Friday, May 28, 2010

"မဖြစ်မနေမို့လို့ တုံ့ပြန်လိုက်ရတယ်"

ဧရာဝတီ

နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးက စာနယ်ဇင်းသမားတဦးကို ဆံပင်ဆွဲပြီး လည်ပင်း ညှစ်ခဲ့သဖြင့် တရားစွဲခံနေရသည် ဟူသော သတင်းမှာ ယခု ရက်ပိုင်းအတွင်း အများ စိတ်ဝင်စားကြသည့် သတင်းဖြစ်သည်။

ထက်ထက်မိုးဦးသည် ယမန်နှစ်က ဗီဒီယို သရုပ်ဆောင် ဇူးမြတ်ထက်နှင့် လက်ထပ်ခဲ့ပြီး ၂၀၀၉ ခုနှစ် စက်တင်ဘာလတွင် သားတဦး ဖွားမြင်ခဲ့သည်။ သို့သော်လည်း ထိုသားငယ်မှာ မီးတွင်းမှာပင် သေဆုံးခဲ့သည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့အခြေစိုက် 7Day ဂျာနယ်မှ စာနယ်ဇင်းသမားတဦးက ထိုအကြောင်းအရာများကို မေးမြန်းရာ အကယ်ဒမီ ထက်ထက်မိုးဦးက ဒေါသထွက်ပြီး စာနယ်ဇင်းသမားကို ကိုယ်ထိ လက်ရောက် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဧရာဝတီ သတင်းထောက် မင်းနိုင်သူက ထက်ထက်မိုးဦးကို ယနေ့ ဆက်သွယ်ပြီး ပဋိပက္ခဖြစ်ခဲ့ပုံအား မေးမြန်းထားပါသည်။


မေး။ ။ မထက်နဲ့ သတင်းထောက် တယောက်နဲ့ ဆီဒိုးနား ဟိုတယ်မှာ ပဋိပက္ခ ဖြစ်သွားတဲ့ ကိစ္စဟာ ပြည်တွင်း သတင်း လောကမှာ တော်တော်လေး ပျံ့နှံ့နေတယ်လေ။ အဲဒီအချိန်မှာ မထက်ရဲ့စိတ်ခံစားမှုက ဘယ်လိုများ ရှိနေခဲ့တာလဲဗျ။

ဖြေ။ ။ အနုပညာသမားနဲ့ စာနယ်ဇင်းသမား ဆိုတာ ဖေးမ လက်တွဲလို့ အတူတူ လျှောက်ရတာပဲလေ။ မဖြစ်ခင်မှာ သူတို့ တင်ပေး၊ ဖြစ်လာတဲ့အခါမှာလည်း တယောက်နဲ့ တယောက် ကြည်ကြည်ဖြူဖြူနဲ့ သူတို့ လိုအပ်တဲ့ပုံတွေ ရိုက်ပေးခဲ့ကြတာပဲလေ။ ထက်ထက် ကိုယ်ဝန် ၅ လ ခွဲမှာပေါ့ ELEVEN ဂျာနယ်က အင်တာဗျူး လှမ်းလုပ်တဲ့ အခါမှာ ထက်ထက် နေမကောင်းသေးလို့ ခဏလေး စောင့်ပါဦး ဆိုတာကို စိတ်ဆိုးသွားပြီးတော့ ရေးလိုက်တယ်ပေါ့နော်။ ရေးလိုက်တာက မြန်မာပြည်မှာ အိမ်ထောင်ဆက် များတဲ့ မင်းသမီး ဆိုပြီး ရေးလိုက်တဲ့ အခါမှာ ထက်ထက် စာပေ စိစစ်ရေးကို စာ သွားတင်လိုက်တယ်လေ။ ဒီ ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ ပတ်သက်ပြီး မထည့်စေချင်ဘူးလို့ တင်လိုက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ထက်ထက်ရဲ့ကိုယ်ရေးကိုယ်တာ ပြီးခဲ့တာတွေက ပရိသတ်က သိလည်း သိကြပါတယ်။ တတိုင်းပြည်လုံးက ထက်ထက် ဘယ်လို အနေအထားမှာ ရှိလဲ ဆိုတာကို။ ဒါတွေက လိမ်ညာလို့ ရတာတွေလည်း မဟုတ်ဘူး။ ထက်ထက် ကိုယ်တိုင်လည်း ပရိသတ်ကို လိမ်ညာပြီး ဘာမှ မလုပ်ခဲ့ဖူးဘူးလေ။

အဲဒီတော့ ELEVEN သတင်းနဲ့ ပတ်သက်ပြီး စာပေစိစစ်ရေးကို စာ သုံးခါ သွားတင်တယ်။ တင်တော့ စိစစ်ရေးကလူကြီးက ပါပြီးပြီပဲ ဘယ်တတ်နိုင်မလဲ တဲ့။ သူက အဲဒီလို ပြောလိုက်တော့ ကိုယ်လည်း စိတ်အားငယ် စိတ်မကောင်းဖြစ်ရုံပဲ ရှိတာပေါ့လေ။ တော်တော်လေးကို စိတ်မကောင်း ဖြစ်တယ်။ ကိုယ်ဝန်ရှိနေတဲ့ အချိန်မှာ ဆိုတော့ စိတ်ထဲမှာ တမျိုးကြီးပဲ။ ဒီ ကိုယ်ဝန်ကိစ္စနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ ခံစားနေရတာ တမျိုး၊ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ခံစားနေရတာ တမျိုးနဲ့ အကြောင်းတွေက အများကြီး စုပြီး စိတ်မကောင်း ဖြစ်နေရတာ။

စာပေစိစစ်ရေးကို စာသုံးခါ တင်ပြီးတဲ့ အချိန်မှာကို နောက်လ IDEA မဂ္ဂဇင်းမှာ ထပ်ပြီး ပါခဲ့တယ်။ အိမ်ထောင်ဆက်တွေက ဘယ်သူ ဘယ်သူတွေပါပေါ့။ သူတို့ နံပါတ်စဉ်တွေနဲ့ တပ်ပြီး ပါလာခဲ့တော့ ထပ်ပြီး စိတ်ထဲမှာ ခံစားရပြန်တယ်ပေါ့။ ခံစားရတယ် ဆိုတာက ထက်ထက် တယောက်တည်း ကိုယ့်အတွက်ကို ခံစားရတာမျိုး မဟုတ်ပါဘူး။ အခုလက်ရှိ ထက်ထက်ဘေးမှာ ထက်ထက်ကို ကြည့်ရှု ပေးနေတဲ့ ထက်ထက်ရဲ့အမျိုးသားနဲ့ ယောက္ခမကို ထက်ထက် မစော်ကားချင်ဘူးလေ။ ပြဿနာတွေ ထပ် မဖြစ်ချင်ဘူး။ သူတို့လည်း လက်ခံနိုင်လို့ ခွင့်လွှတ်နိုင်လို့ အခုချိန်မှာ အေးအေးချမ်းချမ်း လျှောက်လှမ်းနေကြတာလေ။ သိပြီးသား ကိစ္စကို ဘာဖြစ်လို့ ခဏ ခဏ ထပ် လုပ်နေကြမှာလဲ။

အခုကိစ္စမှာလဲ အရင်ဦးဆုံး ထက်ထက်ကို အင်တာဗျူး လုပ်ချင်လို့ပါ ဆိုတော့ အင်း ... လုပ်ချင်ရင် လုပ်ပေးမယ်လေဆိုပြီး 7Day ရဲ့အင်တာဗျူးကို လက်ခံလိုက်တာ။ ဓာတ်ပုံလည်း ရိုက်ပေးမယ် အင်တာဗျူးလေး လုပ်ပေးမယ် ဆိုတဲ့ ဟာကို လက်ခံလိုက်တာ။ ဒါပေမယ့် အဲဒီ ဆီဒိုးနားမှာ ပွဲအကြီးကြီးလုပ်နေတဲ့အချိန်မှာ ဖြစ်သွားတဲ့ကိစ္စ။ ဒါဟာ ဘယ်သူမှားတယ် မှန်တယ်ဆိုတာ နားထောင်တဲ့သူတိုင်း၊ သိတဲ့သူတိုင်းက ဘယ်သူမှားတယ် မှန်တယ်ဆိုတာ ရှင်းမှာပါ။ ကိုယ်မှန်တယ်လို့လည်း မပြောချင်ဘူး။ ကျမကို ဒီလိုလုပ်လို့ ကျမက ဒီလိုလုပ်တာလို့လဲ မပြောချင်ဘူး။

အဲဒီပွဲမှာ ကိုယ်စင်ပေါ်တက်ပြီးပြောရမယ့် စကားတွေ ခေါင်းထဲမှာ စဉ်းစားနေတဲ့အချိန်မှာ VIP လို့ ရေးထားတဲ့ ၀ိုင်းမှာ ဘေးမှာ (သရုပ်ဆောင်) မယ်လိုဒီ လည်း ရှိတယ်။ နောက် မယ်လိုဒီက ဓာတ်ပုံ ရိုက်စရာ ရှိလို့ ဆိုပြီး ထပြန်သွားတဲ့ အချိန်မှာ သူက ၀င်လာပြီး ကျန်းမာရေး ကိစ္စက စမေးတယ်။ အခု ကောင်းသွားပြီလို့ ထက်ထက်ဖြေတယ်။ နောက်ဆက်မေးတာက မိခင်တယောက်အနေနဲ့ သားသမီး ဆုံးသွားတော့ ဘယ်လို ခံစားရလဲ တဲ့။ ဒီမေးခွန်း မေးသင့်လား မမေးသင့်လား ဆိုတာ မေးတဲ့သူရော မေးခိုင်းတဲ့သူရော စဉ်းစားရမယ်လေ။

မေး။ ။ စင်ပေါ်တက်ပြီး စကားပြောရမယ့် အချိန်ဆိုတော့ အဲဒါမှာက ဘာပွဲ ကျင်းပနေလို့လဲ။

ဖြေ။ ။ ကုန်စည် မိတ်ဆက်ပွဲပါ။

မေး။ ။ စကားပြောရမယ် ဆိုတာက ကုန်စည်မိတ်ဆက်စကားမျိုးလား။

ဖြေ။ ။ ဟုတ်ကဲ့။ ဒီပစ္စည်းတွေကို မင်းသမီးတယောက် အနေနဲ့ ဘယ်လို သုံးခဲ့လဲ ဆိုတာကို ရှင်းပြရမှာပါ။ ဒီပွဲ လုပ်တာကလည်း ထက်ထက်ကို အဓိက ထားပြီးတော့ လုပ်တာလိုမျိုး ဖြစ်နေတယ်လေ။ ဒါကြောင့် ပြောရမယ့် စကားတွေကို သေချာ စဉ်းစားနေရတဲ့ အချိန်ပါ။

မေး။ ။ အခု သတင်းထောက်ဘက်က ရန်ကင်း တရားရုံးမှာ အမှုဖွင့်ထားပြီလို့ ကြားနေရတယ်။ မထက်ဘက်ကရော ဘယ်လို ပြင်ဆင်ထားပြီလဲ။

ဖြေ။ ။ ဘာမှ မပြင်ဘူးရှင့်။

မေး။ ။ တရား ရင်ဆိုင်ဖို့ကို ပြောတာပါ။

ဖြေ။ ။ တရား ရင်ဆိုင်မယ် လို့လည်း မဟုတ်ဘူး။ ရင်မဆိုင်ဘူးလည်း မဟုတ်ဘူး။ ထက်ထက် စိတ်ထဲမှာ ဘာမှ မရှိဘူး။

မေး။ ။ ရန်ကင်း တရားရုံးကရော မထက်ကို အကြောင်းကြားတာ ရှိပြီလား။

ဖြေ။ ။ မရှိပါဘူး။

မေး။ ။ အခုချိန်ထိ မရှိသေးဘူးပေါ့နော်။

ဖြေ။ ။ ဟုတ်။ မရှိပါဘူး။

မေး။ ။ မထက်ဘက်က အခုဒီကိစ္စနဲ့ ပတ်သက်ပြီး စာပေ စိစစ်ရေးကနေ နောက် စာနယ်ဇင်းတွေကို ဖော်ပြခွင့်မပေးပါနဲ့ဦး ဆိုပြီး ပုဂ္ဂိုလ်ရေးရာ အရ တင်ပြ တောင်းဆိုထားတာ ရှိနေတယ် လို့ ကြားရပါတယ်။ စာပေစိစစ်ရေးက ဘယ်လို အကြောင်း ပြန်ပါသလဲ။

ဖြေ။ ။ တင်ပြထားတယ် ဆိုတာ အရင်တခေါက် ထက်ထက် ကိုယ်ဝန်ရှိနေတုန်းက စာ ၂ ခါ ၃ ခါ သွားတင်လိုက်တာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ အနုပညာသမားနဲ့ စာနယ်ဇင်းသမား ဆိုတာ သူတို့လည်း သူတို့အလုပ် လုပ်ကြသလို ပရိသတ် တွေကလည်း မင်းသမီး၊ မင်းသားတွေကို ချစ်ကြတယ်ပေါ့နော်။ ဒီအပေါ်မှာ အားလုံးဟာ ကိုယ့်ဘ၀ကို ကောင်းတာပဲ ဖြစ်ချင်တာပဲ။ ဆိုးတာတော့ ဘယ်ဖြစ်ချင်ပါ့မလဲ။ လူတိုင်း လူတိုင်း ဒီလိုပဲ။ ဒါပေမယ့် သူတို့က မေးတယ် ဆိုတာကလည်း စည်းမျဉ်း စည်းကမ်းလေး ရှိသင့်တာပေါ့။ ပြီးတော့ VIP ၀ိုင်းမှာ သူများအလုပ်လုပ်နေတဲ့အချိန်မှာ ၀င်မေးတယ် ဆိုတာက လာ နှောင့်ယှက်တာနဲ့ အတူတူပဲလေ။

မေး။ ။ အဲဒီပွဲမှာ တွေ့ဆုံဖို့ကို မထက်က ချိန်းဆိုလိုက်တာလို့ ကြားပါတယ်။

ဖြေ။ ။ ဟုတ်တယ်။ အဲဒီမှာ တွေ့ဖို့ ပြောလိုက်တာ။ ဒါပေမယ့် အဲဒီပွဲဝိုင်းထဲမှာ မေးဖို့အတွက် VIP ၀ိုင်းမှာ လာထိုင်ဖို့ အတွက် သူ့ကို မခေါ်ဘူး။

မေး။ ။ အခုပဋိပက္ခကို စာနယ်ဇင်းတွေမှာ မဖော်ပြဖို့ တင်ပြထားတဲ့ အပေါ် စိစစ်ရေးက ဘယ်လို တုံ့ပြန်လဲဗျ။

ဖြေ။ ။ ဘာမှတော့ အကြောင်း မပြန်ဘူး။ ဒါပေမယ့် သတင်းကြားတာ VOICE ဂျာနယ်ကို ခဏ ပိတ်လိုက်တယ်လို့ ကြားတယ်လေ။

မေး။ ။ စိစစ်ရေးကို ဘယ်ရက်ပိုင်းက တင်ပြခဲ့တာလဲဗျ။

ဖြေ။ ။ တင်ပြတာကတော့ ထက်ထက်က အမြဲ လိုလိုကို ပြောထားပါတယ်။ လူကြီးတွေကိုလေ။ မလိုလားအပ်ဘဲနဲ့ကတော့ ကိုယ်ရေး ကိုယ်တာ ကိစ္စတွေ၊ ကိုယ်မှ မဟုတ်ဘူး တခြား မင်းသမီး၊ မင်းသားတွေ အတွက်လည်း မဖော်ပြစေချင်ဘူး။ ထက်ထက် အခုချိန်မှာ ခေါင်းတွေလည်း ခြောက်နေတယ်။ အေးအေး ဆေးဆေးပဲ နေချင်တယ်။ အဲဒီ ပြဿနာတွေလည်း လုပ်ခဲ့တာတော့ လုပ်ခဲ့တာပေါ့။ သူတို့လုပ်လို့ ကိုယ် ဒီလိုမျိုး တုံ့ပြန်မှုက မဖြစ်မနေမို့လို့ တုံ့ပြန်လိုက်ရတယ်။ ဒါပေမယ့် နောက်ဆက်ပြီး ဘာပြဿနာမှ ထက်ထက် မဖြစ်ချင်တော့ဘူး။

မေး။ ။ တကယ်လို့ ရန်ကင်းတရားရုံးက ဆင့်ခေါ်တာမျိုး ရှိလာရင် ဘယ်လို ရင်ဆိုင်မယ်လို့ စီစဉ်ထားလဲ။

ဖြေ။ ။ ဘယ်လို ရင်ဆိုင်မလဲ ဆိုတော့ ကိုယ်က သူများကို မဟုတ်တာ လုပ်ခဲ့တာလည်း မဟုတ်ဘူး။ ကွယ်ရာမှာ ချောင်းရိုက်တာလည်း မဟုတ်ဘူးလေ။ ဒီလိုမျိုး လုပ်လို့ ဒီလိုမျိုး ဖြစ်ရတယ်ဆိုတာ အကြောင်းရှိလို့ အကျိုး ဖြစ်လာတယ် ဆိုတာကို နားထောင်ကြည့်တဲ့ တရားရုံးကလည်း သိမှာပါ။

မေး။ ။ ရှေ့နေတွေ ငှားဖို့ရော ပြင်ထား ပြီးပြီလား။

ဖြေ။ ။ မပြင်ပါဘူး။ ဘာမှ မပြင်ဘူး။


တရုတ်ဝန်ကြီးချုပ် မြန်မာ့နိုင်ငံရေးကိစ္စ ဇောင်းပေး ပြောကြားဖွယ်ရှိ

သျှမ်းသံတော်ဆင့်

တရုတ်နိုင်ငံဝန်ကြီးချုပ် ၀မ်ကျားပေါင်သည် တောင်ကိုးရီးယား ဂျပန် မွန်ဂိုလီးယား နှင့် မြန်မာ စသည့် နိုင်ငံများသို့ မေ ၂၈ ရက်မှ ဇွန် ၃ ရက်နေ့အထိ ၇ ရက်တာ ခရီးလှည့်လည်မည်ဖြစ်ရာ မြန်မာနိုင်ငံသို့ ဇွန် ၂ ရက်နေ့တွင် ရောက်ရှိမည် ဖြစ် ကြောင်း သိရသည်။

မြန်မာနိုင်ငံခရီးစဉ်တွင် ၀န်ကြီးချုပ်မစ္စတာဝမ်သည် နအဖအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ၀န်ကြီးချုပ် ဦးသိန်းစိန် တို့နှင့် တွေ့ဆုံမည် ဖြစ်သည်။

နအဖအကြီးအကဲများနှင့်တွေ့ဆုံစဉ် မစ္စတာဝမ်အနေဖြင့် ရွေးကောက်ပွဲနှင့် တိုင်းရင်းသားလက်နက်ကိုင်ကိစ္စများကို အဓိက ထား ဆွေးနွေးဖွယ်ရှိကြောင်း တရုတ်နယ်စပ် စစ်ရေးနိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက သျှမ်းသံတော်ဆင့်သို့ သုံးသပ်ပြောကြားသည်။

“အချက် (၃) ချက် အဓိကထားဆွေးနွေးနိုင်တယ်၊ ပထမက ၂၀၁၀ရွေးကောက်ပွဲပြဿနာကို မုချပြောမှာပဲ၊ ကြားရသ လောက် ဆိုရင် ရွေးကောက်ပွဲကို ဒီထက်သင့်တင့်လျှောက်ပတ်တဲ့ အနေအထားမျိုးကို တရုတ်ဘက်က လိုလားတယ် ဒါမှ လည်း သူတို့ဘက်ကထောက်ခံလို့ရမယ်ပေါ့ဗျာ၊ အခု NLD မပါတဲ့အတွက် နအဖရဲ့ရွေးကောက်ပွဲကို တရုတ်က ထောက် ခံဖို့ခက် တယ်” ဟု သူက ဆိုသည်။

တရုတ်နယ်စပ်ဒေသများရှိ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး အာခံနေသည့် တိုင်းရင်းသား လက်နက်ကိုင်များ အရေးသည် တရုတ်နိုင်ငံ၏အကျိုးစီးပွားနှင့် တိုက်ရိုက်ဆက်နွယ် နေသောကြောင့် ဆွေးနွေးမည့်အထဲတွင် အဆိုပါကိစ္စလည်းပါဝင် ဖွယ်ရှိသည်ဟု သူကဆက်ပြောသည်။

“နယ်စပ်ပြဿနာနဲ့ပတ်သက်လို့ အေးအေးဆေးဆေးဖြေရှင်းဖို့ပေါ့၊ အရင်တုန်းကလည်းပြောခဲ့တယ် အခုလည်း ထပ်ပြော နိုင်တယ်။ ကျနော်တစ်ဦးတည်း အမြင်ပြောရရင် တရုတ်ပြည်ကတော့ တိုက်တာခိုက်တာကို မလိုလားဘူးထင်တယ်၊ တရုတ်ရဲ့ မြန်မာပြည်အပေါ်ထားတဲ့ ပေါ်လစီက နှစ်မျိုးလို့ထင်တယ်”

“သူ့ရဲ့ အကျိုးစီးပွားရှိနေတော့ ပြည်တွင်း ပြဿနာတွေအပေါ်မှာ နအဖနဲ့သိပ်အတိုက်အခံမလုပ်ဘူး၊ နအဖ ဘက်က ရပ်တည်တာပေါ့၊ နယ်စပ်ကတော့ သူနဲ့တိုက်ရိုက်ပတ်သက်တော့ ဒါကိုမုချ သူဖြေရှင်းရမှာပဲ၊ တတိယအနေနဲ့တော့ စီးပွား ရေးကိစ္စတွေ ဂက်စ်နဲ့ ရေနံပိုက်လိုင်းကိစ္စတွေ ဆွေးနွေးနိုင်တယ်” ဟု သူက ဆိုသည်။

အာရှနှင့်ပစိဖိတ်ဒေသရေးရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကဒ်ကင်းဘဲလ် (Mr. Kurt Campbell) ၏ မေ ၉ ရက် မြန်မာပြည်ခရီးစဉ်အပြီး တရုတ်ခေါင်းဆောင်များထံ မြန်မာ့နိုင်ငံရေးကိစ္စ သွားရောက်ဆွေးနွေးခဲ့ သေးသည်။

တရုတ်ဝန်ကြီးချုပ်သည် ဘရူနိုင်း မြန်မာ အင်ဒိုနီးရှား နိုင်ငံများသို့ ဧပြီလကုန်ပိုင်းက အလည်အပတ်သွားရန် စီစဉ်ထား သော်လည်း ဧပြီလ ၁၄ ရက်နေ့၌ တရုတ်နိုင်ငံအတွင်း ငလျှင်လှုတ်ခတ်ခဲ့သဖြင့် ခရီးစဉ်ဖျက်သိမ်းခဲ့ရသည်။

၁၉၉၄ နှင့် ၂၀၀၁ တွင် တရုတ်ဝန်ကြီးချုပ်လီပင်းနှင့် သမ္မတကျန်ဇီမင်းတို့ မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့အပြီး တတိယအကြိမ် တရုတ်ထိပ်တန်းခေါင်းဆောင်တစ်ဦး မြန်မာနိုင်ငံသို့ သွားခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ လျှပ်စစ် မီဂါဝပ် ၇၀၀ ဘင်္ဂလာဒေခ်ျ့ ၀ယ်ယူမည်

Narinjara News

ဘင်္ဂလာဒေ့ခ်ျနိုင်ငံသည် သူ့နိုင်ငံ အတွက် အထူးလိုအပ်နေသည့် လျှပ်စစ်မီးကို မြန်မာနိုင်ငံမှ မီဂါဝပ် ၇၀၀ ၀ယ်ယူကာ ဖြည့်ဆည်းသွားမည် ဖြစ်ကြောင်း နာမည်ကြီး ဘင်္ဂလီ သတင်းစာ The Daily Ittefaq ယနေ့တွင် ရေးသားဖော်ပြသည်။

လွန်ခဲ့သော တနင်္ဂနွေနေ့က မြန်မာနိုင်ငံမှ လျှပ်စစ်မီး ၀ယ်ယူရေး ကိစ္စကို ဘင်္ဂလာဒေခ်ျ့ အရာရှိကြီးများက မြန်မာနိုင်ငံမှ လာရောက်သော ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးစဉ် ထိုသို့ သဘောတူညီမူ ရရှိခဲ့သည်ဟု သတင်းစာက ရေးသား ဖေါ်ပြသည်။



ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ၀န်ကြီးချုပ်အကြံပေးအရာရှိ Dr. Tawfiq-e-Elahi Chowdhury အပါအ၀င် ဘင်္ဂလာဒေခ်ျ့ ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံမှ ဒါတင် Darton Ltd ကုမ္ပဏီ ဒုတိယ အုပ်ချုပ်ရေးမှူး ဟန်ထန်းလီ ခေါင်းဆောင်သည့် အဖွဲ့ဝင် ၆ ဦးတို့ တနင်္ဂနွေ နေ့က တွေ့ဆုံခဲ့ပြီးနောက် အဆိုပါ သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

အလားတူ မြန်မာအဖွဲ့သည် တနင်္လာနေ့ကလည်း ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှ Power Development Board (PDB)မှ အုပ်ချုပ်ရေးမှုးနှင့် Power Grid Company of Bangladesh (PGCB) ကုမ္ပဏီမှ ညွန်ကြားရေးမှူးနှင့်လည်း တွေ့ ဆုံခဲ့သည်ဟု ပြောသည်။

မြန်မာနိုင်ငံမှ လျှပ်စစ်ကို ဖလောင်းချိတ်ခရိုင် မြောက်ဘက် တက်ကနက်မြို့မှ မြန်မာဘက်သို့ ကီလိုမီတာ ၁၀၀ အတွင်း ဓါတ်အားပေးစက်ရုံတခု ထားရှိပြီး ယင်းစက်ရုံမှတဆင့် ဘင်္ဂလာသို့ရောင်းချရန် မြန်မာဘက်မှ ပြောကြားသည်ဟု သတင်းစာက ရေးသားသည်။

ရခိုင်ပြည်နယ်ရှိ လေးမြို့ချောင်း၊ မအီချောင်းနှင့် စိုင်းတင်ချောင်းမှ ရေအား လျှပ်စစ် မီကာဝပ် ၈၀၀ ထုပ်လုပ်နိုင် မည်ဖြစ်ပြီး အဆိုပါ ၈၀၀ ထဲမှ ၇၀၀ ကို ဘင်္ဂလာဒေခ်ျ့မှ ၀ယ်ယူမည်ဟု အဆိုပါ သတင်းစာမှ ဖော်ပြသည်။

ယခု အစီအစဉ်မှာ ၂၀၀၇ ခုနှစ်က မြန်မာနိုင်ငံမှ လျှပ်စစ်ဓါတ်အား ၀ယ်ယူရန် ဘင်္ဂလာဒျေ့် အစိုးရမှ စီစဉ်ခဲ့ပြီး နောက်ပိုင်း ပေါ်ထွက်လာသော သဘောတူညီမူ ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံသည် ယခုအခါ လျှပ်စစ် ဓါတ်အား ထုတ်လုပ်ရန် ရုရှား အကူ အညီဖြင့် နျူးကလီယားသုံး ဓါတ်ပေါင်းဖိုများ နိုင်ငံအတွင်းတွင် တည်ဆောက်ရန် စီစဉ်နေပြီး လွန်ခဲ့သော အပတ်ကလည်း အိန္ဒိယ ထရိပူရပြည်နယ်မှ လျှပ်စစ်ဓါတ်အား ၀ယ်ယူရန်လည်း အိန္ဒိယနှင့် သဘောတူ လက်မှတ် ရေးထိုးခဲ့သည်။


သွေးဆူတတ်သော ကလေးများ


ရန်လိုတတ်တာဟာ ဘယ်လူ့အဖွဲ့အစည်းမှာမဆို ပြဿနာ ရှိပါတယ်။ ဆိုလိုတာက ကလေးပဲဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ် အဲဒီ သူနဲ့ အနီးဆုံးသူတွေ၊ မိသားစုနဲ့ နောက်ဆုံး သူနေထိုင်နေတဲ့ လူ့အဖွဲ့အစည်းအထိ ရိုက်ခတ်ပြဿနာ ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ အခု ကျနော်တင်ပြမှာကတော့ သွေးဆူရန်လိုတတ်တဲ့ ကလေးတွေနဲ့ ပတ်သက်ပါတယ်။ ကလေးတွေရဲ့ ရန်လိုတတ်တဲ့ အပြုအမူတွေဟာ တိုးများလာတာကို တွေ့ရပြီး လူကြီးတွေကတော့ အဲဒါဟာ ပြဿနာတခု ဟုတ်မဟုတ်ဆိုတာကို ပြောဖို့ မကြာခဏ အခက်အခဲ ရှိလာတတ်ပါတယ်။ အဲဒါတွေအားလုံးဟာ ခင်ဗျားတို့ရဲ့ အခြေအနေနဲ့ အမြင်ပေါ်မှာ မူတည်နေပါတယ်။


တချို့ဖြစ်ရပ်တွေမှာတော့ ရန်လိုတတ်တဲ့ အပြုအမူဟာ ကလေးတယောက်ကို ဘေးအန္တရာယ်ကနေ အကာအကွယ်ပေးနိုင်တာမျိုးလည်း ရှိပါတယ်။

ရန်လိုတဲ့အပြုအမူကို အိမ်ထောင်သုံးပစ္စည်းတွေ ဒါမှမဟုတ် တခြားပစ္စည်းတွေ ပျက်စီးအောင် အင်အားသုံးတာ၊ တခြားလူတွေကို ရုပ်ပိုင်းအရ တိုက်ခိုက်ရန်ပြုတာ၊ ဒါမှမဟုတ် တခြားသူတွေကို ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ မဖွယ်မရာ ပြောဆိုတာ၊ သရော်မော်ကားလုပ်တာ၊ စော်ကားတာတွေပါတဲ့ လုပ်ဆောင်မှုတွေနဲ့ အဓိပ္ပာယ် သတ်မှတ်ဖော်ဆောင်လို့ ရပါတယ်။

ယေဘုယျအားဖြင့်တော့ ရန်လိုပြောဆိုတတ်တဲ့ အပြုအမူဟာ အကြိမ်ရေ များလာတဲ့အခါ တင်းမာမှု တိုးများလာတဲ့အခါ ဒါမှမဟုတ် ကလေးရဲ့ နေ့စဉ်ဘဝကို ထိခိုက်လာတာမျိုးနဲ့ မိသားစု၊ မိတ်ဆွေသူငယ်ချင်း၊ ဆရာဆရာမတွေနဲ့ ဆက်ဆံရေးကို ထိခိုက်လာတဲ့အခါ ပြဿနာတခု ဖြစ်လာတတ်ပါတယ်။

တကယ်လို့ ရန်လိုတတ်တဲ့ အပြုအမူတွေကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းကို ဆွေးနွေးပြောဆိုမှု မှန်မှန်ကန်ကန် ကိုင်တွယ်ကုသမှု မလုပ်တဲ့အတွက် အဲဒီကလေးဟာ သူတို့ရဲ့ ရန်လိုတတ်တဲ့ အပြုအမူကို မရပ်ဆိုင်းနိုင်ဖြစ်လာပြီး အရွယ်ရောက်တဲ့အထိ ပါသွားတတ်ပါတယ်။ နိဂုံးရလဒ်ကတော့ ဘဝတိုးတက်မှုနဲ့ မိသားစုဘဝ နှစ်ခုလုံးပေါ်မှာ မကောင်းတဲ့ သက်ရောက်မှု ဖြစ်လာစေမယ့် ဘဝတခုကို ပြဿနာတွေက အန္တရာယ်ပြု ဒုက္ခပေးလာမှုပဲ ဖြစ်ပါတယ်။

မိဘတွေက ပြဿနာတွေကို ရန်လိုမှုနဲ့ တုံ့ပြန်ကြတဲ့အခါမှာတော့ သူတို့ဟာ အဲဒီရန်လိုမှု အပြုအမူကို သူတို့ရဲ့ ကလေးတွေဆီကို ကူးပြောင်းပေးလိုက်သလိုပါပဲ။ တကယ်လို့ အဲဒီစက်ဝိုင်းဟာ ကျိုးပြတ်မသွားဘူးဆိုရင်တော့ အနာဂတ်မျိုးဆက်တွေအထိ အဲဒီအပြုအမူက ပြဿနာတွေကို ဆက်ပြီး ဖန်တည်းပေးသွားနိုင်တယ်လို့ ဆိုရပါမယ်။
ကလေးတွေရဲ့ ရန်လိုတတ်တဲ့ အပြုအမူရဲ့ နောက်က အကြောင်းရင်းကတော့ အချက် ၃ ချက်ပေါ်မှာ မူတည်နေပါတယ်။

* စိတ်ပိုင်းဆိုင်ရာ အချက်အလက်များ
ဦးနှောက်ဖွဲ့စည်းပုံနဲ့ ဦးနှောက်ထဲမှာ နာဗ့်ဆဲလ်တွေကို အချက်ပြမှုတွေ သယ်ဆောင်ပေးတဲ့ အလုပ်ကို လုပ်ကြတဲ့ ဓာတုအေးဂျင့်တွေရဲ့ အဆင့်တွေပါ။ အဲဒါတွေဟာ ကလေးတွေရဲ့ စိတ်လှုပ်ရှားမှုတွေကို တိုက်ရိုက်သက်ရောက်စေပြီး ကလေးတွေကို စိတ်ဆိုးအောင်၊ ပျော်ရွှင်အောင် ဒါမှမဟုတ် ဝမ်းနည်းကြေကွဲအောင် လုပ်ဆောင်ပေးပါတယ်။

* စိတ်လှုပ်ရှားမှုဆိုင်ရာ အချက်အလက်များ
အဲဒါတွေကတော့ ကလေးရဲ့ ကိုယ်ရည်ကိုယ်သွေး အမျိုးအစားနဲ့ ဆက်စပ်ပါတယ်။ အဲဒါက ကလေး တယောက်ဟာ ပျော့ပျော့ပျောင်းပျောင်း ရှိကောင်းရှိမယ်၊ ဒါမှမဟုတ် ပျက်စီးကောင်း ပျက်စီးနေမယ်လို့ ဆိုနိုင်တဲ့ စိတ်လှုပ်ရှားမှုဆိုင်ရာ တည်ငြိမ်မှုကို ပြဋ္ဌာန်းပေးပါတယ်။

* ပတ်ဝန်းဆိုင်ရာ အချက်အလက်များ
အဲဒါတွေကတော့ မိသားစုထဲမှာ ရန်လိုတတ်တဲ့ ဒါမှမဟုတ် ရိုင်းပြတဲ့ အပြုအမူ၊ တီဗီ ဗီဒီယိုဂိမ်းတွေနဲ့ ရုပ်ရှင်တွေမှာ တွေ့ရတတ်တဲ့ ရန်လိုတဲ့ အပြုအမူတွေရဲ့ နမူနာတွေကို ရည်ညွှန်းပါတယ်။

ကလေးတွေရဲ့ ရန်လိုတဲ့ အပြုအမူဟာ အများအားဖြင့် စိတ်ရောဂါကု ဆရာဝန်တယောက်ရဲ့ အကူအညီကို လိုအပ်တဲ့ စိတ်လှုပ်ရှားမှုဆိုင်ရာ ပြဿနာတွေကနေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် စိတ်အပြောင်းအလဲ မြန်စေတတ်တဲ့ စိုးရိမ်သောက ဒါမှမဟုတ် စိတ်ဓာတ်ကျမှု၊ ရန်လိုမှုနဲ့ အာရုံဝင်စားမှု တိုတောင်းခြင်းတွေကို ခံစားနေရတဲ့ ကလေးတွေပါ။ အဲဒီလို ကလေးမျိုးတွေဟာ သူတို့တွေရဲ့ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ဖို့ အခက်အခဲရှိနေတတ်ကြပြီး ပိုပြီး ရန်လိုလာတတ်ကြတာကို တွေ့ရပါတယ်။

ရန်လိုတတ်တဲ့ အပြုအမူရှိတဲ့ ကလေးတွေကို နည်းလမ်းနှစ်ခုနဲ့ အကူအညီပေးနိုင်ပါတယ်။ အဲဒါတွေကတော့ ရန်လိုမှု ဖြစ်ပေါ်မလာခင် ကာကွယ်ခြင်းနဲ့ ရန်လိုမှု ဖြစ်ပေါ်လာတဲ့အခါ ရောဂါလက္ခဏာတွေကို ပြုစုကုသပေးခြင်း ဖြစ်ပါတယ်။

ရန်လိုတတ်တဲ့ အပြုအမူ ပေါ်ပေါက်မလာခင်မှာ ကာကွယ်ခြင်းအတွက် ကောင်းမွန်တဲ့ မိဘသွန်သင်ညွှန်ပြမှု လိုအပ်ပါတယ်။ သူတို့တွေရဲ့ စိတ်လှုပ်ရှားမှုတွေကို အင်အားမသုံးဘဲ ပြဿနာတွေ ဖြေရှင်းဖို့ ဖန်တည်းမှုရှိတဲ့ နည်းလမ်းတွေ အသုံးပြုပြီး ကြင်ကြင်နာနာ၊ ပျော့ပျော့ပျောင်းပျောင်း ပြောဆိုတာဟာ သူတို့ရဲ့ စိတ်လှုပ်ရှားမှုတွေကို ထိန်းချုပ်ပေးထားတာတွေ အားလုံးဟာ ကလေးတွေအတွက် အပြုသဘောဆောင်တဲ့ နမူနာတွေ ဖြစ်ပါတယ်။

တကယ်လို့ မိဘတွေအနေနဲ့ အဲဒီလို လုပ်မပေးနိုင်ဘူးဆိုရင် ကလေးတွေဟာ အပြုအမူကောင်းကို သင်ယူတဲ့ နေရာမှာ အခက်အခဲ ရှိပါလိမ့်မယ်။ မိဘတွေအနေနဲ့ နမူနာတခုကို ချမှတ်ပေးဖို့ လိုအပ်ရုံသာမကပါဘူး၊ သူတို့တွေရဲ့ စိတ်မချမ်းမသာ ဖြစ်နေတဲ့ ခံစားမှုတွေကို ဘယ်လို ကောင်းကောင်းမွန်မွန် ဖော်ပြရမယ်ဆိုတာကို သင်ပေးကြရပါလိမ့်မယ်။ ကလေးတယောက်ဟာ တခြားသူတွေရဲ့ ခံစားမှုတွေကို စဉ်းစားပေးဖို့ကိုလည်း တတ်သိနားလည်ထားရပါလိမ့်မယ်။ ၁ ကနေ ၁ဝ အထိ ရေတွက်ပြီး ဒေါသတရားကို ပြေအေးစေတာ၊ အသက်ရှူလေ့ကျင့်ခန်း လုပ်တာာ၊ ကောင်းမွန်တဲ့ အပြုအမူအတွက် ကလေးတယောက်ကို ဘယ်လိုခွင့်လွှတ် ဒါမှမဟုတ် ချီးမွန်းပြောဆိုရမယ်ဆိုတာတွေကို သင်ယူတာမျိုးတွေဟာ သူတို့ကို သင်ကြားပေးနိုင်တဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

မိဘတွေအနနဲ့ ကလေးတွေ ကြည့်ရှူလို့ရတဲ့ မီဒီယာအမျိုးအစားတွေကိုလည်း စောင့်ကြည့်ကြီးကြပ်ဖို့ သင့်ပါတယ်။ အလွန်အကျွံကြီး ရန်လိုတဲ့ အပြုအမူ လှုပ်ရှားမှုတွေ ပါဝင်တဲ့ ဗီဒီယိုဂိမ်းတွေ၊ တီဗီဇာတ်လမ်းတွေနဲ့ ရုပ်ရှင်တွေကို ရှောင်ရှားသင့်ပါတယ်။

တခြား ကာကွယ်ရေး လုပ်ဆောင်မှုတခုကတော့ မိသားစုဝင်တိုင်း တယောက်နဲ့ တယောက် ရင်းရင်းနှီးနှီး၊ နီးနီးကပ်ကပ် ဖြစ်စေနိုင်တဲ့၊ နွေးထွေးကောင်းမွန်တဲ့ မိသားစုဝန်းကျင် အခြေအနေလေးတခုကို ဖန်တီးပြုလုပ်ပေးတာပဲ ဖြစ်ပါတယ်။ အဲဒီလို ဝန်းကျင်အခြေအနေမျိုးမှာဆိုရင် ကလေးတွေဟာ သူတို့ရဲ့ စိတ်လှုပ်ရှားမှုတွေကို ထိန်းချုပ်တတ်ပြီး ကျေနပ်ပျော်ရွှင်မှုရှိတဲ့ လူတယောက်အဖြစ် ကြီးပြင်းလာနိုင်မှာ ဖြစ်ပါတယ်။

ရန်လိုတတ်တဲ့ ကလေးတွေကို အကူအညီပေးနိုင်ဖို့ ..

* ကလေးကို ထိတွေ့ဆက်ဆံပြီး ခင်ဗျားတို့ဟာ သူတို့ရဲ့ ခံစားမှုကို လက်ခံကြောင်း ပြောပြပါ။ ဒါပေမဲ့ ရန်လိုတဲ့ အပြုအမူကိုတော့ လက်မခံပါနဲ့။ သူတို့ကို သူတို့ရဲ့ ခံစားမှုတွေကို ပိုပြီး ကောင်းမွန်သင့်လျော်တဲ့ နည်းလမ်းတခုနဲ့ ဖော်ပြဖို့ အကြံပေးပါ။ ဥပမာ …

“မေမေက မင်း စိတ်ဆိုးတာကို နားလည်ပါတယ်၊ ဒါပေမဲ့ ဒီလိုမျိုး အိမ်က ပစ္စည်းတွေကို ဖျက်ဆီးလို့တော့ မဖြစ်ဘူးလေ၊ တကယ်လို့ မင်း သိပ်စိတ်ဆိုးနေတယ်ဆိုရင် အဲဒီဒေါသကို ခေါင်းအုံးတွေကို ပစ်ပေါက်လို့ပဲဖြစ်ဖြစ် အရုပ်တွေကို ထိုးကြိတ်လို့ပဲဖြစ်ဖြစ် ဖွင့်ထုတ်ပစ်လို့ ရတာပဲလေ” လို့ ပြောတာမျိုး။

* တကယ်လို့ ကလေးတယောက်ဟာ အိမ်ကပစ္စည်းတွေကို ဖျက်ဆီးပစ်ပြီး ရန်လိုတတ်တဲ့ အပြုအမူကို အလွန်အကျွံ ပြသလာပြီဆိုရင်တော့ လူကြီးတွေအနေနဲ့ ချက်ချင်း ကြားဝင်ဆောင်ရွက်ဖို့ လိုအပ်ပါလိမ့်မယ်။ ကလေးကို ဆုပ်ကိုင်လို့ပဲဖြစ်ဖြစ်၊ ပွေ့ဖက်လို့ပဲဖြစ်ဖြစ် နောက်ထပ် အဲဒီလိုအဖြစ်မျိုး ထပ်မဖြစ်အောင် ကာကွယ်ပေးရပါမယ်။

* လူကြီးတွေအနေနဲ့ ကလေးတွေ ပြောတာကို နားထောင်ပြီး ဖြစ်ရပ်အပေါ် သူတို့ရဲ့ ဘက်ကနေ ဘယ်လိုမြင်တယ် ဆိုတာကို ရှင်းပြဖို့ အခွင့်အရေးပေးရပါမယ်။ ကလေးဟာ အမြဲတမ်း မှားယွင်းနေတယ်လို့ မယူဆပါနဲ့။ တခါတလေမှာ ကလေးတယောက်က လိုချင်နေတာ အားလုံးဟာ လူကြီးတယောက်က သူတို့ကို နားထောင်ပေးဖို့ပါပဲ။

* ကလေးတယောက် ရန်လိုဒေါသပေါက်ကွဲရာကနေ ပြေအေးသွားပြီဆိုတာနဲ့ လူကြီးတယောက်က သူတို့အနေနဲ့ အဲဒီလိုမျိုး မပြုမူသင့်တဲ့အကြောင်း ရှင်းပြသင့်ပါတယ်။ ရှင်းပြတာကို ဖြစ်နိုင်သမျှ တိုတောင်းပြီး တိတိကျကျ ဖြစ်စေသင့်ပါတယ်။

* အပြစ်ရှာတဲ့ ဒါမှမဟုတ် သူတို့ဟာ မကောင်းဘူး၊ ဆိုးတယ်၊ ကလိန်ကညစ်ကျတယ်၊ ရန်လိုတယ်၊ ဒါမှမဟုတ် လူပေလူတေ ကလေးလို လုပ်တတ်တယ်၊ ဒါမျိုး အငုံ့စိတ်ကို ဖြစ်ပေါ်စေတဲ့ စကားလုံးမျိုးတွေကို ရှောင်ပါ။ ခင်ဗျားတို့အနေနဲ့ သူတို့ကို ဆူမှဖြစ်မယ်ဆိုရင်လည်း ဆူလိုက်ပါ။ ပြီးတာနဲ့ ”အဖိုးကို ဒုတ်တွေနဲ့ ပစ်တာကိုတော့ မေမေ မကြိုက်ဘူး” ဆိုတာမျိုး သူတို့ရဲ့ လုပ်ရပ်ကို ဦးတည်ပြောပါ။

* ကလေးတွေကို သူတို့ရဲ့ လုပ်ရပ်တွေပေါ်မှာ သူတို့ကိုယ်တိုင် တာဝန်ယူပါစေ။ ဥပမာအားဖြင့် ဒေါသဖြစ်လို့ ဝုန်းဒိုင်းကြဲခဲ့တုန်းက သူတို့ ရှုပ်ပွပေညစ်အောင် လုပ်ခဲ့တာတွေကို သူတို့ဘာသာ ပြန်ပြီး ရှင်းလင်းသန့်စင်သင့်ပြီး၊ တကယ်လို့ သူတို့ ရိုင်းပြသွားတယ်ဆိုရင် ခွင့်လွှတ်ဖို့ လူကြီးတွေကို တောင်းပန်သင့်ပါတယ်။ သူတို့ရဲ့ မုန့်ဖိုးကို သိမ်းယူတာမျိုး၊ သူတို့ရဲ့ တီဗီဂိမ်း ဗီဒီယိုဂိမ်းတွေကို ယူသွားတာမျိုး အရေးယူတာလောက်နဲ့ မလုံလောက်ပါဘူး။

ကလေးတယောက်ရဲ့ အပြုအမူကို ပြုပြင်တည့်မတ်ပေးတဲ့ အလုပ်ဟာ မလွယ်ပါဘူး။ အဲဒါဟာ ပိုင်းဖြတ်ချက်၊ အားထုတ်ဆောင်ရွက်မှုနဲ့ ရှေ့နောက်ညီညွတ်မှုတွေ အများကြီး လိုအပ်ပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ အောင်မြင်သွားမယ်ဆိုရင်တော့ အားထုတ်ကြိုးစားကျိုး နပ်ပါတယ်။ တကယ်လို့ လူကြီးတွေအဖြစ် ကျနော်တို့ဟာ တည်ငြိမ်အေးဆေးတဲ့ စိတ်သဘောထား ရှိမယ်ဆိုရင် ကျနော်တို့ရဲ့ လူ့အဖွဲ့အစည်းဟာ အများကြီး အကျိုးကျေးဇူး ရနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကနေ့ အခက်အခဲပေါင်းစုံနဲ့ စိန်ခေါ်မှုတွေ များပြားလှတဲ့ အချိန်ကာလမှာ ကျနော်တို့ဟာ ငြိမ်းချမ်းမှုနဲ့ ညီညွတ်မှုတွေကို မလွဲမသွေ လိုအပ်နေလို့ပဲ ဖြစ်ပါတယ်။

တကယ့်တကယ်ကတော့ ကမ္ဘာတဝှန်းလုံးမှာရှိတဲ့ လူ့အဖွဲ့အစည်းတိုင်းက လူတွေမှာ လူကြီးတွေပဲဖြစ်ဖြစ်၊ ကလေးတွေပဲဖြစ်ဖြစ် သွေးဆူရန်လိုမှုတွေ များလာတာဟာ မကောင်းပါဘူး။ မိသားစုရန်ပွဲ၊ ပြည်တွင်းစစ်တွေကနေ နိုင်ငံတကာစစ်ပွဲ (ကမ္ဘာစစ်) တွေအထိ တောက်လောင်ဖြစ်ပွားလာနိုင်ကြောင်း သတိထားသင့်ကြပါတယ်။ ။

ယနေ့ မြန်မာ့ရေးရာ သတင်းများ May,28th,2010

( 43 )အမေရိကန် လွှတ်တော် အမတ်များ စစ်အစိုးရကို ဝေဖန်ပြစ်တင်

( 42 )Junta to Reshuffle Regional Commanders

( 41 )မင်္ဂလာဈေးမီးကြောင့် ဆေးဈေးကွက် ထိခိုက်

( 40 )Suu Kyi ‘would snub US senator’

