Friday, February 25, 2011

၆ သိန်းစီပေးပြီး ပြည်ထောင်စုလွှတ်တော် ရပ်နား

ဧရာဝတီ Friday, 25 February 2011

စစ် အစိုးရက လွှတ်တော် အမတ်များ အားလုံးကို ချီးမြှင့်ငွေ ကျပ် ၆ သိန်း ထုတ်ပေးပြီး ပထမဆုံးအကြိမ် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို ခေတ္တရပ်နား လိုက်ကြောင်း သတင်းရရှိသည်။

ချီးမြှင့်ငွေလို့ နာမည်တပ်ပြီး ကျပ် ၃ သိန်းပေးတယ်။ နောက်ပြီး မတ်လအတွက် နေပြည်တော်မှာ လွှတ်တော် ကာလအတွင်း နေထိုင်သွားလာ စားသောက်စရိတ် ကျပ် ၃ သိန်းထပ်ပေးတယ်” ဟု အမျိုးသား ဒီမိုကရေအင်အားစု (NDF) မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တဦးက ပြောသည်။

နိုင်ငံတော်သမ္မတ အပါအ၀င် ပြည်ထောင်စုအဆင့် အာဏာပိုင် အရာရှိကြီးများနှင့် အဖွဲ့အစည်းများကို ဖွဲ့စည်းပြီး ဖြစ်သည့်အတွက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများကို အဆုံးသတ်ခြင်း ဖြစ်ကြောင်း လွှတ်တော်အမတ်များကို ၃ ရက် အနားပေးလိုက်ကာ မတ်လ ၁ ရက်နေ့မှ စ၍ အမတ်များသည် သက်ဆိုင်ရာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် အစည်းအဝေးများကိုသာ တက်ရောက်ရမည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက သိရသည်။

မတ်လ ၁ ရက်နေ့တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် အစည်းအဝေးများတွင် ဘဏ္ဍာရေး၊ ဥပဒေမူကြမ်း ပြုစုရေး အပါအ၀င် လွှတ်တော်ရေးရာ ကော်မတီများ ဖွဲ့စည်းမည်ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်များ တင်သွင်းထားသော အဆိုနှင့် မေးခွန်းများကို လွှတ်တော်က လက်ခံဖြေကြားခြင်း၊ ငြင်းပယ်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း
လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

“ဥပဒေပြုမယ့်ကိစ္စတွေ၊ အဆိုတွေ၊ မေးခွန်းတွေ စမေးကြမယ်။ မတ်လအတွင်းမှာ အစိုးရသစ်က အာဏာကို တရားဝင် လွှဲပြောင်းယူမှာ ဖြစ်တဲ့အတွက် ၀န်ကြီးဌာနတွေကလည်း ကိုယ်စားလှယ်တွေ မေးထားတဲ့မေးခွန်း တွေဖြေမယ်” ဟု တိုင်းရင်းသားပါတီမှ လွှတ်တော်ကိုယ်စားလှယ် တဦးက ရှင်းပြသည်။

တပ်မတော်သား ကိုယ်စားလှယ်များနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ လွှတ်တော်ကိုယ်စားလှယ် များကသာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် ကြီးစိုးနေသောကြောင့် ပြည်သူ့အကျိုးပြု ဥပဒေများ ထွက်ရှိလာရန် မလွယ်ကူကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြသည်။

“အများကြီးတော့ မျှော်လင့်လို့မရပါဘူး။ ပြည်ထောင်စု လွှတ်တော်မှာတောင် ဘာမှ ပြောမရ၊ လုပ်မရတာ။ ကြံ့ခိုင်ရေးနဲ့တပ် ကိုယ်စားလှယ်ကလည်း အခုအချိန်အထိ တသံတည်းပဲ။ တပ်နဲ့ ကြံ့ခိုင်ရေး မကွဲသရွေ့ ကျနော်တို့ အတိုက်အခံတွေ ဘာမှ မလုပ်နိုင်ပါဘူး” ဟု လွှတ်တော်ကိုယ်စားလှယ် တဦးက ရှင်းပြသည်။

တနေ့လျှင် ၁၀ မိနစ်၊ ၁၅ မိနစ်သာ တက်ရောက်ရပြီး ဆွေးနွေးပြောဆိုမှု ပြုလုပ်ခွင့်မရှိသော လွှတ်တော် အစည်းအဝေးများကို ကိုယ်စားလှယ်အများစု ငြီးငွေ့နေကြကြောင်း၊ နေထိုင် စားသောက်ရသည့် ကိစ္စရပ်များကိုလည်း စိတ်ပျက်နေပြီး နေရပ်သို့ ပြန်ရမည့် ရက်ကိုသာ မျှော်နေကြကြောင်း ကိုယ်စားလှယ်များက ဆိုသည်။

သင်္ကြန်ဗုံးကွဲမှု သံသယရှိသူ ၅ ဦး ထောင်ချ

ဧရာဝတီ Friday, 25 February 2011

ရန်ကုန် သင်္ကြန်မဏ္ဍပ် X2O ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သည်ဟု သံသယဖြင့် အာဏာပိုင်များက စွပ်စွဲ ဖမ်းဆီး ထိန်းသိမ်းခဲ့သော ကိုဘိုဘိုသိန်း အပါအ၀င် ၅ ဦးကို ထောင်ဒဏ် ၂ နှစ်မှ ၁၁ နှစ်အထိ ချမှတ်ခဲ့ကြောင်း ရှေ့နေ တဦးက ပြောသည်။

ကိုဘိုဘိုသိန်းတို့ ၅ ဦးကို ဖေဖော်ဝါရီ ၂၂ ရက်နေ့က ကမာရွတ် မြို့နယ်နှင့် အလုံမြို့နယ် တရားရုံးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)၊ မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (GW) အဖွဲ့များနှင့် ဆက်သွယ်မှု ရှိသည်ဟူသော စွဲချက်များဖြင့် ပြစ်ဒဏ်ချမှတ် လိုက်ခြင်းဖြစ်ပြီး ၎င်းတို့ကို ၂၀၁၀ ဧပြီလအတွင်းက ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအမှုကို လိုက်ပါကူညီ ဆောင်ရွက်နေသည့် ရှေ့နေဦးကျော်ဟိုးက “ရဲက X2O ဗုံးပေါက်ကွဲမှု သံသယနဲ့ ဖမ်းခဲ့ပေမယ့် တကယ်တမ်းကျတော့ တရားရုံးက မဆိုင်တဲ့ ပုဒ်မတွေနဲ့ ထောင်ဒဏ် ၁၁ နှစ်အထိ အမိန့်ချလိုက်တယ်”ဟု ပြောသည်။

ကိုဘိုဘိုသိန်းကို မတရားအသင်းဖြင့် ဆက်သွယ်မှု ၊ မူးယစ်မှု တို့ဖြင့် ထောင်ဒဏ် ၁၁ နှစ်အထိ ချမှတ်ခဲ့ပြီး ၂ ဦးမှာ ထောင်ဒဏ် ၈ နှစ် စီနှင့် ကျန်၂ ဦးကိုလည်း ထောင်ဒဏ်၂ နှစ်စီ ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ကိုဘိုဘိုသိန်းပါ ၅ ဦးသည် မည်သည့်ပါတီ အဖွဲ့အစည်းဝင်မျှမဟုတ်ဘဲ စီးပွားရေးလုပ်ကိုင်နေသည့် လူငယ်များသာဖြစ်ကြောင်း လည်း ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

ထိုဗုံးပေါက်ကွဲမှုကို သွားရောက် ဓာတ်ပုံရိုက်ကူးခဲ့သည့် ကိုစည်သူဇေယျနှင့် ဖခင်ဖြစ်သူ ဦးဇေယျ (စာရေးဆရာ သားကြီးမောင်ဇေ ယျ) တို့ကိုလည်း အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ကိုစည်သူဇေယျကို ၂၀၁၀ ဒီဇင်ဘာလတွင် ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့ပြီး ဦးဇေယျကို ၂၀၁၁ ခု ဖေဖော်ဝါရီ လဆန်းပိုင်းက ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့သည်။

အာဏာပိုင်များက ယင်းသင်္ကြန် ဗုံးပေါက်ကွဲမှုတွင် ပါဝင်လှုပ်ရှားခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် အင်ဂျင်နီယာ ကိုဖြိုးဝေအောင် ဆိုသူကိုလည်း ၂၀၁၀ ဧပြီလ ၂၃ ရက်နေ့ညက ရန်ကုန်မြို့ပုဇွန် တောင်မြို့နယ် ၅၅ လမ်း အလယ်ဘလောက်ရှိ နေအိမ်တွင် ဖမ်းဆီး၍ အင်းစိန်ထောင်တွင် ချုပ်နှောင်ထားခဲ့သည်။

ပြီးခဲ့သည့်နှစ် သင်္ကြန်အကြတ်နေ့က ရန်ကုန် ကန်တော်ကြီးအနီးရှိ X2O ရေကစားမဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၁၀ ဦး သေဆုံး၍ ၁၇၀ ကျော် ဒဏ်ရာရခဲ့သည်ဟု အစိုးရက ထုတ်ပြန်ထားသည်။

KIO ထိန်းချုပ်နယ်မြေတွင် အစိုးရတပ်အင်အား တိုးချ

သန်းထိုက်ဦး Friday, 25 February 2011

ကချင်ပြည်နယ် တ၀န်းရှိ ကချင် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (KIO) ၏ ထိန်းချုပ်ဒေသနှင့် ထိစပ်နေသော ဒေသ တလျှောက်တွင် အစိုးရက ယခုရက်ပိုင်းအတွင်း တပ်အင်အားနှင့် သံချပ်ကာ တင့်ကားများ တိုးချဲ့ချ ထားသည်။

ယခုတပတ် အင်္ဂါနေ့မှ စတင်၍ စစ်အစိုးရက ၀ိုင်းမော်မြို့သို့ သံချပ်ကာကား ၆ စီးခန့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြောက် ပိုင်းတိုင်း စစ်ဌာနချုပ်မှတဆင့် ပို့ဆောင်ထားကြောင်း ချင်းမိုင်အခြေစိုက် ကချင်သတင်းဌာန အယ်ဒီတာ ကိုလဖိုင်နော်ဒင်းက ဧရာဝတီသို့ ပြောသည်။

“ကချင်ပြည်နယ် တ၀န်းမှာရှိတဲ့ နအဖနဲ့ KIO ထိန်းချုပ်နယ်မြေတွေမှာ နအဖက ပိုပြီး စစ်ရေးလှုပ်ရှားလာတယ်။ KIOက လည်း နယ်ကျွံလာတဲ့ နအဖတပ်တွေကို ပစ်ဖို့ အမိန့်ပေးထားတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မြစ်ကြီးနားမြို့ ဒေသခံ တဦးကလည်း “မြစ်ကြီးနားမြို့မှာ လက်နက်ကြီးတွေနဲ့ စစ်သားတွေက ၀င်လိုက်ထွက်လိုက် လုပ်နေ ကြတယ်၊ တင့်ကားတွေကလည်း မနက်ဆိုရင် ထွက်သွားလိုက်၊ ညနေပြန်လာလိုက် လုပ်နေတယ်” ဟု ပြောပြသည်။

ဖေဖော်ဝါရီ လဆန်းပိုင်း၌ KIO ထိန်းချုပ်နယ်မြေသို့ ကျူးကျော်ဝင်ရောက်ခဲ့သော နအဖ တပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ ဘက်မှ ဒု ဗိုလ်မှူးကြီးတဦး ကျဆုံးသွားပြီးနောက်ပိုင်း စစ်ရေးအရ နှစ်ဘက် တင်းမာခဲ့သည်။

အဆိုပါ တိုက်ပွဲသည် KIO တပ်မဟာ ၃ ၏ ထိန်းချုပ် နယ်မြေရှိ ကချင်ပြည်နယ် ဗန်းမော်မြို့ အရှေ့တောင်ဘက်တွင် နအဖ ၏ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်ဖြစ်သည့် ခြေလျင်တပ်ရင်း (ခလရ) ၁၅ တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

KIO၏ အဆိုအရ ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၂၃ ရက်နေ့က ၎င်းတို့ ထိန်းချုပ်ထားသော ကချင်ပြည်နယ် မြစ်ကြီးနား၊ လိုင်ဇာ ဌာနချုပ် နယ်မြေ အတွင်းသို့ ပျံသန်းဝင်ရောက်လာသော ထူးကုမ္ပဏီ၏ ရဟတ်ယာဉ် တစင်းကို KIO တပ်ဖွဲ့ဝင်များက သတိ ပေး ပစ်ခတ်ခဲ့ သေးသည်။

KIOသည် စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံဟု ၂၀၁၀ စက်တင်ဘာလ ၁ ရက်နေ့က ငြင်းဆိုခဲ့ပြီးနောက် ၎င်းတို့ ထိန်းချုပ်ရာနယ်မြေအတွင်း နအဖတပ်များ မကျူးကျော်ရန် သတိပေးထားသည်။

စစ်အစိုးရက အစိုးရသစ် ဖွဲ့စည်းရေးကို အာရုံစိုက်နေရသည့် အတွက် KIO ကို ထိုးစစ်ဆင်ရန် မပြုလုပ်နိုင်သေးကြောင်း၊ စစ် ရေးအရ ခြိမ်းခြောက် ရန်စမှုသာ ဖြစ်ကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောဆိုသည်။

မြန်မာ စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ကူးပြောင်းရေးအတွက် ကြိုးပမ်းလျက်ရှိရာ ၎င်းတပ်ဖွဲ့ အပါအ၀င် “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် မိုင်းလား တပ်ဖွဲ့ (NDAA) တို့သည်လည်း စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ငြင်းဆန်ထားသည်။

စစ်အစိုးရက အပစ်ရပ်တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးအတွက် ၂၀၀၉ ခုနှစ်ဧပြီလ ကတည်းက စတင် အကောင်အထည် ဖော်ခဲ့သည်။

UWSA ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင် အဖွဲ့ ၁ဝ ဖွဲ့ထက် မနည်း ငြိမ်းချမ်းရေး ယူခဲ့ကြသည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

လယ်မြေသိမ်းမှု ILO မဖြေရှင်းနိုင်သေးဟုဆို

ခင်ဦးသာ Friday, 25 February 2011

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အဓမ္မလယ်မြေ သိမ်းယူမှု ပြဿနာများကို အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် (ILO) အနေဖြင့် ထိရောက်စွာ ဆောင်ရွက်ပေးနိုင်မှု မရှိသေး ဟု ILO ဒုတိယ အကြီးအကဲ က ဆိုသည်။

မြန်မာနိုင်ငံမှ လူ့အခွင့်ရေး လှုပ်ရှားနေသူများနှင့် ယမန်နေ့ကတွေ့ဆုံဆွေးနွေးပွဲတွင် ILO ဒုတိယ ညွန်ကြားရေးမှူးချုပ် မစ္စတာ ဂိုင်း ရိုက်ဒါ(Guy Ryder) က ပြောဆိုခဲ့ကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ရှေ့နေ ဦးအောင်သိန်း က ပြောသည်။
တွေ့ဆုံပွဲမှာ တင်ပြကြတာတွေက လယ်ယာမြေ အဓမ္မ သိမ်းမှု နဲ့ ကလေး စစ်သား စုဆောင်းမှု များလာတဲ့ ကိစ္စတွေပါပဲ”ဟု ဦးအောင်သိန်းက ပြောသည်။

လယ်မြေသိမ်းယူမှုများမှာ ကချင်ပြည်နယ်၊ မွန်ပြည်နယ် အပါအ၀င် နိုင်ငံ တ၀န်း၌ ဖြစ်ပွားလျက်ရှိပြီး လတ်တလောတွင် ကချင်ပြည်နယ် ယုဇနကုမ္ပဏီ မြေသိမ်းမှုမှာ အကြီးမားဆုံးဖြစ်ပွားမှု တခုဖြစ်သည်။


ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ရက်မှ ထုတ်ပြန်ခဲ့သည့် “အာဏာရှင်များ၊ သူဌေးကြီးများနှင့် ကျားများ” (Tyrants, Tycoons and Tigers) အမည်ရှိ အစီရင်ခံစာတွင် ဟူးကောင်း ချိုင့်ဝှမ်းမှ ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေးနယ်မြေတွင် ကြံနှင့် ဇီဝလောင် စာ ဆီအတွက် ပီလောပီနံ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် မြေဧက ၂ သိန်းကို ဦးဌေးမြင့်ပိုင် ယုဇနကုမ္ပဏီက သိမ်းယူခဲ့ ကြောင်း၊ ထို သိမ်းယူမှုကြောင့် ဒေသခံများ အတင်းအကျပ် ပြောင်းရွှေ့ခံရခြင်း၊ မြေတူးစက်များ အသုံးပြုခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင်များ ပျက်စီးရခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများ ခံစားနေရကြောင်း ဖော်ပြထားသည်။

ဟူးကောင်းဒေသမှ မြေယာများကို ၂၀၀၇ ခုနှစ်တွင် စတင်သိမ်းယူခဲ့ပြီး ယင်း မြေသိမ်းမှုများအား ကာယကံရှင် တချို့က တရားစွဲဆိုမှု ဖြစ်ပွားခဲ့သည်။

ILO တွေ့ဆုံပွဲကို ရန်ကုန်မြို့၊ ကုန်သည်ကြီးများ ဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး ရန်ကုန် အပါအ၀င် မန္တလေး၊ ပုသိမ်၊ တောင်ကြီး၊ မကွေး စသည့် မြို့နယ်များမှ လူ့အခွင့်အရေး ဆောင်ရွက် နေသူများ၊ လူမှုရေး အဖွဲ့အစည်းများ၊ ရှေ့နေများ စသည်ဖြင့် စုစုပေါင်း လူ ၈၀ ကျော်တက်ရောက် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို လက်ရှိကာလ၌ ထိထိရောက်ရောက် မလုပ်ဆောင်နိုင်သေး သော်လည်း အစိုးရသစ် လက်ထက်တွင် လုပ်ဆောင်ပေးနိုင်ဖွယ် ရှိကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် လူမှုရေး အသင်း အဖွဲ့ ဖွဲ့စည်းရေး ကိစ္စကို ထည့်သွင်းရေးဆွဲထား၍ လွပ်လပ်စွာ လုပ်ဆောင်ခွင့် ရမရ ကိစ္စများကို စောင့်ကြည့်သွားမည်ဖြစ် ကြောင်း ဂိုင်း ရိုက်ဒါ က ဆိုသည်။

လူ့အခွင့်အရေး လှုပ်ရှားသူများကမူ လက်ရှိအစိုးရသည် ယခင်အစိုးရသာ ဖြစ်၍ ထူးခြားသော အပြောင်းအလဲ ဖြစ်လာနိုင်ခြေ နည်းပါးမည်ဟု ဆိုကြသည်။

နအဖ အစိုးရက ILO အနေဖြင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများကို အစိုးရသစ်နှင့်လက်တွဲ လုပ်ဆောင်သွားရန် ပြောဆိုထားကြောင်း၊ အကူအညီ လိုပါက ၎င်းတို့က ကူညီဆောင်ရွက် ပေးသွားမည်ဟု ကမ်းလှမ်းထားကြောင်း သိရသည်။

လက်ရှိ အစိုးရသစ်၌ ပြည်ထောင်စု ရှေ့နေချုပ် အဆိုပြုခံထားရသူ ဒေါက်တာထွန်းရှင်သည် ဆွတ်ဇာလန်နိုင်ငံ ဂျနီဗာမြို့၌ မကြာခင်က ပြုလုပ်ခဲ့သော အစည်းအဝေးတွင် မြန်မာနိုင်ငံ၌ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့်နိုင်ငံရေး အကျဉ်းသားများ မရှိဟု ငြင်း ဆိုထားသူ ဖြစ်သည်။

ILO သည် မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော အဓမ္မ လုပ်အားပေး ခိုင်းစေမှုများ၊ ကလေးစစ်သား စုဆောင်းမှုများ ပပျောက်ရေးနှင့် လူကုန်ကူးမှု ကိစ္စများ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ပပျောက်ရေးတို့ကို ဆောင်ရွက်ပေးနေသည့် အဖွဲ့ဖြစ်သည်။

ILO နှင့် မြန်မာအစိုးရတို့ အဓမ္မ လုပ်အားပေး ခိုင်းစေမှု ပပျောက်ရေးနှင့် ပတ်သက်ပြီး ပူးပေါင်း ဆောင်ရွက်ရန် သဘောတူ စာချုပ်သက်တမ်းကိုလည်း တနှစ် ထပ်တိုးလိုက်သည်။ ယခုအကြိမ်သည် စတုတ္ထ အကြိမ်မြောက် ဖြစ်သည်။

ယင်း သက်တမ်းတိုးမှု သည် ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက် နေ့တွင် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာ မြို့၌ ချုပ်ဆိုသည့် နားလည်မှု စာချွန်လွှာနှင့် အစည်းအဝေးမှတ်တမ်းအား သက်တမ်း တိုးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။ ILO ဒုတိယ ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဂိုင်း ရိုက်ဒါ နှင့် အဖွဲ့သည် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီ ၂၂ ရက်က ရောက်ရှိနေခဲ့ပြီး ယနေ့ မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမည် ဖြစ်သည်။

မစ္စတာ ဂိုင်း ရိုက်ဒါ နှင့် အဖွဲ့သည် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရ သည်။

တွန်းဇံမြို့နယ်တွင် ယခုနှစ်အတွင်း ဘိန်း ဧက တစ်ထောင် ခန့်စိုက်မည်

KHONUMTHUNG NEWS

ချင်းပြည်နယ် မြောက်ပိုင်း တွန်းဇံမြို့နယ်တွင် ၂၀၁၁ ခုနှစ်အတွင်းဘိန်းခင်း ဧက တထောင်ခန့်စိုက်ပျိုးကြမည်ဟုဒေသခံ များပြောဆိုချက် အရသိရသည်။
အမည် မဖော်လိုသူ ဒေသခံတဦးက “ဘိန်းခင်းအတွက် ဒေသခံတွေက တောခုတ်ထားပြီးပြီ၊ မတ်လလယ်လောက်တော့ ယာမီးရှို့တော့မယ် ” ဟု ပြောသည်။

ဘိန်းပင်များကို တွန်းဇံဒေသခံများကစိုက်ပျိုးကြပြီး ဒေသတွင်း အာဏာပိုင်များထံအခွန်ငွေပေးဆောင်ကာ လွတ်လွတ် လပ်လပ်စိုက်ပျိုး နေကြသည်ဟု ၄င်းကဆိုသည်။

“စစ်တပ်၊ ရဲတွေက ကောက်တယ်၊ စစ်တပ်က တအိမ်ထောင်ကို ဘိန်းစိမ်းတပိသာ၊ရဲကတော့ သတ်သတ်မှတ်မှတ် မရှိဘူး၊ တအိမ်ကို ကျပ်ငွေ နှစ်သောင်း၊သုံးသောင်း ကောက်တယ် ” ဟု သူကပြောသည်။

