား တစီးနှစ်စီးကို တွေ့ကြရာ လမ်းတွင် ကြာဦးမည်ဖြစ်၍ ခရီးသည်များထံမှ ရေသန့်ဗူး တောင်းယူကြသည်။

ရေချိန်ကိုက်လာကြပြီ။ စိတ်ပျက်ခြင်းကို ခေတ္တမေ့လျော့ရင်း သီဆိုလိုက်သည့် တေးသံများက ထောင်ထိပ်မှ ပျံ့လွင့်လာလေသည်။

(××× သစ်ငုတ်ကို ရွှေချလို့ လှမလာတော့၊ မင်းလေးသာ ခြစားလို့ အသားလေးတွေ ပွန်းကုန်မယ့် အရေးဖြစ်တယ်၊ ပျံပါ ရွှေဟင်္သာရယ်။×××

××× ကုန်းမြင့်မှာ ပျံဝဲလို့ စောင့်နေတဲ့ မင်းအဖွဲ့တွေ အသံပေးလို့ နားချနေတုန်းပါပဲ နောက်မကျခင်။ ပျံပါ ရွှေဟင်္သာရယ် ××× ပျံပါ --- ရွှေဟင်္သာ၊ --- ပျံပါ --- ရွှေဟင်္သာ လေးရယ် ---- ဒီအပင်အိုအပေါ် သံယောဇဉ်ကြိုး ရစ်တွယ်ငြိ မနေနဲ့။ ပျံပါသာ ပျံပါ အမြန်ပျံပါ၊ ရွှေဟင်္သာရယ်။ ပျံပါ --- ပျံပါတော့ ××× ပျံပါ ---- ပျံပါတော့။ ပျံသာ ပျံပါ ရွှေဟင်္သာရယ်။ ပျံသာ ပျံပါ ရွှေဟင်္သာရယ်) (အဆိုတော် စိုင်းထီးဆိုင်၏ ‘ပျံသာ ပျံပါ ရွှေဟင်္သာ’ သီချင်းမှ -)

ပအိုဝ်းက ဆိုသည်။ မည်သည့်ခံစားချက်ကြောင့် ဤသီချင်းကို သူက ဆိုသည်မသိ။ မွန်အချို့က ခံစားချက်ဖြင့် ထိုသီချင်းကို နားဆင်နေသည်ကို သတိထားမိသည်။

၁၉၇၄ မတ်လ ၁၉ ရက်နေ့တွင် မဆလ အစိုးရက မွန်ပြည်နယ်ကို ဖော်ထုတ်ပေးခဲ့သည်။ အမျိုးသားရေး လှုပ်ရှားသူများက အမည်ခံပြည်နယ်ကို မလိုလား။ သံဃာတော်များကလည်း ခေတ်သစ်မွန်မဂ္ဂဇင်းတွင် “အနှစ်သာရ မရှိသည့် မွန်ပြည်နယ်” ဟု မွန်ဘာသာဖြင့် ရေးသားဝေဖန်ခဲ့ကြသည်။ မဂ္ဂဇင်းထုတ်သည့် ဦးဆောင်သံဃာတော်များ အဖမ်းခံရပြီး ထောင်ချခံရသည်။

မွန်ပြည်နယ်ပေါ်ပြီး များမကြာမီ အဆိုတော် စိုင်းထီးဆိုင်၏ “ပျံသာ ပျံပါ ရွှေဟင်္သာ” သီချင်းလည်း ထွက်လာခဲ့သည်။ တေးရေးဆရာ စိုင်းခမ်းလိတ်နှင့် ရင်းနှီးသည့် မွန်တေးဂီတသမားများက စိုင်းခမ်းလိတ်ကို ချဉ်းကပ်ပြီး မွန်ပြည်နယ်၏ သရုပ်မှန်ကို ပေါ်လွင်စေပြီး မျိုးချစ်လူငယ်များကို စေ့ဆော်သည့် သီချင်းကို ရေးသားပေးရန် တောင်းဆိုခဲ့ကြသည်ဟု ကောလာဟလ ထွက်ခဲ့သည်။ မွန်ပညာတတ် တက္ကသိုလ်ကျောင်းသား အများအပြား မွန်ပြည်သစ်ပါတီရှိရာ တော်လှန်ရေး နယ်မြေသို့ ရောက်ခဲ့ကြသည်။ ဤသီချင်းကား မွန်ပြည်သူတို့၏ နှလုံးသားတွင် ယနေ့တိုင် နေရာယူဆဲပင်။

