မြန်မာ နိုင်ငံသို့ ဦးတည် သွားနေသည့် မြောက် ကိုး ရီးယားပိုင် ကုန်တင် သင်္ဘော တစ်စင်းအား ကြားဖြတ် ၀င်တား ဆီးခွင့် အမိန့်ကို စောင့်ဆိုင်း လျက် အမေရိကန် ဖျက် သင်္ဘော တစ် စင်းက နောက်မှ ကပ်လိုက် လျက်ရှိသည်ဟု တနင်္ဂနွေနေ့ထုတ် “the New York Times” ၏ သတင်း တပုဒ်အရ သိရသည်။လက်နက်များ သယ်ယူလာသည်ဟု သင်္ကာမကင်း ဖြစ်ခံ နေရသည့် မြောက်ကိုးရီးယား သင်္ဘောကို ကြားဖြတ် ၀င်ဆီးရန် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်သစ်အပေါ် ပထမဆုံး စမ်းသပ်သည့်အနေဖြင့် ယူအက်စ် ဖျက်သင်္ဘော John McCain က မြောက်ကိုးရီးယားပိုင် Kam Nam သဘောင်္အနီးမှ ဗုဒ္ဓဟူးနေ့မှ စပြီး နောက်မှ ကပ်လိုက်နေခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖေါ်ပြသည်။
ဒုံးလက်နက်များ အပါအ၀င် လက်နက်များကို သယ်ယူ လာသည်ဟု ယူဆရသော အဆိုပါ မြောက်ကိုးရီးယား သင်္ဘောအား ဆီးတား ရန် မှာ စိတ်ဝင်စား စရာကောင်း သည်ဟု အမေရိကန် အရာရှိ တစ်ဦးက ပြောသည်။
သင်္ဘောကို ဖြတ်ဆီးပါက စစ်ရေးအရထိပါးလာသည့် လုပ်ရပ်အဖြစ် ယူဆမည်ဖြစ်ကြောင်း မြောက်ကိုးရီးက တုံ့ပြန် ပြောကြားလိုက်သည်။
အဆိုပါ ကုန်တင်သင်္ဘောသည် မြန်မာနိုင်ငံက မြောက်ကိုးရီးယားထံမှ ၀ယ်ယူလိုက်သည့် ဒုံးလက်နက် အစိတ်အပိုင်းများကို သယ်ဆောင်လာသည်ဟု အမေရိကန် အာဏာပိုင်များက သံသယ ရှိနေသည်။
ယခုလ ၁၂ ရက်နေ့က ကုလသမဂ္ဂမှ ချမှတ်လိုက်သည့် ဆုံးဖြတ်ချက် အရ သင်္ဘောသားများ၏ သဘော တူညီချက်ဖြင့်သာ မြောက်ကိုးရီးယားသဘောင်္အား ရှာဖွေ စစ်ဆေးခွင့် ရှိမည်ဖြစ်သည်။ အကယ်၍ သဘောမတူပါက မြောက်ကိုးရီးယား အနေဖြင့် အဆိုပါ သင်္ဘောကို ဆိပ်ကမ်း တစ်ခုခု၌ ဆိပ်ကပ်စေပြီး ဒေခံ အာဏာပိုင်များအား ရှာဖွေ ခွင့်ပြုရမည်ဟု ဆိုသည်။
မြန်မာ နိုင်ငံသို့ သွားနေသည့် အဆိုပါသင်္ဘောသည် မြန်မာနိုင်ငံတွင် ဆိပ်ပါက ဒေသခံအာဏာပိုင်များ အနေဖြင့် ထိုကဲ့သို့ ရှာဖွေရာတွင် မှန်ကန်စွာ ပူးပေါင်း ဆောင်ရွက် နိုင်ဖွယ် မရှိကြောင်း အဆိုပါသတင်းက ဆိုသည်။
No comments:
Post a Comment