Tuesday, March 10, 2009

ဗိုလ်ချုပ်ကြီး ခင်ညွန့် ရွေးကောက်ပွဲ မ၀င်ဟု ငြင်းဆို

NEJ / မတ်လ(၁၀) ရက်၊ ၂၀၀၉

နေအိမ် အကျယ်ချုပ် ကျနေသည့် ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်ထံ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ရန် ဆန္ဒရှိမရှိ နအဖ ခေါင်းဆောင်တဦး မကြာခင်က လာရောက် ညှိနှိုင်း ခဲ့သော်လည်း ဗိုလ်ချုပ်ကြီး ခင်ညွန့်က လက်မခံကြောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

အဆိုပါ သတင်းကို ခေတ်ပြိုင်မှ သီးခြား အတည်ပြုချက် မရသေး သော်လည်း ဗိုလ်ချုပ်ကြီး ခင်ညွန့်အား စောင့်ကြပ်နေသည့် အနီးကပ် လုံခြုံရေး တပ်ဖွဲ့ဝင်များကို အရေးပေါ် ပြောင်းလိုက်သည်ဟု စုံစမ်းသိရသည်။ မည်သည့် အကြောင်း ကြောင့် အနီးကပ် လုံခြုံရေး တပ်ဖွဲ့ ၀င်များကို လဲကြောင်း ရှင်းရှင်း လင်းလင်း မသိရသေးပေ။

No comments:

Post a Comment