တောင်အိုပေါ်တွင် ၃ နာရီခန့် ကြာမြင့်ခဲ့သည်။ ကားထွက်မည်ဆို၍ ခရီးသည်အားလုံး ကားပေါ်တက်ကြသည်။ အဆင်းလမ်း ဖြစ်သည်။ ခဏသာ မောင်းရပြီး အနောက်ဝင်ရိုး ကျိုးပြန်သည်။ ခရီးသည်အားလုံး ဆင်းလျှောက်ကြသည်။ ၁၁ နာရီခန့်တွင် တောင်အိုတောင်ခြေ ချောင်းနှစ်ခွသို့ ရောက်သည်။ တဲအိမ် ၃ လုံးသာ ရှိသည်။ တဲအိမ်တွင် သုံးရန်အတွက် ချောင်းရေကို ပိတ်ကာ ထုတ်လုပ်ထားသည့် ရေအားလျှပ်စစ် ရှိသည်။ ပနန်းဘုံရွာသို့ အရောက်သွားမည်ဟု မှန်းထားသော်လည်း တောင်ခြေတွင် တညနားလိုက်ရသည်။ ချောင်းနှစ်ခွ ချောင်းရေသည် လရောင်အောက်တွင် ငြိမ်သက်စွာ တရွေ့ရွေ့ စီးဆင်းနေသည်။ ခရီးသည်အားလုံး လမ်းလျှောက်ခဲ့ရသဖြင့် နွမ်းနယ်လျက်။


(ဂ)
မနက်ဖြန်ကား မွန်အမျိုးသားနေ့ ဖြစ်သည်။ ယနေ့ကား တပို့တွဲလပြည့်နေ့။

မွန်းလွဲချိန်တွင် ပနန်းဘုံရွာသို့ ရောက်သည်။ ထိုင်းနိုင်ငံမှာ လာသည့် ဖိုးဝှီးကား ၄၈ စီးကိုလည်း တွေ့ရသည်။ ထိုင်းနိုင်ငံမှ မွန်လူမျိုးများ၊ ထိုင်းလူမျိုးများနှင့် ထိုင်း TV channel 3 မှ သတင်းထောက်များ ပနန်းဘုံချောင်းဘေးတွင် စခန်းချနေသည်။ ထိုနေရာ၌ပင် ချက်ပြုတ်စားသောက်ကြသည်။ ငရုတ်ဆုံကအစ ပါလာကြသည်။

ပြီးခဲ့သည့်နှစ်တွင် မွန်ပြည်သစ်ပါတီ ဗဟို မွန်အမျိုးသားနေ့ကို ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့အနီး ပလိုင်းဂျပန် (ဂျပန်ရေတွင်း) ရွာတွင် ကျင်းပခဲ့သည်။ ထိုင်းနိုင်ငံမှ ပရိသတ် အများအပြား လာရောက်ကြသည်။ ယခုနှစ်တွင် မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရ အပစ်အခတ် ရပ်စဲရေး သဘောတူချက် ပျက်ခဲ့ပြီ။ ဘုရားသုံးဆူအနီးတွင် ကျင်းပရန် အခြေအနေ မပေးတော့။ နယ်စပ်မှ ကီလိုမီတာ ၁ဝဝ ခန့် ဝေးသည့် ပနန်းဘုံရွာသို့ ပြောင်းရွှေ့ကျင်းပသည်။ သို့သော်လည်း ထိုင်းနိုင်ငံမှ ပရိသတ်ကား လျော့နည်းမသွား။

အခမ်းအနား ကျင်းပမည့် ကွင်းပြင်အနီး ဘုန်းတော်ကြီးကျောင်းဝင်းတွင် စတုဒိသာမဏ္ဍပ် ရှိသည်။ ဧည့်သည်များကို ဧည့်ခံကျွေးမွေးသည်။ အထူးဧည့်သည်များကို ကျောင်းပေါ်၌ ဧည့်ခံသည်။ ဧည့်ခံရန်အတွက် ဝက်သားပိဿာချိန် ၁၅ဝ ကို ချက်ပြုတ်ထားသည်ဟု ကျွေးမွေးရေး တာဝန်ခံက ဆိုသည်။ အိမ်ခြေ ၄ဝဝ ခန့်ရှိ အိမ်တိုင်းလိုလိုပင် အနယ်နယ်အရပ်ရပ်မှ ဧည့်သည်များဖြင့် စည်ကားနေသည်။

မွန်ပြည်သစ်ပါတီ အပစ်အခတ် ရပ်စဲပြီးနောက်ပိုင်း ပါတီမှ အနားယူခဲ့သည့် စစ်မှုထမ်းဟောင်းများကိုလည်း စစ်ဝတ်စုံဖြင့် ပြန်လည်မြင်တွေ့ရသည်။ အပစ်အခတ် ရပ်စဲရေး ပျက်ပြားပြီးနောက် ပါတီသို့ ပြန်လာကြသည့် စစ်မှုထမ်းဟောင်း ၁ဝဝ ကျော် ဆိုသည်။


(ဃ)
အခမ်းအနား မစတင်မီ တပ်ရင်း ၂၊ တပ်ရင်း ၅၊ တပ်ရင်း ၉ နှင့် အမျိုးသမီးတပ်ရင်းမှ စစ်သား စစ်သမီး ၁၅ဝ ခန့်က စစ်ရေးပြရန်အတွက် ကွင်းပြင်ကို ချီတက်လာခဲ့သည်။ နောက်တွင် ဒေသအသီးသီးမှ မွန်ပြည်သူ စစ်ကြောင်းများ လိုက်ပါလာကြသည်။ ပရိသတ် ၃ဝဝဝ ကျော် တက်ရောက်လာခဲ့ကြောင်း ထမင်းဘူး ပေးဝေသည့် ချက်ပြုတ်ရေး တာဝန်ခံက ပြောသည်။