အလားတူ တွန်းဇံမြို့နယ်ဒေသခံများသည် ကန်ယား ဟု ခေါ်သော မူးယစ်ပင်တမျိုးကို စိုက်နေကြောင်းလည်း ထပ်မံ သိရသည်။

ယခုလက်ရှိတွင် ဘိန်းစိမ်းတပိသာကို ကျပ်ငွေ ၆ သိန်းဖြင့်တရုတ်ကုန်သည်များက ၀ယ်ယူကြောင်း၊ ထို့ပြင် စစ်ကိုင်းတိုင်း
တမူးမြို့နယ်အတွင်း၌ဘိန်းဖြူအဖြစ် ပြန်လည်ထုတ်လုပ်မှုများလည်းရှိနေကြောင်း ဒေသခံများကပြောဆိုကြသည်။

ယခင်က အဆိုပါ ဒေသတွင် အရှေ့မြောက် အိန္ဒိယ လူမျိုးစု လက်နက်ကိုင်များအာဏာပိုင်များထံ အခွန်ဆောင်ပြီး ဘိန်း စိုက်ပျိုးကြသည်။

နေပြည်တော် တည်ဆောက်မှု တရက် ကျပ်သန်းလေးထောင် ခန့်သုံး

စည်သူ Friday, 25 February 2011

နေပြည်တော် တည်ဆောက်ရေး လုပ်ငန်းခွင် အသုံးစရိတ်သည် လတ်တလောတွင် တရက် ကျပ်သန်း လေးထောင် ခန့်ရှိနေကြောင်း တည်ဆောက်ရေး လုပ်ငန်းများနှင့် စည်ပင်သာယာ ဘဏ်မှ စုံစမ်း သိရှိရသည်။

ယခင်က တည်ဆောက်ရေး လုပ်ငန်းများတွက် နေပြည်တော်ရှိ စည်ပင်သာယာ ဘဏ်မှ ၁၀ ရက်တကြိမ် ကျပ် သန်း နှစ်သောင်း ခန့် ပုံမှန်ထုတ်ပေးနေရာမှ ယခု နောက်ပိုင်းတွင် ၁၀ ရက် တကြိမ် သန်း လေးသောင်း အထိ ထုတ်ပေးလာ ရကြောင်း စည်ပင်သာယာ ဘဏ် အရာရှိတဦး က ဧရာဝတီ သို့ ပြောသည်။

“ကျမတို့ ဘဏ်က ၂၀၁၀ နှစ်ကုန်ခါနီး လောက်ကစပြီး ၁၀ ရက်ကို တကြိမ် သန်း လေးသောင်း လောက်အထိ ထုတ်ပေးနေရ တယ်”ဟု ၎င်းက ပြောပြသည်။

နေပြည်တော် တည်ဆောက်ရေး လုပ်ငန်းများတွက် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးနှင့် စည်ပင်သာယာရေး ၀န်ကြီး မြို့တော်ဝန် ဦးသိန်း ညွန့်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အာဏာကုန် လွှဲပေးထားပြီး ဖြစ်သည့်အတွက် တည်ဆောက်ရေး ကုန်ကျစရိတ်၊ အသုံးစရိတ်များကို စည်ပင်သာယာ ဘဏ်တွင်သာ ထုတ်ယူရလေ့ ရှိကြောင်း ဆောက်လုပ်ရေး လုပ်ငန်းတခုမှ တာဝန်ခံ အင်ဂျင်နီယာ တဦးက ဆိုသည်။

ထို့အပြင် ယခုကဲ့သို့ အသုံးစရိတ်များ ယခင်ကထက် မြင့်တက်လာရခြင်းမှာ လွှတ်တော် အဆောက်အအုံ၊ သမ္မတ အိမ်တော်နှင့် ဒု သမ္မတ အိမ်တော်များ အပြီးမသတ်နိုင်သေးခြင်းနှင့် နိုင်ငံတော် ဧည့်ဂေဟာ၊ တပ်မတော် စစ်သမိုင်းပြတိုက်၊ အမျိုးသားစာကြည့် တိုက်၊ အမျိုးသားမော်ကွန်းတိုက်နှင့် အမျိုးသားပြတိုက်များကို အမြန်ပြီးပြတ်စေရန် ဆောက်ရွက်နေစေခြင်းကြောင့် ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

“လွှတ်တော်ဆို တကယ့် ခမ်းခမ်းနားနား ဆောက်ထားတာ။ လွှတ်တော်မှာ သုံးတဲ့ ကျိုင်းဆိုတာတောင် ရွှေ ၆ ပိသာလောက်ရှိတယ်။ ကျန်တဲ့နေရာတွေကလည်း ရွှေအစစ်တို့၊ ကျောက်သံပတ္တမြားတွေနဲ့ အလှဆင် ထားတာတွေကော၊ မြန်မာမှုလက်ရာတွေဆိုလည်း တကယ့် ခမ်းခမ်းနားနားဆိုတော့ ကုန်တာပေါ့”ဟု ဆောက်လုပ်ရေး အင်ဂျင်နီယာ တဦးက ပြောသည်။

၎င်းက ဆက်လက်၍“အစိုးရပိုင်းက နောက်အစိုးရကို အာဏာမလွှဲခင် အမြန်ပြီးစေချင်ပုံရတယ်။ နောက်အစိုးရ လက်ထက်မှာ ရသုံး မှန်းခြေတို့ ၊ ဘတ်ဂျက် စာရင်းတို့ တင်ပြရမယ်ဆိုတော့ အခုအချိန်မှာ ပိုက်ဆံ သုံးလို့ရသလောက် သုံးမယ်ဆိုတဲ့ သဘော လားမသိပါဘူး”ဟုလည်း ဆိုသည်။

ထုတ်ပေးငွေများအနက် လွှတ်တော်တည်ဆောက်နေသော ACE ကုမ္ပဏီနှင့် အေ၀မ်း ကုမ္ပဏီတို့က အများဆုံး ထုတ်ယူ ရနေကြောင်းလည်း အထက်ပါ စည်ပင်သာယာ အရာရှိက ပြောသည်။

“ထုတ်တာကတော့ ACE က အများဆုံးပဲ။ လွှတ်တော်တို့ သမ္မ အိမ်တော်၊ ဒု သမ္မတ အိမ်တော်တွေက အချောကိုင်နေလို့ ပိုကုန်တယ်လို့ ပြောပါတယ်”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

အဆိုပါ အသုံးစရိတ်များကို ရန်ကုန်နှင့် မြန်မာနိုင်ငံ တ၀န်းရှိ နိုင်ငံပိုင် အဆောက်အအုံများ လေလံပစ်ရာမှ ရငွေများ၊ သဘာဝ ဓာတ်ငွေ့ ရောင်းရငွေများ၊ ကျောက်မျက်ရောင်းရငွေများမှ သုံးစွဲနေခြင်းဖြစ်ကြောင်း လေ့လာသူများက ပြောသည်။

စည်းလုံးခြင်းဖြင့် ကချင်လွတ်မြောက်ရေးအဖွဲ့မှ ပြည်သူ့စစ်ဖွဲ့စည်း

Nu Pan/KNG

ကချင်လူထုရသင့်ရထိုက်သည့် အခွင့်အရေးများရရှိရန် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့်အတူ စည်းလုံးညီညွတ်စွာ လူထုတစ်ရပ်လုံးပါဝင်နိုင်အောင် ပြည်သူ့စစ်သည် မရှိမဖြစ်ဖြစ်သည်ဟု KIO အရာရှိများ ပြောဆိုခဲ့သည်။

KIO သည် ပြည်သူ့စစ်တပ် ဖွဲ့စည်းရန်မူချမှတ်ထားခဲ့ပြီးဖြစ်သော်လည်း အကောင်အထည်မဖော်ခဲ့နိုင်သေးရာ စစ်အစိုးရနှင့် တင်းမာမှုတစတစကြီးထွားလာပြီးနောက်ပိုင်းမှ ရှမ်းပြည်မြောက်ပိုင်းတပ်မဟာ ၄ ဌာနချုပ်နေရာ၌ စတင်အကောင်ထည်ဖော်ခဲ့ကြောင်း အရာရှိများပြောဆိုသည်။

ထို့နောက်မှ ပြည်သူလူထုအား အတိအလင်းကြေငြာ၍ လှုံ့ဆော်တိုက်တွန်းပြောဆိုခဲ့သည်ဟု ကချင်ပြည်နယ်အရှေ့ဘက် KIO ဌာနချုပ်လိုင်ဇာ ဒေသခံတစ်ဦးပြောသည်။


“နအဖဖက်က ပြည်သူတွေမကြိုက်တဲ့အစိုးရဆီမှာ အမှုထမ်းမလား ကိုယ့်ရဲ့အမျိုးသားပေါ်မှာပဲ အမှုထမ်းမလား ဆိုပြီးတော့ အပေါ်ယံသဘောပေါ့နော် အဲလိုမျိုးတော့ လမ်းခင်းပြတာပေါ့။ အဓိကအချက်တော့ လူထုတစ်ရပ်လုံးပိုပြီးတော့ ပါဝင်နိုင်အောင် အားလုံးစုစုစည်းစည်းနဲ့ တခါထဲပါဝင်နိုင်အောင်အင်အားကြီးမားတဲ့ အဖွဲ့စည်းတစ်ခုဖြစ်အောင်ပေါ့ အဲလိုရည်ရွယ်ပြီးတော့ လုပ်တယ်လို့တော့ ပြောတယ်။”

ကချင်လူထုထဲမှ ပြည်သူ့စစ်တပ်ဖွဲ့စည်းရေးအား ကောင်းမွန်စွာနားမလည်သေးသောကြောင့် သဘောမတူညီမှုများရှိခဲ့သည့်အပေါ် အသေးစိတ်ရှင်းပြခဲ့ပြီး မည်သူတွေအမှုထမ်းနိုင်ကြောင်းကိုလည်း တနင်္လာနေ့တွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်ထန်ဂမ်ရှောင်မှ တပ်ဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများအား ခေါ်ယူရှင်းပြခဲ့သည်ဟု ဆိုသည်။

“ပြည်သူ့စစ်မဟာဗျူဟာဖော်ဆောင်ဖို့ပေါ့။ KIA အနေနဲ့ ဒေသခံပြည်သူတွေအားလုံးပါဝင်တဲ့ တော်လှန်ရေးဖြစ်ဖို့ အဲဒီအကြောင်းကို ပိုပြီးရှင်းပြသွားတာပေါ့ ပြည်သူတွေလည်း အားလုံးပါဝင်ရမယ်ဆိုပြီးတော့ အဓိကအဖြစ်တော့ ပြည်သူတွေအားလုံး တချို့ကနားမလည်တဲ့ဟာ တွေရှိတယ်။ တချို့က ကောင်းကောင်းမသိပဲနဲ့ လုပ်နေတဲ့ဟာရှိတယ် အဲဒါကြောင့် ပြည်သူတွေနားလည်သွားအောင် အသေးစိတ်ပြန်ပြီးတော့ ရှင်းပြတာပေါ့။”

“ပြည်သူ့စစ်အဖွဲ့ထဲမှာတော့ အရင်တုံးက KIA တပ်ဖွဲ့ဝင်ဟောင်းတွေ ပြီးတော့ကျမ်းမာရေးကောင်းတဲ့ တပ်ဖွဲ့ဝင်ဟောင်းနဲ့ ဒီအသက်ပြည့်ပြီးတဲ့ လူငယ်ပိုင်းတွေရော KIA တပ်ဖွဲ့နဲ့အတူ ၂၄နာရီ တာဝန် ထမ်းဆောင်နိုင်တဲ့အဆင့်ထိပေါ့ တကယ်လို့ အရေးကြုံလာရင် အဲလောက်ထိရည်ရွယ်ပြီးတော့ ဖွဲ့စည်းထားတယ် သူတို့က။”

KIA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂွန်ထန်ဂမ်ရှောင်နှင့် အရပ်ဘက်အထွေထွေအုပ်ချုပ်ရေးဌာန တာဝန်ခံ လဂျောင်ခေါင်လွမ်းတို့ တိုက်တွန်းခဲ့သည့်အပေါ် အများစုကလည်း လက်ခံခဲ့သည်ဟု ပြောသည်။

“အဲဒီအဖွဲ့ထဲမှာ အားလုံးပါဝင်ရမယ်ဆိုတာကို တော်တော်များက လက်ခံကြပါတယ်။ တကယ်လိုအပ်လို့ ကချင်တမျိုးသားလုံးအတွက် လိုအပ်လို့လုပ်တယ်၊ တာဝန်ထမ်းဆောင်တယ်ဆိုတာ တော်တော်လေးတော့ သဘောပေါက်တာတော့ ရှိကြပါတယ်။”

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သည် တိုင်းပြည်ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးနှင့် လက်နက်ကိုင်တော်လှန်ရေးသည် လူထုတော်လှန်ရေးဖြစ်သောကြောင့် ယခုလိုဖွဲ့စည်းလိုသော်လည်း တဖက်တွင် စစ်အစိုးရနှင့် နိုင်ငံရေးအရ နားလည်မှုယူကာ စားပွဲပေါ်၌သာ၍ ဆွေးနွေးလိုသည်ဟု KIO နိုင်ငံခြားရေး တာဝန်ခံ ဂျိမ်းစ်လွမ်းဒေါင်ပြောသည်။

“ကျွန်တော်တို့တိုင်းပြည်ကိုကာကွယ်ဖို့က ပြည်သူလူထုသော်လည်းကောင်း တပ်မတော်သော်လည်းကောင်း အဲတစ်ဦးစီမှာ တာဝန်ရှိကြတာဖြစ်တယ်။ တိုင်းပြည်ရေးကို စည်းစည်းလုံးလုံးကာကွယ်နိုင်မှာဖြစ်တယ်။ ဟိုတပ်မတော်ကနေ သူတို့စုဆောင်းတယ် အခုတက်လာမယ့်နိုင်ငံတော်အစိုးရက သူ့မှာ policy ရှိတယ်။ ဒါက သူတို့လည်းစစ်မှုမထမ်းမနေရဘူးဆိုပြီး သူတို့အဲဒါတွေကြေငြာတယ်။ ဒါကဘာမှားလို့လဲ ဘယ်တိုင်းပြည်မှာမဆို ဒါတွေရှိတယ်။ ကျွန်တော်တို့တိုင်းပြည်ကဖရိုဖရဲ ဟိုပြောဒီပြောဖြစ်လာတဲ့ အခါမှာ ကျွန်တော်တို့က ပြည်သူလူထုရဲ့စည်းလုံးညီညွတ်မှုကို လိုအပ်မယ်ဆိုတဲ့အတွက်ကြောင့် ပြည်သူလူထုရဲ့စည်းလုံးညီညွှတ်မှု ရရှိအောင်လုပ်ခြင်းသာဖြစ်တယ်။”

နှစ်ဖက်တင်းမာနေဆဲအခြေအနေအရ KIO ၏ တိုက်တွန်းချက်အတိုင်း စည်းလုံးညီညွတ်မှုဖြင့် အင်အားတင်းမာအောင် ပြည်သူ့စစ်တပ်ဖွဲ့စည်းရေးတွင် လူငယ်များသာ၍ စိတ်အားထက်သန် နေကြသည်ဟု ဒေသခံတွေများပြောသည်။

သို့သော် KIO သည် ကချင်ပြည်သူလူထုအခွင့်အရေးနှင့် တိုင်းပြည်ငြိမ်းချမ်းရေးအားရှေးရှုခြင်းဖြစ်၍ သတ်ဖြတ်တိုက်ခိုက်ခြင်းအား အလျင်စလိုမရှိဟု ဗိုလ်မှူကြီး ဂျိမ်းစ်လွမ်းဒေါင် ပြောဆိုခဲ့သည်။

“ပြည်သူ့စစ်ဆိုတာက ဒါကိုတိုက်ပွဲဝင်ဖို့အင်မတန်အားကိုးလို့ မဟုတ်ပါဘူး။ သွားပြီးတော့မှ တိုက်ပွဲဝင်ဖို့ ဘယ်သူနဲ့တိုက်ပွဲဝင်ဖို့ ကျွန်တော်တို့အာရုံစူးစိုက်တာ မဟုတ်ပါဘူး။ အခု KIO တွေ လက်နက်ကိုင်ခြင်းဟာ ကိုယ့်အမျိုးတွေ ကိုယ့်လူမျိုးစုတွေသော်လည်းကောင်း တိုင်းပြည်ကလူတွေသော်လည်းကောင်း ရသင့်ရထိုက်တဲ့အခွင့်အရေး မရရှိလို့သာလည်း ရလို့ရငြားဆိုပြီးတော့မှ ကိုယ်ထူကိုယ်ထ လုပ်ခြင်းသာဖြစ်တယ်။ အဲဒီဟာသာ ရလိုက်တယ်ဆိုရင် ဒါတွေဟာလုံးဝရှိတော့မှာမဟုတ်ဘူး။ ဒါကမုချပဲ။”

မြန်မာစစ်အစိုးရသည် KIO အား နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် ဖိအားပေးခဲ့သည်ကို ငြင်းဆန်ပြီးနောက်မှစ၍ ယခုချိန်ထိ အခြေအနေတင်းမာမှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး လက်ရှိအချိန်တွင်လည်း KIA တပ်အခြေချရာ နယ်စပ်များတွင် မြန်မာတပ်များနှင့် အချိန်မရွေးတိုက်ခိုက်မှု ဖြစ်ပွားနိုင်ကြောင်း အရှိများပြောဆိုခဲ့သည်။

နှစ်ရက်တာတိုက်ပွဲအတွင်း နအဖ ၁၀ဦးကျော် ထိခိုက်သေဆုံး

စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ကနဲလေးဂွင်ရှိ ဖို့ခဲတဒို့နှင့် ခီးကုဒေါ့်ခီးဂွင်ဖောမု ဘောထာ့နေရာတွင် ကရင်တပ်ဖွဲ့နှင့် နအဖ တပ်များအကြား နှစ်ရက်တာအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ ဘက်မှ ၁၀ဦးကျော် ထိခိုက်သေဆုံးခဲ့သည်ဟု သိရှိရသည်။

DKBA-KNLA ပူးပေါင်းတပ်နှင့် နအဖ စကခ(၅) လက်အောက်ခံ ခမရ(၅၆၃)၊ စကခ(၈) လက်အောက်ခံ ခမရ(၄၀၄)တပ်ရင်း တို့ ယမန်နေ့နှင့် ယနေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ကရင်တပ်ဖွဲ့ဘက်မှ ထိခိုက်မှုများ မရှိသော်လည်း နအဖဘက်မှ ၇ဦး ကျဆုံးပြီး ၉ဦး ဒဏ်ရာရရှိခဲ့သည်ဟု DKBA တပ်မှူးတဦးက ကေအိုင်စီကို ယခုလို အတည်ပြု ပြောဆိုသည်။

“မနေ့ညနေ ၆နာရီ မိနစ်၂၀ ဖောမုဘောထာ့မှာ ကျနော်တို့နဲ့ ခမရ(၅၆၃)တို့ ဖြစ်တဲ့တိုက်ပွဲက ၁၀မိနစ်လောက်ပဲကြာမယ်။ အဲဒီ တိုက်ပွဲမှာ နအဖဘက်က ၄ယောက်သေတယ်။ ၆ယောက် ဒဏ်ရာရတယ်။ ဒီနေ့ နေ့လည် ၁၂နာရီ ၅မိနစ်မှာ ခမရ(၄၀၄)နဲ့ တခါ ထပ်ဖြစ်တယ်။ ၃ယောက်သေ၊ ၃ယောက် ဒဏ်ရာရတယ်။ နောက် ဒီနေ့လည် ၁၁နာရီ ၅၅မိနစ်မှာ နအဖတပ်သား တယောက် မိုင်းနင်းမိတာရှိပေမဲ့ ဘယ်တပ်ရင်းလဲဆိုတာတော့ စုံစမ်းဆဲပဲ။”ဟု သူက ပြောသည်။

လက်ရှိအချိန်တွင် ကနဲလေးဂွင်အတွင်း လက်ရှိလှုပ်ရှားနေသည့် နအဖ စကခ(၈) လက်အောက်ခံ ခမရ(၄၀၄)တပ်ရင်းနေရာ ကို စကခ(၅) လက်အောက်ခံ ခမရ(၃၄၆)တပ်ရင်းက ယနေ့ လာရောက်ကာ တပ်အပြောင်းအလဲလုပ်ပေးနေသည်ဟု သိရ သည်။

ဖေဖော်ဝါရီလ ၂၁ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် တာလပတ်များ ဖုံးအုပ်ထားသည့် ကား ၃စီး အပါအ၀င် ဆန်အိတ်များ၊ ဆီပေ ပါများ တင်ဆောင်ထားသည့် နအဖ TE ကားအစီးရေ ၃၀ခန့် မြ၀တီမြို့တွင်းမှ ဝေါ်လေ၊ ကနဲလေးဂွင်ဘက်သို့ ထွက်ခွာသွားခဲ့ ကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

အဆိုပါတိုက်ပွဲများ ဖြစ်ပွားရာဒေသတွင် နယ်မြေခံ ရွာသူရွာသားများ နေထိုင်ခြင်းမရှိတော့သဖြင့် လူထုထိခိုက်မှု၊ ထွက်ပြေး တိမ်းရှောင်မှုများ မရှိကြောင်း သိရသည်။

သို့သော် ထိုဒေသတွင် ၀င်ရောက်လှုပ်ရှားနေသည့် နအဖ တပ်ဖွဲ့ဝင်များမှာ ကရင်တပ်ဖွဲ့ဝင်များ၏ ပြောက်ကျားတိုက်ခိုက်မှုကို နေ့စဉ် ရင်ဆိုင်နေရသည့်အတွက် ထိခိုက်ကျဆုံးမှုဦးရေ တစထက်တစ ပိုမိုများပြားလာသည်ဟု ကရင်တပ်ဖွဲ့ဝင်များက ပြော သည်။

ကရင်ကျေးရွာအိမ်(၉)လုံးကို မြန်မာစစ်တပ်မှမီးတင်ရှို

ဆူးပန်း၊ ကောင်းဝါသတင်းဌာန

ကရင်ပြည်နယ် မြ၀တီခရိုင် ဝေါ်လေဒေသဘက်ရှိ ကရင်ကျေးရွာတစ်ရွာကို မြန်မာစစ်တပ်မှ မီးတင်ရှို့ လိုက်သည်ဟု ကေအာန်ယူအရာရှိတစ်ယောက်မှပြောပါသည်။ အဆိုပါလူပေါတက်ကျေးရွာသည် ကေအာန်ယူ နှင့် ဒီကေဘီအေခေါ် တိုးတက်သောကရင်ဗုဒ္ဓဘာသာဒီမိုကရက်တစ်တပ်မတော်တို့ အခြေပြုနေသော ကျေးရွာ ဖြစ်သည်ဟုဆိုသည်။ ရွာကိုမီးတင်ရှို့သည့်ဖြစ်စဉ်ကို ဒေသခံကေအာန်ယူအရာရှိတစ်ယောက်မှ ယခုလိုပြောပါ သည်။

