
ယနေ့တွင်ကရောက်သော မွန်အမျိုးသမီးနေ့ အခမ်းအနားကို ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်ရှိ ဝင်းကကျေးရွာတွင် ကျင်းပခဲ့ပြီး အခမ်းအနားသို့ လူဦးရေ ၁၃၀ ကျော် တက်ရောက်ခဲ့ကြသည်။
မွန်တိုင်းပြည်ကို အုပ်ချုပ်ခဲ့သည့် ဘုရင်မကြီး ရှင်စောပု၏မွေးနေ့ကို အစွဲပြုပြီး မွန်အမျိုး သမီးများနေ့ကို သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
"လူငယ်တွေအားလုံး ခေတ်နဲ့အညီ လေ့လာသင်ယူရမယ်၊ ကမ္ဘာ့အဆင့်မှီတဲ့အဆင့်ကို ရောက်နိုင်ဖို့ ကမ္ဘာနဲ့ အဆက်မပြတ် အဆက်အသွယ်ရှိနေအောင် ကြိုးစားကြရမယ်" ဟု မွန်အမျိုးသမီးနေ့ သဘာပတိအဖြစ်ဆောင်ရွက်သည့် နိုင်အောင်မင်းက ပြောကြားခဲ့သည်။
မွန်အမျိုးသမီးများအားလုံး နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဆက်ဆံရေး၊ စုပေါင်းစည်းလုံးရေးတွင် ပခုံးပြောင်းတာဝန်ထမ်းဆောင်နိုင်ရန်အတွက်နှင့် ခေတ်သစ်မှာ ကမ္ဘာ့အမျိုးသားထုနှင့် အတူတကွလက်တွဲ၍ ချီတက်နိုင်ရန် စာရိတ္တကောင်းမွန်ပြီး အသိပညာဗဟုသုပြည့်စုံရန် အထူးသဖြင့် လူငယ်များလည်း ကြိုးပမ်းကြရန် ထပ်မံပြောကြားခဲ့သည်။
"မွန်လူမျိုးအနေနဲ့ လူမျိုးရေးဆိုင်ရာ အဖိနှိပ်ခံကြရသလို၊ အဆင့်အတန်းခွဲခြားခံရတာရှိ တယ်၊ အဲဒီလို အဖိနှိပ်ခံနေကြတဲ့အထဲမှာ ထပ်ခွဲလိုက်မယ်ဆိုရင် အမျိုးသမီးတွေက ပိုပြီး တော့တောင် အဖိနှိပ်ခံကြရတယ်၊ ကလေးတွေလဲ ပါတာပေါ့။ နိုင်ထက်စီးနင်းခံရတာ၊ ရောင်းစားခံရတာတို့ အမျိုးမျိုး အနှိမ်ခံကြရတာတွေကို သိနားလည်ပြီးတော့ ကျွန်တော်တို့ မွန်အမျိုးသမီးတွေ ကမ္ဘာနဲ့ ဘယ်လိုရင်ဘောင်တန်းပြီး နိုင်ငံလွတ်လပ်ရေးပန်းတိုင်အ တွက်ရော အမျိုးသမီးများဘဝ လွတ်မြောက်ရေးအတွက်ပါ ကြိုးစားသွားကြရမယ်" ဟုလည်း အဖိနှိပ်ခံအမျိုးသမီးများအတွက် သတိပေးပြောကြားသွားသည်။
ယနေ့တွင် ကျရောက်သော မွန်အမျိုးသမီးများနေ့တွင် အမျိုးသမီးများ ခေါင်းဆောင်နိုင်ရန် မြှင့်တင်ပေးရန်၊ အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံနေရခြင်းကို ကာကွယ်ပေးရန်၊ အမျိုး သမီးများ တန်းတူအခွင့်အရေး ရရှိစေရန်၊ အမျိုးသားများနှင့် တန်းတူမှုရရှိရန် အမျိုးသမီး များအတွက် အထူးအခွင့်အရေး ဖန်တီးပေးရန်၊ မဟာဗမာဝါဒ၏ သွေးရောမည့် စီမံကိန်း ကို ကာကွယ်တားဆီးရန်နှင့် နိုင်ငံအုပ်ချုပ်ရေးကို ပြောင်းလဲပေးရန်ဟူ၍ မြန်မာစစ် အစိုးထံ မွန်အမျိုးသမီးနေ့ဖြစ်မြောက်ရေးကော်မတီက တောင်းဆိုထားသည်။