ပါတီဒုဥက္ကဋ္ဌ နိုင်ရဿ၊ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များ၊ ထိုင်းမွန်၊ ပြည်တွင်းမွန်နှင့် ပြည်တွင်း သံဃာတော်များက သဘာပတိ စင်မြင့်တွင် နေရာယူကြသည်။

ပါတီခေါင်းဆောင်များက အပစ်အခတ် ရပ်စဲစဉ်ကာလတလျှောက် ကြုံတွေ့ခဲ့ရသည့် နိုင်ငံရေး အကျပ်အတည်းများ၊ အပစ်ရပ် ပျက်ပြားခဲ့ရပုံများ၊ ပါတီရပ်တည်ချက်များနှင့် အနာဂတ် လုပ်ငန်းစဉ်အကျဉ်းကို ပြည်သူလူထုထံ အစီရင်ခံ တင်ပြသည်။

“နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာနဲ့ ဖြေရှင်းချင်လို့ ကျနော်တို့ပါတီဟာ စစ်အစိုးရနဲ့ အပစ်ရပ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလို ဖြေရှင်းဖို့ အခွင့်အရေး မရခဲ့ပါဘူး။ သူတို့ဆီမှာ ကျနော်တို့ကို လက်နက်အပ်ခိုင်းတယ်။ ကျနော်တို့ ဘယ်တော့မှ အဲဒီလို လုပ်လိမ့်မယ် မဟုတ်ဘူး။ ပြည်သူတွေနဲ့ ကျနော်တို့ ပူးပေါင်ပြီး လက်နက်ကိုင် တိုက်ပွဲဝင်သွားမယ်”

နိုင်ရဿ၏ တင်ပြချက်ကို ပြည်သူများက အတွေးကိုယ်စီဖြင့် ငြိမ်သက်စွာ နားထောင်လျက်။

ထိုင်းမွန် သဘာပတိက နိုင်ဒန်းရွန်း က “လူပျို အပျို၊ လူကြီး လူငယ်အားလုံး၊ ဒီမှာရှိတဲ့ လူတွေအားလုံး ကျနော်တို့ မွန်ပြည်ကို ယူကြမှာလား၊ မယူကြဘူးလား၊ ယူရင် လက်ခုပ်တီးကြပါ” ဟု ဆော်သြလိုက်သည်။ ကွင်းပြင်တခုလုံး လက်ခုပ်သံများဖြင့် ထိုးတက်လာခဲ့သည်။

သူ၏ အပြောအဆို အမူအရာများတွင် လွန်ခဲ့သည့် အနှစ် ၂၅ဝ ကျော်က ဟံသာဝတီ မွန်နေပြည်တော် ပျက်သုဉ်းပြီးနောက် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် သူ၏ ဘိုးဘွားများကို ပြန်လည်တမ်းတသည့် ပဒေသရာဇ်ခေတ် အရိပ်အယောင်များ ပေါ်လွင်နေသည်။

“စစ်အစိုးရလက်အောက်မှာ နေရတာ ငရဲခံနေရသလိုပဲ။ နာသထက် နာတယ်။ ကျွန်ဘဝက လွတ်မြောက်ဖို့ အမျိုးသား အကြွေးတွေကို ပေးဆပ်ကြပါ”

သက်တော် ၉ဝ နှစ်နီးပြီ ဖြစ်သော်လည်း အောင်မြင်သည့် အသံဖြင့် မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်ရွာ တိုက်ကျောင်းသစ် ဆရာတော် ဘဒ္ဒန္တ ပါလိတက ပရိသတ်ကို သြဝါဒပေးခဲ့သည်။

ဆရာတော်က အထင်ကရ ပုဂ္ဂိုလ်။ မွန်ပြည်သူများကြားတွင် သြဇာရှိသည်။ မဆလ အစိုးရ မွန်ပြည်နယ် ဖော်ထုတ်ပေးစဉ်က “အနှစ်သာရ မရှိသည့် မွန်ပြည်နယ်” ဟု ဝေဖန်ရေးဆောင်းပါးကို ခေတ်သစ် မွန်မဂ္ဂဇင်းတွင် ရေးသားပြီး ဦးဆောင်ထုတ်ဝေခဲ့သည့် ဆရာတော်။ ထိုမဂ္ဂဇင်းကြောင့်ပင် အဖမ်းခံရသည်။ ထောင် ၃ နှစ် ကျခံရသည်။ ရုံးတင်စစ်ဆေးစဉ်က ဗမာစကားကို မပြော။ မွန်ပြည်နယ်၏ အနှစ်သာရမဲ့မှုကို လက်တွေ့ကျကျ တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။ သူ့အတွက် စကားပြန် ငှားပေးရသည်။

သဘာပတိအားလုံး၏ မိန့်ခွန်းတွင်ကား ရှေ့တွင် ရင်ဆိုင်ကြုံတွေ့ရမည့် စစ်ရိပ်စစ်ငွေ့ကို သတိပေးနေသယောင် ထင်မှတ်ရသည်။

