Thursday, January 8, 2009

တိုက်ပွဲကြောင့် ရွာသူကြီး ထွက်ပြေးနေရ

ခူပါးရယ်/ဇန်န၀ါရီ ၈၊ ၂၀၀၉

မြန်မာ စစ်အစိုးရ တပ်နှင့် ကရင်နီပြည် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အစိုးရတပ်မှ တပ်သားတစ်ဦး ကျဆုံးခဲ့မှုကြောင့် မကျေမနပ် ဖြစ်နေ၍ တိုက်ပွဲဖြစ်ပွားအနီးရှိကျေးရွာ သူကြီးကို ဖမ်းဆီးရန် အမိန့်ချတ်မှတ်ခဲ့သဖြင့် ကျေးရွာသူကြီး ထွက်ပြေးနေရသည်ဟု သတင်း ရရှိသည်။

အဆိုပါ တိုက်ပွဲသည် ကရင်နီပြည် ဒီးမောဆိုမြို့နယ် ဒေါပဲဒူကျေးရွာအနီး၌ ဖြစ်ပွားခဲ့ပြီး စစ်အစိုးရတပ်မှ ခမရ (၅၄၇) ၊ တပ်အင်အား (၆၀) ၀န်းကျင်ခန့်အဖွဲ့သည် ကရင်နီပြည် တပ်မတော်ကနှင့် ယခင်လက ဖြစ်ပွားခဲ့ပါသည်။

ယင်းအကြောင်းအရာနှင့် ပတ်သက်၍ ကေအယ်န်ပီပီ အတွင်းရေးမှူး ခူဦးရယ်က "ဘာကြောင့် သူထွက်ပြေးနေရသလဲဆိုတော့ ဗမာစစ်တပ်နေရာ ကြောက်လို့ပေါ့၊ ဗမာ စစ်တပ်က သူတို့ ၀င်ဖမ်းမယ်ပြောတော့ သူ့ကို ဖမ်းမယ်ဆိုတာ သူကြားရတော့ သူထွက်ပြေး တာပေါ့၊" ဟု ပြောသည်။

စစ်အစိုးရတပ်တို့က ကျေးရွာ၏ ရွာလူကြီး၊ ရွာသူကြီးကို မတွေ့ပါက ရွာသူ၊သားများနှင့် ကျန်နေမိသားစုကို ရိုက်နှက်ညင်းပမ်းခြင်း၊ ကြိတ်မောင်းဆဲဆိုခြင်း၊ လိုက်လံရှာဖွေခိုင်းခြင်း စသည့် လုပ်ရပ်များကို ပြုလုပ်လေ့ရှိသည်။ ထို့ကြောင့် ရွာသူ၊သားများသည် စစ်အစိုးရတပ် ၏ နှိက်စက်ညင်းပမ်းမည်ကို ကြေက်ရွံ့ပြီး စိုးရိမ်မကင်းနှင့် ဖြစ်နေကြရကြောင်း သူက ဆိုသည်။

ယခု ထိုဒေသအတွင်း၌ လှုပ်ရှားနေသော စစ်အစိုးရတပ် ခမရ (၄၅၇) တပ်ဖွဲ့သည် ကရင်နီ ပြည်နယ်ရှိ အခြေစိုက်သည့် တပ်ဖွဲ့မဟုတ်ဘဲ ရှမ်းပြည်နယ်မှ ၀င်ရောက်လာပြီး စစ်ကြောင်း နှစ်ကြောင်း ခွဲ၍ ထိုးစစ်ဆင်နေသည်ဟု သိရသည်။

မြန်မာစစ်အစိုးရတပ်များသည် ယခုလို ဖြစ်ပွားပါက ကျေးရွာသူကြီးများ၊ သူပုန်အဆက်အ သွယ်စွပ်စွဲသူများကို ဖမ်းဆီးရရှိမိပါက အများအားဖြင့် နှစ်ရှည်ထောင်ချပြီး အချို့သူများသည် အသတ်ခံနေရသည့် အထိ ရှိခဲ့ပါသည်။


No comments:

Post a Comment