Monday, September 1, 2014

မြို၃မြို့မှာ လူဦးရေ တသန်းကျော်စီရှိ

DVB

ကရင်ပြည်နယ် လွှတ်တော်တွင် ဥပဒေ ၅ခု ရေးဆွဲထား

စောညွှန့်သောင်း

ကရင်ပြည်နယ်တွင် ၂၀၁၂ခုနှစ်မှစတင်၍ ယခုအချိန်အထိ ပြည်နယ်လွှတ်တော်အတွင်းတွင် ဥပဒေ ၅ခု ရေးဆွဲထားကြောင်း ပြည်နယ်လွှတ်တော်အမတ်တစ်ဦးဖြစ်သူ စောမင်းအောင်လင်းက ကေအိုင်စီသို့ ယမန်နေ့က ပြောသည်။

“ပြည်သူတွေအကျိုးရှိဖို့ ဥပဒေတွေကို ကျနော်တို့ ပြည်နယ်လွှတ်တော်ကနေ ရေးဆွဲထားပါတယ်။ ဒါပေမယ့် ဌာနဆိုင်ရာမှာ ဆက်ရေးဆွဲဖို့ လိုအပ်တဲ့ နည်းဥပဒေတွေ ရေးဆွဲရမယ့် အပိုင်းမှာကတော့ ရှိသေးတယ်။ လောလောဆယ်တော့ ဌာနဆိုင်ရာ အသီးသီးတွေက နည်းပဒေတွေ မရေးဆွဲရသေးတော့ အခုထိ ဘယ်နည်းဥပဒေမှ မထွက်လာနိုင်သေးဘူး”ဟု စောမင်းအောင် လင်းက ပြောသည်။

ပြည်နယ်လွှတ်တော်အနေဖြင့် ကျေးရွာထင်းစိုက်ခင်း ဥပဒေ၊ စည်ပင်သာယာ ဥပဒေ၊ ပြည်နယ်ဂုဏ်ထူးဆောင်အပ်နှံခြင်းနှင့် ဆု ပစ္စည်းပေးအပ်ခြင်း ဥပဒေ၊ ယစ်မူးခွန်ဥပဒေနှင့် ကုန်တင်ကုန်ချဥပဒေ စသည်တို့ဖြစ်သည်ဟု စောမင်းအောင်လင်းက ဆိုသည်။

ထို့အပြင် ပြည်နယ်လွှတ်တော်တွင် အစိုးရမှ တင်သွင်းလာသည့် ပြည်နယ်ဘတ်ဂျက်ဥပဒေ၊ ဒေသန္တရ စီမံကိန်းဥပဒေ (၂)ခု ရှိပြီး ၎င်းဥပဒေတို့သည် တနှစ်လျှင် တစ်ကြိမ်ဖြင့် ပြည်နယ်လွှတ်တော်၌ အတည်ပြုပေးရသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်မှ အစိုးရသစ်တက်လာပြီးနောက် ကရင်ပြည်နယ်လွှတ်တော်မှ လူထုများ အတွက် ရေးဆွဲသည့် ဥပ ဒေများသည် လူထုများ သိရှိမှုမရှိသလောက် တွေ့ရပြီး ဥပဒေအသက်ဝင်မှုလည်း မရှိဟု ကရင်ဒီမိုကရက်တစ်ပါတီ(KDP) ယာယီ ဥက္ကဌ စောရဲဝင်းနိုင်က ကေအိုင်စီသို့ ပြောသည်။

“ပြည်နယ်လွှတ်တော်မှာ ဥပဒေတွေ ရေးဆွဲတာ ရှိပေမယ့် အခုထိ နည်းဥပဒေတွေ မရေးဆွဲနိုင်တော့ ဘယ်မှာ အသက်ဝင်မလဲ။ တစ်ခုမှလည်း ပြဌာန်းဖို့ အတည်မရှိသေးဘူးလေ။ တစ်ခုတော့ရှိတာပေါ့။ ၂၀၁၅ ရွေးကောက်ပွဲပြီးရင်တော့ နောက်အစိုးရလက် ထဲမှ ဥပဒေတွေ အသက်ဝင်လာဖို့တော့ ရှိနိုင်ပါတယ်”ဟု စောရဲဝင်းနိုင်က ပြောသည်။

ဖားအံမြို့ခံတစ်ဦးဖြစ်သည့် စောမြင့်သူကလည်း “လွတ်တော်အမတ်တွေ ပြည်သူကြားကို မကြာခဏ သွားတွေ့ဖို့ လိုတယ်။ အဲဒါ မှပဲ ပြည်သူတွေ ဘာလိုအပ်သလဲဆိုတာ တင်ပြခွင့်ရမယ်။ အခုက ပြည်သူတွေနဲ့ မထိတွေတော့ လွှတ်တော်မှာ ဘယ်တွေဆွေး နွေးတင်ပြသလဲ။ ဘယ်ဥပဒေတွေ ရေးဆွဲနေသလဲဆိုတာ ပြည်သူတွေ ဘာမှမသိရဘူး”ဟု ပြောဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲပြီးနောက် ကရင်ပြည်နယ်တွင် ပြည်နယ်လွှတ်တော်အစည်းအဝေး ၁၀ကြိမ်ဝန်းကျင် ကျင်းပခဲ့ပြီး လက်ရှိ စုစုပေါင်း လွှတ်တော်အမတ် ၂၃ဦးရှိသည့်အနက် ၁၃ဦးသည် အစိုးရ၀န်ကြီးဌာနများတွင် ၀င်ရောက်တာဝန်ထမ်းဆောင်ရသည့် အတွက် ပြည်နယ်လွှတ်တော်တွင် ဥက္ကဌနှင့် ဒုတိယ ဥက္ကဌ၊ တပ်မတော်သားအမတ် ၄ဦး အပါအ၀င် ၁၀ဦးရှိသော်လည်း တစ်ဦး ကွယ်လွန်သွားသဖြင့် လက်ရှိ ၉ဦးသာ ရှိကြောင်း သိရသည်။

မောင်တောတွင် လူဦးရေ စိစစ်ရာက ပစ်ခတ်မှုဖြစ် ရဲဝန်ထမ်းတစ်ဦးဒါဏ်ရာရ

ကေဇူး

မောင်တောတွင် အိမ်ထောင်စုလူဦးရေစာရင်းရှောင်တခင်စစ်ဆေးစဉ် အစစ်ဆေးမခံလိုသော ဒေသခံများနှင့် အငြင်းပွားမှု ဖြစ်ပေါ်ခဲ့ပြီးပစ်ခတ်ကာ လူစုခွဲ ခဲ့ရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က မဇ္ဈိမကိုပြောသည်။

မောင်တော မြို့နယ်တွင် လောင်းဒုံကျေးရွာအုပ်စု ကျွန်းဂေါင်းကျေးရွာ၌ဒု-ရဲမှူးဇော်ညွှန့် အပါအဝင် ဒေသခံ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက သြဂုတ်လ၂၉ ရက်တွင်သွားရောက် စိစစ်ခဲ့ရာ အစစ်ဆေးမခံလိုသူ အချို့က နှင့် အငြင်းပွားမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။

“ရဲတပ်သား တစ်ဦး ဒါဏ်ရာရတယ် ၊ဒေသခံဘက်ကတော့ ထိခိုက်မှုမရှိဘူး၊တစ်ချို့ကို ထိန်းသိမ်းထားတယ်၊ တစ်ချို့ကတော့ ထွက်ပြေးနေတယ်”ဟုဦးဝင်းမြိုင် ကပြောသည်။

ထိုသို့ အငြင်းပွားမှုကြောင့် လူအုပ်စု အသွင် ဖြစ်လာကာလူသုံးရာခန့်စုဝေးကာ ၀န်ထမ်းများကို တိုက်ခိုက်လာသဖြင့် သေနပ် ၁၃ ချက်ဖြင့် မိုးပေါ်ထောင်ပစ် ကာလူစုခွဲခဲ့ရသည်ဟု ဆိုသည်။

“သေနပ်သံတွေကြားတယ် ဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့ ဘက်က လူကြီးတွေလည်းဝင်ထိန်းလိုက်တဲ့ အတွက်အခုတော့ အေးသွားပါပြီ”ဟု မောင်တောမြို့နယ်ဘင်္ဂလီခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးလှသိန်းက မဇ္ဈိမကိုပြောသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ထုတ်ပြန်ထားဆဲဖြစ်သည်။ လက်ရှိတွင် မြေပုံ ဒုက္ခသည် စခန်းတွင် ၁၉၈၂နိုင်ငံသားဖြစ် ခွင့်ဥပဒေအရ စိစစ်ခြင်းများပြုလုပ်လျှက်ရှိပြီး အခြားသော မြို့နယ်များတွင်စိစစ်ခြင်းများပြုလုပ်နိုင်ရန် ကျိုးပမ်းလျှက်ရှိသည်။

ဒေသတွင်းနေထိုင်သော ဘင်္ဂလီများကမူ နိုင်ငံသားစိစစ်ခြင်းကို လက်မခံလိုသူအချို့ရှိကာ သန်းခေါင်စာရင်း ကောက်ခံရာတွင်လည်း ချန်လှပ်ထားခဲ့ရသည်။

ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းများတွင်လည်း မြေပုံ ဒုက္ခသည် စခန်းမှ ဒုက္ခသည်၁၂၀ နှင့် ကျောက်ဖြူ ဒုက္ခသည် စခန်းမှ ဒုက္ခသည် ၂၉ ဦးသြဂုတ်လအတွင်း ကထွက်ပြေးခဲ့သည်။

ခေါင်းလောင်းဆယ်ယူပြီးမှသာ ယုံကြည်နိုင်မည်ဟုဆို

အမီအောင်

မွန်ဓမ္မစေတီခေါင်းလောင်းကြီး တွေ့ရှိပြီဟု ဦးစံလင်း၏ သတင်းထုတ်ပြန်မှုအပေါ်တွင် ဆယ်ယူပြီးမှသာ ယုံကြည်နိုင်မည်ဟု မွန်ရှေးဟောင်း သုတေသန အဖွဲ့ဝင် နိုင်ရဲဇော်က လွတ်လပ်သော
မွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

နိုင်ရဲဇော်က “တကယ်တွေခဲ့တယ်ဆိုရင်လည်းဝမ်းသာပါတယ်၊ တွေ့ပြီးလို့ သတင်းထုတ်ပြန်တာပဲရှိတယ်၊ ဘယ်နေ့၊ ဘယ်နေရာမှာ ဘယ်ရေငုပ်သမားက ဘယ်လိုစမ်းသပ်ပြီး ဘယ်လိုထိတွေပြီးမှ တွေ့တယ်ဆိုတာ ဖော်ပြထားတာမရှိဘူး၊ တကယ်ဟုတ်မဟုတ်ဆိုတာကိုတော့ ဆယ်ယူပြီးမှ ယုံကြည်နိုင်မည်ဟု ” ဟု ပြောသည်။

အဆိုပါခေါင်းလောင်းကို ဟံသာဝတီမင်းလက်ထက်က သွန်းလုပ်ခဲ့သည့် ခေါင်းလောင်း ဟုတ်မဟုတ်၊ ကြေးပိဿာချိန်မှန်မမှန်၊ မွန်ရှေးဟောင်းစာပါ မပါ၊ စာဖတ်၍ ရမရလို သမိုင်းကြောင်းအရ စစ်ဆေးပြီးမှ အတည်ပြုနိုင်မည်ဟု နိုင်ရဲဇော်က ပြောသည်။

ဦးစံလင်း က“ကျနော်တို့ အခုလုပ်နေတဲ့ ကိစ္စဘယ်သူမှ မစဉ်းစားနိုင်တဲ့ကိစ္စ၊ ဘယ်သူမှ မလုပ်နိုင်တဲ့ကိစ္စကို ကျနော်တို့လုပ်နေတာပါ ၊ ကျနော်တို့လုပ်နေတာက ကလေး ကစားစရာ မဟုတ်ပါဘူး၊ တကယ်တွေခဲ့လို့သာ ခုလိုသတင်းထုတ်ပြန်လိုက်တာပါ” ဟုပြောသည်။

မြန်မာ့နည်း မြန်မာ့ဟန် နည်းပညာလျှို့ဝှက်ချက်များရှိနေခြင်းကြောင့် နှုတ်မှဖွင့်ဟ၍ မပြောရပါ၊ အရိယာဝိဇ္ဇာအပေါင်းကို ခွင့်ပြုချက်တောင်းခံပြီးမှ တွေ့ရှိပြီးဖြစ်ကြောင်းကို အတိအလင်းကြေငြာခြင်းဖြစ်သည်ဟု မောင်စံလင်း(မြေပုံ) ကော့သောင်း ကြေငြာချက်တွင်ဖော်ပြထားသည်။

“တစ်ချို့က အလိမ်ခံထိမယ်ဘာညာဆိုပြီး ကျနော်တို့ကို လာလာပြောနေတာတွေ အများကြီးပါ၊ ရေငုပ်သမားတွေရဲ့ ပြောပြချက်အရ တွေ့ပြီးလို့ ကျနော်တို့ သိခဲ့တာပါ၊ ကျနော်တို့ ရေထဲမှာတကယ်တွေ့ခဲ့တာမဟုတ်ပါဘူး” ဟု ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေး အထောက်အကူပြု ဆပ်ကော်မတီ ဒု-ဥက္ကဌ နိုင်မင်းအောင်က ပြောသည်။


ယခုအခါ ခေါင်းလောင်းဆယ်ယူရေးအဖွဲ့မှ ကုန်းပေါ်သို့အရောက်တင်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြပြီး ဆယ်ယူရေးလုပ်ငန်များအတွက် ပြင်ဆင်နေသည်ဟု သူက ဆက်ပြောသည်။

မွန်ဓမ္မစေတီမင်းလက်ထက်တွင် ကြေးပိဿာချိန် (၃၀ဝ၀)ခန့်ရှိ ခေါင်းလောင်းငယ်သွန်းလုပ်ခဲ့သော်လည်း အဆိုပါချောင်းတွင်း နစ်မြှပ်သွားသည်ကို သမိုင်း အထောက်အထားမရှိကြောင်း၊ ခေါင်းလောင်းငယ်တွေ့ခဲ့သည်ဟု ပြောဆိုမှုများရှိလာပါက လုပ်ကြံမှုသာဖြစ်နိုင်သည်ဟု နိုင်ရဲဇော် ကပြောသည်။

မွန်ဓမ္မစေတီခေါင်းလောင်း ရှာဖွေ ခြင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဇူလိုင်လ ၉ ရက်မှ စတင်ရှာဖွေခဲ့ပြီး၊ ဆယ်ယူရေးအဖွဲ့ဦးရေ ၇၀ ဦးနှင့် ဆလုံရေငုပ်သမား ၁၀ ဦးတို့ ပါဝင်သည်။

စာအုပ်တန်းမှာ လမ်းလျောက်ခြင်း

DVB


ကယော တောင်တန်းဆီက “ရာဧပရား” ရွာကလေး

မြတ်စုမွန်

အကွေ့အကောက် ထူထပ်ကာ၊ မြင့်မား မတ်စောက်လွန်းလှသော တောင်စဉ်တောင်တန်း ခရီးလမ်းကြမ်းကို ဖြတ် ကျော်ပြီးနောက်၊ ကယားပြည်နယ် ဖရူဆိုမြို့နယ် အတွင်းက ကယောလူမျိုးစုများ နေထိုင်ရာ ရွာကလေးသို့ အောင်မြင် စွာရောက်ရှိခဲ့ လေသည်။

လမ်းတွင် အမြင့်ပေ လေးထောင်နှင့် အထက် ရှိသည့် တောင်စဉ် တောင်တန်းပေါင်း ၁၀ ခုထက် မနည်းကို ကျော်ဖြတ်ခဲ့ရသည်။

လမ်းကောင်းလျှင် နာရီဝက်၊ တနာရီသာ မောင်းနှင်ရမည့် ထို အကွာအဝေးကို ၄ နာရီ ကျော်ကျော် မောင်းနှင်ခဲ့ရ၏။

လွိုင်ကော် မြို့မှ နံနက်စောစော တရစပ် မောင်းနှင်လာခဲ့သည့် ကားသည် မိုင် ၂၀ နီးပါးသာ ဝေးကွာသည့် ရွာကလေး ဆီသို့ အရောက်တွင် နေ့လယ် ၁၂ နာရီခန့် ရှိနေပြီ။

နာမည် ခပ်ဆန်းဆန်း မှည့်ထားသည့် “ရာဧပရား” ကျေးရွာသည် နှင်းမိုးများ တဖွဲဖွဲကျနေသည့်၊ ကယော တောင်တန်း များ၏ တောင်ခါးပန်း ပေါ်တွင် တည်ရှိသည်။

ရွာတည်သက်တမ်း နှစ် ၁၀ဝ ကျော် ရှိပြီ ဖြစ်ပြီး ရိုးရာဓလေ့ အတိုင်း ဝတ်စားဆင်ယင်သည့် ကယောလူမျိုးများ နေ ထိုင်သော ထိုရွာလေး၏ အဓိပ္ပာယ် ကလည်း ဒဏ္ဍာရီဆန်သည်။