( 39 )ယာဉ်တိုက်မှုဖြစ် ဒုက္ခသည်များ ဇွန် ၃ ရက်နေ့ အမေရိကန်သွားမည်

( 38 )US Senators Condemn Burma's Regime

( 37 )မြစ်ဆုံဒေသမှ ကျေးရွာအား အဓမ္မပြောင်းရွှေ့

( 36 )Cementing ties with Asian neighbors

( 35 )မင်္ဂလာဈေး မီးလောင်မှု ဆိုင်ခန်းရှင်များကို ငွေချေးမည်

( 34 )Than Shwe’s Electronic Dream

( 33 )ထက်ထက်မိုးဦးသတင်း ပြည်သူများ စိတ်ဝင်စား

( 32 )Chinese companies based in Myanmar donate necessities to orphans

( 31 )သက်တမ်းတိုးရန် ဆေးမစစ်ရသေးသည့် မြန်မာအလုပ်သမားများ စိုးရိမ်

( 30 )U.N. sees North Korea exporting nuclear technology

( 29 )ဆန်ကုန်သည်အသင်း ဥက္ကဋ္ဌဟောင်း စစ်ဆေးခံရ

( 28 )N Korea ‘masking’ Burma weapons trade

( 27 )ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံပေါင်း လမ်းလျှောက်ဆုတောင်းပွဲလုပ်မည်

( 26 )Htoo Company Harvesting Teak from Largest Forest Reserve in Arakan

( 25 )ဒေါ်အောင်ဆန်းစုကြည်ထံ ဗြိတိန် ဝန်ကြီးချုပ် နောက်ဆုံး စာတစောင်ရေး

( 24 )Burmese demonstrates anger against military junta

( 23 )စစ်အစိုးရကို လူ့အခွင့်အရေး အဖွဲ့ ဝေဖန်

( 22 )ဘိန်းဘုရင်နှင့် ဆက်စပ်သော Transocean ကုမ္ပဏီ မြန်မာ့ရေပြင်တွင် ရေနံတူးနေ

( 21 )ပူးတွဲ စစ်ဆင်နွဲရန် လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ သဘောတူ

( 20 )Burmese Demonstrates Anger against Junta

( 19 )ပြည်သူ့ရွေးကောက်ပွဲ ရွှေ့ပြောင်းလုပ်သားများ မဲပေး

( 18 )Suu Kyi's supporters mark 1990 poll victory

( 17 )ရွေးကောက်ပွဲအနိုင်ရ အထိမ်းအမှတ်ကျင်းပ

( 16 )Chinese Premier leaves for four-nation tour, third three-party leaders' meeting

( 15 )တာမွေ အဖွဲ့ချုပ် လူငယ်တစ်ဦးကို ထောင် ၁၀ နှစ် ထပ်ချ

( 14 )Myanmar NLD splinter group puts up application for new party formation

( 13 )၂၀၁၀ ရွေးကောက်ပွဲ ကန့်ကွက် ရှုတ်ချရေး ကမ္ဘာတစ်ဝှမ်းတွင် ပြုလုပ်

( 12 )Protest in Sri Lanka against Aung San Suu Kyi's detention

( 11 )မွန်ပြည်သစ်ပါတီ တပ်အသွင် ကူးပြောင်းရေး သဘောထား ကွဲလွဲ

( 10 )A Sad Ceremony Marks a Great Victory

( 9 )NLD တရားဝင် ရပ်တည်မှုကို စစ်အစိုးရဖျက်လို့ မပျက်နိုင်

( 8 )The Invaluable Culture of Asia: The Many Names of Burma

( 7 )ရွေးကောက်ပွဲ ရေရှည် အပြောင်းအလဲအတွက် လမ်းပွင့်နိုင်ဟု ICG သုံးသပ်

( 6 )Confident NDF Leaders Register Their Party

( 5 )အာဏာမလွှဲခြင်းကြောင့် တပ်မတော်သမိုင်း အကျည်းတန်

( 4 )Ethnic Groups Enter Alliance

( 3 )မြန်မာ့ လူ့အခွင့်အရေးအခြေအနေ ဆိုးသထက်ဆိုး

( 2 )AI Names Burma as Human Rights Abuser

( 1 )လူထုဆန္ဒပြခဲ့တာ အနှစ် (၂၀) ကြာခဲ့ပြီ

Thursday, May 27, 2010

နအဖ ရွေးကောက်ပွဲဆန့်ကျင်ရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအခမ်းအနား ပြုလုပ်

ဖြိုးကြီး။ ၂၇၊ ၅၊ ၂၀၁၀

၉၀ ရွေးကောက်ပွဲ နှစ် (၂၀)ပြည့်နှင့် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုနေ့ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်း က ထိုင်း-မြန်မာ နယ်စပ်တွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ “ဒီနေ့လုပ်တဲ့ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုဆိုတာက ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပင်မလှုပ်ရှားမှုရဲ့ လုပ်ငန်းစဉ် ဖြစ်တယ်၊ ကျနော်တို့က ရွေးကောက်ပွဲကို မလိုလားတာ မဟုတ်ဘူး၊ စစ်အုပ်စုပြုလုပ်မဲ့ ရွေးကောက်ပွဲဟာ မြန်မာပြည်မှာ ဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်ခြင်း မရှိဘူး၊ အဲဒါကြောင့် ကျနော်တို့ ဆန္ဒပြကန့်ကွက်တာ ဖြစ်တယ်၊ လူထုက လိုအပ်တဲ့ ရွေးကောက်ပွဲမျိုးသာလုပ်ပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ဒီပွဲကို ပြုလုပ်တာ ဖြစ်တယ်” ဟု တပ်ပေါင်းစု (၁၀)ခု နိုင်ငံခြားရေးရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (FACT) တာဝန်ခံ ကိုသွင်လင်းအောင်က ပြောသည်။

ရွေးကောက်ပွဲသည် ဒီမိုကရေစီစနစ်၏ အခြေခံအဆင့်တခုဖြစ်သော်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူလူထုအား ဖိနှိပ်ထားပြီး စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် ပြုလုပ်ထားခြင်းဖြစ်သည်ကို နိုင်ငံတကာ ပြည်သူလုထုက သိရှိပြီး သက်ဆိုင်ရာ အစိုးရများကို တွန်းအားပေးကာ စစ်အစိုးရအား ဖိအားပေးနိုင်အောင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ကိုသွင်လင်းအောင်က ဆက်ပြောသည်။


“အဲလိုတပြိုင်နက်တည်း ပြည်တွင်းမှာ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ၊ လူထုရဲ့ အံတုမှုတွေကို နိုင်ငံတကာလူထုတွေကို သိအောင်လုပ်ဖို့ ရည်ရွယ်ထားတယ်၊ ပြည်တွင်းမှာဆိုရင် တိုင်းရင်းသားအင်အားစုတွေ၊ NLD အဖွဲ့တွေက ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်နေကြပြီ အဲဒါကို ကျနော်တို့ အပြင်မှာ ရှိနေတဲ့လူထုအနေနဲ့ သူတို့နဲ့ တသားတည်း ရှိတယ်ဆိုတာကို ပြသတဲ့အနေနဲ့ လုပ်ဆောင်သွားခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။

ထို့အပြင် စစ်အစိုးရ ပြုလုပ်မည့် ရွေးကောက်ပွဲသည် ပြည်သူလူထု တကယ်ကြုံတွေ့နေရသည့် စားဝတ်နေရေး အခက်အခဲ၊ ပြည်သူလူထု၏ အခြေခံလူ့အခွင့်အရေးများ ရမည်မဟုတ်ကြောင်းနှင့် လက်ရှိလက်နက်ကိုင် တိုက်ပွဲဝင်နေသည့် တိုင်းရင်းသား၏ တိုင်းရင်းသားတန်းတူရေး အခွင့်အရေးများ၊ ကိုယ်ပိုင်ပြဌာန်းခွင့်များ ရရှိမည်မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဥက္ကဌ ဦးဘိုသောင်းက ပြောသည်။

“၉၀ တုန်းက အနိုင်ရခဲ့တဲ့ အမတ်အချို့က အခုရွေးကောက်ပွဲဝင်မယ်ဆိုရင် အဲဒီလူတွေက (၉၀) ခုနှစ်တုန်းက ပြည်သူလုထုကို ဘယ်လိုကတိပေးပြီး ဝင်ခဲ့သလဲ၊ အဲဒီကတိတွေကို သူတို့ဖျက်ကြမှာလား၊ ဒီလိုနည်းနဲ့ ဒီမိုကရေစီ ပန်းတိုင်ရောက်မှာ မဟုတ်ဘူး၊ ကနေ့ အခြေအနေအောက်မှာ သူတို့ကိုယ်တိုင် ကြုံတွေ့နေရပြီး၊ မှတ်ပုံတင်တဲ့ ကိစ္စ၊ လွယ်လွယ်ကူကူ ရသလား၊ ပါတီမှတ်ပုံတင်တာ အခုထိ မကျသေးတဲ့ အဖွဲ့ရှိတယ်၊ ရွေးကောက်ပွဲ ဝင်တော့ရော အနိုင်ရမှာလား၊ ဘာဘဲဖြစ်ဖြစ် သူတို့နောင်တများများရကြပါလိမ့်မယ်၊ ပြည်သူလူထုရဲ့ အထင်အမြင်လွဲခြင်းကို အများကြီးခံရနိုင်ပါတယ်” ဟု ဦးဘိုသောင်းက ဆက်ပြောသည်။

အဆိုပါ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု အခမ်းအနားအတွင် ပြည်သူလွှတ်တော်ကိုယ်စားများအဖွဲ့ ဒုဥက္ကဌ ဆိပ်ကမ်းမြို့နယ် အမတ် ဒေါ်စန်းစန်းက “ ၉၀ ရွေးကောက်ပွဲတုန်းက အနိုင်ရပြီး အခု ထပ်ပြီးအရွေးခံဦးမယ်ဆိုတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေဟာ ဦးဝင်းတင် ပြောသလိုဆိုရင် သစ္စာဖောက်လို့ဘဲ သတ်မှတ်ရမှာပါ၊ ကျမတို့အနေနဲ့လည်း ပြည်သူတွေအပေါ်မှာ လုပ်ပေးဖို့ အများကြီး ကျန်ပါတယ်၊ ဒီမိုကရေစီကို မဖော်ဆောင်နိုင်ခဲ့ဖူး၊ စစ်အာဏာရှင်စနစ်ကို အပြီးသတ် မချေမှုန်းနိုင်ခဲ့ဘူး၊ ဖက်ဒရယ် အစိုးရတရပ်ကို ပေါ်ထွန်းအောင် မလုပ်ဆောင်နိုင်ခဲ့ဘူး၊ ကျမတို့ မလုပ်နိုင်ခဲ့တဲ့ အတွက် မဲဆန္ဒရှင် ပြည်သူတွေကိုလည်း တောင်းပန်ချင်ပါတယ်၊ ကျမတို့ တက်နိုင်သမျှ အိုးပစ်အိမ်ပြစ်၊ မိသားစုဘဝတွေကိုပြစ်ပြီး တော်လှန်ရေးနယ်မြေမှာ ဆက်လက်တိုက်ပွဲဝင်နေပါတယ်၊ နောက်လည်း ဆက်လုပ်နေဦးမှာပါဆိုတာ ပြောချင်ပါတယ်” ဟု ပြောသည်။

ယနေ့ပြုလုပ်သည့် ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေး Global Campaigning ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုကို တပ်ပေါင်းစု ၁၀ ခုက ဦးဆောင်၍ အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား အစရှိသည့် နိုင်ငံပေါင်း (၁၅) နိုင်ငံတွင် ပြည်သူများလက်မှတ်ရေးထိုးသည့် မဲပြားများကို စုပေါင်း၍ သက်ဆိုင်ရာ အစိုးရများထံ ပေးပို့ရန် လုပ်ဆောင်သွားမည်ဟု သိရသည်။


၂၀၁၀ ရွေးကောက်ပွဲကို မြန်မာနိုင်ငံသားများ ကန့်ကွက်မဲ စတင်ပေး

ရဲရင့် / ၂၇ မေ ၂၀၁၀

နအဖကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုအနေဖြင့် ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲများကို နိုင်ငံတကာ၌ ယနေ့စတင်ကျင်းပရာ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် မြန်မာအလုပ်သမားမျာက ကန့်ကွက်မဲများ ပေးကြသည်။

ယနေ့ ကျရောက်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ၁၉၉၀ ပြည့်နှစ် ပါတီစုံ ရွေးကောက်ပွဲ အနိုင်ရ အနှစ် (၂၀) ပြည့် အထိမ်း အမှတ် နေ့၌ မြန်မာ့ ဒီမို ကရေစီရေး လှုပ်ရှား ဆောင်ရွက် နေသည့် အဖွဲ့ကြီး (၁၀) ဖွဲ့မှ ကမကထပြု ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ ကန့်ကွက် ဆန္ဒ ထုတ်ဖော်ပွဲတွင် မြန်မာ အလုပ်သမား များက လာရောက် ဆန္ဒ ထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။



ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲ၏ သဘာပတိအဖွဲ့ဝင် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့် (JACBA) အဖွဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးက “စစ်အုပ်စုရဲ့မတရားဖိနှိပ်ချုပ်ချယ်မှုတွေကို အလုပ်သမားတွေက နည်းစနစ်ကျကျ သဘောပေါက်ပြီး အသည်းကြားက မဲတပြားဟာ ကိုယ့်ရဲ့ ရွေးချယ်ပိုင်ခွင့်ဖြစ်တယ် ဆိုတာကို မှန်မှန်ကန်ကန်အသုံးချပြီး ဘယ်လိုတရားမျှတအောင် ဖော်ဆောင်မှာလည်းဆိုတာ သိရှိနိုင်ဖို့ ရည်ရွယ်ချက်နဲ့ မြန်မာအလုပ်သမားတွေကို ဖိတ်ကြားတာ ဖြစ်တယ်” ဟု ပြောသည်။

ဆန္ဒထုတ်ဖော်ခဲ့ကြသည့် အလုပ်သမားများကလည်း ၂၀၁၀ ရွေးကောက်ပွဲကို မိမိတို့တတ်နိုင်သည့်ဘက်က ၀ိုင်းဝန်းဆန့်ကျင်ကြခြင်းဖြစ်ပြီး ပြည်တွင်းရှိ အလုပ်သမားများနှင့် လူထုတရပ်လုံးကို တိုက်တွန်းနိုးဆော်လို၍ဖြစ်သည်ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

မယ်ပအထည်ချုပ်စက်ရုံမှ ကိုလှမောင်က “ပြည်တွင်းပြည်ပက အလုပ်သမားထုရဲ့အားက အာဏာရှင်ကို ဆန့်ကျင်တိုက်ဖျက်ရာမှာ အဓိက အင်အားကြီးတရပ်ဖြစ်တယ်။ ပြည်ပမှာ ကျနော်တို့ တတ်နိုင်တဲ့ဘက်က ဆန့်ကျင်ကြသလို ပြည်တွင်း အလုပ်သမားထုတွေကလည်း ဒီရွေးကောက်ပွဲ ဆန့်ကျင်မှုမှာ ပူးပေါင်းပါဝင်နိုင်ဖို့ နိုးဆော်တာဖြစ်တယ်" ဟု ပြောသည်။

လုံခြုံရေးအခြေအနေအရ ကန့်ကွက်ပွဲသို့ လာရောက်ရန် အခက်အခဲရှိသည့် စက်ရုံအလုပ်ရုံများမှ မြန်မာအလုပ်သမားများက ၎င်းတို့ လက်မှတ်ရေးထိုးထားသည့် ဆန့်ကျင်ကန့်ကွက်သည့် မဲလက်မှတ်များကို အလုပ်သမားအရေး ဆောင်ရွက်နေသူများ မှတဆင့် ပေးပို့ခဲ့ကြသည်။

အဆိုပါ ဆန့်ကျင်ကန့်ကွက်ပွဲများကို အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ ကနေဒါ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် အပါအ၀င် နိုင်ငံပေါင်း (၁၅) နိုင်ငံတွင်လည်း ယနေ့ တပြိုင်တည်း ကျင်းပပြုလုပ်သည်ဟု တပ်ပေါင်းစု (၁၀) ဖွဲ့၏ ညှိနှိုင်းရေးမှူး ကိုသွင်လင်းအောင်က ပြောသည်။

၎င်းက “ဒီနေ့လှုပ်ရှားမှုကတော့ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုပဲ။ နအဖစစ်အုပ်စုက လုပ်နေတဲ့ ရွေးကောက်ပွဲဟာ လူထုလိုအပ်ချက်တွေနဲ့ ကိုက်ညီမှုမရှိဘူး။ မြန်မာပြည်မှာရှိနေတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းပေးနိုင်ခြင်းမရှိဘူး။ အဲဒီရွေးကောက်ပွဲကို ဆန့်ကျင်ပြီးတော့ ကျနော်တို့ လိုလားတဲ့ ရွေးကောက်ပွဲကို လိုချင်တယ်ဆိုတာကို ပြည်သူလူထုကနေပြီး ဆန္ဒဖော်ထုတ်တဲ့ပွဲကို ဒီနေ့ လုပ်တာဖြစ်တယ်” ဟု ပြောသည်။

ကမ္ဘာလုံးဆိုင်ရာ ဆန့်ကျင်ကန့်ကွက်ဆန္ဒ ထုတ်ဖော်ပွဲမှရရှိသည့် ကန့်ကွက်မဲများကို သက်ဆိုင်ရာနိုင်ငံများ၏ အစိုးရများမှတဆင့် ဖိအားပေးတောင်းဆိုမှုများ ပြုလုပ်နိုင်ရန်နှင့် အာဆီယံဒေသတွင်းမှ မဲပြားများကို အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်ပစ်ဆူဝမ်ထံသို့ ပေးပို့မည်ဖြစ်သည်။

ဆန့်ကျင်ကန့်ကွက် ဆန္ဒထုတ်ဖော်ပွဲသို့ မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်နေသည့် တပ်ပေါင်းစု (၁၀) ဖွဲ့မှ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြပြီး ကန့်ကွက်မဲများ ပေးခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က နအဖ တဖက်သတ်ရေးဆွဲထားသည့် ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းမကျသည့်အတွက် တရားမျှတမှုမရှိသည့် ဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံတင်ခြင်းကို လက်မခံကြောင်း ကြေညာခဲ့သည်။

ဓနုတ် စေတီ ပြန်လည် ပြုပြင်၊ ဗိုလ်ချုပ်မှူးကြီးမိသားစု မလှူဒါန်းဟု ဆို

အောင်သက်ဝိုင်း Thursday, May 27, 2010

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစု ဦးဆောင် ပြုပြင်မွမ်းမံခဲ့ ပြီးနောက် မကြာခင် ပြိုကျခဲ့သော ရန်ကုန်တိုင်း ဒလမြို့နယ်ရှိ ရှေးဟောင်း သမိုင်းဝင် ဓနုတ် စေတီကြီး ပြန်လည် ပြုပြင်ရန် စတင် လုပ်ဆောင် နေကြောင်း သိရသည်။

ဓနုတ် စေတီကြီး ပြုပြင်ရန် အတွက် ရွှေသံလွင် ကုမ္ပဏီက လေ့လာမှုများ ပြုလုပ်နေပြီ ဖြစ်သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုက ဦးစီး လှူဒါန်းမှုများ ပြုလုပ်တော့မည် မဟုတ်ကြောင်း စေတီ ဂေါပက အဖွဲ့နှင့် နီးစပ်သူ တဦးက ပြောဆိုသည်။

ဒလ ဒေသခံ အာဏာပိုင် တဦးကလည်း “ဒီတခေါက် စေတီ ထီးတင်တာ၊ စိန်ဖူးတော် တင်တာတွေကို နိုင်ငံတော် အကြီးအကဲ မိသားစုဝင် တွေက လုပ်မှာ မဟုတ်ဘူး၊ ဒေသခံ အာဏာပိုင် လူကြီးတွေ၊ ရပ်ရွာက လူတွေကပဲ ဦးစီး လုပ်ကြဖို့ ရှိတယ်”ဟု ဧရာဝတီသို့ ပြောဆိုသည်။

“ဓနုတ်စေတီပြန်တည်ဖို့ မြေတိုင်းတာတွေ စလုပ်နေပြီ၊ အဓိက က မြေသား အပျော့အမာ စစ်ဆေးတာတွေ ရွှေသံလွင် ကုမ္ပဏီက လုပ်နေတယ်”ဟုလည်း ၎င်းကဆိုသည်။

ယင်း သမိုင်းဝင် ဓနုတ်စေတီကြီးကို ၂၀၀၉ ခုနှစ် မေလ ၇ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင် ဦးစီး၍ ထီးတော် တင်လှူပြီးနောက်၂၃ ရက် အကြာ မေလ ၃၀ ရက်နေ့ ညနေ ၃ နာရီ ၅ မိနစ်ခန့်တွင် ပြိုကျခဲ့ခြင်း ဖြစ်သည်။

ဓနုတ်စေတီကြီးပြိုကျခဲ့စဉ်က ထူးခြားသော လက္ခဏာများဖြစ်သည့် ရုတ်တရက် အမှောင်ကျခြင်း၊ မီးလုံးအနီကြီးများ ဖြတ်သန်း ခြင်းနှင့်မပြိုကျမီ ညပိုင်းအချိန်များက စေတီကြီး ၏အရိပ်သည် ထီးတော်မပါဘဲ ကောင်းကင်တွင် ဖူးတွေ့ရခြင်းများဖြစ်ပေါ်ခဲ့ ကြောင်း ဒေသခံများက ပြောပြသည်။

ထို ဓနုတ်စေတီကြီးကို ရှေးဘုရင်အဆက်ဆက် ပြုပြင်ထိန်းသိမ်းခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ ဇနီး ဒေါ်ကြိုင်ကြိုင်က ယတြာချေ သည့်အနေဖြင့် ထီးတော်တင်လှူခြင်းဖြစ်ကြောင်းလည်း ဒလဒေသခံများအကြား ပြောဆိုမှုများရှိခဲ့သည်။

“ဒီစေတီကြီးကို ဘုရင်မကြီး ရှင်စောပုကိုယ်တိုင်ပြုပြင်ထိန်းသိမ်းခဲ့ဖူးတယ်။ ဒေါ်ကြိုင်ကြိုင် ကလည်း ဘုရင်မတပါးအဖြစ် သူ့ကိုယ် သူ သတ်မှတ်ပြီး ယတြာသဘောနဲ့ ထီးတော်တင်ခဲ့တာကြောင့် ပြိုကျတာဆိုပြီး လူတွေကြားမှာ ပြောဆိုကြတယ်”ဟု ဒလဒေသခံ တဦးက ပြောသည်။

စေတီပြိကျမှုကြောင့် လူ ၂၀ ထက် မနည်း သေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရခဲ့သည်ဟု ဒေသခံများက ပြောဆိုခဲ့ကြသော်လည်း စစ်အစိုးရက လူ ၂ ဦး သေဆုံးပြီး ၃၄ ဦး ဒဏ်ရာ ရသည်ဟု ထုတ်ပြန်ခဲ့သည်။

စစ်အစိုးရပိုင် သတင်းစာများတွင် ဘုရားပြိုကျခြင်းသည် စေတီပြုပြင်သူများက ဘုရားကြီးကို မူလပုံစံအတိုင်း ဖြစ်စေလိုသည့် ကြိုးပမ်း တည်ဆောက်ရာမှ မျှော်မှန်းမထားသည့် ၀န်ပိုများကြောင့် စေတီတော် ကိုယ်လုံးတော်ပိုင်းဆိုင်ရာ ထိခိုက်ပြီး ပြိုကျ ပျက်စီးခြင်းဖြစ်ကြောင်းနှင့် မိုးမကျမီ စေတီတော်ကြီးအပြီးသတ် ပြင်ဆင်နိုင်ရေး အမြန်ကြိုးစား မွမ်းမံ တည်ဆောက်ကြရာတွင် အရည်အသွေးဆိုင်ရာ လိုအပ်ချက်များ ရှိခဲ့သည့်အတွက် ပြိုကျရခြင်းဖြစ်သည်ဟု လည်းထုတ်ပြန်ခဲ့သည်။

ဓနုတ်စေတီကြီးကို သာသနာ သက္ကရာဇ် ၂၄၀ ပြည့်နှစ်တွင် မြတ်စွာဘုရားဆံတော် နှစ်ဆူနှင့် ဓာတ်တော် ၂၄ ဆူကို ဌာပနာပြီး လေးသည်ရွာတွင် သထုံမင်း စူဠသီရိမာသောက အထောက်အပံ့ ဖြင့်တည်ထားခြင်းဖြစ်ကြောင်း၊ စတင်တည်ထားချိန်က ဒုန္နိဂ္ဂဟ စေတီ ဟူသော ဘွဲ့အမည်တွင်ပြီး နောင်တွင် ဓနုတ်စေတီဟု ပြောင်းလဲလာခြင်း ဖြစ်ကြောင်း ဘုရားသမိုင်းတွင် ဖော်ပြထားသည်။

