Wednesday, May 6, 2009

ဆားရှားပါးမှု စိုးရိမ်ဖွယ်ရှိ

လေးငယ်

၂၀၀၈ ခုနှစ်မေလ မှာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ နှင့် မွန်ပြည်နယ်က နေရာတချို့တွင် နာဂစ် လေမုန်တိုင်း အတိုက် ခံခဲ့ရ ပါသည်။ ဆုံးရှုံး မှုများထဲတွင် မြန်မာ နိုင်ငံတွင် ထုတ်လုပ်မှု အများ ဆုံးဖြစ် သည့် ဧရာဝတီတိုင်းက ဆားလုပ်ငန်း လည်း တခု အပါဝင်ဖြစ်ခဲ့ ပါ သည်။ စစ်အုပ်စုသည်၊ ဧရာဝတီတိုင်း ၏ ဆား ဆုံးရှုံး မှုကို မဖော်ပြ သော်လည်း ဒီနှစ်ဆား ရာသီ အတွက် တန်ချိန် သုံးသိန်း ထုတ် လုပ်နိုင်ရန် စီစဉ်ခဲ့ပါ သည်။ ဆားရာသီသည်လည်း နှစ်စဉ်မေလတွင် ကုန်ဆုံး သဖြင့် ယခုနှစ် အတွင်း ဧရာဝတီတိုင်း လပွတ္တာ မြို့နယ်၏ ဆားထွက်ရှိမှု သည် နှစ်စဉ်ဆား အထွက်၏ (၂၅) ရာနှုန်းသာ ထွက်ရှိခဲ့ သည်ဟု လပွတ္တာမြို့နယ် ဆားလုပ်ငန်းရှင် များက ပြောပါသည်။ ဘာကြောင့် ကွာဟမှု ဖြစ်ခဲ့ရ ပါသလဲ

ဆားလုပ်ငန်းရှင်များသည် နာဂစ်မုန်တိုင်းကြောင့် ဆားကွင်းများ ပျက်စီးခြင်း၊ ကျွမ်းကျင်လုပ်သားများ သေဆုံးခြင်း၊ ဆားဂိုဒေါင်အပါဝင် အဆောက်အဦးများ ပျက်စီးခြင်းကြောင့် ဆားလုပ်ငန်းတွင် အဓိကကျသည့် အစိတ်ပိုင်းများ ဆုံးရှုံး ပျက်စီးခဲ့ရပါသည်။ တန်ဘိုးအားဖြင့် တွက်ချက်မည်ဆိုပါက လည်း ပျှမ်းမျှဧကတရာလုပ်ကိုင်သည့် ဆားလုပ်ငန်းရှင် တစ်ဦးသည်၊ အနည်းဆုံးကျပ်သိန်း (၃) ရာ အထက်မှာ ရင်းနှီးထားခဲ့ပါသည်။

-နာဂစ်မုန်တိုင်း တိုက်ပြီးနောက်ပိုင်းတွင်၊ ဆားလုပ်ငန်းပြန်လည်ထူထောင်းရေးအတွက် စစ်အစိုးရသည်တဧကကို ကျပ်တသိန်း ထောက်ပံ့ခဲ့သော်လည်း ဆားလုပ်ငန်းရှင်များ အပြည့်အဝ မရခဲ့ပေ။ ဤငွေများကို အရစ်ကျထုတ်ပေးခဲ့ သည့်အတွက်လည်း လမ်းစရိတ်များ၊ ဝန်ထမ်းများ၏စာရွက်စာ တမ်းကြေးများ၊ ဝန်ထမ်းစာရွက်စာတမ်းကြေးဆိုလျှင် ဆားလုပ်ငန်းရှင်တဦးမှာ ငွေတကြိမ်ထုတ် လျှင် ကျပ်သုံးသောင်းထက်မနဲကုန်ကျခဲ့ပါသည်။ အရစ်ကျထုတ်ပေးနေသည့် အတွက် အကြိမ်ကြိမ် ကုန်ပါသည်။ ထို့ကြောင့် ထောက်ပံ့ကြေးများသည်၊ မလောက်ငှသည့်ကြားမှ ထပ်မံအထစ် ခံခဲ့ရ ခြင်း ဖြစ်ပါသည်။