’’မွန်အမျိုးသားများ ညီညွတ်ကြ’’
’’မွန်တို့ကံကြမ္မာ မွန်တို့ ဖန်တီးနိုင်ရမည်’’
’’စစ်မှန်သော ပြည်ထောင်စုကို ဖော်ထုတ်ကြ’’

အခမ်းအနားကို ကြွေးကြော်သံဖြင့် ရုပ်သိမ်းလိုက်သည်။

၆၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ကား ပြီးဆုံးခဲ့ပါပြီ။ မွန်အမျိုးသားတို့၏ လက်နက်ကိုင် တော်လှန်ရေးကား မပြီးဆုံးသေး။ တောင်အိုပေါ်မှ သီချင်းသံကို ပြန်ပြီး အမှတ်ရမိသည်။

(××× သစ်ငုတ်ကို ရွှေချလို့ လှမလာတော့၊ မင်းလေးသာ ခြစားလို့ အသားလေးတွေ ပွန်းကုန်မယ့် အရေးဖြစ်တယ်၊ ပျံပါ ရွှေဟင်္သာရယ်။×××

××× ကုန်းမြင့်မှာ ပျံဝဲလို့ စောင့်နေတဲ့ မင်းအဖွဲ့တွေ အသံပေးလို့ နားချနေတုန်းပါပဲ နောက်မကျခင်။ ပျံပါ ရွှေဟင်္သာရယ် ××× ပျံပါ --- ရွှေဟင်္သာ၊ --- ပျံပါ --- ရွှေဟင်္သာ လေးရယ် ---- ဒီအပင်အိုအပေါ် သံယောဇဉ်ကြိုး ရစ်တွယ်ငြိ မနေနဲ့။ ပျံပါသာ ပျံပါ အမြန်ပျံပါ၊ ရွှေဟင်္သာရယ်။ ပျံပါ --- ပျံပါတော့ ××× ပျံပါ ---- ပျံပါတော့။ ပျံသာ ပျံပါ ရွှေဟင်္သာရယ်။ ပျံသာ ပျံပါ ရွှေဟင်္သာရယ်)

ယနေ့ မြန်မာ့ရေးရာ သတင်းများ March,14th,2010

( 33 )The European Union continues its steady support for humanitarian projects in Myanmar and Thailand in 2011

( 32 )Parties lobby EU for end to sanctions

( 31 )မီးမှန်နေတဲ့ မော်လမြိုင်

( 30 )Gem fair sees jade prices soar 10-fold

( 29 )တီးတိန်ကားမှောက် ၅ ဦး သေဆုံး

( 28 )‘Buildings cracked; everything shook’

( 27 )ကရင်နီဒုက္ခသည် စခန်း၌ မီးလောင်မှု ဖြစ်ပွား - စာသင်ကျောင်းတစ်လုံး ပါဝင်

( 26 )Irrawaddy, Website Critical of Burma Regime, Hacked

( 25 )ဒုက္ခသည်များ ကိုယ့်အားကိုယ်ကိုးရမည်

( 24 )Arms Race Sparked by China?

( 23 )ဧရာဝတီ အင်တာနက် ၀က်ဘ်ဆိုက်ဒ် တိုက်ခိုက်ခံရ

( 22 )Amnesty International Event for imprisoned Burmese comic

( 21 )ဧရာဝတီ အင်တာနက်မဂ္ဂဇင်း နောက်တကြိမ် တိုက်ခိုက်ခံရ

( 20 )Anti-regime website hacked in Myanmar

( 19 )ပေါ်လစီဆောင်းပါး ရေးမယ့်လူငယ်တွေ စုဆောင်းနေ

( 18 )Burmese Activists Launch Facebook Group

( 17 )မြန်မာနိုင်ငံလူအခွင့်အရေးနေ့ ပြည်တွင်းမှာ လှုပ်ရှားမှုတွေရှိ

( 16 )Anti-Myanmar website hit

( 15 )ထားဝယ် ရေနက်ဆိပ်ကမ်းအတွက် မြေယာသိမ်းဆည်း

( 14 )China Says Burmese Opium ‘Has Doubled’

( 13 )ဧရာဝတီမြစ် သောင်ထွန်း

( 11 )Burma expects PR boost from Blatter visit

( 10 )ကိုဖုန်းမော်နေ့ အခမ်းအနား နယ်သာလန်မှာ ကျင်းပ

( 9 )Burmese workers strike over low pay

( 8 )ရေကာတာ တည်ဆောက်ရေးနှင့် ပတ်သက်၍ ကရင်နီအဖွဲ့မှ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