ဓနုတ်စေတီကြီးကို ဘုန်းတန်ခိုးကြီးမားသော ဘုရင်မင်းအဆက်ဆက်က ပြုပြင်ကိုးကွယ်ခဲ့ရာ မြန်မာ သက္ကရာဇ် ၇၁၅ ခုနှစ်တွင် ဟံသာဝတီ ဘုရင် ဗညားဦးက လည်းကောင်း၊ ၇၅၆ ခုနှစ်တွင် ဘုရင် သုတသောမ ရာဇဓိရာဇ် က လည်းကောင်း ပြုပြင်တည်ထား ကိုးကွယ်ပြီး သက္ကရာဇ် ၈၁၉ ခုနှစ်တွင် ငလျင်လှုပ်ပြိုကျရာ ရှင်စောပု ဘုရင်မကြီးက ပြန်လည်ပြုပြင်ကြောင်း၊ သက္ကရာဇ် ၈၁၉ ခုနှစ် တွင် ဓမ္မစေတီမင်း က လည်းကောင်း၊ သက္ကရာဇ် ၉၀၁ ခုနှစ်တွင် တောင်ငူဘုရင် တပင်ရွှေထီး ကလည်း ကောင်း၊ ၉၂၆ ခုနှစ်တွင် ဘုရင့်နောင် က လည်းကောင်း၊ ၁၀၀၆ ခုနှစ်တွင် သာလွန်မင်းက လည်းကောင်း၊ ၁၀၄၁ ခုနှစ် တွင် မင်းရဲကျော်ထင် က လည်းကောင်း၊ ၁၁၇၃ ခုနှစ်တွင် ဘိုးတော်မင်းတရား က လည်းကောင်း အသီးသီးပြုပြင် တည်ထားခဲ့ကြကြောင်း မှတ်တမ်းများ အရ သိရသည်။

ကချင်ပြည်နယ် မီးရထားသံလမ်းတွင် မိုင်းဗုံးတွေ့

ခိုင်လင်း / ၂၇ မေ ၂၀၁၀

၁၉၉၄ ခုနှစ် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) အပစ် ရပ်စဲရေး ပြုလုပ်ပြီး နောက်ပိုင်း မီးရထား သံလမ်း ဗုံးခွဲ သည့်ဖြစ်ရပ် များ ငြိမ်သက်ခဲ့သည့် ကချင်ပြည်နယ် အတွင်းတွင် ပထမဆုံး အကြိမ်အဖြစ် မီးရထား သံလမ်း၌ ဗုံးများ တွေ့ရှိခဲ့သည်။


ယမန်နေ့ နံနက်ပိုင်း၌ မြစ်ကြီးနားမြို့နှင့် နန်းကွေ့ဘူတာအကြား မီးရထားသံလမ်းပေါ်တွင် မိုင်းဗုံးများ တွေ့ရှိခဲ့ရာ မြစ်ကြီးနား-မန္တလေး မီးရထားသွားလာမှုများ ခေတ္တရပ်ဆိုင်းခဲ့ရကြောင်း၊ ဒေသခံတို့မှာ ယခုကဲ့သို့ မိုင်းတွေ့သည့်ကိစ္စနှင့်ပတ်သက်၍ စိုးရိမ်ထိတ်လန့်နေကြောင်း မြစ်ကြီးနားဒေသခံတဦးက ပြောသည်။

၎င်းက “မိုင်းဗုံးက မီးရထားသံလမ်းမှာ တွေ့တာ။ မြစ်ကြီးနားအထွက်နားမှာ ဒီကနေ သိပ်မဝေးဘူး။ မနေ့က မန္တလာ အမြန်ရထားတောင် ပုံမှန်ဆို နေ့လယ် (၁) နာရီခွဲထွက်တာ။ ညနေ (၃) နာရီကျော်မှ ထွက်နိုင်ခဲ့တယ်။ ဗုံးရှင်းလင်းရေး လုပ်နေလို့တဲ့။ အခုလို ဗုံးကိစ္စက ကေအိုင်အို ငြိမ်းချမ်းရေးလုပ်ကတည်းက ပထမဆုံး ပြန်ကြားလာရတာပဲ။ လူတွေလည်း ကြောက်နေကြတယ်။ ဗုံးတွေ တကယ်ပဲ ခွဲတော့မှာလားဆိုပြီး စိုးရိမ်ကြတယ်” ဟု ပြောသည်။

ယနေ့ထုတ် နအဖပိုင် သတင်းစာများတွင်လည်း မေ (၂၆) ရက်၊ နံနက် (၁ဝ) နာရီ (၃၅) မိနစ်ခန့်၌ မြစ်ကြီးနားနှင့်နန်းကွေ့ဘူတာအကြား မီးရထားသံလမ်းအောက်တွင် တီအန်တီ ယမ်းတုံး (၄ဝဝ) ဂရမ်ပါ အတုံး (၃ဝ)၊ (၂ဝဝ) ဂရမ်ပါ အတုံး (၂ဝ)၊ စနက်တံ (၆) ခု၊ ဆားကစ် (၃) ခုနှင့် ဓာတ်ခဲများ စသည့် ဖောက်ခွဲရေးပစ္စည်းများ တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

မြစ်ကြီးနားမြို့အနီးတွင် ယခုကဲ့သို့ ဗုံးတွေ့ရှိခြင်းမှာ ထူးခြားမှုဖြစ်သကဲ့သို့ ကေအိုင်အို အပေါ် ဖိအားပေးသည့်အနေဖြင့် လုပ်ဆောင်ခြင်းလည်းဖြစ်နိုင်ကြောင်း မြစ်ကြီးနားမြို့ခံ ကချင်အမျိုးသားတဦးက ပြောသည်။

၎င်းက “ကေအိုင်အို ငြိမ်းချမ်းရေး မလုပ်ခင်တလျှောက်လုံး ဗုံးတွေ ခဏခဏကွဲခဲ့တယ်။ အဲဒီတုန်းကတော့ ဗုံးကွဲတိုင်း ကေအိုင်အိုကို လက်ညိုးထိုးခဲ့တယ်။ ကေအိုင်အိုက နယ်ခြားစောင့်တပ်ကိစ္စ လက်မခံတာ မှန်ပေမယ့် အခုအချိန်ထိ ဆွေးနွေးနေတုန်းပဲ။ အပစ်ရပ်စဲရေးလည်း အခုချိန်ထိ မပျက်သေးဘူး။ ကေအိုင်အိုက အဲလိုလုပ်တော့ကော သူ့အတွက် ဘာမှ အကျိုးမရှိတဲ့အပြင် အကျိုးတောင် ယုတ်စေနိုင်သေးတယ်။ ကေအိုင်အိုကို အကျပ်ကိုင်ချင်လို့ နအဖကိုယ်တိုင်လုပ်တာလည်း ဖြစ်နိုင်တယ်ဆိုပြီး ဝေဖန်နေကြတယ်” ဟု ပြောသည်။

ဧပြီလ (၁၇) ရက်က ဧရာဝတီ မြစ်ဆုံရေကာတာစီမံကိန်းတွင် ဗုံးများဆက်တိုက်ပေါက်ကွဲခဲ့ပြီး တရားခံ အစစ်အမှန်ကို မဖော်ထုတ်နိုင်သော်လည်း အာဏာပိုင်များက ဒေသခံအများအပြားကို ဖမ်းဆီးစစ်ဆေးခဲ့ရာတွင် ကေအိုင်အိုအဖွဲ့အား ထောက်ခံကူညီနေသည့် လူငယ်များ၊ ကချင်အမျိုးသားများလည်း ဖမ်းဆီးခံနေရသည်။


မြန်မာစစ်အစိုးရက ကချင်ပြည်သူများကို ဖမ်းဆီးစစ်ဆေးမှုတွေ ပိုလုပ်နေ

KNG

ကချင်ပြည် နယ်ရှိ ပြည်သူ များဟာ မြန်မာ စစ်အစိုး ရရဲ့ ဖမ်းဆီး စစ်ဆေးခြင်း နဲ့ ထူးထူးခြားခြား လုံခြုံရေး တင်းကြပ်မှု အောက် လွပ်လပ်စွာ သွားလာ လှုပ်ရှားလို့ မရတော့ဘဲ ကြောက်လန့် တုန်လူပ်စွာ နေထိုင် ရကြောင်း သိရတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့ ဧရာဝတီမြစ် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ခြံဝန်းတွင် ဗုံးများဆက်တိုက် ပေါက်ကွဲပြီးနောက် အခုလို ကချင်ပြည်နယ်တ၀န်း ဒေသခံကချင်ပြည်သူများဟာ စစ်အစိုးရ၏ လုံခြုံရေးတင်းကြပ်မှုအောက် နေထိုင်ရပါတယ်။

ယခုအချိန် ပြည်နယ်မြို့တော်မြစ်ကြီးနားမှာ စစ်အစိုးရ ရဲကင်းတွေထားရှိပြီး ဒေသခံတွေကို စစ်ဆေးမေးမြန်းမှုတွေ လုပ်နေပြီး ည ၁၀ နာရီကျော် လမ်းမပေါ်တွေ့တဲ့လူတွေကို ဖမ်းဆီးနေတယ်လို့ မြို့ခံတွေပြောပါတယ်။

မြို့ထဲရှိ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အဖွဲ့ဝင်တွေ စစ်မှုထမ်းဟောင်းတွေ၊ သူတို့နဲ့ ဆက်နွယ်နေသူလို့ယူဆတဲ့ ဒေသခံ တချို့ကိုလည်း ဖမ်းဆီးမေးမြန်းနေတယ်လို့ KIO သတင်းရပ်ကွက်က ဆိုပါတယ်။

အခုချိန် အာဏာပိုင်တွေက မြစ်ကြီးနားမြို့ အမှတ် (၁) ရဲစခန်းမှာ မသင်္ကာတဲ့ ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးနေတာဟာ အယောက် ၄၀ ကျော်ရှိနေပြီဖြစ်ကြောင်း ဒေသခံများကပြောတယ်။

ခရီးသွားလာမှုတွေမှာလည်း စစ်ဆေးမူတွေ တင်းတင်းကြပ်ကြပ် ပြုလုပ်နေပြီး မြစ်ကြီးနား-မန္တလေး ရထားလမ်းမှာ အရင်ကထက် အစစ်ဆေး မေးမြန်မှုများ ပိုများလာတယ်လို့ မြစ်ကြီးနားဒေသ ခံတစ်ဦးပြောပါတယ်။

သူက “ရထားပေါ်မှာ လူတစ်ကိုယ်လုံးနိုက်ပြီးစစ်တာ။ မှတ်ပုံတင် ရောစစ်တယ်။ အိတ်တွေရောနိုက်တယ်။ ရန်ကုန်ရောက်တော့ ဟိုတယ်ကို မနက် ၂ နာရီလောက် ဧည့်စာရင်းစစ်တယ် ဆိုပြီး ၀င်လာတယ်။ ကျွန်တော် တို့ အခန်းကိုဘဲစစ်တာ ကျန်တဲ့အခန်းတွေမစစ်ဘူး။ ကချင်ပြည်နယ်က ဆိုလို့ လိုက်လာတာလားမသိဘူး။ ဘယ်ကလာတာလဲ ဘာလာလုပ်တာလဲ အစုံမေးသွားတယ်” လို့ပြောတယ်။

မြစ်ဆုံဗုံးပေါက်ကွဲပြီး နောက်ပိုင်း စစ်အစိုးရ၏ စစ်သား နဲ့ ရဲတွေဟာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း တ၀ိုက်ရှိ ဒေသခံများရဲ့ အိမ်တွေမှာ ကြိုက်သလိုဝင်ထွက်ကာ ဧည့်စာရင်းစစ်နေတယ်လို့လည်း ဒေသခံများ ပြောပြပါတယ်။

တစ်ဖက်မှာလည်း လူအသေပျောက်ရှိခဲ့တဲ့ မြစ်ဆုံဗုံးပေါက်ကွဲမှုကြောင့်နေအိမ် ပြန်သွားကြတဲ့ တရုတ်အလုပ်သမားများ၏ နေရာတွင် တရုတ်အလုပ်သမားသစ်များ အစားထိုးရောက်ရှိနေပြီဖြစ်ကြောင်း မြစ်ဆုံဒေသခံများက ကချင်သတင်းဌာနကိုပြောပါတယ်။

အခုချိန် ကချင်ပြည်နယ်ရှိ ပြည်သူများကြုံတွေ့နေရတဲ့ အခြေအနေဟာ အရင် ၁၉၉၄ ခုနစ်မတိုင်မီ မြန်မာစစ်အစိုးရ နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) အကြား ငြိမ်းချမ်းရေးမယူခင် အခြေနေမျိုးလို ပြန်ဖြစ်နေတယ်လို့ ဒေသခံများက ပြောပြပါတယ်။

စစ်ဘေးတိမ်းရှောင်ရွာသားများဌာနေသို့ပြန်လေပြီး

ဆူးပန်း ၊ ကောင်းဝါ

မြန်မာ စစ် အစိုးရ၏ ထိုးစစ်ဒါဏ်ကို စိုးရိမ်ပြီး ထိုင်း မြန်မာနယ်စပ် ခလော့ဟနီဒုက္ခသည်စခမ်းကို ကြိုတင် တိမ်းရှောင်လာသည့် မွန်ပြည်သစ်ပါတီဗဟို ဌာနချုပ်ဝန်းကျင်ဒေသရွာသားများသည် သက်ဆိုင်ရာ မိမိတို့ကျေးရွာ ကိုပြန်သွားခဲ့ပြီးဟု စခမ်းကော်မီတီများမှပြောပါသည်။


မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတို့အကြား စစ်ရေးတင်းမာမှု အခြေအနေတွေနဲ့ပတ်သက်၍ တိတိကျကျအဖြေမရနိုင်သေးသည့်အချိန်တွင် မိသားစုစားဝတ်နေရေး အခက်အခဲ ကြောင့်သော်၎င်း ရွာတွင်းခြံများ တောင်ယာများ ပြန်လည်စိုက်ပျိုးရန်အတွက် စိုးရိမ်တဲ့အခြေအနေအတွင်းမှာ ပြန်သွားရသည်ဟု စံခလပူရီကိုခေတ္တရောက်ရှိလာသည့် စစ်ပြေးဒုက္ခသည်တစ်ဦးကနေ အခုလိုပြောပါသည်။

“ပြန်သွားတဲ့သူတွေကတော့ သူတို့ရဲ့ခြံတွေ တောင်ယာတွေကိုစွန့်လွှတ်ပြီးတော့လာခဲ့ရတယ်ဆိုတော့ စိုးရိမ်တဲ့အစိပ်အပိုင်းတွေတော့ရှိတာပေါ့နော်။ သူတို့ကစစ်တပ်ရဲ့ဖမ်းဆီးမှုတွေ ရိုက်နှက်မှုတွေ စိုးရိမ်တာလဲ ရှိတယ်။ ဒါပေမဲ့သူတို့အနေနဲ့တော့ပြန်သာပြန်ရတာ စိုးရိမ်တဲ့စိတ်ကလေးနဲ့ ပြန်ရတာပေါ့နော်။ ကျွန်တော်ကတော့ နောက်မှ အခြေအနေကောင်းမှ ရွာဘက်ကိုပြန်လှည့်ပြီးတော့နေထိုင်မယ်လို့ ကျွန်တော်ကဆုံးဖြတ်ထား တာပေါ့ နော်။ အဲနောက်ပြီးတော့ မွန်ပြည်သစ်ပါတီကလဲပြောတယ်။ ဒီမှာ နေရင်လဲနေလို့ရတယ်။ ပြန်ရင်လဲပြန်လို့ရတယ် လို့ပြောပါတယ်ခင်ဗျာ့။”

ဒုက္ခသည်မိသားစုအများအပြား ဌာနေပြန်သွားကြသော်လည်း စိုးရိမ်မှုအခြေအနေတွေကြောင့် နယ်စပ် ဒုက္ခသည်စခန်းအတွင်း ဆက်လက်နေထိုင်သူမိသားစုတွေလည်းရှိနေကြသည်ဟု မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူ မြို့နယ်အုပ်ချုပ်ရေးပိုင်း အရာရှိတစ်ဦးမှ ပြောပါသည်။

“လက်ရှိအခြေအနေအရ သိပ်မထူးခြားတဲ့အခါကျတော့ ပြန်ချင်တဲ့အိမ်ထောင်သည်တွေကို ကျွန်တော်တို့ မနေ့ကနေ လိုက်ပို့ပေးပါတယ်ခင်ဗျာ့။ လက်ရှိကျန်နေတာက ဒီခလော့ဟနီမှာဆိုရင်(၁၈)အိမ် ထောင်လောက် ကျန်နေတယ်။ ဗလဲ့ဒွန်ဖိုက်မှာတော့ အိမ်ထောင်စု(၅)စုလောက်ကျန်နေတယ်။”

ကျန်ရှိနေသေးသည့် စစ်ပြေးတိမ်းရှောင်လာသူဒုက္ခသည်အိမ်ထောင်စုများ၏ ရှေ့ဆက်နေထိုင်စား သောက် ရေးကိစ္စအဝဝကို မွန်ကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေးကော်မီတီကနေတာဝန်ယူသွားရမည်ဟု မွန်အမျိုး သားကယ်ဆယ် ရေးနှင့်ဖွံ့ဖြိုးရေးတွဲဘက်အတွင်းရေးမှူးမှ အခုလိုပြောပါသည်။

“အခုလောလောဆယ်ဆယ်ကတော့ မေလကုန်တဲ့အထိရိက္ခာထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ မေလ ကုန်သွားပြီးလို့ရှိရင် ကျွန်တော်တို့ရိက္ခာမရှိတော့ဘူး။ အဲဒီတော့ ကျွန်တော်တို့တစ်ခုစီစဉ်ထားတယ်။ ရိက္ခာပေါ့။ အထူးသဖြင့်ဆန် တစ်မျိုးတစ်ဖုံနဲ့ ကူညီထောက်ပံ့ပေးသွားမယ်လို့ စီစဉ်ထားထားတာရှိပါတယ်။ မပြန်တဲ့လူတွေ အတွက်ကျတော့ မွန်ပြည်သစ်ပါတီက ဗလဲ့ဒွန်ဖိုက်မှာနဲ့ ခလော့ဟနီမှာမြေနေရာ စီစဉ် ပေးထားတာရှိပါတယ်။ ယာယီအိမ်ဆောက်ဖို့ပစ္စည်းနဲ့အရေးပေါ်ပေါ့နော်။ ကူညီထောက်ပံ့ရေးအဖွဲ့အစည်းတစ်ခုကနေပြီးတော့ပလပ် စတစ် အမိုးကို ကူညီသွားမယ်လို့တော့ သဘောတူထားတာရှိတယ်။”

ဌာနေပြည်သူ့စစ်တပ် ဖွဲ့စည်းရေးကိုလက်မခံငြင်းပယ်ခဲ့တဲ့ မွန်ပြည်သစ်ပါတီရဲ့ အရေးပေါ်ဗဟိုကော်မီတီ အစည်းအဝေး ဆုံးဖြတ်ချက် ကြောင့် စစ်အစိုးရကနေထိုးစစ်ဆင်လာမည်ကိုစိုးရိမ်ပြီး ဌာနေကျေးရွာသား(၆ဝဝ) လောက်ဟာ ထိုင်း မြန်မာ နယ်စပ် ခလော့ဟနီ မွန်ဒုက္ခသည်စခမ်းကို ဧပြီလ(၂၂)နေ့ကစပြီး ကြိုတင်တိမ်းရှောင် ရောက်လာခဲ့ခြင်းဖြစ်သည်။

အပစ်ရပ် SSA တပ်မဟာ ၁ အားပြည်သူ့စစ်မလုပ်ရန် ပလောင်အမျိုးသားများ တောင်းဆို

မွေခေါဝ်

နအဖ၏ ပြည်သူ့စစ်အသွင်ကူးပြောင်းရေးဖိအားပေးမှုကို လက်မခံရန် ဒေသခံပလောင်လူမျိုးများက အပစ်ရပ် သျှမ်းပြည်တပ်မတော် တပ်မဟာ ၁ ဗိုလ်ချုပ်ပန်ဖှထံ တောင်းဆိုသည်ဟု စုံစမ်းသိရှိရသည်။

“ပလောင်ကျေးရွာခေါင်းဆောင်တွေ ရောက်လာပြီး ဗိုလ်ချုပ်ပန်ဖှကို တွေ့ဆုံကန်တော့ကြတယ်။ ပြီးတော့သူတို့ရဲ့ တကယ့်စိတ်ရင်းဆန္ဒကိုပြောတယ်” ဟု တပ်မဟာ ၁ အရာရှိအသိုင်းအ၀ိုင်းနှင့်နီးစပ်သူ ဒေသခံတစ်ဦးကပြောသည်။

အပစ်ရပ် SSA တပ်မဟာ ၁ ထိန်းချုပ်နယ်မြေအတွင်းမှီတင်းနေထိုင်ကြသည့် ပလောင်ကျေးရွာများမှ ကျေးရွာအကြီးအကဲများက တပ်မဟာ ၁ ဌါနချုပ်သို့ ခြေလျင်ဖြင့်ရောက်သွားကြပြီး ဗိုလ်ချုပ်ပန်ဖှအား မေ ၂၃ ရက်၌ တွေ့ခွင့် တောင်း၍ကန်တော့ခဲ့ကြသည်။

ဗိုလ်ချုပ်ပန်ဖှအားကန်တော့ပြီးနောက် ထမင်းလက်ဆုံစားကြရာ ပလောင် လူမျိုးရပ်ရွာအကြီးအကဲများက ဗိုလ်ချုပ်ပန်ဖှအား ဗမာစစ်တပ် လက်အောက်ခံ ပြည်သူ့စစ်မလုပ်ရန် ဤကဲ့သို့ တောင်းဆိုပန်ကြားခဲ့ သည်ဟုဆို၏။

“နအဖ နားချသိမ်းသွင်းစည်းရုံးနေတဲ့ ပြည်သူ့စစ်အသွင်ကူပြောင်းရေးကိစ္စကို လက်မခံပါနဲ့။ တကယ်လို့ လက်ခံ လိုက်မယ်ဆိုရင်ကျနော်တို့ပလောင် လူမျိုးတွေ အားကိုးရာမဲ့ဖြစ်သွားမယ်။ ဒေသခံပြည်သူလူထုလည်း ပိုပြီးဒုက္ခ ရောက်သွားနိုင်တယ်။”

ဗိုလ်ချုပ်ပန်ဖှက “ခင်ဗျားတို့ စိတ်မပူပါနဲ့။ ကျနော်တို့ ပြည်သူလူထုဖက်၊ ခင်ဗျား တို့ဖက်မှာ အမြဲတမ်းရပ်တည်နေ မှာပါ”ဟု ပြန်လည်ဖြေကြားခဲ့ကြောင်း နီးစပ်သည့် အသိုင်းအ၀ိုင်းကပြောပါသည်။

မေ ၂၅ ရက် နံနက် ၉ နာရီ တပ်မဟာ ၁ ဌါနချုပ်တွင် ဗိုလ်ချုပ်ပန်ဖှက ဒုတပ်ရင်းမှူးအထက် အရာရှိများ အားခေါ်ယူ၍အခြေအနေရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ခဲ့သည်ဟုလည်း စုံစမ်း သိရှိရသည်။

လက်ရှိအခြေအနေကို ရှင်းလင်းတင်ပြရာ၌ နအဖတပ်နှင့် ပုံမှန်ဆက်ဆံမှု မရှိတော့သည့် ငြိမ်သက်နေသော အနေအထားအပေါ်တွေဝေမှိန်းမော သတိ ပေါ့လျော့လေ့ရှိကြောင်း၊ ပိုမိုစိုးရိမ်ရသောယခုအခြေအနေကြောင့် သတိ ၀ိရိယကြီးစွာထားသင့်ကြောင်း ပြောကြားခဲ့သည်ဟုဆို၏။

ယခုပြုလုပ်သော ရှင်းလင်းဆွေးနွေးပွဲမှာ ယခင်အစည်းအဝေးကဲ့သို့ များသော အားဖြင့်နားထောင်ခြင်းမျိုးမဟုတ်ပဲ မည်သူမဆို ကိုယ့်ထင်မြင်ယူဆချက်၊ အကြံပြုချက်များကို ရဲရဲရင့်ရင့်ဆွေးနွေးတင်ပြကြရန် တိုက်တွန်းကြောင်း သိရှိရသည်။