“သေဘောဘိုးအောက်ပိုင်းပေါ့။ ဖလူးကဆင်းလာတဲ့အောက်ပိုင်းမှာ အဲဒီမှာ လူပေါတက်ဆိုတဲ့ရွာကို နအဖတပ်တွေက ဒီမွန်းလွှဲတစ်နာရီအချိန်မှာ မီးရှို့လိုက်တယ်။ အိမ်(၈)လုံးနဲ့တဲတစ်လုံးမီးလောင်သွားတယ်။ ရွာသားတွေတော့ထွက်ပြေးနေကုန်ပြီး။”

စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ကျေးရွာသားများသည် နီးစပ်ရာဆွေမျိုးများအိမ် တောင်ယာခြံ၊တဲများတွင် ပုန်းအောင်းနေနေရပြီး အိမ်မပြန်ရဲကြသေးဟု တိမ်းရှောင်လာသည့် လူပေါတက် ရွာသားတစ်ဦးမှပြောပါသည်။

ယခုအခါဖလူးဒေသဘက်တွင် အရင်က ဗျူဟာတစ်ခုနှင့် တိုင်းတပ်၊တပ်ရင်းတစ်ရင်းသာ အခြေချထိုင် နေသော်လည်း အခုအခါ ကေအာန်ယူနှင့် ဒီကေဘီအေတို့အပေါ် ထိုးစစ်ဆင်ရန်အတွက် စကခ(၈) စကခ(၁၂) စကခ(၅) တပ်မ(၂၂) စကခ(၁၉)အပြင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းတပ်များကိုလည်း အင်အားတိုးချ ထားပါသည်။ ထို့အပြင် စစ်ဆင်ရေးအတွက် ပေါ်တာအထမ်းသမားတွေကို အသုံးပြုများ ရှိနေသည်ဟု အဆိုပါ ကေအာန်ယူအရာရှိတစ်ဦးမှပြောပါသည်။

“စစ်ဆင်ရေးမှာတော့ ပေါ်တာတွေအများကြီးသုံးထားတာပေါ့။ ထွက်ပြေးလာတာအများကြီးပေါ့။ ကေအာန်ယူဘက်ကို ထွက်ပြေးလာတာ။ တချို့တောင်မှအဖွဲ့အစည်းမှာမရောက်ဘူး။ ဒီလမ်းခုလတ်မှာဘဲ ကြုံရာအလုပ်လိုက် လုပ်ပြီးတော့ နေ့စားအလုပ်လိုက်လုပ်နေရတယ်။”

မြဝတီမြို့တွင် စစ်တပ်နှင့် BGF လုံခြုံရေး ပိုချလာ

နန်းထူးစံ (ကေအိုင်စီ)

မြဝတီမြို့ကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA) ဝင်ရောက် တိုက်ခိုက်မည် ဆိုသည့်သတင်း ကြောင့် ယနေ့ညနေပိုင်းတွင် မြ၀တီမြို့တွင်း၌ စစ်တပ်မှ လုံခြုံရေး ပိုချထားလာသလို နယ်ခြားစောင့်တပ် (BGF)တပ်ဖွဲ့ဝင်များ လည်း ကားဖြင့် ပိုမိုလှုပ်ရှားလာကြောင်း မြို့ခံများက ပြောသည်။


မြို့ခံအမျိုးသမီးတဦးက “ဒီညနေ နည်းနည်း ထူးခြားလာတယ်။ မြို့တွင်းမှာ စစ်တပ်တွေ လုံခြုံရေး ပိုချလာတာ တွေ့ရတယ်။ နယ်ခြားစောင့်တပ်တွေကလည်း ကားနဲ့ သွားလိုက်လာလိုက်နဲ့ အရင်ရက်တွေနဲ့ မတူဘူး။ တောထဲက DKBA တွေ မြို့တွင်းမှာ လာရောက်ပစ်ခတ်မယ်လို့ BGF နဲ့ နီးစပ်တဲ့သူတွေက တိုးတိုးတိတ်တိတ် ပြောနေကြတယ်။”ဟု ကေအိုင်စီကို ပြောသည်။

အခြားမြို့ခံ ကုန်သည်တစ်ဦးကလည်း “ဘာအတွက်ကြောင့်လည်း မပြောတတ်ဘူး။ ဒီညနေ နည်းနည်းတော့ ထူးခြားတယ်။ ကုက္ကိုနဲ့ မြဝတီလမ်းတလျှောက်မှာ မနက်တုန်းက ဘာအစောင့်မှ မရှိဘူး။ ဒီညနေ ပြန်လာတာ လမ်းမှာ စစ်သားတွေချည်းပဲ။” ဟု ပြောသည်။

ဗိုလ်မှူးကြီးစောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး) ဦးစီးသော DKBA တပ်မဟာ (၅)တပ်ဖွဲ့ဝင်တို့က ယနေ့ ဖေဖော်ဝါရီလ ၂၄ရက်နေ့ မှ ၂၈ရက်နေ့အထိ မြဝတီမြို့တွင်းကို ဝင်ရောက်ပစ်ခတ်မည့်သတင်းကို ကြိုတင်ကြားသိထားသည့်အတွက် ယခုလို စစ်တပ် အာဏာပိုင်များဘက်မှ လုံခြုံရေး ပိုမိုချထားလာခြင်း ဖြစ်နိုင်ကြောင်း မြို့ခံများက ပြောသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ DKBA တပ်မဟာ(၅)မှ စစ်ဆင်ရေးမှူး ဗိုလ်မှူးစောဆန်းအောင်က “ကျနော်တို့အနေနဲ့က မြို့ တွင်းမှာရှိတဲ့ စစ်တပ်နဲ့ဆိုင်တဲ့ အဆောက်အဦးတွေကို ဝင်ရောက်ဖျက်ဆီးဖို့ အစီအစဉ်ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်အာ ဏာရှင် ကျရှုံးဖို့အတွက် နည်းအမျိုးမျိုးသုံးရမှာပဲ။ ပြည်သူလူထုတွေကို မတိုက်ခိုက်ဘူး။ အခု စစ်တပ်က သူတို့လူတွေ ပိုချလာ ပေမဲ့လည်း ကျနော်တို့က ကိုယ့်အစီအစဉ်ကို ဆက်လုပ်သွားမှာပဲ။”ဟု ကေအိုင်စီကို ပြောသည်။

ဒီကေဘီအေအနေဖြင့် လက်ရှိ စစ်အစိုးရကို နည်းလမ်းမျိုးစုံသုံးကာ နေရာတိုင်းတွင် ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်၍ မြ၀တီ-ကော့ကရိတ်ကားလမ်း၌ သွားလာနေသည့် ကုန်သည်များ၊ သာမန်လူထုများကို စစ်တပ်နှင့်အတူ သွားလာခြင်း မပြုရန် လည်း ဒီကေဘီအေဘက်က ယခုလလယ်ပိုင်းမှစ၍ နှိုးဆော်ထားကြောင်း ဗိုလ်မှူးစောဆန်းအောင်က ပြောဆိုသည်။

ယခုလို ဒီကေဘီအေ၏ မြို့တွင်းမြို့ပြင် တိုက်ခိုက်မှုများကို နအဖ စစ်တပ်ဘက်မှလည်း လုံခြုံရေးအပြည့်ဖြင့် ပြန်လည် ပြင် ဆင်ထားသည့်အတွက် လက်ရှိအချိန်တွင် မြ၀တီမြို့ခံများမှာ သတိဖြင့် သွားလာနေထိုင်နေကြရသည်ဟု သိရသည်။

စစ်အစိုးရတပ်မှ တပ်သားတစ်ဦး ကေအဲန်ယူထံလက်နက်ချ

နော်အဲဏီ၊ ကောင်းဝါသတင်းဌာန

မြ၀တီမြို့နယ် သင်္ကန်းညီနောင်ကျေးရွာအခြေချသည့် စကခ (၁၂) လက်အောက်ခံ ခမရ (၃၅၆) မှ တပ်သားတစ်ဦးသည် ဖေဖေါ်ဝါရ(၁၃) နေ့လည်ပိုင်း တွင် သေနတ် တစ်လက်နှင့် အတူ ကေအဲန်ယူထံသို့ လက်နက်ချခဲ့ သည်ဟု ကေအာန်ယူ စစ်ဘက်အရာရှိ တစ်ဦးမှပြောပါသည်။

ခမရ (၃၅၆) တပ်ရင်းမှ တပ်သား သက်နိုင်ဝင်း (၁၉)နှစ် ကိုယ်ပိုင်အမှတ် (တ ၊ ၃၄၈ ၈၄၄) သည် (၂၀၀၆)ခုနှစ် တွင် စစ်တပ် ထဲသို့ ၀င် ရောက်ခဲ့ပါ သည်ဟုပြော ပါသည်။ အဖအမည် ဦးစိန်တင် အမိအမည် ဒေါ်အုန်းတင်ဖြစ်ပြီး ပဲခူးတိုင်း ပဲခူးမြို့ဇာတိဖြစ်ကာ အသက်(၁၄)နှစ် ကျော်ကျော်တွင် တပ်ထဲသို့ ၀င်ရောက် ခဲ့သည်ဟု တပ်သား သက်နိုင်ဝင်း မှပြော ပါသည်။ ကလေး အရွယ်ဖြစ် သော်လည်း တပ်သား သစ်စုဆောင်းရေး စခမ်းမှ ငြင်းဆန်ခြင်း မပြုဘဲ လက်ခံခဲ့ သည်ဟု ဆိုသည်။

တပ်သားသက်နိုင်ဝင်းသည် မြ၀တီမြို့နယ်သင်္ကန်းညီနောင်မှ ဖလူး၊ဝေါ်လေစစ်မျက်နှာသို့ ရောက်ရှိခဲ့ သည်မှာ (၂)လကျော်ရှိပြီး အဆိုပါစစ်မြေပြင်တွင်မြန်မာစစ်တပ်မှ ဒီကေဘီအေစခမ်းများကို အကျအဆုံး များစွာကြားမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ရသည်ဟုပြောပါသည်။ ၄င်းအနေနှင့်စစ်၏ဒဏ်ကိုမခံနိုင်၍ ထွက်ပြေးလာခဲ့ သည်ဟုဆိုသည်။

ကေအာန်ယူဘက်မှလည်းသူ့ကိုကောင်းမွန်စွာဆက်ဆံကြပြီး ၄င်းအနေနှင့် နယ်စပ်ဘက်တွင် အလုပ်လုပ်ရန်ဆန္ဒရှိကြောင်းပြောပါသည်။

ခမရ (၃၅၆)တပ်ရင်းတွင် တပ်အင်အား(၃၀)သာရှိပြီးဖွဲ့စည်းပုံအရ အင်အားပြည့်မီခြင်းမရှိဟု၎င်းမှ ပြောသည်။

တပ်ရင်းအတွက် ရိက္ခာသယ်ဆောင်ရန် အကျဉ်းသားပေါ်တာ(၂၅၀)ယောက်ခန့် ရှိသည်ဟုလည်း တပ်သားသက်နိုင်ဝင်း မှပြောပါသည်။

ကေအာန်ယူ၊ ဒီကေဘီအေနှင့် ဖြစ်ပွားသောတိုက်ပွဲများတွင် စစ်အစိုးရမှ အကျဉ်းသားပေါ်တာ များကိုအသုံးပြုယုံမက ညှင်းပမ်းနှိပ်စက်ခြင်း၊ လေးပင်သောရိက္ခာ ကျည်ဆံများကိုထမ်းခိုင်းခြင်း ထွက်ပြေးသော ပေါ်တာများကိုပစ်သတ်ခြင်းပြုလုပ်ခဲ့သည်ဟု ထွက်ပြေးလွတ်မြောက်လာသော ပေါ်တာများမှပြောပါသည်။

အလားတူ မြန်မာစစ်တပ်မှလည်း စစ်၏ဒဏ်ကိုမခံနိုင်၍ နယ်စပ်ဘက်သို့၎င်း ကရင်လက်နက်ကိုင်အဖွဲ့များ ထံသို့၎င်း ထွက်ပြေးလာခဲ့သည်မှာများပြားနေသည်ဟု ကေအာန်ယူ စစ်ဘက်အရာရှိတစ်ဦးမှ ပြောပါသည်။

နယူးဒေလီ၊ နွမ်းရိ ဟင်းရွက်များနဲ့ ရှင်သန် မျှော်လင့်ချက်

ဇာနည်မာန်


“ဒီမှာနေရတာ တအားခက်ခဲတယ်။ လိုတာတွေ တအားများတယ်လေ။ မြန်မြန်အဆင်ပြေချင်တယ်” လို့ အေးစက်စက် သမံတလင်းပေါ်မှာ ခင်းထားတဲ့ စောင်အနွမ်းလေးကို နေရာတကျဖြစ်အောင် ပြုပြင်ရင်းပြောလိုက်တဲ့ ကိုအောန်ခန်းပေါင်။

နယ်မြေခံစစ်တပ်ရဲ့ ပေါ်တာဆွဲတဲ့ရန်ကို ရှောင်ဖို့ ချင်းပြည်နယ် တီးတိန်မြို့နယ် ကက်သယ်ရွာကနေ တနာရီလောက် လမ်းလျှောက်သွားရတဲ့ အိမ်ခြေ ၂၀ ကျော် ကက်သယ်ရွာသစ်ဆိုတဲ့ သူ့ရဲ့ရွာလေးကနေ သူတို့မိသားစု နယူးဒေလီကို ရောက်လာတာ ၂၀၁၀ ပြည့်နှစ် မတ်လ က ဖြစ်ပါတယ်။

“ကျနော့်ကို သေနတ်တွေ ထမ်းဖို့ခေါ်သွားတော့ သူတို့ သေနတ်ပစ္စည်းပျောက်တယ်ဆိုပြီး သေနတ်တွေနဲ့ရိုက်တယ်။ မျက်နှာကိုလည်း ထိုးတယ်။ ပြန်သွားရှာ မတွေ့ရင် ပြန်မလာနဲ့ပြောတော့ ကျနော် အိမ်ပြန်ပြေးလာတယ်။ ကျနော့်ကို လိုက်ရှာတာ မတွေ့တော့ ကျနော့်မိန်းမကို သူတို့ ရိုက်တယ်လေ။ ကျနော်တို့ တအိမ်လုံး ရွာကထွက်ပြေးလာတော့ ဒေလီရောက်နေတဲ့ သူငယ်ချင်းက လာဖို့ပြောလို့ ရောက်လာတာ”လို့ သူက ပြောပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ကနေ နယူးဒေလီ အထိ ခရီးနှင်လာတဲ့ အောန်ခန်းပေါင်တို့ မိသားစု နယူးဒေလီကို ရောက်ချိန်မှာတော့ စားဝတ်နေရေး ပြဿနာမျိုးစုံ ရင်ဆိုင်ရပါတော့တယ်။

နေ့စဉ် မနက် ၈ နာရီကနေ ည ၈ နာရီအထိ သိုးမွေးဆွယ်တာ ထိုးတဲ့ လုပ်ငန်းခွင်မှာ အလုပ်လုပ်တဲ့ သူ့ရဲ့ဇနီး တွယ်လ် ငိုက်နမ် ရတဲ့လစာဝင်ငွေနဲ့ မလောက်ငတာကြောင့် မိသားစုစားဖို့ ဟင်းအတွက် ဈေးမှာပစ်ထားတာတွေကို ညဥ့်နက်ချိန်မှာ သွားကောက်ပြီး ၀မ်းရေးအတွက် ဖြေရှင်းရတယ်လို့ ဆိုပါတယ်။

“အလုပ်ရတာလည်း မကြာသေးဘူး။ သူက တလမှ ၃၅၀၀ ရူပီးရတာ။ အိမ်လခက တလ ရူပီး ၂၀၀၀ ပေးရတယ်။ ကျန်တာနဲ့က ဆန်နဲ့ဆီနည်းနည်း ၀ယ်ရတယ်။ ဂက်စ်ဝယ်ရတယ်။ ဘယ်လောက်မလဲ။ ဒါကြောင့် သူများတွေ မလိုချင်လို့ ပစ်ထားတာ ည ၁၂ နာရီ ၁ နာရီမှ သွားကောက်နေရတာ။ အသားငါးဆိုတာတော့ မစားရတာကြာပါပြီ” လို့ ဟင်းရွက်ပုံကိုပြရင်း သူကပြောပါတယ်။

မီးရောင်မှိန်မှိန် အခန်းကျဉ်းလေးထဲက ဂက်စ်မီးဖိုးနံဘေး သမံတလင်းကြမ်းခင်းပေါ်မှာ ပုံချထားတဲ့ ပန်းမုန်လာ အရွက်တပုံ၊ နွမ်းရိနေတဲ့ ပဲသီးတထုပ်နဲ့ အာလူးထုပ် တထုပ်၊ တဖက်မှာတော့ ပလတ်စတစ်ဖျာ အဟောင်းတခုပေါ်မှာ စောင်ခပ်နွမ်းနွမ်းကို ခြုံရင်းနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ သူ့ရဲ့သားငယ် ၃ ယောက်။

အကြောင်း အမျိုးမျိုးကြောင့် မြန်မာနိုင်ငံကနေ ထွက်လာကြပြီး အိန္ဒိယနိုင်ငံ နယူးဒေလီကို ရောက်လာကြတဲ့ မြန်မာပြည်သူပြည်သားတွေ အများစုနေကြတဲ့ ဗီဂက်စ်ပူရီ၊ ဂျနက်ပူရီ၊ စီတားပူရီ၊ ဟတ်စတား ဆိုတဲ့ မြို့ဆင်ခြေဖုံးအရပ်တွေမှာ တပတ်တခါ ညနေမှာခင်းတဲ့ ဟင်းသီးဟင်းရွက်ဈေးတွေ ရှိပါတယ်။ မြို့ထဲက ဈေးကြီးတွေကို မသွားနိုင်တဲ့ မြန်မာနိုင်ငံသားတွေအဖို့ ဒီဈေးလေးတွေကို အားကိုးရပါတယ်။

ကုန်ဈေးနှုန်းတွေ တက်လာသလို အိမ်လခတွေကိုပါ တိုးပေးနေရတဲ့ အချိန်မှာတော့ အလုပ်မရှိတဲ့သူ၊ အလုပ်ရှိပေမယ့် လစာနည်းတဲ့ အောန်ခန်းပေါင် တို့လို သူတွေအဖို့ ဈေးသိမ်းတဲ့ ညဥ့်နက်ချိန်တွေမှာ ဈေးသည်တွေ ပစ်ထားခဲ့တဲ့ ဟင်းသီး ဟင်းရွက် အနွမ်းတွေထဲက ကောင်းနိုးရာရာကို ရွေးချယ်ကောက်ယူကြပြီး ၀မ်းစာအတွက် ဖြေရှင်းကြရပါတော့တယ်။

“ပြီးခဲ့တဲ့ ဒီဇင်ဘာက ကျနော်တို့ ယူအန်ကတ် (ဒုက္ခသည်အဖြစ် ကုလသမဂ္ဂ အသိအမှတ်ပြုကတ်) ရတော့YMCA (ခရစ်ယာန် ကလျာဏယုဝအသင်း) က ထောက်ပံ့ကြေး တချို့ရပါတယ်။ မိသားစု တခုလုံးအတွက် ရူပီး ၂ သောင်းရပါတယ်။ အဲဒါက အလုပ်မရခင်တုန်းက စားတာနဲ့၊ ကျနော့် မိန်းမနဲ့ သားအငယ်ဆုံး နေမကောင်းဖြစ်တော့ ဆေးကုတာနဲ့ကုန်သွားပြီ။ အခုထိတော့ ဘယ်အသင်းအဖွဲ့မှ လာကြည့်တာ မရှိပါဘူး။ ထောက်ပံ့တာလည်း မရှိပါဘူး” လို့ သူက ပြောပါတယ်။

နယူးဒေလီမှာရှိတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည်အဖြစ် အသိအမှတ်ပြုလက်မှတ်ကို ရရှိချိန်မှာ နယူးဒေလီရှိ YMCA ကနေ လူမှုရေး ထောက်ပံ့စရိတ် အနည်းငယ် ထုတ်ပေးလေ့ရှိပါတယ်။ ဒီထောက်ပံ့ စရိတ်ဟာလည်း အိမ်ထောင်စု လူဦးရေပေါ်မူတည်ပြီး အိမ်ထောင်ဦးစီးတယောက်ကို ရူပီး ၂၀၀၀၊ မှီခိုသူ တယောက် အတွက်ကတော့ ရူပီး ၁၀၀၀ ၀န်းကျင်နဲ့ ၃ လစာအထိပဲ အများဆုံး ပေးနိုင်တာပါ။

သူ့အနေနဲ့ အလုပ်ရှာလုပ်ချင်ပေမယ့် ဇနီးဖြစ်သူ အလုပ်သွားချိန်မှာ ကလေးတွေကို ထိန်းကျောင်းဖို့ လူမရှိတာကြောင့် အလုပ်မလုပ်နိုင်သလို ကလေးတွေကိုလည်း ကျောင်းမထားရ၊ နေမကောင်းဖြစ်မှာလည်း စိုးရိမ်နေရတယ်လို့ ပြောပြပါတယ်။

အလုပ်ဆိုတာက တကယ်တော့ စက်ရုံအလုပ်ရုံတချို့မှာ အထမ်းသမားလုပ်ရတာ၊ သန့်ရှင်းရေးလုပ်ရတာ၊ ချုပ်ထည်တွေက ပိုထွက်နေတဲ့ အစတွေကို ညှပ်ရတာ စတဲ့ လစာနည်း အောက်ခြေသိမ်းအလုပ်တွေများပါတယ်။ ဟင်ဒီဘာသာစကား တတ်တဲ့သူ၊ အင်္ဂလိပ်စာ တတ်တဲ့သူ၊ ကွန်ပျူတာနဲ့ပတ်သက်တဲ့ ကျွမ်းကျင်သူတချို့ကျပြန်တော့လည်း တလကို ရူပီး ၇၀၀၀ ကနေ ၈၀၀၀ အထိရတဲ့ သက်သောင့်သက်သာ အလုပ်မျိုးရနိုင်ပေမယ့် လစာမှာတော့ အနှိမ်ခံရတာမို့ သူတို့ရဲ့ဝင်ငွေဟာ တလ ရူပီး ၅၀၀၀ ထက် မပိုကြပါဘူး။

စားဝတ်နေရေး မပြေလည်မှုတွေအပြင် ဒေသခံ အိန္ဒိယတိုင်းသားတွေနဲ့ ယဉ်ကျေးမှု၊ ဘာသာစကား မတူ ကွဲပြားမှု၊ အိန္ဒိယ နိုင်ငံမှာ ရှင်သန်နေဆဲဖြစ်တဲ့ လူမျိုးရေး အဆင့်အတန်း ခွဲခြားမှု စတာတွေကြောင့် ရင်ဆိုင်ရတဲ့ အခက်အခဲတွေကလည်း ဒု နဲ့ဒေးပါပဲ။

အိမ်လခ တိုးတောင်းတာ မပေးနိုင်လို့ နှင်ချခံရတဲ့သူတွေ ရှိသလို၊ အိမ်ရှင်နဲ့ အဆင်ပြေပေမယ့် အခန်းချင်းကပ်လျက် အခန်းနီးချင်း အိန္ဒိယတိုင်းသားတွေရဲ့ အနိုင်ကျင့် ဗိုလ်ကျမှုတွေကို ခါးစည်းခံရတဲ့ ဒုက္ခတွေလည်း ရှိပါတယ်။ အောန်ခန်းပေါင်တို့ မိသားစု အဖို့ကတော့ အခန်းချင်းကပ်လျက်က အိန္ဒိယတိုင်းသားတွေရဲ့အနိုင်ကျင့်ဗိုလ်ကျနေမှုကို နေ့စဉ် ခံနေရတာဟာ ထူးဆန်းတဲ့ကိစ္စ မဟုတ်တော့ဘူးလို့ ပြောပြပါတယ်။

“သူတို့အားလုံး ၆ ယောက်လားရှိတယ်။ အစောင့်အလုပ်လုပ်ကြတာ။ ပြန်လာပြီဆို အမြဲ မူးနေတော့တာပဲ။ မူးပြီဆို အော်ကြ၊ ဆူညံတယ်။ တံခါးတွေကို ခြေထောက်နဲ့ကန်တယ်။ မနက်ဆိုလည်း အစောကြီး ထအော်နေတော့ မအိပ်ရဘူး။ ဒီမှာက ရေချိုးခန်း အိမ်သာကတခုတည်းရှိတာကို အတူသုံးရတာဆိုတော့ ကျနော်အိမ်သာတက်နေရင် သူတို့က တက်ချင်ရင် အတင်း လာဆွဲထုတ်တော့တာပဲ၊ သိပ်ခက်တယ်” လို့ သူက ပြောပါတယ်။

၂၀၁၀ ခုနှစ်အတွင်း သူတို့လိုပဲ စစ်အစိုးရ စစ်တပ်တွေရဲ့ ပေါ်တာအဖြစ် ခေါ်ယူစေခိုင်းခံရလို့ ထွက်ပြေးလာပြီး အိန္ဒိယကို ရောက်လာတဲ့ ချင်းတိုင်းရင်းသားမိသားစုတွေ ရှိပါသေးတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ဇွန်လအတွင်းက ထန်တလန် မြို့နယ်ထဲက အိမ်ခြေ ၄၀ ကျော်သာရှိတဲ့ မုန်းထန်းဆိုတဲ့ ရွာလေးကနေ နယူးဒေလီ ကိုရောက်လာတဲ့ တောဝ်ခ်သီယမ် တို့ ဇနီးမောင်နှံဟာလည်း စားဝတ်နေရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

“မြန်မာပြည်မှာ ခက်ခဲတာရှိရင် ဒေလီမှာ ရက်ဖျူဂျီရှိတယ်၊ အဲဒီကိုသွားလိုက်လို့ပြောလို့ လာခဲ့တာ။ ကျမယောက်ျားက ဂျင်းဘောင်းဘီ ချုပ်တဲ့စက်ရုံမှာ အလုပ်လုပ်တယ်။ လခ ၃၀၀၀ ရတယ်။ အိမ်လခ ၂၀၀၀ ပေးလိုက်တော့ ကျန်တာနဲ့မလောက်လို့ ဟင်းအတွက်က ဈေးမှာပစ်ထားတာတွေ သွားကောက်တယ်” လို့ ဇန်ညက်တိုင်းရင်းသူ တောဝ်ခ်သီယမ် က ပြောပါတယ်။

ရောက်ခါစ တလကျော် နေမကောင်းဖြစ်တာကြောင့် အလုပ်မလုပ်နိုင်တုန်းကတော့ ဇန်ညက် တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းကနေ တလစာ ဆန်တကီလို၊ ရူပီး ၁၅၀၀ ထောက်ပံ့တာ ရတယ်လို့ ပြောပြပါတယ်။ ဒီလိုအထောက်အပံ့ကတော့ နေမကောင်းလို့ အလုပ်မလုပ်နိုင်ဘဲ ဒုက္ခရောက်နေတဲ့သူတွေကိုပဲ ပေးနိုင်တာလို့ သူက ပြောပြပါတယ်။

နယူးဒေလီကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေမှာ ဗမာ၊ ကချင် နဲ့ ချင်းတိုင်းရင်းသားတွေ ပါဝင်ကြပြီး အများစုကတော့ ချင်း တိုင်းရင်းသားတွေပါ။ ဒုက္ခသည်အချင်းချင်း ကူညီစောင့်ရှောက်ဖို့အတွက် တိုင်းရင်းသား လူမျိုးစုအလိုက် ဖွဲ့စည်းထားတဲ့ လူမှုရေးအသင်းအဖွဲ့လေးတွေ ရှိပေမယ့်လည်း ဒုက္ခသည်အားလုံးကို ကူညီစောင့်ရှောက်နိုင်တဲ့ အင်အားမရှိသေးဘူးလို့ အသင်းအဖွဲ့တွေက ပြောပြကြပါတယ်။

“ဒီမှာက ချင်းတိုင်းရင်းသားက ၉၀၀၀ ကျော်ရှိနေပါတယ်။ ၂၀၁၀ အတွင်းမှာ ကျနော်တို့ ဆန်နဲ့ ထောက်ပံ့ငွေနည်းနည်း ကူညီပေးနိုင်တာ မိသားစု ၁၇၀ ပဲ ရှိပါတယ်။ ပြဿနာတွေ၊ အခက်အခဲတွေ၊ အကူအညီလာတောင်းသူတွေကတော့ အများကြီးပါပဲ။

အလှူရှင်တွေဆီက ရသလောက်နဲ့ လုပ်ရတာဆိုတော့ ကူညီနိုင်တဲ့အတိုင်းအတာ တအားကို နည်းနေပါတယ်” လို့ ချင်းဒုက္ခသည်များကော်မတီ (CRC) က အတွင်းရေးမှူး ကိုဒေးဗစ်က ပြောပြပါတယ်။

အမေရိကန် အခြေစိုက် Physicians for Human Rights (PHR) အဖွဲ့နဲ့ ဂျွန် ဟော့ပ်ကင်း ဘလွန်းဘာ့ဂ် ပြည်သူ့ ကျန်းမာရေး ကျောင်းက ပြည်သူ့ ကျန်းမာရေးနဲ့ လူ့အခွင့်အရေး ဌာနတို့ ပူးတွဲပြုစုပြီး ၂၀၁၁ နှစ်ဆန်းပိုင်းက ထုတ်လိုက်တဲ့ အစီရင်ခံစာ တခုမှာ ချင်းပြည်နယ်ထဲက လူထု ၉၂ ရာခိုင်နှုန်းနီးပါးဟာ စစ်အစိုးရရဲ့ အဓမ္မလုပ်အားပေးခိုင်းစေမှု၊ အမျိုးသမီးတွေ အနိုင် ကျင့်ခံရတာတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ်ခံစားနေရတယ်လို့ ထုတ်ဖော်ထားပါတယ်။

ဒီလိုအခြေအနေတွေကြောင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံကို ရောက်လာတဲ့သူတွေ တစ တစ တိုးလာတာမှာ ၂၀၀၇ ခုနှစ်တုန်းက ချင်း တိုင်းရင်းသားဦးရေ ၃၀၀၀ ကနေ ၄၀၀၀ အထိရှိရာက၂၀၁၀ နှစ်ကုန်ပိုင်းမှာတော့ ၉၀၀၀ ကျော် ဖြစ်လာတာမို့ ၃ နှစ်အတွင်းမှာ နှစ်ဆကျော် တိုးလာတယ်လို့ ကိုဒေးဗစ်က ပြောပြပါတယ်။

အောန်ခမ်းပေါင်၊ တောဝ်ခ်သီယမ်တို့ မိသားစုတွေလို နယူးဒေလီ ဆင်ခြေဖုံးရပ်ကွက်တွေရဲ့ ၁၀ ပေပတ်လည် အခန်းကျဉ်း လေးတွေမှာ နေထိုင်ကြရင်း အသက်ရှင်ရပ်တည်ဖို့အတွက် ရုန်းကန်နေကြတဲ့သူတွေရှိသလို တိုးတက်ဖွံ့ဖြိုးတဲ့ တတိယနိုင်ငံတွေမှာ အခြေချနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဒုတိယနိုင်ငံဖြစ်တဲ့ အိန္ဒိယကို ရောက်လာတဲ့သူတွေလည်း ရှိပါတယ်။

သူတို့တွေကတော့ ကိုယ်တိုင် ဖိနှိပ်မှုတွေခံရလို့တော့ မဟုတ်ပေမယ့် တိုင်းပြည်ထဲမှာ စီးပွားရေးကျပ်တည်းမှုနဲ့ ဘ၀အာမခံချက် မရှိတာတွေကြောင့် မိမိတို့ ဘ၀ရှေ့ရေးအတွက် တတိယနိုင်ငံမှာ အခြေချနေထိုင်နိုင်ဖို့ ဒုက္ခသည်အဖြစ်ခံယူကြပါတယ်။

“စီးပွားရေးလုပ်ရတာ အဆင်မပြေဘူး။ ဘာမှလည်း မလုပ်တတ်ဘူးလေ။ ကလေးတွေအတွက်လည်း ရှိသေးတယ်လေ။ မြန်မာပြည်မှာကတော့ ဒီအတိုင်းနေရင် ကြာရင် ငတ်တော့မှာ။ အဲ့ဒါကြောင့် ရှိတာလေးတွေ ရောင်းချပြီး ဒီလာခဲ့တာ။ မိတ်ဆွေတွေလည်း ဟိုမှာရှိနေကြတော့ အမေရိကားဖြစ်ဖြစ် သြစတြေးလျဖြစ်ဖြစ်တော့ ရောက်ချင်တယ်။ ဟိုရောက်ရင်တော့ အားလုံး အဆင်ပြေသွားမယ်လို့ ထင်တယ်” လို့ အမည်မဖော်လိုတဲ့ ချင်းအမျိုးသမီးတယောက်က ပြောပြပါတယ်။

သူ့လို မျှော်လင့်ချက်နဲ့ လာတဲ့သူတွေထဲမှာ တတိယနိုင်ငံတွေဆီ ရောက်နှင့်ပြီးဖြစ်တဲ့ ဆွေမျိုး၊ မိတ်ဆွေတွေ ရှိကြလို့ သူတို့နောက်ကို လိုက်သွားဖို့ ဒုတိယနိုင်ငံမှာ ဒုက္ခသည်အဖြစ် လာနေကြတဲ့သူတွေလည်း ရှိပါတယ်။ သူတို့တွေထဲမှာ တတိယနိုင်ငံတွေက ဆွေမျိုး၊ မိတ်ဆွေတွေက ပေးပို့တဲ့ လစဉ်ထောက်ပံ့တဲ့ငွေနဲ့ ရပ်တည်နေကြသူတွေလည်း ရှိသလို အဲ့ဒီလို ထောက်ပံ့ ငွေနဲ့ မလောက်ငနိုင်လို့ ရရာအလုပ်လုပ်ရင်း ရုန်းကန်နေကြရတဲ့သူတွေလည်း ရှိပါတယ်။

“တလကို ဒေါ်လာ ၁၀၀ မျိုး၊ ၂၀၀ မျိုး ပို့ပေးပေမယ့် ပုံမှန်တော့ မဟုတ်ဘူးလေ။ သူတို့လည်း ဟိုမှာရုန်းကန်ရတော့ တခါတလေကျတော့လည်း မပို့နိုင်ဘူးပေါ့။ သူတို့ မပို့နိုင်တဲ့အခါကျရင်တော့ အလုပ်လုပ်ရတာပေါ့။ တတိယနိုင်ငံရောက်ရင်တော့ အဆင်ပြေသွားမှာပါ” လို့ သားချင်းတယောက်ဆီက အထောက်အပံ့တချို့ရတဲ့ ချင်းအမျိုးသားတယောက်က ပြောပြပါတယ်။

ဇန်ညက်တိုင်းရင်းသူ တောဝ်ခ်သီယမ်ကလည်း “ရွာတော့ သတိရပေမယ့် ဆင်းရဲလို့ မပြန်ချင်ဘူး။ နိုင်ငံခြားပဲ သွားချင်တယ်။ ဟိုရောက်ရင်တော့ ဒုက္ခမရှိတော့ဘူးပေါ့” လို့ ပြောပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ကို ဖြတ်ပြီး ဒေလီကို ခရီးနှင်လာကြတဲ့ သူတို့တွေ ပြောလေ့ရှိတာကတော့ မြန်မာပြည်မှာ ဆင်းရဲလို့ မပြန်ချင်ဘူး၊ သူတို့ရဲ့ ရှေ့ရေး၊ စားဝတ်နေရေးအတွက် ဖွံ့ဖြိုးတိုးတက်တဲ့ တတိယနိုင်ငံတခုခုဆီမှာ ခိုလှုံနေ ထိုင်ခွင့် အမြန်ဆုံး ရချင်ကြတယ်၊ တတိယနိုင်ငံတွေဆီ ရောက်သွားရင် စားဝတ်နေရေးတွေ အဆင်ပြေမယ်လို့ မျှော်လင့်ကြတယ် ဆိုတာပါပဲ။

မြောင်းပုပ်ရေတွေ လျှံထွက်နေတဲ့ လမ်းကျဉ်းလေးရဲ့နံဘေး၊ ညစ်ပေနေတဲ့ မသပ်မရပ် တိုက်အိုတလုံးရဲ့မှောင်ကုပ်ကုပ် အခန်းကျဉ်းလေးထဲက ကိုအောန်ခန်းပေါင်ကတော့ ဇာတိရွာလေးမှာ တောင်ယာလုပ်ကိုင်နေရတာက နယူးဒေလီမှာ ဒုက္ခခံ နေရတာတွေထက်စာရင် စိတ်ချမ်းသာတာမို့ ဇာတိရွာလေးကို သတိရမိတယ်လို့ ပြောပြပါတယ်။

သူက “ပြန်တော့ပြန်ချင်တယ်။ ဒါပေမယ့် စစ်တပ်ရှိနေတော့ ကျနော့်ကို ဖမ်းလိမ့်မယ်။ မပြန်ရဲဘူး၊ မပြန်ချင်ဘူး။ စစ်တပ် မအုပ်ချုပ်တော့ဘူး ဆိုရင်တော့ ပြန်ချင်တာပေါ့။ နိုင်ငံခြားသွားလည်း အဆင်ပြေရင်တော့ ကောင်းတာပေါ့။ အခုကတော့ ခက်ခဲတာတွေ မြန်မြန်အဆင်ပြေပါစေလို့ ကျနော် အမြဲ ဘုရားဆုတောင်းတယ်” လို့ ပြောရင်း စုပုံထားတဲ့ ဟင်းရွက်ပုံကို ငေးစိုက်ကြည့်နေပါတော့တယ်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Feb,25th,2010

( 37 )ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခေတ္တ ရပ်နားမည်

( 36 )Thailand to Build Coal-Fired Power Plant in Burma

( 35 )ကော်မရှင်ဝင်များ အတည်ပြု၊ လွှတ်တော် ခွဲစည်းဝေးမည်

( 34 )Two Burmese Men Killed in Mae Sai

( 33 )မှောင်ခိုဆီရောင်း ဂေရွန် မြန်မာစစ်ခေါင်းဆောင်များနှင့်ဆက်

( 32 )Burma's MPs Paid a Bonus

( 31 )ILO လုပ်ငန်းစဉ် တိုးချဲ့မည့်ကိစ္စ ဒေါ်စု ထောက်ခံ

( 30 )UN says Burma ‘a regional burden’

( 29 )မြို့အာဏာပိုင် ဖုန်းဈေး ကျပ် ၅ သိန်း တင်ရောင်းဟု ဒေသခံများပြော

( 28 )Tay Za, injured, arrives back to Rangoon

( 27 )Myanmar jails five dissidents

( 26 )ကျောက်ဖြူမြို့တွင် မီးလောင်မူကြောင့် အမျိုးသမီးငယ်တဦးဖမ်းဆီးခံနေရ

( 25 )Tay Za rescued, German embassy blocks staff

( 24 )ဘင်္ဂလားမြန်မာနယ်စပ်တလျှောက်တွင် ဘိန်းနှိမ်နှင်းရေး ဘင်္ဂလာမှပြုလုပ်

( 23 )Burma's President-Elect: A Clever Puppet?

( 22 )ဦးတေဇ ရန်ကုန်ပြန်ရောက်

( 21 )US discusses Myanmar aid with Suu Kyi

( 20 )ရွေးကောက်ပွဲကော်မရှင် ၆ ဦး အမည်စာရင်း ဦးသိန်းစိန်တင်သွင်း

( 19 )Myanmar’s Human Rights Abuses

( 18 )လောင်းကစားဒိုင် မိသားစု ပိုးသတ်ဆေးသောက်သေ

( 17 )Aung San Suu Kyi Notes Parallels Between Middle East and Burma

( 16 )ဒန်ကလေကို တရားရုံးထုတ်

( 15 )Three Burmese Soldiers Killed in Southern Shan State

( 14 )ဗြိတိသျှ ဝန်ကြီးချုပ်ထံ ဒီမိုကရေစီ အဖွဲ့များ အိတ်ဖွင့်ပေးစာပို

( 13 )Asset grabs in Myanmar

( 12 )မြန်မာတိုင်းမ်ထုတ်ဝေသူ သြစတြေးလျလူမျိုး ဒန်ကလေကို ရုံးထုတ်

( 11 )Myanmar Times editor Ross Dunkley faces Burmese court

( 10 )နာဂစ်မုန်တိုင်းမှာ သေသူများကို သင်္ဂြိုဟ်ပေး၍ ထောင်ကျခဲ့သူ ၂ ဦးကို ဂုဏ်ပြု

( 9 )Unpreventable armed conflicts in Burma

( 8 )သင်္ကြန်ဗုံးကွဲမှု ဓာတ်ပုံရိုက်သူကို သီပေါထောင် ပြောင်းရွှေ့

( 7 )Burmese man who made sexual remarks to children was torture victim

( 6 )လွှတ်တော်ပြင်ပ နိုင်ငံရေး လုပ်ဆောင်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

( 5 )US discusses aid for Burma

( 4 )တောင်ငူထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၂ ဦး တိုက်ပိတ် ပြစ်ဒဏ်ပေးခံရ

( 3 )Burma Introduces Prepaid Card System for Mobile Phones

( 2 )လူ့အခွင့်အရေး ချိုးဖောက်မှု တိုင်ကြားရေးရုံး တနှစ်တိုးဖွင့်မည်

( 1 )Australian editor refused bail in Burma

Thursday, February 24, 2011

ရော့စ် ဒန်ကလေကို ပုဒ်မလေးခုဖြင့် စွဲချက်တင်၊ အာမခံ မပေး

ဆက်လင်း Thursday, 24 February 2011

အင်းစိန်ထောင်တွင် ချုပ်နှောင်ခံထားရသည့် မြန်မာတိုင်းမ် ဂျာနယ် တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် မစ္စတာ ရော့စ် ဒန်ကလေကို ကမာရွတ်မြို့ နယ်တရားရုံးတွင် ပုဒ်မလေးခု စွဲချက်ဖြင့် ယနေ့ ရုံးထုတ်စစ်ဆေးသည်။

သြစတြေးလျ နိုင်ငံသား မစ္စတာ ရော့စ် ဒန်ကလေ ကို ဇန်န၀ါရီလ ၁၈ ရက်ညက အသက် ၂၉ အရွယ်ရှိ မခိုင်ဇာဝင်း ဆိုသူ အမျိုးသမီးတစ်ဦးကို ရိုက်နှက်ခဲ့သည်ဆိုသည့် စွဲချက်၊ လူဝင်မှု ကြီးကြပ်ရေးဥပဒေ အပါအဝင် ပုဒ်မလေးခုဖြင့် စွဲချက်တင်ခြင်း ဖြစ်သည်ဟု ရော့စ်ဒန်ကလေ၏ ရှေ့နေ ဦးမင်းစိန်က ပြောသည်။

“လ၀က ၁၃ (၁) ရယ်၊ ပုဒ်မ ၃၂၃၊ ၃၂၈၊ ၃၅၂၊ ၃၄၁ ရယ်နဲ့စွဲတယ်။ အာမခံတင်တာ မရဘူး။ အမှုကို နောက်လ ၃ ရက်နေ့ ပြန်ချိန်းလိုက်တယ် ” ဟု ဦးမင်းစိန်ကဆိုသည်။

စွဲချက်တင်သည့် ပုဒ်မများနှင့် ပတ်သက်၍ တရားရုံးချုပ် ရှေ့နေတဦးက “၃၂၃ ဆိုတာက သာမန်နာကျင်စေမှု၊ ၃၂၈ က တပါးသူအား မူယစ်ဆေးဝါး တိုက်ကျွေးမှု၊ ၃၅၂ က ကာအိနြေ္ဒပျက်ယွင်းစေမှု၊ ၃၄၁ ကတော့ လွတ်လပ်စွာ သွားလာခွင့်ကို ပိတ်ပင်တားဆီးမှုတွေပါ” ဟု ရှင်းပြသည်။

ယခုစွဲချက်တင်ထားသော အမှုများအားလုံးသည် အာမခံလျှောက်ထားနိုင်သည့် အမှုများဖြစ်သော်လည်း ကမာရွတ်မြို့နယ် တရားသူကြီးက အာမခံလျှောက်ထားမှုကို ပလပ်ခဲ့သည်။

အဆိုပါ တရားရုံးချုပ်ရှေ့နေက “ဒီအမှုတွေအားလုံးက အာမခံပေးလို့ရတဲ့ အမှုတွေပါ။ နိုင်ငံခြားသားတွေ မြန်မာနိုင်ငံကို လာတယ်ဆိုရင်လည်း မြန်မာနိုင်ငံက ဥပဒေတွေကို လေးစားလိုက်နာပါမယ်ဆိုပြီး ကတိခံဝန်ချက်ထိုးရတယ်။ အရေးယူရင်လည်း အဲဒီဥပဒေတွေအတိုင်း အရေးယူရသလို အာမခံပေးရင်လည်း မြန်မာနိုင်ငံသားတွေလိုပဲ ပေးလို့ရတယ်” ဟု ပြောသည်။

ယနေ့တရားရုံးတွင် မခိုင်ဇာဝင်းနှင့် လ၀က အရာရှိတဦးတို့ကို စစ်ဆေးခဲ့ပြီး မစ္စတာ ရော့စ် ဒန်ကလေကိုမူ စစ်ဆေးခြင်းမရှိသေးကြောင်း တွေ့ရသည်။

မခိုင်ဇာဝင်းက သူ့တွင် ကိုယ်ဝန်ရှိနေ၍ တရားရုံးသို့ ထပ်မံ မလာရောက်နိုင်သဖြင့် အမှုကို ရုပ်သိမ်းလိုသည်ဟု ပြောသော်လည်း အစိုးရရှေ့နေများက ပယ်ချခဲ့ခြင်းကြောင့် မတ်လ ၃ ရက်နေ့တွင် ရုံးချိန်း ထပ်မံပေးခြင်းဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းက ဖော်ပြသည်။

ယင်းသတင်းတွင် မစ္စတာ ရော့စ် ဒန်ကလေက တရားရုံးရှိ ယာယီ အချုပ်ခန်းမှနေ၍ အစောပိုင်းတွင် ပြောကြားချက်အရ သူ့အနေဖြင့် အဆင်ပြေပါကြောင်းနှင့် ပြည်နှင်ဒဏ်ပေးလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ဆိုသည်။

မစ္စတာ ရော့စ် ဒန်ကလေကို ရုံးထုတ်စစ်ဆေးချိန်တွင် မြန်မာတိုင်းမ်ဂျာနယ် စီမံခန့်ခွဲမှုအဖွဲ့နှင့် အယ်ဒီတာအဖွဲ့က လာရောက်နားထောင်သော်လည်း အမှုဆောင်အရာရှိချုပ်သစ်ဖြစ်သူ ဒေါက်တာ တင်ထွန်းဦး လာရောက်သည်ကို မတွေ့ရပေ။

မစ္စတာ ဒန်ကလေကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီးနောက် ၃ ရက်အကြာတွင် ပြည်မြန်မာဂျာနယ်၊ သုတစွယ်စုံမဂ္ဂဇင်း အပါအဝင် အပတ်စဉ်ထုတ် ဂျာနယ်များနှင့် လစဉ်ထုတ် မဂ္ဂဇင်းများကို ထုတ်ဝေနေသူ စွယ်စုံမီဒီယာပိုင်ရှင် ဒေါက်တာတင်ထွန်းဦးက မြန်မာတိုင်းမ်ဂျာနယ် အယ်ဒီတာချုပ်အဖြစ် ပြောင်းလဲ တာဝန်ယူလိုက်သည်။

မစ္စတာ ရော့စ် ဒန်ကလေ ဖမ်းဆီးခံရစဉ်က မြန်မာတိုင်းမ်ဂျာနယ် စီမံခန့်ခွဲမှုကော်မတီဝင် ဦးဝေလင်းက လ၀က ဥပဒေပုဒ်မ ၁၃ (၁) ဖြင့်သာ ဖမ်းဆီးခံရသည်ဟုဆိုသော်လည်း တရားရုံးထုတ်ချိန်တွင် တခြားပုဒ်မများဖြင့်ပါ စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ထုတ်ဝေသည့် မြန်မာတိုင်းမ် အင်္ဂလိပ်စာစောင်၊ Now မဂ္ဂဇင်း၊ Crime မှုခင်း သတင်းဂျာနယ်၊ ယနေ့ထုတ်ဝေသည့် မြန်မာတိုင်းမ် မြန်မာစာစောင်တို့တွင် ပြည်တွင်းထုတ် ဂျာနယ်အချို့နှင့် နိုင်ငံခြား သတင်းဌာနသတင်းများတွင် ဖော်ပြခဲ့သည့် မစ္စတာ ရော့စ် ဒန်ကလေနှင့် ပတ်သက်သည့် သတင်းတချို့အပေါ် ကန့်ကွက်ကြောင်း ဖော်ပြထားသည်။

ယင်းကန့်ကွက်ချက်တွင် “တရားရုံးရှေ့ မရောက်သေးသည့် တရားရုံးက အဆုံးအဖြတ် မပြုရသေးသော အကြောင်းအရာအပေါ် စကားဦးသန်းသည့် အသုံးအနှုန်းများ ပါဝင်နေသည့်အပြင် တိုင်တန်းသူ၏ ရဲရှေ့ထွက်ချက်များလည်း ပါဝင်နေကြောင်းတွေ့ရသည်။ တရားရုံးက အဆုံးအဖြတ် မပြုရသေးသော အမှုကိစ္စတစ်ခုနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပ သတင်းဖော်ပြချက်အချို့သည် မသင့်လျော်သော ဆောင်ရွက်မှုများသာ ဖြစ်ပါသည်။ ထို့ပြင် Myanmar Consolidated Media Co.,ltd ၏၀န်ထမ်းများအတွက် ဂုဏ်သိက္ခာ ထိခိုက်စေပါသဖြင့် မြန်မာတိုင်းမ် (အင်္ဂလိပ်)၊ NOW စာစောင်နှင့် Crime ဂျာနယ်တို့ကိုထုတ်ဝေသည့် Myanmar Consolidated Media Co.,Ltd က အများသိစေရန် ကန့်ကွက်ကြောင်း ကြေညာအပ်ပါသည်” ဟု အမှုဆောင် အရာရှိချုပ် ဒေါက်တာတင်ထွန်းဦးအမည်ဖြင့် ကန့်ကွက်ကြောင်း ဖော်ပြထားသည်။

ရော့စ်ဒန်ကလေကို စတင်ဖမ်းဆီးစတွင် စီးပွားရေးပဋိပက္ခများကြောင့် ဒေါက်တာတင်ထွန်းဦက ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ပြီး ပြည်နှင်ဒဏ်ပေးနိုင်သည်ဟု သတင်းမီဒီယာ အသိုင်းအ၀ိုင်းက ခန့်မှန်းထားသော်လည်း လက်တွေ့တွင် ရာဇ၀တ်ကြောင်းပုဒ်မများတပ်၍ တရားစွဲခဲ့ပြီး အာမခံပေးနိုင်သည့်အမှုကို အာမခံမပေးခဲ့ပေ။

SSA တောင်ပိုင်းနှင့် နအဖတပ် တိုက်ပွဲဖြစ်

သန်းထိုက်ဦး Thursday, 24 February 2011

နအဖ စစ်တပ်နှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) တပ်ဖွဲ့ဝင်များ ယခုရက်ပိုင်း အတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖ ဘက်က ၃ ဦး ကျဆုံး၍ SSA တပ်သား တချို့လည်း ဒဏ်ရာရရှိ သွားကြောင်း သိရသည်။


ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ်၊ မိုင်းထားမြို့နယ်ခွဲ ဒေသတ၀ိုက်တွင် မိုင်းထားအခြေစိုက် နအဖ ခြေမြန်တပ်ရင်း (ခမရ) ၃၂၈ တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

SSA-S တပ်သားများသည် ယင်း ဒေသတ၀ိုက် လှည့်လည်သွားလာနေစဉ် လမ်းဆောက်လုပ်ရေး စီမံကိန်းအတွက် လုံခြုံရေး ယူပေးထားသော နအဖ တပ်ဖွဲ့ဝင်များနှင့် ၁ နာရီခွဲခန့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ဧရာဝတီသို့ ပြောသည်။

တိုက်ပွဲတွင် နအဖ ဘက်မှ ၃ ဦးကျဆုံးခဲ့ပြီး SSA-S တပ်သားတချို့ အနည်းအငယ် ထိခိုက်ဒဏ်ရာရရှိကြောင်း ၎င်းက ဆို သည်။ ယင်း တိုက်ပွဲဖြစ်ပွားခဲ့သော ဒေသသည် ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင် ခရိုင် ပန်မဖ မြို့နယ်စပ်မှ ခန့်မှန်းခြေ ၁၅ ကီလို မီတာ ခန့် အကွာအဝေးတွင် ရှိကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်တနေ့တွင် နအဖတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ရာ SSA တောင်ပိုင်း တပ်ဖွဲ့ဝင်များ နှင့် ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် ရှမ်းပြည်နယ် ကျိုင်းတုံမြို့အနောက်မြောက်ဘက်ရှိ ကျေးရွာ ဒေသများတွင် အသက် ၁၈ နှစ်အထက် ရှိသူများကို “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)က ယခုရက်ပိုင်းအတွင်း တပ်ဖွဲ့ဝင် အသစ်များရရှိရန် လိုက်လံစည်းရုံး နေကြောင်း ဦးစိန်ကြည်က ပြောသည်။

“၀ တပ်ထဲမှာလည်း ရှမ်းစစ်သားတွေရှိတာကိုး၊ ရှမ်းစစ်သားတွေကနေ တဆင့် အဲဒီ ကျေးလက်ဒေသက လူငယ်တွေကို စစ်ထဲ ၀င်ဖို့ လိုက်စည်းရုံးခိုင်းတာပေါ့၊ အတင်း အဓမ္မကောက်တာတော့ မဟုတ်ပါဘူး”ဟု ၎င်းက ဆိုသည်။

UWSA တပ်ဖွဲ့ ထဲသို့ ၀င်ရောက်ပါက စစ်သင်တန်း ၆လခန့် တက်ရမည်ဖြစ်ကြောင်း၊ သင်တန်းပြီးပါက အိမ်ပြန်၍ သော်လည်း ကောင်း စစ်တိုက်ရန် အရေးကြုံလာပါက စစ်သား အရံ သဘောမျိုး အဖြစ် တာဝန်ထမ်းဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

စစ်မှုထမ်းရသူ၏ မိသားစုဝင်များကို ဘတ်ငွေ ၅ သောင်း ထောက်ပံ့ပေးပြီး UWSA တပ်ထဲသို့ အပြီးအပိုင်ဝင်သွားပါက ဘတ် ၇ သောင်းခွဲခန့် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။ နောက်ဆုံး သတင်းအရ UWSA တပ်ဖွဲ့ထဲသို့ စစ်မှုထမ်းရန် အနည်းဆုံး ၈ ဦးခန့် ရှိကြောင်း ဦးစိန်ကြည် က ပြောသည်။

ဒေသခံများကလည်း နအဖ လက်အောက်ခံ လားဟူ ပြည်သူ့စစ်တပ်နှင့် တခြားသော နယ်ခြားစောင့်ထဲသို့ ၀င်မည့် အစား UWSA တပ်ထဲ ၀င်ပါက ၎င်းတို့၏ မိသားစုဝင်များ ပို့၍ အဆင်ပြေနိုင်ကြောင်း ပြောဆိုကြသည်။

UWSAတပ်က တပ်သားအသစ် ခေါ်ယူခြင်းနှင့် ပတ်သက်၍ စစ်အစိုးရက တစုံတရာ ဖိအားပေးမှုများ ကြုံလာပါက UWSA အနေနှင့် စစ်ရေးအရ ပြန်လည်ကာကွယ်ရန် အတွက် ဖြစ်နိုင်ကြောင်း စစ်ရေး လေ့လာသူများ က ဆိုသည်။

“တပ်ထဲမှာ ကာကွယ်ဖို့ အတွက် စစ်သားတွေ လိုတာကိုး၊ စစ်အစိုးရက တောင်းဆိုထားတဲ့အတိုင်း ဒီနယ်ခြားစောင့်တပ်ဖွဲ့ဖို့ ကိစ္စကို မလိုက်လျောနိုင်ဘူး ဆိုရင် စစ်ရေးအရ စပြီးတိုက်လာမယ်ဆိုရင်တော့ သူတို့ကိုယ် သူတို့ ကာကွယ်ဖို့ အင်အားတွေလို တယ်”ဟု အမည်မဖော်လိုသူ ရှမ်းပြည် တပ်မတော်မှ အရာရှိတဦးက ပြောသည်။

သို့သော် UWSAတပ်ဖွဲ့ဝင်များက စစ်သားအသစ် ခေါ်ယူနေသည့် အကြောင်းအရင်းနှင့် ပတ်သက်ပြီး ရှင်းရှင်း လင်းလင်း မသိရှိရသေးပေ။

ပြီးခဲ့သည့် နှစ်၌ UWSA က နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရန် ငြင်းဆန်ခဲ့ပြီး နောက်ပိုင်း နယ်စပ် ဒေသတလျှောက်တွင် စစ်အစိုးရက စစ်အင်းအား တိုးချဲ့နေသကဲ့သို့ UWSA ကလည်း စစ်သားအသစ် ခေါ်ယူနေခြင်း ဖြစ်သည်။

UWSA တပ်ဖွဲ့ အပါအ၀င် မိုင်းလား တပ်ဖွဲ့(NDAA) တို့သည်လည်း စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ငြင်းဆန်ထားသည်။ စစ်အစိုးရက အပစ်ရပ်တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးအတွက် ၂၀၀၉ ခုနှစ်ဧပြီလ ကတည်းက စတင်အကောင်အထည် ဖော်ခဲ့သည်။

UWSA ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင် အဖွဲ့ ၁ဝ ဖွဲ့ထက် မနည်း ငြိမ်းချမ်းရေး ယူခဲ့ကြသည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ကိုလိုနီခေတ် အဆောက်အအုံများဖြင့် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်မည်

နရီလင်းလက် Thursday, 24 February 2011

ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ၀င်ငွေ တိုးစေရန် ရည်ရွယ်၍ ရန်ကုန်မြို့ရှိ ကိုလိုနီခေတ် ရုံးအဆောက်အအုံ ၅ လုံးကို ယခုနှစ်ဆန်းပိုင်းမှစတင်၍ ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက် နေသည်။

ပြုပြင်မွမ်းမံမည့် အဆောက် အအုံများမှာ ၀န်ကြီးများရုံး၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းရုံး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနရုံး၊ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနရုံးနှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနရုံး တို့ဖြစ်သည်။

အဆိုပါ အဆောက် အအုံများအား ရှေးဟောင်း အထိမ်းအမှတ် အဆောက် အအုံများအဖြစ် ပြသကာ ကမ္ဘာလှည့် ခရီးသွားများထံမှ ၀င်ငွေရရှိလာရန် ရည်ရွယ်ထားပြီး ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကို ပိုမို မြှင့်တင်သည့် နည်းလမ်းတခု ဖြစ်သည်ဟု မြန်မာ့ဟိုတယ်နှင့် ခရီးသွားရေး ၀န်ကြီးဌာနနှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။

“ရှေးမူ မပျက်အောင်ဆိုတဲ့ ရည်ရွယ်ချက်အတိုင်း အပြင်ပန်း ကြည့်ရင်တော့ လုံးဝ မပျက်ဘူး။ အတွင်းမှာကတော့ အဆောက်အအုံ ပြိုမကျအောင် သံမဏိ ထောက်တိုင်ကြီးတွေ ထောက်တာမျိုးနဲ့ ဥပမာ - နံရံတွေမှာ အက်ကြောင်း တွေဖြစ်နေတာ၊ ပြိုပျက်နေတာတွေကို အခုခေတ်သုံး ပစ္စည်းတွေနဲ့ ပြန်ပြင်ရမှာပေါ့။ အတွင်းပိုင်းကတော့ ရှေးလက်ရာ နည်းနည်း ပျက်မယ်။ တတ်နိုင်သလောက် မပြင်မနေရ နေရာကလွဲလို့ ရှေးခေတ် တည်ဆောက်ထားတဲ့ လက်ရာ ကွယ်ပျောက် မသွားအောင် တိုင်ပင်လုပ်တာပေါ့” ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

ယင်းကဲ့သို့ ပြန်လည် တည်ဆောက်ရာတွင် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ဗိသုကာအသင်း၊ ရှေးဟောင်း သုတေသနနှင့် အထပ်မြင့် အဆောက်အအုံ အရည်အသွေးကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းကာ ကော်မတီတရပ် ဖွဲ့စည်း၍ ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း နာယက ဦးသန်းမြင့်က ဆိုသည်။

“လက်ရှိ ပထမ အဆင့်အနေနဲ့ လေ့လာစစ်ဆေးမှုတွေ အရင်ဆုံး လုပ်နေတယ်။ ဘယ်လောက် ပျက်စီးနေတာလဲ လေ့လာပြီးရင်တော့ ဘယ်လိုတွေ ပြုပြင်မလဲဆိုတာ ကော်မတီထဲမှာပါတဲ့ အဖွဲ့တွေနဲ့ တိုင်ပင်ပြီး ရှေးမူမပျက်အောင် ဘယ်လိုတွေ ပြုပြင်မယ်၊ အဲဒီလိုတွေ တိုင်ပင်ရမှာပေါ့” ဟု ဦးသန်းမြင့်က ဧရာဝတီသို့ ပြောသည်။

အဆိုပါ အအောက်အအုံများကို နှစ်ပေါင်း ၁၀၀ ကျော်သည့် သမိုင်းဝင် အဆောက်အအုံများအဖြစ် သတ်မှတ်ထားသည်ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန၏ မှတ်တမ်းအရ သိရသည်။

ယခင်သတ်မှတ်ပြဌာန်းထားသော ဥပဒေအရ ရှေးဟောင်းအဆောက်အအုံများ ပြန်လည်ပြုပြင် မွမ်းမံရာတွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနကသာ တာဝန်ယူ ပြုလုပ်ခဲ့သော်လည်း ယခု အဆောက်အအုံ ၅ ခုကိုမူ ဆောက်လုပ်ရေး ကုမ္ပဏီ ၅ ခုက ပြုပြင်ခွင့်ရရှိသည်ဟု သိရသည်။

“နိုင်ငံသားတွေပဲ ပြန်ဝယ်ထားတာများတော့ သူတို့နဲ့ ပြန်ညှိတာပေါ့။ ဒီအဆောက်အအုံတွေကို ဖြိုမချဘဲ ဆက်ထား၊ သက်ဆိုင်ရာက ကုန်ကျစရိတ်တွေ ကျခံပြီး ပြန်ပြုပြင်ပေးမယ်။ ဒီကနေ အကျိုးအမြတ်တွေ ရလာရင် အကျိုးတူစနစ် သဘောမျိုး သွားကြမယ်ဆိုပြီး စလုပ်ဖြစ်သွားတာ။ အာဏာပိုင်တွေ ဘက်ကလည်း ရှေးဟောင်းအအောက်အအုံတွေ မပျက်စီးဘူး၊ ၀င်ငွေလည်းရလာနိုင်တယ်၊ ၀ယ်ထားတဲ့ ပိုင်ရှင်ဘက်လည်း အကျိုးရှိမယ်ပေါ့” ဟု နေပြည်တော် ရှေးဟောင်း သုတေသနဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

ပြုပြင်မွမ်းမံပြီး ရှေးဟောင်းအဆောက်အအုံများအား ပြတိုက်အဖြစ် နိုင်ငံခြားသားများကို ၀င်ရောက်လေ့လာနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ လည်ပတ်နိုင်သည့် အစီအစဉ်များတွင်လည်း အဆိုပါ အဆောက်အအုံများနှင့် ပတ်သက်၍ ကြော်ငြာများကို ခရီးသွားလုပ်ငန်းများမှတဆင့် ပြုလုပ်သွားရန် အစီအစဉ်ရှိသည်ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ ရုံးအဆောက်အအုံ ၅ လုံးထဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနရုံးကို မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်မှ အပြီးအပြတ်ဝယ်ယူထားခဲ့ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ရုံး၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနရုံးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှူးရုံးတို့ကို BOT (တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်း) စနစ်ဖြင့် ငှာရမ်းသုံးစွဲခွင့် ပြုထားကြောင်း သိရသည်။

၁၉၉၈ ခုနှစ်က ပြဋ္ဌာန်းခဲ့သော ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးဥပဒေအရ ၁၈၈၆ ခုနှစ် မတိုင်မီအချိန်ကတည်းက ရှိခဲ့သော ဗိသုကာလက်ရောက်မြောက် အဆောက်အဦ၊ စေတီပုထိုး၊ နန်းတော်၊ လူနေ အဆောက်အအုံများကို သမိုင်းအရဖြစ်စေ၊ အနုပညာလက်ရာမြောက်ဖြစ်စေ၊ ရှေးဟောင်းသုတေသန လေ့လာရေးအရဖြစ်စေ တန်ဖိုးကြီးမားသောကြောင့် ကာကွယ် ထိန်းသိမ်းရန် လိုအပ်သည်ဟု ဖော်ပြထားသည်။

ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ဝန်ထမ်းတဦးက “ဗိုလ်ချုပ်လမ်းပေါ်က မြန်မာ့မီးရထားဝင်းကြီးလိုမျိုး ပုံစံသွားမှာပေါ့။ အဲဒါကို ထိုင်းကုမ္ပဏီတခုက ၀ယ်တယ်။ ကြိုက်တဲ့ စီးပွားရေးလုပ်လို့ ရတယ်။ ဒါပေမယ့် သတ်မှတ်ထားတဲ့ ဥပဒေအရ ပြုပြင်ခွင့်မရှိဘူး ဆိုတော့ အခုချိန်အထိ အဆောက်အအုံက ဒီအတိုင်းပဲ ဖြစ်နေတယ်။ အခု အဆောက်အအုံတွေလည်း ဒီလို ပုံစံမျိုးပဲ သွားမှာပဲ ပုဂ္ဂလိက လွှဲပေးလိုက်ပြီး ဟိုတယ်ပဲ လုပ်လုပ်၊ ရုံးပဲဖွင့်ဖွင့် အဆောက်အအုံကိုတော့ ပြင်ခွင့်မရှိဘူး။ ပြင်မယ်ဆိုရင်လည်း စည်ပင်ဌာနကိုတင် မကဘဲ ယဉ်ကျေးမှုဝန်ကြီးဌာနကိုပါ စာတင်ရမယ်။ ခွင့်ပြုချက်တောင်းလို့ ရရင်တောင် အတွင်းပိုင်းပဲ ပြင်ခွင့်ရှိတယ်” ဟု ရှင်းပြသည်။

၂၀၀၆ ခုနှစ်က ရန်ကုန်တက္ကသိုလ်တွင် ပြုလုပ်ခဲ့သော သမိုင်းဆိုင်ရာ စာတမ်းဖတ်ပွဲတွင် ဂျာမနီနှင့် မလေးရှားနိုင်ငံတို့မှ ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး ယခု ပြုပြင်ရာတွင် ပါဝင်မည့် ၀န်ကြီးများရုံးအဆောက်အအုံကို မလေးရှားနိုင်ငံရှိ ကုမ္ပဏီတခုမှ ပြုပြင်ခွင့်နှင့် ပြတိုက်လုပ်ခွင့် တောင်းဆိုခဲ့ဖူးသည်ဟု အဆိုပါ ဝန်ထမ်းက ပြောသည်။

၎င်းက ဆက်လက်၍ “အဲဒီတုန်းက ပြုပြင်ခွင့်ပါတောင်းတော့ ဥပဒေကလည်း ရှိနေတာနဲ့ မပေးဖြစ်ခဲ့ဘူး။ ခန့်မှန်းကြည့်သလောက် အဲဒါကို အခု အကောင်အထည်ဖော်ဖို့ လက်ခံလိုက်တယ်ထင်တယ်။ ပြုပြင်မှုအပိုင်းကိုတော့ အာဏာပိုင်တွေ လုပ်မယ်။ ကျန်တဲ့ ကိစ္စကတော့ အကျိုးတူ သဘောမျိုးပေါ့။ မလေးကုမ္ပဏီက အဲဒီတုန်းက လုပ်ကြံခံရတဲ့ ၀န်ကြီးတွေထိုင်သွားတဲ့အတိုင်း ဘယ်အခန်းမှာ ဘာလုပ်တယ်ဆိုတာ ပြတိုက်ပုံစံ ပြန်လုပ်ချင်တယ်လို့ တောင်းဆိုခဲ့တာ” ဟု ဆိုသည်။