“ဟိုး ရှေးရှေးတုန်းက ဟိုယာရွာဘက်မှာ ကြယ်ကြွေကျတော့ တခြားရွာတွေက သွားကြည့်ကြတယ်။ ဒီရွာက လူငယ် ကို ဘိုးဘွားတွေက ကြယ်ကြွေကျတဲ့ မြေကို သွားကြည့်ဖို့ လွှတ်တယ်။ ဒါပေမယ့် သူက သွားချင် သလိုလို၊ မသွားချင် သလိုလို လုပ်နေတယ်။ ရာဧပရား ဆိုတာ သွားချင်သလိုလို၊ မသွားချင် သလိုလိုလုပ်နေတယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ” ဟု အသက် ၆၅ နှစ် အရွယ် ဒေသခံ ကယောတိုင်းရင်းသား ဦးကြည်စားက ရှင်းပြသည်။

ထိုရွာတွင် နေထိုင်သူများသည် တောင်ယာစပါး၊ တောင်ယာပြောင်းနှင့် ခေါင်ရည် ဖောက်ရာ၌ အဓိက အသုံးပြုသည့် ပြောင်းကောက် တို့ကို မိရိုးဖလာ ထွန်ယက် စိုက်ပျိုးသည့် တောင်သူများ ဖြစ်သည်။

သူတို့သည် ရက်သတ္တတပတ် လျှင် ၆ ရက် အလုပ်လုပ်ကြသည်။ တနင်္ဂနွေ တရက်သည် သူတို့ရွာသားများ အနားယူ သည့် ရက်ဖြစ်သည်။

လမ်းပန်း ဆက်သွယ်ရေး ခက်ခဲပြီး ဝေးလံလွန်းလှသည့် ထိုရွာတွင် အစိုးရက ဖွင့်ပေးထားသည့် ကျေးလက် ဆေးပေး ခန်း တခု ရှိသော်လည်း ကျန်းမာရေးဝန်ထမ်း ပုံမှန် မရှိဘဲ ကျန်းမာရေးကိစ္စများ အတွက် နယ်လှည့် ကျောပိုးအိတ် ကျန်းမာရေး လုပ်သားအဖွဲ့ကို အားကိုးနေရဆဲဖြစ်ကြောင်း ရွာသားများက ပြောသည်။

“ကလေးမွေးဖို့ အတွက် ၅ နာရီ လမ်းလျှောက်ရတဲ့ ဖရူဆိုကို လူထမ်းနဲ့ သွားရတယ်။ အဲလိုမှ ထမ်းမသွားလို့ ကလေး မမွေးနိုင်ဘဲ သေသွားတာတွေ ရှိခဲ့တယ်။ ဆေးအဖွဲ့လာရင် နည်းနည်း သက်သာတယ်။ ဒါပေမယ့် ဆေးမလုံလောက် တဲ့အခါ အခက်အခဲ ရှိတယ်” ဟု ကယောတိုင်းရင်းသား ဦးဆေးအီက ဆိုသည်။

ရာဧပရားသည် တယ်လီဖုန်းလိုင်း မမိ၊ လျှပ်စစ်မီး မရှိသည့် တောင်ပေါ်ဒေသဖြစ်ရာ တချို့အိမ်များတွင် မီးအတွက် ဆိုလာပြားများကို တပ်ဆင်ထားသည်။ ထိုတရွာလုံးတွင် အိမ်ခြေ ၅၀ ကျော်ရှိသည့် အနက် ဆိုလာမီး အသုံးပြုနိုင် သည့် အိမ် အရေအတွက်မှာ ၄ လုံးတိတိ ရှိသည်။

ကယောတို့၏ အိမ်တည်ဆောက်ပုံသည် ခြေတံရှည် ဖြစ်သော်လည်း အိမ်ခေါင်မိုးမှာ နိမ့်သည်၊ အလင်းရောင် ကောင်းမွန်စွာ မရသည့် ပုံစံ ဖြစ်၏။

အိမ်၏ အလယ်တွင် မီးဖိုနှင့် ကျပ်ခိုးစင် ရှိပြီး၊ ထိုမီးဖို၌ပင် ချက်ပြုတ် ကြရာ မီးခိုးငွေ့များ သည် တအိမ်လုံး မှိုင်းမှုန် လျက် ရှိတတ်ရာ၊ ထို အမူအကျင့် ကပင် သူတို့ကို အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါဘယများ ဖြစ်ပွား စေကြောင်း ကျောပိုးအိတ်အဖွဲ့မှ ဆေးမှူးများက ရှင်းပြသည်။

အသက် ၆၅ နှစ် အရွယ် ဦးကြည်စား၏ နေအိမ်သို့ သွားရောက် လည်ပတ်ချိန်တွင် အိမ်ရှေ့မျက်နှာစာတွင် ချိတ်ဆွဲထားသည့် ပြောင်းရှည်သေနတ်တလက်၏အောက်တွင် သူထိုင်နေသည်။

သူ၏ရှေ့တွင် အနားပဲ့ ခေါင်ရည်အိုး တလုံးရှိပြီး၊ ဧရာဝတီ ဓာတ်ပုံသတင်းထောက်က ကင်မရာဖြင့် ချိန်ရွယ် လိုက် သော အခါ ကယော ရိုးရာဓလေ့ အတိုင်းဝတ်စား ထားသည့် အမျိုးသမီးကြီးတဦးက ရှက်ရွံ့ဟန်ဖြင့် အိမ်အတွင်း ဘက်သို့ လှစ်ခနဲ ဝင်သွားသည်။

ကယောရိုးရာဓလေ့ အတိုင်း ဝတ်စားဆင်ယင်ထားသည့် အမျိုးသမီးကြီး တဦးက အိမ်ပေါက်ဝတွင် ခြေဆင်း ထိုင် နေသည်၊ ဒူးအောက်ပိုင်းတခုလုံး ကြေးကွင်းများဖြင့် အလှဆင်ထားရာ သူ့အသွင်အပြင်မှာ ထူးခြား၍ ကြည့်ကောင်း လှ၏၊ ထို အမျိုးသမီးကြီးသည် စောစောက အိမ်အတွင်းသို့ ဝင်သွားသည့် အဘွားအို၏ ညီမ ဖြစ်သည်။

ရာသီဥတုက အမြဲတစေ နှင်းမိုးများ ကျနေပြီး တောရိပ် တောင်ရိပ်များကြောင့် အေးစိမ့်စိမ့် ဖြစ်နေသည့် သူတို့ ဒေသ အတွက် ခေါင်ရည်သည် နွေးထွေးမှုကို ပေးစွမ်းသည့် အရာတခုဟု ဆိုရမည်။

အိမ်တိုင်းတွင် ခေါင်အိုးများ ရှိတတ်ကြပြီး၊ ခေါင်ရည် တအိုးတည်းကို အလယ်တွင်ချကာ ကျူဝါးပိုက်တံ တချောင်း တည်းဖြင့် တလှည့်စီ သောက်လေ့ ရှိကြသည်။

ထိုအိမ်သို့ အလည်ရောက်နေသည့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတဦးက ခေါင်ရည်အိုးတွင် စိုက်ထိုးထားသည့် ကျူဝါးတံကို ကိုင်လျက် “ခေါင်မရှိရင် လူမဖြစ်နိုင်ဘူး” ဟု ဖော်ရွေသည့် အပြုံးဖြင့် လှမ်းပြော၏။

“အိမ်က မိန်းမဆိုရင် ခေါင်ရည်ပဲ သောက်တယ်။ ဟင်း မရှိတဲ့ ရက်တွေမှာ ခေါင်ရည်ပဲ သောက်တယ်။ ထမင်းတောင် မစားဘူး။ ခေါင်ရည်က အားရှိတယ် ဆိုပြီးတော့လေ” ဟု ဦးကြည်စားက ထိုအမျိုးသမီး၏ အဆိုကို ထောက်ခံလိုက် သည်။

ကယောလူမျိုး တို့၏ ရိုးရာဓလေ့အတိုင်း တည်ဆောက် ထားသည့် ခြေတံရှည်အိမ်များ၊ ရိုမန်ကက်သလစ် ဘုရားရှိခိုး ကျောင်း တကျောင်း၊ မူလတန်း ကျောင်းကလေးနှင့် ခရစ်ယာန် သာသနာပြုများမှ ထောက်ပံ့ပေး ထားသည့် မူကြို ကျောင်း၊ ခြေသလုံးများတွင် ကြေးကွင်းများဖြင့် အလှဆင်ထားပြီး လည်ပင်း၊ နားနှင့် လက်တို့တွင် ဒန်၊ ငွေနှင့် ကြေးတို့ဖြင့် ကယောဓလေ့ အတိုင်း ဆင်ယင်ထုံးဖွဲ့ ထားသည့် အမျိုးသမီးတို့သည် ထိုရွာ၏ ပြယုဂ်များ ဖြစ်သည်။

ကယောကြေးကွင်းများသည် ဒီးမော့ဆိုမြို့နယ် အနီး တဝိုက် ကျေးရွာများတွင် နေထိုင်သည့် ကယန်း (ပဒေါင်) ကြေးကွင်းများနှင့်မတူဘဲ အဆင်အပြင်များမှာ ခြားနားသည်။

ကယောတိုင်းရင်းသားများ ဆင်မြန်းသည့် လည်ဆွဲများ ကို မြန်မာငွေ အကြွေစေ့များ၊ ထိုင်းဘတ်ငွေ အကြွေစေ့များ၊ ပင်လယ်ခရုငယ်များဖြင့် အလှဆင်ထားပြီး၊ ထို့ပြင် ချည်များကို ကျစ်ကာ သစ်စေးသုတ်လိမ်းပြီး အခြောက်ခံ ထား သည့် လက်ပတ်များ၊ ခြေပတ်များကို ဆင်မြန်းကြသည်။

“အရင်တုန်းက ဆိုရင် တရွာလုံးမှာ ကြေးကွင်း စွပ်ကြတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်လောက်က ဆိုရင် တရွာလုံးမှာ အမျိုးသမီး ၁၅၀ လောက် စွပ်ကြသေးတယ်။ အခုတော့ ၁၅ ယောက်လောက်ပဲ စွပ်ကြတော့တယ် လေ” ဟု ကယော ကြေးကွင်းများဖြင့် အလှဆင်ထားသည့် အသက် ၄၅ နှစ်အရွယ် ဒေါ်ရောစာက ပြောသည်။

ရာဧပရား ကျေးရွာတွင် ယခင်က အမျိုးသမီးများ သာမက အမျိုးသားများလည်း ကယောရိုးရာ အတိုင်းဝတ်စား ဆင်ယင်သည့် အစဉ်အလာ ရှိခဲ့ကြောင်း ဦးကြည်စားကဆိုသည်။

ယခုမူ ကယော ရိုးရာအတိုင်း ဝတ်ဆင်သည့် အမျိုးသားမှာ အသက် ၅၁ နှစ်အရွယ် ဦးဆေးအီ တယောက်သာ ကျန် တော့သည် ဟုဆိုကာ လူတယောက် လွှတ်၍ အခေါ်ခိုင်းလိုက်ရာ၊ ကံကောင်းထောက်မစွာ ဦးဆေးအီနှင့် စကားစမြည် ပြောခွင့်ရခဲ့သည်။

သူသည် ဆံပင်ကို နဖူးစပ်တွင် စုထုံးထားပြီး၊ ခိုကလို့ ဟု ခေါ်သည့် နဖူးစည်းကို နဖူးအလယ်တွင် ပတ်ထားသည်။

ခရုငယ်များဖြင့် စီကုံးထားသည့် လည်ဆွဲသည် လည်းကောင်း၊ သစ်စေးသုတ်ထားသည့် ချည်ကြိုးခွေများသည် လည်းကောင်း၊ ကာလ ကြာရှည်သဖြင့် ပွန်းရာတို့ကြောင့် မည်သည့်ငွေကြေး ဟု အမည်တပ်ဖို့ ရန်ပင် မလွယ်တော့ သည့် အကြွေစေ့များကို ဖောက်၍ ဆွဲထားသည့် လည်ဆွဲသည် လည်းကောင်း သူ၏လည်ပင်းတွင် နေရာယူထားကြ သည်။

လက်နှင့် ခြေထောက်များတွင်လည်း ငွေဖြင့် ပြုလုပ်ထားသည့် လက်ကောက်၊ ကြေးဖြင့်ပြုလုပ် ထားသည့် ခြေချင်း၊ လှုပ်ရှားလိုက်တိုင်း အသံမြည်နေသည့် ချူလုံးကလေးများဖြင့် ပြုလုပ်ထားသည့် ခြေချင်း၊ သစ်စေးသုတ်ထားသည့် ချည်ကြိုးခွေများကို ဆင်ယင်ထားသည်။

သူ၏ မိဘ နှစ်ဦးလုံးသည်လည်း ရိုးရာအတိုင်း ဝတ်စားဆင်ယင်ခဲ့ကြသူများ ဖြစ်သကဲ့သို့၊ သူ၏ အိမ်သူသက် ထား သည်လည်း ရိုးရာအတိုင်း ဝတ်စားဆင်ယင် ထားသည်။

“ရိုးရာ မပျက်အောင် ပြန်ထိန်းသိမ်းဖို့ ဆိုပြီး ကျနော် အသက် ၂၉ နှစ်အရွယ်မှာ ဒီလို စဝတ်ခဲ့တယ်။ အဖေနဲ့ အမေ လည်း ရိုးရာကြေးကွင်း စွပ်တယ်။ ကျနော့သားတွေ ကတော့ မကြိုက်လို့ မဝတ်ကြဘူး။ ကျနော် မရှိရင် ဒီရွာမှာ ကုန်ပြီ ပေါ့။ ရိုးရာ ထိန်းသိမ်းသူ မရှိတော့ဘူး”ဟု ဝက်ကလေးတကောင်ကို တံလျှိုဖြင့်ထမ်းကာ သယ်ဆောင်သွား သည့် ရွာသားနှစ်ဦးကို လှမ်းကြည့်လျက် ဦးဆေးအီက ပြောပြသည်။

ဦးဆေးအီ အပြန်တွင် သူ့အိမ်သို့ မိမိတို့ အလည်လိုက်သွားရာ ရေနွေးဖြူဖြင့် ချက်ချင်းဖောက် ပေးသော ခေါင်ရည်အိုး ကို ချကာ ဧည့်ခံလေသည်။

ရာဧပရား ရွာသားများသည် ပြည်တွင်းစစ် ကာလတလျှောက်လုံး စစ်ဘေးစစ်ဒဏ်ကို ခံခဲ့ကြရပြီး၊ ပြည်တွင်း စစ်သည် သူတို့ဘဝများကို ပညာရေးနှင့် ဝေးကွာစေခဲ့သည်။

တောထဲတောင်ထဲတွင် နှစ်ပေါင်းများစွာ စစ်ပုန်း စစ်ရှောင် ဘဝများဖြင့် ရှင်သန်ခဲ့ရ၏။

“အခွန် မပေးရတာ ၂ နှစ်ပဲ ရှိသေးတယ်။ အရင်က ဆိုရင် ပိုက်ဆံနဲ့ဆန် ပေးရတယ်။ တောထဲက ဘယ်နေရာကို ပို့ပေး ဆိုရင် သွားပို့ရတယ်။ အချိန်နဲ့ နေရာ အတိအကျ မရောက်ရင် ရွာကို မီးရှို့ပစ်မယ်လို့ ဆိုတယ်။ အခုတော့ တိုက်ပွဲတွေ မဖြစ်တာ ကြာပြီ။ အခွန် မပေးရတော့ နည်းနည်း ချောင်လည်လာတယ်။ ဒါပေမယ့် စိတ်တုံးတုံး မချနိုင် သေးပါဘူး။ စိုးရိမ်စိတ် ကတော့ရှိနေတုန်းပဲ”ဟု ဦးကြည်စားက ရှင်းပြသည်။

ရာဧပရား ရွာသားများသည် ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ကြရသော်လည်း ထိုအလုပ်သည် စားဖို့ တခုတည်း အတွက် သာ အထောက်အကူ ပြုလေသည်။

သူတို့ စိုက်ပျိုးသော စပါး၊ ပြောင်း၊ ဖရုံ အစရှိသော သီးနှံများသည် ဝမ်းစာ အတွက်သာ ဖြစ်၏၊ သူတို့တွင် အပိုဝင် ငွေဟူ၍ တကျပ်တပြားမျှပင် မရှိကြ။ သီးနှံများကို လမ်းပန်းဆက်သွယ်ရေး နှင့် စိုက်ပျိုးရေး နည်းပညာ အားနည်း ချက်များ ကြောင့် စီးပွားဖြစ် ရောင်းချနိုင်ခြင်း မရှိကြပေ။

“ဗိုက်ထဲ ထည့်ဖို့ အတွက် စိုက်ကြတာ။ မိသားစု အရမ်းများတဲ့ လူတွေဆိုရင် ထမင်းနဲ့ ဟင်းပြုတ်ရည်နဲ့ပဲ စားကြ ရတယ်” ဟု ဖရူဆိုမြို့နယ်၊ ဟိုယာတိုက်နယ်မှ ကျေးလက်ကျန်းမာရေး စေတနာ့ဝန်ထမ်း မလူစီးယာက ပြောပြသည်။

