မင်းနိုင်သူ Friday, 18 March 2011
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ၀ပ်တလုံဘုန်းကြီးကျောင်းကို ယမန်နေ့ နံနက် ၄ နာရီခန့်က ထိုင်းအာဏာပိုင်များ ၀င်ရောက်ရှာဖွေရာ နိုင်ငံကူးလက်မှတ်မရှိသည့် မြန်မာသံဃာ ၈ ပါး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။
ထိုကျောင်းတိုက်နေ မြန်မာစာသင်သားသံဃာတပါးက“ထိုင်း လူဝင်မှုကြီးကြပ်ရေး အဖွဲ့ ၊ သံဃနာယက အဖွဲ့ ၊ ရဲ ၊ ထောက်လှမ်း ရေး ၊ ပြည်သူ့စစ် စတဲ့ အားလုံး အဖွဲ့ ၈ ဖွဲ့ ၊ လူအင်အား ၅၀ လောက်နဲ့ ကျောင်းတိုက်ကို ၀င်ရောက်စစ်ဆေးတယ်။ အဲဒီအချိန်မှာ နိုင်ငံကူးလက်မှတ်မရှိတဲ့ မြန်မာပြည်က သံဃာ ၈ ပါးကို တွေ့ပြီး လူဝင်မှုကြီးကြပ်ရေးရုံးကို ခေါ်ယူထိန်းသိမ်းထားလိုက်တယ်”ဟု မိန့်သည်။
ဝပ်တလုံကျောင်းတိုက်တွင် ထိုင်းသံဃာများအပြင် သီရိလင်္ကာ ၊ ကမ္ဘောဒီးယား ၊ လာအို ၊ အိန္ဒိယ ၊ ဘင်္ဂလားဒေ့ရှ် ၊ မြန်မာနိုင်ငံတို့မှ သံဃာတော်များလည်း သီတင်းသုံးနေကြောင်း သိရသည်။
“တချို့နိုင်ငံတွေက သံဃာတွေက နေ့လယ် ၁၁ နာရီလောက်အထိ ဆွမ်းခံနေတာတွေ ၊ အပြင်က စားသောက်ဆိုင်တွေမှာ ၀ယ်ယူစားသောက်နေတာတွေ ရှိတော့ ပတ်ဝန်းကျင်က အမြင်မကြည်လင်ပြီး တိုင်တဲ့အတွက် ၀င်ရောက်စစ်ဆေးခံရတာလို့ ကြားတယ်”ဟု မြန်မာစာသင်သားသံဃာက မိန့်သည်။
ထိုကျောင်းတိုက်တွင် မြန်မာသံဃာ အပါး ၁၀၀ ကျော် သီတင်းသုံးလျက်ရှိပြီး အပါး ၈၀ ကျော်သည် ချူလာလောင်ကွန်း ၊ မဟာမကု ၊ IPC တက္ကသိုလ်များတွင် ပညာသင်ကြားနေသည့် စာသင်သား သံဃာများဖြစ်ကြောင်း သိရသည်။
“အခု အဖမ်းခံလိုက်ရတဲ့ သံဃာ ၈ ပါးမှာ ၅ပါးက ထိုင်းသာသနာဝင်ကတ် ရှိတယ်။ တပါးက UN (ကုလသမဂ္ဂ ဒုက္ခသည် အသိ အမှတ်ပြု)ကတ်နဲ့ နောက်တပါးက တောင်ပေါ်သားကတ်(ထိုင်းအစိုးရ အသိအမှတ်ပြုကတ်) ရှိတယ်။ ဒါပေမယ့် အဲဒီကတ်တွေလည်း တရားမ၀င်ဘူးဆိုပြီး ထိုင်းလူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးသွားတာပဲ။ သံဃာ အတုအယောင်တွေတော့ မဟုတ်ကြပါဘူး ၊ နိုင်ငံကူး လက်မှတ်မရှိတာ တခုပါပဲ”ဟု မြန်မာစာသင်သား သံဃာက ဆိုသည်။
ထိုင်းနိုင်ငံ ချူလာလောင်ကွန်တက္ကသိုလ်က နိုင်ငံတကာရဟန်းသံဃာများအတွက် Bachelor(တက္ကသိုလ် ပထမဘွဲ့)ဘွဲ့ သင် တန်း ကို ၂၀၀၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာ မြန်မာစာသင်သားသံဃာများလည်း လာရောက်သင်ကြားနေကြခြင်းဖြစ်သည်။
“နိုင်ငံတကာ သံဃာတွေအတွက် မဟာချူလာလောင်ကွန်း တက္ကသိုလ်သစ်ကို အယုဒ္ဓယမြို့မှာ ၂၀၀၈ ခုနှစ်မှ စဆောက်ပြီး ၂၀၀၉ ခုနှစ်မှ ပြီးစီးတာဆိုတော့ ၂၀၀၇ ခုနှစ်ကတည်းက ကျောင်းတက်ဖို့ ရောက်နေတဲ့ သံဃာတွေ သီတင်းသုံး နေထိုင်ရေး အဆင်မပြေတာကို ငဲ့ကွက်ပြီး ၀ပ်တလုံဆရာတော်ကြီးက သူ့ကျောင်းတိုက်မှာ လက်ခံထားတာပါ။ အခုတော့ သူ့ကိုပါထိခိုက်စေသလိုဖြစ် ရတဲ့အတွက် ဦးပဉ္ဇင်းတို့လည်း စိတ်မကောင်းဖြစ်ရတယ်”ဟု မြန်မာသံဃာက ဆက်လက်မိန့်ဆိုသည်။
Friday, March 18, 2011
ဖြတ်လေးဖြတ် စစ်ဆင်ရေး အတွက် နယ်စပ်ကို စစ်ကူများ ပို့နေ
မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် ပြုလုပ်နေသော ဖြတ်လေးဖြတ် စစ်ဆင်ရေး အတွက် နအဖ တပ်မှ စစ်ကူများ ဆက်လက် ပေးပို့နေကြောင်း သတင်း ရရှိသည်။
မျက်မြင် ဒေသခံ တစ်ဦးက “ လွန်ခဲ့တဲ့ သုံးရက်ခန့်က အမ်းတပ်မက စစ်သား ၁၆၀ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းကို တက်သွားတယ်။ ဖြတ်လေးဖြတ် စစ်ဆင်ရေး အတွင်း ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော်ကို ဘင်္ဂလာနယ် အတွင်းက ၀င်တိုက်မယ်ဆိုပြီး ခုလို တက်သွားတာ ဖြစ်တယ်လို့ ကျွန်တော်တို့ ဒေသမှာ သတင်းတွေ ဖြစ်နေပါတယ်” ဟု ပြောသည်။
အဆိုပါ စစ်သား ၁၆၀ ကို ဘူးသီးတောင်မြောက်ပိုင်း ၀ါးနက်ရုံ စခန်းမှ တဆင့် ဘင်္ဂလာ နယ်စပ်ဘက်သို့ ချီတက်သွားကြောင်း သိရသည်။
ဆင်ကူးရီဗာ ခေါ် ရီကြိုင်ချောင်းဖျားတွင် တည်ရှိသော မော်တုတ်ကြီး ကျေးရွာမှ ပြောက်ကျားဟောင်း တစ်ဦးကလည်း“ ဗမာ စစ်သားတွေနယ်စပ်မှာ တက်နေတယ်။ ALP ကို ဖြတ်လေးဖြတ်စစ်ဆင်ရေး လုပ်နေတယ်လို့ ပြောတယ်။ ဗမာ စစ်သားတွေ ဘင်္ဂလာဒေခ်ျ့နယ်ထဲ ၀င်လာတာတော့ မကြားမိပါဘူး။ နယ်စပ် တလျှောက် လူပ်ရှားနေတာကိုတော့ တွေ့ရပါတယ်” ဟု ပြောသည်။
အစပိုင်းတွင် မြန်မာ နိုင်ငံ အနောက်ဘက် နယ်စပ်တွင် ပြုလုပ်နေသာ ဖြတ်လေးဖြတ် စစ်ဆင်ရေးတွင် တပ်ရင်း ၄ ရင်း ပါဝင်ပြီး ယခုအခါ အမ်းတပ်မနှင့် ဘူးသီးတောင် တပ်မမှ စစ်သားများဖြင့် အင်အားဖြည့်တင်းကာ စစ်ဆင်ရေး တိုးချဲ့ ပြုလုပ်နေကြောင်း သိရသည်။
ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ ပြောရေးဆိုင်ခွင့် ရှိသူ တွဲဘက် အတွင်းရေးမှူး ၂ ခိုင်သုခမှ ယခုကဲ့သို့ ဖြတ်လေး ဖြတ် စစ်ဆင်ရေး ပြုလုပ်နေခြင်းကို အတည်ပြု ပြောကြားခဲ့ပြီး ပါဝင်သော တပ်ရင်းများကို ယခုကဲ့သို့ ပြောသည်။
“ အဲဒီ တပ်ရင်းတွေကတော့ ခလရ ၃၄၊ ခလရ ၂၃၂၊ ခလရ ၂၈၉ နှင့် ခမရ ၅၈၀ တို့ ဖြစ်ကြပါတယ်။ သူတို့က အခုလက်ရှိ ဖြတ်လေးဖြတ် စစ်ဆင်ရေးကို ပြုလုပ်နေတာက အိန္ဒိယ-မြန်မာ နယ်စပ် တလျှောက်မှာ ပြုလုပ်နေတာ ဖြစ်ပါတယ်”ဟု ပြောသည်။
သို့သော်လည်း ယခုအခါ နအဖ တပ်မှ ဘင်္ဂလာဒေခ်ျ့နယ်စပ်တွင်ပါ ဖြတ်လေးဖြတ်ကို တိုးချဲ့ ပြုလုပ်လာသည်။
“ အစပိုင်းမှာ အိန္ဒိယ- မြန်မာနယ်စပ်ဘက်မှာ ပြုလုပ်ခဲ့ပေမယ့် အခုတော့ ဘင်္ဂလာဒေခ်ျ့ စစ်တကောင်း တောင်တန်းဒေသ ရေကြိုင်ချောင်းဘက်မှာလည်း လုပ်လာတာကို တွေ့ရတယ်။ ဒီဘက်မှာ ALP တပ်တွေ ရှိနေတော့ ဗမာ စစ်သားတွေ ဒီဘက်မှာလည်း ပိတ်ဆို့ရေး လုပ်လာတာ ဖြစ်ပါတယ်” ဟု မော်တုတ်ကြီးမှ ပြောက်ကျားဟောင်းက ပြောသည်။
ယခုကဲ့သို့ ဖြတ်လေးဖြတ်ဖြင့် စစ်ဆင်ရေး လုပ်နေသော်လည်း အဆိုပါ စစ်ဆင်ရေးမှာ မအောင်မြင်နိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ရခိုင် တော်လှန်ရေး သမားများမှာ နယ်စပ် တလျှောက်တွင် ဟိုဘက် ဒီဘက် သွားလာ လူပ်ရှားနိုင်၍ ဖြစ်ကြောင်း စစ်ရေး လေ့လာသူများက ပြောသည်။

ရွေးကောက်ပွဲကော်မီရှင်မှသတ်မှတ်သည့် အရည်အချင်းပျက်ယွင်းသူအမတ်လောင်းစာရင်းတွင် ချင်းပြည်နယ်မှ ၁၅ ဦးပါဝင်
၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ကကျင်းပခဲ့သည့်ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မဲဆွယ် စည်းရုံးရေး ကာလက အသုံးစရိတ်များကို အချိန်မှီတင် သွင်းနိုင်ခြင်းမရှိသော လွှတ်တော်ကိုယ်စား လှယ်လောင်း များကို ပြည်ထောင်စုရွေးကောက် ပွဲကော်မီရှင်က အရည်အချင်း ပျက်ယွင်းသူများ အဖြစ်ကြေညာလိုက် သည့်အထဲတွင် ချင်းပြည်နယ်မှလွှတ်တော် ကိုယ်စားလှယ် လောင်း ၁၅ ဦးပါဝင်ကြောင်းသိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မီရှင်မှ မတ်လ ၁၅ ရက်နေ့ကထုတ်ပြန်သောယင်းအရည်ချင်းပျက်ယွင်းသူအမည်စာ ရင်းတွင်ချင်းပြည်နယ်မှဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော ချင်းတိုးတက်ရေး ပါတီမှ ၃ ဦး၊ချင်းအမျိုးသားပါတီမှ ၃ ဦး၊ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးပါတီမှ ၆ဦး၊ အမျိုးသားဒီမိုကရေစီအင်အားစုမှ ၁ ဦး၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချူပ် မှ ၁ ဦး နှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၁ ဦး တို့ပါဝင်ကြောင်းစစ်အစိုးရပိုင်မြန်မာ့ အလင်းသတင်းစာတွင်ဖော်ပြထားသည်။
ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ၄င်းတို့၏ကုန်ကျစရိတ်များ ကို လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းကြေညာ သည့်နေ့ရက်မှစ၍ ရက်ပေါင်း ၆၀ အတွင်း သက်ဆိုင်ရာရွေး ကောက်ပွဲကော်မီရှင်ထံသို့တင်သွင်းရမည်ဖြစ်သည်။
ကော်မရှင်က ပြီးခဲ့သည့်ရွေးကောက်ပွဲကာလတွင်လွှတ်တော်ကိုယ်စားလှယ်တဦးလျှင် မှတ်ပုံတင်ကြေး ကျပ် ၅ သိန်း သတ်မှတ်ခဲ့ပြီး ရွေးကောက်ပွဲမဲဆွယ်အသုံးစရိတ်ကို စုစုပေါင်း ကျပ်သိန်း၁ဝဝ အထိ သုံးစွဲခွင့် ပြုခဲ့သည်။
ယခုကဲ့သို့အရည်အချင်းပျက်ယွင်းသူများအဖြစ် ကြေညာခြင်းခံရသည့်လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် လက် ရှိလွှတ်တော်သက်တမ်း နှင့်နောက်လာမည့် လွှတ်တော် သက်တမ်းအတွက် ကျင်းပသည့်ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ပါဝင်ယှဉ်ပြိုင်ခွင့်မရှိကြောင်းရွေးကောက်ပွဲကော်မီရှင်၏ကြေညာချက်တွင်ဖော်ပြထား
သည်။
ချင်းပြည်နယ်မှ အရည်အချင်းပျက်ယွင်းသူများအဖြစ်ကြေညာခံရသည့်လွှတ်တော်ကိုယ်စားလှယ်လောင်းများစာရင်း
(၁) ချင်းတိုးတက်ရေးပါတီမှ တီးတိန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် - ဦးပီအက်စ်ခန့်ဒို့နန်
(၂) ချင်းတိုးတက်ရေးပါတီမှ ကန်ပက်လက်မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် – ဦးဟုန်းထန်း
(၃) ချင်းတိုးတက်ရေးပါတီမှ တီးတိန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် – ဦးထွမ်ဂိုးထန်
(၄) တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရးပါတီမှ ဟားခါးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် – ဦးလှမာ
(၅) ချင်းအမျိုးသားပါတီမှ ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် – ဦးလိန်းကီး
(၆) ချင်းအမျိုးသားပါတီမှ တီးတိန်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် – ဦးလန်းဇမန်
(၇) ချင်းအမျိုးသားပါတီမှ တီးတိန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် – ဦးကမ်လျန်ထန်
(၈) တစည ဟားခါးမြို့အမျိုးသားလွှတ်တော်ကိုယ်စားလှယ် – ဦးဗျက်ခမ်း
(၉) တစည တွန်းဇံမြို့အမျိုးသားလွှတ်တော်ကိုယ်စားလှယ် - ဦးလွန်ခိုဟန်
(၁၀) တစည ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် – ဦးထန်းကီး
(၁၁) တစည ဟားခါးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် – ဦးလျန်ချွန်း
(၁၂) တစည တွန်းဇံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် – ဦးဒိုင်းလျန်ပေါင်
(၁၃) တစည တွန်းဇံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် – ဦးတွာလ်ဒိုပေါင်
(၁၄) အမျိုးသားဒီမိုကရေစီအင်အားစု ပလက်ဝမြို့အမျိုးသားလွှတ်တော်ကိုယ်စားလှယ် – ဦးကျော်ကျော်ဖြူ
(၁၅) ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်မင်းတပ်မြို့အမျိုးသားလွှတ်တော် – ဦးလိန်းပိုင်
ကိုယ်စားလှယ်

အခြေအနေ ဆိုးရွားနေသော်လည်း ဂျပန်ရောက် ရခိုင်များ ပြည်တော် ပြန်ကြမည် မဟုတ်
မောင်ရမ္မာ
မတ်လ ၁၁ ရက်နေ့က လှုပ်ခတ်သွားသော ငလျင်ကြောင့် ဆူနာမီ ဒီရေလိုင်းကြီးများ ဖြစ်ပေါ်ပြီး နောက် နျူးကလီးယား ဓါတ်ပေါင်းဖိုများ ကြောက်မက်ဖွယ်ရာ တစ်လုံးပြီး တလုံး ပေါက်ကွဲ နေသော်လည်း ဂျပန်နိုင်ငံတွင် ရောက်ရှိနေကြသော ရခိုင်လူမျိုး အများစု အနေဖြင့် ပြည်တော် ပြန်နိုင်ကြမည် မဟုတ်ကြောင်း သိရသည်။ လက်ရှိ အခြေအနေကို ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ) ယာယီဥက္ကဌ ဦးဇော်မင်းခိုင်က ယခုကဲ့သို့ စတင် ပြောကြားသည်။
ငွေရှိတဲ့လူတွေ၊ ငွေရေးကြေးရေး အဆင်ပြေတဲ့ သူတွေကတော့ ပြန်ဖို့ ကြိုးစား နေကြပါတယ်။ အများစုကတော့ စိုးရိမ်တကြီးနဲ့ လတ်တလော ပြန်ဖို့အခြေအနေတော့ မရှိကြပါ။ ဒီမှာ ရှိနေကြတဲ့ အချိန်မှာတော့ ကျွန်တော်တို့ အချင်းချင်းကြားထဲမှာ တယောက်ကိုတယောက် သတင်းဖလှယ်ကြဖို့၊ တယောက် ဒုက္ခရောက်ရင် အားလုံးက ၀ိုင်းပြီးတော့ ကူညီကြဖို့၊ အဲဒီအချက်တွေကိုဘဲ ပထမဆုံး လုပ်ဆောင်သွားဖို့ အစီအစဉ် ရှိပါတယ်။ အကောင်းဆုံးကတော့ ရှောင်နိုင်၊ တိမ်းနိုင်တာ အကောင်းဆုံးပါ။ ခက်တာက ဒီမှာ နေထိုင်ကြတဲ့သူအများစုက ယူအင် အကူအညီနဲ့ နေကြတယ်ဆိုတော့ တခြား နေရာရှောင်ဖို့တိမ်းဖို့ဆိုတာက သိပ်မလွယ်ဘူး။ မြန်မာနိုင်ငံကိုလည်း ပြန်လို့မရ၊ ရှောင်မယ်ဆိုရင် တခြား တတိယ နိုင်ငံတနိုင်ငံကို ရှောင်ရမယ့် အနေအထားရှိပါတယ်။
ဂျပန်နိုင်ငံတွင် ရောက်ရှိနေကြသော ရခိုင်များ အပါအ၀င် မြန်မာနိုင်ငံသားများ၏ လက်ရှိ အခြေအနေ ကိုလည်း ဦးဇော်မင်းခိုင်က ယခုကဲ့သို့ ပြောသည်။
"အဲဒီ ငလျင် ဆူနာမီ ဖြစ်ပွားခဲ့တဲ့ နေရာတွေမှာ ရခိုင် အမျိုးသားတွေ မရှိသလို မြန်မာတွေလည်း မရှိပါ။ ရခိုင်အများစုကတော့ ကျွန်တော်တို့ တိုကျို ပတ်ဝန်းကျင်တွေ နေကြတဲ့အတွက် သိပ်ပြီးတော့ စိုးရိမ်စရာ အနေအထားတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တယောက်နဲ့တယောက် သတင်းဖလှယ်ပြီးတော့ အဆက်အသွယ်တော့ ရှိကြပါတယ်။ တိုကျိုမှာတော့ လောလောဆယ် စိုးရိမ်စရာ အခြေအနေမျိုးတော့ မရှိသေးပါဘူး။"
ငလျင်ကြောင့် ဆူနာမီ ဖြစ်ပေါ်ပြီးနောက်ကြုံတွေ့ခဲ့ရသော အခြေအနေကိုလည်း သူက ယခုကဲ့သို့ ပြောသည်။
"ဆူနာမီရေလှိုင်း တိုက်ခတ်သွားပြီးတာနဲ့ တယ်လီဖုန်း အဆက်အသွယ်တွေ ပြတ်တောက်သွားတယ်။ လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်သွားတယ်။ ရထားလမ်း အားလုံး ရပ်ထားလိုက်ရတယ်။ ကျွန်တော်တို့ ဆိုရင်လည်း မိသားစုနဲ့ အဆက်အသွယ်မရ ဖြစ်သွားတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမှာက နေတဲ့အိမ်နဲ့ အလုပ်ခွင်က ဝေးကြတယ်လေ။ ဒါကြောင့် မိသားစုရှိတဲ့ လူတွေ မိသားစုတွေနဲ့ အဆက်အသွယ် ပြတ်တောက် သွားကြရပါတယ်။ အဲဒီလို အခြေအနေမျိုး ဒီမှာ လက်ရှိ ကြုံတွေ့ ရပါတယ်။"
တခြား ရခိုင်အမျိုးသား ခေါင်းဆောင် တစ်ဦး ဖြစ်သည့် ကိုမြတ်သူကလည်း ဂျပန်နိုင်ငံတွင် လက်ရှိဖြစ်ပေါ်ခဲ့တဲ့ နျူကလီးယားဓါတ်ပေါင်းဖို ကိစ္စနှင့် ပတ်သက်ပြီး နိရဉ္စရာကို ယခု့ကဲ့သို့ ပြောသည်။
ဂျပန်နိုင်ငံမှာ နျူကလီးယားဓါတ်ပေါင်း နံပါတ် ၁ နဲ့နံပါတ် ၃ ကတော့ ပေါက်သွားပြီဖြစ်တဲ့အတွက် စိုးရိမ်စရာ ဖြစ်နေပါတယ်။ နံပါတ် ၄ တလုံးလည်း မနေ့ နံနက် ၁၁ နာရီခွဲ ၁၂ နာရီ လောက်မှာ ပေါက်သွားတဲ့ အတွက် အဲဒီနေရာနဲ့ ကီလိုမီတာ ၂၀ နဲ့ ၅၀ အကြားမှာ ရှိတဲ့လူတွေ အိမ်ကိုတံခါး ပိတ်ထားဖို့၊ အရေးပေါ် နှာခေါင်းချုပ်တွေနဲ့ ကာကွယ်ထား ဖို့ လိုအပ်တယ်ဆိုပီး အရေးပေါ် အခြေအနေ ကြေညာ ထားပါတယ်။ နျူကလီးယား ဓါတ်ငွေ့တွေက ယိုစိမ့်မူ ကျယ်ပြန့်လာနေတော့ လူတွေက သိပ်စိုးရိမ် နေကြတယ်။
၎င်းပြင် လျှပ်စစ်မီးကိုလည်း တနေ့ကို ၃ နာရီ ကျစီ ဖြတ်တောက်ထားသဖြင့် လူများ အခက်ကြုံ နေရပုံကို ကိုမြတ်သူက ယခုကဲ့သို့ ပြောသည်။
" လျှပ်စစ်မီးကိုလည်း မြို့နယ်တိုင်း မြို့နယ်တိုင်းမှာ တနေ့ကို ၃နာရီ ကျစီ ဖြတ်တောက် ထားပါတယ်။ တိုကျိုမြို့မှာလည်း အဖြတ်ခံနေရပါတယ်။ ရထားလမ်းတွေကလည်း ပုံမှန် မသွားနိုင်သေးဘူး။ ဒီလို ရထား၊ ကားတွေ ပုံမှန်မသွားနိုင်တဲ့အတွက်ကြောင့် အလုပ်အကိုင်တွေလည်း အခက်အခဲ ဖြစ်နေကြတယ်။ စားသောက်ဆိုင်တွေမှာလည်း လူတွေမလာ၊ အခက်အခဲတွေ ဖြစ်နေကြတယ်။ အခု ဖြစ်ရပ်ဟာ ဂျပန်နိုင်ငံမှာ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံး အကြိမ်ဖြစ်တဲ့ အတွက်ကြောင့် ကပ်ဆိုက်ရောက်တယ်လို့ ပြောလို့ရပါတယ်။ ကယ်ဆယ်ရေး အခြေအနေကလည်း လုံးလောက်မူ မရှိတာကို တွေ့နေရပါတယ်။ ကယ်ဆယ်ရေးကိုတော့ သူတို့နိုင်ငံက စစ်သားတွေဘဲ အဓိက လုပ်နေကြရတာကို တွေ့ရပါတယ်။ လုံလောက်မှု မရှိတဲ့ အတွက် အစားအစာနဲ့ သောက်ရေတွေ လိုအပ်နေပါတယ်။"
ဂျပန်နိုင်ငံတွင် ရောက်ရှိနေသူ ရခိုင် အမျိုးသား စုစုပေါင်း ၂၀၀ ခန့်ရှိကြောင်း သိရှိရသည်။
မတ်လ ၁၁ ရက်နေ့က လှုပ်ခတ်သွားသော ငလျင်ကြောင့် ဆူနာမီ ဒီရေလိုင်းကြီးများ ဖြစ်ပေါ်ပြီး နောက် နျူးကလီးယား ဓါတ်ပေါင်းဖိုများ ကြောက်မက်ဖွယ်ရာ တစ်လုံးပြီး တလုံး ပေါက်ကွဲ နေသော်လည်း ဂျပန်နိုင်ငံတွင် ရောက်ရှိနေကြသော ရခိုင်လူမျိုး အများစု အနေဖြင့် ပြည်တော် ပြန်နိုင်ကြမည် မဟုတ်ကြောင်း သိရသည်။ လက်ရှိ အခြေအနေကို ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ) ယာယီဥက္ကဌ ဦးဇော်မင်းခိုင်က ယခုကဲ့သို့ စတင် ပြောကြားသည်။ငွေရှိတဲ့လူတွေ၊ ငွေရေးကြေးရေး အဆင်ပြေတဲ့ သူတွေကတော့ ပြန်ဖို့ ကြိုးစား နေကြပါတယ်။ အများစုကတော့ စိုးရိမ်တကြီးနဲ့ လတ်တလော ပြန်ဖို့အခြေအနေတော့ မရှိကြပါ။ ဒီမှာ ရှိနေကြတဲ့ အချိန်မှာတော့ ကျွန်တော်တို့ အချင်းချင်းကြားထဲမှာ တယောက်ကိုတယောက် သတင်းဖလှယ်ကြဖို့၊ တယောက် ဒုက္ခရောက်ရင် အားလုံးက ၀ိုင်းပြီးတော့ ကူညီကြဖို့၊ အဲဒီအချက်တွေကိုဘဲ ပထမဆုံး လုပ်ဆောင်သွားဖို့ အစီအစဉ် ရှိပါတယ်။ အကောင်းဆုံးကတော့ ရှောင်နိုင်၊ တိမ်းနိုင်တာ အကောင်းဆုံးပါ။ ခက်တာက ဒီမှာ နေထိုင်ကြတဲ့သူအများစုက ယူအင် အကူအညီနဲ့ နေကြတယ်ဆိုတော့ တခြား နေရာရှောင်ဖို့တိမ်းဖို့ဆိုတာက သိပ်မလွယ်ဘူး။ မြန်မာနိုင်ငံကိုလည်း ပြန်လို့မရ၊ ရှောင်မယ်ဆိုရင် တခြား တတိယ နိုင်ငံတနိုင်ငံကို ရှောင်ရမယ့် အနေအထားရှိပါတယ်။
ဂျပန်နိုင်ငံတွင် ရောက်ရှိနေကြသော ရခိုင်များ အပါအ၀င် မြန်မာနိုင်ငံသားများ၏ လက်ရှိ အခြေအနေ ကိုလည်း ဦးဇော်မင်းခိုင်က ယခုကဲ့သို့ ပြောသည်။
"အဲဒီ ငလျင် ဆူနာမီ ဖြစ်ပွားခဲ့တဲ့ နေရာတွေမှာ ရခိုင် အမျိုးသားတွေ မရှိသလို မြန်မာတွေလည်း မရှိပါ။ ရခိုင်အများစုကတော့ ကျွန်တော်တို့ တိုကျို ပတ်ဝန်းကျင်တွေ နေကြတဲ့အတွက် သိပ်ပြီးတော့ စိုးရိမ်စရာ အနေအထားတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တယောက်နဲ့တယောက် သတင်းဖလှယ်ပြီးတော့ အဆက်အသွယ်တော့ ရှိကြပါတယ်။ တိုကျိုမှာတော့ လောလောဆယ် စိုးရိမ်စရာ အခြေအနေမျိုးတော့ မရှိသေးပါဘူး။"
ငလျင်ကြောင့် ဆူနာမီ ဖြစ်ပေါ်ပြီးနောက်ကြုံတွေ့ခဲ့ရသော အခြေအနေကိုလည်း သူက ယခုကဲ့သို့ ပြောသည်။
"ဆူနာမီရေလှိုင်း တိုက်ခတ်သွားပြီးတာနဲ့ တယ်လီဖုန်း အဆက်အသွယ်တွေ ပြတ်တောက်သွားတယ်။ လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်သွားတယ်။ ရထားလမ်း အားလုံး ရပ်ထားလိုက်ရတယ်။ ကျွန်တော်တို့ ဆိုရင်လည်း မိသားစုနဲ့ အဆက်အသွယ်မရ ဖြစ်သွားတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမှာက နေတဲ့အိမ်နဲ့ အလုပ်ခွင်က ဝေးကြတယ်လေ။ ဒါကြောင့် မိသားစုရှိတဲ့ လူတွေ မိသားစုတွေနဲ့ အဆက်အသွယ် ပြတ်တောက် သွားကြရပါတယ်။ အဲဒီလို အခြေအနေမျိုး ဒီမှာ လက်ရှိ ကြုံတွေ့ ရပါတယ်။"
တခြား ရခိုင်အမျိုးသား ခေါင်းဆောင် တစ်ဦး ဖြစ်သည့် ကိုမြတ်သူကလည်း ဂျပန်နိုင်ငံတွင် လက်ရှိဖြစ်ပေါ်ခဲ့တဲ့ နျူကလီးယားဓါတ်ပေါင်းဖို ကိစ္စနှင့် ပတ်သက်ပြီး နိရဉ္စရာကို ယခု့ကဲ့သို့ ပြောသည်။
ဂျပန်နိုင်ငံမှာ နျူကလီးယားဓါတ်ပေါင်း နံပါတ် ၁ နဲ့နံပါတ် ၃ ကတော့ ပေါက်သွားပြီဖြစ်တဲ့အတွက် စိုးရိမ်စရာ ဖြစ်နေပါတယ်။ နံပါတ် ၄ တလုံးလည်း မနေ့ နံနက် ၁၁ နာရီခွဲ ၁၂ နာရီ လောက်မှာ ပေါက်သွားတဲ့ အတွက် အဲဒီနေရာနဲ့ ကီလိုမီတာ ၂၀ နဲ့ ၅၀ အကြားမှာ ရှိတဲ့လူတွေ အိမ်ကိုတံခါး ပိတ်ထားဖို့၊ အရေးပေါ် နှာခေါင်းချုပ်တွေနဲ့ ကာကွယ်ထား ဖို့ လိုအပ်တယ်ဆိုပီး အရေးပေါ် အခြေအနေ ကြေညာ ထားပါတယ်။ နျူကလီးယား ဓါတ်ငွေ့တွေက ယိုစိမ့်မူ ကျယ်ပြန့်လာနေတော့ လူတွေက သိပ်စိုးရိမ် နေကြတယ်။
၎င်းပြင် လျှပ်စစ်မီးကိုလည်း တနေ့ကို ၃ နာရီ ကျစီ ဖြတ်တောက်ထားသဖြင့် လူများ အခက်ကြုံ နေရပုံကို ကိုမြတ်သူက ယခုကဲ့သို့ ပြောသည်။