မေလ ၂၁ ရက်နေ့တွင် ကျရောက်သော သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့၌ တပ်မဟာ ၁ ဌါနချုပ်တွင် ပြုလုပ်ကျင်းပခဲ့သော်လည်း ဌာနေပြည်သူ့စစ်အဖြစ်လက်ခံသည့် ဦးလွယ်မောဝ် ဦးဆောင်သော စိန်ကျော့ဌါနချုပ် တွင်မူ ယခင်နှစ်များကဲ့သို့ ကျင်းပခြင်းမရှိ တော့ဟုဆိုသည်။

ပင်စင်လစာ

ရွှေအိမ်စည်

(က)


ကျနော် အလယ်တန်း ကျောင်းသားဘဝက … ချစ်ကြောက်ရိုသေခဲ့ရသည့် ဆရာတယောက်နှင့် ခင်မင်ခဲ့ရသည့် သူငယ်ချင်းတယောက် ရှိခဲ့ဖူး၏။ ဆရာဦးဘတင်သည် ပဉ္စမတန်းကျောင်းသားဘဝတွင် ကျနော်တို့အား၊ အင်္ဂလိပ်စာ သင်ပြသည့် ဆရာဖြစ်ပြီး … ကျနော်တို့ အတန်း ပဉ္စမတန်း (A) ၏ အတန်းပိုင် ဆရာလည်း ဖြစ်၏။ ကျနော်တို့၏ ကျောင်းတွင် ဆရာ ဦးဘတင်သည် အသက်အရွယ် အကြီး ဆုံးနှင့် ကျောင်းဆရာ လုပ်သက် အရင့်မာ ဆုံးသော ဆရာ တဦးလည်း ဖြစ်သည်။


ထိုစဉ်ကတည်းက …. ဆရာ၏ အသက်သည် ၆ဝ အတွင်းသို့ပင် ဝင်ရောက်၍နေလေပြီ။

စစ်ကြိုခေတ်ကတည်းက အမျိုးသားကျောင်းဆရာ တဦးအဖြစ် လုပ်ကိုင်ခဲ့သည့် ဆရာသည် လွတ်လပ်သည့် အစိုးရခေတ်တွင်လည်း အစိုးရကျောင်းဆရာ တဦးအဖြစ်နှင့် ဆက်၍… ပညာရေးဝန်အား ထမ်းရွက်ပြန်သည်။ အစိုးရကျောင်းဆရာအဖြစ် တရားဝင် အမှုထမ်းရာ၌ ဆရာ၏ အလုပ်ဝင်သည့် အသက်သည် ၅ နှစ်မျှ ငယ်နေခဲ့သည့်အတွက် … ယခုအခါ ဆရာ၏ အမှန်တကယ် အသက်က ၆ဝ တွင်းသို့ ရောက်နေခဲ့သော်လည်း ပင်စင်မယူနိုင်သေးဘဲ ….. ကျောင်းဆရာအဖြစ် အမှုဆက်၍ ထမ်းရွက်နေရခြင်း ဖြစ်၏။

ဆရာက …. အသားညိုညိုနှင့်ဖြစ်၏။ ကိုယ်လုံးကိုယ်ထည် သေးသေးညှပ်ညှပ်ကြောင့် အရွယ်တင်သည်ဟု ထင်ရ၏။ ဆရာက … ဘိုကေမထား …. ခေါင်းအား ပြောင်နေအောင် အမြဲရိပ်ထားတတ်၏။ ဆရာ၏ ကိုယ်ပါ်၌ကား … ပင်နီဖျင်ကြမ်းတိုက်ပုံအား အမြဲတွေ့ရတတ်သည်။ ဆရာ၏ လက်တွင်လည်း ထားဝယ်ကြိမ်လုံးတချောင်းက အမြဲပင် ကိုင်စွဲထားတတ်၏။ အထက်တန်း ကျောင်းသားကြီးများပင်လျှင် … ဆရာ၏ အရှေ့၌ အမြင်မတော်ပါက …. ဆရာ၏ ကြိမ်စင်္ကြာနှင့် မလွတ်ကြ။ ဆရာ၏ တပည့်အချို့သည် … တက္ကသိုလ်၊ ကောလိပ်များမှ ဘွဲ့များ ရရှိကြပြီး …. ဤကျောင်း၌ပင် ကျောင်းဆရာ၊ ဆရာမများအဖြစ် အလုပ်ဝင်နေကြသည့်ဆရာ၊ ဆရာမများသည်ပင် … ၃-၄ ဦးခန့် ရှိ၏။

ဤအတွက် …. ဆရာသည် အလယ်တန်းပြ ကျောင်းဆရာတဦးသာလျှင် ဖြစ်သော်လည်း ဤကျောင်း၌ အရှိန်သြဇာရှိ၏။ တကျောင်းလုံးက … ဆရာ့အား ချစ်ကြောက်ရိုသေကြ၏။

ချစ်ကြောက်ရိုသေကြသော်လည်း အားလုံးက … ဆရာ့အား နောက်ကွယ်တွင်မူ …. ဆရာဦးဘတင်ဟု မည်သူမျှ မခေါ်ကြ …။ ‘အဖိုးလေး’ ဟူ၍သာ ခေါ်ကြ၏။ ဦးပြည့်ပြောင်ပြောင် … ပင်နီဖျင်ကြမ်းတိုက်ပုံ …. ထားဝယ်ကြိမ်တရမ်းရမ်းနှင့် ‘အဖိုးလေး’ လာသည်အား မြင်သည်နှင့် ကျောင်းသားကြီးငယ်တို့ ရှောင်ရှားကြလေ၏။ အခန့်မသင့်လျှင် .. ‘အဖိုးလေး’ ၏ ကြိမ်စင်္ကြာက ဝေ့ရမ်းရိုက်ခတ်သွားတတ်၏။


(ခ)

ကျနော်တို့ မြို့လေးတွင်က …. အလယ်တန်းကျောင်းဟူ၍ သီးသန့်မရှိ … အထက်တန်းကျောင်းနှင့်ပင် တွဲထား၏။ အထက်တန်းကျောင်းသည်လည်း မြို့လေးတွင် ဤတကျောင်းသာရှိ၏။ ဤအတွက် …. မူလတန်းအောင်လျှင် အထက်တန်းကျောင်းသို့ပြောင်း၍ အလယ်တန်းပညာအား ဆက်၍သင်ရ၏။ ကျနော်က …. အလုပ်သမားရပ်ကွက်၊ မြို့သစ် အစိုးရမူလတန်းကျောင်းငယ်လေးမှ စတုတ္ထတန်းအောင်မြင်ခဲ့ပြီး … ပဉ္စမတန်းတက်ရန် အထက်တန်းကျောင်းသို့ ပြောင်းလာခဲ့၏။ ပဉ္စမတန်း A တွင် ကျနော်နှင့် ခုံချင်းကပ်လျက်က .. လှတင့် …။ လှတင့်က ကျနော်တို့မြို့လေးတွင် တပ်စွဲထားသည့် အမှတ် ၈ ခြေလျင်တပ်ရင်း၏၊ တပ်တွင်း အစိုးရမူလတန်းကျောင်းမှ ပြောင်းလာခဲ့သည့် ကျောင်းသားဖြစ်သည်။ အတန်းဖော် .. အခန်းဖော်ဖြစ်၍မကြာ … လှတင့်နှင့် ကျနော် ရင်းနှီးသွားကြ၏။ သူငယ်ချင်းများ ဖြစ်သွားကြ၏။

လှတင့်၏ အဖေက … အမှတ် ၈ ခြေလျင်တပ်ရင်းမှ တပ်ကြပ်ကြီးတဦး ဖြစ်သည်။ လှတင့်၏ အဖေသည် အမြဲလိုလိုပင် စစ်ဆင်ရေးများ ထွက်နေရသည်။ အမှတ် ၈ ခြေလျင်တပ်ရင်းက …. တပ်မ ၇၇ ၏ လက်အောက်ခံတပ်ရင်း တရင်းဖြစ်သည်။ တပ်မ ၇၇ သည် ထိုစဉ်က … အရှေ့မြောက်ဒေသတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပြည်သူ့တပ်မတော်နှင့် တလှည့် …. အရှေ့တောင်ဒေသရှိ KNU ၏ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်နှင့် တလှည့် … ဟိုသည်ကူး၍ စစ်ဆင်ရေး ထွက်နေရ၏။

လှတင့်ထံမှ …. ‘ကွတ်ခိုင်၊ ကွမ်းလုံ’ ၊ ‘စီစိဝမ်၊ တာပံ’၊ ‘မော်ဖိုးကေ၊ မဲသဝေါ’ … စသည့် စစ်ပုံပြင်များအား မကြာခဏ ကျနော်တို့ ကြားရ၏။ လှတင့်၏ စစ်ပုံပြင်များက အဆုံးတွင်မူ ‘ရွှေဘ’ နိုင်သည်နှင့်ပင် အဆုံးသတ်မြဲ …။

ပြီးလျှင် … ငါလည်းကြီးရင် စစ်တပ်ထဲဝင်မယ်ဟု သူ၏ ငယ်အိမ်မက်အား လှတင့်သည် ကြုံးဝါးတတ်၏။ လှတင့်က … သူ၏ ညီအကိုမောင်နှမများတွင် အကြီးဆုံးဖြစ်သည်။ သူ့အောက်တွင် သူ၏ ညီငယ်၊ ညီမငယ်များက စီ၍နေသည်။ ၄ ယောက်လား၊ ၅ ယောက်လားမသိ။ သူ့ဖခင်တပ်ကြပ်ကြီးက နောက်တမ်းတလှည့် ပြန်ဝင်လာလိုက် ….၊ သူ့မိခင်က ကိုယ်ဝန်တခါဆောင်လိုက် …။

သူ့ဖခင်တပ်ကြပ်ကြီးက … ရှေ့တန်းတပတ် ပြန်ထွက်သွားလိုက် …။ သူ့မိခက်က တသားမွေးလိုက်နှင့် …။
မိသားစုများသဖြင့် တပ်ကြပ်ကြီးတဦး၏ ရသည့်လစာနှင့် ရိက္ခာသည်လှတင့်တို့အား ခါးမလှ … ဝမ်းမဝနိုင် …။ လှတင့်၏ ထမင်းဘူးသည် စစ်သုံး ‘ဟန်းကော’ ချိုင့်ကြီး ဖြစ်သည်။ နီနီ၊ ညိုညိုထမင်းတို့က လှတင့်၏ ဟန်းကောအတွင်း ပြည့်ပြည့်သိပ်သိပ်၊ ဟင်းကမူ ပဲနှင့် အားလူး တလှည့်စီဖြစ်သည်။ မုန့်ဘိုးဟူ၍ ရ … ဟန်လည်း မရှိ။ မုန့်ဈေးတန်းတွင် လှတင့်အား တခါမျှ မတွေ့ရ …။

ပဉ္စမတန်းတွင် ကျနော်နှင့် အတန်းဖော်သူငယ်ချင်း နောက်တယောက် … ‘ခင်ထွန်းဦး’ ဖြစ်သည်။ ခင်ထွန်းဦးသည်လည်း အမှတ် ၈ ခြေလျင်တပ်ရင်းမှပင် ဖြစ်သည်။ ခင်ထွန်းဦး၏ အဖေက … အမှတ် ၈ ခြေလျင်တပ်ရင်း၏ တပ်ရင်းမှူး …. ဒုဗိုလ်မှူးကြီးတင်ထွန်း ဖြစ်သည်။ ကျနော်၏ ငယ်သူငယ်ချင်း နှစ်ယောက်ကား …. စစ်သည်နှစ်ဦး၏ သားများဖြစ်၏။ တဦးက … ဒုဗိုလ်မှူးကြီး၏ သား …။ တဦးကမူ .. တပ်ကြပ်ကြီး၏ သား …။ ခင်ထွန်းဦး ကျောင်းလာလျှင် သူ့အဖေ ဒုဗိုလ်မှူးကြီးအတွက် ထုတ်ပေးထားသည့် ‘မာစတာဂျစ်’ စစ်ရောင်လေးနှင့် လာ၏။ ယာဉ်မောင်းအပြင်၊ စစ်သားတဦးသည်လည်း ခင်ထွန်းဦးနှင့်အတူ ပါ၏။ ထိုစစ်သားသည် ၁၁ နှစ်အရွယ် ခင်ထွန်းဦးအား ရိုရိုသေသေ၊ လေးလေးစားစား၊ ရိုရိုကျို့ကျို့နှင့် စောင့်ရှောက်ရင်း ကျောင်းဝင်းထဲအထိ လိုက်ပို့ရ၏။ လာ၍ ကြိုရ၏။

လှတင့်ကမူ … အကြပ်စစ်သည်သားသမီးများ၏ ကျောင်း … ကြို၊ ပို့ ‘ရိမ်းဂျာ’ စစ်ကားကြီးနှင့် ပြေးပြေးလွှားလွှား၊ တွန်းတွန်းတိုးတိုးနှင့် တပ်ထိန်းစစ်သည်တို့၏ အအော်၊ အငေါက်၊ အဆူ၊ အဆဲများ၏ အောက်တွင် ကျောင်းသို့ လာ၏။ ကျောင်းမှ ပြန်၏။ သူတို့ နှစ်ဦးအနက် ကျနော်သည် လှတင့်အား ပိုမို၍ ခင်မင်မိ၏။ လှတင့်က … ကျနော်တို့ထက် ၂ နှစ်မျှ ကြီးမည်။ အသက်ကြီးသော်လည်း လှတင့်သည် ဥာဏ်ရည်မထက်မြက် …။ အကြီးဆုံးသားဖြစ်သဖြင့် အိမ်ပြန်ရောက်လျှင် လှတင့်သည် သူ့မိခင်အား ကူညီရ၏။ ကလေးထိန်းပေးရ၏။ ထင်းခွေရ၏။ ဝက်စာကြွေးရ၏။ ဤအတွက် …. လှတင့်သည် စာဖတ်ချိန်ရှိဟန် မတူ …။ အတန်းထဲ၌ လှတင့်သည် စာညံ့သည့် ကျောင်းသားစာရင်း၌ ပါ၏။ လှတင့်က … ဆင်းရဲသော မိဘ၏ စာညံ့သော သားဟူ၍ ဆိုရမည်။


(ဂ)

‘အဖိုးလေး’ က စာသင်လျှင် … ကြိမ်လုံးနှင့် စ၏။ စာသင်ခန်းအတွင်းသို့ ဝင်သည်နှင့် ‘အဖိုးလေး’ သည် စားပွဲခုံအား ကြိမ်နှင့် ၃-၄ ချက် ရိုက်၏။ ‘အဖိုးလေး’ ၏ ကြိမ်သံအောက်၌ အတန်းသည် နှာသီးဖျားမှ လေဝင်လေထွက်အား ပြန်၍ကြားရသည့်တိုင် .. ငြိမ်၍ တိတ်လျက် …။

ကျနော်တို့ ခေတ်ပညာရေးက အလယ်တန်းသို့ရောက်မှပင် အင်္ဂလိပ်ဘာသာအား စတင်၍ သင်ကြားကြရ၏။ ၅ တန်းသို့ ရောက်မှ A, B, C, D, …. နှင့် ထိတွေ့ရခြင်း …။ ‘အဖိုးလေး’ က ပဉ္စမတန်းတွင် အင်္ဂလိပ်စာသင်၏။ ‘အဖိုးလေး’ သည် အတန်းရှေ့ရှိ Black Board တွင် A မှ Z အထိအား အင်္ဂလိပ်အက္ခရာ အကြီးနှင့်ရေးပြီး … စာတလုံးစီအား ကြိမ်ဖျားနှင့်ထောက်၍ တိုင်ပေး၏။ ကျနော်တို့အားလုံးက လိုက်၍ဆိုကြရ၏။ တခေါက်၊ နှစ်ခေါက်၊ သုံးခေါက် …။

ပြီးလျှင် … ‘အဖိုးလေး’ သည် တတန်းလုံးမှ လိုက်၍ ရွတ်ဆိုနေရာက … ကျောင်းသားတယောက်ချင်းစီအား လိုက်၍ ရွတ်ဆိုစေပြန်သည်။ အတန်းရှေ့ထွက်၍ ‘အဖိုးလေး’ ကြိမ်နှင့် ထောက်ပြသည်အား ရွက်ဖတ်ရခြင်း ဖြစ်၏။ မလွယ် ….။ အတန်းရှေ့သို့ တယောက်တည်း ထွက်ရခြင်းနှင့် ‘အဖိုးလေး’ ၏ ကြိမ်တဝင့်ဝင့်တို့ကြောင့် မှတ်မိထားသည့်တို့ပင်လျှင် အလွဲလွဲအချော်ချော် ဖြစ်စေ၏။ လွဲမှားလျှင် ‘အဖိုးလေး’ ၏ ကြိမ်စင်္ကြာက ကြောပြင်ဆီသို့ ‘ဖုန်း’ ကနဲ ရောက်လာပြန်၏။ ဤသို့နှင့်ပင် … ကျနော် A မှ Z အထိ ရွက်ဆို၍ ပြီးသွားခဲ့၏။ ကျနော် အလှည့်ပြီးလျှင်က … လှတင့်၏ အလှည့် …။ လှတင့် ရွံ့ရွံ့နှင့်ပင် အတန်းရှေ့သို့ ထွက်သွား၏။ A, B, C, D, E …. လှတင့် ရွတ်ဆို၍ ပြီးသည်နှင့် ‘အဖိုးလေး’ ၏ ကြိမ်တံဖျားက Black Board ပေါ်ရှိ ‘F’ အက္ခရာအား ထောက်ထား၏။ လှတင့် … ‘F’ အား ရွတ်၏။

‘အဖု’
လှတင့်က …. ‘F’ အား ‘အက် (ဖ်)’ ဟု အသံမထွက် … ‘အဖု’ ဟုသာ အသံထွက်၏။ ‘အဖိုးလေး’ ၏ ကြိမ်တံက … လှတင့်၏ ကြောပြင်သို့ …။ လှတင့် ထပ်မံ၍ ရွတ်ပြန်သည် …။

‘အဖု’
‘အဖိုးလေး’ ၏ ကြိမ်တံက လှတင့်၏ ကြောပြင်ဆီသို့ …။ ကြိမ်နှင့်ကြောပြင် ထိတွေ့သံက ပထမအကြိမ်ထက်ပို၍ ကျယ်၏။ တတိယအကြိမ်မြောက် ထပ်မံ၍ ရွတ်ပြန်သည်။

‘အဖု’
‘ဖြန်း’
‘အဖု’
‘ဖြန်း’
‘အဖု’
‘ဖြန်း’
မရ …။ လှတင့် ‘F’ အက္ခရာအား ‘အက်ဖ်’ ဟူ၍ မည်သို့မျှ ရွတ်ဖတ်၍ မရ …။
နောက်ဆုံး .. ‘အဖိုးလေး’ လည်း မောပြီ။ ‘အဖိုးလေး’ အလျှော့ပေးလိုက်ရ၏။ ထိုနေ့ကစ၍ … လှတင့်သည်လည်း …. လှတင့်အမည်ပျောက်၍ ‘အဖု’ ဖြစ်သွား၏။


(ဃ)

ထိုနှစ်က … ‘အဖု’ ပဉ္စမတန်းစာမေးပွဲအား ကျ၏။ ‘အဖု’ က ၂ နှစ် တတန်းနှုန်းနှင့် မှန်မှန်ပင် စာမေးပွဲများအား အောင်မြင်ခဲ့ပြီး … အဋ္ဌမတန်းသို့ ရောက်ခဲ့၏။ အတန်းမတူသော်လည်း တကျောင်းတည်းဖြစ်၍ ကျနော်နှင့် ‘အဖု’ အဆက်အသွယ်မပျက် …။ ပေါင်းဖော်မိခဲ့သည်ပင် …။ အဋ္ဌမတန်းတွင်မူ ‘အဖု’ ၂ နှစ် ဖြေသော်လည်း မအောင်တော့ …။ ထိုစဉ်က … အဋ္ဌမတန်းသည် ‘ကျောင်းစစ်’ စာမေးပွဲမဟုတ်၊ ‘ပြည်နယ်စစ်’ စာမေးပွဲဖြစ်၍ မလွယ် …။ ‘အဖု’ ၈ တန်းတွင် ၂ ကြိမ် ကျပြီးသည့်နောက် … ကျောင်းပြီးသွားခဲ့၏။ ‘အဖု’ ကျောင်းထွက်သွားသည့် နှစ်တွင်ပင် ‘အဖိုးလေး’ သည်လည်း ‘ပင်စင်’ ယူသွားခဲ့၏။ ‘အဖိုးလေး’ နှင့် အဖုတို့က …. တနှစ်တည်းပင် ကျောင်းအား စွန့်ခွားသွားခဲ့ကြ၏။ အဖု ကျောင်းထွက်သွားပြီးသည့်နောက်တွင် အဖုနှင့် ကျနော် မဆုံဖြစ်တော့ …။

နောက်ပိုင်း … အဖု စစ်တပ်ထဲ ဝင်သွားသည်ဟု သိရ၏။ စစ်သားဖြစ်သွားသည့် အဖုနှင့် ကျောင်းသားအဖြစ်နှင့် ကျန်ခဲ့သည့် ကျနော်တို့ ၂ ဦး၏ ဆုံမှတ်က ဝေး၍သွားလေပြီ။ နွေဦးသည် စော၍ ဝင်လာလိုက် …၊ နောက်ကျ၍ ဝင်လာလိုက်နှင့် ရာသီစက်ဝန်းအား လှည့်၏။ ၁၉၈၈ ခုနှစ် ‘၈’ လေးလုံး အရေးတော်ပုံကြီးအတွင် အဖု မည်သည့် စစ်မျက်နှာတွင် တာဝန်ကျ၍၊ မည်သည့် တာဝန်များအား ထမ်းဆောင်နေခဲ့သည်ကို ကျနော်မသိ …။ ကျနော်ကမူ ကျနော်တို့ အဖုတို့ ကျောင်းနေခဲ့သည့် မြို့လေး၏ သပိတ်စခန်း၌ သပိတ်တပ်သားတဦးအဖြစ်နှင့် …။

(င)

နွေတနေ့ …။
နွေတနေ့တွင် ကျနော် … ဆရာဦးဘတင်နှင့် အဖုတို့အား ပြန်ဆုံတွေ့ခွင့် ရ၏။ ဆရာဦးဘတင်နှင့် အဖုတို့က …. မြို့လေး၏ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ပင်စင်လစာထုတ်ရန် တန်းစီ၍ စောင့်နေကြ၏။ အတိတ်သည် လျင်မြန်စွာနှင့်ပင် ကျနော်တို့ ၃ ဦး၏ ရင်အတွင်းသို့ တိုးဝင်၍ ခိုလှုံလာခဲ့၏။ ဆရာဦးဘတင်သည် တပည့် ၂ ဦးအား ဆုံတွေ့ခွင့်ရသဖြင့် ခဏငယ်အတွင်း ပြန်၍ နုပျိုသွားသည်ဟု ထင်ရသည်။

ဦးပြည့်ပြောင်ပြောင် … ပင်နီဖျင်ကြမ်းတိုက်ပုံနှင့် ဆရာသည် ယခင်ကကဲ့သို့ ကြိမ်လုံးကိုမူ လက်ကမကိုင်တော့ …။ ကြိမ်လုံးအစား တောင်ဝှေ့အား ဆရာ အဖော်ပြုထား၏။ ဆရာ၏ ပင်နီဖျင်ကြမ်း တိုက်ပုံသည်ဖျော့၍ အရောင်လွင့်နေပေပြီ။ ကျနော်က …. ဆရာနှင့်အဖုအား စုပေါင်းရုံးအတွင်းရှိ သက်သာဆိုင်တွင် လက်ဖက်ရည်သောက်ရန် ဖိတ်၏။ ဆရာသည် တောင်ဝှေးအား ယူ၍ လက်ဖက်ရည်ဆိုင်သို့သွားရန် ထ၏။ အဖုကမူ …. ကျနော်ဝတ်ထားသည့် ပင်နီတိုက်ပုံနှင့် ဘယ်ဘက်ရင်ဘတ်တွင် ထိုးထားသည့် အဖွဲ့ချုပ်ရင်ထိုးအား ကြည့်ပြီး ရွံ့နေဟန်ရှိ၏။ ကျနော်နှင့်အတူ လက်ဖက်ရည်ဆိုင်အတွင်း တစားပွဲတည်းထိုင်ရန် စစ်ပြန်စစ်သားကြီးသည် ကြောက်နေဟန်တူ၏။

၁၉၉ဝ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက် … မြို့နယ်လေးအတွင်းရှိ ကျေးရွာများသို့ စည်းရုံးရေးဆင်းရန် မြို့နယ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကော်မရှင်တွင် ခွင့်ပြုမိန့် လာရောက်တင်သည်ဖြစ်၍ အဖွဲ့ချုပ်၏ ဝတ်စုံအား ကျနော် ဝတ်ဆင်ထားခဲ့၏။