တောင်ယာစပါးသည် သူတို့ အတွက် ထမင်း ဖြစ်သည်။ ပြောင်းနှင့် ဖရုံသည် ဟင်းဖြစ်သည်။ တခါတရံ တူမီး သေနတ်များ၊ လေသေနတ်များဖြင့် တောလည် ထွက်လျှင် ရလာသည့် တောကောင်ငယ်များသည် သူတို့ အတွက် အရသာ ရှိလှစွာသော ဟင်းဖြစ်သည်။

များသော အားဖြင့် သူတို့ နေ့စဉ်စား သောက်ရသည့် အစားအစာသည် ထမင်းနှင့် အရွက် ပြုတ်ရည် တမျိုးသာဖြစ်ပြီး၊ ရွာထဲတွင် နာရေး၊ အလှူ၊ ပွဲလမ်းသဘင်များ ပြုလုပ်ပါက အသားဟင်းကို စားရသည်။

တခါတရံ မြို့ပေါ်မှ လာရောက်ရောင်းချ ပါက ငွေပိုငွေလျှံ ရှိသူများက ဝယ်ခြမ်း စားသောက်နိုင်ကြသည်။

အစိမ်းရောင် မုန်ညင်းရွက်ကို ဆား၊ အချိုမှုန့်ဖြင့် ပြုတ်ထားသည့် ဟင်းရွက်ပြုတ်ရည် တခွက်၊ ဟန်းကောချိုင့် အဖုံး ထဲတွင် ငရုတ်သီးမှုန့်နှင့် ဆားတပုံ၊ ဆီ၊ အဖြူထည် ချက်ထားသည့် ဝက်သားဟင်း တဇလုံ၊ ဒါက မိမိတို့ စားရမည့် နေ့လယ်စာ ဖြစ်သည်။

မိမိတို့နှင့် ကယောအမျိုးသားကြီး ဦးဆေးအီတို့ စကားလက်ဆုံ ကျနေစဉ် လူနှစ်ဦး ထမ်းသွား သည့် နောက်သို့ တအီ အီဖြင့် လိုက်ပါသွားသည့် တောဝက်ကလေးသည် ယခုမူ မြို့မှ လာသော ဧည့်သည်များ အတွက် အသားဟင်း လျာ ဖြစ်သွားချေပြီ။

ညနေခင်းတွင် လူစည်ကားနေသည့် ရွာဦး မူကြိုကျောင်းသို့ ထွက်ခဲ့သည်။ မူကြိုကျောင်းတွင် အစည်းအဝေး ရှိသည်။ ရွာသားများ တဖွဲဖွဲ ရောက်လာကြသည်။

မူလတန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ နယ်လှည့် ကျောပိုးအိတ် ကျန်းမာ ရေး စောင့်ရှောက်မှု အဖွဲ့မှ စေတနာ့ဝန် ထမ်း ဆရာမများ၊ ကျေးရွာ ဥက္ကဋ္ဌနှင့် ဓမ္မဆရာ တဦး အပါအဝင် လူဦးရေ လေးဆယ်ခန့် စုဝေးရောက်ရှိနေသည်။

လွန်ခဲ့သည့် ၁၀ နှစ်ကျော် ကာလကတည်းက ထိုနယ်တဝိုက်တွင် ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသည့် ကျောပိုး အိတ်အဖွဲ့၏ လုပ်ငန်း အခြေအနေများကို အဖွဲ့ဦးဆောင်သူများက ရွာသားများသို့ ဦးစွာရှင်းပြသည်။

ထို့နောက် ရွာ၏ ကျန်းမာရေး ဆိုင်ရာ လိုအပ်ချက်များနှင့် ဖွံ့ဖြိုးရေး အခြေအနေများကို အပြန်အလှန်မေးမြန်း ကြ သည်။

ကျေးလက် ကျန်းမာရေး စေတနာ့ ဝန်ထမ်းများ၏ အခက်အခဲနှင့် လိုအပ်ချက်များကို မေးမြန်းကြသည်။

“ဆေးအဖွဲ့က ဆရာမတွေ မကုနိုင်တဲ့ ရောဂါဖြစ်လို့ ကတော့ သေတာပဲ။ မြို့သွားပြီး ဆေးရုံတက်ဖို့ အတွက် ပိုက်ဆံ မရှိဘူးလေ။ တခြားရွာမှာ ရှိတဲ့ ကျန်းမာရေး လုပ်သားကို လှမ်းခေါ်ဖို့ ကလည်း သွားလာရ ဝေးပြီး အခက်အခဲ ရှိတယ်။ အသည်းအသန် ဖြစ်လို့ ဖုန်းလှမ်းဆက် ခေါ်ရအောင်လည်း ဖုန်းလိုင်းက မမိဘူး။ ကျနော် တို့ရွာမှာ ဖုန်းတိုင်ထောင်ပေး ပါလား ဆရာ”


“ကျနော်တို့ ရွာမှာ ကျန်းမာရေးနဲ့ ပညာရေး ခက်ခဲတယ်။ သွားလာရ ခက်ခဲတော့ ဒီကျောင်းက အောင်တဲ့ ကလေးတွေ ကို အခြားကျောင်းကို ပြောင်း တက်ဖို့ မလွှတ်ရဲဘူး။ မသွားရဲကြဘူး”

“စာသင်ကျောင်းမှာ ကြံ့ခိုင်ရေး ပါတီက လာဆောက်ပေးထားတဲ့ အိမ်သာ ရှိတယ်။ တွင်းက တိမ်တော့ ကျောင်းသား အယောက် ၃၀ လောက် ဝိုင်းတက်ရင် ခဏလေးနဲ့ ပြည့်သွားမှာ။ အဲဒါကြောင့် ချွေတာ သုံးနေရတယ်”

ထိုသို့သော ရွာ၏ လိုအပ်ချက်များနှင့် အခြေအနေများကို တယောက်ပြီးတယောက် ဆွေးနွေးကြသည်။

စကား အထစ်အငေါ့ လေးများ၊ အမှားအယွင်း လေးများပါလျှင် အသံခပ်အုပ်အုပ်ဖြင့် ဝိုင်းရယ်ကြသည်။ ပြီးလျှင် ပြောစရာ ရှိသည်များကို တယောက်ချင်း မတ်တပ်ထလျက် ပြောကြ၊ ဆိုကြ၊ ဆွေးနွေးကြ၏။

“ဟိုဘက်ရွာက ဟိုယာမှာ တိုက်နယ်ဆေးရုံနဲ့ ဆရာဝန်တယောက် အစိုးရက ချပေးတယ်။ အရင် တခေါက် ကျောပိုးအိတ် အဖွဲ့က အလကား ပေးခဲ့တဲ့ အကြောဆေး ပုလင်းတွေကို အဲဒီဆရာဝန်က တပုလင်း ၅ ထောင်နဲ့ လူတွေကို ပြန်ထိုးပေးတယ်။ ဒီတော့ လူတွေက အစိုးရဆေးရုံကို မသွားချင်ဘူး။ ပိုက်ဆံလည်း မရှိကြဘူးလေ”ဟု ဒေသခံ တဦးက ရင်ဖွင့်သည်။

ရွာ၏ အစည်းအဝေး အဆုံးသတ်ချိန်တွင် ပြင်ပအမှောင်ထုက ပိုကဲလာ၏၊ မူကြိုကျောင်းဝင်းအတွင်း စုဝေးနေသူများ သည် လာရာလမ်း အတိုင်း တဖွဲဖွဲ ပြန်ထွက်ခွာသွားကြသည်။

လောပိတ ရေအားလျှပ်စစ် စက်ရုံနှင့် ပြည်နယ်တခု တည်းတွင် အတူရှိသည့် ရာဧပရား ရွာကလေးသည် အမှောင် ထုထဲတွင် တဖြည်းဖြည်း မြုပ်ကွယ်သွားလေသည်။

“ဒုံးဒုံး..ဒုံး-ဒုံးဒုံး…ဒုံး” ဆိုသည့် အသံကျယ်ကြီးကို ဆက်တိုက် ကြားလိုက်ရသည်။ နေ့လယ်က ရွာသားများနှင့် ပြည် တွင်းစစ်ဒဏ် ခံရသည့် အကြောင်းများကို မေးမြန်းပြောဆိုခဲ့ရာ ယခုကြားလိုက်ရသော အသံကြောင့် မိမိစိတ်တွင် ထိတ်ခနဲ ဖြစ်သွားသည်။

ထို့နောက် ဆက်တိုက် ထွက်ပေါ်လာသည့် ဘင်ခရာအသံနှင့်အတူ ပလွေများကို တညီတညာတည်း မှုတ်နေသည့် လူစုလူဝေးသည် အမှောင်ထု ကြားမှနေ၍ မိမိတို့တည်းခိုရာ အိမ်ဆီသို့ ဦးတည် လာနေသည်။

“ရွာကို အထူးဧည့်သည်တွေ လာရင် ညကျရင် ဒီလို တီးမှုတ်ဖျော်ဖြေပေးတဲ့ အစဉ်အလာ ရှိတယ်။ အခုလည်း ကျနော်တို့ ရွာကို လာလည်တဲ့ ဧည့်သည် တွေကို ဂုဏ်ပြု ကြိုဆိုတဲ့ အနေနဲ့ ဒီလိုလုပ်တာပါ” ဟု ရာဧပရား ဘင်ခရာအဖွဲ့ဝင် တယောက်က ဖော်ရွေ လှိုက်လှဲသည့် အပြုံးနှင့် စကားဆိုသည်။

ထို ဘင်ခရာအဖွဲ့သည် မိမိတို့ စတည်းချရာ အိမ်ပေါ်သို့ အုပ်စုလိုက် ချီတက်လာကြပြီး၊ ဧည့်ခန်းတွင် အသီးသီး နေရာယူ လိုက်ကြကာ၊ ထို့နောက် နားဝင်ပီယံ ရှိလှသည့် ကယောရိုးရာ သံစဉ်အတိုင်း တီးမှုတ်ကြ လေတော့သည်။

မည်သည့် အရပ်ဒေသတွင်မျှ မကြုံဖူးသည့် ထိုရိုးရာ ဓလေ့လေးသည် ချစ်စရာကောင်းပြီး ထူးဆန်းလှသည်။ အိမ်ပေါ်တွင် ကလေးများရော၊ ခွေးကလေးများပါ တန်းစီထိုင်နေ ကြသည်။ ထိုညခင်းသည် ပျော်ရွှင်ဖွယ် ညတညပင် တည်း။

ရာဧပရား၏ နံနက်ခင်းသည် ထုံးစံအတိုင်း နှင်းမိုးများ တဖွဲဖွဲကျနေသည်။ ရွာ၏ မူကြိုကျောင်းကလေးဆီသို့ နံနက် ၆ နာရီခန့် ကတည်းကပင် ကလေးတချို့ ရောက်နေကြသည်။

ကလေးများ ကျောင်းခေါင်းလောင်း မထိုးမီ မိမိတို့ အဖွဲ့ ရာဧပရားမှ ပြန်ခဲ့ကြသည်။ လာစဉ်တုန်းက ကားမဟုတ်တော့ ဘဲ၊ ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦးမှ စစ်သားတဦးလည်းဖြစ်၊ နယ်လှည့် ကျောပိုးအိတ် ဆေး အဖွဲ့၏ ဆေးမှူးတဦးလည်း ဖြစ်သည့် ဦးကို့ကို မောင်းနှင်သော ကားဖြင့် ကယော တောင်တန်းပေါ်ရှိ ရွှံ့ညွန်လမ်းကို လည်းကောင်း၊ ကျောက်ခင်း လမ်းကြမ်းကို လည်းကောင်း တဝူးဝူးမြည်သံ ပေးလျက် ကျော်ဖြတ်ခဲ့သည်။

တိမ်နှင့်တောင် ရောယှက်နေသည့် အလှအပ ရှုခင်းမြင်ကွင်းများက ဤဒေသသို့ ထပ်လာဖို့ ဖိတ်ခေါ်နေသလို၊ ရာဧပရားသို့ သွားရာ တောင်အတက်လမ်းတွင် နောက်ပြန် လျောကျလာသော ကားပေါ်မှ ကမန်းကတန်း ခုန်ချ ခဲ့ရသည့် အဖြစ်အပျက်၊ ကားလမ်းဘေး တဖက်ခြမ်းရှိ အသူရာချောက် ကမ်းပါးထဲသို့ ကျသွားမည် စိုးရိမ်ကာ မိမိအသက်ကို ကြိမ်ဖန်များစွာ နှမြောတသ ဖြစ်ရသည့် အဖြစ်အပျက်တို့သည် ထိုခရီးစဉ်၏ တသက်မမေ့ နိုင်ဖွယ် အတွေ့အကြုံပင် ဖြစ်လေ

တောင်ကုတ်လမ်း၌ဖမ်းမိသည့် ဘင်္ဂါလီ ၂၉ ဦး သံတွဲတွင် ဆက်လက် ထိန်းသိမ်းထား

မာန်ယုကျော် (ရွှေဝမြေ)

တောင်ကုတ်မြို့နယ်အတွင်း ကုန်တင်ကားတစ်စီးပေါ်မှ ဖမ်းမိခဲ့သော ကျောက်ဖြူ ကျောက်တလုံး ဒုက္ခသည် စခန်းမှ ကလေးငယ်များ အပါအ၀င် ဘင်္ဂလီ ၂၉ ဦးကို ယခုအချိန်ထိ သံတွဲတွင် ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း သတင်း ရရှိသည်။

ယင်းတို့အနက် အသက်မပြည့်သေးသူများကို ကျောက်ဖြူမြို့နယ်ရှိ ကျောက်တလုံးဘင်္ဂါလီ ကယ်ဆယ်ရေးစခန်းသို့ ပြန်လည်ပို့ဆောင်သွားမည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး နိရဉ္စရာသတင်းဌာနက သြဂုတ်လ ၃ဝ ရက်နေ့ နံနက်က သံတွဲခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးကံဝင်းအား ဆက်သွယ်မေးမြန်းရာ သူက ယခုလို ပြောကြားသည်။

“ပြန်ပို့ မပို့ဆိုတာတော့မသိသေးဘူးဗျ။ သူတို့အားလုံးကတော့ အခုသံတွဲမှာ။ အသက်ကြီးတဲ့သူတွေ ကတော့ သံတွဲထောင်မှာပေါ့။ ငယ်တဲ့ကလေးတွေကျတော့ ဗလီမှာအပ်ထားတယ်” ဟု ဆိုသည်။

ယခုဖမ်းမိသူများ အထဲတွင် ဘင်္ဂါလီ လူကြီး ၁၆ ဦး၊ အသက် ၁ဝ နှစ်အောက် လူငယ် ၉ ဦးနှင့် ရင်ခွင်ပိုက် ကလေးငယ် ၄ ဦးပါဝင်သည်။

ယခုဖမ်းမိသူများအနက် ဘင်္ဂါလီလူကြီး ၁၆ ဦးအပါအဝင် ရင်ခွင်ပိုက်ကလေး ငယ် ၄ ဦးကို ယင်းတို့၏ မိခင်များနှင့်အတူ သံတွဲအကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး အသက် ၁ဝ နှစ်အောက် ကလေးငယ်များကို သံတွဲမြို့နယ်ရှိ တောင်ပေါ်ဗလီတွင်ထိန်းသိမ်းထားကြောင်း သိရသည်။

“ရင်ခွင်ပိုက်ကလေးတွေက သူတို့အမေတွေနဲ့အတူ ထောင်ထဲပါသွားတယ်။ သူတို့ကျတော့ သားအမိ တွဲတွေဆိုတော့ ခွဲထားလို့မရဘူးလေ”ဟု ဒုရဲမှူးကြီး ကံဝင်းက ရှင်းပြသည်။

အဆိုပါဘင်္ဂါလီ ၂၉ ဦးမှာ ကျောက်ဖြူမြို့ ကျောက်တလုံးကယ်ဆယ်ရေးခစန်းမှဖြစ်ပြီး ယင်းတို့မှာ အမ်း-တောင်ကုတ်လမ်းအတိုင်းကားဖြင့် ရိုးမအရှေ့သို့ ထွက် ခွာလာစဉ် တောင်ကုတ်မြို့နယ်၊ တောင်ပုံကြီး စစ်ဆေးရေးဂိတ်တွင် သြဂုတ်လ ၂၈ ရက်၊ နံနက် ၁ နာရီဝန်း ကျင်ခန့်က သက်ဆိုင်ရာ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့ခံ ဦးရဲမာန်ခိုင်က ပြောသည်။