( 7 )Etheridge may play in AFC group stage

( 6 )ကရင်နီ ဒုက္ခသည်စခန်း မီးလောင်၊ လူ ၈၀ အိုးအိမ်မဲ့ဖြစ်

( 5 )Website critical of Myanmar regime hacked

( 4 )ကုလစုံစမ်းရေး ကော်မရှင်ကိစ္စ ဒိန်းမတ်နှင့် လတ်ဗီးယား ထောက်ခံ

( 3 )Students' efforts make the grade

( 2 )ဧရာဝတီ အင်တာနက် ၀က်ဘ်ဆိုက်ဒ် တိုက်ခိုက်ခံရ

( 1 )Burmese Activists Launch Facebook Group

Sunday, March 13, 2011

လူမှုဖွံ့ဖြိုးရေးကိစ္စ ချင်းပါတီများက လွှတ်တော်တွင်အဆိုတင်သွင်း

KHONUMTHUNG NEWS

မတ်လ ၁၀ ရက်နေ့ က နေပြည်တော်တွင် ကျင်းပသည့် ပထမအကြိမ်ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေး သတ္တမနေ့တွင် ချင်းပါတီမှလွှတ်တော်ကိုယ်စားလှယ်များက ချင်းပြည်နယ်၏ ကျန်းမာရေး၊ ပညာရေး နှင့် လမ်းပန်း ဆက်သွယ်ရေးကိစ္စများနဲ့ ပတ်သက်ပြီးအဆိုများတင်သွင်းခဲ့ကြသည်ဟုသိရသည်။

ယင်းအဆိုပြုချက်များကို လက်ခံဆွေးနွေးသင့်မသင့် လွှတ်တော်အသီးသီးတွင်ဆန္ဒရယူခဲ့ရာ လွှတ်တော်က သဘောတူ လက်ခံ သည့်အတွက်ဆက်လက်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည် ဟု သိရသည်။

ချင်းအမျိုးသားပါတီမှ ဟားခါးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးငွန်မောင်းက ချင်းပြည်နယ်တွင် လမ်းပန်းဆက် သွယ်ရေး အဆင်ပြေချောမွေ့အောင် ပြည်ထောင်စုအစိုးရမှ ဆောင်ရွက်ပေးရေး အဆိုကိုတင်သွင်းခဲ့သည်ဟု မြန်မာ့ အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ချင်းတိုးတက်ရေးပါတီမှ မတူပီမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးပေါလ်လျှံလွင်ကလည်း ဂန့်ဂေါမြို့နှင့် ရေဇွာမြို့အကြား ကားလမ်းအားဆယ့်နှစ်ရာသီ သွားနိုင်အောင် ပြုပြင်ပေးရန်နှင့် ပလက်ဝ နှင့်မတူပီမြို့ကြား ကားလမ်းအမြန်ဆုံး ဖောက်လုပ်ပေး ရန်၊မ ကွေးတိုင်းအရှေ့ဂန့်ဂေါ် နှင့် အနောက်ဂန့်ဂေါ အကြား ကြိုးတံတား အားကားသွားနိုင်သောတံတားအဖြစ်တည်ဆောက်ပေးရန်၊့ အဆိုကို တင်သွင်းခဲ့သည်။

ချင်းပြည်နယ်တွင် မကြာခဏဆိုသလို ကားတိမ်း မှောက်ဖြစ်ပွားလျက်ရှိပြီးခရီးသည်များသေဆုံးမှုများလည်း မကြာခ ဏဖြစ်ပွားလျက်ရှိသည်။ ယခု ၂၀၁၁ ခုနှစ်ဖေဖော်ဝါရီ နှင့် မတ်လ အတွင်း၌ ချင်းပြည်နယ်တွင် ခရီးသည် တင်ကားတိမ်းမှောက်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ခရီးသည် ၇ဦးသေဆုံးခဲ့ရပြီးဖြစ်သည်။

ပညာရေးနှင့်ပတ်သက်ပြီး ချင်းအမျိုးသားပါတီမှ ဟားခါးမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစတီဗင်ထာ ဘိတ်က လက်ရှိမြန်မာနိုင်ငံ၏ပညာရေးစနစ်ကို ကျွမ်းကျင်ပညာရှင်များ နှင့် အတွေ့အကြုံရှိသောပုဂ္ဂိုလ်များဖြင့်ဘုတ်အဖွဲ့ တခုဖွဲ့ပြီး ပြန်လည်သုံးသပ်ရေးအဆိုကိုတင်သွင်းခဲ့သည်ဟုသိရသည်။

တဆက်တည်း ချင်းတိုးတက်ရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးပေါလ်လျှံလွင်က ချင်းပြည်နယ်၏မြို့တော် ဟားခါးတွင်ကောလိပ်ကျောင်းဖွင့်လှစ်ပေးနိုင်ရန် အဆိုတင်သွင်းခဲ့ရာချင်းတိုးတက်ရေးပါတီမှ ဖလမ်းမြို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးဇုန်လှယ်ထန်းက ထောက်ခံကြိုဆိုသော်လည်း Location (နေရာ)ကို ကန့်ကွက်
မည်ဖြစ်ကြောင်း၊ ဟားခါးမြို့သည် လက်ရှိတွင်ချင်းပြည်နယ်၏မြို့တော်ဖြစ်သော်လည်း ပထ၀ီအနေအထား၊ လမ်းပန်း ဆက်သွယ်ရေး၊အခြားသောအခြေအနေအရပ်ရပ်အရ ချင်းပြည်နယ် မြောက်ပိုင်းတွင် ဖလမ်းမြို့သည်ကောလိပ် ထားရှိရန် ပိုမိုသင့်လျော်ကြောင်း၊ ချင်းပြည်နယ်တွင်ကော်လိပ်ကျောင်း ၂ ခုထားရှိမည်ဆိုပါကချင်းပြည်တောင်ပိုင်းတွင်သင့်လျော် သည့် နေရာမှာပါ ဖွင့်လှစ်ပေးရန် ဟုတင်ပြဆွေးနွေးခဲ့ကြောင်းသိရသည်။