ကျနော်က …. ရင်ဘတ်တွင် ထိုးထားသည့် ရင်ထိုးတံဆိပ်အား ဖြုတ်လိုက်ပြီး အဖုအား လက်ဖက်ရည်ဆိုင်သို့ သွားရန် ထပ်မံပြီး ခေါ်သည်။ အဖုသည် လေးတွဲစွာဖြင့် … အနီးတွင် ထောင်ထားသည့် ချိုင်းထောက်အား ယူ၍ ထိုင်ရာမှ ထ၏။ ဤတွင်မှ … အဖု၏ လက်ဝဲဘက်ခြေသည် ခြေကျင်းဝတ်မှ တိတိပြတ်နေသည်အား သတိထားမိ၏။ ဆရာဦးဘတင်သည် တပည့်ဟောင်း ၂ ဦးနှင့်အတူ ထိုင်ရင်း …. အတိတ်သို့ ခရီးနှင်နေဟန်ရှိ၏။ အဖုက …. သူကျောင်းမှ ထွက်ပြီး တပ်ထဲတွင် ၄ နှစ်ကြာခဲ့သည့်အကြောင်း …၊ ဒု-တပ်ကြပ် တာဝန်နှင့် မိုင်းယန်းတိုက်ပွဲတွင် မိုင်းထိ၍ ဘယ်ဘက်ခြေတချောင်းအား ခြေခြင်းဝတ်မှ ဖြတ်ခဲ့ရပြီး … ယခု တပ်မှထွက်၍ နိုင်ငံတော်မှ ထောက်ပံ့သည့် ပင်စင်လစာလေးနှင့် မြို့တွင် ပြန်လာ၍ နေထိုင်နေသည်ဟု ဆို၏။

“ပင်စင်လစာတခုတည်းနဲ့ဆိုတော့ ဒီနေ့ကုန်ဈေးနှုန်းနဲ့ လောက်ငှရဲ့လား …”။ ဆရာအိုက တပည့်ဟောင်းအား ပူပန်စွာနှင့် မေး၏။

“ဒီလိုပါပဲ ဆရာ … ပင်စင်က တလကို ၄၅ဝ ကျော်ကျော်ရတယ်။ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ကလည်း ဆန်၊ ရိက္ခာအချို့ ထောက်ပံ့တယ်။ ငတ်တော့ မငတ်ဘူးပေါ့ဆရာ….”။ အဖု အသံက သွေ့သွေ့ခြောက်ခြောက် …။

“ဟ … လှတင့်ရ ဘယ်ဆိုးလို့လဲကွ … မင်း ပင်စင်က ဆရာပင်စင်ထက်တောင် များသေးတယ်…”

ဆရာ၏ အသံတွင် မုဒိတာ စွတ်၍နေ၏။ အလယ်တန်းပြ ကျောင်းဆရာတဦး၏ ပင်စင်လစာက …. ကျပ် ၃ဝဝ ပင် မပြည့် …။ ၂၈၅ ကျပ်သာ ရ၏။

ကျပ် ၃ဝဝ မပြည့်သည့် ပင်စင်လစာငွေလေးနှင့် ဆရာ မည်သို့အသက်ဆက်နေခဲ့သနည်း …။ ပိန်၍ ဖျော့ယော်နေသည့် ဆရာ၏ ခန္ဓာနှင့် အသားအရေသည် ဇရာတခုတည်းကြောင့်မူ မဖြစ်နိုင် …။

“တိုင်းပြည်အတွက် ကိုယ်အင်္ဂါအစိတ်အပိုင်းတခု စွန့်လွှတ်ခဲ့ရလို့များလား …. မသိဘူးဆရာ” ဟု အဖုသည် သူ၏ ပင်စင်လစာနှင့် ပတ်သက်၍ မရဲတရဲ ဆိုသည်။

ဆရာသည် တစုံတရာပြောရန် ပြင်လိုက်ပြီှး …. ချောင်းဆိုးလာသဖြင့် ဆရာထံမှ စကားသံက ထွက်မလာ …။ ဆရာ၏ ချောင်းသံက ရင်ခေါင်းအတွင်းမှ လှိုက်၍ … လှိုက်၍ ထွက်လာသည့်အသံ …။ ဆက်၍ … ဆက်၍ ဆိုးနေရသဖြင့် ဆရာအိုသည် မောနေ၏။ ချောင်းဆိုးရပ်၍ ထွေးထုတ်လိုက်သည့် ဆရာ၏ သလိပ်ခဲတွင် သွေးခဲစလေးက လုံးထွေး၍ ပါလာ၏။ သွေးခဲစတစက …. အနားတွင် ထောင်ထားသည့် အဖု၏ ချိုင်းထောက်ဖျားပေါ်သို့ လွှင့်စင်၍ တင်ကျန်နေသည်။

ဆေးလိပ်မသောက်၊ အရက်မသောက်ခဲ့သည့် ဆရာ၏ အဆုတ်သည် နှစ်ပေါင်း ၄ဝ ကြာ နိုင်ငံတော်၏ ပညာဝန်အား ထမ်းရင်း ….. မြေဖြုမှုန့်များအား ရှုရှိုက်ရင်း …. မည်မျှ အနာတရဖြစ်၍ ပျက်စီးနေလေပြီနည်း ….။

ချိုင်းထောက်ပေါ်ရှိ သွေးခဲစလေးအား အထိတ်တလန့်နှင့် ကျနော် ကြည့်နေမိ၏။

တရုတ်နယ်စပ်တွင် သံဃာတုများ တွေ့ရ

သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ တစ်ဘက် ကမ်းရှိ တရုတ် နယ်စပ်မြို့များတွင် ဗုဒ္ဓဘာသာ သံဃာ အတုဟု ယူဆရသူ မြန်မာ ဘုန်ကြီး အချို့ကို ယခုရက်ပိုင်း အတွေ့များ လာကြောင်း တရုတ် နယ်စပ်နေ မြန်မာ များထံမှ တဆင့်သိရသည်။


အဆိုပါ သံဃာအတုများသည် ၀ထ္ထုပစ္စည်းရရှိရန် တရုတ်ဘက်ခြမ်း ရွှေလီ ကျယ်ဂေါင်မြို့များအတွင်း လှည့်လည် အလှူခံ နေပြီး ဗုဒ္ဓဘာသာ ၀ိနည်းများနှင့် မလျော်ညီသည့် ညစာစားခြင်း အရက်သောက်ခြင်း ကဲ့သို့သော အပြုအမူများ ကျူးလွန် ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“ထမင်းဆိုင်မှာ ညစာစားတဲ့ ဘုန်းကြီးနှစ်ပါး အမြဲတွေ့ရတယ်၊ အရက်လည်း သောက်တယ် သူတို့ဘေးဝိုင်းမှာ ထိုင်တဲ့ သူတွေက ဘာဘုန်းကြီးတွေလဲလို့မေးတော့ ဘုန်းကြီးတစ်ဦးက သူသောက်တဲ့ အရက်ပုလင်းကိုင်ပြီး မေးလာတဲ့စားပွဲ ဆီဝိုင်းကို ခပ်တည်တည်နဲ့သွားထိုင်တယ်” - ဟု ရွှေလီမြို့နေ မြန်မာတစ်ဦးကဆိုသည်။

မူစယ်မြို့ကပ်လျက်ရှိသည့် ကျယ်ဂေါင်မြို့တွင်လည်း ဗုဒ္ဓဘာသာ ၀ိနည်းတော်ချိုးဖေါက်သည့် သံဃာအတုများတွေ့ နေရကြောင်း သိရသည်။


“သံဃာအတုတွေလေ၊ နိုင်ငံ လူမျိုးနဲ့ သာသနာအတွက် မကောင်းဘူးပေါ့၊ ငါးတကောင်နှစ်ကောင်ကြောင့် တလှေ လုံးပုပ်မှာ စိုးရိမ်တယ်ဗျာ။ သူတို့က ညစာစားတယ် ဓါးကိုင်တယ် ဒီကျယ်ဂေါင်မှာ အနည်းဆုံး ၃ ပါးလောက် တွေ့ရတယ်။ ဥပဓိရုပ်တွေက ဘယ်လိုမှ သံဃာပုံမှမပေါက်တာ။ ဓါးကိုင်ထားတော့ လူမိုက်ပုံနဲ့ကွိုင်ပြန်ရှာသေးတယ်” ဟု ကျယ်ဂေါင်ဒေသခံတစ်ဦးကလည်း ပြောသည်။

ယခင်က တရုတ်နယ်စပ်တွင် မူစယ်ဘက်မှလာသည့် မြန်မာသီလရှင်အချို့ကိုသာ မြင်တွေ့ရလေ့ရှိသော်လည်း ယခုအခါ ဘုန်ကြီးအတုများကိုပါ တွေ့လာရခြင်း ဖြစ်သည်။

တရုတ်နယ်စပ်တွင် သံဃာအယောင်ဆောင် ငွေတောင်းသူများပြားလာခြင်းသည် မြန်မာနိုင်ငံအတွင်း စီးပွားရေးကြပ် တည်းလာမှုကြောင့် ဖြစ်ကြောင်း ဒေသခံများက ယူဆကြသည်။


ရက်ကန်းသံတွေ ညံစီနေတဲ့မြို့ကလေး သို့မဟုတ် အိုက်ဇော

ဇာနည်မာန်

ညို့မှိုင်းမှိုင်းတောင်တွေ၊ အပင်တွေ ကျိုးတိုးကျဲတဲနဲ့ တောင်ပူစာတွေ တလုံးပြီး တလုံးကို ဆက်သွယ်ဖောက်လုပ်ထားတဲ့ မြွေလိမ် မြွေကောက် အဆင်းအတက်လမ်းတွေရဲ့ ချောက်ကမ်းပါးဘက်တွေမှာ ကပ်တွယ်တည်ဆောက်ထားတဲ့ နှစ်ထပ်သုံးထပ် အိမ်လေး တွေဆီက ဂျောက်ဂျက် ဂျောက်ဂျက်နဲ့ ရက်ကန်းခတ်သံတွေ ညံစီနေပါတယ်။

ဒီနေရာလေးကတော့ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့ကို အလုပ်လာလုပ် ကြတဲ့ မြန်မာနိုင်ငံသားတွေနေထိုင်ကြတဲ့ ဇောင်းတွီ ဆိုတဲ့ နေရာလေးပါပဲ။

မြို့အစွန်ဘက်က ဒီနေရာလေးဟာ အိုက်ဇောမြို့ရဲ့ စက်မှုဇုန်လေးဆိုရင်လည်း မမှားပါဘူး။ ဒီနေရာမှာကတော့ အများစုက ရက်ကန်းရုံတွေပဲ ဖြစ်ပြီး ရက်ကန်းလုပ်သားတွေ အားလုံးလိုလိုဟာ မြန်မာနိုင်ငံသားတွေပါ။

ရက်ကန်းရုံတွေ ပတ်ဝန်းကျင်က တောင်စောင်းတွေ၊ လမ်းတွေပေါ်မှာ ခုန်ပေါက် ဆော့ကစားနေကြတဲ့ ကလေးငယ်လေးတွေကို တွေ့ရသလို သွပ်မိုးသွပ်ကာ သစ်ရိုင်း ဒေါက်တိုင် ပျဉ်ခင်း တွေနဲ့ ခပ်ကြမ်းကြမ်း ဆောက်ထားတဲ့ နှစ်ထပ်အိမ်လေးတခုထဲ ရောက် သွားချိန်မှာတော့ အပြင်က နေအရှိန်နဲ့ ပူလောင်နေပြီး ရက်ကန်းခတ်သံတွေနဲ့အတူ အိမ်လေးဟာ ယိမ်းနွဲ့လှုပ်ရှားနေတာကို ခံစားလိုက်ရပါတယ်။

အဆင်စုံ အရောင်အသွေးစုံ အထည်တွေ ရက်လုပ်နေတဲ့ ရက်ကန်းစင်တွေ အပြည့်နဲ့ အခန်းကျဉ်းလေးထဲမှာတော့ သူတို့တွေ အိပ်စက်ရာ ခုတင်ငယ်လေးတွေ၊ အ၀တ်အထည် အသုံးအဆောင်တွေ၊ ချက်ပြုတ်စားသောက်စရာ အိုးခွက်ပန်းကန်တွေ စီတန်း ထားတဲ့ စင်လေးတွေနဲ့ ကျပ်ညပ်နေပါတယ်။

“ဒီမှာကတော့ ငါးသေတ္တာ ဘူးထဲ အထည့်ခံထားရသလိုပါပဲ၊ ဒါပေမယ့်လည်း ကျမတို့ နေတတ်ပါတယ်၊ တနေ့လုံး စားချိန်နဲ့ အိပ်ချိန်ကလွဲလို့ ရက်ကန်းစင်ပေါ်က ဆင်းတာမဟုတ်တော့လေ၊ တခါတလေတော့လည်း ကိုယ့်ရပ်ရွာက အိမ်နေရာ ကျယ် ကျယ်ကို သတိရတာပေါ့”လို့ ဒေါ်မြင့်က ရက်ကန်းရက်ရင်း ပြောပြပါတယ်။

မြန်မာနိုင်ငံ အရပ်ဒေသအစုံက အိုက်ဇောကို ရောက်လာတဲ့ သူတွေထဲမှာ မုံရွာက အသက် ၅၀ အရွယ် ဒေါ်မြင့်လည်း တယောက် အပါအ၀င်ပါပဲ။ သူဟာ ဒီရက်ကန်းအိမ်လေးထဲမှာ အခြား အလုပ်သမား ၃၀ လောက်နဲ့ အတူတူနေတာ ဖြစ်ပါတယ်။

သူတို့တွေဟာ တပတ်မှာ တနင်္ဂနွေတရက် နားရက် ရကြပါတယ်။ ဒီလို နားရက်ရပေမယ့်လည်း ၀မ်းရေးအတွက် အထည်တွေပို ထွက်အောင်ဆိုပြီး အနားမယူဘဲ ရက်ကန်းခတ်တဲ့သူတွေလည်း ရှိပါတယ်။

ရက်ကန်းရုံပိုင်ရှင်တွေကတော့ တပတ်တခါ စနေနေ့တိုင်း ရက်လုပ်ပြီးတဲ့ အထည်တွေကို လာသိမ်းရင်း လုပ်အားခငွေတွေ လာပေးလေ့ရှိတယ်လို့ ပြောပြကြပါတယ်။

သူက“တပတ်ကို အနည်းဆုံး ငါးရာ ခြောက်ရာကနေ တထောင် လောက်အထိ ရတတ်တယ်၊ အိမ်ကလည်း လခမပေးရဘူး ဆိုတော့ စားစရိတ် တပတ်ကို တရာ နှစ်ရာ လောက်ဖယ်လိုက်ရင် ကျန်တာက စုလို့ရတယ်၊ ဗမာပြည်မှာတုန်းကဆို ဘယ် လောက် လုပ်လုပ် အဲ့ဒီလောက်အထိ မရတော့ ဒီမှာ ခဏ အပင်ပန်းခံရကျိုးနပ်တာပေါ့”လို့ ပြောပါတယ်။

သူတို့ အများစု ရက်ကြတာကတော့ အမျိုးသမီးဝတ် ရိုးရာလုံချည်တွေဖြစ်ကြပြီး လုံခြည် တကွင်းအတွက် ရက်လုပ်ခ ရူပီး ၁၅၀ ခန့်ရကြပါတယ်။ မြန်မာငွေနဲ့ လဲလှယ်မယ်ဆိုရင် ငွေလဲနှုန်းက တရူပီးကို ၂၀ ကျပ် ၀န်းကျင်ရှိတာကြောင့် မြန်မာပြည်မှာ အလုပ် လုပ်တာထက်စာရင် ငွေပိုရတယ်လို့ သူတို့က ပြောကြတာပါ။

“ရောက်ခါစကတော့ မခတ်တတ်ဘူးပေါ့၊ ဒီရောက်မှ သင်လိုက်တော့လည်း ၁ လလောက်နဲ့ ကောင်းကောင်းတတ်သွားတယ်၊ ရိုးရိုးအဆင်ဆိုရင် ခတ်ရတာ မြန်တော့ တရက်တည်းနဲ့ ၂ ကွင်းပြီးတာ ရှိသလို အဆင်ဆန်းတယ်ဆိုရင် တကွင်းတည်းကို ၂ ရက် ရက်ရတာလည်း ရှိတယ်”လို့ ဒေါ်မြင့်က ပြောပြပါတယ်။

ကိုယ့်ရပ်ကိုယ့်ရွာကို သတိရတယ်လို့ သူပြောနေပေမယ့် မပြန်ချင်ဘူးလို့ ဆိုလာပြန်ပါတယ်။ သူမပြန်ချင်တဲ့ အကြောင်းအရင်း ကတော့ မြန်မာပြည်ဟာ တစုံတခု ပြောင်းလဲလာမယ်လို့ သူမမျှော်လင့်လို့ပါတဲ့။

“ရွေးကောက်ပွဲသာ ပြောနေတာ အဲ့ဒါကြီး ပြီးသွားလည်း အဒေါ်တို့ ဆင်းရဲသားတွေကတော့ ဒီထက်ပိုပြီး ချမ်းသာလာမှာ မဟုတ် ဘူး၊ ဒီထက်ပိုဆိုးချင်ဆိုးမှာ၊ ဒေါ်စုကိုမှ ပြန်မလွှတ်ပေးဘဲ၊ နှစ်တွေကြာလှပြီလေ၊ ဘာမှ ပိုထူးလာမှာ မဟုတ်တော့ ပြန်လည်း မထူးပါဘူးကွယ်”လို့ စိတ်ပျက်လက်ပျက် ညည်းတွားနေပါတော့တယ်။

မီဇိုရမ်လို အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ်တွေဖြစ်တဲ့ မဏီပူရ်ပြည်နယ်နဲ့ အာသံပြည်နယ် စတဲ့ဒေသတွေက အမျိုးသမီးတွေ ဟာ လုံချည်ကို ၀တ်လေ့ရှိတာမို့ ရက်ကန်းထည်တွေဟာ ဒီပြည်နယ်တွေရဲ့ အ၀တ်အထည် လိုအပ်ချက်ကို တနည်းတဖုံ ဖြည့် ဆည်း ပေးနေတာပဲ ဖြစ်ပါတယ်။

ရက်ကန်းရုံပိုင်ရှင်တွေကတော့ အိုက်ဇောမြို့ထဲမှာပဲ နေထိုင်ကြပြီး ရက်ကန်းရုံတွေကို ဦးစီးဖို့ ရုံထဲက တယောက်ယောက်ကိုပဲ လစာနှုန်းထားသပ်သပ်နဲ့ ခန့်အပ်ထားတတ်ကြပါတယ်။ ဒါကြောင့်မို့ ဇောင်းတွီဟာ မြန်မာနိုင်ငံသားတွေချည်း သီးသန့်နေကြတဲ့ နေရာလေး တခုလို ဖြစ်နေပါတယ်။

အိမ်တွေရဲ့နောက်ကျောတောင်စောင်းတွေ၊ အရှေ့ဘက် မြေကွက်လပ်တွေမှာ တပိုင်တနိုင်စိုက်ထားတဲ့ သီးပင်စားပင်လေးတွေ ကိုလည်း တွေ့ရပါတယ်။ တတ်နိုင်သူ အဆင်ပြေသူတချို့က မွေးထားတဲ့ ၀က်ခြံတချို့ကိုလည်း တွေ့ရပါတယ်။

ခရစ်ယာန် ဘာသာ အများစု ကိုးကွယ်တဲ့ နယ်မြေဖြစ်လေတော့ မြန်မာနိုင်ငံသား ရက်ကန်းသမားတွေအဖို့ ပျော်ပါးစရာ ပွဲတော် ဟာ သင်္ကြန်နဲ့ မြန်မာနှစ်သစ်ကူး ပွဲတော် အချိန်ကာလပဲဖြစ်တယ်လို့ သူတို့က ပြောပြကြပါတယ်။

တနှစ်ပတ်လုံး လက်ခတ်သံ စီညံနေတတ်တဲ့ ဇောင်းတွီက လက်ခတ်သံတွေဟာ သင်္ကြန်တွင်း တပတ်လုံးမှာ ထူးထူးခြားခြား ဆိတ်ငြိမ်နေပြီး အချင်းချင်း ရေပက်ကစားကြရင်း၊ စားသောက်ဖွယ်ရာတွေ ပြင်ဆင်စားသောက်ရင်း စနောက်ရယ်မောသံတွေနဲ့ သာ စည်ကားနေလေ့ ရှိပါတယ်။ ရက်ကန်းရုံတွေ အားလုံး ညီတူညာတူ အလုပ်တွေ ရပ်ပြီး တနှစ်မှတခါ ပျော်ပါးကြရတာမို့ လုပ်ငန်းရှင်တွေကလည်း တစုံတရာ ပြောဆိုလေ့ မရှိကြပါဘူး။

ဒါပေမယ့် လူနည်းစု ဖြစ်နေကြတဲ့အတွက် ပတ်ဝန်းကျင် ဒေသခံတွေက နှိမ်တာ၊ ခွဲခြား ဆက်ဆံတာတွေကို ခံစားနေကြရပေမယ့် ကိုယ့်အသိုင်းအ၀ိုင်းလေးနဲ့ကိုယ် စုစည်းနေထိုင်ရင်း ဘ၀အမောတွေကို ကြိုးစားဖြေဖျောက်နေကြတာကို သူတို့တွေရဲ့ မျက်ဝန်း တွေထဲမှာ တွေ့နေရပါတယ်။

သောက်သုံးရေ ရှားပါးတဲ့ တောင်ပေါ်မြို့လေးမှာ နွေရာသီ ရောက်လာပြီဆိုရင်ဖြင့် အများနည်းတူ ဇောင်းတွီက ရက်ကန်းသမား တွေအဖို့ ရင်မောကြရတဲ့ အချိန်ပါပဲ။ ရေပေးဝေရေးက ရေမလာလို့ ရက်ကန်းရုံတွေနားက အများပိုင် လက်နှိပ်ရေတွင်းမှာ လက် ဆွဲ ရေပုံးတွေ အစီအရီတင်ထားတဲ့ လှည်းကလေးတွေ တန်းစီနေချိန်မှာတော့ ရက်ကန်းသမတစု သူတို့ရေပုံးလေးတွေနားမှာ စိတ်ပျက် လက်ပျက် ထိုင်နေကြတာကို တွေ့လိုက်ရပါတယ်။

ရေမလာဘူးလား။ ရေခပ်ဖို့ စောင့်နေတာလားလို့ မေးကြည့်လိုက်တော့ သနပ်ခါး အဖွေးသားနဲ့ ရက်ကန်းသမလေး တယောက်က “ကျမတို့က တပုံး ၅ ရူပီးနဲ့ ၀ယ်ရမှာ၊ သူတို့က ဗမာဆို လာမခပ်နဲ့ ၀ယ်လို့ ပြောလို့ သူတို့ပုံးတွေ ပြည့်သွားတဲ့အထိ စောင့်နေကြ တာ”လို့ ပြန်ဖြေပါတယ်။

အမှန်တော့ ဒီရေတွင်းကရေတွေဟာ ဒီပတ်ဝန်းကျင်က လူတွေအတွက် အခမဲ့ လိုရာသုံးဖို့ လုပ်ထားတဲ့ရေတွင်းပါပဲ။ တခါ တလေမှာတော့ အခမဲ့ ရေခပ်ခွင့်ရလေ့ရှိတယ်လို့ သူတို့က ပြောပြပါတယ်။

ဒါဆို နွေရာသီ ရေရှားတော့ သင်္ကြန်တုန်းက ရေမပက်ဖြစ်ဘူးလားလို့ မေးကြည့်တော့ သူတို့က“ဘယ်အလွတ်ခံပါ့မလဲ၊ ၀ယ် ပက်တာပေါ့”လို့ ရယ်ကြဲကြဲနဲ့ ပြန်ပြောကြပါတယ်။

လူမျိုးစွဲ ဒေသစွဲကြီးမားတဲ့ ဒီဒေသရောက် မြန်မာနိုင်ငံသားတွေကို ဒေသခံတွေက မကြည်ဖြူကြတဲ့ အကြောင်းချက်တွေထဲမှာ လူငယ်ချင်း စကားများ ရန်ဖြစ်ကြတဲ့ အကြောင်းအချက်တွေ ပါလေ့ရှိသလို အထင်အမြင်လွဲမှားမှုကြောင့် ဖြစ်ရတာတွေကလည်း ဒုနဲ့ဒေးပါပဲ။