“သူတို့ကိုဖမ်းပြီးတာနဲ့ ချက်ချင်း သံတွဲထောင်ကိုပို့လိုက်တာပဲ”ဟု ယင်းက ဆိုသည်။

သာကေတတွင် ဖြစ်ခဲ့သည့် ရန်ပွဲ အဖွဲ့ခေါင်းဆောင်နှစ်ဦးကိုအမှု ဖွင့်ထား

ကျော်စိုးမိုး

သာကေတမြို့နယ်၊ ၁၀ တောင် (၁၃) ရပ်ကွက်အတွင်းရှိ ခိုင်ရွှေဝါလမ်းပေါ်တွင် သြဂုတ် ၂၈ ရက်၊ နေ့ လယ် ၁၂ နာရီက ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ရန်ဖြစ်မှုတွင် ရန်ဖြစ်ခဲ့ကြသည့် အဖွဲ့နှစ်ဖွဲ့မှ ခေါင်းဆောင် နှစ်ဦး ကို ဖမ်းဆီးအမှုဖွင့် အရေးယူထားသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန် ထားသည်။

ဖြစ်စဉ်မှာ သာကေတမြို့နယ်၊ ၁/ထူပါရုံ ရပ်ကွက်တွင် နေထိုင်သည့် အသက် ၄၅ နှစ်အရွယ် ကိုလေး(ခ) မြင့်အောင်(ခ) စောဇော်မှိုင်း အပါအ၀င် ရှစ်ဦးနှင့် သာကေတမြို့နယ်၊ ၁၀/တောင် (၁၄) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၇ နှစ် အရွယ် နေမျိုးအောင် အပါအ၀င် ၁၀ ဦးခန့်တို့ ခိုက်ရန်ဖြစ်ပွားခြင်း ဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာတွင် ရပ်ကြည့်နေသူ တစ်ဦး၏ ဦးခေါင်းကို ခဲထိမှန်ခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင် ကုသပေးခဲ့ရသည်။

သာကေတမြို့နယ် ၁၀/ တောင်ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက “ခေါင်းဆောင် နှစ်ယောက် စလုံးက ရပ်ကွက်ထဲမှာ ဆိုးသွမ်းရမ်းကားနေတဲ့ သူတွေ။ အရင်ကလဲ ရန်ဖြစ် ရမ်းကားမှု၊ လက်နက်ကိုင် ဆောင်မှုတွေနဲ့ ထောင်ကျဖူးတဲ့ သူတွေပါ။ ရပ်ကွက်ထဲက လူတွေက သူတို့ကို ရှောင်ကြပါတယ်” ဟု ပြော သည်။

အဆိုပါဖြစ်စဉ်တွင် ရပ်ကွက်နေ ပြည်သူများက သေနတ်ပစ်ဖောက်သံကဲ့သို့ အသံကြားရခြင်းမှာ သေနတ် သံမဟုတ်ဘဲကိုလေးဆိုသူက ဗျောက်အိုးဖောက်ခဲ့ခြ င်းသာ ဖြစ်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန် ထားသည်။

ကိုလေး(ခ)မြင့်အောင်(ခ)စောဇော်မှိုင်းကို ဖမ်းဆီး စစ်ဆေးရှာဖွေရာတွင် အရိုးအသွား ခြောက်လက်မခန့် ရှိသည့် ခေါက်ဓား တစ်ချောင်း၊ လက်လေးချောင်း စွပ် သတ္ထု သံလက်သီးတစ်ကွင်း၊ WARNING တံဆိပ်ပါ ဗျောက်အိုးတစ်ခုကို တွေ့ရှိခဲ့သဖြင့် ၎င်းကို မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းက (ပ)၅၂၇/၂၀၁၄၊ လက် နက် ဥပဒေ ပုဒ်မ ၁၉(င) ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

ထို့အပြင် ရပ်ရွာအေးချမ်းသာယာရေး နှင့် တရားဥပဒေစိုးမိုးရေးကို ထိပါးနှောင့်ယှက်မှု ပြုလုပ်ခဲ့သဖြင့် သာကေတ မြို့မရဲစခန်းက (ပ) ၄၁၄/၂၀၁၄၊ ခြေချုပ်နှ င့် ခံဝန် အက်ဥပဒေပုဒ်မ-၅(၁)(စ)(ဆ)၊ ဗျောက် အိုးဖောက်ခဲ့သည့်အတွက် သာကေတ နယ်မြေရဲစခန်းမှ(ပ) ၅၀၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၆ စသည့် ပုဒ်မ မျာြး ဖင့် စခန်း အသီးသီးတွင် အမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိသည်။

အလားတူ အခြားအဖွဲ့၏ ခေါင်းဆောင် နေမျိုးအောင်ကိုလည်း ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရား ဥပဒေစိုးမိုးရေးကို ထိပါးနှောင့်ယှက်မှု ပြုလုပ်ခဲ့သဖြင့် သာကေတနယ်မြေရဲစခန်းမှ (ပ)၅၀၆/၂၀၁၄၊ ခြေ ချုပ် နှင့်ခံဝန် ဥပဒေပုဒ်မ-၅(၁)(စ)(ဆ) ဖြင့် အမှုဖွင့် ဆောင်ရွက်လျက် ရှိသည်။

အဆိုပါဖြစ်စဉ်တွင် လူအုပ်စု နှစ်စု ခိုက်ရန်ဖြစ်ပွားမှုတွင် ထိခိုက်ဒဏ်ရာရရှိသူများကို ရဲတပ်ဖွဲ့က ထုတ် ဖော်ပြောကြားခြင်း မရှိသော်လည်း ဒေသခံများကမူ အဖွဲ့နှစ်ဖွဲ့ပေါင်း လူလေးဦးထက် မနည်း ဒဏ်ရာရှိခဲ့ သည်ဟု ပြောဆိုကြသည်။

ထိုင်းမော်ဒယ်လောကမှာ နာမည်ရနေတဲ့ ရှမ်းတိုင်းရင်းသူ နန်းနွတ်

DVB

ယူအန်အက်ဖ်စီနှင့် နိုင်ငံရေးအင်အားစု ဆွေးနွေးပွဲ တက်ရောက်သူတို့ အမြင်သဘောထား

ရွှေအောင်

ထိုင်းနိုင်ငံချင်းမိုင်မှာ သြဂုတ် ၂၉ နဲ့ ၃၀ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပပြုလုပ်ခဲ့တဲ့ တိုင်းရင်းသားကောင်စီနဲ့ ပြည်တွင်းရှိ နိုင်ငံရေးပါတီတွေ၊ ဒီမိုကရေစီ အင်အားစုတွေ၊ အမျိုးသမီးနဲ့ လူငယ်အင်အားစုတွေ တွေ့ဆုံဆွေးနွေးပွဲအပြီး ဆွေးနွေးပွဲတက်ရောက်ခဲ့သူတချို့နဲ့ တွေ့ဆုံမေးမြန်း ဖြစ်ခဲ့တာတွေ စုစည်းတင်ဆက်ပေးပါတယ်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ရဲ့ ကိုယ်စားလှယ် ဦးအေးသာအောင်က သူတို့ ဆွေးနွေးဖြစ်ခဲ့တာတချို့ကို အခုလို ပြောပါတယ်။

“ကျနော်တို့ဆွေးနွေးတာက ယူပီဒဗလျူစီနဲ့ ဆွေးနွေးလို့ ရလာတဲ့ အချက်အလက်တွေ အခြေအနေတွေကို ပြန်သုံးသပ်တယ်၊ ဆွေးနွေးတယ်။ ပြီးတော့ တကယ့် ထာဝရငြိမ်းချမ်းရေး ရဖို့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းဖို့အတွက် ပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စတွေကို ဆွေးနွေးပါတယ်။ တကယ်ပဲ ၂ ဖွဲ့စလုံးက ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်တွင်းစစ်ရပ်ဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ဖို့အတွက် ဘယ်လိုအကောင်းဆုံး လုပ်နိုင်မလဲ ဆိုတာတွေကို အချိန်အခါ အခြေအနေနဲ့ ကိုက်ညီမယ့် အနေအထားတွေပေါ်မှာ ဆွေးနွေးတိုင်ပင်တာတွေ ရှိပါတယ်။”

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ကိုယ်စားလှယ်အနေနဲ့ ဆွေးနွေးပွဲ တက်ခဲ့တဲ့ ကိုမျိုးဝင်းကတော့ မတူတဲ့ အမြင်သဘောထားတွေကို ညှိနှိုင်းနိုင်ခဲ့တယ်လို့ ပြောပါတယ်။

“ဒီကနေ့ရောက်ရှိနေတဲ့ နိုင်ငံရေးအခြေအနေ၊ တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးကိစ္စ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပါအ၀င် အင်အားစုများအားလုံးပါဝင်မယ့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးအပေါ်မှာ အမြင်ချင်း ဖလှယ်ခဲ့ကြတယ်။ ယနေ့ကာလမှာ တိုင်းပြည်မှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿ နာတွေကို အင်အားစုအားလုံးပါဝင်ပြီးတော့ ဆွေးနွေးဖို့ လိုအပ်နေပြီဆိုတာကို အားလုံးအလေးအနက်ထားပြီး ဆွေးနွေးသုံးသပ်ခဲ့ကြတယ်။ ဒီဆွေးနွေးမှု ရဲ့ ရလဒ်အဖြစ် မတူကွဲပြားတဲ့အမြင်တွေကို ညှိနှိုင်းနိုင်တယ်၊ ဖလှယ်နိုင်တယ်၊ ဆွေးနွေး နိုင်တယ်။ ဒါတွေဟာ တိုင်းပြည် ပြန်လည် ညီညွတ်ဖို့အတွက် အမျိုးသားပြန်လည်သင့်မြတ်ဖို့ အတွက် ဒီဆွေးနွေးပွဲတွေကနေပြီး အထောက်အကူဖြစ်စေမယ်လို့ ယုံကြည်တယ်။ နိုင်ငံရေး ပြဿ နာတွေကို အဖြေရှာနိုင်မယ့် နည်းလမ်းတွေ လမ်းစတွေကိုလည်း ရှာဖွေတွေ့ရှိနိုင်မယ်လို့ ယုံကြည့်တယ်။ ဘုံသဘောထားအနေနဲ့ ရလာတာကတော့ ဒီမိုကရေစီ၊ အနာဂတ် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြီးတော့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးကို ဘုံသဘောထား ရရှိပြီးတော့မှ မတူကွဲပြားတဲ့ အခြေအနေအောက်မှာ မတူကွဲပြားတဲ့ အနေအထားအလိုက် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားဖို့ သဘောထားတွေ ရရှိခဲ့ပါတယ်။”


နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တဦးအနေနဲ့ ဆွေးနွေးပွဲတက်ခဲ့တဲ့ နော်အုန်းလှကလည်း မဲဆောက်နဲ့ချင်းမိုင် ဆွေးနွေးပွဲ ၂ ကြိမ်စလုံးရတဲ့ ရလဒ်တွေကို အခုလို ပြောပြပါတယ်။

“ပထမအကြိမ်က အဓိက ပြည်ထောင်စုညီလာခံ လုပ်ကြမယ်ဆိုတဲ့ ရည်ရွယ်ချက် တူခဲ့တယ်။ အခုက ရှေ့ကို ဆက်လက်ပြီး ဆောင်ရွက်မယ်ဆိုတဲ့ အလုပ်တခုပါတယ်။ တဖြည်းဖြည်းနဲ့ လုပ်ယူရမယ်။ တချို့ ညှိနှိုင်းယူရမှာပါ။ အခုဆွေးနွေးပွဲလာတာ တော်တော်ကောင်းပါတယ်။ နောက်ဆက်လုပ်ဖို့ ရည်ရွယ်ချက်ရှိတယ်။ ပြည်တွင်းကိုလည်း ဖိတ်ခေါ်ထားပါတယ်။”

ဒါတွေကတော့ ယူအန်အက်ဖ်စီခေါ် တိုင်းရင်းသားကောင်စီနဲ့ ပြည်တွင်းနိုင်ငံရေးအင်အားစုတို့ ဒုတိယအကြိမ် ဆွေးနွေးပွဲအပြီး ဆွေးနွေးပွဲတက်ခဲ့သူတွေရဲ့ သဘောထားအမြင်တွေ စုစည်း တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

UNFC နှင့် KNU မူဝါဒနှင့် အမြင်ကွဲပြားနေသော်လည်း နုတ်ထွက်ရန် မဆုံးဖြတ်သေးဟု KNU ဆို

ဟင်္သာနီ (မွန်မြေ)

ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ (UNFC)၏ လက်ရှိ စုဖွဲ့မှုနှင့် မူဝါဒများသည် ကရင်အမျိုသားအစည်း အရုံး KUN အဖွဲ့၏ သဘောထားနှင့်မကိုက်ညီသည့် အခြေအနေ အချို့ ရှိသော်လည်း UNFC ၏ အဖွဲ့ဝင် အဖြစ်မှနုတ်ထွက်ရန်ကိုမူ မဆုံးဖြတ်ရသေးဟု UNFC ညီလာခံ တက်ရောက်နေသည့် KNU အဖွဲ့၏အထွေထွေ အတွင်းရေးမှူးပဒိုကွယ်ထူးဝင်းက ပြောသည်။

“UNFC အဖွဲ့ဝင် အဖြစ်ကနေ နုတ်ထွက်တယ် ဆိုတဲ့ အဲဒီ့အဆင့်ထိတော့မရောက်သေးပါဘူး၊ အဲလိုတော့ မဆုံးဖြတ်ပါဘူး၊လက် ရှိ နိုင်ငံရေးအခင်းအကျင်းနဲ့ ၊ စုဖွဲ့မှုကို ပြန်လည်သုံးသပ်ဖို့ လိုအပ်တယ်၊ပူးပေါင်း လုပ်ဆောင်တဲ့ နေရာမှာ Top-Down (ဗဟို ဦးစီးမှု စနစ်) ပုံစံမဟုတ်ဘဲနဲ့ Parallel (မျဉ်းပြိုင် အဆင့်တူ ပါဝင်မှု) ပုံစံနဲ့ အဲလိုလုပ်သွားဖို့တော့ အမြင်ရှိတယ်” ဟု ပဒိုကွယ်ထူး ဝင်းက မဇ္ဈိမကိုပြောသည်။

KNUအနေဖြင့် UNFCမှ နုတ်ထွက်မည်ဟု UNFC၏ ညီလာခံအတွင်း သတင်းများထွက်ပေါ်ခဲ့ခြင်းမှာမမှန်ကန်ဟု မွန်ပြည်သစ်ပါတီ၏ ပြောရေး ဆိုခွင့် ရှိသူ နိုင်ဟံသာ (ဗိုန်ခိုင်)က မဇ္ဈိမကို ပြောသည်။

အတည်မပြုနိုင်သေးသည့် သတင်းများအရ UNFC အဖွဲ့၏ ဦးဆောင်မှု အခန်းကဏ္ဍနှင့်စုဖွဲ့မှု အဆုံးအဖြတ် ပေးမှုများ၌ KNUအဖွဲ့မှ ၎င်းတို့၏ ပေါ်လစီအမြင်များနှင့် မကိုက်ညီဟု ဆိုကာ အခြေအတင်ဆွေးနွေးထားပြီး တင်းမာမှု ရှိနေသည်ဟု သိရသည်။

UNFC တွင် ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌ အာဏာပိုင်များ၏ ဆုံးဖြတ်ချက်ဖြင့်သာဆုံးဖြတ်သည် ဖြစ်၍ အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ပုဂ္ဂလိက အမြင်ဆုံးဖြတ်ချက်နှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်အားထိခိုက်နိုင်သည်ဟု KNUက ရှုမြင်ထားသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ အကောင်အထည် ဖော်ရေး၌ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့တစ်ဖွဲ့နှင့် တစ်ဖွဲ့ အမြင် မတူညီမှုများ ရှိနေကြောင်းလည်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နီးစပ်သည့်အမည် မဖော် လိုသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

“အမြင် မတူကြတာတွေတော့ အနည်းနဲ့ အများတော့ ရှိမှာပဲလေ၊ KNU တို့က ဘယ်လိုပြောမလဲ။ အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်း ချမ်းရေးကို မြန်မြန်ပြီးစေချင်တယ်၊ UNFC ဘက်ကလည်း သေချာအောင်လုပ်ချင်တယ် ဆိုတာမျိုးဆိုတော့ အဲဒီမှာ အမြင်မတူ မှုတွေ နည်းနည်းများကြတယ်ထင်တယ်” ၎င်းက မဇ္ဈိမကို ပြောသည်။

KNU မှ အဆိုပြုလိုသည့် တပ်ပေါင်းစု စုဖွဲ့မှု ဆိုင်ရာ အခြေခံမူနှင့်အမြင်သဘောထားများကို လာမည့် သြဂုတ်လ ၃၁ ရက်နှင့် စက် တင်ဘာလ (၁) ရက်များ၌ဆက်လက် ကျင်းပသွားမည့် UNFC ညီလာခံအစည်းအဝေး၌ ဆက်လက် တင်ပြသွားမည်ဟု သိရသည်။

ထို့ပြင် တစ်နိုင်ငံလုံး အပစ်အခပ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် UNFC အဖွဲ့ဝင် မဟုတ်သည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ၏ ပူးပေါင်းပါဝင်မှု အားကိုလည်း စဉ်းစားရန်လိုကာ ၎င်းတို့နှင့်ပူးပေါင်း လုပ်ဆောင်နိုင်ရန်လည်း UNFC ထည့်သွင်း စဉ်းစား သင့်ကြောင်းပဒို ကွယ်ထူးဝင်းက သုံးသပ် ပြောကြားသည်။

