Friday, March 13, 2009

သစ်တောရေးရာဝန်ကြီးဌာနက တေဇပိုင် ထူးကုမ္ပဏီသို့ ပေးသော အခွင့်ထူးများ (၂)

မောင်သစ်တော မတ်လ(၁၃) ရက်၊ ၂၀၀၉

သစ်တောရေးရာ ၀န်ကြီးဌာန၊ မြန်မာ သစ်လုပ်ငန်း သစ်ထုတ်ရေး ဌာနမှာ မဆလခေတ်မှ န၀တ ခေတ်တိုင်အောင်နိုင်ငံတော် ဘဏ္ဍာနဲ့ ၀ယ်ယူထား တဲ့ မြေထိုးစက်၊ သစ်တင်စက် များစွာ ရှိပါတယ်။ နအဖ တက်လာပြီး နောက်ပိုင်းမှာ သစ်ထုတ်ရေး ဌာနအနေနဲ့ စက်ယန္တရား၊ သစ်တိုက်ယာဉ်၊ ဆင် စတဲ့ သစ်ထုတ်အင်အား များစွာရှိပေမယ့် စီမံခန့်ခွဲမှု ညံ့ဖျင်း သဖြင့်လည်းကောင်း၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေ အုပ်ချုပ် စီမံခွင့်မရ၍ သော်လည်းကောင်း ဌာနပိုင်စက်၊ ယာဉ်၊ ဆင်တွေနဲ့ သစ်ထုတ်ခြင်းမှာ မရှိသလောက် နည်းပါလာ လို့ ဌာန ပိုင်စက်တွေအလုပ်မရှိ တော့ပါ။

သစ်ထုတ်ခွင့်အား ပြင်ပပုဂ္ဂလိက ကုမ္ပဏီတွေကို တာဝန်ပေးစေခိုင်းလာတယ်။ ဒီလိုစေခိုင်းမှသာ ၀န်ကြီးက ကုမ္ပဏီ သူဌေးတွေနဲ့ တိုက်ရိုက် ထိတွေ့ခွင့်ရပြီး ကိုယ်ကျိုးရှာနိုင်မှာဖြစ်ပါတယ်။ ဒီလို လုပ်ငန်းခွင် အကောင်အထည် ဖော်စနစ် ပြောင်းလဲလာလို့ အဆင့်လိုက် ကိုယ်ကျိုးရှာမှုပုံစံတွေလည်း ပြောင်းလဲလာပါတယ်။

ယခင် ကတော့ (ငွေ၊ ပစ္စည်း၊ စက်မောင်းဆီ) ကုန်ကျ စရိတ်ကို ပိုပြပြီး ကိုယ်ကျိုး ရှာခဲ့ကြပေမယ့် အခု ကုမ္ပဏီတွေကို တာဝန် ပေးလိုက်တော့ အထက်ပိုင်း ကသာ သက်ဆိုင်ရာ ကုမ္ပဏီနဲ့ လက်ဝါးရိုက်ပြီး ကိုယ်ကျိုး ရှာလာပါတော့တယ်။ ဒါ့အပြင် အလုပ်မရှိ တော့တဲ့ ဌာနပိုင် စက်ယန္တရား တွေကို အဆင့်လိုက် သက်ဆိုင်ရာ ကုမ္ပဏီတွေကို ငှားစားကြပါ တော့တယ်။

ထူးကုမ္ပဏီကတော့ သစ်တောရေးရာဝန်ကြီးဌာနတခုလုံး ၀န်ကြီးကတောင် မလှန်နိုင်လို့ သူတို့ကုမ္ပဏီအတွက် ဌာနပိုင်စက်တွေကို အလကား ပေးသုံးရပါတယ်။ သူတို့ သဘောကျ လုပ်မပေးတဲ့သူဆိုရင် နယ်ပြောင်းတာ မျိုးဖြစ်စေ၊ တမျိုးမျိုး ဒုက္ခရောက်သွား နိုင်လို့ပါ။ ၀န်ကြီးကတောင် တေဇကို တွေ့ချင်ရင် ဖုံးဆက်ရက်ချိန်းယူရ ပါတယ်။

တရုတ်တရားသူကြီးပေါင်ချိန် ညည်းသလို “သြ ဒီလိုကိစ္စမျိုး ရှိတယ်” လို့ ပြောရမယ့် မြန်မာပြည် ဖြစ်နေပြီလား မသိပါခင်ဗျား။


No comments:

Post a Comment