“တလောက လူငယ်ချင်း စကားများကြတာမှာ မီဇို လူငယ်လေး တယောက် အရိုက်ခံရတယ်ပေါ့၊ ရိုက်လိုက်တဲ့သူက နီးရာ ရက်ကန်းရုံထဲ ပြေးဝင်တော့ ဒါဟာ မြန်မာနိုင်ငံသားပဲ ဆိုပြီး မီဇိုလူငယ်တွေက အဲ့ဒီ ရက်ကန်းရုံကလူတွေကို ၀င်ရိုက်တာတွေ၊ လမ်းမှာ တွေ့တဲ့ မြန်မာနိုင်ငံသားတွေကို ရိုက်တာတွေ ဖြစ်တယ်၊ ဒါပေမယ့် နောက်ဆုံးမှ အဲ့ဒီလူငယ်လေးဟာ ဒေသခံ လူငယ် လေးဖြစ်နေတော့ ပြဿနာ ရှင်းသွားတယ်”လို့ မြန်မာ့ လူမှုရေးအသင်းက ကိုထွေးက ပြောပြပါတယ်။

၂၀၀၇ ခုနှစ်လောက်တုန်းကလည်း မီဇိုမိန်းကလေးငယ်တယောက်ကို မြန်မာနိုင်ငံသားလို့ ယူဆရတဲ့ သူတယောက်က မုဒိန်းကျင့် လိုက်တယ်ဆိုတဲ့ သတင်းတွေနောက်မှာလည်း ဖိနှိပ်မှုမျိုးစုံကို ခံစားကြရဖူးတယ်လို့ ဆိုကြပါတယ်။

သူက“အမှုမှန် မပေါ်သေးချိန်မှာတော့ ကိုယ်တွေက လူနည်းစုဖြစ်တော့ အထင်လွဲတာတွေ ခံရတာပေါ့လေ၊ နောက်တော့လည်း ပြေလည်သွားကြတာပါပဲ၊ ကိုယ်တွေဘက်ကလည်း သူများနိုင်ငံမှာ နေနေရတာဆိုတော့ ဆင်ခြင်သင့်တာပေါ့လေ၊ အထူးသဖြင့် လူငယ်လေးတွေပေါ့”လို့ ပြောပါတယ်။

ပြဿနာ တစုံတရာ ဖြစ်လာခဲ့လို့ ဖမ်းဆီးထိန်းသိမ်းတာတွေ ခံရပြီဆိုရင်ဖြင့် တခြား အမှုကိစ္စတွေမှာ ပြေလည်သွားခဲ့ပေမယ့် ဒီလူတွေဟာ တရားမ၀င် နိုင်ငံခြားသား ပြစ်မှုနဲ့ အမှုတွေ ရင်ဆိုင်ကြရတယ်လို့ သိရပါတယ်။

အမှု ရင်ဆိုင်ကြရတဲ့အခါမှာ ဒဏ်ငွေဆောင်ရတာတွေ ရှိသလို ချန်ဖိုင်း ဆိုတဲ့ မီဇိုရမ်-မြန်မာနယ်စပ်ကနေ နေရပ်ပြန်ပို့တာတွေ ရှိတယ်လို့ ဆိုပါတယ်။

“ဒီမှာ လွတ်လွတ်လပ်လပ် နေရပေမယ့် မြို့ထဲသွားရင်တော့ ဗမာလို ပြောလို့ မရတော့ဘူး၊ သူတို့တွေက မြန်မာနိုင်ငံသားမှန်း သိရင် နှိမ်ကြတာထက် ဖမ်းသွားမှာကို ကြောက်တာ”လို့ ရက်ကန်းသမ တယောက်က ပြောပြပါတယ်။

ရက်ကန်းစင်တွေနားမှာ လာဆော့နေတဲ့ ၄ နှစ်နဲ့ ၅ နှစ်အရွယ် ကလေးငယ်လေး နှစ်ယောက်ကို“လာဆော့ရင် ရဲနဲ့တိုင်မှာနော်၊ YMA ရုံးကို ပို့လိုက်မှာနော်”လို့ အဒေါ်လုပ်သူက ပြောတော့ ကလေးတွေရဲ့မျက်နှာမှာ စိုးရွံ့ထိတ်လန့်တဲ့ အရိပ်တွေဖြတ်သန်း သွားပြီး ချောင်လေးတခုမှာ ကုပ်ကုပ်ကလေး သွားထိုင်နေကြတာကို စိတ်မကောင်းစရာ တွေ့လိုက်ရပါတယ်။

YMA ဆိုတဲ့ ဒေသလုံခြုံရေးနဲ့ ဒေသအကျိုးအတွက် ဖွဲ့စည်းလုပ်ဆောင်နေတဲ့ မီဇိုးလူငယ်အစည်းအရုံးကတော့ ဒီဒေသမှာ အာ ဏာပိုင်တွေနည်းတူ သြဇာတိက္ကမ ကြီးမားတဲ့ လူငယ်အဖွဲ့တခုပါ။ ရပ်ကွက်တွင်း အချင်းများတဲ့ ကိစ္စတွေကို ဖြေရှင်းရာက အစ အစိုးရကို တင်ပြတောင်းဆိုသင့်တဲ့ အကြောင်းအရာတွေ အထိ စွမ်းဆောင်နိုင်တဲ့ အဖွဲ့အစည်းတခုလို့ ဆိုကြပါတယ်။

အိုက်ဇောက ကျောင်းတချို့ဟာ မြန်မာနိုင်ငံသား ကလေးငယ်တွေကို ကျောင်းတက်ခွင့်ပေးတယ်လို့ သိထားရလေတော့ ကလေးတွေကို ကျောင်းမထားဘူးလား မေးကြည့်မိပါတယ်။

“ဒီမှာတော့ မထားပါဘူး။ အိမ်မှာပဲ သင်ပေးမယ်လေ”လို့ခပ်အေးအေး ပြန်ဖြေတဲ့ မိခင်ဖြစ်သူဟာ မျက်နှာ ညှိုးနွမ်းသွားပြီး လေအဝှေ့မှာ ယိမ်းခါနေပြီး ကောက်ကွေးလိမ်နေတဲ့ သွပ်ပြား ပြတင်းတခါးကို ငေးကြည့်ရင်း နှုတ်ဆိတ်နေပါတော့တယ်။

နေရပ်ပြန်ပို့တာတွေ၊ ခွဲခြား ဆက်ဆံတာတွေကို ခံနေရပေမယ့်လည်း တစတစ တိုးပွားလာနေတဲ့ အိန္ဒိယနိုင်ငံ လူဦးရေနဲ့ အလျင်မီအောင် ရက်လုပ်နေရတဲ့ အိန္ဒိယ အရှေ့မြောက်ပြည်နယ်တွေက ရက်ကန်းလုပ်ငန်းတွေရဲ့ လုပ်သား လိုအပ်ချက်ကြောင့် မြန်မာပြည်ကလာပြီး အလုပ်လုပ်တဲ့သူတွေကလည်း တိုးလာနေပါတယ်။

ဇောင်းတွီမှာ ရှိတဲ့ ရက်ကန်းရုံတွေအပြင် အိုက်ဇောမြို့ပေါ်က မှောင်ပိန်းနေတဲ့ အခန်းကျဉ်းလေးတွေမှာလည်း ရက်ကန်းစင် တွေပေါ် ပျဉ်ချပ်တွေခင်းပြီး ခုတင်လို သဘောထားလို့ ၀မ်းကြောင်းနေရတဲ့ သူတွေကိုလည်း တွေ့ခဲ့ရပါတယ်။

အိုက်ဇောမြို့ကို ရောက်လာတဲ့ မြန်မာပြည်သားတွေထဲမှာ ရက်ကန်းလုပ်ငန်းအပြင် မြန်မာပြည်က တတ်မြောက်လာတဲ့ ပန်းထိမ် ပညာနဲ့ အသက်မွေးသူ၊ လက်သမားလုပ်နေသူ၊ မြေတူးတဲ့အလုပ်နဲ့ အိမ်ဖော်အလုပ် လုပ်တဲ့သူတွေလည်း ရှိကြပါတယ်။

အိုက်ဇောမြို့ဈေးထဲမှာ မြန်မာပြည်က လာတဲ့ လက်ဖက်၊ ဆီ တိုဟူး၊ ခေါက်ဆွဲစတဲ့ စားသောက်ကုန်တွေရောင်းနေတဲ့ မြန်မာနိုင်ငံ သားတွေ၊ ကွမ်းယာရောင်းနေတဲ့သူတွေ၊ အထည်ရောင်းနေတဲ့သူတွေကို တွေ့ရတော့ ၀မ်းသာအားရနဲ့ စကားပြောဖြစ်ပါတယ်။

သူတို့ရဲ့မျက်ဝန်းတွေမှာတော့ ကိုယ့်မြန်မာနိုင်ငံသားအချင်းချင်း စကားပြောရလို့ ပျော်ရွှင်တဲ့အရိပ်ကို တွေ့ရသလို၊ မယုံသင်္ကာ စိတ်၊ စိတ်မချတဲ့ အရိပ်တွေကိုလည်း တွေ့နေရပါတယ်။ ဓာတ်ပုံရိုက်ခွင့်တောင်းတော့ ခါးခါးသီးသီး ငြင်းဆန်ကြပြီး ဓာတ်ပုံ ရိုက်မှာစိုးလို့ ထွက်ပြေးတိမ်းရှောင်တာတွေကိုလည်း ကြုံခဲ့ရပါတယ်။

အရင်တုန်းက သတင်းဌာနတခုက ရုပ်သံသတင်းမှာ ပန်းထိမ်ဆရာတွေရဲ့အကြောင်း ပါလာပြီးတဲ့နောက် အဲ့ဒီ ပန်းထိမ်ဆရာတွေ မြန်မာပြည်ဘက်ကို ပြန်တဲ့အခါမှာ မြန်မာအာဏာပိုင်တွေက မေးမြန်းတာတွေကြောင့် စိုးရွံ့နေကြတာလို့ ဆိုကြပါတယ်။

အိုက်ဇောမှာ အလုပ်လုပ်ရင်းကနေ မြန်မာပြည်ပြန်ပြီး အဲ့ဒီကနေမှ တဆင့် မလေးရှားမှာ အလုပ်သွားလုပ်ကြတဲ့ သူတွေလည်း ရှိသလို လူသစ်တွေလည်း အများကြီး ရောက်လာကြတယ်လို့ သူတို့က ပြောပြကြပါတယ်။

အိုက်ဇောမှာ အခြေစိုက်တဲ့ မြန်မာ့လူမူရေးအဖွဲ့ရဲ့အဆိုအရ အိုက်ဇောမှာ မြန်မာနိုင်ငံသား ၅ သောင်း ၀န်းကျင် ရှိနေတယ်လို့ သိရပါတယ်။

ရက်ကန်းသမားတွေအဖို့ ဘာသာစကား အခက်အခဲ အပြင် အလင်းရောင်နဲ့ လေ၀င်လေထွက်မကောင်းတဲ့ နေရာတွေမှာ အလုပ်လုပ်ကြရတော့ အညောင်းထိုင်တာတွေ၊ မျက်စိဝေဒနာ ခံစားရတာတွေ၊ သောက်သုံးရေ ရှားပါးတဲ့ ပြဿနာတွေ အများဆုံးပဲလို့ ပြောပြကြပါတယ်။

တောင်စောင်းတွေမှာ အိမ်လေးတွေ အစီအရီနဲ့ တည်ထားတဲ့ အိုက်ဇောမြို့ဟာ မိုးတွင်းမှာ မိုးရေချိန်များလို့ မြေပြိုပြီး နေအိမ်တွေ ပြိုတာ၊ လူတွေ ထိခိုက်ဒဏ်ရာရတာတွေ ရှိနေပေမယ့် မြန်မာလုပ်သားတွေနေတဲ့ ဇောင်းတွီမှာတော့ ဒီလို အဖြစ်မျိုး မကြုံဖူးသေး ဘူးလို့ ဆိုပါတယ်။

ကိုထွေးက“အမှန်တော့ လုပ်ငန်းရှင်တွေကို သူတို့ တောင်းဆိုပိုင်ခွင့် ရှိပေမယ့် ခက်တာက ကျနော်တို့ မြန်မာလူမျိုးတွေက အားနာတတ်တယ်၊ မပြောရဲကြဘူး၊ အငြိုအငြင် မခံချင်ကြဘူး၊ နောက်ပြီးတော့ ဘာနေနေ အဆင်ပြေပြီးရော၊ နေလို့ရပြီးရော ဆိုတော့ အခုလို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ မခိုင်မခန့်နဲ့ အန္တရာယ်ရှိတဲ့ နေရာတွေမှာ နေနေရတော့တာပဲ”လို့ ပြောပါတယ်။

တောင်ပေါ်လေနုအေးတွေ တိုက်ခတ်နေပေမယ့် နွေနေပူပူအောက်က သွပ်အိမ်လေးတွေ၊ မှောင်ကုပ်ကုပ် အခန်းလေးတွေထဲက တော့ ချည်တွေ၊ လွန်းတွေ၊ ရက်ကန်းစင်တွေကြားက ချွေးတလုံးလုံးနဲ့ ရက်ကန်းသမားတွေ၊ နေပူထဲမှာ မြေတူးနေကြတဲ့ သူတွေ၊ ဈေးထဲက ဓာတ်ပုံအရိုက်ခံရမှာ ကြောက်ကြတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားတွေဟာ သမုဒ္ဒရာ ၀မ်းတထွာအတွက် အခက်အခဲ အမျိုးမျိုးကြားမှာ မနားတမ်း လွန်းထိုး ရုန်းကန်နေကြရတာဟာ ရက်ကန်းစင်ပေါ်က ယက်ဖောက်လွန်းလေးတွေနဲ့ အလားသဏ္ဍာန် တူနေပါတော့တယ်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ May,27th,2010

( 35 )Mae Sot's Global Day of Action

( 34 )‘Blackmailer’ arrested in central Burma

( 33 )ရွေးကောက်ပွဲအနိုင်ရ အထိမ်းအမှတ်ကျင်းပ

( 32 )Suu Kyi supporters mark ’stolen’ polls

( 31 )Gordon Brown's last letter from Downing Street

( 30 )မင်္ဂလာဈေးကို ၂ လအတွင်းအပြီး ပြင်ဆင်မည်

( 29 )'Stolen' poll win marked

( 28 )Rights group slams Burma junta on poll anniversary

( 27 )၁၉၉၀ ရွေးကောက်ပွဲ နှစ်ပတ်လည် ကျင်းပ

( 26 )EU, Asean Urge Credible Election in Burma

( 25 )ပထမပြန် စာမေးပွဲမေးခွန်း ပေါက်ကြားမှု ဒု-ဦးစီးမှူးတဦးအား စစ်ဆေး

( 24 )Myanmar Security Personnel Find Explosives Planted Under Rail Track

( 23 )စံပြ အိမ်ရာစီမံကိန်းကြောင့် အိမ်ပူးမိသားစုများ ဒုက္ခရောက်

( 22 )Goods loss in major Yangon market fire estimated at $20.92 mln

( 21 )လူ့အခွင့်အရေး ကာကွယ်သူများကို ဖိနှိပ်သည့်နိုင်ငံထဲတွင် မြန်မာပါဝင်

( 20 )Double the happiness

( 19 )ထိုင်းလုပ်သားများ လျော်ကြေးရ၊ ရွှေ့ပြောင်းအလုပ်သမားများ မသေချာသေး

( 18 )Myanmar may descend into chaos post-election: Civil groups

( 17 )ထက်ထက်မိုးဦးအမှု တရားရုံး ကြားနာ

( 16 )Burma's Lost 20 Years

( 15 )လူ့အခွင့်အရေး ကာကွယ်သူများကို ဖိနှိပ်သည့်နိုင်ငံထဲတွင် မြန်မာပါဝင်

target="_blank"( 14 )'Credible' elections urged

( 13 )မင်္ဂလာဈေး မီးလောင်မှု ဆိုင်ရှင် ၃ ဦး တရားစွဲခံရ

( 12 )Reversing Yangon's Decline

( 11 )၁၉၉၀ ရွေးကောက်ပွဲ နှစ်၂၀ ကြာ ဒီမိုကရေစီ ကင်းမဲ့ဆဲ HRW ဝေဖန်

( 10 )Is Burma the first Causality of Chinese Imperialism?

( 9 )ကချင်အတိုင်ပင်ခံအဖွဲ့ခေါင်းဆောင် ပြန်လွှတ်

( 8 )EU, ASEAN urge 'credible' elections in Myanmar

( 7 )နအဖခေါင်းဆောင်ကို သရော်သူ ကဗျာဆရာ လွတ်မြောက်

( 6 )EU seeking deal on election mission to Myanmar

( 5 )Webb to return to Myanmar

( 4 )ဂျင်မ်ဝက်ဘ်ခရီးစဉ်အပေါ် အတိုက်အခံတွေ မျှော်လင့်ချက်မထား

( 3 )Karen Unity Seminar Calls for UN Probe

( 2 )ကဗျာဆရာ စောဝေ ပြန်လွတ်ပြီ

( 1 )Premier Wen's Asia tour to boost cooperation, says vice FM

Wednesday, May 26, 2010

ကြံ့ဖွံ့ အမတ်လောင်း သိန်းထောင်ချီ အကုန်အကျခံပြီး မဲဆွယ်

Narinjara News

ကြံ့ဖွံ့ ပါတီမှ အမတ်လောင်းအဖြစ် ရာတားခြင်း ခံရသူ ဦးသိန်းမောင်သည် ရသေ့တောင် မြို့နယ်တွင် ငွေကြေး သိန်းပေါင်း မြောက်မြားစွာကို အကုန်အကျခံပြီး ရွှေးကောက်ပွဲ အနိုင်ရရေး အတွက် မဲဆွယ်စည်းရုံးနေကြောင်း သတင်း ရရှိသည်။

ဒေသခံ ပြည်သူများ အပြောအရ လွန်ခဲ့သော ဇန္န၀ါရီလမှ စတင်ပြီး အနည်းဆုံး ကျေးရွာတရွာကို ငွေတသိန်းမှ သိန်း ၅၀ထိ လှူဒါန်း နေကြောင်း သိရသည်။

အမည်မဖေါ်လိုသူ ပညာတတ် လူငယ် တဦးက “သူ အခုလှူဒါန်းနေတာက စာသင်ကျောင်းတွေ၊ ဆေးပေးခန်းတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေ ဆောက်လုပ်တဲ့ နေရာမှာ လှူဒါန်းနေသလို ရေတွင်းရေကန်တွေ တူးဖေါ်တဲ့နေရာတွေမှာလည်း ကျေးရွာတွေ အလိုက် လှူဒါန်းနေတာ ဖြစ်ပါတယ်။ အခု သူလှူဒါန်းနေတဲ့ ငွေတွေကို ပျှမ်းမျှ တွက်ကြည့်ရင် သိန်းထောင်ကျော်နေပြီ ဖြစ်ပါတယ်” ဟု ပြောသည်။

လွန်ခဲ့သော ရက်အနည်းငယ်ကလည်း ကျောက်တန်းကျေးရွာတွင် ဆေးပေးခန်း တခု ဆောက်လုပ်ရေးအတွက် သိန်း ၂၀ လှူဒါန်းခဲ့ပြီး စေတီပြင် ကျေးရွာ မြောက်ပိုင်းတွင် ဆောက်လုပ်နေသည့် မူလတန်းကျောင်းဆောင်သစ် တခုအတွက် သိန်း ၃၀ လှူဒါန်းခဲ့သည်ဟု သိရသည်။

“ဒီလောက်များပြားတဲ့ ငွေတွေကို သူဘယ်ကရသလဲ။ ကြံ့ဖွံ့ ပါတီက ပေးတာလား။ သူကိုယ်ပိုင်ငွေတွေလား။ ဘယ်သူမှ တက်အပ် မပြောနိုင်ဘူး။ သူပြောတာကတော့ သူ့ကိုယ်ပိုင် ငွေတွေဆိုပြီး ပြောပါတယ်။ ဦးသိန်းမောင်ဟာ ယခင်က စက်မူ ၁မှာ ညွန်ကြားရေးမှူး ဖြစ်ခဲ့တယ်လို့ သိရပါတယ်” ဟု သူက ဆက်ပြောသည်။

ဦးသိန်းမောင်မှာ ရသေ့တောင် မြို့နယ်နှင့် နယ်စပ်ချင်းထိစပ်နေသော ဘူးသီးတောင်မြို့နယ် စေတီတောင် ကျေးရွာ ဇာတိ ဖြစ်ပြီး သူ၏ ဖခင်မှာ ဦးစောသာကျော် ဖြစ်သည်။ သူသည် အမှတ် (၁) စက်မူဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း လက်အောက်တွင် အထည်အလိပ် လုပ်ငန်း ညွှန်ကြားရေးမှူး အဖြစ်တာဝန် ထမ်းဆောင်ခဲ့သည်ဟု သိရသည်။

ဦးသိန်းမောင်မှာ ၀န်ကြီး ဦးအောင်သောင်းနှင့် ရင်းနှီးသူ ဖြစ်ပြီး ၀န်ကြီး ဦးအောင်သောင်း၏ ညွှန်ကြားချက်ဖြင့် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်မြေမှ ကြံ့ဖွံ့ ကိုယ်စားလှယ် အဖြစ် ၀င်ရောက် အရွှေးခံရန် ၂၀၁၀ ခုနှစ် ဇန္န၀ါရီလဆန်းပိုင်းကတည်းက ရသေ့တောင်မြို့သို့ရောက်ရှိနေခြင်း ဖြစ်သည်။

တခြား ဒေသခံ တဦးကလည်း “ ဦးသိန်းမောင်က ကျေးရွာတွေ အလိုက် ငွေတွေကို လှူဒါန်းသလို ဆင်းရဲတွေ မိသားစုတွေကိုလည်း အ၀တ်အစားက အစ ဆန်၊ စပါးတွေလည်း ထောက်ပံ့ လှူဒါန်း ပေးပါတယ်။ ကျောင်းသားတွေ အတွက် စာအုပ်ခဲတံတွေက အစ ကူညီပေးပါတယ်။ အဓိကတော့ ရွှေးကောက်ပွဲ ရောက်လာရင် သူ့ကို မဲထည့်ဖို့ အတွက် ပြောဆို စည်းရုံးပါတယ်။ အမတ် မဖြစ်တဲ့ ခါတောင် ဒီလောက် လှူဒါန်းရင် အမတ်ဖြစ်လာရင် ဒီထက် ကူညီ လှူဒါန်းအုံးမယ်လို့လည်း ပြောပါ တယ်” ဟု ပြောသည်။

၎င်းပြင် ဦးသိန်းမောင်သည် ကြံ့ဖွံ့ ပါတီမှ တဆင့် ကျေးရွာများတွင် ပြုလုပ်သော ဘော်လုံးပွဲများနှင့် တခြား ပျော်ပွဲရွှင်ပွဲများကိုလည်း ငွေကြေးများ ထောက်ပံ့ပေးသည်ဟု သိရသည်။

တခြား အရပ်သား တဦးကလည်း “ ဦးသိန်းမောင်က အခု စက်လှေ တစီးပေါ်မှာ အကျီင်္တွေ၊ လုံချည်တွေ၊ ထီး- ဖိနပ်တွေ အပါအ၀င် စားစရာ သောက်စရာတွေကို တင်ပြီး ရွာတိုင်းကို လိုက်လံ လှူဒါန်းနေပါတယ်။ သူခုလို ပိုက်ဆံ အကုန်အကျခံပြီး လိုက်လုပ်နေတဲ့အတွက် သူလာရင် အလှူရလို့ ရွာသားတွေ ကတော့ ၀မ်းသာနေကြပါတယ်” ဟု ပြောသည်။

၎င်းပြင် တခြား ရသေ့တောင်မြို့ခံ တဦးကလည်း “ ဦးသိန်းမောင်ရဲ့ ယခင်မိန်းမက ကရင် အမျိုးသမီး ဖြစ်ပြီး သူကွယ်လွန်သွားတဲ့နောက်ပိုင်းမှာ အခု သူယူထားတာက ဗမာ အမျိုးသမီး ဆိုတော့ ရခိုင်တွေ မဲမထည့်မှာကို စိုးရိမ်ပြီး ရသေ့တောင်မြို့မှာ ကျွန်တော်က ရခိုင်အစစ်မှ ရခိုင်အစစ် ဆိုပီးတော့လည်း မဲဆွယ် စည်းရုံးနေပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ငွေကြေး အမြောက်အမြား အကုန်အကျခံပြီး မဲဆွယ် စည်းရုံးနေသော်လည်း ရခိုင်ပြည်သူအများစုမှာ နအဖ စစ်အစိုးရ၏ ရခိုင်ပြည်သူများ အပေါ် မတရား ဖိနှိပ်မူကြောင့် အထူး နာကျည်းနေပြီး လွတ်လပ်ပြီး တရားမျှတသော ရွှေးကောက်ပွဲ ဖြစ်ပါက စစ်အစိုးရ ကျော့ထောက် နောက်ခံ ပြုထားသော ဦးသိန်းမောင်တို့ကဲ့သို့ ကြံ့ဖွံ့ပါတီဝင်များ ရခိုင်တွင် မဲ အနိုင်ရချင်မှ ရမည် ဖြစ်ကြောင်း ဒေသခံများက နိရဉ္စရာသို့ ပြောကြားသည်။