ယခု ကျင်းပနေသည့် အစည်းအဝေးသည် UNFC အဖွဲ့၏ သုံးနှစ် တစ်ကြိမ် ကျင်းပသည့်ပထမဆုံး ညီလာခံ ဖြစ်ကာ ညီလာခံ ၌ နောက်ထပ် သက်တမ်းတစ်ခု အတွက်ခေါင်းဆောင်များအား ရွေးကောက်တင်မြှောက်ရန် အပါအဝင် အဖွဲ့ဝင်သစ်များ လက်ခံေ ရးကိုလည်း ဆွေးနွေးရန်ကျန်ရှိနေသေးသည်။

သို့သော်လည်း ပြည်တွင်းမှ ရောက်ရှိလာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အ စည်းအပါအဝင်နိုင်ငံရေး အင်အားစု ငါးဖွဲ့နှင့် တွေ့ဆုံရန် အတွက်ညီလာခံအား သြဂုတ်လ (၂၉) နှင့် (၃၀) ရက်များတွင် ခေတ္တရပ် ဆိုင်းထားပြီး၃၁ရက်တွင် ဆက်လက်ဆွေးနွေးမည်ဟု ပဒိုကွယ်ထူးဝင်းက ပြောသည်။

လက်ရှိ ကျင်းပနေသည့် ပထမ အကြိမ် ညီလာခံအား UNFC အဖွဲ့ဝင် အဖွဲ့အစည်းများဖြစ်ကြသည့် KIO, KNU, KNPP, NMSP, CNF, SSPP, PNLO, PSLF, LDU, ANC, WNO,MNDAA တို့နှင့် ဆက်စပ်အဖွဲ့ဝင် အဖွဲ့အစည်းများ ဖြစ်ကြသည့် ALP, AA, DKBA, KNU/KNLA-PC, ABSDFတို့မှ ကိုယ်စား လှယ်ပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (မိုင်းလား) အဖွဲ့နှင့် “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်တို့ကမူ ယခုညီ လာခံသို့တက်ရောက်နိုင်ခြင်း မရှိပေ။

UNFC အဖွဲ့အား ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် တိုင်းရင်းသား ညီလာခံကြီးမှတဆင့် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကာ ယခု ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ၌သုံးနှစ်တာ ပြည့်ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ဆွေးနွေးပွဲများ ဆက်နေခဲ့ သဖြင့် (၆)လခန့် နောက်ကျပြီးမှ ယခုကဲ့သို့ ညီလာခံ ခေါ်ယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

မုဒိမ်းမှုတွေ ဘာကြောင့် ပိုများလာတာလဲ

မေစစ်ပိုင်

မြန်မာနိုင်ငံတွင် မုဒိမ်းမှုများ တနှစ်ထက်တနှစ် တိုးပွားနေပြီး အာဏာပိုင်များထံမှ ရရှိထားသော စာရင်းဇယားများအရ တနိုင်ငံလုံးတွင် တနေ့လျှင် မုဒိမ်းမှု ၂ မှုခန့် ဖြစ်နေသည်ဟု သိရသည်။

ဖြစ်ပွားမှုနှုန်းများသလို လူအများ မုန်းတီးသည့် မုဒိမ်းမှုများကို ခေါင်းစဉ်တပ်၊ အကြောင်းရှာပြီး ဘာသာရေးနှင့် လူမျိုးရေးဆိုင်ရာ ဆူပူအကြမ်းဖက်မှုများ ပြုလုပ်လာသူများစွာ ရှိနေသကဲ့သို့ ဆိုရှယ်မီဒီယာများထက်တွင် ဝါဒဖြန့်လှုံ့ဆော်မှုများလည်း ရှိလာကြောင်း တွေ့ရသည်။

မကြာသေးမီက ဖြစ်ပွားခဲ့သည့် မန္တလေးဆူပူ အကြမ်းဖက်မှုတွင် မုဒိမ်းမှုဟု လီဆယ်တိုင်ကြားရာမှ အပြစ်မဲ့ပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး လူများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိုဖြစ်ရပ်သည် အစိုးရပိုင်း တာဝန်ရှိသူများ ဆက်တိုက် ပြောဆိုနေသည့် “နောက်ကွယ်မှ ကြိုးကိုင်သူများက” မုဒိမ်းမှုများကို လှည့်ကွက်သဖွယ် သဘောထားပြီး ဆူပူမှုများ ဖန်တီးနေသည်ဟု သက်သေပြနေသည်။

မုဒိမ်းမှုများ ဖြစ်ပွားရန် လှုံ့ဆော်ပေးသည့် အကြောင်းအရင်းများစွာရှိပြီး ညစ်ညမ်း ဗီဒီယိုခွေများနှင့် ညစ်ညမ်း စာအုပ်များကို အလွယ်တကူ ဝယ်ယူရရှိနေခြင်း၊ မူးယစ်ဆေးဝါးများ သုံးစွဲကြခြင်း၊ ဆန့်ကျင်ဘက် လိင်များနှင့် အရောတဝင်နေခြင်း စသည့် အကြောင်းအရာများမှ အစပြုကာ မုဒိမ်းမှုများ ဖြစ်ပွားလာကြောင်း၊ သက်ငယ်မုဒိန်းမှုများ ပိုမို များပြားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ မုဒိမ်းမှုများ ကျဆင်းရေးအပေါ် သုံးသပ် အဖြေရှာထားချက်များအရ သိရသည်။

မှုခင်းများ ပိုမိုဖြစ်ပွားလာသည့်အတွက် သက်ဆိုင်ရာ အာဏာပိုင်များက မုဒိမ်းမှုများ ဘာကြောင့် ဖြစ်ရသလဲ၊ ဘယ်လို ကာကွယ်ရမလဲ၊ ပညာပေး လုပ်ငန်းတွေ ဘယ်လိုလုပ်ကြမလဲဆိုသည့် ခေါင်းစဉ်များဖြင့် မုဒိမ်းမှု ပြန်လည် ကျဆင်းလာစေရေးအတွက် သုံးသပ်အဖြေရှာ နေကြသည်။

“အခုနောက်ပိုင်းမှာ ပိုပြီးဖြစ်လာတယ်၊ အသက်မပြည့်သေးတဲ့ ကလေးတွေအထိ ကျူးလွန်မှုတွေ ဖြစ်လာတယ်၊ အဓိက ကတော့ ထိရောက်တဲ့ပြစ်ဒဏ် ပေးဖို့လိုတယ်၊ ရဲတွေအပိုင်းက ဖော်ထုတ်ပေးဖို့၊ ပြည်သူက ဝိုင်းဝန်း ထိန်းသိမ်းဖို့လုပ်ပြီး တရားစီရင်ရေး အပိုင်းကလည်း နောင်ကျဉ်အောင် ထိရောက်တဲ့ ပြစ်ဒဏ်ကို ကြိုတင်ချမှတ်မယ်ဆိုရင် ဖြစ်နှုန်းကျဆင်းနိုင်တယ်။ အဲဒီလိုမဟုတ်ရင်တော့ ဖြစ်နှုန်းကျဆင်းမှာ မဟုတ်ဘူး” ဟု ရန်ကုန်တိုင်း ဒေသကြီးနယ် စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ရှင်းပြသည်။

တနိုင်ငံလုံး အတိုင်းအတာအားဖြင့် ၂၀၁၀ ခုနှစ်တွင် မုဒိမ်းမှု ၃၃၇ မှု၊ ၂၀၁၁ ခုနှစ်တွင် ၆၀၅ မှု၊ ၂၀၁၂ ခုနှစ်တွင် ၆၅၄ မှု၊ ၂၀၁၃ ခုနှစ်တွင် ၇၃၄ မှုနှင့် ၂၀၁၄ ခုနှစ် ဇူလိုင်လကုန်အထိ ၄၇၀ မှု ဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးက ဖြစ်ပွားမှု အမြင့်ဆုံးဖြစ်ခဲ့သည်။

၂၀ဝ၁ ခုနှစ်မှ ၂၀၁၄ ခုနှစ် ဇူလိုင်လကုန် အထိ မုဒိမ်းမှုပေါင်း ၅၈၂၈ မှု ဖြစ်ပွားခဲ့သည်ဟု နေပြည်တော် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၂၀၁၂ ခုနှစ် နှင့် ၂၀၁၃ ခုနှစ် ၂ နှစ် အတွင်း မုဒိမ်းမှု ၂၈၇ မှု ဖြစ်ပွားခဲ့ပြီး မိသားစုဝင်အချင်းချင်း ကျူးလွန်သည့် အမှုများလည်း ပါဝင်နေသည့်အတွက် တရားစီရင်ရေး အပိုင်းက ယင်းပြစ်မှုမျိုး ဖြစ်ပွားလာပါက ထိရောက်သည့် ပြစ်ဒဏ်များ ချမှတ်သင့်သည်ဟု အာဏာပိုင်တချို့က အကြံပြုပြောဆိုကြသည်။

မုဒိမ်းမှုခင်းများသည် တခြားဒေသများထက် ရန်ကုန်တွင် ပိုမိုဖြစ်ပွားသော်လည်း မန္တလေးဖြစ်စဉ်ကဲ့သို့ မုဒိမ်းမှုကို အကြောင်းပြပြီး ဆူပူအကြမ်း ဖက်ကိစ္စမျိုး ရန်ကုန်တွင် လုံးဝအဖြစ်မခံနိုင်ဟု ဗိုလ်မှူးကြီး တင်ဝင်းက ဆိုသည်။

“လုံးဝအဖြစ်မခံဘူး၊ ဖြစ်ပြီဆိုတာနဲ့ ချက်ချင်း အရေးယူ ဆောင်ရွက်လိုက်တာတွေကြောင့် ပြဿနာ ကြီးကြီး ကျယ်ကျယ်တွေ မဖြစ်ဘူး၊ အဓိကက မှုခင်းကို မှုခင်းလို့ မြင်စေချင်တယ်၊ ဘာသာရေးနဲ့ သွားရောလို့ မကောင်းဘူး” ဟု သူက ပြောပြသည်။

တချို့သော မုဒိမ်းမှုများသည် တည်းခိုခန်းများတွင် ဖြစ်ပွားကြခြင်းဖြစ်ပြီး ကျူးလွန်ပြီးနောက်ပိုင်းမှ သိရသည့်အတွက် ၄င်းတို့ကို အကန့်အသတ်ဖြင့် ပိတ်သိမ်း အရေးယူနေရကြောင်း၊ ဒီဘက်ခေတ်တွင် တည်းခိုခန်းနှင့် ဟိုတယ်များတွင် အချိန်ပိုင်း တည်းခိုနိုင်ရန် ဝန်ဆောင်မှုများ ခေတ်စားလာသကဲ့သို့ မှတ်ပုံတင် ပေးစရာမလိုဘဲ တည်းခိုခွင့်ပြုမှုလည်း ရှိလာသည်ဟုလည်း ဗိုလ်မှူးကြီး တင်ဝင်းက ရှင်းပြသည်။

၂၀၁၃ ခုနှစ်၊ အောက်တိုဘာလက အသက် ၁၆ နှစ် မပြည့်သေးသည့် ကလေးသူငယ်များအပေါ် မုဒိမ်းမှု ကျူးလွန်သူအား သေဒဏ် (သို့မဟုတ်) တသက်တကျွန်း ပြစ်ဒဏ်ချမှတ်နိုင်မည့် ဥပဒေကြမ်းကို သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က လွှတ်တော်သို့ တင်သွင်းခဲ့ပြီး လက်ခံဆွေးနွေးရန် မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူ ၁၉ မဲ၊ ကန့်ကွက်သူ ၃၁၁ မဲဖြင့် ရှုံးနိမ့်ခဲ့ရသည်။

အမျိုးသမီး အဖွဲ့အစည်းများကလည်း မုဒိမ်းမှုများ ကျဆင်းစေရေးနှင့် အမျိုးသမီးများ လိင်အကြမ်းဖက်မှု ကာကွယ်ပေးရေးတို့အတွက် ဥပဒေကြမ်းရေး ဆွဲနေကြပြီး ပြစ်မှုကျူးလွန်သူများကို မှန်ကန်ထိ ရောက်သည့် ပြစ်ဒဏ်များ ချမှတ်ပေးရန် ဆန္ဒထုတ်ဖော် တောင်းဆိုမှုများ ပြုလုပ်လာကြသည်။

အဓမ္မ ပြုကျင့်ခံခဲ့ရသည့် အမျိုးသမီးများ၏ အနာဂတ် ကောင်းမွန်လာစေရေးအတွက် လုံခြုံစိတ်ချရမှုရှိသည့် ခိုနားရာနေရာများနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးသင့်ကြောင်း၊ မုဒိမ်းမှုများ လျော့နည်းစေရန် ပညာပေး အစီအစဉ်များနှင့် မိမိကိုယ်ကိုယ် ကာကွယ်နိုင်မည့် နည်းလမ်းများကို ပညာပေးသင့်ကြောင်း အမျိုးသမီးအရေး လှုပ်ရှား ဆောင်ရွက်သူများက အကြံပြု ပြောဆိုကြသည်။

“အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ကျမတို့ အားမရဘူး၊ တိုင်းရင်းသား ဒေသတွေမှာရှိတဲ့ အမျိုးသမီးလေးတွေ တပ်မတော်သားတွေရဲ့ အကြမ်းဖက်မှုကို ခံနေရတယ်၊ မှတ်တမ်းတွေရှိတယ်၊ အစိုးရက ဒီအတိုင်းကြည့်နေတယ်၊ တာဝန်ယူမှု လုံးဝမရှိဘူး။ အရပ်ဘက်မှာလည်း ဒီပြဿနာက ငွေများ တရားနိုင်နဲ့ ဖုံးဖိ ပျောက်ကွယ်သွားတယ်” ဟု အမျိုးသမီး အဖွဲ့အစည်းများ ကွန်ရက်တာဝန်ခံ ဒေါ်မာမာချိုက ပြောသည်။

မြို့ကြီးပြကြီးများတွင် မုဒိမ်းမှုများ ဖြစ်ပွားသကဲ့သို့ ဝေးလံခေါင်ဖျားသည့် တိုင်းရင်းသား ဒေသများနှင့် ပဋိပက္ခများဖြစ်ပွားရာ ဒေသများရှိ အမျိုးသမီးများ၊ အရွယ်မရောက်သေးသော အမျိုးသမီးငယ် ကလေးများမှာလည်း စစ်တပ်၏ လိင်အကြမ်းဖက်မှုများကို ခံစားနေကြရသည်ဟု ပြည်ပအခြေစိုက် အမျိုးသမီး အဖွဲ့အစည်းများက ဝေဖန်ပြောဆိုနေကြသည်။

အမျိုးသမီးများ လိင်အကြမ်းဖက်မှု ကျူးလွန်ခံလာရခြင်း၊ မုဒိမ်းမှုများ များပြားလာခြင်းတို့နှင့် ပတ်သက်၍ အစိုးရ အဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် နေပြည်တော်ရုံးနှင့် ရန်ကုန်ရုံးခွဲသို့ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖြေကြားမည့်သူ မရှိဟုသာဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲကာလမှ စတင်၍ သမ္မတ ဦးသိန်းစိန် တာဝန်ယူနေသည့် ကာလအတွင်း တိုင်းရင်းသား ဒေသများတွင် တပ်မတော်သားများ၏ မုဒိမ်းမှု ကျူးလွန်မှုပေါင်း ၁၀ဝ ကျော်ရှိခဲ့ကြောင်း။ ၄၇ မှုသည် အုပ်စုလိုက် မုဒိမ်းပြုကျင့်မှုဖြစ်ပြီးအသက် ၈ နှစ်အရွယ် ကလေးအထိ ပါဝင်ကြောင်း၊ ကျူးလွန်ခံရသူ ၂၈ ဦးသည် သတ်ဖြတ်ခံရခြင်း (သို့) ရရှိသောဒဏ်ရာများဖြင့် သေဆုံးခဲ့ရကြောင်း၊ ထိုမှုခင်းများသည် မြို့နယ်ပေါင်း ၃၅ ခုတွင် ဖြစ်ပွားခဲ့ပြီး တပ်ရင်းပေါင်း ၃၈ ခု ကျော် ပါဝင်ပတ်သက်နေကြောင်း ထိုင်းအခြေစိုက် အမျိုးသမီးရေးရာအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ ဇန်နဝါရီလပိုင်းက ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

တိုင်းရင်းသားဒေသများ၊ အထူးသဖြင့် ပဋိပက္ခများ ဖြစ်ပွားနေသည့် ဒေသများရှိ အမျိုးသမီးများနှင့် အရွယ် မရောက်သေးသော ကလေးများအပေါ် တပ်မတော်သားတချို့၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို အစိုးရပိုင်းက ထိထိရောက်ရောက် အရေးယူပေးရေး အမျိုးသမီး အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်သူများက တောင်းဆိုနေကြသည်။ အစိုးရကလည်း အထောက်အထားနှင့် တင်ပြတိုင်ကြားပါ၊ အရေးယူမည်ဟု ပြောဆိုနေသည်မှအပ အမျိုးသမီးများ၏ လူ့အခွင့်အရေးနှင့် အကြမ်းဖက်မှု ပပျောက်ရေး ကိစ္စများအပေါ် ထိရောက်သည့် လုပ်ဆောင်ချက်မျိုး မတွေ့ရဟု လူ့အခွင့်အရေး အဖွဲ့အစည်းများက ဝေဖန်ပြောဆိုနေကြသည်။