ချင်းပြည်နယ်အတွင်း တက္ကသိုလ်ကောလိပ်ထားရှိနိုင်ရေးကို ယခင်ကတည်းကချင်းပြည်သူများ ကြိုးပမ်းခဲ့ကြသော်လည်း နေရာ ကိစ္စ အတွက်အချင်းချင်းကြားမပြေလည်မှုကြောင့် စစ်အစိုးရက စစ်ကိုင်းတိုင်းအတွင်းကလေးတက္ကသိုလ်ကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်ဟု လည်း ပြောဆိုကြသည်။

ကျန်းမာရေးကဏ္ဍနဲ့ပတ်သက်ပြီး ချင်းအမျိုးသားပါတီမှ ဟားခါးမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစတီဗင် ထာ ဘိတ်က ကျန်းမာရေးကဏ္ဍတွင်ကျန်းမာရေးစောင့်ရှောက်မှုအားနည်းနေသဖြင့် အတွေ့အကြုံရှိသောပညာရှင်များဖြင့် ဘုတ်တခုဖွဲ့စည်းပြီး အကောင်းဆုံးနည်းလမ်းချမှတ်ဆောင်ရွက်ပေးနိုင်ရေး အဆိုကိုတင်သွင်းခဲ့သည်။

ထို့နောက် ဦးပေါလ်လျှံလွင်က ချင်းအမျိုးသား ဆရာဝန်ဘွဲ့ရများအား ဆမ (ဆေးကုခွင့်လက်မှတ်) အမြန်ဆုံးချပေးပြီး ချင်းပြည်နယ်အတွင်း လိုအပ်သည့် ဒေသအသီးသီးသို့စေလွှတ်နိုင်ရေး အဆိုကိုတင်သွင်းခဲ့သည်ဟု စစ်အစိုးရပိုင်မြန်မာ့ အလင်းသတင်းစာ တွင်ဖော်ပြထားသည်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှဒေါက်တာမြညာဏစိုးက ချင်းပြည်နယ်တွင် ဆရာဝန်များ
တာဝန်ထမ်းဆောင်လိုစိတ်ရှိလာအောင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်မက်လုံးပေးဖို့လိုအပ်ကြောင်း ဆွေးနွေးတင်ပြခဲ့
သည်ဟုအဆိုပါသတင်းစာတွင်ဆက်လက်ဖော်ပြထားသည်။

မောင်တော ရုန်းရင်းဆန်ခတ်မှု အာဏာပိုင်များမှ ငွေ၊ လယ် လျော်ကြေးပေး၍ ဖြေရှင်း

တာကလူး

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငခူရ တောင်ရွာတွင် ဂျီအီး ခေါ် စစ်မြေပြင် အင်ဂျင်နီယာ တပ်ဖွဲ့မှ မြေညှိစက်ဖြင့် အရပ်သား လူငယ်တစ် ဦးကို တိုက်သေမှုနှင့် ဆက်စပ်ဖြစ် ပွါးခဲ့သည့် ရုန်းရင်း ဆန်ခတ်မှုကို ဒေသ အာဏာပိုင် များမှ သေဆုံးသွား သူ၏ မိဘ များကို ငွေ နှင့် လယ် လျော်ကြေး ပေးပြီး ယမန်နေ့က ဖြေရှင်း ခဲ့ကြောင်း သတင်း ရရှိသည်။

“မတ်လ ၈ ရက်နေ့ နေ့လည် ၂ နာရီခွဲအချိန်မှာ ခယက ဥက္ကဌ ဦးထွန်းနိုင်လင်း၊ ခရိုင်ဥပဒေ အရာရှိ ဦးမြင့်သန်း၊ မယက ဥက္ကဌ ဦးအောင်ကျော်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး အောင်မြင့်ကြည်၊ မောင်တောဒေသဖွံ့ဖြိုးရေးအသင်းက ဦးလှရွှေ ခေါ် ဆော်ယော့နဲ့ ဦးကျော်ကျော်တို့လာပြီး ဖြေရှင်းသွားခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့က သေဆုံးသူ မိဘတွေအပါအ၀င် ကျေးရွာလူကြီး ၆၀ ကျော်လောက်ကို ကျေးရွာ ရယကရုံးမှာ ခေါ်တွေ့ပြီးတော့ ကျပ်ငွေ ၄ သိန်းနဲ့ လယ်တဧက ကို သေဆုံးသူအတွက် ကရုဏာကြေး ပေးပြီးတော့ နောက်ထပ် ဒီလို ဥပဒေမဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ဆက်မလုပ်ကြဖို့၊ ဆက်လုပ်မယ်ဆိုရင် ဥပဒေကြောင်းအရ အရေးယူသွားမယ်ဆိုပြီး အမိန့်တွေလဲထုတ်ထားခဲ့ပါတယ်” ဟု လူကြီးက ပြောသည်။