" လျှပ်စစ်မီးကိုလည်း မြို့နယ်တိုင်း မြို့နယ်တိုင်းမှာ တနေ့ကို ၃နာရီ ကျစီ ဖြတ်တောက် ထားပါတယ်။ တိုကျိုမြို့မှာလည်း အဖြတ်ခံနေရပါတယ်။ ရထားလမ်းတွေကလည်း ပုံမှန် မသွားနိုင်သေးဘူး။ ဒီလို ရထား၊ ကားတွေ ပုံမှန်မသွားနိုင်တဲ့အတွက်ကြောင့် အလုပ်အကိုင်တွေလည်း အခက်အခဲ ဖြစ်နေကြတယ်။ စားသောက်ဆိုင်တွေမှာလည်း လူတွေမလာ၊ အခက်အခဲတွေ ဖြစ်နေကြတယ်။ အခု ဖြစ်ရပ်ဟာ ဂျပန်နိုင်ငံမှာ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံး အကြိမ်ဖြစ်တဲ့ အတွက်ကြောင့် ကပ်ဆိုက်ရောက်တယ်လို့ ပြောလို့ရပါတယ်။ ကယ်ဆယ်ရေး အခြေအနေကလည်း လုံးလောက်မူ မရှိတာကို တွေ့နေရပါတယ်။ ကယ်ဆယ်ရေးကိုတော့ သူတို့နိုင်ငံက စစ်သားတွေဘဲ အဓိက လုပ်နေကြရတာကို တွေ့ရပါတယ်။ လုံလောက်မှု မရှိတဲ့ အတွက် အစားအစာနဲ့ သောက်ရေတွေ လိုအပ်နေပါတယ်။"
ဂျပန်နိုင်ငံတွင် ရောက်ရှိနေသူ ရခိုင် အမျိုးသား စုစုပေါင်း ၂၀၀ ခန့်ရှိကြောင်း သိရှိရသည်။
ထားဝယ် စက်မှုဇုန်စီမံကိန်းက ဘယ်သူ့အတွက် အကျိုးရှိမှာလဲ
ဇွန်ခေါင်း
မြန်မာပြည်သူများက ဒါမျိုးကြားဖူးလှပြီ။ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်ခေတ် ဆိုတုန်းကလည်း ဂျပန်မှ ရှော့ပင်းမောလ်များ လာဖွင့်မည်ဆိုပြီး ပြာလဲ့ကို ဇာချဲ့ခဲ့ကြသေးသည်။ နောက်တော့လည်း ဘာမှ ပေါ်မလာ။
၁၉၉ဝ စုနှစ်များဆီတုန်းကလည်း ဂျပန်စက်မှုဇုန် ပန်းခြံကြီး မြို့တော်တွင် လာတည်မည်ဟု သတင်းဖြစ်လိုက်သေးသည်။ ဒါလဲ ဘာမှ အကောင်အထည်မပေါ်ခဲ့။
နောက်တခါ သီလဝါ အထူးစီးပွားရေးဇုန်ဆိုပြီး အသံတွေထွက်လာ ငြင်းလိုက်ကြခုံလိုက်ကြ၊ ဒီစီမံကိန်းလည်း နောင်တော်ကြီးများလိုပင် ဘာမှ အကောင်အထည်ပြစရာ မရှိလိုက်။ သို့သော် လူတချို့ကတော့ စီမံကိန်းပါ ဆိပ်ကမ်းတဝိုက် အိမ်ခြံမြေတွေ ဝယ်ယူရင်းနှီး မြှုပ်နှံလိုက်ကြသေးသည်။
အခုတလော မြန်မာပုဂ္ဂလိကပိုင် မီဒီယာများတွင် ကြားလာရသည့် သတင်းထူး သတင်းဆန်းကြီးကတော့ ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းတဲ့။ ပထမအဆင့်တွင် အမေရိကန်ဒေါ်လာ ၈ ဘီလီယံ ကုန်ကျမှာဖြစ်ပြီး စီမံကိန်းတခုလုံးအတွက် အမေရိကန်ဒေါ်လာ ၅၈ ဘီလီယံ ကုန်ကျမည့် ၁ဝ နှစ်ကြာ စီမံကိန်းအတွက် ထိုင်းနှင့် မြန်မာတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။ တခုစိတ်ဝင်စားစရာ ကောင်းသည်မှာ ယခု ဤစီမံကိန်းနှင့် ပတ်သက်၍ ငြင်းကြခုံကြ ဆွေးနွေးကြသည့် အကြောင်းအရာများထဲတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြဿနာနှင့် အလုပ်ခန့်ထားမှု ကိစ္စများကို ဦးစားပေး ဆွေးနွေးပြောဆိုလာကြခြင်း ဖြစ်သည်။ နာဂစ်ဆိုင်ကလုံး မုန်တိုင်းကို ခံလိုက်ရပြီးကတည်းက မြန်မာနိုင်ငံမှ လူအတော်အများများနှင့် မြန်မာမီဒီယာတို့သည် ပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် ဆိုင်သည့် ပြဿနာကြီးများကို ရင်းနှီးကျွမ်းဝင်သွားကြသည်။
ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ အဆိုးအကောင်း ဆွေးနွေးပြောဆိုကြရာတွင် ပေါ်ထွက်လာသော မေးခွန်းများမှာ ထိုင်းနိုင်ငံသည် ဘာကြောင့် သူ့နိုင်ငံမှ ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်ပေါ်စေသော ပျက်စီးစေသည့် စက်မှုလုပ်ငန်းများကို မြန်မာနိုင်ငံတွင်းသို့ တင်ပို့ခဲ့သနည်း။ သူ့နိုင်ငံတွင်း ပိုမိုတင်းကျပ်လာသော ပတ်ဝန်းကျင်ညစ်ညမ်းမှု ထိန်းသိမ်းရေး စည်းမျဉ်းစည်းကမ်းများကြောင့်လော ဆိုသည့် မေးခွန်းပင် ဖြစ်သည်။
နောက်ထပ် ပေါ်ထွက်လာသည့် စိုးရိမ်ပူပန်မှုတရပ်မှာ ဤစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရမည့် အလွန်ကြီးမားသော ငွေပမာဏနှင့် ထွက်ပေါ်လာမည့် အမြတ်အစွန်းကလည်း မြန်မာပြည်ကို အကျိုးဖြစ်ထွန်းစေမှာလားဆိုသည့် မေးခွန်းပင် ဖြစ်သည်။ တိုင်းပြည်အတွက် စီးပွားရေး တိုးတက်ဖြစ်ထွန်းမှုကို ဖြစ်ပေါ်စေလိမ့်မည်ဟု ပြောသူဆို၍ အနည်းငယ်သာ ရှိသည်။ အချို့သော အကောင်းမြင်သမားများကတော့ ယခုစီမံကိန်းသည် မြန်မာနိုင်ငံအဖို့ သူမသာကိုယ်မနာ စီမံကိန်းသာဖြစ်သည်ဟု ပြောသော်လည်း ပိုများများစားရမည့်သူမှာ ထိုင်းနိုင်ငံ ဖြစ်သည်ကိုလည်း ဝန်ခံပြောကြားသည်။
တိုတိုပြောရလျှင် ထားဝယ်စီမံကိန်းနှင့် စပ်လျဉ်းပြီး ပြည့်ပြည့်စုံစုံ သတင်းအချက်အလက်များ မရရှိခြင်းသည် မြန်မာအစိုးရက ပွင့်လင်းမြင်သာမှုမရှိ ဆိုသည်ကို ပြသနေသည်။ မြန်မာအစိုးရ အရာရှိများ၏ အရည်အချင်းနှင့် လုပ်ငန်းအပေါ် ပိုင်းဖြတ်မှု ရှိခြင်းအပေါ် အယုံအကြည်ကင်းမဲ့မှုကိုလည်း ပြသနေသည်။ ထို့ပြင် မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံအပေါ် ကာကွယ်ပေးနိုင်မည့် စည်းမျဉ်းစည်းကမ်းများ အကာအကွယ်များ လုံလောက်စွာ မရှိခြင်းကိုလည်း ပြသနေသည်။ မြန်မာဗိုလ်ချုပ်ကြီးများသည် သူတို့နှင့် အလွမ်းသင့်သူများကိုသာ ခေါ်ယူခန့်ထား လုပ်ကိုင်စေလိမ့်မည်၊ ရသမျှ ပြည်သူ့ဘဏ္ဍာငွေများကိုလည်း ဤစီးပွားရေးသမားကြီးများ၏ အလွန်ကြီးမားလှသော အိတ်ထောင်ထဲသို့သာ ကဲ့ထည့်လိမ့်မည် ဟူသော စိုးရိမ်ပူပန်မှုများလည်း ပေါ်ထွက်လာနေသည်။
အကယ်၍သာ (ဤအကယ်၍သာသည် တော်တော်အရေးကြီးသော အကယ်၍သာ ဖြစ်သည်) စီမံကိန်းနှင့် စပ်လျဉ်းပြီး အစိုးရ၏ ကြီးကြပ်အုပ်ချုပ်မှုအပေါ် ယုံကြည်စိတ်ချရမှု၊ ပွင့်လင်းမြင်သာမှု ရှိလာမှသာ၊ နောက်ထပ် အလားတူ ဖွံ့ဖြိုးရေး စီမံကိန်းများအပေါ် ပြည်သူလူထုက အလွယ်တကူ အားတက်သရော လက်ခံကြိုဆိုကြလိမ့်မည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ March,18th,2010
( 27 )ဒေါ်စုကို မွန်ဂိုလီးယား သမ္မတ အားပေး
( 26 ) SSA ‘North’ given ultimatum to surrender
( 25 )ကျောင်းပြင်ရောက် ကလေးများအရေး
( 24 )Life's a Blast in the Karen Jungle
( 23 )ရော့စ်ဒန်ကလေ အာမခံ ပယ်ချခံရ
( 22 )Burmese army in ‘heinous’ Shan assault
( 21 )မြဝတီ သတင်းစာ တပ်မတော်နေ့ထုတ်မည်
( 20 )Misreading Burma's Crisis
( 19 )လွှတ်တော် ခေတ္တနား
( 18 )More than 50 years of Shan Struggle
( 17 )စပွန်ဆာ သင်္ကြန်ခွေ အထွက်များလာ
( 16 )Psych. warfare unit to launch newspaper
( 15 )မဟာဗျူဟာလုပ်ငန်းစဉ် ၄ ရပ် ကုလ အကောင်အထည်ဖော်မည်
( 14 )Burma ‘radiation free’, junta offers aid
( 13 )ကုလ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသွားရန် စီစဉ်နေ
( 12 )ပြည်ပပို့ခွင့်မရ၍ ကြက်သွန်ဈေးကျ
( 11 )Burmese troops overrun SSA-N base in Nam Lao
( 10 )လယ်သမားအရေးဆောင်ရွက်ပေးသူများ လယ်လုပ်ခွင့်ပြန်မရသေး
( 9 )Critics blast FIFA support for Burmese regime crony
( 8 )NLD နဲ့ NDF ခေါင်းဆောင်တွေ တွေ့ဆုံ
( 7 )Burma’s Public Education Crisis
( 6 )ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ရေး ဒေါ်အောင်ဆန်းစုကြည် ပြောဆို
( 5 )UN Sets New Strategic Priorities in Burma
( 4 )အိန္ဒိယနိုင်ငံသား လူငယ်တဦး ကလေးစစ်သားအဖြစ် စုဆောင်းခံရ
( 3 )"Four Cuts" Military Operation Launched on Western Burmese Border
( 2 )မြန်မာတိုင်းမ် အယ်ဒီတာချုပ်ဟောင်း အယူခံ ပယ်ချခံရ
( 1 )Burma's plight highlighted

Thursday, March 17, 2011
DKBA စစ်ဆင်ရေး သတင်းကြောင့် မြဝတီမြို့ခံများ တိမ်းရှောင်
ဧရာဝတီ Thursday, 17 March 2011
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က ထိုင်း - မြန်မာ နယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့တွင် ယနေ့ စစ်ဆင်ရေး ပြုလုပ်မည် ဆိုသည့်သတင်း ထွက်ပေါ် နေသဖြင့် မြို့ခံများ ဘေးကင်း လုံခြုံရာသို့ ရှောင်တိမ်း နေကြသည်ဟု သိရသည်။
မြ၀တီမြို့ခံတဦးက “DKBA ဗိုလ်နှုတ်ခမ်းမွေး အဖွဲ့က ဝင်တိုက်မယ်ဆိုတော့ ထိုင်းဘက်နဲ့ ကော့ကရိတ် ဘက်ကို ရှောင်တာရှိသလို၊ မြို့ပြင် ဘက်ကိုလည်း ရှောင်နေကြတယ်။ အာဏာပိုင်တွေကတော့ ဒီသတင်း မဟုတ်ဘူး၊ ကောလာဟလလို့ ရပ်ကွက်ထဲ လိုက်ပြောနေတယ်။ ဒါပေမယ့် ရှောင်နေတဲ့အထဲမှာ သူတို့ ဆွေမျိုး သားချင်းတွေ ရှေ့ဆုံးကပဲ” ဟု ဧရာဝတီသို့ ပြောသည်။
တိုက်ပွဲ သတင်းများကြောင့် မြဝတီမြို့၌ ကျီးလန့်စာစားဖြစ်နေချိန်တွင် ထိုင်းဘက်ခြမ်း နယ်ခြားမျဉ်းအနီးရှိ သုဿန်တွင် ပြုလုပ်သော ဈာပနမှ ပစ်ဖောက်သည့် မီးကျည်အသံများကြောင့် မြို့ခံများ ထိတ်လန့်ကာ တမြို့လုံး အသွားအလာမရှိဘဲ ငြိမ်သက်နေသည်ဟု သူက ဆိုသည်။
DKBA တပ်မဟာ ၅ မှ စစ်ဆင်ရေးမှူး တဦးဖြစ်သည့် ဗိုလ်မှူးဆန်းအောင်က “ဒီနေ့ စစ်ဆင်ရေးရှိတာ ဟုတ်တယ်။ ကျနော်တို့တပ်ဖွဲ့တွေ မြို့ကိုဝိုင်းထားပေမယ့် ဒီရက်တွေမှာ မိုး တအား ရွာနေတာကြောင့် စစ်ဆင်ရေးကို အဟန့်အတား ဖြစ်မှာစိုးလို့ ဒီနေ့တော့ မလုပ်ဖြစ်ပါဘူး။ ဒီစစ်ဆင်ရေးက နအဖ ရဲ့ ယန္တရား ကိုပဲ အဓိကတိုက်မှာ ဖြစ်တဲ့အတွက် အရပ်သားတွေ စိုးရိမ်ဖို့ မလိုဘူး။ ဒါပေမယ့် သတိနဲ့တော့ သွားလာဖို့ လိုတယ်” ဟု ပြောသည်။
DKBA တပ်မဟာ ၅ အဖွဲ့သည် ၁၀ တန်း ကျောင်းသားများ စာမေးပွဲပြီးသည့် ရက်ပိုင်းအတွင်း မြ၀တီမြို့ကို ထိုးစစ်ဆင်မည် ဆိုသည့်အကြောင်း မြို့ခံများ သိရှိစေရန် ကြိုတင်ပြောကြားထားပြီး ဖြစ်သည်ဟုလည်း ဗိုလ်မှူးဆန်းအောင်က ဆိုသည်။
လွန်ခဲ့သည့် ၃ ရက်ခန့်ကလည်း DKBA အဖွဲ့သည် မြ၀တီ - ကော့ကရိတ် ကားလမ်းပေါ်ရှိ တောင်သုံးလုံး ဒေသ အနီးတွင် နအဖ တပ်စခန်းများကို ၀င်ရောက်ပစ်ခတ်ခဲ့သည့် အတွက် နအဖ တပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးခဲ့သည်ဟု မြ၀တီမြို့ခံ ယာဉ်မောင်းတဦးကပြောသည်။
DKBA အဖွဲ့သည် ဆက်လက်ရပ်တည်ရန် ဘဏ္ဍာငွေ မရှိတော့သဖြင့် မြ၀တီမြို့ကို ၀င်ရောက်တိုက်ခိုက်ပြီး ပြည်သူများထံမှ ဓားပြတိုက် လုယက်ရန် အစီအစဉ်ရှိသည်ဟု မြ၀တီခရိုင် အစိုးရ အာဏာပိုင်များက ခရိုင် အတွင်း သတင်းဖြန့်ထားသည်ဟု သိရသည်။
မြဝတီမြို့ခံ ယာဉ်မောင်းက “မြ၀တီခရိုင်နဲ့ ကော့ကရိတ်ခရိုင် နှစ်ခုကို DKBA နဲ့ KNU (ကရင်အမျိုးသား အစည်းအရုံး) က ဘယ်အချိန် ၀င်တိုက်တိုက် ရတဲ့အနေအထား ရှိတာကို လူထုက သိထားတယ်။ သူတို့မှာ အတွေ့အကြုံနဲ့ အဆက်အသွယ်တွေက ရှိပြီးသားဆိုတော့ အရင်ရှောင်ထားတာ အလကားမဖြစ်ဘူးဆိုတာ သိနေကြတယ်။ မြ၀တီနဲ့ ကော့ကရိတ်လမ်းကိုတောင် လုံခြုံရေး မပေးနိုင်တဲ့ အာဏာပိုင်တွေကို လူထုက အယုံအကြည် မရှိတာ ရှေ့မှာ နမူနာတွေအများကြီး ရှိခဲ့တယ်” ဟုပြောသည်။
DKBA အဖွဲ့က မြ၀တီမြို့ စစ်ဆင်ရေးကို အကောင်အထည်ဖေါ်မည့် စစ်ရေးလှုပ်ရှားမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြောထားပြီး မြ၀တီခရိုင်အာဏာပိုင်များ ဘက်မှ မြို့တွင်းလုံခြုံရေးအတွက် ပုံမှန်ထက် တပ်အင်အားများ တိုးမြှင့်ချထားကြောင်း၊ ခရိုင်အတွင်း တပ်လှန့် ထားကြောင်း ကရင် နယ်ခြားစောင့်တပ်မှ တပ်ဖွဲ့ဝင်တဦးက ပြောသည်။
ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့တွင် စစ်အစိုးရ ရွေးကောက်ပွဲ ကျင်းပသည့် ၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့မှစ၍ နအဖတပ်နှင့် DKBA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒေသခံများ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်သို့ ထွက်ပြေးခဲ့ကြ ရသည်။
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က ထိုင်း - မြန်မာ နယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့တွင် ယနေ့ စစ်ဆင်ရေး ပြုလုပ်မည် ဆိုသည့်သတင်း ထွက်ပေါ် နေသဖြင့် မြို့ခံများ ဘေးကင်း လုံခြုံရာသို့ ရှောင်တိမ်း နေကြသည်ဟု သိရသည်။မြ၀တီမြို့ခံတဦးက “DKBA ဗိုလ်နှုတ်ခမ်းမွေး အဖွဲ့က ဝင်တိုက်မယ်ဆိုတော့ ထိုင်းဘက်နဲ့ ကော့ကရိတ် ဘက်ကို ရှောင်တာရှိသလို၊ မြို့ပြင် ဘက်ကိုလည်း ရှောင်နေကြတယ်။ အာဏာပိုင်တွေကတော့ ဒီသတင်း မဟုတ်ဘူး၊ ကောလာဟလလို့ ရပ်ကွက်ထဲ လိုက်ပြောနေတယ်။ ဒါပေမယ့် ရှောင်နေတဲ့အထဲမှာ သူတို့ ဆွေမျိုး သားချင်းတွေ ရှေ့ဆုံးကပဲ” ဟု ဧရာဝတီသို့ ပြောသည်။
တိုက်ပွဲ သတင်းများကြောင့် မြဝတီမြို့၌ ကျီးလန့်စာစားဖြစ်နေချိန်တွင် ထိုင်းဘက်ခြမ်း နယ်ခြားမျဉ်းအနီးရှိ သုဿန်တွင် ပြုလုပ်သော ဈာပနမှ ပစ်ဖောက်သည့် မီးကျည်အသံများကြောင့် မြို့ခံများ ထိတ်လန့်ကာ တမြို့လုံး အသွားအလာမရှိဘဲ ငြိမ်သက်နေသည်ဟု သူက ဆိုသည်။
DKBA တပ်မဟာ ၅ မှ စစ်ဆင်ရေးမှူး တဦးဖြစ်သည့် ဗိုလ်မှူးဆန်းအောင်က “ဒီနေ့ စစ်ဆင်ရေးရှိတာ ဟုတ်တယ်။ ကျနော်တို့တပ်ဖွဲ့တွေ မြို့ကိုဝိုင်းထားပေမယ့် ဒီရက်တွေမှာ မိုး တအား ရွာနေတာကြောင့် စစ်ဆင်ရေးကို အဟန့်အတား ဖြစ်မှာစိုးလို့ ဒီနေ့တော့ မလုပ်ဖြစ်ပါဘူး။ ဒီစစ်ဆင်ရေးက နအဖ ရဲ့ ယန္တရား ကိုပဲ အဓိကတိုက်မှာ ဖြစ်တဲ့အတွက် အရပ်သားတွေ စိုးရိမ်ဖို့ မလိုဘူး။ ဒါပေမယ့် သတိနဲ့တော့ သွားလာဖို့ လိုတယ်” ဟု ပြောသည်။
DKBA တပ်မဟာ ၅ အဖွဲ့သည် ၁၀ တန်း ကျောင်းသားများ စာမေးပွဲပြီးသည့် ရက်ပိုင်းအတွင်း မြ၀တီမြို့ကို ထိုးစစ်ဆင်မည် ဆိုသည့်အကြောင်း မြို့ခံများ သိရှိစေရန် ကြိုတင်ပြောကြားထားပြီး ဖြစ်သည်ဟုလည်း ဗိုလ်မှူးဆန်းအောင်က ဆိုသည်။
လွန်ခဲ့သည့် ၃ ရက်ခန့်ကလည်း DKBA အဖွဲ့သည် မြ၀တီ - ကော့ကရိတ် ကားလမ်းပေါ်ရှိ တောင်သုံးလုံး ဒေသ အနီးတွင် နအဖ တပ်စခန်းများကို ၀င်ရောက်ပစ်ခတ်ခဲ့သည့် အတွက် နအဖ တပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးခဲ့သည်ဟု မြ၀တီမြို့ခံ ယာဉ်မောင်းတဦးကပြောသည်။
DKBA အဖွဲ့သည် ဆက်လက်ရပ်တည်ရန် ဘဏ္ဍာငွေ မရှိတော့သဖြင့် မြ၀တီမြို့ကို ၀င်ရောက်တိုက်ခိုက်ပြီး ပြည်သူများထံမှ ဓားပြတိုက် လုယက်ရန် အစီအစဉ်ရှိသည်ဟု မြ၀တီခရိုင် အစိုးရ အာဏာပိုင်များက ခရိုင် အတွင်း သတင်းဖြန့်ထားသည်ဟု သိရသည်။
မြဝတီမြို့ခံ ယာဉ်မောင်းက “မြ၀တီခရိုင်နဲ့ ကော့ကရိတ်ခရိုင် နှစ်ခုကို DKBA နဲ့ KNU (ကရင်အမျိုးသား အစည်းအရုံး) က ဘယ်အချိန် ၀င်တိုက်တိုက် ရတဲ့အနေအထား ရှိတာကို လူထုက သိထားတယ်။ သူတို့မှာ အတွေ့အကြုံနဲ့ အဆက်အသွယ်တွေက ရှိပြီးသားဆိုတော့ အရင်ရှောင်ထားတာ အလကားမဖြစ်ဘူးဆိုတာ သိနေကြတယ်။ မြ၀တီနဲ့ ကော့ကရိတ်လမ်းကိုတောင် လုံခြုံရေး မပေးနိုင်တဲ့ အာဏာပိုင်တွေကို လူထုက အယုံအကြည် မရှိတာ ရှေ့မှာ နမူနာတွေအများကြီး ရှိခဲ့တယ်” ဟုပြောသည်။
DKBA အဖွဲ့က မြ၀တီမြို့ စစ်ဆင်ရေးကို အကောင်အထည်ဖေါ်မည့် စစ်ရေးလှုပ်ရှားမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြောထားပြီး မြ၀တီခရိုင်အာဏာပိုင်များ ဘက်မှ မြို့တွင်းလုံခြုံရေးအတွက် ပုံမှန်ထက် တပ်အင်အားများ တိုးမြှင့်ချထားကြောင်း၊ ခရိုင်အတွင်း တပ်လှန့် ထားကြောင်း ကရင် နယ်ခြားစောင့်တပ်မှ တပ်ဖွဲ့ဝင်တဦးက ပြောသည်။
ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့တွင် စစ်အစိုးရ ရွေးကောက်ပွဲ ကျင်းပသည့် ၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့မှစ၍ နအဖတပ်နှင့် DKBA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒေသခံများ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်သို့ ထွက်ပြေးခဲ့ကြ ရသည်။
တရုတ် ထိပ်တန်းခေါင်းဆောင် မလာမီ အစိုးရသစ် အမြန်ဖွဲ့မည်
ရန်ပိုင် Thursday, 17 March 2011
နေပြည်တော်တွင် ပြုလုပ်နေသည့် လွှတ်တော် အစည်းအဝေးများကို အပြီးသတ်ကာ လာမည့် ရက်ပိုင်အတွင်း အစိုးရသစ်ကို စတင်ဖွဲ့စည်း တော့မည်ဟု နေပြည်တော်နှင့် နီးစပ်သည့် အသိုင်းအ၀န်းက ပြောသည်။
နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းနှင့် နီးစပ်သူများ အဆိုအရ လာမည့် ဧပြီလ ၂ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ၏ ထိပ်တန်းခေါင်းဆောင် ကျာချင်လင်း (Jia Qinglin) မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် ဖြစ်ကြောင်း၊ ယင်း တရုတ်ထိပ်တန်း ခေါင်းဆောင်နှင့် ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရအဖွဲ့သစ်ကို တွေ့ဆုံရန်အတွက် ဖြစ်နိုင်ကြောင်း သိရသည်။
ထို့အပြင် အစိုးရအဖွဲ့ဟောင်း၏ ဘဏ္ဍာရေးနှစ်သည်လည်း ယခု မတ်လကုန်လျှင် ပြီးဆုံးမည်ဖြစ်ပြီး အစိုးရသစ်၏ ဘဏ္ဍာရေးဆိုင်ရာ အသုံးစရိတ်များကို ဧပြီလတွင် စတင်လည်ပတ်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် မစ္စတာ ကျာချင်လင်းသည် တရုတ်ကွန်မြူနစ်ပါတီ၏ ပေါ်လစ်ဗျူရိုအဖွဲ့တွင် တဦး အပါအ၀င်ဖြစ်ပြီး ယခုခရီးစဉ်သည် မြန်မာပြည်၏ အရပ်သားအစိုးရသစ်ကို လာရောက်တွေ့ဆုံကာ ချီးကျူးခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
တရုတ်အစိုးရသည် မြန်မာစစ်အစိုးရနှင့် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ရှိပြီး စီးပွားရေးကဏ္ဍတွင်သာမက စစ်ရေးဆက်ဆံမှုများလည်း ရှိနေရာ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ လေ့လာရေး ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ မြန်မာနိုင်ငံသို့ ပြီးခဲ့သည့်ရက်ပိုင်းက လာရောက် လည်ပတ်ခဲ့ကြောင်း စစ်အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့က ပြုလုပ်သည့် ရွေးကောက်ပွဲတွင် စစ်အစိုးရ ကျောထောက်နောက်ခံပေးထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ပြည်သူလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် အများစု အနိုင်ရရှိခဲ့သည်။
ရွေးကောက်ပွဲအပြီး ၂ ရက်အကြာတွင် တရုတ်သမ္မတ ဟူကျင်းတောင်နှင့် ဒု သမ္မတ ဇီကျန်ပင်းတို့က ရွေးကောက်ပွဲတွင် အနိုင်ရ ရှိခဲ့သည့်အတွက် ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာပေးပို့ခဲ့သည်။
အစိုးရသစ်ဖွဲ့စည်းရေးနှင့် ပတ်သက်သည့် လွှတ်တော်အစည်းများကို လွန်ခဲ့သည့် ဇန်န၀ါရီလ ၃၁ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ယခုဆိုလျှင် ၁ လခွဲနီးပါး ကြာမြင့်နေပြီဖြစ်ပြီး သမ္မတအဖြစ် လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန်၊ ဒုသမ္မတအဖြစ် စစ်အစိုးရ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် ရှမ်းအမျိုးသား ဒေါက်တာ စိုင်းမောက်ခမ်းတို့အား ခန့်အပ်ထားသည်။
ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းမှာ ပြည်သူလွှတ်တော် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ယဉ်ကျေးမှုဝန်ကြီး ဦးခင်အောင်မြင့်က ဆောင်ရွက်သည်။ လွှတ်တော် အစည်းအဝေးများသည် များသောအားဖြင့် အချိန် ၁၅ မိနစ်ခန့်သာ ကြာမြင့်သောကြောင့် ၁၅ မိနစ်လွှတ်တော်ဟုပင် ရေးသားပြောဆိုခံရသည်။
တရုတ်အစိုးရသည် လက်ရှိ စစ်အစိုးရနှင့် ရေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းများ၊ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းများကို လုပ်ကိုင်နေပြီး ရခိုင်ကမ်းလွန်မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေများကို တရုတ်နိုင်ငံသို့တင်ပို့ ရေး စီမံကိန်းများကို သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် သဘောတူလက်မှတ်များ ရေးထိုးပြီးဖြစ်သည်။
နေပြည်တော်တွင် ပြုလုပ်နေသည့် လွှတ်တော် အစည်းအဝေးများကို အပြီးသတ်ကာ လာမည့် ရက်ပိုင်အတွင်း အစိုးရသစ်ကို စတင်ဖွဲ့စည်း တော့မည်ဟု နေပြည်တော်နှင့် နီးစပ်သည့် အသိုင်းအ၀န်းက ပြောသည်။နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းနှင့် နီးစပ်သူများ အဆိုအရ လာမည့် ဧပြီလ ၂ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ၏ ထိပ်တန်းခေါင်းဆောင် ကျာချင်လင်း (Jia Qinglin) မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် ဖြစ်ကြောင်း၊ ယင်း တရုတ်ထိပ်တန်း ခေါင်းဆောင်နှင့် ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရအဖွဲ့သစ်ကို တွေ့ဆုံရန်အတွက် ဖြစ်နိုင်ကြောင်း သိရသည်။
