Monday, January 19, 2009

ဆိုင်ကယ်ထိခိုက်မှုကြောင့်နေပြည်တော်တွင် တနေ့ လူ (၈) ဦးနှုန်းသေ

NEJ/ ၁၉ ဇန်န၀ါရီ ၂၀၀၉

နေပြည်တော်တွင် ယာဉ်စည်းကမ်း ပညာပေးမှု နည်းပါးသည့်အတွက် မော်တော်ဆိုင်ကယ် ထိခိုက်မှုဖြင့် သေဆုံးသူ ပျမ်းမျှ တနေ့ (၈) ဦးနှုန်းရှိသည်ဟု နေပြည်တော် တရားရုံးသတင်းရပ်ကွက်က ပြောသည်။

မော်တော်ဆိုင်ကယ် ထိခိုက်မှုကြောင့် နေပြည်တော်တွင် တနေ့ လူ (၈) ဦးနှုန်းသေနေသည်မှာ ယာဉ်စည်းကမ်းကို နားမလည်ခြင်း၊ ယာဉ်ထိန်းကြီးကြပ်မှု နည်းပါးခြင်း၊ လိုင်စင်မဲ့ဆိုင်ကယ်များကို လိုင်စင်ချပေးရာ စီးသူများလာခြင်း၊ မော်တော်ဆိုင်ကယ် တက္ကစီမောင်းသူများကိုယ်တိုင် ယာဉ်စည်းကမ်း နားမလည်ခြင်း စသည့်အချက်များကြောင့် ဖြစ်သည်ဟု နေပြည်တော် တရားရေးဝန် ထမ်းတဦးက ပြောသည်။

လိုင်စင်မဲ့ဆိုင်ကယ်များကို လိုင်စင်ချပေးပြီးနောက် ဆိုင်ကယ်တစီးကို တလ တသိန်းဖြင့် ငှားပြီး ဆိုင်ကယ်တက္ကစီ မောင်းသူ များလာသည့်အပြင် ကျွမ်းကျင်မှုမရှိသည့် ဆိုင်ကယ်တက္ကစီများက ကားကို ၀င်တိုက်သည့်အမှုများလည်း မကြာခဏရှိနေသည်ဟု နေပြည်တော် ခရီးသွားများက ပြောသည်။

နေပြည်တော်ဝန်ထမ်းများမှာလည်း ပျဉ်းမနား ကားလိုင်းများ ကြပ်သည့်အတွက် အဆိုပါ ဆိုင်ကယ်တက္ကစီ များကိုသာ အားထားစီးနေရသည်။ ထို့ကြောင့် နေပြည်တော် ဆိုင်ကယ်ထိခိုက်သေဆုံးမှုတွင် နေပြည်တော် ၀န်ထမ်းများလည်း ပါဝင်သည်ဟု နေပြည်တော်ဝန်ထမ်းတဦးက ပြောသည်။

နေပြည်တော် ဆိုင်ကယ်တက္ကစီ မောင်းသူများသည် တနေ့ ကျပ်ငွေ (၃,၀၀၀) ဆိုင်ကယ်ပိုင်ရှင်ကို ပြန်ပေးရန် ရှာရသည့်အတွက် အလုအယက် အမြန်မောင်းရာမှ ထိခိုက်မှုများကြုံရသည်ဟုသည်း တရားရုံး သတင်းရပ်ကွက် က ပြောသည်။ နေပြည်တော် ကုတင် (၃၀၀) ဆေးရုံရှိ လူနာအများစုမှာ ဆိုင်ကယ်တိုက်မှုကြောင့် ရောက်လာသည့် လူနာက အများစုဖြစ်နေသည်ဟု စုံစမ်းသိရသည်။

No comments:

Post a Comment