"ဒီအချက်အလက် ၆ ချက်ကိုတောင်းဆိုရတာက အစိုးရကနေပြီး အမျိုးသမီးတွေကို နှိပ်ကွပ်နေတာကို တစ်ချို့အမျိုးသမီးတွေ ကိုယ်တိုင်က မသိကြဘူး၊ အဲဒါကြောင့်မို့ အစိုးရ ကနေ အမျိုးသမီးတွေအပေါ် နှိပ်ကွပ်နေတာနဲ့ ပက်သက်ပြီး တောင်းဆိုလိုက်တာပါ" ဟု မွန်အမျိုးသမီးနေ့ ကျင်းပရေးကော်မတီဝင် တစ်ဦးက ပြောသည်။
"အခု မွန်အမျိုးသမီးများနေ့အခမ်းအနားကို တက်ရောက်ခွင့်ရတာအရမ်းကို ဂုဏ်ယူမိပါ တယ်၊ ကိုယ့်လူမျိုးမှာ ရှင်စောပုဆိုတဲ့ ဘုရင်မ ရှိခဲ့တယ်ဆိုတော့ မွန်အမျိုးသမီးတွေ မညံ့ ခဲ့ဘူးဆိုတာ အားလုံးသိပါတယ်၊ လူငယ်တစ်ယောက်အနေနဲ့လည်း ကျွန်မပေးအပ်လာ မဲ့တာဝန်တွေကို ထမ်းဆောင်နိုင်အောင် အစဉ်ကြိုးစားနေသလို တစ်ဖက်ကလည်း အမျိုး သမီးတွေ အသိအမြင် ဗဟုသုတတွေ တိုးလာအောင် လက်တွဲပေးနေပါတယ်" ဟု တိုးတက်သော မွန်လူငယ်အဖွဲ့အစည်း (MYPO) မှ မိမရဲ့မိုက ပြောသည်။
အခမ်းအနားသို့ တက်ရောက်ခဲ့သော မွန်အမျိုးသားလူငယ်တစ်ဦးကို အမျိုးသမီးများနှင့် ပတ်သက်၍ သူ၏အမြင်ကို မေးမြန်းကြည့်ရာ "အရင်တုန်းကနဲ့စာရင် အခုခေတ်အမျိုးသမီး တွေက တော်တော်လေး အမြင်ကျယ်ပြီး ကြိုးစားလာကြတယ်၊ ဒီလိုဆက်ပြီး ကြိုးစားရင် တစ်နေ့မှာ အမျိုးသမီးခေါင်းဆောင်ဆိုတာ ထွက်ပေါ်လာမှာပဲ၊ နိုင်ငံရေးကိစ္စတွေမှာ ကျွန် တော်တို့ ယောက်ျားလေးတွေသက်သက် ဦးဆောင်ပြီး လုပ်ဆောင်နေရတာထက် မိန်းခ လေးတွေပါ ဦးဆောင်လက်တွဲပြီး ပါဝင်လာမယ်ဆိုရင် ပိုပြီးထိရောက်လာမယ်" ဟု သူ၏အမြင်ကို ပြောသည်။
"ကျွန်တော်တို့အနေနဲ့ကတော့ အမျိုးသမီးတွေကို ကျွန်တော်တို့နဲ့အတူ ရင်ဘောင်တန်း လက်တွဲသွားနိုင်အောင် အမြဲကြိုဆိုနေပါတယ်၊ အမျိုးသမီးဦးရေက အမျိုးသားဦးရေထက် တောင် များနေပါတယ်၊ အဲဒီတော့ အမျိုးသမီးတွေအချင်းအချင်းကလည်း ထောက်ခံအား ပေးနိုင်ဖို့ လိုအပ်နေပါတယ်၊ ပြည်တွင်းမှာ ဒီလိုနေ့မျိုးတွေကို ကျင်းပပေးစေချင်ပါတယ်၊ မွန်အမျိုးသမီးများ ကြိုးစားကြပါလို့ အားပေးပါတယ်" ဟု မွန်ပြည်သစ်ပါတီမှ ပြောရေးဆို ခွင့်ရှိသူ နိုင်အောင်မငေးက ပြောသည်။
ကမ္ဘာ့အမျိုးသမီးများနှင့် ရင်ဘောင်တန်းနိုင်ရန်အတွက် အဖက်ဖက်တွင် အဖိနှိပ်ခံနေရ သော မွန်အမျိုးသမီးများ ပညာရေးအသိ ဗဟုသုတ ပြည့်စုံနိုင်ရန်ကြိုးပမ်း၍ နိုင်ငံရေး ကြိုးပမ်းမှုနှင့်အတူ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ကြိုးစား အကောင် အထည် ဖော်သွားကြရန် ဤနေ့တွင် ကျရောက်သော မွန်အမျိုးသမီးများနေ့ အခမ်းအနားတွင် မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ နိုင်အောင်မင်းမှ တိုက်တွန်း ပြောကြား ခဲ့သည်။
No comments:
Post a Comment