ထို့အပြင် အစိုးရအဖွဲ့ဟောင်း၏ ဘဏ္ဍာရေးနှစ်သည်လည်း ယခု မတ်လကုန်လျှင် ပြီးဆုံးမည်ဖြစ်ပြီး အစိုးရသစ်၏ ဘဏ္ဍာရေးဆိုင်ရာ အသုံးစရိတ်များကို ဧပြီလတွင် စတင်လည်ပတ်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် မစ္စတာ ကျာချင်လင်းသည် တရုတ်ကွန်မြူနစ်ပါတီ၏ ပေါ်လစ်ဗျူရိုအဖွဲ့တွင် တဦး အပါအ၀င်ဖြစ်ပြီး ယခုခရီးစဉ်သည် မြန်မာပြည်၏ အရပ်သားအစိုးရသစ်ကို လာရောက်တွေ့ဆုံကာ ချီးကျူးခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
တရုတ်အစိုးရသည် မြန်မာစစ်အစိုးရနှင့် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ရှိပြီး စီးပွားရေးကဏ္ဍတွင်သာမက စစ်ရေးဆက်ဆံမှုများလည်း ရှိနေရာ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ လေ့လာရေး ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ မြန်မာနိုင်ငံသို့ ပြီးခဲ့သည့်ရက်ပိုင်းက လာရောက် လည်ပတ်ခဲ့ကြောင်း စစ်အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့က ပြုလုပ်သည့် ရွေးကောက်ပွဲတွင် စစ်အစိုးရ ကျောထောက်နောက်ခံပေးထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ပြည်သူလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် အများစု အနိုင်ရရှိခဲ့သည်။
ရွေးကောက်ပွဲအပြီး ၂ ရက်အကြာတွင် တရုတ်သမ္မတ ဟူကျင်းတောင်နှင့် ဒု သမ္မတ ဇီကျန်ပင်းတို့က ရွေးကောက်ပွဲတွင် အနိုင်ရ ရှိခဲ့သည့်အတွက် ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာပေးပို့ခဲ့သည်။
အစိုးရသစ်ဖွဲ့စည်းရေးနှင့် ပတ်သက်သည့် လွှတ်တော်အစည်းများကို လွန်ခဲ့သည့် ဇန်န၀ါရီလ ၃၁ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ယခုဆိုလျှင် ၁ လခွဲနီးပါး ကြာမြင့်နေပြီဖြစ်ပြီး သမ္မတအဖြစ် လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန်၊ ဒုသမ္မတအဖြစ် စစ်အစိုးရ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် ရှမ်းအမျိုးသား ဒေါက်တာ စိုင်းမောက်ခမ်းတို့အား ခန့်အပ်ထားသည်။
ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းမှာ ပြည်သူလွှတ်တော် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ယဉ်ကျေးမှုဝန်ကြီး ဦးခင်အောင်မြင့်က ဆောင်ရွက်သည်။ လွှတ်တော် အစည်းအဝေးများသည် များသောအားဖြင့် အချိန် ၁၅ မိနစ်ခန့်သာ ကြာမြင့်သောကြောင့် ၁၅ မိနစ်လွှတ်တော်ဟုပင် ရေးသားပြောဆိုခံရသည်။
တရုတ်အစိုးရသည် လက်ရှိ စစ်အစိုးရနှင့် ရေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းများ၊ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းများကို လုပ်ကိုင်နေပြီး ရခိုင်ကမ်းလွန်မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေများကို တရုတ်နိုင်ငံသို့တင်ပို့ ရေး စီမံကိန်းများကို သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် သဘောတူလက်မှတ်များ ရေးထိုးပြီးဖြစ်သည်။
ရှမ်းပြည်နယ် တိုက်ပွဲ ပြင်းထန်၊ ဒေသခံ ရာချီ ထွက်ပြေး
သန်းထိုက်ဦး Thursday, 17 March 2011
ရှမ်းပြည် တောင်ပိုင်း မိုင်းရှုးမြို့နယ် အတွင်း စစ်အစိုးရတပ်နှင့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) တပ်များ အဆက်မပြတ် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရာနှင့်ချီသော ဒေသခံ ရွာသားများ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရသည်။
ပြီးခဲ့သော တနင်္လာနေ့က SSA မြောက်ပိုင်း ထိန်းချုပ်ဒေသရှိ ဟိုနမ့်ကျေးရွာတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲကြောင့် အသက် ၁၀ နှစ် အရွယ် ကလေးငယ် တဦး အပါအ၀င် ရွာသား ၂ ဦးသေဆုံး၍ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဒဏ်ရာရတဲ့ လူနာတွေကို ဆေးရုံတင်ဖို့ ကြိုးစားနေပေမယ့် သူတို့က ဆွေမျိုးမရှိလို့ မြို့ပေါ်မှာ ဆေးကုမခံချင်ဘူးပြောတယ်” ဟု မိုင်းရှုးမြို့နယ် ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။
အဆိုပါ တိုက်ပွဲများသည် ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှုးမြို့နယ်နှင့် တန့်ယန်း မြို့နယ်တွင် ပြီးခဲ့သည့် တနင်္ဂနွေနေ့မှ စတင် ၍ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယင်းတိုက်ပွဲများတွင် နှစ်ဘက် ထိခိုက် ဒဏ်ရာ ရရှိမှုများ ရှိနိုင်ကြောင်း SSA-N သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။
SSA-Nက မြန်မာ စစ်အစိုးရနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် တွေ့ဆုံဆွေးနွေး အဖြေရှာလိုသော်လည်း လက်ခံခြင်း မရှိသည့် အပြင် စစ်အစိုးရက စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“မိမိတို့သည် အကောင်းဆုံး အခြေအနေကို မျှော်လင့်ရင်း အဆိုးဆုံး အခြေအနေကို ရင်ဆိုင်ရန်လည်း ပြင်ဆင်ထားပါတယ်” ဟု SSA-N ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
“အခု မိုင်းရှုးမြို့ပေါ်မှာ ရွာက တက်လာတဲ့ လူတွေက အမျိုးအိမ်တွေမှာ လာခိုလှုံနေတာ သိသိသာသာကို များတယ်”ဟုမိုင်းရှုးဒေသခံ တဦးက ပြောသည်။
ထို့အပြင် ကွန်ဟိန်း၊ နမ့်စန်နှင့် ကျေးသီးမြို့နယ်မှ ရွာပေါင်း ၁၁ ရွာကို ကျိုင်းတုံ-တောင်ကြီး အဝေးပြေးလမ်းမဘေးသို့ ပြောင်း ရွှေ့ရန် စစ်အစိုးရတပ်ဖွဲ့များက ထုတ်ပြန်ထားကြောင်း သိရသည်။
SSA မြောက်ပိုင်း ဌာနချုပ်ရှိရာ ၀မ်ဟိုင်းရွာ အနီးတ၀ိုက်ကိုလည်း စစ်အစိုးရက တပ်အင်အားများ ထပ်မံတိုးချဲ့ ချထားပြီး ယခုလကုန်ပိုင်းတွင် ပြောင်းရွှေ့ရန်လည်း ညွန်ကြားထားသည်။
ဝမ်ဟိုင်းဌာနချုပ်သည် ရှမ်းပြည်နယ် မိုင်းရယ်နှင့် မိုင်းရှုးမြို့နယ်ကြားတွင်ရှိသည်။ လားရှိုး၊ တန့်ယန်းနှင့် မိုင်းရူးမြို့နယ်များတွင် SSA-N တပ်ဖွဲ့ဝင်များက ထိန်းချုပ်ထားပြီး တင်အင်အား ခန့်မှန်းခြေ ၃၀၀၀ ရှိကြောင်း သိရသည်။
ယမန်နေ့က နမ့်လောင် ဒေသရှိ SSA-N တပ်စခန်း တခုကို စစ်အစိုးရတပ်များက ထိုးစစ်ဆင်၍ သိမ်းလိုက်ကြောင်း သိရသည်။ အဆိုပါ တိုက်ပွဲသည် ရှမ်းပြည်နယ် မြောက်ပိုင်း လာရှိုးနှင့် မိုင်းရယ်မြို့နယ်ကြားတွင် ဖြစ်ပွားခဲ့ပြီး ယင်း နမ့်လောင် တပ်စခန်း ကို စစ်အစိုးရ တပ်များက လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့သောကြောင့် SSA-N တပ်များက စခန်းမှ ဆုတ်ခွာပေးလိုက်ရခြင်းဖြစ်သည်ဟု သျှမ်း သံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။
“SSA ဘက်က ပြောက်ကျားစနစ်နဲ့ပဲ လုပ်နိုင်တော့ သူတို့ ဆုတ်ပေးရတာပေါ့၊ နောက် နအဖက သူတို့ဒေသ နမ့်လောင် ခွင်ကို နေရာယူလိုက်ပြီ”ဟု ၎င်းက ဆိုသည်။
နအဖ၏ စစ်ရေး နည်းဗျူဟာ အနေဖြင့် တပ်အင်အားကို အသုံချခြင်း မရှိသကဲ့သို့ လက်နက် အင်အားကို ပိုမို အသုံးချကြောင်း ကြားသိရသည်ဟု ဦးစိန်ကြည်က ဆက်ပြောသည်။ ယင်းတိုက်ပွဲများတွင်လည်း ထိ ခိုက်ဒဏ်ရာရရှိမှုများ ရှိနိုင်ကြောင်း ၎င်းက ဆိုသည်။
ယခုအခါ တိုက်ပွဲဖြစ်သည့် ဒေသများသို့ တခြားသော တိုက်ရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ မလာရောက်နိုင်ရန် အတွက် လမ်းကြောင်းများကို နအဖ စစ်အစိုးရ တပ်များဖြင့် ပိတ်ပင်ထားကြောင်း ရှမ်းပြည်တပ်မတော် တောင်ပိုင်း(SSA -S)မှ ပြောခွင့် ရ ပုဂ္ဂိုလ် စိုင်းလောင်ဆိုင်းက ပြောသည်။
“နအဖ တပ်တွေကတော့ ၀ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA)နဲ့ SSA-N တို့ အပြန်အလှန် ကူညီ ပေးနေတဲ့ လမ်းကြောင်း တွေကို ပိတ်ထားတယ်”ဟု ၎င်းက ဆိုသည်။
SSA တောင်ပိုင်း အနေဖြင့်လည်း SSA မြောက်ပိုင်း တပ်ဖွဲ့ဝင်များကို အကူအညီအပေးနိုင်ရန် ရှမ်းပြည်နယ် ကွန်ဟိန်းမြို့ နယ် ဒေသ အပါအ၀င် မိုင်းရူးမြို့နှင့် ကျေးသီးမြို့နယ် ဒေသများတွင် နအဖ စစ်အစိုးရက စစ်ရေး တိုးချဲ့ထားကြောင်း စိုင်းလောင်ဆိုင်းက ဆက်ပြောသည်။
အစိုးရဘက်ကSSA-N တပ်စခန်းကို သိမ်းလိုက်သည့် တပ်ရင်း အမည်များကိုမူ ရှင်းလင်းစွာ မသိရှိရသေးပေ။ သို့သော်လည်း ယင်း ဒေသများတွင် နအဖ စစ်တပ်အင်အား ခန့်မှန်းခြေ ၁၅၀၀ခန့် တိုးချဲ့ထားပြီးဖြစ်ကြောင်း စစ်ရေးလေ့လာသူများက ပြော သည်။
ယခုတိုက်ဖြစ်ပွားရာ ဒေသများတွင် ရှမ်းပြည်နယ် ကျောက်မဲမြို့အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ) ၁ နှင့် လွိုင် လင် အခြေ စိုက် စကခ ၂ လက်အောက်ခံ တပ်ရင်းများ လှုပ်ရှားနေသည့် အပြင် စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ နှင့် မန္တလေးတိုင်း မိထ္တီလာမြို့နယ် အခြေစိုက် တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းများက SSA-N ထိန်းချုပ်ထားသော တန့်ယန်း မြို့နယ် အတွင်းသို့ ရောက်ရှိနေကြောင်း သိရသည်။
အဆိုပါ နအဖ စစ်အစိုးရ တပ်မ ၃၃ နှင့် တပ်မ ၉၉ တို့သည် ယခုအခါ တန့်ယန်း အခြေစိုက် တပ်များနှင့် ပူးပေါင်း၍ ယင်း ဒေ သ များတွင် စစ်အင်အား တိုးချဲ့ထားသည်။
မြန်မာ စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ကူးပြောင်းရေး အတွက် ကြိုးပမ်းလျက်ရှိရာ SSA-Nက လက်မခံသဖြင့် စစ်ရေးအရ နှစ်ဘက် တင်းမာနေခြင်း ဖြစ်သည်။
စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။
၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
ရှမ်းပြည် တောင်ပိုင်း မိုင်းရှုးမြို့နယ် အတွင်း စစ်အစိုးရတပ်နှင့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) တပ်များ အဆက်မပြတ် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရာနှင့်ချီသော ဒေသခံ ရွာသားများ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရသည်။ ပြီးခဲ့သော တနင်္လာနေ့က SSA မြောက်ပိုင်း ထိန်းချုပ်ဒေသရှိ ဟိုနမ့်ကျေးရွာတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲကြောင့် အသက် ၁၀ နှစ် အရွယ် ကလေးငယ် တဦး အပါအ၀င် ရွာသား ၂ ဦးသေဆုံး၍ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဒဏ်ရာရတဲ့ လူနာတွေကို ဆေးရုံတင်ဖို့ ကြိုးစားနေပေမယ့် သူတို့က ဆွေမျိုးမရှိလို့ မြို့ပေါ်မှာ ဆေးကုမခံချင်ဘူးပြောတယ်” ဟု မိုင်းရှုးမြို့နယ် ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။
အဆိုပါ တိုက်ပွဲများသည် ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှုးမြို့နယ်နှင့် တန့်ယန်း မြို့နယ်တွင် ပြီးခဲ့သည့် တနင်္ဂနွေနေ့မှ စတင် ၍ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယင်းတိုက်ပွဲများတွင် နှစ်ဘက် ထိခိုက် ဒဏ်ရာ ရရှိမှုများ ရှိနိုင်ကြောင်း SSA-N သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။
SSA-Nက မြန်မာ စစ်အစိုးရနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် တွေ့ဆုံဆွေးနွေး အဖြေရှာလိုသော်လည်း လက်ခံခြင်း မရှိသည့် အပြင် စစ်အစိုးရက စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“မိမိတို့သည် အကောင်းဆုံး အခြေအနေကို မျှော်လင့်ရင်း အဆိုးဆုံး အခြေအနေကို ရင်ဆိုင်ရန်လည်း ပြင်ဆင်ထားပါတယ်” ဟု SSA-N ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
“အခု မိုင်းရှုးမြို့ပေါ်မှာ ရွာက တက်လာတဲ့ လူတွေက အမျိုးအိမ်တွေမှာ လာခိုလှုံနေတာ သိသိသာသာကို များတယ်”ဟုမိုင်းရှုးဒေသခံ တဦးက ပြောသည်။
ထို့အပြင် ကွန်ဟိန်း၊ နမ့်စန်နှင့် ကျေးသီးမြို့နယ်မှ ရွာပေါင်း ၁၁ ရွာကို ကျိုင်းတုံ-တောင်ကြီး အဝေးပြေးလမ်းမဘေးသို့ ပြောင်း ရွှေ့ရန် စစ်အစိုးရတပ်ဖွဲ့များက ထုတ်ပြန်ထားကြောင်း သိရသည်။
SSA မြောက်ပိုင်း ဌာနချုပ်ရှိရာ ၀မ်ဟိုင်းရွာ အနီးတ၀ိုက်ကိုလည်း စစ်အစိုးရက တပ်အင်အားများ ထပ်မံတိုးချဲ့ ချထားပြီး ယခုလကုန်ပိုင်းတွင် ပြောင်းရွှေ့ရန်လည်း ညွန်ကြားထားသည်။
ဝမ်ဟိုင်းဌာနချုပ်သည် ရှမ်းပြည်နယ် မိုင်းရယ်နှင့် မိုင်းရှုးမြို့နယ်ကြားတွင်ရှိသည်။ လားရှိုး၊ တန့်ယန်းနှင့် မိုင်းရူးမြို့နယ်များတွင် SSA-N တပ်ဖွဲ့ဝင်များက ထိန်းချုပ်ထားပြီး တင်အင်အား ခန့်မှန်းခြေ ၃၀၀၀ ရှိကြောင်း သိရသည်။
ယမန်နေ့က နမ့်လောင် ဒေသရှိ SSA-N တပ်စခန်း တခုကို စစ်အစိုးရတပ်များက ထိုးစစ်ဆင်၍ သိမ်းလိုက်ကြောင်း သိရသည်။ အဆိုပါ တိုက်ပွဲသည် ရှမ်းပြည်နယ် မြောက်ပိုင်း လာရှိုးနှင့် မိုင်းရယ်မြို့နယ်ကြားတွင် ဖြစ်ပွားခဲ့ပြီး ယင်း နမ့်လောင် တပ်စခန်း ကို စစ်အစိုးရ တပ်များက လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့သောကြောင့် SSA-N တပ်များက စခန်းမှ ဆုတ်ခွာပေးလိုက်ရခြင်းဖြစ်သည်ဟု သျှမ်း သံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။
“SSA ဘက်က ပြောက်ကျားစနစ်နဲ့ပဲ လုပ်နိုင်တော့ သူတို့ ဆုတ်ပေးရတာပေါ့၊ နောက် နအဖက သူတို့ဒေသ နမ့်လောင် ခွင်ကို နေရာယူလိုက်ပြီ”ဟု ၎င်းက ဆိုသည်။
နအဖ၏ စစ်ရေး နည်းဗျူဟာ အနေဖြင့် တပ်အင်အားကို အသုံချခြင်း မရှိသကဲ့သို့ လက်နက် အင်အားကို ပိုမို အသုံးချကြောင်း ကြားသိရသည်ဟု ဦးစိန်ကြည်က ဆက်ပြောသည်။ ယင်းတိုက်ပွဲများတွင်လည်း ထိ ခိုက်ဒဏ်ရာရရှိမှုများ ရှိနိုင်ကြောင်း ၎င်းက ဆိုသည်။
ယခုအခါ တိုက်ပွဲဖြစ်သည့် ဒေသများသို့ တခြားသော တိုက်ရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ မလာရောက်နိုင်ရန် အတွက် လမ်းကြောင်းများကို နအဖ စစ်အစိုးရ တပ်များဖြင့် ပိတ်ပင်ထားကြောင်း ရှမ်းပြည်တပ်မတော် တောင်ပိုင်း(SSA -S)မှ ပြောခွင့် ရ ပုဂ္ဂိုလ် စိုင်းလောင်ဆိုင်းက ပြောသည်။
“နအဖ တပ်တွေကတော့ ၀ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA)နဲ့ SSA-N တို့ အပြန်အလှန် ကူညီ ပေးနေတဲ့ လမ်းကြောင်း တွေကို ပိတ်ထားတယ်”ဟု ၎င်းက ဆိုသည်။
SSA တောင်ပိုင်း အနေဖြင့်လည်း SSA မြောက်ပိုင်း တပ်ဖွဲ့ဝင်များကို အကူအညီအပေးနိုင်ရန် ရှမ်းပြည်နယ် ကွန်ဟိန်းမြို့ နယ် ဒေသ အပါအ၀င် မိုင်းရူးမြို့နှင့် ကျေးသီးမြို့နယ် ဒေသများတွင် နအဖ စစ်အစိုးရက စစ်ရေး တိုးချဲ့ထားကြောင်း စိုင်းလောင်ဆိုင်းက ဆက်ပြောသည်။
အစိုးရဘက်ကSSA-N တပ်စခန်းကို သိမ်းလိုက်သည့် တပ်ရင်း အမည်များကိုမူ ရှင်းလင်းစွာ မသိရှိရသေးပေ။ သို့သော်လည်း ယင်း ဒေသများတွင် နအဖ စစ်တပ်အင်အား ခန့်မှန်းခြေ ၁၅၀၀ခန့် တိုးချဲ့ထားပြီးဖြစ်ကြောင်း စစ်ရေးလေ့လာသူများက ပြော သည်။
ယခုတိုက်ဖြစ်ပွားရာ ဒေသများတွင် ရှမ်းပြည်နယ် ကျောက်မဲမြို့အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ) ၁ နှင့် လွိုင် လင် အခြေ စိုက် စကခ ၂ လက်အောက်ခံ တပ်ရင်းများ လှုပ်ရှားနေသည့် အပြင် စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ နှင့် မန္တလေးတိုင်း မိထ္တီလာမြို့နယ် အခြေစိုက် တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းများက SSA-N ထိန်းချုပ်ထားသော တန့်ယန်း မြို့နယ် အတွင်းသို့ ရောက်ရှိနေကြောင်း သိရသည်။
အဆိုပါ နအဖ စစ်အစိုးရ တပ်မ ၃၃ နှင့် တပ်မ ၉၉ တို့သည် ယခုအခါ တန့်ယန်း အခြေစိုက် တပ်များနှင့် ပူးပေါင်း၍ ယင်း ဒေ သ များတွင် စစ်အင်အား တိုးချဲ့ထားသည်။
မြန်မာ စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ကူးပြောင်းရေး အတွက် ကြိုးပမ်းလျက်ရှိရာ SSA-Nက လက်မခံသဖြင့် စစ်ရေးအရ နှစ်ဘက် တင်းမာနေခြင်း ဖြစ်သည်။
စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။
၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
မစ္စတာ ဒန်ကလေကို အာမခံ မပေး
မင်းနိုင်သူ Thursday, 17 March 2011
မြန်မာတိုင်းမ် အမှုဆောင် အရာရှိချုပ် မစ္စတာ ရော့စ် ဒန်ကလေကို ယနေ့ တတိယ အကြိမ်မြောက် ရုံးထုတ်ရာတွင် အာမခံ လျှောက်ထားမှုကို တရားသူကြီးက ပယ်ချ လိုက်သည်။
မြန်မာတိုင်းမ်မှ မန်နေဂျာ ဦးဝေလင်းက “ပြီးခဲ့တဲ့ တရားခွင်တုန်းက မစ္စတာ ဒန်ကလေရဲ့ ရှေ့နေတွေက အာမခံရဖို့ လျှောက်လဲချက် တင်ထားပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး မစ္စတာ ဒန်ကလေအပေါ် စွဲဆိုထားတဲ့ ပုဒ်မတွေဟာ အာမခံပေးလို့ မရဘူးလို့ တရားသူကြီးက အမိန့်ချမှတ်ပါတယ်” ဟု ပြောသည်။
ယနေ့တရားခွင်၌ တရားလိုဘက်မှ သက်သေအဖြစ် တင်သွင်းသည့် မစ္စတာဒန်ကလေ၏ ခြံနှင့် မျက်နှာခြင်းဆိုင်ခြံမှ ခြံစောင့်အလုပ်သမားတဦးနှင့် မူးယစ်ဆိုင်ရာ ဆရာဝန်တို့၏ ထွက်ဆိုချက်များကို တရားသူကြီးက ကြားနာခဲ့ကြောင်း သိရသည်။
အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ထုတ်ဝေနေသည့် မြန်မာတိုင်းမ်ဂျာနယ် အမှုဆောင်အရာရှိချုပ် မစ္စတာ ဒန်ကလေသည် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃ (၁)၊ ရာဇ၀တ်မှု ပုဒ်မ ၃၂၃၊ ၃၂၈၊ ၃၅၂၊ ၃၄၁ တို့ဖြင့် ငြိစွန်းသည်ဟု စွပ်စွဲခံရပြီး ကမာရွတ်တရားရုံးတွင် တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။
သြစတြေးလျနိုင်ငံသား မစ္စတာ ဒန်ကလေသည် ၂၀၀၀ ပြည့်နှစ်တွင် မြန်မာတိုင်းမ်ဂျာနယ်ကို ထိုစဉ်က တန်ခိုးထွားသည့် စစ်ထောက်လှမ်းရေး၏ ကျောထောက်နောက်ခံပြုမှုဖြင့် စတင်ထုတ်ဝေခဲ့သည်ဟု ရန်ကုန် စာနယ်ဇင်း အသိုင်းအ၀ိုင်းက ဆိုသည်။
ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ စစ်ထောက်လှမ်းရေးအဖွဲ့ကို ၂၀၀၄ ခုနှစ်တွင် စစ်အစိုးရက ဖျက်သိမ်းခဲ့ပြီးနောက် မြန်မာတိုင်းမ်ဂျာနယ် ရှယ်ယာဝင် ဗိုလ်မှူးချုပ် သိန်းဆွေ၏သား ဦးဆန်နီဆွေလည်း အဖမ်းခံခဲ့ရကာ ၄င်း၏ အစုရှယ်ယာများကို ပြန်ကြားရေးဝန်ကြီးနှင့် နီးစပ်သည့် ဒေါက်တာ တင်ထွန်းဦးထံ လွှဲပြောင်းပေးခဲ့ရကြောင်း အမည်မဖော်လိုသည့် သတင်းဂျာနယ် အယ်ဒီတာတဦးက ပြောသည်။
မစ္စတာ ဒန်ကလေကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီးနောက် ၃ ရက်အကြာတွင် ပြည်မြန်မာဂျာနယ်၊ သုတစွယ်စုံမဂ္ဂဇင်း အပါအဝင် အပတ်စဉ်ထုတ် ဂျာနယ်များနှင့် လစဉ်ထုတ် မဂ္ဂဇင်းများကို ထုတ်ဝေနေသူ စွယ်စုံမီဒီယာပိုင်ရှင် ဒေါက်တာတင်ထွန်းဦးက မြန်မာတိုင်းမ်ဂျာနယ် အယ်ဒီတာချုပ်အဖြစ် ပြောင်းလဲ တာဝန်ယူခဲ့သည်။
မစ္စတာ ဒန်ကလေအမှုကို မတ်လ ၂၃ ရက်နေ့တွင် ဆက်လက်ကြားနာရန် ကမာရွတ်တရားရုံးက ထပ်မံချိန်းဆိုထားသည်။
မြန်မာတိုင်းမ် အမှုဆောင် အရာရှိချုပ် မစ္စတာ ရော့စ် ဒန်ကလေကို ယနေ့ တတိယ အကြိမ်မြောက် ရုံးထုတ်ရာတွင် အာမခံ လျှောက်ထားမှုကို တရားသူကြီးက ပယ်ချ လိုက်သည်။မြန်မာတိုင်းမ်မှ မန်နေဂျာ ဦးဝေလင်းက “ပြီးခဲ့တဲ့ တရားခွင်တုန်းက မစ္စတာ ဒန်ကလေရဲ့ ရှေ့နေတွေက အာမခံရဖို့ လျှောက်လဲချက် တင်ထားပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး မစ္စတာ ဒန်ကလေအပေါ် စွဲဆိုထားတဲ့ ပုဒ်မတွေဟာ အာမခံပေးလို့ မရဘူးလို့ တရားသူကြီးက အမိန့်ချမှတ်ပါတယ်” ဟု ပြောသည်။
ယနေ့တရားခွင်၌ တရားလိုဘက်မှ သက်သေအဖြစ် တင်သွင်းသည့် မစ္စတာဒန်ကလေ၏ ခြံနှင့် မျက်နှာခြင်းဆိုင်ခြံမှ ခြံစောင့်အလုပ်သမားတဦးနှင့် မူးယစ်ဆိုင်ရာ ဆရာဝန်တို့၏ ထွက်ဆိုချက်များကို တရားသူကြီးက ကြားနာခဲ့ကြောင်း သိရသည်။
အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ထုတ်ဝေနေသည့် မြန်မာတိုင်းမ်ဂျာနယ် အမှုဆောင်အရာရှိချုပ် မစ္စတာ ဒန်ကလေသည် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃ (၁)၊ ရာဇ၀တ်မှု ပုဒ်မ ၃၂၃၊ ၃၂၈၊ ၃၅၂၊ ၃၄၁ တို့ဖြင့် ငြိစွန်းသည်ဟု စွပ်စွဲခံရပြီး ကမာရွတ်တရားရုံးတွင် တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။
