Thursday, March 19, 2009

မဟာသင်္ကြန်ရက်နီးကပ်လာ၍ မြ၀တီနယ်စပ်မှ နေရပ်သို့ပြန်လာကြသူများတွင် အပြီးပြန်လာကြသည့် ရွေ့ပြောင်းအလုပ်သမားအများစုလည်း ပါဝင်နေ

စိုးစိုး (ဘားအံ)

၂၀၀၉ ခုနှစ် မဟာ သင်္ကြန်ပွဲတော် နီးကပ်လာ သည့် အလျောက် မြန်မာ-ထိုင်း နယ်စပ်မြ၀တီမြို့ မှတစ်ဆင့် နေရပ်ဌာနေ ပြန်လာကြသူ ခရီးသည် အများ အပြား ရှိနေကာ လာရောက်ကြ သည့် ခရီးသည်များ တွင် တစ်နှစ်တစ်ခါ အလည်အပတ် လာရောက်သူများ ရှိသလို အပြီး အပိုင်ပြန်လာကြ သည့် ရွှေ့ပြောင်းအလုပ် သမားများ လည်း အများအပြား ရှိနေကြောင်း အဝေးပြေး ယာဉ်ရပ်နား စခန်းမှ မော်တော်ယာဉ်ဂိတ်မှူး များ၏ပြောကြား ချက်အရ သိရှိရသည်။

''တစ်နှစ် တစ်ခါ ဆင်နွှဲရ မယ့်ပွဲတော်မို့ လုပ်နေတဲ့ အလုပ်တွေ ပစ်ပြီး ပြန်လာကြ သူတွေများပြား နေပါတယ်။ မိသားစု တွေနဲ့ နှစ်ရှည် လများ ခွဲခွာပြီး တစ်ဖက် နိုင်ငံမှာ အလုပ်သွား လုပ်ကြရတော့ သူတို့ရင်ထဲမှာ အိမ်အပြန် အလွမ်းရသ တွေက တစ်နင့်တစ်ပိုးနဲ့ လွတ်လပ်ပျော်ရွှင် နေတာတွေ့ရပါတယ်။ အများ အားဖြင့် တော့ ကမ္ဘာ့စီးပွားရေး ဂယက်ကြောင့် ထိုင်းငွေဈေး မတည်မငြိမ်ဖြစ်ပြီး တွက်ခြေ မကိုက်တော့လို့ အပြီး အပိုင်ပြန်လာ ကြတဲ့ရွှေ့ပြောင်း အလုပ်သမား အများစုလည်း ပါဝင်နေတာ တွေ့ရှိရပါတယ်'' ဟု မြ၀တီ-ဘားအံ ယာဉ်နောက်လိုက် တစ်ဦးက ဆိုပါသည်။

''ကမ္ဘာ့စီးပွားရေးဂယက် မရိုက် ခတ်စဉ်က မြ၀တီချစ်ကြည်ရေးတံ တားဝင်ထွက်ပေါက်ကနေ နေ့စဉ်လူ ဦးရေ ၂၀၀၀ နီးပါးသွားလာမှုရှိခဲ့ပြီး အခုအခြေအနေက သွားလာမှုအ တော်လေးကျဲပါးသွားတာကို တွေ့ရှိ ရပါတယ်။ မြန်မာနိုင်ငံဘက်ကထိုင်း နိုင်ငံတာ့ခ်ခရိုင်မဲဆောက်မြို့အတွင်း နေ့စား၊ လစား အလုပ်လုပ်ကိုင်သူ ဦးရေလျော့နည်းမှုရှိလာတာဟာ သူတို့ငွေဈေး မတည်ငြိမ်မှုကြောင့် ဖြစ် ပါတယ်။ ထိုင်းဘတ်ဈေးကိုက အံ့သြလောက်အောင် နိမ့်ဆင်းနေပြီး မြန်မာငွေဈေးမြင့်မားနေတာကြောင့် အမိမြေကို အပြီးအပိုင်ပြန်လာကြသူ တွေ တော်တော်လေးများပြားလာ တာတွေ့နေရပါတယ်''ဟု မြ၀တီမြို့ ခံတစ်ဦးက ပြောပါသည်။

မြန်မာနိုင်ငံ၏ အရှေ့တောင် တံခါးပေါက်ဖြစ်သည့် မြ၀တီမြို့အ နေဖြင့် နယ်စပ်ထွက်ပေါက်နှင့် နီး စပ်မှုအနေအထားတွင်ရှိနေခြင်း၊ စီး ပွားရေးပုံစံနှင့် လူနေထိုင်မှုပုံစံများ ပြောင်းလဲခြင်း တို့ကြောင့် ရွှေ့ပြောင်း လုပ်ကိုင်နေထိုင်သူဦးရေများပြားလာ ခြင်းဖြင့် လူဦးရေထူထပ်မှု အနေအ ထားတွင်ရှိနေပြီးမြ၀တီကုန်သွယ်ရေး ဇုန်ဖွင့်လှစ်ပြီးပါကလူဦးရေပိုမိုထူထပ် လာနိုင်ဖွယ်အခြေအနေရှိနေကြောင်း ၄င်းက ဆက်လက်သုံးသပ်ပါသည်။


မဟာသင်္ကြန်ရက် နီးကပ်မှုရှိ နေသည့်အလျောက် မတ်လ ပထမ အပတ်မှစတင်ကာ မြ၀တီမြို့မှ ဘားအံမြို့ သို့ယာဉ်တန်း အတက် အဆင်း တစ်ရက်ခြား ပုံမှန်ပြေးဆွဲလျက်ရှိနေ သောခရီးသည်တင်ယာဉ်များပေါ်တွင် နေရပ်ဌာနေအလည်အပတ် ပြန်လည်ကြသူ ခရီးသည်အများအပြား ရှိနေပြီး ဘားအံအဝေးပြေးယာဉ်ရပ် နားစခန်းကြီးမှာ စည်ကားစပြုနေ လျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment