စိုင်းယီ- မူဆယ်
မူဆယ်မြို့တွင် ယခုလောလောဆယ် ကောင်းမူးလွယ်ရပ်ကွက်နေ ပြည့်တန်ဆာခေါင်းလုပ်သူ ကိုလင်းနှင့် မညွန့်ညွန့်သန်းတို့ ဇနီးမောင်နှံသည် မူဆယ်မြို့ ဟိုတယ်အသီးသီးသို့ မြန်မာပြည် အလယ်ပိုင်းနှင့် နာဂစ်မုန်တိုင်း တိုက်ခတ်ခံခဲ့ရသော ဒေသမှ မိန်းကလေးများကို ခေါ်ယူပြီး ဧည့်သည်များနှင့် ပျော်ပါးရန် ပို့ဆောင်ပေးသော အလုပ်ကို ရပ်ကွက်ဥက္ကဋ္ဌနှင့် နယ်ထိန်း/ ဒန ရဲတပ်ဖွဲ့များအား လစဉ်ကြေးပေးပြီး လုပ်စားနေကြသည်။
မိန်းကလေးများ၏ နိုင်ငံသားကတ်များအား သိမ်းထားပြီး ဧည့်သည်များနှင့် ပျော်ပါးရငွေမှ သုံးပုံတပုံသာပေးပြီး မ၀ရေစာ ကျွေးထား သောကြောင့် အချို့ မိန်းကလေးများသည် ဧည့်သည်များနှင့် အဆင်မပြေ ဖြစ်ကြရာ ၎င်းမိန်းကလေး များအား တဖက်နိုင်ငံ တရုတ်ပြည် ရွှေလီမြို့တွင် အခြေပြုလှုပ်ရှား နေသော လူမှောင်ခိုဂိုဏ်းမှ ခေါင်းဆောင်ဖြစ်သူ မခင်မမချောဆိုသူထံ ရောင်းစားနေကြောင်း သိနေရသည်။
မိန်းကလေးများသည် ရောင်းစားခြင်းမခံရမီ တဖက်နိုင်ငံသို့ ပို့မည်ဟု သိသည့်အချိန် နယ်ထိန်း/ ဒန-ရဲတပ်ဖွဲ့ ၀င်များထံ အကူအညီ တောင်းခံသော်လည်း မည်သို့မျှ ကူညီမပေးပေ။ ၎င်းရဲ ပြန်သွားသည့်အချိန်မှာ အကူအညီ တောင်းခံမိသော မိန်းကလေးများသည် ပြည့်တန်ဆာခေါင်း၏ ရိုက်နှက်ခြင်းကို ခံနေကြရခြင်းမှာ ပြည့်တန်ဆာ ခေါင်းနှင့် လူမှောင်ခိုဂိုဏ်းသည် နယ်ထိန်း/ ဒန-ရဲတပ်ဖွဲ့ကို လစဉ်ကြေးပေး နောက်ခံပြု လှုပ်ရှားနေကြောင်း သိသာထင်ရှားနေသည်။
၎င်းကိစ္စများ မူဆယ်မြို့တွင် ဖြစ်ပေါ်နေခြင်းအား သက်ဆိုင်ရာ အထက်တာဝန်ရှိ ပုဂ္ဂိုလ်များက အရေးယူဖော်ထုတ် ဖမ်းဆီးပေးပါရန် ခေတ်ပြိုင်မှတဆင့် တင်ပြလိုက်ရပါသည်။
No comments:
Post a Comment