“သူတို့တတွေက တမင်သက်သက် လုပ်သလို ဖြစ်နေတယ်လို့ ပြောတော့ မစွပ်စွဲနဲ့လို့ ပြောကြတယ်။ စစ်တပ်အနေနဲ့လည်း တာဝန်ရှိတဲ့သူတွေက တာဝန်ယူပေးရမယ်။ ဒီလိုကိစ္စတွေသည် နိုင်ငံတကာ ဥပဒေအရ ကြည့်မယ်ဆိုရင် လူသားရာဇဝတ်မှု မြောက်တယ်။ ဒါကြောင့် ရပ်တန်းကရပ်ဖို့ အချိန်ဖြစ်နေပါပြီ” ဟု လူ့အခွင့်အရေးနှင့် အမျိုးသမီးများအရေး လှုပ်ရှားဆောင်ရွက်သူ ဒေါ်ခင်ဥမ္မာက ပြောသည်။

အစိုးရနှင့် စစ်တပ်မှ တာဝန်ရှိသူများကမူ တပ်မတော်သားများ မုဒိမ်းမှု ကျုးလွန်နေကြသည်ဟု ဆိုသော ကိစ္စများသည် ဝါဒဖြန့် စွပ်စွဲချက်များ ဖြစ်သည်၊ ကျူးလွန်မှုများ ရှိပါကလည်း စစ်ခုံရုံးတွင် စစ်ဆေးပြီး အရပ်ဘက်သာ ပြန်လည်လွှဲပြောင်း ပေးခြင်းဖြစ် သည်ဟု ပြန်လည်တုံ့ပြန်သည်။

“စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းတွေက အဓမ္မပြုကျင့်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စယန်ဟီလီက ပြောတယ်၊ ကျနော်တို့အနေနဲ့ အမျိုးသမီး အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှား သူတွေကိုလည်း ပူးပေါင်းဖို့ ဖိတ်ခေါ်ထားပြီး ဖြစ်တယ်။ ဒီလိုကိစ္စမျိုးကို တပ်မတော်ကလည်း လုံးဝခွင့်မပြုထားဘူး၊ တချို့သောဟာတွေက ခိုင်လုံမှုမရှိသော စွပ်စွဲပြောဆိုချက်တွေလို့ ကျနော်တို့ယူဆတယ်” ဟု သမ္မတရုံးဝန်ကြီးဌာန တာဝန်ရှိသူတဦးက BBC မြန်မာပိုင်း အစီအစဉ်တွင် ကန့်ကွက်ပြောဆိုသွားသည်။

“ပြောတဲ့သူကို ပြန်မေးတယ်၊ ဖြစ်တဲ့နေရာကို သွားကြည့်သလား၊ ဖြစ်နေရင်လည်း အရေးယူထားသလား၊ အရေးမယူဘူးဆိုရင် ပြန်ပြော၊ အဲဒီလောက်အထိ အာမခံတယ်။ တပ်မှာဖြစ်တာဆိုရင် ကျနော်တို့ ပိုပြီး ဆင်ခြင်တယ်” ဟု နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ဆိုသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း မြန်မာနိုင်ငံအတွင်း စစ်ဖြစ်ပွားရာ ဒေသများနှင့် ဆက်စပ်ဒေသများတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေး အရေးယူပေးရန် မြန်မာအစိုးရကို တောင်းဆိုခဲ့သည်။

ဆက်စပ်ဖတ်ရှုရန်

ကျုရှင်မယူပဲ ဘာသာစုံဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တဲ့ကျောင်းသူ

DVB

ဒေါ်အောင်ဆန်းစုကြည်၏ အတွေးထဲတွင် ပါဝါ၊ အာဏာများမရှိဟု ဦးတင်ဦးဆို

ယုဝေ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ အတွေးထဲတွင် ရာထူး၊ အာဏာနှင့် ပါဝါထက်တိုင်းပြည်လူ ငယ်များ၏ တိုးတက်မြင့်တင်ရေးသာ ရှိသည်ဟုNLD နာယက ဦးတင်ဦးက ပြောကြားလိုက်သည်။

သြဂုတ်လ ၃၀ ရက်က ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သည့်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ လူငယ်မျိုးဆက် များ တွေ့ဆုံပွဲတွင်ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးနှောက်ထဲမှာ ပါဝါ အာဏာ ဒါတွေ ခေါင်းထဲမှာရှိတာမဟုတ်ပါဘူး။ သူဟာ စလာကတည်းက ဒီတိုင်ြး ပည်မှာရှိတဲ့ လူငယ်တွေဟာသူတို့ရဲ့ဘ၀ ရည်ရွယ်ချက်တွေပျောက်ကင်းနေတယ် ဆိုတာ ကောင်းကောင်းသိတယ်။ ဘဝရဲရှေ့ရေးပြန်လည်ထူထောင်ဖို့အတွက် အဓိကကျတဲ့ ပညာရေးကို လုပ်နိုင်သမျှ တက်နိုင်သမျှလုပ်တာတွေရှိတယ်”ဟုဦးတင်ဦးက ပြော သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာလူငယ်ညီလာခံကို ဇူလိုင်လ ၅ရက် နှင့် ၆ ရက်တွင်ရန်ကုန် မြို့တော်ဝင်နှင်းဆီးခန်းမပြုလုပ်ခဲ့ပြီး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကအဖွင့်မိန့်ခွန်း တက်ရောက်ပြောကြားခဲ့သည်။

ယင်းညီလာခံတွင်အမျိုးသမီးခုနစ်ဦးနှင့် တိုင်းရင်းသားလူငယ်များ အပါအဝင် NLDလူငယ်ခေါင်းဆောင် ၁၅ ဦးရွေးချယ်ခဲ့သည်။

နိုင်ငံခြားသားငှားရမ်းမှုနှင့် ၀ါတွင်း ပြောင်းရွှေ့မှုများကြောင့် မိုးတွင်းကာလတွင်ပင် အိမ်ငှားဈေးကွက် ဆက်လက်ရှိနေ

နိုင်နိုင်ဇော်

မိုးတွင်းကာလ အိမ်ခြံမြေအရောင်းအ၀ယ် မဖြစ်ထွန်းသော်လည်း အိမ်ငှား၊ မြေငှားဈေးကွက်များ ဆက်လက်ရှိနေဆဲ ဖြစ်သည်ဟု အိမ်ခြံမြေလုပ်ငန်းရှင်များက ပြောသည်။

ဝါတွင်းကာလတွင် အိမ်ရာအပြောင်းအရွှေ့လုပ်ဆောင်မှု မရှိတတ်သော်လည်း လူဦးရေထူထပ်မှုနှင့် လုပ်ငန်း လိုအပ်ချက်ကြောင့် ယခုနှစ်ပိုင်းအတွင်း အိမ်ငှား၊ မြေငှားနှင့် စက်ရုံဂိုဒေါင်အငှားဈေးကွက် ဆက်လက်ရှိနေခြင်းဖြစ်သည်ဟု တော်ဝင်အိမ်ခြံမြေလုပ်ငန်း အရောင်းကိုယ်စားလှယ် ဦးဇော်ဦးက ပြောသည်။

ဦးဇော်ဦးက “မိုးတွင်းကာလဆိုတော့ အိမ်ခြံမြေလုပ်ငန်းရောင်းတာတွေ အတော်လေး အေးသွားတယ်။ ဒီလပိုင်းတွေမှာ လူတွေက အိမ်ရောင်း၊ မြေရောင်းတွေ သိပ်မလုပ်ပေမယ့် အငှားဈေးကွက်တော့ ဆက်ရှိနေတယ်။ ဈေးတွေကတော့ နေရာအလိုက် ကွာခြားမှုတော့ရှိတယ်။ အကွက်အကွင်းနဲ့ နေရာ အကျယ်အ၀န်းပေါ်မူတည်ပြီး ဈေးအတက်အကျတော့ရှိတယ်”ဟု ဆိုသည်။

ရန်ကုန်မြို့ မြို့နယ်အသီးသီးတွင် အိမ်ခန်းငှားရမ်းနေထိုင်မှုနှင့် မြေညီထပ်ဆိုင်ခန်း ငှားရမ်းမှုများရှိနေပြီး ငှားရမ်းခမှာ တစ်လ လျှင် ကျပ် ၇၀,၀၀၀ ၀န်းကျင်မှ အမြင့်ဆုံး သုံးသိန်းတန် တိုက်ခန်းများအထိ ရှိနေကာ ကွန်ဒိုအခန်းများမှာ ကျပ်ငါးသိန်းနှင့် ကိုးသိန်းကြားရှိ အခန်းများ အငှားရှိနေသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရှိနေခြင်းကြောင့် နေထိုင်ရာ တိုက်ခန်းများအပြင် စက်ရုံဂိုဒေါင်အဖြစ် အသုံးပြုရန် ငှားရမ်းသည့် လုပ်ငန်းရှင်များလည်းရှိနေသည်ဟု အာရှမြေအိမ်ခြံမြေ ရောင်းဝယ်ရေးလုပ်ငန်းက ပြောသည်။

အာရှမြေအိမ်ခြံမြေ ရောင်းဝယ်ရေးမှ မန်နေဂျာ ဦးဆိုင်လီက “အရောင်းအ၀ယ် မရှိပေမယ့် အငှားတွေတော့ ကျွန်တော်တို့ ဆီမှာလည်းရှိတယ်။ စက်ရုံဂိုဒေါင်တွေကို လိုက်ငှားတဲ့ သူတွေဆိုရင် အရင်နှစ်တွေက ၂၅ သိန်းလောက်ရှိတဲ့ ဂိုဒေါင်က ဒီနှစ်မှာ သိန်း ၃၀ ကျော်လောက် ဖြစ်နေတယ်။

နိုင်ငံခြားလုပ်ငန်းရှင်တွေ ဆက်တိုက်လာနေသလို ပြည်တွင်းက လုပ်ငန်းရှင်တချို့လည်းရှိတယ်။ များသောအားဖြင့် နိုင်ငံခြားသားတွေပါ”ဟု ဆိုသည်။

မြန်မာအများစုမှာ ၀ါတွင်းအယူအဆကြောင့် အပြောင်းအရွှေ့ သိပ်မလုပ်လိုသော်လည်း လိုအပ်ချက်အရသာ ပြောင်းရွှေ့ကြခြင်းဖြစ်ပြီး နိုင်ငံခြားသားအများစုက ထိုကဲ့သို့ အယူအဆမရှိခြင်းကြောင့် ယင်းဈေးကွက်မှာ ပိုအလုပ်ဖြစ်သည်ဟု အိမ်ခြံမြေလုပ်ငန်းများက ဆိုသည်။

လူဦးရေတိုးတက်မှု၊ နေထိုင်ရာ အိမ်ရာ လိုအပ်မှုနှင့် အတောမသတ်သည့် အိမ်ခြံမြေဈေးတက်မှုများကြောင့် အိမ်ခြံမြေ ရောင်းဝယ်မှုများ ဈေးကွက်အေးချိန် ရှိနိုင်သော်လည်း အိမ်ငှားဈေးကွက်မှာ ရာသီမရွေး ဆက်ရှိနိုင်သေးသည်ဟု လက်ရှိဈေးကွက်အနေအထားကို အိမ်ခြံမြေလုပ်ငန်းများက ပြောကြားထားသည်။

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး ပူးပေါင်းလုပ်ဆောင်ကြမည်

ရွှေအောင်

ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပူးပေါင်း လုပ်ဆောင်သွား ကြဖို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီနဲ့ ပြည်တွင်းနိုင်ငံရေး အင်အားစုတို့ သဘောတူ လိုက်ကြပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မှာ သြဂုတ် ၂၉ နဲ့ ၃၀ ၂ရက်ကြာကျင်းပပြုလုပ်ခဲ့တဲ့ တိုင်းရင်းသားကောင်စီနဲ့ ပြည်တွင်းရှိ နိုင်ငံရေးပါတီတွေ၊ ဒီမိုကရေစီ အင်အားစုတွေ၊ အမျိုးသမီးနဲ့ လူငယ်အင်အားစုတွေ တွေ့ဆုံဆွေးနွေးပွဲအပြီး ပူးပေါင်းလုပ်ဆောင်ကြဖို့ သဘောတူကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ချင်းမိုင်ဆွေးနွေးပွဲတက်ခဲ့တဲ့ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (ဒဗလျူအယ်လ်ဘီ)က မခင်ဥမ္မာက ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ဖို့ ဘုံသဘာတူညီချက်ဟာ ပြောစရာမရှိအောင် သဘောတူခဲ့ကြတာလို့ ပြောပါတယ်။

“ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ဖို့ ဘုံသဘောတူညီချက်ကတော့ ပြောစရာမရှိအောင် သဘောတူခဲ့ကြပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး မှာတော့ ကျမတို့ရဲ့ သဘောထားအမြင်တွေက တူကြပါတယ်။ အဓိက အကျဆုံးတွေ့တာ ကတော့ ဒီလိုမျိုး တွေ့ဆုံဆွေးနွေး ဖြေရှင်းဖို့အတွက်ကို တိုင်းရင်းသား အင်အားစုတွေရော၊ ဒီမိုကရက်တစ် အင်အားစုတွေကရော အားလုံးက အဆင်သင့်ဖြစ်နေတာ ကြာပြီပေါ့။ အဓိက အရေးကြီးဆုံးက အစိုးရဘက်က အထူးသဖြင့် မြန်မာ့တပ်မတော်ပေါ့၊ မြန်မာ့တပ်မတော် ဘက်က အဆင်သင့်ဖြစ်မှုနဲ့ နိုင်ငံရေးစေတနာမှန်မှု တာဝန်ယူမှု တာဝန်ခံမှု ရှိဖို့ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ မြန်မာ့တပ်မတော်ကနေပြီး တပ်ပိုင်းဆိုင်ရာ ထိန်းသိမ်းရမယ့် ကျင့်ဝတ်တွေ၊ တပြည်လုံးဆိုင်ရာ အပစ်ရပ်ရေးလက်မှတ်ထိုးပြီးရင် သူတို့ဘက်ကနေပြီး တကယ်ကို ကတိခံဝန်ချက်နဲ့အညီ ထိန်းသိမ်းပြီးတော့ လိုက်နာရမယ့် ကတိက၀တ်တွေ အပေါ်မှာ ဒါတွေ အဓိက ပိုအရေးကြီးတာ တွေ့ရတယ်။ အထူးဖြင့်တော့ ကျမတို့ အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံ အနေနဲ့က လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာမှာ ရှိနေတဲ့ တိုင်းရင်းသူ အမျိုးသမီးတွေကို မြန်မာ့တပ်မတော်ကနေပြီးမှ အခုအချိန်အထိ ကျူးလွန်နေတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ မုဒိမ်းကျင့်မှုတွေကို ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ ၃ နှစ်အတွင်းမှာ ကိုတောင်မှ ကချင်မှာ ရှမ်းပြည်မြောက်ပိုင်းမှာ ဒါမျိုးတွေ တောက်လျှောက် တွေ့နေရတယ်။ အဲဒါတွေ ရပ်တံ့နိုင်ဖို့အတွက် မြန်မာ့တပ်မတော်ဘက်က ဒါတွေကို ကတိက၀တ်ပြုဖို့ဆိုတာက တပြည်လုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ရဲ့ သဘောတူညီမှုထဲမှာ အရေးကြီးတဲ့ ကတိခံဝန်ချက် အနေနဲ့ ပါဖို့လိုလိမ့်မယ်။ ဒါတွေကိုလည်း ကျမတို့ တင်ပြခဲ့ပါတယ်။”

တိုင်းရင်းသားအဖွဲ့တွေနဲ့ ပြည်တွင်းပြည်ပနိုင်ငံရေးအင်အားစုတွေ ဆွေးနွေးပွဲကို ကိုယ်စားလှယ် ၁၀၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီ ဆွေးနွေးပွဲကို တိုင်းရင်းသားကောင်စီရဲ့ ညီလာခံအပြီး လုပ်ဆောင်ကြဖို့ အစီအစဉ်ရှိပေမယ့် ကောင်စီရဲ့ ဆွေးနွေးပွဲက မပြီးပြတ်သေးဘဲ ဆက်လက်ဆွေးနွေးဖို့ ဖြစ်လာတာကြောင့် ကောင်စီ ညီလာခံကိုရပ်နားပြီး ပြည်တွင်းနိုင်ငံရေးအဖွဲ့တွေနဲ့ ဆွေးနွေးခဲ့ကြတာလည်း ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်တွင်းနိုင်ငံရေးအင်အားစုတွေ ချင်းမိုင်မှာ တွေ့ဆုံမှု ဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်က ဒီနှစ်ထဲမှာပဲ မဲဆောက်မှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