ထက်ထက်မိုးဦး သတင်းကို ၀န်ကြီး ပိတ်ပင်

NEJ / ၂၆ မေ ၂၀၁၀

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၏ တိုက်ရိုက်ညွှန်ကြားချက်ကြောင့် ထက်ထက်မိုးဦး သတင်းကို ပိတ်ပင်ရခြင်းဖြစ်ကြောင်း စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနမှ စာစစ်မှူးတဦးက ပြောသည်။

၎င်းက “ထက်ထက်မိုးဦး သတင်းတက်လာတော့ ကျမတို့က ခြစ်ပြီး ပယ်ရန် တင်လိုက်တာပဲ။ စာပေစိစစ် ညွှန်မှူး ဗိုလ်မှူးတင့်ဆွေဆီ ရောက်တော့မှ တစောင်ကို ခွင့်ပြုပေးလိုက်တယ်။ နောက် အချိန်နည်းနည်းကြာပြီးမှ ဗိုလ်မှူးဆီ ဖုန်းဝင်လာတယ်လို့ သိရတယ်။ ဝန်ကြီးက ခွင့်မပြုဘူး ဆိုတာနဲ့ ကျမတို့က ဂျာနယ်တိုက်ကို ဖုန်းဆက်အကြောင်းကြားပြီး ခွင့်မပြုကြောင်း ပြန်ပြောရတယ်” ဟု ပြောသည်။

အဆိုပါသတင်းမှာ ပြီးခဲ့သည့် မေ (၁၉) ရက်ည၌ ဆီဒိုးနားဟိုတယ် ကုန်ပစ္စည်းအရောင်းမြင့်တင်ပွဲတခုတွင် အင်တာဗျူးလုပ်သူ ဆဲဗင်းဒေးသတင်းထောက် မအေးသူစံကို ရုပ်ရှင်မင်းသမီး ထက်ထက်မိုးဦးက ကိုယ်ထိလက်ရောက်ပြုမူခဲ့သည့် ဖြစ်ရပ်အတွက် ရန်ကင်းမြို့နယ် တရားရုံးတွင် တရားစွဲရန် ဦးတိုက်လျှောက်ထားသည့် သတင်းဖြစ်သည်။

ထိုသတင်းကို စနေနေ့ထုတ် The Voice ဂျာနယ်နှင့် The First ဂျာနယ် မျက်နှာဖုံးတို့တွင် ဖော်ပြခဲ့ပြီး ယခုကဲ့သို့ ဖော်ပြခဲ့သည့်အတွက် စာပေစိစစ်ရေးက ဂျာနယ်နှစ်စောင်ကို ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခဲ့သည်။

အဆိုပါကိစ္စကို စာပေစိစစ် ကြော်ငြာသင်ပုန်းတွင် ၁၉၆၂ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေ၊ နည်းဥပဒေပါ ညွှန်ကြားချက် (၃၅) နှင့် (၃၇) ကို လိုက်နာမှုမရှိဘဲ အကြိမ်ကြိမ် ဖောက်ဖျက်ကျူးလွန်မှုများအရ မေလ (၂၂) ရက်မှစ၍ ယာယီ ရပ်ဆိုင်းသည်ဟု ဖော်ပြထားကြောင်း၊ ထက်ထက်မိုးဦး သတင်းကိစ္စကို တိုက်ရိုက် ရည်ညွှန်းခြင်းမရှိကြောင်း ပြည်တွင်း ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။

၎င်းက “အခုကိစ္စကို ကြည့်ရင် မြန်မာနိုင်ငံတွင်းမှာ ထုတ်ဝေနေတဲ့ ပုဂ္ဂလိက ဂျာနယ်၊ မဂ္ဂဇင်းတွေဟာ အနုပညာရှင်တွေရဲ့ သတင်းကိုတောင် လွတ်လွတ်လပ်လပ် တင်ပြနိုင်မှု မရှိတာကို တွေ့ရမှာဖြစ်တယ်။ အခြား စီးပွားရေး၊ လူမှုရေး နိုင်ငံရေး သတင်းတွေဆို အခုထက် ပိုဆိုးတယ်။ စာနယ်ဇင်း လွတ်လပ်ခွင့် လုံးဝ မရှိတာကို ပြတဲ့ သက်သေတခု ဖြစ်တယ်” ဟု ပြောသည်။

အခြား ဂျာနယ်အယ်ဒီတာ တဦးကလည်း ၎င်းတို့ ဂျာနယ်အပါအဝင် ဂျာနယ်အားလုံးကို စာပေစိစစ်ရေးက ထက်ထက်မိုးဦးသတင်းကို ရုံးသို့ လုံးဝ တင်ပြခြင်းမပြုရန် တယ်လီဖုန်းဆက် အကြောင်းကြားကြောင်း၊ ယခုကဲ့သို့ ပြုလုပ်ခြင်းသည် တင်ပြသမျှကို ပိတ်ပင်တားမြစ်ခြင်းထက် ပိုဆိုးကြောင်း ပြောသည်။

၎င်းက “နောင်တချိန်ကျရင် မှတ်တမ်းတွေကို ပြန်ပြပြီး အဲဒီအချိန်က ထက်ထက်မိုးဦး သတင်းကို ဘယ်ဂျာနယ်ကမှ တင်ပြထားတာ မရှိဘူးဆိုပြီး လိမ်လည်ဖို့အထိ လုပ်လာတာမျိုး ဖြစ်တယ်” ဟု ရှင်းပြသည်။

ရန်ကုန်မြို့မှ ဝါရင့်သတင်းစာဆရာကြီး တဦးက စစ်အစိုးရသည် ၎င်းတို့ အာဏာတည်မြဲရေး၊ ဝါဒဖြန့်ချိရေးကိစ္စတို့တွင် အနုပညာသည်များကို ကောင်းကောင်း အသုံးချနေကြောင်း၊ ထိုသို့ အသုံးချနိုင်ရန် အနုပညာသည်များက မလိုလားသည့် သတင်းဖော်ပြမှုများကို တားမြစ်ပိတ်ပင်ပေးနေခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အနုပညာသည်များ၏ သတင်းကို လွတ်လွတ်လပ်လပ် ဖော်ပြခွင့်မရသည်မှာ ကြာပြီဖြစ်ကြောင်း ပြောသည်။

အဆိုပါ သတင်းဂျာနယ်နှစ်စောင်ကို ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်းထားသော်လည်း ပိုင်ရှင်များအနေဖြင့် ဝန်ကြီး သို့မဟုတ် စာပေစိစစ်ညွှန်မှူးကို တိုက်ရိုက်တွေ့ဆုံ ညှိနှိုင်းပြီး အဆင်ပြေပါက မကြာမီ ပြန်လည် ထုတ်ဝေခွင့်ရနိုင်မည်ဖြစ်ကြောင်း ပြည်တွင်းသတင်း အယ်ဒီတာများက ဝေဖန်သုံးသပ်နေကြသည်။

USDP မက်လုံးပေး စည်းရုံး

စိုင်းဇွမ်ဆိုင်း Wednesday, May 26, 2010

0လက်ရှိ တာဝန် ထမ်းဆောင် နေဆဲ ဝန်ကြီးများ ပါဝင်ဖွဲ့စည်း ထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် ပြည်နယ်နှင့် တိုင်းတချို့၌ ဒေသခံ အာဏာပိုင်များ၏ သြဇာသုံးပြီး မက်လုံးပေး၍ ပါတီဝင် စည်းရုံးမှုများ ပြုလုပ်နေကြောင်း သိရသည်။


ရှမ်းပြည်မြောက်ပိုင်း၊ တနင်္သာရီတိုင်းနှင့် မကွေးတိုင်းတို့ အတွင်းရှိ မြို့နယ်များ၊ ကျေးရွာများတွင် ယင်းသို့ ပါတီဝင် စည်းရုံးမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

USDP သည် စည်းရုံးရေးကို ကျေးရွာလူကြီးများမှတဆင့် လုပ်ဆောင်ခဲ့ကြသည်ဟု သိရသည်။ ပါတီဝင် အဖြစ် အသိမှတ်ပြုခံရပြီး ပါတီဝင် သက်သေခံကတ် ရရှိပါက ခရီးသွားလာမှုများ ပိုမိုလွယ်ကူမည်ဖြစ်ကြောင်း၊ ပါတီဝင် သက်သေခံကတ်သည် နိုင်ငံသားစိစစ်ရေးကတ်နှင့် မကွာခြားကြောင်း ရွာသူရွာသားများကို ပြောဆို စည်းရုံးခဲ့သည်ဟု ရှမ်းပြည်မြောက်ပိုင်း ဒေသခံများက ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှ ကျေးရွာသူ တဦးက“သူတို့ လျှောက်လွှာတွေ လာပေးတုန်းက ကျမ အိမ်မှာ မရှိ ဘူး၊ မနေ့က အိမ်ကိုပြန်ရောက်တော့ အိမ်ကလူတွေက သူတို့အဖွဲ့ထဲ ဝင်စေချင်နေတယ်၊ ပိုပြီးမှ သွားရလာရတာ လွယ်အောင်လို့ ဆိုပြီး ပြောကြတယ်”ဟု ဆိုသည်။

နမ့်ခမ်းမြို့နယ်မှ မန်စက်ရွာသူတဦးကလည်း“ကျမတို့ ကျေးရွာအုပ်စုမှာ မန်စက်၊ မန်ကောင်း၊ မန်ကန် နှင့် အွယ်လော ရွာတွေ ပါပါတယ်။ လျှောက်လွှာတွေကိုတော့ အရင်တပတ်ကတည်းက ယူလာပြီး ဖြည့်ခိုင်း ထားပါတယ်။ မနေ့က တော့ ဖြည့်ထားတဲ့ လျှောက်လွှာတွေကို ပြန်လာယူပြီး သူတို့အဖွဲ့ထဲ ဝင်မယ့်သူတွေကို ဓာတ်ပုံရိုက် သွားပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

မန်စက်ရွာတွင် လူဦးရေ ၂၀၀ ခန့်ရှိပြီး ကျန်ရွာ သုံးရွာတွင် အနည်းဆုံး ၁၅၀ ခန့်စီ ရှိကြောင်း သိရသည်။

USDP သည် မကွေးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင်လည်း ပါတီဝင်များ စည်းရုံးခြင်းကို လုပ်ဆောင်နေကြောင်း သိရ သည်။

မကွေးတိုင်းရှိ ရေနံချောင်းမြို့နယ်အတွင်း ကျေးရွာအုပ်စုများတွင်လည်း USDP မှ အလားတူ စည်းရုံးမှုများ ရှိနေ ကြောင်း ဒေသခံများက ပြောသည်။

“အဖွဲ့ဝင်မယ့်သူတွေဆီကနေ ဝင်ကြေး ကျပ် တထောင်၊ ဓာတ်ပုံဖိုး ငါးရာ ယူပြီးမှ အဖွဲ့ဝင်အဖြစ် စုဆောင်းနေပါတယ်” ဟု ရေနံချောင်းမှ ဒေသခံ တဦးက ဆိုသည်။

USDP မှ ထိပ်ပိုင်းခေါင်းဆောင် တဦးဖြစ်သော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးတင်နိုင်သိန်းသည် လည်း တနင်္သာရီတိုင်း မြိတ်မြို့နယ်ဘက်သို့ ကိုယ်တိုင် စည်းရုံးရေးဆင်းခဲ့သည်ဟု ဒေသခံများက ပြောသည်။

USDP ပါတီဝင် ဖြစ်လာပါက ငွေထုတ်ချေးမည်။ မှတ်ပုံတင် မရှိသူများအတွက် ခရီးသွားလာရေး လွယ်ကူစေမည် စသည်ဖြင့် ပြောဆိုပြီး စည်းရုံးကြောင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း(ကြံ့ဖွံ့) ကျေးရွာ စည်းရုံးရေးမှူး များသည်လည်း ပါတီ စည်းရုံးရေးမှူးများအဖြစ် ပြောင်းလိုက်ကြကြောင်း သိရသည်။

ပါတီဝင်များ စည်းရုံးရာတွင် ထိုကဲ့သို့ ကျေးရွာ အာဏာပိုင်များ၏ သြဇာကိုအသုံးပြုခြင်းသည် ရွေးကောက်ပွဲ ဥပဒေ များနှင့် ညီညွတ်မှုမရှိကြောင်း ဥပဒေ အတိုင်ပင်ခံ ဦးအောင်သိန်းက ဧရာဝတီသို့ပြောသည်။

“ဒီလိုမျိုး သူကြီးတွေ၊ ရွာ အာဏာပိုင်တွေကို ပါတီဝင် စည်းရုံးတဲ့ နေရာမှာ သုံးတယ်ဆိုတာကို မလျော်သြဇာ သုံးတယ် လို့ ခေါ်ပါတယ်။ ဒါပေမယ့် သူတို့တွေက အာဏာရပါတီ ပုံစံပေါက်နေတော့လည်း ဘယ်သူမှ မပြောသာဘူးပေါ့”ဟု ဦးအောင်သိန်းက ဆိုသည်။

ပါတီဝင် သက်သေခံကတ်များကို နိုင်ငံသား မှတ်ပုံတင်သဖွယ် အသုံးပြုနိုင်ကြောင်း ပြော၍ စည်းရုံးခြင်းသည် မြို့နယ် နှင့် ရွာများမှ မှတ်ပုံတင်မရှိသူများကို မက်လုံးပေးခြင်းသာဖြစ်ကြောင်း ဦးအောင်သိန်းက ပြောသည်။

USDP သည် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်သည့် နိုင်ငံရေးပါတီတခုဖြစ်သည်။ USDP ကို ဧပြီလ ၂၉ ရက်နေ့က ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ပြီး မေလ ၄ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီအဖြစ် လျှောက်ထားရန် ခွင့်ပြုခဲ့သည်။

USDP သည် ကြံ့ဖွံ့အသင်းကြီး၏ အမွေခံပါတီ ဖြစ်ပြီး၊ ပါတီဝင်ဝန်ကြီးများသည် အစိုးဝန်ထမ်းမဟုတ်သော နိုင်ငံရေး တာဝန်များ ဖြစ်သည်ဟု ကြံ့ဖွံ့ အတွင်းရေမှူး ဦးဌေးဦးက မေလ ၁၂ ရက်နေ့တွင် မစ္စတာ ကာ့တ် ကမ်းဘဲလ်နှင့် တွေ့ ဆုံရာ၌ ပြောခဲ့သည်။


အမေရိကန် အမတ် ဂျင်မ် ဝက်ဘ် မြန်မာကို ထပ်မံသွားဦးမည်

ရန်ပိုင် Wednesday, May 26, 2010

အမေရိကန် အထက် လွှတ်တော် အမတ် မစ္စတာ ဂျင်မ် ဝက်ဘ် မြန်မာ နိုင်ငံသို့ လာမည့် ဇွန်လ ၄ ရက်နေ့တွင် သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

အထက် လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၏ အာရှ နှင့် ပစိဖိတ် ရေးရာ ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သူ ဂျင်မ်ဝက်ဘ်သည် ယခု ၃ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေး အတွက် စစ်အစိုးရကို တိုက်တွန်း သွားဖွယ် ရှိသည်ဟု အေပီ သတင်းတွင် ယနေ့ ရေးသား ထားသည်။

“စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများနှင့် ပတ်သက်၍ အလွန်အမင်း စိတ်ပျက် မိသည်”ဟု အမေရိကန် အရှေ့အာရှနှင့် ပစိဖိတ် ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်၏ ဝေဖန်ချက် ထွက်ပေါ်ခဲ့ ပြီးနောက် မစ္စတာ ဂျင်မ် ၀က်ဘ် ကို မြန်မာနိုင်ငံသို့ လာရောက်ရန် စစ်အစိုးရက ထပ်မံ ဖိတ်ကြားခြင်း ဖြစ်သည်။

စစ်အစိုးရ၏ ရည်ရွယ်ချက်သည် အမေရိကန်ပြည်ထောင်စု၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့် မူဝါဒနှင့် ပတ်သက်၍ သမ္မတ အိုဘားမား အစိုးရအဖွဲ့အတွင်း သဘောထားကွဲလွဲမှုများ ဖြစ်စေရန် ပြုလုပ်ခြင်းဖြစ်သည်ဟု ၀ါရှင်တန်အခြေစိုက် မြန်မာ့အရေး လေ့လာသူ ဂျော့ခ်ျတောင်း တက္ကသိုလ် ပါမောက္ခ ဒေးဗစ် စတိုင်းဘတ်ခ်က ဧရာဝတီသို့ပြောသည်။

“ဂျင်မ် ၀က်ဘ်က မြန်မာအပေါ် အမေရိကန်ပေါ်လစီ ပြောင်းလဲရေးနဲ့ပတ်သက်ပြီး အရေးပါသူဆိုတာ စစ်အစိုးရ ကောင်းကောင်းသိ တယ်”ဟု ၎င်းက ဆိုသည်။

မစ္စတာ ဂျင်မ် ၀က်ဘ်၏ ခရီးစဉ်အတွင်း စစ်အစိုးရက နိုင်ငံရေး အကျဉ်းသားတချို့ကို လွှတ်ပေးခြင်းဖြင့် အတိုက်အခံများ အပေါ် တွင်လိုက်လျောမှုရှိကြောင်း နိုင်ငံတကာကို ပြသလိမ့်မည်ဟု ပါမောက္ခ ဒေးဗစ် စတိုင်းဘတ်ခ် က ဆက်လက်ပြောသည်။

မစ္စတာ ဂျင်မ် ၀က်ဘ်သည် ပြီးခဲ့သည့်နှစ် သြဂုတ်လလယ်ကလည်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့ပြီး စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ကို သီးခြားစီတွေ့ ဆုံခဲ့သည်။

၎င်း၏ ပထမဆုံး ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝန်းအတွင်း ရေကူးဝင်ရောက်ခဲ့မှုဖြင့် ထောင်ဒဏ်ကျခံနေရ သည် အမေရိကန် နိုင်ငံသား ဂျွန် ယက်ထော ကို စစ်အစိုးရက လွှတ်ပေးရန် လုပ်ဆောင်နိုင်ခဲ့သည်။

ထို့အပြင် မစ္စတာ ဂျင်မ် ၀က်ဘ်သည် အာရှတိုက်နှင့် အရှေ့တောင်အာရှ ဒေသအတွင်း ဖြစ်ပွားနေသည့် မတည် ငြိမ်မှုများ၌ တာဝန်ယူ ခေါင်းဆောင်မှု ပျက်ကွက်နေကြောင်း တရုတ်နိုင်ငံကို ဝေဖန်ခဲ့သည်ဟု အေအက်ဖ်ပီ သတင်းတွင်လည်း ဖော်ပြထား သည်။

မကြာသေးမီက ဖြစ်ပွားခဲ့သည့် ထိုင်းနိုင်ငံရေး မတည်ငြိမ်မှု၊ တောင်ကိုရီးယား စစ်သင်္ဘောကို မြောက်ကိုရီးယား နိုင်ငံက တော်ပီဒို နှင့် ပစ်ခတ်မှု၊ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတို့သည် အမေရိကန်နိုင်ငံအနေဖြင့် တာဝန်ယူ ၀င်ရောက်ဖြေရှင်းရန် လိုအပ်နေ သည်ကို ပြသနေကြောင်း၊ ဒေသတွင်း တည်ငြိမ်ပြီး သာယာဝပြောရေးအတွက် တရုတ်ပြည်အနေဖြင့် တာဝန်သိသိ ဆောင်ရွက်ရန် လည်း မစ္စတာ ဂျင်မ်ဝက်ဘ်က ပြောဆိုကြောင်း သိရသည်။


မိုးကြီး တောင်ပြို၊ သစ်ပင်များ လဲ၍ နယ်စပ် ကားလမ်းမ ပိတ်ဆို့

တာကလူး (နိရဉ္စရာ)

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည် နယ်စပ်ရှိ မောင်တော-ဘူးသီးတောင် ကားလမ်းမမှာ မိုးကြီး၍ တောင်များပြိုဆင်းပြီး သစ်ပင်များလဲကျကာ ပိတ်ဆို့နေခြင်းကြောင့် ယနေ့ နံနက်ပိုင်းမှ စ၍ ကားများ သွားလာ၍ မရတော့ကြောင်း သတင်းရရှိသည်။

မောင်တောမှ သွားလျှင် ကားလမ်းမရှိ (၆)မိုင် မှတ်တိုင်အနီးတွင် ကုက္ကိုလ်ပင်ကြီးများ လဲကျပိတ်ဆို့နေပြီး၊ တောင်ခေါင်ကြီး အပေါ်တွင် တည်ဆောက်နေသည့် ပတ်လမ်းသစ်မှ မြေများပြိုကျကာ လမ်းပိတ်ဆို့ နေခြင်းကြောင့် ကားအသွားအလာ လုံးဝ လုပ်၍ မရတော့ကြောင်း မောင်တောမှ ကားဒရိုင်ဘာ တစ်ဦးကပြောသည်။

ရခိုင်ပြည်နယ်တွင် မေလ ၁၈ ရက်နေ့က စပြီး မိုးစတင်ရွာသွန်းပြီး ၅ ရက်ခန့် အကြာတွင် တခုတည်းသော နယ်စပ်ကုန်သွယ်ရေးလမ်း ဖြစ်သည့် ဘူးသီးတောင်-မောင်တောလမ်း ပိတ်ဆို့သွားခြင်း ဖြစ်သည်။


“ဟိုဘက် ဒီဘက် လုံးဝ သွားလို့ မရတော့ဘူး။ (၆) မိုင် အနီးမှာ ကုက္ကိုလ်ပင်ကြီးတွေ လဲကျပြီး လမ်းပိတ်နေတယ်။ တောင်ခေါင်းကြီးထဲ မှာလဲ အပေါ်က လုပ်နေတဲ့ ပတ်လမ်းသစ်က မြေတွေ ပြိုကျပြီးတော့ ပိတ်ဆို့နေတယ်။ တောင်ခေါင်းကြီးပတ်ဝန်းကျင်နဲ့ အတွင်းဘက်မှာ ရွှံ့တွေက ဒူးခေါင်းလောက်ထိ ပြည့်တက်နေတော့ ကားမဆိုထားနဲ့ လူတောင် လမ်းလျှောက်သွားလို့ ရနိုင်မှာ မဟုတ်ဘူး” ဟု သူက ဆက်ပြောသည်။

မောင်တောမှ စစ်တွေသွားမည့် ခရီးသည်မ တစ်ဦးကလည်း လမ်းပိတ်ဆို့နေခြင်းကြောင့် သူမ၏ ခရီးစဉ် ပျက်ပြား သွားရပုံကို ယခုကဲ့သို့ ပြောပြသည်။

“ဒီနေ့ စစ်တွေကို သွားမလို့ မနက် အစောကြီးကနေ ဘူးသီးတောင်ကို ကားနဲ့သွားတာ အပင်ကြီးတွေ လဲပြီး လမ်းကို ကန့်လန့်ကန့် ပိတ်နေတော့ သွားလို့မရဘူးလေ။ မောင်တောကိုပဲ ပြန်လာရတယ်လေ”� ဟုပြောသည်။

အဆိုပါ လမ်းပိတ်ဆို့နေမှုများကို ရှင်းလင်းရန် အနည်းဆုံး လေးရက်ခန့် ကြာနိုင်ကြောင်းလည်း စုံစမ်းသိရှိရသည်။

မောင်တော-ဘူးသီးတောင် ကားလမ်းမှာ ၁၆ မိုင် ရှည်လျားပြီး၊ ဗြိတိသျှ ကိုလိုနီခေတ်က စစ်ဗျူဟာ အရ တည်ဆောက်ခဲ့သော လမ်းဖြစ်သည်။

အဆိုပါ လမ်းမမှာ အလွန်ဟောင်းနွမ်းနေပြီး ကတ္တရာ အသစ်များ ခင်းပေးပြီး စနစ်တကျ ပြန်လည် ပြုပြင်ပေးခြင်း မရှိသောကြောင့် လွန်ခဲ့သော သုံးနှစ်ခန့်မှ စ၍ မိုးရာသီ ရောက်တိုင်း ရေတိုက်စား၍ လမ်းပိုင်းခြင်း တံတားပိုင်းခြင်းများနှင့် ကြုံတွေ့ နေကြရကြောင်း ဒေသခံများက ပြောသည်။