သြစတြေးလျနိုင်ငံသား မစ္စတာ ဒန်ကလေသည် ၂၀၀၀ ပြည့်နှစ်တွင် မြန်မာတိုင်းမ်ဂျာနယ်ကို ထိုစဉ်က တန်ခိုးထွားသည့် စစ်ထောက်လှမ်းရေး၏ ကျောထောက်နောက်ခံပြုမှုဖြင့် စတင်ထုတ်ဝေခဲ့သည်ဟု ရန်ကုန် စာနယ်ဇင်း အသိုင်းအ၀ိုင်းက ဆိုသည်။
ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ စစ်ထောက်လှမ်းရေးအဖွဲ့ကို ၂၀၀၄ ခုနှစ်တွင် စစ်အစိုးရက ဖျက်သိမ်းခဲ့ပြီးနောက် မြန်မာတိုင်းမ်ဂျာနယ် ရှယ်ယာဝင် ဗိုလ်မှူးချုပ် သိန်းဆွေ၏သား ဦးဆန်နီဆွေလည်း အဖမ်းခံခဲ့ရကာ ၄င်း၏ အစုရှယ်ယာများကို ပြန်ကြားရေးဝန်ကြီးနှင့် နီးစပ်သည့် ဒေါက်တာ တင်ထွန်းဦးထံ လွှဲပြောင်းပေးခဲ့ရကြောင်း အမည်မဖော်လိုသည့် သတင်းဂျာနယ် အယ်ဒီတာတဦးက ပြောသည်။
မစ္စတာ ဒန်ကလေကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီးနောက် ၃ ရက်အကြာတွင် ပြည်မြန်မာဂျာနယ်၊ သုတစွယ်စုံမဂ္ဂဇင်း အပါအဝင် အပတ်စဉ်ထုတ် ဂျာနယ်များနှင့် လစဉ်ထုတ် မဂ္ဂဇင်းများကို ထုတ်ဝေနေသူ စွယ်စုံမီဒီယာပိုင်ရှင် ဒေါက်တာတင်ထွန်းဦးက မြန်မာတိုင်းမ်ဂျာနယ် အယ်ဒီတာချုပ်အဖြစ် ပြောင်းလဲ တာဝန်ယူခဲ့သည်။
မစ္စတာ ဒန်ကလေအမှုကို မတ်လ ၂၃ ရက်နေ့တွင် ဆက်လက်ကြားနာရန် ကမာရွတ်တရားရုံးက ထပ်မံချိန်းဆိုထားသည်။
ကန်ဘောက်-မြိုင်ကလေး ဓါတ်ငွေ့ပိုက်လိုင်း အသစ်ပြန်သွယ်
ဟောင်းဒိန်း
အရည်အသွေး မကောင်းခြင်း၊ သွယ်တန်းမှု နည်းပညာ အားနည်းခြင်းကြောင့် မကြာခဏ ယိုစိမ့်နေသည့် ကန်ဘောက်-မြိုင်ကလေး ဓါတ်ငွေ့ပိုက်လိုင်းကို အသစ်ပြန်လည် သွယ်တန်း လျက် ရှိသည်။
တနင်္သာရီတိုင်းမှ မွန်ပြည်နယ်ကို ဖြတ်ကာ ကရင်ပြည်နယ်သို့ သွယ်တန်းထားသည့် ၎င်းဓါတ်ငွေ့ပိုက်လိုင်းကို မတ်လ ၃ ရက်နေ့မှ ယနေ့တိုင် မွန်ပြည်နယ် မုဒုံမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်တွင် သွယ်တန်းလျက် ရှိပြီး၊ ဂဟေဆော်သည့်စက်များနှင့် မြေထိုးစက်များကိုလည်း တွေ့ရသည်။
ပိုက်လိုင်းသစ် ပြန်လည်သွယ်တန်းခြင်းကြောင့် မုဒုံမြို့နယ်တွင် ခြံမြေ လယ်မြေ ဧက ၂၀၀ ခန့် ပျက်စီးခဲ့ပြီး ဆက်လက်ဖျက်ဆီး ခံရဦး မည်ဟုလည်း ထိုဒေသမှ လယ်မြေ ဖျက်ဆီးခံရသူ နိုင်ထွန်းက ပြောသည်။
“ကျနော့်မြေ ၄ ဧကလောက် ရှိတယ်။ ၂ ဧကလောက် ဖျက်ဆီးခံရတယ်။ ကျနော့်မြေ ဖျက်ဆီးခံရသလို တခြားခြံပိုင်ရှင်တွေလည်း ဖျက်ဆီးခံရတာပဲ။ ဘာလျော်ကြေးမှ မရဘူး” ဟု မုဒုံမြို့နယ် ဆက်သွယ်ရွာမှ နိုင်ထွန်းက ပြောသည်။
ယခင်ဓါတ်ငွေ့ပိုက်လိုင်းဟောင်းကို ပြန်လည်ပြုပြင်ခြင်း မဟုတ်ပဲ အသစ်သွယ်တန်းခြင်း ဖြစ်ပြီး မြေတူးစက်များ ဝင်နိုင်ရန် လမ်းများ ဖောက်လုပ်ခြင်းကြောင့် လယ်မြေ ခြံမြေများ ဖျက်ဆီးခံရခြင်း ဖြစ်သည်။
“ဒီမြေဟာ ကျနော်တို့ရဲ့ ထမင်းအိုးပဲ။ ကျနော့်မှာ ခြံမရှိဘူး၊ ဒီလယ်ကိုပဲ အားကိုးနေရတာ။ အခုလို ဖျက်ဆီးခံလိုက်ရတာ ထမင်းအိုး ကွဲသွားသလိုပဲ။ ကျနော်က ထိုင်းနိုင်ငံမှာ အလုပ်သွားမလုပ်ချင်ဘူး၊ ဒါပေမဲ့ အခုလို ဖြစ်သွားပြီဆိုတော့ မသွားလို့ မရတော့ဘူး” ဟု သူက ဆက်ပြောသည်။
ဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းမှု ညံ့ဖျင်းခြင်းကြောင့် ပျမ်းမျှတလ တကြိမ် ဓါတ်ငွေ့ ယိုစိမ့်မှု၊ ပိုက်လိုင်း ပေါက်ကွဲမှု ဖြစ်ပွားလျက် ရှိကြောင်း ပိုက်လိုင်းနှင့် ပတ်သက်သည့် အချက်အလက် ကောက်ခံခဲ့သူတဦးက ပြောသည်။
ပိုက်လိုင်းပေါက်ကွဲမှု ဖြစ်ပေါ်တိုင်း ဒေသခံပြည်သူများ နှိပ်စက်ညှင်းပမ်းခံရပြီး အဓမ္မလုပ်အားပေး ခိုင်းစေခြင်းနှင့် ငွေကြေးပေးဆောင်ရခြင်းများလည်း ရှိသည်။ အများဆုံးမှာ မုဒုံမြို့နယ်တွင် ကြုံတွေ့ရသည်။
အရှည် ၁၈၀ မိုင်ရှိသည့် ကန်ဘောက်-မြိုင်ကလေး ဓါတ်ငွေ့ပိုက်လိုင်းကို ၂၀၀၀ ပြည့်နှစ်တွင် စတင်သွယ်တန်းခဲ့ပြီး ကရင်ပြည်နယ်ရှိ ဘားအံမြို့နယ်ရှိ မြိုင်ကလေး ဘိလပ်မြေစက်ရုံ၊ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ငန်းတေးလျပ်စစ်ဓါတ်အားပေးစက်ရုံ၊ သထုံလျှပ်စစ်ဓါတ်အားပေးစက်ရုံနှင့် ရန်ကုန်မြို့သို့ တနေ့လျှင် ဓာတ်ငွေ့ကုဗပေ ၁၁၀ သန်း ပေးပို့လျက် ရှိသည်။
ဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းခြင်းကြောင့် မြေသိမ်းခံရခြင်း၊ အဓမ္မလုပ်အားပေး စေခိုင်းခံရခြင်း၊ နေရပ်စွန့်ခွာ ထွက်ပြေးရခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း များစွာကို ဒေသခံပြည်သူများ ကြုံတွေ့ကြရကြောင်း လူ့အခွင့်အရေး မြှင့်တင်ရေးအဖွဲ့ (မွန်ပြည်) က ဆိုသည်။
အရည်အသွေး မကောင်းခြင်း၊ သွယ်တန်းမှု နည်းပညာ အားနည်းခြင်းကြောင့် မကြာခဏ ယိုစိမ့်နေသည့် ကန်ဘောက်-မြိုင်ကလေး ဓါတ်ငွေ့ပိုက်လိုင်းကို အသစ်ပြန်လည် သွယ်တန်း လျက် ရှိသည်။တနင်္သာရီတိုင်းမှ မွန်ပြည်နယ်ကို ဖြတ်ကာ ကရင်ပြည်နယ်သို့ သွယ်တန်းထားသည့် ၎င်းဓါတ်ငွေ့ပိုက်လိုင်းကို မတ်လ ၃ ရက်နေ့မှ ယနေ့တိုင် မွန်ပြည်နယ် မုဒုံမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်တွင် သွယ်တန်းလျက် ရှိပြီး၊ ဂဟေဆော်သည့်စက်များနှင့် မြေထိုးစက်များကိုလည်း တွေ့ရသည်။
ပိုက်လိုင်းသစ် ပြန်လည်သွယ်တန်းခြင်းကြောင့် မုဒုံမြို့နယ်တွင် ခြံမြေ လယ်မြေ ဧက ၂၀၀ ခန့် ပျက်စီးခဲ့ပြီး ဆက်လက်ဖျက်ဆီး ခံရဦး မည်ဟုလည်း ထိုဒေသမှ လယ်မြေ ဖျက်ဆီးခံရသူ နိုင်ထွန်းက ပြောသည်။
“ကျနော့်မြေ ၄ ဧကလောက် ရှိတယ်။ ၂ ဧကလောက် ဖျက်ဆီးခံရတယ်။ ကျနော့်မြေ ဖျက်ဆီးခံရသလို တခြားခြံပိုင်ရှင်တွေလည်း ဖျက်ဆီးခံရတာပဲ။ ဘာလျော်ကြေးမှ မရဘူး” ဟု မုဒုံမြို့နယ် ဆက်သွယ်ရွာမှ နိုင်ထွန်းက ပြောသည်။
ယခင်ဓါတ်ငွေ့ပိုက်လိုင်းဟောင်းကို ပြန်လည်ပြုပြင်ခြင်း မဟုတ်ပဲ အသစ်သွယ်တန်းခြင်း ဖြစ်ပြီး မြေတူးစက်များ ဝင်နိုင်ရန် လမ်းများ ဖောက်လုပ်ခြင်းကြောင့် လယ်မြေ ခြံမြေများ ဖျက်ဆီးခံရခြင်း ဖြစ်သည်။
“ဒီမြေဟာ ကျနော်တို့ရဲ့ ထမင်းအိုးပဲ။ ကျနော့်မှာ ခြံမရှိဘူး၊ ဒီလယ်ကိုပဲ အားကိုးနေရတာ။ အခုလို ဖျက်ဆီးခံလိုက်ရတာ ထမင်းအိုး ကွဲသွားသလိုပဲ။ ကျနော်က ထိုင်းနိုင်ငံမှာ အလုပ်သွားမလုပ်ချင်ဘူး၊ ဒါပေမဲ့ အခုလို ဖြစ်သွားပြီဆိုတော့ မသွားလို့ မရတော့ဘူး” ဟု သူက ဆက်ပြောသည်။
ဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းမှု ညံ့ဖျင်းခြင်းကြောင့် ပျမ်းမျှတလ တကြိမ် ဓါတ်ငွေ့ ယိုစိမ့်မှု၊ ပိုက်လိုင်း ပေါက်ကွဲမှု ဖြစ်ပွားလျက် ရှိကြောင်း ပိုက်လိုင်းနှင့် ပတ်သက်သည့် အချက်အလက် ကောက်ခံခဲ့သူတဦးက ပြောသည်။
ပိုက်လိုင်းပေါက်ကွဲမှု ဖြစ်ပေါ်တိုင်း ဒေသခံပြည်သူများ နှိပ်စက်ညှင်းပမ်းခံရပြီး အဓမ္မလုပ်အားပေး ခိုင်းစေခြင်းနှင့် ငွေကြေးပေးဆောင်ရခြင်းများလည်း ရှိသည်။ အများဆုံးမှာ မုဒုံမြို့နယ်တွင် ကြုံတွေ့ရသည်။
အရှည် ၁၈၀ မိုင်ရှိသည့် ကန်ဘောက်-မြိုင်ကလေး ဓါတ်ငွေ့ပိုက်လိုင်းကို ၂၀၀၀ ပြည့်နှစ်တွင် စတင်သွယ်တန်းခဲ့ပြီး ကရင်ပြည်နယ်ရှိ ဘားအံမြို့နယ်ရှိ မြိုင်ကလေး ဘိလပ်မြေစက်ရုံ၊ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ငန်းတေးလျပ်စစ်ဓါတ်အားပေးစက်ရုံ၊ သထုံလျှပ်စစ်ဓါတ်အားပေးစက်ရုံနှင့် ရန်ကုန်မြို့သို့ တနေ့လျှင် ဓာတ်ငွေ့ကုဗပေ ၁၁၀ သန်း ပေးပို့လျက် ရှိသည်။
ဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းခြင်းကြောင့် မြေသိမ်းခံရခြင်း၊ အဓမ္မလုပ်အားပေး စေခိုင်းခံရခြင်း၊ နေရပ်စွန့်ခွာ ထွက်ပြေးရခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း များစွာကို ဒေသခံပြည်သူများ ကြုံတွေ့ကြရကြောင်း လူ့အခွင့်အရေး မြှင့်တင်ရေးအဖွဲ့ (မွန်ပြည်) က ဆိုသည်။
NDA-K နယ်ခြားစောင့်တပ်ရှိ ၀န်ထမ်းများ လစာအတွက် မသေချာ
KNG
မြန်မာစစ်အစိုးရလက်အောက် နယ်ခြားစောင့်တပ်အသွင်ပြောင်းသွားသည့် ဒီမိုကရေစီသစ်တပ်မတော်-ကချင်(NDA-K)၏ ဒေသဖွံ့ဖြိုးရေး ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများ လစာ မရေမရာ ဖြစ်နေကြောင်း ၎င်းဝန်ထမ်းတစ်ဦးပြောသည်။
NDA-K အသွင်ပြောင်းစဉ် ၎င်း၏လက်နက်ကိုင်တပ်ဖွဲ့မှ အသက် ၅၀ ကျော်သူများကို တာဝန်မှ ရပ်နားစေပြီး ယခုအခါ အရပ်ဖက်မှ ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများအား အချက် (၉) ချက်ပါ ကိုယ်ရေးရာဇ၀င်အကျဉ်းပုံစံဖြည့်စွက်စေပြီး လျှောက်လွှာတင်စေခဲ့ကြောင်းသိရသည်။
“ဆေးဆရာ/မတွေ၊ ကျောင်းဆရာ/မတွေကို ကိုယ်ရေးအကျဉ်းချုပ်တောင်းနေတယ်၊ အစိုးရခန့် ပေးမယ် မ ပေးဘူးဆိုတာကတော့ မသိဘူး” ဟု ၀န်ထမ်းတစ်ဦးပြောသည်။
ကျန်းမာရေးဝန်ထမ်း ၁၀၀ ခန့်နှင့် ပညာရေးဝန်ထမ်း ၂၀၀ ခန့်ရှိပြီး လစာအတွက် NDA-K ဌာနချုပ် ပန်ဝါမှ လစဉ် တရုတ်ယွမ်ငွေဖြင့် လစာပေးခဲ့သော်လည်း ဧပြီလ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်သစ်တွင် မည်သူက လစာပေးမည်ကို မသိကြောင်း ပြောသည်။
ဖေဖော်ဝါရီလအတွက် လစာထုတ်ပေးခြင်းမရှိဘဲ အချို့ ဆရာ/မများမှာ အလုပ်မှရပ်နားကာ အိမ်ပြန်ကုန်ကြောင်းကို “၁၀ယောက်လောက်ရှိမယ် စစ်ကိုင်း၊ မကွေးတိုင်း ရေစကြိုဘက်ကဆရာမတွေ ပြန်ကုန်ပြီ” ဟု ဒေသခံတစ်ဦးပြောသည်။
ဘွဲ့ရဆရာ/မ တစ်ဦး ၂၀၅ ယွမ် (၃၀၇၅၀ ကျပ်)၊ ဘွဲ့မရ ဆရာ/မတစ်ဦး ယွမ် ၁၆၅ (၂၄၇၅၀ ကျပ်) လစာရကြောင်းနှင့် NDA-K နယ်မြေတစ်ခုလုံးတွင် အခြေခံပညာကျောင်းသူ/သား ၁၀၀၀၀ ခန့်ရှိသည်ဟု ပညာရေးပိုင်းတွင် လုပ်နေသူတစ်ဦးပြောသည်။
NDA-K ခေါင်းဆောင်၊ တသီးပုဂ္ဂုလအမျိုးသားလွှတ်တော် (ဆော့လော်/ချီဖွေ/အင်ဂျန်းယန်)ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်း နေပြည်တော်လွှတ်တော်အစည်းအဝေး တက်နေသဖြင့် လစာထုတ်မပေးရသေးခြင်းဖြစ်သည်ဟု ကောလဟလဖြစ်ပေါ်နေသည်ဟု သိရသည်။
၂၀၁၁ နှစ်ဆန်းပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဇေယျာအောင်ကိုယ်တိုင် ပန်ဝါနှင့် ကန်ပိုင်တီအား မြို့နယ်ခွဲမြို့နယ်အဖြစ်သတ်မှတ်သည့်ဖွင့်ပွဲအခမ်းအနားများ ပြုလုပ်ခဲ့ပြီး ၎င်းမြို့နယ်ခွဲများတွင် အစိုးရဌာနဆိုင်ရာရုံးပေါင်းစုံစတင် အခြေစိုက်လာကြောင်း သိရသည်။
အမျိုးသားလွှတ်တော်အမတ် ဦးဇခုန်တိန့်ယိန်းသည် ဆန်းလင်းသွင်းကုန်ထုတ်လုပ်ငန်းကို ပိုင်ဆိုင်ပြီး မြန်မာနယ်ရှင်နယ်လိပ်ပြိုင်ပွဲဝင် မနောမြေဘောလုံးအသင်းကိုလည်းထူထောင်ထားသည်။
မြန်မာစစ်အစိုးရလက်အောက် နယ်ခြားစောင့်တပ်အသွင်ပြောင်းသွားသည့် ဒီမိုကရေစီသစ်တပ်မတော်-ကချင်(NDA-K)၏ ဒေသဖွံ့ဖြိုးရေး ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများ လစာ မရေမရာ ဖြစ်နေကြောင်း ၎င်းဝန်ထမ်းတစ်ဦးပြောသည်။NDA-K အသွင်ပြောင်းစဉ် ၎င်း၏လက်နက်ကိုင်တပ်ဖွဲ့မှ အသက် ၅၀ ကျော်သူများကို တာဝန်မှ ရပ်နားစေပြီး ယခုအခါ အရပ်ဖက်မှ ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများအား အချက် (၉) ချက်ပါ ကိုယ်ရေးရာဇ၀င်အကျဉ်းပုံစံဖြည့်စွက်စေပြီး လျှောက်လွှာတင်စေခဲ့ကြောင်းသိရသည်။
“ဆေးဆရာ/မတွေ၊ ကျောင်းဆရာ/မတွေကို ကိုယ်ရေးအကျဉ်းချုပ်တောင်းနေတယ်၊ အစိုးရခန့် ပေးမယ် မ ပေးဘူးဆိုတာကတော့ မသိဘူး” ဟု ၀န်ထမ်းတစ်ဦးပြောသည်။
ကျန်းမာရေးဝန်ထမ်း ၁၀၀ ခန့်နှင့် ပညာရေးဝန်ထမ်း ၂၀၀ ခန့်ရှိပြီး လစာအတွက် NDA-K ဌာနချုပ် ပန်ဝါမှ လစဉ် တရုတ်ယွမ်ငွေဖြင့် လစာပေးခဲ့သော်လည်း ဧပြီလ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်သစ်တွင် မည်သူက လစာပေးမည်ကို မသိကြောင်း ပြောသည်။
ဖေဖော်ဝါရီလအတွက် လစာထုတ်ပေးခြင်းမရှိဘဲ အချို့ ဆရာ/မများမှာ အလုပ်မှရပ်နားကာ အိမ်ပြန်ကုန်ကြောင်းကို “၁၀ယောက်လောက်ရှိမယ် စစ်ကိုင်း၊ မကွေးတိုင်း ရေစကြိုဘက်ကဆရာမတွေ ပြန်ကုန်ပြီ” ဟု ဒေသခံတစ်ဦးပြောသည်။
ဘွဲ့ရဆရာ/မ တစ်ဦး ၂၀၅ ယွမ် (၃၀၇၅၀ ကျပ်)၊ ဘွဲ့မရ ဆရာ/မတစ်ဦး ယွမ် ၁၆၅ (၂၄၇၅၀ ကျပ်) လစာရကြောင်းနှင့် NDA-K နယ်မြေတစ်ခုလုံးတွင် အခြေခံပညာကျောင်းသူ/သား ၁၀၀၀၀ ခန့်ရှိသည်ဟု ပညာရေးပိုင်းတွင် လုပ်နေသူတစ်ဦးပြောသည်။
NDA-K ခေါင်းဆောင်၊ တသီးပုဂ္ဂုလအမျိုးသားလွှတ်တော် (ဆော့လော်/ချီဖွေ/အင်ဂျန်းယန်)ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်း နေပြည်တော်လွှတ်တော်အစည်းအဝေး တက်နေသဖြင့် လစာထုတ်မပေးရသေးခြင်းဖြစ်သည်ဟု ကောလဟလဖြစ်ပေါ်နေသည်ဟု သိရသည်။
၂၀၁၁ နှစ်ဆန်းပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဇေယျာအောင်ကိုယ်တိုင် ပန်ဝါနှင့် ကန်ပိုင်တီအား မြို့နယ်ခွဲမြို့နယ်အဖြစ်သတ်မှတ်သည့်ဖွင့်ပွဲအခမ်းအနားများ ပြုလုပ်ခဲ့ပြီး ၎င်းမြို့နယ်ခွဲများတွင် အစိုးရဌာနဆိုင်ရာရုံးပေါင်းစုံစတင် အခြေစိုက်လာကြောင်း သိရသည်။
အမျိုးသားလွှတ်တော်အမတ် ဦးဇခုန်တိန့်ယိန်းသည် ဆန်းလင်းသွင်းကုန်ထုတ်လုပ်ငန်းကို ပိုင်ဆိုင်ပြီး မြန်မာနယ်ရှင်နယ်လိပ်ပြိုင်ပွဲဝင် မနောမြေဘောလုံးအသင်းကိုလည်းထူထောင်ထားသည်။
ဘုရားသုံးဆူ နယ်ခြား ပိတ်ပင်ထား
မိမွန်ကျဲ (လွတ်လပ်သော မွန်သတင်းအေဂျင်စီ)
ထိုင်း မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူဒေသတွင် နယ်ခြားဖြတ်ကျော်ခွင့် ပိတ်ပင်ထားကြောင်း သိရသည်။ ထို့အတွက် မတ်လ ၁၄ ရက်နေ့အထိ ကျင်းပခဲ့သည့် ဝင်းကဆရာတော် ဦးဥတ္တမ၏ နှစ် ၁၀၀ ပြည့် မွေးနေ့ပွဲတော်သို့ မြန်မာနိုင်ငံဖက်မှ လာရောက်သူ နည်းပါးသွား ခဲ့သည်။
မတ်လ ၅ ရက်နေ့တွင် ဘုရားသုံးဆူမြို့သို့ အသစ်ရောက်ရှိလာသော တပ်ရင်းမှူးသစ်မှ ထိုင်းဘက်ခြမ်းရှိ ဧည့်သည်များအား မြို့တွင်းသို့ ဝင်ရောက်လည်ပတ်ခွင့်ရော ယခင်တပ်ရင်းမှူး လက်ထက်တွင် ခွင့်ပြုခဲ့သော နယ်စပ်ဖြတ်သန်းခွင့်ကိုပါ ပိတ်လိုက်သည်ဟု ဘုရားသုံးဆူ ဒေသခံများက ပြောသည်။
ထို့အပြင် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီအေ) မှလည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲနှင့် တက္ကသိုလ် စာမေးပွဲအပြီး ယခုလ မတ်လ ၂၅ ရက်နောက်ပိုင်းတွင် တော်လှန်ရေး ပြန်လည်စတင်မည်ဟု စာဖြန့်ဝေထားသည်ဟု ဒေသခံတို့က ဆိုသည်။
မြန်မာအစိုးရဖက်မှ ယခုနယ်စပ်ဖြတ်သန့်ခွင့်စတင်ပိတ်လိုက်သည့်အပြင် ထိုင်းနယ်စပ်စစ်တပ် အမှတ် (၉) မှလည်း နယ်စပ်ဖြတ်သန်းခွင့်ကို ကျန်းမာရေးမှအပ ဖြတ်သန်းခွင့်မပြုသည့်အတွက် စံခလပူရီရှိ ဝင်ကဆရာတော် ဦးဥတ္တမ၏ နှစ် ၁၀၀ ပြည် မွေးနေ့ပွဲတော်သို့ သွားရောက်ဖူးမျှော်လိုသူများမှာ အခက်အခဲဖြစ်သည့်အတွက် ယခင်ထက် ၁၀ ပုံ ၁ ပုံသာ သွားနိုင်ကြသည်ဟု ဘုရားသုံးဆူမြို့မှ နိုင်ဒိန်က ပြောသည်။
“ကျမအဖေနဲ့အဖေကို ဘုရားသုံးဆူကနေ ဒီကိုလာဖို့အတွက် ၁၀၀၀ ပေးလိုက်ရတယ်။ ကားခရော သူတို့ကို အာမခံပေးတဲ့အတွက်ရောကိုလေ။ ဒါကြောင့် ဒီနှစ်မှာ သုံးဆူကလူတွေကို သိပ်မတွေ့ဘူး” ဟု ဘုရားသုံးဆူမြို့မှ မွန်အမျိုးသမီးငယ်တစ်ဦးက ပြောသည်။
ယခင်နှစ်များတွင်လည်း နယ်စပ်ရှိ ထိုင်းအမှတ် (၉) စစ်တပ်မှ ပွဲတော်သွားသူများကို တညတာခွင့်ပေးသော်လည်း ယခုနှစ်တွင် အာမခံပေးသူရှိမှသာ သွားခွင့်ရကြသည်ဟု စံခလပူရီကားသမားတစ်ဦးက ပြောသည်။
“ဘုရားသုံးဆူက လက်မှတ်မရှိတဲ့လူတွေက လာလို့မရဘူး။ လာချင်ရင်တော့ ကိုယ့်ကို တာဝန်ယူပေးတဲ့လူ ရှိရမယ်။ လက်မှတ်မရှိတဲ့သူ ၃ ဦးကို ကျနော် အာမခံပြီးတော့ ခေါ်လာတယ်။ အဲဒါကို ထိုင်းနယ်စပ်ဂိတ်က သူတို့နဲ့ ကျနော်ကို ဓာတ်ပုံရိုက်တယ်။ ကျနော့် မှတ်ပုံတင်ရယ်၊ ကားနံပါတ်တွေကို ထိုင်းဂိတ်မှာ ပေးထားရတယ်။ ကိုယ်အာမခံပေးတဲ့လူတွေ ပြန်ပို့တော့မှ သူတို့ပြန်ပေးတယ်” ဟု စံခလပူရီမှ ကားသမားတစ်ဦးက ပြောသည်။
ယခင်နှစ်များတွင် ဘုရားသုံးဆူမှ ဒေသခံများသည် ၄င်းတို့မှတ်ပုံတင်၊ ရပ်ကွက်လူကြီးထောက်ခံစာကိုယူပြီး ထိုင်းမြန်မာနယ်ခြားကော်မတီထံ တင်ပြပြီး ထိုင်းစစ်တပ် အမှတ် (၉) မှ ခွင့်ပြုပါက သွားလာခွင့်ရသည်။
ဝင်းကဆရာတော် ဦးဥတ္တမ သက်ရှိထင်ရှားရှိချိန်တွင် ဆရာတော်မွေ့နေ့အတွက် လက်မှတ်မရှိသူရော ရှိသူများပါ ပွဲတော်ချိန်အတွင်း အချိန်မရွေးသွားလာနိုင်သော်လည်း ဆရာတော် ပျံလွန်တော်မူသည့် ၂၀၀၆ ခုနှစ် နောက်ပိုင်းတွင် လာရောက် လည်ပတ်သူများ အတွက် ယခင်ကဲ့သို့သော ဖြတ်သန်းသွားလာ နိုင်သည့် အခွင့်အရေးများ နည်းပါးလာသည်ဟု ထိုင်းအာဏာပိုင်နှင့်နီးစပ်သူက ပြောသည်။
ထိုင်း မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူဒေသတွင် နယ်ခြားဖြတ်ကျော်ခွင့် ပိတ်ပင်ထားကြောင်း သိရသည်။ ထို့အတွက် မတ်လ ၁၄ ရက်နေ့အထိ ကျင်းပခဲ့သည့် ဝင်းကဆရာတော် ဦးဥတ္တမ၏ နှစ် ၁၀၀ ပြည့် မွေးနေ့ပွဲတော်သို့ မြန်မာနိုင်ငံဖက်မှ လာရောက်သူ နည်းပါးသွား ခဲ့သည်။ မတ်လ ၅ ရက်နေ့တွင် ဘုရားသုံးဆူမြို့သို့ အသစ်ရောက်ရှိလာသော တပ်ရင်းမှူးသစ်မှ ထိုင်းဘက်ခြမ်းရှိ ဧည့်သည်များအား မြို့တွင်းသို့ ဝင်ရောက်လည်ပတ်ခွင့်ရော ယခင်တပ်ရင်းမှူး လက်ထက်တွင် ခွင့်ပြုခဲ့သော နယ်စပ်ဖြတ်သန်းခွင့်ကိုပါ ပိတ်လိုက်သည်ဟု ဘုရားသုံးဆူ ဒေသခံများက ပြောသည်။
ထို့အပြင် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီအေ) မှလည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲနှင့် တက္ကသိုလ် စာမေးပွဲအပြီး ယခုလ မတ်လ ၂၅ ရက်နောက်ပိုင်းတွင် တော်လှန်ရေး ပြန်လည်စတင်မည်ဟု စာဖြန့်ဝေထားသည်ဟု ဒေသခံတို့က ဆိုသည်။
မြန်မာအစိုးရဖက်မှ ယခုနယ်စပ်ဖြတ်သန့်ခွင့်စတင်ပိတ်လိုက်သည့်အပြင် ထိုင်းနယ်စပ်စစ်တပ် အမှတ် (၉) မှလည်း နယ်စပ်ဖြတ်သန်းခွင့်ကို ကျန်းမာရေးမှအပ ဖြတ်သန်းခွင့်မပြုသည့်အတွက် စံခလပူရီရှိ ဝင်ကဆရာတော် ဦးဥတ္တမ၏ နှစ် ၁၀၀ ပြည် မွေးနေ့ပွဲတော်သို့ သွားရောက်ဖူးမျှော်လိုသူများမှာ အခက်အခဲဖြစ်သည့်အတွက် ယခင်ထက် ၁၀ ပုံ ၁ ပုံသာ သွားနိုင်ကြသည်ဟု ဘုရားသုံးဆူမြို့မှ နိုင်ဒိန်က ပြောသည်။
“ကျမအဖေနဲ့အဖေကို ဘုရားသုံးဆူကနေ ဒီကိုလာဖို့အတွက် ၁၀၀၀ ပေးလိုက်ရတယ်။ ကားခရော သူတို့ကို အာမခံပေးတဲ့အတွက်ရောကိုလေ။ ဒါကြောင့် ဒီနှစ်မှာ သုံးဆူကလူတွေကို သိပ်မတွေ့ဘူး” ဟု ဘုရားသုံးဆူမြို့မှ မွန်အမျိုးသမီးငယ်တစ်ဦးက ပြောသည်။
ယခင်နှစ်များတွင်လည်း နယ်စပ်ရှိ ထိုင်းအမှတ် (၉) စစ်တပ်မှ ပွဲတော်သွားသူများကို တညတာခွင့်ပေးသော်လည်း ယခုနှစ်တွင် အာမခံပေးသူရှိမှသာ သွားခွင့်ရကြသည်ဟု စံခလပူရီကားသမားတစ်ဦးက ပြောသည်။
“ဘုရားသုံးဆူက လက်မှတ်မရှိတဲ့လူတွေက လာလို့မရဘူး။ လာချင်ရင်တော့ ကိုယ့်ကို တာဝန်ယူပေးတဲ့လူ ရှိရမယ်။ လက်မှတ်မရှိတဲ့သူ ၃ ဦးကို ကျနော် အာမခံပြီးတော့ ခေါ်လာတယ်။ အဲဒါကို ထိုင်းနယ်စပ်ဂိတ်က သူတို့နဲ့ ကျနော်ကို ဓာတ်ပုံရိုက်တယ်။ ကျနော့် မှတ်ပုံတင်ရယ်၊ ကားနံပါတ်တွေကို ထိုင်းဂိတ်မှာ ပေးထားရတယ်။ ကိုယ်အာမခံပေးတဲ့လူတွေ ပြန်ပို့တော့မှ သူတို့ပြန်ပေးတယ်” ဟု စံခလပူရီမှ ကားသမားတစ်ဦးက ပြောသည်။
ယခင်နှစ်များတွင် ဘုရားသုံးဆူမှ ဒေသခံများသည် ၄င်းတို့မှတ်ပုံတင်၊ ရပ်ကွက်လူကြီးထောက်ခံစာကိုယူပြီး ထိုင်းမြန်မာနယ်ခြားကော်မတီထံ တင်ပြပြီး ထိုင်းစစ်တပ် အမှတ် (၉) မှ ခွင့်ပြုပါက သွားလာခွင့်ရသည်။
ဝင်းကဆရာတော် ဦးဥတ္တမ သက်ရှိထင်ရှားရှိချိန်တွင် ဆရာတော်မွေ့နေ့အတွက် လက်မှတ်မရှိသူရော ရှိသူများပါ ပွဲတော်ချိန်အတွင်း အချိန်မရွေးသွားလာနိုင်သော်လည်း ဆရာတော် ပျံလွန်တော်မူသည့် ၂၀၀၆ ခုနှစ် နောက်ပိုင်းတွင် လာရောက် လည်ပတ်သူများ အတွက် ယခင်ကဲ့သို့သော ဖြတ်သန်းသွားလာ နိုင်သည့် အခွင့်အရေးများ နည်းပါးလာသည်ဟု ထိုင်းအာဏာပိုင်နှင့်နီးစပ်သူက ပြောသည်။
ကျေးရွာ၊ ရပ်ကွက်ခေါင်းဆောင်နေရာများ ကြံ့ဖွံ့ကန့်ကွက်ခံရ