ယနေ့ မြန်မာ့ရေးရာသတင်းများ September,1st,2014

( 50 )ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည် များကို မြန်မာ ပြန်လက်ခံတော့ မည်

( 49 )Myanmar census records country's population at over 51 million

( 48 )ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတချို့ကို မြန်မာအစိုးရ ပြန်လက်ခံတော့မည်

( 47 )Over 1,000 in Mandalay protest mining activities

( 46 )မြန်မာမှာ PR စောသေးကြောင်း သီရိလင်္ကာသမ္မတဟောင်း ပြောဆို

( 45 )Burma agrees to repatriate over 2,000 Rohingya refugees from Bangladesh

( 44 )UNFC ညီလာခံက KNU ထွက်ခွာမှု ဝေဖန်ချက်မျိုးစုံ ထွက်ပေါ်

( 43 )Amata well positioned to tap into AEC potential

( 42 )မြေသိမ်းခံ လယ်သမားများ လွှတ်တော်အမတ်နဲ့ ဆွေးနွေး

( 41 )SMGR may delay Myanmar project

( 40 )ပီအာစနစ်ကန့်ကွက် လက်မှတ်များ ၁၁ မြို့နယ်မှာ ကောက်ခံ

( 39 )Myanmar introduces e-visa to boost tourist arrivals

( 38 )အမေရိကန်ရောက် ချင်းတိုင်းရင်းသားတွေ နှစ်သစ်ကူးပွဲတော်ကျင်းပ

( 37 )Villagers form petition to oppose Rangoon city project

( 36 )နိုင်ငံရေးဆွေးနွေးပွဲအတွက် အဆိုပြုချက် NDF ရေးဆွဲ

( 35 )Myanmar to take back Rohingya nationals

( 34 )ကေအန်ယူခေါင်းဆောင်တွေ ယူအန်အက်ဖ်စီစည်းဝေးပွဲမှ ထွက်ခွာ

( 33 )Russia to Boost Trade With Myanmar to $500 Million a Year

( 32 )ကရင်ပြည်နယ် မူးယစ်ဆေးဝါးနှိမ်နှင်းရေး အစိုးရ ပူးပေါင်းမှုလိုအပ်ဟုဆို

( 31 )Richard Flanagan’s epic novel of horror and heroism in Burma

( 30 )ငြိမ်းချမ်းရေးအတွက် ပြည် တွင်းပြည်ပ သဘောတူ

( 29 )For Myanmar political predictions, locals look to the stars

( 28 )မြန်မာ ယူ ၁၉ အသင်း အာဆီယံ ယူ ၁၉ ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည်

( 27 )Korea promotes investment in Myanmar

( 26 )လယ်ယာမြေတွေ အလွယ်တကူ မရောင်းကြဖို့ ဒေါ်အောင်ဆန်း စုကြည် မေတ္တာရပ်ခံ

( 25 )Accidents and injuries

( 24 )အပေါင်ပစ္စည်း ပေးရန်မလိုဘဲ လုပ်ငန်းရှင်များ ဘဏ်ချေးငွေ ရရှိနိုင်ရေး မြန်မာ့စီးပွားရေးဘဏ် စီစဉ်နေဟု ဆို

( 23 )Seeking solutions for Myanmar's traffic accident 'epidemic'

( 22 )မြန်မာနိုင်ငံ လူဦးရေ ၅၁ သန်းကျော်သာရှိ

( 21 )Traffic Police Superintendent Lt-Col Lin Htut: ‘Road users should obey the traffic rules’

( 20 )သန်းကောင်စာရင်း နောက်ဆုံးရလာဒ် ၂၀၁၅ မေလ ထုတ်ပြန်မည်

( 19 )The power of protest

( 18 )တိုင်းကြီးနှစ်တိုင်းက လယ်သိမ်းခံ တောင်သူတွေ ဆန္ဒပြ

( 17 )Black Lung in the Golden Land

( 16 )မဲစာရင်း အသစ်ပြုစုရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အခက်အခဲတွေ့နေ

( 15 )Signed, sealed, undelivered

( 14 )ကြားဖြတ် အမတ်လောင်း ကျားဖြူ လျာထားပြီးစီး

( 13 )Myanmar's census falls 9m short of estimate

( 12 )တက္ကသိုလ်၊ ကောလိပ်များအနီး တည်းခိုခန်းတစ်ခုသာရှိဟု မြို့တော်ဝန်ပြောဆိုမှုဝေဖန်ခံရ

( 11 )အန်အယ်လ်ဒီ လူငယ်မျိုးဆက်များ တာဝန်ယူနိုင်သူများဖြစ်အောင် ကြိုးစားရန် ဒေါ်စု တိုက်တွန်း

( 10 )သချိုင်းမြေပါ သိမ်းတဲ့ကိစ္စ လွှတ်တော်တင်မည်

( 9 )Myanmar's nationwide population totals over 51 mln: commission

( 8 )အမျိုးသားပညာရေးကော်မရှင်ကို ဖျက်သိန်းရန်ဆန္ဒပြ

( 7 )Burma reveals initial census data

( 6 )ရိုမေးနီးယား ရုပ်ရှင်ပွဲတော်မှာ မြန်မာဇာတ်ကား အထူးဆုရရှိ

( 5 )Ethnic strife blurs Myanmar's first census in 30 years

( 4 )သြဂုတ် ၃၀ ရက် ငွေလဲနှုန်းနှင့်ရွှေဈေး

( 3 )Dethroned Myanmese beauty queen flees with US$100,000 crown after row with organisers

( 2 )မြန်မာ - ရုရှားကုန်သွယ်မှု ဒေါ်လာ သန်း ၅ဝဝ ရည်မှန်း

( 1 )Land disputes must be solved right and fast

Sunday, August 31, 2014

အသေးစားနှင့်အလတ်စား ဆန်လုပ်ငန်းရှင်များ အများပိုင်ကုမ္ပဏီစုဖွဲ့ရန် ဆန်စပါးအသင်းအကြံပြု

ကို​ထွေး

တရုတ်နိုင်ငံက မြန်မာ့ဆန်ကို တရားဝင် တင်သွင်းခွင့်ပြုရင် မန္တလေးမြို့နဲ့ နယ်စပ်ဒေသက အသေးစား အလတ်စား ဆန်လုပ်ငန်းရှင်တွေ အနေနဲ့ အများပိုင် ကုမ္ပဏီစုဖွဲ့ပြီး စနစ်ပြောင်း လုပ်ဆောင်ကြဖို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းတာဝန်ရှိသူက ပြောပါတယ်။

မန်မာဆန်တွေ ပိုးမွားကင်းစင်ရေး ဆောင်ရွက်နေတာတွေကို လေ့လာဖို့ အတွက် တရုတ်နိုင်ငံ AQSIQ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်တဲ့ အဖွဲ့ မြန်မာနိုင်ငံကိုလာရောက်ခဲ့အပြီး တရုတ်ဘက်က တရားဝင် ဆန်တင်ပို့ခွင့်ပြုပေးခဲ့မယ်ဆိုရင် နယ်စပ်ဒေသမှာ အကြီးစား လုပ်ငန်းတွေ ၀င်ရောက်လာမှာ ဖြစ်တဲ့ အတွက် နယ်စပ်က အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်တွေ အနေနဲ့ စိုးရိမ်ပူပန်မှုတွေရှိနေတဲ့အပေါ် အခုလို အကြံပေးခဲ့တာဖြစ်ပါတယ်။

နယ်စပ်ဒေသမှာ ဆန်လုပ်ငန်းကို အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်တွေက အဓိကထား လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

မြန်မာဆန်စပါးအသင်းက တာဝန်ရှိသူတွေနဲ့ AQSIQ ကိုယ်စားလှယ်တွေ ရန်ကုန်မှာ တွေ့ဆုံပြီး အရည်အသွေး စစ်ဆေးမှုနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့သလို တင်ပို့ခွင့်တရားဝင် ဖြစ်သွားရင် ပြင်ဆင်ထားဖို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အတွင်းရေးမှူး ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

“ကျနော်တို့အနေနဲ့ နယ်စပ်အသင်းတွေရော မန္တလေးက အဖွဲ့တွေရောပေါ့နော်။ အခု ခေတ်ကပြောင်းသွားပြီဆိုတော့ ရန်ကုန်မှာ ကုမ္ပဏီတွေစုပြီးဖွဲ့တဲ့အချိန်မှာ တနိုင်တပိုင် အနေနဲ့လည်း စနစ်ပြောင်းသွားတဲ့ အနေအထားရှိတာပေါ့။ ကျနော်အနေနဲ့ ဒါတွေကို ပြင်ဆင်ထားမှ ရမယ်။”


နယ်စပ်က ဆန်ကုန်သည်တွေကလည်း သြဂုတ်လဆန်းပိုင်းတုန်းက တရုတ်နိုင်ငံက စီးပွားရေး ကောင်စစ်ဝန်နဲ့ တွေ့ဆုံစဉ်မှာ နယ်စပ်က ဆန်ကုန်သည်တွေ အနေနဲ့ တက်ရောက်ခွင့်ရခဲ့ပေမယ့် ဒီအဖွဲ့နဲ့တော့ တွေ့ဆုံခွင်ံမရတဲ့အတွက် AQSIQ အဖွဲ့နဲ့ ဆွေးနွေးတဲ့အကြောင်းအရာတွေကိုလည်း သိချင်နေ ပါတယ်။

မြန်မာနိုင်ငံရဲ့ပြည်ပဆန်တင်ပို့မှု စုစုပေါင်းပမာဏရဲ့ ၈၀ ရာခိုင်နှုန်းကို တရုတ်ကို နယ်စပ်ကနေ မြန်မာဘက်က တရားဝင်တင်ပို့နေပေမယ့် တရုတ်နိုင်ငံဘက်က တရားဝင်တင်သွင်းခွင့်ပြချက် မပေးပါဘူး။ သြဂုတ်လဆန်းပိုင်းတုန်းက တရုတ်နိုင်ငံက နယ်စပ်က တရားမ၀င်ဆန်တင်သွင်းမှုကို တင်းကျပ်တဲ့အတွက် ဗီယက်နမ်နဲ့ မြန်မာ့ဆန်တွေ တင်ပို့နိုင်ရေး အခက်အခဲကြုံခဲ့ရပါတယ်။

ဒီနေတရုတ်မြန်မာနယ်စပ်မှာတော့ နယ်စပ်မှာဆန်တင်သွင်းတာကို တရုတ်ဘက်က မတားမြစ်ခင်က ရှိနေတဲ့ ဆန်ဈေးအနေအထားကို ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။

တရုတ်ကိုယ်စားလှယ်အဖွဲ့ အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံသလို စပါးကွင်းတွေ ဆန်စက်တွေ၊ ဆန်စပါးကုမ္ပဏီတွေ ဆန်တင်ပို့တဲ့ ဆိပ်ကမ်းတွေနဲ့ ပိုးမွှား ကင်းစင်ရေး ဆောင်ရွက်ချက်တွေကို လေ့လာခဲ့ကြတာဖြစ်ပါတယ်။

နှစ်နိုင်ငံ တရားဝင်တင်ပို့နိုင်ဖို့အတွက် အရည်အသွေး စစ်ဆေးတဲ့ သဘောတူညီချက်ကို လတ်မှတ် မထိုးနိုင်တဲ့အတွက် မြန်မာဆန်တင်ပို့မှုကို တရုတ်က တရားမ၀င်အဖြစ် သတ်မှတ်ထား ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်မျိုးဆက်များတွေ့ဆုံပွဲ ကျင်းပ

ထွန်းထွန်းသိန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူငယ်မျိုးဆက်များတွေ့ဆုံပွဲကို ဒီကနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမမှာ ကျင်းပခဲ့ပါတယ်။

၁၉၈၈ ခုနှစ်ကနေ ၂၀၁၄ အထိခေတ်အဆက်ဆက် တာဝန်ယူခဲ့ကြတဲ့ အမျိုးးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်မျိုးဆက်တွေတွေဆုံခဲ့ကြတာပါ။ အဲဒီပွဲကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက လူငယ်မျိုးဆက် ၁၅၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။

တွေ့ဆုံပွဲစီစဉ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌဦးမြင့်ဌေး ကတော့ ၂၀၁၁ ခုနှစ်မှာ ပထမဆုံးလူငယ်တွေ့ဆုံပွဲကြောင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ပံ့ပိုးနိုင်ခဲ့ပြီးအခုတွေ့ဆုံပွဲကလည်း လာမယ့်ရွေးကောက်ပွဲတွေမှာ အဖွဲ့ချုပ်ရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်မယ်လို့ ပြောပါတယ်။

“၂၀၁၁ ခုနှစ်မှာ ပထမဆုံး ပထမဆုံးလူငယ်တွေ့ဆုံပွဲလုပ်နိုင်တဲ့အတွက် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို အရင်တာဝန်ယူခဲ့ဖူးတဲ့သူတွေက ပံ့ပိုးနိုင်ခဲ့သလို လက်ရှိ မကြာခင်မှာ ဖြတ်သန်းရတော့မယ့် ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများအတွက် လက်ရှိတာဝန်ယူနေကြတဲ့ လူငယ်အသီးသီးနဲ့ ယခင်တုန်းက အဖွဲ့ချုပ် လူငယ်မှာ ခေတ်အဆက်ဆက် တာဝန်ယူခဲ့တဲ့ လူငယ်တွေ ပူးပေါင်းပြီးတော့ ကျနော်တို့ အဖွဲ့ချုပ်က လူငယ်တွေ ပူးပေါင်းပြီးတော့ အဖွဲ့ချုပ်ရဲ့ ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော် နိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေလည်း ပါဝင်ပါတယ်။”


တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးကလည်း ၂၀၁၄ ခုနှစ်က ၂၀၁၅ ခုနှစ်မရောက်ခင် ဒီမိုကရေစီပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပြီး လူငယ်တွေအနေနဲ့ အရေးကြီးပြီး ပခုံးပြောင်းတာဝန်ယူဖို့ လိုတယ်လို့လည်း အခုလိုပြောပါတယ်။

“ရှေ့လာမယ့် ၂၀၁၄ အပြီး ၂၀၁၅ မရောက်ခင် နိုင်ငံတော်ရဲ့ အခြေအနေတွေကို ပြုပြင်ပြောင်းလဲနိုင်တဲ့ အတိုင်းအတာတွေ ဒီမိုကရေစီအတွက်ကို ဘယ်လောက်အထိ လုပ်ပေးနိုင်သလဲဆိုတာ အရေးတကြီး အားကိုးရမယ့် လူငယ်ပိုင်းဖြစ်တဲ့အတွက် ရှေ့ နောင်တော့်နောင်တော် အမျိုးသမီး၊ အမျိုးသား လူငယ်များတွေရဲ့ ဆင်းရဲပင်ပန်းခံ ဒုက္ခခံသွားတဲ့ ဟာတွေကို ဆက်လက်ပြီးတော့ ပုခုံးထမ်းတာဝန်တွေနဲ့ ယနေ့ ခေါင်းဆောင်ကောင်း ဖြစ်နိုင်ကြပါစေလို့။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမအကြိမ် လူငယ်မျိုးဆက်များ တွေ့ဆုံပွဲကို ၂၀၁၁ ခုနှစ်က ကျင်းပခဲ့ပေမယ့် ကျယ်ကျယ်ပြန့်ပြန့် မဖြစ်ခဲ့ပဲ အခုတွေ့ဆုံပွဲကတော့ ဗဟိုချုပ်ကိုင်မဟုတ်ပဲ ဒီမိုကရေစီနည်းလမ်းတကျနဲ့ ကျင်းပခဲ့တဲ့ တွေ့ဆုံပွဲဖြစ်တယ်လို့လည်း အန်အယ်လ်ဒီ က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံကလည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ ရန်ကုန်မြို့မှာပဲ ကျင်းပခဲ့ပါတယ်။

ဗဟိုချုပ်ကိုင်မှုစနစ် လျော့ချစေလိုကြောင်း KDP ဥက္ကဌ ပြောကြား

စောညွှန့်သောင်း

မြန်မာအစိုးရ၏ ဗဟိုချုပ်ကိုင်မှုစနစ်ကျင့်သုံးခြင်းဖြင့် ကရင်ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စီမံကိန်း လုပ်ငန်းများနှင့်အခြားလုပ်ငန်းများ အောင်မြင်သင့်သလောက် မအောင်မြင်သည်ကို တွေ့ရသည့်အတွက် ဗဟိုချုပ်ကိုင်မှုစနစ် လျော့ချစေလိုကြောင်း ကရင်ဒီမိုကရက်တစ်ပါတီ(KDP) ဥက္ကဌ စောရဲဝင်းနိုင်က သြဂုတ် ၂၈ရက်နေ့က ပြောဆိုလိုက်သည်။