၎င်းလူကြီး၏ ပြောကြားချက်အရ ယခုလ (၇)ရက် တနင်္လာနေ့ နံနက် ၁၀ နာရီကျော်အချိန်တွင် ငခူရတောင်ရွာ ဈေးလမ်းရှိ ဗလီရှေ့လမ်းဘေးမှ လျှောက်သွားနေသည့် လူငယ်တစ်ဦးကို ဂျီးအီးမှ ၄၆၀၅(ဖ) နံပါတ်ပါ Caterpillar 120H အမျိုးအစား မြေညှိစက်တစ်လုံးမှ နောက်မှ ၀င်တိုက်ခဲ့၍ ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီးနောက် ထိုသို့ ရွာသားများနှင့် အာဏာပိုင်များအကြား ပြသနာ စတက်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါသေဆုံးသွားသူမှာ ငခူရအလယ်ရွာနေ မူစတာဖာ အာမတ်၏ သား အသက် ၁၈ နှစ်အရွယ် ဆာဒမ်ဟူဆိန်ခေါ် မိုဟာမက်ချာဟာဖြစ်သည်။

ထိုသို့ယာဉ်တိုက်မှုဖြစ်ပွါးခဲ့ပြီးနောက် ရွာသားများဝိုင်းအုံလာခြင်းကြောင့် မောင်းနှင်လာသူမှာ ၄င်းမြေညှိစက်ကို ရပ်ပြီး ထွက်ပြေးသွားခဲ့သည်။

ထိုနောက်ပိုင်းတွင် ဂျီအီးမှ အရာရှိတစ်ဦးမှ နစကတပ်သားများ ခြံရံပြီး အဆိုပါ မြေညှိစက်ကို ပြန်ယူရန်လာသည့် အချိန်တွင် ရွာသားများက သေဆုံးသူ လူငယ်အတွက် တစ်ခုခုလုပ်ပေးပြီးမှ ၄င်းမြေညှိစက်ကို ပြန်ယူရန် တောင်းဆိုခဲ့ကြရာ ၄င်းအရာရှိမှ ရွာသားများကို အာဏာပြခြိမ်းခြောက်ခဲ့ခြင်းကြောင့် ရွာသားများက မကျေနပ်၍ ခဲဒုတ်များဖြင့် ၀ိုင်းဝန်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ တိုက်ခိုက်ခဲ့ခြင်းကြောင့် ၄င်းဂျီးအီးအရာရှိနှင့် နစကတပ်သားများမှာ သေနတ် အချက်ပေါင်းများစွာ မိုးပေါ်သို့ ပေါက်ဖေါက်ကာ ထွက်ပြေးသွားခဲ့ကြပြီး အဆိုပါ မြေညှိစက်၏ မှန်များမှာလည်း ကွဲသွားခဲ့ကြောင်း သိရှိရသည်။

ရွာသားများဘက်မှလည်း အာဏာပိုင်များမှ သေဆုံးသွားသူအတွက် တစ်စုံတစ်ခုမှ လုပ်မပေးပဲ အင်အားသုံးပြီး ထိုမြေညှိစက်ကို ပြန်လာယူလျှင် ဖြစ်သည့်နည်းဖြင့် ခုခံသွားမည်ဟုဆိုကာ မြေညှိစက်အနီးပတ်ဝန်းကျင်တွင် စောင့်ဆိုင်းနေခဲ့ကြခြင်းကြောင့် ရုန်းရင်းဆန်ခတ်မှု ပိုမိုကြီးထွားလာမည်ကို စိုးရိမ်သောကြောင့် အာဏာပိုင်လူကြီးများကိုယ်တိုင် လာရောက်ပြီး လျော်ကြေးပေး ဖြေရှင်းခဲ့ကြခြင်း ဖြစ်ကြောင်းသိရှိရသည်။

ဂျီးအီးနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ အဆိုပါ မြေညှိစက်မောင်းသူမှာ ဂျီအီး၏ နယ်စပ်ဒေသ အထူးစီမံကိန်း အဖွဲ့ (၁)မှ ဒုတပ်ကြပ် ကျော်သက်အောင် ကိုယ်ပိုင်အမှတ် (တ-၂၂၅၂၁၆) ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါမြေညှိစက်ကို ပြန်ယူရန်သွားခဲ့သည့် ဂျီးအီးအရာရှိမှာလည်း ၄င်းအဖွဲ့ (၁)မှ အရာခံဗိုလ် သက်လွင် ဖြစ်ပြီး၊ ရွာသားများ ၀ိုင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် ဦးခေါင်းနှင့် ခန္ဓာကိုယ်များတွင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ပြီး မောင်တောဆေးရုံတွင် တွင်းလူနာအဖြစ် ကုသမှုခံယူနေရကြောင်း လည်းသိရှိရသည်။