ခင်ဦးသာ Thursday, 17 March 2011
အစိုးရသစ် လက်ထက်တွင် တာဝန်ယူကြမည့် ကျေးရွာ၊ ရပ်ကွက် ဥက္ကဋ္ဌသစ် ရာထူးများအတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၀င်များကို အဆိုပြုထားခြင်း အပေါ် ကန့်ကွက်ခံနေရကြောင်း သိရသည်။
“ဥက္ကဋ္ဌ နေရာကို ကြံ့ဖွံ့ပါတီဝင်ကို ခန့်မယ့်ကိစ္စ ကန့်ကွက်ထားပါတယ်။ ကန့်ကွက်နေတဲ့ကြားက ခန့်ထားမယ်ဆိုရင် ဆရာတော်တွေဆီက တဆင့်ပြန်ပြီးတော့ ကန့်ကွက်သွားဖို့ ပြင်ဆင်နေကြတယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ဧရာဝတီကို ပြောသည်။
မွန်ပြည်နယ်၌ ဆရာတော်၊ သံဃာတော်များ၏ သြဇာသည် ဒေသခံပြည်သူများအပေါ် အပြည့်အ၀ သက်ရောက်မှုရှိကြောင်း၊ ထိုပုဂ္ဂိုလ်များ၏ မိန့်ကြားချက်ကို ပြည်သူအားလုံးက လက်ခံကြသောကြောင့် ကြံ့ဖွံ့ပါတီဝင်များအား ဥက္ကဋ္ဌ အဆိုပြုခြင်းကို ဆရာတော်များ၏ ထောက်ခံမှုဖြင့် ပယ်ချသွားမည် ဖြစ်ကြောင်း ဦးနိုင်ငွေသိန်းက ရှင်းပြသည်။
ကျေးရွာ၊ ရပ်ကွက် ဥက္ကဋ္ဌ နေရာအတွက် အမည်စာရင်းတင်သွင်ခြင်းကို ဖေဖော်ဝါရီ လကုန်ပိုင်းမှ စ၍ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် တခြားသော နေရာဒေသများတွင် လုပ်ဆောင်နေကြောင်း သိရသည်။
အစိုးရသစ်သည် ယခုလအတွင်း အာဏာလွှဲပြောင်းယူမည်ဟု သတင်းများထွက်ပေါ်နေပြီး ၎င်း၏လက်အောက်တွင် တာဝန်ယူကြမည့် ရပ်ကွက်၊ ကျေးရွာ ဥက္ကဋ္ဌ များ၏ အမည်စာရင်းကိုလည်း ကြိုတင်ပြင်ဆင်နေကြသည်။
ကျေးရွာ၊ ရပ်ကွက် ဥက္ကဋ္ဌ များအား ရွေးချယ်ရာတွင် နိုင်ငံရေးပါတီဝင် မဟုတ်သော လူအများ လေးစားကြည်ညိုသည့် ရပ်မိ၊ ရပ်ဘ လူကြီးများကိုသာ ရွေးချယ်တင်မြှောက်ရမည်ဟု ၂၀၀၈ ဖွဲ့စည်းပုံတွင် ထည့်သွင်း ရေးဆွဲထားသည်။
“ကြံ့ဖွံ့က ဥပဒေကို ဆန့်ကျင်ပြီးတော့ ဥက္ကဋ္ဌနေရာမှာ သူ့တို့လူကို စာရင်းတင်ထားတယ်၊ အဲဒါကိုမကျေနပ်လို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တိုင်ထားတယ်” ဟု ကျောက်ဖြူမြို့မှ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) ၀င် တဦးကပြောသည်။
ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ စသည့်မြို့နယ်များ၌ ရပ်ကွက်ဥက္ကဋ္ဌ၊ ကျေးရွာဥက္ကဋ္ဌ များ၏ အမည်စာရင်းအတွက် ကြံ့ဖွံ့က လူထုထံ ကွင်းဆင်း၍ မဲစနစ်နှင့် ကောက်ခံနေသော်လည်း နောက်ဆုံးထွက်လာသည့် အမည်မှာ ကြံ့ဖွံ့ပါတီဝင်သာ ဖြစ်နေခြင်းကို ဒေသခံများက မကျေနပ်၍ အငြင်းပွားမှုများဖြစ်နေကြကြောင်း RNDP ပါတီဝင်က ရှင်းပြသည်။
တိုင်တန်းမှု၊ ကန့်ကွက်မှုများကို ဆက်တိုက်လုပ်ဆောင်နေကြချိန်တွင် ကြံ့ဖွံ့ပါတီဝင်များသည် ၎င်းတို့တင်သွင်း အဆိုပြု ထားသော အမည်များကို ရုပ်သိမ်းထားသော်လည်း လျှို့ဝှက်မဲစနစ်နှင့် လုပ်ဆောင်ပါက ကြံ့ဖွံ့ပါတီဝင်ကိုသာ ထောက်ခံ ပေးကြရန် နည်းလမ်းစုံဖြင့် လိုက်လံ စည်းရုံးနေကြကြောင်း သိရသည်။
“ဥပမာ ရယက အဖွဲ့မှာ ၅ ယောက်ရှိရင် ကြံ့ဖွံ့လူက ၃ ယောက်လောက် ပါနေတယ်။ ဒါကို ဒေသခံတွေက လုံးဝ ကန့်ကွက် နေကြတယ်” ဟု ကျောက်ဖြူဒေသခံ တဦးက ပြောသည်။
လက်ရှိ ဥက္ကဋ္ဌ တာဝန်ယူထားသူများသည် ကြံ့ဖွံ့ပါတီဝင်များသာဖြစ်ပြီး ဒေသခံများအပေါ် အာဏာသုံးကာ မတရားသော လုပ်ရပ်မျိုးစုံကို လုပ်ဆောင်နေသူများဖြစ်၍ ၎င်းတို့ဆက်လက် အုပ်ချုပ်မည်ကို ဒေသခံများက မလိုလားကြပေ။
ဦးနေ၀င်း၏ မဆလ အစိုးရ လက်ထက်တွင်လည်း ကျေးရွာ၊ ရပ်ကွက် ဥက္ကဋ္ဌ နေရာများ၌ ဒေသခံပြည်သူများ၏ ကြည်ညို လေးစားခြင်းခံရသည့် ရပ်မိ၊ ရပ်ဘ ပုဂ္ဂိုလ်များကိုသာ ခန့်ထားခဲ့၍ အောက်ခြေအဆင့်၏ အုပ်ချုပ်ရေး စနစ်သည် ဒေသခံများအတွက် ကောင်းမွန်ခဲ့ကြောင်း သိရသည်။
မဆလ အစိုးရလက်ထက်တွင် ရပ်ကွက်၊ ကျေးရွာ ဥက္ကဋ္ဌ ရွေးချယ်ရန် ကျေးရွာလူထုကို စုရုံးပြီး အများသဘောတူမှု ရရှိသူကို သာခန့်ထားကြောင်း၊ မကျေနပ်ပါက အများ၏ ဆန္ဒဖြင့် ပြန်လည်ဖြုတ်ချနိုင်ခြင်းများကို လွတ်လပ်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ဧရာဝတီကို ပြောသည်။
“လူအများက လေးစားထောက်ခံသူကပဲ သူကြီးဖြစ်တာဆိုတော့ သူကိုယ်တိုင်က လေးလေးစားစားနဲ့ အလုပ် လုပ်တယ်။ လာဘ်စားတာ၊ ဘက်လိုက်တာ မရှိသလောက်ပါပဲ။ တွေ့ရင်လည်း ချက်ချင်းအရေးယူတာတွေ ရှိခဲ့တယ်” ဟု သူက ဆိုသည်။
ကျေးရွာ၊ ရပ်ကွက် ဥက္ကဋ္ဌများသည် ပါတီနိုင်ငံရေး သမားများ မဟုတ်၍ ၎င်းတို့၏ လုပ်ဆောင်ချက်များကို ပါတီနိုင်ငံရေးသမားများက စောင့်ကြည့်ဝေဖန်ပိုင်ခွင့်တို့ ရှိခဲ့သည်ဟုလည်း သူက ပြောသည်။
“အခုက ပါတီတွေက များတော့ ကောင်းတယ်ထင်ရပေမယ့်၊ လက်တွေ့မှာ လုပ်ပိုင်ခွင့်၊ ပြောပိုင်ခွင့် မရှိတော့ အာဏာရ သူတွေကပဲ ဆက်နေရာယူမယ့် သဘောပါ” ဟု သခင်ချန်ထွန်းက ဆိုသည်။
ကြံ့ဖွံ့ပါတီသည် အောက်ခြေအဆင့် အုပ်ချုပ်ရေး တာဝန်များကို ၎င်းတို့လူများအား ခန့်ထားနိုင်ကြောင်း၊ သို့မှသာ လာမည့်ရွေးကောက်ပွဲများ၌ ၎င်းတို့၏ အာဏာဖြင့် အနိုင်ရရေးကို ကြိုးပမ်းနိုင်မည်ဖြစ်ကြောင်း သူက ဆက်လက်ရှင်းပြသည်။
အစိုးရသစ် လက်ထက်တွင် တာဝန်ယူကြမည့် ကျေးရွာ၊ ရပ်ကွက် ဥက္ကဋ္ဌသစ် ရာထူးများအတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၀င်များကို အဆိုပြုထားခြင်း အပေါ် ကန့်ကွက်ခံနေရကြောင်း သိရသည်။“ဥက္ကဋ္ဌ နေရာကို ကြံ့ဖွံ့ပါတီဝင်ကို ခန့်မယ့်ကိစ္စ ကန့်ကွက်ထားပါတယ်။ ကန့်ကွက်နေတဲ့ကြားက ခန့်ထားမယ်ဆိုရင် ဆရာတော်တွေဆီက တဆင့်ပြန်ပြီးတော့ ကန့်ကွက်သွားဖို့ ပြင်ဆင်နေကြတယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ဧရာဝတီကို ပြောသည်။
မွန်ပြည်နယ်၌ ဆရာတော်၊ သံဃာတော်များ၏ သြဇာသည် ဒေသခံပြည်သူများအပေါ် အပြည့်အ၀ သက်ရောက်မှုရှိကြောင်း၊ ထိုပုဂ္ဂိုလ်များ၏ မိန့်ကြားချက်ကို ပြည်သူအားလုံးက လက်ခံကြသောကြောင့် ကြံ့ဖွံ့ပါတီဝင်များအား ဥက္ကဋ္ဌ အဆိုပြုခြင်းကို ဆရာတော်များ၏ ထောက်ခံမှုဖြင့် ပယ်ချသွားမည် ဖြစ်ကြောင်း ဦးနိုင်ငွေသိန်းက ရှင်းပြသည်။
ကျေးရွာ၊ ရပ်ကွက် ဥက္ကဋ္ဌ နေရာအတွက် အမည်စာရင်းတင်သွင်ခြင်းကို ဖေဖော်ဝါရီ လကုန်ပိုင်းမှ စ၍ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် တခြားသော နေရာဒေသများတွင် လုပ်ဆောင်နေကြောင်း သိရသည်။
အစိုးရသစ်သည် ယခုလအတွင်း အာဏာလွှဲပြောင်းယူမည်ဟု သတင်းများထွက်ပေါ်နေပြီး ၎င်း၏လက်အောက်တွင် တာဝန်ယူကြမည့် ရပ်ကွက်၊ ကျေးရွာ ဥက္ကဋ္ဌ များ၏ အမည်စာရင်းကိုလည်း ကြိုတင်ပြင်ဆင်နေကြသည်။
ကျေးရွာ၊ ရပ်ကွက် ဥက္ကဋ္ဌ များအား ရွေးချယ်ရာတွင် နိုင်ငံရေးပါတီဝင် မဟုတ်သော လူအများ လေးစားကြည်ညိုသည့် ရပ်မိ၊ ရပ်ဘ လူကြီးများကိုသာ ရွေးချယ်တင်မြှောက်ရမည်ဟု ၂၀၀၈ ဖွဲ့စည်းပုံတွင် ထည့်သွင်း ရေးဆွဲထားသည်။
“ကြံ့ဖွံ့က ဥပဒေကို ဆန့်ကျင်ပြီးတော့ ဥက္ကဋ္ဌနေရာမှာ သူ့တို့လူကို စာရင်းတင်ထားတယ်၊ အဲဒါကိုမကျေနပ်လို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တိုင်ထားတယ်” ဟု ကျောက်ဖြူမြို့မှ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) ၀င် တဦးကပြောသည်။
ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ စသည့်မြို့နယ်များ၌ ရပ်ကွက်ဥက္ကဋ္ဌ၊ ကျေးရွာဥက္ကဋ္ဌ များ၏ အမည်စာရင်းအတွက် ကြံ့ဖွံ့က လူထုထံ ကွင်းဆင်း၍ မဲစနစ်နှင့် ကောက်ခံနေသော်လည်း နောက်ဆုံးထွက်လာသည့် အမည်မှာ ကြံ့ဖွံ့ပါတီဝင်သာ ဖြစ်နေခြင်းကို ဒေသခံများက မကျေနပ်၍ အငြင်းပွားမှုများဖြစ်နေကြကြောင်း RNDP ပါတီဝင်က ရှင်းပြသည်။
တိုင်တန်းမှု၊ ကန့်ကွက်မှုများကို ဆက်တိုက်လုပ်ဆောင်နေကြချိန်တွင် ကြံ့ဖွံ့ပါတီဝင်များသည် ၎င်းတို့တင်သွင်း အဆိုပြု ထားသော အမည်များကို ရုပ်သိမ်းထားသော်လည်း လျှို့ဝှက်မဲစနစ်နှင့် လုပ်ဆောင်ပါက ကြံ့ဖွံ့ပါတီဝင်ကိုသာ ထောက်ခံ ပေးကြရန် နည်းလမ်းစုံဖြင့် လိုက်လံ စည်းရုံးနေကြကြောင်း သိရသည်။
“ဥပမာ ရယက အဖွဲ့မှာ ၅ ယောက်ရှိရင် ကြံ့ဖွံ့လူက ၃ ယောက်လောက် ပါနေတယ်။ ဒါကို ဒေသခံတွေက လုံးဝ ကန့်ကွက် နေကြတယ်” ဟု ကျောက်ဖြူဒေသခံ တဦးက ပြောသည်။
လက်ရှိ ဥက္ကဋ္ဌ တာဝန်ယူထားသူများသည် ကြံ့ဖွံ့ပါတီဝင်များသာဖြစ်ပြီး ဒေသခံများအပေါ် အာဏာသုံးကာ မတရားသော လုပ်ရပ်မျိုးစုံကို လုပ်ဆောင်နေသူများဖြစ်၍ ၎င်းတို့ဆက်လက် အုပ်ချုပ်မည်ကို ဒေသခံများက မလိုလားကြပေ။
ဦးနေ၀င်း၏ မဆလ အစိုးရ လက်ထက်တွင်လည်း ကျေးရွာ၊ ရပ်ကွက် ဥက္ကဋ္ဌ နေရာများ၌ ဒေသခံပြည်သူများ၏ ကြည်ညို လေးစားခြင်းခံရသည့် ရပ်မိ၊ ရပ်ဘ ပုဂ္ဂိုလ်များကိုသာ ခန့်ထားခဲ့၍ အောက်ခြေအဆင့်၏ အုပ်ချုပ်ရေး စနစ်သည် ဒေသခံများအတွက် ကောင်းမွန်ခဲ့ကြောင်း သိရသည်။
မဆလ အစိုးရလက်ထက်တွင် ရပ်ကွက်၊ ကျေးရွာ ဥက္ကဋ္ဌ ရွေးချယ်ရန် ကျေးရွာလူထုကို စုရုံးပြီး အများသဘောတူမှု ရရှိသူကို သာခန့်ထားကြောင်း၊ မကျေနပ်ပါက အများ၏ ဆန္ဒဖြင့် ပြန်လည်ဖြုတ်ချနိုင်ခြင်းများကို လွတ်လပ်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ဧရာဝတီကို ပြောသည်။
“လူအများက လေးစားထောက်ခံသူကပဲ သူကြီးဖြစ်တာဆိုတော့ သူကိုယ်တိုင်က လေးလေးစားစားနဲ့ အလုပ် လုပ်တယ်။ လာဘ်စားတာ၊ ဘက်လိုက်တာ မရှိသလောက်ပါပဲ။ တွေ့ရင်လည်း ချက်ချင်းအရေးယူတာတွေ ရှိခဲ့တယ်” ဟု သူက ဆိုသည်။
ကျေးရွာ၊ ရပ်ကွက် ဥက္ကဋ္ဌများသည် ပါတီနိုင်ငံရေး သမားများ မဟုတ်၍ ၎င်းတို့၏ လုပ်ဆောင်ချက်များကို ပါတီနိုင်ငံရေးသမားများက စောင့်ကြည့်ဝေဖန်ပိုင်ခွင့်တို့ ရှိခဲ့သည်ဟုလည်း သူက ပြောသည်။
“အခုက ပါတီတွေက များတော့ ကောင်းတယ်ထင်ရပေမယ့်၊ လက်တွေ့မှာ လုပ်ပိုင်ခွင့်၊ ပြောပိုင်ခွင့် မရှိတော့ အာဏာရ သူတွေကပဲ ဆက်နေရာယူမယ့် သဘောပါ” ဟု သခင်ချန်ထွန်းက ဆိုသည်။
ကြံ့ဖွံ့ပါတီသည် အောက်ခြေအဆင့် အုပ်ချုပ်ရေး တာဝန်များကို ၎င်းတို့လူများအား ခန့်ထားနိုင်ကြောင်း၊ သို့မှသာ လာမည့်ရွေးကောက်ပွဲများ၌ ၎င်းတို့၏ အာဏာဖြင့် အနိုင်ရရေးကို ကြိုးပမ်းနိုင်မည်ဖြစ်ကြောင်း သူက ဆက်လက်ရှင်းပြသည်။
မြန်မာ့တပ်တော် အရာရှိများပိုင် အနှိပ်ခန်း ဖြစ်နေမူကြောင့် ရဲအဖွဲ့က ဥပဒေနှင့်အညီ အရေး မယူနိုင်
မောင်အေး
ရခိုင်ပြည်နယ် မြို့ကြီးများ အနှံ့အပြားတွင် မြန်မာတပ်မတော် အရာရှိ တချို့မှ အနှိပ်ခံ အမည်ခံပြီး မကောင်းမူ လုပ်ငန်းများ တည်ထောင်ကာ စီးပွားရှာနေသဖြင့် ပြည်သူလူထု အတွင်း လူမူရေးအရ ထိခိုက်မူများ ရှိနေသော်လည်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဥပဒေနှင့် အညီ အရေးမယူနိုင်ဘဲ ဖြစ်နေကြောင်း ဒေသခံ ရဲအရာရှိ တစ်ဦးက ထုတ်ဖေါ် ပြောသည်။
အမည် မဖေါ်လိုသူ အဆိုပါ ရဲအရာရှိက " ကျွန်တော်တို့ စစ်တွေမြို့လမ်းမတော်တောင် ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ Crazy Queen အနှိပ်ခန်းကို မကြာသေးမီက ရဲမှ ၀င်ရောက်ပြီး အမျိုးသမီး ၁၄ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ အနှိပ်ခန်းကို စစ်တပ်က အရာရှိတွေ ပိုင်တဲ့ အတွက် ယနေ့တိုင် အမှုမဖွင့်နိုင် သေးဘဲ ရှိနေပါတယ်" ဟု ပြောသည်။
၎င်းပြင်သူက " အဲဒီ အနှိပ်ခန်းကို ရဲတပ်ဖွဲ့ဝင် ၆ ဦးကနေ နေ ဆိုင်ကယ်တွေနဲ့ တိတ်တဆိတ် ၀င်ရောက်ပြီး ဒီလ ၇ ရက်နေ့က စီးနှင်းခဲ့တယ်။ အဲသလို စီးနှင်းတဲ့ အချိန်မှာ မကောင်းမူ လုပ်ငန်းတွေကို လုပ်နေတဲ့ အမျိုးသမီး ၁၄ ဦးကို ဖမ်းမိခဲ့တယ်။ ကေသီဆိုတဲ့ ခေါင်းဆောင်အမျိုးသမီးက ခုန်ဆင်ပြီးထွက်ပြေးတဲ့ အတွက် ခေါင်းမှာဒဏ်ရာရသွားလို့ ဆေးရုံတင်လိုက်ရတယ်" ဟု ပြောသည်။
ဒဏ်ရာရရှိသွားသည့် အမျိုးသမီး ကေသီမှာ စစ်ဗိုလ်တဦး၏ ဇနီးဖြစ်ပြီး ဆေးရုံတက်ပြီး နောက်တနေ့တွင် ဆေးရုံမှ ပြန်ဆင်း သွားကြောင်း သူက ပြောသည်။
" အဖမ်းခံရတဲ့အမျိုးသမီးတွေက အားလုံး ဗမာပြည်ဘက်က လာသူတွေဖြစ်တယ်။ စစ်တပ် အရာရှိတွေ ပိုင်တဲ့ အနှိပ်ခန်းမို့ သူတို့ကို ဖမ်းပြီး ပြန်လွှတ်လိုက်ရတယ်။ တရားစွဲလို့ မရဘူး။ အခု အဖမ်းခံရတဲ့ အထဲက ၅ ယောက် ရန်ကုန် ပြန်သွားတယ်။ ၉ ယောက်က စစ်တွေမှာကျန်နေခဲ့တယ်။ အခုတော့ အနှိပ်ခံ လုပ်တဲ့ အောက်ထပ်မှာ စားသောက်ဆိုင် ဖွင့်မယ်လို့ သိရပါတယ်။ အဖမ်းမခံရဘဲ ကျန်နေခဲ့တဲ့ အမျိုးသမီးတွေကတော့ စစ်ဗိုလ် ဇနီး ကေသီနဲ့ အတူ အနှိပ်ခန်းဆက်ဖွင့်မယ်လို့ ကြားတယ်" ဟု သူက ပြောသည်။
ယခုဖမ်းဆီးသည့် Crazy queen အနှိပ်ခန်းကို လမ်းမတော်တောင်ရပ်ကွက်မှ ဦးသာထွန်းဦး ပိုင်ဆိုင်သည့် နှစ်ထပ်တိုက် အပေါ်ထပ်တွင် ဖွင့်ထားခြင်းဖြစ်သည်။
၎င်းပြင် လမ်းမတော် တောင်ရပ်ကွက်မှ ရယက အဖွဲ့နှင့် နီးစပ်သူ တစ်ဦးကလည်း "မနေ့ကတော့ ရဲက ၀င်ဖမ်းတဲ့ အချိန်မှာ ရယကဥက္ကဌ ဦးစောရွှေလည်း ရဲနဲ့အတူပါတယ်ဆိုပြီး ရဲက မှန်ကန်ကြောင်း ထောက်ခံစာ လာယူ သွားပါတယ်။ ဘာကြောင့် လာယူသွားတယ်ဆိုတာတော့ ကျွန်တော်မသိဘူး "ဟု ပြော သည်။
စစ်တွေ လမ်းမတော် တောင်ရပ်ကွက်တွင် စီးပွားရေးသမား တစ်ဦးပိုင်သည့် Smile Say အနှိပ်ခန်းနှင့် စစ်တပ်က ပိုင်သည့် Crazy queen အနှိပ်ခန်းရှိပြီး ကွယ်ရာတွင် ပြည်တံဆာ လုပ်ငန်းကို လုပ်ကိုင်နေသဖြင့် မကြာသေးမီက အစိုးရမှ တရားဝင်ပိတ်ရန် ညွှန်ကြား ခဲ့သော်လည်း စစ်တပ်နောက်ခံဖြင့် Crazy queen ကို ဆက်လက်ဖွင့်ထားခဲ့ရာမှ ရဲက မတ်လ ၇ ရက်နေ့က ရှောင်တခင် ၀င်ရောက် စီးနှင်းခဲ့သည်။
သို့သော်လည်း အဆိုပါ ဆိုင်မှာ စစ်တပ်နှင့် ပတ်သက်နေသဖြင့် ယခုအချိန်ထိ ဖမ်းဆီးမူနှင့် ပတ်သက်ပြီး ရဲက အမူမဖွင့်နိုင်ဘဲ ရှိနေသေးသည်။
အလားတူ ကျောက်တော်မြို့တွင်လည်း စကခ ၉ မှ အရာရှိ တချို့က အနှိပ်ခံ အမည်ခံ ပြည်တံဆာ လုပ်ငန်း လုပ်ကိုင်နေသောဆိုင်တွင် အရပ်သားများနှင့် မတ်လ ၇ ရက်နေ့က စကားများရာမှ စစ်သားများ မြို့ထဲကို ကားဖြင့် ၀င်လာပြီး တိုက်ခိုက်သဖြင့် အနည်းဆုံး အရပ်သား ၅ ဦး ဒဏ်ရာ ရရှိသွားခဲ့သည်။ ထိုအထဲမှ ရွှေကံ့ကော် ကားဒရိုင်ဘာနှင့် စပယ်ယာမှာ ဒဏ်ရာ ပြင်းထန် သဖြင့် ဆေးရုံ တင်ခဲ့ရသည်။

Supermoon ကြောင့် ငလျင်နှင့် ရေကြီးမှု ဖြစ်နိုင်
ထွန်းထွန်း
Supermoon အမည်ရ လနှင့် ကမ္ဘာ နီးကပ်မှု မတ်လ ၁၉ ရက်နေ့တွင် ဖြစ်ပေါ်သည့်အခါ မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်း ဖြစ်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က ပြောသည်။
ကမ္ဘာမြေနှင့် အနီးဆုံးအဖြစ် ၃၅၆၅၇၇ ကီလိုမီတာ (မိုင်ပေါင်း ၂၂၁၅၆၇) သို့ လ’ရောက်မည် ဖြစ်သဖြင့် ရူပဗေဒ ပညာရပ်အရ ဆွဲအားပြင်းမှုဖြစ်ပေါ်ပြီး ရေကြီးခြင်းနှင့် ငလျင်လှုပ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ပြောဆိုခြင်း ဖြစ်သည်။
“ကမ္ဘာနဲ့ လနဲ့ နီးလာရင် ရူပဗေဒသဘောအရ ဓာတ်ဆွဲအားကတော့ အများဆုံးဖြစ်မယ့် အနေအထားပဲ။ ဓာတ်ဆွဲအား အများဆုံးဖြစ်ရင် ဒီလို နက္ခတ်ဂြိုဟ်တွေပေါ်မှာ အမှီပြုပြီးတော့ဖြစ်တဲ့ ရာသီဥတု ဖြစ်စဉ်တွေက ရှိတာပဲလေ။ ဥပမာ ရေတက်တာတို့၊ လှိုင်းကြီးတာတို့၊ ငလျင်လှုပ်တာတို့ဆိုတော့ ဒါလေးတွေကလည်း သူ့ဟာသူ လှုပ်ချင်နေတာကိုး။ ဒီလိုဖြစ်လာရင်တော့ အကုန်ထလှုပ်မှာပေါ့” ဟု ဦးထွန်းလွင်က မဇ္ဈိမကို ပြောသည်။
ကမ္ဘာနှင့် လ အကွာအဝေးသည် ပုံမှန်အားဖြင့် ၃၈၄၄ဝ၅ ကီလိုမီတာ (၂၃၈၈၅၈ မိုင်) ရှိရာမှ ၂၇၈၂၈ ကီလီုမီတာ (၁၇၂၉၂ မိုင်) အထိ ပိုမိုနီးကပ်လာမည်။ ယခုနီးကပ်မှုမှာ ၂-၃ နှစ်လျှင် တကြိမ် ဖြစ်လေ့ရှိသော်လည်း Supermoon ဖြစ်စဉ်ဟု ခေါ်ဆိုနိုင်သည့် အဆင့်မရှိခဲ့ပေ။
“အနီးဆုံးဆိုတာ ကျနော်တို့ သိသလောက်ကတော့ ဒါ အခုမှ ဖြစ်တာလည်း မဟုတ်ဘူးလေ။ လဆိုတာ ဘဲဥပုံ ပုံစံနဲ့ သွားနေတာပေါ့။ အဲဒီတော့ ကမ္ဘာနဲ့ အနီးဆုံး တခါရှိမယ်၊ အဝေးဆုံး တခါရှိမယ်။ အခုတခါတော့ အနီးဆုံး တခါဖြစ်တယ်ပေါ့” ဟု မိုးဇလပညာရှင် ဒေါက်တာထွန်းလွင်က ဆိုသည်။
မြန်မာနိုင်ငံ၌ ရာသီဥတု အပြောင်းအလဲများ ဖြစ်နေသော်လည်း Supermoon ဖြစ်စဉ်ကြောင့်ဟု အတိအကျ မပြောနိုင်သေးကြောင်း နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ အကြီးတန်းအရာရှိတဦးက မဇ္ဈိမကို ပြောသည်။
“လနဲ့ ကမ္ဘာနီးတာတော့ ကျနော်တို့လည်း ကြားပါတယ်၊ သတင်းဌာနတွေမှာလေ။ အဲဒီဟာ Effect ဟုတ်မဟုတ်တော့ မဆုံးဖြတ်တတ်ပါဘူး။ ” ဟု အကြီးတန်းအရာရှိက ပြောဆိုသည်။
Supermoon ဖြစ်စဉ်မျိုးမှာ ၂ဝဝ၅ ခုနှစ် ဇန်နဝါရီလ အစောပိုင်းကလည်း ဖြစ်ပေါ်ခဲ့ပြီး ထိုဖြစ်စဉ်မပေါ်မီ နှစ်ပတ်အလို ၂ဝဝ၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့၌ အင်ဒိုနီးရှား၌ ငလျင်ဖြစ်ပေါ်ခဲ့ပြီး ဆူနာမီလှိုင်းများ ပေါ်ထွက်ခဲ့သည်။
နောက်ဆုံးရရှိသည့် သတင်းများအရ မြန်မာနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းနေကြောင်း သိရသည်။
“မိုးက ရွာတုန်းပဲ။ တခါမှ မအေးဘူးတဲ့ အအေးမျိုးနဲ့ အေးနေတာ။ လူတိုင်း ခိုက်ခိုက်တုန် နေကြတယ်။ အိမ်တံခါးပေါက်ဆို မဖွင့်ရဲလောက်ကို ဖြစ်နေတာ၊ အေးတာများ။ အပြင်ထွက်ရမှာတောင် ကြောက်တယ်။ ” ဟု ရန်ကုန်မြို့သူတဦးက မဇ္ဈိမကို ပြောသည်။
မြန်မာနိုင်ငံတဝှန်း၌ မတ်လကုန်အထိ တနာရီလျှင် လေတိုက်နှုန်း ၃၅ မိုင် ပြင်းအားအထိ ရှိနိုင်သည့် လေပြင်းမုန်တိုင်းများ တိုက်ခတ်ကာ ထစ်ချုန်းမိုးများ ရွာသွန်းဖွယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက မြန်မာ့အလင်း သတင်းစာတွင် အင်္ဂါနေ့က ထုတ်ပြန်ခဲ့သည်။
Supermoon အမည်ရ လနှင့် ကမ္ဘာ နီးကပ်မှု မတ်လ ၁၉ ရက်နေ့တွင် ဖြစ်ပေါ်သည့်အခါ မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်း ဖြစ်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က ပြောသည်။ကမ္ဘာမြေနှင့် အနီးဆုံးအဖြစ် ၃၅၆၅၇၇ ကီလိုမီတာ (မိုင်ပေါင်း ၂၂၁၅၆၇) သို့ လ’ရောက်မည် ဖြစ်သဖြင့် ရူပဗေဒ ပညာရပ်အရ ဆွဲအားပြင်းမှုဖြစ်ပေါ်ပြီး ရေကြီးခြင်းနှင့် ငလျင်လှုပ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ပြောဆိုခြင်း ဖြစ်သည်။
“ကမ္ဘာနဲ့ လနဲ့ နီးလာရင် ရူပဗေဒသဘောအရ ဓာတ်ဆွဲအားကတော့ အများဆုံးဖြစ်မယ့် အနေအထားပဲ။ ဓာတ်ဆွဲအား အများဆုံးဖြစ်ရင် ဒီလို နက္ခတ်ဂြိုဟ်တွေပေါ်မှာ အမှီပြုပြီးတော့ဖြစ်တဲ့ ရာသီဥတု ဖြစ်စဉ်တွေက ရှိတာပဲလေ။ ဥပမာ ရေတက်တာတို့၊ လှိုင်းကြီးတာတို့၊ ငလျင်လှုပ်တာတို့ဆိုတော့ ဒါလေးတွေကလည်း သူ့ဟာသူ လှုပ်ချင်နေတာကိုး။ ဒီလိုဖြစ်လာရင်တော့ အကုန်ထလှုပ်မှာပေါ့” ဟု ဦးထွန်းလွင်က မဇ္ဈိမကို ပြောသည်။
ကမ္ဘာနှင့် လ အကွာအဝေးသည် ပုံမှန်အားဖြင့် ၃၈၄၄ဝ၅ ကီလိုမီတာ (၂၃၈၈၅၈ မိုင်) ရှိရာမှ ၂၇၈၂၈ ကီလီုမီတာ (၁၇၂၉၂ မိုင်) အထိ ပိုမိုနီးကပ်လာမည်။ ယခုနီးကပ်မှုမှာ ၂-၃ နှစ်လျှင် တကြိမ် ဖြစ်လေ့ရှိသော်လည်း Supermoon ဖြစ်စဉ်ဟု ခေါ်ဆိုနိုင်သည့် အဆင့်မရှိခဲ့ပေ။
“အနီးဆုံးဆိုတာ ကျနော်တို့ သိသလောက်ကတော့ ဒါ အခုမှ ဖြစ်တာလည်း မဟုတ်ဘူးလေ။ လဆိုတာ ဘဲဥပုံ ပုံစံနဲ့ သွားနေတာပေါ့။ အဲဒီတော့ ကမ္ဘာနဲ့ အနီးဆုံး တခါရှိမယ်၊ အဝေးဆုံး တခါရှိမယ်။ အခုတခါတော့ အနီးဆုံး တခါဖြစ်တယ်ပေါ့” ဟု မိုးဇလပညာရှင် ဒေါက်တာထွန်းလွင်က ဆိုသည်။
မြန်မာနိုင်ငံ၌ ရာသီဥတု အပြောင်းအလဲများ ဖြစ်နေသော်လည်း Supermoon ဖြစ်စဉ်ကြောင့်ဟု အတိအကျ မပြောနိုင်သေးကြောင်း နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ အကြီးတန်းအရာရှိတဦးက မဇ္ဈိမကို ပြောသည်။
“လနဲ့ ကမ္ဘာနီးတာတော့ ကျနော်တို့လည်း ကြားပါတယ်၊ သတင်းဌာနတွေမှာလေ။ အဲဒီဟာ Effect ဟုတ်မဟုတ်တော့ မဆုံးဖြတ်တတ်ပါဘူး။ ” ဟု အကြီးတန်းအရာရှိက ပြောဆိုသည်။