စကားကျွံ၍ မြို့တော်ဝန် အခက်တွေ့

ဧရာဝတီ Thursday, 24 February 2011

တောင်ဥက္ကလာက ဗလီကြီး ကို ရွေးကောက်ပွဲအပြီး ၂ ပတ်အတွင်း ပြန်လည် ဆောက်လုပ်ခွင့် ပေးမည်ဟု ဦးအောင်သိန်းလင်း ကတိစကား လွန်ခဲ့သောကြောင့် အစ္စလမ် ဘာသာဝင်များနှင့် အာဏာပိုင်များ အကြား တိုင်ကြားမှုနှင့် အငြင်းပွားမှုများ ဖြစ်နေရာ နေပြည်တော်တွင် လွှတ်တော်တက်ရောက်နေ ရသော ဦးအောင်သိန်းလင်း အခက်တွေ့နေကြောင်း သိရှိရသည်။

“လွှတ်တော်တက်နေတဲ့ ဦးအောင်သိန်းလင်းရဲ့ မျက်နှာသိပ် မကောင်းဘူး။ လူကြီးပိုင်းက သူလုပ်ခဲ့တာတွေကို အမြင်မကြည်ဘူး ဆိုတာတော့ တခြား ကြံ့ခိုင်ရေး လွှတ်တော် အမတ်တွေဆီက သိရတယ်” ဟု တိုင်းရင်းသား နိုင်ငံရေးပါတီတခုမှ ပြည်သူ့ လွှတ်တော် အမတ်တဦးကပြောသည်။

တောင်ဥက္ကလာပမြို့နယ် ၇ ရပ်ကွက် သီရိဇေယျာလမ်းတွင် ဗုဒ္ဓဘာသာဝင် အများစု၏ ကန့်ကွက်မှုကြောင့် ဆောက်လုပ်ခွင့် ပိတ်ပင်ခံထားရသော တောင်ဥက္ကလာပ ဗလီကြီးကို မြို့တော်ဝန် ဦးအောင်သိန်းလင်းက ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပြန်လည် ဆောက်လုပ်ခွင့် ပေးခဲ့သည်။

ထိုသို့ ဆောက်လုပ်ခွင့် ပေးသည့်အတွက် အစ္စလမ် ဘာသာဝင်များက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကို ကြိုတင် ထောက်ခံ ဆန္ဒမဲများ ပေးရန်နှင့် ရွေးကောက်ပွဲ နေ့တွင်လည်း ခြင်္သေ့တံဆိပ်ကိုသာ မဲပေးကြရန် မြို့တော်ဝန်နှင့် အစ္စလမ် ဘာသာဝင်တို့ လျှို့ဝှက် ညှိနှိုင်း သဘောတူညီ ခဲ့ကြသည်ဟု တောင်ဥက္ကလာ အစ္စလမ် ဘာသာဝင်များက ပြောသည်။

သို့ရာတွင် တောင်ဥက္ကလာပ မြို့နယ်အတွင်းရှိ ဗုဒ္ဓဘာသာ ရပ်ကွက်ဆွမ်းလောင်းအသင်းများက ဗလီဆောက်လုပ်ခွင့် ပြန်ပေးမှုကို ၀ိုင်းဝန်းကန့်ကွက် ကြသည့်အပြင် အစ္စလမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ အကြား ဘာသာရေး အဓိကရုဏ်း ဖြစ်ပေါ်လာနိုင်သည်အထိ အခြေအနေ တင်းမာလာသည့် အတွက် ၀န်ကြီးချုပ် ဦးသိန်းစိန်၏ ညွှန်ကြားချက်အရ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၆ ရက် နေ့က ဗလီဆောက်လုပ်ခွင့် ရပ်ဆိုင်းရန် အမိန့် ထုတ်ပြန် ခဲ့ရသည်။

ဗလီဆောက်လုပ်ရေး ရပ်ဆိုင်းရန် ထုတ်ပြန်ခဲ့သော်လည်း ဦးအောင်သိန်းလင်းက ရွေးကောက်ပွဲ အပြီး ၂ ပတ်အတွင်း ဆောက်လုပ်ခွင့် ပြန်ချပေးမည်ဟု အာမခံ ပြောဆိုကာ တောင်ဥက္ကလာ ဒေသခံ အစ္စလမ် ဘာသာဝင် မိသားစုများ၏ ဆန္ဒမဲ ထောင်ပေါင်းများစွာကို ရယူခဲ့ကြောင်း သိရသည်။

“ဦးအောင်သိန်းလင်းက ရွေးကောက်ပွဲပြီးလည်း သူက မြို့တော်ဝန်အဖြစ် ဆက်တာဝန်ယူမှာ၊ ဒါကြောင့် သူ့ကိုပဲ မဲထည့် ဖြစ်အောင် ထည့်ကြပါဆိုလို့ ဒေသခံ အစ္စလမ် ဘာသာဝင် တော်တော်များက သူ့ကို ကြိုတင် ထောက်ခံမဲပေးကြတယ်။ မဲရုံ သွားပြီးတော့လည်း သူ့ကိုပဲ ထောက်ခံမဲ ထည့်ကြတယ်။ ဒါပေမယ့် ရွေးကောက်ပွဲအပြီး ၂ ပတ်အတွင်း ဗလီဆောက်ခွင့်ပေး
မယ်ဆိုတာတော့ အခုထိ ဘာမှဖြစ်မလာဘူး” ဟု တောင်ဥက္ကလာ ဗလီ ဖြစ်မြောက်ရေး ကော်မတီ တာဝန်ရှိသူ တဦးက ပြောသည်။

ဦးအောင်သိန်းလင်း ပေးခဲ့သည့်ကတိအတိုင်း ဗလီဆောက်လုပ်ခွင့် ပေးရန် သက်ဆိုင်ရာ ဗလီဖြစ်မြောက်ရေး ကော်မတီက တောင်းဆိုသော်လည်း ဆောက်လုပ်ခွင့်မရဘဲ အငြင်းပွားမှုများနှင့် တိုင်ကြားမှုများ ဖြစ်ပေါ်လျက်ရှိသည်။

“အစိုးရ အပြောင်းအလဲက နောက်လဆိုရင် ဖြစ်ပြီ။ မြို့တော်ဝန် ဦးအောင်သိန်းလင်း နေရာကို တခြားလူ တယောက် လာမယ်လို့ သိထားတယ်။ ကျနော်တို့က သူ့ ကတိအတိုင်း လုပ်ပေးဖို့ ပြောတယ်။ စည်ပင်နဲ့ ညှိနှိုင်းတယ်။

တချို့အစ္စလမ် လူကြီးတွေကလည်း နီးစပ်ရာ အာဏာပိုင် အကြီးအကဲတွေဆီ အကြောင်းကြားတာ၊ တိုင်တာတွေ လုပ်ထားတယ်” ဟု တောင်ဥက္ကလာ ၇ ရပ်ကွက်နေ အစ္စလမ် ဘာသာဝင်တဦးက ဆိုသည်။

တောင်ဥက္ကလာမြို့နယ် ၇ ရပ်ကွက်နေ ဗုဒ္ဓဘာသာဝင်များကမူ သက်ဆိုင်ရာ အာဏာပိုင်များက ဗလီဆောက်လုပ်ခွင့် ပြန်လည် ချပေးလျှင် ဘာသာရေး အဓိကရုဏ်း ပေါ်ပေါက်လာလိမ့်မည်ဟု ဆိုကြသည်။

“အာဏာပိုင် တွေကလည်း ဗလီဆောက်လုပ်ခွင့် ပေးမယ့်ပုံမရှိဘူး။ တကယ်လို့သာ ချပေးခဲ့ရင်တော့ ပြဿနာက တက်နိုင်တယ်။ ဒီကိစ္စက ဘာသာရေးဆိုတော့ အမှားအမှန် ခွဲခြားဖို့ အင်မတန်ခက်တဲ့ကိစ္စပဲ။ အားလုံး ညှိနှိုင်းမှု မရှိဘဲ လုပ်ရင်တော့ ပြဿနာက တက်ကို တက်မှာ” ဟု ၇ ရပ်ကွက်နေ ပြည်သူတဦးက ပြောသည်။

စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေ အခန်း ၁၃၊ ပုဒ်မ ၅၈ (ဂ) တွင် လူမျိုးရေးကိုဖြစ်စေ၊ ဘာသာရေးကို ဖြစ်စေ အကြောင်းပြ၍ ဆန္ဒမဲ ပေးရန်သော် လည်းကောင်း၊ ဆန္ဒမဲ မပေးရန်သော် လည်းကောင်း ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက် ထုတ်ပြန်ခြင်း (သို့မဟုတ်) ယင်းသို့ပြုလုပ်ရန် အားပေးလှုံ့ဆော်ခြင်း ပြုလုပ်လျှင် မည်သူမဆို ထိုသူအား တနှစ်ထက် မပိုသော ထောင်ဒဏ် ကိုဖြစ်စေ၊ ကျပ် ၁ သိန်းထက်မပိုသော ငွေဒဏ်ကိုဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးကိုဖြစ်စေ ချမှတ်နိုင်ကြောင်း ဖော်ပြထားသော်လည်း ဦးအောင်သိန်းလင်းကို တစုံတရာ အရေးယူခဲ့ခြင်းမရှိပေ။

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အခန်း ၂၊ ပုဒ်မ ၆ (င) တွင် ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားခြင်း မပြုရန် တားမြစ်ထားပြီး ပြုလုပ်လျှင် အဆိုပါဥပဒေ၏ အခန်း ၃၊ ပုဒ်မ ၁၂ (က၊ ၄) အရ နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်း ခံရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

အာဏာရှင်ဖြုတ်ချရေး လူထုလှုပ်ရှားမှုစရန် လှုံ့ဆော်စာဖြန့်

ဇာနည်မာန် Thursday, 24 February 2011

အီဂျစ်နှင့် အာရပ်နိုင်ငံများကဲ့သို့ လူထုလှုပ်ရှားမှု စတင်ရန် လှုံ့ဆော်သည့် စာများကို ယမန်နေ့ညက ရန်ကုန် တာမွေ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ စသည့်မြို့နယ်များရှိ လူစည်ကားရာ အရပ်များတွင် လူငယ်များက ဖြန့်ကြဲသွားကြောင်း သတင်းရရှိသည်။

အီဂျစ်နှင့် တူနီးရှားနိုင်ငံများ၌ အာဏာရှင်ဖြုတ်ချရေးတွင် လူထုအုံကြွမှုဖြင့် အောင်ပွဲများရခဲ့ပြီး အာရပ်နိုင်ငံများတွင်လည်း အာဏာရှင် တော်လှန်ရေးအတွက် လူထုအုံကြွမှုများ စတင်နေပြီဖြစ်ရာ မြန်မာစစ်အစိုးရ ပြုတ်ကျရေးအတွက်လည်း မြန်မာပြည်သူတို့က လူထုအုံကြွမှုဖြင့် စတင်ကြရန် နှိုးဆော်ကြောင်း အဆိုပါ ဖြန့်ဝေစာတွင် ရေးသားထားသည်။

စာလက်ခံ ရရှိသူများက စာပါအကြောင်းအရာ များကို စိတ်ဝင်တစား ရှိကြသော်လည်း လူထုလှုပ်ရှားမှု ဖြစ်ပေါ်လာရန်မှာမူ အချိန်ကာလတခု ကြာမြင့်ဦးမည်ဟု စာများဖြန့်ဝေခဲ့သည့် တက်ကြွလှုပ်ရှားသူ ကိုဖိုးတေက ဆိုသည်။

“ချက်ခြင်းကြီးတော့ မျှော်လင့်လို့ မရသေးဘူး။ အခု လွှတ်တော်ကလည်း လုပ်နေတော့ အားလုံးရဲ့အာရုံက အဲဒီဘက်ကို ရောက်နေတယ်။ တနေ့ကျရင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့၊ ဒေါ်အောင်ဆန်းစုကြည်တို့ကို ထိပါးလာလိမ့်မယ်။ အဲဒီ အချိန်မျိုး ရောက်လာရင် နိုင်ငံရေး ဒီဂရီ ချက်ခြင်းမြင့်လာလိမ့်မယ်။ အဲ့ဒီအတွက် ကြိမ်မီးအုံး ဖြစ်နေတဲ့ လူထုကို ကြိုတင် ပြင်ဆင်ထားဖို့ လှုံ့ဆော်တာပါ” ဟု သူက ဧရာဝတီသို့ပြောသည်။

အာဏာရှင် သမ္မတ မူဘာရက်ကို ဖြုတ်ချနိုင်ခဲ့သည့် အီဂျစ်လူထုအုံကြွမှုနှင့် အာရပ်နိုင်ငံများမှ လူထု လှုပ်ရှားမှုများအကြောင်း ပြည်တွင်း သတင်းဂျာနယ်များတွင် အသေးစိတ် ဖတ်ရှုခွင့် မရသော်လည်း မြန်မာလူငယ်ထု အနေဖြင့် စိတ်ဝင်တစား ရှိကြကြောင်း ရန်ကုန်မြို့နေ လူငယ်တဦးကဆိုသည်။

“ကျနော့် သူငယ်ချင်းတွေဆို အီဂျစ်က အကြောင်း စိတ်ဝင်စားကြတယ်။ အင်တာနက်ကနေ ရှာဖတ်ကြ၊ မေးကြတယ်။ အဲဒီလို လူထု လှုပ်ရှားမှုတွေ ဖြစ်လာမယ်ဆိုရင်တော့ ကျနော်တို့က ၀င်ပါပြီး စစ်အစိုးရ ပြုတ်ကျအောင် လုပ်မှာပဲ။ ကျနော်တို့ကို ဦးဆောင်မယ့်သူ ကောင်းကောင်းတော့ လိုတာပေါ့” ဟု သူက ပြောသည်။

မြ၀တီ မြို့နယ်ခွဲ အသစ် DKBA တိုက်မည်ဟု သတိပေး

ဧရာဝတီ Thursday, 24 February 2011

ကရင်ပြည်နယ် မြ၀တီခရိုင် အတွင်း မကြာမီ ဖွင့်လှစ်မည့် ချူးကလိ မြို့နယ်ခွဲကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က တိုက်ခိုက်မည့် စစ်ဆင်ရေး ရှိသည့်အတွက် တာဝန်ကျ ဌာနဆိုင်ရာဝန်ထမ်းများ ကြိုတင် ရှောင်တိမ်းနိုင်ရန် သတိပေးထားသည်။

DKBA တပ်မဟာ ၅ ၏ စစ်ဆင်ရေးမှူး တဦးဖြစ်သည့် ဗိုလ်မှူးဆန်းအောင်က “မကြာခင် နအဖ က မြ၀တီမြို့နယ်ခွဲ ဆိုပြီး ချူးကလိမှာ ဖွင့်ပွဲလုပ်ဖို့ရှိတယ်၊ အဲဒီမြို့သစ် ဖွင့်ဖို့အတွက် အင်္ဂါနေ့က မြ၀တီမြို့ထဲ စစ်ကားကြီးအစီး ၄၀ ကျော်ဝင်လာ တယ်၊ မြို့သစ်မှာ တာဝန်ကျတဲ့ ဆေးရုံ ၀န်ထမ်းတွေ၊ ပညာရေးဌာနက လူတွေ၊ အခြားဌာနက လူတွေကို ကျနော်တို့ ကြိုပြီး သတိပေးတာ ဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

မြ၀တီမြို့နယ်ခွဲ ချူးကလိမြို့သစ်သည် မြ၀တီတောင်ဘက် မိုင် ၃၀ ကျော်အကွာ မြ၀တီနှင့် ကြာအင်းဆိပ်ကြီး မြို့နယ် အစပ်တွင် တည်ရှိပြီး လက်ရှိလုံခြုံရေး တာဝန်ကို ရဲ ၀န်ထမ်း ၁၀၀ ကျော်က တာဝန်ယူထားသည်ဟု သိရသည်။


“ကျနော်တို့ရဲ့ အဓိက ပစ်မှတ်က နအဖပဲ ဖြစ်တယ်၊ ဒါပေမယ့် စစ်ဆင်ရေး လုပ်တဲ့အချိန်မှာ အရပ်သား တချို့ကို ထိခိုက် ခဲ့တာတွေရှိတဲ့ အတွက် ကြိုတင်အသိပေးရတာ ဖြစ်တယ်”ဟု ဗိုလ်မှူးဆန်းအောင်က ဖြည့်စွက် ပြောကြားသည်။

DKBA ၏ အဆိုအရ ၎င်းမြို့သစ်တွင် ထိုင်းနိုင်ငံဘက်၌ ရောက်ရှိနေသည့် မြန်မာဒုက္ခသည်များအား မြန်မာဘက်ကပြန် လည်လက်ခံမည့် အစီအစဉ်ကို နှစ်ဘက် အာဏာပိုင်များ သဘောတူညီမှု ရရှိထားသည်ဟုလည်း သိရသည်။

မြန်မာအစိုးရအား ဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့အစည်းများကို ထိုင်းနိုင်ငံက အားပေးမည်မဟုတ်ကြောင်းနှင့် ထိုင်း နယ်မြေကိုလည်း ခြေကုတ်ယူခွင့်မပြုဟု ထိုင်းအာဏာပိုင်များက မကြာသေးမီက ထုတ်ဖော်ပြောဆိုမှုများနှင့် ပတ်သက် ၍လည်း DKBA က လက်မခံနိုင်ကြောင်း ပြောဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ DKBA ၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည့် ဗိုလ်မှူးဆန်းအောင်က“ကျနော်တို့တော်လှန်ရေး လုပ်တာက ကိုယ့်အားကိုယ်ကိုးပဲ၊ ထိုင်းကိုမှီခိုပြီး လုပ်နေတာမဟုတ်ဘူး၊ ထိုင်းဆီကလည်း ဘာမှအလကားမရဘူး၊ နအဖ ကို တော်လှန်နေတဲ့အဖွဲ့တွေကို တင်းကျပ်မှုတွေလုပ်နေတာက သူ့အကျိုးစီးပွားနဲ့ မြ၀တီတံတားပြန်ဖွင့်ဖို့ အတွက် နအဖ ကို မျက်နှာလုပ်တာဖြစ်တယ်”ဟု ပြောသည်။

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား ပိတ်သည့်ပြဿနာသည် နှစ်နိုင်ငံနယ်ခြား သောင်ရင်းမြစ် အတွင်း ထိုင်းဘက်မှ ကမ်းထိန်းနံရံတည်ဆောက်ရာ မြန်မာဘက်ကမကျေနပ်၍ ချစ်ကြည်ရေးတံတားကိုပိတ်လိုက်ခြင်း ဖြစ်ပြီး DKBA အပါအ၀င် မည်သည့်တော်လှန်ရေး အဖွဲ့အစည်းများနှင့် တစုံတရာပတ်သက်မှုမရှိကြောင်းလည်း ဗိုလ်မှူးဆန်းအောင် က ပြောဆိုသည်။

ဖေဖော်ဝါရီ လလယ်ပိုင်းကလည်း ကရင်ပြည်နယ် မြ၀တီ-ကော့ကရိတ် ကားလမ်းကို ဖြတ်တောက်မည့် စစ်ဆင်ရေး ရှိသည့်အတွက် ယနေ့မှစ၍ အရပ်သားများ ခရီးသွားလာခြင်းမပြုလုပ်ရန် DKBA က သတိပေးခဲ့ပြီး ဖေဖော်ဝါရီ ၁၇ ရက်တွင် မြ၀တီ-ကော့ကရိတ် ဒေါနတောင်ကျော် ကားလမ်းပေါ်ရှိ ကျောက်တလုံးစခန်းကို တိုက်ခိုက်မှုကြောင့် မြ၀တီ မှ ကော့ကရိတ်သို့ ထွက်ခွာသည့် ယာဉ်တန်းများ၏ ထက်ဝက်ခန့်မှာ မြ၀တီသို့ နောက်ကြောင်းပြန်လှည့်ခဲ့ရသည်။

ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး) ဦးဆောင်သည့် အဆိုပါ DKBA တပ်မဟာ ၅ တပ်ဖွဲ့သည် နယ်ခြားစောင့် တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ရွေးကောက်ပွဲ ကျင်းပနေသည့် ၂၀၁၀ နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့များမှစတင်၍ ကရင်ပြည်နယ် အတွင်းရှိ နအဖ တပ်များကို တိုက်ပွဲများ ဆင်နွှဲနေခဲ့သည်။

မွန်အမျိုးသားနေ့အလံ ရိုက်ချိုးသူ သေဆုံးမှုကြောင့် ကျင်းပရေး ကော်မတီဝင် ၅ ဦး အဖမ်းခံရ

ကျလွန်းထော

မွန်အမျိုးသားနေ့အလံ ရိုက်ချိုးသူ သေဆုံးမှုကြောင့် မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း ကိုးမိုင်ကျေးရွာသား မွန်အမျိုးသားနေ့ ကျင်းပရေး ကော်မတီဝင် ၅ ဦးကို အာဏာပိုင်တို့က ဖမ်းဆီးထားကြောင်း သိရသည်။

သေဆုံးသူမှာ အသက် ၃၀ ခန့် ရှိပြီး ကိုးမိုင်ရွာသား မဟုတ်ကြောင်း၊ မွန်အမျိုးသားနေ့ မတိုင်မီ တရက်အလို ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့တွင် စိုက်ထူထားသည့်အလံ ၃ ခုကို ရိုက်ချိုးဖျက်ဆီးရာမှ အခမ်းအနား စောင့်ရှောက်သူနှင့် ရွာသားများက ဝိုင်းရိုက်ခဲ့ကြောင်း ရွာခံအမျိုးသမီးတဦးက ပြောသည်။

“သူ (အရိုက်ခံရသူ) က သူဟာ ဒီကေဘီအေအဖွဲ့ကလို့ ပြောတယ်၊ ဒီကေဘီအေက လာကြည့်တော့ သူတို့လူ မဟုတ်ဘူးဆိုပြီး ထပ်ရိုက်တယ်” ဟု သူမက ပြောသည်။

မွန်အမျိုးသားနေ့နှင့် နီးကပ်နေသည့်အတွက် အလံရိုက်ချိုးသူကို ထိန်းသိမ်းထားခဲ့ကြောင်း၊ အခမ်းအနား ပြီးဆုံးသည့် နောက်တနေ့ ဖေဖေါ်ဝါရီလ ၂၀ တွင် ရေးမြို့ မြို့မရဲစခန်းသို့ အပ်လိုက်ကြောင်း မွန်အမျိုးသားနေ့ ကျင်းပရေး ကော်မတီ ဒု-ဥက္ကဌ ဗဟိုမှ ဒေါက်တာမင်းစိုးလင်းက ပြောသည်။