ဥပဒေကြောင်းအရ ယာဉ်မောင်းသူကို အပြစ်ပေးအရေးယူရမည် ဖြစ်သော်လည်း စစ်တပ်မှဖြစ်သည့် အတွက်ကြောင့် အာဏာပိုင်များမှ တစုံတရာ အရေးယူခြင်းမရှိဘဲ အပြစ်မှ ကင်းလွတ်ခွင့် ပေးထားပြီး လုပ်ငန်းခွင်တွင် ယခင်အတိုင်း ပြန်လည် အလုပ်လုပ်ခွင့် ပေးထားကြောင်းသိရှိရသည်။

ဂျီအီး အင်ဂျင်နီယာတပ်ဖွဲ့မှာ ၂၀၀၈-ခု နှစ်လယ်ပိုင်းမှစ၍ အနောက်ဘက် ရခိုင်ပြည်နယ်စပ်တွင် ခြံစည်းရိုးစီမံကိန်းကို အဓိက ကြပ်မတ်လုပ်ဆောင်နေကြပြီး၊ လက်ရှိအချိန်တွင် ခြံစည်းရိုးပတ်လမ်းကို တည်ဆောက်နေကြကြောင်း သိရှိရသည်။

တောင်ငူဒေသတိုက်ပွဲတွင် နအဖဘက်မှ သေဆုံးမှုရှိ

စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်အတွင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ တပ်မဟာ(၆)နှင့် (၇)တွင် နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားသလို တောင်ငူခရိုင်၊ တပ်မဟာ(၂) သံတောင်မြို့နယ်ရှိ တောင်ငူ-ကြီးချောင်းကားလမ်း၌လည်း KNU လက် အောက်ခံတပ်များက နအဖ လှုပ်ရှားတပ်များကို မတ်လ ၈ရက်နေ့က ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖတပ်သား ၂ဦး ကျဆုံးခဲ့သည်။

တိုက်ခိုက်ခံရ၍ ကျဆုံးသွားသည့် အဆိုပါ နအဖ တပ်ဖွဲ့ဝင်များမှာ မည်သည့်တပ်ရင်းမှဖြစ်ကြောင်း အတိအကျ မသိသော် လည်း ထိုဒေသရှိ နအဖ အခြေစိုက်ရာ ကြီးချောင်းတပ်စခန်းတွင် နအဖ စကခ(၇)လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ(၄၂၅) နှင့် စကခ(၉)လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ(၃၇၇)တပ်ရင်းတို့ လှုပ်ရှားလျှက်ရှိသည်ဟု ကေအဲန်ယူ တောင်ငူခရိုင်မှ စောအဲ့ဝါးက ယခုလို ပြောသည်။

သူက “အခု တိုက်ခိုက်ခံရပြီး သေသွားတဲ့ နအဖ တပ်ဖွဲ့ဝင်က ဘယ်တပ်ရင်းဆိုတာ ပြောရခက်တယ်။ သေချာတာကတော့ နအဖ တပ်စခန်း ကြီးချောင်းစခန်းမှာ လှုပ်ရှားတဲ့တပ်က ခမရ(၄၂၅)နဲ့ (၃၇၇)ပဲ။ အခု သူတို့(နအဖ)ကို ကျနော်တို့တပ်တွေက ပြောက်ကျားနည်းနဲ့ ချောင်းပစ်လို့ ထိတာပဲ။ ကျနော်တို့ဘက်က ထိတာ မရှိဘူး။”ဟု ပြောသည်။

ယခုလိုရာသီမျိုးတွင် ကေအဲန်ယူနှင့် နအဖတပ်အကြားရှိ တိုက်ပွဲများအပြင် နအဖ လှုပ်ရှားတပ်များက ရိက္ခာထမ်းခိုင်းခြင်း၊ လမ်းရှင်းခိုင်းခြင်း စသည့် အတင်းအဓမ္မ ခိုင်းစေမှုများကို ခံရသောကြောင့် သွားရေးလာရေးနှင့် လုပ်ကိုင်စားသောက်ရ ခက်ခဲ နေသည်ဟုလည်း သံတောင်မြို့နယ် ဒေသခံပြည်သူများက ဆိုသည်။

ထိုနေ့တစ်ရက်တည်းမှာပဲ ကြီးချောင်းစခန်းရှိ နအဖ လှုပ်ရှားတပ်ဖွဲ့ဝင် အသက်(၂၃)နှစ်အရွယ် ဒု-တပ်ကြပ်ကျော်မင်း ကိုယ်ပိုင် နံပါတ် တ/၄၀၁၀၃၂ က K-3 သေနတ်တလက်၊ ကျည်ဆံ ၁၀၀တောင့်၊ မက္ကစင်း(၄)ခုနှင့်အတူ ဒေသခံ ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော်(KNLA)ထံ လာရောက်ပူးပေါင်းခဲ့သည်ဟု သိရသည်။

ပဲခူးတိုင်း အရှေ့ဘက်ခြမ်း၊ ကရင်ပြည်နယ် သံတောင်မြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ရက်နေ့က နအဖ စကခ(၇) လက်အောက်ခံ ခမရ(၄၂၆)တပ်ရင်းက သဘါဖဲ့ရွာသားတဦးကို အကြောင်းမဲ့ ပစ်သတ်ခဲ့သည်။