Supermoon ဖြစ်စဉ်မျိုးမှာ ၂ဝဝ၅ ခုနှစ် ဇန်နဝါရီလ အစောပိုင်းကလည်း ဖြစ်ပေါ်ခဲ့ပြီး ထိုဖြစ်စဉ်မပေါ်မီ နှစ်ပတ်အလို ၂ဝဝ၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့၌ အင်ဒိုနီးရှား၌ ငလျင်ဖြစ်ပေါ်ခဲ့ပြီး ဆူနာမီလှိုင်းများ ပေါ်ထွက်ခဲ့သည်။
နောက်ဆုံးရရှိသည့် သတင်းများအရ မြန်မာနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းနေကြောင်း သိရသည်။
“မိုးက ရွာတုန်းပဲ။ တခါမှ မအေးဘူးတဲ့ အအေးမျိုးနဲ့ အေးနေတာ။ လူတိုင်း ခိုက်ခိုက်တုန် နေကြတယ်။ အိမ်တံခါးပေါက်ဆို မဖွင့်ရဲလောက်ကို ဖြစ်နေတာ၊ အေးတာများ။ အပြင်ထွက်ရမှာတောင် ကြောက်တယ်။ ” ဟု ရန်ကုန်မြို့သူတဦးက မဇ္ဈိမကို ပြောသည်။
မြန်မာနိုင်ငံတဝှန်း၌ မတ်လကုန်အထိ တနာရီလျှင် လေတိုက်နှုန်း ၃၅ မိုင် ပြင်းအားအထိ ရှိနိုင်သည့် လေပြင်းမုန်တိုင်းများ တိုက်ခတ်ကာ ထစ်ချုန်းမိုးများ ရွာသွန်းဖွယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက မြန်မာ့အလင်း သတင်းစာတွင် အင်္ဂါနေ့က ထုတ်ပြန်ခဲ့သည်။
ဘာသာရေးကို အခြေခံပြီး ကရင်နီအချင်းချင်း သွေးမကွဲကြဖို့…
ကူးဒူ
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကရင်နီပြည် တပ်မတော် ဗိုလ် နိုနိုဦးဆောင်တဲ့ ပြောက်ကျား တပ်ဖွဲ့မှ ဆရာတော် တျေးဖဲကားကို မှားယွင်းပစ်ခတ်ခဲ့တယ်ဆိုတဲ့ သတင်းကို ကန္တာရဝတီတိုင်း(မ်) သတင်းဝက်ဆိုက်မှာ တင်ပြထားတာကို ဖတ်ပြီး စိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမဲ့ သတင်းဖတ်ရတာ စိတ်မကောင်းဖြစ်မိတာထက် ပေးထားတဲ့ ဝေဖန်ချက် (ကော်မက်) တွေကို ဖတ်ပြီး စိုးရိမ်ပူပန်မှုတွေ ဖြစ်နေမိတာကိုက ပိုဆိုးလှပါတယ်။
ကော်မက်ပေးထားတဲ့ အယောက် ၃၀ ဆယ်ထဲက အချို့ကော်မက်တွေက ဝေဖန်ရှုတ်ချထားတာထက် ကဲ့ရဲ့သရော်ထားတာတွေကိုပါ တွေ့ရပါတယ်။ သတင်းနဲ့ ပေးထားတဲ့ ကော်မက်တွေကို အားလုံးခြုံပြီးကြည့်လိုက်တော့ ကျနော်တို့ ကရင်နီအမျိုးသား အချင်းချင်းကြားမှာ နားလည်မှုတွေ လွဲမှားလာတာတွေနဲ့ မုန်းတီးမှုတွေဖြစ်ပေါ်လာနိုင်တဲ့ သဘောကို ဆောင်နေပါတယ်။ တစ်ချက်က ကေတိုင်း(မ်)အနေနဲ့ အဖြစ်မှန်ကို နားလည်နိုင်အောင် စုံစုံလင်လင် တင်ပြမှုအားနည်းနေတာရယ်၊ နောက်တစ်ချက်က ကော်မက်ပေးသူအများစုက အီးမေးအင်တာနက်တွေ သုံးတတ်တဲ့ အဆင့်ရှိသလောက် ပြဿနာအပေါ် စေတနာမမှန်တဲ့ အသုံးအနှုန်းတွေနဲ့ ပြောချင်ရာပြော၊ ရေးချင်တာချရေးနေတာပါဘဲ။
ဒီသတင်းနဲ့ ကော်မက်တွေကို ပြုသူနဲ့ခံရသူတို့ဘက်ကလည်း ဖတ်မိ၊ ကြားမိကြရပါလိမ့်မယ်ဆိုတဲ့ ယူဆချက်နဲ့ ဒီအကြောင်းအရာနဲ့ အဖြစ်မှန်ရဲ့အနှစ်ကို စာဖတ်သူတွေကြားမှာ ပိုမိုနည်းလည်သဘောပေါက်ရလေအောင် ရည်ရွယ်ချက်နဲ့ အကြောင်းအရင်းနဲ့ ဆက်စပ်သက်ဆိုင်နေကြတဲ့ သူတွေကို ပြန်လည်မေးမြန်းပြီး တင်ပြထားပါတယ်။
ဖြစ်ပျက်မှုနဲ့ပတ်သက်ပြီး ကရင်နီပြည်က ဘုန်းတော်ကြီးတစ်ပါးမှ ယခုလိုမိန့်ကြားပါတယ်။
“တောင်းပန်တယ် မတောင်းပန်ဘူး ဆိုတာက တဘက်လူရဲ့ အသိတရားနဲ့ နားလည်မှုအပေါ်မှာပဲ မူတည်ပါတယ်။ ပစ်မှားတယ် မမှားဘူး ဆိုတာထက် နောက်ထပ် ဒီလို အဖြစ်မျိုး ထပ်ခါမဖြစ်လာဖို့က ပိုအရေးကြီးပါတယ်။ အရင်တစ်ခေါက်တုန်းကလည်း တစ်ခါဖြစ်ဖူးပြီးပြီ ဘုန်းတော်ကြီးတစ်ပါးနဲ့ ကားသမားပါ ဒဏ်ရာရထားပြီးပြီလေ ။ အခုကျနော်တို့ သွားလာနေတာကလည်း ဘာသာရေးတစ်ခုထဲ အတွက်ကြောင့်နဲ့ သွားလာနေတာမဟုတ်ဘူး အဲဒီဒေသ ဖွံဖြိုးဖို့အတွက်လည်း များစွာပါဝင်ပါတယ်”
ဆက်လက်ပြီး ဘုန်းတော်ကြီးက “နောက်ပြီး ကျနော်တို့ ကက်သလစ်ခုထဲ လုပ်ဆောင်သွားတာလည်း မဟုတ်ဘူး တခြားဘာသာရေး ခေါင်းဆောင်တွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေကြရပါတယ်။ ပြီးတော့ ကက်သလစ် ဘာသာဝင်တွေပဲ ခွဲခြားပြီး လုပ်ပေးနေတာလည်း မဟုတ်ဘူး။ အဲဒီဒေသမှာ ရှိနေတဲ့ ပြည်သူတွေအတွက် လုပ်ဆောင်ပေးနေတာပဲဖြစ်တယ်။”
ကရင်နီပြည် လွိုင်ကော်သာသနာ ကက်သလစ် ခရစ်ယာန်ဂိုဏ်းအုပ် ဆရာတော် ဘစ်ရှော့ တျေဖဲရဲ့ ကား (နံပါတ်= ၄/က ၃၇၅၄) ကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က ဖရူဆိုမြို့နယ် ရေဖရားကျေးရွာ နံဘေးရဲ့ တံတားထိပ်မှာ ကရင်နီတပ်မတော်တို့မှ မှားယွင်းပစ်ခတ်ခဲ့ပါတယ်။
ဆရာတော် ဘစ်ရှော့ရဲ့ကားအား မှားယွင်းပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဖြစ်ပျက်ပုံကို ကရင်နီပြည်ထဲရေးမှ ယခုလိုရှင်းပြပါတယ်။
“ကျနော်တို့က အပစ်ရပ်အဖွဲ့အစည်းတွေကလွဲလို့ ဘာတစ်ခုမှ တားမြစ်ကန့်သပ်ချက်ဆိုတာတော့ မရှိပါဘူး။ လွတ်လွတ်လပ်လပ် သွားလာနေကြတာပါပဲ။ ဒါပေမဲ့ အပစ်ရပ်အဖွဲ့တွေကိုတော့ သူတို့ကို ပြောထားတာတွေတော့ ရှိတယ်။ လိုင်းကားတွေ ပြည်သူတွေ စီးတဲ့ကားတွေနဲ့အတူ လိုက်မစီးဖို့တော့ ပြောထားတယ်။ ဒါပေမဲ့ မရဘူး သူတို့အရပ်သားလိုလုပ်ပြီး သေနတ်ကို ထိုင်ခုံအောက်မှာ ဖွက်ထားတာမျိုး လုပ်နေကြတယ်။ ကားသမားတွေကိုလည်း ဝမ်နီ (warning) ပေးတာလည်း ရှိတယ်။ ဒါပေမယ့် သူတို့လည်း ကြောက်နေရတယ်လေး။ ဟိုဘက်လူလည်း လက်နက်လည်း ရှိနေတာ ကျနော်တို့က သူ့ကိုလိုက်မစီးဖို့ ပြောတယ်။ ဒါပေမဲ့ မရဘူး သူတို့လည်း ငါတို့ကို စိတ်တိုတော့ ငါတို့လည်း သူတို့နေရာကို ကြောက်နေရတာပါပဲလေလို့ လိုင်းကားသမားတွေက ငါတို့ကိုပြန်ပြောတယ်”
ကရင်နီပြည် အမှတ် ၃ ခရိုင် အုပ်ချုပ်ရေးမှူး ခူးလော်ရယ်က ရှင်းပြသွားတာပါ။
“အဲဒီအတွက်ကြောင့် ကျနော်တို့ကလည်း လိုင်းကားတွေကို ရပ်ခိုင်းပြီး အစစ်ဆေးလုပ်နေရတာပါ။ အဲဒီ ဆရာတော် ကားကို ပစ်ခံရတာလည်း တကယ် မှားပြီးပစ်မိတာပါ။ ဘာဖြစ်လဲဆိုတော့ ရဲဘော်တွေက အရှေ့နဲ့အနောက်ကို လိုက်မမှီကြဘူး။ အရှေ့သွားနေတဲ့ ရဲဘော်တွေက ရွာထဲအထိရောက်နေကြပြီလေ ရဲဘော်သုံးယောက်က ဆရာတော်ကားကို စစ်ဆေးနေတယ်။ နောက် အနောက်ကနေလာတဲ့ ရဲဘော်တွေက မသင်္ကာ လူသုံးယောက်ထွက်ပြေးတာကို သူတို့တွေ့တယ် ကားရှေ့မှာနေတဲ့ သူတို့အဖော်သုံးယောက်နဲ့ ကားကိုတွေ့လိုက်တဲ့အခါတော့ ရန်သူနဲ့မှားပြီး ၇၉ တစ်လုံးနဲ့ အရင်ဆုံးပစ်လိုက်တယ်။ ကံကောင်းလို့ မကွဲဘူး အဲဒီကျဉ်က ကွဲမယ်ဆိုရင်တော့ အဲမှာရှိနေတဲ့သူ သာမက ငါတို့ရဲဘော် သုံးယောက်ကိုလည်း ရှုံးနေပြီးသားပဲလေ။ ဒါပေမဲ့ အခုက ကျနော် ပြည်ထဲရေးဝန်းကြီးနဲ့ တိုင်ပင်ပြီး ဘုန်းတော်ကြီးတွေကို ပြန်တောင်းပန်ဖို့နဲ့ အဲဒီပစ်မှားတဲ့ ရဲဘော်တွေကိုလည်း အနောက်ကို ပြန်ပို့လာခိုင်းပါတယ်။”
တကယ်တမ်းတော့ ကရင်နီပြည်ဟာ ပြည်တွင်းစစ်တွေ ဖြစ်ပျက်နေသေးတဲ့ ပြည်တစ်ပြည်ဖြစ်ပါတယ်။ ကရင်နီတော်လှန်ရေး တပ်မတော်တို့နဲ့ မြန်မာစစ်တပ်တို့အကြား ဘယ်အချိန်မဆို နှစ်ဦးနှစ်ဘက် ပစ်ခတ်မှုတွေ အချိန်အကန့်အသတ်မှရှိဘဲ ဖြစ်ပွားတတ်ပါတယ်။
ပြီးခဲ့တဲ့ ၁၉၉၅ ခုနှစ်က စစ်တပ်ဘက်မှ ဗိုလ်ချုပ်ခင်ညွန့် ဦးဆောင်ပြီး ကရင်နီအမျိုးသား တိုးတက်ရေးပါတီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပေမဲ့လည်း သုံးလခန့်အကြာ နှစ်ဦးနှစ်ဘက် အပစ်ခတ်ရပ်စဲရေး ပြန်လည်ပျက်ပျယ်ခဲ့ပြီး ယနေ့ထိတိုင် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်။
နှစ်ဦးနှစ်ဘက် တိုက်ပွဲတွေပြန်လည်ဖြစ်ပေါ်နေခဲ့ရတဲ့ အပေါ်မှာ ပြည်တွင်းမှ နယ်စပ်သို့ခရီးသွားလာနေကြတဲ့ ပြည်သူလူထုတို့အနေဖြင့် စစ်တပ်ကားများအား မစီးကြရန် ကေအဲန်ပီပီဘက်မှ အရေးပေါ်ထုတ်ပြန်ချက်တွေ ထုတ်ထားပါတယ်။
ထိုအရေးပေါ်ထုတ်ပြန်ချက်တွေဟာ မြန်မာစစ်တပ်နဲ့ ကေအဲန်ပီပီတပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပျက်နေသ၍ သက်ရောက်မှုတွေ ရှိနေသေးတယ်ဆိုတဲ့ သဘောပါဘဲ။ တော်လှန်ရေးကာလနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေတဲ့ ကရင်နီပြည်မှာ နောက်ဆက်တွဲ ယခုအဖြစ်အပျက်တွေလို ထပ်မံမကြုံတွေ့နိုင်ဘူးလို့ ယခုချိန်မှာဘယ်သူမှ မပြောနိုင်သေးပါဘူး။
ဒါပေမဲ့ ကရင်နီပြည်က နိုင်ငံရေးနဲ့ စစ်ရေးပြဿနာတွေကို သက်ဆိုင်တဲ့ နှစ်ဦးနှစ်ဘက်တို့မှ မျက်နှာချင်းဆိုင်ထိုင်ပြီး ဖြေရှင်းကြဖို့ စိတ်ဆန္ဒမရှိမချင်း၊ လက်တွေ့ကျကျ မဆောင်ရွက်မချင်း ယခုလိုပြဿနာတွေ အနည်းနဲ့အများရှိနေဦးမှာပါဘဲ။
ဒီနေရာမှာလမ်းကြောင်းတစ်ခု ပေးကြည့်ချင်တာကတော့ တိုက်ပွဲတွေ စဉ်ဆက်မပြတ်ဖြစ်နေတဲ့ ကရင်နီပြည်မှာ ခရီးသွားလာနေကြတဲ့ ပြည်သူတွေအနေနဲ့ စစ်တပ်ကား၊ အပစ်ရပ်ကားတို့ကို မစီးဘဲ ခရီးသည်ကားကိုသာ တတ်နိုင်သလောက် ရွေးချယ်စီးကြဖို့ လိုအပ်သကဲ့သို့ ခရီးသည်ကားဖြစ်စေ ဘာသာရေးကားဖြစ်စေ လက်နက်ကိုင်ဆောင်သူအားလုံးတို့ကို ကားမပေးစီးကြဖို့ လုပ်ဆောင်ပေးကြရပါမယ်။
မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းတို့မဆို လမ်း၌ ကားရပ်စစ်ဆေးမှုများပြုလုပ်ခြင်း၊ လက်နက်ကိုင်ထားသူတို့က တစုံတရာ ကမ်းလှမ်းမှုပြုလုပ်လာပါက ကားသမားတို့အနေနှင့်ဖြစ်စေ၊ ခရီးသည်တို့အနေနှင့်ဖြစ်စေ မိမိအသက်အန္တရာယ်ကို ရှေ့တန်းတင်ကာ တတ်နိုင်တဲ့ဘက်ကနေပြီး ပူးပေါင်းဆောင်ရွက်မှုတွေပေးကြဖို့ လိုအပ်ပါလိမ့်မယ်။
ကရင်နီပြည်က မတည်ငြိမ်သေးတဲ့ နိုင်ငံရေးအခြေအနေတို့အပေါ် အခြေခံပြီး ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က မှားယွင်းပစ်ခတ်မှုဟာ မည်သည့်ဘက်ကမှားတယ်၊ မည်သူဘက်ကမှန်တယ်ဆိုတဲ့ အငြင်းပွားနေမှုထက် ဘာသာရေးခေါင်းဆောင်ရဲ့ ကားပစ်ခတ်ခံရလို့ ဘာသာရေးကိုအခြေခံပြီး ကရင်နီအချင်းချင်းသွေးကွဲစေတဲ့ အဖြစ်မျိုးတော့မရောက်ဖို့ အလွန်အရေးကြီးလှပါတယ်။
ကရင်နီပြည်ဟာ တခြားပြည်နယ်တွေထက် ထူးခြားနေတာက ကယားလူမျိုးထက် တခြားသော ညီအစ်ကို မျိုးနွယ်စုတွေ ညီညီညွတ်ညွတ်နဲ့ အတူတကွ လက်တွဲနေထိုင်ကြသလို ဘာသာပေါင်းစုံနဲ့ မိရိုးဖလာ၊ ရိုးရာယဉ်ကျေးမှုတို့ကို နှစ်ပေါင်းရာနဲ့ထောင်နဲ့ချီပြီး အထွတ်အထိပ်ထား ယုံကြည်လာကြတဲ့ ပြည်နယ်တစ်ပြည်နယ်ပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကရင်နီပြည် တပ်မတော် ဗိုလ် နိုနိုဦးဆောင်တဲ့ ပြောက်ကျား တပ်ဖွဲ့မှ ဆရာတော် တျေးဖဲကားကို မှားယွင်းပစ်ခတ်ခဲ့တယ်ဆိုတဲ့ သတင်းကို ကန္တာရဝတီတိုင်း(မ်) သတင်းဝက်ဆိုက်မှာ တင်ပြထားတာကို ဖတ်ပြီး စိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမဲ့ သတင်းဖတ်ရတာ စိတ်မကောင်းဖြစ်မိတာထက် ပေးထားတဲ့ ဝေဖန်ချက် (ကော်မက်) တွေကို ဖတ်ပြီး စိုးရိမ်ပူပန်မှုတွေ ဖြစ်နေမိတာကိုက ပိုဆိုးလှပါတယ်။ကော်မက်ပေးထားတဲ့ အယောက် ၃၀ ဆယ်ထဲက အချို့ကော်မက်တွေက ဝေဖန်ရှုတ်ချထားတာထက် ကဲ့ရဲ့သရော်ထားတာတွေကိုပါ တွေ့ရပါတယ်။ သတင်းနဲ့ ပေးထားတဲ့ ကော်မက်တွေကို အားလုံးခြုံပြီးကြည့်လိုက်တော့ ကျနော်တို့ ကရင်နီအမျိုးသား အချင်းချင်းကြားမှာ နားလည်မှုတွေ လွဲမှားလာတာတွေနဲ့ မုန်းတီးမှုတွေဖြစ်ပေါ်လာနိုင်တဲ့ သဘောကို ဆောင်နေပါတယ်။ တစ်ချက်က ကေတိုင်း(မ်)အနေနဲ့ အဖြစ်မှန်ကို နားလည်နိုင်အောင် စုံစုံလင်လင် တင်ပြမှုအားနည်းနေတာရယ်၊ နောက်တစ်ချက်က ကော်မက်ပေးသူအများစုက အီးမေးအင်တာနက်တွေ သုံးတတ်တဲ့ အဆင့်ရှိသလောက် ပြဿနာအပေါ် စေတနာမမှန်တဲ့ အသုံးအနှုန်းတွေနဲ့ ပြောချင်ရာပြော၊ ရေးချင်တာချရေးနေတာပါဘဲ။
ဒီသတင်းနဲ့ ကော်မက်တွေကို ပြုသူနဲ့ခံရသူတို့ဘက်ကလည်း ဖတ်မိ၊ ကြားမိကြရပါလိမ့်မယ်ဆိုတဲ့ ယူဆချက်နဲ့ ဒီအကြောင်းအရာနဲ့ အဖြစ်မှန်ရဲ့အနှစ်ကို စာဖတ်သူတွေကြားမှာ ပိုမိုနည်းလည်သဘောပေါက်ရလေအောင် ရည်ရွယ်ချက်နဲ့ အကြောင်းအရင်းနဲ့ ဆက်စပ်သက်ဆိုင်နေကြတဲ့ သူတွေကို ပြန်လည်မေးမြန်းပြီး တင်ပြထားပါတယ်။
ဖြစ်ပျက်မှုနဲ့ပတ်သက်ပြီး ကရင်နီပြည်က ဘုန်းတော်ကြီးတစ်ပါးမှ ယခုလိုမိန့်ကြားပါတယ်။
“တောင်းပန်တယ် မတောင်းပန်ဘူး ဆိုတာက တဘက်လူရဲ့ အသိတရားနဲ့ နားလည်မှုအပေါ်မှာပဲ မူတည်ပါတယ်။ ပစ်မှားတယ် မမှားဘူး ဆိုတာထက် နောက်ထပ် ဒီလို အဖြစ်မျိုး ထပ်ခါမဖြစ်လာဖို့က ပိုအရေးကြီးပါတယ်။ အရင်တစ်ခေါက်တုန်းကလည်း တစ်ခါဖြစ်ဖူးပြီးပြီ ဘုန်းတော်ကြီးတစ်ပါးနဲ့ ကားသမားပါ ဒဏ်ရာရထားပြီးပြီလေ ။ အခုကျနော်တို့ သွားလာနေတာကလည်း ဘာသာရေးတစ်ခုထဲ အတွက်ကြောင့်နဲ့ သွားလာနေတာမဟုတ်ဘူး အဲဒီဒေသ ဖွံဖြိုးဖို့အတွက်လည်း များစွာပါဝင်ပါတယ်”
ဆက်လက်ပြီး ဘုန်းတော်ကြီးက “နောက်ပြီး ကျနော်တို့ ကက်သလစ်ခုထဲ လုပ်ဆောင်သွားတာလည်း မဟုတ်ဘူး တခြားဘာသာရေး ခေါင်းဆောင်တွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေကြရပါတယ်။ ပြီးတော့ ကက်သလစ် ဘာသာဝင်တွေပဲ ခွဲခြားပြီး လုပ်ပေးနေတာလည်း မဟုတ်ဘူး။ အဲဒီဒေသမှာ ရှိနေတဲ့ ပြည်သူတွေအတွက် လုပ်ဆောင်ပေးနေတာပဲဖြစ်တယ်။”
ကရင်နီပြည် လွိုင်ကော်သာသနာ ကက်သလစ် ခရစ်ယာန်ဂိုဏ်းအုပ် ဆရာတော် ဘစ်ရှော့ တျေဖဲရဲ့ ကား (နံပါတ်= ၄/က ၃၇၅၄) ကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က ဖရူဆိုမြို့နယ် ရေဖရားကျေးရွာ နံဘေးရဲ့ တံတားထိပ်မှာ ကရင်နီတပ်မတော်တို့မှ မှားယွင်းပစ်ခတ်ခဲ့ပါတယ်။
ဆရာတော် ဘစ်ရှော့ရဲ့ကားအား မှားယွင်းပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဖြစ်ပျက်ပုံကို ကရင်နီပြည်ထဲရေးမှ ယခုလိုရှင်းပြပါတယ်။
“ကျနော်တို့က အပစ်ရပ်အဖွဲ့အစည်းတွေကလွဲလို့ ဘာတစ်ခုမှ တားမြစ်ကန့်သပ်ချက်ဆိုတာတော့ မရှိပါဘူး။ လွတ်လွတ်လပ်လပ် သွားလာနေကြတာပါပဲ။ ဒါပေမဲ့ အပစ်ရပ်အဖွဲ့တွေကိုတော့ သူတို့ကို ပြောထားတာတွေတော့ ရှိတယ်။ လိုင်းကားတွေ ပြည်သူတွေ စီးတဲ့ကားတွေနဲ့အတူ လိုက်မစီးဖို့တော့ ပြောထားတယ်။ ဒါပေမဲ့ မရဘူး သူတို့အရပ်သားလိုလုပ်ပြီး သေနတ်ကို ထိုင်ခုံအောက်မှာ ဖွက်ထားတာမျိုး လုပ်နေကြတယ်။ ကားသမားတွေကိုလည်း ဝမ်နီ (warning) ပေးတာလည်း ရှိတယ်။ ဒါပေမယ့် သူတို့လည်း ကြောက်နေရတယ်လေး။ ဟိုဘက်လူလည်း လက်နက်လည်း ရှိနေတာ ကျနော်တို့က သူ့ကိုလိုက်မစီးဖို့ ပြောတယ်။ ဒါပေမဲ့ မရဘူး သူတို့လည်း ငါတို့ကို စိတ်တိုတော့ ငါတို့လည်း သူတို့နေရာကို ကြောက်နေရတာပါပဲလေလို့ လိုင်းကားသမားတွေက ငါတို့ကိုပြန်ပြောတယ်”
ကရင်နီပြည် အမှတ် ၃ ခရိုင် အုပ်ချုပ်ရေးမှူး ခူးလော်ရယ်က ရှင်းပြသွားတာပါ။
“အဲဒီအတွက်ကြောင့် ကျနော်တို့ကလည်း လိုင်းကားတွေကို ရပ်ခိုင်းပြီး အစစ်ဆေးလုပ်နေရတာပါ။ အဲဒီ ဆရာတော် ကားကို ပစ်ခံရတာလည်း တကယ် မှားပြီးပစ်မိတာပါ။ ဘာဖြစ်လဲဆိုတော့ ရဲဘော်တွေက အရှေ့နဲ့အနောက်ကို လိုက်မမှီကြဘူး။ အရှေ့သွားနေတဲ့ ရဲဘော်တွေက ရွာထဲအထိရောက်နေကြပြီလေ ရဲဘော်သုံးယောက်က ဆရာတော်ကားကို စစ်ဆေးနေတယ်။ နောက် အနောက်ကနေလာတဲ့ ရဲဘော်တွေက မသင်္ကာ လူသုံးယောက်ထွက်ပြေးတာကို သူတို့တွေ့တယ် ကားရှေ့မှာနေတဲ့ သူတို့အဖော်သုံးယောက်နဲ့ ကားကိုတွေ့လိုက်တဲ့အခါတော့ ရန်သူနဲ့မှားပြီး ၇၉ တစ်လုံးနဲ့ အရင်ဆုံးပစ်လိုက်တယ်။ ကံကောင်းလို့ မကွဲဘူး အဲဒီကျဉ်က ကွဲမယ်ဆိုရင်တော့ အဲမှာရှိနေတဲ့သူ သာမက ငါတို့ရဲဘော် သုံးယောက်ကိုလည်း ရှုံးနေပြီးသားပဲလေ။ ဒါပေမဲ့ အခုက ကျနော် ပြည်ထဲရေးဝန်းကြီးနဲ့ တိုင်ပင်ပြီး ဘုန်းတော်ကြီးတွေကို ပြန်တောင်းပန်ဖို့နဲ့ အဲဒီပစ်မှားတဲ့ ရဲဘော်တွေကိုလည်း အနောက်ကို ပြန်ပို့လာခိုင်းပါတယ်။”
တကယ်တမ်းတော့ ကရင်နီပြည်ဟာ ပြည်တွင်းစစ်တွေ ဖြစ်ပျက်နေသေးတဲ့ ပြည်တစ်ပြည်ဖြစ်ပါတယ်။ ကရင်နီတော်လှန်ရေး တပ်မတော်တို့နဲ့ မြန်မာစစ်တပ်တို့အကြား ဘယ်အချိန်မဆို နှစ်ဦးနှစ်ဘက် ပစ်ခတ်မှုတွေ အချိန်အကန့်အသတ်မှရှိဘဲ ဖြစ်ပွားတတ်ပါတယ်။
ပြီးခဲ့တဲ့ ၁၉၉၅ ခုနှစ်က စစ်တပ်ဘက်မှ ဗိုလ်ချုပ်ခင်ညွန့် ဦးဆောင်ပြီး ကရင်နီအမျိုးသား တိုးတက်ရေးပါတီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပေမဲ့လည်း သုံးလခန့်အကြာ နှစ်ဦးနှစ်ဘက် အပစ်ခတ်ရပ်စဲရေး ပြန်လည်ပျက်ပျယ်ခဲ့ပြီး ယနေ့ထိတိုင် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်။
နှစ်ဦးနှစ်ဘက် တိုက်ပွဲတွေပြန်လည်ဖြစ်ပေါ်နေခဲ့ရတဲ့ အပေါ်မှာ ပြည်တွင်းမှ နယ်စပ်သို့ခရီးသွားလာနေကြတဲ့ ပြည်သူလူထုတို့အနေဖြင့် စစ်တပ်ကားများအား မစီးကြရန် ကေအဲန်ပီပီဘက်မှ အရေးပေါ်ထုတ်ပြန်ချက်တွေ ထုတ်ထားပါတယ်။
ထိုအရေးပေါ်ထုတ်ပြန်ချက်တွေဟာ မြန်မာစစ်တပ်နဲ့ ကေအဲန်ပီပီတပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပျက်နေသ၍ သက်ရောက်မှုတွေ ရှိနေသေးတယ်ဆိုတဲ့ သဘောပါဘဲ။ တော်လှန်ရေးကာလနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေတဲ့ ကရင်နီပြည်မှာ နောက်ဆက်တွဲ ယခုအဖြစ်အပျက်တွေလို ထပ်မံမကြုံတွေ့နိုင်ဘူးလို့ ယခုချိန်မှာဘယ်သူမှ မပြောနိုင်သေးပါဘူး။
ဒါပေမဲ့ ကရင်နီပြည်က နိုင်ငံရေးနဲ့ စစ်ရေးပြဿနာတွေကို သက်ဆိုင်တဲ့ နှစ်ဦးနှစ်ဘက်တို့မှ မျက်နှာချင်းဆိုင်ထိုင်ပြီး ဖြေရှင်းကြဖို့ စိတ်ဆန္ဒမရှိမချင်း၊ လက်တွေ့ကျကျ မဆောင်ရွက်မချင်း ယခုလိုပြဿနာတွေ အနည်းနဲ့အများရှိနေဦးမှာပါဘဲ။
ဒီနေရာမှာလမ်းကြောင်းတစ်ခု ပေးကြည့်ချင်တာကတော့ တိုက်ပွဲတွေ စဉ်ဆက်မပြတ်ဖြစ်နေတဲ့ ကရင်နီပြည်မှာ ခရီးသွားလာနေကြတဲ့ ပြည်သူတွေအနေနဲ့ စစ်တပ်ကား၊ အပစ်ရပ်ကားတို့ကို မစီးဘဲ ခရီးသည်ကားကိုသာ တတ်နိုင်သလောက် ရွေးချယ်စီးကြဖို့ လိုအပ်သကဲ့သို့ ခရီးသည်ကားဖြစ်စေ ဘာသာရေးကားဖြစ်စေ လက်နက်ကိုင်ဆောင်သူအားလုံးတို့ကို ကားမပေးစီးကြဖို့ လုပ်ဆောင်ပေးကြရပါမယ်။
မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းတို့မဆို လမ်း၌ ကားရပ်စစ်ဆေးမှုများပြုလုပ်ခြင်း၊ လက်နက်ကိုင်ထားသူတို့က တစုံတရာ ကမ်းလှမ်းမှုပြုလုပ်လာပါက ကားသမားတို့အနေနှင့်ဖြစ်စေ၊ ခရီးသည်တို့အနေနှင့်ဖြစ်စေ မိမိအသက်အန္တရာယ်ကို ရှေ့တန်းတင်ကာ တတ်နိုင်တဲ့ဘက်ကနေပြီး ပူးပေါင်းဆောင်ရွက်မှုတွေပေးကြဖို့ လိုအပ်ပါလိမ့်မယ်။
ကရင်နီပြည်က မတည်ငြိမ်သေးတဲ့ နိုင်ငံရေးအခြေအနေတို့အပေါ် အခြေခံပြီး ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က မှားယွင်းပစ်ခတ်မှုဟာ မည်သည့်ဘက်ကမှားတယ်၊ မည်သူဘက်ကမှန်တယ်ဆိုတဲ့ အငြင်းပွားနေမှုထက် ဘာသာရေးခေါင်းဆောင်ရဲ့ ကားပစ်ခတ်ခံရလို့ ဘာသာရေးကိုအခြေခံပြီး ကရင်နီအချင်းချင်းသွေးကွဲစေတဲ့ အဖြစ်မျိုးတော့မရောက်ဖို့ အလွန်အရေးကြီးလှပါတယ်။
ကရင်နီပြည်ဟာ တခြားပြည်နယ်တွေထက် ထူးခြားနေတာက ကယားလူမျိုးထက် တခြားသော ညီအစ်ကို မျိုးနွယ်စုတွေ ညီညီညွတ်ညွတ်နဲ့ အတူတကွ လက်တွဲနေထိုင်ကြသလို ဘာသာပေါင်းစုံနဲ့ မိရိုးဖလာ၊ ရိုးရာယဉ်ကျေးမှုတို့ကို နှစ်ပေါင်းရာနဲ့ထောင်နဲ့ချီပြီး အထွတ်အထိပ်ထား ယုံကြည်လာကြတဲ့ ပြည်နယ်တစ်ပြည်နယ်ပါ။
ယနေ့ မြန်မာ့ရေးရာ သတင်းများ March,17th,2010
( 28 )Myanmar judge denies bail to Australian publisher
( 27 )ရွေးကောက်ပွဲကော်မီရှင်မှသတ်မှတ်သည့် အရည်အချင်းပျက်ယွင်းသူအမတ်လောင်းစာရင်းတွင် ချင်းပြည်နယ်မှ ၁၅ ဦးပါဝင်
( 26 )Burmese pack bags, leave Tokyo
( 25 )ပိတ်ဆို့မှု ရုပ်သိမ်းရန် ဥရောပသမဂ္ဂကို မွန်ပါတီတောင်းဆို
( 24 )Internet calls banned as junta loses out
( 23 )ဂျပန်ရှိ မြန်မာများ သံရုံး ကူညီမှုမရ
( 22 )Crisis in Japan Leaves Many Burmese Stranded
( 21 )ကိုဇာဂနာ လူ့အခွင့်အရေးလှုပ်ရှားသူ အနုပညာသမားဆုချီးမြင့်ခံရ
( 20 )Can aid bring the west's influence to bear on Burma?
( 19 )တရုတ်သို့ ပို့မည့် ဓာတ်ငွေ့ ပိုက်လိုင်းများ ဧရာဝတီမြစ်ကို ဖြတ်တော့မည်
( 18 )New Burmese Gov't Urged to End Abuses
( 17 )ဆူနာမိထိတဲ့ ဂျပန်နောက်ဆုံး အခြေအနေ
( 16 )Karens Flee Fighting in Burma, But Live in Limbo in Thailand
( 15 )NDF ပါတီက အမတ်နှစ်ဦး လွှတ်တော်တွင်း သဘောထားကွဲလွဲ
( 14 )Is a people’s power movement possible in Burma?