ရေး မြို့မရဲစခန်းမှ အရိုက်ခံရသူကို ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့တွင် မော်လမြိုင်ဆေးရုံသို့ တင်ပို့စဉ် သံဖြူဇရပ်မြို့အနီး လမ်းတွင် သေဆုံးသွားကြောင်း၊ ဆေးမှတ်တမ်းတွင် ဆီးအိမ်ပေါက်ကွဲ၍ သေဆုံးခြင်းဟု ပါရှိကြောင်း ဒေါက်တာမင်းစိုးလင်းက ပြောသည်။

သို့သော်လည်း ဒေါက်တာမင်းစိုးလင်းက “ကျနော် ဆရာဝန်တယောက်အနေနဲ့ ပြောရမယ်ဆိုရင် ဆီးအိမ်ပေါက် ဘေလုံးကွဲပြီး သွေးထွက်ရင် တနာရီ၊ နှစ်နာရီအတွင်းမှာ သေနိုင်တယ်၊ အခုဟာက တရက်နဲ့ တနပ်လောက်ကြာမှ သေတယ်ဆိုတော့ ရွာကရိုက်လိုက်တဲ့ လက်ချက်မဖြစ်နိုင်ဘူး” ဟု ပြောသည်။

လူသေမှုနှင့် ပတ်သက်ပြီး ဖြစ်မြောက်ရေး ကော်မတီဝင် ၅ ဦးကို ရေးမြို့ ရဲစခန်းမှ ပုဒ်မ ၃၀၂ နှင့် ဆွဲချက်တင်ထားကြောင်း သိရသည်။

တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ် ကျင်းပလာခဲ့ပြီး ယခုနှစ် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့သည် ၆၄ ကြိမ်မြောက် ဖြစ်သည်။

ဘီးလင်းမြို့နယ်အတွင်းစစ်အစိုးရတပ်နှင့် ကေအန်ယူတို့ပစ်ခတ်မှုဖြစ်ပွား

မိအိန်ပိုင်၊ ကောင်းဝါသတင်းဌာန

မြန်မာစစ်အစိုးရနှင့် လက်နက်ကိုင်တိုက်ခိုက်နေသည့် ကေအာန်ယူခေါ်ကရင်အမျိုးသားအစည်းအရုံး တပ်ဖွဲ့တို့သည် မွန်ပြည်နယ် ဘီးလင်းမြို့ နယ်အတွင်းရှိ အစိုးရပိုင် အဆောက်အဦများကို ယခုရက်ပိုင်းအတွင်း ရှောင်တခင် ၀င်ရောက်ဖျက်စီးခဲ့သည်ဟု ဒေသခံ တစ်ဦးမှပြောပါသည်။


“ဘီးလင်းမြို့မှာကေအာန်ယူတို့က ၀င်ပစ်သွားတယ်။ ဘီးလင်းမြို့ကအကောက်အခွန်ရုံးတို့။ တရားရုံးတို့ အနားမှာ သူတို့ဝင်ပစ်ပြီးတော့ အဲဒီရုံးတွေပါ သူတို့ကမီးရှို့လိုက်တယ်ဗျ။ ဘယ်လောက် ထိခိုက်မှုရှိတာကိုတော့ အတွင်းရေးကို ကျွန်တော်တို့လေ့လာလို့အခွင့်မရှိဘူးဗျ။ အဲဒီလိုမျိုးဖြစ်နေတယ်။”

အဆိုပါစီးနင်းပစ်ခတ်မှုတွင် စစ်တပ်မှတပ်ကြပ်ကြီး (၁)ဦးသေဆုံးပြီး တပ်သား(၂)ဦးဒဏ်ရာ အပြင်း အထန်ရရှိကာ ရန်ကုန်မြို့မင်္ဂလာဒုံစစ်ဆေးရုံတွင်ဆေးဝါးကုသခံနေရကြောင်း အဆိုပါဒေသခံမှ ပြောပါသည်။

ဘီးလင်းမြို့နယ်အရှေ့ဘက်(၁၁)မိုင်အကွာ တပ်(၄၄)လက်အောက်ခံခမရ(၃)တပ်ရင်းမှ စစ်တပ်အခြေ စိုက်ရာ သေသားစခမ်းကို ကေအာန်ယူ ဘက်မှယမန်နေ့ည(၇)နာရီတွင် ၀င်ရောက်ပစ်ခတ်ခဲ့ရာတွင် မြန်မာ စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုအပါအ၀င် လက်နက်များလဲဆုံးရှုံးခဲ့သည်ဟု နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦး မှ ယခုလိုပြောပါသည်။

“ကေအာန်ယူတပ်မဟာ(၁) ဗိုလ်သစ်တို့အဖွဲ့ဝင်ပစ်သွားတာ။ သေသားစခမ်းကိုပေါ့။ ကျွန်တော်တို့ညက အလောင်းသွားသယ်တဲ့အချိန်မှာတော့ တစ်ယောက်တော့ပွဲခြင်းပြီးတယ်။ ဆေးရုံမှာ(၃)ယောက်လောက် သေ သွားတယ်။ ကေအာန်ယူဘက်ကတော့ တစ်ယောက်မှမထိဘူး။ သူတို့က SK တစ်လက်ရယ် ကာဘိုင်တစ် လက်ရယ် (၁၆)ဗုံးသီးတစ်လက်ရတယ်။”

ထိုတိုက်ပွဲတွင် မြန်မာစစ်တပ်မှ အင်အား(၅၀)ကျော်ရှိပြီး ကေအန်ယူတပ်မှ အင်အား (၁၀၀)ကျော် ရှိကြောင်း၎င်း ကဆိုပါသည်။

လာမည့်(၁၀)တန်းစာမေးပွဲ ဖြေဆိုမှုပြီးသည့်နောက် ဘီးလင်းမြို့နှင့် မြ၀တီမြို့တို့တွင် စစ်အစိုးရတပ်တို့ကို ချေမှူန်းတိုက်ခိုက်မည်ဟု ကေအန်ယူနှင့် ဒီကေဘီအေအဖွဲ့တို့မှ ကြေငြာထားကြောင်း ကရင်နယ်ခြားစောင့်တပ်မှ တပ်ဖွဲ့ဝင်တစ်ဦးကပြောပါသည်။ ဘီလင်းမြို့တွင် ကေအန်ယူတပ်မဟာ(၁)မှ ဗိုလ်သစ်နှင့် မြ၀တီမြို့နယ်တို့တွင် ဒီကေဘီအေမှ ဗိုလ်မှူးချုပ် နုတ်ခမ်းမွှေး ဗိုလ်ကျော်သက်တို့ ဦးဆောင်ပြီး တိုက်မည်ဖြစ်ကြောင်း၎င်းကဆိုသည်။ ထိုသို့ကြေငြာထားသည့်အတွက် ဘီးလင်းမြို့ရှိရဲစခန်းမှ မိန်းမနှင့် ကလေးများ ထွက်ပြေးတိမ်းရှောင် နေကြကြောင်း ဘီးလင်းမြို့ခံတစ်ဦးမှပြောပါသည်။

ယခုအခါ ဘီလင်းမြို့နယ်ရှိ ကေအန်ယူတပ်တို့သည် အင်အားများစုစည်းထားပြီး တိုက်ပွဲဆက်လက် ဖြစ်ပွားဖို့ အခြေအနေမှာရှိနေသည်ဟု ကေအာန်ယူစစ်ဘက်အရာရှိတစ်ဦးမှပြောပါသည်။

လူငယ် ၁ဝဝ ခန့် KIO ထံ ဝင်ရောက်လာဟု အရာရှိ ပြော

ဖနိဒါ

စစ်အစိုးရက တပ်သားသစ် စုဆောင်းနေသဖြင့် ဒေသခံလူငယ် ၁ဝဝ ခန့်သည် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထံ လွန်ခဲ့သည့် ၇ ရက်အတွင်း ထွက်ပြေးဝင်ရောက်လာကြောင်း KIO အရာရှိတဦးက ပြောသည်။


ယခုလ ၁၇ ရက်နေ့တွင် ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) က လက်အောက်ခံ တပ်ရင်းများကို တပ်သားသစ် စုဆောင်းရန် ညွှန်ကြားခဲ့သဖြင့် KIO လက်အောက်ခံတပ် ကချင်လွတ်မြောက်ရေးတပ် KIA တပ်ရင်း ၁၁ သို့ ဝင်ရောက်လာကြောင်း ပြောဆိုခြင်း ဖြစ်သည်။

“မပခက စစ်သားသစ် စုဆောင်းလာမယ်ဆိုတာတွေ၊ အရင် ပြန်တမ်းမှာလည်း စစ်မှုမထမ်းမနေရဆိုတာ ထုတ်ပြန်ထားပြီးတဲ့ အချိန်မှာပဲ စစ်သားပြန်စုဆောင်းလာတော့ မကြောက်တဲ့ လူတွေက KIO စစ်သား လုပ်မှာပေါ့။ ဒီမှာလည်း ကျောင်းရှိတယ်လေ။ ကျောင်းပြန်တက်လို့ ရတယ်လေ” ဟု KIO အရာရှိက မဇ္စျိမကို ပြောသည်။

တပ်သားသစ် စုဆောင်းရေးကို ဆုပေးဒဏ်ပေးစနစ် ကျင့်သုံးသွားမည်ဖြစ်ပြီး၊ မစုဆောင်းနိုင်သော တပ်ရင်းများက တလလျှင် ကျပ် ၃ သိန်း ပေးရမည်ဖြစ်ကာ ထိုငွေများကို စုဆောင်းနိုင်သော တပ်များသို့ ဆုလာဘ်အဖြစ် ပေးမည်ဟု စစ်တပ်အတွင်း ညွှန်ကြားချက်များ ရှိနေသည်ဟု ဆိုသည်။

အချို့ကို မိဘများကိုယ်တိုင် လာအပ်သလို၊ အချို့လူငယ်များမှာ ကိုယ်တိုင်ထွက်ပြေးလာကြရာ အချို့မှာ အသက်ငယ်သောကြောင့် တိုက်ပွဲတွင် အသုံးမပြုနိုင်သဖြင့် လက်ခံရန် ခက်ခဲသည်ဟု KIO အရာရှိက ပြောသည်။

“၁၇၊ ၁၈ (နှစ်) တွေကို ဘယ်မှာ သွားသုံးမှာလဲ။ တိုက်ပွဲမှာလည်း အသုံးပြုလို့ မရသေးဘူး။ KIO ကို ကလေးစစ်သား အသုံးပြုတယ်ဆိုပြီး ပြောမှာပေါ့။ ဒါကြောင့် ကျောင်းဆက်တက်မယ်ဆိုရင် လက်ခံတယ်။ ကျောင်းမတက်တဲ့ လူတွေကို လက်မခံဘူး” ဟု သူက ပြောသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၄ ရက် နေ့စွဲဖြင့် အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရန် ဆင့်ခေါ်ခွင့်ရှိသော ပြည်သူ့စစ်မှုထမ်း ဥပဒေကို စစ်အစိုးရက ပြဋ္ဌာန်းခဲ့သည်။ အမျိုးသား အသက် ၁၈ နှစ်မှ ၃၅ နှစ်၊ အမျိုးသမီး ၁၈ နှစ်မှ ၂၇ နှစ်အကြား စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်ဟု ပါရှိသည်။

KIO ကလည်း ယခုလ ၂၁ ရက်နေ့တွင် ဌာနချုပ် လိုင်ဇာ၌ ပြည်သူ့စစ်ဖွဲ့စည်းရေး လူထုရှင်းလင်းပွဲ လုပ်ခဲ့သေးသည်။

KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်ထန်ဂမ်သျှောင်က ပြည်သူ့တော်လှန်ရေး လမ်းစဉ်ဖြစ်သဖြင့် ပြည်သူတရပ်လုံး ပါဝင်ရမည်ဟု လူထုရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ဘိက္ခူမာတာ

မင်းနိုင်သူ

ဒီ အကြောင်းတွေရေးရင် အာဏာပိုင်တွေက အနှောင့်အယှက် ပေးမှာကို စိုးရိမ်မိတယ်။ အန်တီ့အတွက် စိုးရိမ်တာ မဟုတ်ဘူးနော်။ အန်တီ ထောင်ဝင်စာတွေ့ပေးနေရတဲ့ သံဃာတွေကို ထောင်ဝင်စာ သွားတွေ့မယ့်လူ မရှိတော့မှာစိုးလို

မေးသမျှကို စိတ်ရှည်လက်ရှည် ဖြေကြားပေးနေတဲ့ ဒေါ်ရှုက ပြောလက်စကို ခဏရပ်လိုက်ရင်း သူ့စိုးရိမ်မှုကို ဖွင့်ဟပါတယ်။

အဲဒီနောက်မှာတော့ သက်ပြင်းတချက် ရှုသွင်းလိုက်ရင်း ဒေါ်ရှုက စကားဆက်ပြန်ပါတယ်။

“အန်တီဘာတွေ လုပ်နေတယ်ဆိုတာလည်း စောင့်ကြည့်နေတဲ့သူတွေ၊ ထောင်ဝန်ထမ်းတွေက သိကြပါတယ်။ အန်တီက နိုင်ငံပုန်ကန်နေတာလည်း မဟုတ်ဘူး၊ ဘယ်သူမှ ထောင်ဝင်စာ လာမတွေ့နိုင်တဲ့ သံဃာတွေကို သနားလွန်းလို့ ထောင်ဝင်စာ တွေ့ပေးနေတာ သက်သက်ပါပဲ”

ဒေါ်ရှုဆိုတာကတော့ နိုင်ငံရေးနဲ့ ပတ်သက်လို့ အကျဉ်းကျခံနေရပြီး ထောင်ဝင်စာတွေ့မယ့်သူ မရှိတဲ့ သံဃာတွေကို ထောင်ဝင်စာ တွေ့ပေးနေသူပါ။

စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်မြောက် ရပ်ကွက်မှာရှိတဲ့ ဒေါ်ရှုရဲ့ နှစ်ထပ်အိမ်လေး ထဲမှာတော့ မြန်မာနိုင်ငံတ၀န်းက အကျဉ်း ထောင်တွေမှာ ထောင်ဝင်စာတွေ့မယ့်သူ မရှိဖြစ်နေတဲ့ သံဃာတွေဆီကို ပေးပို့မယ့် ထောင်ဝင်စာ ထုပ်တွေ အမြဲမပြတ် ရှိနေတတ်တယ်လို့ အရှင်စန္ဒောဘာသက မိန့်ဆိုပါတယ်။ အရှင် စန္ဒောဘာသဟာ ၁၆ နှစ်ကြာ နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့ပြီး ဒေါ်ရှုရဲ့ ထောင်ဝင်စာအလှူကို လက်ခံခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

“ဦးပဉ္ဇင်း ၂၀၀၉ ခုနှစ်မှာ အင်းစိန်ထောင်ကနေ လွတ်လာတော့ သူ့အိမ်မှာ ၃ ရက်လောက် တည်းခိုခဲ့ဖူးတယ်။ သူ့အိမ်ထဲမှာ နယ်ထောင် တွေဆီပို့မယ့် ထောင်ဝင်စာထုပ် ကလေးတွေ အမြဲမပြတ် ရှိနေတတ်တယ်။ အပတ်စဉ် ထောင်ဝင်စာထုပ်တွေ ပေးပို့နိုင်ဖို့ ဈေးတကာလှည့် ဈေးဝယ်ရ၊ ချက်ရ ပြုတ်ရနဲ့ သူ့မှာ နားနေချိန်ရယ်လို့ မရှိသလောက်ပါပဲ” လို့ အရှင်စန္ဒောဘာသက ဆိုပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) စမ်းချောင်းမြို့နယ် စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ရှုဟာ ၂၀၀၇ ခုနှစ် ဇူလိုင်လ အတွင်းက ကျောက်တော်ကြီးဘုရားမှာ ၀တ်ပြု ဆုတောင်းခဲ့တဲ့အတွက် အာဏာပိုင်တွေရဲ့ ၄၅ ရက်ကြာ ဖမ်းဆီး ထိန်းသိမ်းမှု ကိုလည်း ခံခဲ့ရသူပါ။

စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်းတဲ့အပြင် အာဏာပိုင်တွေရဲ့ စောင့်ကြည့်မှုကို မကြာခဏ ခံနေရတဲ့ အလုပ်ကို ဘာကြောင့် ဒေါ်ရှု လုပ်ဖြစ်ခဲ့တာပါလဲ။

ဒေါ်ရှုက ရှေ့နေ ကိုဖိုးဖြူ၊ ကိုညီညီနိုင်တို့နဲ့ ရင်းနှီးခဲ့တဲ့အကြောင်း၊ ၂၀၀၇ စက်တင်ဘာ အရေးအခင်းအပြီးမှာ ကိုဖိုးဖြူက သူ ရှေ့နေလိုက်ပေးနေတဲ့ အမှုမှာပါတဲ့ မြောက်ဥက္ကလာ ဘုန်းကြီးကျောင်းက သံဃာတော်တွေနဲ့ သီလရှင်တွေကို ထောင်ဝင်စာ တွေ့မယ့်သူ မရှိတာကြောင့် ဆွမ်းကပ်ပေးဖို့ အကူအညီ တောင်းခဲ့တဲ့အကြောင်း၊ အဲဒီကနေစပြီး သံဃာတော် ၇ ပါးနဲ့ သီလရင် ၇ ပါးတို့ကို စပြီး ဆွမ်းကပ်ဖြစ်တဲ့အကြောင်း ပြောပြပါတယ်။

“ရှေ့နေ ကိုဖိုးဖြူက အန်တီရယ်၊ သူများတွေက ထမင်းစားနေချိန်မှာ သူတို့မှာ အငတ်နေရတယ်။ သိပ်သနားစရာကောင်းတာပဲ ထမင်းလာ ကျွေးပေးပါလားလို့ ပြောလာလို့ စကျွေးတာ။ နောက်တော့ အဲဒီဘုန်းကြီးတွေကနေ ဘယ်ဘုန်းကြီးတွေလည်း ထောင်ဝင်စာ မရကြပါဘူး၊ ကူပါဦး ဒကာမကြီးရယ်ဆိုတော့ ကျန်သံဃာတွေကိုပါ ထောင်ဝင်စာတွေ့နေရတော့တာ။ အခုဆို ၃ နှစ်နဲ့ ၄ လ ရှိလာပြီပေါ့” လို့ ဒေါ်ရှုက ထင်မှတ်မထားပါဘဲ သံဃာတွေကို ထောင်ဝင်စာပေးပို့ ဖြစ်ခဲ့ပုံကို ပြန်ပြောပါတယ်။

အခုချိန်မှာတော့ ဒေါ်ရှု အပတ်စဉ် ထောင်ဝင်စာပေးပို့နေရတဲ့ သံဃာ အပါး ၅၀ ကျော်နေပါပြီ။ ဒီလို တိုးပွားလာတဲ့ သံဃာ ဦးရေကို အပတ်စဉ်ထောင်ဝင်စာ တွေ့နိုင်ရေးအတွက် NLD ကလည်း ဒေါ်ရှုကို ကူညီထောက်ပံ့ပေးပါတယ်။ NLDက နိုင်ငံရေး အကျဉ်းသားတဦးအတွက် တလကို ၅၀၀၀ ကျပ်နှုန်း ထောက်ပံ့ ပေးနေပေမယ့် လုံလောက်တဲ့ ပမာဏတော့ မဟုတ်ပါဘူး။

အသက် ၆၂ နှစ် ရှိပြီဖြစ်တဲ့ ဘိုကလေးသူ ဒေါ်ရှုဟာ မြန်မာနိုင်ငံအနှံ့ နိုင်ငံရေးကြောင့် အထိန်းသိမ်းခံထားရတဲ့ သံဃာတွေဆီကို အပတ်စဉ် ထောင်ဝင်စာ ပေးပို့နိုင်ရေးအတွက် ကူဖော်လောင်ဖက် အမျိုးသမီး ၂ ဦးနဲ့အတူ လုပ်ကိုင်နေရတာပါ။ အဲဒီ အမျိုးသမီး ၂ ဦးကို တယောက်အတွက် တလ ကျပ် ၂ သောင်းပေးပြီး အကူအညီ ခေါ်ထားရတယ်လို့ ဆိုပါတယ်။ ဒေါ်ရှုနဲ့ အတူနေကြတဲ့ သားနဲ့ သမီးက ဒီလို ထောင်ဝင်စာပို့တဲ့အလုပ်လုပ်တာကို သဘောမတူတာကြောင့် ကူမယ့်သူတွေ ခေါ်ထားရတာလို့ ပြောပြပါတယ်။

“သားတွေ၊ သမီးတွေ သဘောမတူဘူး ဆိုတာက အန်တီပင်ပန်းတာကို သူတို့ မကြည့်ရက်လို့ပါ။ သူတို့ တားပေမယ့် အန်တီက ဆက်လုပ်နေတော့ နောက်ပိုင်းမှာ သားသမီးတွေကလည်း သိပ်မကြည်တော့ဘူးပေါ့။ အန်တီ့ အမျိုးသားနဲ့ ကွဲခဲ့ရတာလည်း ဒီအလုပ်တွေ ကြောင့်ပေါ့” လို့ ဒေါ်ရှုက ဆိုပါတယ်။

တကယ်တော့ ဒေါ်ရှုဟာ သူ့ဆီက ပို့လိုက်မယ့် ထောင်ဝင်စာထုပ်ကို စောင့်မျှော်နေမယ့် ထောင်တွင်းက သံဃာတော်တွေရဲ့ မျက်နှာနဲ့ သားသမီး တွေရဲ့ ငြူစူတဲ့ မျက်နှာတွေအကြား ဗျာများ နေရသူ ဖြစ်ပါတယ်။

ဒေါ်ရှုဟာ သံဃာတွေကို ထောင်ဝင်စာထုပ် ပို့နိုင်ရေးအတွက်ဆိုရင် သူ့သမီး လက်ဝတ်လက်စားတောင် ပေါင်ဖို့ လက်မနှေးဘူးလို့ အရှင် စန္ဒောဘာသက မိန့်ပါတယ်။

“ဦးပဉ္ဇင်း ထောင်က လွတ်လာပြီးနောက် သူ့အိမ်ကို ရောက်ပြီး အပြန်မှာ သူလည်း လမ်းကြုံတာနဲ့ နိုင်ငံခြားမှာ ရှိနေတဲ့ သူ့သားပို့လိုက်တဲ့ ငွေကို ဘဏ်မှာ လိုက်ထုတ်တယ်။ ငွေလည်း ရရော အပေါင်ဆိုင် ပြေးပြီး သူ့သမီး လက်ဝတ် လက်စားလေးကို ပြန်ရွေးတယ်။ သားပို့တဲ့ငွေက ထောင်ဝင်စာထုပ်ပို့ချိန် မမီတော့ သမီးလက်ကောက်လေး ခဏ အပေါင်ထားလိုက်ရတယ် ဦးပဉ္ဇင်းလို့ ပြောတယ်။ ဒေါ်ရှုဆိုတာ အဲလို အမျိုးသမီးပါ” လို့ အရှင်စန္ဒောဘာသက ဆိုပါတယ်။

