Wednesday, May 20, 2009

ဒေါ်အောင်ဆန်းစုကြည်အမှု တရားခွင်သည် Half-open Court

ဗုဒ္ဓဟူးနေ့၊ မေလ 20 2009 18:15 - မြန်မာစံတော်ချိန်

ဒေါ်အောင်ဆန်း စုကြည် တရား ခွင်သည် အများ ပြည်သူ ရှေ့မှောက် လုံးလုံး လျားလျား လွတ်လပ်ပွင့် လင်းစွာ စီရင် သော တရားခွင် မဟုတ်ဘဲ တစိတ် တဒေ သသာ ခွင့်ပြု ဖွင့်ဟ ပေးလိုက်သော Half-Open Court ဟု တရား ဆိုင်ဘက်က ရှေ့နေက ဗုဒ္ဓဟူး နေ့က ပြော ကြားလိုက် သည်။ သို့သော်လည်း နိုင်ငံခြား သံတမန် များနှင့် သတင်း စာဆရာ အချို့ကို တရား ခွင်တွင် တက်ရောက် နားထောင်ခွင့် ပြုခြင်း ကိုတော့ သူက ကြိုဆို လိုက်သည်။

ရှေ့နေကြီး ဦးကြည်ဝင်းက ပြောကြားရာတွင် တရားလိုပြ သက်သေနှစ်ဦး၏ လျှောက်လှဲခဲ့သည့် တတိယနေ့မြောက် တရားခွင်သို့ နိုင်ငံခြားသံရုံးများမှ သံအရာရှိ ၃၀ နှင့် သတင်းစာဆရာ ၁၀ ဦးတို့ တက်ရောက် နားထောင်ခဲ့သည်ဟု ပါရှိသည်။

“ဘာအတွက်ကြောင့် သံတမန်တွေနဲ့ သတင်းစာဆရာတွေကို ခွင့်ပြုတယ်ဆိုတာတော့ မသိဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အဲဒါဟာ တိုးတက်မှု ရလာဒ်တခုပဲ။ ကျနော်တို့က ပြည်သူအများ တက်ရောက် နားထောင်ခွင့်ရတဲ့ ပိုမိုပွင့်လင်း လွတ်လပ်တဲ့ တရားခွင် ဖြစ်ချင်တယ်”

“အခုတော့ Half-Open Court” ဟု သူက ထပ်ပြောသည်။

No comments:

Post a Comment