( 13 )ငလျင်ဒဏ်သင့် ဂျပန်က မြန်မာနိုင်ငံကို အကူအညီဆက်ပေးမည်
( 12 )Review Sanctions and Stop Isolating Burma’
( 11 )အချိန်အခါမဟုတ် မိုးကြောင့် ပဲနှင့် စပါးများ ပျက်စီး
( 10 )FIFA chief dogged by controversy
( 9 )ရှမ်းပြည်တပ်မတော် ( မြောက်ပိုင်း ) နှင့် နအဖ အကြား တိုက်ပွဲဖြစ်
( 8 )NLD ဗဟိုအလုပ်အမှုဆောင်နှင့် စစ်ကိုင်းတိုင်း ကိုယ်စားလှယ်များဆွေးနွေး
( 7 )Wikileaks Cables Reveal Burma Arms Deals
( 6 )FIFA ဥက္ကဋ္ဌ မြန်မာပြည်ခရီး
( 5 )Burma Army occupies SSA core base
( 4 )အင်တာနက်မှ VOIP တယ်လီဖုန်း ဆက်သွယ်မှုကို တားမြစ်
( 3 )Burmese Junta and SSA-N fighting continues
( 2 )လာနီညာကြောင့် မြန်မာရာသီဥတု ဖောက်ပြန်
( 1 )Experts Help to Rebrand Burma’s Failed Dictatorship

Wednesday, March 16, 2011
ဝ တပ် နှစ်ချုပ် အစည်းအဝေး ကျင်းပ
သန်းထိုက်ဦး Wednesday, 16 March 2011
နအဖ စစ်တပ်နှင့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) တပ်များ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဖြစ်ပွားနေချိန်တွင် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ဌာနချုပ်၌ သက်ဆိုင်ရာဌာနအလိုက် နှစ်ချုပ် အစည်းအဝေးကို ကျင်းပနေသည်။
အစည်းအဝေးကို UWSA ဌာနချုပ် တည်ရှိသော ပန်ဆန်းမြို့တွင် ၎င်းတို့၏ ခေါင်းဆောင် ဦးပေါက်ယူချမ်းနှင့် တပ်မှူးများ အပါ အ၀င် ဌာနအလိုက် ကိုယ်စားလှယ်၂၀၀ ကျော် တက်ရောက်ပြီး ယမန်နေ့မှ စတင်၍ ၃ ရက်ခန့် ကျင်းပမည် ဖြစ်ကြောင်း သိရ သည်။
UWSA အနေဖြင့် နောက်တက်လာမည့် အစိုးရသစ်နှင့် နိုင်ငံရေးအရ တွေ့ဆွေးနွေးရေး၊ စစ်အစိုးရက ကျင့်သုံးနေသော ဖြတ် လေးဖြတ် ကာကွယ်ရေး အစီအစဉ်နှင့် တခြားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် စစ်ရေး မဟာမိတ်ဖွဲ့စည်းရေး စသည့် အကြောင်းအရာများကို ဆွေးနွေးနိုင်ကြောင်း တရုတ် - မြန်မာ နယ်စပ် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော က ဧရာဝတီ သို့ ပြောသည်။
UWSA တပ်ဖွဲ့ဝင်များ အစည်းအဝေး ကျင်းပနေချိန်တွင် ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှုးမြို့နယ်နှင့် တန့်ယန်း မြို့နယ်၌ နအဖ တပ်နှင့် SSA-N တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားနေသည့် အချိန်နှင့် တိုက်ဆိုင်နေသည်။
တန့်ယန်းမြို့နယ် အတွင်းသို့ ရောက်ရှိနေသော စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ နှင့် မန္တလေးတိုင်း မိထ္တီလာမြို့နယ် အခြေစိုက် တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းများက SSA-N ထိန်းချုပ်ထားသော ဒေသအတွင်းသို့ ၀င်ရောက်လာသော ကြောင့် ၎င်း တပ်များနှင့် အပြန်အလှန် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ နအဖ စစ်အစိုးရ တပ်မ ၃၃ နှင့် တပ်မ ၉၉ တို့သည် ယခုအခါ တန့်ယန်း အခြေစိုက် တပ်များနှင့် ပူးပေါင်း၍ ယင်း ဒေ သ များတွင် စစ်အင်အား တိုးချဲ့ထားသည်။
အတည်မပြုနိုင်သော တန့်ယန်းဒေသခံများ၏ ပြောပြချက်အရ ယခုရက်ပိုင်း နအဖ စစ်အစိုးရနှင့် SSA-N တို့ ဖြစ်ပွားခဲ့ သော တိုက်ပွဲတွင် UWSA တပ်ဖွဲ့ဝင်များက ကူတိုက်ပေးခဲ့ကြောင်း ကြားသိရသည်။ ယင်းတိုက်ပွဲများတွင် SSA-N တပ်သား တချို့ဒဏ်ရရရှိသည်ဟု ကြားသိရသော်လည်း နအဖ ဗိုလ်ကြီးအဆင့်ရှိသူတဦး အပါအ၀င် တပ်သား ၈ ဦး ကျဆုံးခဲ့သည်။
စစ်ရေးလေ့လာသူများ အဆိုအရ ယခုကျင်းပနေသော UWSA နှစ်ချုပ် အစည်းအဝေးတွင် ရှမ်းပြည်နယ်တွင် လတ်တလော ဖြစ်ပွားနေသော စစ်ရေး ပဋိပက္ခများကိုလည်း ဆွေးနွေးနိုင်ခြင်း ရှိသကဲ့သို့ SSA-N ခေါင်းဆောင် တချို့ကလည်း စည်းဝေးနေ ကြောင်း သိရသည်။
UWSA ဌာနချုပ် လက်အောက်ခံ ရဲတပ်ဖွဲ့များက တရုတ်နှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါး နှိမ်နင်းရေး လုပ်ငန်းများကို ပြီးခဲ့သည့် ဖောဖော်ဝါရီ လဆန်းပိုင်းက စီစဉ်ဆောင်ရွက်ခဲ့ကြောင်း ယမန်နေ့က UWSA ဌာနချုပ်မှ ပြန်လည်ရောက်ရှိလာသူ သတင်းထောက် တဦးက ပြောသည်။
ထို့အပြင် UWSA ထိန်းချုပ် ဒေသများတွင် ည ၁၀ နာရီနောက်ပိုင်း အပြင်မထွက်ရန် လုံခြုံရေး တင်ကျပ်ထားကြောင်း သိရ သည်။
နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ထိန်းချုပ်ဒေသများကို ဖြတ်လေးဖြတ် အစီအစဉ်ဖြင့် ချေမှူန်းရန် စစ်အစိုးရ ခေါင်းဆောင်များက ယခုလဆန်းပိုင်းမှ စတင်၍ ညွှန်ကြားထားကြောင်း စစ်ရေးလေ့လာသူများက ပြောသည်။
၁၉၇၀ ပြည့်နှစ်များတွင် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ကရင်အမျိုးသား အစည်းအရုံး(KNU) တို့အပေါ် ဗိုလ်ချုပ်ကြီးနေဝင်း၏ မဆလ ခေတ် အစိုးရ ဆင်နွှဲခဲ့သည့် စစ်ဆင်ရေးများတွင် စတင်ကျင့်သုံးခဲ့သည်။
ယင်း ဖြတ်လေးဖြတ် အစီအစဉ်မှာ လက်နက်ကိုင်အဖွဲ့များ၏ စားနပ်ရိက္ခာအရင်းအမြစ်ကို ဖြတ်တောက်ခြင်း၊ ဘဏ္ဍာငွေအရင်း အမြစ်များကို ဖြတ်တောက်ခြင်း၊ သတင်းအရင်းမြစ်ကို ဖြတ်တောက်ခြင်းနှင့် တပ်ဖွဲ့ဝင်သစ်မစုဆောင်းနိုင်ရန် ဖြတ်တောက်ခြင်း တို့ဖြစ်သည်။
UWSA သည် ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသတွင် အခြေစိုက် လှုပ်ရှားလျက်ရှိသည်။ စစ်အစိုးရ၏ ၂၀၀၈ အခြေခံ ဥပဒေတွင် ဝ ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ထည့်သွင်း ပြဋ္ဌာန်းထားသည်။
ယင်းအခြေခံဥပဒေတွင် ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း၊ ပန်ဆန်း စသည့် မြို့နယ်များကို ခရိုင် ၂ ခရိုင်ဖွဲ့ပြီး “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် ဖော်ပြထားသည်။ သံလွင်မြစ် အရှေ့ဘက်ခြမ်းမှ ထိုမြို့နယ် ၆ ခုမှာ တရုတ် မြန်မာ နယ်စပ်တွင် တည်ရှိသည်။
စစ်အစိုးရ၏ ဒု ဗိုလ်ချုပ်ကြီးဟောင်း ရဲမြင့်နှင့် UWSA ကိုယ်စားလှယ်တချို့တို့ ပြီးခဲ့သည့်နှစ် သြဂုတ်လက ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့၌ နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး နောက်ဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ UWSAသည် ၎င်းတို့ ၏ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအနက် အင်အား အတောင့်တင်းဆုံး တပ်ဖွဲ့ ဖြစ်သည်။
UWSA တပ်ဖွဲ့ အပါအ၀င် မိုင်းလား တပ်ဖွဲ့(NDAA) တို့သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ငြင်း ဆန်ထားသည်။ စစ်အစိုးရက အပစ်ရပ်တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ်ဧပြီလ ကတည်းက စတင်အကောင်အထည် ဖော်ခဲ့သည်။
UWSA ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့ထက်မနည်း ငြိမ်းချမ်းရေး ယူခဲ့ကြသည်။ ၁၉၈၉မှ ၁၉၉၅ အတွင်းအပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ရှိသည်ဟု စစ် အစိုးရ ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
နအဖ စစ်တပ်နှင့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) တပ်များ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဖြစ်ပွားနေချိန်တွင် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ဌာနချုပ်၌ သက်ဆိုင်ရာဌာနအလိုက် နှစ်ချုပ် အစည်းအဝေးကို ကျင်းပနေသည်။ အစည်းအဝေးကို UWSA ဌာနချုပ် တည်ရှိသော ပန်ဆန်းမြို့တွင် ၎င်းတို့၏ ခေါင်းဆောင် ဦးပေါက်ယူချမ်းနှင့် တပ်မှူးများ အပါ အ၀င် ဌာနအလိုက် ကိုယ်စားလှယ်၂၀၀ ကျော် တက်ရောက်ပြီး ယမန်နေ့မှ စတင်၍ ၃ ရက်ခန့် ကျင်းပမည် ဖြစ်ကြောင်း သိရ သည်။
UWSA အနေဖြင့် နောက်တက်လာမည့် အစိုးရသစ်နှင့် နိုင်ငံရေးအရ တွေ့ဆွေးနွေးရေး၊ စစ်အစိုးရက ကျင့်သုံးနေသော ဖြတ် လေးဖြတ် ကာကွယ်ရေး အစီအစဉ်နှင့် တခြားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် စစ်ရေး မဟာမိတ်ဖွဲ့စည်းရေး စသည့် အကြောင်းအရာများကို ဆွေးနွေးနိုင်ကြောင်း တရုတ် - မြန်မာ နယ်စပ် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော က ဧရာဝတီ သို့ ပြောသည်။
UWSA တပ်ဖွဲ့ဝင်များ အစည်းအဝေး ကျင်းပနေချိန်တွင် ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှုးမြို့နယ်နှင့် တန့်ယန်း မြို့နယ်၌ နအဖ တပ်နှင့် SSA-N တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားနေသည့် အချိန်နှင့် တိုက်ဆိုင်နေသည်။
တန့်ယန်းမြို့နယ် အတွင်းသို့ ရောက်ရှိနေသော စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ နှင့် မန္တလေးတိုင်း မိထ္တီလာမြို့နယ် အခြေစိုက် တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းများက SSA-N ထိန်းချုပ်ထားသော ဒေသအတွင်းသို့ ၀င်ရောက်လာသော ကြောင့် ၎င်း တပ်များနှင့် အပြန်အလှန် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ နအဖ စစ်အစိုးရ တပ်မ ၃၃ နှင့် တပ်မ ၉၉ တို့သည် ယခုအခါ တန့်ယန်း အခြေစိုက် တပ်များနှင့် ပူးပေါင်း၍ ယင်း ဒေ သ များတွင် စစ်အင်အား တိုးချဲ့ထားသည်။
အတည်မပြုနိုင်သော တန့်ယန်းဒေသခံများ၏ ပြောပြချက်အရ ယခုရက်ပိုင်း နအဖ စစ်အစိုးရနှင့် SSA-N တို့ ဖြစ်ပွားခဲ့ သော တိုက်ပွဲတွင် UWSA တပ်ဖွဲ့ဝင်များက ကူတိုက်ပေးခဲ့ကြောင်း ကြားသိရသည်။ ယင်းတိုက်ပွဲများတွင် SSA-N တပ်သား တချို့ဒဏ်ရရရှိသည်ဟု ကြားသိရသော်လည်း နအဖ ဗိုလ်ကြီးအဆင့်ရှိသူတဦး အပါအ၀င် တပ်သား ၈ ဦး ကျဆုံးခဲ့သည်။
စစ်ရေးလေ့လာသူများ အဆိုအရ ယခုကျင်းပနေသော UWSA နှစ်ချုပ် အစည်းအဝေးတွင် ရှမ်းပြည်နယ်တွင် လတ်တလော ဖြစ်ပွားနေသော စစ်ရေး ပဋိပက္ခများကိုလည်း ဆွေးနွေးနိုင်ခြင်း ရှိသကဲ့သို့ SSA-N ခေါင်းဆောင် တချို့ကလည်း စည်းဝေးနေ ကြောင်း သိရသည်။
UWSA ဌာနချုပ် လက်အောက်ခံ ရဲတပ်ဖွဲ့များက တရုတ်နှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါး နှိမ်နင်းရေး လုပ်ငန်းများကို ပြီးခဲ့သည့် ဖောဖော်ဝါရီ လဆန်းပိုင်းက စီစဉ်ဆောင်ရွက်ခဲ့ကြောင်း ယမန်နေ့က UWSA ဌာနချုပ်မှ ပြန်လည်ရောက်ရှိလာသူ သတင်းထောက် တဦးက ပြောသည်။
ထို့အပြင် UWSA ထိန်းချုပ် ဒေသများတွင် ည ၁၀ နာရီနောက်ပိုင်း အပြင်မထွက်ရန် လုံခြုံရေး တင်ကျပ်ထားကြောင်း သိရ သည်။
နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ထိန်းချုပ်ဒေသများကို ဖြတ်လေးဖြတ် အစီအစဉ်ဖြင့် ချေမှူန်းရန် စစ်အစိုးရ ခေါင်းဆောင်များက ယခုလဆန်းပိုင်းမှ စတင်၍ ညွှန်ကြားထားကြောင်း စစ်ရေးလေ့လာသူများက ပြောသည်။
၁၉၇၀ ပြည့်နှစ်များတွင် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ကရင်အမျိုးသား အစည်းအရုံး(KNU) တို့အပေါ် ဗိုလ်ချုပ်ကြီးနေဝင်း၏ မဆလ ခေတ် အစိုးရ ဆင်နွှဲခဲ့သည့် စစ်ဆင်ရေးများတွင် စတင်ကျင့်သုံးခဲ့သည်။
ယင်း ဖြတ်လေးဖြတ် အစီအစဉ်မှာ လက်နက်ကိုင်အဖွဲ့များ၏ စားနပ်ရိက္ခာအရင်းအမြစ်ကို ဖြတ်တောက်ခြင်း၊ ဘဏ္ဍာငွေအရင်း အမြစ်များကို ဖြတ်တောက်ခြင်း၊ သတင်းအရင်းမြစ်ကို ဖြတ်တောက်ခြင်းနှင့် တပ်ဖွဲ့ဝင်သစ်မစုဆောင်းနိုင်ရန် ဖြတ်တောက်ခြင်း တို့ဖြစ်သည်။
UWSA သည် ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသတွင် အခြေစိုက် လှုပ်ရှားလျက်ရှိသည်။ စစ်အစိုးရ၏ ၂၀၀၈ အခြေခံ ဥပဒေတွင် ဝ ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ထည့်သွင်း ပြဋ္ဌာန်းထားသည်။
ယင်းအခြေခံဥပဒေတွင် ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း၊ ပန်ဆန်း စသည့် မြို့နယ်များကို ခရိုင် ၂ ခရိုင်ဖွဲ့ပြီး “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် ဖော်ပြထားသည်။ သံလွင်မြစ် အရှေ့ဘက်ခြမ်းမှ ထိုမြို့နယ် ၆ ခုမှာ တရုတ် မြန်မာ နယ်စပ်တွင် တည်ရှိသည်။
စစ်အစိုးရ၏ ဒု ဗိုလ်ချုပ်ကြီးဟောင်း ရဲမြင့်နှင့် UWSA ကိုယ်စားလှယ်တချို့တို့ ပြီးခဲ့သည့်နှစ် သြဂုတ်လက ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့၌ နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး နောက်ဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ UWSAသည် ၎င်းတို့ ၏ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအနက် အင်အား အတောင့်တင်းဆုံး တပ်ဖွဲ့ ဖြစ်သည်။
UWSA တပ်ဖွဲ့ အပါအ၀င် မိုင်းလား တပ်ဖွဲ့(NDAA) တို့သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ငြင်း ဆန်ထားသည်။ စစ်အစိုးရက အပစ်ရပ်တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ်ဧပြီလ ကတည်းက စတင်အကောင်အထည် ဖော်ခဲ့သည်။
UWSA ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့ထက်မနည်း ငြိမ်းချမ်းရေး ယူခဲ့ကြသည်။ ၁၉၈၉မှ ၁၉၉၅ အတွင်းအပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ရှိသည်ဟု စစ် အစိုးရ ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
တီးတိန်ကားမှောက်မှုတွင် စစ်တပ် ပယောဂမကင်း
KHONUMTHUNG NEWS
မတ်လ ၁၀ ရက်နေ့က ချင်းပြည်နယ် တီးတိန်မြို့နယ်အမှတ်(၂)နယ်စပ်ကုန်သွယ်ရေးလမ်းတွင် ဒိုင်နာကားတစီး တိမ်းမှောက်သွား သည့် ကိစ္စ၌ စစ်တပ်၏ ပယောဂ မကင်းကြောင်း ခရီးသည်များကပြောသည်။
တီးတိန်မြို့အခြေစိုက် ခလရ(၂၆၉)တပ်ရင်းမှ ဒု – ဗိုလ်မှူးကြီးစောထွန်းကစစ်ကိုင်းတိုင်းကလေးမြို့မှ အိန္ဒိယ-မြန်မာ နယ်စပ် ရိဒ်မြို့ဘက်သို့ တက်လာသည့် ဂျစ်ကား ၅ စီးကို တီးတိန်မြို့အရောက်တွင် ရပ်ခိုင်းကာခရီးသည်များအား အကုန်ဆင်းခိုင်းပြီး ဂျစ်ကားများ ကိုချောဆွဲ သွားခဲ့သည်ဟုခရီးသည်တဦးကပြောသည်။
ထို့နောက် ဂျစ်ကား ၅ စီးမှပါလာသော ခရီးသည် အယောက် ၅၀ ကျော်အတွက် စစ်တပ်ကဒိုင်နာကား တစီးသာ စီစဉ်ပေးပြီး အိန္ဒိယ – မြန်မာနယ်စပ်ဘက်ကို ကုန်နှင့်ခရီးသည်အပြည့်ဖြင့် ပြန်လည်ထွက်ခွာကြချိန်တွင် တီးတိန်မြို့
နယ်လမ်ဇန်း ကျေးရွာအလွန်လမ်းအကွေ့မှာတိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းခရီးသည်တဦးကပြောသည်။
အဆိုပါကားတိမ်းမှောက်မှုကြောင့် ဦးနန်ခန့်လျန်း ၊ ဒေါ်ဝုန်စန်းဒိမ်း၊မောင်နောင်းဒင်းပဲဒ် ၊ ဦးတွောင်ခိုပေါင် တို့သေဆုံး သွားခဲ့ ပြီးခရီးသည် အယောက် ၃၀ ခန့်ဒဏ်ရာရရှိခဲ့ကြသည်။
ယခုနေပြည်တော်မှာ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးပွဲမှာလည်းချင်းအမျိုးသား လွှတ်တော်ကိုယ်စား လှယ်တွေက ချင်းပြည်နယ်၏လမ်းပန်းဆက်သွယ်ရေးလွယ်ကူချောမွေ့စွာသွားလာနိုင်ရေးအတွက်နိုင်ငံတော်အစိုးရ ကအမြန်ဆုံးပြုပြင်ဆောင်ရွက်ပေးရေးအဆိုကိုတင်သွင်းထားကြသည်ဟုသိရသည်။
ယခုရက်ပိုင်းအတွင်း ချင်းပြည်နယ်အခြေစိုက် စစ်တပ်ကခရီးသည်တင်မော်တော်ကားများကို ၄င်းတို့၏ တပ်ရိက္ခာ နှင့်
လက်နက်များတင်ဆောင်ရန်အတွက် ချောဆွဲလျက်ရှိသည်ဟုသိရသည်။
မတ်လ ၈ ရက်နေ့ကလည်း အမှတ်(၂)နယ်စပ်ကုန်သွယ်ရေးစခန်း ရိမြို့မှကလေးမြို့ဘက်သို့ သွားသော ခရီးသည် တင် ဂျစ်ကားတစီးကိုတီးတိန်မြို့အရောက်တွင် စစ်တပ်က ချောဆွဲခဲ့သောကြောင့်တခြားကားများကိုပြောင်းစီးခဲ့ရကြောင်း ခရီး သည်တဦးကပြောသည်။
ထို့အပြင် အိန္ဒိယမြန်မာနယ်စပ်ချောင်းမှ စစ်ကိုင်းတိုင်းကလေးမြို့အကြားကားလမ်းတလျှောက်တွင် စစ်တပ်နဲ့ရဲက ဂိတ်ခွန် ၁၁ ခုဖွင့်လှစ်ပြီးအခွန်ကောက်နေသည်ဟု သိရသည်။
” တဂိတ်မှာ အနည်းဆုံး ကျပ် ၂၀၀၀ – ၃၀၀၀ လောက်ပေးရတယ်၊ကားသမားတွေကပေးရတာပေါ့၊ မပေးရင်တော့ ကားမ ထွက်ခိုင်းဘူး၊ ခရီးသည်တွေကိုကားပေါ်ကဆင်းခိုင်းပြီး အကြောင်းမရှိအကြောင်းကာ စစ်ဆေးမှုတွေပြုလုပ်တတ်တယ်”
ဟု အဆိုပါခရီးသည်တဦးကပြောသည်။
ယခုကဲ့သို့ စစ်သား နှင့် ရဲ များကို လမ်းတလျှောက်ငွေပေးနေရသည့်အတွက်ကြောင့် ကားခဈေးနှုန်းတွေလည်း မကျ
နိုင်ဘဲဖြစ်နေသည်ဟုသူကပြောသည်။

ကိုယ်စားလှယ်လောင်း (၂၀) ဦးအား အရည်အချင်း ပျက်ယွင်းသူအဖြစ် ကြေညာ
ရိုးမ ၃
ရွေးကောက်ပွဲ ကော်မရှင်က ကိုယ်စားလှယ်လောင်း (၂၀) ဦးအား အရည်အချင်း ပျက်ယွင်းသူများဖြစ်ကြောင်း ယမန်နေ့က ကြေညာလိုက်သည်။
၎င်းတို့အား ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းအား သတ်မှတ်ရက်အတွင်း တင်သွင်းခြင်းမရှိသည့်အတွက် ရွေးကောက်ပွဲနည်းဥပဒေ အပိုဒ် (၈၃) အရ အရည်အချင်းပျက်ယွင်းသူအဖြင့် ကြေညာလိုက်ခြင်းဖြစ်သည်။
ကချင်ပြည်နယ်မှ ဦးစောနွဲ့ရွှေမောင်၊ ဦးကျော်ဦး၊ ဦးလှငွေ၊ ဦးအောင်နီ (ခ) ဦးဝင်းနိုင်၊ ဦးထွန်းထွန်းဦး၊ ချင်းပြည်နယ်မှ ဦးပီအက်စ်ခမ်ဒို့နန်၊ ဦးလိန်းကီး၊ ဦးဗျက်ခမ်း၊ ဦးလန်းဇမန်၊ ဦးလွန်ခိုဟန်၊ ဦးထန်းကီး၊ ဦးလိန်းပိုင်း၊ ဦးကျော်ကျော်ဖြူ၊ ဦးဟုန်းထန်း၊ ဦးလှာမာ၊ ဦးလျန်ချွမ်း၊ ဦးကမ်လျန်ထန်၊ ဦးထွမ်းဂိုးထန်၊ ဦးဒိုင်းလျန်းပေါင်၊ ဦးတွာလ်ဒိုပေါင်တို့ဖြစ်သည်။
၎င်းတို့အား ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ခုံရုံးများဖွဲ့ကာ အရည်းအချင်းပျက်ယွင်းသူများအဖြစ် သတ်မှတ်ရန် သင့်မသင့် ဆုံးဖြတ်ပြီး ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။
ဥပဒေ ပုဒ်မ (၈၈) အရ အရည်အချင်းပျက်ယွင်းသူများအဖြစ် ကြေညာခံရသည့် ကိုယ်စားလှယ်လောင်းများ အနေဖြင့် ကြေညာသည့်နေ့မှ စတင်၍ လက်ရှိလွှတ်တော်သက်တမ်းနှင့် နောက်လာမည့် လွှတ်တော်သက်တမ်းအတွက် ကျင်းပသည့်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိမည် မဟုတ်ပေ။
၂၀၁၀ နိုင်ဝင်ဘာ ၇ ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ (၅၅) နှင့် နည်းဥပေဒ ပုဒ်မ (၇၇) တို့အရ ရွေးကောက်တင်မြှောက်ခံရသူများသည် အမည်စာရင်းကြေညာသည့်နေ့မှ စ၍ ရက်ပေါင်း (၆၀) အတွင်း ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းကို ဥပဒေသတ်မှတ်ချက်နှင့်အညီ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများသို့ တင်သွင်းရမည်ဖြစ်သည်။

နယ်ကျော်ဝင်ရောက်သော မြန်မာစစ်တပ်အား KIA မောင်းထုတ်
KNG
မတ်လ ၁၂ ရက် စနေနေ့က ကချင်ပြည်နယ်အရှေ့ဘက် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နယ်မြေထဲသို့ နယ်ကျော်ဝင်ရောက်လာ သည့် မြန်မာစစ်တပ်အား KIAတပ်ဖွဲ့များမှ အတင်းမောင်းထုတ်ခဲ့သည်။
ဝိုင်းမော်မြို့နယ်၊ တရုတ်နယ်စပ်ကိန်ပိုင်တီနှင့် ဆဒုံးကြား၊ လဖိုင်ရွာအနီးရှိ KIA ငွါးလေးစစ်စခန်းသို့ နယ်ကျော်ဝင်ရောက်လာသည့် မြန်မာစစ်သား ၁၈ ယောက်ပါတပ်စုအား “ဆုတ်ခွာခြင်း မပြုလျှင် ပစ်ခတ်မည်” ဟု KIAမှ သတိပေးပြီးနောက် ယခုလိုပြန်ဆုတ်ပေးခြင်း ဖြစ်ကြောင်း ဒေသခံများပြောသည်။
KIA ငွါးလေးစခန်းမှတဆင့် တရုတ်နယ်စပ် ကန်ပိုင်တီမြို့သို့သွားရန် မြန်မာစစ်တပ်၏ အကြိမ်ကြိမ် ကြိုးပမ်းမှုကို KIAက လုံးဝဖြတ်သန်းခွင့် မပြုခဲ့ဟု KIA က ဆိုသည်။
ယင်းမြန်မာစစ်သားများသည် ကချင်ပြည်နယ်အနောက်ဘက် ဟူးကောင်းချိုင့်ဝှမ်းရှိ ဒကစ-တနိုင်း (ဒေသကွပ်ကဲရေးနှင့် စစ်ဆင်ရေး ဌါနချုပ်)မှ ဖြစ်သည်ဟု လဖိုင်ကျေးရွာ ဒေသခံများပြောသည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလ နှစ်ဖက်ကြား စစ်ရေးတင်းမာလာချိန်ကတည်းက ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နယ်မြေထဲ မြန်မာစစ်သားများဝင်ရောက်ခြင်း မပြုရန် KIO က မြန်မာစစ်အစိုးရအား အကြာင်းကြားခဲ့ကြောင်း KIO အရာရှိများပြောသည်။
KIO နိုင်ငံခြားရေးတာဝန်ရှိသူ ထိုင်းနိုင်ငံ ဘန်ကောက်မှ ဂျိမ်းလွမ်းဒေါင်က “ကျနော်တို့ဘက်ကစပြီး မြန်မာစစ်တပ်ကို စတိုက်မှာမဟုတ်ဘူး။ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ စစ်မှန်တဲ့နိုင်ငံရေးဆွေးနွေးအဖြေရှာဖို့ ကျနော်တို့ ကြိုးပမ်းနေပါတယ်။” ဟု ကချင်သတင်းဌာနသို့ ပြောသည်။
မနှစ်က ဒီဇင်ဘာလကတည်းက မြန်မာစစ်ကြောင်းများ (စစ်ကြောင်းတစ်ကြောင်းတွင် စစ်သား ၁၀ ကျော် သို့မဟုတ် ၁၀၀ ကျော်ပါရှိ) ဆဒုံးဧရိယာထဲရှိ KIO နယ်မြေများအနီး လှုပ်ရှားမှုတိုးပြုလုပ်လာကြောင်း KIA အရာရှိများပြောသည်။
ယခု မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ် (ယခင် ဒီမိုကရေစီသစ်တပ်မတော်-ကချင်-NDA-K) တို့ပူးတွဲထိန်းချုပ်သည့် ဆဒုံးနယ်တွင် ဘိန်းစိုက်ဧက ၂၀၀၀၀ ကျော်ရှိသေးကြောင်း KIO မူးယစ်တိုက်ဖျက်ရေးကော်မတီက ပြောသည်။
မြန်မာဘိန်းခင်းဖျက်ဆီးရေးအဖွဲ့သည် ဘိန်းခင်းပိုင်ရှင်များထံမှ ပိုက်ဆံတောင်းသည့်အပြင် KIO မူးယစ်တိုက်ဖျက်ရေးကော်မတီ၏ ဘိန်းခင်းဖျက်ဆီးနေမှုကိုလည်း နှောင့်ယှက်နေကြောင်း ဒေသခံများနှင့် KIO မူးယစ်တိုက်ဖျက်ရေး အရာရှိများပြောသည်။
ရှမ်းပြည်နယ်၊ မိုင်းရှူးနယ် မိုင်းအောက်ကျေးရွာအုပ်စုတွင် မြန်မာစစ်တပ်နှင့် ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း (SSA-N)ကြား မတ်လ ၁၃ မှ ၁၄ ရက်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။