နိုင်ငံရေး အကျဉ်းသားတဦးအတွက် တလ ၅၀၀၀ ကျပ်ဆိုတဲ့ NLD ရဲ့ထောက်ပံ့ငွေဟာ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်း၊ ၂၀၀၇ စက်တင်ဘာ အရေးအခင်းအပြီး တိုးပွားလာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကြောင့် ဆင့်ပါးစပ် နှမ်းပက်သလို ဖြစ်နေ ရတယ် လို့လည်း အရှင်စန္ဒောဘာသက မိန့်ကြားပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ရှိနေပါတယ်။ ဒီစာရင်းထဲမှာ သံဃာ အပါး ၂၅၀ ကျော်နဲ့ သီလရှင် ၁ ပါး ပါဝင်နေပေမယ့် ဒေါ်ရှု ထောင်ဝင်စာထုပ် ပေးပို့နိုင်တာက သံဃာ အပါး ၅၀ လောက်ပဲ ရှိပါသေးတယ်။ တကယ်တော့ ဒေါ်ရှုဟာ သံဃာအပါး ၅၀ သာမကဘူး ထောင်ဝင်စာ တွေ့သူ မရှိဖြစ်နေကြတဲ့ နိုင်ငံရေးအကျဉ်းသား လူပုဂ္ဂိုလ်တချို့ကိုပါ ထောင်ဝင်စာ ပေးပို့နေတာပါ။

ဒေါ်ရှုဟာ သံဃာတော်တွေကို ထောင်ဝင်စာတွေ့နေပေမယ့် သူ့ထောင်ဝင်စာထုပ်ကို လက်ခံရယူနေတဲ့ သံဃာတော်တိုင်းကို မြင်တွေ့ဖူးသူတော့ မဟုတ်ပါဘူး။

“မိသားစုဝင်ဖြစ်မှ ထောင်ဝင်စာ တွေ့ခွင့်ရတာလေ။ အန်တီက ထောင်ဝင်စာထုပ်တွေကို အင်းစိန် ထောင်ဘူးဝမှာပဲ ပေးထားခဲ့ရတာ။ နယ်ထောင်တွေအတွက် ဆိုရင်တော့ ထောင်ဝင်စာထုပ်ကို သေချာ ထုပ်ပိုးပြီး စာတိုက်ကြီးကနေ ပါဆယ် ပို့ရတာပေါ့။ တရားရုံးက စီရင်ချက် မချသေးလို့ တရားရုံးထုတ် ထွက်လာတဲ့ သံဃာတချို့ကိုပဲ အန်တီ တွေ့ဖူးသေးတယ်” လို့ ဒေါ်ရှုက ပြောပါတယ်။

ဒီလိုတွေ့ခွင့်ရတဲ့အထဲက တချို့မြင်ကွင်းတွေဟာ သူ့စိတ်ကို ထိခိုက်စေခဲ့ပြီး သူ့အလုပ်ကို ဆက်လုပ်စေဖို့အတွက် တွန်းအားတွေ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

“၂၀၀၇ စက်တင်ဘာ အရေးအခင်းအပြီးမှာ အဖမ်းခံရတဲ့ မြောက်ဥက္ကလာ သစ္စာသရဖူကျောင်းထိုင် ဆရာတော်ကို ထောင်ဝင်စာ သွားတွေ့ရတုန်းက ဒကာမကြီးရယ် ဒကာမကြီးရဲ့ ထောင်ဝင်စာကြောင့်သာ ဦးပဉ္ဇင်းမှာ လူလူသူသူလေး စားရသောက်ရပါတယ်။ ဒကာမကြီး ကျေးဇူးကြီးမားပါပေတယ်ဆိုပြီး အသက် ၇၀ ကျော် ဘုန်းကြီးက လက်အုပ်လေးချီပြီး အန်တီ့ကို ပြောတော့ အန်တီ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး။ အဲဒီမြင်ကွင်းကို ခုထိ မြင်ယောင်နေတုန်းပဲ။ ပြန်တွေးမိတိုင်းလည်း ငိုချင်နေတုန်းပဲ” လို့ ဒေါ်ရှုက ရှိုက်သံကို ထိန်းရင်း ပြောပြပါတယ်။

၁၉၉၃ ခုနှစ်က နိုင်ငံရေးပုဒ်မနဲ့ နအဖ စစ်အစိုးရရဲ့ ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရတဲ့ အရှင်စန္ဒောဘာသ ဟာ ၂၀၀၇ ခုနှစ်အထိ ထောင်ဝင်စာ တွေ့သူမရှိဖြစ်နေရာက ၂၀၀၇ စက်တင်ဘာ အရေးအခင်းအပြီး အင်းစိန်ထောင်ထဲကို သံဃာတော်တွေ ထပ်မံ ရောက်ရှိလာပြီး ချိန်မှာတော့ ဒေါ်ရှုရဲ့ ထောင်ဝင်စာထုပ်ကို လက်ခံရရှိ လာပါတော့တယ်။

“သံဃာတွေဆိုတာက တောသားတွေများတယ်လေ။ သံဃာတွေရဲ့ ဆွေမျိုးသားချင်းတွေဆိုတာကလည်း တောသူ တောင်သားတွေ များတာဆိုတော့ သူတို့ ဒေသလေးက လွဲရင် မသွားတတ် မလာတတ်။ ဒီတော့ ထောင်ဝင်စာလည်း လာမတွေ့တတ်ကြ၊ မတွေ့နိုင်ကြ။ ဒီလိုအချိန်မှာ ဒေါ်ရှုက မိသားစုတွေ ကိုယ်စား ထောင်ဝင်စာထုပ်လေး ပို့ပေးလာတော့ ဦးပဉ္ဇင်း အရမ်းကို ၀မ်းသာသွားတယ်။ ဒကာမကြီးကိုလည်း အရမ်းတွေ့ချင်လာတယ်” လို့ အရှင်စန္ဒောဘာသာက ဆိုပါတယ်။

အရှင်စန္ဒောဘာသ အင်းစိန်ထောင်က လွတ်မယ့်အချိန်မှာ သူအရမ်းတွေ့မြင်ချင်လွန်းတဲ့ ဒေါ်ရှုက လာကြိုနေပေမယ့် တွေ့ခွင့် မသာခဲ့ပါဘူး။

“အဲဒီနေ့က ဦးပဉ္ဇင်းကို သူ လာကြိုနေတယ်တဲ့။ ဒါပေမယ့် ဦးပဉ္ဇင်းက ကျန်းမာရေးကြောင့် လဲကျသွားတော့ အာဏာပိုင်တွေ စီစဉ်ပေးတဲ့ ကားနဲ့ လိုက်သွားရပြီး သူနဲ့ မတွေ့လိုက်ရတော့ဘူး။ နောက်တော့ သူ့အိမ်ကို ဦးပဉ္ဇင်းသွားတွေ့တယ်။ သူ့အိမ်မှာလည်း ၃ ရက် တည်းခဲ့တယ်”

အရှင်စန္ဒောဘာသ ဒေါ်ရှုအိမ်မှာ တည်းခိုနေချိန်မှာ စမ်းချောင်းမြို့နယ် မယက အဖွဲ့က ဒေါ်ရှုနဲ့ အရှင်စန္ဒောဘာသကို ဆင့်ခေါ်ပါတော့တယ်။ အာဏာပိုင်တွေ သူ့ကို ခေါ်ပြီဆိုတဲ့အချိန်မှာ ဒေါ်ရှုဟာ အေးဆေးတည်ငြိမ်စွာနဲ့ပဲ သူ ထောင်ထဲရောက်ရင် လိုအပ်မယ့် ပစ္စည်းတွေကို အသင့်ပြင်ပြီး လိုက်ပါသွားတာပါ။

“သူ့မျက်နှာမှာ တုန်လှုပ်တဲ့ အရိပ်အယောင်မတွေ့ရဘူး။ သူ့ကို ဖမ်းဆီးရင် ထောင်ထဲမှာ လိုအပ်မယ့် အသုံးအဆောင် တွေကိုလည်း သူက အသင့် ထုပ်ပိုးထားပြီးသား။ ဦးပဉ္ဇင်းကို လက်ခံထားတဲ့အတွက်ဆိုပြီး စမ်းချောင်း မယက ရုံးမှာ သူ ဆူပူ ကြိမ်းမောင်းခံရတယ်။ သူကတော့ ဦးပဉ္ဇင်းကို လက်ခံတာဟာ ဘာပြစ်မှုကိုမှ ကျူးလွန်တာမဟုတ်ဘူးဆိုပြီး အာဏာပိုင်တွေကို ပြောတယ်” လို့ ဒေါ်ရှုခေါ်ယူ စစ်မေးခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အရှင် စန္ဒောဘာသက မိန့်ပါတယ်။

စမ်းချောင်း မယက ရုံးက ပြန်လာကြတဲ့နောက်မှာ ဒေါ်ရှုဟာ သူ့အိမ်မှာပဲ ဆက်လက် တည်းခိုနေနိုင်ပါကြောင်း ပြောပေမယ့် သူ့အတွက်နဲ့ အာဏာပိုင်တွေက ထပ်မံနှောင့်ယှက်မှာကို မလိုလားတဲ့ အရှင်စန္ဒောဘာသဟာ သူ့ နယ်ကို ပြန်လည် ကြွသွား ပါတော့တယ်။

နိုင်ငံရေးမှုနဲ့ နအဖ စစ်အစိုးရရဲ့ ဖမ်းဆီး ထိန်းသိမ်းမှုခံခဲ့ရတဲ့အပြင် ထောင်ကလွတ်လာချိန်မှာလည်း ဘုန်းကြီးကျောင်း တွေမှာ သီတင်းသုံး နေထိုင်လို့မရအောင် အာဏာပိုင်တွေက နှောင့်ယှက်ပြန်တာကြောင့် ထိုင်းနိုင်ငံကို ထွက်လာခဲ့ရတဲ့ အရှင် စန္ဒောဘာသက ဒေါ်ရှုကို အောင့်မေ့သတိရနေဆဲ၊ ဒေါ်ရှုနဲ့ ပတ်သက်လို့ သူ့မှာ အမှတ်ရစရာတွေ အများကြီးပဲလို့ ဆိုပါတယ်။

ဆက်လက်ပြီး အရှင်စန္ဒောဘာသ မိန့်ကြားတာကတော့ ...။

“သူ့ကျေးဇူးတွေဟာ ဦးပဉ္ဇင်းတို့ သံဃာတွေအပေါ်မှာ အများကြီးပဲ။ ဦးပဉ္ဇင်း သူ့ကို နှုတ်ဆက်လေ့ရှိတဲ့ စကားလေး တခွန်းရှိတယ်။ အဲဒီစကားလေးကိုကြားရင် သူ့မျက်နှာမှာ ပီတိဖြာသွားတာကို တွေ့ရတယ်။ အဲဒီစကားကတော့ ဘိက္ခူမာတာတဲ့”

“ဘိက္ခူမာတာ” ဆိုတာ ပါဠိဘာသာစကားဖြစ်ပြီး “သာသနာ့အနွယ်ဝင်တို့ရဲ့ မိခင်” လို့ အဓိပ္ပာယ်ရပါတယ်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Feb,24th,2010

( 31 )မွန်တေးဂီတအဖွဲ့ ထိုင်းနိုင်ငံ မွန်အမျိုးသားနေ့တွင် လာရောက် ဖျော်ဖြေ

( 30 )Monks warn of ‘corruptive’ gambling

( 29 )I Love Myanmar က ချင်းပြည်တွင် ချယ်ရီ နှင့် ကျွန်းသစ် စိုက်ပျိုးမည်

( 28 )Myanmar tourism tycoon rescued from Ice Mountain

( 27 )ဦးတေဇနှင့် အဖွဲ့ကို ကယ်ဆယ်နိုင်

( 26 )Australian newspaper editor due in Myanmar court

( 25 )ယနှစ် မီးသတ်သမားများ နောက်မကျရန်လို

( 24 )Burmese opposition leader has a few words for China

( 23 )ကုန်ဈေးနှုန်း ကျဆင်းရေး ၄ နှစ်မြောက် အခမ်းအနား ရန်ကုန်တွင် ကျင်းပ

( 22 )Burmese troops are enlisted to rescue stranded tycoon

( 21 )ဦးတေဇ၏ ၀န်ထမ်း ၄ ဦး ဂျာမဏီ ဗီဇာ ငြင်းပယ်ခံရ

( 20 )Burma: The '15-Minute' Puppet Parliament

( 19 )ကြည့်မြင်တိုင် မြို့နယ်တွင် စစ်တပ်က အလုပ်ကြမ်းများ ခိုင်းစေနေ

( 18 )Suu Kyi sends message of freedom to Brighton Festival

( 17 )လွှတ်တော်အတွင်းတွင် ကန့်ကွက်ချက် တင်သွင်းရန် ခက်ခဲဟု ပြောဆိုနေ

( 16 )India beat Myanmar 2-1 FIFA Pre-Olympic Qualifier

( 15 )ILO ညွှန်မှူးများနှင့် လူ့အခွင့်အရေးသမားများ ရန်ကုန်တွင် ဆွေးနွေးရန်ရှိ

( 14 )Festival curator Aung San Suu Kyi thanks Brighton for support

( 13 )မြသန်းတင့် ကွယ်လွန်ခြင်း ၁၃ နှစ်ပြည့်

( 12 )Myanmar hails victory for 1st Asian Round Robin Archery competition

( 11 )ဒေလီ ကားတိုက်မှု၊ မြန်မာဒုက္ခသည် ၂ ဦး သေဆုံး

( 10 )Burma snatches power from judges

( 9 )US talks with Myanmar's Suu Kyi about aid

( 8 )နာမည်ကြီး ကနေဒါတက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်ကို ပါရဂူဘွဲ့ချီးမြှင့်

( 7 )Why Haven't the Burmese Joined the Recent Wave of Pro-Democracy Protests?

( 6 )ပါတီရပ်တည်ခွင့်ကိစ္စ ကမန်ခေါင်းဆောင်များ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေး

( 5 )Burma snatches power from judges

( 4 )အမေရိကန် သံမှူးကြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့

( 3 )The mystery of Burma’s economy

( 2 )ကချင်လွတ်မြောက်ရေးအဖွဲ့ တပ်သားသစ် စုဆောင်း

( 1 )Tay Za Rescue Effort In Progress

Wednesday, February 23, 2011

အတိုက်အခံ ၅ ဦးကို ထောင်ချ

မြင့်မောင် | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၂၃ ရက် ၂၀၁၁

အတိုက်အခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ လူငယ် ၅ ဦးကို အလုံနှင့် ကမာရွတ်မြို့နယ် တရားရုံးများက အင်္ဂါနေ့တွင် အနည်းဆုံး ထောင်ဒဏ် ၂ နှစ်မှ အများဆုံး ၁၁ နှစ်အထိ ချမှတ်လိုက်သည်ဟု နိုင်ငံရေး သတင်းရပ်ကွက်များအရ သိရသည်။

ထောင်ချခံရသူများမှာ ကိုမျိုးမင်းသူ၊ ကိုသော်ဇင်၊ ကိုဗိုလ်ဗိုလ်သိန်း၊ ကိုသောင်းထိုက်ဦးနှင့် ကိုရန်အောင်စိုး ဖြစ်သည်။

ကိုမျိုးမင်းသူ၊ ကိုသော်ဇင်တို့ကို အလုံတရားရုံးက အရေးပေါ် ပြဋ္ဌာန်းချက် ပုဒ်မ ၁၃ (၁)၊ မတရားအသင်း ဆက်သွယ်မှု ၁၇ (၁) (၂) နှင့် ထောင်ဒဏ် ၆ နှစ် အပြစ်ပေးခဲ့ပြီး၊ ကမာရွတ်တရားရုံးက နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု ၅ဝ၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်စီ အပြစ်ပေးခဲ့သဖြင့် စုစုပေါင်း ထောင်ဒဏ် ၈ နှစ် ကျခံရမှာဖြစ်သည်။

ကိုဗိုလ်ဗိုလ်သိန်းကိုမူ ကမာရွတ်တရားရုံးက မူးယစ်ဆေးဝါးသုံးစွဲမှုပါ ထပ်တိုးပြီး၊ ထောင်ဒဏ် ၃ နှစ် ထပ်ဆောင်းခဲ့သဖြင့် ၁၁ နှစ် ဖြစ်သွားသည်။

ကိုသောင်းထိုက်ဦးနှင့် ကိုရန်အောင်စိုးကို နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှုဖြင့် ၂ နှစ်စီ ပြစ်ဒဏ်ချသည်။

လူငယ် ၅ ဦးလုံးကို ဖမ်းဆီးစဉ်က သင်္ကြန်တွင်း X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ခွဲမှုတွင် ပတ်သက်သည်ဆိုသော သံသယဖြင့် ရဲက ဖမ်းဆီးခဲ့သော်လည်း ပါဝင်ပတ်သက်သော အထောက်အထား မတွေ့ရသဖြင့် နောက်ပိုင်းတွင် ပြည်ပအခြေစိုက် စစ်အစိုးရအတိုက်အခံ အဖွဲ့အစည်းများနှင့် ဆက်သွယ်ကာ အစိုးရဆန့်ကျင်ရေး လှုံ့ဆော်မှု ပြုခဲ့သည်ဟု စွဲချက်ပြောင်းလဲခဲ့သည်ဟု ရန်ကုန်မြို့မှ ရှေ့နေ ဦးကျော်ဟိုးက မဇ္ဈိမကို ပြောသည်။

“ထိုင်းမှာ အခြေစိုက်တဲ့ NLD (L/A) (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - လွတ်မြောက်နယ်မြေ) ရယ်၊ Generation Wave နဲ့ ဆက်သွယ်တယ်ဆိုပြီးတော့ တရားစွဲတယ်။ သူတို့က အစိုးရကို ဆန့်ကျင်တဲ့ စာတွေ ဖြန့်တယ်ဆိုပြီး စွပ်စွဲတယ်” ဟု သူက ဆိုသည်။

၂ဝ၁ဝ ဧပြီလ ၂၄ ရက်နေ့တွင် လှည်းတန်းဘူတာအနီး ကွမ်းခြံမြောက်ပိုင်း ၄ ရပ်ကွက်၊ ၁ လမ်းရှိ အိမ်နံပါတ် ၂၉ မြေညီထပ် တိုက်ခန်းတခုထဲ၌ ကိုမျိုးမင်းသူ၊ ကိုသော်ဇင်နှင့် ကိုဗိုလ်ဗိုလ်သိန်းသည် အခြားလူငယ် ၄ ဦးနှင့်အတူ ရှိနေစဉ် နိုင်ငံရေး လှုပ်ရှားသည်ဟု သံသယဖြင့် ၇ ဦးလုံးကို ရဲက ဖမ်းဆီးခဲ့သည်ဟု ဦးကျော်ဟိုးက ပြောသည်။ ကိုသောင်းထိုက်ဦးနှင့် ကိုရန်အောင်စိုးကိုမူ အခြားနေရာများမှ ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။ ၇ ဦးအသုတ်ထဲမှ ကျန် ၄ ဦးမှာ အမှုစစ်နေဆဲဖြစ်သည်။

အားလုံးအတွက် ရှေ့နေ ဦးမြင့်ဦးက လိုက်ပါဆောင်ရွက်ခဲ့ပြီး ခရိုင်တရားရုံးများတွင် ဆက်လက်၍ အယူခံတက်မည်။

၂ဝ၁ဝ ဧပြီလ ၁၅ ရက်၊ သင်္ကြန်အကြတ်နေ့၌ X2O ရေကစားမဏ္ဍပ်ရှေ့ လက်ပစ်ဗုံး ၃ လုံး ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး အဖမ်းခံရသူ နောက်တဦးဖြစ်သည့် တောင်ဒဂုံ ၅၂ ရပ်ကွက်နေ ၂၂ နှစ်အရွယ် ကိုကောင်းမြတ်လှိုင်ကို ယခုလ ၂ ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက အီလက်ထရောနစ် ပုဒ်မ ၃၃ (က) ဖြင့် ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခဲ့သေးသည်။

ထို့ပြင် သတင်းထောက် ဦးမောင်မောင်ဇေယျနှင့် သားဖြစ်သူ ကိုစည်သူဇေယျတို့ကို ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာများကို ဓာတ်ပုံရိုက်သဖြင့် ထိုဧပြီလအတွင်း ဖမ်းဆီးခဲ့ကာ၊ သားဖြစ်သူကို မင်္ဂလာတောင်ညွန့် တရားရုံးက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ထောင်ဒဏ် ၈ နှစ် ချခဲ့သည်။

ကိုစည်သူဇေယျကို လူဝင်မှုကြီးကြပ်ရေး အရေးပေါ် ပြဋ္ဌာန်းချက် အက်ဥပဒေ ၁၃ (၁) ဖြင့် ထောင်ဒဏ် ၃ နှစ်နှင့် မတရားအသင်းနှင့် ဆက်သွယ်မှု အက်ဥပဒေ ၁၇ (၁) ဖြင့် ၅ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ထပ်တိုး အမှုတမှုဖြင့် တရားစွဲထားသေးသည်။

ဦးမောင်မောင်ဇေယျကို အင်းစိန်ထောင်တွင်း အထူးတရားရုံးက အီလက်ထရောနစ် ဥပဒေ၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ မတရားအသင်းနှင့် ဆက်သွယ်မှုများဖြင့် ယခုလ ၄ ရက်နေ့တွင် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့ပြီး ဖြစ်သည်။

ဗုံးခွဲတရားခံအဖြစ် ထိုင်း-မြန်မာနယ်စပ် တောတွင်းအခြေစိုက် စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့ VBSW မှ အဖွဲ့ဝင် ၃ ဦး လက်ချက်ဟု ရဲချုပ်ခင်ရီက ၂ဝ၁ဝ မေလ ၆ ရက်နေ့ နေပြည်တော် သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

ဗုံးဖောက်ခွဲနိုင်ရေးအတွက် စောင့်ကြည့်ပေးခဲ့သော VBSW အဖွဲ့ဝင်တဦး ဖြစ်သည်ဆိုသော စွပ်စွဲချက်ဖြင့် လျှပ်စစ်အင်ဂျင်နီယာ ကိုဖြိုးဝေအောင်ကို ဖမ်းဆီးထားရာ ယခုအခါ အင်းစိန်ထောင်တွင်းမှာ အမှုရင်ဆိုင်နေရဆဲ ဖြစ်သည်။

ကိုဖြိုးဝေအောင်က ပါဝင်ပတ်သက်မှု မရှိဟု ငြင်းဆန်ထားသည်။