-၎င်းအပြင်စစ်အစိုးရက ထောက်ပံ့ပေးမည်ဟု ဂတိပြုထားသည့်၊ သစ်များနှင့် စက်ယန္တရားများလည်း ဂတိပြုထားသ လောက် မပေးဘဲ အနည်းငယ်သာရရှိခဲ့ပါသည်။ သစ်ဆိုလျှင် ဆားရာသီကုန်သွားသည်အထိ လူအတော်များများ မရ ရှိခဲ့ပါ။ အပြင်တွင် ဝယ်ယူပြန်သော်လည်း သက်ဆိုင်ရာ၏ ကန့်သတ်မှုက ပိုမိုတင်းကြပ်သည့်အတွက် မဝယ်နိုင်ခဲ့ပေ။ စက်ယန္တရားလည်း ဤအတိုင်းဖြစ် ခဲ့ပါသည်။ အစိုးရမှ ထုတ်ပေးလိုက်သည့်စက်များလည်း အဆင်သင့်အသုံးပြု၍မရ
တဲ့ စက်ဟောင်းက အများစု ဖြစ်နေသလို ဆားလုပ်ငန်းရှင်တိုင်းကိုလည်း ထုတ်မပေးနိုင်ခဲ့ပါ။

-ဤသို့ဖြင့် ဆားလုပ်ငန်းရှင်များသည်၊ မကျွမ်းကျင်သေးသည့် လုပ်သားများနှင့် ဆားကွင်းအသစ် ပြုပြင်ရခြင်း၊ စက် ယန္တရားအားနည်းမှုကြောင့် စက်အားထက် လူအားကိုသာ အားကိုးခဲ့ရသည့်အတွက် အထွက်နှုန်းကျဆင်းခဲ့ရသည်ဟု ဆားလုပ်ငန်းရှင်တွေကဆိုကြပါသည်။ အဆိုးဆုံးမှာ ဒီနှစ်တွင် မိုးကာလစောစွာကျသဖြင့် ဆားများကို သိုလှောင်ရန် ဂိုဒေါင်မရှိသူများအတွက် ထပ်မံဆုံးရှုံးခဲ့ရသလို တချို့တွင် ဈေးနှုန်းချိုသာစွာဖြင့်ပင် ရောင်းချခဲ့ရပါသည်။

-ဆားလုပ်ငန်းရှင်များသည် ဤအခြေအနေများကြောင့် ဆားအထွက် (၂၅) ရာနှုန်းသာ ရရှိကြောင်း ပြောကြားကြခြင်း ဖြစ်ပါသည်။ ဤသို့ကြောင့် ဆားအထွက်နည်းလာသည်နှင့်အမျှ ဆားဈေးသည်လည်း ပိုပြီးဈေးတက်လာနေပါသည်။ လပွတ္တတာမြို့တွင် ဆားထွက်စက ဆားတပိသာကို အများဆုံး ကျပ် (၉၀) သာရှိခဲ့သော်လည်း ယခုတော့ ကျပ် (၂၅၀) ဈေးအထိ တက်လာခဲ့ပါသည်။ ဆားဈေးသည်၊ နာဂစ် မုန်တိုင်း ဖြစ်စတွင်လည်း တပိသာကို ကျပ်နှစ်ထောင်အထိ တက်လာခဲ့ဘူးပါသည်။ ဤသို့ကြောင့် မြန်မာနိုင်ငံတွင် ဆားအများဆုံးထွက်သည့် ဧရာဝတီတိုင်းတွင် ယခုလိုမျိုး ဆား အထွက်ကျလာသည့်အတွက် ယခုအချိန်မှာပင် ထိုင်းနိုင်ငံကနေ တင်သွင်းနေရပြီး ဖြစ်ပါသည်။ ထို့ကြောင့် လာမည့် မိုးရာသီတွင် ဆားအခက်အခဲဖြစ် လာနိုင်သလို မြန်မာနိုင်ငံ၏ ဝေးလန်ခေါင်တီသည့် နေရာများတွင် ပိုဆိုးလာနိုင်ဖွယ် ရှိကြောင်း ရေးသားတင်ပြအပ်ပါသည်။

No comments:

Post a Comment