KIO နှင့် SSA-N သည် ယခင်လက ဖွဲ့စည်းသော ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များဖြစ်ကြသည်။
UNFC သည် စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရန် မြန်မာစစ်တပ်အား နိုင်ငံရေး၊ စစ်ရေးဖြင့် တွန်းအားပေးရန်ဖြစ်သည်။ ယခု ဖွဲ့စည်းနေသည့် စစ်တပ်ကျောထောက်နောက်ခံ အစိုးရသစ်၏ တိုင်းရင်းသားများပေါ် ထားရှိမည့်သဘောထားကို UNFC က စောင့်ကြည့်နေကြောင်း သိရသည်။
မြန်မာစစ်အစိုးရ၏ KIO နှင့် အခြား လူမျိုးစု လက်နက်ကိုင်အဖွဲ့များအပေါ် စစ်ရေးအရခြိမ်းခြောက်ခြင်းသည် ၎င်း၏ “လုပ်ရိုးလုပ်စဉ်သာဖြစ်ပြီး စိုးရိမ်စရာမလိုကြောင်း” KIO နိုင်ငံခြားရေးရာ တာဝန်ရှိသူ ဂျိမ်းလွမ်းဒေါင် ပြောသည်။
မတ်လ ၁၂ ရက် စနေနေ့က ကချင်ပြည်နယ်အရှေ့ဘက် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နယ်မြေထဲသို့ နယ်ကျော်ဝင်ရောက်လာ သည့် မြန်မာစစ်တပ်အား KIAတပ်ဖွဲ့များမှ အတင်းမောင်းထုတ်ခဲ့သည်။ဝိုင်းမော်မြို့နယ်၊ တရုတ်နယ်စပ်ကိန်ပိုင်တီနှင့် ဆဒုံးကြား၊ လဖိုင်ရွာအနီးရှိ KIA ငွါးလေးစစ်စခန်းသို့ နယ်ကျော်ဝင်ရောက်လာသည့် မြန်မာစစ်သား ၁၈ ယောက်ပါတပ်စုအား “ဆုတ်ခွာခြင်း မပြုလျှင် ပစ်ခတ်မည်” ဟု KIAမှ သတိပေးပြီးနောက် ယခုလိုပြန်ဆုတ်ပေးခြင်း ဖြစ်ကြောင်း ဒေသခံများပြောသည်။
KIA ငွါးလေးစခန်းမှတဆင့် တရုတ်နယ်စပ် ကန်ပိုင်တီမြို့သို့သွားရန် မြန်မာစစ်တပ်၏ အကြိမ်ကြိမ် ကြိုးပမ်းမှုကို KIAက လုံးဝဖြတ်သန်းခွင့် မပြုခဲ့ဟု KIA က ဆိုသည်။
ယင်းမြန်မာစစ်သားများသည် ကချင်ပြည်နယ်အနောက်ဘက် ဟူးကောင်းချိုင့်ဝှမ်းရှိ ဒကစ-တနိုင်း (ဒေသကွပ်ကဲရေးနှင့် စစ်ဆင်ရေး ဌါနချုပ်)မှ ဖြစ်သည်ဟု လဖိုင်ကျေးရွာ ဒေသခံများပြောသည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလ နှစ်ဖက်ကြား စစ်ရေးတင်းမာလာချိန်ကတည်းက ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နယ်မြေထဲ မြန်မာစစ်သားများဝင်ရောက်ခြင်း မပြုရန် KIO က မြန်မာစစ်အစိုးရအား အကြာင်းကြားခဲ့ကြောင်း KIO အရာရှိများပြောသည်။
KIO နိုင်ငံခြားရေးတာဝန်ရှိသူ ထိုင်းနိုင်ငံ ဘန်ကောက်မှ ဂျိမ်းလွမ်းဒေါင်က “ကျနော်တို့ဘက်ကစပြီး မြန်မာစစ်တပ်ကို စတိုက်မှာမဟုတ်ဘူး။ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ စစ်မှန်တဲ့နိုင်ငံရေးဆွေးနွေးအဖြေရှာဖို့ ကျနော်တို့ ကြိုးပမ်းနေပါတယ်။” ဟု ကချင်သတင်းဌာနသို့ ပြောသည်။
မနှစ်က ဒီဇင်ဘာလကတည်းက မြန်မာစစ်ကြောင်းများ (စစ်ကြောင်းတစ်ကြောင်းတွင် စစ်သား ၁၀ ကျော် သို့မဟုတ် ၁၀၀ ကျော်ပါရှိ) ဆဒုံးဧရိယာထဲရှိ KIO နယ်မြေများအနီး လှုပ်ရှားမှုတိုးပြုလုပ်လာကြောင်း KIA အရာရှိများပြောသည်။
ယခု မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ် (ယခင် ဒီမိုကရေစီသစ်တပ်မတော်-ကချင်-NDA-K) တို့ပူးတွဲထိန်းချုပ်သည့် ဆဒုံးနယ်တွင် ဘိန်းစိုက်ဧက ၂၀၀၀၀ ကျော်ရှိသေးကြောင်း KIO မူးယစ်တိုက်ဖျက်ရေးကော်မတီက ပြောသည်။
မြန်မာဘိန်းခင်းဖျက်ဆီးရေးအဖွဲ့သည် ဘိန်းခင်းပိုင်ရှင်များထံမှ ပိုက်ဆံတောင်းသည့်အပြင် KIO မူးယစ်တိုက်ဖျက်ရေးကော်မတီ၏ ဘိန်းခင်းဖျက်ဆီးနေမှုကိုလည်း နှောင့်ယှက်နေကြောင်း ဒေသခံများနှင့် KIO မူးယစ်တိုက်ဖျက်ရေး အရာရှိများပြောသည်။
ရှမ်းပြည်နယ်၊ မိုင်းရှူးနယ် မိုင်းအောက်ကျေးရွာအုပ်စုတွင် မြန်မာစစ်တပ်နှင့် ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း (SSA-N)ကြား မတ်လ ၁၃ မှ ၁၄ ရက်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။
KIO နှင့် SSA-N သည် ယခင်လက ဖွဲ့စည်းသော ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များဖြစ်ကြသည်။
UNFC သည် စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရန် မြန်မာစစ်တပ်အား နိုင်ငံရေး၊ စစ်ရေးဖြင့် တွန်းအားပေးရန်ဖြစ်သည်။ ယခု ဖွဲ့စည်းနေသည့် စစ်တပ်ကျောထောက်နောက်ခံ အစိုးရသစ်၏ တိုင်းရင်းသားများပေါ် ထားရှိမည့်သဘောထားကို UNFC က စောင့်ကြည့်နေကြောင်း သိရသည်။
မြန်မာစစ်အစိုးရ၏ KIO နှင့် အခြား လူမျိုးစု လက်နက်ကိုင်အဖွဲ့များအပေါ် စစ်ရေးအရခြိမ်းခြောက်ခြင်းသည် ၎င်း၏ “လုပ်ရိုးလုပ်စဉ်သာဖြစ်ပြီး စိုးရိမ်စရာမလိုကြောင်း” KIO နိုင်ငံခြားရေးရာ တာဝန်ရှိသူ ဂျိမ်းလွမ်းဒေါင် ပြောသည်။
နအဖ၏ ဖြတ်လေးဖြတ် စစ်ဆင်ရေး ဖြစ်နိုင်ချေနည်းဟု တိုင်းရင်းသား လက်နက်ကိုင်များ သုံးသပ်
စောခါးစူးညား (ကေအိုင်စီ)
ယခုနှစ်ဆန်းပိုင်းအတွင်း နအဖက တိုင်းရင်းသားလက်နက်ကိုင်ဒေသများကို ဖြတ်လေးဖြတ်ပုံစံဖြင့် ထိုးစစ်ဆင်ရန် သတင်း ထွက်ပေါ်နေသော်လည်း လက်တွေ့တွင် ဖြစ်နိုင်ချေနည်းသေးကြောင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက သုံးသပ် ပြောဆိုနေကြသည်။
အာဏာရှင်ဟောင်း ဦးနေ၀င်း(ကွယ်လွန်)လက်ထက် ၁၉၆၅မှ ၈၃ခုနှစ်အထိ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ကရင်အမျိုးသားအ စည်းအရုံး(KNU)အပေါ် ရိက္ခာဖြတ်၊ ဘဏ္ဍာငွေဖြတ်၊ သတင်းအဆက်အသွယ်ဖြတ်နှင့် လူထုနှင့်အဆက်အသွယ်ဖြတ် စသည့် ထိုးစစ်ဖြတ်တောက်မှု ၄ခုကို ပြန်လည် အသက်သွင်းသည့်အနေဖြင့် နအဖ စစ်အစိုးရတပ်က ပြုလုပ်လာပါက အုံကြွမှုများ ဖြစ် ပေါ်လာနိုင်သည်ဟု ကေအဲန်ယူ ဒု-ဥက္ကဌ ပဒိုစောဒေးဗစ်သကဘောက ယခုလို ပြောသည်။
“ဖြတ်လေးဖြတ်ကတော့ ကရင်ပြည်နယ်ထဲမှာ အခုထိလို့ ပြောလို့ရတယ်။ သျှမ်း၊ ကချင်၊ ၀ စတဲ့ နယ်မြေကို ထပ်လုပ်မယ်ဆို ရင် သူ(နအဖ)အခက်တွေ့နိုင်တယ်။ အခု သူတို့တပ်တွင်းမှာလည်း အကွဲအပြဲများလာချိန်မှာ ထိုးစစ်လုပ်မယ်ဆိုရင် လူရော ငွေပါ အရင်းအနှီးအများကြီး ပေးရမယ်။ တိုက်ပွဲကြောင့် လူထုလည်း ဒုက္ခရောက်မယ်။ ၈၈တုန်းကလိုတောင် လူထုအုံကြွမှု ဖြစ်ပေါ်လာနိုင်ပြီး စစ်တပ်ကလည်း လူထုဘက်ကို ရပ်တည်လာနိုင်တယ်။ ဘာဖြစ်လဲဆိုတော့ ရွေးကောက်ပွဲမှာ လူထုအပြင် စစ်တပ်ထဲက မကျေနပ်တဲ့သူတွေ အများကြီးပဲ။ စစ်တပ်ကို ရှေ့တန်းနယ်မြေမှာ ထပ်မောင်းမယ်ဆိုရင် စစ်တပ်ကလည်း အ ကြပ်အတည်း ဖြစ်မယ်။ ဒါကြောင့် ဒီထိုးစစ်ဟာ ဖြစ်နိုင်ချေနည်းပါတယ်။”ဟု သူက ပြောသည်။
မတ်လ ၁၃ရက်နေ့က သျှမ်းပြည်နယ်အလယ်ပိုင်း SSPP/SSA မိုင်းရှူးမြို့အ၀င် မိုင်းအောက်အုပ်စု နယ်မြေအတွင်း အင်အား ထပ်ဖြည့်လာသည့် နအဖ စကခ(၂)လက်အောက်ခံ တပ်ရင်း(၃)ရင်းကို နယ်မြေခံ သျှမ်းစစ်တပ်က တိုက်ခိုက်ခဲ့သော်လည်း ၎င်းမှာ နအဖစစ်တပ်၏ ခြိမ်းခြောက်မှုတခုသာဖြစ်ကြောင်း သျှမ်းပြည်တပ်မတော်က ပြောသည်။
ရှမ်းပြည်တပ်မတော်မှ အရာရှိတဦးက “ဒီနအဖတပ်တွေဟာ ကျနော်တို့ အနောက်ဘက်လမ်းကြောင်းကို ဖြတ်တောက်ဖို့ လာ တာပဲ။ ထိုးစစ်လို့တော့ ပြောလို့မရဘူး။ လက်ရှိအခြေအနေကတော့ ထိုးစစ်ဆင်တဲ့ ပုံစံတာမျိုးလည်း မတွေ့ရဘူး။ အင်အားပြ ခြိမ်းခြောက်တာမျိုးပဲ။”ဟု ဆိုသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလက နအဖ၏ လေးလပတ် အစည်းအဝေး ဆုံးဖြတ်ချက်အရ ရန်သူနယ်မြေအတွင်း လူနှင့် စားသုံးကုန် ပစ္စည်းများ မ၀င်ရောက်စေရေး တားဆီးခြင်း၊ ရန်သူအဖွဲ့အစည်းနယ်မြေနှင့် ကွပ်ကဲမှုနယ်မြေများအလိုက် ၀င်ထွက်လမ်းများ ကို တပ်၊ ရဲ၊ ပထစ၊ ပူးပေါင်းအဖွဲ့များနှင့် ပိတ်ဆို့တားဆီးစေခြင်း၊ ရန်သူအဖွဲ့အစည်းအချင်းချင်း ဆက်သွယ်နိုင်မည့် လမ်း ကြောင်းများနေရာတွင် လှုပ်ရှားစစ်ကြောင်းများနှင့် နယ်မြေစိုးမိုးစေခြင်း စသည်တို့ဖြင့် သက်ဆိုင်ရာ တိုင်းမှူးဆီသို့ ညွှန်ကြား ထားမှုများရှိကြောင်း သတင်းထွက်ပေါ်ခဲ့သည်။
ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)၏ ဒု-နိုင်ငံခြားရေးဝန်ကြီး ဗိုလ်မှူးဂျိမ်းစ်လွန်းဒေါင်က “နအဖက ဖြတ်လေးဖြတ် မကလို့ ဆယ်ဖြတ်ပဲလုပ်လုပ် လုပ်လာတဲ့အပေါ်မှာ ကျနော်တို့ဘက်က တန်ပြန်တုံ့ပြန်သွားမယ်။ ဒီလက်နက်ကိုင် တိုက်ခိုက်မှုမျိုးနဲ့ ဘယ်တော့မှ သူ အောင်နိုင်မှာ မဟုတ်ဘူး။ တွေ့ဆုံဆွေးနွေးရေးသာလျှင် ငြိမ်းချမ်းရဲ့အဖြေ ဖြစ်တယ်။ တကယ်ဆိုရင် ဖြတ် တောက်မှုတွေ သူတို့လုပ်လာတာ ခုထိပဲ။ ထူးခြားတဲ့ အောင်မြင်မှုတွေ မတွေ့ရဘူး။ ဒါကြောင့် ဒီထိုးစစ်က နအဖ အပေါ်မှာပဲ မူတည်တယ်။”ဟု ပြောဆိုသည်။
နအဖ စစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ကရင်ပြည်နယ်အတွင်းရှိ KNU ထိန်းချုပ်နယ်မြေများတွင် လူထုများအပေါ် လူသတ်မှု၊ မုဒိမ်းမှုနှင့် လုပ်အားပေးခိုင်းစေမှု စသည့် လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးမျိုး ကျူးလွန်ခဲ့သည့်အ ပြင် KNU အား ဖြတ်လေးဖြတ်ပုံစံမျိုးဖြင့် နှစ်စဉ် ထိုးစစ်ဆင်မှုများ ရှိခဲ့သော်လည်း အပြတ်ချေမှုန်းသည့် အတိုင်းအတာထိ မပြု လုပ်နိုင်ခဲ့ကြောင်း KNU က ထောက်ပြထားသည်။

ဒဂုံတောင် လေပြင်းဒဏ်ခံ ပြည်သူများကို NLD ကူညီ
မြတ်ကျော် Wednesday, 16 March 2011
ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၆၉ ရပ်ကွက်တွင် မတ်လ ၁၁ ရက်နေ့က တိုက်ခတ်ခဲ့သည့် လေဆင်နှာမောင်းဒဏ် သင့်ခဲ့သော ပြည်သူများကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ လှူဒါန်းကူညီလျက်ရှိသည်။
NLD ဗဟိုအထောက်အကူပြုအဖွဲ့မှ ဦးလှသိန်းက “အိမ်ခြေ ၄၀ ကျော်လောက် လုံးဝပျက်စီးသွားပြီး အိမ် ၁၀၀ လောက်က နေလို့ထိုင်လို့ မရတဲ့အခြေအနေပါ။ ပြန်ဆောက်ဖို့အတွက် လုပ်နေကြပါတယ်” ဟု ပြောသည်။
NLD လူငယ်များက ပျက်ဆီးသွားသောအိမ်များအား ပြန်လည်တည်ဆောက်ပေးခြင်း၊ အလှူငွေထောက်ပံ့ခြင်း၊ မိုးကာစများ ဝေငှခြင်း၊ အ၀တ်အထည်များ ပေးခြင်းတို့ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
၆၉ ရပ်ကွက်တွင် နေထိုင်သူတဦးက “NLD က အလှူငွေနဲ့ အ၀တ်အထည်တွေ လာလှူသေးတယ်။ အိမ်ပျက်တွေကိုလည်း ပြန်ဆောက်ဖို့ စာရင်းကောက်တယ်။ တချို့ကို မနေ့က ပြန်ဆောက်ပေးနေတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း တာပေါ်လင်စတွေ လှူလိုက်တယ်လို့ ကြားတယ်။ ကျမတို့ ဒုက္ခရောက်နေတဲ့အချိန်မှာ အကူညီပေးတာမို့ ရပ်ကွက်ထဲကလည်း ကျေးဇူးတင်နေကြပါတယ်” ဟု ပြောသည်။
အမှတ် ၆၉ ရပ်ကွက်သည် ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် ဆက်စပ်လျက်ရှိပြီး အခြေခံလူတန်းစား အများဆုံးနေထိုင်သော ရပ်ကွက်တခုဖြစ်ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် မတ်လ ၁၁ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ရန်ကုန်တိုင်း ခရမ်းမြို့နယ် အေးရွာတွင် အိမ်ခြေ ၁၆လုံး၊ မြောက်ဒဂုံမြို့နယ်တွင် အိမ်ခြေ ၉၄ လုံး၊ တောင်ဒဂုံ မြို့နယ်တွင် အိမ်ခြေ ၃၈ လုံးနှင့် ဧရာဝတီတိုင်း သရက်ချောင်းကျေးရွာတွင် အိမ်ခြေ ၂၀ ခန့် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည်ဟု မတ်လ ၁၄ ရက်နေ့ထုတ် စစ်အစိုးရသတင်းစာများတွင် ဖော်ပြခဲ့သည်။

အာဏာပိုင်များ တားဆီးမှုကြောင့် နယ်စပ်ကုန်သွယ်မှု ပိုမိုခက်ခဲလာ
စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်အတွင်း ၀င်ရောက်နေသည့် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများကို ဆက်လက် တင်သွင်းကုန်စည်ကူးသန်းခြင်း မပြုရန် မြ၀တီမြို့ရှိ အစိုးရအာဏာပိုင်များက မတ်လအတွင်း သတ်မှတ်ပြောဆိုလိုက်သည့်အပေါ် နယ်စပ်ကုန်သွယ်မှုမှာ ပိုမို ခက်ခဲကြပ်တည်းလာသည်ဟု မြန်မာကုန်သည်ကြီးများက ပြောဆိုနေကြသည်။
ပြီးခဲ့သည့် မတ်လ ၈ရက်နေ့က မြ၀တီခရိုင် အေးချမ်းသာယာရေးကောင်စီ (ခရက) ဥက္ကဌ ဦးခင်မောင်လွင် ပါဝင်သည့် အာ ဏာပိုင်အဖွဲ့သည် မြ၀တီမြို့ရှိ ကုန်သည်များကို လာရောက်တွေ့ဆုံခဲ့ရာတွင် ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ယခုအ ချိန်တွင် ကုန်ပစ္စည်းသယ်ယူမှုမှာ ပိုမိုဝေးလံစွာ ကွေ့ကောက်သယ်ယူရသည်ဟု ကုန်သည်တဦးက ကေအိုင်စီကို ပြောသည်။
၎င်းက “၈ရက်နေ့က အာဏာပိုင်တွေက ဂိုဒေါင်တွေရှိထားတဲ့ ကုန်သည်တွေကို ခေါ်တွေ့ပြီး ယိုးဒယားက လာတဲ့ကုန်ပစ္စည်း တွေကို သတ်မှတ်ထားတဲ့အချိန်အထိ မတင်သွင်းတော့ဖို့ ပြောတယ်။ တကယ်လို့ ယူသွင်းရင်တော့ ဖမ်းဆီးသိမ်းဆည်းမှုတွေ လုပ်မယ်လို့ ပြောတယ်။ နဂိုက ကုန်သွယ်ရေးဇုံကို ပတ်ပြီး တံတားကျိုးအထိ အပေါ်လမ်းက ကွေ့ပတ်သယ်ယူနေရပေမဲ့ အခု ကျတော့ အတွင်း ထို့ကော်ကိုးလမ်းဖက်ကနေ လှည့်ပတ်သယ်ယူနေရတယ်။ အဲဒီဖက်ကကျတော့ လမ်းကလည်းမကောင်း၊ မိုးကလည်းရွာတော့ အလုပ်လုပ်ရတာ အတော် အခက်တွေ့တယ်။”ဟု ဆိုသည်။
သို့သော် ပြည်ပသွင်းကုန်ကူးသန်းမှု ခွင့်ပြုမည့်ရက်ကို ၎င်းအာဏာပိုင်များက အတိအကျ ထုတ်ဖော်ပြောဆိုသွားခြင်း မရှိပေ။ ယခုအချိန်တွင် အစိုးရအာဏာ လွဲပြောင်းမှုမပြီးသေးသည့်အတွက် တက်လာမည့် အစိုးရသစ်မှ ကုန်သွယ်ရေးလုပ်ငန်း စီမံခန့် ခွဲသည့်အချိန်ကျမှသာ ကုန်သည်များအနေဖြင့် ကုန်တင်သွင်းမည့်လုပ်ငန်းများကို လုပ်ကိုင်သွားကြရန်လည်း ၎င်းတို့က ပြော ဆိုသွားခဲ့သည်ဟု ခေါ်ယူတွေ့ဆုံရာတွင် သွားရောက်ခဲ့သူ ကုန်သည်များက ပြောသည်။
ထိုနေ့တွင် အဓိကအားဖြင့် နယ်စပ်ဂိတ်များတွင် ကုန်ပစ္စည်းဂိုဒေါင်များ ထားရှိသည့် ကုန်သည် ၅၄ဦးကို ခေါ်ယူထားခဲ့သော် လည်း တကယ်တမ်း တွေ့ဆုံရာတွင် ကုန်သည် ၂၈ဦးနှင့်အတူ မြ၀တီမြို့နယ် ခရက ဥက္ကဌ၊ ကုန်သွယ်ရေးဇုံမှူး ဦးအောင်စိုး သိန်း၊ တပ်မမှူး ဗိုလ်မှူးချုပ်နိုင်ဝင်း၊ ဗျူဟာမှူး စသည့်မြို့နယ်အာဏာပိုင်များ တက်ရောက်ခဲ့ကြသည်ဟု ကုန်သည်အသိုင်းအ ၀ိုင်းက ပြောသည်။
မြ၀တီမြို့ရှိ ကုန်သည်များသည် ၂၀၁၀ခုနှစ်၊ ဇူလိုင်လ ၁၈ရက်နေ့က ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကို မြန်မာဘက်မှ ပိတ်ခဲ့သည့်နောက်ပိုင်း ထိုင်းဘက်မှဝင်လာသည့် ကုန်ပစ္စည်းမျိုးစုံကို နယ်ခြားစောင့်တပ် BGF နှင့် အချိတ်အဆက်ယူကာ တင်သွင်းခဲ့ရသည်ဟု BGF တပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက “တရားဝင် တင်သွင်းခွင့်တော့ မပေးဘူးပေါ့။ ဒါပေမယ့် ကုန်သည်တွေကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အထဲကို သွင်း နေကြတာပဲ။ အခုရက်ပိုင်း အာဏာပိုင်တွေက နှစ်ရက်တခါ သုံးရက်တခါ စစ်ဆေးမှုတွေ လုပ်တဲ့အချိန်ကျတော့ အကြပ်အ တည်း နည်းနည်းအခက်တွေ့တယ်။”ဟု ကေအိုင်စီကို ပြောသည်။
ထိုင်း-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုတွင် အဓိက အချက်အခြာကျသည့် မြ၀တီမြို့တွင် မြို့ခံများအပြင် ရန်ကုန်၊ မော်လမြိုင်၊ ပဲခူး၊ ဖားအံ၊ ကော့ကရိတ်နှင့် အခြားဒေသအချို့မှ ကုန်သည်များလည်း နယ်စပ်စီးပွားရေး လာရောက်လုပ်ကိုင်လျှက်ရှိရာ ယခုလပိုင်းအတွင်း နယ်ခြားစောင့်တပ် လက်မခံသည့် ဒီကေဘီအေတပ်ဖွဲ့များ လာရောက်ပစ်ခတ်နိုင်သည်ဟု ကောလဟလ ထွက်ပေါ်နေသည့်အပေါ် ကုန်သည်အတော်များများက မိမိဇာတိများသို့ ပြန်ကုန်ကြပြီးဖြစ်သည်ဟု မြို့ခံများက ပြောသည်။
မြို့ခံတစ်ဦးက “မြ၀တီမှာလည်း ဒီကေဘီအေတွေ လာပစ်မယ်ဆိုတဲ့သတင်း ကြားထားတယ်လေ။ လုပ်ကိုင်စားသောက်ရတာ အဆင်မပြေတာက တမျိုး၊ လုံခြုံရေးကတမျိုးမို့ မြို့ခံမဟုတ်တဲ့ ကုန်သည်တွေ ပြန်ကုန်ကြပြီ။ အခုဆို မြ၀တီက ကုန်သည်တွေ တစ်ဝက်လောက် လျော့ကုန်တော့ မြို့ဟာ ခြောက်ကပ်နေတာပဲ။ မဖြစ်ဖြစ်တဲ့နည်းနဲ့ လုပ်မယ်ဆိုတဲ့ ကုန်သည်တွေလောက်ပဲ အနည်းအကျဉ်း ရှိတော့တယ်။”ဟု ဆိုသည်။
မြန်မာဘက်က ထိုင်းကုန်ပစ္စည်းတင်သွင်းမှုနှင့် မဲဆောက်-မြ၀တီ ကုန်သွယ်ရေးလမ်းကြောဖြစ်သည့် ချစ်ကြည်ရေးတံတားကို ယမန်နှစ် ဇူလိုင်လက စတင် ပိတ်ထားခဲ့သော်လည်း ထိုင်းနိုင်ငံထွက် ဆောက်လုပ်ရေးပစ္စည်းများ၊ လူသုံးကုန်၊ စားသောက် ကုန်များ၊ လယ်ယာပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများကို တရားမ၀င် လမ်းကြောင်းများမှတဆင့် ပုံမှန် တင်သွင်းလျက်ရှိပြီး မြန်မာဘက်က လယ်ယာထွက်ကုန်များ၊ ရေထွက်ကုန်များ၊ သစ်တောထွက်ပစ္စည်းများ၊ ချည်ထည်နှင့် အခြားထွက်ကုန်များ တင်သွင်းလျက်ရှိသည်။
ကရင်ပြည်နယ်အတွင်း ၀င်ရောက်နေသည့် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများကို ဆက်လက် တင်သွင်းကုန်စည်ကူးသန်းခြင်း မပြုရန် မြ၀တီမြို့ရှိ အစိုးရအာဏာပိုင်များက မတ်လအတွင်း သတ်မှတ်ပြောဆိုလိုက်သည့်အပေါ် နယ်စပ်ကုန်သွယ်မှုမှာ ပိုမို ခက်ခဲကြပ်တည်းလာသည်ဟု မြန်မာကုန်သည်ကြီးများက ပြောဆိုနေကြသည်။ပြီးခဲ့သည့် မတ်လ ၈ရက်နေ့က မြ၀တီခရိုင် အေးချမ်းသာယာရေးကောင်စီ (ခရက) ဥက္ကဌ ဦးခင်မောင်လွင် ပါဝင်သည့် အာ ဏာပိုင်အဖွဲ့သည် မြ၀တီမြို့ရှိ ကုန်သည်များကို လာရောက်တွေ့ဆုံခဲ့ရာတွင် ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ယခုအ ချိန်တွင် ကုန်ပစ္စည်းသယ်ယူမှုမှာ ပိုမိုဝေးလံစွာ ကွေ့ကောက်သယ်ယူရသည်ဟု ကုန်သည်တဦးက ကေအိုင်စီကို ပြောသည်။
၎င်းက “၈ရက်နေ့က အာဏာပိုင်တွေက ဂိုဒေါင်တွေရှိထားတဲ့ ကုန်သည်တွေကို ခေါ်တွေ့ပြီး ယိုးဒယားက လာတဲ့ကုန်ပစ္စည်း တွေကို သတ်မှတ်ထားတဲ့အချိန်အထိ မတင်သွင်းတော့ဖို့ ပြောတယ်။ တကယ်လို့ ယူသွင်းရင်တော့ ဖမ်းဆီးသိမ်းဆည်းမှုတွေ လုပ်မယ်လို့ ပြောတယ်။ နဂိုက ကုန်သွယ်ရေးဇုံကို ပတ်ပြီး တံတားကျိုးအထိ အပေါ်လမ်းက ကွေ့ပတ်သယ်ယူနေရပေမဲ့ အခု ကျတော့ အတွင်း ထို့ကော်ကိုးလမ်းဖက်ကနေ လှည့်ပတ်သယ်ယူနေရတယ်။ အဲဒီဖက်ကကျတော့ လမ်းကလည်းမကောင်း၊ မိုးကလည်းရွာတော့ အလုပ်လုပ်ရတာ အတော် အခက်တွေ့တယ်။”ဟု ဆိုသည်။
သို့သော် ပြည်ပသွင်းကုန်ကူးသန်းမှု ခွင့်ပြုမည့်ရက်ကို ၎င်းအာဏာပိုင်များက အတိအကျ ထုတ်ဖော်ပြောဆိုသွားခြင်း မရှိပေ။ ယခုအချိန်တွင် အစိုးရအာဏာ လွဲပြောင်းမှုမပြီးသေးသည့်အတွက် တက်လာမည့် အစိုးရသစ်မှ ကုန်သွယ်ရေးလုပ်ငန်း စီမံခန့် ခွဲသည့်အချိန်ကျမှသာ ကုန်သည်များအနေဖြင့် ကုန်တင်သွင်းမည့်လုပ်ငန်းများကို လုပ်ကိုင်သွားကြရန်လည်း ၎င်းတို့က ပြော ဆိုသွားခဲ့သည်ဟု ခေါ်ယူတွေ့ဆုံရာတွင် သွားရောက်ခဲ့သူ ကုန်သည်များက ပြောသည်။
ထိုနေ့တွင် အဓိကအားဖြင့် နယ်စပ်ဂိတ်များတွင် ကုန်ပစ္စည်းဂိုဒေါင်များ ထားရှိသည့် ကုန်သည် ၅၄ဦးကို ခေါ်ယူထားခဲ့သော် လည်း တကယ်တမ်း တွေ့ဆုံရာတွင် ကုန်သည် ၂၈ဦးနှင့်အတူ မြ၀တီမြို့နယ် ခရက ဥက္ကဌ၊ ကုန်သွယ်ရေးဇုံမှူး ဦးအောင်စိုး သိန်း၊ တပ်မမှူး ဗိုလ်မှူးချုပ်နိုင်ဝင်း၊ ဗျူဟာမှူး စသည့်မြို့နယ်အာဏာပိုင်များ တက်ရောက်ခဲ့ကြသည်ဟု ကုန်သည်အသိုင်းအ ၀ိုင်းက ပြောသည်။
မြ၀တီမြို့ရှိ ကုန်သည်များသည် ၂၀၁၀ခုနှစ်၊ ဇူလိုင်လ ၁၈ရက်နေ့က ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကို မြန်မာဘက်မှ ပိတ်ခဲ့သည့်နောက်ပိုင်း ထိုင်းဘက်မှဝင်လာသည့် ကုန်ပစ္စည်းမျိုးစုံကို နယ်ခြားစောင့်တပ် BGF နှင့် အချိတ်အဆက်ယူကာ တင်သွင်းခဲ့ရသည်ဟု BGF တပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက “တရားဝင် တင်သွင်းခွင့်တော့ မပေးဘူးပေါ့။ ဒါပေမယ့် ကုန်သည်တွေကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အထဲကို သွင်း နေကြတာပဲ။ အခုရက်ပိုင်း အာဏာပိုင်တွေက နှစ်ရက်တခါ သုံးရက်တခါ စစ်ဆေးမှုတွေ လုပ်တဲ့အချိန်ကျတော့ အကြပ်အ တည်း နည်းနည်းအခက်တွေ့တယ်။”ဟု ကေအိုင်စီကို ပြောသည်။
ထိုင်း-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုတွင် အဓိက အချက်အခြာကျသည့် မြ၀တီမြို့တွင် မြို့ခံများအပြင် ရန်ကုန်၊ မော်လမြိုင်၊ ပဲခူး၊ ဖားအံ၊ ကော့ကရိတ်နှင့် အခြားဒေသအချို့မှ ကုန်သည်များလည်း နယ်စပ်စီးပွားရေး လာရောက်လုပ်ကိုင်လျှက်ရှိရာ ယခုလပိုင်းအတွင်း နယ်ခြားစောင့်တပ် လက်မခံသည့် ဒီကေဘီအေတပ်ဖွဲ့များ လာရောက်ပစ်ခတ်နိုင်သည်ဟု ကောလဟလ ထွက်ပေါ်နေသည့်အပေါ် ကုန်သည်အတော်များများက မိမိဇာတိများသို့ ပြန်ကုန်ကြပြီးဖြစ်သည်ဟု မြို့ခံများက ပြောသည်။
မြို့ခံတစ်ဦးက “မြ၀တီမှာလည်း ဒီကေဘီအေတွေ လာပစ်မယ်ဆိုတဲ့သတင်း ကြားထားတယ်လေ။ လုပ်ကိုင်စားသောက်ရတာ အဆင်မပြေတာက တမျိုး၊ လုံခြုံရေးကတမျိုးမို့ မြို့ခံမဟုတ်တဲ့ ကုန်သည်တွေ ပြန်ကုန်ကြပြီ။ အခုဆို မြ၀တီက ကုန်သည်တွေ တစ်ဝက်လောက် လျော့ကုန်တော့ မြို့ဟာ ခြောက်ကပ်နေတာပဲ။ မဖြစ်ဖြစ်တဲ့နည်းနဲ့ လုပ်မယ်ဆိုတဲ့ ကုန်သည်တွေလောက်ပဲ အနည်းအကျဉ်း ရှိတော့တယ်။”ဟု ဆိုသည်။
မြန်မာဘက်က ထိုင်းကုန်ပစ္စည်းတင်သွင်းမှုနှင့် မဲဆောက်-မြ၀တီ ကုန်သွယ်ရေးလမ်းကြောဖြစ်သည့် ချစ်ကြည်ရေးတံတားကို ယမန်နှစ် ဇူလိုင်လက စတင် ပိတ်ထားခဲ့သော်လည်း ထိုင်းနိုင်ငံထွက် ဆောက်လုပ်ရေးပစ္စည်းများ၊ လူသုံးကုန်၊ စားသောက် ကုန်များ၊ လယ်ယာပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများကို တရားမ၀င် လမ်းကြောင်းများမှတဆင့် ပုံမှန် တင်သွင်းလျက်ရှိပြီး မြန်မာဘက်က လယ်ယာထွက်ကုန်များ၊ ရေထွက်ကုန်များ၊ သစ်တောထွက်ပစ္စည်းများ၊ ချည်ထည်နှင့် အခြားထွက်ကုန်များ တင်သွင်းလျက်ရှိသည်။
Subscribe to:
Posts (Atom)