“အုပ်ချုပ်ရေး ဖြစ်ဖြစ်၊ တရားစီရင်ရေး ဖြစ်ဖြစ်၊ ဥပဒေပြုတဲ့နေရာပဲ ဖြစ်ဖြစ် ဗဟိုချုပ်ကိုင်မှုက ရှိနေတုန်းပဲ။ အဲဒါတွေ ရှိနေတော့ ပွင့်လင်းမြင်သာမှု မရှိဘူး။ ဒါကြောင့် ပြည်နယ်အတွင်းလုပ်ငန်းတွေမှာ အောင်မြင်သင့်သလောက် မအောင်မြင်ပဲ ဖြစ်နေတယ်”ဟု စောရဲဝင်းနိုင်က ပြောသည်။

မြန်မာနိုင်ငံတွင် အစိုးရသစ်တက်လာသည့်နောက်ပိုင်း ဗဟိုချုပ်ကိုင်မှုစနစ် ဆက်ကျင့်သုံးမှုအောက်တွင် ကရင်ပြည်နယ်၌ ဖွံ့ဖြိုးရေးစီမံကိန်းများဖြစ်သည့် ဘိလပ်မြေစက်ရုံတည်ဆောက်ရေး အပါအ၀င်အခြား ဖွံ့ဖြိုးရေးတို့ကြောင့် လယ်ယာမြေသိမ်းဆည်းမှုများဖြစ်ပေါ်ကာ ပြည်နယ်အစိုးရက မဖြေရှင်းနိုင်သဖြင့် သြဂုတ် ၂၅ ရက်နေ့က ဖားအံမြို့တွင် ဒေသခံလယ်သမားများက ဆန္ဒဖေါ် ထုတ်မှုများ ဖြစ်လာခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဖားအံမြို့ခံလည်းဖြစ်၊ ကရင်ယဉ်ကျေးမှုဒုံးဆရာဖြစ်သူ စောမြင့်သူက အစိုးရသစ်လက်ထက် ၂၀၁၀ ရွေးကောက်ပွဲမှ ၂၀၁၄ ကုန်ခါနီးအချိန်ထိ ပြည်နယ်အစိုးရသည် ပြည်နယ်အတွင်းရှိ ဖွံ့ဖြိုးရေး လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ လူထုထံ ချပြခြင်း၊ ဆန္ဒကောက်ယူခြင်းများ မတွေ့ရှိရသေးဟု ကေအိုင်စီသို့ ပြောသည်။

“ကျနော် ကြားနေရတာက ၀န်ကြီးဌာနအသီးသီးတွေမှာ ၀န်ကြီးချုပ်နဲ့ ကာလုံကိုပဲ ကြောက်နေရတယ်။ ကျနော်တို့ ပြည်နယ်ဖွံ့ဖြိုးရေးတွေမှာ အစိုးရက ပွင့်ပွင့်လင်းလင်း လူထုတွေကို ချပြတာ မတွေ့ရသေးဘူး။ ဖွံ့ဖြိုးရေးတွေလည်း ထင်သလောက် ဖြစ်မလာတာကို တွေ့ရတယ်”ဟု စောမြင့်သူက ပြောသည်။

လက်ရှိ ဗဟိုချုပ်ကိုင်မှုစနစ်အပေါ် ကရင်ပြည်နယ် လျှပ်စစ်နှင့် စက်မှုဝန်ကြီးဌာနမှ ၀န်ကြီး စောကြည်လင်း က ပြည်နယ်အစိုးရမှ ချပေးလိုက်သည့် လုပ်ပိုင်ခွင့်နှင့် လုပ်ထုံးလုပ်နည်းများကြောင့် ၀န်ကြီးဌာနအသီးသီးအနေဖြင့် ယခင်က နားလည်မှုအားနည်းခဲ့သည်မှာ မှန်သော်လည်း ယခုအချိန်တွင် နားလည်မှုများရှိ လာပြီး ဖြေလျှော့မှုအချို့ရှိလာပြီဖြစ်သည်ဟု ကေအိုင်စီသို့ ပြောသည်။

စောကြည်လင်းက “ပြည်နယ်အစိုးရအနေနဲ့ အရင်က နားမလည်လို့ရှိခဲ့တယ်။ အခုတော့ နားလည်လာကြ ပြီ။ ဗဟိုထိန်းချုပ်မှု စနစ်တော့ ရှိသေးတာပေါ့။ ဒါပေမယ့် ဖြေလျှော့လို့ရတဲ့အဆင့်တွေ ဖြည်လျော့လိုက်ပါပြီ”ဟု ပြောသည်။

ကရင်ဒီမိုကရက်တစ်ပါတီ(KDP)ကို ပါတီအမှတ်-၅၆ဖြင့် ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီ ၁၁ရက်နေ့တွင် တည်ထောင်ဖွဲ့စည်းခဲ့သည်။

အိုရီဒူး အင်တာနက် အသုံးပြုခ ဈေးနှုန်း လျှော့ချ

DVB

အူရီဒူး အင်တာနက်နှုန်းထားလျော့ချ

ချိုကို

အူရီဒူးက အင်တာနက်နှုန်းထားခများကို ယခင်က1Mbpsကို ၂၅ကျပ် ကောက်ခံရာမှ ၁၀ကျပ်သို့ သြဂုတ် ၃၁ရက်မှ စတင်ကလျော့ချပေးမည်ဟုအူရီဒူးက သြဂုတ် ၃၀ရက်က ထုတ်ပြန်လိုက်သည်။

သို့သော် နေ့စဉ် Data Plan အတွက် နှုန်းထားကိုမူ ပြောင်းလဲခြင်းမရှိပေ။Data Plan အတွက်တစ်နေ့လျှင် 30Mbpsအသုံးပြုခြင်း အတွက် ၅၀၀ကျပ်၊တစ်ပတ်လျှင် 200Mbpsအသုံးပြုခြင်းအတွက် ၃၀၀၀ကျပ်၊ တစ်လလျှင် 1Mbps အသုံးပြုခြင်း အတွက် ၁၂၀၀၀ ကောက်ခံမည်ဖြစ်ပြီး ဖေ့စ်ဘုတ် အခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်။

ယင်းအပြင် အူရီဒူးက ရန်ကုန်မြို့တွင် တာဝါတိုင် ၂၀ တိုးချဲ့ဆောက်လုပ်ပြီး ဖြစ်ကာ သရက်၊ သာယာဝတီ၊ တောင်ငူနှင့်ပြင်ဦး လွင်လေးနေရာတွင်လည်း တာဝါတိုင်များတပ်ဆင်ပြီးဖြစ်သည်ဟု ဆိုသည်။

အူရီဒူးဆင်းကတ်ကို သုံးစွဲသူ ယနေ့အထိ ၉သန်း ရှိနေပြီး စက်တင်ဘာလ၁၅ရက်တွင် ၁၂ဒသမ၃သန်းအထိ ဖြစ်လာမည်ဟုလည်း အူရီဒူးက ခန့်မှန်းထားသည်။

သို့သော် လက်ရှိတွင် အူရီဒူး၏ အင်တာနက် အသုံးပြုမှုနှင့် ဖုန်းအသုံးပြုမှုအတွက် အခက်အခဲများ ရှိနေ၍ ဝေဖန်သံများလည်း ထွက်ပေါ် လျှက်ရှိသည်။

ရခိုင်အစိုးရအဖွဲ့ဝန်ကြီး(၅)ဦး ရာထူးအပြောင်အလဲ နောက်ကွယ်မှ အကြောင်းအရာများ လွှတ်တော်ကိုယ်စားလှယ်များ ထုတ်ဖေါ်ပြောကြား

လင်းမြတ်

များမကြာမီက ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ၀န်ကြီး (၅) ဦး၏ ရာထူးတာဝန် အပြောင်းအလဲနှင့် ပတ်သက်ပြီး နောက်ကွယ်က အကြောင်းအရာများကို ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ ထုတ်ဖေါ်ပြောကြားသည်။

မြေပုံမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းမှ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြည်နယ်ဝန်ကြီး (၅) ဦးအား ကျွမ်းကျင်ရာဌာန အသီးသီးသို့ ပြောင်းလဲခန့်ထားပေးရန် နိုင်ငံတော် သမ္မတထံ တင်ပြခဲ့သဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီး (၅)ဦးကို ဌာနပြောင်းလဲ ခန့်အပ်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

“ မနေ့က ကျင်းပခဲ့တဲ့ ပထမအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေးမှာ သမ္မတကြီးဆီးက ပေးပို့တဲ့ စာကို ဖတ်ပြပါတယ်။ အဲဒီစာထဲမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းရဲ့ တင်ပြမူ အပေါ်မှာ မူတည်ပြီး နေရာပြောင်းလဲ ခန့်အပ်ကြောင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ သမ္မတဆီကနေ ထုတ်ပြန်တဲ့ စာမှာ ဝန်ကြီးအပြောင်းအလဲတွေ လုပ်ဖို့အတွက် ဝန်ကြီးချုပ်ကနေ သမ္မတဆီကို တင်ပြတဲ့စာ အပေါ်မှာ မူတည်ပြီးတော့ ပြောင်းလဲလိုက်တယ်ဆိုပြီးတော့ သမ္မတဦးသိန်းစိန်ရဲ့ စာထဲမှာပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့သို့ ပြောင်းလဲ ခန့်အပ်ရာတွင် ယခင် ရခိုင်ပြည်နယ် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး ဦးအောင်ကျော်မင်းအား လူမှုရေးဝန်ကြီးအဖြစ်လည်းကောင်း၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး ဦးကျော်သိန်းအား ပြည်နယ် ဘဏ္ဍာရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ပြည်နယ် လူမှုရေးဝန်ကြီး ဦးကျော်ခင်အား သစ်တောနှင့် သတ္တုဝန်ကြီးအဖြစ်လည်းကောင်း၊ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမြအောင်အား ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးအဖြစ် လည်းကောင်း၊ ဦးမောင်စံရွှေအား စည်ပင်သာယာရေးဝန်ကြီးအဖြစ် လည်းကောင်း အသီသီး ပြောင်းလဲ တာဝန်ပေးအပ်ခဲ့သည်။

သြဂုတ်လ(၁၁)ရက်နေ့ကလည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် ထိရောက်မြန်ဆန်မှုမရှိဟုဆိုကာ ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြခဲ့ကြောင်း ပေါက်တောမြို့နယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ပြောသည်။

“ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဟာ လုပ်ကိုင်တဲ့နေရာမှာ ထိရောက်မြန်ဆန်မှုမရှိတဲ့အတွက် ဒီဝန်ကြီးတွေကို ဖိအားပေးဖို့အတွက် လွှတ်တော်ကိုယ်စားလှယ် (၁၆)ယောက်က လက်မှတ်ထိုးပြီးတင်ပြခဲ့ကြတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဒီကိစ္စ(ဝန်ကြီးအပြောင်းအလဲ)ဖြစ်လာတယ်လို့ ယူဆတယ်” ဟု ၎င်းက ပြောသည်။

လုပ်ငန်းများအား အရှိန်အဟုန်မြင့်ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် ဝန်ကြီး(၅)ဦးအား ဌာနအပြောင်းအလဲ လုပ်ခဲ့သော်လည်း ဝန်ကြီးများအနေဖြင့် ဌာနဆိုင်ရာဝန်ထမ်းများအား စနစ်တကျ မကိုင်တွယ်ပါက ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးမှာ နဂိုအတိုင်းသာ ရှိမည်ဖြစ်ကြောင်း ဦးတက်ထွန်းအောင်က သုံးသပ် ပြောဆိုသည်။

“တစ်ခုရှိတာက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က ဌာနဆိုင်ရာတွေကို ကိုင်တွယ်လို့ မရဘူးဖြစ်နေတယ်။ ရခိုင်ပြည်နယ်အစိုးရနဲ့ ဝန်ကြီးဌာနတွေဟာ ဌာနဆိုင်ရာတွေကို ထိန်းချုပ်နိုင်မှသာလျှင် အောင်မြင်မယ်လို့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ယူဆပါတယ်။ ကောင်းမလား ဆိုးမလားဆိုတာကတော့ ဌာနဆိုင်ရာတွေကို မကိုင်တွယ်နိုင်ဘူးဆိုရင်တော့ နဂိုအတိုင်းပဲ ဖြစ်မှာပေါ့” ဟု ၎င်းက ပြောသည်။

မြေပုံလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းကလည်း ယခုလိုဆက်ပြောသည်။

”အရင်တစ်ခေါက်လည်း အပြောင်းအလဲဖြစ်ပြီးပြီလေ။ ဆိုလိုတာက အခုအခြေအနေက ခုပြောင်းလိုက်တော့ အခြေအနေတိုးတက်သွားမလားဆိုတာက သိပ်တော့ အပြောင်းအလဲဖြစ်လာမယ်လို့ ကျွန်တော်မထင်ဘူး။ ဒါပေမယ့် စောင့်တော့ ကြည့်ရဦးမှာပေါ့ဗျာ” ဟု ပြောသည်။

လွှတ်တော်သက်တမ်း(၅)နှစ်တာ ကာလအတွင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီးများအား အပြောင်းအလဲ(၂)နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ယခုနေရာပြောင်းလဲခန့်အပ်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်သည်။

လွန်ခဲ့သော ရက်ပိုင်းကလည်း ရခိုင်ပြည်နယ်လွှတ်တော်တွက် ဘဏ္ဍာငွေခွဲဝေသုံးစွဲမှုများနှင့် ပတ်သက်ကာ အငြင်းပွားမှုတစ်ချို့ပေါ်ပေါက်ခဲ့ပြီး၊ ယခု ဝန်ကြီးများအား နေရာပြောင်းလဲခန့်အပ်ခြင်းမှာ ဘက်ဂျက်ငွေကိစ္စနှင့် သက်ဆိုင်နိုင်ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။

NGOများအတွက် စစ်တွေ မြို့ပြင်တွင် ပြည်နယ်အစိုးရ နေအိမ်ဆောက်ပေးမည်

ကေဇူး

ရခိုင်ပြည်နယ်တွင် ဒုက္ခသည်များကို အကူအညီပေးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များကို ပြည်နယ်အစိုးရက စစ်တွေမြို့၏ အပြင်ဘက်၌ သီးခြားနေအိမ်များ ဆောက်လုပ်ပေးမည်ဟုပြည်နယ်အစိုးရ ဆောက်လုပ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးလှဟန်က မဇ္ဈိမကို ပြောသည်။

UN အဖွဲ့များအပါအဝင် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ အနေဖြင့် စစ်တွေမြို့တွင်းတွင် ရုံးခန်းဖွင့်လှစ်ရန် ဒေသခံများထံမှ အိမ်ငှားရန်းရေးကိစ္စ အဆင်မပြေသဖြင့် ထိုသို့ စီစဉ်ခြင်းဖြစ်သည်ဟု ဦးလှဟန်က ပြောသည်။

“ဈေးမြင့်တာ အပါအဝင် အခက်အခဲ တချို့ကြောင့် ဒီမှာ ရုံးခန်းဖွင့်ဖို့အိမ်ငှားမရတဲ့ အဖွဲ့တွေရှိတယ်၊ ဒါကြောင့် ပြည်နယ်အစိုးရ က ဆောက်ပြီးငှားရန်းမှာ ဖြစ်ပါတယ်”ဟုဦးလှဟန်က ဆိုသည်။

စစ်တွေမြို့၏ အနောက်ဘက် မြေကွက်လပ်တွင် ထိုသို့ တည်ဆောက်ပေးရန်စီစဉ်ထားပြီး ဒီဇင်ဘာလတွင် စတင်နိုင်မည်ဟု ဦးလှ ဟန်ကပြောသည်။

မတ်လ ၂၆ နှင့် ၂၇ ရက်များက NGO အဖွဲ့တစ်ခုက သာသနာ့ အလံကိုမဖွယ်မရာပြုသည်ဟု ဆိုကာ စစ်တွေ ဒေသခံအချို့က နိုင်ငံ တကာအကူအညီပေးရေးအဖွဲ့များ၏ရုံးခန်းများကို ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သေးသည်။

“NGO တွေနဲ့ ဒေသခံတွေ ပြသနာမဖြစ်ဖို့က တရားဥပဒေစိုးမိုးဖို့နဲ့၊ အကူအညီပေးရေးလုပ်ငန်းတွေ ပွင့်လင်းမြင်သာဖို့လိုတယ်”ဟု အရေးပေါ်ညှိနှိုင်းရေးအဖွဲ့ ECC အဖွဲ့ဝင် ဦးသန်းထွန်းကြေ ပာသည်။

နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ ၂၀ ခန့် ပြန်လည် အကူအညီပေးရေးလုပ်ငန်းတွေ စတင်နေပြီဖြစ်သော်လည်း အချို့အဖွဲ့များမှာ ဝင်ရောက်နိုင်ခြင်း မရှိသေးပေ။

MSF အပါအဝင် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များကို အစိုးရကပြန်လည် ဖိတ်ခေါ်ထားသည်။ ဒေသခံများကမူ ဒေသတွင်း ပြန်လည်ဝင်ရောက် အကူအညီပေးရေးလုပ်ငန်းများ လုပ်ကိုင်ရန် မာတေဇာ အဖွဲ့နှင့် နယ်စည်းမထားဆရာဝန်များအဖွဲ့MSF ကို ကန့်ကွက်ထားဆဲဖြစ်သည်။

အီဘိုလာ ရောဂါအကြောင်း ကျန်းမာရေး ဟောပြော

DVB